Pages

Sunday, January 26, 2014

မလေးရှားတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာဆေးများ ဖမ်းဆီးခံရ

Photo: မလေးရှားတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာဆေးများ ဖမ်းဆီးခံရ
Saturday, January 25, 2014

မြန်မာအလုပ်သမား များစွာရှိသော မလေးရှားနိုင်ငံတွင် ကာမ အားတိုးဆေး အပါအဝင် မလေးရှားနိုင်ငံတွင် မှတ်ပုံတင် ထားခြင်း မရှိသော မြန်မာဆေးများ ရောင်းချသည့် ဆေးဆိုင်များကို မလေးရှား ကျန်းမာရေးဌာနက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မလေးရှား နိုင်ငံထုတ် The Star Online သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် ၄ ကီလိုမီတာ (၂ ဒသမ ၅) မိုင် အကွာတွင် ရှိသော Bangsar ဆင်ခြေဖုံးနှင့် Persiaran Syed Putra တို့တွင်ရှိသော ဆေးပစ္စည်းများ သိုလှောင်ထားသည့် ဘန်ဂလို အိမ်နှစ်လုံးနှင့် ဆေးဆိုင် သုံးဆိုင်ကို မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူမြို့တော် ကျန်းမာရေး ဝန်ကြီးဌာန၏ လက်ထောက် Syed Fadzli Syed Syial- uddin က ပြောကြားသည်။

ထို့ပြင် ကွာလာလမ်ပူမြို့ရှိ Lebuh Pudu ရှိ ဆေးဆိုင်တစ်ဆိုင် တွင် ရောင်းချနေသော မြန်မာနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ယခုဖမ်းဆီးရမိသော ဆေးများမှာ မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင် ထားခြင်းမရှိဘဲ အချို့သော ဆေးများမှာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်နှင့် လျော်ကန်သော သုံးစွဲမှု မရှိပါက အဆိပ်အတောက် ဖြစ်သည်ဟု သတ်မှတ်ထားသော (Scheduled Poisons) ဆေးဝါးများ ပါဝင်ပြီး မလေးရှား အစားအစာ ဥပဒေနှင့် မညီညွတ်သော ဆေးဝါးများ ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဆေးဝါး အများစုမှာ မြန်မာနှင့် အိန္ဒိယနိုင်ငံလုပ် ဆေးဝါးများ ဖြစ်ပြီး အကိုက်အခဲ ပျောက်ဆေး၊ ပဋိဇီဝဆေး စသည်တို့ ဖြစ်ကြပြီး တန်ဖိုးအားဖြင့် ခန့်မှန်းခြေ မလေးရှား ရင်းဂစ် ၂ ဒသမ ၁ သန်းခန့် (မြန်မာငွေသန်း ၆၂၀ ကျော်) ရှိပြီး ဆေးဝါးများ၏ အသားတင် အလေးချိန်မှာ ၁၀ တန် ခန့်ရှိသည်။

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ LebuhPudu တွင် ဖွင့်လှစ်ထားသည်မှာ ၁၀ နှစ် ရှိပြီ ဖြစ်သော မြန်မာဆေးများ ရောင်းချသည့် ဆိုင်သည် တစ်ရက်လျှင် အနည်းဆုံး မလေးရှား ရင်းဂစ်ငွေ ၅၀၀၀ (မြန်မာကျပ်ငွေ တစ်သန်းခွဲနီးပါး) ဖိုးခန့် ရောင်းချရကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: January . 26 .2014
မြန်မာအလုပ်သမား များစွာရှိသော မလေးရှားနိုင်ငံတွင် ကာမ အားတိုးဆေး အပါအဝင် မလေးရှားနိုင်ငံတွင် မှတ်ပုံတင် ထားခြင်း မရှိသော မြန်မာဆေးများ ရောင်းချသည့် ဆေးဆိုင်များကို မလေးရှား ကျန်းမာရေးဌာနက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မလေးရှား နိုင်ငံထုတ် The Star Online သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကလပ်အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မာတာကို ယူနိုက်တက် စာချုပ်ခေါ်ယူ

Photo: ကလပ်အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မာတာကို ယူနိုက်တက် စာချုပ်ခေါ်ယူ
Sunday, January 26, 2014 

ချယ်လ်ဆီးကစားသမား ဂျူအန်မာတာသည် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၃၇.၁ သန်းဖြင့် တရားဝင် ပြောင်းရွှေ့ရောက်ရှိသွားပြီ ဖြစ်သည်။ မန်ချက်စတာယူနိုက်တက်သည် အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား မာတာကို ကလပ်အသင်း စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ခေါ်ယူလိုက်ခြင်းလည်း ဖြစ်သည်။ 

ယခင် ကလပ်အသင်း ပြောင်းရွှေ့ကြေး စံချိန်တင်ထားခြင်းမှာ ၂၀၀၈ ခုနှစ်တွင် ဒီမီတာ ဘာဘာတော့ဗ်ကို ပေါင်စတာလင် ၃၀.၇၅ သန်းဖြင့် ခေါ်ယူခဲ့စဉ်ကဖြစ်သည်။ စပိန်လက်ရွေးစင် မာတာသည် နိုင်ငံအသင်းနှင့်အတူ ၃၂ ပွဲ ပါဝင်ကစားခဲ့သည်။ မာတာသည် ၂၀၁၁ ခုနှစ်တွင် ဗလင်စီယာအသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိခဲ့ပြီးနောက် ပွဲစဉ်ပေါင်း ၁၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့သည်။ မာတာသည် လာမည့် သီတင်းပတ်အတွင်း ကာဒစ်နှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်နှင့်အတူ ပါဝင်လာဖွယ်ရှိသည်။

Planet Myanmar Network

RangonNewsDaily:: January . 26 .2014
ချယ်လ်ဆီးကစားသမား ဂျူအန်မာတာသည် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၃၇.၁ သန်းဖြင့် တရားဝင် ပြောင်းရွှေ့ရောက်ရှိသွားပြီ ဖြစ်သည်။

မီနီဘတ်စ်နှင့် အစားထိုး လဲလှယ်ရမည့် ဟိုင်းလတ် ခရီးသည်တင် ယာဉ်များ

Photo: မီနီဘတ်စ်နှင့် အစားထိုး လဲလှယ်ရမည့် ဟိုင်းလတ် ခရီးသည်တင် ယာဉ်များ
Sunday, January 26, 2014

ရန်ကုန်မြို့ စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ လက်ရှိ ပြေးဆွဲနေတဲ့ ဟိုင်းလတ် ခရီးသည်တင်ယာဉ် ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့

နောက်ဆုံး ထားပြီး ပိတ်သိမ်း သွားဖို့  ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန် ထားတယ်လို့သိရပါတယ်။ ခရီးသည် ဟိုင်းလတ် ယာဉ်တွေကို ပြေးဆွဲခွင့် ပိတ်သိမ်း လိုက်တာ မဟုတ်ဘဲ ယာဉ်အစားထိုး လဲလှယ် ပြေးဆွဲခွင့်ပြု ထားတယ်လို့ သိရပါတယ်။ ဒီဟိုင်းလတ် ယာဉ်တွေကို မီနီဘတ်စ်ကား တွေနဲ့ အစားထိုး လဲလှယ်ခွင့် ပြုထားပြီး နဂိုပြေးဆွဲ နေတဲ့ ခရီးစဉ် အတိုင်း ဆက်လက် ပြေးဆွဲ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မထသဗဟို ကသိရပါတယ်။

ဟိုင်းလတ် ယာဉ်တွေကို အစားထိုး လဲလှယ်ခြင်း မရှိပါက ကြေညာချက် ထုတ်ထားတဲ့ အတိုင်း ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှာ ပြေးဆွဲရမှာ ဖြစ်တဲ့ အတွက်  ဒီယာဉ်လိုင်း အပေါ် မှီခိုနေရတဲ့ ခရီးသည်နဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အတွက် အခက်အခဲ ဖြစ်လာ နိုင်တယ်လို့ သိရပါတယ်။ အနှစ် နှစ်ဆယ်ကျော် ခရီးသည်တင် ယာဉ်အဖြစ် ပြေးဆွဲ လာခဲ့တဲ့ ဟိုင်းလတ်ယာဉ် တွေဟာ လူစီးယာဉ် အဖြစ် ထုတ်လုပ် ထားခြင်း မဟုတ်တာကြောင့် ကြံခိုင်မှု နည်းပါးပြီး ခရီးသည်တွေ အတွက် အသက်အန္တရာယ် ထိခိုက်ဖို့ အခြေအနေ ပိုများတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ရန်ကုန်စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ ခရီးသည်တင် ဟိုင်းလတ် ယာဉ်လိုင်း ၄၆ လိုင်းက ဟိုင်းလတ်ယာဉ် ၈၀၄ စီး ပြေးဆွဲနေပြီး လက်ရှိ အချိန်မှာ ဟိုင်းလတ်နဲ့ ဒိုင်နာယာဉ်တွေ ကနေ မီနီဘတ်စ်အဖြစ် ပြောင်းလဲပြီး ပြေးဆွဲနေတဲ့ ခရီးသည် တင်ယာဉ် ၈၇ စီး အထိသာ ရှိသေးတယ်လို့ သိရပါတယ်။

Mrtv-4

RangonNewsDaily:: January . 26 .2014
ရန်ကုန်မြို့ စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ လက်ရှိ ပြေးဆွဲနေတဲ့ ဟိုင်းလတ် ခရီးသည်တင်ယာဉ် ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့
နောက်ဆုံး ထားပြီး ပိတ်သိမ်း သွားဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန် ထားတယ်လို့သိရပါတယ်။

စည်းကမ်းမဲ့ယာဉ်အားလုံး လိုင်စင်ပိတ်သိမ်း အရေးယူမည်

Photo: စည်းကမ်းမဲ့ယာဉ်အားလုံး လိုင်စင်ပိတ်သိမ်း အရေးယူမည်
Sunday, January 26, 2014

ပြစ်ဒဏ်ကြေးမြင့် စီမံချက် အမိန့်များဖြင့် ဖမ်းဆီးမှုကို ဖျက်သိမ်းပြီး နောက်ပိုင်း ယာဉ်မောင်းများမှာ ယခင်ထက်စည်းကမ်း ပိုမိုချိုးဖောက်မှုများ ရှိနေသဖြင့် စည်းကမ်းမဲ့ ယာဉ်အားလုံးကို လိုင်စင် ပိတ်သိမ်း အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ယာဉ်စည်းကမ်းများကို လိုက်နာခြင်း မရှိသော ယာဉ်မောင်းများကြောင့် လမ်းအသုံးပြုသူ အားလုံး နစ်နာလျက်ရှိပြီး ယာဉ်ကြော ပိတ်ဆို့မှုနှင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသဖြင့် ယင်းကဲ့သို့ အရေးယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီးဖြစ်ကာ ခွင့်ပြုချက် ရရှိပါက မကြာခင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အရင်က သောင်းချီ ပေးနေရတဲ့ ဒဏ်ငွေတွေကို ဖျက်သိမ်းပြီး နောက်ပိုင်း ၁၅၀၀ ပဲ ဆောင်ရတော့ ယာဉ်မောင်းတွေက သိပ်အလေးမထားတော့ဘူး။ စည်းကမ်း ချိုးဖောက်မှု ပိုများလာတယ်။ စည်းကမ်းမဲ့ ယာဉ်မောင်းတွေကြောင့် စည်းကမ်းရှိတဲ့ ယာဉ်မောင်းတွေကို မနစ်နာစေချင်လို့ အခုလိုလုပ်တာပါ” ဟု ၎င်းကထပ်မံ ပြောကြားသည်။

ယာဉ်ထိန်းရဲများ၏ ဖမ်းဆီးချလန် စာအုပ်တွင် အရွက် ၅၀ သာပါရှိပြီး ၁၅၀၀ နှုန်းဖြင့် ဖမ်းဆီးပါက တစ်အုပ်လုံးမှ ၇ သောင်းခွဲသာ ကျသင့်မည် ဖြစ်သဖြင့် ဒဏ်ကြေးကြောင့် ဥပဒေကို မထီမဲ့မြင်ပြုသူများ ရှိနေကြောင်း အမှတ် (၆) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဝင်းလွင်က ပြောကြား သည်။

‘တစ်အုပ်စာ ဖြတ်ထားလိုက်၊ တစ်သိန်းပေးထားမယ်၊ ပိုတဲ့နှစ်သောင်းခွဲ မုန့်ဖိုးယူလိုက်’ ဟု ပြောဆိုမှုများပင် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လမ်းမပေါ်ရှိ စည်းကမ်းမဲ့ ယာဉ်များကို ယင်းကဲ့သို့ ဖမ်းဆီးမှုများကို ယခင်ကတည်းက ပြုလုပ်သင့်ပြီး ယာဉ်ထိန်းရဲများကလည်း လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုယ်ပိုင် အငှားယာဉ် မောင်းနှင်နေသူ ဦးဇော်မင်းထွန်းက ဆိုသည်။
“စင်ကာပူလည်း ရောက်ဖူးပါတယ်။ ဒီထက် ကားများပေမယ့် စည်းကမ်းရှိတော့ အဆင်ပြေတယ်။ ဒီမှာ အရင်ကတည်းက လူနဲ့ အနှေးယာဉ်တွေကို မနည်းသတိထားကြည့်ပြီး မောင်းနေရတာ။ အခုတော့ ကိုယ်ချင်းစာစိတ် မရှိတဲ့ စည်းကမ်းမဲ့တဲ့ ယာဉ်မောင်းတွေကြောင့် ကားမောင်းရတာ အဆင်ကို မပြေတော့တာ” ဟု ၎င်းကဆိုသည်။

စည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းများ၏ လိုင်စင်ကို အဓိကထား ပိတ်သိမ်းသွားမည် ဖြစ်ပြီး ခရီးသည်တင် လိုင်းကားများကို လိုအပ်ပါက ယာဉ်လိုင်းကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်သော်လည်း မည်ရွေ့မည်မျှ ပိတ်သိမ်းမည်ကို အတိအကျ မသိသေးကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

ယင်းအစီအစဉ်တွင် ယာဉ်အားလုံးကို မီးနီဖြတ်၊ လမ်းပြောင်းပြန်၊ အရှိန်ပြင်း၊ အရက်သေစာ သောက်စား၊ စတစ်ကာကပ်၊ စုပ်ခွက်ကပ်၊ ဟွန်းတီးပြီး မောင်းနှင်မှုများ ပါဝင်ပြီး ဖြူနီကြားရပ်၊ ယာဉ်နှစ်ထပ်ရပ် စသည်တို့ ပါဝင်ကြောင်း၊ ခရီးသည် ယာဉ်များတွင် ခေါင်မိုးစီး၊ နောက်တွယ်စီး၊ ဘေး တံခါးဖွင့်၊ မီးပွိုင့်တက်ဆင်း၊ ကြားကားဆွဲ၊ ယာဉ်အနီအနက်ပြောင်း စသည်တို့ ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

RangonNewsDaily:: January . 26 .2014
ပြစ်ဒဏ်ကြေးမြင့် စီမံချက် အမိန့်များဖြင့် ဖမ်းဆီးမှုကို ဖျက်သိမ်းပြီး နောက်ပိုင်း ယာဉ်မောင်းများမှာ ယခင်ထက်စည်းကမ်း ပိုမိုချိုးဖောက်မှုများ ရှိနေသဖြင့် စည်းကမ်းမဲ့ ယာဉ်အားလုံးကို လိုင်စင် ပိတ်သိမ်း အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

တရုတ်နိုင်ငံ ရှင်းကျန်း ဒေသတွင် ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား ၁၂ ဦးသေဆုံး

Photo: တရုတ်နိုင်ငံ ရှင်းကျန်း ဒေသတွင် ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား ၁၂ ဦးသေဆုံး
Sunday, January 26, 2014

တရုတ် နိုင်ငံရှိ မွတ်စလင် မျိုးနွယ်စု အများစု နေထိုင်ရာ ရှင်းကျန်း ဒေသတွင် ဇန်နဝါရီ ၂၄ ရက်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့နှင့် ဒေသခံများ အကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင် များ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုများ အနက် နှစ်ကြိမ်မှာ ဈေးတစ်ဈေးနှင့် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းပေါက်ကွဲ မှုများအတွင်း တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ အခြား အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုတွင် မော်တော်ယာဉ် တစ်စီး အတွင်းမှ နှစ်ဦး သေဆုံးခဲ့ ကြောင်းနှင့် ဖောက်ခွဲရေး သမားများသည် ၎င်းတို့ ယာဉ်အနီးသို့ ရဲတပ်ဖွဲ့ ဝင်များ ချဉ်းကပ် လာခဲ့ခြင်းကြောင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြခဲ့သည်။

ယင်းနောက်တွင် ဒေသခံ မွတ်စလင် မျိုးနွယ်စု များနှင့် ရဲတပ်ဖွဲ့တို့ အကြား အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားခဲ့ရာ ခြောက်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုနှင့် အဓိကရုဏ်း များတွင် ဆက်စပ်နေသူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်း ထားကြောင်း၊ ပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့ရခြင်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

မြ၀တီ

RangonNewsDaily:: January . 26 .2014
တရုတ် နိုင်ငံရှိ မွတ်စလင် မျိုးနွယ်စု အများစု နေထိုင်ရာ ရှင်းကျန်း ဒေသတွင် ဇန်နဝါရီ ၂၄ ရက်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့နှင့် ဒေသခံများ အကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင် များ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူများ လက်ပစ်ဗုံးပါ ယူဆောင် လာဟု စစ်ဆေးပေါ်ပေါက်

RangonNewsDaily:: January . 26 .2014
မိုးကုတ်မြို့ ရှောလီဝိုင်းအုပ်စု အောင်ချမ်းသာရပ်ကွက် အောင်ချမ်းသာ ဈေးအတွင်းရှိ ‘မီလျှံ’ ရွှေဆိုင်နှင့် ‘နဂါး’ ရွှေဆိုင်သို့ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဓားပြတိုက်သူများသည် သေနတ်သုံးလက်နှင့် လက်ပစ်ဗုံးပါ ရှိပြီး လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သူများ ဖြစ်ကြောင်း အခင်းဖြစ်စဉ် နေရာများတွင် စစ်ဆေးချက်အရ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြေငလျှင်သတင်း

RangonNewsDaily:: January . 26 .2014
၂၀၁၄.၁.၂၅ (၀၅း၅၅း၂၅) နာရီ အင်အား (၄.၃) ရွှေဘိုမြိုံ အနောက်တောင်ဘက် (၅) မိုင်ခန့်
အကွာသို့ ၄င်း၂၀၁၄.၁.၂၅ ရက်နေ့ (၁၆း၃၄း၄၁) နာရီ အင်အား (၄.၁) သပိတ်ကျင်းမြို့ အရှေံဘက် (၄) မိုင်ခန့်အကွာ သို့၎င်း

ထိုင်းအတိုက်အခံ ခေါင်းဆောင် ပစ်သတ်ခံရ

Aye Chan Mon's photo.

RangonNewsDaily:: January . 26 .2014
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးပွဲမှာ မဲမပေးနိုင်အောင် ကန့်ကွက် တားမြစ်မှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုအထိ ဖြစ်ပွား ခဲ့ပါတယ်။

"ဦးဝီရသူဟာ အကြမ်းဖက်သမား ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်းနှင့် သက်သေ အထောက်အထားများ"

RangonNewsDaily:: January . 26 .2014

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းရဲ့ ဇူလှိုင်လ ၁ ရက်နေ့ ထွက်မယ့် မဂ္ဂဇင်း မျက်နှာဖုံးမှာ ဦးဝိရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး The face of Buddhist Terror အမည်နဲ့ ဆောင်းပါးဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီးတော့ လက်ရှိ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဖြစ်ကြောင်း လူအများ၏စိတ်ထဲတွင် ထင်
ယောင်ထင်မှားဖြစ်စေမှူနဲ့ ပတ်သက်ပြီး အရင်လေ့လာ တင်ပြလိုပါတယ်။