Pages

Friday, February 7, 2014

ဆိုချီအိုလံပစ်ကို ကြိုဆိုလိုက်သည့် အီရီနာရှက်ခ်

Photo: ဆိုချီအိုလံပစ်ကို ကြိုဆိုလိုက်သည့် အီရီနာရှက်ခ်
Friday, February 7, 2014

ရုရှားစူပါမော်ဒယ်လ် အီရီနာသည် ဆိုချီအိုလံပစ်ကို ကြိုဆိုသည့် အနေဖြင့် Twitterတွင် ဓာတ်ပုံတစ်ပုံကို လွှင့်တင်ထားခဲ့

ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် စီစဉ်မှု ညံ့ဖျင်းမှုများအတွက် စွပ်စွဲမှုများ ထွက်ပေါ်နေသည့်တိုင် အီရီနာရှက်ခ် အနေဖြင့်မူ ဆိုချီဆောင်းရာသီ အိုလံပစ်အတွက် အပြည့်အဝ ကျေနပ်ဂုဏ်ယူနေသည်။ ရုရှားစူပါမော်ဒယ်လ် အီရီနာသည် ဆိုချီအိုလံပစ်ကို ကြိုဆိုသည့် အနေဖြင့် Twitterတွင် ဓာတ်ပုံတစ်ပုံကို လွှင့်တင်ထားခဲ့သည်။ အဆိုပါ ဓာတ်ပုံတွင် အီရီနာအနေဖြင့် ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကို ဗလာကျင်းလျှက် ရှိစေကာ ဆိုချီ(၂၀၁၄)ဆိုသော စာတမ်းပါ လက်အိတ်လေး နှစ်ခုဖြင့် ရင်သားများကို ဖုံးကွယ်ထားသည်ကို တွေ့ရသည်။ ထို့အပြင် ဆိုချီအိုလံပစ်အတွက် သူမဝယ်ယူထားသည့် လက်မှတ်ကိုလည်း ဓာတ်ပုံရိုက်ကာ အီရီနာက Instagramတွင် လွှင့်တင်ခဲ့သေးသည်။

အသက်(၂၈)နှစ်ရှိ အီရီနာသည် လတ်တလောတွင် ရုရှားသို့ ခေတ္တပြန်ရောက်နေပြီး ချစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒို၏ မွေးနေ့တွင် အတူရှိမနေခဲ့ချေ။ စပိန်ကလပ် ရီးယဲလ်မက်ဒရစ်တွင် ကစားနေသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်လ်ဒိုသည် ဗုဒ္ဓဟူးနေ့က အသက်(၂၉)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်လည်းဖြစ်သည့် ရော်နယ်လ်ဒိုအတွက် ယခုနှစ် မွေးနေ့ပွဲတွင် ချစ်သူနှင့် ကင်းကွာနေသလို အနီကတ် ပြစ်ဒဏ်ကြောင့် (၃)ပွဲအပယ်ခံထားရပြန်သောကြောင့် ပျော်စရာ အကောင်းဆုံး ဖြစ်ခဲ့ဟန် မရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

RangonNewsDaily: February . 7 .2014
ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် စီစဉ်မှု ညံ့ဖျင်းမှုများအတွက် စွပ်စွဲမှုများ ထွက်ပေါ်နေသည့်တိုင် အီရီနာရှက်ခ် အနေဖြင့်မူ ဆိုချီဆောင်းရာသီ အိုလံပစ်အတွက် အပြည့်အဝ ကျေနပ်ဂုဏ်ယူနေသည်။

အသက်အငယ်ဆုံး ဆိုင်ကယ်စီး ကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ရာသီကြို စမ်းသပ်မှုမှာ အမြန်ဆုံးစံချိန်ထပ်တင်

Photo: အသက်အငယ်ဆုံး ဆိုင်ကယ်စီး ကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ရာသီကြို စမ်းသပ်မှုမှာ အမြန်ဆုံးစံချိန်ထပ်တင်
Friday, February 7, 2014

စပိန်လူမျိုး အသက် ၂၀ အရွယ် ဆိုင်ကယ်စီးကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ဟာ မလေးရှားနိုင်ငံ၊ ဆီပမ်း မြို့ မှာ ပြုလုပ်ခဲ့တဲ့ MotoGP ရာသီကြို စမ်းသပ်မှုမှာ သူ့ ရဲ့ ထိပ်သီးပြိုင်ဘက်အားလုံးကို ဖြတ်ကျော်ဦးဆောင်ပြီး အမြန်ဆုံးစံချိန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူ့ ရဲ့ ဟွန်ဒါ ရက်ပ်ဆိုး ဆိုင်ကယ် နဲ့ ၅၉.၅၃၃ စက္ကန့် နဲ့  အမြန်ဆုံးတစ်ပတ် ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီစံချိန်ဟာ ချန်ပီယံခြောက်ဆုပိုင်ရှင် ဗလာတီနို ရော့စီ ထက် ၀.၁၉၄ စက္ကန့် ပိုမြန်ခဲ့တာပါ။ နှစ်ထပ်ကွမ်း ချန်ပီယံ ဂျော့် လိုရန်ဇို ကတော့ အဆင့်
၃ နဲ့ ပန်းဝင်ခဲ့ပါတယ်။

မားကွက်ဇ် ဟာ နိုဝင်ဘာလ က ပြုလုပ်ခဲ့တဲ့ ဗလင်စီယာ ဂရင်းပရစ် (Grand Prix) ပြိုင်ပွဲရာသီမှာ အသက်အငယ်ဆုံး MotoGP ချန်ပီယံဖြစ်
လာခဲ့ပြီး ပထမဆုံးနှစ်မှာပဲ ကမ္ဘာ့ချန်ပီယံဘွဲ့ ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်
ပါတယ်။

Grand Prix ချန်ပီယံဟောင်း ဂျော့်ဂ်လိုရန်ဇို ကိုယ်တိုင်က မာ့စ်မားကွက်ဇ်
ဟာ ဆိုင်ကယ်လောက ကို အကြာကြီးအုပ်စိုးသွားမယ့်လူသစ်တစ်ယောက်
ဖြစ်တယ်လို့  ဟောကိန်းထုတ်ထားပါတယ်။

ဒုတိယမြောက် စမ်းသပ်မှုကို ဖေဖော်ဝါရီလနောက်ပိုင်းမှာ ပြုလုပ်
သွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Ref: bbc.com
Trend Myanmar

RangonNewsDaily: February . 7 .2014
စပိန်လူမျိုး အသက် ၂၀ အရွယ် ဆိုင်ကယ်စီးကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ဟာ မလေးရှားနိုင်ငံ၊ ဆီပမ်း မြို့ 
မှာ ပြုလုပ်ခဲ့တဲ့ MotoGP ရာသီကြို စမ်းသပ်မှုမှာ သူ့ ရဲ့ ထိပ်သီးပြိုင်ဘက်အားလုံးကို ဖြတ်ကျော်ဦးဆောင်ပြီး အမြန်ဆုံးစံချိန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည် Friday, February 7, 2014 မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “အခုက ဖုန်းသုံးစွဲသူဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက် သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ခု ခန့် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ The Voice Weekly

Photo: မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည်
Friday, February 7, 2014

မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အခုက ဖုန်းသုံးစွဲသူဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက် သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ခု ခန့် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly


RangonNewsDaily: February . 7 .2014
မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း

Photo: ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း
Friday, February 7, 2014

ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။

အစိုးရက ဒုချီရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရှင်းလင်းပြီး ရက်သတ္တပတ်အကြာမှာ အဲ့ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။

အဲ့ဒီကော်မရှင်ဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ဇန်န၀ါရီလ ၂၈ရက်နေ့က ဒုချီးရားတန်း (အနောက်) ကျေးရွာ မီးလောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ အဲဒီဖြစ်စဉ်နဲ့ဆက်စပ်တဲ့ သတင်းထုတ်လွှင့်မှုတွေအပေါ် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်တွေနဲ့အတူ နိုင်ငံတော်သမ္မတဆီကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အစီရင်ခံစာတင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဌ၊ ဒေါက်တာကျော်ရင်လှိုင်ကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားပြီး နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ငွန်ကျုံးလျန်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ၊ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးသာပွင့်နဲ့ မောင်တောမြို့က ရပ်မိရပ်ဖ ဦးလှသိန်းတို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

RFA Burmese

RangonNewsDaily: February . 7 .2014
ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။

တွံတေးက လယ်မြေ သိမ်းဆည်းခံ လယ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Photo: တွံတေးက လယ်မြေ သိမ်းဆည်းခံ လယ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Friday, February 7, 2014

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ လယ်မြေ သိမ်းဆည်းခံ လယ်သမား ၂၀ က ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိရေး နှင့် နစ်နာကြေးများ ရရှိရန်အတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ယင်း လယ်သမားများမှာ ခတ္တိယ ကျေးရွာအုပ်စု၊ ရွာတန်းရှည် ဦးချိတ်စုနှင့် ဗောဓိကုန်း ကျေးရွာများမှ ဖြစ်ပြီး ၎င်းတို့၏ လယ်မြေ

များကို ၂၀၀၀-၂၀၀၁ ခုနှစ်ခန့်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တွံတေး တပ်ရင်း (၇၀)က တာဝန်ရှိသူတဦး ဖြစ်သည့် တပ်ကြပ် ကြီး တင်ဝင်းက တဧကလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် လယ်ယာမြေ ဧက ၁၇၀ ခန့်ကို အဓမ္မ ၀ယ်ယူ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောပြသည်။

ဗောဓိကုန်းကျေးရွာနေ လယ် ၁၂ ဧက ပိုင်ရှင်ဖြစ်သူ ဒေါ်နော်အဲဗရီမိုးက“သူတို့ တိုင်လာစိုက်တယ်၊ စစ်သားတွေလာတယ်ဆို ကျမ တို့ ကကြောက်တယ်၊ သူတို့က လယ်သိမ်းသွားတယ်၊ လျော်ကြေးရယ်မဟုတ်ဘဲ တဧကကို နှစ်သောင်းခွဲ ၊ နှစ်သောင်းရှစ်ထောင် နဲ့ပေးတယ်၊ ကျမတို့က မရောင်းချင်ဘူး၊ ကိုယ့်လယ်ကလုပ်လို့ ဖြစ်နေတော့ သူတို့က မရောင်းလည်း သိမ်းမှာဘဲ၊ ငွေယူရင်ယူ မယူ ရင်လည်း သိမ်းမယ့်ပုံနဲ့ဆိုတော့”ဟု ပြောသည်။

လယ် ၇ ဧက သိမ်းဆည်းခံထားရသည့် ဒေါ်နော်ဆာထူးကလည်း လယ်အစား ပြန်လိုချင်သော်လည်း ထိုက်တန်သည့် တန်ဖိုးဖြင့်

သတ်မှတ်၍ ပေးစေချင်သည်ဟု ပြောဆိုသည်။

ဒေါ်နော်ဆာထူးက“ကျမရဲ့ လယ် ၇ ဧက ပါသွားတယ်၊ အခု အသိမ်းခံထားရတဲ့လယ်တွေ ပြန်ရတာမျိုးရှိတော့ ကျမတို့လည်း မျှော်လင့်တာပေါ့၊ လိုချင်တာကတော့ လယ်ပဲပြန်လိုချင်တာပေါ့၊ အခုတော့ လယ်တွေက ကန်တွေဖြစ်နေပါပြီ၊ နိုင်ငံတော်က ထိုက်ထိုက် တန်တန်နဲ့ ပြန်ပေးရင်တော့ အကောင်းဆုံးပေါ့နော်”ဟု ပြောသည်။

ထို လယ်ယာမြေများကို ၁၉၇၁ ခုနှစ်မှစတင်၍ မြေလွတ်မြေရိုင်းများကို ပြုပြင်ပြီး စပါးများစိုက်ပျိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၅ ခု နှစ် နောက်ပိုင်းတွင် လယ်ယာမြေစာရင်းဝင်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လယ်ယာမြေ စာရင်းဝင်ပြီးနောက်ပိုင်း နှစ်စဉ်အခွန်များ ပေးသွင်းခြင်း၊ အစိုးရသို့ တာဝန်ကျေစပါးများ သတ်မှတ် နှုန်း ထား အတိုင်း ရောင်းချပေးခဲ့ခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။

ရွာတန်းရှည် ဦးချိတ်စု ကျေးရွာနေ လယ် ၅ ဧက ပိုင်သူ ဦးချူက “လာပြီးတော့ အဓမ္မသိမ်းတဲ့သဘောပါပဲ၊ မရရင်လည်းသိမ်းမှာပဲ၊ ရလည်းသိမ်းမှာပဲ ဆိုတော့ သူတို့ပေးသရွေ့ပဲ ကိုယ်က ယူထားလိုက်တာ၊ မယူထားရင်လည်း အဲဒီ အချိန်တုန်းက စားစရာမရှိဘူး၊ အရင် အသိမ်းခံခဲ့ရတဲ့နှစ်ကဆို စပါးတင်း ၂၈၀ လောက်ရတယ်၊ အခုတော့ လက်လုပ်လက်စားပဲ၊ ကြွေးမြီတွေ ဖြစ်ပြီး သမီးလေး တောင် ကျောင်းမနေနိုင်တော့ဘဲ ထွက်လိုက်ရပြီ”ဟု ပြောသည်။

လယ်ယာမြေဥပဒေတွင် မူလလုပ်ပိုင်ခွင့် ရရှိထားသူကို နစ်နာမှုလုံးဝမရှိစေရန်နှင့် လျော်ကြေးပေးခြင်း၊ အခြားနည်းလမ်းများဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်အကျိုးအတွက် ပြုလုပ်သည့် စီမံကိန်းကြောင့် လယ်မြေကိုသိမ်းယူရာတွင်လည်း အနည်းဆုံး လိုအပ်သော ပမာဏကိုသာ သိမ်းယူရန်နှင့် စီမံကိန်းများ ဆောင်ရွက်ခြင်းမပြုလုပ်ပါက မူလ လယ်လုပ်ပိုင်ခွင့် ရှိသူထံသို ပြန်လည်ပေးအပ်ရမည် ဟု ပါရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကလည်း တပ်ကသိမ်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် တပ်ပိုင်မြေများအတွက် မူလလယ်ယာမြေ ပိုင်ဆိုင်သူများသို့ ပြန်လည်ပေးအပ်မည် သို့မဟုတ် ထိုက်တန်သည့် ကာလ တန်ကြေး လျော်ကြေးငွေ ပေးအပ်သွားမည်ဟု ပြောဆိုထားသည်။

ဧရာဝတီ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာပန်းခြံ၌ မြေအသိမ်းခံရသည့် လယ်သမားများ ဇူလိုင်လ ၁၅ ရက်နေ့က လာရောက် ဆန္ဒပြနေစဉ်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာပန်းခြံ၌ မြေအသိမ်းခံရသည့် လယ်သမားများ ဇူလိုင်လ ၁၅ ရက်နေ့က လာရောက် ဆန္ဒပြနေစဉ်
RangonNewsDaily: February . 7 .2014
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ လယ်မြေ သိမ်းဆည်းခံ လယ်သမား ၂၀ က ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိရေး နှင့် နစ်နာကြေးများ ရရှိရန်အတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ပညာရေး ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး

Photo: ပညာရေး ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး
Friday, February 7, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ မနေ့ညနေက သမ္မတရုံးဝန်ကြီးဌာနရုံးမှာ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်လာအောင် တွေ့ဆုံဆွေးနွေးကြတာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။

“အဓိကက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးနဲ့ ကျနော်တို့ သမ္မကြီးဘက်ကလုပ်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး အဲဒါကိုနှစ်ဦးနှစ်ဘက် အပြန်အလှန်ပေါ့လေ နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်သွားဖို့၊ နိုင်ငံ့အကျိုးအတွက် ပညာရေးကဏ္ဍမှာ ပူးပေါင်းသွားဖို့ အဲဒါအဓိက ဆွေးနွေးတာပါ”

အဲ့ဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းလည်း တက်ရောက်ခဲ့ပါတယ်။
အစိုးရကဖွဲ့စည်းထားတဲ့ လက်တွေ့ကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးကော်မတီကို သမ္မတရုံးအမှတ် ၅ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဥက္ကဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

RFA Burmese

RangonNewsDaily: February . 7 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ မနေ
့ညနေက သမ္မတရုံးဝန်ကြီးဌာနရုံးမှာ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေအတွက်
တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ခရစ်ယာနှ်နှင့် မွတ်စလင်တွေ အခွင့်အရေး လေးစားမှ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာ ပြန်ဝင်နိုင်မည် ဟု အိုဘာမားပြော

RangonNewsDaily: February . 7 .2014
ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါဝင်လာနိုင်ရေးအတွက်အခရာ
ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အို
ဘားမားက၀ါရှင်တန်မြို့တော်မှာကျင်းပတဲ့အမေရိကန်ရိုးရာNational Prayer Breakfast ခေါ် နှစ်ပတ်လည်
ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

ဒုချီရာတန်း မီးလောင်မှု DVB သို့ဖြေကြားချက်ကြောင့် ဦးရွှေမောင်အား သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ စစ်ဆေး

U Shwe Maugn

RangonNewsDaily: February . 7 .2014ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီရာတန်း ကျေးရွာ မီးလောင်မှု ကိစ္စ တွင် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများ၏ သတင်းပို့ချက်အား DVB  သတင်းဌာနသို့ ပြည်သူ့
လွှတ်တော် အမတ် ဦးရွှေမောင် ပြောကြားချက်နှင့်ပတ်သက်၍သမ္မတညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ တွေ
့ဆုံ စစ်ဆေးမည့် အကြောင်း ဦးရွှေမောင်မှ ၄င်း၏ FB စာမျက်နှာတွင် အောက်ပါ အတိုင်းရေးသား ဖော်ပြခဲ့ပါ
သည်။

အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ

Photo: အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ
Friday, February 7, 2014

စာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် အိမ်အဖျက်ခံရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးကလေးကျေးရွာသားတွေ ပဲခူးမြို့ အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ စာမေးပွဲဖြေဆိုပြီးချိန်ထိ ပဲခူးတိုင်းရဲတပ်ဖွဲ့က နေခွင့် ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက သပိတ်စခန်းဖွင့်မယ်ဆိုတဲ့သတင်းကြောင့် ပဲခူးက အာဏာပိုင်တွေ သမီးကလေးကျေးရွာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ အလံနီဆည်အနီး အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကို ရောက်ရှိလာပြီး ရွာသားတွေက စာမေးပွဲဖြေဆိုရမယ့် ကျောင်းသားတွေရှိလို့ နေခွင့်ပြုပေးဖို့ တောင်းဆိုလိုက်တာပါ။

ThaMeLay Villageပဲခူးအာဏာပိုင်တွေက ကျောင်းသားတွေရဲ ပညာရေးကို ရှေးရှုပြီး အချိန် ၁ လလောက် နေခွင့်ပြုလိုက်တာလို့ သမီးကလေးကျေးရွားသား ဦးဝင်းစိုးက ပြောပါတယ်။

“ပဲခူးတိုင်းဘက်က အာဏာရှင်တွေ လာတယ်။ အခုအချိန်အထိ ရဲတပ်ဖွဲ့က မပြန်သေးဘူး။ ကျနော်တို့နဲ့ စကားပြောနေကြတယ်။ ကျနော်တို့ကို သူတို့က ကျောင်းသားတွေ စာမေးပွဲကို ရှေးရှုပြီးတော့ ၁ လလောက် အချိန်ပေးတယ်။ ၃ လပိုင်းအကျော်အထိ ကျနော်တို့ကို စောင့်ပေးတယ်။ ၃ လပိုင်းကျော်တာနဲ့ ကျနော်တို့ကို ဒီနေရာမှာ မနေဖို့ ပြောသွားတယ်။ သမီးလေး ရွာက ကျောင်းသားဦးရေ ၈၀ ကျော်လောက် ရှိတယ်။”

ပဲခူးတိုင်း အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ အိမ်ခြေဖျက်ခံရလို့ ဒုက္ခရောက်နေတဲ့ မိသား ၂၀၀ ကျော်၊ လူဦးရေး ၅၀၀ နီးပါးရောက်လာပြီး ခိုလှုံနေတာ ဖြစ်ပါတယ်။

လူလူချင်း စာနာတဲ့စိတ်နဲ့ အခုလို ခိုလှုံခွင့်ပေးထားတာလို့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက ဒီဗွီဘီကို အခုလို မိန့်ကြားခဲ့ပါတယ်။

“သူတို့က အထက်က ညွှန်ကြားချက်အတိုင်း လက်ခံလို့ မရတဲ့အကြောင်း ဆရာတော့်အနေနဲ့ သူတို့ကို မေတ္တာရပ်ခံပေးပါတဲ့။ အုပ်ချုပ်ရေးမှူးက စာပို့တယ်။ သူတို့ကလည်း အေးအေးဆေးဆေး လာကြည့်ရင်းနဲ့ ပြောတာပါ။ ဒကာကြီးလို့၊ ဦးဇင်းတို့က ဗုဒ္ဓဘာသာ ဘာသာရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ် ဒုက္ခရောက်နေရင် ကူညီရမှာပဲလို့၊ အဲဒီတော့ ဒကာကြီးတို့ တာဝန်ရှိလို့ အရေးယူမယ်ဆိုရင် တာဝန်အတိုင်း ဆက်လုပ်ပါလို့ ဦးဇင်းက ဒီလူတွေကို ဒီမှာ မနေနဲ့လို့ ဦးဇင်းမပြောနိုင်ဘူး။ ဒကာကြီးတို့လည်း လုပ်စရာရှိတာဆက်လုပ်ပါ။ ဦးဇင်းလည်း ဦးဇင်းလုပ်စရာရှိတာ ဆက်လုပ်ပါမယ်လို့ ပြောလိုက်တယ်။”

သမီးကလေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုရေးအကူအညီတွေ ပေးနေတဲ့ ဦးမှတ်ကြီးက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ သမီးကလေးကျေးရွာဒုက္ခသည်တွေ နေရေးနဲ့ စားရေး အခက်တွေ့နေတယ်လို့ ပြောပါတယ်။

“အဲဒီမှာ သူတို့ ရွက်ဖျင်တဲလေးတွေ ထိုးထားတယ်။ အပေါ်မိုးပဲရှိတယ်။ ဘာအကာမှ မရှိဘူး။ သူတို့ တန်းလျားပုံစံမျိုး နေနေတယ်။ ပိုဆိုးတာက ကျနော်တို့ ၀င်သွားပြီးတော့ ရဲကားတွေ ရောက်လာပြီး သူတို့ကို ဖမ်းမယ်ဆီးမယ် ခြောက်နေတော့ ကြောက်နေကြတာ။”

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာနေ မိသားစု ၄၀၀ ကျော် လူဦးရေး ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ပဲခူးတိုင်းဒေသကြီး အလံနီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ကျွဲတဲကျေးရွာအပါအ၀င် ကျေးရွာအချို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်သိမ်းဆည်းပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

DVB

RangonNewsDaily: February . 7 .2014
စာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် အိမ်အဖျက်ခံရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးကလေးကျေးရွာသားတွေ ပဲခူးမြို့ အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ စာမေးပွဲဖြေဆိုပြီးချိန်ထိ ပဲခူးတိုင်းရဲတပ်ဖွဲ့က နေခွင့် ပေးလိုက်ပါတယ်။

Viber က Message တွေကို Backup လုပ်ပေးနိုင်တဲ့ - Backup Text For Viber v.0.9.5 APK

Cover art
RangonNewsDaily: February . 7 .2014
ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့တင်ဘဲ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ကျွန်တော်တို့ Viber ကို သာသုံးနေကြတာပါ။ Message တွေကို Backup လုပ်လို့မရဘူးဆိုတာလူတိုင်းသိပါတယ်။

Pocket Girlfriend Apk v1.29 (အသက်18နှစ်အထက်ယောက်ကျားလေးများသာကစားရန်)

 
RangonNewsDaily: February . 7 .2014
Game တွေမတင်ပေးရတာကြာလာလို့ အခု Game တွေဖက်ကို လှည့်လိုက်ပါဦးမယ်ဗျာ။  အခုတင်ပေးလိုက် တဲ့ Game လေးကတော့ ကျွန်တော့်ဘော်ဒါတွေ 18နှစ်ပြည့်ပြီးသား ယောက်ကျားလေး များအတွက်သီးသန့် Android Game လေးပါ။

ဂေါ်ဒူသာရ ကျေးရွာမှ ရိုဟင်ဂျာ နေအိမ်များမီးရှို့ခံနေရ

RangonNewsDaily: February . 7 .2014
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာရှိ ရိုဟင်ဂျာလူမျိုးများ၏ နေအိမ်များကို ရခိုင်အစွန်းရောက်များက နံနက်လင်းအားကြီး ၁ နာရီ ၁၀ မိနစ် အချိန်တွင် မီးစတင်ရှို့ခဲ့ပြီး၊ ရွာအတွင်း အိမ်များမီးလောင်လျက်ရှိနေကြောင်း မျက်မြင်သက်သေတစ်ဦးမှ RB News သို့ ဖုန်းဖြင့် သတင်းပေးပို့ထားသည်။

" အက်ရှင်ဇာတ်ကားရိုက်မယ့် အလှမယ် ထားထက်ထက်"

Photo: " အက်ရှင်ဇာတ်ကားရိုက်မယ့် အလှမယ် ထားထက်ထက်"
Thursday, February 6, 2014

Miss Grand Myanmar ထားထက်ထက်က ပရဟိတလုပ်ငန်းတွေ လုပ်ကိုင် ရင်း ပထမဆုံးဇာတ်ကားအတွက် ရိုက်ကွင်းတွေ ကို လိုက်လေ့လာဖြစ်နေတဲ့ ထားထက်ထက်က မကြာခင်မှာ အက်ရှင်ဇာတ်ကား ရိုက်ကူး တော့ မှာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီး 

“အက်ရှင်ကားရိုက်ဖို့လုပ်ဖြစ်တာက ကိုယ်နဲ့လိုက်တယ်လို့ထင်လို့ပါ။ အားကစားသမား တစ်ယောက်ဖြစ်တဲ့ အတွက် လုပ်နိုင်မယ်ထင်တာရယ်၊ အက်ရှင်ကားကို စိတ်ဝင်စားတဲ့အတွက်ရယ်၊ အဲဒါတွေကြောင့် ရိုက် ဖို့စီစဉ်ဖြစ်တာပါ။

ထားထက်ငယ်ငယ် တုန်းကတော့ ရိုက်ကွင်းတွေလိုက်ကြည့်ဖူးတယ်။ အခုကကျတော့ပညာရဖို့လိုက်လေ့လာရတာပေါ့။ ကိုယ်ကအခုမှစပြီးရိုက်တဲ့အခါ တအားအစိမ်းသက်သက်မဖြစ် နေအောင်ပါ။ ကားရိုက်ဖို့အတွက် အိမ်မှာလည်း အစ်မတွေကကရာတေး ကစားတယ်ဆိုတော့ ပြန်သင်နေရတယ်။ ဝူရှူးကစားတယ်။ ကျွမ်းဘားကိုလည်း ပြန်လေ့ကျင့်နေ ပါတယ်။ ကိုယ့်ရဲ့ပထမဆုံးကားဖြစ်တဲ့အတွက် ကိုယ်နဲ့လည်းလိုက်ဖက်မယ့် ဟာမျိုး၊ လုပ်နိုင်တာမျိုးဖြစ်တဲ့အတွက် အပြည့်အဝယုံကြည်မှုတော့ ရှိပါတယ်။

တစ်ခါမှ မလုပ်ဖူးတဲ့အတွက် ကိုယ့်အတွက်အသစ်အဆန်းဖြစ်တယ်။ ရင် ခုန်တယ်။ စွန့်စားရတာမျိုးလည်းဖြစ်တယ်လေ” လို့ပြောပြပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily: February . 7 .2014
Miss Grand Myanmar ထားထက်ထက်က ပရဟိတလုပ်ငန်းတွေ လုပ်ကိုင် ရင်း ပထမဆုံးဇာတ်ကားအတွက် ရိုက်ကွင်းတွေကိုလိုက်လေ့လာဖြစ်နေတဲ့ထားထက်ထက်ကမကြာခင်မှာ အက်ရှင်ဇာတ်ကား ရိုက်ကူး တော့
 မှာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီး

" ပြည်သူတွေသိအောင်အရင်လုပ်ပြီးမှ သန်းခေါင်စာရင်း ကောက်သင့်တယ်ဆိုတဲ့ ဇာဂနာ "

Photo: " ပြည်သူတွေသိအောင်အရင်လုပ်ပြီးမှ သန်းခေါင်စာရင်း
ကောက်သင့်တယ်ဆိုတဲ့ ဇာဂနာ "
Thursday, February 6, 2014

သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ပြည်သူများ ဘယ်လောက်သိသလဲ အရင် လုပ်ဆောင်ပြီးမှ သန်းခေါင် စာရင်းကောက်သင့် ကြောင်း ဇာဂနာက ပြောသည်။

ဇာဂနာသည် သန်းခေါင် စာရင်း ပညာပေး ဇာတ်လမ်း၊ ပညာပေးကြော်ငြာ များကို တိုင်းရင်းသား မျိုးနွယ်စုအလိုက် ရိုက်ကူးနေကြောင်း သိရသည်။

ပြီးခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် က သတင်းပေးမှု နည်းတဲ့အတွက် ပြည်သူတွေ က နားလည်မှု နည်းတာပါ” ဟု ဇာဂနာက ပြောသည်။

”သန်းခေါင်စာရင်း ပညာပေးဇာတ်လမ်းနဲ့ ပတ် သက်လာရင် ပြည်သူတွေဘက်က သိအောင် ပညာပေးဖို့ ကျွန်တော့် မှာရော အားလုံးမှာရော တာဝန် အပြည့်ရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။

၁၉၇၃ ခုနှစ်တုန်းက ကျွန်တော့် အသက် ၁၂ နှစ် လောက်ပဲ ရှိသေးတယ်။ သန်းခေါင် စာရင်းကောက်တာကို နားမလည်ခဲ့ဘူး။ အဲဒီလိုပဲ အခုလောလောဆယ်ပြဿနာ က ပြည်သူ လူထုတွေနားလည်တဲ့ သန်းခေါင်စာရင်းနဲ့ ကောက် ယူမည့် သန်းခေါင် စာရင်းမှာ လွဲမှားနေတယ်”ဟု ပြောသည်။

ရန်ကုန်မြို့နေ လူထုတစ်ရပ်ပဲ နားလည်လို့မရဘူး။ ကျွန်တော်က ကွင်းဆင်းပြီးမှ လုပ်တယ်။ ဒီသန်းခေါင် စာရင်း ဝေါဟာရကို နားမလည်ကြဘူး”ဟု ၄င်းက ဆက်ပြော သည်။

ကျွန်တော် ဒီသန်းခေါင် စာရင်းနဲ့ပတ်သက်ပြီး စကားလုံး တစ်လုံးရလာတယ်။ မှန်မှန်ကန်ကန် ဖြေဆိုတာဟာ ကျွန် တော်တို့ တိုင်းပြည်အတွက် ၁ဝ နှစ်စာ ရင်းနှီးမြှုပ်နှံ လိုက်တာ နဲ့ အတူတူပဲ။ ကျွန်တော်တို့ တိုင်းပြည်၊ လူမျိုး၊ နိုင်ငံ သားစဉ် မြေးဆက် အတွက် သန်းခေါင် စာရင်းကို မှန်မှန်ကန်ကန် ဖြေဖို့လိုတယ်ဆိုတဲ့ အသိပေးချင်လို့ တိုင်းရင်းသား ပေါင်းစုံကို အနုပညာရှင်သိုက်သိုက်ဝန်းဝန်းရိုက်ကူးတာပါ” ဟု ဇာဂနာက ပြောသည်။

အဆိုပါသန်းခေါင်စာရင်း ရိုက်ကူးမှုတွေ ပြည်တွင်း အနုပညာရှင်များ သာမက အင်္ဂလန်နိုင်ငံ သံအမတ်ဟောင်း ဗစ်ကီနှင့် ဂျာမနီနိုင်ငံသား အိုလီဗာတို့ကလည်း ပါဝင်ကူညီ ရိုက်ကူးပေးကြောင်း သိရသည်။

ထူးထူး

Popular Myanmar News Journal

RangonNewsDaily: February . 7 .2014
သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ပြည်သူများ ဘယ်လောက်သိသလဲ အရင် လုပ်ဆောင်ပြီးမှ သန်းခေါင် စာရင်းကောက်သင့် ကြောင်း ဇာဂနာက ပြောသည်။

နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ

Photo: နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ
Thursday, February 6, 2014

နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ 

ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။

Ref: medic-fact, wiki
International news for myanmar


RangonNewsDaily: February . 7 .2014
နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲ ရွှေထွဋ်တင်ကွင်းတွင် ပြုလုပ်မည်

RangonNewsDaily: February . 7 .2014
နာမည်ကျော်တေးသံရှင် ခြောက်ဦး၏ အချစ်သီချင်းကောင်း များစွာကို နားဆင်ခံစားရမည့် ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်တွင် တာမွေမြို့နယ်၊ စူပါဝမ်း ကုန်တိုက်အနီးရှိ ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သည့် ဦးပီးပေါ်က ပြောကြားသည်။

မိုယက်စ်ကို ယုံကြည်သင့်ဟု ဘက်ဟမ်းထောက်ခံ

Photo: မိုယက်စ်ကို ယုံကြည်သင့်ဟု ဘက်ဟမ်းထောက်ခံ
Thursday, February 6, 2014

မိုယက်စ်၏ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးရရန် သေချာနေပြီဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်ပင် (၇)မှတ် ပြတ်ကျန်နေခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရလဒ်များ ယိမ်းယိုင်နေသော်လည်း မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် စွမ်းရည်ပြည့်ဝ ကောင်းမွန်သူ တစ်ဦးအဖြစ် မိမိ အခိုင်အမာ ယုံကြည်ကြောင်း ဒေးဗစ်ဘက်ဟမ်းက ပြောကြားလိုက်သည်။ ယူနိုက်တက်တွင် ကစားသမားဘဝ အစပြုခဲ့သည့် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းက ဆာအဲလက်စ် ဖာဂူဆန်လက်ထဲမှ အသင်းကို လက်လွှဲယူခဲ့သည့် စကော့သား မန်နေဂျာဘက်မှ ထောက်ခံ ရပ်တည်ခဲ့သည်။ မိုယက်စ်၏ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးရရန် သေချာနေပြီဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်ပင် (၇)မှတ် ပြတ်ကျန်နေခဲ့သည်။

အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နောက် (၁၅)မှတ် ပြတ်ကျန်ခဲ့သည့် ယူနိုက်တက်၏ ရလဒ်ဆိုးများနှင့် ပတ်သက်ပြီး ဘက်ဟမ်းက ယခုရာသီမှာ စပ်ကူးမတ်ကူး ကာလမျိုး ဖြစ်သည်ကို မမေ့သင့်ဟု ထောက်ပြသွားခဲ့သည်။ ဘောလုံးသမား ဘဝမှ အနားယူခဲ့ပြီဖြစ်သော ဘက်ဟမ်းက "ရာသီတိုင်းတော့လည်း အသင်းတစ်သင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိမနေနိုင်ဘူးပေါ့လေ။ ဒီရာသီ အနေအထားကတော့ ခက်ခဲကြမ်းတမ်းလွန်းပါတယ်။ ကျွန်တော်တို့လို ယူနိုက်တက် ကစားသမားဟောင်းမျိုး၊ အသင်းအမာခံ ပရိသတ်မျိုးတွေအတွက်တော့ လက်ခံဖို့ ခက်နေတာ အမှန်ပါ။ ယူနိုက်တက်ဟာ ချန်ပီယံဆုတွေ ဆွတ်ခူးရယူဖို့ အမြဲတမ်းလိုလို အသားတကျ ဖြစ်နေခဲ့တာ မဟုတ်လား"ဟု ပြောကြားခဲ့သည်။

၎င်းက "လက်ရှိအနေအထားကို အကျပ်အတည်း ဆိုက်နေတယ်လို့တော့ မမြင်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ နှစ်ပွဲလောက် ဆက်တိုက်နိုင်လိုက်တာနဲ့ အဆင့်(၄)၊ (၅)လောက်ကို ပြန်ရောက်သွားနိုင်ပါတယ်။ မိုယက်စ်ဟာ ခမ်းနားကြီးကျယ်တဲ့ မန်နေဂျာတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အချိန်တော့ ယူရပါလိမ့်မယ်။ သူဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးကလပ် တစ်ခုဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာတာပါ။ ဒါဟာ သူ့အတွက် စပ်ကူးမတ်ကူး ကာလလောက်သာ ဖြစ်ပါတယ်။ လူတွေကတော့ ခက်ခဲတဲ့ ဘောလုံးရာသီအကြောင်း ပြောကြမှာပါပဲ။ ပရိသတ်တွေက မိုယက်စ်ကို ယုံကြည်ဆဲလို့ ကျွန်တော်ထင်ပါတယ်။ သူယုံကြည်ထားသမျှတိုင်းကို ပရိသတ်ကလည်း ယုံကြည်မှာပါပဲ။ ပွဲစဉ်တွေ အများကြီး အနိုင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar Network

RangonNewsDaily: February . 7 .2014
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရလဒ်များ ယိမ်းယိုင်နေသော်လည်း မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် စွမ်းရည်ပြည့်ဝ ကောင်းမွန်သူ တစ်ဦးအဖြစ် မိမိ အခိုင်အမာ ယုံကြည်ကြောင်း ဒေးဗစ်ဘက်ဟမ်းက ပြောကြားလိုက်သည်။

သမ္မတနှင့် HRW တွေ့ဆုံစဉ် မြန်မာနိုင်ငံ ထောင်အတွင်း ၀င်ရောက်လေ့လာခွင့် တင်ပြ

RangonNewsDaily: February . 7 .2014
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) သည် မြန်မာနိုင်ငံရှိ ထောင်များအတွင်း ၀င်ရောက်လေ့လာ ခွင့်အတွက် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံချိန်တွင် တင်ပြဆွေးနွေးခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် သမ္မတနှင့်တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံသို့လာရောက်သည့် ရည်ရွယ်ချက်နှင့် ရပ်တည်ချက်များကို သံခင်းတမန်ခင်းဖြစ် ဆွေးနွေးခဲ့ခြင်းဖြစ်ကာ အသေးစိတ် ဆွေး နွေးသဘောတူညီချက်များကို ချမှတ်ခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။

Valentine Day’s စကားလုံးများ

Photo: ပြန်လည် ကိုးကား ရေးသားနိုင်မယ့် အကောင်းဆုံး Valentine Day’s စကားလုံးများ
Thursday, February 6, 2014

၁။ ရူးသွပ်မှု မဟုတ်ဘူးဆိုရင် အဲ့ဒါ အချစ်မဟုတ်တော့ဘူး။

“When love is not madness, it is not love.”

Pedro Calderon de la Barca (စပိန် ပြဇာတ်ဆရာ ၁၆၀၀-၁၆၈၁)

၂။ “Valentine လောက်ကြီးမြတ်တဲ့ သူတော်စင် ရှိတော့မှာ မဟုတ်ဘူး။”

“I claim there ain’t another Saint as great as Valentine.”

Ogden Nash (အမေရိကန် ကဗျာဆရာ ၁၉၀၂-၁၉၇၁)

၃။ မင်းအတွက်ပါဆိုတဲ့ ကိုယ့်အချစ်တွေအားလုံးကို သယ်ဆောင်ဖို့ဆိုရင် ရာနဲ့ချီတဲ့နှလုံးသားလည်း နည်းသေးတယ်။

“A hundred hearts would be too few to carry all my love for you.”

Unknown

၎။ “ပင့်သက်ရှိုက်သံ အခိုးအငွေ့တွေနဲ့ အလျှင်အမြန်ကူးလူးမှုဟာ အချစ်ဖြစ်တယ်။”

(ရင်ဖိုလှိုက်မောနေရတာဟာ အချစ်ဖြစ်တယ်။)

“Love is a smoke made with the fume of sights.”

William Shakespeare (အင်္ဂလိပ် ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ သရုပ်ဆောင် ၁၅၈၂-၁၆၁၆)

၅။ ကိုယ်နဲ့အတူ ကြီးပြင်းပါ။ (အိုးအောင်မင်းအောင် ပေါ့။) အကောင်းဆုံး ဖြစ်ရမယ်။

“Grow old with me! The best is yet to be.”

Robert Browning (အင်္ဂလိပ် ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ ၁၈၁၂-၁၈၈၉)

၆။ အချစ်ဆိုတာ လူနှစ်ယောက် ပါဝင်ကစားနိုင်ပြီး နှစ်ယောက်စလုံး နိုင်နိုင်တဲ့အရာ။

“Love is a game that two can play and both win.”

Eva Gabor (ခေတ်ဆန်တဲ့ အသိုင်းအ၀ိုင်းမှာ ရေပန်းစားသူ၊ အမေရိကန် မင်းသမီး ၁၉၁၉-၁၉၉၅)

၇။ အချစ်စစ် ဇာတ်လမ်းတွေဟာ ပြီးဆုံးရိုး ထုံးစံမရှိဘူး။

“True love stories never have endings.”

Richard Bach (အမေရိကန် စာရေးဆရာ ၁၉၃၆-၁၉၉၉)

၈။ အချစ်ဆိုတာ ခံစားမှုကဗျာ။

“Love is the poetry of the senses.”

Honore de Balzac (ပြင်သစ် ၀တ္ထုရေးဆရာ၊ ပြဇာတ်ရေးဆရာ ၁၇၉၉-၁၈၅၀)

၉။ အချစ်ဆိုတာ နှစ်ယောက်သား အရူးထခြင်းပါပဲ။

“Love is being stupid together.”

Paul Valery (ပြင်သစ် ကဗျာဆရာ၊ အက်ဆေးရေးသူ၊ တွေးခေါ်ပညာရှင် ၁၈၇၁-၁၉၄၅)

၁၀။ ငါ့နှလုံးသားကို မင်းဆီအပ်နှင်း၊ မင့်နှလုံးသားလည်း ပြန်ပေးပါ။ ဒို့နှလုံးသားတွေကို အတူတွဲ သော့ခတ်သိမ်းကြမယ်လေ။ ပြီးရင်တော့ သော့ကို ၀ဲပလိုက်ပါလေ။

“My heart to you is given; Oh, do give yours to me; We’ll lock them up together, And throw away the key.”

Frederick Saunders

Ref:brainz.org

သီဟနိုင်
Trend Myanmar

RangonNewsDaily: February . 7 .2014
၁။ ရူးသွပ်မှု မဟုတ်ဘူးဆိုရင် အဲ့ဒါ အချစ်မဟုတ်တော့ဘူး။
“When love is not madness, it is not love.”
Pedro Calderon de la Barca (စပိန် ပြဇာတ်ဆရာ ၁၆၀၀-၁၆၈၁)