Pages

Tuesday, February 4, 2014

" ဟစ်တလာ အသက် ၉၅ နှစ် အထိ နေသွားကြောင်း ယူဆရသည့် ဓာတ်ပုံတွေ့ရှိ "

Photo: " ဟစ်တလာ အသက် ၉၅ နှစ် အထိ နေသွားကြောင်း 
ယူဆရသည့် ဓာတ်ပုံတွေ့ရှိ "
Tuesday, February 4, 2014

အာဏာရှင် ဟစ်တလာသည် ကတုတ်ကျင်းအတွင်း၌ မသေဆုံးခဲ့ဘဲ ဘရာဇီးသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကာ အသက် ၉၅ နှစ်အရွယ် အထိ နေသွားခဲ့ကြောင်းကို ဓာတ်ပုံက သက်သေပြနိုင်ကြောင်း Hitler in Brazil-His life and His Death စာအုပ် ရေးသားသူ စာရေးဆရာ ဆိုင်မွန်နီက ဆိုသည်။

ဟစ်တလာသည် ဘရာဇီးနိုင်ငံ မာကိုဂရိုဆို ပြည်နယ်ရှိ မြို့ငယ်လေး၌ အခြေချ မနေထိုင်ခင် အာဂျင်တီးနားမှ တစ်ဆင့် ပါရာဂွေးသို့ ထွက်ပြေးခဲ့ကြောင်း ၄င်းစာအုပ်ထဲ၌ ရေးသားထားသည်။

၎င်းသည် အဆိုပါ မြို့ငယ်လေး၌ နေထိုင်စဉ် Adolf Leipzig ဟူသော အမည်ကို အသုံးပြုခဲ့ဖွယ်ရှိပြီး ဂျာမန် အဖိုးအို တစ်ဦးအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည်။

အဆိုပါ ဓာတ်ပုံသည်မသေဆုံးခင် နှစ်နှစ်အလို ၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး နံဘေးတွင်ရပ်နေသူမှာ ၄င်း၏ ချစ်သူလူမည်း အမျိုးသမီး ကတ်တင်ဂါ ဖြစ်သည်။

ဟစ်တလာသည် မိတ်ဆွေများ ပေးသည့် မြေပုံကို အသုံးပြု၍ မြှုပ်နှံထားသော ရတနာများအား ရှာဖွေရန် ယင်းဒေသ၌ လာရောက် နေထိုင်ခြင်း ဖြစ်ကာ ဘဝမှန်အား ဖုံးကွယ်ထားနိုင်ရန် ချစ်သူ ကတ်တင်ဂါအား အသုံးချခြင်းဖြစ်ကြောင်း စာရေးဆရာ ဆိုင်မွန်နီက အခိုင်အမာ ပြောကြားခဲ့သည်။

၎င်းသည် ၁၉၄၅ ခုနှစ် ဧပြီ ၃ဝ ရက်တွင် ဘာလင်ကတုတ်ကျင်း၌ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ကို လက်မခံဘဲ Leipzig (ဟစ်တလာဟု ယူဆရသူ)နှင့် အသက်ရှင်လျက်ရှိသော ဟစ်တလာ၏ မျိုးနွယ်များ၏ DNA ကို စစ်ဆေးသင့်ကြောင်း ဆိုသည်။

TW
Ref: EXPRESS
Popular Myanmar News Journal

RangonNewsDaily: February . 4 .2014
အာဏာရှင် ဟစ်တလာသည် ကတုတ်ကျင်းအတွင်း၌ မသေဆုံးခဲ့ဘဲ ဘရာဇီးသို့ ထွက်ပြေးလွတ်မြောက်ခဲ့
ကာ အသက် ၉၅ နှစ်အရွယ် အထိ နေသွားခဲ့ကြောင်းကို ဓာတ်ပုံက သက်သေပြနိုင်ကြောင်း Hitler in Brazil
-His life and His Death စာအုပ် ရေးသားသူ စာရေးဆရာ ဆိုင်မွန်နီက ဆိုသည်။

ချစ်သူများနေ့အတွက် တစ်ရက်တာ အစမ်းချစ်သူဖြစ်မယ့် ကစားပွဲ လာပြီ

Photo: ချစ်သူများနေ့အတွက် တစ်ရက်တာ အစမ်းချစ်သူဖြစ်မယ့် ကစားပွဲ လာပြီ
Tuesday, February 4, 2014

ဗလင်တိုင်းမ်ဒေး ဟု သိရှိထားကြသည့် ချစ်သူများနေ့ ရောက်ရှိရန် နီးကပ်လာသည့်နည်းတူ မြန်မာလူငယ်များအကြား ဆန်းသစ်တီထွင်မှုများစွာ ပြုလုပ်နေချိန်တွင် ယခုနောက်ဆုံး အစမ်းချစ်သူ ဂိမ်းတစ်ခုကို ချစ်သဲဖြူဖြူ အမည်ရှိ အမျိုးသမီးလေးက စတင်လိုက်ကြောင်း သိရှိရသည်။

ချစ်သဲဖြူဖြူသည် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်း၌ စတေးတပ်တစ်ခု စတင်လွှင့်တင်ခဲ့သည်။ ယင်းစတေးတပ် အပြည့်အစုံမှာ "Tonight 12:00နာရီမှစ၍ 13 ရက်နေ့အထိ ကျွန်မကိုချစ်ကြိုက်သူအားလုံး လိုက်နိုင် ပါသည်။ ကျွန်မကိုမသိအောင် ရည်စားစကားပြောနိုင် သူ အဲ့ထိထဲမှာကျွန်မအကြိုက်ဆုံးသူကို ရွယ်ချယ်မှာဖြစ်ပါသည်။အဲ့လူကိုValentine dayမှာကျွန်မနှင့်အတူ ရှိုးပွဲအတူကြည့်ရပါဖြစ်ပါသည်။ ပီးတော့ ၁ရက်ဘဲ တွဲမှာပါ။ VDay ပီးတာနဲ့အဲ့လူ ဟာကျွန်မရဲ့Friပြန်ဖြစ် မှာပါ။အ ပျော် ကစားနည်းလို့သက်မှတ်လိုက်ပါ" ဟူ၍ ဖော်ပြထားသည်။

ယင်းဖော်ပြချက်တွက် တက်ဂ်လုပ်ထားသူ စုစုပေါင်း ၉၉ ယောက်ရှိရာ အဆိုပါ ၉၉ ယောက်အနက် ပါဝင်သော ယောင်္ကျားလေးအားလုံးကို ရည်ညွှန်းပုံရသည်။

ချစ်သဲဖြူဖြူအမည်ရှိ မိန်းကလေး၏ အစီအစဉ်အရ ချစ်သူများနေ့ တစ်ရက်တာ အစမ်းချစ်သူ ရွေးချယ်ရန် အကြိုက်ဆုံးသူကို ရှာဖွေမည့် အစီအစဉ်မှာ စိတ်ဝင်စားစရာ ကောင်းလှပြီး စိတ်ဝင်စားသူ လူငယ် ယောင်္ကျားလေးများ ဆက်သွယ်နီုင်ပြီ ဖြစ်သည်။

ချစ်သဲဖြူဖြူ၏ လူမှုကွန်ရက်လိပ်စာကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။ ကံကောင်းကြပါစေ။

https://www.facebook.com/chit.phyu.52

ပြည်သူ့ အာဏာ

RangonNewsDaily: February . 4 .2014
ဗလင်တိုင်းမ်ဒေး ဟု သိရှိထားကြသည့် ချစ်သူများနေ့ ရောက်ရှိရန် နီးကပ်လာသည့်နည်းတူ မြန်မာလူငယ်
များအကြား ဆန်းသစ်တီထွင်မှုများစွာ ပြုလုပ်နေချိန်တွင် ယခုနောက်ဆုံး အစမ်းချစ်သူ ဂိမ်းတစ်ခုကို ချစ်သဲ
ဖြူဖြူ အမည်ရှိ အမျိုးသမီးလေးက စတင်လိုက်ကြောင်း သိရှိရသည်။

မိုဘိုင်းဖုန်းဆင်းမ်ကတ်များ Ooredoo က လာမည့် ခြောက်လအတွင်း စရောင်းမည်

RangonNewsDaily: February . 4 .2014
Ooredoo မှ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိ ပြီး နောက်ခြောက်လအတွင်း ဆင်းမ်ကတ် များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်

သွယ်ရေးအော်ပရေတာ လိုင်စင်အ တွက် ရွေးချယ်ထားသော အော်ပရေတာ  နှစ်ခုဖြစ်သော အော်ရီဒူးနှင့်
တယ်လီနော ကုမ္ပဏီနှစ်ခုကို ဇန်နဝါရီ၂၉ရက်မှစ၍ လုပ် ငန်းလိုင်စင်ချပေးလိုက်သဖြင့်Ooredoo မှကတိပေး
ထားသည့်အတိုင်း ဆက်သွယ် ရေးဝန်ဆောင်မှုများအတွက် ဆင်းမ်ကတ် များကို ခြောက်လအတွင်း ရောင်း
ချပေးသွား မည်ဖြစ်ကြောင်း အော်ရီဒူး၏ ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုကပြောသည်။

လူ ၂ ဦးကို ပစ်သတ်ခဲ့သည့် ရုရှား ကျောင်းသားငယ် ဖမ်းဆီးခံရ

Photo: လူ ၂ ဦးကို ပစ်သတ်ခဲ့သည့် ရုရှား ကျောင်းသားငယ် ဖမ်းဆီးခံရ
Tuesday, February 4, 2014

ရုရှားနိုင်ငံ မြို့တော်မော်စကိုက ကျောင်းမှာ လူ ၂ ဦးကို အသေပစ်ခတ်ပြီး ကျောင်းသားအယောက် ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခဲ့တဲ့ လက်နက်ကိုင် ဆယ်ကျော်သက်ကျောင်းသားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သေနတ်သမားဟာ မော်စကိုမြောက်ဘက် ဆင်ခြေဖုံးဒေသကျောင်းက ၁၀ တန်း ကျောင်းသား ဆာဂေးဂေါ်ဒီရဲ့ဗ်လို့ ရုရှား စုံစမ်းစစ်ဆေး သူတွေက ပြောပါတယ်။

သူဖခင် တရားဝင်ကိုင်ဆောင်ထားတဲ့ ရိုင်ဖယ်သေနတ် ၂ လက်ကို ကိုင်စွဲခဲ့တာ ဖြစ်ပါတယ်။

အတန်းဖော် သူငယ်ချင်းတွေကတော့ သူဟာ အတန်းထဲမှာ စံပြကျောင်းသား ဖြစ်ပြီး စိတ်ခံစားမှုဆိုင်ရာ ပြဿနာတခုခု ကြုံခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

ကျောင်းစောင့်က လက်နက်ကိုင်ကို ကျောင်းထဲဝင်လာတာ မတားခဲ့နိုင်ပေမယ့် ရဲတွေ ကျောင်းကို ရောက်လာအောင် သတိပေးခေါင်းလောင်း ခလုတ်ကို နှိပ်နိုင်ခဲ့ပါတယ်။
“ပထ၀ီဆရာကို ပစ်သတ်ပြီး အတန်းဖော် အယောက် ၂၀ ကျော်ကို အတန်းထဲမှာ ပိတ်လှောင်ထားချိန်မှာ ရဲတွေ ရောက်လာတယ်။ သေနတ်သမား ကျောင်းသားက ရဲတွေကို ခုခံ ပစ်ခတ်ခဲ့လို့ ရဲတဦး သေပြီး နောက်တဦး ဒဏ်ရာရတယ်” လို့ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးကော်မတီက ဆိုပါတယ်။

ပစ်ခတ်မှုအပြီး ၁ နာရီလောက်အကြာမှာတော့ ဓားစာခံတွေ အထိအခိုက်မရှိ လွတ်လာပြီး ကလေးတွေနဲ့ ဆရာတွေအားလုံးကို ကျောင်းကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားကျောင်းသားကို လက်နက် ဖြုတ်သိမ်းခဲ့ပြီး အချုပ်ခန်းဆီ ခေါ်သွားပါတယ်။

DVB TV News

RangonNewsDaily: February . 4 .2014
ရုရှားနိုင်ငံ မြို့တော်မော်စကိုက ကျောင်းမှာ လူ ၂ ဦးကို အသေပစ်ခတ်ပြီး ကျောင်းသားအယောက် ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခဲ့တဲ့ လက်နက်ကိုင် ဆယ်ကျော်သက်ကျောင်းသားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မိန်းကလေးအများစု သတိမထားမိသည့် အမှားများ

Photo: မိန်းကလေးအများစု သတိမထားမိသည့် အမှားများ
Tuesday, February 4, 2014

မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း

မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု ရှိတယ်လို့လည်း ခံစားရတာကြောင့် မပါ မဖြစ် လွယ်သွားတတ်ကြပါတယ်။ ဒါ ပေမဲ့ ဖြစ်လေ့ရှိတဲ့ အမှားတွေကတော့ အိတ်ထဲကို ပစ္စည်းပစ္စယအစုံ ထည့်လွယ် တာပါပဲ။ ခဏတစ်ဖြုတ် လွယ်တာက ကိစ္စမရှိပေမယ့် ကြာကြာလွယ်ထားတာ က ပခုံးနဲ့ကျောရိုးကို နာကျင်စေပါတယ်။ ကြွက်သားတွေကိုလည်း အားနဲ့ဆွဲထား သလိုဖြစ်စေပြီး ကိုယ်အနေအထားလည်း မမှန်တာကြောင့် ကြွက်တက်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။

(၂) ဒေါက်မြင့် ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာဟာ မိမိ ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့ အပြင် ပွဲတိုး တယ်လို့ ခံစားရစေတာကြောင့် မိန်းက လေးတိုင်း စီးလေ့ရှိပါတယ်။ အနေတော် ဒေါက်အမြင့်က အရိုးအဆစ်တွေကို ထိခိုက်မှုသိပ်မဖြစ်ပေမယ့် ဒေါက်မြင့်ဖိ နပ်တွေကတော့ ခြေထောက် သွေးကြော တွေကို ဖူးရောင်စေတာ၊ အရိုးအက်ကွဲ တာ၊ အရွတ်စုတ်ပြဲတာ၊ OA အဆစ်ရောင်ရောဂါနဲ့ ခြေထောက်၊ ခါးရိုးနဲ့ ပတ် သက်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကိုလည်း ခံစားရတတ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာဟာ အမျိုး သားတွေသာ အများဆုံးပြုလုပ်လေ့ရှိပေ မယ့် ဆေးလိပ်သောက်တတ်တဲ့ အမျိုး သမီးတွေကိုလည်း လေ့လာချက်တွေပြု လုပ်ခဲ့ရာ ဟော်မုန်း မညီမျှမှုတွေ တွေ့ရ တဲ့အပြင် ကလေးမရနိုင်တာ၊ မီးဖွားတဲ့ အခါ ခက်ခဲတာတွေအပြင် အဆုတ်ကင် ဆာလည်းဖြစ်နိုင်တယ်လို့ တွေ့ရှိ ရပါတယ်။

(၄) ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို အချိန်ကြာကြာ ဝတ်ခြင်း

အရမ်းကျပ်တဲ့ဂျင်းဘောင်းဘီတွေ ကို အချိန်ကြာကြာဝတ်ထားတာကြောင့် ခြေထောက်ကြွက်တက်တာ၊ ထုံကျဉ်တာ၊ ဆီးအိတ်ရောဂါနဲ့ မိန်းမကိုယ်မှိုစွဲတဲ့ရော ဂါတွေကိုလည်း ခံစားရနိုင်တယ်လို့ သိရ ပါတယ်။

(၅) ပါတီပွဲများတွင် အသောက်အစားများခြင်း

ပါတီပွဲတွေ၊ ပျော်ပွဲရွင်ပွဲတွေမှာ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ အရက် သောက်တာ၊ စားစရာတွေ မဆင်မခြေ စားတာဟာ ကျန်းမာရေးကို ထိခိုက်စေ တဲ့ အကြောင်းအရာထဲက တစ်ခုပါပဲ။

အိဖြူ (ဆေးဝါးတက္ကသိုလ်)
Photo by ပျိုမေတို့သိစေဖို့
---
မိန်းမကလေးတိုင်း ကျန်းမာအလှတိုးဖို့ ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

RangonNewsDaily: February . 4 .2014
မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါ
ဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ကို အာရှတိုက်၏ ဟစ်တလာဟု မြောက်ကိုရီးယားဝေဖန်

Photo: ဂျပန်ဝန်ကြီးချုပ်ကို အာရှတိုက်၏ ဟစ်တလာဟု မြောက်ကိုရီးယားဝေဖန်
Tuesday, February 4, 2014

အဘေးအနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍတွင် အဆင့်မြှင့်တင်ပြီး စစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်ရှိရာ ယင်းကို မြောက်ကိုရီးယားက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံက ရန်သူတော် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇိုအဘေးအား အာရှတိုက်၏ အဒေါ့ဖ်ဟစ်တလာဟု အမည်တပ် ပုတ်ခတ်စွပ်စွဲလိုက်သည်။ အဘေးအနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍတွင် အဆင့်မြှင့်တင်ပြီး စစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်ရှိရာ ယင်းကို မြောက်ကိုရီးယားက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ အဘေး၏ လုပ်ရပ်သည် ဒုတိယကမ္ဘာစစ် အစမပျိုးမီ ဂျာမန်အာဏာရှင် ဟစ်တလာ၏ အကောင်အထည်ဖော်နေပုံများနှင့် တူနေကြောင်း မြောက်ကိုရီးယားက ဆိုသည်။ ထို့အပြင် ဂျပန်ကြောင့် အရှေ့အာရှ ဒေသ၏ တည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်လာစေနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ 

KCNA သတင်းဌာနက အာဏာရပါတီထုတ် ရိုဒွန်ဆင်မွန် သတင်းစာပါ ဖော်ပြချက်များကို ကိုးကားပြီး ယင်းကဲ့သို့ အပုပ်ချခဲ့ခြင်း ဖြစ်သည်။ အဘေးသည် ပြီးခဲ့သည့် လအတွင်းက ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်၏ စစ်လက်နက် ကဏ္ဍကို ကြီးမားစွာ ကန့်သတ်ချုပ်နှောင်ထားသည့် စာချုပ်အချက်အလက်များကို (၂၀၂၀)တွင် ပြင်ဆင်နိုင်လိမ့်မည်ဟု ပြောဆိုထားသည်။ KCNA သတင်းဌာနက "အာရှတိုက်ရဲ့ ဟစ်တလာ ထွက်ပေါ်လာပြီလား"ဆိုသည့် ခေါင်းစဉ်ဖြင့် အဘေးကို ပယ်ပယ်နယ်နယ် ဝေဖန်ထားခြင်း ဖြစ်သည်။ ထို့အပြင် အဘေး၏ လုပ်ရပ်သည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား လက်နက်များအပေါ် လူအများ စိုးရွံ့နေမှုကို ပိုမိုဆိုးရွားအောင် လှုံ့ဆော်ရင်း ဂျပန်၏ စစ်အင်အားကို မြှင့်တင်နေခြင်းဟုလည်း ထောက်ပြခဲ့သည်။

"ဂျပန်မှာ အဘေးဦးဆောင်တဲ့ အစွန်းရောက် လက်ယာယိမ်း အဖွဲ့တွေ ဩဇာကြီးနေတယ်။ ပြီးတော့ ဂျပန်အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို မြောက်ကိုရီးယားအပေါ် လွှဲချဖို့ ကြိုးစားနေတယ်"ဟု သတင်းဌာနက ဆိုသည်။ ထို့အပြင် "အဘေးဟာ ဖက်ဆစ်ဝါဒီအရူး ဟစ်တလာနဲ့ ဘာမှမကွာဘူး။ ဟစ်တလာဟာ ကွန်မြူနစ်တွေကို တိုက်ခိုက်သလို အကြောင်းပြပြီး နောက်ထပ်စစ်ပွဲတစ်ခုကို ဖန်တီးခဲ့တယ်။ အဘေးလည်း တူတူပဲ။ မြောက်ကိုရီးယားကို အကြောင်းပြပြီး ဂျပန်ရဲ့ စစ်မက်လိုလားတဲ့ ရည်မှန်းချက်သစ်ကို အကောင်အထည် ဖော်နေတာပဲ"ဟု KCNAက စွပ်စွဲသွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily: February . 4 .2014
အဘေးအနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍတွင်အဆင့်မြှင့်တင်ပြီးစစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်
ရှိရာ ယင်းကို မြောက်ကိုရီးယားက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး (လောင်းလုံမြို့နယ်)၏ ပြည်ထောင်စုလွှတ်တော်သို့ အရေးတကြီးအဆိုမှ ကောက်နှုတ်ချက်

RangonNewsDaily: February . 4 .2014
TODAY HIGHLIGHT:ဦးအုန်းမြင့်ပြောဆိုချက် လွှတ်တော်ကို စော်ကားခြင်းဖြစ်ဟု အရေးတကြီးအဆိုတွင်
ဖော်ပြလွှတ်တော်ကိုယ်စားလှယ်များဟာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့မူဘောင်အတွင်းက လုပ်ဆောင်ပြီးအပြု
သဘောနဲ့ ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံ
ရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊

အများပြည်သူများ သိရှိရန်

RangonNewsDaily: February . 4 .2014
၂၀၁၃ ခုနှစ်လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေအရသန်းခေါင်စာရင်းကောက်ယူ
သည့်အချက်အလက်များကိုသန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါးအခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြု
ခွင့် သို့မဟုတ် စစ်ဆေးခွင့်မရှိစေရ။

စိတ်ကြွဆေးပြား ၇၀၀၀၀ ကျော် စစ်တွေမြို့မှာ ဖမ်းဆီးရမိ

RangonNewsDaily: February . 4 .2014
ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြားပေါင်း ၇-သောင်းကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တွေရဲတပ်ဖွဲ့က ထုတ်ဖေါ်ကြေညာပါတယ်။

တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယဗလ မောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

Photo: တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယဗလ မောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Monday, February 3, 2014

တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယ ဗလမောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ည ၇နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် တိုင်းဒေသကြီးမှ အားကစား သမားများ ဖြစ်သည့် ကမ်ပိုပြိုင်ပွဲ ၅ဝ ကီလိုတန်းတွင် ရွှေတံဆိပ်ဆု ရရှိသည့် မောင်သန်းဝင်းအား လည်းကောင်း၊ မာရသွန် ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိသည့် မောင်သောင်းအေးအား လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲ (+၇၈) ကီလိုတန်းတွင် ငွေတံဆိပ်ဆု ရရှိသည့် မခင်မျိုးသူ အားလည်းကောင်း၊ ကရာတေးဒို ပြိုင်ပွဲ (-၇ဝ) ကီလိုတန်းတွင် ကြေးတံဆိပ်ဆု ရရှိသည့် မောင်တင်ထွန်းအောင်အား လည်းကောင်း၊ နပန်းပြိုင်ပွဲ (-၇၄) ကီလိုတန်းတွင် ကြေးတံဆိပ်ဆု ရရှိသည့် စောကာဗြီအဲရ်အား လည်းကောင်း၊ မြန်မာ့လက်ရွေးစင် ဂျူဒိုအသင်း နည်းပြ ဒေါ်ခင်မူမူအား လည်းကောင်း ဆုများ ချီးမြှင့်သည်။

ထို့နောက် ကာယဗလ မောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အငယ်တန်း)၌ နှစ်သိမ့်ဆု ရရှိသောသူများအား ဆုများ ချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဝင်းက တတိယဆု ရရှိသော မောင်ရဲကျော်ဌေး (ထားဝယ်)နှင့် ဒုတိယဆု ရရှိသော မောင်ပြည့်စုံစိုး (မြိတ်)အား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်၍ ပထမဆု ရရှိသော မောင်ရန်အောင် (ထားဝယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆုများ ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အကြီးတန်း)၌ နှစ်သိမ့်ဆု ရရှိသော သူများအား ဆုများချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တတိယဆုရ ရှိသော မောင်ဟိန်းစိုး (လောင်းလုံမြို့နယ်)နှင့် ဒုတိယဆု ရရှိသော မောင်သန်းထွန်း (မြိတ်မြို့ နယ်)အား ငွေသားနှင့် တံခွန်စိုက် ဆုများချီးမြှင့်ပြီး ပထမဆုရရှိသော မောင်မျိုးဇော်(မြိတ်မြို့နယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌ နှစ်သိမ့်ဆု ရရှိသူများအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၏ ဇနီး ဒေါ်လှရီက တတိယဆု ရရှိသော မအိအိဖြူ (ထားဝယ်)နှင့် ဒုတိယဆု ရရှိသော မမိုးပပအား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်၍ ပထမဆု ရရှိသော မဆွေဆွေအောင် (သရက်ချောင်း မြို့နယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

အဆိုပါ မြို့နယ် ပေါင်းစုံ ကာယ ဗလမောင် (အကြီးတန်း) ပြိုင်ပွဲ တွင် ခုနစ်ဦး၊ ကာယဗလမောင် (အငယ်တန်း) ပြိုင်ပွဲတွင် ၁၄ဦး၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ တွင် ၁၆ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်
မြ၀တီ


RangonNewsDaily: February . 3 .2014
တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယ ဗလမောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဆုချီး
မြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ည ၇နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။