Pages
Monday, January 27, 2014
လမ်းပိတ်ဆို့မှုများကြောင့် ဗန္ဓုလကြိုးတံတား အန္တရာယ်ရှိနိုင်ဟုဆို
RangonNewsDaily:: January . 27 .2014
မဟာဗန္ဓုလ တံတားအဆင်း ဒေါပုံဘက်အခြမ်း တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကြိုးတံတားဖြစ်သည့်အတွက် အလေးချိန် တစ်ဖက်စောင်းသွားတတ်သဖြင့် တံတားအန္တရာယ်ရှိနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆင့်မြင့် အရာရှိတစ်ဦးက ဇန်နဝါရီ ၂၇ရက်တွင် မဇ္ဈိမကို ပြောသည်။
သမ္မတ၏ကမ်းလှမ်းချက်ကိုအတိုက်အခံတို့ ပယ်ချပြီးနောက် ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်
Photo: သမ္မတ၏ကမ်းလှမ်းချက်ကိုအတိုက်အခံတို့ ပယ်ချပြီးနောက် ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်
Monday, January 27, 2014 
ယူကရိန်းနိုင်ငံတွင် သမ္မတဗစ်တာ ယန်နူကိုဗစ်ခ်ျဘက်က ဝန်ကြီးချုပ်တာဝန် ရယူရန် ကမ်းလှမ်းချက်ကို အတိုက်အခံ ခေါင်းဆောင် အာဆန်နီယက်ဆန်ယွတ်က ပယ်ချလိုက်ကာ ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ကိယက်မြို့တော်တွင် အတိုက်အခံ အင်အားစုများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 
ကိယက်မြို့တော်တွင် အတိုက်အခံ ဆန္ဒပြသူများက အစိုးရ အဆောက်အအုံတစ်ခုမှ ပြတင်းပေါက်များနှင့် တံခါးများကို ဖျက်ဆီးရိုက်ချိုးပြီး မီးပုံရှို့ကာ ရဲတပ်ဖွဲ့ဝင်များကို မီးခိုးမှိုင်းတိုက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု မျက်မြင်သက်သေ ဂျာနယ်လစ်များက ပြောကြားသည်။ 
လက်ရှိ အနေအထားတွင် ဆန္ဒပြသူများက ယူကရိန်း လွှတ်တော်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြိုးပမ်းလျက် ရှိကြောင်း၊ အကြောင်းမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တိုက်ခိုက် ဖြိုခွင်းမှုများ စတင်လုပ်ကိုင် နေခြင်းကြောင့် ဖြစ်ကြောင်း အတိုက်အခံတို့က ပြောကြားသည်။ 
ထိုသို့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခ အရှိန်မြင့်တက်လာမှုသည် သမ္မတနှင့် အတိုက်အခံ ခေါင်းဆောင်တို့အကြား စနေနေ့က အချင်းများခဲ့ကြပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 
သမ္မတ ဗစ်တာယူနူကိုဗစ်ခ်ျက အတိုက်အခံ ခေါင်းဆောင် အာဆန်နီယက် ဆန်ယွတ်ကို ဝန်ကြီးချုပ်ရာထူး ရယူရန် ကမ်းလှမ်းခဲ့ပြီး အခြားသောအတိုက်အခံ ခေါင်းဆောင်တစ်ဦးကို အစိုးရရာထူး တစ်နေရာ ရယူရန် ပြောဆိုခဲ့သည်ဟု သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
သို့သော် အာဆန်နီယက်ဆန်ယွတ်က ဆန္ဒပြ ပြည်သူများရှေ့ မှောက်တွင် အဆိုပါ ကမ်းလှမ်းချက်ကို ပယ်ချကြောင်း ပြောဆိုခဲ့သည်။ 
ထို့နောက် အခြားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များက အာဆန်နီယက်ဆန်ယွတ်နှင့် ပူးပေါင်းခဲ့ကြသည်။ 
အတိုက်အခံတို့ အနေနှင့် သမ္မတ၏ ကမ်းလှမ်းချက်ကို ယေဘုယျအားဖြင့် လက်သင့်ခံရန် အသင့်ရှိခဲ့သော်လည်း မိမိတို့ တောင်းဆိုထားသည့် အရေးကြီး အချက်များကို လိုက်လျောခြင်း မရှိသောကြောင့် ပယ်ချခဲ့ခြင်း ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင်က ပြောကြားသည်။ 
“အစိုးရဟာ တိုင်းပြည်အတွက် တာဝန်ယူ လုပ်ကိုင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူးလို့ ကြေညာပြီး အစိုးရကို ဦးဆောင်ဖို့ အတိုက်အခံတွေကို တာဝန်ယူဖို့ ကမ်းလှမ်းခဲ့တာ။ ကျုပ်တို့ရဲ့ တုံ့ပြန်ချက်ကတော့ ယူကရိန်းရဲ့ပန်းတိုင်တွေအတွက် တာဝန်ယူရမှာ မကြောက်ဘူး ဆိုတာပါပဲ။ ယန်နူကိုဗစ်ခ်ျနဲ့ သဘောတူညီမှု မရရှိခဲ့ဘူး၊ ကျုပ်တို့စပြီး လုပ်ဆောင်ခဲ့တာကို အဆုံးသတ်နိုင်ဖို့ လုပ်နေပါတယ်။ ကျုပ်တို့ရဲ့ ခေါင်းဆောင်ကို ပြည်သူတွေက ဆုံးဖြတ် ရွေးချယ်လိမ့်မယ်။ ခင်ဗျားဆုံးဖြတ်ရမှာ မဟုတ်ဘူး” ဟု အတိုက်အခံ ခေါင်းဆောင်က ပြောကြားသည်။ 
အတိုက်အခံ အင်အားစုများ၏ တောင်းဆိုချက်များတွင် အဓိကကျသည့် အချက်များမှာ အီးယူအဖွဲ့နှင့် ယူကရိန်း သဘောတူညီချက် လက်မှတ် ရေးထိုးရေး (အီးယူသို့ ယူကရိန်း ဝင်ရောက်ရန်) နှင့် ယခင်ဝန်ကြီးချုပ် ယူလီယာတိုင်မိုရှန်ကို အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခွင့် ရရှိရေးတို့ ပါဝင်သလို ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပပေးရန်လည်း ပါဝင်သည်။ 
ယူကရိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဆန္ဒပြမှုများနှင့် ပဋိပက္ခ ဖြစ်မှုများအတွင်း လူပေါင်း ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။
The Voice Weekly
RangonNewsDaily:: January . 27 .2014
ယူကရိန်းနိုင်ငံတွင် သမ္မတဗစ်တာ ယန်နူကိုဗစ်ခ်ျဘက်က ဝန်ကြီးချုပ်တာဝန် ရယူရန် ကမ်းလှမ်းချက်ကို အတိုက်အခံ ခေါင်းဆောင် အာဆန်နီယက်ဆန်ယွတ်က ပယ်ချလိုက်ကာ ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ကိယက်မြို့တော်တွင် အတိုက်အခံ အင်အားစုများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
ဂျက်စတင်ဘီဘာအား နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသားများ တောင်းဆို
Photo: ဂျက်စတင်ဘီဘာအား နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသားများ တောင်းဆို
Monday, January 27, 2014 
ကနေဒါပေါ့ပ်ငွေကြယ်ပွင့် ဂျက်စတင် ဘီဘာသည် မူးယစ်ဆေးဝါးမှုနှင့် အဖမ်းခံရပြီးနောက် ၄င်းအား အမေရိကန် နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာ က လက်မှတ် ရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ တောင်းဆိုချက်ကို WeThe People သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၄၈ နာရီ အတွင်းမှာပင် အမေရိကန် နိုင်ငံသား ၁၅ဝဝဝ ကျော်က ပါဝင် လက်မှတ်ရေး ထိုး ခဲ့ကြသည်။ ဘီဘာသည် ပေါ့ပ်ဂီတ ယဉ်ကျေးမှုကို မှားယွင်းစွာ ကိုယ်စားပြုမိသည်ဟု အမေရိကန် နိုင်ငံသားများက ယူဆထားကြောင်း၊ ၄င်း၏ အပြုအမူများသည် လူငယ်များ အတွက် အန္တရာယ်ရှိကြောင်း၊ ၄င်းအား မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးသင့်ပြီး ၄င်း၏ Green Card ကိုလည်း ပြန်လည် ရုပ်သိမ်းသင့်ကြောင်း အမေရိကန် ပြည်သူများက ပြောကြား ထားသည်။
ဘီဘာ၏အပြုအမူများသည် နိုင်ငံအတွင်းရှိ လူငယ်များအပေါ် မှားယွင်းစွာ လွှမ်းမိုး စေနိုင်သောကြောင့် ၄င်းအား မိမိတို့၏ လူ့အသိုင်းအဝိုင်းမှ ဖယ်ထုတ်သင့်ကြောင်း ပြည်သူ များက ၄င်းဝက်ဘ်ဆိုက်တွင် ထပ်လောင်း ရေးသားခဲ့သည်ဟု သိရသည်။
မြ၀တီ
RangonNewsDaily:: January . 27 .2014
ကနေဒါပေါ့ပ်ငွေကြယ်ပွင့် ဂျက်စတင် ဘီဘာသည် မူးယစ်ဆေးဝါးမှုနှင့် အဖမ်းခံရပြီးနောက် ၄င်းအား အမေရိကန် နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာ က လက်မှတ် ရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အာဆင်နယ်-လီဗာပူး၊ မန်စီးတီး-ချဲလ်ဆီးတို့ တွေ့နေသည့် အက်ဖ်အေဖလား ပဉ္စမအဆင့်
Photo: အာဆင်နယ်-လီဗာပူး၊ မန်စီးတီး-ချဲလ်ဆီးတို့ တွေ့နေသည့် အက်ဖ်အေဖလား ပဉ္စမအဆင့်
Monday, January 27, 2014 
အက်ဖ်အေဖလား ပဉ္စမအဆင့် မဲခွဲမှုများတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်း အချင်းချင်း တွေ့ဆုံနေသည့် ပွဲစဉ်များ ပါဝင်နေသည်။ စတုတ္ထအဆင့်ပွဲစဉ်တွင် ဘာနီမောက်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့် လီဗာပူးမှာ အာဆင်နယ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စတုတ်စီးတီးကို
ကျော်ဖြတ်နိုင်ခဲ့သည့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် တွေ့ဆုံနေသည်။ အဆိုပါပွဲစဉ်များကို ဖေဖော်ဝါရီ ၁၅၊ ၁၆ရက်များတွင် ကစားကြမည်ဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်များ ကစားရမည့် ကာလအပိုင်းအခြားနှင့် တိုက်ဆိုင်နေသည့်အတွက် အာဆင်နယ်၊ မန်စီးတီးတို့အတွက် ပွဲကြပ်ကာလဖြစ်နေသည်။
ချန်ပီယံလိဂ်တွင် ဘိုင်ယန်နှင့် ယှဉ်ပြိုင်ရမည့် အာဆင်နယ်မှာ ဖေဖော်ဝါရီ ၂ရက်မှ ၁၉ရက်အတွင်း ကစားရမည့် ပွဲစဉ်(၅)ပွဲတွင် ခရစ္စတယ်ပဲလေ့စ်၊ မန်ယူတို့ကို ရင်ဆိုင်ရမည်ဖြစ်ပြီး သီတင်းပတ် တစ်ပတ်အတွင်း လီဗာပူးနှင့် နှစ်ကြိမ်ကစားရခြင်းဖြစ်လာခဲ့သည်။ ထို့အပြင် ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲစဉ် ကစားရမည့် မန်စီးတီးမှာလည်း (၁၂)ရက်အတွင်း ချဲလ်ဆီးနှင့် နှစ်ကြိမ်ရင်ဆိုင်ရမည်ဖြစ်ပြီး နောဝစ်ခ်ျ၊ ဆန်းဒါးလန်းတို့နှင့် ကစားရမည့် ပွဲစဉ်ရေးဆွဲမှု ရှိနေသည်။
အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်များ
မန်စီးတီး-ချဲလ်ဆီး
အာဆင်နယ်-လီဗာပူး
ရှက်ဖီး(သို့)ဖူလ်ဟမ် -နော်တင်ဟမ်(သို့)ပရက်စတန် 
ဘရိုက်တန်- ဟူးလ်စီးတီး
ကာဒစ်ဖ်-၀ီဂန်
ရှက်ဖီးဝမ့်ဒက်စ်ဒေး-ချာလ်တန်
ဆန်းဒါးလန်း-ဆောက်သမ်တန်
အဲဗာတန်-ဆွမ်ဆီး
http://yoyarlay.com/sport/football/39818-2014-01-27-13-07-58
RangonNewsDaily:: January . 27 .2014
အက်ဖ်အေဖလား ပဉ္စမအဆင့် မဲခွဲမှုများတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်း အချင်းချင်း တွေ့ဆုံနေသည့် ပွဲစဉ်များ ပါဝင်နေသည်။ စတုတ္ထအဆင့်ပွဲစဉ်တွင် ဘာနီမောက်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့် လီဗာပူးမှာ အာဆင်နယ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စတုတ်စီးတီးကို
ကျော်ဖြတ်နိုင်ခဲ့သည့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် တွေ့ဆုံနေသည်။
အကွက်မျက်ခံရတဲ့ ဦးလေးရဲ့မိသားစုဝင်တွေ (ကလေးငယ်များအပါအ၀င်) ကိုအိမ်တွေထဲကဆွဲထုတ်ပြီးပစ်သတ်စေခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်
Photo: အကွက်မျက်ခံရတဲ့ ဦးလေးရဲ့မိသားစုဝင်တွေ (ကလေးငယ်များအပါအ၀င်) ကိုအိမ်တွေထဲကဆွဲထုတ်ပြီးပစ်သတ်စေခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်
Monday, January 27, 2014
-       ဦးလေးဖြစ်သူဂျန်ဆောင်သက် ရဲ့သားသမီး၊ ညီအစ်ကိုတွေနဲ့ မြေးတော်စပ်သူတွေသေဆုံးခဲ့ပြီဖြစ်
-       မိသားစုတစ်ခုလုံးရှင်းလင်းသုတ်သင်ခံရမှုအဖြစ်  တောင်ကိုးရီးယားသတင်းဌာနကအစီရင်ခံ 
ကင်ဂျုံအွန်ရဲ့ ကွက်မျက်ခံခဲ့ရတဲ့ဦးလေးရဲ့ဆွေမျိုအရင်းအချာများကို အမိန့်အရသုတ်သင်လိုက်ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
ဂျန်ဆောင်သက်ရဲ့သားသမီး၊ညီအစ်ကိုများနဲ့ မြေးတော်စပ်သူများကိုကွက်မျက်ဖို့အမိန့်ပေးခဲ့တာဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံက မီဒီယာတစ်ခုကအစီအရင်ခံတဲ့သတင်းတစ်ခုအရသိရပါတယ်။
အသက် ၆၇ နှစ်အရွယ် ဂျန်ကို ကွန်မြူနစ်စနစ်ပပျောက်ရေးကြံစဉ်မှုနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့လက ကွက်မျက်ခဲ့တာဖြစ်ပါတယ်။
အဲဒီ့မိသားစုဝင်တွေအသက်ခံရတဲ့အချိန်ကိုတော့ ရှင်းရှင်းလင်းလင်မသိသေးပေမယ့် ဂျန်ကို ကွက်မျက်ခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့နောက်ပိုင်းမှာ သေဒဏ်ပေးခဲ့တယ်လို့ယုံကြည်ရကြောင်း အတွင်းသိတွေက Yohap သတင်ဌာနကိုပြောပါတယ်။
အဲဒီ့ဆွေမျိုးတော်စပ်သူတွေထဲကအချို့ကို သူတို့ရဲ့နေအိမ်တိုက်ခန်းထဲကဆွဲထုတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး လိုက်ပါရန်ငြင်းဆန်တဲ့သူတွေကို ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါသတင်းများအရ အကွက်မျက်ခံရသူတွေထဲမှာ ဂျန်နဲ့ မောင်နှမတော်စပ်သူ ဂျန်ဂျယ်ဆွန်းနဲ့ သူမရဲ့ခင်ပွန်းနဲ့ ကျူးဘားနိုင်ငံဆိုင်ရာသံအမတ်ဖြစ်သူ ဂျုံယောင်ဂျင်း၊ ဂျန်ရဲ့တူဖြစ်သူ မလေးရှားနိုင်ငံဆိုင်ရာသံအမတ် ဂျန်ယောင်ချိုး နဲ့သူ့သားနှစ်ဦးတို့ပါဝင်ပါတယ်။
ဂျန်ရဲ့သားသမီးတွေနဲ့ မြေးတော်စပ်သူတွေလဲ အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။
ကလေးသူငယ်တွေအပါအ၀င် ဂျန်ရဲ့ဆွေမျိုးတွေအားလုံးအသက်ခံခဲ့ရတာဖြစ်တယ်လို့ အတွင်းသိတစ်ယောက်က အဲဒီ့သတင်းဌာနကိုပြောပြပါတယ်။
ဒီကွက်မျက်ခံရမှုဟာ ဂျန်နဲ့ပါတ်သတ်သမျှ အစအနမကျန်စေဖို့ဖြစ်တယ်လို့ အခြားသတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။
သူတို့မိသားစုကို အသတ်မခံရမီ ဒီဇင်ဘာလမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြုံယမ်းနယ်ကိုခေါ်ယူခဲ့တယ်လို့ပြောပါတယ်။
မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ရဲ့ ဇနီးအပါအ၀င် တိုက်ရိုက်မတော်စပ်တဲ့ ဆွေမျိုးတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ ရပ်ဝေးကျေးလက်ဒေသတွေကို နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ဆိုပါတယ်။
Yohap သတင်းဌာနရဲ့ဒီအစီအရင်ခံစာကိုတော့ အတည်ပြုဖို့လိုအပ်နေသေးတာဖြစ်ပေမယ့် ဒီလိုပူးပေါင်းကြံစဉ်တဲ့ပြစ်မှုမျိုးကိုကျူးလွန်သူရဲ့ မိသားစုဝင်တွေကို သေဒဏ်ကဲ့သို့ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးပေးတာဟာ မြောက်ကိုရီးယားရဲ့အစဉ်အလာဖြစ်နေပါပြီ။
ကင်ဂျုံအွန်ရဲ့ အကြံပေးအရာရှိဟောင်း ဂျန်ဆောင်သက်ဟာ များစွာသော နိုင်ငံတော်အဆင့်ပြစ်မှုတွေနဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီ့ပြစ်မှုတွေထဲမှာ အာဏာသိမ်းရန်ကြံစဉ်မှု၊ သယံဇာတအလွဲသုံးစားလုပ်မှု၊ မိန်းမရှုပ်ပွေမှု၊ အာဏာအလွဲသုံးစားလုပ်မှု နဲ့ အစိုးရနဲ့မတူညီတဲ့ မျှော်လင့်ချက်များထားရှိမှုတွေပါဝင်ပါတယ်။
ဒီအာဏာရှင်အစိုးရရဲ့ ကိုယ်စားအုပ်ချုပ်သူအဖြစ်တာဝန်ယူခဲ့ဖူးသူတစ်ဦးကို ကွက်မျက်လိုက်တဲ့သတင်းဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။
ဂျန်ရဲ့သေဆုံးမှုဟာ အသက် ၃၀ အရွယ်ခေါင်းဆောင် စတင်တာဝန်ယူပြီးနောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။
ကင်မိသားစုဟာ ဒီအထီးကျန်နိုင်ငံကို အုပ်စိုးလာခဲ့တာ ဆယ်စုနှစ်ပေါင်း ၆ ခုကျော်လာပါပြီ။
ဂျန်ဆောင်သက်ဟာ ကင်ဂျုံအွန်အဒေါ်ရဲ့ခင်ပွန်းဖြစ်ပြီး ကင်ဂျုံအွန်ရဲ့ဖခင်ကင်ဂျုံအီနဲ့ ယောက်ဖတော်စပ်ပါတယ်။
Ref:dailymail.co.uk
Trend Myanmar
RangonNewsDaily:: January . 27 .2014
ကင်ဂျုံအွန်ရဲ့ ကွက်မျက်ခံခဲ့ရတဲ့ဦးလေးရဲ့ဆွေမျိုအရင်းအချာများကို အမိန့်အရသုတ်သင်
လိုက်ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
မိန်းကလေး များ ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ
Photo: ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ
Monday, January 27, 2014 
ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။
သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။
မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။
ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။
၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။
၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။
ဘယ်လို ကာကွယ်ရမလဲ -
၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း
ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။
၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ
ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။
၃။ သဘာဝကရတဲ့ ဆေး
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။
၎။ နှိပ်နှယ်ပေးခြင်း
သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။
မြ၀တီ
RangonNewsDaily:: January . 27 .2014
ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။
၈၈ မျိုးဆက်နဲ့ OMI အဖွဲ့တို့ လွှတ်တော်ဥက္ကှဌများနဲ့ တွေ့ဆုံ
Photo: ၈၈ မျိုးဆက်နဲ့ OMI အဖွဲ့တို့ လွှတ်တော်ဥက္ကှဌများနဲ့ တွေ့ဆုံ
Monday, January 27, 2014 
၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးနဲ့အတူ OMI ပွင့်လင်း မြန်မာ့ရှေ့ဆောင် သုတေသန လူငယ်အဖွဲ့တို့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားလွှတ်တော်ဥက္ကှဌ ဦးခင်အောင်မြင့် အပါအ၀င် အမျိုးသားလွှတ်တော် ဥပဒေရေးရာ ကော်မတီအဖွဲ့နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
လွှတ်တော်တွင်းက မေးခွန်းတွေ၊ အဆိုတွေ၊ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ သုတေသန လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ဖို့အတွက် လွှတ်တော်နှစ်ရပ်က ပံ့ပိုးနိုင်ဖို့နဲ့ လိုအပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေလုပ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ လွှတ်တော်ရေးရာ ကော်မတီတွေကို လာရောက်တွေ့ဆုံတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက သတင်းထောက်တွေကို ပြောပါတယ်။
“လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်အတွင်း ဒီမေးခွန်းတွေ နောက်ပြီးတော့ အဆိုပြုချက်တွေ ဆွေးနွေးချက်တွေ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒါကိုသုတေသန လုပ်ငန်းပေါ့လေ၊ အဲဒါနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေနဲ့ ဆွေးနွေးပြီးတော့ သူတို့ဆီက အချက်အလက်တွေ ပံ့ပိုးနိုင်ဖို့ ကျနော်တို့ လိုအပ်တဲ့တွေ့ဆုံမေးမြန်းမှုတွေလုပ်နိုင်ဖို့ အဲဒါလေးတွေ လာပြီးတော့ဆွေးနွေးတာပါ၊ ကျနော့်ဆီက သုတေသနလူငယ်တွေ အထူးသဖြင့်တော့ လူငယ်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အကောင်အထည်ဖော်လာစေချင်လို့ ကျနော်ကလိုက်ပံ့ပိုးတာပါ”
၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးနဲ့ OMI ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့တို့ လာရောက်တွေ့ဆုံတာဟာ ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ လာရောက်တွေ့ဆုံတာမဟုတ်ဘဲ OMI ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့ လူငယ်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အကောင်အထည် ပေါ်လာစေချင်တဲ့သဘောနဲ့ ပံ့ပိုးကူညီတာဖြစ်တယ်လို့ ၈၈ ကျောင်းသား ဦးကိုကိုကြီးက ပြောပါတယ်။
၈၈ ကျောင်းသား ဦးကိုကိုကြီးနဲ့အတူ OMI ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသန လူငယ်အဖွဲ့ ၄ ဦး တို့ဟာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင်တွေနဲ့လည်း ဆက်လက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA
RangonNewsDaily:: January . 27 .2014
၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးနဲ့အတူ OMI ပွင့်လင်း မြန်မာ့ရှေ့ဆောင် သုတေသန လူငယ်အဖွဲ့တို့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားလွှတ်တော်ဥက္ကှဌ ဦးခင်အောင်မြင့် အပါအ၀င် အမျိုးသားလွှတ်တော် ဥပဒေရေးရာ ကော်မတီအဖွဲ့နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
အဂတိလိုက်စားမှုများကို တစ်ကိုယ်တော် ဆန္ဒပြ
Photo: အဂတိလိုက်စားမှုများကို တစ်ကိုယ်တော် ဆန္ဒပြ
Monday, January 27, 2014 
တရားသူကြီးတွေ အဂတိလိုက်စားမှုတွေနဲ့ အမှုဖျောက်ဖျက်တာတွေ ရှိနေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားသူများ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ် ခရိုင်တရားရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
အမှုရင်ဆိုင်နေရတဲ့ အမှုသည်နှစ်ဘက်စလုံးအပေါ်မှာ လာဘ်ယူပြီး အမှုတွေကို စီရင်ချက်ချနေတဲ့ အမှုဖြစ်စဉ် အထောက်အထားတွေ များနေတာကြောင့် အများပြည်သူတွေ သိရှိစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဆန္ဒပြရတာဖြစ်တယ်လို့ ကိုထင်ကျော်က RFA ကို ပြောပါတယ်။
“မြို့နယ်တရားသူကြီး လာဘ်ပေးဖို့အတွက် ငွေငါးသိန်းပေးတယ်၊ အမှုကိုဟိုရွေ့ဒီရွေ့နဲ့ ပိုပေးနိုင်တဲ့သူရှိတဲ့အခါကျရင် ငါးသိန်းပေးတဲ့သူကို စီစဉ်ဆောင်ရွက်ပေးခြင်းမရှိပဲ၊ လေးသိန်းပြန်ပေးပြီးတော့မှ ကြားထဲကနေ တစ်သိန်းဖြတ်ယူတယ်၊ အဲဒီလို အဂတိလိုက်စားမှုတွေ ကျနော်တို့ဆီမှာ အထောက်အထားရှိတယ်၊ ဒီ့ထက်မကအမှုတွေလည်း အများကြီးရှိတယ်၊ ဒီစနစ်ကိုပြင်မှရမယ်၊ ခရိုင်တရားရုံးတွေရဲ့ အဂတိလိုက်စားမှုတွေကို မဖော်ထုတ်ဘူးဆိုရင် ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်သူတွေဟာ အမြဲဒုက္ခရောက်နေမှာဖြစ်တယ်၊ တရားလိုရော တရားခံရော အဲဒီနှစ်ဖက်စလုံးအပေါ်မှာ ခုတုံးလုပ်ပြီးတော့ အဂတိလိုက်စားနေတဲ့ တရားသူကြီးအချို့ကို ဒီကနေ့ ဖော်ထုတ်နေခြင်းပဲ ဖြစ်ပါတယ်”
ဒီဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တာဖြစ်ပြီး နိုင်ငံရေးပါတီဝင်တချို့ကလည်း အားပေးခဲ့ကြပါတယ်။ ကိုထင်ကျော်က နောင်အခါမှာလည်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး နစ်နာမှုတွေရှိခဲ့ရင် တစ်ကိုယ်တော် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။
RFA
RangonNewsDaily:: January . 27 .2014
တရားသူကြီးတွေ အဂတိလိုက်စားမှုတွေနဲ့ အမှုဖျောက်ဖျက်တာတွေ ရှိနေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားသူများ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ် ခရိုင်တရားရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့
မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့
kolatt(PBDN): January . 27 .2014
မိတ္ထီလာ ။      ။      မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် ၂၀၁၃-ခုနှစ် မတ်လအတွင်းက ရွှေအရောင်းအ၀ယ်
မှ အစပြုကာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု အတွင်း အကြမ်းဖက်ခံရသည့် အစ္စလာမ်ဘာသာဝင်
များ ယာယီနေထိုင်သော ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ဇန်န၀ါရီ ၂၄-ရက် သောကြာနေ့က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကယ်ဆယ်ရေး စခန်းများအနက် ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်းရှိ အဆောင်တစ်ခု၏ ခေါင်
မိုး(မိုးကာဖျင်) လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ နံနက် ၃ နာရီခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စခန်းအတွင်းရှိနေသူများက အချိန်မီသိရှိပြီး မီးငြှိမ်းသက်နိုင်ခဲ့သည်ဟု ထိုစခန်းတွင် နေထိုင်သူ
တစ်ဦးက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၅-ရက်ခန့်ကလည်း မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိုကဲ့သို့ မီးလောင်မှုဖြစ်ပွား
ခဲ့ခြင်းမှာ ၁၀-ရက်အတွင်း ၃-ကြိမ်ရှိပြီ ဖြစ်ကာ ပထမအကြိမ်နှင့် တတိယအကြိမ် မီးလောင်သည့် ပုံစံနှင့် အချိန်မှာ အတူတူဖြစ်သည်ဟု သိရသည်။
မီးလောင်သည့် အချိန်နှင့် လောင်ကျွမ်းပုံများမှာ မတော်တဆလောင်ကျွမ်းသည့် ပုံစံမျိုးမဟုတ်ဘဲ တမင်ရှို့သည့်မီးဟုယူဆနိုင်ကြောင်း၊ စခန်းရှိ တာဝန်ရှိသူများက စုံစမ်းမှုများကို ပြုလုပ်နေကာ၊ စခန်း
အတွင်း နေထိုင်သူများမှာလည်း ညစဉ် အလှည့်ကျ ကင်းစောင့်၍ သတိဝီရိယနှင့် နေထိုင် နေ
ရကြောင်း ထိုစခန်းရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။
မိတ္ထီလာမြို့တွင် ပြီးခဲ့သည့်မတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မိသားစုထောင်ပေါင်း
များစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အကြမ်းဖက်မှု များ ငြိမ်သက်သွားပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်
သွားသူများအားအိမ်ယာ များ ပြည်လည်ဆောက်လုပ်ပေးမည်ဟုအစိုးရတာဝန်ရှိသူများက ပြော
ကြားခဲ့ သော်လည်း၊ တစ်နှစ်နီးပါး ကြာမြင့်လာခဲ့သည့်တိုင် မည်သည့် စီစဉ်ဆောင်ရွက်
မှုမှ ပြုလုပ်ပေးခြင်း မရှိဘဲ ပြည်သူများမှာ ကယ်ဆယ်ရေး စခန်းများတွင်သာ ဆက်လက်နေထိုင်နေရပြီး မိမိတို့ အိမ်များသို့ အမြန်ဆုံး ပြန်လည်ပြောင်းရွေ့ နေထိုင်ရန်သာ ဆန္ဒရှိကြကြောင်း သိရသည်။
အကြမ်းဖက်ခံရသူများ နေထိုင်ရာ ကယ်ဆယ်ရေးစခန်း တခုကိုတွေ့ရစဉ်
M-Media ::--
ဇာနည်
See More News: (www.rangonnewsdaily.blogspot.com)
အကြမ်းဖက်ခံရသူများ နေထိုင်ရာ ကယ်ဆယ်ရေးစခန်း တခုကိုတွေ့ရစဉ်
RangonNewsDaily:: January . 27 .2014
မိတ္ထီလာ ။ ။ မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် ၂၀၁၃-ခုနှစ် မတ်လအတွင်းက ရွှေအရောင်းအ၀ယ်
မှ အစပြုကာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု အတွင်း အကြမ်းဖက်ခံရသည့် အစ္စလာမ်ဘာသာဝင်
များ ယာယီနေထိုင်သော ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ဇန်န၀ါရီ ၂၄-ရက် သောကြာနေ့က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့ သွားရာလမ်းတွင် ပုပ်ပွနေသော ရုပ်အလောင်းများတွေ့ရှိ
RangonNewsDaily:: January . 27 .2014
ရခိုင်ပြည်နယ် /ဘူးသီးတောင်မြို့ မှ မောင်တောမြို့သို့ သွားရာလမ်းဘေးရှိ တပ်မင်းချောင်းကျေးရွာအနီး ခလရ
၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် ၂၆ / ၀၁ / ၂၀၁၄ နေ့ ညနေပိုင်းအချိန် ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်း
သားများ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။တွေ့ရှိပုံမှာတပ်မင်းချောင်းရွာမှ နွားကျောင်း
သားများ နွားကျောင်းရင်း အပုပ်နံ့ထွက်နေ၍ ယင်းနေရာအား တူးဆွကြည့်ကြရာ ပုံစံမျိုးစုံဖြင့် အသတ်ခံထား
ရသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိကြောင်းသိရသည်။
ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်
Photo: ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်
Monday, January 27, 2014
အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့်ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တခါတလေမှာ အိမ်ဖြူတော်ထဲမှာ လှည့်လည်သွားလာနေတဲ့ အဖြူရောင်အရိပ်သဏ္ဍာန်တွေ တွေ့ ရတယ်လို့ နာမည်ကြီးပါတယ်။ သူသေမှာကို ကြိုသိမြင်ခဲ့တယ်ဆိုတဲ့ အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်း ရဲ့ ၀ိဥာဉ်ကို ခဏခဏ တွေ့ ရှိရတယ်လို့  ဆိုပါတယ်။ တစ်ချို့ လူတွေအပြောအရ လင်ကွန်းရဲ့ ၀ိဥာဉ်ဟာ အမေရိကန်နိုင်ငံအတွက်အရေးကြီးတဲ့အချိန် ဆိုရင် ပင်မခန်းမကြီးနဲ့ လင်ကွန်းအိပ်ခန်းတစ်လျှောက်မှာ တွေ့ ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီ့အိပ်ခန်းဟာ လင်ကွန်းသမ္မတသက်တမ်းတစ်လျှောက်လုံး သူ့ ရုံးခန်းအဖြစ်ပါ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ လင်ကွန်းအိပ်ခန်းမှာ ခေတ္တတည်းခိုခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီ ကိုယ်တိုင် လင်ကွန်း ၀ိဥာဉ်ကို မြင်တွေ့ ခဲ့ရတယ်လို့  ၀န်ခံခဲ့ပါတယ်။ ချာချီဟာ ညတစ်ညမှာ လင်ကွန်းဝိဥာဉ်ကို မြင်ခဲ့ရပြီး နောက် အဲဒီ့အိပ်ခန်းမှာ ဆက်နေဖို့ ငြင်းဆန်ခဲ့ပါတယ်။
Trend Myanmar
RangonNewsDaily:: January . 27 .2014
အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့်ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။
ကပ္ပလီပင်လယ်ပြင်မှာ သင်္ဘောမှောက် ခရီးသည် ၂၀ ကျော်သေ
Photo: ကပ္ပလီပင်လယ်ပြင်မှာ သင်္ဘောမှောက် ခရီးသည် ၂၀ ကျော်သေ
Monday, January 27, 2014
ဘင်္ဂလားပင်လယ်အော်၊  ကပ္ပလီပင်လယ်ပြင်ထဲက အိန္ဒိယရေပိုင်နက်ထဲမှာ ကူးတို့ သင်္ဘောတစင်းနစ်မြုပ်ခဲ့တဲ့အတွက် လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ ရတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောပါတယ်။
သင်္ဘောပေါ်မှာ အိန္ဒိယနိုင်ငံသားခရီးသွားတွေ လိုက်ပါလာတာဖြစ်ပြီး ၁၃ ဦး ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ စီမံခန့်ခွဲရေးဌာန ထိပ်တန်းအရာရှိတဦး ဖြစ်တဲ့ မစ္စ P. Jawahar ကပြောပါတယ်။ ဒါ့အပြင် သင်္ဘောပေါ်လိုက်ပါလာ သူတွေထဲက ၁၁ လောက် ပျောက်ဆုံးနေမယ်လို့ ခန့်မှန်းကြောင်းလည်း ပြောပါတယ်။
သင်္ဘောဟာ ကပ္ပလီပင်လယ်ပြင်အရှေ့ပိုင်း ကမ်းလွန်ဒေသ နီကိုဗာကျွန်းတွေ နားမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ လိုက်ပါလာသူအားလုံးဟာ အိန္ဒိယနိုင်ငံသား တွေလို့ ရဲအရာရှိ Shahji ကပြောပါတယ်။ ကူးတို့သင်္ဘောရဲ့ဝမ်းဗိုက်မှာ အက်ကြောင်းပေါ်လာပြီး နောက်မှာ နစ်မြုပ်သွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ လှေသင်္ဘောဆောက်လုပ်မှုတွေ ညံ့ဖျင်းတတ်ကြပြီး လူလည်း မတန်တဆတင်တတ်ကြသလို ရေကြောင်းအန္တရာယ် ကင်းစေဖို့ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း လျော့ရဲလှတဲ့အတွက် အခုလို လှေသင်္ဘော နစ်မြုပ်မှုတွေနဲ့ သေဆုံးမှုတွေ မကြားခဏဖြစ်ပွားတတ်ပါတယ်။
VOA
RangonNewsDaily:: January . 27 .2014
ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်ထဲက အိန္ဒိယရေပိုင်နက်ထဲမှာ ကူးတို့ သင်္ဘောတစင်းနစ်မြုပ်ခဲ့တဲ့အတွက် လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ ရတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောပါတယ်
မန်ချက်စတာ ယူနိုက်တက်ထံ လက်လွှဲ ရောင်းချပေးသည့် ချယ်လ်ဆီးကို မာတာ အံ့ဩနေ
Photo: ယူနိုက်တက်ထံ လက်လွှဲ ရောင်းချပေးသည့် ချယ်လ်ဆီးကို မာတာ အံ့ဩနေ
Monday, January 27, 2014
မန်ချက်စတာ ယူနိုက်တက် အသင်းထံသို့ မိမိကို ရောင်းထုတ်ခဲ့သည့် ချယ်လ်ဆီး၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိကြောင်း ဟွမ်မာတာက ဝန်ခံ ပြောကြားခဲ့သည်။
စပိန်လက်ရွေးစင် မာတာအနေဖြင့် ချယ်လ်ဆီးတွင် မန်နေဂျာ ဟိုဆေးမော်ရင်ဟို လက်အောက်၌ ခက်ခဲသော (၆)လတာကို ဖြတ်သန်းပြီးနောက် အိုးလ်ထရက်ဖို့ဒ်သို့ ကူးပြောင်းလာခဲ့သည်။ ယူနိုက်တက်သည် မာတာအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၇.၁)သန်းထိ အသုံးပြုခဲ့သည်။ ယူနိုက်တက် ကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အသင်းပိုင် ဝက်ဘ်ဆိုက်နှင့် တွေ့ဆုံရာ၌ ကွင်းလယ်တိုက်စစ် ကစားသမားက ၎င်း၏ အံ့ဩမှုကို ဖွင့်ဟသွားခဲ့သည်။
"ရိုးရိုးသားသား ပြောရရင်တော့ ဒီကိစ္စက နည်းနည်း အံ့ဩစရာ ဖြစ်နေတယ်"ဟု မာတာက ဆိုသည်။ ပုံမှန်အားဖြင့် အင်္ဂလန် ထိပ်တန်းကလပ်များသည် ခြေစွမ်းမြင့်မားသည့် ကစားသမားကို တစ်သင်းမှ တစ်သင်းသို့ လက်လွှဲရောင်းချမှု အလွန်ရှားပါးသည်။ မာတာက "ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးကို သိပ်ကျေးဇူးတင်ပါတယ်။ အသင်းပိုင်ရှင်၊ ပြီးတော့ အသင်းအတွက် အလုပ်လုပ်နေသူ အားလုံး၊ ပြီးတော့ ပရိသတ်တွေပေါ့။ ပရိသတ်တွေက ပြီးခဲ့တဲ့ (၂)ရာသီအတွင်းမှာ ကျွန်တော့်ကို အကောင်းဆုံး ကစားသမားအဖြစ် မဲပေးခဲ့ကြတယ်။ ဒါကိုကျွန်တော် အမြဲတမ်း အမှတ်ရနေမှာပါ။ ချယ်လ်ဆီးပရိသတ်တွေဟာ ကျွန်တော့်အတွက် အံ့ဩစရာပါပဲ။ လွန်ခဲ့တဲ့ (၆)လအတွင်း ကျွန်တော့်အနေနဲ့ မျှော်လင့်သလောက် မကစားခဲ့ရပါဘူး။ အသင်းလိုက် ကစားတဲ့ အားကစား တစ်ခုမှာ ဒီအခြေအနေမျိုးကို ကျွန်တော် နားလည် လေးစားဖို့ လိုပါတယ်။ ဒါပေမဲ့ ယူနိုက်တက်လို အသင်းက ချိတ်ဆက်လာတယ် ဆိုတာကတော့ ကျွန်တော့် ကစားသမား ဘဝကို ရှေ့ဆက်ဖို့ သိပ်ကို ခမ်းနားကြီးကျယ်တဲ့ အချိန်မျိုး ဖြစ်လာပါတယ်။ ကျွန်တော့် အနေနဲ့ နောက်ထပ် ထိပ်တန်းအသင်းကြီး တစ်ခုဆီကို ထပ်ပြီး ကူးပြောင်းလာရတာ ဖြစ်ပါတယ်"ဟုလည်း ပြောကြားသွားသည်။
၎င်းက ကလပ်စံချိန်တင် ဈေးနှုန်းဆိုသည်မှာ မိမိအတွက် ဖိအားတစ်ရပ် မဟုတ်ဟုလည်း ဆိုသည်။ "ဈေးများတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေသွားမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်းလိုလို ကျင့်သုံးခဲ့တဲ့အတိုင်း အကောင်းတကာ့ အကောင်းဆုံး ဖြစ်စေဖို့ ကြိုးစားနေမှာပါ"ဟု မာတာက ဖွင့်ဟသွားသည်။ 
Soccer Myanmar
RangonNewsDaily:: January . 27 .2014
မန်ချက်စတာ ယူနိုက်တက် အသင်းထံသို့ မိမိကို ရောင်းထုတ်ခဲ့သည့် ချယ်လ်ဆီး၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိကြောင်း ဟွမ်မာတာက ဝန်ခံ ပြောကြားခဲ့သည်။
မိုးကုတ်ဓားပြမှု ကျူးလွန်သူများ ပိတ်ဆို့ရှာဖွေစဉ် မူးယစ်ဆေး သယ်ဆောင်သူများ ကိုသာ ဆက် တိုက်ဖမ်းမိနေ
RangonNewsDaily:: January . 27 .2014
မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်အား ဖော်ထုတ်ရန် ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း ယခုလ ၂၃ ရက်က ကျပ်သိန်းနှစ်ရာနီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမှုသုံးမှု ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူ တစ်ပတ်လျှင် လုပ်သားဦးရေ ၂၀၀၀ ခန့်ရှိနေ
RangonNewsDaily:: January . 27 .2014
ပြည်ပသို့ မြန်မာလုပ်သားများ စေလွှတ်ခွင့်ပြုရန် အစိုးရအဖွဲ့ထံ တစ်ပတ်လျှင် လုပ်သားဦးရေ ၂,၀၀၀ ခန့်အတွက် တင်ပြပေးနေရကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးအေးမြင့်က ပြောသည်။::
“အလုပ်သမားတွေကိုစေလွှတ်ဖို့ တစ်ပတ်၊ တစ်ပတ်ကို ကျွန်တော်တို့ ကက်ဘိနက် ၀န်ကြီးအစည်းအ ဝေးကို ခွင့်ပြုမိန့်တောင်းရတဲ့ အရေအတွက်က ၂,၀၀၀ ပတ်ဝန်းကျင်လောက် အမြဲတမ်းရှိနေတယ်။
၉၆၉ သီချင်းတွေ ဖွင့်ခွင့်ပိတ်လိုက်ရင် ထန်းကုန်းမှာလို ဗလီတွေ ကြေကုန်မယ်ဟု ဦးဝီရသူပြော
RangonNewsDaily:: January . 27 .2014
၉၆၉ ဦးဆောင် ဆရာတော် အမျိုးသားရေး ၀ါဒီ ဓမ္မကထိက ဦးဝိစိတ္တာ ဘိဝံသ၊ ဦးဝီရသူ (မစိုးရိမ်ကျောင်း
တိုက်) နှင့် ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး သံတမန် ကွန်ယက်တို့ ပူးတွဲကျင်းပသည့် သံသယ ကင်းရှင်းရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး အခမ်းအနားကို ရန်ကုန်မြို့
၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေ့လည် ၁နာရီမှ ညနေ ၃နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။