Pages

Tuesday, January 28, 2014

မောင်တောမြို့ ဒူချီရာတန်းကျေးရွာ ရိုဟင်ဂျာမွတ်စလင် အိမ်များ မီးရှို့ခံနေရ

RangonNewsDaily:: January . 28 .2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒူချီရာတန်းမှ ရိုဟင်ဂျာအိမ်များအား မီးရှို့ခံနေရကြောင်း သိရပါတယ်။

Excel Tower ၆ ထပ်တွင် မီးလောင်

Photo

RangonNewsDaily:: January . 28 .2014 
ရန်ကုန်မြို့ ရွှေဂုံတိုင် ဂုံးကျော်တံတားအောက်ရှိ Excel Tower ၆ထပ်တွင် ဇန်နဝါရီလ ၂၈ ရက် ည ၉ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဒုချီရာတန်း အနောက်ရွာကို လုံထိန်းနှင့် ရခိုင်များက မီးရှို့


RangonNewsDaily:: January . 28 .2014
မောင်တော ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်းရှိ ဒေသခံ ရိုဟင်ဂျာ အများစုသည် လက်နက်ကိုင် လုံထိန်းရဲ များနှင့် ရခိုင် အစွန်းရောက် များ၏ အန္တရာယ်မှ ရှောင်ကွင်း နိုင်ရန် အတွက် အနီး အနားရှိ နူရူလ္လာရွာ၊ ဘဂုံးနားရွာ၊ ဒုညောင်ပင်ကြီး၊ ပန်းတောပြင်၊ ဂေါ်ဒူသာရ ရွာများသို့ ထွက်ပြေး တိမ်းရှောင် ခဲ့သည်။ 

ဒူဘိုင်းတွင်၂၀၁၃ ခုနှစ်တွင်း မြန်မာအပါအဝင် နိုင်ငံစုံမှ လူ ၂၀၀၀ ကျော် အစ္စလာမ်သာသာနာသို့ ကူးပြောင်း

ဒူဘိုင်းတွင်၂၀၁၃ ခုနှစ်တွင်း မြန်မာအပါအဝင် နိုင်ငံစုံမှ လူ ၂၀၀၀ ကျော် အစ္စလာမ်သာသာနာသို့ ကူးပြောင်း 

kolatt(PBDN): January . 28 .2014

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်၂၀၁၃ ခုနှစ် အတွင်း ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နှင့် လက်တင်အမေရိကတို့မှ လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းခဲ့ ကြသည့်ဟု UAE အခြေဆိုဒ် မီဒီယာတခု တွင် ဖော်ပြထားသည်။ 
::
Bur Dubai မှ December02 လမ်းရှိ Al Ber အဖွဲ့အစည်း၌ ၂၀၁၃ ခုနှစ်တွင် နိုင်ငံအသီးသီးမှ လူပေါင်း ၂၁၁၅ ဦးထက်မနည်း အစ္စလာမ် သာသနာသို့ ကူးပြောင်းလက်ခံခဲ့ကြသည်။ 

အစ္စလာမ်ဘာသာကို သက်ဝင်လက်ခံလာကြသော အာရဗ်နှင့်နိုင်ငံခြားသား တို့မှာ ၂၀၀၉ ခုနှစ်တွင် ၁၀၅၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၅၀၀ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၁၃၈၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၉၀၇ ဦးနှင့်နှိုင်းစာပါက သိသိသာသာမြင့်မားနေသည်ဟု စင်တာ၏ ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုက်ဘီ Rashid Aljunaibi က ဆိုသည်။ 
::
ဤစင်တာမှ အကောင်းဆုံး၊ အလွယ်ကူဆုံး၊ အသိမ်မွေ့ဆုံး၊ အဆွဲဆောင်နိုင်ဆုံး နည်းလမ်းဖြင့် မွတ်စလင် မဟုတ်သူများထံ အစ္စလာမ် အကြောင်းကို တတ်နိုင်သမျှ စွမ်းစွမ်းတမံ တင်ပြ မိတ်ဆက်ပေးခဲ့ကြောင်း၊ ကိုးကွယ်ရာ၊ လူမျိုးနွယ်၊ ဘာသာစကား၊ အသားအရောင်မရွေး လူသားအားလုံး အပေါ် ကြင်နာမှု၊ တရားမျှတမှု၊ ရိုးသားမှုထားရှိရန် သွန်သင်ထားသော အစ္စလာမ့် အဆုံးအမများ၊ မေတ္တာတရားနှင့်ကြောင်းကျိုး ညီညွတ်သည့် သွန်သင်ချက်များကို လူတို့မှ အထူးစိတ်ဝင်စားခဲ့ကြကြောင်း၊ စင်တာ၏မှတ်တမ်းများအရ ၁၉၉၃ ခုနှစ်မှစ၍ ယူအေအီးနိုင်ငံတွင် တိုင်းပြည်အသီးသီးမှ အစ္စလာမ်သို့သက်ဝင် လက်ခံ လာသူပေါင်း နှစ်သောင်းကျော် ရှိနေပြီကို တွေ့ရကြောင်း အလ်ဂျူနိုက်ဘီက ပြောပြသည်။ 

“ မွတ်စလင်သစ်လွင်များဟာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နဲ့လက်တင် အမေရိကဆီက ဖြစ်ကြပါတယ်။ 
::
ယခုအခါ ဒီအသင်းအဖွဲ့ကနေ မွတ်စလင် သစ်လွင်ဖြစ်ခြင်းကို ခိုင်မာစေတဲ့ အသိအမှတ်ပြုလက်မှတ်ကို ဒူဘိုင်းမှာရှိတဲ့ အစ္စလာမ့်ရေးရာနဲ့စေတနာ့ဒါနလုပ်ငန်းဌာန (နဲ့) တရားရုံးများကတဆင့် ထုတ်ပေးနေပါတယ် ”။ လို့ အလ်ဂျူနိုက်ဘီက ပြောကြားခဲ့ပါသည်။ 

ဓါတ်ပုံအညွှန်း- မွတ်စလင် မဟုတ်သူများ ဒူဘိုင်းရှိ ဗလီဝတ်ကျောင်းတော်သို့ လာရောက် လည်ပတ်စဉ် မွတ်စလင်များ ဝတ်ပြုမှုမပြုလုပ်ခင် ကိုယ်လက်သန့်စင်ပုံကို လမ်းညွှန်မှ ရှင်းပြနေပုံ 

Ref: khaleejtimes 
M-Media Link =>http://www.m-mediagroup.com/news/23524

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: January . 28 .2014
ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်၂၀၁၃ ခုနှစ် အတွင်း ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နှင့် လက်တင်အမေရိကတို့မှ လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းခဲ့ ကြသည့်ဟု UAE အခြေဆိုဒ် မီဒီယာတခု တွင် ဖော်ပြထားသည်။

ရန်ကင်းလမ်းမကြီးပေါ်တွင် ၃၃ထပ်အမြင့်ရှိ တိုက်ကိုးလုံးပါ ဟိုတယ်ဆောက်မည်

RangonNewsDaily:: January . 28 .2014
ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်းမကြီးပေါ်တွင် Golden City အမည်ရှိ နိုင်ငံတကာအဆင့်မီ စီမံကိန်း တစ်ခုအား စတင်တည်ဆောက် မည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက မဇ္ဈိမသို့ပြောသည်။ စင်ကာပူနိုင်ငံအခြေစိုက် Golden Land Real Estate Development ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ လုပ်ငန်း ရှင်အချို့ဖြင့် တည်ဆောက်သွားမည်ဖြစ်သည့် အဆိုပါစီမံကိန်း၏ ကြမ်းခင်းဧရိယာသည် စတုရန်းပေ ၃ ဒသမ ၆ သန်းရှိမည်ဟု ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ဆိုင်ကယ်ခိုးခံရ

RangonNewsDaily:: January . 28 .2014
ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် အစည်းဝေးတက်ရောက်သည့် စက်မှုလယ်ယာ ၀န်ထမ်း တစ်ဦး၏ ဆိုင်ကယ်ကို အခိုးခံလိုက်ရသဖြင့် ဇန်န၀ါရီ ၂၆ တွင် အမှုဖွင့်တိုင်တန်းထားသည်။ ဆိုင်ကယ်အခိုးခံရမှုသည် ဇန်န၀ါရီ ၁၇ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး စက်မှုလယ်ယာ ၀န်ထမ်းဖြစ်သူ ဦးတင့်ရွှေ(၃၄)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

မြိတ်မြို့ တစ်ဖက်ကမ်းရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် ၀န်ထမ်းများ အိမ်ယာ ပေါ့ဆ မီးလောင် နေအိမ် (၈၅) လုံး ဆုံးရှုံး


RangonNewsDaily:: January . 28 .2014
မြိတ်ခရိုင် ကျွန်းစုမြို့နယ် အပိုင် မြိတ်မြို့ တစ်ဖက်ကမ်း ပထော် ပထက်ကျွန်းပေါ်ရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံအနီး အလုပ်သမား လုံးချင်း အိမ်ယာ တွင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်နေ့ ည (၁၀)နာရီ (၄၀) မိနစ် အချိန်ခန့်၌ ပေါ့ဆမီး လောင်ကျွမ်းရာ နေအိမ် (၈၅)လုံး ဆုံးရှုံးပြီး အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၄၀၀) ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရကြောင်း သိရသည်။

" ချစ်သူများနေ့နဲ့ စန္ဒီမြင့်လွင် "

Photo: " ချစ်သူများနေ့နဲ့ စန္ဒီမြင့်လွင် "
Tuesday, January 28, 2014

စမိုင်းရဲ့Make Up Store ဆိုင် ဖွင့်ပွဲမှာ စန္ဒီမြင့်လွင်က ယူရေနီယံ အက အဖွဲ့နဲ့ သီချင်း နှစ်ပုဒ် သီဆို ဖျော်ဖြေ ခဲ့ပါတယ်။ အဆိုဘက်မှာရော၊ သရုပ်ဆောင် ဘက်မှာပါ ပရိသတ် လက်ခံ အားပေးမှု ရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင် က ဇာတ်ကား ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ”အခု သရုပ်ဆောင် ဇေရဲထက်နဲ့ ဗီဒီယို တစ်ကား ရိုက်ထားတယ်။ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ နောက်ပိုင်းမှာလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ဇာတ်ကားတွေ ဆိုရင် ဆက်တိုက်ရိုက် ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်၊ ချစ်သူများနေ့ မှာတော့ ရန်ကုန်မှာ ရှိုးဆိုဖို့ ရှိတယ် လို့ပြောတဲ့ စန္ဒီမြင့်လွင်က

”ဒီနှစ် ဖေဖော်ဝါရီက ဒီးဒီ အတွက် အမှတ်တရ ဖြစ်မှာပါ။ ဖေဖော်ဝါရီ ၁၄ရက် ရောက်ရင် ရန်ကုန်မှာပဲ ရှိုးဆိုမယ်။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်။ နောက်ပြီးတော့ ဒုတိယမြောက် တစ်ကိုယ်တော် ‘ကလီယိုပက်ထရာ’ အခွေလည်း ထွက်မယ်လေ။ အဲဒီအခွေမှာ ကိုယ်တိုင်ရေး တစ်ပုဒ် ပါတယ်။ မဖြူဖြူကျော်သိန်းနဲ့ တွဲဆိုထားတဲ့ ကလီယို ပက်ထရာ သီချင်းကလည်း အမှတ်တရ ရှိတာကြောင့် ဒီလို Title ပေးဖြစ်သွားတာ။ ဒါလည်း အမှတ်တရပါပဲ။ ဖေဖော်ဝါရီမှာ ထွက်နိုင်အောင်လို့ ကြိုးစားနေတာပါ။ တကယ်လို့ မထွက်ဖြစ်ခဲ့ရင်တောင် မတ်လဆန်း ပိုင်းလောက်တော့ ထွက်ဖြစ်အောင် ထွက်မှာပါ။ ပထမ အခွေထက် ပိုကောင်းတဲ့ သီချင်းတွေ ထည့်ထားတယ်” လို့ ပြောပါတယ်။ စုံတွဲအဖွဲ့လိုက် အခွေတွေ အပြင် ပထမဆုံးစီးရီး ‘ဆေးရောင်လှလှ ခြယ်ရအောင်’ မှာလည်း ထင်ထားတာထက် ပရိသတ် လက်ခံ အားပေးမှု ရှိခဲ့တဲ့ အပြင် အခု ‘ကလီယို ပက်ထရာ’ အခွေ ကိုလည်း ပရိသတ် လက်ခံ အားပေး လိမ့်မယ်လို့ ယုံကြည်ကြောင်း စန္ဒီမြင့်လွင်က ထပ်လောင်း ပြောခဲ့ပါတယ်။

Mဘွယ်
Popular Journal

RangonNewsDaily:: January . 28 .2014
စမိုင်းရဲ့Make Up Store ဆိုင် ဖွင့်ပွဲမှာ စန္ဒီမြင့်လွင်က ယူရေနီယံ အက အဖွဲ့နဲ့ သီချင်း နှစ်ပုဒ် သီဆို ဖျော်ဖြေ ခဲ့ပါတယ်။ အဆိုဘက်မှာရော၊ သရုပ်ဆောင် ဘက်မှာပါ ပရိသတ် လက်ခံ အားပေးမှု ရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင် က ဇာတ်ကား ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ”အခု သရုပ်ဆောင် ဇေရဲထက်နဲ့ ဗီဒီယို တစ်ကား ရိုက်ထားတယ်။

ဘီဘာကို အမေရိကန်မှ နှင်ထုတ်ရန် လူ(၄၀၀၀၀)ခန့် ဝိုင်းဝန်းတောင်းဆို

ဘီဘာကို အမေရိကန်မှ နှင်ထုတ်ရန် လူ(၄၀၀၀၀)ခန့် ဝိုင်းဝန်းတောင်းဆို
Tuesday, January 28, 2014 

အရက်မူးပြီး ကားမောင်းမှုအတွက် ဖမ်းဆီးခံရသလို အိမ်နီးချင်းများကို ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲမှုများကြောင့် သတင်းဆိုး ထွက်နေသည့် ကနေဒါ Popဂီတစတား လူငယ်အဆိုတော်ကို အမေရိကန်မှ နှင်ထုတ်ပေးပါရန် သမ္မတ အိုဘားမားထံသို့ လူပေါင်း (၄၀၀၀၀)ခန့်က စုရုံးပန်ကြားကာ စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်

ဂျက်စတင်ဘီဘာကို အမေရိကန် နိုင်ငံသူ နိုင်ငံသားများ မလိုလားမှုသည် တစ်စထက်တစ်စ မြင့်တက်လာပြီဟု သိရှိရသည်။ မကြာသေးမီက အရက်မူးပြီး ကားမောင်းမှုအတွက် ဖမ်းဆီးခံရသလို အိမ်နီးချင်းများကို ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲမှုများကြောင့် သတင်းဆိုး ထွက်နေသည့် ကနေဒါ Popဂီတစတား လူငယ်အဆိုတော်ကို အမေရိကန်မှ နှင်ထုတ်ပေးပါရန် သမ္မတ အိုဘားမားထံသို့ လူပေါင်း (၄၀၀၀၀)ခန့်က စုရုံးပန်ကြားကာ စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။ Beleibersခေါ် ဘီဘာကို နှစ်သက်အားပေးသူ ပရိသတ်များစွာ ရှိနေသလို ၎င်းအပေါ် စိတ်ပျက်နေသူ များစွာလည်း အရှိန်အဟုန်နှင့် တိုးပွားလာပြီး အမေရိကန်တွင် ဘီဘာကို ဆက်နေခွင့်ပင် မပေးလိုသည်အထိ မျက်မုန်းကျိုးလာခြင်း ဖြစ်သည်။

ဘီဘာအနေဖြင့် ဆေးခြောက်သုံးခြင်း၊ အရက်မူးကာ ရမ်းကားခြင်း အစရှိသော အပြုအမူများကြောင့်ပါ နာမည်ပျက်နေပြီး We The Peopleမှတစ်ဆင့် လူပေါင်းများစွာက အိမ်ဖြူတော်သို့ ချိတ်ဆက်ကာ ဘီဘာကို အမေရိကန် ပြည်ထောင်စုထဲမှ ဖယ်ရှားပေးပါရန် တောင်းဆိုခဲ့ကြခြင်းဟု သိရသည်။ အများစုက ဘီဘာ၏ Green Cardကို ပယ်ဖျက်ကာ ၎င်းကို ကနေဒါသို့ ပြန်ပို့ရန်  လိုလားနေကြသည်။ သို့သော်လည်း စည်းမျဉ်းများအရ ယင်းအခြေအနေ တစ်ရပ်ကို လူပေါင်း(၁၀၀၀၀၀)က အသနားခံ တောင်းဆိုလာမှသာ သမ္မတက လက်ခံ စဉ်းစားနိုင်မည် ဖြစ်သည်။

"အမေရိကန် ပြည်သူတွေ အနေနဲ့ အန္တရာယ်များတဲ့၊ ဖျက်လိုဖျက်ဆီးနိုင်တဲ့၊ မူးယစ်ရမ်းကားတဲ့ ဂျက်စတင်ဘီဘာကို နိုင်ငံထဲက နှင်ထုတ်ပြီး သူ့ရဲ့ Green Cardကို ရုပ်သိမ်းစေဖို့ လိုလားပါတယ်"ဆိုသော ဖော်ပြချက်အောက်တွင် လူပေါင်းများစွာက ပါဝင်၍ ထောက်ခံ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုဖော်ပြချက်တွင် "သူဟာ အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံမှုကိုတော့ ခြိမ်းခြောက်မနေပါဘူး။ ဒါပေမဲ့ သူဟာ နိုင်ငံရဲ့ လူငယ်လူရွယ်တွေအပေါ် ဆိုးရွားလွန်းတဲ့ လွှမ်းမိုးမှုတွေ ဖြစ်လာစေလိမ့်မယ်။ သူ့ကို အမေရိကန် လူ့အဖွဲ့အစည်းကနေ အပြီးတိုင် ဖယ်ထုတ်စေလိုပါတယ်"ဟု လည်း ရေးသားထားကြောင်း သိရှိရသည်။

Planet Myanmar network

RangonNewsDaily:: January . 28 .2014
အရက်မူးပြီး ကားမောင်းမှုအတွက် ဖမ်းဆီးခံရသလို အိမ်နီးချင်းများကို ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲမှုများကြောင့် သတင်းဆိုး ထွက်နေသည့် ကနေဒါ Popဂီတစတား လူငယ်အဆိုတော်ကို အမေရိကန်မှ နှင်ထုတ်ပေးပါရန် သမ္မတ အိုဘားမားထံသို့ လူပေါင်း (၄၀၀၀၀)ခန့်က စုရုံးပန်ကြားကာ စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်

Air KBZ လေကြောင်းလိုင်းလေယာဉ် ဘီးများမီး လောင်ကျွမ်းမှုကြောင့်အရေးပေါ်ဆင်းသက်ရ

Photo: Air KBZ လေကြောင်းလိုင်းလေယာဉ် ဘီးများမီး လောင်ကျွမ်းမှုကြောင့်အရေးပေါ်ဆင်းသက်ရ

kolatt(PBDN): January . 28 .2014

ယနေ့မနက် Air KBZ လေကြောင်းလိုင်း ATR-72 လေယာဉ်မှ လေယာဉ်ဘီးများမီး လောင်ကျွမ်း
ခဲ့ကြောင်း မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းရသည်ကို မသိရှိရသေးကြောင်း သိရှိရပါ
သည်။

REF: Photo by Aung Kyaw Aye ::--


See More News: (www.rangonnewsdaily.blogspot.com)
လေယာဉ် ဘီးများမီး လောင်ကျွမ်းမှုကြောင့်အရေးပေါ်ဆင်းသက်ခဲ့ရသော Air KBZ လေကြောင်း
လိုင်းပိုင်လေယာဉ်ကိုတွေ့ရစဉ်
RangonNewsDaily:: January . 28 .2014
၂၈.၁.၂၀၁၄၊ အင်္ဂါနေ့ ယနေ့ နံနက် ၀၈း၀၀ အချိန်တွင် ရန်ကုန်မှ ဟဲဟိုးသို့ ခရီးသည် အပြည်ဖြင့် ထွက်ခွါသွားသော Air KBZ လေယာဉ် ART-72 သည် ရန်ကုန်လေဆိပ်မှ ထွက်ခွါပြီး မိနစ်အနည်းငယ်အကြာတွင် မီးလောင်မှု ဖြစ်ပွါးသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရှိရပါသည်။

မော်ဒယ်လ် နန်းသီရိမောင်ရဲ့ အလန်းစားဓာတ်ပုံလေးများစုစည်းမှု


RangonNewsDaily:: January . 28 .2014
မော်ဒယ်လ် နန်းသီရိမောင်ရဲ့ အလန်းစားဓာတ်ပုံလေးများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

သဘင်မင်းသားတွေဖွင့်လှစ်မယ့် သဘင်အနုပညာကျောင်းများ "

Photo: သဘင်မင်းသားတွေဖွင့်လှစ်မယ့် သဘင်အနုပညာကျောင်းများ "
Tuesday, January 28, 2014

ဇာတ်သဘင်နဲ့ပတ်သက် ပြီး မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့အတွက် ပုဂ္ဂလိကသဘင်အနုပညာ ကျောင်းတွေဖွင့်လှစ်ဖို့ သဘင်မင်းသားတွေက စီစဉ် ဆောင် ရွက်နေ ကြပြီဖြစ်ပါ တယ်။ဒီလိုအနုပညာ သင်တန်း ကျောင်းကြီးဖွင့်လှစ်တဲ့ အခါမှာသဘင်အနုပညာရှင် ကြီးတွေနဲ့ထိထိရောက်ရောက် သင်ကြားပေးသွား မှာဖြစ် ကြောင်း လည်းသဘင်နဲ့ ပတ်သက်ပြီးအနုပညာ ကျောင်းကြီးဖွင့်လှစ်ဖို့စီစဉ် နေတဲ့ ဖိုးချစ်က ပြောပါတယ်။ ” ကျွန်တော်တို့ ပုဂ္ဂလိက ကျောင်းတွေအနေနဲ့ ၂နှစ် လောက် ဖိဖိစီးစီး သင်ရင် တတ်ပါတယ်။လောလော ဆယ်တော့ အကသင်တန်းနဲ့ ဆိုင်းသင်တန်းကိုစဖို့ စီစဉ် ထားပါတယ်။ကျွန်တော့်ကို ကူညီပေးကြမယ့်ပညာရှင် ကြီးတွေက အများကြီး ပါ။သင် ရိုးကလည်းနိုင်ငံခြားသားတွေ ပါ လာရောက်သင်ကြားလို့ ရနိုင်မယ့်သင်ရိုးမျိုးစီစဉ် ထားတယ်။နိုင်ငံတကာ ဘာသာစကားနဲ့ ပြန်လည် ပြဋ္ဌာန်းပြီးသင်မယ်။မလို လားအပ်တဲ့ သင်ရိုးတွေကို ဖယ်ပြီးလက်တွေ့အသုံးကျ မယ့် သင်ရိုးမျိုးကိုလုပ်ဖို့ စီစဉ်ထားပါတယ်။နေရာကို ကျွန်တော်ရှာနေပါတယ်။

အကလေ့ကျင့်တဲ့အခန်း၊ အဆိုလေ့ကျင့်တဲ့အခန်း သီး သန့်လုပ်ဖို့က နေရာအကျယ် ကြီးရမှဖြစ်မှာလေ။ စီးပွား ရေးသဘောတော့သိပ်မပါ ဘူး။ ဒီကျောင်းကဆင်းရင် ဘယ်လောက်လစာနဲ့ဘယ် လောက်ထိုက်တန်တဲ့နေရာ မျိုးရမယ်သာအာမခံချက် ပေးနိုင်ရင်ကျွန်တော်တို့ ကျောင်း တွေကအဆင်ပြေတယ်။နိုင်ငံ တကာကျောင်းတွေကို ဘာ ကြောင့် ပိုက်ဆံအကုန်အကျ ခံပြီးတက်ကြလဲဆိုရင် ကျောင်းတက်နေစဉ်အ တွင်းမှာ တောင် ကုမ္ပဏီတွေ က စာချုပ်တွေလာချုပ်ကြ တယ်။ တော်တဲ့ကျောင်းသား က တော်တဲ့အတိုင်းသွား တာပဲ။ကျွန်တော်တို့တွေရဲ့ အားနည်းချက်ကတော့ လုပ် ငန်း ကိုအာမမခံနိုင်ကြတာပဲ။ 

ဇာတ် တွေ အများကြီးထောင် ပြီး ဒီကျောင်းကနေ ဆင်း လာ မယ့်ကျောင်းသားတွေက ဇာတ်မှာတာဝန်ယူလိုက်ရင် အများကြီးအဆင်ပြေသွားပါပြီ” လို့ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ပုဂ္ဂလိက အနုပညာကျောင်းကြီးနဲ့ ပတ်သက်ပြီး ဖိုးချစ်က ရှင်းပြ ပါတယ်။ မြန်မာ့ ဇာတ်သဘင် ရဲ့အနုပညာကဏ္ဍတွေမှာ မျိုးဆက်သစ်တွေထပ်မံ ပေါ် ထွက်လာဖို့အတွက်ရည် ရွယ်ပြီး ပြဇာတ်၊ အဆို၊ အက သင် တန်းတွေကို သင်ကြား ပေးဖို့အတွက် ရွှေမန်းသဘင် က သင်တန်းကျောင်းကြီးဖွင့် လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ထိထိရောက် ရောက်သင်ကြားပေးနိုင်ဖို့အ တွက် လူဦးရေ ကန့်သတ်ပြီး လပြတ်သင်တန်းတွေပေး သွားမှာဖြစ်ကြောင်း ရွှေမန်း သဘင်ကတင်မောင်ဆန်းမင်း ဝင်းကပြောပါတယ်။

” ကျွန်တော်ရဲ့ ဦးလေး ဦးဝင်းမောင်ပြန်လာတာနဲ့ လုပ်မှာပါ။ လပြတ်ပုံစံတွေနဲ့ သွားမယ်။ ဥပမာ- ၃လပြတ် အကသင်တန်းဆိုရင် ဒီသင် တန်းပြီးတာနဲ့ အကနဲ့ပတ်သက်ပြီး Level တစ်ခုကို ရောက် သွားအောင်သင်ပေးမယ်။ ပန်တျာမှာရှိနေတဲ့သမားရိုးကျ ဟာမျိုးမဟုတ်ဘူးပေါ့။ သင်ပေးမှာက ကျွန်တော်တို့ ရွှေမန်းမိသားစုတွေအပြင် အပြင်က သဘင်ပညာရှင်ကြီး တွေလည်းပါတယ်။

အခြေခံ ကဗျာလွတ်ဆိုရင်လည်း ကဗျာလွတ်မှာမှ မော်ဒီဖိုင်း လုပ်တာ ဘာရှိလဲဆိုတာမျိုး ကိုပါ၂ခုပေါင်းပြီးသင်ပေး သွားမှပါ။ ဥပမာ ၃လပြတ်မှာ သီချင်း ၅ပုဒ်သင်ပေး မယ်ဆို ရင် အဲဒီ ၅ပုဒ်ကို မတတ်မ ချင်းသင်ပေးသွားမယ်။ ၃လ ပြတ်သင်တန်းကိုတော့သင် တန်းဆင်း လက်မှတ်ပေးမယ်။ 

အခြေခံအဆင့်ရသွားတာ မျိုး ဖြစ်အောင်ကို လုပ်ပေးသွား မှာပါ။ဒီသင်တန်းဖွင့်ဖို့အ တွက် ဘယ်လိုစဉ်းစားမိတာလဲ ဆိုတော့အခုခေတ်မှာ ကျောင်း ဆိုရင်တောင် အစိုးရကျောင်း တွေအပြင်ပုဂ္ဂလိက ကျောင်း တွေတောင် ပေါ်နေပြီလေ။ အခုဆိုရင်နိုင်ငံခြားသားတွေ က မြန်မာမှုနဲ့ ပတ်သက်ပြီး လာရောက် လေ့လာကြတယ်။ အဲဒီ အခါမျိုးမှာကျွန်တော် တို့ ကျောင်းက မြန်မာမှုနဲ့ပတ်သက်တာတွေကို နိုင်ငံခြား သားတွေကို ပြချင်တယ်” လို့ အနုပညာသင်တန်းကျောင်း ကြီး ဖွင့်လှစ်ဖို့နဲ့ပတ်သက်ပြီး တင်မောင်ဆန်းမင်းဝင်းက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Popular Journal

RangonNewsDaily:: January . 28 .2014
ဇာတ်သဘင်နဲ့ပတ်သက် ပြီး မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့အတွက် ပုဂ္ဂလိကသဘင်အနုပညာ ကျောင်းတွေဖွင့်လှစ်ဖို့ သဘင်မင်းသားတွေက စီစဉ် ဆောင် ရွက်နေ ကြပြီဖြစ်ပါ တယ်။

တေးသံရှင် အဆိုတော် ဆိုတေး သီချင်းပြန်ဆိုပြီ

Photo: ဆိုတေး သီချင်းပြန်ဆိုပြီ
Tuesday, January 28, 2014

၂ဝ၁၃ ခုနှစ်ကုန်ပိုင်းမှာ ကား မတော်တဆဖြစ်မှုကြောင့် အနုပညာ အလုပ်တွေနဲ့ဝေးကွာ ခဲ့တဲ့ဆိုတေး ဟာ အခု ၂ဝ၁၄နှစ်ဆန်းပိုင်းမှာတော့ အနုပညာအ လုပ်တွေ ပြန် လည်ပြု လုပ်ဖြစ်နေပါတယ်။ 

ကျန်းမာရေး အတန်ငယ်ကောင်းမွန်လာတဲ့ ဆိုတေး က ဇန်နဝါရီလ ၂၄ရက်နေ့က ဖိုးချစ် နဲ့အတူ သီချင်းသီဆိုခဲ့ပြီး ၂ဝ၁၄ သင်္ကြန်အတွက် ထွက်ရှိမယ့်သင်္ကြန် စီးရီးမှာလည်း ပါဝင်သီဆိုမယ်လို့ သိရပါတယ်။

ဆိုတေးရဲ့ ကျန်းမာရေးအခြေ အနေက အခုအချိန်မှာ ပိုမိုကောင်း မွန်လာပြီဖြစ်တာကြောင့် သူ့ရဲ့ ဒုတိယတစ်ကိုယ်တော်စီးရီးကိုလည်း ၂ဝ၁၄ အတွင်းမှာ အမြန်ဆုံး ထွက် ရှိနိုင်အောင်ပြုလုပ်သွားမယ်လို့ဆို တေး ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း မှ သိရပါတယ်။

P-054

Popular Journal

RangonNewsDaily:: January . 28 .2014
၂ဝ၁၃ ခုနှစ်ကုန်ပိုင်းမှာ ကား မတော်တဆဖြစ်မှုကြောင့် အနုပညာ အလုပ်တွေနဲ့ဝေးကွာ ခဲ့တဲ့ဆိုတေး ဟာ အခု ၂ဝ၁၄နှစ်ဆန်းပိုင်းမှာတော့ အနုပညာအ လုပ်တွေ ပြန် လည်ပြု လုပ်ဖြစ်နေပါတယ်။

လင်းလင်း နှင့် ချစ်သုဝေ တို့၏မင်္ဂလာဦးဆွမ်းကျွေးအလှူ ကို ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်


RangonNewsDaily:: January . 28 .2014
မောင်ထွေးလင်းကို (ခ) အဆိုတော် လင်းလင်း နှင့် သရုပ်ဆောင် အဆိုတော် ဒေါက်တာ ချစ်သုဝေ (ခ) Treza Lilian တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၀ နာရီတွင် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပခဲ့သည်။

အဂတိလိုက်စားတဲ့တရားသူကြီးတွေကို ပြည်သူတွေဖမ်းမယ်

Photo: အဂတိလိုက်စားတဲ့တရားသူကြီးတွေကို ပြည်သူတွေဖမ်းမယ်
Tuesday, January 28, 2014 

နန်းထိုက်တော်ဝင်စားသောက် ဆိုင်ပိုင်ရှင်ဦးအိုက်လင်းကMD CF အဖွဲ့ခေါင်းဆောင်ကိုထင်ကျော် ကိုတရားစွဲဆိုထားသည့်ပုဒ်မ ၅၀၀ အသရေဖျက်မှုတွင်မမှန် သက်သေတင်သွင်းမှုနှင့်တရားရုံး ကျမ်းကျိန်လွှာလိမ်ညာထွက်ဆိုမှု တို့ကြောင့်ပုဒ်မ ၁၉၁ အရ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှကိုထင်ကျော် ထံရုံးချိန်းဆင့်ခေါ်ရာတွင်ဆင့်ခေါ် စာကိုလိပ်စာလွှဲပြောင်းပို့နေသည့် အတွက်အဂတိလိုက်စားမှုရှိနေပြီ ဟုဆိုကာဇန်န၀ါရီလ ၂၇ ရက်နေ့ ကအရှေ့ပိုင်းခရိုင်တရားရုံးရှေ့၌ ကိုထင်ကျော်က တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်းသိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ကိုထင်ကျော်ကပြော ကြားရာတွင် မရမ်းကုန်း ၆ရပ်ကွက် မြေကို ဦးအိုက်လင်းကသိမ်းယူခဲ့ ကြောင်း၊ ချက်ကိုစလိုဗက်ကီးယား သံရုံးမြေကိုလည်းသိမ်းယူခဲ့ကြောင်း ယင်းကိစ္စကို၎င်းမှအမှုဖွင့်ရာအမှု ဖွင့်ခွင့်မပေးဘဲအသရေဖျက်မှုဖြင့် ဦးအိုက်လင်းကတရားစွဲ၍ ကိုထင်ကျော်နှင့်မြေသိမ်းခံပြည်သူ များကိုချက်ချင်းအရေးယူဖမ်းဆီး ကြောင်းဆိုပါသည်။

“အခုသူစွဲထားတဲ့ပုဒ်မ ၅၀၀ မှာ မမှန်သက်သေတင်သွင်းမှု၊ တရားရုံးကျမ်းကျိန်လွှာကိုလိမ်ညာ ထွက်ဆိုမှုကိုကျွန်တော်ကပုဒ်မ ၁၉၁ အရဦးတိုက်လျှောက်လိုက် တော့ပြစ်မှုမြောက်သွားတယ်၊၊ ခရိုင်ရုံးကိုပြင်ဆင်ချက်လျှောက်တယ်၊ မြို့နယ်တရားသူကြီးကနိုင်ငံတော် သက်သေအဖြစ်ဦးဆောင်ပြီး ကျွန်တော်ပါဝင်ထွက်ဆိုရမယ်။ အဲဒါကို ၁၂ လပိုင်း ၃၀ ရက်နေ့ ပထမရုံးချိန်းခေါ်တယ်။ အဲဒီအချိန် မှာကျွန်တော်ကထောင်ထဲမှာ ကျွန်တော့်ကိုသက်သေအဖြစ်ခေါ် ဖို့အတွက် အရှေ့ပိုင်းခရိုင်တရား သူကြီးကထောင်ထုတ်ဝရမ်းနဲ့လာ မထုတ်ဘူး၊ နောက်တစ်ခါ ၁၄ ရက်နေ့ ၁ လပိုင်း ၂၀၁၄ ရုံးချိန်း ကိုလည်းကျွန်တော်မသိရဘူး၊ အခုတတိယမြောက်ရုံးချိန်းမှာ မြောက်ဥက္ကလာတရားရုံးကိုဘယ်လို လူမျိုးကမီးရှို့လိုက်သလဲမသိဘူး၊ သက်သေခံပစ်္စည်းအခန်းနဲ့ကျွန်တော် တရားရုံးတက်နေရတဲ့အခန်းကို မီးလောင်တယ်၊ ဒီဖြစ်စဉ်မှာတရား ရုံးကိုနတ်စောင့်တယ်၊ လျို့ဝှက် ခေါ်ထားတဲ့ရုံးဆင့်စာကမီးမလောင် ဘဲနဲ့ရေထဲမှာမျောနေတယ်၊ အဲဒီ ရေထဲမျောနေတဲ့စာရွက်လေးကို တရားသူကြီးဦးခင်မောင်စီကသူ့ နာမည်မပြောပါနဲ့တဲ့၊ လက်သိပ် ထိုးပြီးကျွန်တော့်ကိုပေးရတဲ့ဘ၀ ရောက်တယ်၊ ဒီရုံးချိန်းမှမလာရင် ကျွန်တော်တို့စွဲတဲ့နိုင်ငံတော်အမှု ကြီးကပြောင်းပြန်ဖြစ်ပြီးတရားသူကြီး ဦးခင်မောင်စီနဲ့ ကျွန်တော်လက် ချင်းချိတ်ထောင်ထဲကိုနှစ်နှစ်ဝင်ရ မှာ၊ အဲဒါအရှေ့ပိုင်းခရိုင်တရားသူကြီး အချို့ရဲ့ယုတ်မာရက်စက်မှုဖြစ် တယ်”ဟုကိုထင်ကျော်ကပြော ကြားသည်။

ဆက်လက်ပြီးကိုထင်ကျော် ကတရားသူကြီးအားလုံးကိုမဆိုလို ကြောင်း၊ လူ့ကျင့်ဝတ်နှင့်ညီသော တရားရေးနှင့်တရားသူကြီးများ လည်းရှိကြောင်း၊ ယနေ့လူထုက စနစ်နှင့်အတူလိုက်ပါပြောင်းလဲ နေချိန်တွင်လူထုကိုစာနာမှုထားပြီး မလိုတမျိုးလိုတစ်မျိုးစိတ်ဓာတ်များ ပြင်စေလိုကြောင်း၊ ၎င်း၏လိပ်စာ အမှန်ကိုသိရက်နှင့် တောင်ဒဂုံကို အလုံဟုရေးထားသည့်ဆင့်ခေါ် စာမှာလုံးဝမရိုးသားကြောင်းပြော ကြားလိုက်သည်။

“ဒီလိုတရားသူကြီးတွေကြောင့် ပြည်သူတွေပြည်သူ့ဝန်ထမ်းတွေ မလုံခြုံဘူး။ အဲဒီတော့အဂတိ လိုက်စားတဲ့တရားသူကြီးတွေကို ဘယ်သူဖမ်းမလဲ”ဟုကိုထင်ကျော်  ကပြောကြားရာလာရောက်နားထောင် သူ ပြည်သူများကပြည်သူဖမ်းမယ် ဟုဟစ်အော်ခဲ့ကြသည်။  

ဇော်မြင့်

 The Hot News Weekly.

RangonNewsDaily:: January . 28 .2014
နန်းထိုက်တော်ဝင်စားသောက် ဆိုင်ပိုင်ရှင်ဦးအိုက်လင်းကMD CF အဖွဲ့ခေါင်းဆောင်ကိုထင်ကျော် ကိုတရားစွဲဆိုထားသည့်ပုဒ်မ ၅၀၀ အသရေဖျက်မှုတွင်မမှန် သက်သေတင်သွင်းမှုနှင့်တရားရုံး ကျမ်းကျိန်လွှာလိမ်ညာထွက်ဆိုမှု တို့ကြောင့်

အမေရိကမှာ မွေးဖွားမယ့် နိုင်းနိုင်းနဲ့စန္ဒီချိုတို့ရဲ့ စတုတ္ထမြောက် ရင်သွေးရတနာ

Photo: အမေရိကမှာ မွေးဖွားမယ့် နိုင်းနိုင်းနဲ့စန္ဒီချိုတို့ရဲ့ စတုတ္ထမြောက် ရင်သွေးရတနာ
Tuesday, January 28, 2014

၂ဝ၁၃ နိုဝင်ဘာ ၂၉ ရက်နေ့က အမေရိကကိုထွက် ခွာသွားခဲ့ကြတဲ့နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ကို စတုတ္ထမြောက်ရင်သွေးလေးနဲ့ပတ်သက်ပြီး အင်တာနက်ကနေ တစ်ဆင့် ဆက် သွယ်မေးမြန်း တော့ “နယူးယောက်မြို့ Stony Brook ဆေးရုံမှာဇန်နဝါရီ၂၉ရက် နေ့မွေးဖွားမှာပါ။ယောက်ျား လေးလား၊ မိန်းကလေးလားဆိုတာအခုထိ မသိသေးပါ ဘူး။ မွေးမှပဲသိမှာပါ။ စန္ဒီမွေးဖွားတဲ့အချိန်ကိုနိုင်းကအနားမှာရှိပေးမှာပါ” လို့ပြောပါတယ်။ အကြီးဆုံးသမီးနဲ့ တတိယ မြောက်သမီးတို့ကိုရန်ကုန် မှာမွေးပြီး ဒုတိယမြောက် သားနဲ့အခု စတုတ္ထရင် သွေးကိုလည်း အမေရိကား မှာမွေးဖွားတာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily:: January . 28 .2014
၂ဝ၁၃ နိုဝင်ဘာ ၂၉ ရက်နေ့က အမေရိကကိုထွက် ခွာသွားခဲ့ကြတဲ့နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ကို စတုတ္ထမြောက်ရင်သွေးလေးနဲ့ပတ်သက်ပြီး အင်တာနက်ကနေ တစ်ဆင့် ဆက် သွယ်မေးမြန်း တော့

ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ တစ်စီးမီးလောင်

Photo: ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ တစ်စီးမီးလောင်
Tuesday, January 28, 2014

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း (၁၀၆) မှတ်တိုင်အနီးတွင် ဇန်နဝါရီလ ၂၆ ရက် ည ၁၂ နာရီကျော်က ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုရီးယားနိုင်ငံသား နှစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

ကိုရီးယားနိုင်ငံသား နှစ်ဦး စီးနင်းလိုက်ပါလာသော Mark-X အမျိုးအစား အငှားယာဉ်သည် ယင်းညက အင်းလျားလိတ် ဟိုတယ်လမ်းမှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ ချိုးကွေ့စဉ် ကမ္ဘာအေးဘုရားလမ်း အတိုင်း မြောက်ဥက္ကလာပမြို့နယ် ဘက်သို့ မောင်းနှင်လာသော Kluger အမျိုးအစား ကိုယ်ပိုင်ယာဉ်ကို ကန်လန့်ဖြတ် ဝင်တိုက်မိကြောင်း၊ ယင်းနောက် Kluger ယာဉ်၏ နောက်မှပါလာသော Caldina အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီး ကိုပါ အရှိန် မထိန်းဘဲ ထပ်မံတိုက်မိခဲ့ရာ Kluger ယာဉ် မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကင်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"Kluger ကားရဲ့ခေါင်းပိုင်းကို ကန့်လန့်ဖြတ် တိုက်မိတာကြောင့် စက်ခန်းထဲမှာ ဆီယိုပြီး ကားခေါင်းပိုင်း မီးလောင်ခဲ့တာ။ ဝင်တိုက်တဲ့ကားက လေအိတ် ပွင့်တာတောင် လူတွေကို မနည်း ဆွဲထုတ်ရတယ်၊ ကားတစ်စီးလုံး လောင်ပြီးမှ မီးသတ်ကားသုံးစီး ရောက်လာတာ" ဟု မျက်မြင်တွေ့ရှိသူ ဓာတ်ပုံသတင်းထောက် တစ်ဦးက ပြောကြားသည်။

ယာဉ်မီးလောင်မှုကြောင့် အင်ဂျင်ကိုယ်ထည်၊ ယာဉ်ရှေ့ပိုင်းရှိ လေကာမှန်နှင့် ကူရှင်များ ပျက်စီးဆုံးရှုံးခဲ့ပြီး Mark-X အငှားယာဉ်မောင်းဖြစ်သော အသက် ၃၄ နှစ်အရွယ်ရှိ ကိုထက်ခိုင်ကြည်လင်း အပါအဝင် အဆိုပါယာဉ်ပေါ် ပါလာသော ကိုရီးယားနိုင်ငံသား Mr.Kim Kwij Hyun နှင့် Mr.Cho Woung Eiun တို့ နှစ်ဦးနှင့် Kluger ယာဉ်နှင့် Caldina ယာဉ်တို့မှ အမျိုးသားနှစ်ဦးတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကင်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် Mark-X အမျိုးအစား အငှားယာဉ်မောင်း ကိုထက်ခိုင်ကြည်လင်းကို ယာဉ်(ပ)၃/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: January . 28 .2014
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း (၁၀၆) မှတ်တိုင်အနီးတွင် ဇန်နဝါရီလ ၂၆ ရက် ည ၁၂ နာရီကျော်က ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုရီးယားနိုင်ငံသား နှစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးထက် မြင့်မားခဲ့တဲ့ နေမားရဲ့ ပြောင်းရွေ့ကြေး

Photo: ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးထက် မြင့်မားခဲ့တဲ့ နေမားရဲ့ ပြောင်းရွေ့ကြေး 
Tuesday, January 28, 2014

ဘာစီလိုနာ အသင်းအနေဖြင့် နေမားအတွက် ပြောင်းရွေ့ကြေးကို ယူရို (၅၇)သန်းဟုသာ တရားဝင် ဖော်ပြထားသော်လည်း၊ အမှန်တကယ် ကုန်ကျခဲ့သော ပြောင်းရွေ့ကြေးမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးအဖြစ် မှတ်တမ်းဝင်ထားသော ဘေးလ်ထက်ပင် ပိုမိုများပြားနေခဲ့သည်။

နေမား၏ အပြောင်းအရွေ့ အတွက် အဓိက နေရာမှ ပါဝင် လှုပ်ရှားပေးခဲ့သူ ဒါရိုက်တာ ရာအူးလ်က နေမား၏ ပြောင်းရွေ့ကြေး၊ လုပ်ခလစာနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားခဲ့သည်။ နေမား၏ အပြောင်းအရွေ့ အတွက် ဘရာဇီးသို့ ယမန်နှစ်ကတည်းက သွားရောက်ခဲ့သူ ရာအူးလ်က - “နေမားရဲ့ တရားဝင် ပြောင်းရွေ့ကြေးက ယူရို (၅၇.၁)သန်းပါ၊ စာချုပ်လျော်ကြေး အတွက် ယူရို (၂၉.၁)သန်း၊ နေမားရဲ့ လစာအတွက်က ယူရို(၄၄)သန်းအထိ တန်ကြေး ရှိနေပါတယ်၊ အမှန်တော့ မူရင်းပြောင်းရွေ့ကြေးက ဆန်းတို့စ်ကို ပေးရတာ (၁၇.၁)သန်းပါပဲ၊ ကျန်တဲ့ သန်း(၄၀)ကို နေမားမိသားစု ရှယ်ယာပိုင်ထားတဲ့ N & N ကုမ္မဏီကို ပေးခဲ့ရတာပါ၊ ဆန်းတို့ အနေနဲ့ကတော့ နေမားသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့မယ် ဆိုရင် နောက်ထပ် အပိုဆောင်း ယူရို(၂)သန်း ခံစားခွင့်ရမှာပါ၊ ဒီဆုကြေးကိုလည်း ဘာစီလိုနာကပဲ ပေးရမှာပါ” ဟု ရှင်းလင်းသွားခဲ့သည်။ 

ထို့ကြောင့် စုစုပေါင်း နေမားအတွက် ကုန်ကျခဲ့သော ပြောင်းရွေ့ကြေးမှာ ယူရို(၁၃၂.၂)သန်းအထိ ရှိနေကြောင်း ထုတ်ဖော်ရှင်းလင်း သွားခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
FOOTBALL CAFE

RangonNewsDaily:: January . 28 .2014
ဘာစီလိုနာ အသင်းအနေဖြင့် နေမားအတွက် ပြောင်းရွေ့ကြေးကို ယူရို (၅၇)သန်းဟုသာ တရားဝင် ဖော်ပြထားသော်လည်း၊ အမှန်တကယ် ကုန်ကျခဲ့သော ပြောင်းရွေ့ကြေးမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးအဖြစ် မှတ်တမ်းဝင်ထားသော ဘေးလ်ထက်ပင် ပိုမိုများပြားနေခဲ့သည်။