Pages

Tuesday, February 11, 2014

သံတွဲအကြမ်းဖက်မှုတွင် ဦးဆောင် ပါဝင်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဋ္ဌ ဦးမောင်ပု အမှုအား မှားယွင်းမှု အဖြစ် ပိတ်သိမ်း

Mynamar
RangonNewsDaily: February . 11 .2014
သံတွဲ ။     ။    ၂၀၁၃-ခု စက်တင်ဘာ ၂၉-ရက်နေ့တွင် သံတွဲမြို့၌ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သူများထဲ တစ်ဦးဖြစ်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဌ ဦးမောင်ပုအား တရားစွဲထားရာမှ ယနေ့ ဖေဖော်ဝါရီ ၁၁-ရက်နေ့တွင် မှားယွင်းမှုအဖြစ် သတ်မှတ်၍ သံတွဲ တရားရုံးက အမှုပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘာကျန်သေးလဲ သမီးရယ်

Photo: ဘာကျန်သေးလဲ သမီးရယ်

မိန်းကလေး ။ ။ အဖေ , သမီး ယောက်ျားလေး တစ်ယောက်နဲ့ ကြိုက်နေပါတယ်။ ဒါပေမယ့် သူနှင့် ကျွန်မဟာ တစ်နေရာစီ ဝေးကွားနေကြပါတယ်။ သမီးက India မှာနေတယ် သူက Alaska မှာနေပါတယ်။

သူနှင့် ကျွန်မဟာ " website "တစ်ခုမှာ စပြီးတွေ့ကြတာပါ။ သူက သမီးရဲ့ " facebook "ကို လာပြီး အပ်ပါတယ်။ "whatsapp" မှာ အချိန်အတော်ကြာကြာ စကားတွေ ပြောခဲ့တယ် ဆိုပါတော့။ သူက သမီးကို "skype " မှာ ချစ်ရေး ဆိုခဲ့ပါတယ်။ ယခု သမီးတို့ဟာ "Viber "မှာ relationship ဖြစ်တာ နှစ်လရှိပါပြီ။

အဖေရယ် သမီးတို့နှစ်ယောက် နီးစပ်ဖို့အတွက် ဘုရားမှာ အမြဲတန်း ဆုတွေ တောင်းပါတယ်။

အဖေ ။ ။ အော် တကယ်ပဲ ငါ့သမီး ခံစားနေရ တာပေါ့နော်။ သမီးတို့နှစ်ယောက် " twitter" မှာ လက်ထပ်ပြီး " tango" ပရိသတ်တွေ အတွက် ပုံတွေတင်ပေး လိုက်ပါ။ ကလေးမွေးရင် ကလေးပစ္စည်းတွေကို " e-bay " မှာဝယ်။ အဲလိုဝယ်ဖို့ အတွက် " Gmail " ကနေ မေးပို့ ပေးလိုက်ပါ သမီး။

ကဲ...အင်တာနက်နဲ့ ပက်သက်ပြီး ဘာကျန်သေးလဲ

http://goo.gl/1Yai6q

ကျော်လင်းနိုင် (www.smart.com.mm)

Credit To : Smart Pro Journal

RangonNewsDaily: February . 11 .2014
မိန်းကလေး ။ ။ အဖေ , သမီး ယောက်ျားလေး တစ်ယောက်နဲ့ ကြိုက်နေပါတယ်။ ဒါပေမယ့် သူနှင့်ကျွန်မဟာတစ်နေရာစီ ဝေး
ကွာ
နေကြပါတယ်။ သမီးက India မှာနေတယ် သူက Alaska မှာနေပါတယ်။

ကိုဇေသီဟနှင့်နန္ဒာလှိုင်တို့၏ တတိယမြောက်မွေးဖွားမယ့်ရင်သွေး ကို ဇေရတုလှိုင်ဟု ကြိုတင်အမည်ပေး

Photo: ကိုဇေသီဟနှင့်နန္ဒာလှိုင်တို့၏ တတိယမြောက်မွေးဖွားမယ့်ရင်သွေး ကို ဇေရတုလှိုင်ဟု ကြိုတင်အမည်ပေးထား

ဇန်နဝါရီလ ၈ ရက်နေ့က Sedona Hotel မှာပြုလုပ်တဲ့ ကိုသာကောင်း နဲ့မယ်လိုဒီတို့ မင်္ဂလာဧည့်ခံပွဲကို ကိုဇေသီဟ နဲ့နန္ဒာလှိုင်တို့တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲကို နန္ဒာ လှိုင် က ကိုယ်ဝန် ၂လလွယ်ထားရတယ်လို့လည်း သိရပါတယ်။နာမည်ပေးဖို့စဉ်းစားထားတယ်လို့ ပြောပြတဲ့ နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ မောင်ကလည်း..

”မနန္ဒာကတတိယကိုယ်ဝန်ရနေပြီ။ ဇေရတုလှိုင် လို့ နာမည်ပေးမယ်လို့ စဉ်းစားထားကြတာ။လိုချင်တာက တော့ ယောက်ျားလေးပေါ့။ ပြောလို့တော့မရသေးပါဘူး။ ကျွန်တော်လည်း တအားပျော်ပါတယ်” လို့ပြောပြပါတယ်။ ကိုဇေသီဟနဲ့ နန္ဒာလှိုင်တို့ရဲ့သမီးများဖြစ်တဲ့ ဇေဝတီလှိုင် နဲ့ဇေရတီလှိုင်တို့ သမီး ၂ ယောက်နဲ့ အေးချမ်းပျော်ရွှင် စွာ နေထိုင်လျက်ရှိ ပြီးအခု ကိုယ်ဝန်ကတော့ တတိယမြောက် ရင်သွေးလေးဖြစ်ပါတယ်။

မေမွန်မောင်

Popular Journal

RangonNewsDaily: February . 11 .2014
ဇန်နဝါရီလ ၈ ရက်နေ့က Sedona Hotel မှာပြုလုပ်တဲ့ ကိုသာကောင်း နဲ့မယ်လိုဒီတို့ မင်္ဂလာဧည့်ခံပွဲကို ကိုဇေသီဟ နဲ့နန္ဒာလှိုင်တို့တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲကို နန္ဒာ လှိုင် က ကိုယ်ဝန် ၂လလွယ်ထားရတယ်လို့လည်း သိရပါတယ်။နာမည်ပေးဖို့စဉ်းစားထားတယ်လို့ ပြောပြတဲ့ နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ မောင်ကလည်း..

Grand Royal အရက်စက်ရုံ ဂိုဒေါင် မီးလောင်

RangonNewsDaily: February . 11 .2014
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက်၊ စက်မှုဇုန်(၂) ဦးဖိုးလှိုင်လမ်းရှိ Grand Royal ဝီစကီစက်ရုံရှိ သိုလှောင်ရုံ အမှတ်(၃)တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁နာရီ ၂၅ မိနစ်ခန့်က ဂိုဒေါင်ရုံတွင်းရှိ လျှပ်စစ်မီးခလုတ်ခုံတွင် ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ချစ်သူနှစ်ဦးကြား မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေ ( Valentine Day အမှတ်တရ)

Photo: ချစ်သူနှစ်ဦးကြား မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

လူ (၁၀၀)ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီးလမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ထင်တာမှားပါတယ်။

အခုဖော်ပြပေးမယ့် မဖြစ်စလောက်သော သေးငယ်တဲ့ အပြုအမူလေးတွေက ချစ်ခရီးလမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်ဆိုတာ သင်သတိမူမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခရီးလမ်း ဒီထက်သာယာဖြောင့်ဖြူးဖို့ ဆိုရင်တော့ နှလုံးသားထဲမှာ ချစ်ခြင်းအပြည့်ရှိနေဖို့နဲ့ ဒီအပြုအမူလေးတွေကို ထပ်ပေါင်းထည့်ဖို့ပဲ လိုတာပါ။

(၁) မနက်လင်းချိန်နဲ့ အိပ်ရာဝင်ချိန်တွေအတွက် သတိတရစာတိုလေးတွေ ပို့ပါ။

မိုးလင်းချိန်မှာ “မင်္ဂလာမနက်ခင်းပါ ကောင်လေး/ကောင်မလေးရေ။ အိပ်ရာနိုးနိုးချင်း မင်းကိုပဲသတိရတယ်” စသဖြင့် နှုတ်ဆက်စာလေးတွေ ပို့ပေးခြင်းက သင့်အတွက် အပန်းမကြီးပေမယ့်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီလိုပဲ ညအိပ်ရာဝင်ချိန်လေးတွေမှာလည်း “ဒီနေ့အရာရာ အဆင်ပြေလား။ မင်းအကြောင်းပဲတွေးနေမိလို့ အိပ်မရသေးဘူး” စတာမျိုး ပို့ပေးပေါ့။ အိပ်ရာဝင်ချိန် စာတိုလေးတွေမှာ အနမ်းလေးတွေ ထည့်ပေးဖို့လည်း မမေ့နဲ့နော်။

(၂) အိမ်ရှေ့ရောက်တဲ့အထိ စိတ်ချရအောင်လိုက်ပို့ပေးတဲ့ အကျင့်ရှိပါ။

ဒီအချက်ကိုပြောလို့ သူမရဲ့ ယဉ်မောင်းသမားတစ်ဦး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက gentleman မှန်သမျှဟာ သူတို့ရဲ့ကောင်မလေးကို ချိန်းတွေ့ပြီးအပြန် အန္တရာယ်ကင်းအောင် ဂရုစိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ သူမအနေနဲ့လည်း တစ်ယောက်တည်းပြန်လို့ရသလို သင်ကလည်း သူမကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တဲ့အခါ သင့်ရဲ့ သူမအပေါ်တန်ဖိုးထား ဂရုစိုက်မှုကို ဖော်ပြတာပါ။

(၃) သူမရဲ့ယုံကြည်ရသူ ဖြစ်ပါစေ။

ချစ်သူနှစ်ဦးကြား အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အချက်ကတော့ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးနိုင်တာပဲ ဖြစ်ပါတယ်။ တစိမ်းတွေထဲက အရင်းနှီးဆုံးဖြစ်တဲ့ သင်တို့နှစ်ဦးမှာ တစ်ဦးရဲ့လျှို့ဝှက်ချက်ကို တစ်ဦးက ယုံကြည်စွာ ဆွေးနွေးနိုင်ပြီဆိုရင်တော့ ဒီချစ်ခရီးလမ်းက ပျက်ယွင်းဖို့ အတော်လေးခဲယဉ်းသွားပါပြီ။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရအောင် လုပ်ဆောင်ပါ။

(၄) ရက်စွဲတွေကို မှတ်ထားပါ။

အမျိုးသားတွေမှာ ရက်စွဲမမှတ်မိတတ်တဲ့ ပြဿနာရှိပြီး အမျိုးသမီးတွေကလည်း ဒါကိုပဲ ပြဿနာ ရှာချင်ကြပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ရက်စွဲတချို့ (ဥပမာ-မွေးနေ့၊ ချစ်သက်နှစ်ပတ်လည်နေ့၊ စတွေ့တဲ့နေ့) စတာမျိုးလောက်တော့ မှတ်မိနိုင်အောင်ကြိုးစားထားပါ။ ဖုန်းထဲမှာပဲဖြစ်ဖြစ် သူမမသိအောင် သိမ်းဆည်းထားပါ။ သူမမေးတဲ့ ရက်စွဲတစ်ခုကို တန်းခနဲဖြေနိုင်ရင်တော့ သင်အတော်လေးအမှတ်ရမှာပါ။ ဒီအချက်လေးကလည်း သေးငယ်ပေမယ့် အရေးပါပါတယ်။

(၅) မျှော်လင့်ချက်ပန်းတိုင်တွေကို ဝေမျှပါ။

သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ အသက်မွေးဝမ်းကြောင်း အစီအစဉ်တွေထဲ သူမကို ထည့်သွင်းစဉ်းစားပြီး မျှဝေပေးခြင်းက အလွန်ပဲအရေးကြီးပါတယ်။ ဒီအပြုအမူက သူမကို သင်ဘယ်လောက်ထိ ရည်ရွယ်ထားကြောင်း သိစေနိုင်ပြီး သင့်အတွက်သူမက အရေးပါတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ကို ရှက်ရွံ့နေစရာမလိုပဲ သင့်အလုပ်အကြောင်းကို သူမနဲ့ ဆွေးနွေးလို့ရရင် ဆွေးနွေးပါ။

ပြောခဲ့တဲ့ ဒီအပြုအမူ ၊ အပြောအဆိုလေးတွေဟာ ဘာမှအပန်းမကြီးတာ မှန်ပေမယ့် သင်တို့ချစ်ခရီးလမ်းကိုတော့ အများကြီးအထောက်အကူဖြစ်တာပေါ့။ နားလည်မှုနဲ့ ပြည့်စုံနိုင်မယ့် ချစ်ခြင်းတစ်ခုဆိုတာ ရွှေတွေ ငွေတွေပေးဝယ်လို့ မရတာအသေအချပါပဲ။

Trend Myanmar

RangonNewsDaily: February . 11 .2014
လူ (၁၀၀)ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီး
လမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ထင်တာမှားပါတယ်။

အမြန်လမ်းမတိုးချဲ့ခြင်း အကြောင်းပြလိမ်လည်နေ လာမည့် ဘဏ္ဍာနှစ်အထိ အစီအစဉ်မရှိဟု ပြောဆို

Photo: အမြန်လမ်းမတိုးချဲ့ခြင်း အကြောင်းပြလိမ်လည်နေ လာမည့် ဘဏ္ဍာနှစ်အထိ အစီအစဉ်မရှိဟု ပြောဆို|

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတိုးချဲ့ခြင်း စီမံချက်တွင်
လမ်း ၁၂ မိုင်လုပ်ပိုင်ခွင့်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ကျပ်သိန်းငါးသောင်း အာမခံထားရမည်ဟုဆိုကာ ရန်ကုန်နှင့်မန္တလေး မြို့ကြီးများရှိ ဆောက်လုပ်ရေးကုမ္ပဏီများသို့ လိုက်လံဆက်သွယ်
နေသူများရှိနေရာလိမ်ညာမှုများသာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

" အလိမ်အညာတွေပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာရော၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှာပါ ရန်ကုန်-မန္တလေး အမြန်လမ်းတိုးချဲ့ဖို့ စီမံချက်မရှိပါဘူး။ စီမံချက်တစ်ခုနဲ့ မန္တလေးကိုရောက် တဲ့အခါ ကျွန်တော်တို့လည်း ဒီကိစ္စကို ကြားခဲ့ပါတယ် " ဟု အဆိုပါ အရာရှိကပြောဆိုသည်။

အမြန်လမ်းမကြီးအား တစ်ဖက်လျှင် ၁၄ ပေချဲ့ခြင်းလုပ်ငန်းစီမံချက် လုံးဝမရှိကြောင်း၊ ပြည်ပအကူအညီများရရှိရန် အမြန်လမ်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်ပါက အများပြည်သူသို့ တရားဝင်
ကြေညာပြီးအိတ်ဖွင့်တင်ဒါများ ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတိုးချဲ့ရန် ကုမ္ပဏီ တစ်ခုလျှင် ၁၂ မိုင်လုပ်ခွင့်ရမည်ဖြစ် ကြောင်း၊ကွန်ကရစ်လမ်းမ၏ဘေးမှ ၁၄ ပေ အကျယ်မြေညှိပြီး ကတ္တရာခင်း ၍ အမာခံလမ်းပခုံး သုံးပေအထိ
ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ကတ္တရာလမ်းခင်းပုံအဆင့်ဆင့် သတ်မှတ်ချက်များဖြင့် ရန်ကုန်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ လိုက်လံအလုပ်စပ်နေသော အဖွဲ့များရှိကြောင်း ကုမ္ပဏီအချို့ထံမှ သိရသည်။

" လုပ်ချင်ရင် စပေါ်ကျပ်သိန်းငါးသောင်း ဒါမှမဟုတ် ကျပ်သိန်းငါးသောင်း နဲ့ညီမျှတဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာ Block သဘောတူကတိပြုနိုင်ရမယ်ဆိုပြီးလာ ပြောပါတယ်။ သူတို့က လူကြီးကိုပိုင်တယ်ဆိုပြီးလည်း ပြောတယ် "ဟု ရန်ကုန် မြို့ရှိ ဆောက်လုပ်
ရေးကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလမ်း ချဲ့ရန်စီမံချက်လုံးဝမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

RangonNewsDaily: February . 11 .2014
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတိုးချဲ့ခြင်း စီမံချက်တွင်
လမ်း ၁၂ မိုင်လုပ်ပိုင်ခွင့်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ကျပ်သိန်းငါးသောင်း အာမခံထားရမည်ဟုဆိုကာ ရန်ကုန်နှင့်မန္တလေး မြို့ကြီးများရှိ ဆောက်လုပ်ရေးကုမ္ပဏီများသို့ လိုက်လံဆက်သွယ်
နေသူများရှိနေရာလိမ်ညာမှုများသာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

ဘုရင့်နောင်မြစ်ကူး တံတားသစ်အတွက် သံဘောင်များ မတ်လ ရောက်မည်

RangonNewsDaily: February . 11 .2014
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဘုရင့်နောင်မြစ်ကူး တံတားအမှတ် (၂) အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တံတား သံဘောင်များ မတ်လ နောက်ဆုံးပတ်အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း အဆိုပါ တံတား ဆောက်လုပ်ရေး စီမံကိန်း ဌာနထံမှ သိရသည်။တံတား သံဘောင်များကို လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခွင့်ရသည့် တင်ဒါအောင် တရုတ် ကုမ္ပဏီထံမှ မှာယူတင်သွင်းခြင်း ဖြစ်ပြီး ယင်းသံဘောင်များ ရောက်ရှိမှသာ မြစ်လမ်းကြောင်း ဘေးနှစ်ဖက်ရှိ ရေလမ်းကြောင်း ထိန်းသိမ်း ထားခြင်းများကို ထောက်တိုင်များ ဖြုတ်၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တံတားစီမံကိန်း ဌာနထံမှ သိရသည်။

ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့်ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ် စစ်ဆေးမည်

Photo: ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့်ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ် စစ်ဆေးမည်

ဖေဖော်ဝါရီ ၁၀ ရက် ၂၀၁၄

ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အီတလီ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် (၁၀)မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့် ဘောလုံးပွဲ တစ်ပွဲကို စုံစမ်းသွားမည်ဟု သိရသည်။ လုပ်ပွဲအရှုပ်တော်ပုံကြောင့် အကြီးအကျယ် နာမည်ပျက်ခဲ့ဖူးသည့် အီတလီ ဘောလုံးလောကတွင် ဆစ်စလီဒေသ ကိုပါဖလား ပြိုင်ပွဲ၌ ဘော်ဂါတာ တီရန်နိုဗာ အသင်းက ဘက်ဂ်ဟီရီရာကို (၁၄-၃)ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အုပ်စုအနေအထားအရ ဘက်ဂ်ဟီရီရာသည် (၁)မှတ်ရလျှင်ပင် အုပ်စုမှ လွန်မြောက်မည် ဖြစ်သည်။

ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တီရန်နိုဗာ ကစားသမားများ အနေဖြင့် ကိုယ်တိုင် အားထုတ်စရာ မလိုဘဲ ဂိုးများစွာ ထပ်မံရရှိပြီးနောက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုသို့တက်ရောက်သည် ဆိုရာတွင် အုပ်စုတွင်းမှ ပါတီနီကောဒေ့စ် အသင်းအပေါ် ဂိုးကွာခြားချက် အသာစီး ရခဲ့၍ ဖြစ်သည်။ ထိုမျှ ဂိုးပြတ်သွားပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမှုများကြောင့် ပါတီနီကောဒေ့စ် အသင်းအတွက် အကြီးအကျယ် နစ်နာခဲ့ပြီး ယင်းဖြစ်ရပ်ကို အီတလီ ဘောလုံးအဖွဲ့ချုပ်ထံ အသိပေး တိုင်ကြားခဲ့သည်။

"တော်တော်တော့ ရုပ်ပျက်ဆင်းပျက် နိုင်တာပဲ။ ကျွန်တော်တို့ အသင်းကတော့ ဒီပွဲမှာ ဝင်ပတ်သက်ခဲ့မိပြီ"ဟု တီရန်နိုဗာ နည်းပြ အစ်ဂ်နာဇီယို ချီယန်နက်တာက ဆိုသည်။ အီတလီ ဘောလုံးအဖွဲ့ချုပ်က မိမိတို့သည် ယင်းပွဲစဉ်နှင့် ပတ်သက်ပြီး စုံစမ်းသွားမည်ဟု ဆိုသည်။ ဆစ်စလီ ဒေသသည် မာဖီးယား အဆက်အနွယ်များ အခြေချ လှုပ်ရှားရာ ဒေသဖြစ်ပြီး ၎င်းတို့သည် ဘောလုံးပွဲများတွင် လုပ်ပွဲများ ဖြစ်ပေါ်ရန် ကြိုးကိုင်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲမှုများ အစဉ်တစိုက် ထွက်ပေါ်လျှက်ရှိသည်။

Planet Myanmar Network

RangonNewsDaily: February . 11 .2014
ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ချစ်သူ

RangonNewsDaily: February . 11 .2014
ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင် ကိုသတိ ရ သည့်အခါ
တိမ်များကို မြင် နေပါသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် အာရှ၏ ခေတ်အမီဆုံး မြို့တော်ဖြစ်လာ

Photo: တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် အာရှ၏ ခေတ်အမီဆုံး မြို့တော်ဖြစ်လာ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ရှန်ဟိုင်းမြို့ သည် တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ တို့ကို ဖြတ်ကျော်၍ အာရှ၏ ခေတ်အမီဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စစ်တမ်းသစ် တစ်ခုအရ သိရသည်။

ရှန်ဟိုင်းမြို့ သည် အာရှတွင် ခေတ်အမီဆုံး မြို့တော်ဖြစ်ပြီး ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်းတွင် နံပတ် ၁၀ နေရာ၌ ရပ်တည်လျက် ရှိကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် Global Language Monitor အဖွဲ့၏ သုတေသန ပြုချက်အရ သိရသည်။

ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော်များ စာရင်း၌ နယူးယောက် မြို့သည် နံပါတ်တစ် နေရာတွင် ရပ်တည်နေပြီး ပဲရစ်နှင့် လန်ဒန်မြို့ များသည် နံပါတ်နှစ် နေရာနှင့် နံပါတ်သုံး နေရာတို့တွင် အသီးသီး ရပ်တည်လျက် ရှိသည်။ ၄င်း စာရင်း၏ ထိပ်တန်း မြို့ ၂၀ တွင် တိုကျို ၊ စင်ကာပူ နှင့် ဟောင်ကောင် တို့ ပါဝင်လျက် ရှိကြောင်း သိရသည်။

တိုကျိုမြို့ သည် ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်း၏ နံပါတ် ၁၁ နေရာတွင် ရပ်တည် နေခဲ့ပြီး စင်ကာပူ က နံပါတ် ၁၉ နေရာ ၊ ဟောင်ကောင်မြို့ က နံပါတ် ၂၀ နေရာတို့တွင် ရပ်တည် နေခဲ့ကြောင်း သိရှိရသည်။

Themyawadydaily

RangonNewsDaily: February . 11 .2014
ရှန်ဟိုင်းမြို့ သည် တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ တို့ကို ဖြတ်ကျော်၍ အာရှ၏ ခေတ်အမီဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စစ်တမ်းသစ် တစ်ခုအရ သိရသည်။

ရခိုင်ပြည်နယ် ဒုချီရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်သို့မရောက်ရှိသေး

RangonNewsDaily: February . 11 .2014
ရခိုင်ပြည်နယ်တွင် ဒုချရားတန်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းလေ့လာရန် သမ္မတ ဖွဲ့စည်းပေးထားသော စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ပြည်နယ်သို့မရောက်ရှိသေးကြောင်း ကော်မတီအဖွဲ့ဝင်များက မဇ္ဈိမကို ဖေဖော်ဝါရီ ၁ဝ တွင် ပြောဆိုလိုက်သည်။ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရမည်ဟု သမ္မတရုံးကထုတ်ပြန်ထားသည့်အတွက် ကော်မရှင်အနေနှင့် စုံစမ်းစစ်ဆေးရန် ၂၂ ရက်သာ အချိန်ရသော်လည်း ရခိုင်သို့ မသွားရောက်နိုင်သေးပေ။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရန်ကုန်ခရီးစဉ်

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရန်ကုန်ရောက်ရှိခဲ့
Tuesday, February 11, 2014

အကျင့်ပျက်ခြစားမှုတွေနဲ့ ဖမ်းဝါးရမ်းထုတ် ခံထားရတာကြောင့် ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး၊ မိသားစုဝင်တချို့နဲ့ တွ့ဆုံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

အလားတူ နေးရှင်း သတင်းစာကလည်း သက်ဆင်ရဲ့ ယောက်ဖတော်စပ်သူ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ၀မ်ဆာဝပ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သက်ဆင်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ အတည်ပြုပြောဆိုကြောင်း ဖေါ်ပြခဲ့ပါတယ်။ ရန်ကုန်မြို့မှာ သက်ဆင်နဲ့အတူ အလှူဒါနပြုခဲ့ကြောင်း၊ လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေတွေကို အကျဉ်းချုပ်ရှင်းပြခဲ့ရာမှာ၊ သက်ဆင်က စိတ်ဓါတ်ရေးရာအရ အားပေးစကားပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဘန်ကောက်ပို့စ်မှာလည်း အမည်မသိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သံဃာတွေကို သက်ဆင်နဲ့အဖွဲ့က လှူဖွယ်ပစ္စည်းတွေဆက်ကပ်နေတဲ့ ဓါတ်ပုံတွေ ဖေါ်ပြထားပါတယ်။

ဒါ့ပြင် သက်ဆင်ဟာ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ် ၁၀ ထပ်မှာ တည်းခိုခဲ့ကြောင်း၊ သူရဲ့ နှမအကြီးဖြစ်သူနဲ့ ယောက်ဖဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ၀မ်ဆာဝပ် တို့က ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့က ဘန်ကောက်ကနေ ရန်ကုန်ကို သွားရောက်တွေ့ဆုံခဲ့ကြကြောင်း၊ အလားတူ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပွန်ထက်နဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာန အကြီးအကဲတို့ ပါဝင်တဲ့ လူ ၃၀ ပါ အဖွဲ့ကလည်း သက်ဆင်ကို သွားရောက်တွေ့ဆုံကြကြောင်း ထိုင်းအင်တာနက် သတင်းစာမျက်နှာတစ်ခုမှာ မနေ့က ဖော်ပြခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ထိုင်း အတိုက်အခံကို ဖြိုခွင်းဖို့အတွက် ဗေဒင်ယတြာစတဲ့ လောကီနည်းတွေအတွက်ဖြစ်တယ်လို့ ဝေဖန်သူတချို့က ဆိုကြသလို၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်းကတော့ ကုသိုလ်ရေးကိစ္စသက်သက်သာ ဖြစ်တယ်လို့ဆိုပါတယ်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ် မတ်လကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

RFA Burmese

RangonNewsDaily: February . 11 .2014
အကျင့်ပျက်ခြစားမှုတွေနဲ့ ဖမ်းဝါးရမ်းထုတ် ခံထားရတာကြောင့် ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး၊ မိသားစုဝင်တချို့နဲ့ တွ့ဆုံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိသားစုနဲ့ မြန်မာ နိုင်ငံမှာဆုံ

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိသားစုနဲ့ မြန်မာ နိုင်ငံမှာဆုံ
Tuesday, February 11, 2014

ထိုင်းနိုင်ငံက နိုင်ငံရေး တင်းမာမှု တွေမှာ အဓိက ဆန့်ကျင် ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က မြန်မာနိုင်ငံမှာ သူ့မိသားစုထဲက အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို သူ့ရဲ့ ညီမအကြီး ဖြစ်သူ ယောင်းဝဖါး ဝုံးစဝပ်နဲ့ သူ့ရဲ့ ခင်ပွန်း ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင်း ဝုံးစဝပ် အပါအဝင် စုစုပေါင်း ၆ ယောက် တို့က ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့က သွားရောက် တွေ့ဆုံ ခဲ့တယ်လို့ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

သက်ဆင် ရှင်နာဝပ်ကို သူ့ညီမနဲ့ ယောက်ဖတို့ တွေ့ကြ ရာမှာ အပြင်က လူတွေ ပါဝင်ခွင့် မရလို့ ဘာတွေ ပြောကြတယ် ဆိုတာ အတိအကျ မသိရပါဘူး။

ယောက်ဖ တော်စပ်သူ ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ ဆွမ်ချိုင်း ဝုံးစဝပ်ဟာ နိုင်ငံရေး မှာ ပါဝင်ခွင့် ၅ နှစ် အပိတ်ခံထားရတဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ရခဲ့ပြီ ဖြစ်လို့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပြုလုပ်တဲ့ ထိုင်း ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်အဖြစ် ဝင်ရောက် အရွေးခံထား ပါတယ်။

အိမ်စောင့် အစိုးရအဖြစ် တာဝန်ယူ နေရတဲ့ ညီမဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်ခ် ရှင်နဝပ် ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ အဓိက အကြောင်းက လည်း ဝန်ကြီးချုပ်ဟောင်း သပ်စင် ရှင်နာဝပ် တိုင်နိုင်ငံ ပြန်လာမှာကို ဆန့်ကျင် နေကြတာ ဖြစ်ပါတယ်။

မစ္စတာ သပ်စင်က ထိုင်းနိုင်ငံကို ကိုယ်ပိုင် ပစ္စည်းလို သဘောထားပြီး မိသားစု မျိုးရိုးအလိုက် အုပ်ချုပ်ဖို့ ကြိုးစားနေတယ်၊ ကိုယ်ကျိုး စီးပွားအတွက် အဂတိ လိုက်စားခဲ့တယ် ဆိုပြီး တရားရုံး တစ်ခုက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ် တာ ခံထားရပါတယ်။

ဒါ့အပြင် နောက်ထပ် စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင် နေရလို့ ပြည်ပမှာ တိမ်းရှောင် နေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်း ထုတ်ခံ ထားသူက မြန်မာနိုင်ငံကို သွားရောက်တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူ တစ်ယောက်ကို မေးကြည့် ရာမှာ ထိုင်းအစိုးရက မြန်မာဘက်ကို တစ်စုံတရာ အကြောင်းကြားထား တာမျိုး မရှိတဲ့ အတွက် သာမန် နိုင်ငံခြားသားတွေ လိုပဲ ဝင်ထွက် သွားလာနိုင်ကြောင်းနဲ့ အစိုးရ ဘက်ကလည်း လုံခြုံရေးတွေ ထူးထူးခြားခြား လုပ်ပေးတာ မရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်သက်ဆင် ရှင်နာဝပ် အခုတစ်ခေါက် မြန်မာနိုင်ငံကို လာတာဟာ ဗေဒင်လာ မေးတာ လို့ သိရကြောင်းလည်းအစိုးရတာဝန်ရှိသူကပြောပါတယ်။

ဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ မြန်မာနိုင်ငံက အကြား အမြင် ဟောတဲ့ အီးတီကို ယုံကြည် ကိုးစားသူဖြစ်တယ်လို့ သူ့မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

BBC

RangonNewsDaily: February . 11 .2014
ထိုင်းနိုင်ငံက နိုင်ငံရေး တင်းမာမှု တွေမှာ အဓိက ဆန့်ကျင် ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က မြန်မာနိုင်ငံမှာ သူ့မိသားစုထဲက အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံသို့ရောက်ရှိ

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံသို့ရောက်ရှိ
Tuesday, February 11, 2014

လာဘ်စားမှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်းက မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ (၁ဝ)ရက် ရက်စွဲဖြင့် ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသို့ သက်ဆင်လာရောက်ခဲ့သည့် ဓာတ်ပုံများ အင်တာနက် စာမျက်နှာများပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ယင်းဓာတ်ပုံများကို စတင်ဖြန့်ဝေသူမှာ ထိုင်းပါလီမန် အထက်လွှတ်တော်အမတ် Somchai Sawaengkarn ဖြစ်ပြီး ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဓာတ်ပုံများအားတင်ကာ “မြန်မာပြည်က ဓာတ်ပုံထဲမှာ ပါနေတဲ့ ဒီလူက ဘယ်သူလဲ” ဟု ရေးသားဖော်ပြခဲ့သည်။

ဓါတ်ပုံမှတ်တမ်းများတွင် သက်ဆင်သည် မြန်မာနိုင်ငံရှိ ရဟန်းသံယာများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်နေပုံကို ဖော်ပြထားသည်။

သတင်းဗီဒီယိုမှတ်တမ်းတစ်ခုတွင် သက်ဆင်၏ ခရီးစဉ်အသေးစိတ်ကို တစ်မိနစ်ကြာမျှ ထုတ်လွှင့်ပြသခဲ့သည်ဟုလည်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ ယင်းသတင်းအဆိုအရ သက်ဆင်မှာ ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်၏ ၁ဝ ထပ်မြောက်အထပ်တွင် တည်းခိုခဲ့ကြောင်း၊ ၎င်းနှင့်အတူ ဘန်ကောက်မြို့မှ ရင်းနှီးသူများလည်းပါကြောင်း၊ ၁ဝ ထပ်မြောက် အခန်းနှင့် ၈ ထပ်မြောက်အခန်းတို့အား အဆိုပါ ရင်းနှီးသူများမှ ငှားရမ်းခဲ့ကြောင်းတို့ကို ဖော်ပြထားသည်။

သုံးသပ်သူအချို့က သက်ဆင်သည် ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများကို ဦးဆောင်ကျင်းပနေသည့် အတိုက်အခံ နိုင်ငံရေးသမားများကို သွားရောက်တိုက်ခိုက်နိုင်ရန် မြန်မာနိုင်ငံသို့ လာရောက်၍ ယတြာချေခြင်း ဖြစ်သည်ဟုဆိုသည်။

သို့သော် Somchai Sawaengkarn ကမူ သက်ဆင်သည် ကုသိုလ်ရေးသက်သက်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည် ဟုဆိုသည်။

သက်ဆင်၏ယခုခရီးစဉ်မှာ မြန်မာနိုင်ငံသို့ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မတ်လကလည်း သက်ဆင်သည် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ လာရောက်ခဲ့ဖူးကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြသည်။

Mizzima - News in Burmese

RangonNewsDaily: February . 11 .2014
လာဘ်စားမှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်းက မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ (၁ဝ)ရက် ရက်စွဲဖြင့် ရေးသားဖော်ပြသည်။

ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေးများ၏ ထက်ဝက်ကို ဂျာမနီနိုင်ငံက လျှော်ပေး

Photo: ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေးများ၏ ထက်ဝက်ကို ဂျာမနီနိုင်ငံက လျှော်ပေး
Tuesday, February 11, 2014

ဂျာမနီသမ္မတ ဂျိုဝါချက်ဂေါက်ခ်သည် ဖေဖော်ဝါရီ ၁ဝ ရက်က နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေး ယူရို ၁ဝ၈၄ သန်းကျော်ထဲမှ ရာခိုင်နှုန်း ၅ဝ ဖြစ်သည့် ယူရို ၅၄၂ သန်းကို ဂျာမနီနိုင်ငံဘက်က လျှော်ပေးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။

နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ ပြုလုပ်သည့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ လျှော့ချရေးနှင့် ချေးငွေပြန်လည် ပေးအပ်ချိန် ရွှေ့ဆိုင်းရေးဆိုင်ရာ သဘောတူညီချက်”ကို မြန်မာနိုင်ငံဘက်မှ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှင့် ဂျာမနီနိုင်ငံဘက်မှ ကုန်သွယ်ရေး ဝန်ကြီးတို့က နှစ်နိုင်ငံ သမ္မတများ ရှေ့မှောက် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ကြွေးမြီရာခိုင်နှုန်း ၅ဝ ကို လျှော်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် ပဲရစ်ကလပ် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပဲရစ်ကလပ်အဖွဲ့ဝင် အိမ်ရှင်နိုင်ငံများအကြား Agreements of the recruitment of the debt of the Republic of the Union of Myanmar ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီမှုပေါ် မူတည်ပြီး ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိရန် ဆက်လက်ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ ကြွေးရှင်းသည့် ပမာဏသည် ယူရိုသန်းပေါင်း ၁ဝ၈၄ သန်းကျော်ရှိပြီး ထိုငွေများအနက် ရာခိုင်နှုန်း ၅ဝ ကို ဂျာမနီနိုင်ငံဘက်မှ ကြွေးလျှော်ပေးခဲ့ပြီး ကျန်ရာခိုင်နှုန်း ၅ဝ ဖြစ်သည့် ယူရို ၅၄၂ သန်းကျော်အား အတိုးနှုန်း သုံးရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ် စုစုပေါင်း ၁၅ နှစ် ဖြင့် ပေးဆပ်သွားရမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့က ဂျာမနီသမ္မတနှင့် ဇနီးတို့အား ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့် ဧည့်ခံခဲ့ပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ဂျာမနီနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အားပေးကူညီမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခုဂျာမနီသမ္မတ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြင့်စေမည် ဖြစ်ကြောင်း စသည်ဖြင့် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း သိရသည်။

ဂျာမနီသမ္မတက ပြန်လည်ပြောကြားရာတွင် ယခုခရီးစဉ်သည် ယခုပစ္စုပ္ပန်ကာလ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဂုဏ်ပြုလိုခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဂျာမနီနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အလေးထား စောင့်ကြည့်နေကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

-ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

Eleven Media Group
-ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
RangonNewsDaily: February . 11 .2014
ဂျာမနီသမ္မတ ဂျိုဝါချက်ဂေါက်ခ်သည် ဖေဖော်ဝါရီ ၁ဝ ရက်က နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေး ယူရို ၁ဝ၈၄ သန်းကျော်ထဲမှ ရာခိုင်နှုန်း ၅ဝ ဖြစ်သည့် ယူရို ၅၄၂ သန်းကို ဂျာမနီနိုင်ငံဘက်က လျှော်ပေးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။

ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး

Photo: ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး
Tuesday, February 11, 2014

ဂျာမဏီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အဓိကဆွေးနွေးခဲ့တယ်လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အေပီသတင်းတပုဒ်ကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဂျာမဏီသမ္မတ Joachim Gauck ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ တနင်္လာနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဂျာမဏီသမ္မတဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ တနင်္ဂနွေနေ့က စတင်ရောက်ရှိနေတာဖြစ်ပါတယ်။

တနင်္လာနေ့အစောပိုင်းတုန်းကတော့ ဂျာမဏီသမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးတဲ့နောက် ပူးတွဲပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ အစိုးရတာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုရှိတယ်ဆိုတာကို အသိအမှတ်ပြု လေးစားတယ်ဆိုတာကို ပြသဖို့အတွက် ဖြစ်ပါတယ်ဆိုပြီးတော့ သူက ဂျာမန်ဘာသာနဲ့ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာတွေအနက် အဓိကဆွေးနွေးဖြစ်တဲ့ကိစ္စကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ သမ္မတတို့ရဲ့အမြင်တွေကို နားထောင်ဖို့တင်မကပါဘူး၊ အတိုက်အခံနဲ့ လူထုအခြေပြု၊ လူမှုအဖွဲ့အစည်းတွေရဲ့အမြင်သဘောထားတွေကို နားထောင်ဖို့ကလည်း အင်မတန်ကို အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖွဲ့စည်းပုံပါ အချက်အလက် အသေးစိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း အသေးစိတ်ကို အသေအချာ လေးလေးနက်နက် ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားစွဲဆိုမှုတွေ၊ ပြဿနာတွေအမြောက်အများကို အောင်မြင်ကျော်လွှားနိုင်ခဲ့တဲ့ ဂျာမဏီနိုင်ငံရဲ့ခေါင်းဆောင်ကို တွေ့ဆုံခွင့်ရတာဟာ ဝမ်းမြောက်အားတက်စရာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့-

“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ သိပ်မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူး။ တကယ်တန်းက နှေးလွန်းရင်သာ အန္တရာယ်ရှိပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေါ်မှာ သွားနေသမျှ ကျမတို့အတွက်တော့ သိပ်ကိုစောပြီး မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူးရှင့်။”

ဂျာမဏီသမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်ကိုလည်းသွားရောက်ခဲ့ပြီးတော့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျာမဏီသမ္မတ Joachim Gauck ဟာ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒီကနေ့ အင်္ဂါနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ သွားရောက် မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

VOA

မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမဏီသမ္မတ Joachim Gauck (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမဏီသမ္မတ Joachim Gauck (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
RangonNewsDaily: February . 11 .2014
ဂျာမဏီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

လက်ထပ်ပြီးစ ဇနီးမောင်နှံ၏ ကြေကွဲဖွယ် မတော်တဆမှု

Photo: လက်ထပ်ပြီးစ ဇနီးမောင်နှံ၏ ကြေကွဲဖွယ် မတော်တဆမှု
Tuesday, February 11, 2014

အမေရိကန်နိုင်ငံမှ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ဦးသည် ယူတားပြည်နယ်ရှိ ဇီယွန်အမျိုးသား ဥယျာဉ်ထဲတွင် Base Jump အမြင့်ခုန် ကစားရင်း ဇနီးဖြစ်သူ အသက်ဆုံးရှုံးသွားခဲ့သည်။

စွန့်စားမှုကို ဝါသနာကြီးခြင်းက လက်ထပ်ပြီးကာစ ပျားရည်ဆမ်း ဇနီးမောင်နှံအတွက် ဝမ်းနည်းကြေကွဲဖွယ် အဆုံးသတ်တစ်ခု ဖန်တီးပေးလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံမှ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ဦးသည် ယူတားပြည်နယ်ရှိ ဇီယွန်အမျိုးသား ဥယျာဉ်ထဲတွင် Base Jump အမြင့်ခုန် ကစားရင်း ဇနီးဖြစ်သူ အသက်ဆုံးရှုံးသွားခဲ့သည်။ စနေနေ့က အသက်(၂၈)နှစ်ရှိ အမ်ဘာဘယ်လိုစ်သည် သူမ၏ ခင်ပွန်းဖြစ်သူ ကလေတန်ဘတ္တလန်နှင့်အတူ Base Jumpခုန်ရင်း သေဆုံးခဲ့ကြောင်း ဥယျာဉ်တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ Base Jump ကစားနည်းမှာ အဆောက်အအုံမြင့်များ၊ တောင်ထိပ်အမြင့်များမှ ခုန်ချပြီး လေထီးဖွင့် ဆင်းသက်ရခြင်းမျိုး ဖြစ်သည်။

ဇီယွန်အမျိုးသား ဥယျာဉ်တွင် ယင်းကစားနည်းကို တားမြစ်ထားသည်။ အမ်ဘာနှင့် ကလေတန်တို့သည် (၇၂၇၆)ပေမြင့်သည့် ကီနာဆာဗာတောင်ထိပ်မှ ခုန်ချခဲ့ခြင်း ဖြစ်သည်။ အမ်ဘာက ဦးစွာခုန်ပြီးနောက် လေထီးက ပုံမှန် အလုပ်မလုပ်ခဲ့ချေ။ ယင်းအခြေအနေကို မြင်တွေ့သည့်နောက် ကလေတန်က လိုက်ပါ ခုန်ချရင်း ဇနီးကို ဖမ်းယူကယ်တင်ရန် အားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လက်လွတ်သွားခဲ့သည်။ အမ်ဘာ သေဆုံးချိန်တွင် ၎င်းတို့ဇနီးမောင်နှံ၏ မင်္ဂလာသက်တမ်းမှာ သီတင်း(၂)ပတ်သာ ရှိနေသေးသည်။ ကယ်ဆယ်ရေး အဖွဲ့သည် ကျောက်ချွန်ကျောက်ဆောင်များကြား ပြုတ်ကျသွားသည့် အမ်ဘာ၏ အလောင်းကို တနင်္ဂနွေနေ့တွင် ရှာတွေ့ခဲ့ပြီး ရဟတ်ယာဉ် အကူအညီဖြင့် ပြန်လည် သယ်ယူခဲ့ရသည်။ Base Jump ကစားနည်းကြောင့် ယင်းဥယျာဉ်ထဲတွင် သေဆုံးမှုသည် အမ်ဘာ၏ ဖြစ်ရပ်က ပထမဆုံးဟု သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်မှုကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ 

(ကီနာဆာဗာတောင်)
Planet Myanmar Network
(ကီနာဆာဗာတောင်)
RangonNewsDaily: February . 11 .2014
အမေရိကန်နိုင်ငံမှ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ဦးသည် ယူတားပြည်နယ်ရှိ ဇီယွန်အမျိုးသား ဥယျာဉ်ထဲတွင် Base Jump အမြင့်ခုန် ကစားရင်း ဇနီးဖြစ်သူ အသက်ဆုံးရှုံးသွားခဲ့သည်။

အဲ့လ်ပ်စ်တောင်တန်မှ အအေးဓာတ်ကို အံတုပြခဲ့သည့် အေမီ

Photo: အဲ့လ်ပ်စ်တောင်တန်မှ အအေးဓာတ်ကို အံတုပြခဲ့သည့် အေမီ
Tuesday, February 11, 2014

ရာသီဥတု အေးမြနေသော်လည်း ရေနွေးငွေ့များနှင့်အပြိုင် အေမီ၏ ပုံရိပ်ကလည်း ပူနွေးတောက်လောင်စွာ လှပနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံရှိ အဲ့လ်ပ်စ် တောင်တန်းများ၏ အအေးဓာတ်သည် အေမီဝီလာတန်အတွက် မှုလောက်စရာ အခြေအနေ မဟုတ်ချေ။ ဗြိတိန်ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲဝင် အလှမယ်ဟောင်းနှင့် တက်သစ်စ မော်ဒယ်လ်မလေးသည် အဲ့လ်ပ်စ် တောင်တန်းများပေါ်ရှိ ရေနွေးကန်တွင် ကြော်ငြာတစ်ခုအတွက် ဓာတ်ပုံအရိုက်ခံနေခဲ့ရာတွင် ဘီကနီ အနီရောင်လေးကိုသာ ဝတ်ဆင်ထားခဲ့သည်ကို တွေ့ရသည်။ ရာသီဥတု အေးမြနေသော်လည်း ရေနွေးငွေ့များနှင့်အပြိုင် အေမီ၏ ပုံရိပ်ကလည်း ပူနွေးတောက်လောင်စွာ လှပနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ အေမီသည် ရိုက်ကွင်းတွင် ဓာတ်ပုံဆရာ ညွှန်ကြားသည့်အတိုင်း အမျိုးမျိုး ကိုယ်ဟန်ပြနေပြီး ခေတ္တနားချိန်များတွင်မူ ထူထဲသည့် အနက်ရောင် ဂျာကင်ကြီးကို လွှမ်းခြုံထားသည်ကိုလည်း တွေ့ရသည်။

အသက်(၂၁)နှစ်အရွယ် အေမီအနေဖြင့် မည်သည့်ကြော်ငြာအတွက် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည်ကိုမူ တိတိကျကျ မသိရသေးချေ။ သူမသည် သစ်သီးဖျော်ရည် တစ်ခုခု ထည့်ထားသည်ဟု ယူဆရသည့် ဖန်ခွက်တစ်လုံးကိုလည်း လက်ထဲတွင် ကိုင်ထားသည်ကို တွေ့ရသည်။ သူမသည် ဖခင်ဖြစ်သူနှင့်အတူ ဆွစ်ဇာလန်၌ လာရောက် အပန်းဖြေနေရင်း ယခုကဲ့သို့ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ မယ်စကြာဝဠာ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်ခဲ့သလို အမျိုးသမီးချင်း အားကျမက်မောလောက်စရာ ခန္ဓာကိုယ် အချိုးအဆက်မျိုး ပိုင်ဆိုင်ထားသည့်တိုင် အေမီက သူမအနေဖြင့် အစားအသောက် ရှောင်လွန်းခြင်း မရှိကြောင်း ပြောကြားဖူးသည်။

အစားအသောက် အလွန်အကျွံ ဆင်ခြင်နေခြင်း မရှိဘဲ ခန္ဓာကိုယ် လှပလွန်းသည့် ဆုတောင်းကောင်းသူ မော်ဒယ်လ်လေးက "အမှန်အတိုင်း ပြောရရင် ကျွန်မက အစားသိပ်မက်တယ်။ မယ်စကြာဝဠာ ပြိုင်ပွဲမှာ ဘီကနီဝတ်ပြီး ကိုယ်ဟန်ပြနေရတဲ့ အချိန်တွေမှာတောင် ကျွန်မ စားချင်တာ စားတာပါပဲ။ ကျွန်မက အစားအသောက်နဲ့ ပတ်သက်လာရင် တော်တော်ဆိုးပါတယ်"ဟု ရယ်ရယ်မောမော မှတ်ချက်ပြုခဲ့သည်။ သူမက ဆက်လက်၍ "တစ်ခုတော့ရှိတယ်။ ကျွန်မက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တယ်။ ပြီးတော့ ပြိုင်ပွဲကာလတွေဆိုရင် ကျွန်မအနေနဲ့ သန့်ရှင်းတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးစားတယ်။ အမေကတော့ ကျွန်မက အမြဲတမ်း အစားပုပ်ပြီး ဗိုက်ဆာနေတဲ့ ကောင်မလေးလို့ ပြောတတ်ပါတယ်"ဟုလည်း အရွှမ်းဖောက်သွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily: February . 11 .2014
ရာသီဥတု အေးမြနေသော်လည်း ရေနွေးငွေ့များနှင့်အပြိုင် အေမီ၏ ပုံရိပ်ကလည်း ပူနွေးတောက်လောင်စွာ လှပနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင်ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများ ၌ NGO အဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးမည်

RangonNewsDaily: February . 11 .2014
ပြည်လုံးကျွတ်သန်းခေါင်စာ ရင်းကောက်ယူရာတွင် ဒေသတွင်း ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည် နယ်များတွင် ဒေသခံပညာရေးဝန် ထမ်းများသာမက UNFPA အပါ အဝင် UN အဖွဲ့အစည်းများကပါ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးကပြောသည်။

တရုတ်မယားအဖြစ် ရောင်းစားခဲ့သည့်မိသားစုကို လူကုန်ကူးမှု ပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်

RangonNewsDaily: February . 11 .2014
စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့နယ်မှ ၁၉ နှစ်အရွယ်အမျိုး သမီးတစ်ဦးကို တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံ၌ အလုပ်ရမည်ဆိုပြီး လိမ်လည်ခေါ်ဆောင် ကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သည့် သားအမိသားအဖသုံးဦးကို အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ရောင်းစားခံရသူအမျိုးသမီးငယ် မှာ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဖျင်တင်းရှန် မြို့ ထန်ချွင်းရွာတွင် ရောက်ရှိနေကြောင်း သိရသဖြင့် ပြန်လည်ကယ်တင်ရရှိရေး တပ်ဖွဲ့ စု(မူဆယ်)မှ ရွှေလီနယ်စပ်ဆက်ဆံရေးရုံး နှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။

အချစ်ခံစားချက်စာစု (ချစ်သူများနေ့အကြိုအမှတ်တရ)

RangonNewsDaily: February . 11 .2014
တစ်ခါတစ်လေ သတိရလို့ ဖုန်းခေါ်မိတယ် ဒါပေမဲ့အရမ်းအလုပ်ရှုပ်နေလို့ နောက်မှ ပြန်ဆက်လိုက်မယ်တဲ့ငါ့ရင်ထဲမှာ နာကျင်ေ
မဲ့ နင်အလုပ်မှာ အဆင်ပြေပါ့မလားလို့ တွေးပူမိတတ်သူပါတစ်ခါတစ်လေ နင့်အတွက် ပြင်ဆင်ပေးထားတာလေးတွေကို တွေးပီး
ပျော်လွန်းလို့ အသိပေးချင်လို့ ပြောမိတယ်

ဘ၀တစ်ကွေ့စီးရီး ဗီစီဒီနှင့် ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေး

RangonNewsDaily: February . 11 .2014
သရုပ်ဆောင် မြင့်မြတ်ဖြင့် ဘ၀တစ်ကွေ့စီးရီးကို ထွက်ရှိခဲ့သည့်အဆိုတော်အိုင်ရင်းဇင်မာမြင့်သည် ယင်းစီးရီး၏ MTV၊ VCD၊ DVD
ထွက်ရှိရန်အတွက် မစီစဉ်သေးကြောင်း ငြင်းဆိုသည့် စကားများသည် အနုပညာစာမျက်နှာများထက် နှင့် အနုပညာ ဂီတအသိုင်း
အ၀ိုင်းကြားတွင်ယခုသီတင်းပတ်အတွင်း၌ထွက်ပေါ်လာခဲ့သည်။ယင်းစီးရီးဗီစီဒီ၊ ဒီဗီဒီများ ထွက်ရှိမှုနှင့် ပတ်သက်ပြီး သရုပ်ဆောင်
မြင့်မြတ်က အိုင်ရင်းဇင်မာမြင့်ကို မေးကြည့်ရန်ဆိုခဲ့သည့် စကားများကို ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် အများက စိတ်ဝင်စား
ခြင်း ဖြစ်ခဲ့ရသည်။

လွှတ်တော်အမတ် ၁၇၇ ဦး ခွင့်ယူမှု လွှတ်တော်နာယက သတိပေး

RangonNewsDaily: February . 11 .2014
အစိုးရအဖွဲ့တွင် တာဝန်ပေးခံရသူများ၊ သေဆုံးသူများ နုတ်ပယ်ပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ ၆၄၂ ဦး တက်ခွင့်ရှိသော်လည်း ဖေဖော်ဝါရီ ၁၀ ရက်တွင်၄၆၅ ဦးသာတက်၍ ၁၇၇ ဦး ခွင့်တိုင်ကြားခဲ့ သည့်အတွက် ကိုယ်စားလှယ်တို့ကို ပြည်သူတို့အပ်နှင်းထားသည့် ဆန်္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေရန် လိုအပ် မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တိုက်တွန်းပြောကြားလိုက်သည်။

စမ်းချောင်းလမ်းရှိ အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်း ရဲဝင်ဖမ်း

RangonNewsDaily: February . 11 .2014
စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းမှ အလှပြင်ဆိုင်အမည်ခံထားသည့် တရားမ၀င်အနှိပ်ခန်းတစ်ခု ကို ဖေဖော်ဝါရီ ၉ ရက်
တွင် မြို့နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးလိုက်သည်။နံနက် ၂ နာရီခွဲအချိန်ကစမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့
သည် ကြိုတင်သတင်းအရ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်း အမှတ် (စ-၇)ရှိ အလှပြင်ဆိုင်သို့သက်သေများနှင့်အတူ ၀င်ရောက်
ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

နားရွက်ကိုက်ဖြတ်ခံရသဖြင့် အမျိုးသမီးတစ်ဦး အမှုဖွင့်

RangonNewsDaily: February . 11 .2014
လှိုင်သာယာမြို့နယ်တွင် အမျိုးသမီး၂ ဦး စကားများရန်ဖြစ်စဉ် ဝင်ရောက်ဖြန်ဖြေသည့် အမျိုးသမီး တစ်ဦး နားရွက်ကိုက်ဖြတ်ခံရ သဖြင့် ဖေဖောဝါရီ ၉ ရက်တွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ ကန်ပတ်တာလမ်းတွင် ဖေဖော်ဝရီ ၉ ရက် နံနက် ၈ နာရီအချိန်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အိုဘားမားနဲ့ ဘီယွန်ဆေး ချစ်ကြိုက်ကြောင်း ပြင်သစ် မီဒီယာတို့ဖွ

Photo: အိုဘားမားနဲ့ ဘီယွန်ဆေး ချစ်ကြိုက်ကြောင်း ပြင်သစ် မီဒီယာတို့ဖွ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ပြင်သစ် အခြေဆိုက် မီဒီယာ အချို့က အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန်က လူမည်း အဆိုတော် ဘီယွန်ဆေးတို့ ချစ်ကြိုက်လျက် ရှိကြောင်း သတင်းဖွခဲ့ကြ ပါတယ်။

သို့ပေမယ့် ဒါဟာ ရယ်စရာ ဟာသ တစ်ခုဖြစ်ကြောင်း ဘီယွန်ဆေး မှ ပြန် လည် ပြောဆိုခဲ့ ပါတယ်။ အမေရိကန် သမ္မတ အဖြစ် စတင် အခန့်အပ်ခံ ရချိန် သမ္မတ အိုဘားမားဟာ ဘီယွန်ဆေးကို သီချင်း ဆိုဖို့ ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အိုဘားမားရဲ့ ဇနီး မွေးနေ့ ပါတီမှာလည်း ဘီယွန်ဆေးကို သီချင်းဆိုဖို့အတွက် ဖိတ်ကြားခဲ့ ပါတယ်။ အိုဘားမား ကိုယ် တိုင် ကလည်း ဘီယွန်ဆေးက သူ ခရေဇီ ဖြစ်တဲ့ အဆိုတော် တစ်ဦး ဖြစ်ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောဆိုခဲ့ဖူးကြောင်း ဆိုပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကတော့ အရွယ်ငယ် မော်ဒယ် မလေး တစ်ဦးနဲ့ ချစ်ကြိုက်နေကြောင်း သတင်းထွက် ပြီးတော့ သူ့ First Lady နဲ့ အိမ်ထောင်ကွဲခဲ့ပြီ ဖြစ်ကြောင်း ဆိုပါတယ်။ သို့ပေမယ့် ယခု အဖွခံရတဲ အိုဘားမားနဲ့ ဘီယွန်ဆေး သတင်းကတော့ ရယ်စရာ တစ်ခု အဖြစ်သာ ကျန်ရှိစေခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

RangonNewsDaily: February . 11 .2014
ပြင်သစ် အခြေဆိုက် မီဒီယာ အချို့က အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန်က လူမည်း အဆိုတော် ဘီယွန်ဆေးတို့ ချစ်
ကြိုက်လျက် ရှိကြောင်း သတင်းဖွခဲ့ကြ ပါတယ်။

မိမိကို အတုခိုးလေ့ရှိသည့် သမီးလေး၏ ဓာတ်ပုံကို ဂီဆီလီဘန်ချန် ပြသ

Photo: မိမိကို အတုခိုးလေ့ရှိသည့် သမီးလေး၏ ဓာတ်ပုံကို ဂီဆီလီဘန်ချန် ပြသ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။

သူမကို အတုခိုး အားကျကာ လိုက်လံ တုပလေ့ရှိသည့် သမီးလေး၏ ချစ်စဖွယ် ပုံရိပ်ကို ဂီဆီလီ ဘန်ချန်က Twitterတွင် လွှင့်တင်ခဲ့သည်။ အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။ ယင်းလှုပ်ရှားမှုကို ရိုက်ယူထားသည့် ဓာတ်ပုံကို ဂီဆီလီက Twitterတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ နောက်ဘက်မှ ရိုက်ကူးထားသော ဓာတ်ပုံတွင် (၁၀)လအရွယ် ကလေးမလေးသည် မိခင်နှင့်အတူ ယှဉ်လျှက် ခြေချိတ်ထိုင်ရင်း ပြူတင်းပေါက် တစ်ခုဘက် မျက်နှာမူနေသည်ကို တွေ့ရသည်။

ဂီဆီလီက သားအမိ နှစ်ဦး၏ ဓာတ်ပုံကို Follower 725000ကျော်ရှိသည့် သူမ၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ပြီး "မင်္ဂလာ နံနက်ခင်းပါ။ အလုပ်အတွက် အသင့်ဖြစ်နေပြီ။ သမထ ကျင့်စဉ်ကို ခပ်လောလောလေး လုပ်နေပါတယ်။ ပျော်စရာပါပဲ"ဟု အင်္ဂလိပ်၊ ပေါ်တူဂီ နှစ်ဘာသာဖြင့် ရေးသားထားခဲ့သည်။ ကလေးနှစ်ဦး၏ မိခင်ဖြစ်သော စူပါမော်ဒယ်လ်သည် လတ်တလောတွင် ဘရာဇီးလ်သို့ ပြန်ရောက်နေသည်။ ဂီဆီလီသည် ဩဂုတ်လကလည်း ယောဂလေ့ကျင့်နေစဉ် သူမ၏ သမီးလေးက လိုက်လံတုပနေသည့် ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့သေးသည်။ ဂီဆီလီသည် (၂၀၀၉)ခုနှစ်က အမေရိကန်ဘောလုံး အားကစားသမား တွမ်ဘရာဒီနှင့် လက်ထပ်ခဲ့ပြီး ဗီဗီယန်၏ အထက်တွင် (၃)နှစ်အရွယ် သားကြီး ဘင်ဂျမင်ကိုလည်း မွေးဖွားထားသည်။

Myawady News

RangonNewsDaily: February . 11 .2014
အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။