Pages

Thursday, January 16, 2014

ရန်ကုန်မြို့က မှတ်တမ်းရုပ်ရှင်တို့စုဝေးရာ Human Dignity Film Institute

Photo

RangonNewsDaily:: January . 16 .2014
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Documentary Film Library အား Human Dignity Film Institute ရုံးခန်း၌ ယနေ့စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

Huawei ၏ Brand Ambassador အဖြစ် ဝတ်မှုံရွှေရည်အားခန့်အပ်

Photo

RangonNewsDaily:: January . 16 .2014
Huawei ၏ မြန်မာနိုင်ငံတွင်ပထမဦးဆုံးသော Brand Ambassadorအဖြစ် နိုင်ငံကျော်မင်းသမီး ဝတ်မှုံရွှေရည်
အား ခန့်အပ်ခြင်းစာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီက ထရိတ်ဒါးဟိုတယ်၌ ကျင်းပ
ခဲ့သည်။

ရခိုင်ပြည်နယ် ပေါက်တော အပိုင်ဆင်တပ်မှော် ဒုက္ခသည်စခန်း မီးလောင်

ရခိုင်ပြည်နယ် ပေါက်တော အပိုင်ဆင်တပ်မှော် ဒုက္ခသည်စခန်း မီးလောင်

kolatt(PBDN): January . 16 .2014

ရခိုင်ပြည်နယ် ပေါက်တော အပိုင် ဆင်တပ်မှော် ကျေးရွာရှိ ကျောက်ဖြူ ဒုက္ခသည် စခန်းတွင် ဇန်န၀ါရီလ ၁၆-ရက် မနက်လင်းအားကြီး ၁-နာရီတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အဆောင် ၃၁-လုံးနှင့် အခန်း ၂၄၈ ခန်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

မီးလောင်ရသည့်အကြောင်းအရင်းကို သေချာစွာမသိရှိရသေးပါ။ သတင်းနောက်ဆက်တွဲ စုံစမ်း
သိရှိရလျှင် တင်ဆက်ပေးသွားပါမည်။

M-Media ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: January . 16 .2014
ရခိုင်ပြည်နယ် ပေါက်တော အပိုင် ဆင်တပ်မှော် ကျေးရွာရှိ ကျောက်ဖြူ ဒုက္ခသည် စခန်းတွင် ဇန်န၀ါရီလ ၁၆
-ရက် မနက်လင်းအားကြီး ၁-နာရီတွင်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာအဆောင် ၃၁-လုံးနှင့် အခန်း ၂၄၈ ခန်း
မီးလောင်သွားခဲ့ကြောင်း သိရသည်။.

အမေရိကန် သတင်းစာဆရာ ရုရှားနိုင်ငံ အတွင်းမှ နှင်ထုတ်ခံရ

Photo: အမေရိကန် သတင်းစာဆရာ ရုရှားနိုင်ငံ အတွင်းမှ နှင်ထုတ်ခံရ
Thursday, January 16, 2014

ရုရှားသမ္မတ ဗလာတီမာပူတင်ကို ဝေဖန်သည့် စာပေများ ရေးသားဖူးသော အမေရိကန် စာရေးဆရာနှင့် စာနယ်ဇင်းသမား ဒေးဗစ်ဆတ်တာကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုင်းပြည်အတွင်းမှ နှင်ထုတ်ခဲ့သည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံ၏ သမိုင်း အပါအဝင် ရုရှားနိုင်ငံအကြောင်း ဝေဖန် သုံးသပ်ထားသည့် စာအုပ်သုံးအုပ် ရေးသား ခဲ့သော ဒေးဗစ်ဆတ်တာသည် ယခင်က Financial Times သတင်းစာ၏ မော်စကို သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန်အခြေစိုက် ရေဒီယိုလိုင်းများဖြစ်သည့် Radio Free Europe နှင့် Radio Liberty တို့တွင် အကြံပေး ပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

“ခင်ဗျားတို့လည်း သိပြီးသားဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ရုရှားနိုင်ငံထဲက နှင်ထုတ်ခံခဲ့ရတယ်” ဟု ဒေးဗစ်ဆတ်တာက သူ၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

သူ၏ ရုရှားပြည် ဝင်ခွင့် ဗီဇာကို သတင်းထောက် ဗီဇာနှင့် လဲလှယ်ရန်အတွက် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ သွားရောက်စဉ်တွင် ရုရှားသံရုံးက သူ၏ ဗီဇာပြောင်းလဲ လျှောက်ထားမှုကို ပယ်ချခဲ့ပြီး ရုရှားနိုင်ငံ၏ ပိုင်နက်တွင်း၌ သူ့ကို နေခွင့် မပြုတော့ကြောင်း ပြောကြားခဲ့သည်ဟု ဒေးဗစ်ဆတ်တာက သတင်းဌာနကို ပြောကြားသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ဒေးဗစ်ဆတ်တာသည် ရုရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခဲ့သဖြင့် ယခုကဲ့သို့ တိုင်းပြည်အတွင်းမှ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒေးဗစ်ဆတ်တာသည် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာပြီးနောက် သူ၏ကနဦး ပြည်ဝင်ခွင့် ဗီဇာကို တိုင်းပြည်အတွင်း အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိသော ဗီဇာနှင့် ချက်ချင်း လာရောက် လဲလှယ်ရမည် ဖြစ်သော်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာသာ လာရောက် လဲလှယ်ခဲ့သည်ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရုရှား အာဏာပိုင်များက ဒေးဗစ်ဆတ်တာကို တိုင်းပြည်ထဲတွင် ငါး ရက်ကြာ တရားမဝင် နေထိုင်ခဲ့မှုဖြင့် မော်စကိုမြို့ရှိ တရားရုံး တစ်ခု၌ ရုံးတင် စစ်ဆေးပြီးနောက် တိုင်းပြည်ထဲမှ နှင်ထုတ်ခဲ့သည်။

ဒေးဗစ်ဆတ်တာကို ရုရှားနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့် ငါးနှစ် ပိတ်ပင် လိုက်ကြောင်းနှင့် ယခုကဲ့သို့သော ဖြစ်စဉ်မှာ ပုံမှန်မဟုတ်သော ဖြစ်စဉ်မျိုး မဟုတ်ဘဲ စည်းမျဉ်း စည်းကမ်း မလိုက်နာမှုများကြောင့် ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် သုံးနှစ်မှ ၁၀ နှစ်အထိ ပိတ်ပင်ခံရသော နိုင်ငံခြားသားပေါင်း ၅၀၀,၀၀၀ ကျော် ရှိသည်ဟုလည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားသည်။

ဒေးဗစ်ဆတ်တာကမူ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက် မှာ အခြားကမ္ဘာ့နိုင်ငံများကို ဇဝေဇဝါ ဖြစ်သွားစေရန် ကြိုးပမ်း အားထုတ်ခြင်းသာ ဖြစ်ပြီး သူ့အနေနှင့် မည်သည့် လုပ်ထုံးလုပ်နည်းကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

The Voice Weekly

RangonNewsDaily:: January . 16 .2014
ရုရှားသမ္မတ ဗလာတီမာပူတင်ကို ဝေဖန်သည့် စာပေများ ရေးသားဖူးသော အမေရိကန် စာရေးဆရာနှင့် စာနယ်ဇင်းသမား ဒေးဗစ်ဆတ်တာကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုင်းပြည်အတွင်းမှ နှင်ထုတ်ခဲ့
သည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ် စင်ကာပူ၌ ရောဂါ ပျောက်ကင်းသည် အထိ ကုသမှု ခံယူမည်

RangonNewsDaily:: January . 16 .2014
စံခလပူရီ ၊ မဇ္ဈိမ ။ ။ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စော

လားဘွယ်သည်၎င်း၏လည်ချောင်းကင်ဆာ ရောဂါကိုလနှင့် ချီ၍ စင်ကာပူ နိုင်ငံ ဆေးရုံ၌ ပျောက်ကင်းသည်
အထိ ဆေးကုသမှု ဆက်လက် ခံယူသွားမည် ဖြစ်ကြောင်း ဦးစီးချုပ်အား ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပြီး ပြန်
လည် ရောက်ရှိလာသူ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ပြောသည်။

ဆန္ဒပြခေါင်းဆောင်ဆူတက်ကို ဖမ်းဆီးရန် ထိုင်းအစိုးရ ရဲများကို ဖိအားပေး

RangonNewsDaily:: January . 16 .2014
ထိုင်းဝန်ကြီးချုပ်အား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်းနှင့် ဘန်ကောက်မြို့လယ်အား ပိတ်ဆို့မှုများ ပြုလုပ်နေ

သော ဆန္ဒပြခေါင်းဆောင်များအား ဖမ်းဆီးရန် ထိုင်းအစိုးရက အမိန့်ပေးလိုက်ကြောင်း ဇန်နဝါရီ ၁၆ ရက်က
အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အစိုးရက တိုင်းပြည်ကို မငြိမ်မသက် ပြုလုပ်မှုဖြင့် ဖမ်း
ဆီးမိန့်ထုတ် ပြန်ထားသော်လည်းဆန္ဒပြနေသော ခေါင်းဆောင်များကယခုအချိန်ထိလွတ်လပ်စွာ ဟောပြော
သွားလာပြီး ရန်ပုံငွေ ကောက်ခံနေတုန်းပင်ဖြစ်သည်။

လက်ဝှေ့ယမ်းရုံဖြင့် ဖုန်းအားပြည့်မည့် စနစ်ကို အမေရိကန် သုတေသီများ တီထွင်နေ

Photo

RangonNewsDaily:: January . 16 .2014
(၁.၈)မီလီမီတာမျှသာရှိသည့်အလွန်သေးငယ်သော လေရဟတ်လေးကိုဖုန်းအားသွင်းမည့် လေအားလျှပ်စစ်
 စုဆောင်းရေး ကိရိယာအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။