Pages

Sunday, February 16, 2014

Valentine Day က ဖွင့်လှစ်ခဲ့တဲ့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop ဆိုင် မီးလောင်မှုဖြစ်ပွား

Photo: Valentine Day က ဖွင့်လှစ်ခဲ့တဲ့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop ဆိုင် မီးလောင်မှုဖြစ်ပွား

kolatt(PBDN): February . 16 .2014

ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop မှာ ဒီနေ့ဖေဖော်ဝါရီ ၁၆ရက် မနက်
၇နာရီဝန်းကျင် ၀ါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းပြီး မနက် ၈နာရီလောက်မှာငြိမ်းသတ်
နိုင်ခဲ့ပါတယ်။ 

ဒီဆိုင်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကမှ စဖွင့်တာဖြစ်ကြောင်း သိရပါတယ်။

DVB TV News::--

RangonNewsDaily: February . 16 .2014
ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop မှာ ဒီနေ့ဖေဖော်ဝါရီ ၁၆ရက် မနက်၇နာရီဝန်းကျင် ၀ါယာရှေ
ာ့ဖြစ်
ရာကနေ မီးစတင်လောင်ကျွမ်းပြီး မနက် ၈နာရီလောက်မှာငြိမ်းသတ်နိုင်ခဲ့ပါတယ်။ 

ပြိုင်ကားအုပ်စုမှ ၀ိုင်းဝန်းရိုက်နှက်သဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်တို့ဒဏ်ရာရသည့်အပြင် အငှားယာဉ်ပျက်စီး

RangonNewsDaily: February . 16 .2014
၁၆.၂.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းသည် ၎င်း၏ စူပါရုဗင်အငှားယာဉ်ဖြင့် ခရီးသည်အမျိုးသား(၃)ဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် သို့ ပို့ဆောင်ရန်အတွက် ပြည်လမ်းအတိုင်းမောင်းနှင် လာခဲ့ပါသည်။

Samsung ကမိတ်ဆက်လိုက်ပြီဖြစ်တဲ့ Galaxy Grand 2

Photo: Samsung ကမိတ်ဆက်လိုက်ပြီဖြစ်တဲ့ Galaxy Grand 2

===============================
ခွန်နေ(AMMG)

တောင်ကိုးရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဆမ်းဆောင်းကတော့ Galaxy စီးရီးထဲက Grand အမျိုးအစားဖြစ်တဲ့ နောက်ထပ်မျိုးဆက်သစ်
Samsung Galaxy Grand 2 ဆိုပြီး မိတ်ဆက်ချပြလိုက်ပါပြီ။

ပြည်တွင်းဈေးကွက်မှာလဲ လူကြိုက်များခဲ့တဲ့ Galaxy Grand ရဲ့နောက်ထပ်
မျိုးဆက်သစ် Galaxy Grand 2 မှာတော့ မျက်နှာပြင်အကျယ် ၅.၂၅ လက်မ၊
LCD မျက်နှာပြင်နှင့် Resolution 1280x720 pixels ပါဝင်လာမယ်လို့သိရပါ
တယ်။

1.2GHz quad-core processor နှင့် RAM 1.5GB သိုလှောင်မှုပိုင်းမှာတော့
8GB အသုံးပြုပေးထားပြီး မလုံလောက်ပါက ထပ်မံတိုးချဲ့ဖို့ microSD card slot ပါဝင်တယ်လို့သိရပါတယ်။ တာရှည်ခံဘက်ထရီ 2,600mAh အသုံးပြု
ထားပြီး ထူးခြားမှုအနေနဲ့ ကင်မရာပိုင်းမှာ ရှေ့၊နောက်တူညီတဲ့ 8 megapixel
အသုံးပြုပေးထားပါတယ်။ Dual-Sim ထည့်သွင်းအသုံးပြုနိုင်ပြီး Android 4.3 Jelly Bean အသုံးပြုထားတယ်။

ဖြန့်ချိမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ ထည့်သွင်းရေးသားထားခြင်းတော့မရှိ
သေးပါဘူး။ သေချာတာကတော့ မကြာမီဈေးကွက်အတွင်းမှာ Samsung
ရဲ့ Galaxy စီးရီးကိုထပ်မံမြင်တွေ့ရတော့မှာဖြစ်ကြောင်း။

Ref:arena

RangonNewsDaily: February . 16 .2014
တောင်ကိုးရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဆမ်းဆောင်းကတော့ Galaxy စီးရီးထဲက Grand အမျိုးအစားဖြစ်တဲ့ နောက်ထပ်
မျိုးဆက်သစ်Samsung Galaxy Grand 2 ဆိုပြီး မိတ်ဆက်ချပြလိုက်ပါပြီ။

တာချီလိတ်မြို လောင်းကစားရုံမှာ ထိုင်း ၆ ဦး မြန်မာ ၁၃ ဦး အဖမ်းခံရ

Photo: တာချီလိတ်မြို လောင်းကစားရုံမှာ ထိုင်း ၆ ဦး မြန်မာ ၁၃ ဦး အဖမ်းခံရ
Sunday, February 16, 2014

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တရားမ၀င်ဖွင့်လှစ်ထားတဲ့ Las Vegas Hotel က ကာစီနို လောင်းကစားရုံကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေဖမ်းဆီးရာ လောင်းကစားပစ္စည်းတွေနဲ့အတူ ထိုင်းနိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကျိုင်းတုံအခြေစိုက် ပြည်နယ်ရဲမှူးကြီး မျိုးလွင်အောင် ဦးစီးတဲ့ ရဲတပ်ဖွဲ့ကနေပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခန့်က သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ အမျိုးသား ၁၀ ယောက် အမျိုးသမီး ၉ ယောက်နဲ့အတူ ထိုင်းဘတ်ငွေ ၁၉၂၈၆၀၀ နဲ့ညီမျှတဲ့ ငွေအစား ကစားတဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးရမိတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောပေမယ့် အသေးစိတ်ပြောဆိုဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေဖက်က အတိအကျ မသိရသေးဘူးလို့လည်း ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံသား ၆ ယောက်ကိုတော့ အာမခံနဲ့ မြန်မာအာဏာပိုင်တွေက ပြန်လွတ်ပေးထားပေမယ့် ထိုင်းနိုင်ငံဘက်ခြမ်းကို ပြန်လာလို့ မရသေးကြောင်း၊ မြန်မာအာဏာပိုင်တွေက ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး အမှုထင်ရှားလို့ ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အနည်းဆုံး ၆ လ ကနေ တစ်နှစ်အထိ ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

တာချီလိတ်မြို့က ဟော်တယ်အများစုဟာ ထိုင်းနိုင်ငံက ချမ်းသာတဲ့ ထိုင်းလူမျိုးတွေက နှစ်အလိုက် ပုတ်ပြတ်ငှားရမ်းပြီး အခုလို တရားမ၀င် လောင်းကစားရုံတွေ ဖွင့်လှစ်ထားတာ အများအပြား ရှိနေကြတယ်လို့လည်း သိရပါတယ်။

RFA

RangonNewsDaily: February . 16 .2014
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တရားမ၀င်ဖွင့်လှစ်ထားတဲ့ Las Vegas Hotel က ကာစီနို လောင်းကစားရုံကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေဖမ်းဆီးရာ လောင်းကစားပစ္စည်းတွေနဲ့အတူ ထိုင်းနိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လေးပွင့်ဆိုင် တွေ့ဆုံရေး အကောင်ထည်ဖော်ပေးရန် သန်လျင်တွင် ဆန္ဒထုတ်ဖော်

Photo: လေးပွင့်ဆိုင် တွေ့ဆုံရေး အကောင်ထည်ဖော်ပေးရန် သန်လျင်တွင် ဆန္ဒထုတ်ဖော်
Sunday, February 16, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅၀၀ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

၎င်းက "ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချူပ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို ကျွန်တော်တို့က ဖြစ်စေချင်တာ၊ ပြီးတော့ ပြည်သူတွေ သဘောမတူတဲ့ ပုဒ်မတွေ အားလုံးကိုပါ ဖျက်သိမ်းပေးဖို့ပေါ့ ဒီအချက်၃ချက်ကိုပဲ
တောင်းဆိုတာပါ” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့် တင်ရာတွင် လူအင်အား ၁၀၀၀ ခွင့်ပြုရန် တင်ပြခဲ့သော်လည်း လူ၃၀၀ဖြင့်သာ ပြသရန် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ရက်နေ့က ခွင့်ပြုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၁၆ရက် နေ့လည် ၁၀နာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့ပြီး သန်လျင်မြို့ ဒေသခံများနှင့်အတူ တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂလည်း ပူပေါင်းပါဝင်ခဲ့သည်။

Photo Caption>>>> သန်လျင်မြို့နယ်တွင် အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် လေးပွင့်ဆိုင် တွေ့ဆုံပွဲ အကောင်အထည် ဖော်ပေးရန် သန်လျင်မြို့ ဒေသခံများနှင့် ကျောင်းသား သမဂ္ဂတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၆ရက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ကိုကျော်သူ)

Mizzima - News in Burmese

RangonNewsDaily: February . 16 .2014
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅၀၀ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်

Photo: ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်
Sunday, February 16, 2014

ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

ယင်းပွဲပထမပိုင်းတွင် ဇွဲကပင်အသင်းမှာ (၁)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပယ်နယ်တီ(၂)ဂိုး ပြန်ပေးခဲ့ရပြီး ပွဲအပြီးတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယင်းပွဲကို တာဝန်ယူကိုင်တွယ်နေသော ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိသောကြောင့် ဇွဲကပင်အသင်းပိုင်ရှင်က ပွဲကြည့်စင်မှ ကွင်းအတွင်းသို့ဆင်း၍ ပွဲအပြီးကွင်းပြင်ပသို့ ပြန်ထွက်လာသည့် ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‘ဒီဖြစ်ရပ်ဟာ ပွဲချိန်အတွင်းမှာဖြစ်တာ မဟုတ်ပါဘူး။ ပွဲပြီးမှဖြစ်တာပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို သီးခြားအစီရင်ခံစာရေးပြီး တင်ပြသွားမှာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူမလဲ ဆိုတာကတော့ တာဝန်ရှိသူတွေ ဆုံးဖြတ်သွားမှာပါ’ ဟု ယင်းပွဲကို တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်က ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဒိုင်လူကြီးများ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းလှအောင်ကလည်း ယင်းပွဲတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဇွဲကပင်အသင်း ကစားသမားများမှာ စောဒကတက်မှုများ မရှိခဲ့ကြောင်း၊ သို့သော် ပွဲပြီးမှသာ ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တင်ပြ၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲသည်။ ဦးထွန်းလှအောင်က ‘ဒီပွဲမှာပေးခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်တွေက အငြင်းပွားစရာဖြစ်လောက်အောင် မရှင်းလင်းတာ မရှိပါဘူး။ ပယ်နယ်တီပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ဇွဲကပင်ကစားသမားတွေ ကိုယ်တိုင်ကလည်း ထူးပြီးစောဒက မတက်ခဲ့ကြပါဘူး။ ပွဲအပြီး ကွင်းလယ်ဒိုင် ထွက်လာချိန်မှာ ဖြစ်သွားတာပါ။ ကာယကံရှင် (ကွင်းလယ်ဒိုင်)က လက်ဆွဲနှုတ်ဆက်မယ်ထင်နေတုန်း ရိုက်လိုက်တာပါ။ ဒီအဖြစ်အပျက်ကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆီ တင်ပြသွားပါမယ်။ ပွဲပြီးပြီးချင်းလည်း MFF ဥက္ကဋ္ဌဆီ ဖုန်းဆက်အကြောင်းကြားပြီးပါပြီ’ ဟု ပြောကြားခဲ့သည်။

Eleven Media Group

RangonNewsDaily: February . 16 .2014
ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအကြံပေး ဗီဒီယိုသစ်ကြောင့် ဝေဖန်ခံနေရသည့် လေကြောင်းလိုင်း

Photo: လုံခြုံရေးအကြံပေး ဗီဒီယိုသစ်ကြောင့် ဝေဖန်ခံနေရသည့် လေကြောင်းလိုင်း
Sunday, February 16, 2014

နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။

နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အသိပေး ဗီဒီယိုအသစ်သည် Sexyဖြစ်လွန်းသဖြင့် ဆိုလိုရင်းနှင့် ကင်းကွာနေကြောင်း ဝေဖန်မှုများ ကြုံနေရသည်။ နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။ ယခင်အစီအစဉ်များသည် ချီးကျူးမှုများ ကြုံခဲ့ရသော်လည်း Sports Illustrated မဂ္ဂဇင်း၏ ဘီကနီမော်ဒယ်လ်များကို အသုံးပြုထားသည့် ယခုဗီဒီယို အသစ်မှာမူ လိုရင်းမရောက်ကြောင်း အပြစ်တင်မှုများ ထွက်ပေါ်လာခဲ့သည်။ 

Hobbits၊ Bear Gryllsအစရှိသော ဇာတ်ကောင်များဖြင့် နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အကြံပေး ဗီဒီယိုများ ထွက်ရှိခဲ့စဉ်ကမူ ယင်းကဲ့သို့ ဝေဖန်မှုများ မရှိခဲ့ချေ။ ယခုဗီဒီယိုသစ်ကို ကွတ်ခ်အိုင်းလန်းတွင် ခရစ္စတီဘရင်ကလေ၊ အေရီရယ်လ်မီရီဒစ်သ်၊ ဟန်နာဒေးဗစ်၊ ဂျက်ဆီကာဂိုမက်ဇ်၊ ခရစ္စဆီတိုင်ဂန်တို့ဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဗီဒီယို၏ အဓိက ရည်ရွယ်ချက်မှာ အရေးပေါ် အခြေအနေဖြင့် လေယာဉ်ဆင်းသက်ရသည့်အခါ မည်သို့မည်ပုံ နေထိုင်ဆောင်ရွက်ရမည် ဆိုသည်ကို သရုပ်ပြရန် ဖြစ်သော်လည်း ဗီဒီယို ကြည့်မိသူသည် ယင်းအချက်အလက်များကို အာရုံပြုမိနိုင်စရာ မရှိဟု နယူးဇီလန်ရှိ မက်ဆေးတက္ကသိုလ်မှ အမျိုးသမီးရေးရာ ဝေဖန်သုတေသနပြုသည့် ပညာရှင် ဒီဘိုရာရက်ဆဲလ်က ဆိုသည်။ 

"ပြောရမယ်ဆိုရင် ဗီဒီယို တစ်ခုလုံးမှာ ကောင်မလေးတွေက ကျွန်မတို့ ဘယ်လောက် Sexyဖြစ်သလဲ ဆိုတာရယ်၊ ကျွန်မတို့ ဘယ်သူတွေလဲ ဆိုတာရယ်ကို ပြောပြနေသလိုပဲ"ဟု ဒီဘိုရာက ဆိုသည်။ Safe in Paradiseဟု အမည်ပေးထားသော အဆိုပါ ဗီဒီယိုတွင် မိန်းကလေးများ၏ ညှို့ဓာတ်ပြင်းပြင်း ပုံရိပ်များနှင့် ကွတ်ခ်အိုင်းလန်း ဒေသ၏ သဘာဝ အလှများကို အသားပေး ဖော်ပြထားသည်။ နယူးဇီလန် လေကြောင်းကမူ မိမိတို့၏ ဗီဒီယိုသည် လိုအပ်သော သတင်းအချက်အလက်ကို တိတိကျကျ ပေးနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ကာကွယ်ပြောဆိုထားသည်။ 

Planet Myanmar Network

RangonNewsDaily: February . 16 .2014
နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။

၁၀ တန်းကျောင်းသူကို ချစ်သူများနေ့တွင် တည်းခိုခန်းခေါ်သည့် လူငယ် အမှုဖွင့်ခံရ

RangonNewsDaily: February . 16 .2014
ချစ်သူများနေ့ (Valentine's Day) ညတွင် အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို တည်းခိုးခန်းသို့ ခေါ်ဆောင်အိပ်စက်
ခဲ့သည့် လူငယ်တစ်ဦးကို မိန်းကလေးမိခင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်တန်းလိုက်သဖြင့် မြောက်ဥက္ကလာပရဲစခန်းက အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

Photo: ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်
Sunday, February 16, 2014

မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

မြ၀တီ

RangonNewsDaily: February . 16 .2014
မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်

Unity ဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို ရမန်ထပ်ယူသော်လည်း မိသားစုနှင့် တွေ့ခွင့်မရ

RangonNewsDaily: February . 16 .2014
လျှို့ဝှက် ဓာတုစက်ရုံ သတင်းဆောင်းပါး ဖော်ပြမှုဖြင့် ထိန်းသိမ်း ခံထားရသော Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို တရားရုံးတင်ရန် ထောင်ပြောင်းရွှေ့ ခဲ့သော်လည်း ၎င်းတို့ကို မိသားစုနှင့် တွေ့ခွင့်မပေးဘဲ ရမန်ထပ်တိုး ယူသွားခဲ့ကြောင်း အဆိုပါ ဂျာနယ်မှ အမှုဆောင် အရာချုပ်၏ တူတော်စပ်သူ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။

ဆီးရီးယားစစ်တပ် ထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင်၊ မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး

Photo: ဆီးရီးယားစစ်တပ် ထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင်၊ မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး 
Sunday, February 16, 2014

ဆီးရီးယား အစိုးရ စစ်တပ်က သူပုန်များ သိမ်းပိုက်ထားသော မြို့ကို လက်နက်ကြီးများနှင့် ဗုံးကြဲ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး အဓိက ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရန် ပြင်ဆင်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ အဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဂျနီဗာမြို့တွင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေပြီး အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးက မိမိတို့ ရပ်တည်ချက်များကို အခိုင်အမာ ကိုင်စွဲနေခြင်းကြောင့် သဘောတူညီချက် ရရှိရန် အလှမ်းဝေးနေချိန်တွင် ယခုကဲ့သို့သော အပြင်းအထန် တိုက်ခိုက်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲ အသာစီးရရန် ကြိုးပမ်း နေခြင်းကြောင့် အကြမ်းဖက်မှုများမှာ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ဆွေးနွေးပွဲများ စတင်ခဲ့သည့် ကာလမှစ၍ လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အမေရိကန် ထိပ်တန်း အရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားသည်။

ဒမတ်စကတ် မြို့တော်နှင့် သမ္မတ အာဆတ်၏ အခြေခံ နယ်မြေဖြစ်သော မြေထဲပင်လယ် ကမ်းရိုးတန်း ဒေသကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်နိုင်ရန် အစိုးရ တပ်ဖွဲ့ဝင်များက ရည်မှန်းထားပြီး ဆီးရီးယား-လက်ဘနွန် နယ်ခြားရှိ ရာယတ်မြို့ကို စစ်ရေးအရ တိုက်ခိုက်လျက် ရှိသည်။

“လေကြောင်း တိုက်ခိုက်မှု အများအပြားနဲ့ လက်နက်ကြီး ပစ်ခတ်မှု များစွာ ဖြစ်ပွားခဲ့တယ်လို့ ဆီးရီးယား နိုင်ငံတွင်းက အစီရင်ခံထားပါတယ်။ မြို့အနီးကိုလည်း တပ်ဖွဲ့ဝင်တွေ စုဝေး ရောက်ရှိလာပြီး အဓိက မြေပြင် ထိုးစစ်ကြီးတစ်ရပ် လတ်တလော ပေါ်ပေါက် လာနိုင်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရုပတ်က ပြောကြားသည်။

ယင်းကဲ့သို့သော အပြင်းအထန် တိုက်ခိုက်မှုများ ပေါ်ပေါက်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပြေးခဲ့ရပြီး မြို့တွင်းတွင် လူပေါင်း ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိ ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြို့ခံများ ထွက်ခွာခွင့်ကို ဒမတ်စကတ်က ပိတ်ပင်ပါက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရာယတ်ဒေသ အနီးသို့ ဆီးရီးယား တပ်မတော် ဦးတည် ချီတက်လာပြီး မြို့၏ အဓိက ဆက်သွယ်ရေး လမ်းမကြီးကို ထိန်းချုပ်လိုက်ကာ မှောင်ခိုလုပ်ငန်းတွင် အသုံးပြုသည့် နယ်စပ် ဖျက်ကျော်ရေး ဂိတ်များကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား အစိုးရအဖွဲ့၏ မဟာမိတ် ဟစ်ဇဘိုလာ စစ်သွေးကြွ အဖွဲ့၏ Al- Manar ရုပ်မြင်သံကြားတွင် ဖော်ပြထားသည်။

ဆီးရီးယား ပြည်တွင်းစစ် ဖြေရှင်းနိုင်ရေး ဂျနီဗာမြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေသော်လည်း အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံး သဘောတူညီချက် ရရှိနိုင်ရန် ဝေးကွာနေပြီး တတိယအကျော့ ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်ထိ ရက် သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

The Voice Weekly

RangonNewsDaily: February . 16 .2014
ဆီးရီးယား အစိုးရ စစ်တပ်က သူပုန်များ သိမ်းပိုက်ထားသော မြို့ကို လက်နက်ကြီးများနှင့် ဗုံးကြဲ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး အဓိကထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရန် ပြင်ဆင်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ အဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

မလေးရှားတွင် ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှု ရန်ကုန်တွင်အမှုဖွင့်

RangonNewsDaily: February . 16 .2014
မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ကို သေနတ်ပစ်ခတ် လုပ်ကြံသူများမှာ မြန်မာစကား ပြောသူများ ဖြစ်သဖြင့် ယင်းလုပ်ကြံမှုကို ဖော်ထုတ်ရန် ရန်ကုန်မြို့တော်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

မန္တလေး ရွှေနန်းတော်ကျောင်း ပျက်စီးမှု အတိအကျ သိရှိနိုင်ရန် 3D ရိုက်ကူးမည်

Photo: မန္တလေး ရွှေနန်းတော်ကျောင်း ပျက်စီးမှု အတိအကျ သိရှိနိုင်ရန် 3D ရိုက်ကူးမည်
Saturday, February 15, 2014

သစ်သားထွင်း အနုပညာ ရှေးဟောင်းလက်ရာ တစ်ခုဖြစ်သည့် မန္တလေးမြို့တော်ရှိ ရွှေနန်းတော်ကျောင်း ရေရှည် တည်တံ့ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် World Monuments Fund အစီအစဉ်ဖြင့် ပြုပြင်မည်ဖြစ်ရာ ပျက်စီးမှုများ အတိအကျ သိရှိနိုင်ရေးအတွက် လာမည့် ဧပြီလတွင် လေဆာ စကင်နာစက်ဖြင့် 3D ရိုက်ယူမည် ဖြစ်ကြောင်း World Monuments Fund ပရိုဂရမ် ဒါရိုက်တာ Jeffrey Allen က ပြောကြားသည်။

ယင်းသို့ ရိုက်ယူပြီးပါက ပျက်စီးနေသည့် အပိုင်းများ တွေ့လာနိုင်ပြီး ထိန်းသိမ်းရန် နည်းလမ်းများ သိရှိမည့်အပြင် ပုံစံတူ မှတ်တမ်း အဖြစ်လည်း ကျန်ရှိမည် ဖြစ်ကြောင်း အဆိုပါ ရွှေနန်းတော်ကျောင်း ထိန်းသိမ်းရေး စီမံကိန်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားသည်။

လက်ရှိတွင် မီးဘေး အန္တရာယ်ကာ ကွယ်ရေးနှင့် ရေနုတ်မြောင်းများ တူးဖော်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း၊ ပြုပြင် ထိန်းသိမ်းရေးမှာ ၁၀ လအတွင်း ပြီးနိုင်သော်လည်း ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဝန်ထမ်းများ ပညာရယူနိုင်ရန်နှင့် အများပြည်သူ လေ့လာနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်ထိ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကာ ရေမြောင်း တူးဖော်ခြင်းကို စက်တင်ဘာလ အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဖြင့် ပြုပြင်သွားမည့် ရွှေနန်းတော် ကျောင်းကြီး တွင် ပန်းနွယ်ပန်းခက် အနုစိတ်လက်ရာ ၇၅ ရာခိုင်နှုန်းခန့် ကျန်နေသေးပြီး ၂၅ ရာခိုင်နှုန်း ပြုပြင်ရန် လိုအပ်နေကြောင်း၊ တည်ဆောက်မှု ကိုယ်ထည်ပိုင်းမှာ ၆၀ ရာခိုင်နှုန်းခန့် ကောင်းနေပြီး ၄၀ ရာခိုင်နှုန်းခန့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ကျွန်းဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများကို ရှေးမူမပျက် ထိန်းသိမ်းရန် ရန်ပုံငွေ ထပ်မံတင်ပြထားကြောင်း ရွှေနန်းတော် ကျောင်းပြုပြင် ထိန်းသိမ်းမှု အောင်မြင်ပါက ရန်ပုံငွေ ရနိုင်ကြောင်းလည်း World Monuments Fund မှ ပရိုဂရမ် ဒါရိုက်တာ Jeffrey Allen က ပြောကြားသည်။

မြန်မာ-အမေရိကန်နိုင်ငံအကြား ရွှေနန်းတော် ကျောင်းပြုပြင်မှု မှာ မြန်မာနိုင်ငံ၏ ရှေးဟောင်း လက်ရာများကို နိုင်ငံခြား ပညာရှင်ဖြင့် ပထမဦးဆုံး ပူးပေါင်း ပြင်ဆင်ခြင်း ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင် ထိန်းသိမ်းရေး စီမံကိန်း ဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ယင်းရွှေနန်းတော်ကျောင်းတွင် ကျင်းပခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Derek Mitchell တို့ တက်ရောက်ခဲ့သည်။

The Voice Weekly

RangonNewsDaily: February . 16 .2014
သစ်သားထွင်း အနုပညာ ရှေးဟောင်းလက်ရာ တစ်ခုဖြစ်သည့် မန္တလေးမြို့တော်ရှိ ရွှေနန်းတော်ကျောင်း ရေရှည် တည်တံ့ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် World Monuments Fund အစီအစဉ်ဖြင့် ပြုပြင်မည်ဖြစ်ရာ ပျက်စီးမှုများ အတိအကျ သိရှိနိုင်ရေးအတွက် လာမည့် ဧပြီလတွင် လေဆာ စကင်နာစက်ဖြင့် 3D ရိုက်ယူမည် ဖြစ်ကြောင်း World Monuments Fund ပရိုဂရမ် ဒါရိုက်တာ Jeffrey Allen က ပြောကြားသည်။

နိုင်ငံသားတစ်ဦးချင်းစီ တာဝန်ယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: နိုင်ငံသားတစ်ဦးချင်းစီ တာဝန်ယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့်မနေကြပဲ နိုင်ငံသားတစ်ဦးချင်းစီက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်မှာ ဒီနေ့ ၂ ရက်မြောက်နေ့အဖြစ်ကျင်းပတဲ့ ဧရာဝတီ စာပေပွဲတော်မှာ “စကားစမြည်” လို့ အမည်ပေးထားတဲ့ ဆွေးနွေးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ စာပေပွဲတော် ဦးဆောင်ဆွေးနွေးသူ Mrs. Dame Joan Bakewell က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ချင်ပါသလဲလို့မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို နားလည်စေချင်တာက တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် တစ်ပါးသူတစ်ဦးဦးက လာရောက်ကြိုးစားပေးမယ်လို့ မျှော်လင့်မနေဘဲ အပြောင်းအလဲအတွက် နိုင်ငံသား တစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုကို တိုင်းပြည်အတွက် ပေးအပ်ဖို့လိုအပ်ကြောင်း၊ လူတိုင်းမှာ တိုင်းပြည်အတွက် တာဝန်ကိုယ်စီရှိကြောင်း၊ အများအတွက် စဉ်းစားတတ်တဲ့ တာဝန်သိစိတ်ရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခန်းဟာ ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ ဦးသန့်မြင့်ဦးကလည်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဆုံရာ ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပထ၀ီနိုင်ငံရေး စာအုပ်အကြောင်း ဟောပြောခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကနေ မနက်ဖြန် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ ဧရာဝတီ စာပေစကားဝိုင်းကို ပြည်တွင်း ပြည်ပ စာရေးဆရာတွေ နယ်ပယ်အသီးသီးက ပညာရှင်တွေ စုစုပေါင်း ၅၄ ဦး တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

RFA Burmese

RangonNewsDaily: February . 16 .2014
မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့်မနေကြပဲ နိုင်ငံသားတစ်ဦးချင်းစီက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

စစ်တွေမြို့တွင် ဓမ္မာရုံပြိုကျရာမှ တစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိ

Photo: စစ်တွေမြို့တွင် ဓမ္မာရုံပြိုကျရာမှ တစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိ
Sunday, February 16, 2014

စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ပြုပြင်နေစဉ်အတွင်း ရှေ့ပိုင်းမှ မထင်မှတ်ဘဲ ပြိုကျခဲ့သဖြင့် ပန်းရန်လုပ်ငန်းလုပ်ကိုင်နေသူများအနက် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ စစ်တွေပြည်သူ့ဆေးရုံတွင် နှစ်ဦးတက်ရောက် ကုသမှုခံယူနေရမှုတစ်ရပ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖြစ်ပွားကြောင်း သိရသည်။

ယင်းသို့ ပြိုကျခြင်းကြောင်း သေဆုံးခဲ့သူမှာ ပန်းရန်ဆရာတစ်ဦးဖြစ်ပြီး ခေါင်မိုးပေါ်မှ တစ်ပါးတည်းပြိုကျကာ အုတ်များနှင့် ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ ကန်တော်ကြီးရပ်ကွက်နေ ပန်းရန်ဆရာ ဦးကျော်အေး ၅၃ နှစ်ဖြစ်ကြောင်း သိရပြီး ပန်းရန်ဆရာနှင့်အတူ ခေါင်မိုးပေါ်တွင်ရှိနေသော ပန်းရန်သမားသုံးဦးနှင့် အောက်တွင်ရှိနေသူများလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် စစ်တွေမြို့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်းလည်း သတင်းရရှိသည်။

ကျန်ဒဏ်ရာရသူ လေးဦးမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွာသာယာနေ မောင်မောင်စိုး ၂၀ နှစ်၊ ကန်တော်ကြီးနေ မောင်ကျော်လှိုင် ၁၈ နှစ်၊ ရွာသာယာနေ မောင်ခင်မောင် ၂၄ နှစ်နှင့်  ဦးကျော်သိန်း ၃၀ နှစ် တို့ဖြစ်ကြောင်းနှင့် မောင်စိုးစိုးနှင့် မောင်ခင်မောင်တို့မှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရသော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်သိန်းက “မုခ်ဦး အသစ်လုပ်ဖို့အတွက် မုခ်ဦး အဟောင်းကို ဖြိုဖျက်နေခိုက် ပြိုကျသွားတာပါ။ ခေါင်မိုးပေါ်မှာ သုံးဦးရှိနေတယ်။ အဲဒီအထဲ ရုတ်တရက် ပြိုကျသွားတာဖြစ်ပါတယ်။ တံစက်မြိတ် အပိုင်းကနေ ပြိုကျသွားတာဖြစ်ပြီး ပြိုကျလာတဲ့ အုတ်တွေပိပြီး သေဆုံးသွားတာပါ။ လည်ပင်း၊ ရင်အုံ၊ ၀မ်းဗိုက်တွေမှာ ပြင်းထန်စွာဒဏ် ရရှိခဲ့တာဖြစ်တယ်။ တခြားလူတွေကတော့ ဒဏ်ရာသိပ်မပြင်းဘူးလို့ သိရတယ်” ဟု ပြောကြားခဲ့သည်။  

ပြိုကျခဲ့သော စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင် (စစ်တွေ) )

Eleven Media Group
ပြိုကျခဲ့သော စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင် (စစ်တွေ) )
RangonNewsDaily: February . 16 .2014
စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ပြုပြင်နေစဉ်အတွင်း ရှေ့ပိုင်းမှ မထင်မှတ်ဘဲ ပြိုကျခဲ့သဖြင့် ပန်းရန်လုပ်ငန်းလုပ်ကိုင်နေသူများအနက် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ စစ်တွေပြည်သူ့ဆေးရုံတွင် နှစ်ဦးတက်ရောက် ကုသမှုခံယူနေရမှုတစ်ရပ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖြစ်ပွားကြောင်း သိရသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာဝန်းကျင်တွင် လေယာဉ်တစ်စင်း ပျက်ကျသည်ဟု သတင်းများထွက်ပေါ်နေပြီး သက်ဆိုင်ရာက ရှာဖွေနေ

Photo: မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာဝန်းကျင်တွင် လေယာဉ်တစ်စင်း ပျက်ကျသည်ဟု သတင်းများထွက်ပေါ်နေပြီး သက်ဆိုင်ရာက ရှာဖွေနေ

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၄

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာအနီးတွင် လေယာဉ်တစ်စီးပျက်ကျသည်ဟု သတင်းများထွက်ပေါ်နေကာ သက်ဆိုင်ရာတာဝန်ရှိသူတချို့မှ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပ၀ကျေးရွာအုပ်စုအတွင်းရှိ နေရာတစ်ခုတွင် လေယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း ပျက်ကျသွားဖွယ်ရှိကြောင်း အဆိုပါလေယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းရန်တာဝန်ရှိသူတချို့ ပ၀ကျေးရွာသို့ရောက်ရှိလာကြောင်း လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ သတင်းများရရှိသော်လည်း အပိုင်းအစများယခုအထိ တွေ့ရှိရခြင်းမရှိသေးကြောင်း ပ၀ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ပ၀ကျေးရွာအုပ်စုက နယ်မြေကျယ်ဝန်းပါတယ်။ လေယာဉ်ပျက်ကျသံတွေ မကြားရသလို မီးခိုးတွေထွက်တာလည်း မမြင်ရပါဘူး။ ဒီနေ့မနက်ပိုင်းမှာ အမြောက်တပ် တပ်ကြပ်ကြီးတစ်ယောက်ရောက်လာပြီး ရွာကတာဝန်ရှိသူတချို့နဲ့ တိုင်ပင်ပြီး လေယာဉ်ပျက်ကျမှုကို ရှာဖွေဖို့ စီစဉ်နေကြတာ တွေ့ရတယ်"လို့ ပ၀ကျေးရွာသားတစ်ဦးမှ ပြောကြားခဲ့သည်။

ပ၀ကျေးရွာမှာ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့မှ ကုန်းလမ်းခရီးမပေါက်ဘဲ ရေလမ်းခရီးတစ်ခုတည်းကိုသာ သွားလာနိုင်ကာ မြိတ်မြို့မှ လှေဖြင့် ၂ နာရီကျော် ခုတ်မောင်းရကြောင်း သိရသည်။ "ဒီနေ့မနက်ပိုင်းမှာ အမှတ် ၃၀၆ အမြောက်တပ်က ဆရာကြီးဇော်ဝင်း ရောက်ရှိလာပါတယ်။ တပ်ရင်းမှူးရဲ့ တာဝန်ပေးချက်အရ လေယာဉ်ပျက်ကျတာကို စုံစမ်းဖို့ရောက်လာကြောင်း ပြောတယ်။
ကျွန်တော်အဖွဲ့နဲ့ အမြောက်တပ်က တာဝန်ရှိသူတွေပူးပေါင်းပြီး ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရွာတွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ကျေးရွာကလူတွေလည်း မကြားရသလို ကရင်တိုင်းရင်းသားတွေကို မေးမြန်းတာလည်း သူတို့မသိကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျတဲ့ သတင်းကတော့ အတိအကျရထားလို့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေပါတယ်။ လေယာဉ်အပိုင်းအစတွေ တွေ့ရင်ပြောဖို့ ပ၀ကျေးရွာကိုလွန်ပြီး ပင်လယ်ထဲကို ကျသွားရင်လည်း သိရှိနိုင်အောင် အနီးနားကကျွန်းတွေကိုလည်း ဆက်သွယ်ထားပြီးပါပြီ"ဟု ပ၀ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက ပြောကြားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းလိုင်းများကို စုံစမ်းရာတွင် ပြည်တွင်းခရီးသည်တင် လေယာဉ်များနှင့်ပတ်သက်ပြီး ဘာမှမဖြစ်ကြောင်း၊ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တပ်ပိုင်လေယာဉ်များနှင့် ပြည်တွင်းလေကြောင်းလိုင်းများမှာ ပုံမှန်အတိုင်းရှိနေသည့်အတွက် ပျက်ကျသွားသည်မှာ နိုင်ငံခြားလေယာဉ် သို့မဟုတ် ရဟတ်ယာဉ် တစ်စီးစီးဖြစ်နိုင်ကြောင်း အဆိုပါ လေယာဉ်ပျက်ကျသည့်သတင်းမှာ မှန်ကန်ပြီး တပ်နှင့် ပြည်ထဲရေးအဖွဲ့အစည်းများမှလည်း စုံစမ်းမှုများ ပြုလုပ်နေကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

"ပ၀မှာ မီးလောင်ကွင်း၊ ဖိုးမဲ ၊ အနိုင်း၊ ကုဋေချောင်းဆိုပြီး ရွာတွေရှိပါသေးတယ်။ ပြီးတော့ လူသူအရောက်ပေါက်အရမ်းနည်းတဲ့ တောကြီးတွေလည်းရှိပါတယ် ကြက်ဥတောင်ဆိုတာကလည်း တောနက်ကြီးဖြစ်ပြီး လူသူအရောက်အပေါက် နည်းပါတယ်။ အဲဒီကလွန်ရင်တော့ ပင်လယ်ပြင်ကြီးထဲကို ရောက်သွားမှာဖြစ်ပြီး မရမ်းပင်ချောင်းတို့ဘက် ရောက်သွားနိုင်ပါတယ်။ ဒီနားမှာတော့ ဘာအသံမှမကြားရပါဘူး။ ထိုင်းဘက်က ရဟတ်ယာဉ်တွေလည်း ဖြစ်နိုင်တာပဲ။ လေယာဉ်ပျက်တဲ့ အသံတွေလည်း မကြားရပါဘူး"ဟု ကရင်တိုင်းရင်းသားတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိစုံစမ်းမှုအရ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ တိတိကျကျ အတည်ပြုချက်မေပေးနိုင်သော်လည်း မြိတ်မြို့မှ လေမိုင် ၃၆ မိုင်အကွာတွင် ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံမှ လေယာဉ်တစ်စင်းဖြစ်နိုင်ကြောင်း လေယာဉ်နှင့် ပတ်သက်၍ အပျက်အစီးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိသေးဘဲ တာဝန်ရှိသူများမှ စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ယခုလေယာဉ်ပျက်ကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည့်ဒေသသည် ထိုင်းနိုင်ငံနှင့်နီးစပ်သော ဒေသတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီကျော်အထိ ထိုင်းသတင်းဌာနများမှ ထိုင်းနိုင်ငံမှ လေယာဉ်များပျက်ကျမှု ဖြစ်ပေါ်သည်ဆိုသည့် သတင်းမျိုး ဖော်ပြထားခြင်းမရှိကြောင်း သိရှိရသည်။

(လေယာဉ်ပျက်ကျသည်ဟု သတင်းထွက်ပေါ်နေသော ပ၀ကျေးရွာဝန်းကျင်အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်)

Eleven Media Group မှပြန်လည်ဖော်ပြသည်
(လေယာဉ်ပျက်ကျသည်ဟု သတင်းထွက်ပေါ်နေသော ပ၀ကျေးရွာဝန်းကျင်အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်)
RangonNewsDaily: February . 16 .2014
မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာအနီးတွင် လေယာဉ်တစ်စီးပျက်ကျသည်ဟု သတင်းများထွက်ပေါ်နေကာ သက်ဆိုင်ရာတာဝန်ရှိသူတချို့မှ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့မရဲစခန်း အချုပ်ထောင်တွင် ဆူပူမီးရှို့မှုဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ဖြိုခွင်းခဲ့သဖြင့် အချုပ်သားတစ်ဦး ဒဏ်ရာရ

Photo: နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့မရဲစခန်း အချုပ်ထောင်တွင် ဆူပူမီးရှို့မှုဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ဖြိုခွင်းခဲ့သဖြင့် အချုပ်သားတစ်ဦး ဒဏ်ရာရ
Sunday, February 16, 2014

နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့မ ရဲစခန်းအချုပ်တွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများက သေနတ်ပစ်ဖြိုခွင်းခဲ့ရာ အချုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့မရဲစခန်း အချုပ်ထောင်တွင် ဆူပူမှုဖြစ်ပွားသော အချုပ်ခန်းအခန်း ၄၊ အခန်း ၅၊ အခန်း ၇၊ အခန်း ၈၊ လေးခန်းတွင် အ၀င်တံခါးမကြီးများအား အ၀တ်၊ ဂျာနယ်များစုပုံ၍ မီးရှို့ဆူပူမှုများဖြစ်ပွားခဲ့ရာ အဆိုပါဆူပှုဖြစ်ပွားခဲ့သော အချုပ်ထောင်သို့ မီးသတ်ကားလေးစီးနှင့် ရဲအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် ဆူပူသောအချုပ်သားများအား ဂရင်နားကိုးလုံးကျည်ဖြင့် ၁၀ ချက်ကျော် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး အချုပ်သားတစ်ဦးပခုံးတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ရုံး ဒုတိယရဲမှူးကြီး ဦးဝင်းစိန်က ပြောကြားခဲ့သည်။

"ဒါက အဓိကရုဏ်းလို့ခေါ်တယ်။ ရဲက လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ရတာပါ။ ဂရင်နာကိုးလုံးကျည်နဲ့ပစ်တယ်။ ဒါကလူမသေနိုင်ဘူး။ ၁၀ ချက်ထက်မနည်း ပစ်တယ်။ ဖြစ်စဉ်ကတော့ အတိအကျအသိသေးဘူး။ လူသတ်မှုနဲ့ အချုပ်ကျနေတဲ့ တရားခံတစ်ယောက်ရှိတယ်။ အဲ့ဒီတစ်ယောက်က သူ့ဘာသာသူ အချုပ်သံတိုင်နဲ့ ခေါင်းနဲ့ဆောင့်တော့ ခေါင်းကွဲသွားတယ်။ ဒဏ်ရာရတော့ ဆေးရုံပို့လိုက်တယ်။ ပြန်ခေါ်လာတဲ့အချိန်မှာ အချုပ်ထဲကိုပြန်သွင်းတော့ အဲ့ဒီလူကို အစကတည်းက စိတ်ငြိမ်ဆေးထိုးပြီးပြီ။ ဆေးအာနိသင် အဲ့ဒီအချိန်မှာ မရောက်သေးတော့ ထွက်ပြေးဖို့ ကြိုးစားတာပေါ့။ သူ့ကို တာဝန်ကျရဲတွေက လိုက်ဆွဲတော့ အဲ့ဒါကို အထဲက ဆူပူလိုတဲ့သူတွေက အခွင့်အရေးယူပြီး မီးရှို့ကြတယ်။ အမှုကြီးတဲ့သူတွေက ထွက်ပြေးဖို့ ကြိုးစားကြတယ်။ အဲ့ဒါကို အချိန်မီထိန်းသိမ်းလိုက်ရတဲ့သဘောပါ။ နေပြည်တော်ရဲတပ်ဖွဲ့ကို ခေါ်လိုက်ရတယ်။ အင်အားတော့ သုံးရတာပေါ့။ ကျည်ဆံနဲ့ ပစ်ရတဲ့အဆင့်တော့ ရောက်တာပေါ့။ အဲ့ဒါနဲ့မရရင် စစ်တပ်ကိုတောင် လွှဲလို့ရတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းရင်းကို ရှာမှာပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျမပြောနိုင်သေးပါဘူး။ စုံစမ်းစစ်ဆေးရေးအဖွဲ့ စုံစမ်းလိုက်တဲ့အခါမှာ လူတွေခွဲပြီးမေးလိုက်ရင် သူတို့အချင်းအချင်း မကျေနပ်တာလား။ အုပ်ချုပ်တဲ့သူတွေကို မကျေနပ်တာလား။ ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အခါ ဖြစ်ရတဲ့အကြောင်းအရင်းတွေရှိမယ်"ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ရုံး ဒုတိယရဲမှူးကြီး ဦးဝင်းစိန်က ပြောကြားသည်။

နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့မ ရဲစခန်းအချုပ်စခန်းသည် အကျဉ်းသား ၆၂ ဦးဆံ့ပြီး လက်ရှိတွင် ယင်းအချုပ်ထဲ၌ အမျိုးသားအကျဉ်းသား ၂၃၆ ဦးနှင့် အမျိုးသမီး အကျဉ်းသား ၄၆ ဦး စုစုပေါင်း ၂၈၂ ဦးရှိကြောင်း သိရသည်။

(ဖေဖော်ဝါရီ ၁၅ ရက်က ဆူပူမီးရှို့မှုဖြစ်ပွားခဲ့သည့် ပျဉ်းမနားရဲတပ်ဖွဲ့စခန်းအား တွေ့ရစဉ်)

Eleven Media Group
(ဖေဖော်ဝါရီ ၁၅ ရက်က ဆူပူမီးရှို့မှုဖြစ်ပွားခဲ့သည့် ပျဉ်းမနားရဲတပ်ဖွဲ့စခန်းအား တွေ့ရစဉ်)
RangonNewsDaily: February . 16 .2014
နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့မ ရဲစခန်းအချုပ်တွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများက သေနတ်ပစ်ဖြိုခွင်းခဲ့ရာ အချုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေး

Photo: ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေး

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၄

ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူအချို့နှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်း ယာဉ်ကြောရှုပ်ထွေး ကျပ်တည်းနေရသည့် ပြဿနာဖြစ်ပွားနေရခြင်း၏ အကြောင်းအရာများမှာ အချက်အလက် အများစုရှိနေသော်လည်း လမ်းအားလမ်းအတိုင်း အပြည့်အ၀အသုံးမပြုနိုင်ခြင်း၊ ရှိနေသည့်လမ်းနှင့် ကားအရေအတွက်ကို ကြိုတင်မျှော်မှန်းတွေးဆပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းမျိုး မရှိခဲ့ခြင်းကြောင့်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် သုံးသပ်ပြောကြားခဲ့သည်။

ကားကျပ်နေမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကျယ်ဝန်းသည့် ပလက်ဖောင်းများကို လူသွားလာနိုင်သည့် အကျယ်အ၀န်းအထိ ဖျက်ပြီး လမ်းမကြီးနံဘေး၌ ကားပါကင်ပြုလုပ်ပေးခြင်းနှင့် လမ်းအချို့ကို နေရာချဲ့ထွင်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်မှ စတင်ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မထသ ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က "ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။ ခုံးကျော်တံတားတွေ ဆောက်လုပ်ခဲ့တယ်ဆိုတာကလည်း အစိတ်အပိုင်းတစ်ခုသာ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံအောင်လို့တော့ မပြေလည်နိုင်ပါဘူး။ လုပ်စရာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် စစ်တမ်းတွေကို တိတိကျကျကောက်ယူရမယ်။ မီးပွိုင့်စနစ်တွေကို ပြန်ပြီးပြုပြင်ရမယ်။ လမ်းနဲ့ယာဉ်တွေရဲ့အချိုးအစားတွေကို ပြန်ပြီးတွက်ချက်ရမယ်။ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းတွေမှာ ကားပါကင်တွေ စနစ်တကျရှိရမယ်။ ခရီးသည်တင် ယာဉ်တွေကလည်း စည်းကမ်းတကျ မောင်းနှင်သွားလာနိုင်ရမယ်။ လူကူးမျဉ်းကြားတွေ စနစ်တကျ ရှိဖို့လိုတယ်။ ယာဉ်အသုံးပြုမှုတွေအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်" ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှု ပြဿနာဖြစ်ပွားမှုကို ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ဖြစ်ပွားလာခဲ့ပြီး ယာဉ်တင်သွင်းခွင့်စနစ် ပြောင်းလဲလာသည့်နောက်ပိုင်းတွင် ယာဉ်ကြောကျပ်တည်းမှု ပိုမိုဖြစ်ပွားခဲ့ကြောင်း မထသ ဗဟိုဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မှတ်ပုံတင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ယာဉ်စုစုပေါင်းမှာ ၃၅၁၉၈၅ စီးရှိကြောင်း သိရသည်။

"ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်နိုင်တဲ့ မီးပွိုင့်တွေ၊ လမ်းတွေက ၅၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာတွေအားလုံးမှာ ယာဉ်တွေရှင်းလင်းနိုင်ဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အလှည့်ကျစနစ်နဲ့ ၂၄ နာရီ တာဝန်ထမ်းဆောင်ဖို့ လိုအပ်နေတယ်။ အခုအချိန်မှာလည်း ယာဉ်ကြောပိတ်ဆို့လာပြီဆိုတာနဲ့ နယ်မြေခံယာဉ်ထိန်းနဲ့ ယာဉ်ကြောရှင်းလင်းနေတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတွေပူးပေါင်းပြီးတော့ လမ်းကြောင်းကို အမြန်ဆုံးရှင်းလင်းပါတယ်။ အဓိကတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ လူပိုများလာရင်တော့ လုပ်ငန်းတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာပါ" ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ 

(ဖေဖော်ဝါရီလ ၁၄ရက်နေ့က ရန်ကုန်မြို့တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

Eleven Media Group မှပြန်လည်ဖော်ပြသည်
(ဖေဖော်ဝါရီလ ၁၄ရက်နေ့က ရန်ကုန်မြို့တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))
RangonNewsDaily: February . 16 .2014
ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူအချို့နှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

၂၀၁၄ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု

Photo: ၂၀၁၄ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၄

တောထဲက အဆိပ်ပြင်းတဲ့အကောင်တွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာ အမေရိကန်မရိန်းတပ်သားတွေဟာ ထိုင်းစစ်သားတွေဆီကနေ သင်ယူခဲ့သလို ကင်းမြီးကောက်တွေကိုလည်း စားကြည့်ခဲ့ကြပါတယ်။ ကြာသပတေးနေ့က ထိုင်းနိုင်ငံ၊ ချန်တာဘူရီ ပြည်နယ်မှာ လက်တွေ့ သင်တန်း လေ့ကျင့်ခန်းတစ်ခုအတွင်း အဲဒီလို သင်ယူခဲ့ကြတာပါ။

လေ့ကျင့်ခန်းမှာ မရိန်းတပ်ဖွဲ့ဝင် ၅၀ လောက် ပါဝင်နေကြပြီး သူတို့ရဲ့ဆရာတွေဖြစ်တဲ့ ထိုင်းစစ်သား ၁၀ ဦးပါ အစုအဖွဲ့တစ်ခုဆီကနေ တောထဲမှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို သင်ယူခဲ့ကြတာပါ။ အဲဒီထဲမှာ မီးရအောင် လုပ်တဲ့ နည်းလမ်း၊ စားလို့ရတဲ့အသီးတွေကို သိအောင်လုပ်တဲ့ နည်းလမ်းနဲ့ တခြား အစားအစာတွေကို ရှာဖွေနည်းတွေ ပါဝင်ပါတယ်။

ဒီလေ့ကျင့်ခန်းဟာ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံတို့ နှစ်စဉ်ပူးတွဲလုပ်တဲ့ ၂၀၁၄ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တွေကိုဖမ်းပြီး အဆိပ်ရှိတဲ့ အပိုင်းတွေကို ဖယ်ပစ်ပြီးတော့ စားလို့ရအောင်လုပ်တဲ့ နည်းလမ်းတွေကို ထိုင်းဆရာတွေက အမေရိကန် စစ်သားတွေကို ပြသခဲ့ပါတယ်။

ဒါ့အပြင် အဆိပ်ပြင်းတဲ့ မြွေဟောက်တွေကို ဘယ်လို ဖမ်းယူနိုင်တယ်ဆိုတာကိုလည်း အမေရိကန်စစ်သားတွေ သင်ယူခဲ့ကြပါတယ်။ အဲဒီမြွေဟောက်ရဲ့အသားကို စားလို့ရပြီး သွေးကို သောက်လို့ရပါတယ်။ အမေရိကန် မရိန်းတပ်သားတွေဟာ ပိုးမွှားတွေ၊ ကင်းမြီးကောက်တွေကို စားခဲ့ကြပြီး မြွေဟောက်သွေးကို သောက်ခဲ့ကြတဲ့ ဒီ ကွင်းဆင်းလေ့ကျင့်ခန်းဟာ သုံးရက်ကြာမြင့်မှာဖြစ်ပါတယ်။

Amphibious assault vehicles fire smoke screen during a military exercise, Cobra Gold, on Hat Yao beach in Chonburi province, Thailand Friday, Feb. 14, 2014. About 8,000 military personnel from U.S., Thailand, Indonesia, Japan, Singapore, South Korea, and

VOA

RangonNewsDaily: February . 16 .2014
တောထဲက အဆိပ်ပြင်းတဲ့အကောင်တွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာ အမေရိကန်မရိန်းတပ်သားတွေဟာ ထိုင်းစစ်သားတွေဆီကနေ သင်ယူခဲ့သလို ကင်းမြီးကောက်တွေကိုလည်း စားကြည့်ခဲ့ကြပါတယ်။ ကြာသပတေးနေ့က ထိုင်းနိုင်ငံ၊ ချန်တာဘူရီ ပြည်နယ်မှာ လက်တွေ့ သင်တန်း လေ့ကျင့်ခန်းတစ်ခုအတွင်း အဲဒီလို သင်ယူခဲ့ကြတာပါ။

ကမာရွတ်မြို့နယ်တွင် မီးလောင်မှုဖြစ်

Photo

RangonNewsDaily: February . 16 .2014
၁၆.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ လှည်းတန်းလမ်းမ၊ အမှတ်(၇၆)၊ မြေညီးထပ်ခေါင်းရင်းခန်းရှိ
Magic Bubble Tea ဆိုင်တွင် မီးအားမြှင့်စက်ဖွင့်ထားရာမှ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိ ကော်ဖီမစ်ထုပ်များ၊ ပလပ်စတစ်ခွက်များအား ကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့
၍ ၀၇၃၀ အချိန်
တွင် မီးငြိမ်းသွားခဲ့ပါသည်။

ကိုမြအေး စာပေဟောပြောပွဲကိစ္စ သွားရောက်ညှိနှိုင်းတဲ့ ဆရာတော် ဦးသောဘိတ အကြမ်းဖက်ခံရ

RangonNewsDaily: February . 16 .2014
ကိုမြအေး စာပေဟောပြောပွဲကိစ္စနဲ့ပက်သက်ပြီးသွားရောက်ညှိနှိုင်းတဲ့ မန္တလေး မဟာဂန္ဓာရုံကျောင်း
တိုက်မှ ဆရာတော် ဦးသောဘိတအား ဦးဝီရသူရဲ့ဘေးမှာအနီးကပ်နေကြတဲ့ ဒကာမအချို့က မြို့
နယ်အုပ်ချုပ်ရေးမှူးရုံး အောက်ထပ်မှာ ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း