Pages

Monday, January 13, 2014

ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် American Hustle ဇာတ်ကား အောင်ပွဲခံ

Photo: ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် American Hustle ဇာတ်ကား အောင်ပွဲခံ
Monday, January 13, 2014

American Hustleသည် အကောင်းဆုံး Musical or Comedyဆိုင်ရာ ဇာတ်ကားဆုအတွက် ရွေးချယ်ခြင်း ခံခဲ့ရသလို မင်းသမီး အေမီအဒမ်စ်နှင့် ဂျနီဖာလောရင့်စ်တို့သည်လည်း ယင်းဇာတ်ကားအတွက် ထူးချွန်ဆုများ အသီးသီး ရရှိခဲ့

ယမန်နေ့ညက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံး (Golden Globes) ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် American Hustle ဇာတ်ကားက အဓိက အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရှိရသည်။ American Hustleသည် အကောင်းဆုံး Musical or Comedyဆိုင်ရာ ဇာတ်ကားဆုအတွက် ရွေးချယ်ခြင်း ခံခဲ့ရသလို မင်းသမီး အေမီအဒမ်စ်နှင့် ဂျနီဖာလောရင့်စ်တို့သည်လည်း ယင်းဇာတ်ကားအတွက် ထူးချွန်ဆုများ အသီးသီး ရရှိခဲ့ကြသည်။ ယခုနှစ် ဆုပေးပွဲတွင် လီယိုနာဒို ဒစ်ကာပရီယိုသည်လည်း Wolf of Wall Street ဇာတ်ကားဖြင့် Musical or Comedyဆိုင်ရာ အကောင်းဆုံး မင်းသားအဖြစ် ရွေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။

(၂၀၁၃)ခုနှစ်၏ အကောင်းဆုံး Gloden Globe ထူးချွန်ဆုရသူများမှာ အောက်ပါအတိုင်းဖြစ်သည်။
အကောင်းဆုံးဇာတ်ကား (Drama) - 12 Years A Slave
အကောင်းဆုံးဇာတ်ကား (Musical or Comedy) - American Hustle
အကောင်းဆုံးဇာတ်ကား (နိုင်ငံခြားဘာသာ) - The Great Beauty
အကောင်းဆုံးဇာတ်ကား (Animated Feature) - Frozen
အကောင်းဆုံးဇာတ်ဆောင်မင်းသား (Drama) - မက်သရူးမက်ကော့တနီ (Dallas Buyers Club)
အကောင်းဆုံးဇာတ်ဆောင်မင်းသား (Musical or Comedy) - လီယိုနာဒိုဒစ်ကာပရီယို (The Wolf of Wall Street)
အကောင်းဆုံးဇာတ်ဆောင်မင်းသမီး (Drama) - ကိတ်ဘလန်ချတ် (Blue Jasmine)
အကောင်းဆုံးဇာတ်ဆောင်မင်းသမီး (Musical or Comedy) - အေမီအဒမ်စ် (American Hustle)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ - ဂျာရတ်လီတို (Dallas Buyers Club)
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ - ဂျနီဖာလောရင့်စ် (American Hustle)
အကောင်းဆုံးဒါရိုက်တာ - အယ်လ်ဖွန်ဆို (Gravity)
အကောင်းဆုံးဇာတ်ညွှန်း - စပိုက်ခ်ဂျွန့်ဇ် (Her)
အကောင်းဆုံးဇာတ်ဝင်တေး - U2အဖွဲ့၏ Ordinary Love (Mandela: Long Walk to Freedom)
အကောင်းဆုံးTVစီးရီး - Breaking Bad

Planet Myanmar Network

RangonNewsDaily:: January . 13 .2014
ယမန်နေ့ညက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံး (Golden Globes) ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် American Hustle ဇာတ်ကားက အဓိက အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရှိရသည်။

ခင်ပွန်းသည်၏ ဖောက်ပြန်မှု သတင်းကြောင့် ပြင်သစ်သမ္မတကတော် ဆေးရုံတက်ခဲ့ရ

Photo

RangonNewsDaily:: January . 13 .2014
ပြင်သစ်သမ္မတကတော်ဗယ်လာရီ ထရီဝီလာအနေဖြင့်သူမ၏ခင်ပွန်းသည် ဖောက်ပြန်သည့်သတင်းကိုကြား
သိပြီးနောက် ဆေးရုံတက်နေရကြောင်း သိရှိရသည်။

ငြိမ်းချမ်းစွာ လှည့်လည်ခွင့်ဥပဒေ လွှတ်တော်ကပဲပြင်မည်

Photo: ငြိမ်းချမ်းစွာ လှည့်လည်ခွင့်ဥပဒေ လွှတ်တော်ကပဲပြင်မည်
Monday, January 13, 2014

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ဆိုင်ရာ ဥပဒေဟာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ကပဲ ပြင်ဆင်သွားရမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပုဇွန်တောင် မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး မေးခွန်းမေးရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုတော့ ၂ဝ၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေမှာ ပြဌာန်းခဲ့ပြီးဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြဆွေနွေးတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ဥပဒေအရ အတည်ပြုထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြည်ထောင်စု ဥပဒေကပဲ ပြင်ဆင်ပြဌာန်းမယ်ဆိုရင် ကျနော်တို့ ဒီဥပဒေကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ကို ခွင့်ပြုထားပြီး ဖြစ်ပေမယ့် သက်ဆိုင်ရာ ရဲစခန်းတွေမှာ ခွင့်ပြုချက် ထပ်မံတောင်းခံနေရတဲ့အတွက် ဥပဒေရဲ့အထက်မှာ ခွင့်ပြုပေးတဲ့သူ ရှိနေသလိုမျိုး သဘောသက်ရောက်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြောပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်းခြင်းဆိုင်ရာ ပုဒ်မ ၁၈ အရ ဆန္ဒပြခွင့်တွေကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေမှာ တစ်ပတ်ကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ရန်ကုန် မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

RFA

RangonNewsDaily:: January . 13 .2014
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ဆိုင်ရာဥပဒေဟာ ပြည်ထောင်စုလွှတ်တော်ကအတည်ပြု
ပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ကပဲ ပြင်ဆင်သွားရမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်
ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ
Monday, January 13, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွားမည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်းဖြစ်နေ၍ ဆင်းသက်ခွင့်ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရဦးမည်ဖြစ်သည်။ 

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့ လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲရှိတယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

လေယာဉ်စင်းလုံးဌားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့် ရရှိရေးမှာ ဌားရမ်းသည့် ကုမ္ပဏီက ဆောင်ရွက် ပေးရခြင်းဖြစ်ကာ ပုံမှန်အားဖြင့် လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခုနမ့်စန် လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန် အတွက်လည်း ဦးစီးဌာနမှ တစ်ဆင့် စစ်တပ်သို့ ထပ်ဆင့် တင်မည် ဖြစ်သည်ဟု လေယာဉ်စင်းလုံးဌားသည့် ကုမ္ပဏီ Air KBZ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှု ဦးစီးဌာန)ကိုပဲ တင်ပါတယ်"ဟု ဆိုသည်။ 

ပုံမှန်အားဖြင့် စင်းလုံးဌား လေယာဉ်ဆင်းခွင့်ကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရာတွင် တစ်ပတ်အတွင်း လေယာဉ်ဆင်းခွင့် ပြန်ကျလေ့ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့် မရပါက NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွားမည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ဆင်းခွင့်မရသေးတာ မဟုတ်ပါဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်။ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။ လေယာဉ်ကွင်းပဲ ဆင်းလို့ ရရမှာပေါ့" ဟု ဆိုသည်။ 

နမ့်စန် လေယာဉ်ကွင်းမှာ ယခင်က အခြားလေယာဉ်များလည်း ဆင်းခွင့်ရပြီး နောက်ပိုင်းမှသာ တပ်မတော်ပိုင် ဖြစ်ခြင်းဖြစ်သည်။ ယင်းသို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာန အောက်တွင် မရှိသော လေယာဉ်ကွင်းများသို့ ဆင်းသက်ရန်မှာ ပုံမှန်ဆင်းနေကျ မဟုတ်၍ အမှန်တကယ် အခက်အခဲများ ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

၎င်းက “ လေယာဉ်ဆင်းနေကျ မဟုတ်တော့ အောက်မှာ Ground Service လုပ်မယ့်သူ မရှိတော့ အများကြီး ကြိုလုပ်ရမယ်။ control လုပ်ဖို့လူတွေ ဘာတွေ အများကြီး လိုပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဆင်းနေကျ မဟုတ်ရင် နည်းနည်းတော့ စောင့်ရပါတယ်"ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်သို့ လာရောက်ရန်အတွက် စင်းလုံးဌားလေယာဉ်ကို နမ့်စန် NLDမှ ပါတီဝင် တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ စင်းလုံးဌား လေယာဉ်၏ ဈေးနှုန်းမှာ တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မှာ ဇန်န၀ါရီ ၂၅ ၊၂၆ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့ နှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ်လူထုတွေ့ဆုံ ဟောပြောပွဲများ ကိုလည်း သုံးမြို့လုံးတွင်ပြုလုပ်သွား မည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နမ့်စန်မြို့သို့ ခရီးစဉ်လာရောက်ခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများပြုလုပ်ရန် ခရီးစဉ်များကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ ၂၀၁၄ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းအနှံ့သို့ ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်ဟု NLD တာဝန်ရှိသူများ ကပြောထားသေးသည်။

Mizzima - News in Burmese

RangonNewsDaily:: January . 13 .2014
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ်
တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး
ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို ပြောသည်။

ယခုလကုန် GSM လိုင်းပြန်ကောင်း လာမည်ဟုဆို

RangonNewsDaily:: January . 13 .2014
နယ်ဒေသအချို့ အပါအဝင် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖုန်းခေါ်ဆိုရ ခက်ခဲခြင်းကိုဖြေ

ရှင်းရန် မိုဘိုင်းလ် ဖုန်းလိုင်းများ ထပ်မံတိုးချဲ့ပြီး ရေဒီယို စက်ပစ္စည်းသစ်များ လဲလှယ် လိုက်ပြီးနောက် ယခု
လကုန်တွင် GSM မိုဘိုင်းလ် ဖုန်းလိုင်းများ ပြန်ကောင်း လာတော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ညဈေးကို အဆင့်မြှင့်တင်မည်

RangonNewsDaily:: January . 13 .2014
မန္တလေးမြို့ ကမ်းနားလမ်း (၄၁လမ်း)တွင်ရှိသောညဈေးကို ကိုယ့်အားကိုယ်ကိုး အဆင့်မြှင့်တင်ရန်အ တွက်

အဆိုပါဈေး အကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ညှိ နှိုင်းဆောင်
ရွက်သွားမည်ဖြစ်သည်ဟုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၁) ဦးထွန်းကြည်
က ဇန်န၀ါရီ ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။

FMI ကျပ်၂ဒသမ ၅ ဘီလီယံဖိုးရှိ အစုရှယ်ယာ နှစ်သိန်းခွဲ ထပ်မံထုတ်ရောင်း

RangonNewsDaily:: January . 13 .2014
အသစ်ထပ်မံတိုးချဲ့မည့် စီမံကိန်း ခြောက်ခုအတွက် ကျပ် ၂၅ ဘီလီယံဖိုးရှိ အစုရှယ်ယာများအား မကြာ မီက အပြီးသတ်ရောင်းချပြီးခဲ့သော FMI ကုမ္ပဏီအနေဖြင့် ကျပ် ၂ ဒသမ ၅ ဘီလီယံဖိုးရှိ နောက်ထပ် အစုရှယ်

ယာနှစ်သိန်းခွဲအား ဇန်န၀ါရီလအတွင်း ထပ်မံထုတ်ရောင်းချမည်ဟု ဇန်န၀ါရီ ၁၁ ရက်က သတင်းထုတ်ပြန်
သည်။

မန္တလေးတိုင်းတွင် လူသတ်မှုနှင့် အဓမ္မပြုကျင့်မှုများ တိုးလာ

RangonNewsDaily:: January . 13 .2014
မန္တလေးတိုင်းအတွင်း ၂၀၁၂ ခုနှစ်ထက် ၂၀၁၃ ခုနှစ်တွင် လူသတ်မှုနှင့်အဓမ္မပြုကျင့်မှုနှုန်း မြင့်တက်လာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်း၊ မြို့နယ်၊ ရပ်ကွက်အလိုက် ပညာပေးဟောပြောပွဲများကို လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးဦးဇော်မင်းဦးက ပြောသည်။

မီးဘေးသင့် မယ်လဒုက္ခသည်စခန်း ပြန်လည်ထူထောင်ရေး ခက်ခဲနေဟုဆို

RangonNewsDaily:: January . 13 .2014
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာရှိ မယ်လဒုက္ခ သည်စခန်းတွင် ဒီဇင်ဘာအတွင်း မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်ဆောက်လုပ် ရန် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု Karen Refugee Committee ဥက္ကဋ္ဌ စောရောဘတ်ထီး က မဇ္ဈိမကို ပြောသည်။ ဒီဇင်ဘာ ၂၇ ရက် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေစုစုပေါင်း ၁၂၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရာ လက်ရှိအချိန် ထိ နေအိမ်တစ်လုံးမှ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးဟု ၎င်းက ဆိုသည်။

လားရှိုးဂျာမေဗလီကြီးကို ဖျက်ဆီးသူများအနက် ကျမ်းမြတ်ကုရ်အာန်ကို သေးဖြင့်ပန်းသူများ၏ အဖြစ်ဆိုး

RangonNewsDaily:: January . 12 .2014
လားရှိုးဂျာမေဗလီကြီးကို ဖျက်ဆီးသူများအနက် အချို့မှာ ဗလီအတွင်းသို့ဝင်ရောက်၍
ကျမ်းမြတ်ကုရ်အာန်များကို ဖျက်ဆီးပြီး သေးဖြင့်ပန်းခဲ့ကြပါသည်။
ထိုအချိန်မှစ၍ ၎င်းတို့သည် ဆီးသွားရာတွင် ခက်ခဲသောဝေဒနာကို စတင်ခံစားလာရပါသည်။ တဖြည်းဖြည်းနှင့် လုံးဝဆီးမသွားနိုင်သည်အထိဖြစ်လာခဲ့သဖြင့် လားရှိုးဆေးရုံသို့
တက်ရောက်ကုသမှုခံယူခဲ့သော်လည်း သက်သာပျောက်ကင်းမှုမရရှိခဲ့ကြပါ