Pages

Saturday, January 25, 2014

Smart ပြက္ခဒိန်ပါ အလန်းစား မော်ဒယ်လ်များက ဒီလိုဆိုတယ်


RangonNewsDaily:: January . 25 .2014
Smart Group Of Companies ရဲ့ ၂၀၁၄ ခုနှစ်ထုတ် ပြက္ခဒိန်မှာ သရုပ်ဆောင်ထားတဲ့ မော်ဒယ်လ်တွေရဲ့ ပွင့်လင်းမြင်သာမှု တွေဟာ အခုလက်ရှိ facebook ပေါ်မှာ ခေတ်အစားဆုံးလို့ ဆိုရမှာပါ။

ပစ်ဘူးလ်၊ ဂျေလိုနှင့် လိုက်တီတို့ သီဆိုကြမည့် ကမ္ဘာ့ဖလားသီချင်း

Photo: ပစ်ဘူးလ်၊ ဂျေလိုနှင့် လိုက်တီတို့ သီဆိုကြမည့် ကမ္ဘာ့ဖလားသီချင်း
Saturday, January 25, 2014

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ သီချင်းအဖြစ် ဖီဖာနှင့် ဆိုနီကုမ္ပဏီတို့မှ ယနေ့ ရွေးချယ်ခဲ့ပြီး ပစ်ဘူးလ်၊ ဂျနီဖာလိုပက်ဇ်တို့နှင့်အတူ ဘရာဇီး အဆိုတော် ကလော်ဒီယာလိုက်တီတို့ သီဆိုမည်ဟု သိရသည်။ ပေါ်တူဂီ ဘာသာစကားဖြင့် ole ola ဟု အမည်ရပြီး အင်္ဂလိပ်ဘာသာဖြင့် We are one ဟု အဓိပ္ပာယ်ရသည့် သီချင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲကျင်းပမည့် ဇွန်လ ၁၂ရက်တွင် ဆာအိုပေါ်လိုဘောလုံးကွင်း၌ သီဆိုဖျော်ဖြေမည်ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ သီချင်းသီဆိုရခြင်းနှင့် ပတ်သက်၍ အမေရိကန်ပေါ့ပ်အဆိုတော် ဂျေလိုက “ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့ မိသားစုမှာ မွေးဖွားခဲ့လို့ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ ပစ်ဘူးလ်၊ လိုက်တီတို့နဲ့ ဖျော်ဖြေရမယ့် အရေးကို ကျွန်မ စိတ်လှုပ်ရှားနေမိပါတယ်”ဟု ပြောခဲ့သည်။ ထို့အပြင် ပစ်ဘူးလ်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ အရှိန်အ၀ါနှင့် ဂီတ၏ စွမ်းပကားကြောင့် အကောင်းဆုံးအားထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။၂၀၁၀ ကမ္ဘာ့ဖလားအတွက် ကိုလံဘီယာ ပေါ့ပ်ဘုရင်မ ရှက်ကီရာ သီဆိုခဲ့သည့် waka waka သီချင်းမှာ you tube တွင် ကြည့်ရှုသည့် အကြိမ်ရေ သန်း ၆၀၀ကျော် ရှိခဲ့သည်။

ရိုးရာလေး

RangonNewsDaily:: January . 25 .2014
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ သီချင်းအဖြစ် ဖီဖာနှင့် ဆိုနီကုမ္ပဏီတို့မှ ယနေ့ ရွေးချယ်ခဲ့ပြီး ပစ်ဘူးလ်၊ ဂျနီဖာလို
ပက်ဇ်တို့နှင့်အတူ ဘရာဇီး အဆိုတော် ကလော်ဒီယာလိုက်တီတို့ သီဆိုမည်ဟု သိရသည်။

အသက် ၂၀ ဝန်းကျင် အရွယ်ရှိနေပြီလား ???

Photo: နေရောင်ခြည်သည် သွေးပေါင်ချိန်၊ နှလုံးရောဂါနှင့် လေသင်တုန်း ရောဂါ ဖြစ်ပွား မှုကို လျော့ကျ စေနိုင်
Saturday, January 25, 2014

နေရောင်ခြည်နှင့်ထိတွေ့ခြင်းသည် သွေးပေါင်ချိန်ကို လျော့ကျ စေနိုင်ပြီး နှလုံး ရောဂါနှင့် လေသင်တုန်း ရောဂါ ဖြစ်ပွားမှုကို လျှော့ချ ပေးနိုင်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

နေရောင်ခြည်သည် သွေးပေါင်ချိန်ကို လျှော့ချ ပေးနိုင်သည့် သွေးနှင့် အရေပြား အတွင်းရှိ နိုက်ထရစ် အောက်ဆိုက်နှင့် သေးငယ်သော မော်လီကျူး ပမာဏကို ပြောင်းလဲ စေနိုင်ကြောင်း အီဒင်ဘာ့ဂ်နှင့် ဆောက်သမ်တန် တက္ကသိုလ် များမှ ပညာရှင်များ ပြုလုပ်သော သုတေသန တစ်ခုအရ သိရသည်။ အရေပြား အတွင်းရှိ နိုက်ထရစ် အောက်ဆိုက်သည် သွေးပေါင်ချိန် ထိန်းညှိရာတွင် အရေးပါသော အခန်းကဏ္ဍ တစ်ရပ် အနေဖြင့် ပါဝင်ပြီး နေရောင်နှင့် ထိတွေ့သော အခါ နိုက်ထရစ် အောက်ဆိုက် ပမာဏ အနည်းငယ်သည် အရေပြားမှ သွေးလည်ပတ်ခြင်းသို့ ပြောင်းလဲ သွားပြီး သွေးခုန်နှုန်း ကို လျော့ကျစေကာ နှလုံး ရော ဂါနှင့် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု ကိုလည်း လျော့ကျစေကြောင်း ဆောက် သမ်တန် တက္ကသိုလ်ရှိ ဆေးပညာနှင့် ဇီဝဗေဒ လေ့လာရေး ဌာနမှ ပါမောက္ခ မာထင် ဖီးလစ်ခ်ျက ပြောကြားခဲ့သည်။

သို့ရာတွင် အရေပြား ကင်ဆာ ရောဂါကို ကာကွယ်ရန် နေရောင် ထိတွေ့မှုကို အကန့်အသတ် ဖြင့်သာ ခံယူသင့်ကြောင်း၊ ယခင် သုတေသန ပြုချက်များတွင် ဖော်ပြ ထားသော်လည်း နှလုံး သွေးကြောနှင့် ဆက်စပ်နေသော အခြေအနေ တိုးမြှင့် လာခြင်းဖြင့် နေရောင် ထိတွေ့မှု နည်းခြင်းသည် အကျိုး မရှိကြောင်း အီဒင်ဘာ့ဂ် တက္ကသိုလ်မှ ဒေါက်တာ ရစ်ချက်ဝယ်လာ ဦးဆောင်သော သုတေသန အဖွဲ့မှ အကြံပြုထားသည်။

နေရောင်ခြည် ထိတွေ့ခြင်းသည် သွေးကြောများကို ကျယ်စေပြီး သွေးပေါင်ချိန်ကို သိသိသာသာ လျော့ကျစေသည့် အပြင် သွေးလည်ပတ်မှု အတွင်းရှိ နိုက်ထရစ် အောက်ဆိုက် ပမာဏကို ဗီတာမင်ဒီ ပမာဏ ပြောင်းလဲမှု မရှိဘဲ အသွင် ပြောင်းစေနိုင်ကြောင်း သုတေသန ပြုချက် တွင် တွေ့ရသည်။

မြ၀တီ

RangonNewsDaily:: January . 25 .2014
သင်အသက် ၂၀ ဝန်းကျင် အရွယ်ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေ အားလုံး အပြည့်အဝ ဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာသင်ရဲ့ကျန်းမာရေးကို ကောင်းမွန်
အောင် လုပ်ဖို့ အကောင်းဆုံး အချိန် ဖြစ်တာကြောင့် သင့်ကျန်းမာ ရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်နေပါတယ်။

ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ KNPP ဒုဥက္ကဌပြောကြား

Photo: ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ KNPP ဒုဥက္ကဌပြော
Saturday, January 25, 2014

တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အမှန်တကယ် ထူထောင်မယ်ဆိုရင် တပ်မတော်ကိုလဲ ဒီစနစ်နဲ့ကိုက်ညီတဲ့ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့လိုသလို ဒီအတွက်လည်း လက်ရှိတပ်မတော်အနေနဲ့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကပြောလိုက်ပါတယ်။

ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ KNPP ဒုတိယဥက္ကဌ ခူဦးရယ်လ်ကို RFA က မနေ့က တွေ့ဆုံမေးမြန်းရာမှာ အခုလိုပြောလိုက်တာပါ။

"ကျနော်တို့ တိုင်းပြည်ကြီးကို တကယ်ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုလို့ရှိရင်တော့ တပ်မတော်ကလည်း ဖက်ဒရယ်ဆီ ပြောင်းရမှာဖြစ်ပါတယ်၊ အဲဒီအပေါ်မှာကတော့ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်တယ်လို့တော့ ကြားရပါတယ်၊ အမှန်ကတော့ စိုးရိမ်ကြောင့်ကြစရာလည်း မဟုတ်ပါဘူး၊ တကယ်တမ်း ဖက်ဒရယ်စနစ်ကို သွားရမယ်ဆိုလို့ရှိရင်တော့ တပ်မတော်လည်း ဒီအဆင့်ကို ဒီလိုပဲပြောင်းရမှာဖြစ်ပါတယ်၊ ကျနော်တို့ ဆိုလိုချင်တာက ရှိပြီးသား လက်ရှိတပ်မတော်ကို အသွင်ပြောင်းဖို့ သဘောမျိုးမဟုတ်ပါဘူး၊ ကျနော်တို့ တိုင်းပြည်ကြီးကလည်း တိုင်းရင်းသားတစ်မျိုးတည်း နေထိုင်တဲ့တိုင်းပြည် မဟုတ်တဲ့အခါကျတော့ တိုင်းရင်းသားပေါင်းစုံ နေထိုင်တယ်ဆိုတော့လည်း ဘာပဲပြောပြော ကျနော်တို့ တိုင်းရင်းသားအားလုံး ပါဝင်မည့်တပ်မတော် ဖြစ်ဖို့များပါတယ်၊ ဒီပြည်ထောင်စုကြီးကိုလည်း တိုင်းရင်းသားအားလုံးက မှီတင်းနေထိုင်တာပဲဆိုတော့ ပြည်ထောင်စုကြီးကို ကာကွယ်ဖို့လည်း တိုင်းရင်းသားတိုင်းမှာ တာဝန်ရှိပါတယ်၊ အဲဒီတော့ လက်နက်ကိုင်တပ်ဖွဲ့မှာလည်း အလားတူပဲ စုဖွဲ့ရမှာပဲဖြစ်ပါတယ်"

၅ ရက်တာကျင်းပခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ အချက် ၁၁ ချက်ပါ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို သဘောတူချမှတ်နိုင်ခဲ့ပြီး ဒီနေ့ကြေညာမယ်လို့လည်း KNPP ဒုတိယဥက္ကဌ ခူဦးရယ်လ်ပြောပါတယ်။

RFA

RangonNewsDaily:: January . 25 .2014
တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အမှန်တကယ် ထူထောင်မယ်ဆိုရင် တပ်မတော်ကိုလဲ ဒီစနစ်နဲ့ကိုက်ညီတဲ့ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့လိုသလို ဒီအတွက်လည်း လက်ရှိတပ်မတော်အနေနဲ့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကပြောလိုက်ပါတယ်။

လွတ်ငြိမ်းခွင့်ဖြင့် လွတ်ခဲ့သူ ဆိုင်ကယ်ပြန်ခိုး

RangonNewsDaily:: January . 25 .2014
ခိုးမှုကျူးလွန်ကာ ထောင်ဒဏ် အပြစ်ပေးခံရစဉ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတစ်ဦး ဆိုင်ကယ်တစ်စီးကို ထပ်မံခိုးယူလာစဉ် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် ဖြိုးဝေဂိတ် အနီးတွင် ဖမ်းဆီးမိခဲ့ကြောင်း နယ်မြေပိုင် အမှတ်(၂) ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

ထွန်စက်တစ်စီး ပေ ၂၀ ချောက်ထဲသို့ထိုးကျ

Photo: ထွန်စက်တစ်စီး ပေ ၂၀ ချောက်ထဲသို့ထိုးကြ
Saturday, January 25, 2014

ယခုလ ၁၉ ရက်နေ့က ပဲခူးတိုင်း သနပ်ပင်မြို့နယ် သံလျင်လမ်းတွင် စပါးတင်း ၆၀ တင်ဆောင်လာသော နောက်တွဲပါထွန်စက်တစ်စီးသည် စက်ချို့ယွင်းပြီး ပေ ၂၀ မမြင့်ရှိသော ချောက်ထဲသို့ ထိုးကြသွားခဲ့သည်။

သနပ်ပင်ရဲစခန်းတာဝန်မှူး ရဲအုပ်ညီညီထွေးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ ကုလားချောင်းကြေးရွာမှ ပဲခူးဖက်သို့ မောင်းနှင်လာသည့် ထွန်စက်သည် မိုင်တိုင်အမှတ် ၁/၉ ပုသိမ်ရိုးတံတားအနီး ကားလမ်း၏ယာဘက် အောက်သို့ ထိုးကြသွားခဲ့သည်။

ယာဉ်မောင်းမောင်အေးနိုင် အသက် ၄၉ နှစ်အား ခါးနာကျင်ဒဏ်ရာဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ရဲအုပ်ညီညီထွေးက တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ သနပ်ပင်ရဲစခန်းမှ ဒုရဲအုပ်အောင်မြင့်က (ပ) ၂/၂၀၁၄ ပုဒ်မ (၃၃၈) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီဒီယာကျင်တိုး(အုန္နဲ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: January . 25 .2014
ယခုလ ၁၉ ရက်နေ့က ပဲခူးတိုင်း သနပ်ပင်မြို့နယ် သံလျင်လမ်းတွင် စပါးတင်း ၆၀ တင်ဆောင်လာသော နောက်တွဲပါထွန်စက်တစ်စီးသည် စက်ချို့ယွင်းပြီး ပေ ၂၀ မမြင့်ရှိသော ချောက်ထဲသို့ ထိုးကြသွားခဲ့သည်။

မအူပင်မီးကြိုတင်ကာကွယ်လေ့ကျင့်မှု အပြီး ငါးနာရီအကြာ တွင် မီးလောင်မှု ဖြစ်

Photo: မအူပင်မီးကြိုတင်ကာကွယ်လေ့ကျင့်မှု အပြီး ငါးနာရီအကြာ တွင် မီးလောင်မှု ဖြစ်
Saturday, January 25, 2014

ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့တွင် ဇန်န၀ါရီ၂၃ရက်က အမှတ်(၃) ရပ်ကွက် မြို့မဈေးအတွင်း၌ မြို့ နယ်စည်ပင်နှင့် မီးသတ်ဦးစီးဌာန တို့မှ မီးဘေးကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်မှုပြု လုပ်အပြီး ငါးနာရီအကြာတွင် အဆိုပါအမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းနှင့် ဈေးလမ်း ထောင့်ရှိ ကုန်စုံဆိုင်မှ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည် ဟု သိရသည်။

အဆိုပါမီးလောင်မှုသည် ကမ်းနားလမ်းနှင့် ဈေးလမ်း ထောင့် ရှိ ဦးထွန်းအောင်ကျော်၏ ကုန်စုံဆိုင်မှ ၀ါယာကြိုးများ အပူ လွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ် သည်ဟု သတင်းထုတ်ပြန်ချက် များအရ သိရပြီး ၎င်းင်း၏နေ အိမ် နှင့် ကုန်စုံဆိုင်အပါအ၀င် အိမ် သုံးလုံး မီးလောင်ကျွမ်း ခဲ့ကာ အိမ်ထောင်စုငါးစု လူဦးရေ ၄၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွား ၍ ငွေကျပ် ၇၇သိန်းကျော်တန်ဖိုး ဆုံးရှုံးခဲ့ ရသည်ဟု သိရသည်။

အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ သည့် အိမ်ထောင်စုဝင်များအား အ မှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ယာယီကယ် ဆယ်ရေး စခန်း ဖွင့်လှစ်ထားရှိသည်ဟု သိရသည်။

မီးလောင်ရာသို့ မအူပင် မြို့ မီးသတ်ဦးစီးဌာနမှ ညနေ ခင်း လေ့ကျင့်ဇာတ်တိုက်ရာတွင် အသုံးပြုသည့် မီးသတ် ယာဉ် ငါးစီးနှင့်အတူ မြို့နယ်စည်ပင်၊ ကျိုက်လတ် ၊ ညောင်တုန်းမြို့ တို့မှ မီးသတ်ယာဉ်တစ်စီးစီ စုစု ပေါင်းမီး သတ်ယာဉ်ရှစ်စီးဖြင့် စတင်လောင်ကျွမ်းသည့်ည ၇ နာရီ ၃၅မိနစ်မှ ည၉နာရီနီးပါး အထိ မီးငြှိမ်းသတ်ခဲ့ရ သည်ဟု သိရသည်။

မီးစတင်လောင်ကျွမ်း သည့် နေအိမ်ပိုင်ရှင် ဦးထွန်း အောင်ကျော်အား မအူပင် မြို့မရဲစခန်းက (ပ)၂၄/၂၀၁၄ ပုဒ်မ ၂၈၅ဖြင့် ဇန်န၀ါရီ ၂၃ ရက်တွင် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိသည် ဟု သိရသည်။

မအူပင်တွင် မီးလောင်မှုဖြစ်ပွားစဉ် ။ ဓာတ်ပုံ - စိုးမိုး(ပုသိမ်)
Yangon Media Group
မအူပင်တွင် မီးလောင်မှုဖြစ်ပွားစဉ် ။ ဓာတ်ပုံ - စိုးမိုး(ပုသိမ်)
RangonNewsDaily:: January . 25 .2014
ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့တွင် ဇန်န၀ါရီ၂၃ရက်က အမှတ်(၃) ရပ်ကွက် မြို့မဈေးအတွင်း၌ မြို့ နယ်စည်ပင်နှင့် မီးသတ်ဦးစီးဌာန တို့မှ မီးဘေးကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်မှုပြု လုပ်အပြီး ငါးနာရီအကြာတွင် အဆိုပါအမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းနှင့် ဈေးလမ်း ထောင့်ရှိ ကုန်စုံဆိုင်မှ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည် ဟု သိရသည်။

Air Bagan ရုံးဝန်ထမ်းအိမ်မှ ကျပ်သိန်းတစ်ရာကျော် စိန်ထည်နှင့် ရွှေထည် ပစ္စည်းများ ဖောက်ထွင်းခံရ

RangonNewsDaily:: January . 25 .2014
တောင်ဥက္ကလာပမြို့နယ် အမှတ် (၃) ရပ်ကွက် ၆ လမ်းအတွင်းရှိ Air Bagan ရုံးဝန်ထမ်း၏ အိမ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က သိန်းတစ်ရာကျော် တန်ဖိုးရှိသော ရွှေထည်နှင့် လက်ဝတ်ရတနာ ပစ္စည်းများ ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စမ်ပြည်သူလူထုတွေ.ဆုံပွဲ

Kyaw Swar Myint's photo.

RangonNewsDaily:: January . 25 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၅ ရက် နံနက် ၉နာရီ ခွဲခန့်တွင် နမ့်ဆမ်ဘောလုံးကွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲ တစ်ရပ် ပြုလုပ်ခဲ့ရာ တက်ရောက်သူ ၉၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့သည်။

ဂျပန်နှင့် တရုတ်တို့၏ လက်ရှိတင်းမာနေမှုသည် ပထမကမ္ဘာစစ် မတိုင်မီက ဗြိတိန်နှင့် ဂျာမနီ အခြေအနေနှင့် တူကြောင်း ရှင်ဇိုအာဘေး ပြောကြား

RangonNewsDaily:: January . 25 .2014
လက်ရှိတင်းမာလျက် ရှိသော ဂျပန်နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ပထမကမ္ဘာစစ် မဖြစ်ပွားမီ ဗြိတိန်နှင့် ဂျာမနီတို့၏ တင်းမာမှုနှင့်တူကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ဂျပန်နှင့် တရုတ်အကြား လက်ရှိ ဖြစ်ပွားနေသော တင်းမာမှုကို ပထမကမ္ဘာစစ် ဖြစ်ပွားစေခဲ့သည့် ဗြိတိန်နှင့် ဂျာမနီတို့၏ အခြေအနေနှင့် ခိုင်းနှိုင်း ပြောကြားသော်လည်း ဂျပန်နှင့် တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ထိပ်တန်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြန်လည် ဖြေရှင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာသို့ အမျိုးသမီးနှင့် ကလေး ၂၉၂ ဦး ပြန်လည် ရောက်ရှိ

Photo: ရခိုင်ပြည်နယ်မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာသို့ အမျိုးသမီးနှင့် ကလေး ၂၉၂ ဦး ပြန်လည်
ရောက်ရှိ 


kolatt(PBDN): January . 25 .2014

မောင်တောမြို့နယ် ဒုချီးရားတန်းရွာသို့ ဒေသခံ ပြည်သူများ ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ ပြန်လာ
နေကြပါတယ်။ 

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေအထိ ဂေါ်ဒူသာရတွင် ခိုလှုံနေသော အမျိုးသမီး ၁၈၆ ဦး နှင့် ကလေး
၁ဝ၆ ဦး၊ စုစုပေါင်း ၂၉၂ ဦး ရွာထဲသို့ ပြန်လည်ရောက်ရှိလာပြီးအမျိုးသားတစ်ဦးမှ ပြန်မရောက်သေး
ပါ။ အမျိုးသမီးများမှ သူတို့၏ ခင်ပွန်းများအတွက် စိတ်ပူနေကြပါတယ်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း (ခ) ဦးဂျာဟံဂိရ်နှင့်အဖွဲ့
အနေနဲ့ ဒုချီရာတန်းရွာ တည်ငြိမ် အေးချမ်းရေး၊ ရွာသားများ ပြန်လည်လာရောက်ပြီး လုံခြုံစွာ နေ
ထိုင်နိုင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ရွာသူရွာသားများဖြင့် ဆက်လက်ပြီးညှိနှိုင်းဆောင်ရွက်
နေပါတယ်။ 

ဓါတ်ပုံများမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ ပြန်လည်ရောက်ရှိလာသူများနှင့် ဦးအောင်မျိုးမင်းမှ ကွပ်ကဲနေ
သော ပုံများဖြစ်ပါတယ်။

Mynn Soe Shwebo::--

RangonNewsDaily:: January . 25 .2014
မောင်တောမြို့နယ် ဒုချီးရားတန်းရွာသို့ ဒေသခံ ပြည်သူများ ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ ပြန်လာနေကြပါ
တယ်။

Myanmar Buddhists Killed More Than 40 Muslims


RangonNewsDaily:: January . 25 .2014
The United Nations has confirmed that at least 48 Muslims appear to have been killed when Buddhist mobs attacked a village in an isolated corner of western Myanmar, violence that has been vehemently denied by the government since it was first reported by The Associated Press just over a week ago.
Presidential spokesman Ye Htut said he "strongly objects" to the U.N. claims and called its information and figures "totally wrong."

More Than 200 People Killed in Kilaidaung

RangonNewsDaily:: January . 25 .2014
Rohingya News Agency –(thestateless): The present situation in Kilaidaung, Arakan, Myanmar is very serious that the township head called the Buddhist villagers and forces this morning and told them to do more violences against muslims. "We do not care about UN, US and OIC because this is our country we can do whatever we want", said the Township Officer.

ကင်ဆာရာဂါကို နှစ် ၃၀ နီးပါး ရင်ဆိုင်အံတု ခဲ့တဲ့ ခင်ယုမေ

RangonNewsDaily:: January . 25 .2014
Good Health ဂျာနယ်မှ ဖော်ပြပြီး အင်တာဗျူးး Q. ကျန်းမာရေးနဲ့ ပတ်သက်ပြီး အန်တီမေမှာ ဘယ်လိုမျိုး ဝေ
ဒနာတွေ ခံစားနေရပါသလဲ။

NLD ပါတီဌာနချုပ်အား ဦးတေဇ၏ ထူးကုမ္ပဏီ အကူအညီဖြင့် ဆောက်လုပ်မည်ဟု News Watch ဂျာနယ်ဖော်ပြမှု NLD ငြင်းဆို

NLD ပါတီဌာနချုပ်အား ဦးတေဇ၏ ထူးကုမ္ပဏီ အကူအညီဖြင့် ဆောက်လုပ်မည်ဟု News Watch ဂျာနယ်ဖော်ပြမှု NLD ငြင်းဆို

ဇန်နဝါရီ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိသည့် News Watch ဂျာနယ်တွင် “NLD ပါတီဌာန ချုပ်ရုံးသစ်ကို ထူးကုမ္ပဏီ၏ အကူအညီနှင့် ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်”ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် သတင်းနှင့် ပတ်သက်၍ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ငြင်းဆိုခဲ့သည်။

အဆိုပါ သတင်းတွင် စစ်အာဏာရှင် အစိုးရလက်ထက် ၁၉၉ဝ မှ ယနေ့အထိ ရပ်တည်ဖွင့်လှစ်ခဲ့သော NLD ဌာနချုပ်ရုံးအား ဓာတ်လှေကားပါ ရှစ်ထပ်အမြင့် အဆောက်အအုံ ပြင်ဆင်ဆောက်လုပ်မည်ဖြစ်ပြီး ဆောက်လုပ်ရေး ကော်မတီတွင် ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးရဲမင်းဦး (AGD Bank MD) အပါအဝင် အဖွဲ့ဝင်ကိုးဦး ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ပြင် အမည်ဖော်ပြမထားသည့် NLD ပါတီဝင်ဟောင်း တစ်ဦးဆိုသူ၏ ဌာနချုပ်ရုံး ဆောက်လုပ်မည့် သတင်းနှင့် ပတ်သက်သည့် ပြောကြားချက်ကိုလည်း ထည့်သွင်းထားသည်။ ယင်း NLD ပါတီ အဖွဲ့ဝင်ဟောင်း တစ်ဦး၏ ပြောကြားချက်ဟူ၍ ဖော်ပြချက်တွင် “...AGD Bank ဆိုတာ ထူးကုမ္ပဏီ လက်အောက်ခံပဲလေ။ နောက်ပြီးစစ်အစိုးရ အဆက်ဆက် အုပ်စိုးသူ ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး နည်းလမ်းမျိုးစုံနဲ့ စီးပွားရှာခဲ့တာ။ လူတိုင်းအသိပဲလေ။ နောက်ပြီး ပါတီကြီးတွေနဲ့ နိုင်ငံရေး သမားတွေကို ခရိုနီတွေ နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြတာ။ အခုအချိန်မှာ ပေါ်ပေါ်တင်တင်ကို ဖြစ်လာနေတာပဲ။ အဲဒီနောက်ဆက်တွဲ ပြဿနာတွေကတော့ နိုင်ငံရေးအရ ခရိုနီတွေ ဝါးမျိုလာမယ့် အန္တရာယ်ကိုလည်း သတိရှိရှိ ကာကွယ်စေချင်ပါတယ်”ဟု ဖော်ပြထားသည်။ ထို့ပြင် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “အဆောက်အအုံအသစ် ဆောက်မယ့်ကိစ္စ အခုမမေးပါနဲ့။ ကျွန်တော်လည်း မဖြေနိုင်သေးဘူး။ ကျွန်တော်တို့ တရားဝင်လည်း ပြောပါမယ်။ နောက်တစ်ပတ်လောက်ကျရင်”ဟု News Watch ဂျာနယ်အား ပြန်လည် ဖြေကြားထားမှုကို ထည့်သွင်း ဖော်ပြထားသည်။

News Watch  ဂျာနယ်၏ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းအား The Daily Eleven က မေးမြန်းရာတွင် ဦးဥာဏ်ဝင်းက “အဲဒီသတင်းက မှားနေပါတယ်။ ဌာနချုပ်ရုံးကို အသစ်ပြန်ဆောက်မယ် ဆိုတာက မှန်တယ်။ ထူးကုမ္ပဏီရဲ့ အကူအညီနဲ့ ဆောက်မယ်ဆိုတာက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ လာမယ့် အပတ်ထဲမှာ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပါမယ်။ ကိုရဲမင်းဦးက သူ့ဘာသာ Personal အနေနဲ့ ပါတာပါ။ အဲဒီသတင်းကို မဟုတ်ဘူးလို့ ကျွန်တော်ပြောပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

ဦးတေဇ၏ ထူးကုမ္ပဏီသည် NLDပညာရေးကွန်ရက်အား ၂ဝ၁၂ ဒီဇင်ဘာ အတွင်းက ငွေကျပ်သိန်း ၅ဝဝ လှူဒါန်းခဲ့ပြီး ၂ဝ၁၃ မတ်လအတွင်းက ဖြူးဘိုးဘွားရိပ်သာ ပဒေသာပင်အတွက် ထူးကုမ္ပဏီ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ကျပ်သိန်း ၅ဝဝ ပေးအပ်လှူဒါန်းခဲ့ဖူးကြောင်း သတင်းများအရ သိရသည်။

NLD ပါတီဌာနချုပ် ရုံးသစ်ဆောက်လုပ်မှုသည် ကာလတန်ကြေး ကျပ်သိန်း သောင်းဂဏန်း ကုန်ကျနိုင်ကြောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး ပြင်ဆင်ရမည့် ကုန်ကျစရိတ် အခြေအနေများအရ သာမန်အဖွဲ့ဝင်များနှင့် ထောက်ခံသူများက အဆောက်အအုံ ဆောက်လုပ်မှုအတွက် အလှူငွေ ထည့်ဝင်နိုင်ရန် ခက်ခဲနိုင်ကြောင်း သိရသည်။

(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဌာနချုပ် လက်ရှိအဆောက်အအုံအား တွေ့ရစဉ်)
(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဌာနချုပ် လက်ရှိအဆောက်အအုံအား တွေ့ရစဉ်)
RangonNewsDaily:: January . 25 .2014
ဇန်နဝါရီ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိသည့် News Watch ဂျာနယ်တွင် “NLD ပါတီဌာန ချုပ်ရုံးသစ်ကို ထူးကုမ္ပဏီ၏ အကူအညီနှင့် ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်”ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် သတင်းနှင့် ပတ်သက်၍ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ငြင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်စစ်တွေမြို့ တွင်အခြေနေအထူးစိုးရိမ်နေရ

RangonNewsDaily:: January . 25 .2014
ပြီးခဲ့တဲ့ခုည၁၀နာရီတွင် အစိုးရမှ မူဆလင်များနေထိုင်ရာ ဒုက္ခသည်း စခန်းတစ်ခုဆီတွင် ရဲလုံခြံ
ရေးနှင့် စစ်တပ် မှ လုံခြုံရေးအယောက် ၆၀ ဆီချထားခဲပီ ထိုနောက် တစ်ရပ်ကွက်မှ နောက်ထပ်
တစ်ရပ်ကွက်သို့ သွားလာဖို့ မပေးပဲ လမ်းများအားလုံး စစ်တပ်နှင့်လုံခြုံရေးများမှ ပိတ်ထားလျှက်ရှိပါ
သည်။

တစ်ခေတ် တစ်ခါက ဖက်ရှင် မင်းသမီး ကြီး ဒေါ်ခင်ယုမေ ကွယ်လွန်ပြီ

RangonNewsDaily:: January . 25 .2014
ရုပ်ရှင် မင်းသမီး ကြီး ဒေါ်ခင်ယုမေ ကွယ်လွန် တစ်ခေတ် တစ်ခါက ဖက်ရှင် မင်းသမီး ကြီးအဖြစ် ထင်ရှား ခဲ့တဲ့ ရုပ်ရှင် သရုပ် ဆောင် ဒေါ်ခင်ယုမေ သည် သောကြာ နေ့ည ၉ နာရီခန့် တွင် ကွယ်လွန်သွား ကြောင်း
ကြေ ကွဲဖွယ် ကြားသိ ရပါသည်။

အကယ်ဒမီများရှင်အဆိုတော် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ခင်ယုမေ ကွယ်လွန်

RangonNewsDaily:: January . 25 .2014
အဆိုတော် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ခင်ယုမေ ရန်ကုန်မြို့မှာ မနေ့က အသက် ၇၇ နှစ်မှာ ကွယ်လွန်သွားပါတယ်။ မြန်မာ နိုင်ငံမှာ တခေတ်တခါ က ခေတ်မီ ဆန်းသစ်တဲ့ ဝတ်စား ဆင်ယင်မှု၊ မြူးကြွတဲ့ တေးသီချင်းများနဲ့ တကွ သရုပ်ဆောင် ကောင်းတဲ့ ဇာတ်ကား တွေနဲ့ပါ ထင်ရှားခဲ့တဲ့ အဆိုတော် မင်းသမီးကြီး ခင်ယုမေဟာ ရန်ကုန်မှာ ကွယ်လွန်သွားပါပြီ။