Pages

Friday, January 24, 2014

ရန်ကုန်မြို့ရဲ့ စိတ်ဝင်စားစရာ ပွဲတော်ကြီး

Photo: ရန်ကုန်မြို့ရဲ့ စိတ်ဝင်စားစရာ ပွဲတော်ကြီး
Friday, January 24, 2014

ကလေး ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာရေးဆရာများက စာအုပ်လက်မှတ်ထိုးရောင်းချပွဲ၊ ဓာတ်ပုံပြပွဲ၊ ကာတွန်းပြပွဲ၊ ရုပ်ပြောင် ရေးဆွဲခြင်း စတဲ့ စတဲ့ အစီအစဉ်တွေ ပါဝင်တဲ့ ပွဲကြီးပါပဲ။

နေရာက အလုံမြို့နယ် ရှင်စောပုလမ်း Myanmar Event Park (MEP) မှာပါ။
ဒီအစီအစဉ်တွေအပြင် စာအုပ်ထုတ်ဝေရေးတိုက် အများအပြားက အရောင်းဆိုင်ဖွင့်မယ် ဆိုတော့ အခမ်းနားဆုံးသော စာအုပ်ဈေးပွဲတော်ကြီး လို့ ဆိုရပါလိမ့်မယ်။

နေ့စဉ် မနက် ၉းဝဝ ကနေ ည ၇းဝဝ အထိ ကျင်းပမှာပါ။

စာပေဖြင့် ဘ၀ တိုးတက်အောင်မြင်တိုးတက်သူတို့ရဲ့ ဟောပြောပွဲတွေကိုတော့ နေ့လယ် ၁းဝဝ နာရီမှာ စတင်မယ်လို့  ဆိုပါတယ်။

၂၅ ရက်နေ့  ကဗျာ နဲ့  ၀တ္ထုတိုတွေ  ရွတ်ဆိုမှု 
သန်းမြင့်အောင်၊ မိချမ်းဝေ၊ မင်းခိုက်စိုးစန်၊ နှင်းဝေငြိမ်း၊ မာန်(တောင်လုံးပြန်)၊ စုမီအောင်၊ ကြည်မွေ့အိမ်၊   ထက်မြတ်နိုင်ဇင် အပါအ၀င် စာရေးသူတချို့

၂၆ ရက်နေ့ တနင်္ဂနွေ ဟောပြောပွဲ
မော်ဒယ်နန်းဆုကေဆွမ်၊ စာရေးဆရာ သီချင်းရေးဆရာအရိုး

၂၇ ရက်နေ့ တနင်္လာနေ့ ဟောပြောပွဲ
နန်းခင်ဇေယျာ၊ ဦးကျော်ကျော်လှိုင် (Smart)

၂၈ ရက်နေ့ အင်္ဂါနေ့ ဟောပြောပွဲ
တင်မိုးလွင်၊ နိုင်ဇော် (Lazy Club)

 အဆင်ပြေတဲ့နေ့မှာ စာအုပ်ဈေးဝယ်ထွက်ဖို့၊ လေ့လာဖို့အတွက် သွားရောက်သင့်တဲ့ပွဲကြီးဖြစ်ပါတယ်။
 

ဧရာဝတီ

RangonNewsDaily:: January . 24 .2014
ကလေးပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲ၊စာရေးဆရာများကစာအုပ်လက်မှတ်ထိုးရောင်းချပွဲ၊ဓာတ်ပုံပြပွဲ၊ကာတွန်းပြ
ပွဲ၊ ရုပ်ပြောင် ရေးဆွဲခြင်း စတဲ့ စတဲ့ အစီအစဉ်တွေ ပါဝင်တဲ့ ပွဲကြီးပါပဲ။

မြိတ်တွင် စိတ်ဝေဒနာရှင်၏ ပုဆိန်ဒဏ်ကြောင့် သူငယ်တန်းကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံး

Photo: မြိတ်တွင် စိတ်ဝေဒနာရှင်၏ ပုဆိန်ဒဏ်ကြောင့် သူငယ်တန်းကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံး 
Friday, January 24, 2014

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးက ပုဆိန်ဖြင့် ခုတ်သဖြင့် သူငယ်တန်း ကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားမူလတန်း ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ် အထွေထွေရောဂါကု ဆေးရုံထံမှ သိရသည်။

မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ်ကွက် ဒိုင်လမ်းတွင် ယင်းနေ့ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဘုရားကိုင်ရပ်၊ အ.မ.က (မူလွန်) ကျောင်းမှ ဒိုင်လမ်း ကုန်းဆင်းအတိုင်း ဖြတ်ဆင်း လာသည့် ကျောင်းသူ ကျောင်းသားများကို အထက်ပါ စိတ်ဝေဒနာရှင် အသက် ၄၀ အရွယ် အမျိုးသားက လက်ထဲတွင် ကိုင်ထားသည့် ပုဆိန်တစ်လက်၊ ဓားတစ်လက်ဖြင့် လိုက်ခုတ်ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားသည်ကို မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အ.မ.က (မူလွန်) ဘုရားကိုင်ကျောင်းတွင် ပညာသင်ကြားနေသော မောင်ဟိန်းမင်းအောင် အသက်ခုနစ်နှစ်၊ သူငယ်တန်း ကျောင်းသားသည် ဦးခေါင်းကွဲအက်၊ ဦးနှောက်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျောင်းမုန့် ဈေးတန်းမှ ဈေးသည် ဒေါ်နှင်းနှင်းဝေ အသက် ၃၀ နှစ်သည်လည်း ဦးခေါင်းကွဲအက် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အခြား ကျောင်းသား တစ်ဦးဖြစ်သည့် မောင်ဖြိုးဝေယံ အသက်ရှစ်နှစ်၊ ဒုတိယတန်း ကျောင်းသားသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မြိတ် အထွေထွေရောဂါကု ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ကလေးများ၏ မိသားစုဝင်များက ပြောကြားသည်။

“ကလေးတွေကို လိုက်ခုတ်နေတာ တွေ့လို့ မခုတ်ဖို့ သွားဟန့်တုန်း ကလေးရော လူကြီးကိုပါ လိုက်ခုတ်တာ” ဟု ဒေါ်နှင်းနှင်းဝေ၏ ဖခင်ဖြစ်သူ ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ ပုဆိန်ဖြင့် လိုက်လံခုတ်သူ စိတ်ဝေဒနာရှင် ဦးကျော်နိုင် အသက် (၄၀) နှစ်ကို အခင်းဖြစ်ပွားချိန်တွင် ရပ်ကွက်သားများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ပြီး မြိတ်မြို့နယ် ရဲစခန်းက (ပ) ၆၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိ ရဲတစ်ဦးထံမှ သိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဒဏ်ရာရရှိသော ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိပြီး စိတ်မနှံ့သူ မြိတ်ဒေသခံမှာ အရက်၊ ဆေးကြောင်နေသူ ဖြစ်ကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။

(Dawei Watch)
The Voice Weekly

RangonNewsDaily:: January . 24 .2014
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးက ပုဆိန်ဖြင့် ခုတ်သဖြင့် သူငယ်တန်း ကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားမူလတန်း ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ် အထွေထွေရောဂါကု ဆေးရုံထံမှ သိရသည်။

" မောစ့် အလွမ်းပြေ ပဒေသာကပွဲကြီးတွင် မောစ့်ပုံစံတူ ရွေးချယ်မည် "

Photo: " မောစ့် အလွမ်းပြေ ပဒေသာကပွဲကြီးတွင်
မောစ့်ပုံစံတူ ရွေးချယ်မည် "
Friday, January 24, 2014

မော့စ် အလွမ်းပြေပဒေသာပွဲကြီးတွင် ဟာသ သရုပ်ဆောင် အကယ်ဒမီမော့စ်၏ အောင်မြင်ကျော်ကြားခဲ့သော ပြဇာတ်များကို ပြန်လည် ကပြ ပြသသွားမည့်အပြင် မော့စ်ပုံစံတူ ရွေးချယ်သည့် အစီအစဉ်ကိုပါ ထည့်သွင်း ပြုလုပ်သွားမည်ဟု ရန်ကုန် လူရွှင်တော် အသင်း၏ ဒု-ဥက္ကဋ္ဌ ခင်လှိုင်က ပြောသည်။

“ဒီတစ်နှစ်တည်းပဲ ကိုမော့စ် အလွမ်းပြေပွဲကို လုပ်သွားမှာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ကိုမော့စ်ရဲ့ ပုံရိပ်တွေကို ထင်ဟပ် နေစေဖို့ အတွက် ကိုမော့စ် ပွဲကို နှစ်တိုင်း လုပ်သွားဖို့ ကျွန်တော်တို့ ရန်ကုန် လူရွှင်တော် အသင်းကနေ တိုင်ပင် ထားပါတယ်။ ဒီနှစ်မှာ လည်း ကို မော့စ်ပွဲကို အထူးခြားဆုံး လုပ်ပေး သွားမှာပါ”ဟု ရန်ကုန် လူရွှင်တော် ဒုဥက္ကဋ္ဌ ခင်လှိုင်က ပြောပြသည်။

မော့စ် အလွမ်းပြေ ဟာသ ပဒေသာပွဲကြီးကို MRTV 4 ကနေပြီး တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး D-2 ဖက်ရှင်မှ Main စပွန်ဆာ အဖြစ် လုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

“ကိုမော့စ် အလွမ်းပြေ ပဒေသာကပွဲ အတွက် အသံတွေ၊ ကာလာ တွေ၊ မီးတွေ၊ ဇာတ်ခုံနဲ့ ဇာတ်ရုံတွေ အကုန်လုံးကို ကူညီပေးမှာ ကတော့ မင်းသားကို ဖိုးချစ်ပါ။ သူက အကုန်တာ ဝန်ယူပြီးတော့ ကူညီပေးပါတယ်။ သူတို့ တစ်ဖွဲ့လုံး လာကပါမယ်။ သူကလည်း နှစ်ပါးသွားဝင် ကပါမယ်”ဟု ရန်ကုန် လူရွှင်တော် အသင်း ဒုဥက္ကဋ္ဌ ဟာသ သရုပ်ဆောင် ခင်လှိုင် က ဖြည့်စွက် ပြောပြပေးခဲ့သည်။

မော့စ် အလွမ်းပြေ ပဒေသာကပွဲကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက် နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင် ၌ ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဖခင်ဖြစ်သူ ဟာသပညာရှင် မော့စ်က သူ့ရဲ့ဘဝအတွက်နဲ့ သူ့ဘဝ တစ်လျှောက်လုံးမှာ သူရဲကောင်းကြီး တစ်ဦး အဖြစ် ရပ်တည်နေခဲ့ပြီး အခု သူမရှိတော့ တာဟာ သူ့ ဘဝ အတွက် သူရဲကောင်းကြီး တစ်ယောက် ဆုံးရှုံးသွား ရသလို ဖြစ်နေဆဲပါ”ဟု ထိုက်စံက ဆက်လက်ပြောလာပါသည်။

“ကြာလေ ကြာလေ အဖေ မရှိတော့တဲ့ တန်ဖိုးကို ပိုပိုပြီးတော့ သိ လာတယ်။ နားလည် လာတယ်။ ဘာ လိုလိုနဲ့ အဖေ ဆုံးသွားခဲ့တာ တစ်နှစ် ပြည့်တော့မယ် ။မိသားစု စုံစုံလင် လင် မရှိတော့ဘူးလေ။ ကျွန်တော် ရိုက် ထားတဲ့ ဇာတ်ကားတွေ ကိုလည်း အဖေ ကြည့်ခွင့် မရတော့ဘူး။ ခါတိုင်း အဖေ ရှိနေရင် ဘာလေးကို ဒီလို လုပ်လိုက်၊ ဟိုလိုလုပ်လိုက် ဆိုပြီးတော့ သွန်သင် ပြသနေကြဗျ” လို့ ထိုက်စံက ဖြည့်စွက် ပြောပြပါတယ်။

ရန်ကုန် လူရွှင်တော် အသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဟာသသရုပ်ဆောင် ပညာရှင် ခင်လှိုင်ကတော့ ဟာသပညာရှင် မော့စ် နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ တွေ့ တိုင်း အတူရောက် ခဲ့ဖူးတဲ့ နေရာတွေ ကို ပြန်ရောက်တိုင်း အမြဲ လွမ်းဆွတ် သတိရနေတယ် လို့ပြောပါတယ်။

“အဲဒါအတွက် လည်း လူရွှင် တော် အသင်းကနေ ဦးဆောင်ပြီး တော့ ကိုမော့စ် တစ်နှစ်ပြည့် အလွမ်း ပြေဟာသ ပဒေသာကပွဲကြီး လုပ်ဖို့ လည်း စီစဉ် ထားပြီးနေပါပြီ။ အမှန် ဆိုရင် ဒီပွဲကြီးကို ကိုမော့စ် တစ်နှစ် ပြည့်မယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာပဲ လုပ်မလို့ပါ။ ဒါပေမဲ့ ပွဲရက်တွေ က ကျပ်နေပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကို ပြည်သူ့ ရင်ပြင်မှာ လုပ်ပါမယ်။ စပွန်ဆာ ပေါ်မူတည်ပြီးတော့ Free show ဖြစ်ရင် ဖြစ်မယ်။ လက်မှတ်ရောင်းဖြစ် ရင်လည်း ရောင်းဖြစ်မယ်။ သိပ် မသေချာသေးပါဘူး” လို့ ဟာသပညာ ရှင် ခင်လှိုင် က ပြောပြပါတယ်။

လက်မှတ်နဲ့ ရောင်းချဖြစ်ခဲ့မယ် ဆိုခဲ့ရင်လည်း ရရှိလာမယ့် အမြတ်အစွန်း ငွေကြေး များကို လူရွှင်တော် သက်ကြီး တွေ အတွက် ပြန်လည် လှူဒါန်းမယ့် အပြင် လူရွှင်တော် သက်ကြီးရွာ အတွက် ကိုလည်း လှူဒါန်း သွားမှာဖြစ်တယ်လို့ ဟာသပညာရှင် ခင်လှိုင်က ဆက်လက် ပြောပြပေးခဲ့ပါတယ်။

Popular Journal

RangonNewsDaily:: January . 24 .2014
မော့စ် အလွမ်းပြေပဒေသာပွဲကြီးတွင် ဟာသ သရုပ်ဆောင် အကယ်ဒမီမော့စ်၏ အောင်မြင်ကျော်ကြားခဲ့သော ပြဇာတ်များကို ပြန်လည် ကပြ ပြသသွားမည့်အပြင် မော့စ်ပုံစံတူ ရွေးချယ်သည့် အစီအစဉ်ကိုပါ ထည့်သွင်း ပြုလုပ်သွားမည်ဟု ရန်ကုန် လူရွှင်တော် အသင်း၏ ဒု-ဥက္ကဋ္ဌ ခင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ

Photo: မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ
Friday, January 24, 2014

မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုး ကိုမှော်ဘီနှင့် ရွှေပြည်သာမြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်း အနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
“ဒီငါးကို ၁၉ ရက် ညနေ ၅ နာရီမှာ ဖမ်းမိတုန်းက လှိုင်မြစ်ထဲမှာ ငါးတန်နဲ့ အတူ ပိုက်မှာမိတယ်။ မိပြီး ရေလုပ်သားက ဒိုင်ကိုတစ်သောင်းနဲ့ရောင်းတယ်။ ကျွန်တော်က သူ့ဆီက ငါးသောင်းနဲ့ပြန်ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ ဓားနဲ့ခုတ်ကြည့်တော့ သူအကြေးခွံက တော်တော်မာတာကို တွေ့ရတယ်။ ငါးပုံစံကမြင်ဖူးနေကျမဟုတ်ဘဲ မိကျောင်းပါးစပ်လိုဖြစ်နေလို့ ငါးလုပ်ငန်း ကိုလာပြတယ်” ဟုအဆိုပါငါးကို ၀ယ်ယူခဲ့သူ ကိုညီမင်းထွဋ် က ပြောကြားသည်။

ယင်းငါးမျိုးမှာ မြန်မာနိုင်ငံတွင်မရှိသော အမေဇုန်မြစ်ကဲ့သို့သောနေရာမျိုးတွင် ရှိသည့် ပြည်ပငါးမျိုးစိတ်သာဖြစ်ကြောင်း၊ငါးပုံစံမှာ မိကျောင်းပါးစပ်ဖြစ်ကာ အပေါ်မေးရိုးတွင်ကြီးမားသော သွားများပါ၍အစားကြီးသောပုံစံရှိပြီး လူတစ်ရပ်ထိ ကြီးထွားနိုင်သော အကောင်ကြီးမျိုးဖြစ်သဖြင့် မူလရှိသော မိမိတို့ရေမြေအတွင်းရှိ ငါးမျိုးစိတ်များကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။
“ကိုယ်ဆီမှာ တွေ့ရတဲ့ငါးမျိုးမဟုတ်ဘဲ ရေပိုင်နက်ထဲရောက်နေတာကလည်း စဉ်းစားစရာပါ။ တခြားသူ့လိုအကောင်တွေရှိသေးရင် ကိုယ့်မျိုးငါးတွေအတွက် အန္တရာယ်ရှိတယ်။ ပြည်ပက သေဆုံးငါးသွင်းရင်တောင် လိုင်စင်ယူပြီးမှ သွင်းရတာပါ။ နိုင်ငံခြားမျိုးငါးတွေ သွင်းရင်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားဖြစ်ပြီး ပြည်ပပို့နိုင်၊ ကိုယ်လည်းစားနိုင်တဲ့ ငါးမျိုးတွေဆိုရင်တော့ သွင်းပြီးမွေးသင့်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

လှိုင်မြစ်အတွင်း ဖမ်းဆီးရမိသော မိကျောင်းပါးစပ်ပါ ငါးမျိုးကို Alligator Gar Fish ဟုခေါ်၍ ရေချိုငါးမျိုးဖြစ်ပြီး မြောက်အမေရိကတွင်တွေ့ရှိရ၍ အရွယ်ရောက်ချိန်၌ အပေါ်မေးရိုးနှစ်တန်းတွင် ကြီးမားသော သွားများပါရှိကာ ၁၀ ပေထိအရှည်ရှိပြီး အနည်းဆုံးပေါင် ၂၀၀ (၉၁ကီလိုဂရမ်)ထိ အလေးချိန်ရှိကြောင်းသိရသည်။ ယခုဖမ်းဆီးရမိသော အဆိုပါငါးမှာ အရှည်နှစ်ပေနှင့် ကိုးလက်မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားငါးမျိုးစိတ်ပေါင်း ၁၀၀၀ ခန့်ရှိ၍ ရေချိုငါးမျိုးစိတ် ၆၀၀ ခန့်ရှိကာ ရေငန်ငါးမျိုးစိတ် ၄၀၀ ကျော်ရှိကြောင်း သိရသည်။

By ကြေးမုံသတင်းစာ

လှိုင်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် မိကျောင်းပါးစပ်ပါငါး(Alligator Gar Fish) ကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)
လှိုင်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် မိကျောင်းပါးစပ်ပါငါး(Alligator Gar Fish) ကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)
RangonNewsDaily:: January . 24 .2014
မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုး ကိုမှော်ဘီနှင့် ရွှေပြည်သာမြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်း အနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ဒုချီးယားတန်းကျေးရွာမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်ဖော်ထုတ်ဖို့ ကုလတောင်းဆို

Photo: ဒုချီးယားတန်း အဖြစ်မှန်ဖော်ထုတ်ဖို့ ကုလတောင်းဆို
Friday, January 24, 2014

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးယားတန်းကျေးရွာမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ် အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတစ်ခု ချက်ချင်းလုပ်ဖို့ ကုလသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အဲဒီရွာမှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င် လူအတော်များများ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ တောင်းဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒုချီးယားတန်းကျေးရွာမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေက ဆက်တိုက်လို ထွက်လာနေတာပါ။ အရပ်သားတွေအပါအ၀င် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ တယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူး ဗယ်လာရီ အေးမော့စ် (Valerie Amos) က ဇန်န၀ါရီလ ၂၃ ရက်၊ ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မစ္စအေးမော့စ်ရဲ့ ကြေညာချက်ကို ကြာသပတေးနေ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောရေးဆိုခွင့်ရှိသူ ဖာရန် ဟက်က် (Faran Haq) က အခုလိုပြောခဲ့ပါတယ်။

“အရပ်သားတွေအားလုံးကို အပြည့်အ၀အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှ အားလုံးလုပ်ဆောင်ပါလို့ မြန်မာအစိုးရကို သူက တောင်းဆိုပါတယ်။ သက်ဆိုင်ရာ ဒေသတွေမှာ လိုအပ်ချက်တွေကို သိနိုင်ဖို့နဲ့ မကြာသေးခင်က အကြမ်းဖက်မှုကြောင့် ဘေးဒဏ်သင့်ရသူတွေကို အကူအညီပေးဖို့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေး ၀န်ထမ်းတွေ အဲဒီဒေသဆီ ဘေးရန်ကင်းကင်းနဲ့ ဆက်ပြီး သွားရောက်နိုင်ရေး မြန်မာအစိုးရက ခွင့်ပြုဖို့ကို လည်း သူက ပန်ကြားခဲ့ပါတယ်။”

မြန်မာအစိုးရဘက်ကတော့ အဲဒီရွာမှာ အကြမ်းဖက်မှုကြောင့် လူတွေ အသတ်ခံရတာမျိုး မရှိခဲ့ဘူးလို့ ထပ်ခါတလဲလဲ ငြင်းဆန်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်တာကြောင့်သာ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက် ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ်တို့နဲ့အတူ အဲဒီဒေသက ကျေးရွာတွေဆီ ဇန်န၀ါရီလ ၂၂ ရက်နေ့က သွားရောက်ခဲ့တာကိုလည်း သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

သူတာဝန်ယူထားတဲ့ ကုလသမဂ္ဂဌာနက မြန်မာပြည်ဆိုင်ရာတာဝန်ခံကိုယ်တိုင် အဲဒီဒေသဘက်ဆီ သွားရောက်ခဲ့ပြီး နောက် တစ်ရက်မှာပဲ ဘာဖြစ်ခဲ့တယ်ဆိုတာ အတိအကျစုံစမ်းဖို့ မစ္စအေးမော့စ်က မြန်မာအစိုးရကို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“အကြမ်းဖက်မှုအပေါ် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ချက်ခြင်းပြုလုပ်ဖို့ မစ္စအေးမော့စ်က တောင်းဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူတွေရဲ့ အခွင့်အရေးကိုလည်း လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရန် ဟက်က်ပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၀န်ကြီးတစ်ဦးဖြစ်သူ ဟူးဂိုး ဆွိုင်းယား (Hugo Swire) ကလည်း မောင်တောမြို့နယ်ထဲက သတ်ဖြတ်ခံရတဲ့သတင်းတွေအပေါ် အထူးပဲ ထိတ်လန့် တုန်လှုပ်မိတယ်လို့ပြောပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်း စစ်ဆေးမှုတစ်ခု ချက်ခြင်းလုပ်ဖို့ ကြာသပတေးနေ့မှာပဲ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဆီ အဲဒီနေ့မှာပဲ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က လူမှုအ၀န်းအ၀ိုင်းအားလုံးရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရက ဆက်ပြီး အထောက်အပံ့ပေးသွားဖို့နဲ့ နိုင်ငံတကာ အကူအညီတွေ ပေးပို့နိုင်မယ့် အခြေအနေတစ်ရပ် ဖန်တည်းပေးဖို့ကိုလည်း ဗြိတိန်ဝန်ကြီး ဟူးဂိုး ဆွိုင်းယားက မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

ကြာသပတေးနေ့တစ်ရက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နာဗီ ပီလေးကလည်း ဒုချီးယားတန်း ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

မစ္စပီလေးရဲ့ ကြာသတေးနေ့ထုတ်ပြန်ချက်ထဲမှာ အနည်းငယ် ပိုပါလာတယ်လို့ ပြောလို့ရတဲ့ အချက်အလက်တွေကတော့ ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း ဒုချီးယားတန်းရွာမှာ ဆိုးရွားတဲ့ဖြစ်ရပ် နှစ်ခုဖြစ်ခဲ့တယ် ဆိုတာရယ်၊ ရိုဟင်ဂျာ မူစလင်မ် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ထားတယ်ဆိုတာရယ်ပါပဲ။

ဒုချီးယားတန်းရွာမှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတဲ့အပေါ် ပြစ်တင် ရှုတ်ချ ပါကြောင်း၊ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခု အပြည့်အ၀ ချက်ခြင်းလုပ်ဖို့နဲ့ ဘေးဒဏ်ခံခဲ့ရသူတွေနဲ့ မိသားစုဝင်တွေ တရားမျှတမှု ခံစားရအောင် လုပ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုပါကြောင်း၊ ဒီလုပ်ငန်းစဉ်ကို အထောက်အကူ ပြုပေးဖို့အတွက် မိမိရဲ့ဌာနအနေနဲ့ အဆင်သင့်ရှိပါကြောင်း မစ္စ နာဗီ ပီလေးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၉ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း ဖြစ်ပျက်ခဲ့ပုံအသေးစိတ်ကို သူတို့ရထားတဲ့ အတိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးရုံးရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပြီး အဲဒီသတင်းအချက်အလက်တွေကို မြန်မာအစိုးရဆီ ပေးပို့ထားတယ်လို့လည်း ပြောထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီး နိုင်ငံမဲ့ ၈ သိန်းခန့်နေထိုင်ရာ ဒေသက စစ်ဆေးဂိတ်မှာ သွားလာနေကြသော မွတ်ဆလင်များ။

VOA

RangonNewsDaily:: January . 24 .2014
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ဒုချီးယားတန်းကျေးရွာမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ် အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်
ဆေး မှုတစ်ခု ချက်ချင်းလုပ်ဖို့ ကုလသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာအစိုးရကို တောင်း
ဆိုလိုက်ပါတယ်။

အကြမ်းဖက်မှု လုပ်ဆောင်သူအား ထောင်ဒဏ်တစ်သက်နှင့် သေဒဏ်အ ချက်များပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

Photo: အကြမ်းဖက်မှု လုပ်ဆောင်သူအား ထောင်ဒဏ်တစ်သက်နှင့် သေဒဏ်အ ချက်များပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
Friday, January 24, 2014

 အကြမ်းဖက်မှု လုပ်ဆောင်သူအား အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်မှ ထောင်ဒဏ်တစ်သက်၊ သေဒဏ်၊ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ငွေကြေးနှင့် ပစ္စည်းများရောင်းချရမှုမှ ၁၀ ရာခိုင်နှုန်းအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအဖွဲ့ ရန်ပုံငွေအဖြစ်ပေးသွင်းရမည့် အချက်များပါဝင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကြမ်းအား ဇန်န၀ါရီ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၁၅ တွင် အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်အား ကျူးလွန်သည့်ပြစ်မှုအတွက် ကျူးလွန်သူအား အနည်းဆုံးထောင်ဒဏ် (၅) နှစ်မှ အများဆုံးထောင်ဒဏ် (၁၀) နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း၊ ပေါက်ကွဲစေတတ်သည့် ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာပြစ်မှု၊ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကျူးလွန်ရန် (သို့) အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ်သည့် ၀တ္ထုပစ္စည်း၊ ဗုံး (သို့)လက်နက်ကို ထုတ်လုပ်မှု၊ ပေးကမ်းမှု (သို့) လက်ဝယ်ထားမှုများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းတွင် အကြမ်းဖက်မှုဆိုင်ရာ သတင်းဖလှယ်ခြင်း၊ အကြမ်းဖက်သမားက မိမိနယ်မြေအားအသုံးပြု၍ အခြားနိုင်ငံသားနှင့် နိုင်ငံသားများအပေါ် အကြမ်းဖက်မှု ကျူးလွန်ခြင်းမပြုနိုင်အောင် ကာကွယ်တားဆီးခြင်း၊ အကြမ်းဖက်မှုဆိုင်ရာ စီစဉ်ညွှန်ကြားခြင်း၊ ပြင်ဆင်ခြင်း၊ စီမံခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းကို ကာကွယ်တားဆီးခြင်း၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများ နိုင်ငံဖြတ်ကျော်၍ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ လှုပ်ရှားသွားလာမှုကို ထိန်းချုပ် တားဆီးနိုင်ရန်အတွက် နယ်စပ်ထိန်းချုပ်မှု ပူးပေါင်းဆောင်မှုမြှင့်တင်ခြင်း စသည်ဖြင့်ပါဝင်ကြောင်း သိရသည်။

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို တားဆီးနှိမ်နှင်းရေး၊ အကြမ်းဖက်မှု၊  ဗုံးဖေါက်ခွဲမှုတွေကို တားဆီးကာကွယ်  .  .  . 
ထို့ပြင် နိုင်ငံတော်နှင့် အများပြည်သူအပေါ် ရုတ်ခြည်းအန္တရာယ်ကျရောက်စေမည့် အကြမ်းဖက်မှုအား တားဆီးကာကွယ်ရန် လိုအပ်ပါက အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်သမားများ၏ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်မှုများကို ဖြတ်တောက်ခွင့်၊ ကန့်သတ်ခွင့်၊ ကြားဖြတ်ဖမ်းယူခွင့် အမိန့်ထုတ်ဆင့်နိုင်သည်ဟု ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ အာဆီယံအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း၊ ကုလသမဂ္ဂလုံခြုံကောင်စီ ဆုံးဖြတ်ချက်များနှင့် လိုက်လျောညီထွေမှု ရှိရန်အတွက် နိုင်ငံတော်နှင့် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်သည့် ပြည်တွင်းဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းနိုင်ရန် ဖြစ်သည်ကို လေ့လာတွေ့ရှိကြောင်း ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြောကြားသည်။

“ဥပဒေကြမ်းမှာ အခန်း ၁၉ ခန်းပါတဲ့ အနက် အခန်း ၄ မှ ၁၂ အထိမှာ မြို့ပြလေကြောင်းပျံသန်းရေးနဲ့ လေဆိပ်ကို ဘေးအန္တရာယ်ဖြစ်စေတဲ့ ဥပဒေမဲ့ပြုလုပ်မှုတွေကို တားဆီးနှိမ်နှင်းရေး ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမယ့် ပုဂ္ဂိုလ်များအပေါ် ကျူးလွန်မှုတွေကို တားဆီးဖို့၊ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းမှုများ တားဆီးနှိမ်နှင်းရေး၊ နျူကလီးယားဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း၊ နျူကလီးယား အဆောက်အအုံတွေနဲ့ ဇီဝ၊ ဓာတုနဲ့ နျူကလီးယားလက်နက်တွေကို တားဆီးနှိမ်နှင်းရေး၊ ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်အောင် ဥပဒေမဲ့ပြုလုပ်မှုတွေကို တားဆီးဖို့ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို တားဆီးနှိမ်နှင်းရေး၊ အကြမ်းဖက်မှု ဗုံးဖေါက်ခွဲမှုတွေကို တားဆီးကာကွယ်နိုင်ဖို့အတွက် ရေးဆွဲထားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြောကြားသည်။

ဥပဒေကြမ်းတွင် အကြမ်းဖက် အသီးသီးကို ထိရောက်အောင်မြင်စွာ တိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေး၊ အများပြည်သူအား အသိပညာပေးရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ရန် ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏  အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ရေးဆွဲထားခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီဝင်က ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တင်သွင်းသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းအား ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်မရှိသည့်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။


Eleven Media Group

RangonNewsDaily:: January . 24 .2014
အကြမ်းဖက်မှု လုပ်ဆောင်သူအား အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်မှ ထောင်ဒဏ်တစ်သက်၊ သေဒဏ်၊ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ငွေကြေးနှင့် ပစ္စည်းများရောင်းချရမှုမှ ၁၀ ရာခိုင်နှုန်းအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအဖွဲ့ ရန်ပုံငွေအဖြစ်ပေးသွင်းရမည့် အချက်များပါဝင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကြမ်းအား ဇန်န၀ါရီ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ကာရင်တန်ကွင်းတွင် မာတာ ဆေးစစ်မှု ခံယူနေ

Photo: ကာရင်တန်ကွင်းတွင် မာတာ ဆေးစစ်မှု ခံယူနေ
Friday, January 24, 2014

ချဲလ်ဆီးတောင်ပံကစားသမား မာတာမှာ မန်ယူ၏ ကာရင်တန်လေ့ကျင့်ရေး ကွင်းသို့ ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှု ခံယူနေကြောင်း သိရသည်။ မာတာအတွက် မန်ယူ၏ ပေါင်၃၇သန်းတန် ကမ်းလှမ်းမှုကို ချဲလ်ဆီးမှ လက်ခံခဲ့ပြီးနောက် ၎င်းအနေဖြင့် ဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။

မန်ယူမှာ ဘာဘာတော့ဗ်ကို ခေါ်ယူခဲ့စဉ်က စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၀.၇၅သန်း အသုံးပြုခဲ့သောကြောင့် မာတာ၏ပြောင်းရွှေ့ကြေးမှာ မန်ယူအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာ လိမ့်မည်။ မာတာသည် စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၂ ဖလားများ ရရှိခဲ့ပြီး ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ဆိုစီဒက် ကစားသမား ဂရစ်ဇ်မန်းနှင့် ဘေဆယ် ကစားသမား မိုဟာမက်ဆလက်တို့ကို ပစ်မှတ်ထားနေကြောင်း သတင်းများက ဖော်ပြသည်။

http://yoyarlay.com

RangonNewsDaily:: January . 24 .2014
ချဲလ်ဆီးတောင်ပံကစားသမား မာတာမှာ မန်ယူ၏ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီး ဆေး
စစ်မှု ခံယူနေကြောင်း သိရသည်။မာတာအတွက်မန်ယူ၏ ပေါင်၃၇သန်းတန်ကမ်းလှမ်းမှုကို ချဲလ်ဆီးမှ လက်
ခံခဲ့ပြီးနောက် ၎င်းအနေဖြင့် ဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲများ Sky Net သုံးနှစ်ထပ်မံပြသခွင့်ရရှိ

Photo: ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲများ Sky Net သုံးနှစ်ထပ်မံပြသခွင့်ရရှိ
Friday, January 24, 2014

ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်များနှင့် ယူရိုပါလိဂ်ပွဲစဉ်များ ထုတ်လွှင့်ခွင့်ကို Sky Net အခပေး ရုပ်သံလိုင်းက သုံးနှစ်သက်တမ်း ထပ်မံရရှိခဲ့ကြောင်း ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခပေး ရုပ်သံလိုင်းဖြစ်သည့် Sky Net က ချန်ပီယံလိဂ် ပွဲစဉ်များ အပါအဝင် ယူရိုပါလိဂ် ပြိုင်ပွဲများနှင့် ဥရောပ ကလပ်အသင်းများ၏ ပြိုင်ပွဲများကို ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီအထိ ထပ်မံပြသခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ပွဲစဉ်အားလုံးကို Sky Net အားကစားရုပ်သံလိုင်း ခုနစ်လိုင်းနှင့် Free to air ရုပ်သံလိုင်း ဖြစ်သည့် MNTV တို့မှ တိုက်ရိုက် ထုတ်လွှင့်မည့်အပြင် ပွဲပြီး Highlights အစီအစဉ်ကိုလည်း ဆက်လက် ထုတ်လွှင့်မည် ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ချန်ပီယံနှင့် ယူရိုပါလိဂ် ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရသည့် ဥရောပ စူပါဖလား ပွဲစဉ်ကိုပါ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြသခွင့်လည်း ရရှိခဲ့သည်။

ရွှေသံလွင် မီဒီယာ၏ အခပေး ရုပ်သံလိုင်းဖြစ်သည့် Sky Net သည် ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်များ ပြသခွင့်ကို ၂၀၁၃ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်မှာ လာမည့် ၂၀၁၅ ခုနှစ်တွင် ပြည့်မည် ဖြစ်သော်လည်း ယခုစာချုပ်သက်တမ်း သုံးနှစ် ထပ်တိုးရရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: January . 24 .2014
ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်များနှင့် ယူရိုပါလိဂ်ပွဲစဉ်များ ထုတ်လွှင့်ခွင့်ကို Sky Net အခပေး ရုပ်သံလိုင်းက သုံးနှစ်သက်တမ်း ထပ်မံရရှိခဲ့ကြောင်း ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အိန္ဒိယတွင် တရားမဝင် ကျေးရွာခုံရုံး အမိန့်ကြောင့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

Photo: အိန္ဒိယတွင် တရားမဝင် ကျေးရွာခုံရုံး အမိန့်ကြောင့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ
Friday, January 24, 2014

အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ဖြစ်ပွားလေ့ရှိသော အိန္ဒိယနိုင်ငံတွင် မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်မိသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးသည် လူမျိုးစု အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော တရားမဝင် ကျေးရွာခုံရုံး၏ အမိန့် ဖြင့် အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံခဲ့ရသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

တနင်္လာနေ့က ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွင် ဓားစာခံဖြစ်ခဲ့ရသော အမျိုးသမီးသည် ၎င်းနေထိုင်ရာရွာ အနီးရှိ အခြားကျေးရွာတစ်ရွာမှ မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက် မိသဖြင့် ကျေးရွာခုံရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ဆေးအပြီးတွင် ကျေးရွာ အကြီးအကဲဖြစ်သူက ၎င်းတို့ ချစ်သူ စုံတွဲကို ဓလေ့ထုံးတမ်း ချိုးဖောက်ပြီး ချစ်ကျွမ်းဝင်မှုဖြင့် ဒဏ်ငွေ ရူပီး ၂၅,၀၀၀ ချမှတ်ခဲ့ကြောင်း၊ ထိုဒဏ်ငွေကို အမျိုးသားဖြစ်သူက ပေးနိုင် သော်လည်း အမျိုးသမီး၏ မိသားစုဘက်က ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ရဲအရာရှိတစ်ဦး က ပြောကြားသည်။

“သူ့ရဲ့ မိသားစုက ချမှတ်တဲ့ ဒဏ်ငွေကို မပေးနိုင်ဘူး။ ဒီတော့ အဲဒီမိန်းမနဲ့ သွားပျော်ပါးကြပေတော့” ဟု ကျေးရွာ အကြီးအကဲဖြစ်သူက ရွာသားများကို အမိန့်ပေးခဲ့ကြောင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီး၏ မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်အရ သိရသည်။

ထို့ပြင် အမျိုးသမီးနှင့် ပျော်ပါးရန် ရွာသားများကို အမိန့်ပေးခဲ့သော ကျေးရွာ အကြီးအကဲသည် အဆိုပါ အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး ဖြစ်သည်ဟု လည်း ရဲတပ်ဖွဲ့အကြီးအကဲ မစ္စတာဆက်ဒ် ဟာကာက ပြောကြားသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ တနင်္လာနေ့ ညကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း အမျိုးသမီး၏ မိသားစုသည် ရဲစခန်းသို့ ဗုဒ္ဓဟူးနေ့ နေ့လယ်မှသာ လာရောက် တိုင်ကြားဝံ့ခဲ့ပြီး အမျိုးသမီးမှာလည်း ဗုဒ္ဓဟူးနေ့ညမှသာ ဆေးရုံ၌ စတင် ကုသမှု ခံယူခဲ့ရသည်။

လက်ရှိ အချိန်တွင် ရဲတပ်ဖွဲ့က ကျေးရွာ အကြီးအကဲ အပါအဝင် အဆိုပါ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနှင့် ပတ်သက်သူ ၁၃ ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှု တိုက်ဖျက်ရေး ဥပဒေများ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားပြီး လူ့အဖွဲ့အစည်းအတွင်း၌ အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားမှုများ ရှိလာပြီ ဖြစ်သော်လည်း အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်နှင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရဆဲ ဖြစ်သကဲ့သို့ ကျူးလွန် ခံရသဖြင့် ရဲစခန်းတွင် သွားရောက် တိုင်ကြားလျှင်လည်း ၎င်းတို့၏ အမှုကို တက်တက် ကြွကြွ ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိသော ရဲအရာရှိများနှင့်လည်း ကြုံတွေ့နေရဆဲ ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: January . 24 .2014
အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ဖြစ်ပွားလေ့ရှိသော အိန္ဒိယနိုင်ငံတွင် မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်မိသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးသည် လူမျိုးစု အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော တရားမဝင် ကျေးရွာခုံရုံး၏ အမိန့် ဖြင့် အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံခဲ့ရသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျပ်အတည်းတွင် ထိုင်းတပ်မတော် ဝင်ရောက် စွက်ဖက်ရန် ပြင်ဆင်ထားဟု စစ်တပ်အကြီးအကဲ ပြောကြား

Photo: နိုင်ငံရေးအကျပ်အတည်းတွင် ထိုင်းတပ်မတော် ဝင်ရောက် စွက်ဖက်ရန် ပြင်ဆင်ထားဟု စစ်တပ်အကြီးအကဲ ပြောကြား
Friday, January 24, 2014

ထိုင်းနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများ အကြမ်းဖက် မှုသို့ ပြောင်းလဲ ရောက်ရှိလာပါက ဝင်ရောက် စွက်ဖက်နိုင်ရန် ထိုင်းတပ်မတော် အသင့်ပြင်ထားသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှက ပြောကြားသွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

“ပဋိပက္ခတွေကနေ အကြမ်းဖက်မှု၊ မဖြေရှင်းနိုင်မှုအထိ ရောက်သွားရင် စစ်တပ်က ဝင်ရောက် ဖြေရှင်းရပါလိမ့်မယ်။ နိုင်ငံကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြီးတော့ မှန်ကန်တဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုမှာပါ” ဟု ထိုင်းစစ်တပ်အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အချို့သော အုပ်စုများမှာ အကြမ်းဖက် နည်းလမ်းများ၊ တရားမဝင် နည်းလမ်းများကို အသုံးပြုပြီး မတည်ငြိမ်မှုများ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေသော်လည်း ၎င်းတို့မှာ အောင်မြင်မှုရမည် မဟုတ်ဟု ဗိုလ်ချုပ်ကြီးက သတိပေးလိုက်သည်။

“အဲဒီလို လုပ်ဆောင်နေတာ ဘယ်သူတွေရှိတာ ကျွန်တော့်မှာ သတင်းအချက် အလက်တွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေ လုပ်ဆောင်တာရပ်ဖို့ ကျွန်တော် ထပ်သတိ ပေးချင်ပါတယ်။ ရဲတပ်ဖွဲ့က တရားဝင် အရေးယူမှုတွေ လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့ သက်သေ အထောက်အထားတွေ စုဆောင်းနေပါတယ်” ဟု ထိုင်းတပ်မတော် အကြီးအကဲက ပြောကြားသည်။

အစိုးရ အရာရှိများကို ခြိမ်းခြောက ခြင်း၊ ရေဒီယို အသံလွှင့်ရုံများမှ တစ်ဆင့် အပြင်းအထန် ဝေဖန် ပြောကြားခြင်း၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် လူထုကို လှုံ့ဆော်မှုတို့ကို အချို့က လုပ်ဆောင်နေပြီး ဥပဒေနှင့် မညီညွတ်သည့် လုပ်ဆောင်ချက်များကို အရေးယူသွားရန် ထိုင်းအစိုးရအဖွဲ့အပေါ် တပ်မတော်က တိုက်တွန်းထားသည်။

ထို့အပြင် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် ထိုင်းစစ်သားများက နည်းလမ်းမျိုးစုံ အသုံးပြု ကာကွယ်နေကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှက ပြောကြားသည်။

ဆန္ဒပြမှုများ ဖြစ်ပွားနေသည့် ဘန်ကောက်မြို့တော်နှင့် အနီးအနားရှိ ပြည်နယ်များတွင် အရေးပေါ် အခြေအနေ ချမှတ်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားခြင်းကြောင့် ယင်းကဲ့သို့သော လုပ်ဆောင်ချက်မျိုး လိုအပ်မှု ရှိ မရှိ မှတ်ချက်ပေး ပြောကြားရန် ထိုင်းတပ်မတော် အကြီးအကဲကို မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ဆန္ဒပြသမားများအရေးကို ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်ပြီး ထိုင်းတပ်မတော်က နောက်တန်းမှ ကူညီထောက်ပံ့ပေးသည့် အခန်းကဏ္ဍတွင်သာ နေသွားမည်ဟု ဗိုလ်ချုပ်ကြီးက ပြောကြားသည်။ 

ထိုင်း အမှတ် (၁) တပ်မတော်မှာ ရဲတပ်ဖွဲ့၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးကို အကူအညီပေးရသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ဆေးရေး ဂိတ်ပေါင်း ၃၀ ကျော်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းတပ်မတော် တပ်ခွဲပေါင်း ၄၀ ကျော် ပူးတွဲ တာဝန် ထမ်းဆောင်လျက် ရှိသည်။

ယင်းကဲ့သို့သော ထိုင်းစစ်သားများ တပ်ဖြန့်ထားခြင်းမှာ မည်သည့်ဘက်ကမျှ ပါဝင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ပြည်သူများ လုံခြုံရေးအတွက် တပ်ချထားခြင်း ဖြစ်ကြောင်း ထိုင်းတပ်မတော်က ပြောကြားသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသမားများကြား အကြမ်းဖက်မှုများ ဖြစ်ပွား မလာစေရန် စစ်သားများကို နေရာတိုင်းတွင် တပ်ဖြန့်ချထားရန် ထိုင်းအစိုးရ ငြိမ်ချမ်းမှု ထိန်းသိမ်းရေး စင်တာကို တပ်မတော်က အဆိုပြုထားကြောင်း ဗိုလ်ချုပ်ကြီးပရာရုချအိုရှ က ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: January . 24 .2014
ထိုင်းနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများ အကြမ်းဖက် မှုသို့ ပြောင်းလဲ ရောက်ရှိလာပါက ဝင်ရောက် စွက်ဖက်နိုင်ရန် ထိုင်းတပ်မတော် အသင့်ပြင်ထားသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှက ပြောကြားသွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသို့ တင်ပို့သည့် အစာသွပ်မုန့် များထဲသို့ ပိုးသတ်ဆေး ထည့်သွင်းခဲ့သူ တရုတ်နိုင်ငံသားအား ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်

Photo: ဂျပန်နိုင်ငံသို့ တင်ပို့သည့် အစာသွပ်မုန့် များထဲသို့ ပိုးသတ်ဆေး ထည့်သွင်းခဲ့သူ တရုတ်နိုင်ငံသားအား ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်
Friday, January 24, 2014

ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့သည့် အစာသွပ် မုန့်ခြောက်များထဲသို့ ပိုးသတ်ဆေးများ ကို ထိုးသွင်းခဲ့သည်ဟု ပြီးခဲ့သည့်နှစ် အတွင်းက ဝန်ခံခဲ့သူ ဟူဘေး အခြေစိုက် စက်ရုံလုပ်သား တစ်ဦးဖြစ်သူ Lu Yuetingကို ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု တရုတ်နှင့် ဂျပန် မီဒီယာများက ပြောသည်။

ယင်း၏ လုပ်ရပ်ကြောင့် အစာသွပ်မုန့်ကို စားမိသူ ဂျပန်နိုင်ငံသား (၁ဝ)ဦး ဖျားနာခဲ့ကြရပြီး အသက်(၅)နှစ် အရွယ် မိန်းကလေးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့ ဆက်ဆံရေး Lu Yueting သည် Tianyang အစားအစာ ကုမ္ပဏီတွင် (၁၉၉၃ မှ ၂ဝဝ၉) ခုနှစ်အထိ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး လုပ်ခ လစာ နည်းပါးမှု၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေမှုတို့ကြောင့် အာနိသင် ပြင်းသည့် ပိုးသတ်ဆေး များကို အစာသွပ် မုန့်ခြောက်များထဲသို့ ဆေးထိုးအပ်ဖြင့် ထိုးသွင်းခဲ့သူဟု စွပ်စွဲခံထားရ သူ ဖြစ်သည်။

Lu Yueting ကို ၂ဝ၁ဝ ခုနှစ် တွင် ဖမ်းဆီးမိခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ရုံးတင် စစ်ဆေးခဲ့ပြီး ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ် သည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းနေရာ အများစု ပါဝင်သည့် နယ်နိမိတ်ကို တရုတ်နိုင်ငံမှ လေကြောင်း ကာကွယ်ရေးဇုန် အဖြစ် သတ်မှတ်မှု၊ စစ်ရာဇ ဝတ်ကောင်များကို ထည့်သွင်း မြှုပ်နှံထားသည့် ယာဆူကူနီ ဂူဗိမာန်သို့ ဒီဇင်ဘာလ အတွင်းက ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက် ဂါရဝပြုမှု တို့ကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် ဆက်ဆံရေး တင်းမာလျက် ရှိသည်။

Ref : BBC
Popular Myanmar News Journal

RangonNewsDaily:: January . 24 .2014
ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့သည့် အစာသွပ် မုန့်ခြောက်များထဲသို့ ပိုးသတ်ဆေးများ ကို ထိုးသွင်းခဲ့သည်ဟု ပြီးခဲ့သည့်နှစ် အတွင်းက ဝန်ခံခဲ့သူ ဟူဘေး အခြေစိုက် စက်ရုံလုပ်သား တစ်ဦးဖြစ်သူ Lu Yuetingကို ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု တရုတ်နှင့် ဂျပန် မီဒီယာများက ပြောသည်။