Pages

Wednesday, January 29, 2014

Chrome OS ကို ဟက်နိုင်သော ဟက်ကာကို ကန်ဒေါ်လာ ၂.၇ သန်းချီးမြင့်မည်

Chrome OS ကို ဟက်နိုင်သော ဟက်ကာကို ကန်ဒေါ်လာ ၂.၇ သန်းချီးမြင့်မည် 

Google က ကိုယ်တိုင်ထုတ်လုပ် ဖန်တီးထားတဲ့ ဟက်ကာတွေကို အမေရိကန်ဒေါ်လာ ၂.၇ သန်း ကျော် ဆုငွေ ချီးမြင့်မှာ ဖြစ်ကြောင်း သိရ ပါတယ်။ 

ကနေဒါနိုင်ငံမျာ လာမယ့် မတ်လအတွင်း Security Conference လုပ်မှာ ဖြစ်ပြီး အဲ့ဒီအချိန်ကျရင်ပေးမှာ ဖြစ်ပါတယ်။ ပေးမယ့် ဆုတွေကို ခွဲထားပါတယ်။ Intel သို့မဟုတ် ARM chip နဲ့ ပစ္စည်းများကို အသုံးပြု ဖန်တီးထားတဲ့ Laptop နဲ့ Chrome OS ကို ဟက်နိုင်ရင် အမေရိကန်ဒေါ်လာ ၁၁၀၀၀၀ နဲ့ ၁၅၀၀၀၀ အသီးသီး ချီးမြင့်မှာ ဖြစ်ပါတယ်။ အဖွဲ့လိုက်ပီဖြစ်ဖြစ်၊ တစ်ဦးချင်းကိုပဲ ဖြစ်ဖြစ် ချီးမြင့်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ Chrome OS ကို Built in အဖြစ်ထည့်သွင်းတဲ့ HP နဲ့ Acer Chromebook ကနေ ဟက်နိုင် ရင်တော့ အများဆုံး ဆုငွေကို ချီးမြင့်မှာ ဖြစ်ပါတယ်။

ဒီတော့ ဆုငွေတွေ အားလုံးပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၂.၇၁၈၂၈ ရှိပြီး သင်္ချာနည်းကျကျ ထုတ်ယူထားတဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။ ဒါဟာ Google က ကမ္ဘာမှာ ရှိတဲ့ ဟက်ကာတွေကို Chrome OS ဟက်ဖို့ စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ Chrome OS သာ တကယ် လုံခြုံရေးကောင်းရင် ဂုဏ်သတင်း မွေးလာအုံး မှာပါ။ မတ်လ ၁၄ ရက်နေ့ ကနေဒါ၊ ဗန်ကူးဗားမှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ 

Credit :Smart pro journal

RangonNewsDaily:: January . 29 .2014
Google က ကိုယ်တိုင်ထုတ်လုပ် ဖန်တီးထားတဲ့ ဟက်ကာတွေကို အမေရိကန်ဒေါ်လာ ၂.၇ သန်း ကျော် ဆုငွေ ချီးမြင့်မှာ ဖြစ်ကြောင်း သိရ ပါတယ်။

မောင်တောမြို့​နယ်၊ ဒုချီးရာတန်းအကြမ်းဖက်မှုကိစ္စ ရိုဟင်ဂျာလူ​ငယ်ကွန်ယက် သတင်းထုတ်ြ​ပန်


RangonNewsDaily:: January . 29 .2014

မြန်မာနိုင်ငံအနောက်ခြမ်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့အတွင်းရှိ ဒုချီးရာတန်းရွာတွင် အစိုးရနှင့် ရခိုင်လူမျိုးများမှ ပူးပေါင်း၍ လူသားမဆန်သည့် အကြမ်းဖက်မှုများ ပြုလုပ်နေသော်လည်း သတင်းမှန်များကို ထိန်ချန်ကွယ်ဝှက်ထားကာ ဆက်လက်၍ အကြမ်းဖက်မှုများ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အငြင်းပွားကျွန်းတွေ ပိုင်ဆိုင်ကြောင်း ဂျပန်ကျောင်းတွေမှာသင်မည်

Photo: အငြင်းပွားကျွန်းတွေ ပိုင်ဆိုင်ကြောင်း ဂျပန်ကျောင်းတွေမှာသင်မည်
Wednesday, January 29, 2014

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း ကြေညာထားကြတဲ့ ကျွန်းတွေကို ပိုင်ဆိုင်မှု ပြသတဲ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာ သင်ကြားဖို့ စီစဉ်နေပါတယ်။

သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေဟာ ဂျပန်နိုင်ငံ နယ်နမိတ်အတွင်းမှာ တည်ရှိကြောင်း ဆရာတွေအနေနဲ့ သင်ကြားဖို့ ပြန်လည်စိစစ် သုံးသပ်နေတဲ့အကြောင်း ပညာရေးဝန်ကြီး Hakubun Shimomura က အင်္ဂါနေ့ကပဲ ပြောဆိုခဲ့တာပါ။

ကျောင်းသင်ခန်းစာမှာ ထည့်သွင်းဖို့ စီစဉ်ထားတဲ့ ကျွန်းတွေထဲမှာတော့ ဂျပန်နိုင်ငံက Takeshima လို့ခေါ်ပြီး၊ တောင်ကိုရီးယားက Dokdo လို့ခေါ်တဲ့ ဂျပန်ပင်လယ်ပြင်ထဲက ကျွန်းစုတွေနဲ့ ဂျပန်နိုင်ငံက Senkaku လို့ခေါ်ပြီး၊ တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်းက လူသူမနေတဲ့ ကျွန်းစုတွေ ပါဝင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ တောင်ကိုရီးယား နိုင်ငံကတော့ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်ခဲ့တာပါ။ အစီအစဉ်ကို ရှုံ့ချခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း ဂျပန်နိုင်ငံဘက်က ပြန်လည် ရုပ်သိမ်းဖို့ ပျက်ကွက်မယ်ဆိုရင် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကလည်း ကန့်ကွက်ကြောင်း ပြောဆိုခဲ့သလို၊ တရုတ်နိုင်ငံဟာ ဒီကျွန်းစုတွေကို ရှေးပဝေသဏီ ကတည်းက ပိုင်ဆိုင်ခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်ကို ဂျပန်နိုင်ငံအနေနဲ့ လေးစားဖို့ လိုတယ်လို့လည်း ပြောဆိုသွားပါတယ်။

VOA

RangonNewsDaily:: January . 29 .2014
တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း ကြေညာထားကြတဲ့ ကျွန်းတွေကို ပိုင်ဆိုင်မှု ပြသတဲ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာ သင်ကြားဖို့ စီစဉ်နေပါတယ်။

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

Photo: သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ
Wednesday, January 29, 2014

သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ

သားသမီး မလိုချင် သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ

သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ

သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ

ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDA အကြံပြု ထားပါတယ်။

(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ

သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ တွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင် လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ

ရာသီလာပြီး ၁၄ ရက် မြောက်နေ့မှာ သားဥ ကြွေကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ်ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥြွေကရက်ပါ။

(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ

ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေအောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြ ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ

သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ

သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။ 

အလင်း(ဆေးဝါး)

မြ၀တီ

RangonNewsDaily:: January . 29 .2014
သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

ပြည်ပသို့ အိမ်အကူ သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရများသာမက စာတမ်းပြုစုသူနှင့် အင်ဂျင်နီယာများလည်းပါ

RangonNewsDaily:: January . 29 .2014
ပြည်ပသို့ အိမ်တွင်းမှုအကူအဖြစ် သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရ၊ စာတမ်းပြုစုနေသူများနှင့် အင်ဂျင်နီယာများပင် ပါဝင်နေသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ တာဝန်ရှိသူများ က ပြောသည်။အိမ်အကူလုပ်ဖို့ လာတဲ့သူတွေထဲမှာ လေးတန်းကနေ ဘွဲ့ရ၊ အင်ဂျင်နီယာတွေအထိ ပါတယ်။ အင်ဂျင်နီ ယာတွေဆိုပေမယ့် ဒီမှာက မိသားစုက ဆင်းရဲတယ်။ လစာ ၈၀,၀၀၀၊ ၁၀၀,၀၀၀ နဲ့ ကုမ္ပဏီတွေမှာ မလုပ်နိုင်ဘူး။ သူတို့မိသားစုတွေကို သူ မထောက်ပံ့နိုင်ဘူး။

Angry Birds ဂိမ်းသည် NSA ၏ အသုံးချခံ ဖြစ်လာဟုဆို

Photo: Angry Birds ဂိမ်းသည် NSA ၏ အသုံးချခံ ဖြစ်လာဟုဆို
Wednesday, January 29, 2014

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများ အနေဖြင့် ၎င်းတို့၏ သူလျှို လုပ်ငန်းများတွင် ကမ္ဘာပေါ်၌ လူကြိုက်အများဆုံး မိုဘိုင်းလ်ဖုန်း ဂိမ်းတစ်ခုကို ခုတုံးလုပ် အသုံးချလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။ Angry Birdsအပြင် မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုသည့် နာမည်ကြီး Appအချို့ကို ထောင်ချောက်ဆင်ကာ နေရာပြစနစ်များ၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လည်ပတ်မှု အခြေအနေများ၊ အဆက်အသွယ် ဖုန်းနံပါတ်များကိုပါ NSAက ရယူခဲ့ကြောင်း သိရှိရသည်။ 

ယင်းမှတ်တမ်းမှတ်ရာများကို NSA၏ ဝန်ထမ်းဟောင်းနှင့် နာမည်ကြီး ထောက်လှမ်းရေး သတင်းအချက်အလက် ဖော်ကောင်ဖြစ်သူ အက်ဒွပ်စနိုးဒင်းက နောက်ဆုံး ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ NSAကမူ မိမိတို့သည် တိကျသည့် နိုင်ငံရပ်ခြား ထောက်လှမ်းရေး ပစ်မှတ်များမှလွဲ၍ အခြားသော သတင်းအချက်အလက်များကို စိတ်မဝင်စားပါကြောင်း ကြေညာချက်ထုတ်ပြန် ငြင်းဆိုထားသည်။ "NSAက ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စုဆောင်းတယ် ဆိုတာက တိကျတဲ့ နိုင်ငံရပ်ခြား ထောက်လှမ်းရေး Collectionတွေ ရှိပြီးသား အခြေအနေမှာပါ။ မိုဘိုင်းလ်ဖုန်းတွေ၊ ဆက်သွယ်ရေး မီဒီယာ ကွန်ရက်တွေကနေ အမေရိကန်တွေရဲ့ နေ့စဉ်လူနေမှု ဘဝကို ထောက်လှမ်းနေတယ် ဆိုတာက လုံးဝ မမှန်ပါဘူး"ဟု NSA၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NSAက Angry Birdsနှင့် အခြားသော မိုဘိုင်းလ် Appများကို အသုံးပြုနေကြောင်း အဆိုပါ သတင်းကို New York Times၊ ProPublicaနှင့် Guardian သတင်းစာကြီးများက စတင်ဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းအခြေအနေတွင် NSAက စုဆောင်းရယူနိုင်သည့် အချက်အလက် ပမာဏကိုမူ တိတိကျကျ မသိရသေးချေ။ စနိုးဒင်းက ထုတ်ပြသော မှတ်တမ်းမှတ်ရာများ အရမူ မြေပုံစနစ်များ၊ ဂိမ်းများ၊ Social Networkingဆိုင်ရာ Appများတွင် အဓိက ထောင်ချောက်ဆင် ထောက်လှမ်းကြောင်း ပါရှိသည်။ ထို့အပြင် အမေရိကန်ရော၊ ဗြိတိသျှ ထောက်လှမ်းရေးတို့ကပါ မိုဘိုင်းလ်ကိရိယာများသည် သူလျှိုလုပ်ငန်းတွင် အချက်အလက်များ သိုမှီးစုဆောင်းရန် အလွန်အရေးပါသော နယ်ပယ်တစ်ခုအဖြစ် အသိအမှတ် ပြုထားကြကြောင်းလည်း ယင်းမှတ်တမ်းများတွင် မှတ်ချက်ထုတ်ထားကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: January . 29 .2014
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။

မာတာ၏ ပွဲဦးထွက်တွင် နိုင်ပွဲဖြင့် စတင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်

Photo: မာတာ၏ ပွဲဦးထွက်တွင် နိုင်ပွဲဖြင့် စတင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်
Wednesday, January 29, 2014

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် ကားဒစ်ဖ်စီးတီးကို (၂-၀)ဖြင့် အနိုင်ယူခဲ့သလို ကစားသမားသစ် ဟွမ်မာတာ၏ ပွဲဦးထွက်လည်း လှပလာခဲ့သည်။

ယူနိုက်တက်သည် ယခုပွဲစဉ်တွင် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်သော ရော်ဘင်ဗန်ပါစီကို တိုက်စစ်မြားဦး၌ ပွဲထုတ်ခဲ့ပြီး ၎င်း၏နောက်တွင် မာတာက ပံ့ပိုးကာ အန်တိုနီယို ဗလန်စီယာ၊ ရိုင်ယန်ဂစ်၊ အက်ရှ်လေယန်းတို့က ဝန်းရံခဲ့သည်။ ဖီးလ်ဂျုံးစ်က ကွင်းလယ်ခံစစ်တွင် ထောက်ကစားပြီး နောက်တန်းတွင် ရာဖေးလ်ဒါဆေးလ်ဗား၊ ပက်ထရစ်အီဗရာ၊ ခရစ်စမောလင်း၊ ဂျွန်နီအီဗန်စ်တို့ ပါဝင်လာသည်။ ကားဒစ်ဖ်ဘက်တွင်မူ ဖရေဇာကမ့်ဘဲလ်၊ ကရိတ်ဂ်ျဘယ်လာမီ၊ ယော်ဒန်မတ်ခ်ျ၊ ကရိတ်ဂ်ျနိုနီ၊ ဂယ်ရီမီဒယ်လ်၊ ပီတာဝှစ်တမ်ဂမ်၊ ဒက္ကလန်ဂျွန်၊ မာ့ခ်ဟတ်ဒ်ဆန်၊ စတိဗ်ကော်လူကာ၊ ကီဗင်မက်နော်တန်တို့ ပွဲထွက် ကစားခဲ့သည်။

ပွဲချိန် (၆)မိနစ်တွင် အိမ်ရှင် ယူနိုက်တက်တို့ ဂိုးစတင်ရရှိသည်။ ဘယ်ခြမ်းမှ တိုက်စစ်အစပြုလာပြီး ယန်းကန်တင်ပေးလိုက်သော ဘောလုံးကို ဗလန်စီယာ ခေါင်းတိုက် သွင်းယူသော်လည်း တိုင်ထိထွက်လာသည့်နောက် ဗန်ပါစီက နှစ်ဆင့်ပိတ်သွင်းကာ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် ယူနိုက်တက်တို့ ပွဲချိန်အတော်များများကို အသာစီးယူ ထိုးဖောက်ခဲ့ပြီး ဂိုးသွင်းရန် အားထုတ်မှုများ တေ့လွဲနေသဖြင့် အရာမထင်ခဲ့ချေ။ 

ဒုတိယပိုင်း (၅၉)မိနစ်တွင်မူ မာတာ ဘယ်ခြမ်း၌ ချပေးလိုက်သော ဘောလုံးကို ယန်းက တစ်ကိုယ်တော် ခြေစွမ်းပြ ဆွဲယူကာ ခံစစ်သမား နှစ်ဦးကို အယောင်ပြ ကျော်ဖြတ်ပြီး ဧရိယာ အပြင်ဘက်မှ လှလှပပ အပြင်းကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့သည်။ ပွဲချိန်(၆၃)မိနစ်တွင်မူ ဗန်ပါစီအစား အခြား နာလန်ထ တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဝိန်းရွန်နီ ပါဝင်ကစားသွားသည်ကိုလည်း တွေ့ရသည်။

Soccer Myanmar

RangonNewsDaily:: January . 29 .2014
မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် ကားဒစ်ဖ်စီးတီးကို (၂-၀)ဖြင့် အနိုင်ယူခဲ့သလို ကစားသမားသစ် ဟွမ်မာတာ၏ ပွဲဦးထွက်လည်း လှပလာခဲ့သည်။

ဂိမ်းဆော့ဖို့အတွက် တရုတ်ပြည်မှ ဇနီးမောင်နှံက သားသမီး ၃ဦးကိုရောင်း

Photo: ဂိမ်းဆော့ဖို့အတွက် တရုတ်ပြည်မှ ဇနီးမောင်နှံက သားသမီး ၃ဦးကိုရောင်း
Wednesday, January 29, 2014

တရုတ်ပြည် ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းဂိမ်း ဆော့ကစားသူ အများဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားပါတယ်။ ဒါကြောင့်မို့လည်း ဂိမ်းနဲ့ ပက်သက်ပြီး ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်များလည်း အမြဲလိုလို ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Sanxiang City မှာ သားသမီး ၃ ဦး စလုံးကို ရောင်းချပြီး ဂိမ်း ဆော့ခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးကို ဖမ်းဆီးထောင်ကျကြောင်း သိရပါတယ်။

တရုတ်လူမျိုး ဂိမ်မာ လူငယ် အမျိုးသမီနဲ့ အမျိုးသားတို့ဟာ အွန်လိုင်းဂိမ်း တစ်ခုမှာ တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြ ပါတယ်။ ပြီးတော့ ဂိမ်းဆိုင်တစ်ခုမှာ ချိန်းတွေ့ ဂိမ်းအတူဆော့ရင်း ချစ်ကြိုက်သွားပါတယ်။ ပြီးတော့ အိမ်ထောင်ပြု နေထိုင်ကြပြီး အသက် ၂၁ နှစ် မပြည့်သေးတဲ့ လူငယ် ဇနီးမောင်နှံနှစ်ဦးက ပထမဆုံး သားဦးမွေးပါတယ်။ သားဦး အသက် လပိုင်းပဲ ရှိနေသေးချိန်မှာ အိမ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး ဂိမ်းသွားဆော့ တဲ့အထိ ဂိမ်းစွဲခဲ့ကြပါတယ်။

 ဒုတိယမြောက် သမီးမွေးလာချိန် ငွေကြေး အဆင် မပြေတဲ့ ဇနီးမောင်နှံဟာ ဒုတိယ သမီးကို ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ အောက်သာ ရရှိခဲ့ ပါတယ်။ ယင်းငွေကို ဂိမ်း အတွက် အသုံးပြုပြီး ဆော့တာ အချိန်မကြာပဲ ကုန်သွား ပါတယ်။

ဒီတော့ ဂိမ်းအတွက် ကလေးရောင်းလို့ ငွေရှာနိုင်တာ သိတော့ သားဖြစ်သူ ကို အမေရိကန်ဒေါ်လာ ၄၆၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ ပါတယ်။ အဲဒီငွေကုန် သွားချိန်မှာတော့ နောက်ထပ် သားတစ်ယောက်ကိုမွေးပြီး ဈေးကြီးရောင်းချ ခဲ့ပါတယ်။ နောက်ဆုံး ကလေး ဖြစ်သူကို ရောင်းချလိုက်ချိန်မှာ ၎င်းတို့ မိဘ ဖြစ်သူတို့ သိရှိ တွေ့ရှိ လိုက်ပြီး သက်ဆိုင်ရာသို့ တိုင်ကြား ပြစ်ဒဏ် ချမှတ် စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း ( www.innewsmyanmar.com )

RangonNewsDaily:: January . 29 .2014
တရုတ်ပြည် ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းဂိမ်း ဆော့ကစားသူ အများဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားပါတယ်။ ဒါကြောင့်မို့လည်း ဂိမ်းနဲ့ ပက်သက်ပြီး ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်များလည်း အမြဲလိုလို ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Sanxiang City မှာ သားသမီး ၃ ဦး စလုံးကို ရောင်းချပြီး ဂိမ်း ဆော့ခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးကို ဖမ်းဆီးထောင်ကျကြောင်း သိရပါတယ်။

၁၂.၂လက်မ Samsung Galaxy Note Pro ထွက်ရှိ

Photo: ၁၂.၂လက်မ Samsung Galaxy Note Pro ထွက်ရှိ
Wednesday, January 29, 2014

ဗြိတိန်နိုင်ငံမှာ စတင် အော်ဒါမှာ လက်ခံနေပြီ ဖြစ်တဲ့ Samsung ရဲ့  နောက်ဆုံးထွက် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး ၁၂.၂ လက်မ အရွယ်ရှိပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ဆိုရင် ရရှိနိုင်ပြီ ဖြစ်ပါတယ်။

Wi-Fi မော်ဒယ် အဖြူရောင်နဲ့ အနက်ရောင် Galaxy Note Pro ကို ဗြိတိန်ပေါင် ၆၄၉ ပေါင်နဲ့ ရောင်းချ ခြင်း ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေး 2560x1600 pixel resolution ရှိပြီး ကင်မရာက 8 megapixel ရှိပါတယ်။ ရှေ့ ကင်မရာ ကတော့ 2 megapixel ရှိပါတယ်။ RAM 3GB ရှိပြီး storage က 32 GB နဲ့ 64 GB ဆိုပြီးတော့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဘက်ထရီက 9500mAh တောင် ရှိပါတယ်။ Android 4.4 KitKat ကို ထည့်သွင်း အသုံးပြုထားပါတယ်။ Wi-Fi ဗားရှင်းမှာ Exynos 5Octa chip ကို အသုံးပြုထားပြီး 4G ဗားရှင်း မှာ quad-core Qualcomm Snapgradon 800 chipset ကို အသုံးပြုထားပါတယ်။

S-Pen, LTE တို့ပါဝင်ပြီး ထွက်ရှိထားတဲ့ ၁၀.၁ လက်မ 2014 Edition ထက် သာလွန်တဲ့ အရည်အသွေးနဲ့ Feature များကို မြင်တွေ့ ရပါတယ်။ 

အရွယ်အစား တိတိကျကျအားဖြင့် 295.6x204x7.95 mm ရှိပြီး slim ဖြစ်တဲ့ Tablet ဖြစ်ပါတယ်။ Wi-Fi ဗားရှင်းက 750g လေးပြီး 3G/LTE က 753g လေးပါတယ်။ ဒီတော့ လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီး သုံးဖို့အတွက်က အနည်းငယ် လေးနေပါလိမ့်မယ်။ ဗြိတိန်နိုင်ငံအတွက် ရောင်းဈေး ကြေညာပြီးပေမယ့် အခြားနိုင်ငံများအတွက် မကြေညာရသေးပါဘူး။ မြန်မာပြည်မှာ ဆိုရင်လည်း ကျပ်ငွေ ၈ သိန်းဝန်းကျင် ပေါက်ဈေး ရှိနိုင်ကြောင်း သိရ ပါတယ်။ 
.
Ref: pocketlint
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: January . 29 .2014
ဗြိတိန်နိုင်ငံမှာ စတင် အော်ဒါမှာ လက်ခံနေပြီ ဖြစ်တဲ့ Samsung ရဲ့  နောက်ဆုံးထွက် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး ၁၂.၂ လက်မ အရွယ်ရှိပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ဆိုရင် ရရှိနိုင်ပြီ ဖြစ်ပါတယ်။

ကမ္ဘာကျော် ကျေးလက်အဆိုတော် Pete Seeger ကွယ်လွန်

Photo: ကမ္ဘာကျော် ကျေးလက်အဆိုတော် Pete Seeger ကွယ်လွန် 
Wednesday, January 29, 2014

ကမ္ဘာကျော် အမေရိကန် ကျေးလက်အဆိုတော် မစ္စတာ Pete Seeger 
( အသက် ၉၄ နှစ်) ဟာ ဇန်နဝါရီ လ ၂၇ ရက်နေ့ က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့မှာ ကွယ်လွန်သွား ခဲ့ပါပြီ။

သူဟာ ကဗျာတွေ၊ ဝတ္တုတွေ၊ စာညွှန့်တွေ၊ သီချင်းတွေအများကြီး လည်း ရေးစပ်ခဲ့ သူပါ။ သူ့ကို တက်ကြွ လှုပ်ရှားသူ အနုပညာရှင် ဂီတပညာရှင်၊ စာပေပညာရှင်အဖြစ်လည်း လူသိများကြပါတယ်။

ဧရာဝတီblog

RangonNewsDaily:: January . 29 .2014
ကမ္ဘာကျော် အမေရိကန် ကျေးလက်အဆိုတော် မစ္စတာ Pete Seeger
( အသက် ၉၄ နှစ်) ဟာ ဇန်နဝါရီ လ ၂၇ ရက်နေ့ က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့မှာ ကွယ်လွန်သွား ခဲ့ပါပြီ။

တယ်လီနောက ၂၀၁၄ ရန်ကုန် ဘားကမ့်တွင် Official Partner အဖြစ် ပါဝင်မည်

RangonNewsDaily:: January . 29 .2014
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အဖြစ် ရွေးချယ်ခံထားရသော တယ်လီနောက ဘားကမ့်ရန်ကုန် ၂၀၁၄ တွင် Official Partner အဖြစ် ပါဝင်ကူညီသွားမည်ဖြစ်သည်ဟု တယ်လီနောမြန်မာက သတင်း ထုတ်ပြန်ထားသည်။ တယ်လီနောအနေဖြင့် ဘားကမ့်ရန်ကုန်တွင် ပြည်တွင်း၌ လူကြိုက်များသော မိုဘိုင်း App နှင့် Digital Content များ အပါအ၀င် မြန်မာနိုင်ငံမှ တိုးတက်လျက်ရှိသော Web Developer အဖွဲ့အစည်းများ၏ တီထွင်ဆန်းသစ်မှုများနှင့် ပါရမီရှိသူများကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးနည်းပညာ များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။

မန္တလေးတိုင်းအတွင်း ဆိုင်ကယ်စီးဦးထုပ် ကျပ်သိန်း ၈၀၀ ဖိုး အခမဲ့ဖြန့်ဝေသွားမည်

RangonNewsDaily:: January . 29 .2014
မန္တလေးတိုင်းအတွင်း ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်ဦးထုပ်ဆောင်းရန်အတွက် ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ ဆိုင်ကယ်စီးဦးထုပ်အလုံးရေ ၁၀,၀၀၀ ကို အခမဲ့ပေးသွားမည်ဟု မန္တလေးတိုင်း အမှတ်-၁၁၊ ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး မန္တလေးမှ အကြီးတန်းအရာရှိတစ်ဦးက ဇန်န၀ါရီ ၂၈ ရက်တွင် မဇ်္ဈိမကို ပြောသည်။

ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံးခေါ်ယူခဲ့ သည့်ဖုန်း 3-Calls သက်သေပြရမည်

RangonNewsDaily:: January . 29 .2014
ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ် ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။

မန္တလေးတက္ကသိုလ် အုတ်တံတိုင်းဖြိုကာ လမ်းချဲ့မည်

RangonNewsDaily:: January . 29 .2014
မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ဗောဓိရိပ်သာလမ်း၊ ၆၉ လမ်းနှင့် ကိုလံဘိုမြောင်း ဆုံသည့်နေရာတွင် လမ်းချဲ့ရန်အတွက် မန္တလေးတက္ကသိုလ် အုတ်တံတိုင်းကို နောက်ဆုတ်မည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား ဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားသည်။

အိန္ဒိယ အမျိုးသမီးရဲအရာရှိ ကင်းလှည့်အဖွဲ့

Photo: အိန္ဒိယ အမျိုးသမီးရဲအရာရှိ ကင်းလှည့်အဖွဲ့
Wednesday, January 29, 2014

အိန္ဒိယနိုင်ငံ ဘိုပါးမြို့မှာ နီရာဘာယာ မိုဘိုင်းကင်းလှည့်ဝန်ဆောင်မှုကို လတ်တလောလေးမှာပဲ စတင်လိုက်ပါပြီ။ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့တော်မှာ ကျောင်းသူတဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာကို အစွဲပြုပြီး ဒီအမျိုးသမီး ကင်းလှည့်အဖွဲ့ကို အမည်တပ်ထားတာပါ။

Nirbhaya Police Mobile unit Spot action in Bhopal___pankajtiwari.ဒီအဖွဲ့ဟာ စိတ်ပူပန်သောက ရောက်နေရတဲ့ အမျိုးသမီးတွေကို ကူညီဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခိုင်မာတဲ့ နည်းဗျူဟာတွေက အမျိုးသမီးတွေ အများကြီးကြားမှာ ကြောက်ရွံ့မှုတွေ ဖန်တီးဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ပေးလိုက်ပါပြီ။

သူတို့အဖွဲ့ဟာ မနက်စောစောကနေ ညနေစောင်း အချိန်ထိ ဗန်ကားတစီးနဲ့ မြို့တစ်ဝိုက်ကို လှည့်လည်သွားလာနေတာပါ။ ဒီအဖွဲ့မှာ အမျိုးသမီး ရဲအရာရှိ ၆ ဦး ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရာဇ၀တ်မှု မှတ်တမ်းရုံးအဆိုအရ မဒရာ ပရာဒက်ရှ်ပြည်နယ်ဟာ ၂၀၁၁ ခုနှစ်မှာ မုဒိမ်းမှုအရေအတွက် အများဆုံးလို့ ထုတ်ပြန်ထားပါတယ်။ ဒီကင်းလှည့်အဖွဲ့ဟာ အဲဒီမုဒိမ်းမှု အရေအတွက်ကို လျော့နည်းသွားစေဖို့ ရည်ရွယ်ထားတယ်လို့ စစ်ဆေးရေးမှူး ဗိုလ်ချုပ် အက်စ်ကေ ဂျာက ပြောပါတယ်။

“အိန္ဒိယနိုင်ငံဟာ လူဦးရေတ၀က်လောက်အတွက်တောင် လုံခြုံစိတ်ချရတဲ့နေရာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်က အုပ်စုဖွဲ့ မုဒိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ ရာဇ၀တ်မှုတွေ ကျူးလွန်ခံရတဲ့ အိန္ဒိယအမျိုးသမီးတွေကြားမှာ သတိထားလာတာတွေ တိုးလာပါတယ်။ ဒါဟာ အဲဒီအမှုကို ဂုဏ်ပြုလိုက်ခြင်းပါပဲ။ သူတို့ရဲ့ ဆောင်ပုဒ်ကတော့ ‘အမျိုးသမီးများ၏၊ အမျိုးသမီးများအတွက် နဲ့ အမျိုးသမီးများအားဖြင့်’ ပါ။ ကျနော်တို့က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အကူအညီတွေ စီစဉ်ပံ့ပိုးပေးချင်တာပါ။”

ဒါပေမယ့်လည်း ဒီကင်းလှည့်အဖွဲ့ လုပ်နေတာတွေက လွန်နေတယ်လို့ အတော်များများက ပြောကြပါတယ်။ အဲဒီအဖွဲ့ဟာ ပန်းခြံထဲမှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ အတူတွဲ ထိုင်နေကြရင်ကိုပဲ အပြစ်ပေးကြပါတယ်။ ယောက်ျားလေးတွေကိုတော့ ထိုင်-ထ လုပ်ခိုင်းပြီး၊ မိန်းကလေးတွေကိုလည်း သူတို့တွေကို ကင်းလှည့်အဖွဲ့က ဖမ်းထားတယ်ဆိုတဲ့အကြောင်း သူတို့မိဘတွေဆီကို ပြောခိုင်းပါတယ်။

အသက် ၁၉ နှစ်အရွယ် ကျောင်းသား နီရာမလ် ပါသက်ခ်ဟာ ပန်းခြံထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ထိုင်နေတုန်းက တခါ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို ထိုင်-ထ လုပ်ခိုင်းပြီးတော့၊ ရဲစခန်းကို ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။

“ပန်းခြံထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ထိုင်တာက ရာဇ၀တ်မှုတခုလို့ ထင်ပါသလား။ သူတို့ ဒီလို အရေးယူပိုင်ခွင့် ရှိတယ်လို့ မထင်ပါဘူး။ ကျနော်တို့ဟာ ကျနော်တို့ ဘယ်သူနဲ့ ထိုင်မယ်၊ လမ်းလျှောက်မယ် ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတဲ့ လူ့အဖွဲ့အစည်းထဲမှာ နေနေတာပါ။ ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေက လုံးဝကို မှားယွင်းနေပါတယ်။”

ဒီကင်းလှည့်အဖွဲ့ခေါင်းဆောင် နာမီတာ ဆာဟူကတော့ သူတို့ဆောင်ရွက်ချက်တွေကို ကာကွယ် ပြောဆိုပါတယ်။

“ကျမတို့က စာရိတ္တပိုင်းတွေကို ထိန်းသိမ်းကြပ်မတ်ပေးနေတာ မဟုတ်ပါဘူး။ ဒီအဖွဲ့က မိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့ထားတာပါ။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကိုလည်း မမြင်ကွယ်ရာ၊ ဆိတ်ကွယ်ရာမှာ မထိုင်ကြဖို့ ကျမတို့ ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ အဲလို ဆိတ်ကွယ်ရာ နေရာတွေက သူတို့ကို အနှောင့်အယှက်ပေးဖို့ အခွင့်အရေး ပိုရှိတတ်တယ်လေ။”

နောက်ထပ် ကောလိပ်ကျောင်းသူ အက်စ်မာခန်ကတော့ ဒီကင်းလှည့်အခွဲ့ဟာ လူငယ်တွေကြားမှာ အကြောက်တရားတွေကို ဖန်တီးနေတာသက်သက်ပဲလို့ ပြောပါတယ်။

“ကျမတို့ ဒီကင်းလှည့်အဖွဲ့ကိုတော့ တကယ်ကြောက်ပါတယ်။ လူငယ်စုံတွဲတွေကို အပြစ်တင်နေတာဟာ ဘိုပါလ်လို မြို့တမြို့မှာ အမျိုးသမီးတွေအပေါ် ဆန့်ကျင်ပြုမူတာတွေကို ပြောင်းလဲပစ်နိုင်မှာတော့ မဟုတ်ဘူး။ အဲဒီအစား ကြောက်ရွံ့မှုကိုပဲ သူတို့ ဖန်တီးပေးထားတာ။”

ဒီကင်းလှည့်အဖွဲ့ဟာ ဟိန္ဒူ အမာဂိုဏ်းအဖွဲ့အစည်းတချို့ကနေ အားပေးထောက်ပံ့မှု အပြည့်အ၀ ရရှိထားပါတယ်။

ဟိန္ဒူ လက်ယာဂိုဏ်း လူငယ်အဖွဲ့တခုဖစ်တဲ့ ဘာဂ်ျရန်င်ဒါလ်အဖွဲ့ဝင် အာရှူတို့ရှ် ဂျိုက်ဇ်ဝါလ်က “သူတို့လုပ်ဆောင်ချက်တွေကို ကျနော်ကတော့ ခိုင်ခိုင်မာမာကို ထောက်ခံပါတယ်။ သူတို့ဟာ ဒီမှာ အိန္ဒိယ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းပေးဖို့ပါ။ အားလုံးခြုံပြောရရင်တော့ ဒီစုံတွဲတွေ လုပ်ချင်တာလုပ်ဖို့ လူတွေက ခွင့်မပြုသင့်ပါဘူး။ သူတို့ဟာ ပန်းခြံတွေထဲမှာ ညစ်ညစ်ညမ်းညမ်း ပြုမူနေကြတာတွေကို စေ့စပ်ဖျန်ဖြေပေးတာပါ။ ကျနော်တို့ ဒီလိုကိစ္စတွေကို ဖြစ်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။”

ဒါပေမယ့် တချို့အမျိုးသမီးတွေက ဒီအုပ်စုကို ဝေဖန်ကြပါတယ်။ မဟီလာ ဗီရိုဒီ အူသ်ပီဒန် မိုချာ အမျိုးသမီး အဖွဲ့တခုရဲ့ အဖွဲ့ဝင် ဗစ်ဂ်ျယာ ပါသက်က ခုလိုပြောပါတယ်။

“ပန်းခြံထဲမှာ ဒါမှမဟုတ် တခြားတနေရာရာမှာ ထိုင်တာဟာ ရာဇ၀တ်မှု မဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်သင့်တယ်။ ယောက်ျားလေးတaယာက်နဲ့ မိန်းကလေးတaယာက် အတူတူ ထိုင်နေကြရင် ဒါက သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ ဒီအဖွဲ့ကတော့ သူတို့ ခေါင်းလေး၊ ဘာလေး သုံးရတော့မယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှူရီယာ နီယာဇီက မဒရာ ပရာဒက်ရှ်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB

RangonNewsDaily:: January . 29 .2014
အိန္ဒိယနိုင်ငံ ဘိုပါးမြို့မှာ နီရာဘာယာ မိုဘိုင်းကင်းလှည့်ဝန်ဆောင်မှုကို လတ်တလောလေးမှာပဲ စတင်လိုက်ပါပြီ။ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့တော်မှာ ကျောင်းသူတဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာကို အစွဲပြုပြီး ဒီအမျိုးသမီး ကင်းလှည့်အဖွဲ့ကို အမည်တပ်ထားတာပါ။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်များ ရွေးချယ်ပွဲ ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံမည် မဟုတ်ဟု လူမင်းဆို

Photo: ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်များ ရွေးချယ်ပွဲ ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံမည် မဟုတ်ဟု လူမင်းဆို
Wednesday, January 29, 2014

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးအတွက် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို ဧပြီလတွင် ပြုလုပ်သွားမည် ဖြစ်ရာ ဥက္ကဋ္ဌအဖြစ် အရွေးခံတော့မည် မဟုတ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက The Voice သို့ ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေနှင့် အိပ်ချိန်၊ စားချိန်၊ နားချိန်နှင့် ကားရိုက်ရက်များ လျှော့၍ပါ အစည်းအရုံးအတွက် အချိန်ပေး လုပ်ဆောင်ခဲ့သော်လည်း ယင်းမျှနှင့် မလုံလောက်နိုင်ဟု ယူဆကြောင်း၊ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နောက်ပိုင်းတွင် အနုပညာနှင့် ပတ်သက်သော ၎င်း၏ စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို မေ့ထားခဲ့ရကြောင်း၊ ယင်းအချက် နှစ်ချက်ကြောင့် ဧပြီလတွင် ပြုလုပ်မည့် အမှုဆောင်သစ်များ ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံတော့မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 

ယင်းအမှုဆောင်သစ်များ ရွေးချယ်ပွဲအတွက် ရုပ်ရှင် အစည်းအရုံးတွင် မူလရှိပြီးသား ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်း စည်းကမ်းများကို မွမ်းမံပြင်ဆင်နေကြောင်း၊ ယင်းသို့ ပြင်ဆင်ရခြင်းမှာ အနုပညာ လောကသားအချို့၏ စည်းကမ်း မလိုက်နာမှုများကို ကာကွယ် တားဆီးရန်နှင့် စစ်မှန်သော ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာစေရန်အတွက် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယက တစ်ဦးဖြစ်သူ ဦးအောင်လွင်က ပြောကြားသည်။

“လူတစ်ယောက်က အစည်းအရုံးမှာ အရွေးခံချင်တဲ့အတွက် သူနဲ့သိတဲ့သူတွေကို ကတ်လုပ်ပေးတယ်။ အဲဒီလူတွေရဲ့ မဲပေးမှုနဲ့ သူပြန်အရွေးခံရတာမျိုးတွေ ရှိတယ်။ အဲဒီလို လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် နှစ်အပိုင်းအခြား ဘယ်လောက်ကနေ ဘယ်လောက်အထိမှာ အစည်းအရုံးဝင် ဖြစ်တဲ့သူတွေသာ အမှုဆောင်အဖြစ် ရွေးချယ်ခံပိုင်ခွင့်နဲ့ မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်မျိုးကို ကျွန်တော်တို့ ထည့်ထားတယ်” ဟု အမှုဆောင်သစ်များ ရွေးချယ်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ဦးအောင်လွင်က ပြောဆိုသည်။

The Voice Weekly

RangonNewsDaily:: January . 29 .2014
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးအတွက် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို ဧပြီလတွင် ပြုလုပ်သွားမည် ဖြစ်ရာ ဥက္ကဋ္ဌအဖြစ် အရွေးခံတော့မည် မဟုတ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက The Voice သို့ ပြောကြားသည်။

သီရိမင်္ဂလာဈေးဟောင်းမီးလောင်မှု စုစုပေါင်းပစ္စည်းတန်ဖိုး ၁၂၁ သိန်းမီးလောင်ဆုံးရှုံး

Photo

RangonNewsDaily:: January . 29 .2014
ဇန်န၀ါရီလ ၂၈ ရက်နေ့ ည ၁၁း၄၅ တွင်ကြည့်မြင်တိုင်မြို့ နယ်ရှိ သီရိမင်္ဂလာဈေးဟောင်းတွင်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ စုစုပေါင်းပစ္စည်းတန်ဖိုး ၁၂၁ သိန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်းမီးသတ်ဦးစီးဌာနမှသိရသည်။

" အလုပ်ခေါ်စာအတုဖြင့် ထိုင်းသို့သွားရောက်သည့် မြန်မာလုပ်သား ၂ဝဝခန့် မဲဆောက်၌ သောင်တင်နေ "

RangonNewsDaily:: January . 29 .2014
အလုပ်ခေါ်စာအတုဖြင့် ထိုင်းဘက် သို့သွားခဲ့သူ မြန်မာလုပ်သား နှစ်ရာ နီးပါးခန့် ဗီဇာမရသောကြောင့် ဒုက္ခ ရောက်နေ၍ ဖြေရှင်းပေးနေရကြောင်း အလုပ်သမား-အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ နစ်နာသောအလုပ် သမားများ အရေးပေါ် တိုင်ကြားမှုကို လက်ခံဆောင်ရွက်ပေးနေသည့် စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်

Photo: အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်
Wednesday, January 29, 2014

အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။

ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစုကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ပေါ် ပါတယ်။ အဲဒီ ရောဂါကြောင့် အသည်း အလုပ် မလုပ်နိုင်တာနဲ့ အသည်း ကင်ဆာ ဖြစ်တတ် ပါတယ်။

လေ့လာမှု တွေအရ ဗီတာမင် E ဟာ အဝလွန် တာကြောင့် ဖြစ်တဲ့ အသည်း အဆီဖုံး ရောဂါ ဝေဒနာတွေကို သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမား ရောဂါအပါ အဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အသက်ကြီး သူတစ် ယောက်အတွက် ဗီတာမင် E နေ့စဉ် လိုအပ်ချက် ပမာဏဟာ လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမင်တွေ အမြင်မားဆုံး ပါဝင်ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေ မှာလည်း ဗီတာမင် E အမြောက်အမြား ပါဝင်ပါတယ်။ အားဖြည့်ထားတဲ့ ကွေကာနဲ့ အစိမ်းရောင် ဟင်းရွက်မှာလည်း ဗီတာ မင် E များစွာ ပါဝင်တယ်လို့ သိရပါတယ်။ 

ဒေါက်တာခင်မိုးမိုး
မြ၀တီ

RangonNewsDaily:: January . 29 .2014
အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။

သီရီမင်္ဂံလာဈေးဟောင်းအနီး သီရီဆန်ဟိုတယ်မှာမီးလောင်မှုဖြစ်ပွားနေ

Photo: သီရိမင်္ဂလာဈေးအနီးမီးလောင်ကျွမ်းမှုဖြစ်ပေါ်နေပါတယ်၊ မီးအရမ်းကြီးနေပါပြီ ။ 

အရေးပေါ်ကားများ အဆက်မပြတ်သွားလာနေတာကိုတွေ့ရပါတယ် ။ နောက်ါဆက်တွဲ့ ထပ်တင်ပေးပါမည်။ 

Do KiRa ::--

RangonNewsDaily:: January . 29 .2014
Excel Tower ယနေ့ည ၉နာရီကျော်ခန့်က မီးလောင်မှုအပြီင်္း ရန်ကုန်တွင် မီးလောင်မှု ဒုတိယအကြိမ်ထပ်ဖြစ်
ပွားနေပါသည်။