Pages

Wednesday, February 12, 2014

ကသာမြို့နယ်၊ သာယာကုန်းရွာတွင် လူတစ်စုမှ ရိုက်နှက်ထိုးကြိတ်ပြီး လူနေအိမ် ဖျက်ဆီးမီးရှို့

RangonNewsDaily: February . 12 .2014
ကသာမြို့နယ်၊ သာယာကုန်းရွာတွင် ဖေဖော်ဝါရီ( ၁၁ )ရက် (၁၉း၀၀)အချိန် ဦးခင်မောင်ဇင်သည် မိမိနေအိမ်၌ မိသားစုများနှင့် အတူရှိနေစဉ် ကလုံကျေးရွာအုပ်စု၊ သာဂရ ကျေးရွာနေ ထွန်းထွန်း (၃၀)နှစ် (ဘ) ဦးတင်ဝင်း၊ ၀င်းမင်းထွန်း (၃၂) နှစ် (ဘ) ဦးဘရီတို့ ဦးဆောင်သော လူတစ်စုမှ နေအိမ်ခြံစည်းရိုးပေါက်ဝရောက်ပြီး စာရင်းရှင်းစရာရှိ၍ ဆင်းခဲ့ရန် ခေါ်သည်။

မိုဘိုင်းလ်ဖုန်းနှင့် နည်းပညာသစ်များ ပါဝင်ပြသမည့် Myanmar Mobile Fair ကျင်းပမည်

Photo: မိုဘိုင်းလ်ဖုန်းနှင့် နည်းပညာသစ်များ ပါဝင်ပြသမည့် Myanmar Mobile Fair ကျင်းပမည်
Wednesday, February 12, 2014

မိုဘိုင်းလ် ဖုန်းသစ်များနှင့် မိုဘိုင်းလ် နည်းပညာသစ်များ ပြသမည့် Myanmar Mobile Fair 2014 ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် Zillion Business Services Limited ထံမှ သိရှိရသည်။

အဆိုပါပြပွဲတွင် Apple၊ Samsung၊ Sony၊ Nokia၊ HTC၊ LG၊ Huawei အစရှိသော နာမည်ကျော် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများမှ ထုတ်လုပ်သည့် နောက်ဆုံးပေါ် မိုဘိုင်းလ်ဖုန်းသစ်များကို ပြသ သွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ ရောင်းချပေးမည့် အစီအစဉ် ပါဝင်ကြောင်း ပွဲစီစဉ်သည့် ကုမ္ပဏီထံမှ သိရှိရသည်။

ယခုပြပွဲကို မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်ကြီးများနှင့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများက ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသသွားမည် ဖြစ်ကြောင်း Zillion Business Services Limited မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ပြပွဲတွေကတော့ ခဏခဏ သွားဖြစ်ပါတယ်။ ဈေးလျှော့ပေးတယ် ဆိုပေမယ့်လည်း ကန့်သတ်ချက်လေးတွေနဲ့ပါ။ တကယ်တမ်းက အပြင်နဲ့ သိပ်မကွာပါဘူး။ တကယ်ဖုန်းဝယ်ရင် အပြင်ကဆိုင်တွေမှာပဲ ဝယ်ဖြစ်တယ်” ဟု မိုဘိုင်းလ်ဖုန်းပြပွဲများကို သွားရောက်လေ့ရှိသူ ဦးအာကာစိုးက ဆိုသည်။

ယခုကျင်းပမည့် hfMyanmar Mobile Fair မှာ ငါးကြိမ်မြောက် ရှိပြီဖြစ်သည်။

The Voice Weekly

RangonNewsDaily: February . 12 .2014
မိုဘိုင်းလ် ဖုန်းသစ်များနှင့် မိုဘိုင်းလ် နည်းပညာသစ်များ ပြသမည့် Myanmar Mobile Fair 2014 ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် Zillion Business Services Limited ထံမှ သိရှိရသည်။

လှိုင်သာယာမြို့ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရေမြောင်းတွင်း အရိုးကျနေသော အမျိုးသားအလောင်းတွေ့

RangonNewsDaily: February . 12 .2014
လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းဘေး မိုင်တိုင်အမှတ် ၂/၅ အနီးရှိ စည်ပင် ရေမြောင်းတွင် ဖေ
ဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က အရိုးကျနေသော အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း အမှတ် (၆) ရပ်ကွက် အုပ်
ချုပ်ရေးမှူး ဦးကျော်စိုးထွန်းကThe Voice သို့ ပြောကြားသည်။အမှတ်(၆) ရပ်ကွက်ရှိကလေးငယ်များက စည်ပင်ရေမြောင်းတွင်း
ကန်စွန်း ဆင်းခူးရာမှတစ်ကိုယ်လုံးအရိုးကျနေသောအမျိုးသားအလောင်းကို ဒိုက်များအကြား ကန်စွန်းပင်များ ရစ်နွယ်လျက် တွေ့
ရှိခဲ့သည်ကို ရာအိမ်မှူးအား အကြောင်းကြားခဲ့ရာမှ သိရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မြစ်ကြီးနား၊မန္တလေးအစုန်ကုန်ရထားလမ်းချော် တိမ်းမှောက်

Photo: မြစ်ကြီးနား၊မန္တလေးအစုန်ကုန်ရထားလမ်းချော်
တိမ်းမှောက်
Wednesday, February 12, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊မော်လူးဘူတာနှင့် နန့်စီးအောင်ဘူတာကြား မိုင်တိုင်အမှတ်၆၀၆/၂၃-၂၄ကြားတွင် မြစ်ကြီးနားမှမန္တလေးသို့စုန်ဆင်းလာသော အမှတ် ၉၃၈ အစုန်
ကုန်ရထားသည့် ၁၁-၂-၂၀၁၄ နေ့နံနက် ၇း၁၅ နာရီ
တွင် ရထားလမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရထားတွဲ ၄တွဲ လမ်းချော်ရာတွင် ၃တွဲမှာသံလမ်း
ပေါ်ရှိနေ၍ သံလမ်းရှိရာကုန်းမြင့်မှအောက်သို့ကျ
သွားသောတွဲမှာ တွဲအမှတ် GBHAH 40819 ဖြစ်ကြောင်းသိရသည်။

လမ်းချော်တိမ်းမှောက်သွားသော တွဲများကိုလူ
အား၊ ယန္တရားအားဖြင့် အမြန်ဆုံးဖယ်ရှားခဲ့သဖြင့်
ညနေ ၆နာရီ ၁၁မိနစ်တွင် ရထားများပုံမှန်ပြန်လည်သွားလာ
နိုင်င်ကြောင်းသတင်းရရှိသည်။

အေးလွင်(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily: February . 12 .2014
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊မော်လူးဘူတာနှင့် နန့်စီးအောင်ဘူတာကြား မိုင်တိုင်အမှတ်၆၀၆/၂၃-၂၄ကြားတွင် မြစ်ကြီးနားမှမန္တလေးသို့စုန်ဆင်းလာသော အမှတ် ၉၃၈ အစုန်ကုန်ရထားသည့် ၁၁-၂-၂၀၁၄ နေ့နံနက် ၇း၁၅ နာရီတွင် ရထား
လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ်လို့ဆိုတဲ့ ဝတ်မှုန်ရွှေရည်

Photo: စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည်

ကစ်က နောက်ပိုင်းမှာ ဇာတ် လမ်းပုံစံလေးတွေ ရွေးရိုက်လာတော့ မြန်မာပြည်မှာက ဇာတ်လမ်းပုံစံ အ သစ်အဆန်း ကရှားတယ်။ အဲဒီတော့ ဘယ်လို ရွေးချယ်ဖြစ်လဲ ဆိုတော့ ကစ်ကတော့ ကစ်ရိုက်ခဲ့တဲ့ ဇာတ် လမ်းတွေ၊ ဇာတ်ရုပ်တွေကို ချိန်ရိုက် တာပေါ့။ တစ်ခါ တလေကျရင် အ ကြောင်းကြောင့် စိတ်မပါဘဲ စိတ် ပါလိုက် ရတာတွေ ရှိတတ်တယ်။

မြန်မာဇာတ်ကားကြည့်တဲ့ ပရိသတ် တွေကလည်း အရမ်းအဆန်း အပြား ကြီးကို ကြည့်တာထက် မြင်နေကျ ဇာတ်လမ်းမျိုးတွေကိုပဲ စွဲနေတာ လေ။ အရမ်းကြီးပြောင်းလိုက်လို့ မရ ဘူး။ ဇာတ်လမ်း ကတော့ အရမ်းရှား ပါတယ်။ ဟောလိဝုဒ်တို့၊ ဘောလိ ဝုဒ်တို့လို နှစ်နှစ်၊ သုံးနှစ်နေမှ တစ်ခါ ရိုက်တာ မဟုတ်ဘူးလေ။ တစ်လ ကို သုံးကားရိုက်တယ်။ တစ်နှစ်လုံး ဆို သုံးဆယ့်ခြောက် ကားဖြစ်နေပြီ။ ဇာတ်လမ်း ကလည်း ရှားနေပြီ။ ပြီး တော့ တစ်ယောက်တည်း အတွက် လည်း မဟုတ်ဘူး။ မင်းသား၊ မင်း သမီးတွေအများကြီး အတွက်လေ။

အဲဒီကြား ထဲမှာမှ အကောင်းဆုံး လေးတွေ ရွေးချယ်ရိုက်ကူးရတယ်။ ဖြစ်နေတဲ့ အခြေအနေမှာ အကောင်း ဆုံးဖြစ်အောင် လုပ်ရတာပေါ့။ ဇာတ်ကားတွေ စရိုက်တုန်းကတော့ အခန်းနည်းပြီး ရိုက်ရတာမျိုးတွေ၊ လူမှုရေးအရ ရိုက်ပေး လိုက်ရတာ မျိုးတွေရှိခဲ့ပေမယ့် အဲဒါက ဘဝ အတွက် အကြီး အကျယ်ကြီးဖြစ် သွားတာမျိုးတွေ မရှိခဲ့ဘူး။ ကိုယ့်အ နေနဲ့ နာမည်လည်း မကြီး သေးဘူး လေ။ ဒါပေမဲ့ပြော ရလောက်အောင် တော့ မဟုတ်ပါဘူး။ ကစ်ကတော့ အမြဲကြိုး စားနေတဲ့ သူပါပဲ။ ကစ်က ရောပွဲတွေ တက်လာရင် တစ်ယောက် တည်း ဖြစ်နေတော့ ဘယ်တော့ လောက် စုံတွဲတက် လာတာကိုမြင် ရမလဲဆိုတော့ မေမေဘေး ကပါပါ တယ်။ စုံတွဲတက်ဖို့ ဆိုတာ လိုပါသေး တယ်။ ကစ်အတွက် မလိုသေးပါဘူး။

By 8 Days

Credit To : Myanmar Update News သတင်းများ

RangonNewsDaily: February . 12 .2014
ကစ်က နောက်ပိုင်းမှာ ဇာတ် လမ်းပုံစံလေးတွေ ရွေးရိုက်လာတော့ မြန်မာပြည်မှာက ဇာတ်လမ်းပုံစံ အ သစ်အဆန်း ကရှားတယ်။ အဲဒီတော့ ဘယ်လို ရွေးချယ်ဖြစ်လဲ ဆိုတော့ ကစ်ကတော့ ကစ်ရိုက်ခဲ့တဲ့ ဇာတ် လမ်းတွေ၊ ဇာတ်ရုပ်တွေကို ချိန်ရိုက် တာပေါ့။ တစ်ခါ တလေကျရင် အ ကြောင်းကြောင့် စိတ်မပါဘဲ စိတ် ပါလိုက် ရတာတွေ ရှိတတ်တယ်။

လက်ပံတောင်းအရေးလှုပ်ရှားသူတစ်ဦးကို ဆားလင်းကြီးတွင်ဖမ်းဆီး

RangonNewsDaily: February . 12 .2014
လက်ပံတောင်းအရေးတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် ဒေသခံတောင်သူများအကြား မြေယာလျော်ကြေးကိစ္စတွင် ကြားဝင်ဆောင်ရွက်ပေးသူ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် အဖွဲ့ဝင် ကိုသော်ဇင်ကို ဖေဖော်ဝါရီလ ၁၁ရက် နံနက်က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု ဆားလင်းကြီးမြို့၊ ညောင်ပင်ကြီးရဲ့စခန်းရှိ တာဝန်ကျ ရဲဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

ကုလအထူးကိုယ်စားလှယ် ကင်တားနား မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်အဖြစ် လာရောက်မည်

Photo: ကုလအထူးကိုယ်စားလှယ် ကင်တားနား မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်အဖြစ် လာရောက်မည်

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားသည် မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေများကို အကဲဖြတ်ရန်နှင့် သူ၏ ယခင်အကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် တရားဝင် နောက်ဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်တွင် ရောက်ရှိမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ဖေဖော်ဝါရီ ၁၁ရက်က သတင်းထုတ်ပြန်ထားသည်။

မစ္စတာ အိုဟေးကင်တားနားသည် သူ၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်း ကြေးနီစီမံကိန်း နှင့် ရန်ကုန်အနီးရှိ သီလဝါ ရေနက်ဆိပ်ကမ်းတို့ကို သွားရောက်ရန် စီစဉ်ထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အထူးကိုယ်စားလှယ် နှင့် လွတ်လပ်သော ကျွမ်းကျင်သူ အဖြစ် သူ၏ ခြောက်နှစ်ကြာ တာဝန် မပြီးဆုံးမီတွင် ထိုကဲ့သို့ လာရောက်ခြင်း ဖြစ်သည်။ မစ္စတာ ကင်တားနားသည် ကရင်ပြည်နယ်သို့ သွားရောက်ခွင့်ရရန် အတွက်လည်း မေတ္တာရပ်ခံထားသည်။

မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မောင်တောမြို့အပါအဝင် ပြည်နယ်အတွင်း ဒေသများကို သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုများကို အကဲဖြတ်နိုင်ရန် ခန့်မှန်းထားသည်ဟု ဆိုသည်။ ထို့အပြင် ကချင်ပြည်နယ် ခရီးစဉ်၌လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့အကြား အပစ်အခတ် ရပ်စဲရေးကိစ္စ တိုးတက်မှုအပေါ် အကဲဖြတ်မည်ဖြစ်ပြီး ဒေသခံများနှင့်လည်း ဆွေးနွေးမည်ဟု သူက ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်တာတွေ၊ အပစ်အခတ် ရပ်စဲရေးကာလ အလွန် ဆွေးနွေးပွဲတွေ စတဲ့အခါ မြန်မာနိုင်ငံက တိုင်းရင်းသားအုပ်စု အမျိုးမျိုးရဲ့ မျိုသိပ်ထားခဲ့ရတဲ့ နာကြည်းချက်တွေကို ဘယ်လို နားထောင်ပေးပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မလဲ ဆိုတာတွေကို ကျွန်တော် ကြည့်ချင်ပါတယ်” ဟု မစ္စတာ အိုဟေး ကင်တားနားက ဆိုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ရက်မှ ၁၉ရက်အတွင်း လာရောက်မည်ဖြစ်ကာ ခရီါ်စဉ်အတွင်း နေပြည်တော်ရှိ အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များ၊ တရားစီရင်ရေးဘက်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ၏ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

သူ၏ ခရီးစဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာ အပြည့်အစုံကိုလည်း ၂၀၁၄ခုနှစ် မတ်လ ၁၇ရက်တွင် လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည်ဟု ထုတ်ပြန်ထားသည်။

Photo Capttion>>>>. ၂၀၁၃ခုနှစ် သြဂုတ်လက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ ရာမည)

Mizzima - News in Burmese
Photo Capttion>>>>. ၂၀၁၃ခုနှစ် သြဂုတ်လက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ ရာမည)
RangonNewsDaily: February . 12 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားသည် မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေများကို အကဲဖြတ်ရန်နှင့် သူ၏ ယခင်အကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် တရားဝင် နောက်ဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်တွင် ရောက်ရှိမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ဖေဖော်ဝါရီ ၁၁ရက်က သတင်းထုတ်ပြန်ထားသည်။

လွတ်လပ်မှုကို အသုံးချဖို့ ဂျာမနီသမ္မတ တိုက်တွန်း

Photo: လွတ်လပ်မှုကို အသုံးချဖို့ ဂျာမနီသမ္မတ တိုက်တွန်း
Wednesday, February 12, 2014

အာဏာ၊ ကြွယ်ဝမှုနဲ့ အခွင့်ထူးခံစားခွင့်တွေကို လက်မလွှတ်ချင်သူတွေရဲ့ အပြောင်းအလဲအပေါ် တားဆီးမှုအသံတွေကို နားမယောင်ကြဖို့နဲ့ မိမိတို့ တစ်ဦးချင်းရရှိထားတဲ့ လွတ်လပ်ခြင်းကို အသုံးချပြီး အမှောင်ထဲမှာ ကျန်ခဲ့သူတွေကိုတွဲခေါ်ကြဖို့ မြန်မာနိုင်ငံသားလူငယ်တွေကို တိုက်တွန်းကြောင်း ဂျာမနီသမ္မတ Mr. Joachim Gauck က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဂျာမနီနိုင်ငံသမ္မတ မစ္မတာ ဂျိုဝါချင် ဂေါက်ခ် Mr. Joachim Gauck က ဒီနေ့ မိန့်ခွန်းပြောကြားရာမှာ လူငယ်တွေ မိမိတို့တစ်ဦးချင်းစီ ပိုင်ဆိုင်တဲ့အင်အားကို ယုံကြည်ကြဖို့ တိုက်တွန်းပြောဆိုစဉ် ထည့်သွင်းပြောခဲ့တာပါ။

ဒီနေ့ရရှိထားတဲ့ အပြောင်းအလဲတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေ အကြောက်တရားကင်းကင်းနဲ့ ကြိုးပမ်းမှုသာမရှိခဲ့ရင် လက်တွေ့ဖြစ်လာစရာအကြောင်း မရှိပါဘူးလို့လည်း ဒီမိုကရေစီအရေးကြိုးပမ်းမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တက္တသိုလ်ဟာ လွတ်လပ်ခြင်းအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းဝင်ကျောင်းဖြစ်ကြောင်းနဲ့ ဒီကျောင်းမှာ အခြေခံပြီးဖြစ်ပေါ်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ အဲဒီ အရေးတော်ပုံမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့သတ္တိကို မမေ့သင့်တဲ့အကြောင်းကို လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂျာမနီသမ္မတဟာ မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးသန့်စီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဂျာမနီနိုင်ငံဟာ ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံကို ဒုတိယမြောက်အကူအညီအများဆုံးပေးတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကပေးဖို့ကျန်နေတဲ့ အကြွေးယူရိုငွေ သန်း ၅၀၀ ဖြေလျှော့ပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျာမန်ဘာသာစကား သင်ကြားပေးမယ့် ဂိုသေး အင်စတီကျု (Goethe-Institute) ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပြီဖြစ်သလို သတင်းမီဒီယာသမားတွေအတွက် သင်တန်းကျောင်းတခုကိုလည်း ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဂျာမန်သမ္မတက ပြောကြားသွားခဲ့ပါတယ်။

RFA

RangonNewsDaily: February . 12 .2014
အာဏာ၊ ကြွယ်ဝမှုနဲ့ အခွင့်ထူးခံစားခွင့်တွေကို လက်မလွှတ်ချင်သူတွေရဲ့ အပြောင်းအလဲအပေါ် တားဆီးမှုအသံတွေကို နားမယောင်ကြဖို့နဲ့ မိမိတို့ တစ်ဦးချင်းရရှိထားတဲ့ လွတ်လပ်ခြင်းကို အသုံးချပြီး အမှောင်ထဲမှာ ကျန်ခဲ့သူတွေကိုတွဲခေါ်ကြဖို့ မြန်မာနိုင်ငံသားလူငယ်တွေကို တိုက်တွန်းကြောင်း ဂျာမနီသမ္မတ Mr. Joachim Gauck က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတနှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

RangonNewsDaily: February . 12 .2014
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဂျိုဝါချင်ဂေါက်ခ်နှင့် ဇနီးမစ္စစ်ဒါနီလာရှထ်တို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို ဖမ်းဆီးပေးရန် အင်တာပိုကို စပိန်တရားသူကြီး တောင်းဆို

Photo: တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို ဖမ်းဆီးပေးရန် အင်တာပိုကို စပိန်တရားသူကြီး တောင်းဆို
Wednesday, February 12, 2014

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို တိဘတ်ဒေသ၌ လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခဲ့သည်ဟု စပိန်တရားရုံးက စွပ်စွဲလိုက်ပြီး သမ္မတဟောင်းကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုကို စပိန်တရားရုံးချုပ် တရားသူကြီး မာရီနိုက တောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တိဗက် လူ့အခွင့်အရေး အုပ်စုတစ်ခုက စပိန်တရားရုံး၌ တရားစွဲဆိုထားခြင်းကြောင့် တရုတ်သမ္မတဟောင်း ကျန်ဇီမင်း၊ ဝန်ကြီးချုပ်ဟောင်း လီပန်းနှင့် အခြားသော တရုတ်အရာရှိ သုံးဦးကို မေးခွန်းမေးနိုင်ရန်အတွက် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တရားသူကြီး မာရီနိုက တောင်းဆိုလိုက်သည်။

သို့သော်လည်း စပိန်အာဏာရ ပြည်သူ့ပါတီက ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်နှင့် ပတ်သက်နေသည့် တရားသူကြီးများ၏ စွမ်းရည်ကို ကန့်သတ်နိုင်ရေး ဥပဒေထုတ်ပြန်ရန် အလျင်အမြန် ကြိုးပမ်းနေခြင်းကြောင့် တရုတ်သမ္မတဟောင်း အမှုမှာ တိုးတက်မှု ရရှိနိုင်မည် မဟုတ်ချေ။

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လျှင် နယ်နိမိတ်များကို ကျော်လွှားပြီး တရားစွဲဆိုနိုင်သည်ဟု ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်မူတွင် ဖော်ပြထားသည်။

ယင်းမူကို အသုံးပြုပြီး ချီလီ အာဏာရှင်ဟောင်း သြဂတ်စတိုပီနိုချေကို ၁၉၉၈ ခုနှစ်တွင် လန်ဒန်မြို့၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေး အခြေအနေကြောင့် ပီနိုချေကို ချီလီနိုင်ငံသို့ ပြန်သွားခွင့်ပြုခဲ့သည်။

တိဗက်ပြည်သူများအပေါ် အလွဲသုံးစားမှု၊ နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူများအပေါ် တရုတ်သမ္မတ ကျန်ဇီမင်းက ကြီးကြပ် တာဝန်ယူခဲ့ရကြောင်း စပိန်တရားသူကြီး မာရီနို၏ အမိန့်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော အပြုအမူများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက လွန်စွာမကျေမနပ် ဖြစ်ရကြောင်း၊ အဆိုပါအရေးမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စပိန်နိုင်ငံကို ပြောကြားလိုက်သည်။

တရုတ်နှင့် စပိန်နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တိုးပွားလာခဲ့သော်လည်း စပိန်နိုင်ငံ၏ စီးပွားရေးမှာ ပဋိပက္ခများနှင့် ကြုံတွေ့နေရခြင်းကြောင့် လက်ရှိတွင် စီးပွားရေးဆက်ဆံမှု တုံ့ဆိုင်းလျက် ရှိသည်။

တရုတ်ကွန်မြူနစ် တပ်ဖွဲ့များက တိဗက်ဒေသကို ၁၉၅၀ ပြည့်နှစ်တွင် သိမ်းပိုက်လိုက်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဆင်းရဲမှု၊ ကုပ်သွေးစုပ်မှု၊ စီးပွားရေး ကျပ်တည်းမှုများ ကြုံတွေ့နေရသော ဟိမဝန္တာဒေသကို ငြိမ်းချမ်းစွာ လွတ်မြောက်စေလိုက်ခြင်း ဖြစ်သည်ဟု တရုတ်တို့က ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့သော သိမ်းပိုက်မှုကို တိဗက်လူမျိုးများက လက်ခံခြင်းမရှိဘဲ အချို့သော တိဗက်များက တရုတ်သိမ်းပိုက်မှုကို လက်ရှိအချိန်ထိ ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။

တိဗက်ထောက်ပံ့ရေး အုပ်စုနှစ်ခုနှင့် စပိန်နိုင်ငံသား ခံယူထားသည့် တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တက်ဘန်ဝန်ချန်က တရုတ်သမ္မတဟောင်း ကျန်ဇီမင်းနှင့် အခြားသော ခေါင်းဆောင်များကို ၂၀၀၆ ခုနှစ်မှစတင်ပြီး စပိန်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စပိန်တရားရုံးများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လူပုဂ္ဂိုလ်များကို တရားစွဲဆိုခြင်း၊ ဖမ်းဆီးခြင်း၊ မေးခွန်းထုတ်ခြင်းတို့ မကြာခဏ ပြုလုပ်နေပြီး တရုတ်သမ္မတဟောင်း အရေးမှာ နောက်ဆုံး ပေါ်ထွက်လာသည့် အမှုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ ၁၉၀ မှ တရားရုံးများ၏ အမိန့်ကို အခြေခံပြီး အနီရောင် သတိပေးချက်ကို ထုတ်ပြန်လေ့ရှိကာ ယင်းသတိပေးချက် ထုတ်ပြန်ပါက အဖွဲ့ဝင်နိုင်ငံများရှိ ရဲများက ကြေညာချက် ထုတ်ပြန်ခံထားရသူကို ဖမ်းဆီးနိုင်ခွင့်ရှိသည်။

The Voice Weekly

RangonNewsDaily: February . 12 .2014
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို တိဘတ်ဒေသ၌ လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခဲ့သည်ဟု စပိန်တရားရုံးက စွပ်စွဲလိုက်ပြီး သမ္မတဟောင်းကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုကို စပိန်တရားရုံးချုပ် တရားသူကြီး မာရီနိုက တောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် မီးလောင်ကျွမ်းမှု ၇၃ ကြိမ်ဖြစ်ပွား

Photo: ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် မီးလောင်ကျွမ်းမှု ၇၃ ကြိမ်ဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

အောင်ထက်ခိုင်
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ခရီးသည်ယာဉ် မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ကားမီးလောင်မှုဖြစ်စဉ်များတွင် ဘက်ထရီဝိုင်ယာရှော့ခ်မှတစ်ဆင့် ကားမီးလောင်မှုဖြစ်စဉ် အများဆုံးဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ကားမီးလောင်မှုဖြစ်စဉ် ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ကားမီးလောင်မှုများတွင် အိမ်စီးကား၊ ခရီးသည်တင်ယာဉ်များ မီးလောင်မှု ပါဝင်ခဲ့ပြီး ပေါင်း ၇၃ စီး မီးလောင်ကျွမ်းခဲ့သည်။ ကားမီးလောင်မှု ဖြစ်စဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ကားမီးလောင်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

“ကားဆိုတာက မီးလောင်နိုင်ခြေ အများဆုံးရှိတဲ့ နေရာပါ။ ဘက်ထရီဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးလောင်တဲ့ဖြစ်စဉ်က များပါတယ်။ နောက် ဆီပိုက်ယိုပြီး ဓာတ်ဆီယိုစိမ့်မှုတွေကြောင့် လောင်တယ်။ ဂတ်စ်ကားတွေ ဂတ်စ်ယိုစိမ့်မှုတွေကြောင့် လောင်တယ်။ အင်ဂျင်ခန်း အပူလွန်ကဲရာမှ မီးလောင်တဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကားတိုင်းကားတိုင်းမှာ မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်။ မီးသတ်ဆေးဘူး ဆောင်ထားတာက နည်းပါသေးတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ၂၀၁၄ ခုနှစ်အတွင်း ခရီးသည်ယာဉ် ကားမီးလောင်မှုမှာ ဇန်န၀ါရီ ၁၀ ရက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်မှထားဝယ်သို့ ခရီးသည် ၃၀ ဦးကျော် တင်ဆောင်လာသော ၉င/---- ခရီးသည်ယာဉ်သည် မိုင်တိုင်အမှတ်၂၂/၁ အနီးအရောက်တွင် ကားနောက်ပိုင်းရှိ အင်ဂျင်အတွင်းမှ မီးခိုးများထွက်လာကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု မရှိခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူကို ပြစ်မှုပုဒ်မ ၂၈၅(ပ)၂/၂၀၁၄ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် ၂၀၁၃ ခုနှစ်အတွင်း လအလိုက် ကားမီးလောင်မှုများမှာ ဇန်န၀ါရီတွင် ၇ စီး၊ ဖေဖော်ဝါရီတွင် ၁၀ စီး၊ မတ်တွင် ၉ စီး၊ ဧပြီတွင် ၅ စီး၊ မေတွင် ၇ စီး၊ ဇွန်တွင် ၄ စီး၊ ဇူလိုင်တွင် ၂ စီး၊ သြဂုတ်တွင် ၆ စီး၊ စက်တင်ဘာတွင် ၂ စီး၊ အောက်တိုဘာတွင် ၁၀ စီး၊ နိုဝင်ဘာတွင် ၅ စီးတို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုငွေကျပ် သန်းပေါင်း ၁၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

Myawady News
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ခရီးသည်ယာဉ် မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
RangonNewsDaily: February . 12 .2014
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ကားမီးလောင်မှုဖြစ်စဉ်များတွင် ဘက်ထရီဝိုင်ယာရှော့ခ်မှတစ်ဆင့် ကားမီးလောင်မှုဖြစ်စဉ် အများ
ဆုံးဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

B.E နှင့် B.Tech ဝင်ခွင့် မရသူများအတွက် ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပမည်

RangonNewsDaily: February . 12 .2014
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် နည်းပညာတက္ကသိုလ်၊ အစိုးရ နည်းပညာ ကောလိပ်နှင့် အစိုးရ စက်မှုလက်မှု သင်တန်းကျောင်းများမှ A.G.T.I သင်တန်း ပြီးဆုံးထားသော်လည်း B.E နှင့် B.Tech ဝင်ခွင့် မရသူများအတွက် B.E နှင့် B.Tech ဝင်ခွင့်စာမေးပွဲကို ယခုနှစ်တွင် ပြန်လည် ကျင်းပပေးမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ပြောကြားသည်။

ပြည်ထောင်စုနေ့ ဒို့မမေ့... MYANMAR UNION DAY

Photo: ပြည်ထောင်စုနေ့ ဒို့မမေ့... MYANMAR UNION DAY
(၁၂.၂.၂၀၁၄ သည် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်)

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

ဗိုလ်ချုပ်အောင်ဆန်းမဏ္ဌပ်အပြင်ဖက်သို့ရောက်ရှိချိန်တွင် တစ်စုံတစ်ယောက်က အမှတ်တရဓါတ်ပုံရိုက်ကူးထားသင့်ကြောင်း အကြံပြုလိုက်သည်။ ထိုအခါ ယင်းအသံကိုကြားသည်နှင့် အားလုံးကထောက်ခံသဘောတူလိုက်ကြသည်။ မဏ္ဌပ်တွင်တာဝန်ကျနေသော ကချင်တိုင်းရင်းသူအမျိုးသမီးခြောက်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအမှတ်တရဓါတ်ပုံရိုက်ကြရန်ဝိုင်းဝန်းတောင်းဆိုပြီး မဏ္ဌပ်အတွင်းမှ ထွက်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်တိုင်းရင်းသူကလေးများ၏တောင်းဆိုချက်ကိုမငြင်းပယ်ဘဲအတူဓါတ်ပုံအရိုက်ခံရန်ပြင်ဆင်လိုက်၏။လွယ်အိတ်နှင့်ဓါးလွယ်ကအဆင်သင့်ရှိပြီဖြစ်သော်လည်းကချင်တိုင်းရင်းသားတစ်ဦးကဲ့သို့ ခေါင်းပေါင်းပါလျှင်ပိုကောင်းမည်ဟုတွေးမိသူက တွေးမိခဲ့ဟန်တူပါသည်။ ကချင်တိုင်းရင်းသားခေါင်းဆောင်ဒူဝါဇော်ရစ်ကသူ၏ဦးခေါင်းထက်မှခေါင်းပေါင်းကိုပုံစံမပျက်ဖြုတ်ပြီး ဗိုလ်ချုပ်၏ဦးခေါင်းထက်သို့ စွပ်ပေးလိုက်သည်။ဓါတ်ပုံအရိုက်ခံမည့်ဆဲဆဲကချင်တိုင်းရင်းသူအမျိုးသမီးတစ်ဦးက"ဗိုလ်ချုပ်ကချင်မလေးတွေနဲ့တွဲရိုက်တဲ့ဓါတ်ပုံကိုဗိုလ်ချုပ်ကတော်မြင်ရင်စိတ်ဆိုးနေဦးမယ်"ဟုပြောလိုက်ရာဗိုလ်ချုပ်အောင်ဆန်းမှာသဘောကျပြီးရယ်လေတော့သည်။ကချင်တိုင်းရင်းသူအားလုံးကလည်းလိုက်ရယ်ကြသည်။

ထိုစဉ်ဓါတ်ပုံဆရာကခလုတ်နှိပ်လိုက်ရာဓါတ်ပုံထဲတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကချင်တိုင်းရင်းသူကလေးများအားလုံးပြုံးရွှင်လျက်ရှိနေကြပုံကို တွေ့ကြရလေသည်။

.......................................
သမိုင်းဝင်ဓါတ်ပုံလေးတစ်ပုံ(တင်နိုင်တိုး)
The Daily Eleven-သတင်းစာ(၁၁-၂-၂၀၁၄)

ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ရောက်ရှိစဉ် မြို့ခံလူထုနှင့်တွေ့ဆုံကာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် တိုင်ပင်ဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းမြစ်ကြီးနားမြို့သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ချင်း ကချင် စသည့်တိုင်းရင်းသားခေါင်းဆောင်များကအားတက်သရောလာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

တိုင်းရင်းသားခေါင်းဆောင်များကသူတို့အနေဖြင့် မြန်မာများနှင့်ရင်းရင်းနှီးနှီးနေလိုကြရုံမျှမက သူတို့အားအင်္ဂလိပ်တို့ကကတိအမျိုးမျိုးပေးခဲ့ကြသော်လည်း ယနေ့ထက်တိုင်အကြောင်းမထူးသေးကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြသည်။ အရာရှိအချို့က တိုင်းရင်းသားအချင်းချင်း သွေးခွဲနေကြပုံကိုလည်း ပြောဆိုခဲ့ကြ၏။

၂၆နိုဝင်ဘာ၁၉၄၆တွင် ဗိုလ်ချုပ်အောင်ဆန်း မန်ခိန်ကျေးရွာသို့ ရောက်ရှိခဲ့သည်။ မန်ခိန်အစိုးရအထက်တန်းကျောင်းရှိ ကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ထားသောမဏ္ဌပ်တွင် ဗိုလ်ချုပ်အားကြိုဆိုခဲ့ကြသည်။ ထို၌ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကချင်တိုင်းရင်းသား ခေါင်းဆောင်များကဗိုလ်ချုပ်အောင်ဆန်းအား မိမိတို့ကချင်လူထုအနေဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အတူတကွပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။

ကချင်တိုင်းရင်းသားများသည်ရိုးသားဖြောင့်မြတ်သူများဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကချင်မြေသို့လာရောက်စဉ် ဗိုလ်ချုပ်အတွက် ဒေသထွက်လက်ဆောင်ပစ္စည်းတစ်စုံတရာကိုပေးအပ်ရန်စီစဉ်ကြသောအခါ ကချင်တိုင်းရင်းသားရိုးရာလွယ်အိတ်နှင့် ဓါးလွယ်ကို စဉ်းစားမိကြသည်။ လွယ်အိတ်သည်ကချင်တိုင်းရင်းသားများ၏အသုံးအဆောင်ဖြစ်သကဲ့သို့ ဓါးလွယ်မှာလည်းမရှိမဖြစ်ယူဆောင်လေ့ရှိကြသည့်ရိုးရာအမှတ်လက္ခဏာတစ်ခုဖြစ်သည်။ သို့ဖြင့် ကချင်လူထုကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းအား လွယ်အိတ်နှင့်လက်ဆောင်ဓါးပေးရန် ဒေါ်ဂေါ့လူလုကိုတာဝန်ပေးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းအားလွယ်အိတ်နှင့်လက်ဆောင်ဓါးပေးအပ်မည့်အခမ်းအနားတွင် ဒေါ်ဂေါ့လူလုကယင်းသို့အမှတ်တရအဖြစ်ရိုးရာပစ္စည်းများပေးအပ်ရပုံနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဒေါ်ဂေါ့လူလုက

"ကျွန်မတို့ကချင်လူမျိုးတွေဟာ ကျွန်မတို့ရဲ့ဆွေမျိုးရင်းခြာလို့ မှတ်ယူအသိအမှတ်ပြုတဲ့သူတွေကိုသာ လွယ်အိတ်ဓါးလွယ်ကိုပေးတဲ့ ရိုးရာထုံးတမ်းစဉ်လာရှိပါတယ်။ ဒါကြောင့် ဒီနေ့ဒီချိန်ကစပြီး ဗိုလ်ချုပ်ကို ကျွန်မတို့ကချင်လူမျိုးတွေရဲ့ ဆွေမျိုးအရင်းအချာအဖြစ် လက်ခံအသိအမှတ်ပြုကြပြီးဖြစ်ပါတယ်။ အသိအမှတ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ ဒီလွယ်အိတ်နဲ့ဓါးလွယ်ကို အဖိုးမတန်ပေမယ့်ကချင်လူမျိုးတွေရဲ့ထုံးတမ်းစဉ်လာအရ အရေးကြီးပြီးအဖိုးတန်လှတဲ့အတွက်ယနေ့ကျွန်မတို့ကချင်လူထုကပေးအပ်တဲ့ကတိစကားကို အထိမ်းအမှတ်ဖြစ်ဖို့ ကျွန်မတို့ကပေးအပ်ခြင်းကိုလက်ခံပါလို့ တင်ပြခြင်းဖြစ်ပါတယ်ရှင့်"ဟူ၍ပြောကြားခဲ့သည်။

ဒေါ်ဂေါ့လူလု၏ရှင်းလင်းပြောကြားချက်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကချင်လူထုပရိသတ်အားလုံးက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါသည်။

ထို့နောက်ကချင်တိုင်းရင်းသားတို့၏ထုံးတမ်းစဉ်လာအတိုင်းစကောထက်တွင်ငှက်ပျောဖက်များခင်းပြီး လွယ်အိတ်နှင့်ဓါးလွယ်ကိုထည့်ကာ ဗိုလ်ချုပ်အောင်ဆန်းအားအမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဒေါ်ဂေါ့လူလုကကချင်တိုင်းရင်းသားလူထုကိုယ်စား ပေးအပ်ခဲ့ပါသည်။ လက်ဆောင်ပစ္စည်းများပေးအပ်ပြီးသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်လွယ်အိတ်နှင့်ဓါးလွယ်ကိုလွယ်ကာ မဏ္ဌပ်အတွင်းမှအပြင်သို့ ထွက်လာခဲ့သည်။ကချင်တိုင်းရင်းသားလူထုမှာဝမ်းသာအားရနှင့် ပျော်ရွှင်နေကြလေသည်။

ဗိုလ်ချုပ်အောင်ဆန်းမဏ္ဌပ်အပြင်ဖက်သို့ရောက်ရှိချိန်တွင် တစ်စုံတစ်ယောက်က အမှတ်တရဓါတ်ပုံရိုက်ကူးထားသင့်ကြောင်း အကြံပြုလိုက်သည်။ ထိုအခါ ယင်းအသံကိုကြားသည်နှင့် အားလုံးကထောက်ခံသဘောတူလိုက်ကြသည်။ မဏ္ဌပ်တွင်တာဝန်ကျနေသော ကချင်တိုင်းရင်းသူအမျိုးသမီးခြောက်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအမှတ်တရဓါတ်ပုံရိုက်ကြရန်ဝိုင်းဝန်းတောင်းဆိုပြီး မဏ္ဌပ်အတွင်းမှ ထွက်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်တိုင်းရင်းသူကလေးများ၏တောင်းဆိုချက်ကိုမငြင်းပယ်ဘဲအတူဓါတ်ပုံအရိုက်ခံရန်ပြင်ဆင်လိုက်၏။လွယ်အိတ်နှင့်ဓါးလွယ်ကအဆင်သင့်ရှိပြီဖြစ်သော်လည်းကချင်တိုင်းရင်းသားတစ်ဦးကဲ့သို့ ခေါင်းပေါင်းပါလျှင်ပိုကောင်းမည်ဟုတွေးမိသူက တွေးမိခဲ့ဟန်တူပါသည်။ ကချင်တိုင်းရင်းသားခေါင်းဆောင်ဒူဝါဇော်ရစ်ကသူ၏ဦးခေါင်းထက်မှခေါင်းပေါင်းကိုပုံစံမပျက်ဖြုတ်ပြီး ဗိုလ်ချုပ်၏ဦးခေါင်းထက်သို့ စွပ်ပေးလိုက်သည်။ဓါတ်ပုံအရိုက်ခံမည့်ဆဲဆဲကချင်တိုင်းရင်းသူအမျိုးသမီးတစ်ဦးက"ဗိုလ်ချုပ်ကချင်မလေးတွေနဲ့တွဲရိုက်တဲ့ဓါတ်ပုံကိုဗိုလ်ချုပ်ကတော်မြင်ရင်စိတ်ဆိုးနေဦးမယ်"ဟုပြောလိုက်ရာဗိုလ်ချုပ်အောင်ဆန်းမှာသဘောကျပြီးရယ်လေတော့သည်။ကချင်တိုင်းရင်းသူအားလုံးကလည်းလိုက်ရယ်ကြသည်။

ထိုစဉ်ဓါတ်ပုံဆရာကခလုတ်နှိပ်လိုက်ရာဓါတ်ပုံထဲတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကချင်တိုင်းရင်းသူကလေးများအားလုံးပြုံးရွှင်လျက်ရှိနေကြပုံကို တွေ့ကြရလေသည်။

(ဓါတ်ပုံရိုက်ကူးရာ၌ပါဝင်ခဲ့ကြသူများမှာလက်ဝဲမှလက်ယာသို့အစဉ်အလိုက်အားဖြင့်…ဒေါ်ဂေါ့လူလု ဒေါ်အယ်လ်နန်ဆိုင်း ဒေါ်အန်ခွန်ဘောက် ဒေါ်ခေါ်န်ရော် ဒေါ်ဂျာဘောက် နှင့် ဒေါ်အယ်လ်နန်ရာ)

ကျမ်းကိုး
၁။မြန်မာအလင်းသတင်းစာ(၄-၁၂-၁၉၄၆)
၂။ဒေါ်ဂေါ့လူလှ၏ မြစ်ကြီးနားမဂ္ဂဇင်းပါမှတ်တမ်း

credit:The Daily Eleven,

နှင်းဆီဖူးလေးများ-Love BUDS
သမိုင်းဝင်ဓါတ်ပုံလေးတစ်ပုံ(တင်နိုင်တိုး)
The Daily Eleven-သတင်းစာ(၁၁-၂-၂၀၁၄)
(၁၂.၂.၂၀၁၄ သည် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်)

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့၈၈မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သဝဏ်လွှာ

Photo: (၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့၈၈မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
ပေးပို့သော သဝဏ်လွှာ
Wednesday, February 12, 2014

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
ပေးပို့သော သဝဏ်လွှာ

စာအမှတ် ။ ။ ၂/၂၀၁၄ (၈၈)
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်
၁၃၇၅ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်

ဤနေ့ ဤရက်သည်ကား နိုင်ငံတကာမိသားစုအလယ်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ” ဟူ၍ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ကြွေးကြော်နိုင်ရန် အထင်ကရ အရေးပါသော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် (၆၇)နှစ်မြောက်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ပြည်ထောင်များကို စုစည်းပူးပေါင်း၍ “ပြည်ထောင်စုမြန်မာနိုင်ငံ” အဖြစ်ဖွဲ့စည်းတည်ထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆွေးနွေးမှုရလဒ်လည်းဖြစ်သည်။

သို့သော် ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် ယဉ်ကျေးမှု အားနည်းပျက်ပြယ်လာပြီး အင်အားသုံး ဖြေရှင်းမှုများကြောင့် ပြည်ထောင်စု၏ အနှစ်သာရများနှင့် ကင်းဝေးလာခဲ့ကြရခြင်း ဖြစ်သည်ဟု ယုံကြည်သည်။

ယနေ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် တိုင်းရင်းသား တန်းတူညီမျှရေးသည် အလေးအနက်ထား ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ 

ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုပေါ် ပေါက် လာမှသာ ပြည်တွင်းစစ်ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။

ထို့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်၌ ဒီမိုကရေစီရေးအခြေခံမူများနှင့်အတူ တိုင်းရင်းသားတန်းတူညီမျှရေး အခြေခံမူများကိုပါ ထည့်သွင်းပြင်ဆင်နိုင်ရန် တိုင်းရင်းသားအင်အားစုအားလုံး၊ ဒီမိုကရေစီအင်အားစု အားလုံးနှင့်အတူ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြရန် အလေးအနက် နှိုးဆော် တိုက်တွန်းလိုက်ရ ပေသည်။

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

Popular Myanmar News Journal

RangonNewsDaily: February . 12 .2014
(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှပေးပို့သော သဝဏ်လွှာ

စာအမှတ် ။ ။ ၂/၂၀၁၄ (၈၈)
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်
၁၃၇၅ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်

"၂၀၁၄ ခုနှစ်အထိပင် ကွက်တိမှန်ကန်နေသော မာ့က်စ်၏ အံဖွယ်ခန့်မှန်းချက် ၅ ခု"

Photo: "၂၀၁၄ ခုနှစ်အထိပင် ကွက်တိမှန်ကန်နေသော မာ့က်စ်၏ အံဖွယ်ခန့်မှန်းချက် ၅ ခု"
Wednesday, February 12, 2014

နိဒါန်း

ကားလ့်မာ့က်စ်ဆိုလျှင် ကွန်မြူနစ်စနစ်၏ ခေါင်းကိုင်ဖခင်ကြီးတစ်ဦးဖြစ်ကြောင်းလူတိုင်းလိုလိုသိကြပါလိမ့်မည်။ လွန်ခဲ့သည့် နှစ် ၁၆၀ကျော်က သူနှင့် ဖရက်ဒရစ်အိန်ဂျယ်တို့ဖန်ဆင်းခဲ့သော ကွန်မြူနစ်တစ္ဆေကြီးသည် ကမ္ဘာတစ်ဝန်းရှိ အရင်းရှင်တို့ကို ယနေ့ထက်တိုင်ခြောက်လှန့်နေဆဲဖြစ်သည်ကို နိုင်ငံတကာအရင်းရှင်ကြီးများငြင်း၍မရနိုင်ပါ။

"ယနေ့ထက်တိုင်တည်ရှိနေသော လူ့အဖွဲ့အစည်းအားလုံးတို့၏ သမိုင်းသည် လူတန်းစားတိုက်ပွဲများ၏ သမိုင်းပင်ဖြစ်သည်"ဟူ၍ ကားလ်မာ့က်စ်နှင့် ဖရက်ဒရစ်အိန်ဂျယ်တို့က ကွန်မြူနစ်ကြေညာစာတမ်း၏ ပထမဆုံးစာကြောင်းတွင်ကြွေးကျော်ရေးသားခဲ့လေသည်။ သို့ရာတွင် အရင်းရှင်နိုင်ငံအပေါင်းတို့က သွေးရူးသွေးတန်း ၀ိုင်းဝန်းဝါဒဖြန့်ခြေမှုံးခဲ့ကြသဖြင့် ယနေ့အခါတွင် ကွန်မြူနစ်စနစ်မှာငုပ်ကောင်သဖွယ်ရှိနေသော်လည်း လုံးလုံးလျားလျားအမြစ်ပြတ်မသွားသလို ယခင်ကထက်ခိုင်မာသည့်ရေသောက်မြစ်များဖြင့် ပြန်လည်တည်ဆောက်နေသည်ကိုလည်း အားလုံးသိနေကြပါသည်။ ခေတ်နှင့်လျော်ညီသော ကွန်မြူနစ်ကြေညာစာတမ်းများလည်း ပေါ်ထွက်လာလျှက်ရှိနေသည်။

ထိုနည်းတူပင် ၂၁ရာစု၏နေ့ရက်များအတွင်းဝယ် ကားလ်မာ့က်စ်အကြောင်း လူပြောသူပြောပြန်လည်များပြားနေပြန်၏။ သို့ရာတွင် အရင်းရှင်စနစ်အပေါ် မာ့က်စ်၏ ထက်မြက်ထိရောက်သော ဆန်းစစ်ဝေဖန်မှုကို အမှန်တကယ်နားလည်သူမှာမူ အနည်းငယ်မျှသာရှိလေသည်။ အများစုမှာကား တော်လှန်သော စီးပွားရေးပညာရှင်တစ်ဦး၏ ခန့်မှန်းချက်များအရ ကွန်မြူနစ်စနစ်သည် အရင်းရှင်စနစ်ကို မလွဲမသွေအစားထိုးနေရာယူလိမ့်မည်ဟူ၍သာ မရေမရာသိထားကြသော်လည်း မာ့က်စ်အနေဖြင့် ထိုအတိုင်းအမှန်ဖြစ်လာမည်ဟု အဘယ်ကြောင့်ယုံကြည်ခဲ့ခြင်းကိုမူ ယေဘုယျအားဖြင့် နားလည်မှုလွဲမှားနေကြလေ၏။ အမေရိကန်ပြည်တွင်းစစ်ကာလများအတွင်းအချိန်ခန့်က ခန့်မှန်းခဲ့သော မာ့က်စ်၏ ခန့်မှန်းချက်အချို့မှားယွင်းခဲ့သည့်တိုင်အောင် ယနေ့ခေတ်အရင်းရှင်စနစ်၏သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍မူ မဟာစီးပွားရေးကျဆင်းမှုမှသည် သင့်အိပ်ထောင်ထဲဝယ် iPhone 5S ရှိနေခြင်းကဲ့သို့သော ခန့်မှန်းချက်များမှာမူ ကွက်တိပင်မှန်ကန်နေလေ၏။

၂၀၁၄ ခုနှစ် တွင်ကြုံတွေ့ရမည့်ဖြစ်ရပ်မှန်များအနက် အရင်းရှင်စနစ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သော ကားလ်မာ့က်စ်၏ ကွက်တိမှန်ကန်နေသည့် ခန့်မှန်းချက် ငါးခုကိုဖေါ်ပြလိုက်ပါသည်။

(၁)မဟာစီးပွားရေးကျဆင်းမှု(အရင်းရှင်စနစ်၏ဖရိုဖရဲဆန်သောသဘာဝ)

မာ့က်စ်၏ အဓိကကျသော ရေးသားတင်ပြချက်များတွင် အရင်းရှင်စနစ်၏ ဖရိုဖရဲဖြစ်တတ်သော၊ ဘေးကျပ်နံကျပ်ဆိုက်တတ်သော မွေးရာပါသဘာဝများကိုတွေ့ရသည်။ အရင်းရှင်တို့သည် အမြတ်အစွန်းရရှိရေးအလို့ငှာ စက်မှုလုပ်ငန်းကြီးများထူထောင်၍ ထုတ်ကုန်များကိုပို၍ပို၍ထုတ်လုပ်ရင်း လုပ်ခများကိုမူလျှော့ချသည်ထက်လျှော့ချရင်းက ၀ယ်သူများမ၀ယ်နိုင်ကြတော့သည်အထိကုန်ပစ္စည်းများထုတ်လုတ်လာကြခြင်းကြောင့်ပြဿနာများပေါ်လာလိမ့်မည်ဟု မာ့က်စ်ကရေးသားပြောကြားခဲ့သည်။

သေချာပါ၏။ ခေတ်သစ်သမိုင်းဖြစ်ရပ်များအရ မဟာစီးပွားပျက်ကပ်မှသည် သတင်းအချက်အလက်နည်းပညာဆိုင်ရာပေါက်ကွဲမှုအထိဖြစ်စဉ်များသည် မာ့က်စ်က "စိတ်ကူးယဉ်အရင်းအနှီး"ဟုခေါ်ဝေါ်ခဲ့သည့် စတော့ရှယ်ယာများနှင့် အကြွေးစနစ်များကဲ့သို့သော ဘဏ္ဍာငွေကြေးဆိုင်ရာ လက်နက်ကိရိယာများကြောင့်ဆိုသည်ကို နောက်ကြောင်းပြန်ခြေရာခံ၍သုံးသပ်သိရှိနိုင်ပါသည်။

ရောင်းကုန်များအား ထုတ်လုပ်လိုက်ကြသည်မှာ ၀ယ်မည့်သူမရှိတော့သည်အထိဖြစ်ပြီး၊ ဈေးကွက်အသစ်လည်းမရှိ၊ အကြွေးတင်စရာလည်းမရှိတော့ချေ။ ယင်းသံသရာသည် ကျွန်ုပ်တို့မျက်စိရှေ့တွင်ပင်လည်ပတ်နေပါသည်။ အကျယ်ချဲ့ပြောရသော် ၂၀၀၈ ခုနှစ်က အိမ်ယာဈေးကွက်ပျက်ခဲ့သည်မှာလည်း ထိုအချက်များကြောင့်ပင်ဖြစ်လေ၏။ ဆယ်စုနှစ်ပေါင်းများစွာ မညီမမျှဖြစ်မှုက ၀င်ငွေများလျော့ကျစေခဲ့ပြီး ယင်းကပင်လျှင် အမေရိကန်တို့အားကြွေးလည်ပင်းခိုက်စေခဲ့သည်။ အတိုးနည်းနည်းနှင့်ပင်ငွေချေးသူများမရှိကြတော့သည်တွင်မူ မာ့က်စ်ကထိုသို့ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည့်အတိုင်းပင် တစ်စစီပြိုကွဲပျက်စီးခဲ့လေတော့သည်။

(၂)iPhone 5S(စိတ်ကူးထဲမှ အာသာဆန္ဒ)

ထုတ်ကုန်များကိုအတောမသတ်ထင်တိုင်းကြဲထုတ်လုပ်မှုကြောင့် "လူသားမဆန်သော၊ ဆန်းပြားရှုတ်ထွေးသော စိတ်ကူးအာရုံထဲမှအာသာဆန္ဒများကို အောက်ကျို့ဝပ်တွားရသည့် သဘာဝမကျသောအဖြစ်များ"ကိုကြုံလာရမည်ဟု မာ့က်စ်ကပြောခဲ့သည့်အတိုင်းဖြစ်လာချေပြီ။ ယင်းသည် အမေရိကန်တွင်သာမက တစ်ကမ္ဘာလုံးတွင်ဖြစ်နေကြခြင်းကို တိတိကျကျနှင့် ခပ်ပြင်းပြင်းဆိုခြင်းပင်ဖြစ်လေ၏။ အမှန်တကယ် မလိုအပ်သော်လည်း အကယ်ပင်လိုအပ်နေသကဲ့သို့ ၀ယ်စရာတွေကို ၀ယ်ပြီးရင်းဝယ်ချင်နေခြင်းမျိုးကို အားလုံးကြုံနေရသည်။

ခင်ဗျားဆီမှာတောင် ၀ယ်ပြီးသားဖြစ်ချင်ဖြစ်နေမည့် iPhone 5S သည် ယမန်နှစ်ကပေါ်ခဲ့သော iPhone 5 သို့တည်းမဟုတ် iPhone 4S တို့ထက် တစ်ကယ်ပင် ထူးထူးခြားခြားပိုမိုကောင်းပါ၏လော။ ကျွန်ုပ်တို့၏ အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်းများကြောင် တရုတ်မိသားစုများ ကင်ဆာရောဂါရနေကြချိန်တွင် ကောင်းနေသေးသောပစ္စည်းများကို အကြောင်းမဲ့သက်သက်ဖြင့် မသုံးတော့ပဲစွန့်ပစ်ကြရန် မီဂါကော်ပိုရေးရှင်းကြီးများက လှုံ့ဆော်ကြော်ငြာနေကြပြန်သည်။ အကယ်၍ မာ့က်စ်သာ ထိုအဖြစ်များကိုမြင်ပါက ခေါင်းတငြိမ့်ငြိမ့်လုပ်နေမည်မှာသေချာ၏။

(၃)နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(ကမ္ဘာလုံးဆိုင်ရာအရင်းရင်စနစ်)

အလွန်အကျွံကုန်ထုတ်လုပ်ခြင်းနှင့်ပတ်သက်သည်တို့ကို သုံးသပ်တွေးတောခြင်းက မာ့က်စ်အား ဂလိုဘယ်လိုက်ဇေးရှင်းဟုယနေ့အခါခေါ်ဝေါ်နေကြသည့် ကမ္ဘာလုံးဆိုင်ရာအရင်းရှင်စနစ်ပေါ်ပေါက်လာလိမ့်မည်ဟု ခန့်မှန်းပြောကြားနိုင်စေခဲ့သည်။

အရင်းရှင်စနစ်ကို တစ်ကမ္ဘာလုံးဖြန့်ကျက်၍ ဈေးကွက်သစ်များရှာဖွေကြခြင်းပင်ဖြစ်လေ၏။ "မိမိ၏အထွက်ပစ္စည်းများအတွက် ဈေးကွက်ကို အဆက်မပြတ်တိုးချဲ့ရန်လိုအပ်သောကြောင့် ဓနရှင်လူတန်းစားသည် ကမ္ဘာအနှံ့ပြေးလွှားနေရသည်"ဟု မာ့က်စ်က ရေးသားခဲ့သည်။ "ဓနရှင်လူတန်းစားသည် မည်သည့်နေရာ၌မဆို အိုးအိမ်ထူထောင်ကြရမည်၊ မည်သည့်နေရာ၌မဆို အခြေစိုက်ကြရမည်၊ မည်သည့်နေရာနှင့်မဆို ဆက်သွယ်ကြရမည်ဖြစ်၏"ဟုလည်း မာ့က်စ်ကရေးသားခဲ့သေးသည်။

ယင်းသည် ယနေ့ခေတ်တွင် ထူးဆန်းလှသည်မဟုတ်သော်ငြား မာ့က်စ်က ၁၈၄၈ ခုနှစ်ကတည်းကရေးသားခဲ့ခြင်းဖြစ်ပါသည်။ ထိုမျှမက ၂၀ရာစုနှောင်းပိုင်းတွင်ဘာတွေ ဘာကြောင့်ဖြစ်လာမည်ဟုပြောခဲ့ခြင်းကလည်းမှန်နေပြန်သေးသည်။ ဈေးကွက်အသစ်များနှင့် ဈေးချိုသောလုပ်သားများကို အတောမသတ်ရှာဖွေနေရသလို သဘာဝအရင်းအမြစ်များကိုလည်း အမြဲတမ်းလိုအပ်နေခြင်းက မကောင်းဆိုးရွားများကို ဒရစပ်အစာကျွေးနေရသည့်သဖွယ်ပင်ဖြစ်လာတော့၏။

(၄)ဝေါလ်မာ့တ်(Walmart)(လက်ဝါးကြီးအုပ်ခြင်း)

ရှေးရိုးစံထား စီးပွားရေးသီအိုရီအရ ပြိုင်ဆိုင်မှုသည်ပုံမှန်ပင်ဖြစ်ပြီး ထို့ကြောင့်ပင်လျှင် မိမိကိုယ်မိမိအရှည်တည်တန့်အောင်ပြုမူနိုင်လိမ့်မည်ဟု ယူဆလက်ခံခဲ့ကြသည်။ မည်သို့ပင်ဆိုကြစေကာမူ လုပ်ငန်းတစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် သားကောင်ဖမ်းသည့်နှယ်ပြုလုပ်ကြရင်းက ဈေးကွက်၏အင်အားသည် လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးများဆီတွင်သာဗဟိုပြုသွားလိမ့်မည်ဟု မာ့က်စ်ပြောခဲ့သည်။

၁၉ ရာစုတုန်းကမူ မာ့က်စ်၏ ကြိုတင်ခန့်မှန်းချက်သည် ထူးခြားနေလေ၏။ "အမေရိကန်တွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့စေမှာကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးအင်အားတွေဟာလဲ တစ်နေရာထဲမှာပဲရှိနေတော့မှာမဟုတ်ဘူး"ဟု ၂၀ရာစုအလယ်ပိုင်းက ထင်ရှားခဲ့သည့် အမေရိကန်သမိုင်းဆရာ ရစ်ချတ် ဟော့ဖ်စတက်တာ ကရေးခဲ့သော်ငြား၊မာ့က်စ်ခန့်မှန်းခဲ့သည်တို့မှာ ၂၀ရာစုနှောင်းပိုငးတွင် စတင်အရှိန်ရလာခဲ့သည်။

ယနေ့အခါတွင် ယခင်ကရှိခဲ့ဖူးသည့် မိသားစုလက်လီဆိုင်ငယ်ကလေးများကို ဝေါလ်မာ့တ် လိုစတိုးဆိုင်ကြီးများကအစားထိုးနေရာယူလျှက်ရှိပြီး၊ ဘဏ်အသေးစားကလေးများကိုလည်း ဂျေ၊ ပီ၊ မော်ဂန်လို ကမ္ဘာလုံးဆိုင်ရာ ဘဏ်ကော်ပိုရေးရှင်းကြီများက ၀ါးမျိုသွားပြီဖြစ်ကာ၊ လယ်သမားငယ်တို့၏လုပ်ငန်းများကိုလည်း အာချာ ဒယ်နီယယ်လ် မစ်ဒ်လင်း လို လယ်ယာလုပ်ငန်းကြီးများက အစားထိုးနေရာယူသွားချေပြီ။ နည်းပညာဆိုင်ရာလောကတွင်လည်း ထိုအတိုင်းပင်ဖြစ်ပြီး မဟာကော်ပိုရေးရှင်းကြီးများက မြန်နိုင်သမျှမြန်မြန် စုတ်ယူဝါးမျိုလျှက်ရှိပါသည်။ နိုင်ငံရေးသမားများက မည်သို့ပင်လုပ်နေကြစေကာမူ အဆိုပါလုပ်ငန်းကြီးများအခြေခိုင်နေကြပြီဆိုသည်ကို ကျွန်ုပ်တို့အားလုံးအသိပင်ဖြစ်လေ၏။

(၅)လုပ်ခနည်းနည်း၊ အမြတ်များများ(စက်ရုံလုပ်သား အရံတပ်မတော်)

"စက်ရုံလုပ်သားအရံတပ်မတော်"တစ်ခုကြောင့် လုပ်ခများကျဆင်းလိမ့်မည်ဟု မာ့က်စ် ယုံကြည်ခဲ့သည်။ ဆိုလိုသည်မှာ အရံတပ်မတော်တစ်ခုနှယ် ပိုလျှံနေသော စက်ရုံလုပ်သားများကြောင့် အရင်းရှင်များအတွက် လုပ်ခဈေးနှိမ်ရန် အလွယ်တကူပင် အဆင်ပြေခြင်းဖြစ်လေ၏။

မာ့က်စ်၏နည်းကိုသုံး၍ ကျွန်ုပ်တို့ခန့်မှန်းမည်ဆိုပါက စီးပွားရေးကပ်တစ်ခု အပြီးကာလများတွင် အလုပ်လက်မဲ့နှုန်းမြင့်မားလာခြင်းကြောင့် လုပ်ခဈေးတက်မှုရပ်တန့်သွားကာ အမြတ်ငွေပမာဏမှာမူ တဟုန်ထိုးမြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းပြောကြားနိုင်၏။

အဘယ်ကြောင့်ဆိုသော် အလုပ်လက်မဲ့ဖြစ်မည်ကိုစိုးရိမ်သော လုပ်သားများသည် မိမိတို့အပေါ် မည်မျှပင်သွေးစုပ်သော လုပ်ငန်းဖြစ်နေပါစေ အလုပ်မထွက်ရဲကြတော့ခြင်းကြောင့်ဖြစ်သည်။ "အမေရိကန်၏ စီးပွားရေးပြန်လည်ထူထောင်မှုသည် မာ့က်စ်ဝါဒကဆိုထားသည့် လက္ခဏာများကိုပြနေသည်။ လုပ်ငန်းများ၏ အမြတ်များသာမက ထုတ်လုပ်မှုများပါတိုးတက်လာပြီး အလုပ်လက်မဲ့အဆင့်အတန်းကိုလည်း အထူးတလည်လျှော့ချခြင်းပြုရန်မလိုပဲ ကုမ္ပဏီများကို ပြန်လည်တိုးတက်လာစေသည်"ဟု ဝေါစထရိဂျာနယ်ကလည်း သတိပေးရေးသားခဲ့သည်။

ယင်းကပင်လျှင် အလုပ်သမားများသည် အလုပ်ထွက်ရမည်ကိုစိုးရိမ်သည့်အတွက်ကြောင့် လုပ်ခနှင့်ပတ်သက်၍ ဈေးဆစ်ညှိနှိုင်းမှုမပြုနိုင်တော့ခြင်းကိုပြနေ၏။ အလုပ်လက်မဲ့နည်းပါးပြီး လုပ်ခအနှိမ်ခံနေရသော လုပ်သားများအနေနှင့် အခြားလုပ်သစ်တစ်ခုသို့အဆင်ပြေလွယ်ကူစွာပြောင်းနိုင်သည့်ကာလမျိုးကသာလျှင် မျှတသောတိုးတက်မှုအတွက် အချိန်ကောင်းဆိုသည်ကို အထူးတလည်အံ့အားသင့်ရန်မလိုတော့ချေ။

နိဂုံး

မာ့က်စ်၏ခန့်မှန်းချက်များဝယ် မှားယွင်းခဲ့ခြင်းများလည်း များစွာရှိခဲ့ပါသည်။ သူ၏ အရင်းရှင်စံနစ်အပေါ်ဝေဖန်ဆန်းစစ်ခြင်းများသည် အရင်းရှင်စနစ်အား ဘာနှင့်အစားထိုးရမည်ကို သာမန်မျှအဆိုပြုခြင်းထက် များစွာသာလွန်ပါသည်။ ယင်းအပေါ်အယူလွဲကြသူများလည်းရှိခဲ့ကြပါသည်။ သို့ရာတွင် မာ့က်စ်ကြောင့် ကမ္ဘာကြီးဝယ် အပြုသဘောဆောင်သည့် အပြောင်းအလဲများစွာလည်းဖြစ်ပေါ်ခဲ့ပါသေးသည်။

သို့ရာတွင် မာ့က်စ်၏ ထင်ရှားသောကြွေးကျော်သံဖြစ်သည့် "ကမ္ဘာအ၀န်းရှိလုပ်သားများသွေးစည်းကြ။ သင်တို့အားတုပ်နှောင်ထားသောနှောင်ကြိုးများမှအပ သင်တို့အတွက်ဆုံးရှုံးစရာမရှိ"ဟူသည့် ကြွေးကျော်သံမှာမူ အာနိသင်လျော့နည်းနေပါသေးသည်။

ဟက်ကာ

မှတ်ချက် - Sean McElwee ရေးသားသော Marx Was Right: Five Surprising Ways Karl Marx Predicted 2014 ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

Popular Myanmar News Journal

RangonNewsDaily: February . 12 .2014

နိဒါန်း

ကားလ့်မာ့က်စ်ဆိုလျှင် ကွန်မြူနစ်စနစ်၏ ခေါင်းကိုင်ဖခင်ကြီးတစ်ဦးဖြစ်ကြောင်းလူတိုင်းလိုလိုသိကြပါလိမ့်မည်။ လွန်ခဲ့သည့် နှစ် ၁၆၀ကျော်က သူနှင့် ဖရက်ဒရစ်အိန်ဂျယ်တို့ဖန်ဆင်းခဲ့သောကွန်မြူနစ်တစ္ဆေကြီးသည် ကမ္ဘာတစ်ဝန်းရှိ အရင်းရှင်တို့ကို ယနေ့ထက်
တိုင်ခြောက်လှန့်နေဆဲဖြစ်သည်ကို နိုင်ငံတကာအရင်းရှင်ကြီးများငြင်း၍မရနိုင်ပါ။

လူ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နယ်မြေတစ်ဆက်တည်း အင်ပါယာ ဖြစ်တဲ့ မွန်ဂိုအင်ပါယာ

RangonNewsDaily: February . 12 .2014
၁၃ ရာစုနဲ့ ၁၄ ရာစုအတွင်းမှာ တည်ရှိခဲ့တဲ့ မွန်ဂိုအင်ပါယာကို လူ့ သမိုင်းမှာ အကြီးမားဆုံး နယ်မြေတစ်ဆက်တည်း အင်ပါယာ အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ အလယ်အာရှကနေ စတင်ခဲ့တဲ့ မွန်ဂိုအင်ပါယာဟာ အလယ်ဥရောပ ကနေ ဂျပန်ပင်လယ်ပြင် အထိ ကျယ်ဝန်းပါတယ်။

ပြည်ထောင်စုနေ့

Photo: ပြည်ထောင်စုနေ့
Wednesday, February 12, 2014

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။

သမိုင်း
------

မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။

ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ လွင်ပြင်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။

ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း လွင်ပြင်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။

၁၉၄၆-ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံဘုရား ကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက် သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများ နှင့် လွင်ပြင်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။

ဗိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ် သက်ဝင်သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီ ရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။

အထိမ်းအမှတ်ပွဲများ ကျင်းပ
----------------------------

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ‘‘ပြည်ထောင်စုနေ့’‘ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ ‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် ‘‘ပြည်ထောင်စုနေ့’‘ သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ကချင်၊ ရှမ်း၊ ကရင်၊ ချင်း၊ နာဂ၊ ကယား၊ ဆလုံစသော ပြည်နယ်အသီးသီးမှ ဧည့်သည်တော်များကို ဖိတ်ကြား တက်ရောက်စေသည်။ ထိုဧည့်သည်တော်များကလည်း မိမိတို့၏ ယဉ်ကျေးမှု အကများဖြင့် ပြန်လည်ဧည့်ခံကြသည်။

၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့သည်။ 

မှတ်စုစာအုပ်

RangonNewsDaily: February . 12 .2014
ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။