Pages

Tuesday, January 21, 2014

မင်္ဂလာဒုံ ဆေးရုံကြီးအနီး ဓာတ်ဆီဆိုင်မီးလောင်မှု မီးညွန့်ကျိုးပြီ

Photo: Breaking News  

kolatt(PBDN): January . 21 .2014

ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေတပ်အတွင်းဟုခန့်မှန်း မီးလောင်နေ ဇန်န၀ါရီလ ၂၁ရက်၊ ပေါက်ကွဲ
သံများ ကြားနေရပါသည်။ 

Sa Nay Ninetwofive ::--

RangonNewsDaily:: January . 21 .2014
ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေတပ်အတွင်းဟုခန့်မှန်း မီးလောင်နေ ဇန်န၀ါရီလ ၂၁ရက်၊ ပေါက်ကွဲသံများ ကြား
နေရပါသည်။

ဂျပန်လေကြောင်းလိုင်းမှ စီးပွားရေးကြော်ငြာကြောင့် တောင်းပန်ခဲ့ရ

Photo: ဂျပန်လေကြောင်းလိုင်းမှ စီးပွားရေးကြော်ငြာကြောင့် တောင်းပန်ခဲ့ရ
Tuesday, January 21, 2014

ဂျပန်ခရီးသည်တင်ယာဉ်လိုင်း All Nippon Airways (ANA) မှ တနင်္လာနေ့ တွင် လူမျိုးရေး ခွဲခြားမှုဆန်သော တီဗွီကြော်ငြာကြောင့် တိုင်တန်းခဲ့ကြသည့် ခရီးသည် တစ်ဦးချင်းစီအား တောင်းပန်ကြောင်း ကြေငြာခဲ့သည်။ တိုကျိုရှိ ဟာနဲဒါးလေဆိပ်မှ နိုင်ငံတကာ လေကြောင်းလိုင်းများ၏ မတ်လအတွင်း အချိန်ဇယားများ အကြောင်းကို အာပေးမြှင့်တင်ရန် ရည်ရွယ်သည့် စက္ကန့် သုံးဆယ်ကြာ တယ်လီဗေးရှင်းကြော်ငြာအား ANAလေကြောင်းလိုင်းမှ စနေနေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။

ကြော်ငြာအတွင်း ANA လေကြောင်းလိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးမှ ၎င်းတို့ နိုင်ငံတကာ လေကြောင်းလိုင်း အနေဖြင့် ပုံရိပ်မြှင့် တင်ရန် အကြောင်းကို အင်္ဂလိပ်လို ပြောဆိုဆွေးနွေးနေကြသည်။ တစ်ဦးက “ဂျပန်လူမျိုးတွေရဲ့ ပုံရိပ်ကို ပြောင်းလဲကြစို့”ဟု ပြောကြားချိန်တွင် ရွှေရောင် ဆံပင်အတုနှင့် မဖြစ်နိုင်လောက်အောင် ရှည်လျားသည့် ရာဘာနှာခေါင်းရှည် အတုကို တပ်ဆင်ပြောင်းလဲထားသည့် ကျန်တစ်ဦးမှ “အေး”ဟု ပြန်ပြောခဲ့ ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် အနောက်နိုင်ငံသား လူဖြူအများစုမှာ နှာခေါင်းကြီးကြီး၊ မျက်လုံးပြာပြာနှင့် ရွှေရောင်ဆံပင်များ ရှိကြသည်ဟု ဂျပန်လူမျိုးအများစုမှ ယုံကြည်ကြသည်။ ၎င်းကြော်ငြာသည် ဂျပန်ရှိ ဆိုရှယ်မီဒီယာများကို အင်္ဂလိပ်ဘာသာဖြင့် သုံးစွဲသူများအကြားတွင် ဂယက်ရိုက်ခဲ့သည်။
ANA မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးမှ “ ကြော်ငြာကြောင့် ခရီးသည်များ ထံမှ တိုင်ကြားချက်များ ရရှိခဲ့ကြောင်း၊ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်းပြောကြားခဲ့ပြီး ၎င်းတို့လေကြောင်းလိုင်းမှ ကြော်ငြာကြောင့် မသက်မသာ ခံစားခဲ့ရတဲ့ ခရီးသည်တစ်ဦးချင်းစီကို တောင်းပန်ပါကြောင်းနှင့် ယခုလို ကိစ္စကို ဖော်ထုတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါကြောင်း” AFP သို့ ပြောကြားသွားသည်။

“’ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြော်ငြာဌာနအကြီးအကဲကို အကြောင်းကြားပြီးပါပြီ။ ဒါပေမဲ့ ဒီကြော်ငြာကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မတို့ မဆုံးဖြတ်ရသေး ပါဘူး” ဟုလည်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ပြောင်းရွှေ့နိုင်ငံသား များနှင့် နှိုင်းစာလျှင် ကြီးမားသည့် လူမျိုးစု လွှမ်းမိုးမှုရှိသည့် နိုင်ငံဖြစ်သည်။

ကြေးမုံ

RangonNewsDaily:: January . 21 .2014
ဂျပန်ခရီးသည်တင်ယာဉ်လိုင်း All Nippon Airways (ANA) မှ တနင်္လာနေ့ တွင် လူမျိုးရေး ခွဲခြားမှုဆန်သော တီဗွီကြော်ငြာကြောင့် တိုင်တန်းခဲ့ကြသည့် ခရီးသည် တစ်ဦးချင်းစီအား တောင်းပန်ကြောင်း ကြေငြာခဲ့
သည်။

ဆင်းကဒ်ထည့်သုံးလို့ရမယ့် Sony ရဲ့  Mini-Tablet

Photo: ဆင်းကဒ်ထည့်သုံးလို့ရမယ့် Sony ရဲ့  Mini-Tablet
Tuesday, January 21, 2014

Sonxy Xepria Ultra လို့အမည်ပေးထားတဲ့ ၆.၄၄ လက်မ အရွယ် မီနီတေ့ဘလတ်ကို Sony တို့ ထုတ်လုပ် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းလိုလည်း အသုံးပြုလို့ရမယ့် ရေစိုခံ ကျောက်သင်ပုန်းကွန်ပြူတာ အမျိုး အစား ဖြစ်ပါတယ်။

Snapdragon 800 processor ကို အသုံးပြုပြီး RAM 2GB ပါဝင် ပါတယ်။ ဘက်ထရီက 3050 mAh ရှိပါတယ်။ GPS, Bluetooth 4.0 ပါဝင်ပြီး NFC, 4G/LTE connectivity တို့ ရရှိအုံးမှာ ဖြစ်ပါတယ်။ ရေစိုခံ အကြမ်းခံ Phablet ဖြစ်ပါတယ်။ Phablet လို့လည်း မဆိုထား ပါဘူး။ Min Tablet လို့အမည်ပေးထားပြီး ကျောက်သင်ပုန်း အငယ်စား အဖြစ် ထွက်ရှိလာမယ့် ပစ္စည်း ဖြစ်ပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိမယ်ဆိုတာ မကြေညာရသေးပါဘူး။ Xperia Z Ultra ကို လာမယ့် ဖေဖော်ဝါရီလ Mobile World Congress မှာ ဝင်ရောက်ပြသပြီး ၂၀၁၄ နှစ်လယ်မတိုင်မှီ ဈေးကွက် ဖြန့်ချိမယ့် Sony Tablet အသစ် ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Smart Pro Journal

RangonNewsDaily:: January . 21 .2014
Sonxy Xepria Ultra လို့အမည်ပေးထားတဲ့ ၆.၄၄ လက်မ အရွယ် မီနီတေ့ဘလတ်ကို Sony တို့ ထုတ်လုပ်
 ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းလိုလည်း အသုံးပြုလို့ရမယ့် ရေစိုခံ ကျောက်သင်ပုန်းကွန်ပြူတာ အမျိုး အစား ဖြစ်ပါတယ်။

" မျိုးကြီးနဲ့ သီချင်းသစ်တစ်ပုဒ် တွဲဆိုလိုက်သူ အောင်လ "

Photo: " မျိုးကြီးနဲ့ သီချင်းသစ်တစ်ပုဒ် တွဲဆိုလိုက်သူ အောင်လ "
Tuesday, January 21, 2014

အောင်လတို့ Reason အဖွဲ့က သူတို့ရဲ့ ဒုတိယ စီးရီး ‘ပင်လယ်ထဲက မြစ်များ’ ကို ၂ဝ၁၄ နှစ်ဆန်းမှာ ထွက်ရှိနိုင်အောင် ပြင်ဆင်နေတယ် လို့ သိရပါတယ်။ Reason ရဲ့ ဒုတိယ စီးရီးထဲမှာတော့ စီနီယာ ရော့ခ်ကာ တစ်ဦး ဖြစ်တဲ့ မျိုးကြီးနဲ့ အောင်လတို့ တွဲဆိုထားတဲ့ သီချင်း တစ်ပုဒ် ပါဝင်ပါတယ်။ မျိုးကြီးနဲ့ စုံတွဲ ဆိုဖြစ်ပုံကို အောင်လက ”အဲဒီ Title Song ‘ပင်လယ်ထဲက မြစ်များ’ သီချင်းက ကိုမျိုးကြီးနဲ့လည်း လိုက်တယ် ။အစ ကတော့ တစ်ယောက်တည်း ဆိုထားတာ။ အခုမှ ကိုမျိုးကြီးနဲ့ တွဲဆိုဖြစ်တာ။ 


ဒီသီချင်းက အချစ် သီချင်းလည်း မဟုတ်ဘူး။ သီချင်းကလည်းအကြမ်းစား။ ဟာမိုနီတွေလည်း အများကြီးပဲ။ ကိုမျိုးကြီးကို သွားပြတော့ သူကလည်း ကြိုက်တယ်။ ဒါပေမယ့် ကိုမျိုးကြီးက ဆိုပေးမယ်လို့တော့ ထင်မထားဘူး။ ဆိုပေးမယ် ဆိုတော့ ဝမ်းသာသွားတယ်။ ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သူတို့သီချင်းတွေနဲ့ ကြီးလာတာ။ 

အဲဒီလို လူကြီးတွေနဲ့ တွဲဆိုရတာ တအား ဝမ်းသာတယ်” လို့ အောင်လက ပြောပါတယ်။ အောင်လရဲ့ ဒုတိယ အခွေမှာတော့ သီချင်း ၁၃ ပုဒ် ပါမှာ ဖြစ်ပြီး သီချင်း တစ်ပုဒ်ချင်းစီမှာ ခုနစ်မိနစ်စာလောက် ရှိတဲ့ သီချင်းတွေလည်း ပါတာကြောင့် ၁၃ ပုဒ်နဲ့ပဲ ထည့်လိုက်တယ်လို့လည်း အောင်လက ပြောပါတယ်။

”အတိုဆုံး သီချင်းတောင် လေးမိနစ် ရှိတယ်။ ပြီးတော့ ဒီအခွေမှာ ပထမဆုံး Track ၊ ပင်လယ်ထဲက မြစ်များကို စဖွင့်လိုက်တာနဲ့ အရင်နဲ့ မတူဘဲ အံ့သြသွားအောင် လုပ်ထားတယ်။ ပြီးတော့ အရင် အခွေလောက် ပေါ့ပ်တွေ မပါဘူး။ ရော့ခ်တွေချည်းပဲ များမယ်” လို့ အောင်လ ပြောပါတယ်။
အောင်လရဲ့ ဒုတိယအခွေ ကာဗာကတော့ မြို့ပျက် ကြီးတစ်ခု ပုံသဏ္ဋာန်ကို ကြည့် လိုက်တာနဲ့ ဆွဲဆောင်မှု ရှိအောင် ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ရဲရဲ
Popular Journal

RangonNewsDaily:: January . 21 .2014
အောင်လတို့ Reason အဖွဲ့က သူတို့ရဲ့ ဒုတိယ စီးရီး ‘ပင်လယ်ထဲက မြစ်များ’ ကို ၂ဝ၁၄ နှစ်ဆန်းမှာ ထွက်
ရှိနိုင်အောင် ပြင်ဆင်နေတယ် လို့ သိရပါတယ်။ Reason ရဲ့ ဒုတိယ စီးရီးထဲမှာတော့ စီနီယာ ရော့ခ်ကာ တစ်
ဦး ဖြစ်တဲ့ မျိုးကြီးနဲ့ အောင်လတို့ တွဲဆိုထားတဲ့ သီချင်း တစ်ပုဒ် ပါဝင်ပါတယ်။

၂၀၁၅ မှာ ထွက်ရှိမယ့် အမြန်သွား လူမောင်းစက်ရုပ် Prosthesis

Photo: ၂၀၁၅ မှာ ထွက်ရှိမယ့် အမြန်သွား လူမောင်းစက်ရုပ် Prosthesis
Tuesday, January 21, 2014

Prosthesis လို့အမည်ပေးထားတဲ့ စက်ရုပ် ဖြစ်ပြီး ကနေဒါက အိုင်တီ ပညာရှင်၊ စက်ရုပ်ပညာရှင်တို့ ကြိုးစားဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။ 

ကမ္ဘာ့အမြန်ဆုံး သွားနိုင်မယ့် စက်ရုပ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ တစ်နာရီ ၁၉ မိုင်နှုန်းသွားနိုင်ပြီး မိုင်ပေါင်း ၁၀၀ လောက်ထိ မနားမနေ သွားနိုင်မှာ ဖြစ်ပါတယ်။ လစ်သီယမ် ဘက်ထရီက ကီလိုဝပ်အား ၂၃၀ အား စွမ်းအင် (မြင်းကောင်ရေအားဖြင့် ၃၀၀) ထုတ်လုပ်နိုင်ပြီး အပိုစွမ်းအင် ဖြည့် ဆည်းပေးမယ့် နည်းပညာတွေလည်း ပါဝင် အုံးမှာ ဖြစ်ပါတယ်။ 

စစ်တပ်သုံး တင့်ကား၊ မော်တော်ယာဉ်များကို အခြေခံလို့ ဒီဇိုင်းဆွဲ ဖန်တီး ထားတဲ့ စက်ရုပ် ဖြစ်ပါတယ်။ ခြေထောက် လေးချောင်းပါဝင်ပြီး အထဲမှာ ထိုင်ပြီး လူမောင်းနှင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ ယင်း အထဲက လူက စက်ရုပ်ကို ထိန်းချုပ်မောင်းနှင် ရမှာ ဖြစ်ပါတယ်။ စက်ရုပ်က ပေါင် ၇၇၀ လေးပြီး အမြင့် ၁၆ ပေ ရှိပါတယ်။ ဒီတော့ အရွယ်ကြီး စက်ရုပ် ပါပဲ။ Pacific Rim ရုပ်ရှင်ထဲကလို စက်ရုပ်တွေ တကယ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ 

လာမယ့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ Prosthesis လို့ အမည်ပေးထားတဲ့ ယင်းစက်ရုပ်ကို အပြီးသတ် ထုတ်လုပ်သွားနိုင်ဖို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
.
Ref: gizmag
အောင်ခမ်း ( www.innewsmyanmar.com )

RangonNewsDaily:: January . 21 .2014
Prosthesis လို့အမည်ပေးထားတဲ့ စက်ရုပ် ဖြစ်ပြီး ကနေဒါက အိုင်တီ ပညာရှင်၊ စက်ရုပ်ပညာရှင်တို့ ကြိုးစားဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။

ရှေးဟောင်းဘုရားများ ခွင့်ပြုချက်မရှိ ပြုပြင်က အရေးယူမည်

Photo: ရှေးဟောင်းဘုရားများ ခွင့်ပြုချက်မရှိ ပြုပြင်က အရေးယူမည်
Tuesday, January 21, 2014

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်း ဘုရားများ ပြုပြင်သူများကို စစ်ဆေး တွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း ယင်းဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းစေတီများကို ပြုပြင်မှုများ ပြုလုပ်လျက်ရှိပြီး ရှေးဟောင်း ပစ္စည်းများ တွေ့ရှိသည့်အခါမှသာ ဝန်ကြီးဌာနကို အကြောင်းကြားသည်ကို တွေ့ရှိ နေရသဖြင့် သတိပေး ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဖမ်းဆီး အရေးယူထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ စစ်ဆေးတွေ့ရှိရင် အရေးယူမယ်” ဟု ၎င်းက ပြောဆိုသည်။
ရှေးဟောင်း အမွေအနှစ်ဟု သတ်မှတ်ထားသော စေတီများကို ပြုပြင်ရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာနထံ ခွင့်ပြုချက် တင်ရမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိသော စေတီပုထိုးများ ကိုသာ ပြုပြင်ခွင့်ရမည် ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ထံမှ သိရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက ကာကွယ် စောင့်ရှောက်ထားသော အဆောက်အအုံများ၊ ယင်းအဆောက်အအုံ အတွင်းရှိ ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို တူးဖော်ခြင်း၊ ဖျက်ဆီးခြင်း၊ အသွင်ပျက်စေခြင်း၊ ရွှေ့ပြောင်းခြင်း ပြုလုပ်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနိမ့်ဆုံး ခြောက်လမှ အမြင့်ဆုံး သုံးနှစ်နှင့် ငွေဒဏ် အနိမ့်ဆုံးကျပ် ၅၀၀ မှ ကျပ် ၅၀၀၀ အထိ ချမှတ်နိုင်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာထားသည်။

The Voice Weekly

RangonNewsDaily:: January . 21 .2014
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်း
ဘုရားများ ပြုပြင်သူများကို စစ်ဆေး တွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း ယင်းဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

မိန်းမပျိုတို့ ဆေးခတ်မခံရအောင် နည်းလမ်းများ

Photo: မိန်းမပျိုတို့ ဆေးခတ်မခံရအောင် နည်းလမ်းများ
Tuesday, January 21, 2014

အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင် အောင် ဆောင်ရွက်သင့်တယ်ဆိုတာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။

(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများ ထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)

ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက် ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လို အချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက 
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါးအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

ဒေါက်တာတင့်ဆွေ ထံမှ ကချင်း ကောက်နုတ်တင်ပြသည်။

Source: MM Social Sky

RangonNewsDaily:: January . 21 .2014
အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင် အောင် ဆောင်ရွက်သင့်တယ်ဆို
တာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။

ဒုတိယရင်သွေး မီးဖွားပြီးတာနဲ့ စီးပွားရေးနဲ့အနုပညာ တွဲလုပ်ဖို့ စဉ်းစားထားတဲ့ ဇင်ဇင်ဇော်မြင့်

Photo: ဒုတိယရင်သွေး မီးဖွားပြီးတာနဲ့ စီးပွားရေးနဲ့အနုပညာ တွဲလုပ်ဖို့ စဉ်းစားထားတဲ့ ဇင်ဇင်ဇော်မြင့်
Tuesday, January 21, 2014

အနုပညာလောကထဲမှာ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း သိပ်မတွေ့ရတော့တဲ့ ဇင်ဇင်ဇော်မြင့်ကို ပွဲတစ်ခုမှာတွေ့ဆုံခိုက် သူမရဲ့ ဒုတိယရင်သွေးလေးအကြောင့် ခုလို မေးမြန်းကြည့်တဲ့အခါ ‘အခု အစ်မ ရင်သွေးလေးက ၃လရှိပြီ။ ဒုတိယ ကိုယ်ဝန်နဲ့က သိပ်နေမကောင်းတော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်ဘူး။

မမ စဉ်းစားထားတာကတော့ မမ၂ယောက်ယူမယ်။ အဲဒါကြောင့် ဒုတိယကိုယ်ဝန်ကို မွေးပြီးသွားရင်တော့ မမအနုပညာလုပ်ငန်းတွေပြန်လုပ်လို့ရပြီပေါ့။ မမကတော့ စီးပွားရေး ကြော်ငြာတွေပိုင်း လုပ်မယ။် ဓာတ်ပုံရိုက်မယ်။ ဗီဒီယိုကတော့ မမဇာတ်ကားတိုင်းကို မရိုက်ဘူး။ သေချာလေး ကိုယ်နဲ့လိုက်မဲ့ ဇာတ်ကိုရွေးရိုက်မယ်။ တစ်ကားဖြစ်ချင်ဖြစ်မယ်။ နှစ်ကား ဖြစ်ချင်ဖြစ်မယ်။

ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်တဲ့ ဇာတ်သာလျှင် ရွေးရိုက်ဖြစ်ပါမယ်။ နောက်ပြီး ကြော်ငြာတွေ ရိုက်ဖြစ်မယ်။ ဒီရင်သွေးလေးကိုတော့ သားလေးက ရှိနေပြီဆိုတော့ မိန်းကလေး လိုချင်တယ။် ဒါပေမဲ့ ဘာလေးပဲရရ ကျေနပ်ပါတယ်။ ဒုတိယရင်သွေးလေးအတွက် စိတ်ခံစားချက်က ပျော်ရွှင်ပါတယ်။ ဘုရား၊ တရားလဲလုပ်ချင်စိတ်တွေ ရှိလာတယ်။ ရင်သွေးလေးကိုတော့ မမ OG ဒေါ်ခင်သိန်းဝင်းနဲ့ အပ်ထားတယ်။ သူနဲ့ပဲပြဖြစ်တယ်။

အဓိက ကျန်းမာရေးက နားနားနေနေ နေရမှာဆိုတော့ ဘာမှမလုပ်ပဲနဲ့ နားဖြစ်တာပါ။ ပန်းလှိုင်ဆေးရုံမှာပဲ မွေးမှာပါ။ ဒုတိယ ကိုယ်ဝန်ဆိုတော့ ကိုယ်လိုချင်တာလေး ရမှာလားဆိုပြီး ကျေနပ်နေမိတယ်။ အမျိုးသားကလဲ မိန်းကလေးပဲ လိုချင်တာလေ။ နောက်ပိုင်းမှာ စီးပွားရေးရော၊ အနုပညာရော တွဲလုပ်ဖို့စဉ်းစားထားပါတယ်’လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

RangonNewsDaily:: January . 21 .2014
အနုပညာလောကထဲမှာ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း သိပ်မတွေ့ရတော့တဲ့ ဇင်ဇင်ဇော်မြင့်ကို ပွဲတစ်ခုမှာတွေ့ဆုံခိုက် သူမရဲ့ ဒုတိယရင်သွေးလေးအကြောင့် ခုလို မေးမြန်းကြည့်တဲ့အခါ ‘အခု အစ်မ ရင်သွေးလေးက ၃လရှိပြီ။ ဒုတိယ ကိုယ်ဝန်နဲ့က သိပ်နေမကောင်းတော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်ဘူး။

ဟိမဝန္တာဘက်ခြမ်းမှ ရွေ့လျား မိုးတိမ်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း မိုးရွာသွန်းမည်

RangonNewsDaily:: January . 21 .2014
ဟိမဝန္တာ တောင်တန်းများ၏ အရှေ့ဘက်ခြမ်းမှ ရွေ့လျား ဝင်ရောက်လာသော လေအေးများနှင့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့တွင် ယခု ရက်ပိုင်းအတွင်း မိုးရွာသွန်းမည်ဖြစ် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

ပါရမီယာဉ်လိုင်း (၁၇၄) မှ ယာဉ်နောက်လိုက် ခရီးသည်ကို သံပိုက်ဖြင့်ရိုက်

RangonNewsDaily:: January . 21 .2014
ဒဂုံမြို့သစ်(မြောက်ပိုင်း) မှ ရန်ကုန်မြို့တော် တစ်ပတ်ပတ်ကာ ဒဂုံမြို့သစ် (မြောက်ပိုင်း) ဂိတ်ရင်းသို့ ပြေးဆွဲနေသော ပါရမီယာဉ် (၁၇၄) ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီခန့်က စီးနင်းလိုက်ပါလာသူကို ယာဉ်နောက်လိုက်က တွန်းချရာမှ စကားများကြပြီး ခရီးသည်တစ်ဦးကို ယာဉ်နောက်လိုက်က သံပိုက်ဖြင့် ရိုက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်မြသွင်က The Voice သို့ ပြောကြားသည်။

စီးပွားရေး အဆင်မပြေမှုကြောင့် အမျိုးသမီးများ ဆံပင်ဖြတ်ရောင်းမှု ဧရာဝတီတိုင်းတွင် များလာ

RangonNewsDaily:: January . 21 .2014
ဧရာဝတီ တိုင်းဒေသကြီး၌ အမျိုးသမီးအ များစုမှာ မိသားစုစီးပွားရေးအ ဆင်မပြေသောကြောင့် ဆံပင် ဖြတ်ရောင်းသူ ပိုမိုများလာ ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိဆံပင်အ၀ယ် ဒိုင်များမှ သိရသည်။ မြန်မာနိုင်ငံမှ ဆံပင်အ ရှည်များကို ပြည်တွင်းအလှပြင် လုပ်ငန်း များ၊ ပြည် တွင်း အနုပညာ လုပ်ငန်းများနှင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီး ယား နိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီကြီးများက အဓိက၀ယ်ယူအသုံးပြုနေကြ ကြောင်း ဆံပင်ဈေး ကွက် မှ သိ ရသည်။

ဆီးရီးယားအကျပ်အတည်း ကုလသမဂ္ဂမှ ဂျီနီဗာဆွေးနွေးပွဲအတွက် အီရန်အား ဖိတ်ခေါ်ထားမှုကို ရုတ်သိမ်း

Photo: ဆီးရီးယားအကျပ်အတည်း ကုလသမဂ္ဂမှ ဂျီနီဗာဆွေးနွေးပွဲအတွက် အီရန်အား ဖိတ်ခေါ်ထားမှုကို ရုတ်သိမ်း
Tuesday, January 21, 2014

ဆီးရီးယားအကျပ်အတည်းအပေါ်တွင် ဆွေးနွေးကြမည့် ယခုအပတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အီရန်အား ဖိတ်ခေါ်ထားမှုကို ကုလသမဂ္ဂမှ ပြန်လည် ရုတ်သိမ်းလိုက်သည်။ ကုလမှ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်စကီးမှ ဆွေးနွေးပွဲ၏ အခြေခံဖြစ်သည့် ဆီးရီးယား အကူးအပြောင်းကာလ အစိုးရအကြောင်း ဆွေးနွေးမှုကို ထောက်ခံရန် ပျက်ကွက်မှုအတွက် တီဟီရန်အား ဝေဖန်ခဲ့သည်။

ဆီးရီးယန်းအုပ်ချုပ်မှု၏ အဓိကမဟာမိတ် အီရန်အား ဖိတ်ကြားမှုအတွက် အမေရိကန်နှင့် ဆီးရီးယား အတိုက်အခံများအား ထောက်ခံသည့် အနောက်နိုင်ငံများကို စိတ်ဆိုးစေခဲ့သည်။ လာမည့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် သုံးနှစ်ကြာ ပဋိပက္ခများအတွက် အကြီးမားဆုံး သံတမန်ရေးရာ ကြိုးပမ်းမှု တစ်ခုဖြစ်သည်။ စစ်ပွဲအတွင်း လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြရသည်။

ဆွစ်ဇာလန်နိုင်ငံ မွန်တာရက်မြို့တွင် ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆီးရီးယား အစိုးရနှင့် အဓိကကျသော ပြည်ပြေး အတိုက်အခံအုပ်စု အမျိုးသား မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များ စေလွှတ်ရမည်ဖြစ်သည်။ အီရန်မှ ဖိတ်ကြားမှုကို ပယ်ဖျက်ခြင်း မပြုလျှင် အမျိုးသားမဟာမိတ်အဖွဲ့မှ ဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌  ၎င်းတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မာတင်နက်စကီးမှ ဆွေးနွေးပွဲသည် အီရန်ပါဝင်မှု မရှိဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖိတ်ကြားထားခြင်း အား ပယ်ဖျက်မှုသည် မှန်ကန်သော လုပ်ဆောင်မှုဖြစ်ကြောင်း အမျိုးသားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်မှ BBC သို့ ပြောဆို ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုချုပ် မစ္စတာဘန်ကီမွန်းနှင့် အီရန်အဆင့်မြင့် အရာရှိများ သီးသန့်ဆွေးနွေးမှုတွင် အီရန်မှ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်ကို နားလည်ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ၎င်းတို့အား ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း မစ္စတာနက်စကီးမှ ဆိုသည်။ သို့ရာတွင် ဆွေးနွေးပွဲ တက်ရောက်မှုအတွင်း မည်သည့် အခြေအနေ ကန့်သတ်မှုမျိုးကိုမှ လက်ခံသွားမည် မဟုတ်ကြောင်း အီရန်မှ တနင်္လာနေ့က ကြေငြာချက်အချို့ ထုတ်ပြန်ခဲ့သည်။ အီရန်အနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မှု ရှိခြင်း၊ မရှိခြင်းမှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

အမေရိကန် အရာရှိများမှ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကို ဦးတည်ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဖိတ်ကြားမှုအား ရုတ်သိမ်းခြင်း အပေါ်တွင် ပြောဆိုသွားခဲ့သည်။

၎င်းအခြေအနေများအတွင်း ဆီးရီးယားအစိုးရသည် ထိန်းသိမ်းထားသူများအား နှိပ်စက် ညှင်းပန်း၊ သတ်ဖြတ်လျက်ရှိကြောင်း CNN နှင့် ဂါးဒီးယန်းသတင်းစာများမှ သတင်းပေးပို့ခဲ့ကြသည်။ ဘက်ပြောင်းလာသည့် စစ်ရဲဓာတ်ပုံဆရာအဖြစ် အမှုထမ်းခဲ့သူထံမှ ရရှိသော ဓာတ်ပုံပေါင်း ငါးသောင်းငါးထောင်ကျော်တွင် အနည်းဆုံး လူပေါင်း တစ်သောင်းတစ်ထောင်ကျော်သည် ကြမ်းတမ်းစွာ နှိပ်စက်ခံခဲ့ရသည်ဟု ပြသနေကြောင်း CNN မှ သတင်းအချက်အလက်များအရ သိရှိရသည်။

ဆွေးနွေးပွဲကျင်းပမည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည့် ကာတာနိုင်ငံမှ ထောက်ပံ့မှု ရရှိထားသည့် အစီရင်ခံစာနှင့် သက်သေခံများ ယုံကြည်စိတ်ချနိုင်ရန် အသေးစိတ်စစ်ဆေး ကြည့်ရှုသင့်ကြောင့် ဂါးဒီးယန်းသတင်းစာမှ အကြံပြုထားသည်။

လပေါင်များစွာ ပြင်ဆင်လာခဲ့ရသည့် ဆွေးနွေးပွဲသည် သံတမန်ရေးရာ အထွတ်အထိပ် ဖြစ်လာလျှက်ရှိသည်။ အမျိုးသား မဟာမိတ်အဖွဲ့မှ အကူးအပြောင်းကာလ အစိုးရတွင် လက်ရှိသမ္မတ ဘာရှားအယ်လ်အာဆတ် ပါဝင်ရမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားသည်။ မစ္စတာ အာဆတ်မှလည်း အမျိုးသား မဟာမိတ်အဖွဲ့အနေဖြင့် အစိုးရသစ်အတွင်း ဝန်ကြီးနေရာများ ရရှိရန်မှ လုံးဝမဖြစ်နိုင်ကြောင်း တနင်္လာနေ့က အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

မြန်မာ့ခေတ်

RangonNewsDaily:: January . 21 .2014
ဆီးရီးယားအကျပ်အတည်းအပေါ်တွင် ဆွေးနွေးကြမည့် ယခုအပတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အီရန်အား ဖိတ်ခေါ်ထားမှုကို ကုလသမဂ္ဂမှ ပြန်လည် ရုတ်သိမ်းလိုက်သည်။ ကုလမှ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်
စကီးမှ ဆွေးနွေးပွဲ၏ အခြေခံဖြစ်သည့် ဆီးရီးယား အကူးအပြောင်းကာလ အစိုးရအကြောင်း ဆွေးနွေးမှုကို
 ထောက်ခံရန် ပျက်ကွက်မှုအတွက် တီဟီရန်အား ဝေဖန်ခဲ့သည်။

လှိုင်သာယာရှိ ကျူးကျော်တဲများအား ဖျက်သိမ်း

Photo: လှိုင်သာယာရှိ ကျူးကျော်တဲများအား ဖျက်သိမ်း
Tuesday, January 21, 2014 

လှိုင်သာယာ ချောင်းနံဘေးတွင် အပိုင်း(၃)ပိုင်းခွဲခြားကာ ကျူးကျော်နေထိုင်သော တဲပေါင်း(၄၅၀၀)ဝန်းကျင်ရှိ ကျူးကျော်တဲများမှ အမှတ်(၁၉)ရပ်ကွက်ရှိ ကျူးကျော်တဲများကို အဖွဲ့အစည်း(၇)ဖွဲ့သည် ဇန်နဝါရီ ၂၁ရက် နံနက်(၃း၁၅)မိနစ်တွင် လာရောက်ဖြတ်သိမ်းသွားသည်။

အမှတ်(၁၉)ရပ်ကွက်ရှိ ကျူးကျော်တဲများအား စည်ပင်၊ ရဲ၊ စွမ်းအားရှင်၊ မီးသတ်၊ ရပ်ကွက်လူကြီး၊ သစ်တောဦးစီးဌာနတို့က လာရောက်ဖြတ်သိမ်းခဲ့ပြီး အမှတ်(၁၅)ရပ်ကွက်နှင့် ရွှေလင်ဗန်းရှိ ကျူးကျော်တဲများကိုလည်း ထပ်မှန်ဖြတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၁၅)ရပ်ကွက် ကျူးကျော်တဲတွင် နေထိုင်သော ကိုကျော်လင်းဦးက “ကျွန်တော်တို့ကို ၁၆ရက်နေ့က စပြီးတော့ ၂ရက်ခြား လာပြီးတော့ကြော်ကြာစာတွေ ပေးသွားပါတယ်။  ၁၉ရက်နေ့မှာတော့ အပြီးသတ် ပြောင်းပေးရမယ်လို့ ပြောပါတယ် ကျွန်တော်တို့ကတော့ သူတို့လာပြီးတော့ တဲတွေကို ဖြတ်သိမ်းမယ်ဆိုလည်း ဘာမှာတော့ ပြန်မလုပ်ပါဘူး ဒီတိုင်းထိုင်နေမှာပါ ဒါပေမဲ့ အိမ်ကိုတော့ သယ်သွားခွင့် မပေးနိုင်ဘူး ဒါကိုတော့ဘယ်လိုမှကို လက်မခံနိုင်ပါဘူး”ဟု ပြောသည်။

အမှတ်(၁၉)ရပ်ကွက်တွင် ကျူးကျော်တဲပေါင်း(၃၀၀)ကျော်ရှိပြီး အမှတ်(၁၅)ရပ်ကွက်၌ ကျူးကျော်တဲ(၁၅၀၀)ဝန်းကျင်နှင့် ရွှေလင်ဗန်းရှိ ကျူးကျော်တဲများမှာ (၂၀၀၀)ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်ရှိ ဌာနဆိုင်ရာများအား  သွားရောက်မေးမြန်းသော်လည်း ဖြေကြားပေးခြင်း မရှိကြပေ။

ချစ်မင်းထွန်း

မြန်မာ့ခေတ်

RangonNewsDaily:: January . 21 .2014
လှိုင်သာယာ ချောင်းနံဘေးတွင် အပိုင်း(၃)ပိုင်းခွဲခြားကာ ကျူးကျော်နေထိုင်သော တဲပေါင်း(၄၅၀၀)ဝန်းကျင်
ရှိ ကျူးကျော်တဲများမှ အမှတ်(၁၉)ရပ်ကွက်ရှိ ကျူးကျော်တဲများကို အဖွဲ့အစည်း(၇)ဖွဲ့သည် ဇန်နဝါရီ ၂၁ရက် နံ
နက်(၃း၁၅)မိနစ်တွင် လာရောက်ဖြတ်သိမ်းသွားသည်။

ဆေးခြောက်သုံးခြင်းသည် အရက်သောက်ခြင်းလောက် အန္တရာယ်မရှိနိုင်ဟု အိုဘားမားဆို

Photo: ဆေးခြောက်သုံးခြင်းသည် အရက်သောက်ခြင်းလောက် အန္တရာယ်မရှိနိုင်ဟု အိုဘားမားဆို
Tuesday, January 21, 2014 

အိုဘားမားက အရက်သောက်ခြင်းသည် ဆေးခြောက်ထက် ပိုမို၍ ကျန်းမာရေးကဏ္ဍကို ခြိမ်းခြောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ဆေးခြောက်၏ အန္တရာယ် ကြီးမားမှုကို အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ဆိုသော သဘောမျိုး မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။ အိုဘားမားက အရက်သောက်ခြင်းသည် ဆေးခြောက်ထက် ပိုမို၍ ကျန်းမာရေးကဏ္ဍကို ခြိမ်းခြောက်နိုင်ကြောင်း ပြောကြားခဲ့သည်။ နယူးယော့ခ် မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် အိုဘားမားက ဆေးခြောက်၏ အန္တရာယ် ကြီးမားမှုကို အလွန်အကျွံ ယူဆထားခြင်း မရှိသော်လည်း ပြည်နယ်အချို့တွင် ဆေးခြောက် တရားဝင် ရောင်းချခွင့် ပေးလိုက်မှုအပေါ်တွင်မူ ဆိုးရွားသော စိတ်ကူးတစ်ခုဟု ဝန်ခံခဲ့သည်။ ၎င်းက ဆေးခြောက်ဝယ်ယူခွင့် တရားဝင် သတ်မှတ်ပေးလိုက်ခြင်းသည် လူမှုရေး ပြဿနာ အများအပြားကို ဖြေရှင်းနိုင်မည့် ကုထုံးတစ်ရပ်ဟု ယူဆခြင်းမှာ မှားယွင်းကြောင်း သတိပေးခဲ့သည်။


အမေရိကန်တွင် မကြာသေးမီက ကော်လိုရာဒိုနှင့် ဝါရှင်တန် ပြည်နယ်များ၌ ဆေးခြောက်ကို တရားဝင် ဝယ်ယူခွင့် ပြုပေးလိုက်ပြီ ဖြစ်သည်။ အိုဘားမားက မိမိသည် ငယ်စဉ်က ဆေးခြောက် သုံးဖူးကြောင်းလည်း ဝန်ခံထားခဲ့သည်။ "ကျွန်တော် ချာတိတ်တုန်းက ဆေးခြောက်သုံးခဲ့ဖူးတယ်။  ဒါဟာ အကျင့်ဆိုး တစ်ခုအနေနဲ့တော့ ကျွန်တော် မြင်မိပါတယ်။ အဲဒီတုန်းကတော့ စီးကရက်သောက်တာနဲ့ မကွာလှဘူးလို့ပဲ ယူဆခဲ့တယ်"ဟု အိုဘားမားက ဆိုသည်။ ၎င်းက ဆေးခြောက်၏ အန္တရာယ်အပေါ် မေးမြန်းမှုကိုမူ "ကျွန်တော်ကတော့ အရက်သောက်နေကြတာထက် ပိုဆိုးမယ်လို့ မထင်ဘူး"ဟု ဖြေကြားခဲ့သည်။

၎င်းက ဆေးခြောက်မှုများတွင် ဆင်းရဲသော အာဖရိကနှင့် လက်တင်နွယ်ဖွား အမေရိကန်များသာ အဓိက ပြစ်ဒဏ်ပေးခံနေရပြီး လူလတ်တန်းစားများတွင် ဆေးခြောက် သုံးစွဲသည့်အခါ ပြင်းထန်သော ပြစ်ဒဏ်မျိုးမှ ကင်းလွတ်နေလေ့ရှိကြောင်းလည်း ထောက်ပြခဲ့သည်။ "လူ့အဖွဲ့အစည်းမှာ ဒီလို ကြီးမားတဲ့ ခြားနားချက်မျိုး ရှိမနေသင့်ပါဘူး။ ဥပဒေတစ်ခု သတ်မှတ်ထားပြီဆိုရင် ဒါကို ချိုးဖောက်ကြတဲ့ထဲကမှ လူနည်းစုကို ရွေးချယ်ပြီး စီရင်အပြစ်ပေးတာမျိုး မဖြစ်သင့်ဘူး"ဟု သမ္မတက ဆိုသည်။ ကော်လိုရာဒို ဥပဒေသည် ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်အကျုံးဝင်လာပြီး ဝါရှင်တန်ပြည်နယ်ကမူ ယခုနှစ်ကုန်ပိုင်းတွင် ဆေးခြောက် ရောင်းချမှုကို တရားဝင် စတင်ခွင့်ပြုနိုင်ဖွယ် ရှိနေကြောင်း သိရသည်။ 

Planet Myanmar Network

RangonNewsDaily:: January . 21 .2014
အိုဘားမားက အရက်သောက်ခြင်းသည် ဆေးခြောက်ထက် ပိုမို၍ ကျန်းမာရေးကဏ္ဍကို ခြိမ်းခြောက်နိုင်
ကြောင်း ပြောကြားခဲ့သည်။

ရင့်ကျက်မှုတွေ တည်ငြိမ်မှုတွေနဲ့ ဘဝကို ထူထောင်ရမယ် အေးမြတ်သူ

Photo: ရင့်ကျက်မှုတွေ တည်ငြိမ်မှုတွေနဲ့ ဘဝကို ထူထောင်ရမယ် အေးမြတ်သူ
Monday, January 20, 2014

ရင့်ကျက်မှုတွေ တည်ငြိမ်မှုတွေနဲ့ ဘဝကို ထူထောင်ရမယ် အေးမြတ်သူ အသက်ရလာတဲ့ အခါမှာ သိ လာတာတွေ က အများကြီးပဲ။ ပြော ပြလို့ကုန် မှာတောင် မဟုတ်ဘူး။ ရှင်း ပြလည်း စာအုပ်တစ်အုပ်စာ အထူ ကြီးပဲဖြစ်လိမ့်မယ်။ အသက်ကြီးလာ ရင် အရာရာကို အကောင်းမြင်တတ် လာတယ်။ အရာရာကို စဉ်းစားတွေး ခေါ်တတ်လာတယ်။ တစ်ဖက်လူကို ပါ ကိုယ်ချင်းစာ တရားပေးတတ်လာ တယ်။ အရင်က ကိုယ့်ဘက် အမြင် ပဲကိုယ်ကြည့်တယ်။

အသက် (၂၃၊ ၂၄) နှစ် ရောက် လာတော့ တစ်ဖက် သူကိုပြန်ပြီးနား လည်ပေးတတ်လာ တယ် အကောင်းမြင်လာတယ်။ အဲဒီတော့ အလုပ်မှာ ပိုပြီးအဆင် ပြေလာတယ်။ အလုပ်ကို ပိုပြီးတော့ အလေးအနက် ထားလာတယ်။ ဘဝ ဆိုတာကို သိလာတယ်။ အလှတွေ ထက်စာရင်ဘဝက ဘဝပဲ။ ဘဝဆို တာရင့်ကျက်မှု ဆိုတာရှိတယ်။ ဘဝ ထဲမှာအလှက ပါပေမယ့် အရင်ကလို ၁၀ဝ ရာခိုင်နှုန်းလောက်တော့ အရေးမကြီးတော့ဘူး။ ဘဝမှာရင့် ကျက်မှုတွေ၊ တည်ငြိမ်မှုတွေနဲ့ ဘဝ ဆိုတာကို ထူထောင်ရမယ်။ ဘဝကို အလှနဲ့ထူထောင်လို့ မရဘူး။ အလှ ဆိုတာ ကြာလာရင် ယိုယွင်းပျက်စီး လာတာတွေရှိတယ်။အသက်တွေ ရွေ့ရင်း အချိန်တွေအများကြီးရွေ့ နေရင်းပဲ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင် နေပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြုပြင် ပြောင်းလဲနေတယ်။ အကောင်းကြီး တော့ မဟုတ်ပါဘူး။ လူဆိုတာ အ ကောင်းကြီးမဖြစ်နိုင်ဘူး အဆိုးဆုံး မဖြစ်အောင်တော့နေတယ်။ အချိန် ပြောင်းသရွေ့ကိုယ့်ကိုယ်ကိုယ်ပြုပြင် ချင်သေးတယ်။ အကုန်လုံးပြောင်း ဖို့မဖြစ်နိုင်သေးဘူး။ လူဆိုတာ အတ္တရှိသေးတယ်။ လောဘရှိသေး တယ်။ ဘယ်လိုပဲ သူများဘက်စဉ်း စားပေးတယ်ပြောပြော ငါ့ပစ္စည်း၊ ငါ့အလုပ်ဆိုတဲ့ စိတ်လေးတော့ရှိ သေးတယ်။ အဲဒါတွေရှိမှလည်း လူ ဆိုတာတိုးတက်တယ်။

8 Days
မြ၀တီ

RangonNewsDaily:: January . 19 .2014
ရင့်ကျက်မှုတွေ တည်ငြိမ်မှုတွေနဲ့ ဘဝကို ထူထောင်ရမယ် အေးမြတ်သူ အသက်ရလာတဲ့ အခါမှာ သိ လာတာတွေ က အများကြီးပဲ။ ပြော ပြလို့ကုန် မှာတောင် မဟုတ်ဘူး။