Pages

Thursday, February 6, 2014

ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် သေနတ်ဖြင့်ပစ်ခံရ

RangonNewsDaily: February . 6 .2014
နေပြည်တော်၊ မဇ္ဈိမ။ ။ မလေးရှားနိုင်ငံရောက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ ကွာလာလမ်ပူ မြို့တော်အတွင်း မော်တော်ကားဖြင့် သွားလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းတို့က ဖေဖော်ဝါရီ ၆ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

တိုင်းရင်းသား တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဟု KNLA ဒု ဗိုလ်ချုပ်ကြီး ပြော

Photo: တိုင်းရင်းသား တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဟု KNLA ဒု ဗိုလ်ချုပ်ကြီး ပြော
Thursday, February 6, 2014

မြန်မာအစိုးရအနေဖြင့် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တိုင်းရင်းသား ပြည်နယ် တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြော သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ၀ဲကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်က ဧရာဝတီ သတင်းဌာနနှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတွင် အမျိုးသားတပ်မတော် တခုတည်းရှိရမည်ဟု ပြဋ္ဌာန်းထားသော်လည်း တိုင်းရင်းသား များ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တောင်းဆိုနေသည့် အတွက် မြန်မာနိုင်ငံ အနေဖြင့် တပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု မည် သို့ လုပ်ဆောင်သင့်သနည်းဟု ဧရာဝတီ သတင်းဌာနက မေးမြန်းခဲ့သည်။

ထိုမေးမြန်းချက်ကို ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် အစိုးရတပ်မတော်ကို ပြည် ထောင် စု တပ်မတော်အဖြစ် ပူးပေါင်းဖွဲ့စည်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ ပြည်နယ်အလိုက် အုပ်ချုပ်လိုကြကြောင်း၊ အစိုးရ တပ်မတော်အပြင် တိုင်းရင်းသား ပြည်နယ် တပ်မတော်များ ထူထောင်သင့်ပြီး အစိုးရ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် ပြည်နယ် တပ်မတော်များသည် အစိုးရတပ်မတော်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရန် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဦးအောင်မင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေးကော်မတီ၏ ဆောင်ရွက်ချက် လမ်းကြောင်းအတိုင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ခေါင်းဆောင်တချို့က လိုက်ပါလျှောက်လှမ်းနေကြသော်လည်း ၎င်း အနေဖြင့် ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်း မည်မဟုတ်ဘဲ သတိကြီးစွာ ရှိနေကြောင်း၊ ၎င်းအနေဖြင့် အစိုးရချပြသည့် လမ်းစဉ်ကို မကြာခဏ သဘောမတူ ကန့်ကွက်ခဲ့ပြီး အစိုးရပိုင်းက မိမိသည် ငြိမ်းချမ်းရေးလမ်းစဉ်ကို မထောက်ခံဘဲ ပြိုကွဲပျက်စီးရန်လုပ်မည့်သူ အဖြစ် စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောသည်။

“နော်ဝေက ထောက်ပံ့ပေးထားတဲ့ ငြိမ်းချမ်းရေး MPSI ဥက္ကဋ္ဌ Charles Petrie က ကျနော့်ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပျက်စီး အောင် လုပ်မယ့်သူ မဟုတ်ဘူး မဟုတ်လားဆိုပြီး ၃ ကြိမ်မေးတယ်။ ကျနော်လည်း ပြန်ဖြေလိုက်တယ်။ ကျနော် ငြိမ်းချမ်းရေးဆွေးနွေး မှုကို ဖျက်ဆီးမှာမဟုတ်ဘူး။ ဒါပေမယ့် ကျနော် တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖြစ်အောင် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ လုပ် ချင်တယ်လို့ ကျနော် ပြောလိုက်တယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဆိုသည်။

ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသည် ယခင် က KNLA တပ်မဟာ ၅ ၏ တပ်မဟာမှူး တာဝန်ယူခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ အတွင်း က ကျင်းပသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ညီလာခံက ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသူ ဖြစ်သည်။

KNLA တပ်မဟာ ၅ သည် အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် ခေါင်းမာ သဘောထားတင်းမာသော တပ်ရင်းတပ်ဖွဲ့ အဖြစ် သုံးသပ်ပြောဆိုမှုများရှိနေပြီး KNLA တွင် တပ်မဟာ ၅ သည် အင်အားအကြီးမားဆုံးသော တပ်မဟာတခု ဖြစ်သည်။

ဧရာဝတီ

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ၀ဲကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်က ဧရာဝတီ နှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ်(ဓာတ်ပုံ – စောရန်နိုင်/ဧရာဝတီ)
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ၀ဲကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်က ဧရာဝတီ နှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ်(ဓာတ်ပုံ – စောရန်နိုင်/ဧရာဝတီ)
RangonNewsDaily: February . 6 .2014
မြန်မာအစိုးရအနေဖြင့်အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင်တိုင်းရင်းသား ပြည်နယ် တပ်မတော်
များ ထူထောင်ခွင့် ပြုရမည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ ဒု စစ်ဦးစီး
ချုပ် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြော သည်။

ဖုန်းအင်တာနက်မြန်နှုန်း မြှင့်တင်ရန် တယ်လီနော ကိုယ်ပိုင်လိုင်း တည်ထောင်မည်

RangonNewsDaily: February . 6 .2014
ပြည်တွင်းအင်တာနက် အမြန်နှုန်းနှေးကွေးမှု ပြဿနာကြောင့် တယ်လီနောက ဆက်သွယ်ရေး ဝန်ဆောင်မှုများ

ပေးအပ်ရာတွင် မိုဘိုင်းလ် အင်တာနက် မြန်နှုန်းမြင့်စေရန် ကိုယ်ပိုင် အင်တာနက်လိုင်း တည်ထောင်မည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။ “လိုင်စင်ထဲမှာကိုယ်ပိုင် International Gateway တွေကိုယ်ပိုင်ငှားရမ်းခွင့်တည်ဆောက်လုပ်ကိုင်ခွင့် ပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်
ပိုင်အင်တာနက် Gateway တည်ဆောက် လုပ်ကိုင်သွားပါမယ်။ လုပ်ငန်း စစချင်းမှာတော့ လက်ရှိ သုံးစွဲနေတဲ့ Gateway ကိုပဲမျှဝေ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မင်္ဂလာဒုံမြို့နယ်တွင် စိတ်ဖောက်ပြန်နေသူကို နေအိမ်အတွင်းထားခဲ့ရာ ကြိုးဆွဲချသေဆုံး

RangonNewsDaily: February . 6 .2014
မင်္ဂလာဒုံမြို့နယ်တွင် စိတ်ဖောက်ပြန်ပြီး သောင်းကျန်းနေသည့်သူကို အိမ်တွင်ထားခဲ့ရာမှ ကြိုးဆွဲချသေ ဆုံးသွားသည်ဆိုသည့်အမှုကို မင်္ဂလာဒုံရဲစခန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ဓမ္မတာသေဆုံးခဲ့ခြင်း ဟုတ် မဟုတ်ကို အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ အမှုတွင် မင်္ဂလာဒုံရဲစခန်းမှ တာဝန်ရှိသူများသည် ပလရ ရပ်ကွက်၊ ကြူစမ်းရွာသစ်၊ ဂရုဏာ (၁) လမ်း သွယ်၊ အမှတ် (၉၃)နေအိမ်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးကြောင်း နံနက် ၈ နာရီသတင်းအရ သွား ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လယ်စောင့်တဲအတွင်း အိပ်ပျော်နေစဉ် ဆင်များနင်း၍ လူတစ်ဦး သေဆုံး

Photo: လယ်စောင့်တဲအတွင်း အိပ်ပျော်နေစဉ် ဆင်များနင်း၍ လူတစ်ဦး သေဆုံး
Thursday, February 6, 2014

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဇီးချိုင့်အုပ်စု ဖုန်းဆိုးကြီး လယ်တောရှိ စပါးတလင်း၌ တောဆင် ရိုင်းများ ဝင်နင်းသဖြင့် အိပ်ပျော်နေသူ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ပိုင်းက ဦးမြင့်လှိုင် ၄၄ နှစ် (ဘ) ဦးတင်ဆိုင်သည် ဇီးချိုင့်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာ ဖုန်းဆိုးကြီး လယ်တောအတွင်း စပါးတလင်း လယ်စောင့်တဲ၌ အိပ်ပျော်နေစဉ် တောဆင်ရိုင်းများ ဝင်ရောက် နင်းချေ ဖျက်ဆီးခဲ့သဖြင့် ဦးမြင့်လှိုင်မှာ ဦးခေါင်း ပျောက်ဆုံးပြီး ခန္ဓာကိုယ် တစ်စစီ ပြုတ်ထွက်၍ သေဆုံး သွားသည်။ ၎င်းဖြစ်စဉ်ကို အနီးပတ်ဝန်းကျင်ရှိ အခြား လယ်လုပ်သားများက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေထံသို့ အကြောင်းကြားကာ အခင်းဖြစ်ပွားရာ နေရာသို့ ဟိုင်းကြီးနယ်မြေ ရဲစခန်းမှ ရဲအုပ် လှထွန်းနှင့် အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ သွားရောက်စစ်ဆေးပြီး သေဆုံးသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား အခင်းဖြစ်ပွားရာ နေရာ၌ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily: February . 6 .2014
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဇီးချိုင့်အုပ်စု ဖုန်းဆိုးကြီး လယ်တောရှိ စပါးတလင်း၌ တောဆင် ရိုင်းများ ဝင်နင်းသဖြင့် အိပ်ပျော်နေသူ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ မောင်တောသို့ အုပ်စုလိုက် ၀င်ရောက်လာနေ

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ မောင်တောသို့ အုပ်စုလိုက် ၀င်ရောက်လာနေ

kolatt(PBDN): February . 6 .2014

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်များ ရခိုင်ပြည်နယ် မောင်တောမြို့
နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေး
မှူး ဦးကျင်စန်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ရွာ ၇ ရွာမှ ကလေးအများစု ပါဝင်သော ရခိုင် တိုင်းရင်းသား ၁၂၂ ဦးသည်
 ဖေဖော်ဝါရီ ၄ ရက်က မောင်တောမြို့နယ် အတွင်းသို့ ၀င်ရောက်လာသည့်အတွက် ၎င်းတို့ကို ယာယီတည်းခိုနေထိုင်ရန် စီစဉ်ပေးထားကြောင်း ၎င်းက ပြောပြသည်။

“အခုရောက်လာတဲ့သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်နေကြတဲ့ တိုင်းရင်းသားတွေပါ၊ သူတို့ကို ယာယီအနေနဲ့ ထမင်း စား ဖို့ ကျနော်တို့က စီစဉ်ပေးနေတယ်၊ နောက်ပိုင်းမှာတော့ သူတို့ကို အတည်တကျ နေထိုင်စားသောက်နိုင်အောင် ညှိနှိုင်းပြီး ဆက် လုပ် သွားရမှာပေါ့။ 

သူတို့ကိုယ်တိုင်ကလည်း အလှူတွေကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည် လာနိုင်အောင် ကြိုးစားဖို့လိုပါတယ်”ဟု ဦးကျင်စန်းက ဧရာဝတီသို့ ပြောသည်။

မိမိတို့လူစုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရေမတ်ဖော်ရွာ၊ ကွမ်းချောင်းဝ ရွာများနှင့် နီးစပ်သော ရွာများမှ မြန်မာနိုင်ငံ နယ်စပ်

မိုင်တိုင် ၇၀ ကျောက်တိုင်သို့ ၂ ရက်ခန့် လမ်းလျှောက်လာပြီး ချင်းပြည်နယ် ပလက်ဝအတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း၊ ပလက် ၀တွင် ၁ လကျော်နေခဲ့ရပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ 
ရောက်ရှိကာ ၁၅ ရက်ခန့်နေခဲ့ပြီးမှ မောင်တောသို့ ၀င်ခွင့်ရခဲ့ကြောင်း ရေမတ်ဖော်ရွာမှ ပြောင်းရွှေ့လာသူ ဦးနုမောင်က ဧရာဝတီ ကို ပြောပြသည်။

ယခု ထွက်ပြေးလာသူများသည် ရွာလုံးကျွတ် မဟုတ်ကြောင်း၊ မိမိတို့ ရွာသားအများအပြား ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရစ်ခဲ့သေးကြောင်း၊ ဆွေစဉ်မျိုးဆက် ဘင်္ဂလားဒေ့ရှ်တွင် အခြေချနေထိုင်သူများလည်း ပါဝင်ကြောင်း ပြောင်းရွှေ့လာသူ ဦးအောင်ရွှေသိန်း ကလည်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်မှ တိုင်းရင်းသားများ ရခိုင်ပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့လာခြင်းသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စတင် ခဲ့ကြောင်း၊ ယခုအကြိမ်နှင့်ဆိုလျှင် ၁၄ ကြိမ်ရှိပြီ ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ၀င်ရောက်လာသော အိမ်ထောင်စုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး လူဦးရေပေါင်း ၁၅၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း မောင်တော အုပ်ချုပ်ရေးမှူးရုံး စာရင်းများတွင် ပါရှိသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင် အခြေချနေထိုင်နေကြသော မြန်မာတိုင်းရင်းသားများ ၁၀ သိန်း ၀န်းကျင်အထိ ရှိနေပြီး လွန်ခဲ့သော

နှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်နေသူများဖြစ်ကြကြောင်း၊ ၎င်းတို့တွင် ရခိုင်၊ မြို၊ ခမီ၊ သက်တို့အပြင် ချင်းတိုင်းရင်း သား များပင် ရှိနေကြောင်း မောင်းတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောဆိုသည်။

မောင်တောသို့ ရောက်ရှိလာသူများ(ဓာတ်ပုံ – စနေလင်း)

ဧရာဝတီ ::--

See More News: (www.rangonnewsdaily.blogspot.com)
မောင်တောသို့ ရောက်ရှိလာသူများ(ဓာတ်ပုံ – စနေလင်း)
RangonNewsDaily: February . 6 .2014
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်များ ရခိုင်ပြည်နယ် မောင်တောမြို့
နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေး
မှူး ဦးကျင်စန်းက ပြောသည်။

မြန်မာလက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ် စာချုပ်ချုပ်၊ လုပ်ခလစာ ပြောဆိုနိုင်ခြင်း မရှိဟုဆို

Photo: မြန်မာလက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ် စာချုပ်ချုပ်၊ လုပ်ခလစာ ပြောဆိုနိုင်ခြင်း မရှိဟုဆို
Thursday, February 6, 2014

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ်အဖြစ် ဆားဘီးယား နိုင်ငံသား နည်းပြ အေဗရာမိုဗစ်ခ်ျကို ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်နှစ်ခွဲ စာချုပ်ဖြင့် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သော်လည်း လုပ်ခ လစာကိုမူ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် စာချုပ် ချုပ်ဆိုပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြအဖြစ် ခန့်အပ်နိုင်ရန် စတင် ဆွေးနွေးစဉ်ကပင် လစာကို ထုတ်ဖော်ပြောကြားခြင်း မပြုရန် MFF နှင့် အေဗရာမိုဗစ်ခ်ျတို့ နှစ်ဖက် သဘောတူညီမှု ရယူထားသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စင်ကာပူနည်းပြဟောင်းကို မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းမှာ အေဗရာမိုဗစ်ခ်ျသည် အာဆီယံဒေသ၏ ဘောလုံးလောကတွင် ဆယ်စုနှစ် တစ်ခုကြာ ကျင်လည်ခဲ့သူဖြစ်ပြီး စင်ကာပူ အသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ယင်းစာချုပ်အရ မြန်မာ့လက်ရွေးစင်အသင်းကို အေဗရာမိုဗစ်ခ်ျနှင့်အတူ ၎င်း၏ လက်ထောက်နည်းပြ၊ ဂိုးနည်းပြတို့နှင့် ပူးပေါင်း တာဝန်ယူမည် ဖြစ်ကြောင်း၊ လက်ရွေးစင် ကစားသမား ရွေးချယ်မှု အပိုင်းတွင် တစ်ဦးတည်း စိတ်ကြိုက် ရွေးချယ်မည် မဟုတ်ကြောင်း လက်ရွေးစင် အသင်းနည်းပြသစ် အေဗရာမိုဗစ်ခ်ျက ပြောကြားသည်။

ပြည်ပ နည်းပြအဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ နည်းပြများလည်း လက်ရွေးစင်အသင်း နည်းပြအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန်လိုကြောင်း၊ ကစားသမားများဘက်ကလည်း ကွင်းအတွင်း ရာနှုန်းပြည့် အားထုတ် ကစားစေလိုပြီး ပရိသတ်များကလည်း စည်းကမ်းတကျ အားပေးရန်လိုကြောင်း ၎င်းက ဆိုသည်။ 

နည်းပြအနေနှင့် ၎င်းနှင့်အတူ ပါလာသည့် နည်းပြ အဖွဲ့ဝင်များအပြင် မြန်မာနည်းပြ အဖွဲ့များကိုလည်း ထပ်မံ ထည့်သွင်းမည်ဟု ဆိုသောကြောင့် ကစားသမားများနှင့် အဆင်ပြေမှု ရှိမရှိကို စောင့်ကြည့်ရဦးမည်ဟု ရွှေခေတ် လက်ရွေးစင် ကစားသမားဟောင်းလည်းဖြစ်၊ လက်ရွေးစင် နည်းပြဟောင်းလည်း ဖြစ်ခဲ့သူ ဦးအေးမောင်ကြီးက မှတ်ချက်ပြုသည်။

အသက် ၆၄ နှစ်အရွယ် ဆားဗီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်ခ်ျသည် ကစားသမားဘဝက အင်္ဂလန် ကလပ်အသင်းများတွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး ယူဂိုဆလားဗီယား လက်ရွေးစင်လည်း ဖြစ်ခဲ့သည်။

နည်းပြဘဝတွင် ကူဝိတ် လူငယ် အသင်းကို ၂၀၀၀ ပြည့်နှစ်က ဆစ်ဒနီ အိုလံပစ် ဗိုလ်လုပွဲထိ ရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပြီး အာဆီယံ ဘောလုံး လောက၌ ရက်ဒီဟု ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။ 

စင်ကာပူ အသင်းကို ၂၀၀၃ မှ ၂၀၁၃ အထိ တာဝန်ယူခဲ့ပြီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂ အာဆီယံ ချန်ပီယံရှစ်ဆု ဖလားများ ရယူ ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၂ ခုနှစ်အတွက် အာဆီယံ အကောင်းဆုံး နည်းပြဆု ရရှိထားသူ ဖြစ်သည်။

The Voice Weekly

RangonNewsDaily: February . 6 .2014
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ်အဖြစ်ဆားဘီးယား နိုင်ငံသား နည်းပြ အေဗရာမိုဗစ်ခ်ျကို
ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်နှစ်ခွဲ စာချုပ်ဖြင့် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သော်လည်း လုပ်ခ လစာကိုမူ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြား
သည်။

ရော်နယ်ဒိုအတွက် အီဘရာဟီမိုဗစ်ရဲ့ မွေးနေ့လက်ဆောင်

Photo: ရော်နယ်ဒိုအတွက် အီဘရာဟီမိုဗစ်ရဲ့ မွေးနေ့လက်ဆောင်
Thursday, February 6, 2014

ယမန်နေ့က ၂၉နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကို အီဘရာဟီမိုဗစ်က Nike အမှတ်တံဆိပ်
အင်္ကျီတစ်ထည်ကို တွစ်တာမှတစ်ဆင့် မွေးနေ့ လက်ဆောင် ပေးခဲ့ပြီး အဆိုပါ အင်္ကျီတွင် ဇလာတန်ကို ယှဉ်ပြိုင်ရဲလားဆိုသည့် စာသားရေးသားထားခဲ့ကြောင်း သိရသည်။အီဘရာဟီမိုဗစ်နှင့်
ရော်နယ်ဒိုတို့မှာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ခြေစစ်ပွဲတွင် ပြိုင်ဘက်များအဖြစ် ရင်ဆိုင်ခဲ့ရပြီး ၂၀၁၃ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုကို မိမိသာရသင့်သည်ဟု အီဘရာဟီမိုဗစ်က ဝေဖန်ခဲ့ဖူးသည်။

သို့သော် ရော်နယ်ဒိုက အီဘရာဟီမိုဗစ်၏လက်ဆောင်နှင့် ပတ်သက်၍ ယခုကဲ့သို့ တုံ့ပြန်သွားသည်။ “မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးတင်
ပါတယ်။ အဲဒီလက်ဆောင်က ငါ့အတွက် မင်းထင်ထားတာထက် ပိုကောင်းနေတယ်”ဟု တွစ်တာမှတစ်ဆင့် ပြန်လည်ပြောကြား ထားသည်။ အီဘရာဟီမိုဗစ်၏ ၃၃နှစ်မြောက် မွေးနေ့ပွဲကို အောက်တိုဘာလ ၃ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရော်နယ်ဒိုအနေဖြင့် ၎င်း၏ကိုယ်ပိုင် ပြတိုက်သို့ ဖိတ်ခေါ်ဖွယ်ရှိနေကြောင်း သတင်းများက
ဖော်ပြသည်။

 (ရိုးရာလေး)

RangonNewsDaily: February . 6 .2014
ယမန်နေ့က ၂၉နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကို အီဘရာဟီမိုဗစ်က Nike အမှတ်တံဆိပ် အင်္ကျီတစ်ထည်ကို တွစ်တာမှတစ်ဆင့် မွေးနေ့လက်ဆောင် ပေးခဲ့ပြီးအဆိုပါ အင်္ကျီတွင်
 ဇလာတန်ကို ယှဉ်ပြိုင်ရဲလားဆိုသည့် စာသားရေးသားထားခဲ့ကြောင်း သိရသည်။

ကွန်ပျူတာ ထုတ်လုပ်ရောင်းချမှု နယ်ပယ်မှ Sony ထွက်ခွာဖွယ်ရှိ

Photo: ကွန်ပျူတာ ထုတ်လုပ်ရောင်းချမှု နယ်ပယ်မှ Sony ထွက်ခွာဖွယ်ရှိ
Thursday, February 6, 2014

ဂျပန်နည်းပညာ လုပ်ငန်းစုကြီးသည် ပုံစံသစ်ဖြင့် ပြန်လည်ဖွဲ့စည်း တည်ဆောက်ရန် လုပ်ဆောင်နေပြီး ယင်းစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် PCနှင့် Laptop ကွန်ပျူတာများ ထုတ်လုပ်သည့် လုပ်ငန်းကို ရောင်းချသွားဖွယ်ရှိ

Sony ကုမ္ပဏီအနေဖြင့် ကွန်ပျူတာများ ထုတ်လုပ်ရောင်းချသည့် ဈေးကွက်ကို အရှုံးပေး စွန့်ခွာရန် ပြင်ဆင်နေပြီဟု ယူဆရကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဂျပန်နည်းပညာ လုပ်ငန်းစုကြီးသည် ပုံစံသစ်ဖြင့် ပြန်လည်ဖွဲ့စည်း တည်ဆောက်ရန် လုပ်ဆောင်နေပြီး ယင်းစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် PCနှင့် Laptop ကွန်ပျူတာများ ထုတ်လုပ်သည့် လုပ်ငန်းကို ရောင်းချသွားဖွယ် ရှိနေကြောင်း သိရသည်။ Nikkei Business Daily သတင်းစာက ယခုအခါ Sonyသည် ကွန်ပျူတာများ ထုတ်လုပ်သည့် လုပ်ငန်းကို လက်လွှဲပြောင်းပေးရန်အတွက် ဂျပန်မှ လက်တွဲဖော် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး တစ်ခုနှင့် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ အကယ်၍ ယင်းစီမံကိန်း အထမြောက်ခဲ့ပါက Sonyအနေဖြင့် ကွန်ပျူတာ ထုတ်လုပ်မှု လုပ်ငန်းတစ်ခုလုံးနီးပါးကို လက်တွဲဖော် စီးပွားရေး လုပ်ငန်းများထံ ခွဲဝေ ရောင်းချသွားမည်ဟု ဆိုသည်။ 

ယင်းလုပ်ငန်းကြီး၏ ရှယ်ယာအနည်းငယ်ကိုသာ Sonyက ပိုင်ဆိုင်တော့မည်ဟုလည်း သိရသည်။ လတ်တလောတွင် Sonyသည် ပြည်တွင်းမှ စက်မှုလုပ်ငန်းဆိုင်ရာ လက်တွဲဖော်များနှင့်လည်း ယင်းကိစ္စကို ဆွေးနွေးနေဆဲဖြစ်ပြီး တစ်စုံတစ်ရာ တိတိကျကျ ကြေညာချက်မျိုးမူ ထုတ်ပြန်ခြင်း မရှိသေးချေ။ လုပ်ငန်းလွှဲပြောင်းရာတွင် တန်ကြေးသည် ယန်းငွေ ဘီလျံ(၄၀)နှင့် (၅၀)ကြားမျှ ဖြစ်နိုင်ကြောင်းလည်း Nikkie Business Dailyနှင့် အခြားသော သတင်းဌာန အချို့က ဖော်ပြခဲ့ကြသည်။ ယင်းငွေပမာဏသည် အမေရိကန်ဒေါ်လာဖြင့် တွက်ချက်ပါက ဒေါ်လာ သန်း(၄၀၀)နှင့် (၅၀၀)ကြားမျှ ရှိမည်ဖြစ်သည်။

Sonyသည် Vaioစီးရီး Laptopများဖြင့် ကွန်ပျူတာ ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း ပြိုင်ဘက်များကို မယှဉ်သာခဲ့ချေ။ ပြီးခဲ့သည့်နှစ် ပထမ(၉)လတာ ကာလအတွင်း ကမ္ဘာပေါ်၌ ရောင်းချခဲ့သမျှ PCနှင့် Laptop ကွန်ပျူတာများ ဈေးကွက်အတွင်း Sonyရရှိခဲ့သည့် ဝေစုနေရာသည် (၁.၉)ရာခိုင်နှုန်းသာ ရှိခဲ့သည်။ Sonyအနေဖြင့် ကွန်ပျူတာများ ထုတ်လုပ်မှု လုပ်ငန်းကို ရောင်းချဖြစ်ခဲ့သည့်တိုင် Vaioစီးရီး Laptopများ ဆက်လက်ထုတ်လုပ် ရောင်းချဖြစ်နေဖွယ် ရှိသည်။ သို့သော်လည်း Sonyက ယင်းလုပ်ငန်း နယ်ပယ်တွင် ကိုယ်တိုင်ကြီးမှူး စီမံခွင့် ဆုံးရှုံးသွားမည် ဖြစ်သည်။ ယခုသတင်းကို Sonyမှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း ပြောကြားထားသည်။ 

၎င်းက "ဒီသတင်းဟာ ကျွန်တော်တို့ရဲ့ ကြေညာချက် တစ်ခုခုကနေ အခြေခံထွက်ပေါ်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွေ ထုတ်လုပ်တဲ့ လုပ်ငန်းအတွက် ရွေးချယ်စရာ အမျိုးမျိုးကို ကျွန်တော်တို့ လေ့လာနေပါတယ်"ဟု ဆိုသည်။ ယင်းသတင်း ထွက်ပေါ်လာအပြီးတွင် တန်ဖိုးကျနေသော Sony၏ ရှယ်ယာများသည် တိုကျိုဈေးကွက်တွင် တနင်္ဂနွေနေ့ မနက်က (၃.၃၃)ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာပြီး (၁၅၈၁)ယန်း ဈေးနှုန်းတွင် ရှိနေသည်။ ဂျပန် အီလက်ထရောနစ် လုပ်ငန်းစုများတွင် Sonyတစ်ခုတည်း ရုန်းကန်နေရခြင်း မဟုတ်ဘဲ ပြိုင်ဘက်များဖြစ်သည့် Panasonicနှင့် Sharpတို့သည်လည်း ကြီးမားသော အရှုံးရလဒ်များကြောင့် မဖြစ်မနေ ပြန်လည်ဖွဲ့စည်း တည်ဆောက်မှု လုပ်ငန်းစဉ်များကို ချဉ်းကပ် အကောင်အထည် ဖော်နေရကြောင်း သိရသည်။

Planet Myanmar Network

RangonNewsDaily: February . 6 .2014
Sony ကုမ္ပဏီအနေဖြင့် ကွန်ပျူတာများ ထုတ်လုပ်ရောင်းချသည့် ဈေးကွက်ကို အရှုံးပေး စွန့်ခွာရန် ပြင်ဆင်နေ
ပြီဟု ယူဆရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေးအရေးယူရန် အစီအစဉ်မရှိဟုဆို

RangonNewsDaily: February . 6 .2014
နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟူသည့် သမ္မတသ၀ဏ်လွှာအရ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ စစ်ဆေးခဲ့သည်နှင့် ပတ်သက်ပြီး ၄င်းအား မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေးအရေးယူ ရန် အစီအစဉ် ရှိနိုင်ပါသလားဟူသော မဇိ္ဈမ၏အမေးကို ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် တရားစီ ရင်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

ရန်ကုန် အထင်ကရနေရာများတွင် ရထားလမ်းကိုးခုဖောက်ရန် ဂျိုက်ကာနှင့် ပေါင်းပြီး အစိုးရစီစဉ်နေ

RangonNewsDaily: February . 6 .2014
ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် ရထားလမ်းသစ် ကိုးခုဖောက်လုပ်ရန် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် အသေးစိတ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု မီးရ ထားဝန်ကြီး ဦးသန်းဌေးက ပြည်ထောင်စုလွှတ်တော်တွင် ဖေဖေါ်ဝါရီ ၅ ရက်က ပြောဆိုသွားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏သဘောထား ထုတ်ပြန်ချက် ၁/၂၀၁၄

Photo: မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏သဘောထား ထုတ်ပြန်ချက် ၁/၂၀၁၄ 
Thursday, February 6, 2014

၁။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်၊ စာမျက်နှာ ၂၃ နှင့် ၂၄ ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ရေးသားဖော်ပြမှုသည် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယူဆသဖြင့် ၎င်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ် တစ်ဦးကို ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရပါသည်။

၂။ မြန်မာနိုင်ငံ သတင်းမီဒီယာ လောကအတွင်း ဖော်ပြ၊ ရေးသား၊ ထုတ်လွှင့်ခဲ့သော အကြောင်းအရာများနှင့် ပတ်သက်၍ ကျင့်ဝတ်အပါအဝင် အခြားအကြောင်း ကိစ္စများဖြင့် မပြေလည်မှု၊ အငြင်းပွားမှုနှင့် ပြဿနာများ ဖြစ်ပွားလာပါက နှစ်ဖက်ကာယကံရှင် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အနေနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ ဦးစွာ အသိပေး အကြောင်းကြားကာ ကောင်စီ၏ ကြားဝင် စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးမှုကို ရယူကြရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က မေတ္တာရပ်ခံ အသိပေး ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

၃။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထိုကဲ့သို့ မေတ္တာရပ်ခံ အသိပေး ထုတ်ပြန်ထားသော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယူနတီဂျာနယ်မှ သတင်းထောက်များနှင့် အမှုဆောင် အရာရှိချုပ်တို့ကို သက်ဆိုင်ရာ ဂျာနယ်တိုက်သို့ သွားရောက်၍ တိုက်ရိုက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပါသည်။

၎။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနှင့်မူ မည်သည့်ဘက်က မှားသည်၊ မှန်သည်ဟူ၍ မှတ်ချက်ပေးခြင်းထက် ယင်းအခြေအနေကို အသွင်ကူးပြောင်း ကာလတွင် ဖြစ်တတ်သော ပြဿနာ တစ်ရပ်ဟု ရှုမြင်ကာ ထိုပြဿနာကို ကောင်စီက မည်သို့ ပြေလည်အောင် စေ့စပ် ညှိနှိုင်း ဖြေရှင်း ပေးနိုင်သနည်းဟူသော ရှုထောင့်မှ စဉ်းစားသုံးသပ်ပါသည်။

၅။ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ခန့် စနစ်တစ်ခုအောက်တွင် နေသား ကျလာခဲ့သောကြောင့် စနစ်သစ်တစ်ခုသို့ ကူးပြောင်းရာတွင် ထိုစနစ်သစ်နှင့် အံမဝင် အသားမကျသည်များ၊ စနစ်သစ်ကို စနစ်ဟောင်းမှ အမြင်ဟောင်းဖြင့် ကြည့်မြင် ဖြေရှင်းမှုများ၊ နယ်ပယ်တိုင်းတွင် စနစ်သစ်နှင့် လိုက်လျောညီထွေ မဖြစ်သည့် အရည်အချင်း လိုအပ်ချက်များ ရှိနေသေးရာ ထိုလိုအပ်ချက် များကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာ အရပ်ရပ်ကို အချင်းချင်း အပြန်အလှန် နားလည်မှုရှိရှိ ဖေးမကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် အရေးကြီးကြောင်း ကောင်စီက ယူဆပါသည်။

၆။ ယနေ့ ဖြစ်ပေါ်နေသော ပြဿနာများကို ရှုမြင်၊ သုံးသပ်၊ ဖြေရှင်းရာတွင် ပြဿနာ ဖြစ်ပေါ်သည့် ဘက်နှစ်ဖက်အကြား သည်းခံခွင့်လွှတ်မှု၊ နားလည်မှုတို့ဖြင့် မဖြေရှင်းဘဲ အပြစ်တင်လိုမှု၊ အရေးယူ အပြစ်ပေးလိုမှု စသည့်သဘောထားဖြင့် ဖြေရှင်းပါက နှစ်ဖက်အကြား ယုံကြည်မှု ပျက်ယွင်းကာ အပြန်အလှန် ပဋိပက္ခအသွင်မျိုး ဆောင်သွားနိုင်သည့်အပြင် ယနေ့ ပြည်သူလူထု အပါအဝင် အာဏာသုံးရပ်၊ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့ တည်ဆောက် အကောင်အထည် ဖော်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကိုပါ ထိခိုက်သွားနိုင်ပါသည်။

၇။ ယခုကဲ့သို့သော ကိစ္စရပ်များသည် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပြီး စာနယ်ဇင်း ကျင့်ဝတ်ကို ထိန်းသိမ်းမြှင့်တင် ပေးနိုင်မည့် သတင်းမီဒီယာ ဥပဒေတစ်ရပ် မတည်ရှိသေးသည့်အတွက် ပေါ်ပေါက်နေရခြင်း ဖြစ်သည် ဟု ကောင်စီက အလေးအနက် ယုံကြည်ပါသဖြင့် အဆိုပါ ဥပဒေမျိုး အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက် ပေးပါရန်နှင့် ပြဿနာတိုင်းကို သေချာစွာ စဉ်းစား သုံးသပ်ပြီး ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းပါရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အကြံပြုအပ်ပါသည်။

၈။ ထို့အပြင် လွတ်လပ်သော သတင်းမီဒီယာ အဖွဲ့အစည်း များကလည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အား ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးပါရန် အကြောင်းကြားစာ ပေးပို့ လာပါသဖြင့် ကောင်စီက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ပေးလိုပါသည်။

၉။ ယခုဖော်ပြပါ အမှုကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်မျှတစွာ တရားစီရင် ခံပိုင်ခွင့်အတိုင်း ကျင့်သုံး ဆောင်ရွက် ပေးပါရန်နှင့် အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)

The Voice Weekly

RangonNewsDaily: February . 6 .2014
၁။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်၊ စာမျက်နှာ ၂၃ နှင့် ၂၄ ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ” ခေါင်းစဉ်ဖြင့် သ
တင်းဆောင်းပါး ရေးသားဖော်ပြမှုသည်

ထားဝယ်တွင် လမစေ့သည့် မိန်းကလေး သုံးမြွှာပူးမွေး

Photo: ထားဝယ်တွင် လမစေ့သည့် မိန်းကလေး သုံးမြွှာပူးမွေး
Thursday, February 6, 2014

ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက လမစေ့သည့် မိန်းကလေးသုံးမြွှာပူး မွေးဖွားခဲ့သော်လည်း ယင်းကလေးငယ်များ အသက်ရှင်ရန် ကြိုးစားနေကြောင်း ထားဝယ် ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာနှင်းနှင်းလွင်ထံမှ သိရသည်။

လမစေ့ဘဲ မွေးဖွားခြင်းကြောင့် အသက်ရှူသည့် အင်္ဂါအစိတ်အပိုင်းများ မဖွံ့ဖြိုးသေးကြောင်း၊ ထို့ကြောင့် အသက်ရှူရပ်ခြင်း၊ အသားဝါခြင်း၊ ခန္ဓာကိုယ်မှ သွေးထွက်ခြင်း၊ အစာအိမ်မှ အစာလက်မခံနိုင်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နေကြောင်း ဒေါက်တာနှင်းနှင်းလွင်က ရှင်းပြသည်။
“အသက်ရှင်မယ် ဆိုတာတော့ သေချာပေါက် ပြောလို့မရသေးဘူး။ ကျွန်မတို့လည်း အစွမ်းကုန် စောင့်ရှောက် ပေးနေပါတယ်” ဟု ဒေါက်တာနှင်းနှင်းလွင်က ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ဆိုသည်။

အဆိုပါ သုံးမြွှာပူးကလေးများ၏ မိဘများမှာ ထားဝယ်မြို့နယ် ရှင်မုတ္ထီး ကျေးရွာမှဖြစ်ပြီး ဖခင်ဖြစ်သူမှာ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေကြောင်း၊ ယခုအကြိမ် ကလေးမွေးဖွားခြင်းမှာ ၎င်းတို့အတွက် ပထမဆုံးအကြိမ် မွေးဖွားခြင်း ဖြစ်ကြောင်း ဦးလေးဖြစ်သူထံမှ သိရသည်။

ကလေးများကို အနွေးဓာတ်ရစေရန် ပြုလုပ်ပေးခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ အစာအိမ်မှ အစာလက်မခံနိုင်သည့်အတွက် အားဆေးများ သွင်းပေးခြင်း စသဖြင့် ဆောင်ရွက် ပေးနေကြောင်း၊ ကလေးမွေးဖွားရန်အတွက် ကိုယ်ဝန်ဆောင်ရသည့် အချိန်မှာ သာမန်အားဖြင့် အနည်းဆုံးအချိန် ၃၈ ပတ် ရှိသော်လည်း ယခုမွေးဖွားသည့် သုံးမြွှာပူး ကလေးငယ်များမှာ ကိုယ်ဝန်ဆောင်ချိန် ၃၁ ပတ်သာ ရှိသည်ဟု ဒေါက်တာနှင်းနှင်းလွင်က ရှင်းပြသည်။
“မွေးချိန်က နှစ်လလောက် စောနေတယ်။ အနည်းဆုံး တစ်နှစ်လောက် ကြာပြီးမှ အသက်ရှင်မယ်ဆိုတာ သေချာလိမ့်မယ်၊ ဆေးရုံမှာ လနဲ့ချီပြီးနေရဖို့ ရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ သုံးမြွှာပူးကလေးများ အသက်ရှင်ရန် မျှော်လင့်ကြောင်း ကလေးများ၏ ဦးလေးတော်စပ်သူက ဖွင့်ဟသည်။
“ကလေးတွေ စိတ်ချရတဲ့ အချိန်ကျမှပဲ ဆေးရုံက ဆင်းဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။ 

(Dawei Watch)
The Voice Weekly

RangonNewsDaily: February . 6 .2014
ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက လမစေ့သည့် မိန်းကလေးသုံးမြွှာပူး မွေးဖွားခဲ့သော်လည်း ယင်းကလေးငယ်များ အသက်ရှင်ရန် ကြိုးစားနေကြောင်း ထားဝယ် ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာနှင်းနှင်းလွင်ထံမှ သိရသည်။

မလေးရှားတွင် ဖမ်းဆီးခံရသူများ မြန်မာ မှန်ကန်မှသာ အထောက်အထားပေးမည်

RangonNewsDaily: February . 6 .2014
မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက် လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံရသည့် လုပ်သားများကို နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် မြန်မာနိုင်ငံသား ဖြစ်သူများကိုသာ အထောက်အထား ထုတ်ပေးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိက ပြောကြားသည်။

လှိုင်သာယာ စက်မှုဇုန်တွင် အမျိုးသားတစ်ဦးမှန်ချပ်ပါကင်ထုပ် ပိမိသဖြင့် သေဆုံး

RangonNewsDaily: February . 6 .2014
၅.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ ချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် အင်းစိန်ဆေးရုံတွင် အမျိုးသားတစ်ဦးမှာ မှန်ချပ်များပိမိပြီးသေဆုံး သွားသဖြင့် ရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးရာသေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ မောင်အောင်အောင်ဖြစ်ပြီး ရင်ဘတ်ညိုမဲဒဏ်ရာ၊ ၀ဲခြေဖမိုးပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

အီလက်ထရွန်နစ်ဥပဒေကြမ်းအမျိုးသားလွှတ်တော်တွင်အတည်ပြု

RangonNewsDaily: February . 6 .2014
အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီအနေဖြင့် အမျိုး သားလွှတ်တော်တွင် ဇန်နဝါရီ ၇ ရက်က

 ဆွေးနွေးညှိနှိုင်းခဲ့သည့် အီလက်ထရွန်နစ်ဆက်သွယ်ဆောင် ရွက်ရေးဥပဒေ (နိုင်ငံတော်အေး ချမ်းသာ
ယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥပဒေအမှတ် ၅/၂ဝဝ၄) အား ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်
တော်သို့ ဆွေးနွေးနိုင် ရန်ပေးပို့ခဲ့ရာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာခြင်းကို ယနေ့ အမျိုး
သားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ဒါရိုက်တာမောင်ဝဏ္ဏ၏ ခြေဖဝါးတော်နုနု ဇာတ်ကား ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသမည်

RangonNewsDaily: February . 6 .2014
၁၉၇၂ ခုနှစ်က ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူး တင်ဆက်ခဲ့သည့် ခြေဖဝါးတော်နုနု ဇာတ်ကားကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပမည့် (၆၄) ကြိမ်မြောက် ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် “Tender are the Feet” အမည်ဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြသသွားမည် ဖြစ်ကြောင်း Yangon Film Services မှ ထုတ်လုပ်မှု မန်နေဂျာ ဒေါ်နှင်းအိလှိုင်က The Voice သို့ပြောကြားသည်။

ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ

Photo: ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ
Wednesday, February 5, 2014

ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါးအဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည်။ ယင်းကို လိုက်လျောညီထွေ ဖြစ်စေသော ပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကို စိတ်ဖိစီးမှုနှင့် အခြား ရောဂါများမှ ကာကွယ်ရန် လိုက်လျော ညီထွေ ဖြစ်စေသောကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။

ဂျင်ဆင်းမြစ်ကို ရေနွေးထဲသို့ လက်ဖက်ခြောက် ကဲ့သို့ခတ်ခြင်းသို့ မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ ဆေးတောင့်၊ အရည် ပုံစံများနှင့်လည်း ရရှိနိုင် နေပြီ ဖြစ်သည်။

၁။ဂျင်ဆင်းသည် စိတ်ဖိစီးမှုကို သက်သာ စေပါသည်။ စိတ်ဖိစီးမှု ပမာဏကို လျော့ပါး သွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ် ဆောင်ရွက် ပေးပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှု များနှင့် စွမ်းအင် ကိုလည်း မြှင့်တင် ပေးနိုင်သည်။

၂။အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်း ကိုလည်း ကာကွယ် ပေးနိုင်သည်။ ယင်းတွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti-oxidants)များက အိုမင်း ရင့်ရော်ခြင်းကို ကာကွယ် စေနိုင်ရုံ သာမက အခြား နုပျိုစေသော ပစ္စည်း တစ်မျိုးဖြစ်သည့် maltol ကိုထွက်ရှိ စေသည်။

၃။တက်ကြွ ရွှင်လန်း စေသည်။ ဂျင်ဆင်း လက်ဖက်ရည်ကို သောက်သုံးခြင်းက ဦးနှောက်ဆဲလ် များကို လှုံ့ဆော် ပေးနိုင်ပြီး အာရုံ စူးစိုက်မှု၊ အတွေး အခေါ်များနှင့် မှတ်ဥာဏ်ကို ပိုမို တိုးတက် စေသည်ဟု သိရသည်။

၎။အမျိုးသား စွမ်းရည်ကို မြင့်တက် စေသည်။ အမျိုးသားများတွင် ပန်းသေ၊ ပန်းညှိုး ဖြစ်ခြင်းကို ကာကွယ် နိုင်ပြီး အိမ်ထောင်ရေး သုခကို ပိုမို ခံစားရ စေနိုင်သော အာနိသင်ရှိပြီး လိုအပ်သော ကျားဟော်မုန်း များကို သင့်တော်သော ပမာဏအတိုင်းရှိစေသည်။

၅။ကိုယ်အလေးချိန်ကို ထိန်းချုပ် ပေးနိုင်သည်။ ဂျင်ဆင်းသည် သဘာဝမှ ရရှိသော အစာစားချင် စိတ်ကို ထိန်းချုပ်ပေးသည့် အပင်ထွက် ပစ္စည်းဖြစ်ပြီး အ၀လွန်ခြင်းကို ကာကွယ် ပေးနိုင်သည်။

၆။သွေးအချို ဓာတ်ကို ထိန်းပေး နိုင်သည်။ လေ့လာမှုများအရ ဂျင်ဆင်းသည် ဆီးချို၊ သွေးချို ရောဂါရှင် များ၏ သွေးအချို ဓာတ်ပမာဏကို ထိန်းချုပ်ရာတွင် အထောက်အကူ ပြုပြီး သွေးတွင်း သကြားဓာတ် လျော့ပါး စေသော အာနိသင်လည်း ရှိနေသည်။

၇။ဓမ္မတာ ပြဿနာများကို ဖြေရှင်း ပေးနိုင်သည်။ အမေရိကန် နိုင်ငံတွင် ပြုလုပ်သော သုတေသန အရ အမျိုးသမီး များတွင် ဂျင်ဆင်းက ဓမ္မတာ လာခါနီး နာကျင်မှုကို လျော့ပါး စေနိုင်သည်ဟု သိရသည်။

သတိပေးချက်။ ။ အခြားသော ဆေးဝါးနှင့် တိုင်းရင်းဆေး အာနိသင် များကဲ့သို့ပင် ဂျင်ဆင်းသည်လည်း ဆရာဝန်၏ ညွှန်ကြားချက် အတိုင်း အသုံးပြု သင့်သော အပင်ထွက် ပစ္စည်း ဖြစ်သည်။ ကိုယ်ဝန်ဆောင် များနှင့် နို့တိုက် မိခင်များတွင် အခြား ဆေးဝါးများနှင့် တွဲဖက် မသောက်သုံး သင့်ကြောင်းကို ကျန်းမာရေး ပညာရှင်များက တိုက်တွန်းထားသည်။

သက်ကို
Health News

RangonNewsDaily: February . 6 .2014
ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါးအဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည်။

တေးသံရှင် ဆိုတေး၏ မင်္ဂလာပါဆိုတေး စီးရီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ ထွက်မည်

Photo: မင်္ဂလာပါဆိုတေး စီးရီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ ထွက်မည်
Wednesday, February 5, 2014

မီးအိမ်ရှင်စီးရီးနှင့် လူငယ်ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိခဲ့သည့် တေးသံရှင် ဆိုတေး၏ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီး မင်္ဂလာပါဆိုတေးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ပြီး Crazy Creation တေးထုတ်လုပ်ရေးမှ စတင်ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း ယင်းစီးရီးကို စီစဉ်ထုတ်လုပ်သည့် မညိုမာရန်အောင်က ပြောကြားသည်။

ယင်းစီးရီးမှာ တေးသံရှင်ဆိုတေး ယာဉ်မတော်တဆမှု မဖြစ်ခင်ကတည်းက သွင်းယူခဲ့သော စီးရီးဖြစ်ကြောင်း၊ စီးရီးမှာ အလုံးစုံ ပြီးစီးနေပြီ ဖြစ်သည့်အတွက် ဆိုတေး ဆေးကုသမှု ခံယူနေစဉ် ကတည်းက ထုတ်၍ ရသော်လည်း၊ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကို မကြည့်ချင်သည့် အတွက် ဆိုတေး နေပြန်ကောင်းလာပြီး စကားပြောနိုင်သည့် အချိန်ကျမှ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စီးရီးတွင် ဆိုတေးက သီချင်း ၁၂ ပုဒ် ရေးသားထားပြီး တစ်ပုဒ်ကို တေးရေးဆရာ ဒေးဗစ်က ရေးသားပေး ထားကြောင်း၊ မီးအိမ်ရှင်စီးရီးကို ပရိသတ်များ ကြိုက်နှစ်သက် ခဲ့ကြသလို၊ ယခုစီးရီးကိုလည်း လက်ခံ အားပေးကြမည်ဟု ယုံကြည်ကြောင်း မညိုမာရန်အောင်က ထပ်လောင်း ပြောကြားသည်။

"ဒီခွေထဲမှာ ကျွန်တော်ဆိုနေကျ ပုံစံအတိုင်း သီချင်းအေးအေးလေးတွေ ဆိုထားပါတယ်။ နေကောင်း လာတာနဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ ကြိုးစားပါမယ်။ ကျွန်တော့်ကို စွပ်စွဲပြောဆိုခဲ့ကြတဲ့ သူတွေနဲ့ ပတ်သက်လို့ ကတော့ ရန်ကိုရန်ချင်း မတုံ့ပြန် ချင်တော့ပါဘူး။ ကျွန်တော် စိတ်ကူးထားတာတော့ သီချင်းတွေ ဆက်ဆိုမယ်။ မိဘကို လုပ်ကျွေးပါမယ်။ နေကောင်းလာတဲ့ အခါကျရင် ဘုန်းကြီးဝတ်ဖို့လည်း ရှိပါတယ်" ဟု မင်္ဂလာပါဆိုတေး စီးရီးကို ကိုယ်တိုင်ရေးသား သီဆိုထားသည့် တေးသံရှင်ဆိုတေးက ပြောကြားသည်။

တေးသံရှင်ဆိုတေးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ဆေးရုံတွင် သုံးလကြာ ဆေးကုသမှု ခံယူနေစဉ် သတိမေ့မြောနေ သည့်အတွက် အစာကို ပိုက်နှင့် သွင်းခဲ့ရကြောင်း၊ ဆေးရုံမှ ဆင်းပြီး နေအိမ်သို့ ပြန်ရောက်လာသော အခါတွင်လည်း အစာကို နှစ်လခန့် မျိုမချနိုင်သေးဘဲ ယခုမှသာ အစာအနည်းငယ် ပြန်စားနိုင်နေကြောင်း၊ ဆိုတေးကို အပတ်စဉ် အရိုးကုဆရာဝန် တစ်ဦးနှင့် ပြသနေရပြီး ကိုယ်ခံအား နည်းနေသည့်အတွက် အားပြန် မွေးနေရကြောင်း ဆိုတေး၏ ဖခင်ဖြစ်သူ ဦးတင်မြင့်က ပြောကြားသည်။

The Voice Weekly

RangonNewsDaily: February . 6 .2014
မီးအိမ်ရှင်စီးရီးနှင့် လူငယ်ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိခဲ့သည့် တေးသံရှင် ဆိုတေး၏ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီး မင်္ဂလာပါဆိုတေးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ပြီး Crazy Creation တေးထုတ်လုပ်ရေးမှ စတင်ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း ယင်းစီးရီးကို စီစဉ်ထုတ်လုပ်သည့် မညိုမာရန်အောင်က ပြောကြားသည်။

ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်

Photo: ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်
Wednesday, February 5, 2014

မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရ

ဗြိတိန်နိုင်ငံ၏ ဆေးမင်ကြောင် အထူထပ်ဆုံး လူသားအနေဖြင့် မိမိ၏ အမည်သစ်ဖြင့် ပတ်စ်ပို့တ် လျှောက်ထား၍ မရခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက်(၃၄)နှစ်ရှိ မက်သရူးဝှီလန်သည် ၎င်း၏ အမည်ကို King of Inkဟု ပြောင်းလဲလိုက်သည်။ မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရပြီ ဖြစ်သည်။ တစ်ကိုယ်လုံးတွင် ဆေးမင်ထိုးထားသည့် King of Ink အနေဖြင့် မျက်လုံးမျက်ဆန်ပေါ်တွင်ပါ မင်ကြောင်များ ရှိနေကြောင်း သိရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ (၉၀)ရာခိုင်နှုန်းသည် အရောင်အမျိုးမျိုး ဆေးမင်များဖြင့် ဖုံးလွှမ်းလျှက်ရှိသည်။

၎င်းအနေဖြင့် ပတ်စ်ပို့တ်ကို သက်တမ်းတိုးချိန်တွင် အမည်ပြောင်းထားသည့် အခြေအနေအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သက်တမ်းတိုးခွင့် မပေးခဲ့ချေ။ ဘာမင်ဂမ်တွင် နေထိုင်သည့် ဆေးမင်ကြောင် ဝါသနာအိုးအား လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ယခင်အမည် မက်သရူး အနေဖြင့်သာ ပတ်စ်ပို့တ် သက်တမ်းတိုးခွင့် ပေးမည်ဟု ပြောဆိုထားသည်။ King of Inkကမူ ယင်းသည် မိမိအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု ဝေဖန်ပြစ်တင်ထားသည်။ King of Inkသည် ဘယ်ဘက်မျက်လုံး၏ မျက်ဆန်အတွင်းနေရာ အပါအဝင် ဆေးမင်ကြောင်များစွာ ရေးထိုးထားသည့်အတွက် ပေါင်စတာလင် (၂၅၀၀၀)မျှ ကုန်ကျထားပြီး ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်တွင် King of Inkအမည်ကို ပြောင်းလဲခွင့် ရရှိထားပြီးနောက် ၎င်းက "ကျွန်တော့် ပတ်စ်ပို့တ် သက်တမ်းကုန်လို့ အသစ်ပြန်လျှောက်တော့ သက်ဆိုင်ရာက ကျွန်တော့်ဆီ ဖုန်းခေါ်လာပါတယ်။ သူတို့မှာ ပြဿနာ တစ်ခုရှိနေတယ်တဲ့။ ကျွန်တော့်နာမည်သစ်ဟာ စည်းမျဉ်းတွေအရ ပတ်စ်ပို့တ်အတွက် လက်ခံပေးဖို့ ခက်နေကြောင်းနဲ့ ဒီအတွက် နောက်ထပ် အစိုးရ အသိအမှတ်ပြု မှတ်တမ်းတွေ ထပ်လိုကြောင်း ပြောပါတယ်။ ဒီတော့ ကျွန်တော့် ယာဉ်မောင်းလိုင်စင်ကို သူတို့ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ဒေသ ကိုယ်စားပြု အမတ်ဆီက ထောက်ခံစာလည်း ပါတယ်။ ဒါတောင် အဆင်မပြေဘူး ဆိုတာကတော့ ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ ကျွန်တော့် မွေးစာရင်း နာမည်ကိုပဲ ပတ်စ်ပို့တ်မှာ သူတို့က သုံးစေချင်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်တော့တဲ့ နာမည်လေ"ဟု ပြောကြားခဲ့သည်။ 

ပတ်စ်ပို့တ်ရုံးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးကမူ မိမိတို့ အနေဖြင့် တစ်ဦးချင်း ကိစ္စများအပေါ် မှတ်ချက်မပေးလိုကြောင်း ဆိုသည်။ ပတ်စ်ပို့တ်စည်းမျဉ်း သတ်မှတ်ချက်များတွင် New Year၊ Happy Easter၊ Good Bye အစရှိသော စကားလုံးများကို ယေဘုယျအားဖြင့် လူအမည်အဖြစ် လက်ခံသတ်မှတ်မည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

Planet Myanmar Network

RangonNewsDaily: February . 6 .2014
ဗြိတိန်နိုင်ငံ၏ ဆေးမင်ကြောင် အထူထပ်ဆုံး လူသားအနေဖြင့် မိမိ၏ အမည်သစ်ဖြင့် ပတ်စ်ပို့တ် လျှောက်ထား၍ မရခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက်(၃၄)နှစ်ရှိ မက်သရူးဝှီလန်သည် ၎င်း၏ အမည်ကို King of Inkဟု ပြောင်းလဲလိုက်သည်။

သရုပ်ဆောင် လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ဆိုလာသူ နီနီခင်ဇော်

Photo: သရုပ်ဆောင် လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ဆိုလာသူ နီနီခင်ဇော်
Wednesday, February 5, 2014

Melody World အစီအစဉ်မှ စတင်၍ ယခုထက်တိုင် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိရုံသာမက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပွဲတော်ကြီး ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် သူ၏ ဖျော်ဖြေတင် ဆက်မှုသည် ပရိသတ်များ၏ ရင်ထဲတွင် နေရာတစ်နေရာ ရရှိလာသော အခြေအနေ ဖြစ်ပေါ်လာခဲ့သည့် အဆိုတော် နီနီခင်ဇော်သည် သီချင်းများ သီဆိုခြင်းနှင့် စာရေးခြင်းကိုသာ ဝါသနာပါပြီး သရုပ်ဆောင်လုပ်ရန် အစီအစဉ် မရှိသေးပါဘူးဟု ဆိုလာခဲ့သည်။ 

''နီနီ တကယ်ဝါသနာ ပါတာက သီချင်းဆိုတာနဲ့ စာရေးတာလေ။ မင်းသမီး လုပ်ဖို့ကိုတော့ မစဉ်းစားမိပါဘူး။ မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ဆိုတာကလည်း မင်းသမီး တစ်ယောက်ရဲ့ အရည်အချင်းတွေ အများကြီး လိုအပ်ပါတယ်။ နီနီ သီချင်းခွေတွေမှာ သရုပ်ဆောင်တာ တောင်အဆင်ပြေချင်တာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး'' ဟု သူက ပြောပြခဲ့သည်။

နီနီခင်ဇော်၏ ''မာရီယို'' Audio အခွေကလည်း ပရိသတ်များ အကြိုက် တွေ့ခဲ့ကြသည်။ နယ်ရှိုးများနှင့် နိုင်ငံခြား ခရီးစဉ်သွားရန် ရှိကြောင်းကိုလည်း ''မန္တလေး၊ ပုဂံနဲ့ ချောက်ဘက်ကို သွားဆိုဖို့ ရှိပါတယ်။ နိုင်ငံခြား ရှိုးကတော့ တောင်ကိုရီးယားမှာ Lazy Club နဲ့သွားပြီး ဆိုရမှာပါ။ ပြီးတော့ နီနီရဲ့ မာရီယို MTV လေးကို ရိုက်နေပါတယ်'' ဟု သူက ဆက်လက် ပြောပြခဲ့သည်။
သူ၏ ကြိုးစားမှုများကို ပရိသတ် အားပေးပါစေတော့ဟု ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ အကောင်းဆုံး ကြိုးစားပြီး သီဆိုခဲ့သည့် အတွက် ပရိသတ် အသိအမှတ်ပြု ပေးတာကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် သူ၏ ''မာရီယို'' MTV ကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားလျက် ရှိကြောင်း သိရသည်။

Aသူ
မြ၀တီ

RangonNewsDaily: February . 6 .2014
Melody World အစီအစဉ်မှ စတင်၍ ယခုထက်တိုင် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိရုံသာမက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပွဲတော်ကြီး ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် သူ၏ ဖျော်ဖြေတင် ဆက်မှုသည် ပရိသတ်များ၏ ရင်ထဲတွင် နေရာတစ်နေရာ ရရှိလာသော အခြေအနေ ဖြစ်ပေါ်လာခဲ့သည့် အဆိုတော် နီနီခင်ဇော်သည် သီချင်းများ သီဆိုခြင်းနှင့် စာရေးခြင်းကိုသာ ဝါသနာပါပြီး သရုပ်ဆောင်လုပ်ရန် အစီအစဉ် မရှိသေးပါဘူးဟု ဆိုလာခဲ့သည်။

ယူနတီဂျာနယ်သတင်းထောက်များကို ဖမ်းဆီးခြင်းကို နယ်စည်းမခြားသတင်းများအဖွဲ့ ရှုတ်ချ

RangonNewsDaily: February . 6 .2014
ပေါက်မြို့နယ်တွင် "လျှို့ဝှက်ဓာတုလက်နက်စက်ရုံ ရှိသည်"ဆိုသော သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့သဖြင့် ယူနတီအပတ်စဉ်ဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို ဖမ်းဆီးထိန်းသိမ်းခြင်းကို အပြင်းအထန် ရှုတ်ချသည်ဟု ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSFက ဖေဖော်ဝါရီ ၄ရက်က ထုတ်ပြန်လိုက်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၁/၃-၄)ကြားတွင်ယာဉ်တိုက်မှုဖြစ်ပွား ရှေ့ဘီး ပွင့်ကာ ယာဉ်တိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၁/၃-၄)ကြားတွင်ယာဉ်တိုက်မှုဖြစ်ပွား ရှေ့ဘီး
ပွင့်ကာ ယာဉ်တိမ်းမှောက်

kolatt(PBDN): February . 6 .2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး
အမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၁/၃-၄)ကြားတွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနီ
အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ပုဂံအိမ်ရာနေ ဆွေသန့်ကို(၂၆)နှစ်
 မောင်းနှင်လာသော6f/xxxx တိုယိုတာဘတ်တာယာဉ်သည် ၀ဲဘက်ရှေ့ဘီးပွင့်ကာ အရှိန် မထိန်းနိုင်
ဘဲ လမ်းလယ်ကျွန်းကပ်တုံးအားဝင်ရောက်တိုက်မိခဲ့သဖြင့်

 ဆွေသန့်ကို၏ယာဘက် နဖူးနှင့် မျက်ခုံး၊၀ဲလက်ဖျံတို့တွင်စုတ်ပြဲဒဏ်ရာများနှင့်ယာဉ်မှာ ရှေ့ဦးခေါင်း
ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ယာဘက်ဘော်ဒီ ပိန်ချိုင့်ပျက်စီးသွား၍ တန်ဘိုးငွေကျပ်(၃၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဆွေသန့်ကိုအား ဘောနီအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်
မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily: February . 6 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး
အမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၁/၃-၄)ကြားတွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနီ
အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

ဂျာမနီသမ္မတ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားမည်

Photo: ဂျာမနီသမ္မတ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားမည်
Wednesday, February 5, 2014

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိလာမည့် ဂျာမနီသမ္မတ Joachim Gauck သည် ရန်ကုန်မြို့တော်၏ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ဂျာမနီ ယဉ်ကျေးမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် Goethe Institute မှ ဒါရိုက်တာ Franz Xaver Augustin က ပြောကြားသည်။

ဂျာမနီ-မြန်မာ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့် အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ် ပြုသည့်အနေနှင့် ရန်ကုန် တက္ကသိုလ်ဘွဲ့နှင့် သဘင်ခန်းမတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ ခန့်၌ ဂျာမနီသမ္မတက မိန့်ခွန်းတစ်ရပ် ပြောကြားသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဂျာမနီသမ္မတသည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း Goethe Institute မှ ဒါရိုက်တာ Franz Xaver Augustin က ရှင်းပြသည်။

The Voice Weekly

RangonNewsDaily: February . 6 .2014
နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိလာမည့် ဂျာမနီသမ္မတ Joachim Gauck သည် ရန်ကုန်မြို့တော်၏ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ဂျာမနီ ယဉ်ကျေးမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် Goethe Institute မှ ဒါရိုက်တာ Franz Xaver Augustin က ပြောကြားသည်။

လက်ပံတောင်း ၀က်မှေးရွာတွင် ရဲနှင့် ဒေသခံများ ပဋိပက္ခဖြစ်

RangonNewsDaily: February . 6 .2014
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသရှိ ၀က်မှေးကျေးရွာ အနောက်ဘက်မှာ ၀မ်ပေါင် ကုမ္ပဏီဘက်ကနေ ဒေသခံရွာသားတွေပိုင် လယ်မြေတွေပေါ်မှာ ခြံစည်းရိုး သွပ်ဆူးကြိုးကာရံတဲ့အတွက် ရွာသားတွေ တားဆီးရာကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားတွေ အချင်းများရာကနေ ပဋိပက္ခ ဖြစ်ပွားနေပါတယ်။

Paul Walker ရဲ့သမီးဖြစ်သူ ဒေါ်လာ ၂၅ သန်းအမွေရ

Photo

RangonNewsDaily: February . 6 .2014
Paul Walker ရဲ့သမီးဟာ ဒေါ်လာ ၂၅ သန်းအမွေရမှာဖြစ်ပါတယ်။

လှည်းကူးရှိ သမီးကလေးကျေးရွာ တပ်ပိုင်မြေဖြစ်၍ ဖယ်ရှားခံရပြန်

Photo: လှည်းကူးရှိ သမီးကလေးကျေးရွာ တပ်ပိုင်မြေဖြစ်၍ ဖယ်ရှားခံရပြန်
Wednesday, February 5, 2014

နှစ်ပေါင်း ၂ဝ ခန့်က ရှိနေခဲ့သည့် လှည်းကူးမြို့အပိုင် သမီးကလေးရွာကို တပ်မတော်ပိုင်မြေဖြစ်သည့်အတွက်ဟု ဆိုကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်အမိန့်ဖြင့် ဖယ်ရှားရှင်းလင်းခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်နေ့က ဖယ်ရှား ရှင်းလင်းခဲ့သည့်အတွက် ထိုကျေးရွာ တွင် နေထိုင်နေသည့် လူပေါင်းတစ် ထောင်နီးပါးအိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ နောက်ဆုံး ပတ်တွင်းက ထိုကျေးရွာကို ကျူးကျော် ဟု ဆိုကာ ဖယ်ရှားရှင်းလင်းမည်ဆို သည့် အကြောင်း သတိပေးမှုကို အာ ဏာပိုင်များက ကြို တင်ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကာ မြေတူးကား ၁ဝ စီးခန့်ဖြင့် ဝင်ရောက်ရှင်းလင်းမှု ပြုခဲ့ သည်ဟု ဖျက်သိမ်းခံသမီးကလေး ကျေး ရွာမှ ကိုလှမင်းထက် က ပြောသည်။

”ဒီနေရာက တောကြီး။ နောက် နိုင်ငံတော်က လမ်းဖောက်လိုက်တော့ အိမ်တွေဆောက်လုပ်လာတာပါ”ဟု ကိုလှမင်းထက်က ထပ်မံ ပြောသည်။

သက်ဆိုင်ရာမှ ယင်းကဲ့သို့ အိမ် ခြေ ၃ဝဝ ကျော်ခန့် အပါအဝင် အောင် ဓမ္မ ဘုန်တော်ကြီးကျောင်းနှင့် စာသင် ကျောင်းတစ် ကျောင်း ကိုယ်ထူကိုယ် ထ ဆေးပေးခန်းတစ်ခု ကိုပါထည့်သွင်း ရှင်း လင်းဖယ်ရှားခဲ့သည်ဟု ၄င်းက ပြော သည်။

ရန်ကုန်-ပဲခူးလမ်းမကြီးဘေးရှိ သ ပြေကုန်းမှတ်တိုင်မှ ဆိုင်ကယ်နှင့် သွား လျှင် ၁ နာရီခန့် စီးနင်းသွားရောက်ရ သည့် အဆိုပါ ကျေးရွာဘေးတွင် ရှိနေသော တပ် ပိုင်မြေဟုဆိုကာ ဖယ် ရှားရှင်းလင်း ခံရခြင်းဖြစ် သည်ဟု ကျေး ရွာသားတို့ အပြောအရ သိရသည်။

နှစ်ပေါင်း ၁၅ နှစ်ကျော် အခြေချ နေထိုင်ခဲ့သူ ဦးမြင့်လှိုင်က ”ကျွန်တော် တို့တော့ ဘဝပျက်သွားပြီဗျာ”ဟု ပြော သည်။

ဖယ်ရှားခံရသည့် ကျေးရွာသား အများစုသည် ၄င်းတို့၏ ဆွေမျိုးများ အိမ်သို့ ရွှေ့ပြောင်းမှုများ ရှိသော်လည်း အချို့မှာမူ နေစရာအတွက် အခက်အ ခဲရှိနေသည်ဟု ကျေးရွာ သားများထံမှ သိရသည်။

အဆိုပါ ကျေးရွာရှိ အိမ်ခြေအများ စုမှာ ပျဉ်ထောင်သွပ်မိုးများနှင့် ဆောက် လုပ်ထားပြီး အချို့မှာ တဲအိမ်ကလေး များဖြစ်ကြသည်။

ထိုကျေးရွာသည် လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်ခန့်က ရွာအဖြစ် တည် ရှိခဲ့ခြင်း မဟုတ်ဘဲ တောကြီးသာ ဖြစ်ပြီး နေထိုင်သူများမှ ကိုယ်ထူ ကိုယ်ထစနစ် ဖြင့် ရှင်းလင်း၍ ရွာပုံစံတည်ခဲ့ခြင်း ဖြစ် ကြောင်း ကျေး ရွာ နေထိုင်သူများက ပြောသည်။ ထို့အပြင်၎င်းနေထိုင်သူများ တွင် မြေဂရန် မရှိကြောင်း သိရသည်။

ပေါ်ပြလာနယူးစ်မှ လှည်းကူးမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးအား ဆက်သွယ်မေး မြန်းရာတွင် တာဝန်ရှိသူတစ်ဦးမှ ၄င်း တို့အနေနှင့် ထိုကျေးရွာကိစ္စအား ဖြေ ကြားပိုင်ခွင့် မရှိကြောင်း ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ပထမပတ် တွင်း၌လည်း လှိုင်သာယာ၊ တွံတေးကား လမ်းတစ်လျှောက်ရှိ ကျူးကျော်တဲများ ကို ဖျက်ဆီးရှင်းလင်းမှု ရှိခဲ့ကြောင်း သိ ရသည်။

စိုင်းလမင်း

Popular Myanmar News Journal

RangonNewsDaily: February . 6 .2014
နှစ်ပေါင်း ၂ဝ ခန့်က ရှိနေခဲ့သည့် လှည်းကူးမြို့အပိုင် သမီးကလေးရွာကို တပ်မတော်ပိုင်မြေဖြစ်သည့်အတွက်ဟု ဆိုကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်အမိန့်ဖြင့် ဖယ်ရှားရှင်းလင်းခဲ့သည်။

မြိတ်မြို့တွင် သမ္မတ ဦးသိန်းစိန် ပုံပါ ဗွီနိုင်း မြေစိုက် ပိုစတာအား ဖြုတ်ချမှု တရပ် ဖြစ်ပွား

မြိတ်မြို့တွင် သမ္မတ ဦးသိန်းစိန် ပုံပါ ဗွီနိုင်း မြေစိုက် ပိုစတာအား ဖြုတ်ချမှု တရပ် ဖြစ်ပွား

ဖေဖော်ဝါရီ ၎

မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် ယနေ့ နံနက် (၁၀)နာရီခန့်က သမ္မတ ဦးသိန်းစိန် ပုံပါ “သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးတဲ့သူဟာ တိုင်းပြည်ကို ဖျက်ဆီးတဲ့သူ ဖြစ်တယ်” ဆိုသည့် စာနှင့် မြေစိုက်ပိုစတာအား ဖြုတ်ချမှုတစ်ခု ဖြစ်ပွားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးစဉ်၌ အဆိုပါ ဆိုင်းဘုတ် ပိုစတာအား ကျောက်ဖျာကျေးရွာ အုပ်ချုပ်ရေးမှူး၏ စေခိုင်းချက်အရ ဖြုတ်ချခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်အား မည်သည့် အကြောင်းရင်းကြောင့် ဖြုတ်ချခဲ့သည်ကို စုံစမ်းလျက်ရှိသည်။

ထူးထူး

RangonNewsDaily: February . 6 .2014
 ဖေဖော်ဝါရီ ၄ မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် ယနေ့ နံနက် (၁၀)နာရီခန့်က သမ္မတ ဦးသိန်းစိန် ပုံပါ “သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးတဲ့သူဟာ တိုင်းပြည်ကို ဖျက်ဆီးတဲ့သူ ဖြစ်တယ်” ဆိုသည့် စာနှင့် မြေစိုက်ပိုစတာအား ဖြုတ်ချမှုတစ်ခု ဖြစ်ပွားခဲ့သည်။