Pages

Saturday, January 18, 2014

အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ကရင်ပြည်နယ် ဘားအံမြို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်

Photo: အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်
Saturday, January 18, 2014

၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလို်က်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းမှာ ထောင်ဂဏန်းရှိမယ့် ပရိတ်သတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။

“ကျမတို့အတွက် စကားပြောသွားတဲ့ အဲလူ ၃ ယောက်စလုံးဟာ ပြည်သူတွေကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်၊ ကျမက စိန်ခေါ်ရဲပါတယ်၊ ကျမတို့ဟာ ပြည်သူလူထုရှေ့မှာတက်ပြီးတော့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်လဲ၊ ဘယ်လိုကိစ္စတွေကို ပြင်ချင်သလဲဆိုတာကို ကျမပြောရဲတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျမတို့နည်းတူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်လဲ ဘာလို့မပြင်ချင်ဘူးလဲဆိုတာ ပြောရဲသလားလို့ ကျမမေးချင်ပါတယ်”

ဒါ့အပြင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်တာလည်းဆိုတာ မေးမြန်းခွင့်ရှိကြောင်း တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ ဒေသခံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

လွှတ်တော်ကဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၁၀၉ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက လက်ခံရရှိထားတဲ့ အကြံပြုချက်တွေကို ဒီလကုန်မှာ လွှတ်တော်ထံတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA

RangonNewsDaily:: January . 18 .2014
၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရ
မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလို်က်ပါတယ်။

ဘန်ကောက်မြို့ ပိတ်ဆို့ရေး ၆ ရက်မြောက် ဆက်လက်ဆန္ဒပြ

Photo: ဘန်ကောက်မြို့ ပိတ်ဆို့ရေး ၆ ရက်မြောက် ဆက်လက်ဆန္ဒပြ
Saturday, January 18, 2014

မနေ့က ဘန်ကောက်မြို့ဗုန်းပေါက်ကွဲမှုမှာ လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပေမယ့် ထိုင်းဆန္ဒပြသူတွေကတော့ ဘန်ကောက်မြို့ပိတ်ဆို့ရေး အစီအစဉ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ စနေနေ့မှာလည်း ဆက်လက်ဖော်ဆောင်နေကြပါတယ်။

ဗုန်းပေါက်ကွဲမှုကြောင့် ဆန္ဒပြသူတဦးသေဆုံးတယ်လို့ စနေနေ့အစောပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဇန်န၀ါရီလ ၁၇ ရက်နေ့က ချူလာလောင်ကောင် တက္ကသိုလ်အနီးမှာ ချီတက်ဆန္ဒပြ လူအုပ်ထဲကို ဗုံးတလုံး ပစ်ထည့်ခဲ့လို့ အနည်းဆုံး လူ ၃၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုအတွက် ဆန္ဒပြသူတွေက အစိုးရကို အပြစ်တင်ကြပြီး သူတို့ရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေကို ဘယ်အရာနဲ့မှ ရပ်တန့်လို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူတစ် သောင်ဆူဘန်က တိုက်ခိုက်မှုနောက်ကွယ်မှာ အစိုးရရှိတယ်လို့ စွပ်စွဲခဲ့ပြီး ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေရဲ့စိတ်ဓါတ်ကို ဘာနဲ့မှ ရိုက်ချိုးလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ ဆူတစ်ခေါင်းဆောင်မှုနဲ့ ဘန်ကောက်မြို့ ပိတ်ဆို့ရေး အစီအစဉ်ဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့ကတည်းက စတင်နေတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ဆန္ဒပြပွဲအရှိန်ကို မြင့်တက်လာဖို့ မသေချာသေးပေမယ့် ထိုင်းစစ်တပ်က ၀င်ရောက်ထိန်းသိမ်းစေဖို့ အခြေအနေကတော့ ဖြစ်လာစေပါတယ်။

ဗုန်းပေါက်ကွဲမှု နောက်ကွယ်က တာဝန်ရှိသူတွေကိုတော့ ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။

ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ယင်လပ်ကို အဂတိလိုက်စားမှုတွေအတွက် စွပ်စွဲထားပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ ရာထူးကဆင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတာပါ။

၂၀၁၀ ခုနှစ်က စစ်တပ်က ဖြိုခွင်းခဲ့လို့ လူအယောက် ၉၀ ကျော် သေဆုံးခဲ့တဲ့ သပ်ဆင်ထောက်ခံရေး ဆန္ဒပြပွဲတွေနောက်ပိုင်း အကြီးကျယ်ဆုံး လူထုဆန္ဒပြပွဲတွေ ဘန်ကောက်မြို့မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

DVB

RangonNewsDaily:: January . 18 .2014
မနေ့က ဘန်ကောက်မြို့ဗုန်းပေါက်ကွဲမှုမှာ လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပေမယ့် ထိုင်းဆန္ဒပြသူတွေကတော့
ဘန်ကောက်မြို့ပိတ်ဆို့ရေး အစီအစဉ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ စနေနေ့မှာလည်း ဆက်လက်ဖော်ဆောင်နေကြပါတယ်။

နူးညံ့သောချစ်ခြင်းများဖြင့် ပျော်ဝင်သော

Photo: နူးညံ့သောချစ်ခြင်းများဖြင့် ပျော်ဝင်သော 
Saturday, January 18, 2014

သဲသောင်ပြင်ရဲ့အလှ၊ ဖြတ်တိုက်သွားသော လေနုအေးရဲ့ သဘာဝအစွမ်းတွေက ကျွန်မရင်ကို တီးတိုးရိုက်ခတ်စေပါတယ်။ တူနှစ်ကိုယ် ချစ်ခွန်းဆိုကြတဲ့ ဒီနေရာလေးက အရင်လို ကြည့်ကောင်းနေဆဲ၊ ဖော်ရွေနေဆဲပင်။ သို့သော် ကျွန်မဖြတ်သန်းနေရတဲ့ အမြင်အာရုံနဲ့ နောက်ပြန်ဆွဲစိတ်၏စေရာတွေက ချိုတလှည့်၊ ခါးတလှည့်။ မောင့်ရဲ့အချစ်က ကျွန်မကိုအနိုင်ပိုင်းရုံသက်သက်ဆိုတာသာ အချိန်ခပ်စောစောက သိခဲ့လျှင် ကျွန်မမောင့်ကို အတိုင်းအတာတခုထက်ပိုလွန်စွာခံစားမိလိမ့်မည်မဟုတ်သည်ကတော့ သေချာနေသည်။

အင်မတန်ချစ်စရာကောင်းသော မောင့်မျက်နှာသွင်ပြင်၊ ကလေးငယ်တယောက်၏အပြစ်ကင်းစင်သောအပြုံးတချို့တ၀က်နှင့် သံသာသာချစ်စကားလေးများက မိကို ချိုသာစေ၊ ရင်ခုန်စေသည်။ " မိ " အတွက် ယခုလို လျှပ်တပြက် လှည့်စားရင်း အလဲထိုးခံလိုက်ရသော အချိန်အတိုင်းအတာတိုလေးက ဖြေမဆည်နိုင်စရာရင်နင့်ဖွယ် အဖြစ်အပျက်တခုလို။ အသုံးချခံဖြစ်ခဲ့ရသော မာယာစတေးမှုတခုအတွက် လှိုင်းလုံးကြီးများကဲ့သို့ သေလုအောင် လွင့်ပါးမျောလွင့်လိုက်ချင်သည့်စိတ်များက အလုံးအရင်းထိုးထွက်လာလေပြီ။ မောင်နှင့်ပျော်ရွှင်ခဲ့ရသောနေ့ရက်များထက် ပူလောင်ပြင်းရှသော ကျဆုံးမှုများခေါ်ဆောင်ရာ အားငယ်သူအတွေးဖြင့် ထိုးနှက်ခြင်းကို မရပ်မနားခံစားလိုက်ရခြင်းက မတန်မရာ။

အချိန်တွေက ကုစားသွားပါလိမ့်မယ်
ဒီစကားက ကျွန်မကိုးကွယ်ရမလား၊ ယုံကြည်ရမလားမသိသေးပေမဲ့ ရှိသမျှအားအင်တွေကုန်လုအောင် ငိုယိုရင်းတမ်းတချင်နေသည်ကတော့ အမှန်တကယ်ပင်။ မထူးတော့သောအခြေအနေများအတွက် ငိုနေရုံဖြင့် ပြန်ကောင်းရိုးထုံးစံသာရှိခဲ့လျှင် မျက်ရည်များကခွန်အားတခုဖြစ်ချင်ဖြစ်လာပေအုံးမည်။
အတွေးများရစ်ဝဲနေစဉ် မိမျက်ဝန်းတွင်မှာမြင်ယောင်လာတာကပျော်ရွှင်နေကြသော ပုံရိပ်နှစ်ခု။ လိုက်ဖက်ညီလှသော ကျားမစုံတွဲက ငယ်နှင့်မိချစ်ရသောမောင်။
ငယ် မင်းကငါ့ဘ၀အတွက် မရှိသင့်သော အကောင်းဆုံးမိန်းကလေးသူငယ်ချင်းပါပဲ….။

မောင်နှင့်ဇာတ်လမ်းစတင်ခဲ့ခြင်းသည်ကလည်း ငယ့်မိတ်ဆက်ပေးမှုကြောင့်ဟုပြောလျှင်မှားမည်မထင်။ မိနှင့်ငယ်တို့ဆီတို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သောမောင်က မိန်းမနှစ်ဦးလုံးအတွက် အရေးပါအရာရောက်သော ပတ်သက်ခွင့်ရအမျိုးသားတဦးဖြစ်လာခဲ့သည်ကတော့အသေအချာပင်။ 

မောင်နှင့်ချစ်သူတွေဖြစ်ခဲ့ကြသလို ယခုငယ်နှင့်မောင်က အချစ်ဆုံးချစ်သူတွေတဲ့။ မောင်ရဲ့အတွယ်အတာဆုံးက မိကလွဲအခြားမရှိဆိုသောစကားက ငယ့်အတွက်ယခု အကျုံးဝင်နေပြန်သည်တဲ့။ တူနှစ်ကိုယ်ဘ၀ကိုထူထောင်ရန်ဟူသော ကတိစကားများဖြင့် မောင့်လုပ်ငန်းကြိုးစားမှုအတွက် မိစုဆောင်းထားသော ရွှေရောင်ငွေရောင်များက လက်စလက်နမျှမကျန်တော့လေအောင် စုံးစုံးမြုပ်ခဲ့ရပြီ။ 

မည်သို့ပင်စိတ်ပင်ပန်းမှုများဖြင့် ရှိနေသည့်တိုင် မောင့်စကားသံ၊ မောင့်အပြုအမူများက မိအတွက်တော့ အနာဂါတ်အတွက်အားဆေးတခွက်ပင်။ ငယ်နှင့်တွဲသွားတွဲလာသတင်းတွေ ဘယ်သို့ကြားကြား မိပူလောင်ခဲ့သော်ရှိ မောင်၏ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ခိုင်လုံမှုများကို သက်သေအဖြစ်ထူရင်း မောင့်ကိုမုန်းဖို့ထက် ငယ့်ကိုရွံ့မုန်းလာခဲ့ရခြင်းသာ အဖတ်တင်ခဲ့ရသည်လေ။
ယခုလို ပြတ်သားသောမောင့်ဆုံးဖြတ်ချက်တခုအတွက် မိမှာတောင်းပန်တိုးလျှိုးမှုအတိုင်းအတာတခုလွန်မြောက်ချိန်မှာတော့ အခြေအနေတခုကိုလက်ခံလိုက်ရုံသာ။ မိနှင့်မောင် လမ်းခွဲကြလေပြီလေ….။

အခန်းတွင်းသို့ တံခါးခေါက်သံနှင့်အတူဝင်လာသူက အမေကြည်…

"သမီးရယ်… အချစ်အတွက်ခံစားနေရတဲ့ ပူဆွေးဝမ်းနည်းမှုက ဘယ်အရာနဲ့မှမတူမှန်း အမေကြည်သိပါတယ်။ ဒါပေမဲ့ ဒီစကားလုံးအောက်မှာပဲ ကြေကွဲရင်းဘ၀အတွက်လမ်းစမပျောက်စေချင်ဘူးကွယ်။ သမီးကြိုးစား အားထုတ်မှုတွေကြောင့် လူအများအသိအမှတ်ပြုသူတယောက်ဖြစ်လာတယ်ဆိုတာ အမေကြည်သာ အသိဆုံးပါ။ ကိုယ်တတ်ထားတဲ့ပညာကို နောက်မကျန်ခဲ့ရလေအောင် အသစ်အသစ်သောနည်းပညာများဘက်ကိုသာ အာရုံပြောင်းကြည့်စေချင်တယ်သမီးရယ်။ အမေတို့ဘ၀ဆိုတာ လူအထင်သေးခံ၊ အစအနောက်ခံကြရတဲ့ လူတန်းစားတွေလို့အများကသတ်မှတ်ထားကြပေမဲ့ ၀ါသနာပါရာ အတတ်ပညာနဲ့ သိက္ခာရှိရှိနေနိုင်ကြပါသေးတယ်။ သမီးရဲ့ပညာအရည်အသွေးက လူအများစုရွေးချယ်ခြင်းခံထားရသူအဖြစ်နဲ့တင် အမေမှတ်ကျောက်တင်နိုင်ပါတယ်။ ကမ္ဘာကျော်တဲ့ အလှဖန်တီးရှင်ကောင်းဖြစ်အောင် ကြိုးစားဖို့အာရုံပြောင်းပြီး ဒီနေ့ည Fashion Showအတွက် ပြင်ဆင်လိုက်ကြရအောင်နော် "

စသည့်စကားလုံးများက မိအတွက်ယခုပစ္စုပ္ပန်တည့်တည့်ကို ပြန်လည်သက်ဝင်လာ စေသည်။

အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။ ပြန်စလို့မရနိုင်တော့သော အနေအထားတခုကိုပြန်လည်ပြုပြင်ပြောင်းလဲဖို့ရာက မိတစ်ဦးတည်း ပြင်ဆင်ရုံဖြင့် မစွမ်းသာတော့။ မိမိတတ်စွမ်းသည်က ယခုရောက်ရှိနေသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းရင်း ခေတ်နှင့်အညီ အများလက်ခံနိုင်စွမ်းသော ပညာရှင်တယောက်ဖြစ်ရန် ဆက်လက်ကြိုးစားဖို့ရန်သာ။ 

လူတိုင်းတွင်အချစ်ရှိသလို မိဟူသောအလှဖန်တီးရှင်၏ရင်တွင်းတွင်လည်း အချစ်ဟူသည်မှာ ခိုဝင်ခဲ့ဖူးသည်။ ထိုဒဏ်ရာဒဏ်ချက်များကို အောင်မြင်ခြင်းဟူသောပြယုဂ်ဖြင့် ပြန်လည်ဖာထေးရင်း ဆက်လက်ကြိုးစားသွားရန် ဆုံးဖြတ်ချက်ချလိုက်ပြီးသည့်နောက် ယနေ့လုပ်ဆောင်ရမည့် Time tableဆီသို့ …။

ရေကြည်သူ

RangonNewsDaily:: January . 18 .2014
သဲသောင်ပြင်ရဲ့အလှ၊ ဖြတ်တိုက်သွားသော လေနုအေးရဲ့ သဘာဝအစွမ်းတွေက ကျွန်မရင်ကို တီးတိုးရိုက်
ခတ်စေပါတယ်။ တူနှစ်ကိုယ် ချစ်ခွန်းဆိုကြတဲ့ဒီနေရာလေးကအရင်လို ကြည့်ကောင်းနေဆဲ၊ ဖော်ရွေနေဆဲ
ပင်။

ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြပွဲအတွက် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းကျော် ကုန်ကျ

Photo: ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြပွဲအတွက် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းကျော် ကုန်ကျ 

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစု
များ လုပ်ဆောင် လျက်ရှိသော ဘန်ကောက် ရပ်ဆိုင်းရေး ဟူသည့် လူထုဆန္ဒပြပွဲကြီးသည် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းလေးသောင်း (ဘတ်ငွေ ၁၀သန်း) ကုန်ကျလျက် ရှိသည်ဟု အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC ) မှ ပြောရေးဆိုခွင့်ရှိသူ အခါနက်ပရောပန်းက ပြောကြားကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။ ဇန်နဝါရီလ ၁၃ ရက်မှ စတင်ကာ ဘန်ကောက်မြို့ တော် ရပ်ဆိုင်းသွားရေး အတွက် ဆန္ဒပြ အင်အားစုများ အဓိက အခြေချ သပိတ်စခန်း ဖွင့်ထားသော နေရာ ရှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တစ်နေ့လျှင် ဒေါ်လာ ၃၄၀,၀၀၀ ခန့် ကုန်ကျသည်ဟု ၎င်းက ပြောကြား သည်။

“ဆန္ဒပြပွဲကြီး ဖြစ်မြောက်ရေး အတွက် လူအင်အားပါ လိုအပ်တာ မဟုတ် ပါဘူး။ ရန်ပုံငွေလည်း လိုအပ်ပါတယ်” ဟု အခါနက်ပရောပန်းက ဆိုသည်။ လက်ရှိအနေအထားတွင် ဆန္ဒပြမှု အမြန်ဆုံး ပြီးဆုံးမည့် အခြေအနေမျိုး မရှိသည့်အပြင် ကုန်ကျစရိတ်များက ပိုမိုမြင့် တက်လာလျက် ရှိရာ ရန်ပုံငွေ လိုအပ်လာကြောင်း၊ သို့အတွက်ကြောင့် ဆန္ဒပြခေါင်းဆောင်များသည် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို ရောင်းချရသည် ထိပင်ဖြစ် ခဲ့ရကြောင်း အတိုက်အခံ အင်အားစုများက ပြောကြားသည်။

PDRC မှ သတင်းရင်းမြစ် တစ်ခု၏ အဆိုအရ ဆန္ဒပြခေါင်းဆောင် ဆူတက်တာ ဆူဘန်သည် တောင်ပိုင်းဒေသရှိ ၎င်းပိုင်ဆိုင်သော မြေကို ဆန္ဒပြပွဲတွင် အသုံးပြုရေး အတွက် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဆူတက်တာ ဆူဘန်ကိုယ်တိုင်ကလည်း ဆာမူရီဒေသရှိ ၎င်းပိုင်ဆိုင်သော အိမ်ရာကို ဒေါ်လာ ၇၆၀,၀၀၀(ဘတ်ငွေ ၂၅ သန်း) ဖြင့်ရောင်းချကာ ဆန္ဒပြ
မှု ပထမဆုံး ပြုလုပ်သည့်နေ့တွင် စတင်အသုံးပြုခဲ့သည်ဟု ထုတ်ဖော် ပြော ဆိုထားသည်။ သို့သော် အခြားသတင်းရင်းမြစ် တစ်ခုက ဆူတက်တာ ဆူဘန်သည် နကွန်းစီတာမာရတ်ခရိုင်ရှိ မြေကွက်ကို ရောင်းချရန် ကြိုးပမ်း ရာတွင် မအောင်မြင်ခဲ့ကြောင်း၊ အကြောင်းမှာ ၎င်းထံမှ ဝယ်ယူမည့် စီးပွားရေးသမားကြီး တစ်ဦးက သူ၏ စီးပွားရေး ထိခိုက်မည်ကို စိုးရိမ်သော ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

PDRC သည် ဧရာမ စီးပွားရေးလုပ်ငန်းကြီးများ၏ ထောက်ပံ့မှု ရရှိထားသော အဖွဲ့မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ အာဏာရရှိထားသော ချမ်းသာသည့် နိုင်ငံရေးသမားကြီးများကို တိုက် ခိုက်မှုပြုသည့် ဆန္ဒပြပွဲကို စီးပွားရေးသမား အများစုက ထောက်ပံ့ပေးရန် တွန့်ဆုတ်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားသည်။ အဆိုပါ ပြောရေးဆိုခွင့်
ရှိ သူ အဆိုအရ ဆူတက် အပါအဝင် ဆန္ဒပြခေါင်းဆောင် ၁၈ ဦး၏ ဘဏ် စာရင်းများကို အထူးစုံစမ်း စစ်ဆေးရေး ဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလ
တွင် ပိတ်ပင်ခဲ့ကြောင်း၊ သို့သော် ဆူတက်သည် အဆိုပါလတွင်ပင် ဆီလုံ လမ်းမကြီးပေါ်၌ တီရှပ်များ၊ ပြက္ခဒိန်များ၊ နာရူဆန် ဘုရင်၏ အကြွေစေ့များ အစရှိသည်တို့ကို ရောင်းချခြင်းဖြင့် ဘတ်ငွေ ၁၂ သန်းထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။ 


YoYarLay

RangonNewsDaily:: January . 18 .2014
ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစုများလုပ်ဆောင် လျက်ရှိသော ဘန်
ကောက် ရပ်ဆိုင်းရေးဟူသည့် လူထုဆန္ဒပြပွဲကြီးသည် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းလေးသောင်း (ဘတ်
ငွေ ၁၀သန်း) ကုန်ကျလျက် ရှိသည်ဟု အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC ) မှ ပြောရေးဆိုခွင့်ရှိသူ အခါနက်ပရောပန်းက ပြောကြားကြောင်း The Nationသတင်းစာက ရေး
သားဖ်ာပြသည်။

ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်ကွင်းတွင် ၂၀၀၈ အခြေခံဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

Popular Myanmar News Journal's photo.

RangonNewsDaily:: January . 18 .2014
ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ကွင်းတွင် ယနေ့ကျင်းသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှကရင်
ပြည်နယ်လူထုအား၂၀၀၈အခြေခံဥပဒေ ရှင်းလင်းခြင်းအခမ်းအနား သို့ ရောက်ရှိလာသော အဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် နှင့် ကွင်းလုံးပြည့်တက်ရောက်လာသော ကရင်ပြည်နယ်လူထုကို မြင်တွေ့ရသည့်
မြင်ကွင်းများကိုဖော်ပြလိုက်ပါသည်။

ရန်ကုန်မြို့လယ်မှာ လယ်သမားတွေ ဆန္ဒပြ


RangonNewsDaily:: January . 18 .2014
သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ ၄၄၇၊ ၄၂၇ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမား
တွေ ပြန်လည်လွှတ်ပေးဖို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ တောင်သူလယ်သမား တစ်ထောင်လောက်ဟာ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဒီကနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ

Photo: ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ
Saturday, January 18, 2014

တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji  ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိလာပါပြီ။  အချစ်ရေးကံခေ ခဲ့ပြီးနောက် Amou ဟာ အီရန်နိုင်ငံတောင်ပိုင်း ၊ Dejgah ဆိုတဲ့ ရွာနားက တောနက်ထဲမှာ တစ်ကိုယ်ရည် နေခဲ့ပြီး ၊ ညတွေမှာဆို သူဟာ မြေတွင်းထဲမှာ အိပ်စက်ပြီး ဆောင်းရာသီမှာတော့ ရွာသားတွေက သူ့ အတွက် ဆောက်ပေးထားတဲ့ အုတ်တိုက်ငယ်လေးမှာ နေထိုင်ပါတယ်။

သူ အနှစ်သက်ဆုံးအရာကတော့ တိရစ္ဆာန်နောက်ချေးခြောက်တွေကို ဆေးတံထဲထည့်ပြီး သောက်ရတာကိုပါတဲ့။ Amou ဟာ သူ့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နေထိုင်တဲ့ ပုံစံကို လက်ခံပြီး သူနဲ့ အတူ နေထိုင်နိုင်မယ့် အမျိုးသမီးကို လက်ထပ်ချင်တယ်လို့ Tehran Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Dejgah ရွာထဲက လူငယ်တွေဟာ Amou က တစ်ခါက ရေချိုးသန့် စင်ပေးဖို့ ဝိုင်းကြိုးစားခဲ့ကြပေမယ့် ၊ Amou က ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူရေမချိုးရတဲ့ အကြောင်းရင်းက သူဟာ သန့် သန့် ရှင်းရှင်းနေထိုင်ရင် ဖျားနာတတ်တယ်လို့ ယူဆနေလို့ ပါ။

နှစ်ခြောက်ဆယ်လုံး ရေမချိုးပဲ ညစ်ညစ်ပတ်ပတ်နေခဲ့ပေမယ့် သူဟာ အခုထိ မိန်းမလိုချင်တုန်းဖြစ်ပြီး ရွာထဲက မိန်းမတွေကို လူပျိုလာလှည့်ရင် မီးရှို့ ထားတဲ့ တုတ်နဲ့  သူ့ ရဲ့ ရှည်လျားကြမ်းတမ်းတဲ့ မုတ်ဆိတ်၊ပါးသိုင်းမွှေးတွေကို လောင်မြှိက်လိုက်ပြီး ၊ ကားနောက်ကြည့်မှန် အစုတ်တစ်ခုနဲ့ သူ့ ကိုယ်သူ လှပအောင် ပြင်ဆင်ပြီး ရွာထဲလာတယ်လို့ ဆိုပါတယ်။

Ref: Tehran Times
Trend Myanmar

RangonNewsDaily:: January . 18 .2014
တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။

တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်

Photo: တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်
Saturday, January 18, 2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက် အတွင်းသို့ ပန်းသီး ခြောက်ဘီးကား ရှစ်စီးခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ယင်းပန်းသီးများ ထိခိုက်မှု မရှိစေရန် ဖယောင်းသုတ်ထားမှု ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

အဆိုပါ ဖယောင်းအနည်းငယ် သုတ်ထားသော ပန်းသီးများကို စားသုံးပါက အဆိပ် မဖြစ်နိုင်သော်လည်း စားသုံးမှု များပြားလာပါက အူပိတ်၍ အော့အန်ခြင်းများ ဖြစ်လေ့ရှိသောကြောင့် အဆိုပါ ဖယောင်း သုတ်ထားသော ပန်းသီးများ စားသုံးမည် ဆိုပါက ရေဆေး အခွံနွှာ၍ စားသုံးသင့်ကြောင်း မန္တလေး ဆရာဝန်များအသင်း အတွင်းရေးမှူး ဒေါက်တာနေဝင်းက ရှင်းပြသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပန်းသီး အများစုသည် အမြင်တွင် အလုံး ကြီးထွားပြီး ပြောင်လက်စေရန် ဖယောင်း သုတ်လေ့ရှိကြောင်း ချမ်းအေးသာစံမြို့နယ် မင်္ဂလာဈေးမှ သစ်သီး ရောင်းချသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် သတ္တမတန်း ကျောင်းသား တစ်ဦးသည် ပန်းသီးကို ရေမဆေးဘဲ စားသုံးပြီးနောက်တွင် အော့အန်ခဲ့ကြောင်း အဆိုပါ ကျောင်းသား၏ မိခင်ဖြစ်သူ ဒေါ်လှခင်က ပြောကြားသည်။

“သားက အော့အန်တော့ ဘာလို့လဲ၊ မတည့်တာတွေ စားမိလား၊ အအေး ပတ်တာလား မေးကြည့်တော့ ကလေးက ဘာမှ အစားမမှားဘူး၊ အအေး မပတ်ဘူး၊ ပန်းသီးစားပြီးမှ ဖြစ်တာဆိုတော့ ပန်းသီးကို အဝတ်နဲ့ သုတ်လိုက်တဲ့ အချိန်မှာ ဖယောင်းတွေ ထွက်လာတယ်” ဟု ဒေါ်လှခင်က ဆိုသည်။

ဖယောင်းသည် ရေနံဆီ အုပ်စုထဲတွင် ပါဝင်သည့်အတွက် အဆိပ်ဖြစ်နိုင်ပြီး အဆိုပါ ဖယောင်း သုတ်ထားသည့် သစ်သီးများကို စားသုံးလိုပါက ရေဆေး၊ အခွံနွှာ၍ စားသုံးသင့်ကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးနှင့်လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောဆိုသည်။

“ပန်းသီးအလုံး အောင်ဖို့အတွက် ပိုးသတ်ဆေးတွေ သုံးရတာတွေရှိတယ်။ အဲဒီ ပိုးသတ်ဆေးရယ်၊ ဖယောင်းရယ် တွေ့ပြီး အော့အန် တာတွေလည်း ဖြစ်နိုင်တယ်” ဟု ဒေါက်တာနေဝင်းက ရှင်းပြသည်။

ဆီးချိုရောဂါရှိသူများ ပန်းသီး စားသုံးပါက ပန်းသီးသည် အချိုဓာတ် ပါဝင်ပြီး ပန်းသီး၏ အခွံများကို စားသုံးပါက ဆီးချို ကျနိုင်ကာ ဆီး၊ ဝမ်း မှန်ကန်မှု ရှိသော်လည်း ဖယောင်းသုတ်ထားမှု ရှိမရှိ သတိထား စားသုံးသင့်ကြောင်း မန္တလေးမြို့တော်ရှိ အထွေထွေရောဂါကု ဆရာဝန်ကြီးများက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: January . 18 .2014
တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက် အတွင်းသို့ ပန်းသီး ခြောက်ဘီးကား ရှစ်စီးခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ယင်းပန်းသီးများ ထိခိုက်မှု မရှိစေရန် ဖယောင်းသုတ်ထားမှု ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

ထိုင်းကလပ် ဖူးခက်အက်ဖ်စီသို့ ပိုင်စိုး ပြောင်းရွှေ့

Photo: ထိုင်းကလပ် ဖူးခက်အက်ဖ်စီသို့ ပိုင်စိုး ပြောင်းရွှေ့
Saturday, January 18, 2014

ရတနာပုံအသင်းမှ ကွင်းလယ်ဘယ်တောင်ပံ ကစားသမား ပိုင်စိုးသည် ထိုင်းပထမတန်း ကလပ် ဖူးခက်အက်စီသို့ ပြောင်းရွှေ့ ရောက်ရှိသွားပြီဖြစ်သည်။

ပိုင်စိုးအား ဖူးခက်အသင်းက လစာ အမေရိကန်ဒေါ်လာ ၄,၀၀၀ ဖြင့် တစ်ရာသီ စာချုပ်ခဲ့ခြင်း ဖြစ်ပြီး နေအိမ်နှင့်ကား ထောက်ပံ့ပေးထားသည်ဟု ပိုင်စိုးက ပြောသည်။

“အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်ရောက်တော့ ပြည်ပကစားသမားအားလုံး စာချုပ်ပြီးသွားပြီ။ ကစားသမားသစ် မိတ်ဆက်ပွဲလုပ်တယ်။ မီဒီယာ (၁၀)ယောက်လောက် လာတယ်။ စိတ်ဝင်စားမှုတော့ ရှိကြပါတယ်။ လောလောဆယ် သူတို့ကျွေးတာ စားနေတယ်။ နောက်ပိုင်း ကိုယ့်ဖာသာ စားရမှာ။ ထိုင်းအစားအစာကို စားနိုင်ပါတယ်”ဟု ပိုင်စိုးက ပြောသည်။

ပိုင်စိုးသည် ရတနာပုံအသင်း စတင် တည်ထောင်ကတည်းက ပါဝင်ခဲ့ပြီး အသင်းနှင့်အတူ MNL Cup 2009 ချန်ပီယံ၊ MNL 2009 ချန်ပီယံ၊ AFC President’s Cup 2010 ချန်ပီယံ၊ MNL 2010 ချန်ပီယံဆုများ ရရှိခဲ့သည်။ ရတနာပုံအသင်းမှ ပြည်ပထွက် ကစားသော ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး လစာ ၂၅ သိန်း ရရှိခဲ့သည့် ကစားသမားဖြစ်သည်။

“ဒီမှာ လေ့ကျင့်ရတာ အဆင်ပြေတယ်။ အဆောင်မှာ Gym ရှိတယ်။ လေ့ကျင့်ရေးကွင်း၊ လေ့ကျင့်ရေး ပစ္စည်း အပြည့်အစုံရှိတယ်။ ပထမတန်းသာဆိုတယ်။ ကစားသမားတွေရဲ့ အရည်အသွေးတွေလည်း ကောင်းကြတယ်။ လေ့ကျင့်ရေးကလည်း တော်တော် ကောင်းပါတယ်”ဟု ပိုင်စိုးက ထပ်လောင်းပြောသည်။

ဆေးစစ်မှုအောင်မြင်အပြီး ပိုင်စိုးအားတွေ့ရစဉ်။

Credit to Yadanarbon FC 
ဒီးရမ်(မနောမြေ)
Football Café
ဆေးစစ်မှုအောင်မြင်အပြီး ပိုင်စိုးအားတွေ့ရစဉ်။
RangonNewsDaily:: January . 18 .2014
ရတနာပုံအသင်းမှ ကွင်းလယ်ဘယ်တောင်ပံ ကစားသမား ပိုင်စိုးသည် ထိုင်းပထမတန်း ကလပ် ဖူးခက်အက်စီသို့ ပြောင်းရွှေ့ ရောက်ရှိသွားပြီဖြစ်သည်။

ဗစ်တိုးရီးယားကုန်တိုက် ခိုက်ရန်ဖြစ်ပွားမှု တရုတ်နိုင်ငံသား နှစ်ဦး ဒဏ်ရာရ

RangonNewsDaily:: January . 18 .2014
လှိုင်သာယာမြို့နယ်အမှတ် (၆) ရပ်ကွက် နဝဒေးလမ်းရှိ ဗစ်တိုးရီးယားကုန်တိုက်တွင် ဈေးလာဝယ်သူတရုတ်

နိုင်ငံသား နှစ်ဦးနှင့် ရွှေလင်ဗန်းကျေးရွာနေသူ အမျိုးသား နှစ်ဦးတို့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်
က စကားများ ရန်ဖြစ်ရာက တရုတ်နိုင်ငံသား နှစ်ဦး၏ မျက်နှာနှင့် ဦးခေါင်းတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိ
ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မိမိပြောစကားကို လိုရာဆွဲအသုံးချခြင်းဖြစ်ကြောင်း သီတဂူဆရာတော် မိန့်ကြား

Photo: မိမိပြောစကားကို လိုရာဆွဲအသုံးချခြင်းဖြစ်ကြောင်း သီတဂူဆရာတော် မိန့်ကြား
Saturday, January 18, 2014

မန္တလေးမြို့ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးမှာ အခုလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲမှာ သီတဂူဆရာတော် အရှင်ဥာဏိဿရက လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဘဲ သမ္မတ ဦးသိန်းစိန်ကို မဲပေးကြဖို့ သြ၀ါဒပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လိုရာကိုဆွဲယူ အသုံးချမှုကြောင့် ပေါ်ပေါက်ခဲ့ရတာဖြစ်ကြောင်း သီတဂူဆရာတော် အရှင်ဥာဏိဿရက RFA ကို မိန့်ကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံးက သံဃာတော်တွေ သောင်းနဲ့ချီတက်ရောက်တဲ့ အဲဒီညီလာခံကို ရောက်ရှိနေစဉ်အတွင်း အလွတ်သဘော မိမိဆွေးနွေးခဲ့တာတွေထဲက စကားတချို့ကို သံဃာတစ်ပါးက သူလိုသလို ဆွဲယူမိန့်ကြားခဲ့တဲ့အတွက် အင်တာနက် စာမျက်နှာတွေ အပါအ၀င် လူထုကြားမှာ အခုလိုရုတ်ချည်း ပျံ့နှံ့သွားခဲ့ရတာဖြစ်တယ်လို့ ဆရာတော်ကြီးက သောကြာနေ့ မနေ့က မိန့်ကြားခဲ့ပါတယ်။

"ဒီသံဃာ ၃ သောင်းတက်တဲ့ အစည်းအဝေးကြီးမှာ အလွတ်သဘော ဝိုင်းထိုင်ပြီးတော့ ပြောကြတဲ့နေရာတွေမှာကတော့ ဟေ့ကြံ့ခိုင်ဖွံဖြိုးရေးက အခြေခံဥပဒေကိုသာ မပြင်ဘူး၊ ဒီအတိုင်းပဲ သွားမယ်ဆိုရင်တော့ ဒီသမ္မကြီးနဲ့ပဲ တို့သွားရမှာပဲ၊ အခြေခံဥပဒေ ပြင်လိုက်ရင်တော့ တို့သမ္မတအသစ်ရမှာပဲ၊ မပြင်ဘူးဆိုရင်တော့ သမ္မတကြီးဦးသိန်းစိန်ကိုတော့ ဆက်လက်အားပေးသွားတာကောင်းတယ်၊ ပြင်လိုက်ရင်တော့ ပြင်တဲ့အတိုင်း တို့သမ္မတအသစ်နဲ့ သွားကြရမှာပေါ့၊ သမ္မတအသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖို့ အလားအလာရှိတယ် စသဖြင့် အလွတ်သဘောတွေ ဝိုင်းပြီးပြောနေတာ၊ အဲဒီအထဲက စကားလုံးလေးတစ်လုံးကို ကောက်ပြီးတော့ ရခိုင်ဆရာတော်တစ်ပါးက သူ့ခံစားချက်ရှိမှာပေါ့၊ အဲဒါလေးကို၊ ဘုန်းကြီးကိုအသုံးချပြီးတော့ ပြောသွားတာ၊ အဲဒီဥစ္စာပြန့်ကျဲသွားတာ"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါက မည်သည့်ပုဂ္ဂိုလ်ပဲသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည်ဖြစ်စေ တိုင်းပြည်တိုးတက်မှာ မဟုတ်ကြောင်းဖြင့်လည်း သီတဂူဆရာတော်က RFA ကို မိန့်ကြားပါတယ်။

"ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုရင်၊ ညီညွှတ်ရေးကိုလည်း မတည်ဆောင်နိုင်ဘူး ဆိုခဲ့ရင်တော့ အဲဒါဘယ်လောက်ကောင်းတဲ့ သမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ပဲတက်တက်၊ ဦးသိန်းစိန်ပဲလာလာ၊ ဦးရွှေမန်းပဲလာလာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်မယ့် ပိုက်ဆံတွေဟာ သေနတ်ကျည်ဆန်တွေနဲ့ပဲ အချိန်ကုန်သွားကြမှာပဲ၊ နိုင်ငံတော်အတွက် အလုပ်လုပ်မယ့် လူသားတွေဟာ တိုက်ပွဲမှာသေဆုံးပြီးတော့ အများကြီး ဝမ်းနည်းစရာတွေဖြစ်ကုန်မှာ၊ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့အဆင့်ထဲမှာ တည်ဆောက်ဖို့ ဆိုတာကိုတော့ တို့များက အလေးအနက် တမျိုးသားလုံးကို တိုက်တွန်းချင်တယ်"

မန္တလေးသံဃာ့ ညီလာခံမှာ မိမိအနေနဲ့ သာသနာပြုလုပ်ငန်းတွေကို လူမှုရေးလုပ်ငန်းတွေနဲ့အတူ တွဲဖက်ဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ကူညီရေးနဲ့ ဘာသာလူမျိုးမတူညီသူတွေအကြား နားလည်ချစ်ကြည်လေးစားစွာ အတူတကွယှဉ်တွဲနေထိုင်ရေးစတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုင်ရာ အချက် ၃ ချက်ကို အဓိက ဟောကြားခဲ့တယ်လို့လည်း သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့ပါတယ်။

RFA

RangonNewsDaily:: January . 18 .2014
မန္တလေးမြို့ရှိမဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးမှာအခုလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုး 
ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲမှာ သီတဂူဆရာတော်အရှင်ဥာဏိဿရကလာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဘဲ သမ္မတ
ဦးသိန်းစိန်ကို မဲပေးကြဖို့ သြ၀ါဒပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လိုရာကိုဆွဲယူ အသုံးချမှုကြောင့်
 ပေါ်ပေါက်ခဲ့ရတာဖြစ်ကြောင်း သီတဂူဆရာတော် အရှင်ဥာဏိဿရက RFA ကို မိန့်ကြားလိုက်ပါတယ်။

အိန္ဒိယတွင် အမျိုးသမီးများအတွက် အသေးစား ပစ္စတိုသေနတ်များ ထုတ်လုပ်

Photo: အိန္ဒိယတွင် အမျိုးသမီးများအတွက် အသေးစား ပစ္စတိုသေနတ်များ ထုတ်လုပ်
Saturday, January 18, 2014

ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင် တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံအိတ်ထဲတွင် အလွယ်တကူ ထည့်ယူသွားနိုင်မည် ဖြစ်သည်

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများကို အုပ်စုဖွဲ့ အနိုင်အထက် ပြုကျင့်သည့် မှုခင်းများ ထူပြောလာသည့်နောက် အမျိုးသမီးများအတွက် ရည်ရွယ် ဒီဇိုင်းထုတ်ထားသည့် ပစ္စတို သေနတ်များကို စတင် ဖန်တီးလာခဲ့ပြီ ဖြစ်သည်။ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလက ဒေလီမြို့တော်တွင် ဘတ်စ်ကား တစ်စင်းပေါ်၌ ကျောင်းသူလေး တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် ကိစ္စသည် အိန္ဒိယ နိုင်ငံ၏ အမျိုးသမီးများဘဝ လုံခြုံရေးအတွက် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ထိုစဉ်က မိန်းကလေးသည် သူမရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ ယခုသီတင်းပတ် အတွင်းတွင်လည်း ဒိန်းမတ် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတစ်ဦး ဒေလီတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနှင့် ကြုံခဲ့ရသေးသည်။ ထို့ကြောင့်လည်း အိန္ဒိယတွင် အမျိုးသမီးများ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် သေနတ်များကို ရောင်းချပေးသွားတော့မည်ဟု သိရသည်။

အစိုးရက ပိုင်ဆိုင်သည့် Indian Ordnancy စက်ရုံသည် Nirbheek အမည်ရှိ သေနတ်ကို ထုတ်လုပ်ခဲ့သည်။ ယင်းသည် စက်ရုံထုတ် သေနတ်များအနက် အသေးဆုံးဖြစ်ပြီး (၅၀၀)ဂရမ်သာ လေးသည်။ ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင် တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံအိတ်ထဲတွင် အလွယ်တကူ ထည့်ယူသွားနိုင်မည် ဖြစ်သည်။ "ပေါ့တယ်။ သေးတယ်။ (၆)ချက်လုံး လွယ်လွယ်ပစ်လို့ရတယ်။ ပြီးတော့ သေနတ်ရဲ့ တည်ဆောက်ပုံအရ ပေ(၅၀)လောက် အတွင်းက ပစ်မှတ်ကို တိတိကျကျ ထိနိုင်တယ်"ဟု စက်ရုံ အထွေထွေ မန်နေဂျာ အက်ဘ်ဒူလ် ဟာမိဒ်က ရှင်းပြခဲ့သည်။

သို့သော်လည်း အိန္ဒိယတွင် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားရန်မှာ ဈေးကြီးလွန်းလှသဖြင့် ယင်းသေနတ်များကို အမျိုးသမီးများ ဝယ်ယူကိုင်ဆောင်ခွင့် ရရေးမှာ ပြဿနာတစ်ရပ် ဖြစ်နေဆဲဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ အမျိုးသမီး အများစုကမူ ယင်းလုပ်ဆောင်မှုကို ကြိုဆိုကြသည်။ ကန်ပူအာမှ အိမ်ထောင်ရှင်မ တစ်ဦးဖြစ်သည့် ပရာတစ်ဘ်ဟာ ဂူပတာက "ကျွန်မမှာ သေနတ်တစ်လက် ရှိနေတယ်ဆိုတာသိရင် ရန်လုပ်မယ့်လူက အနည်းဆုံးတော့ တွန့်ဆုတ်သွားမှာပဲ။ သေနတ်က ကျွန်မအတွက် အထောက်အကူ ပေးနိုင်တဲ့ သူငယ်ချင်းမျိုး၊ ပြီးတော့ ကျွန်မရဲ့ ခွန်အားတစ်ရပ်လည်း ဖြစ်လာပါလိမ့်မယ်"ဟု ပြောကြားသွားသည်။

Planet Myanmar Network

RangonNewsDaily:: January . 18 .2014
ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင်တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံ
အိတ်ထဲတွင် အလွယ်တကူ ထည့်ယူသွားနိုင်မည် ဖြစ်သည်

ကော့သောင်းမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်နှင့် ဆင်တူသော လက္ခဏာများတွေ့

RangonNewsDaily:: January . 18 .2014
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာအုပ်စု ညောင်ဝိ ကျေးရွာတွင်ကလေးနှင့် 

လူကြီးများ အပါအဝင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်သည်နှင့် ဆင်တူသော ရောဂါ လက္ခဏာများ တွေ့ရှိရ
ကြောင်း ညောင်ဝိ ကျေးရွာသားများထံမှသိရသည်။ နှာခေါင်းမှ သွေးကျခြင်း၊မျက်စိရောင်ခြင်း၊နားကိုက်ခြင်း
၊ မျက်နှာရောင်ရမ်းခြင်း၊ရင်ဘတ်အောင့်ခြင်း၊မူးဝေ အော့အန်ခြင်းစသည့် ဝေဒနာများကိုခံစားနေရကြောင်း
အထက်ပါ ရွာသူရွာသားများက ပြောကြားသည်။

သိန်းနှစ်ရာကျော် တန်ဖိုးရှိသော ရွှေထည်နှင့် ငွေသားအိတ်ကို အငှားယာဉ်မောင်းက ယူဆောင်ထွက်ပြေး

RangonNewsDaily:: January . 18 .2014
ခရီးသည်သုံးဦးက ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ဗဟန်းမြို့နယ်မှ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်

နားစခန်းသို့ ငှားရမ်း စီးနင်းခဲ့သော အငှားယာဉ်တစ်စီးမှာ ခရီးသည်က ကားခပေးနေစဉ် မောင်းနှင် ထွက်ပြေးသောကြောင့် ရွှေထည်နှင့် ငွေသား အပါအဝင် ကျပ်သိန်းနှစ်ရာကျော်ဖိုးပါသော အိတ်တစ်လုံး ယူဆောင် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲ ပြသနာများ

Photo: ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲ ပြဿနာများ
Friday, January 17, 2014

အနာမခံဘဲ အသာမစံရ နိုင်ပေ။
ဒေါက်မြင့်ဖိနပ်နှင့် နာကျင်မှုမှာ ဒင်္ဂါးပြားမှ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍ မရပေ။ လေ့လာမှု အချို့အရ ဒေါက်ဖိနပ်စီးခြင်းက ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါး စေသည်ဟု အကြံပြု ခဲ့သည်။ 

ဒေါက်မြင့် ဖိနပ်များကို အချိန် ပမာဏ တစ်ခုအထိ ဝတ်ဆင်ပြီးပါက ကျန်းမာရေး၌ ဆိုးဝါးသော နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေသည်။ ဒေါက်မြင့် ဖိနပ်တစ်ကြိမ် စီးတိုင်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခြေချောင်းတွေကို ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို သယ်ခိုင်း ထားသလို ဖိအား အများကြီး ဖြစ်ပေါ် စေပါတယ်။

အဲဒီအခါ ကျန်တဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ခန္ဓာကိုယ်ကို ထိန်းညှိပေးရန် ကြိုးစားရပါတယ်။ အဲဒီခန္ဓာကိုယ် အောက်ပိုင်း တစ်ဝက်က ရှေ့ကိုငိုက်ပြီး၊ အပေါ်တစ်ဝက်က နောက်ကို လှန်ထားရပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ''ပုံစံ ကောက်ကြောင်းကို ပျက်စေပြီးလည် ပင်းရိုးများနဲ့ ခါးရိုးများကို ဟသွားစေ ပါတယ်။ ဒါ့အပြင် ဒေါက်မြင့် ဖိနပ်စီးပြီး လမ်းလျှောက် ပုံကြည့်ရတာ တကယ်ကို ထူးဆန်းပြီး၊ မသက်မသာ ဖြစ်ရပါတယ်။ အကယ်၍ အမျိုးသမီး တစ်ဦးက နေ့စဉ် ဒေါက်မြင့်ဖိနပ် ဝတ်ပါက သူမ၏ ခြေချောင်းများသည် အမြဲတမ်း ကွေးနေရသည့် အတွက် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ် စေပါသည်။

ဒေါက်မြင့်စီးသူများ လမ်းလျှောက်ချိန် ကြာလာတာနဲ့ အမျှ သူမတို့ ခြေသလုံးရှိ ကြွက်သားများ တဖြည်းဖြည်းတို လာကြပြီး နာကျင်မှုကို ခံစားလာရကာ၊ ဟန်ချက် ထိန်းသိမ်းနိုင်မှု လျော့နည်းလာပြီး၊ ချော်လဲခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် ဒေါက်မြင့်စီး၍ လမ်းလျှောက်ချိန်တွင် ပေါင်ရှေ့ခြမ်းရှိ ကြွက်သား များမှာ နားချိန်မရဘဲ တောက်လျှောက် အလုပ်လုပ်ရသည့်အတွက် တဖြည်းဖြည်း တိုလာကြပြီး ရလဒ်အနေဖြင့် အရိုးအဆစ် ရောင်ခြင်းများ ဖြစ်ပွားနိုင်သည်။ 

ဥပမာ ခြေမနာခြင်း၊ ဖနောင့်နာခြင်း၊ ခြေကျင်းဝတ် နာခြင်း၊ ပေါင်ရိုးနာခြင်း၊ ခါးနာခြင်း၊ ကျောနာခြင်း၊ ခေါင်းကိုက် ခြင်းတို့ ဖြစ်စေနိုင်သည်။ ဒေါက်မြင့် စီးခြင်းက ကျောရှိ ကြွက်သားများကို တောင့်တင်း သွားစေပြီး ယင်းကတစ်ဖန် ပြန်၍အာရုံကြောများကို ဖိစေသည့် အတွက်နာတာရှည် ခေါင်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးများက လှပပြီး စတိုင်ကျဖို့ အတွက်ဆိုရင်၊ နာတာရှည် ဖြစ်နိုင်သည့် ပြဿနာများကို လျစ်လျူရှုပြီး ဒေါက်မြင့် စီးလေ့ရှိသည့် အတွက်မိမိနှင့် သင့်လျော်သော ဖိနပ်သာ စီးသင့်ကြောင်း အကြံပေးလိုက် ရပါသည်။

မိုင်ကိ
Health Updates Journal

RangonNewsDaily:: January . 18 .2014
အနာမခံဘဲ အသာမစံရ နိုင်ပေ။ ဒေါက်မြင့်ဖိနပ်နှင့် နာကျင်မှုမှာ ဒင်္ဂါးပြားမှ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍ မရ
ပေ။ လေ့လာမှု အချို့အရ ဒေါက်ဖိနပ်စီးခြင်းက ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါး စေ
သည်ဟု အကြံပြု ခဲ့သည်။

စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းရေး တောင်းဆိုချက် တောင်ကိုရီးယား ပယ်ချ

Photo: စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းရေး တောင်းဆိုချက် တောင်ကိုရီးယား ပယ်ချ
Friday, January 17, 2014

တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားအစိုးရက တောင်းဆိုတာကို တောင်ကိုရီးယားဘက်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လမှာ စီစဉ်ထားတဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို ရန်စတဲ့ အပြုအမူလို့ မြောက်ကိုရီးယားဘက်က ဝေဖန်ပြီး ရပ်ဆိုင်းဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ ကင်မင်ဆွခ်က တုံ့ပြန်ရာမှာတော့ တောင်ကိုရီးယားဟာ ဒီမိုကရေစီနိုင်ငံအနေနဲ့ လက်ဦးမှုယူတဲ့ တိုက်ခိုက်မှုမျိုးကို လုပ်မှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့နောက်မှာ ကင်ဂျုံအန်းအစိုးရက အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို တိုက်ခိုက်ပြီး လက်တုံ့ပြန်မယ်လို့ ကြိမ်းဝါးခဲ့ပြီး လအတန်ကြာအောင် အပြန်အလှန် အပြစ်ဖို့ နေခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ပြီးသွားခဲ့တာ နှစ် ၆၀ ကြာခဲ့ပေမယ့် တောင်နဲ့ မြောက် ကိုရီးယားတို့ကြားမှာ စစ်ရေးတင်းမာမှုကို လျော့ချရေး သဘောတူညီချက် အခုထိ မရကြသေးပါဘူး။

လေ့လာသူတွေကတော့ နှစ်နိုင်ငံကြားမှာ စစ်ဖြစ်ခဲ့ရင် မြောက်ကိုရီးယားဘက်က ရှုံးဖို့ သေချာတာမို့ ပြုံးယမ်းဘက်က သမာရိုးကျ စစ်ပွဲတခု ဖြစ်လာတဲ့အထိ စွန့်စားမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားဟာ နောက်ထပ် တာဝေးပစ်ဒုံးကျည် ဒါမှမဟုတ် နျူးကလီးယား စမ်းသပ်မှုတခုကို ပြုလုပ်နိုင်သေးတယ်လို့ ခန့်မှန်းကြပါတယ်။
အခုထိ မြောက်ကိုရီးယားဟာ နျူးကလီးယား စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလမှာ နောက်ဆုံးစမ်းသပ်မှု လုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၀ က လုပ်ခဲ့သလိုမျိုး တောင်ကိုရီးယား နယ်နိမိတ်ထဲကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာမျိုး လုပ်လာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ် ကြပါတယ်။

DVB TV News

RangonNewsDaily:: January . 17 .2014
တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားအစိုးရက တောင်းဆိုတာကို
တောင်ကိုရီးယားဘက်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

ကိုယ်လုပ်ချင်တာ လုပ်ရတာမို့ ပျော်ရတာ ရှိသလို စိတ်ညစ်ရတာလည်း ရှိပါတယ် ရွှေသုန်သုန်

Photo: ကိုယ်လုပ်ချင်တာ လုပ်ရတာမို့ ပျော်ရတာ ရှိသလို စိတ်ညစ်ရတာလည်း ရှိပါတယ် ရွှေသုန်သုန်
Friday, January 17, 2014

ကိုယ်လုပ်ချင်တာ လုပ်ရတာမို့ ပျော်ရတာ ရှိသလို စိတ်ညစ်ရတာလည်း ရှိပါတယ် ရွှေသုန်သုန်သုန်က ရန်ကုန်မှာ iLBC ကျောင်းတက် တယ်ဆိုတော့ အရမ်း တော့ စိမ်းမနေဘူး။ ရန်ကုန်ကို ခု တစ်ခေါက်က မဂ္ဂဇင်း ဂျာနယ်တွေ အတွက် ဓာတ်ပုံ ရိုက်ပေးဖို့ရယ် ကြော်ငြာတွေ ရိုက်စရာရှိတာ ကြောင့်လာခဲ့တာပါ။ သုန်က လော လောဆယ် ကြော်ငြာတွေ ရိုက်ဖြစ် နေတာပဲရှိတယ်။ ဇာတ်ကားရိုက်ဖို့ အစီအစဉ်မရှိသေးဘူး။ 

ဗီစီဒီနဲ့ ကြော်ငြာ ရိုက်တာလေးတောင် အိမ်ကနေ ခွင့်ပြုချက်ရဖို့ တော် တော်တိုက်ထားရတာ။

ဇာတ်ကား ရိုက်ဖို့ ခွင့်မပြုသေးဘူး။ အိမ်က တော့ ပညာရေးကိုပဲ အာရုံစိုက်စေ ချင်တယ်။ သုန်က ဒီအလုပ်လုပ် ချင်တာဆိုတော့ ပညာရေးကိုလည်း အာရုံစိုက်ပါမယ်ဆိုပြီး ကတိတွေ ပေးပြီးလုပ်ရတာ။ သုန်လုပ်ချင်တဲ့ အလုပ်လုပ်ရဖို့ ပျော်သလို တစ်ခါ တလေ နားလည်မှု လွဲတာတွေ ကြောင့် စိတ်ညစ်ရတာမျိုးလည်းရှိ တယ်။

ခုနောက်ပိုင်းဆို သုန် ရှုတင် ချိန်တွေကအစ အချိန်မီရောက်ဖို့ ကြိုးစားသလို အားလုံးနဲ့ ဟန်ချက် ညီ နေနိုင်အောင် ကြိုးစားဖြစ်တယ်။ ရွှေရည်သုန်သုန်လို့ သိတဲ့ သူရှိသလို မသိတဲ့သူတွေလည်းရှိတော့ သုန့်ကို ပရိသတ်အသိအမှတ်ပြုလာဖို့ ကြိုး စားရမှာ သုန့်တာဝန်ပဲလေ။ 

အဲဒီ တော့ သုန် ဖက်ရှင်နဲ့ အလှအပက အစ သေချာ ဂရုစိုက်ပြင်ဆင်ဖြစ် တယ်။

ရွှေရည်သုန်သုန် ဆိုတာ ပွင့် ပွင့်လင်းလင်း ပြောတတ်ပြီး သိပ် မိန်းကလေး မဆန်တဲ့ မိန်းကလေးလို့ ပြောရမှာပါ။ သုန် အမျိုးသား သရုပ် ဆောင်တွေနဲ့ တွဲပြီး မရိုက်ဖြစ်ဘူး ဆိုတာ ဘာအကြောင်းကြောင့်မှ မ ဟုတ်ပါဘူး။ တွဲရိုက်မယ်ဆိုလည်း ရိုက်မှာပါပဲ။ ဒါပေမဲ့ ခုထိတော့ မိန်း ကလေးချင်းပဲ တွဲရိုက်ဖြစ်တာများ ပါတယ်။

 8 DAYS

RangonNewsDaily:: January . 17 .2014
ကိုယ်လုပ်ချင်တာလုပ်ရတာမို့ ပျော်ရတာရှိသလိုစိတ်ညစ်ရတာလည်း ရှိပါတယ် ရွှေသုန်သုန်သုန်က ရန်ကုန်
မှာ iLBC ကျောင်းတက် တယ်ဆိုတော့ အရမ်း တော့ စိမ်းမနေဘူး။

ကျောက်ဆည်တွင် ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေစဉ်ကားတိုက်ခံရပြီး သေဆုံး

RangonNewsDaily:: January . 17 .2014
တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦး မန္တလေးမှ ရန်ကုန်သို့သွားသော ကား အားစစ်ဆေးရန်

လက်ပြတားစဉ် ၀င်တိုက်မှုကြောင့် ဦးခေါင်းထိခိုက်ကာ သေဆုံးမှုတစ်ခု ကျောက်ဆည်မြို့ နယ်တွင်ဖြစ်ပွား
ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

" ထိုင်းဆန္ဒပြပွဲ ဗုံးပေါက်ကွဲ၍ ၂၈ ဦးဒဏ်ရာရ "

Photo: " ထိုင်းဆန္ဒပြပွဲ ဗုံးပေါက်ကွဲ၍ ၂၈ ဦးဒဏ်ရာရ "
Friday, January 17, 2014

ဘန်ကောက်မြို့တွင် ယနေ့ သောကြာနေ့ နေ့လည်ပိုင်းက ချီတက်ဆန္ဒပြနေသူများကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂၂ ဦးမှ ၂၈ ဦးထိ ဒဏ်ရာရရှိသွားကြောင်း အရေးပေါ်ဌာနမှ သိရသည်။ ဗုံးမှာ ဆန္ဒပြခေါင်းဆောင် ဆူဘက် နှင့် ပေ ၁၀၀ ခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ 
ဆတစ်ဝမ်နောင်ထေ က ဗုံးပေါက်ကွဲမှုအပြီးတွင် ယခုဗုံးပေါက်ကွဲမှုသည် ဝန်ကြီးချုပ် ယင်လတ်တွင် တာဝန်ရှိကြောင်း ပြောသည်ဟု ဆိုသည်။

ကြာသပတေးနေ့တွင် အမျိုးသားခြစားမှုတိုက်ဖျက်ရေးကော်မရှင်က စပါးစိုက်လယ်သမားများကို အငြင်းပွားဖွယ် အမတော်ကြေးအစီအစဉ်နှင့်ပတ်သက်၍ ဝန်ကြီးချုပ် 
ယင်လတ်အား တာဝန်ဝတ္တရား ပေါ့ဆပျက်ကွက်မှုဖြင့် စတင်စစ်ဆေးနေပြီဖြစ်သည်ဟု ဆိုသည်။ 

LYT
ref - Bangkok Post
Popular Myanmar News Journal

RangonNewsDaily:: January . 17 .2014
ဘန်ကောက်မြို့တွင် ယနေ့ သောကြာနေ့ နေ့လည်ပိုင်းက ချီတက်ဆန္ဒပြနေသူများကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂၂ ဦးမှ ၂၈ ဦးထိ ဒဏ်ရာရရှိသွားကြောင်း အရေးပေါ်ဌာနမှ သိရသည်။ ဗုံးမှာ ဆန္ဒပြခေါင်း
ဆောင် ဆူဘက် နှင့် ပေ ၁၀၀ ခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပရိသတ်ရှေ့ထွက်ရာမှ ဆက်စီအကျဆုံးဝတ်စားဆင်ယင်တတ်တဲ့ ကိုရီးယားလေဒီ (၅)ဦး

Photo

RangonNewsDaily:: January . 17 .2014
ကိုရီးယားအမျိုးသမီးတွေမှာ အံ့သြဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတယ်ဆိုတာတော့ သင်ငြင်း
လို့မရနိုင်ပါဘူး။ဒီလိုအံ့သြဘနန်းအလှတရားတွေနဲ့သူမတို့အဖို့တော့ အ၀တ်အစားဆိုတာ အသစ်အဆန်း
 ထွင်ချင်စရာတွေချည်းပါပဲ။

မီးခိုးမြူ ထူထပ်လွန်းသဖြင့် နေဝင်ချိန်ရှုခင်းကိုပင် အတုပြုလုပ် ခံစားရသည့် ဘေဂျင်း

Photo: မီးခိုးမြူ ထူထပ်လွန်းသဖြင့် နေဝင်ချိန်ရှုခင်းကိုပင် အတုပြုလုပ် ခံစားရသည့် ဘေဂျင်း
Friday, January 17, 2014

စက်မှုလုပ်ငန်းများမှ လွန်လွန်ကဲကဲ ထွက်ပေါ်လာသော မီးခိုးမြူထုများသည် ဘေဂျင်းတဝိုက်တွင် အလွန်ထူထပ်စွာ ရစ်သိုင်းနေပြီး မြင်ကွင်းမရှင်းလင်းဘဲ မှုန်မှိုင်းလျှက် ရှိသည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မီးခိုးမြူများ အလွန်ထူထပ် မှုန်မှိုင်းနေသဖြင့် နေဝင်ချိန်ကိုပင် အတုအပ ပြုလုပ်ပြီး မြို့ခံလူထုကို ပြသနေရကြောင်း သိရှိရသည်။ စက်မှုလုပ်ငန်းများမှ လွန်လွန်ကဲကဲ ထွက်ပေါ်လာသော မီးခိုးမြူထုများသည် ဘေဂျင်းတဝိုက်တွင် အလွန်ထူထပ်စွာ ရစ်သိုင်းနေပြီး မြင်ကွင်းမရှင်းလင်းဘဲ မှုန်မှိုင်းလျှက် ရှိသည်။ ထို့ကြောင့်လည်း ဘေဂျင်းတွင် သဘာဝ နေဝင်ရှုခင်းကိုပင် ကြည့်ရှုခံစား၍ မရနိုင်ဘဲ ရှိနေရာ ယင်းပြဿနာကို နည်းပညာ အကူအညီဖြင့် ဖြေရှင်းခဲ့ရခြင်း ဖြစ်သည်။ ဘေဂျင်းတွင် ကြီးမားရှည်လျားလှသည့် ကြော်ငြာဘုတ် TVကြီးများကို ဖြန့်ကျက် နေရာချပြီး နေဝင်ရှုခင်းကို အတုအပအဖြစ် ပြသနေရကြောင်း မြို့ခံများက ဆိုသည်။

ယခုသီတင်းပတ် အခြေအနေအရ ဘေဂျင်း၏ လေထုညစ်ညမ်းမှု အခြေအနေသည် ဆိုးရွားကြောင်း သတ်မှတ်သည့် အဆင့်ထက် လွန်လွန်ကဲကဲ ပိုလျှံနေခဲ့ကြောင်းလည်း သိရှိရသည်။ ဘေဂျင်းမြို့တော် စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများက လေထုအခြေအနေ ပြန်လည် မကောင်းလာမီ ကလေးများနှင့် သက်ကြီးရွယ်အိုများ နေအိမ်ထဲတွင်သာ အတတ်နိုင်ဆုံး နေထိုင်သင့်ကြောင်း အကြံပြုထားသည်။ "အဆောက်အအုံမြင့်ကြီးတွေကိုတောင် ရုတ်တရက် မမြင်နိုင်ဘဲ ဖြစ်နေတယ်"ဟု မြို့ခံလူ တစ်ဦးဖြစ်သည့် ဇန်က ဆိုသည်။ 

၎င်းက "မီးခိုးမြူတွေ ဖြစ်ပေါ်မှုက လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်အတွင်း ပိုပိုပြီး ဆိုးလာတယ်။ ကျွန်တော်ဆို ခဏခဏ ချောင်းဆိုးတယ်။ နှာခေါင်းထဲမှာ အမြဲတမ်းလိုလို မရိုးမရွ ဖြစ်နေတယ်။ ဒီတော့ ဘာလုပ်နိုင်သလဲ။ ရေများများ သောက်ရုံပေါ့။ ဒါမှ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက် နည်းသွားအောင် သန့်စင်နိုင်လိမ့်မယ်"ဟုလည်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ဆောင်းရာသီ၌ လေထုသန့်စင်မှု အရည်အသွေး သိသိသာသာ ကျဆင်းလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ကျောက်မီးသွေး လောင်စာမှ ထွက်ပေါ်လာသော မီးခိုးများက နှင်းငွေ့နှင့်လျောကာ မီးခိုးမြူများအသွင် အုံ့ဆိုင်းနေတတ်၍ ဖြစ်ကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: January . 17 .2014
စက်မှုလုပ်ငန်းများမှ လွန်လွန်ကဲကဲ ထွက်ပေါ်လာသော မီးခိုးမြူထုများသည် ဘေဂျင်းတဝိုက်တွင် အလွန်ထူ
ထပ်စွာ ရစ်သိုင်းနေပြီး မြင်ကွင်းမရှင်းလင်းဘဲ မှုန်မှိုင်းလျှက် ရှိသည်။

Facebook ရဲ့ Feature အသစ် ကြာသပတေးနေ့က ထုတ်ဖော်မိတ်ဆက်

Photo: Facebook ရဲ့ Feature အသစ် ကြာသပတေးနေ့က ထုတ်ဖော်မိတ်ဆက်
Friday, January 17, 2014

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Facebook ဟာ Trending topics လို့ခေါ်တဲ့ ဖေ့ဘုတ်အစိတ်အပိုင်းအသစ်တစ်ရပ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ထိုအစိတ်အပိုင်းလေးဟာ လတ်တလော မိမိသယ်ရင်း၊ မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့
ပေါ်ပြူလာဖြစ်နေတဲ့ စာအစုအပိုင်းတွေကို စာရင်းတစ်ခုအနေနဲ့ ချုပ်ပြီးဖော်ပြပေးမှာ
ဖြစ်ပြီး မကြာခင်မှာ ယင်းအစိတ်အပိုင်းကို facebook ရဲ့ ညာဘက်ဘေးဖက်မှာ တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။

ဖေ့ဘုတ်အနေနဲ့ စိတ်ဝင်းစားမူအများဆုံး စာစုတွေကို ရရှိမြင်သာအောင် ပေါင်းစပ်ပေးတဲ့အနေနဲ့ ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။
ယခုလို ဖော်ပြမူတွေကလည်း ယခင်ကျတော့တို့တွေ့နေကြ တစ်လှည့်စီလှည့်ကာလှည့်ကာဖော်ပြသွားမှာ ဖြစ်ပါတယ်။

အမေရိက၊ယူကေ၊ကနေဒါ၊ အိန္ဒယ၊ သြစတြီးရီးယားတွေမှာ လာမည့်အပတ်မှာ ရရှိလာနိင်တော့မှာဖြစ်ပြီး
ပြီးခဲ့တဲ့ ကြာသပတေးနေကတော့ ဖေ့ဘုတ်က မိုဘိုင်းဖုန်းတွေပေါ်မှာ ယင်း feature ကို စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

Smart Pro Journal
Aung Heine ( www.smart.com.mm )

RangonNewsDaily:: January . 17 .2014
ပြီးခဲ့တဲ့ ကြာသပတေးနေ့က Facebook ဟာ Trending topics လို့ခေါ်တဲ့ ဖေ့ဘုတ်အစိတ်အပိုင်းအသစ်တစ်
ရပ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။