Pages

Wednesday, February 5, 2014

၆၇- ကြိမ်မြောက် မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



RangonNewsDaily: February . 5 .2014
၆၇- ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား နှင့် မွန်ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ရန်ကုန်တိုင်းဒေ
သကြီး ဒဂုံမြို့နယ် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅း၀၀- နာရီမှ ည ၁၂း၀၀- နာရီအထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကားလေးစီးဆင့် တိုက်မှုဖြစ်ပွားကလေးတစ်ဦးဒဏ်ရာရ

Photo: တောင်ဥက္ကလာပမြို့နယ်တွင် ကားလေးစီးဆင့်
တိုက်မှုဖြစ်ပွားကလေးတစ်ဦးဒဏ်ရာရ
Wednesday, February 5, 2014 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း (၃၁)ကားဂိတ်ဟောင်းအနီးရှိ အညာသွေးထမင်းဆိုင်ရှေ့၌ ယနေ့ည ၉ နာရီကျော်တွင် ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်း စံပြဈေးဘက်မှယာဉ်ကြောအတိုင်း
မောင်းနှင်လာသည့် ဒိုင်နာယာဉ်သည် ဘရိတ်ပေါက်ပြီး အပေါ် ယာဉ်ကြောမှ ကုန်တင်ယာဉ်ကြီးကိုတိုက်မိကာ အညာသွေး ထမင်းဆိုင်ရှေ့၌ရပ်ထားသည့် အငှားယာဉ်ကိုတစ်ဆင့်တိုက်မိခဲ့ကာ တိုက်မိသည့်အငှားယာဉ်သည် ဆိုင်ရှေ့မှထွက်ခွာရန် ပြုလုပ်နေသည့် စူပါကာစတန်အမျိုးအစားယာဉ်ကို ထပ်မံတိုက်မိခြင်းဖြစ်သည်။

ဒိုင်နာယာဉ်သည် ကုန်တင်ယာဉ်ကြီးကိုတိုက်မိပြီး အငှားယာဉ် အားမတိုက်မီ လမ်းပေါ်၌ရှိနေသည့်ထမင်းဆိုင်မှ ကလေးတစ်ဦးကို တိုက်မိကြောင်း၊ ယင်းအတွက် အဆိုပါကလေးကို သင်္ဃန်းကျွန်းစံပြ
ဆေးရုံသို့ပို့ဆောင်ခဲ့ရသော်လည်း စိုးရိမ်စရာမရှိကြောင်းသိရသည်။

ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသည့် အညာသွေးထမင်းဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လွင်ဦးက ''ဒိုင်နာယာဉ်က နောက်ကနေ ဝင်တိုက်ပြီး အခုလိုဖြစ်သွားတာပါ''ဟုဆိုသည်။

ယာဉ်တိုက်မှုကို အရေးယူဆောင်ရွက်နိုင်ရန် တောင်ဥက္ကလာပ ယာဉ်ထိန်းရဲရုံးမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခင်းဖြစ်ပွားရာသို့ လာရောက်သည့် ယာဉ်အမှုစစ်ကပြောသည်။

The Union Daily

RangonNewsDaily: February . 5 .2014
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း (၃၁)ကားဂိတ်ဟောင်းအနီးရှိ အညာသွေးထမင်းဆိုင်ရှေ့၌ ယနေ့ည ၉ နာရီကျော်တွင် ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ပြည်သူ့ရင်ပြင်ရှေ့ အပန်းဖြေနေသော လူငယ်အဖွဲ့ ကားဖြင့်လိုက်တိုက်ခံရ

RangonNewsDaily: February . 5 .2014
ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က အပန်းဖြေနေသော လူငယ်သုံးဦးထံသို့ လူငယ်တစ်စု ရောက်လာပြီး ရန်စခံရမှုကြောင့် ပြဿနာ မဖြစ်ရန် ၎င်းတို့ ပါလာသော ယာဉ်နှစ်စီးဖြင့် နေအိမ်သို့ မောင်းလာစဉ် အဆိုပါ လူငယ်တစ်စုက ယာဉ်ဖြင့် လိုက်တိုက်ခဲ့ကြောင်း ဒဂုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စင်ကာပူရှိ မြန်မာနိုင်ငံသားများအတွက် ပတ်စ်ပို့စာအုပ် နှုန်းထားအသစ် ထုတ်ပြန်

RangonNewsDaily: February . 5 .2014
စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အတွက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကာ နိုင်ငံကူး လက်မှတ်စာအုပ် ပြုလုပ်ခ နှုန်းထားအသစ်ကို စင်ကာပူနိုင်ငံတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။

မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့တဲ့ ညီအစ်ကိုသုံးယောက်

Photo

RangonNewsDaily: February . 5 .2014
ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုသုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဦးအုန်းမြင့် ပြောစကား ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒပြ

Photo: |၀န်ကြီးဦးအုန်းမြင့် ပြောစကား ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒပြ|
Wednesday, February 5, 2014

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ နယ်လှည့်ပါးရိုက်နေတယ်ဟု
ပြောခဲ့သော စကားအား မကျေနပ်သည့်အတွက် ပြည်မြို့၌ ဖေဖော်ဝါရီ ၄ ရက်နံနက်က တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။ထိုနေ့နံနက် ၉ နာရီတွင် ရှေ့နေ ဦးမြင့်အေးသည် တပ်လမ်းရှိ၎င်း၏နေအိမ်မှ လမ်းရှည်လမ်းနှင့် လမ်းမတော်လမ်း မှတစ်ဆင့်မြင်းစီးကျောက် ရုပ်ရှေ့သို့ လမ်းလျှောက်ကာ မြင်းစီးကျောက်ရုပ်မှ
၎င်း၏နေအိမ်သို့ပြန်ခဲ့ပြီး ဆန္ဒပြမှုကို ရပ်နားခဲ့သည်။

ဦးမြင့်အေးသည်ဆန္ဒပြရာတွင် ' ပြည်ထောင်စုဝန်ကြီးအုန်းမြင့် နယ်လှည့်ပြီး
ပြည်သူကိုပါးမရိုက်ပါနဲ့။ ကျုပ်တစ်ယောက်တည်းကို သူတို့ကိုယ်စား ပါးရိုက်လိုက်ပါ၊ အချက်သန်း ၆၀ ရိုက်ပါ၊ အားရင် ကျုပ်ကိုပါးလာရိုက်ပါ၊ ပါးကောင်းလို့ လက်ဝါးတောင်းတာပါ ' စာသားပါ ဗီနိုင်းပိုစတာတစ်ခုကိုကိုင်
ဆောင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက လမ်းလျှောက် ဆန္ဒပြရခြင်း သည် ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးတစ်ဦးက ပြည်သူလူထုကို မပြောသင့်၊ မပြောထိုက်သည့် စကားများပြောဆိုသည့်အတွက် ၀န်ကြီးအဖြစ် အသိ အမှတ်မပြုဘဲ ဆန္ဒပြသပိတ်မှောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

' ပြည်ထောင်စု အဆင့်ရှိတဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ ပြည်သူ လူထုကို ဒါမျိုးမပြောသင့်ဘူး။ကျွန်တော့် အနေနဲ့ မကျေနပ်တဲ့အတွက် သူ့ကို ၀န်ကြီးအဖြစ် အသိအမှတ် မပြုတော့ဘူး။ သပိတ်မှောက်လိုက်ပြီ။ သပိတ် မှောက်တယ်ဆိုတာ သူ့ကိုဂရုမစိုက်တော့ဘူး။ အသိအမှတ်လည်း မပြုတော့ဘူး ' ဟု သူက ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ပြည်သူလူထုကို ပြန်လည်
တောင်းပန်သင့်ပြီး လွှတ်တော်ကလည်း အဆိုပါဝန်ကြီးကို ခေါ်ယူဆုံးမသင့်
ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။
' ပြည်ထောင်စုလွှတ်တော်က ပညာပေးသင့်တယ်။ ခေါ်ယူဆုံးမသင့် တယ်။ နောက်နောင်ပြည်သူလူထုကို ဒီလို မပြောပါနဲ့ဆိုတာကို။
ပြည်သူလူထု ကိုလည်း သူ့အနေနဲ့ ပြန်ပြီးတောင်းပန်သင့်တယ်။ အဲဒါမျိုးဖြစ်စေချင်တယ် ' ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး က ဆိုသည်။

ဆန္ဒပြခြင်းကို တားမြစ်သော်လည်း ဆက်လက်ဆောင်ရွက်သည့် အတွက် ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ်မျိုးဝင်းက ပြောဆိုသည်။

' တရားဝင်ဥပဒေအရ ခွင့်ပြုချက်တင်ပြီးမှ ဆန္ဒပြဖို့ တားဆီးတာကို သူက သူ့သဘော အတိုင်းဆက်လုပ် သွားမယ်ဆိုတော့ ကျွန်တော်တို့က ဥပဒေ အတိုင်းပဲ အရေးယူဆောင်ရွက် သွားရမှာပေါ့ 'ဟု ၎င်းက ပြောဆိုသည်။
ဆန္ဒပြမှုအကြောင်း အရာကိစ္စနှင့် ပတ်သက်၍ ပြည်မြို့ အမှတ်(၁) ရဲစခန်းတွင် ရှေ့နေဦးမြင့်အေးကို (ပ) ၃၇/၂၀၁၄ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

လက်ရှိတွင် တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးသည် လေလွင့် ကလေးများ ကူညီစောင့်ရှောက်ရေး ကရုဏာလက်များ ကွန်ရက်ကို တည်ထောင်ကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်သည်။ 
သူသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၌ တက္ကသိုလ်ကျောင်းသား ဘ၀ဖြင့် ထောင်နှစ်နှစ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော် လှန်ရေး၌ သင်္ကန်းဝတ်ဖြင့် ထောင်နှစ်နှစ်ကျခံခဲ့ရသူဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


RangonNewsDaily: February . 5 .2014
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ နယ်လှည့်ပါးရိုက်နေတယ်ဟု
ပြောခဲ့သော စကားအား မကျေနပ်သည့်အတွက် ပြည်မြို့၌ ဖေဖော်ဝါရီ ၄ ရက်နံနက်က တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

စစ်တွေသင်္ဘောဆိပ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သောင်းကျော် ဖမ်းမိ

RangonNewsDaily: February . 5 .2014
ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဘောဆိပ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေး

ပြား ခုနစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား များ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း နှစ်ထောင့်တစ်ရာ ဝန်းကျင် ရှိသည်။

အီရတ်မြို့တော်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

Photo: အီရတ်မြို့တော်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား
Wednesday, February 5, 2014

ဗုံးပေါက်ကွဲမှုများမှာ အစိုးရရုံးများ တည်ရှိရာ လုံခြုံရေးထူထပ်စွာ ချထားသည့် ဘဂ္ဂဒက်ရှိ Green Zone အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့မှုရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးကြောင်း သိရသည်။ ယနေ့ ဗုံးပေါက်ကွဲမှုများမှာ အစိုးရရုံးများ တည်ရှိရာ လုံခြုံရေးထူထပ်စွာ ချထားသည့် ဘဂ္ဂဒက်ရှိ Green Zone အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲမှုများအနက် နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံ အပြင်ဘက်တွင် ကားဗုံးနှစ်လုံး ဆက်တိုက်ပေပါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ ကားဗုံးနှစ်လုံး ပေါက်ကွဲမှုမကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ အနီးအနားရှိ စားသောက်ဆိုင်အတွင်း အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက်ရှိ စီးပွားရေးလုပ်ငန်းများ စုဝေးတည်ရှိရာ အဆောက်အအုံ၏ ကားရပ်နားနေရာတွင်လည်း ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားသည်။ ယနေ့ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများအတွင်း သေဆုံးသူ အရေအတွက်ကို ဆေးဘက်ဆိုင်ရာ တာဝန်ရှိများကလည်း အတည်ပြုခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။

Planet Myanmar Network

RangonNewsDaily: February . 5 .2014
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့မှုရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးကြောင်း သိရသည်။ ယနေ့ ဗုံးပေါက်ကွဲမှုများမှာ အစိုးရရုံးများ တည်ရှိရာ လုံခြုံရေးထူထပ်စွာ ချထားသည့် ဘဂ္ဂဒက်ရှိ Green Zone အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Telenor Myanmarမိုဘိုင်းဖုန်းဆင်းကဒ်များကို အကန့်သတ်မရှိရောင်းချပေးမည်

Photo: Telenor Myanmarမိုဘိုင်းဖုန်းဆင်းကဒ်များကို အကန့်သတ်မရှိရောင်းချပေးမည်
Wednesday, February 5, 2014

မိုဘိုင်းဖုန်းဆင်းကဒ်များကို အကန့်သတ်မရှိရောင်းချပေးမည်ဖြစ်ပြီး ကနဦးအနေဖြင့်ကဒ် ၃သန်းသွားမည်ထုတ်လုပ်သွားမည်ဟု Telenor Myanmar မှအမှုဆောင်အရာရှိချုပ် Petter Furbery ကယနေ့နေပြည်တော်၌ပြုလုပ်သည့်စာနယ်ဇင်းတွေ့ဆုံပွဲူတွင်ပြောသည်။ 

´ လူနေထူထပ်တဲ့မြို့တွေမှာ အရင်ဆုံးရောင်းပေးမှာပါ၊ရောင်းထဲအခါမှ လူတစ်ယောက်တစ်ကဒ်နှုန်းမဟုတ်ဘူး၊ကြိုက်သလောက်ဝယ်ခွင့်ရှိပါတယ်၊
ကဒ်တွေကိုလုံလုံလောက်လောက် ရောင်းပေးမှာပါ´ဟု ၄င်းကပြောသည်။ 
ဆင်းကဒ်များရောင်းရာတွင်လည်း2G၊3G နှစ်မျိုးစလုံးကိုတပြိုင်နက် ထဲရောင်းပေးသွားမည်ဖြစ်ကြောင်း အင်တာနက်စနစ်တပါထဲပါဝင် မည်ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

Popular Myanmar News Journal

RangonNewsDaily: February . 5 .2014
မိုဘိုင်းဖုန်းဆင်းကဒ်များကို အကန့်သတ်မရှိရောင်းချပေးမည်ဖြစ်ပြီး ကနဦးအနေဖြင့်ကဒ် ၃သန်းသွားမည်ထုတ်လုပ်သွားမည်ဟု Telenor Myanmar မှအမှုဆောင်အရာရှိချုပ် Petter Furbery ကယနေ့နေပြည်တော်၌ပြုလုပ်သည့်စာနယ်ဇင်းတွေ့ဆုံပွဲူတွင်ပြောသည်။

" သမိုင်းရာဇဝင်အခြေပြု ၍ ယဉ်ကျေးမှုရိုးရာ အမွေအနှစ်ပုံရိပ်များ အကြောင်း စာအက္ခရာ မှတ်တမ်းတင်ရေးသား သူတို့အမြင် "

Photo: " သမိုင်းရာဇဝင်အခြေပြု ၍ ယဉ်ကျေးမှုရိုးရာ အမွေအနှစ်ပုံရိပ်များ အကြောင်း စာအက္ခရာ မှတ်တမ်းတင်ရေးသား သူတို့အမြင် "
Wednesday, February 5, 2014

မြန်မာနိုင်ငံတော်ကြီး သည်တကောင်းခေတ်မှအစ ပြု၍ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် မိရိုးဖလာ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို လက်ဆင့်ကမ်း ထိန်း သိမ်းလာခဲ့ကြသလို တစ်ခေတ် နှင့် တစ်ခေတ်မြန်မာမှုအပေါ်အခြေပြုကာတီထွင်ဆန်းသစ် ကြသည့် လက်မှုအတတ်ပညာ၊ လက်မှုအနုပညာများထွန်းကား ပြည့် နှက် စွာရှိခဲ့ပေသည်။ 

မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက် အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုစိတ်နှင့် တန်ဖိုး ထားချစ်မြတ်နိုးစိတ် တို့ဖြင့် နိုင် ငံသားတာဝန်သိတတ်သူများ ထဲ တွင် မြန်မာစာရေးဆရာတို့၏ အခန်းကဏ္ဍသည် ကြီးမားစွာ တည်ရှိနေပေသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အမွေ အနှစ် တို့၏သဘာဝ အလှတရား တန်ဖိုးနှင့်အနှစ်သာရအကြောင်း ကို ဆရာချစ်ဦးညိုအားမေး ကြည့်ရာ “လူမျိုးတိုင်းမှာကရိုး ရာရှိတယ်။

ရိုးရာဆိုတာ အစဉ် အလာကနေ ဆင်းသက်လာ တယ်။အစဉ်လာဆိုတာကလည်း ရှေးခေတ်နှစ်ပေါင်းများစွာက ဆရာသမားဘိုးဘွားတို့တွေရဲ့ အဆုံးအမနဲ့အတူ ဆင်းသက် လာတဲ့ ကိုယ်၏ ယဉ်ကျေးမှု၊နှုတ်၏ ယဉ်ကျေးမှု၊ စိတ်၏ ယဉ်ကျေးမှု။အဲဒီတော့ ရိုးရာ ဝတ်စားဆင်ယင်မှုကျတော့ ကိုယ်၏ ယဉ်ကျေးမှု၊ နှုတ်၏ ယဉ်ကျေးမှု၊ စိတ်၏ ယဉ်ကျေး မှုတွေမှာ အကုန်လုံးပါ တယ်။ ဒါတွေက အင်မတန် ချစ်စရာ ကောင်းတယ်။ ဂုဏ်ယူစရာ ကောင်းတဲ့ ရိုးရာဓလေ့ပုံစံတွေ ပါ။တချို့ဟာတွေကျတော့ ခေတ်နဲ့အညီ သူ့ရဲ့အတွင်းအနှစ် သာရတွေ မပျက်အောင်ခေတ် အမြင်လေးနဲ့ပြန်ပြီးရေးတယ်။ဖွဲ့စည်းတယ်။ လုံးဝပျက်မသွား ကောင်းဘူးလေ။ တေးဂီတ သီချင်းတွေပဲ ကြည့်ကြည့်၊ ပွဲ တော်တွေမှာပဲ ကြည့်ကြည့် မြန်မာဆိုတဲ့ တိုင်းရင်းသားတွေ အကုန်ပါတာပေါ့။ 

ကိုယ့်ရိုးရာ ယဉ်ကျေးမှုဓလေ့ စရိုက်တွေကို ချစ်ခင်စိတ်ဖြစ်ပေါ် လာအောင်၊ တန်ဖိုးထားတဲ့စိတ် ဖြစ်ပေါ်လာ စေချင်တဲ့ ဆန္ဒတွေနဲ့ ရေးသား ခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုအကြောင်း အရာတွေကိုရေးသားနိုင်သူ တွေ၊ စာအုပ်စာပေတွေ ပေါ်ထွက်လာစေချင်ပါတယ်” ဟု ပြောပြပါသည်။ သည့်ေ နာက်တွင် မြန်မာ့ သမိုင်းဖြစ်စဉ်၌ ကုန်းဘောင် ခေတ်ပုံရိပ်များ ထင်ကျန်နေခဲ့ သည့် ရတနာပုံ မန္တလေးမြို့၏ နန်းဟန်နန်းဆန်ပုံ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်အကြောင်း စဉ်ဆက်မပြတ်ထုတ် ဖော်ရေး သားမှတ်တမ်းတင်နေသူ စာရေးဆရာ ဆူးငှက်ကလည်း “မန္တလေးဆိုတာ မြန်မာဘုရင် တွေလက်ထက်ကတည်းက အမျိုး သားယဉ်ကျေး မှုတွေကို တတ် နိုင်သမျှ ထိန်းသိမ်းခဲ့ကြတယ်။ တစ်လျှောက်လုံးကိုလိုနီခေတ် ရောက်ပေမယ့်လည်း ခေတ်အဆက်ဆက်ဒီလိုရိုးရာယဉ်ကျေး မှု ဓလေ့စရိုက်တွေကို ထိန်း သိမ်းခဲ့ကြတယ်။ 

တစ်ဖက်က လည်း ထိန်းသိမ်း တဲ့အနေနဲ့ ရေးသားခဲ့သလို တစ်ဖက်က လည်း ခေတ်နဲ့အမီလိုက်နိုင် အောင် ကြိုးစားခဲ့တယ်။ ဒါပေ မဲ့ ဒီနေ့ခေတ်လို အရှိန်အဟုန် အပြောင်းအလဲမြန်တဲ့ဟာမျိုး ကျတော့ ထိန်းသိမ်းနိုင်မှု၊ အား ပေးမှု အင်အားလျော့လာကြတယ်။ တစ်ချိန်က၊ တို့မြန်မာ ပြည်က အများဆုံးရေးသား ဖြစ်တဲ့ မန္တလေးမြို့ရဲ့ရိုးရာ ဓလေ့အလှတွေကို ပြည်သူတွေ သိစေချင်တဲ့ ဆန္ဒတွေနဲ့ ရေး သားခဲ့ကြတာပါ။ ဒီလိုရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးပြော ရရင် ဆရာတို့က စံချိန် ကိုပြော တာ။ ဆရာတို့ယဉ်ကျေးမှုတွေ က တစ်ချိန်က ဘယ်လောက် စံချိန်တင်နိုင်ခဲ့သလဲ ဒါတွေသိမှ သာဖြစ်မှာလေ။ ဒါမျိုးတွေကို သိစေချင်တယ်။ဒီလိုအကြောင်း အရာတွေကို ရေးတဲ့စာအုပ် တွေ များများပေါ်ထွက်စေချင် ပါတယ်” ဟုပြောကြားခဲ့ပါ သည်။

သိမ့်သိမ့်
Popular Journal

RangonNewsDaily: February . 5 .2014
မြန်မာနိုင်ငံတော်ကြီး သည်တကောင်းခေတ်မှအစ ပြု၍ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် မိရိုး
ဖလာ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို လက်ဆင့်ကမ်း ထိန်း သိမ်းလာခဲ့ကြသလို တစ်ခေတ် နှင့် တစ်ခေတ်မြန်မာမှုအပေါ်အခြေပြုကာတီထွင်ဆန်းသစ် ကြသည့် လက်မှုအတတ်ပညာ၊ လက်မှုအနုပညာ
များထွန်းကား ပြည့် နှက် စွာရှိခဲ့ပေသည်။

မန္တလေးတွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည်

Photo: မန္တလေးတွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည်
Wednesday, February 5, 2014

မန္တလေးမြို့တော်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကျရောက်သော ၉၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပမည့် တာဝန် ရှိသူများထံမှ သိရှိရသည်။

"ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ ကဗျာတွေ ရွတ်ဖတ်ကြမယ်။ ကဗျာပြပွဲ အဖြစ်လည်း ပြသကြပါမယ်" ဟု ယင်းပွဲ စီစဉ်သူ ဦးပုညဆွေက ဆိုသည်။

ယင်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲနှင့် ရွတ်ဖတ်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့တော် ၃၄ လမ်း ၈၀ x ၈၁ လမ်းကြား၊ သီရိ ပန်းချီပြခန်း၌ ပြုလုပ်မည်ဖြစ်ပြီး ဗိုလ်ချုပ်အကြောင်း ရေးသားထားသော စာအုပ်များ ကိုလည်း လျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူ စဥ့်ကိုင်မြို့နယ် ပလိပ်မြို့မှ လူငယ်များက ပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းသားများကို ဗိုလ်ချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဟောပြောကြမည်ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ် အဖြစ် ကျောင်းသားများကို စာရေး ကိရိယာများ လှူဒါန်းသွားရန် စီစဉ်လျက်ရှိကြောင်း ပလိပ်မြို့ဒေသခံ လူငယ်များထံမှ သိရှိရသည်။

"မြို့နယ်အတွင်းမှာ ပရဟိတ ကျောင်းတွေ များတဲ့အတွက် ဘယ်ကျောင်းမှာ လှူမယ်ဆိုတာ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်အောင်ဆန်းချစ်သူ ပလိပ်မြို့ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။

ယင်းလူငယ်များ အဖွဲ့သည် ပြီးခဲ့သည့်နှစ် ဗိုလ်ချုပ်မွေးနေ့ကလည်း ပလိပ်မြို့ ရေချမ်းအိုး ဘုန်းတော်ကြီးသင် ကျောင်းတိုက်မှ ကျောင်းသားများကို စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

အမျိုးသားရေးနှင့် သက်ဆိုင်သော အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်လေ့ ရှိသည့် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် တွင်လည်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ယင်းကျောင်းတိုက် ထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily: February . 5 .2014
မန္တလေးမြို့တော်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကျရောက်သော ၉၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပမည့် တာဝန် ရှိသူများထံမှ သိရှိရသည်။

ဖွံ့ဖြိုးရေးအတွက် တရုတ်ချေးငွေ ဒေါ်လာသန်း ၁၀၀ သုံးစွဲ

Photo: ဖွံ့ဖြိုးရေးအတွက် တရုတ်ချေးငွေ ဒေါ်လာသန်း ၁၀၀ သုံးစွဲ
Wednesday, February 5, 2014

မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ချေးယူခွင့်ရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထဲက သန်း ၁၀၀ ကို ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ဒီနေ့ ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာကျင်းပရာ ၀န်ကြီး ဦးကျော်ဆန်းက အခုလို ပြောခဲ့တာပါ။

“ယနေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ချေးယူခွင့် ရရှိခဲ့ပြီး၊ ၄င်းအနက်မှ ပထမအရစ် ဒေါ်လာသန်း ၁ဝဝ ချေးယူကာ ပြည်သူများထံ ယခု ကဲ့သို့ချေးငွေများကို ဆက်လက် ထုတ်ပေးနေခြင်းဖြစ်ပါတယ်”

ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၂၀ မှာရှိတဲ့ သမဝါယမအသင်း နှစ်ရာကျော်က အသင်းသား တစ်သောင်းလေးထောင်ကျော်အတွက် ငွေကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်နီးပါးကို ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ပြီး ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါးတန်ဖိုးရှိတဲ့ လယ်ယာနဲ့ လုပ်ငန်းသုံးစက်ကိရိယာတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးခဲ့တယ်လို့လည်း ၀န်ကြီး ဦးကျော်ဆန်းက ပြောခဲ့ပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအပြင် ရှမ်းပြည်နယ်မြို့နယ် အသီးသီးက သမဝါယမအသင်းသား စုစုပေါင်း ၃၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA

RangonNewsDaily: February . 5 .2014
မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ချေးယူခွင့်ရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထဲက သန်း ၁၀၀ ကို ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဧရာဝတီမြစ်ကမ်းနံဘေး ကျုးကျော်များအတွက် ရည်ရွယ်ဖွင့်သည့် ငွေကြယ်ပွင့်လေးများအခမဲ့ စာသင်ဝိုင်း တစ်လအတွင်းလူဦးရေနှစ်ဆတိုး

Photo: ဧရာဝတီမြစ်ကမ်းနံဘေး ကျုးကျော်များအတွက် ရည်ရွယ်ဖွင့်သည့်
ငွေကြယ်ပွင့်လေးများအခမဲ့ စာသင်ဝိုင်း တစ်လအတွင်းလူဦးရေနှစ်ဆတိုး
Wednesday, February 5, 2014

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရီဟေမာအနောက် (၂၆)ဘီလမ်း အမှတ် (၂၁)ကျောင်းနှင့် မျက်နှာချင်းဆိုင် တွင် ဧရာဝတီမြစ်ကမ်း နံဘေးကျူးကျော် များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့်
ငွေကြယ်ပွင့်လေးများ စာသင်ဝိုင်းသို့ တက်ရောက်သည့်
ကျောင်းသားဦးရေမှာ တစ်လအတွင်း လူဦးရေနှစ်ဆတိုးလာ ကြောင်း ယင်းစာသင်ဝိုင်းထံက သိရ သည်။

ယင်းစာကျက်ဝိုင်းကို ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် တက်ရောက်သည့် ကျောင်းသားဦးရေမှာ ၇ဝကျော်သာ ရှိသေးသော်လည်း ယခုအခါ ကျောင်း သားဦးရေ ၁၅ဝ ကျော်သွားပြီ ဖြစ်သည့် အတွက် စာသင်ခုံအခက်အခဲကြုံတွေ့
နေရသည်ဟု ယင်းငွေကြယ်ပွင့်လေးများ စာသင်ဝိုင်း တာဝန်ခံဦးထွန်းကြည်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ယင်းစာကျက်ဝိုင်းကို (၂၆)ဘီလမ်း ကမ်းနားလမ်းတစ်လျှောက်၊ တာရိုးကြီး အောက်ဘက်တွင်နေထိုင်သည့် ကျူးကျော် မိသားစု ကလေးငယ်များ၏ ပညာရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခု လောလောဆယ်တွင် ပဉ္စမတန်းမှ အဋ္ဌမ တန်းအထိ ဖွင့်လှစ်ပေးထားခြင်းဖြစ်ကာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် နဝမတန်းအထိ တိုးချဲ့ဖွင့်လှစ်သွားရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်း စာသင်ဝိုင်းတည်ထောင်သူများက တညီ တညွတ်တည်းပြောသည်။
'ကလေးတွေက ညနေကျောင်းဆင်း ပြီးရင်ဆို သူတို့မိသားစုနဲ့ မြစ်ကမ်းနံဘေး မှာ သဲကျုံးရတယ်။ ကုန်ထမ်းရတယ်။အဲဒါကြောင့် ကျောင်းဆင်းပြီးပြီးချင်း စာသင်ပေးလို့မရဘူး။ သူတို့အလုပ်ပြီး ချိန် ညနေခြောက်နာရီကနေ ရှစ်နာရီကိုပဲ စာသင်ပေးရတယ်။ စာကျက်ပေးရတယ်။ဆရာတွေကလဲ ပညာဒါနလာလုပ်ပေး ကြပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိဘတွေ များတော့ ကလေးတွေအနေနဲ့ စာအုပ် စာတမ်းကအစ အခက်အခဲရှိတယ်'ဟု ယင်းအဖွဲ့တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးစစ်ငြိမ်းအေးက ရှင်းပြသည်။

ငွေကြယ်ပွင့်လေးများစာသင်ဝိုင်းကို မူလစတင်ဖွင့်လှစ်စဉ်က ကျူရှင်မတက် နိုင်သည့် ညပိုင်းအိမ်တွင်စာကျက်ရန် မီး မရှိသည့် ကလေးငယ်များအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သော်လည်း ကျောင်းသား ကျောင်းသူအချင်းချင်း ထိုစာသင်ဝိုင်း အကြောင်း ပြောဆိုရင်းဖြင့် ရပ်ကွက် အတွင်းရှိ တခြားကလေးငယ်များပါလာ ရောက်သင်ယူကြကြောင်း ၄င်းလက်ရှိ အခြေအနေကိုပြောသည်။ မိမိတို့မှာ ဧရာဝတီမြစ်ဘေးရှိ သရက်တပင်ကျေးရွာ မှလာရောက်သင်ယူခြင်းဖြစ်ပြီး စာကျက် ဝိုင်းမှ အိမ်သို့လှေဖြင့် နာရီဝက်ခန့် လှော်ခတ်လာရသည်ဟု သတ္တမတန်း ကျောင်းသားတစ်ဦးက ပြောသည်။

'အိမ်မှာ စာကျက်စရာ မီးမရှိဘူး။ ပြီးတော့ သားတို့ရပ်ကွက်မှာက အရက် သမားတွေပေါတော့ ပတ်ဝန်းကျင်က အရမ်းဆူတယ်။ ဒီမှာတော့ မီးထိန်ထိန် လင်းလင်းနဲ့စာကျက်ရလို့ စာတွေရတယ်။ ဆရာတွေကလဲ အသေးစိတ်ရှင်းပြတယ်။ သားအရင်က ကျောင်းမှာအဆင့် ၄ဝ ကျော်ရတာ၊ အခု ဒီလအဆင့် ၂ဝဝင်သွား ပြီ'ဟု တိုးတက်လာသည့် အခြေအနေကို ပြောပြသည်။

ငွေကြယ်ပွင့်လေးများ စာသင်ဝိုင်း အား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူငယ်၁၃ဦးမှ တစ်ဦးလျှင် ကနဦး မတည်ငွေကျပ်ငါးထောင်စီထည့်ဝင်ကာ စတင်ခဲ့ခြင်းဖြစ်ပြီး သင်တန်းလိုအပ်ချက် များကို ၄င်းတို့ ၁၃ဦးမှအချိုးကျထည့် ဝင်ခဲ့ကြပြီး လက်ရှိအချိန်ထိ ပြင်ပ အလှူရှင်အနည်းငယ်မှ လှူဒါန်းမှုများ ရှိသော်လည်း ကလေးငယ်များ၏လိုအပ် ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင် ရန်အားနည်းချက်ရှိကြောင်း၊ ယင်းသင် တန်းကို ဆက်သွယ်လိုပါက တာဝန်ခံ ဦးထွန်းကြည် ဖုန်း-ဝ၉-၄ဝ၂၆၄၃၅၁၈ နှင့် ဦးကျော်ဇေယျ ဝ၉-၂၅၉ဝဝ၇၂ဝဝ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။

The Union Daily

RangonNewsDaily: February . 4 .2014
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရီဟေမာအနောက် (၂၆)ဘီလမ်း အမှတ် (၂၁)ကျောင်းနှင့် မျက်နှာချင်း
ဆိုင်တွင်ဧရာဝတီမြစ်ကမ်းနံဘေးကျူးကျော်များအတွက်ရည်ရွယ်ဖွင့်လှစ်ထားသည့်ငွေကြယ်ပွင့်လေးများ စာ
သင်ဝိုင်းသို့ တက်ရောက်သည့်ကျောင်းသားဦးရေမှာ တစ်လအတွင်း လူဦးရေနှစ်ဆတိုးလာ ကြောင်းယင်းစာ
သင်ဝိုင်းထံက သိရ သည်။

ဘီးချွတ်ယွင်းမှုကြောင့် တရုတ်ခရီးသည်တင်လေယာဉ် ကျွမ်းထိုးမှောက်ခုံဖြစ်

Photo: ဘီးချွတ်ယွင်းမှုကြောင့် တရုတ်ခရီးသည်တင်လေယာဉ် ကျွမ်းထိုးမှောက်ခုံဖြစ်
Wednesday, February 5, 2014

အင်္ဂါနေ့က ဇန်ဇူးမြို့သို့ လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီးချစဉ် လွဲချော်မှုဖြစ်ခဲ့ပြီး လေယာဉ်ရှေ့ပိုင်းက မြေကြီးနှင့်ထိကာ သည်းထိတ်ရင်ဖို ဆင်းသက်ခဲ့ရသည်။

တရုတ်နိုင်ငံတွင် ပြည်တွင်းဖြစ် ခရီးသည်တင် လေယာဉ်ငယ်တစ်စင်း ဘီးအချ၌ ပြဿနာဖြစ်ပြီး ကျွမ်းထိုးမှောက်ခုံ ဆင်းသက်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသေအပျောက် မရှိခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့က ဇန်ဇူးမြို့သို့ လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီးချစဉ် လွဲချော်မှုဖြစ်ခဲ့ပြီး လေယာဉ်ရှေ့ပိုင်းက မြေကြီးနှင့်ထိကာ သည်းထိတ်ရင်ဖို ဆင်းသက်ခဲ့ရသည်။ လေဆိပ်တာဝန်ခံများက လိုက်ပါလာသူ ခရီးသည် (၃၇)ဦးရော၊ လေယာဉ်အမှုထမ်း (၇)ဦးစလုံးပါ ဘေးရန်ကင်းရှင်းကြောင်း ဆိုသည်။ 

Xinzhou-60 အမျိုးအစား လေယာဉ်သည် အင်္ဂါနေ့ ညနေပိုင်းက လေဆိပ်သို့အဆင်း၌ ပြဿနာ ကြုံလာခြင်း ဖြစ်သည်။ ဟီနန်ပြည်နယ်၏ မြို့တော်ဖြစ်သော ဇန်ဇူးမှ ရှင်ဇန်း နိုင်ငံတက လေဆိပ်သို့ အဆင်းတွင် လေယာဉ်မတော်တဆမှု ဖြစ်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။ Flight Joy 1533 ခရီးစဉ်ဖြင့် ပျံသန်းလာသော လေယာဉ်ကို Joyair လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီက ပိုင်ဆိုင်သည်။ ယင်းလေယာဉ်သည် နိုင်ငံမြောက်ပိုင်း ရှန်ဇီးပြည်နယ်ရှိ တိုင်ယူအန်းမြို့မှ စတင်ပျံသန်းလာခြင်း ဖြစ်သည်။ 

လေယာဉ်သည် ဇန်ဇူးတွင် တစ်ထောက်နားပြီးနောက် အန်ဟွိုင်ပြည်နယ်ရှိ ဟီဖိုင်သို့ ဆက်လက်ပျံသန်းရန် ခရီးစဉ် သတ်မှတ်ထားသည်။ လေယာဉ်ဂျွမ်း ထိုးမှောက်ခုံ ဖြစ်ခဲ့ပြီးနောက် အတွင်း၌ ရှိနေသူ အားလုံးကို လျင်လျင်မြန်မြန် ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ ယခုဖြစ်ရပ်ကြောင့် လေဆိပ်ကို ယာယီပိတ်ခဲ့ရပြီး ခရီးစဉ် (၁၁၄)ခုကို ဆိုင်းငံ့ခဲ့ရသည်။ စစ်ဆေးမှုအရ လေယာဉ်အဆင်း ရှေ့ဘီးချလိုက်ချိန် တွင် ချော်ထွက်သွားရာမှ လေယာဉ်သည် တရွတ်ဆွဲပြီး ဦးပိုင်းနှင့် မြေပြင်ပွတ်တိုက်ခဲ့သလို ပြေးလမ်းပေါ်တွင် ခုန်ပေါက်လွင့်စင်ထွက်သွားကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily: February . 4 .2014
အင်္ဂါနေ့က ဇန်ဇူးမြို့သို့ လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီးချစဉ် လွဲချော်မှုဖြစ်ခဲ့ပြီး လေယာဉ်ရှေ့ပိုင်းက မြေကြီးနှင့်ထိကာ သည်းထိတ်ရင်ဖို ဆင်းသက်ခဲ့ရသည်။

" ‘ဥ’ ရိုက်ခဲ့တဲ့ ရွာမှာပဲ ပြန်ပေး ရုပ်ရှင်ဇာတ်ကားကို သွားရိုက်မယ့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)"

Photo: " ‘ဥ’ ရိုက်ခဲ့တဲ့ ရွာမှာပဲ ပြန်ပေး ရုပ်ရှင်ဇာတ်ကားကို သွားရိုက်မယ့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)"
Wednesday, February 5, 2014

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ရှေးဟောင်းချစ်သူ” ဇာတ်ကားကို နေမင်း၊ မိုးဟေကိုတို့နဲ့ ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားက စာရေး ဆရာမညေး ရဲ့ ဝတ္ထုဖြစ်ပြီး လူငယ်တွေ ကို အသိပညာ ပေးချင်တဲ့ ဇာတ် လမ်းမျိုးဖြစ်ကြောင်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။ အကယ်ဒမီ ရရှိပြီးတဲ့ နောက်ပိုင်း ၂ဝ၁၄မှာ ပရိ သတ်တွေ အတွက် အမြင်ဆန်းစေမယ့် ဘယ်လို ဇာတ်လမ်းတွေ ရိုက်ကူးပေးသွားမလဲ လို့မေးတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က “အဲဒီလို မျိုးတော့ မရှိသေးဘူး။ အကုန်လုံး က မပြောင်းလဲကြသေးတဲ့ အချိန် မှာဘာမှ လုပ်လို့ မရသေးဘူး။ ပရိသတ်လည်း ဘယ်လောက် ပြောင်းလဲဦးမလဲပေါ့။ ကျွန်တော်တို့ ဘက်ကလည်း တစ်ယောက်ထဲ လုပ်ရတာ မဟုတ်ဘူး။ အများနဲ့ လုပ်ရတာ ဆိုတော့ ကျွန်တော်တို့ ဘက်က လူတွေကလည်း ဘယ်လောက် ပြောင်းလဲဦးမလဲ ဆိုတဲ့ အပေါ်မှာ မူ တည်သေးတယ်။ လူတွေ အကုန်လုံးက စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ လုပ်ရမယ့် အလုပ် တစ်ခုမှာ ပရမ်းပတာ ဖြစ်နေတော့ အဲဒါကို အရင်ဆုံး စုစု စည်းစည်းလေး လုပ်ရဦးမယ်”လို့ ပြောပါတယ်။

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က အကယ်ဒမီ ရရှိတဲ့အတွက် ဆရာ သမားတွေနဲ့ ဘုန်းဘုန်းတွေကို လိုက် ကန်တော့ဖြစ်ကြောင်း ပြောပါ တယ်။ အောင်ဇမ္ဗူတောရ ဆရာတော် က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကို သိန်း၂ဝဆု ချသလို၊ ချောရတနာ ကိုလည်း ၁ဝသိန်း ဆုချလိုက်ကြောင်း သိရပါတယ်။ “ဥ”ရုပ်ရှင် ဇာတ်ကား ရိုက်ကူး ခဲ့တဲ့ ပုပ္ပါးဘက်က “ဆယ်ပေါက်” ရွာမှာ “ပြန်ပေး” ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ကို ဇော် (အရုဏ်ဦး)က ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ မိုးဟေကို တို့နဲ့ သွားရောက် ရိုက်ကူး ရင်း အဲဒီရွာမှာ အလှူပြုလုပ်ဖို့ ရှိ ကြောင်းကိုလည်း ဒါရိုက်တာကို ဇော်(အရုဏ်ဦး)က “ဇန်နဝါရီ၂ရက်နေ့ အကယ်ဒမီ ဧည့်ခံပွဲပြီးတော့ ၃ရက် နေ့မှာ အဲဒီရွာ ကို ရောက်သွားပါသေးတယ်။ 

ကျွန်တော် ရိုက်ခဲ့တဲ့ အိမ် နဲ့ အနီးနား ပတ်ဝန်းကျင်ကလူတွေ ကို အခွေ နဲ့စားစရာ၊ သောက်စ ရာတွေ၊ မုန့်တွေ သွားပေးဖြစ်တယ်။ ဒါပေမဲ့ တစ်ရွာလုံး ကိုတော့ ဖေဖော်ဝါရီ ၁၆ရက်နေ့ “ပြန်ပေး” ရုပ်ရှင်သွား ရိုက်ရင်း စတုဒိသာ ကျွေးပါမယ်” လို့ ပြောပါတယ်။ “ပြန်ပေး” ရုပ်ရှင် ဇာတ်ကား က သော် တာဆွေ ရဲ့ ဟာသ ဝတ္ထုတို ၅ခုကို ပေါင်းထားတဲ့ ဇာတ်လမ်း ဖြစ်ပြီး “ဥ” နဲ့ ပုံစံချင်း မတူတဲ့ ဟာသဇာတ်လမ်း တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဇာတ်ကား တိုင်းကို အကယ်ဒမီ မှန်းပြီး ရိုက်လေ့ မရှိဘဲ ဇာတ်ကားတိုင်းကို အကောင်းဆုံး ဖြစ်အောင်ပဲ ရိုက်ကူးပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးက ညီညီ ညွတ်ညွတ် နဲ့ စုစုစည်း စည်း လုပ်မယ် ဆိုရင်တော့ အောင်မြင်တဲ့ ဇာတ်ကားဖြစ် မှာပါ လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily: February . 4 .2014
ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ရှေးဟောင်းချစ်သူ” ဇာတ်ကားကို နေမင်း၊ မိုးဟေကိုတို့နဲ့ ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားက စာရေး ဆရာမညေး ရဲ့ ဝတ္ထုဖြစ်ပြီး လူငယ်တွေ ကို အသိပညာ ပေးချင်တဲ့ ဇာတ် လမ်းမျိုးဖြစ်ကြောင်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။

ဂွေးတောက်ရွက် အသုံးဝင်ပုံ

Photo: ဂွေးတောက်ရွက် အသုံးဝင်ပုံ
Tuesday, February 4, 2014

အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။ 

အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။

 ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။

 ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

မြ၀တီ

RangonNewsDaily: February . 5 .2014
အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

တပ်မတော်သားတစ်ဦးက ရော်ဘာအစေးခြစ် အမျိုးသမီးကို တုတ်ဖြင့်ရိုက်၍ ဦးနှောက်သွေးခဲ

RangonNewsDaily: February . 5 .2014
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲရပ်ကျေးရွာရှိ အမှတ်(၃၅၁) အမြှောက်တပ်ရင်း အနီး ရော်ဘာခြံအတွင်း ဇန်နဝါရီ ၂၇ ရက်နေ့ ညသန်းခေါင်ယံ အချိန်၌ ရော်ဘာအစေးခြစ်နေသည့် အသက် ၄၃ နှစ် အရွယ်အမျိုးသမီး တစ်ဦးကို ယင်းအမြှောက်တပ် ဒုတပ်ကြပ် ရဲလင်းထွန်းက ရိုက်နှက်ခဲ့ ခြင်းကြောင့် ဦးနှောက်သွေးခဲပြီးမော်လမြိုင် ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း မွန်ဒီမိုကရေစီပါတီမှ ဒုတိယဥက္ကဋ္ဌ(၁) နိုင်သက်လွင်က ပြောကြားသည်။

Facebook ၁၀ နှစ်ပြည့် ဇူကာဘတ် ပီတီစကား

Photo: Facebook ၁၀ နှစ်ပြည့် ဇူကာဘတ် ပီတီစကား
Tuesday, February 4, 2014

ယနေ့ဟာ Facebook ဆယ်နှစ်ပြည့်တဲ့ နေ့ရက်ဖြစ်ပြီး တည်ထောင်သူ ဇူကာဘတ်က သူ့ Personal wall ပေါ်မှာ ဝမ်းသာပီတိ စကားကို status ရေးတင်ခဲ့ပါတယ်။ သူရေးတင်ခဲ့တာ ရှည်ပေမယ့် အဓိက သူပြော ချင်တဲ့ အချက်များကို အကျဉ်းချုပ် ဘာသာပြန်ပေးလိုက်ရ ပါတယ်။

"ယနေ့ဟာ Facebook သက်တမ်း ၁၀ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ကျနော် မှတ်မိသေးတယ်။ Facebook ကို စ ဖွင်ပေးလိုက်တဲ့ ညက ကျနော့ သူငယ်ချင်းနဲ့အတူ ပီဇာစားဖြစ်ခဲ့တယ်။ အဲ့တုန်းကတော့ တက္ကသိုလ်ကျောင်းက လူငယ်ကွန်ရက်တွေကို ပေါင်းစည်းပေးနိုင်တဲ့ လုပ်ဆောင်ချက် တစ်ခုဆိုတော့ အင်မတန်ဝမ်းသာတာပေါ့။ ယခုတော့ Facebook က ကမ္ဘာ့လူမှုကွန်ရက်တစ်ခုလုံးကို ချိတ်ဆက်ပေးနိုင် တဲ့ အရာကြီးတစ်ခု ဖြစ်လာပါပြီ။

လက်ရှိမှာ Facebook က User တွေရဲ့  လုပ်ဆောင်ချက်တွေကို မျှဝေတဲ့နေရာ တစ်ခုပဲ အနေနဲ့ပဲ ရှိနေသေး တယ်။ နောက် ၁၀ နှစ်ဆိုရင် လူမှုဘဝက ကြုံတွေ့သမျှ အခက်အခဲနဲ့ ပြဿနာများကို ဝိုင်းဝန်း ကူညီ ဖြေရှင်းပေးမယ့် ကွန်ရက်တစ်ခု ဖြစ်လာအောင် ကြိုးစားဖန်တီးမှာပါ။ 

အင်တာနက် အသုံးပြုသူ အရေအတွက် ပိုမိုးတိုးတက်လာအောင်လည်း ကျနော်တို့ လုပ်အုံးမယ်။ Facebook ကိုလည်း ဒီထက်ပိုပြီး အဆင့်မြင့်အောင် ဖန်တီးအုံးမယ်။ လူသားတွေကို ပိုမို ချိတ်ဆက် ဆက်သွယ်ပေးအုံးမယ်။
ကျနော် ခများတို့အတွက် ဆက်လက်ဖန်တီးပေးပါအုံးမယ်။ ကြိုးစားပါအုံး မယ်။ ဒီရှည်လျားလှတဲ့ ခရီးမှာ ကျနော့ကို အတူလျှောက်ခွင့်ပေးခဲ့တဲ့ ခများတို့ကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်။"
.
အောင်ခမ်း ( www.innewsmyanmar.com )

RangonNewsDaily: February . 5 .2014
ယနေ့ဟာ Facebook ဆယ်နှစ်ပြည့်တဲ့ နေ့ရက်ဖြစ်ပြီး တည်ထောင်သူ ဇူကာဘတ်က သူ့ Personal wall ပေါ်မှာ ဝမ်းသာပီတိ စကားကို status ရေးတင်ခဲ့ပါတယ်။ သူရေးတင်ခဲ့တာ ရှည်ပေမယ့် အဓိက သူပြော ချင်တဲ့ အချက်များကို အကျဉ်းချုပ် ဘာသာပြန်ပေးလိုက်ရ ပါတယ်။