Pages

Sunday, January 12, 2014

Miss တစ်ယောက် အနေနဲ့ ရေရှည်ရပ်တည် သွားဖို့က လက်ရှိနေရာမှာ အဆင်မပြေဘူး နန်းခင်ဇေယျာ

Photo: Miss တစ်ယောက် အနေနဲ့ ရေရှည်ရပ်တည် သွားဖို့က လက်ရှိနေရာမှာ အဆင်မပြေဘူး နန်းခင်ဇေယျာ 
Sunday, January 12, 2014

ဇာတ်ညွှန်း အရင် ဖတ်ကြည့်ပြီး ကိုယ်လည်း လုပ်နိုင်မယ့် ဇာတ်ကား မျိုးဆိုရင်တော့  ရိုက်ဖြစ်မှာ ပါဆိုတဲ့ မော်ဒယ်နန်းခင်ဇေယျာက "လတ် တလောမှာ ကြော်ငြာတွေရိုက်ဖြစ် တယ်။ ပြီးတော့ ဇန်နဝါရီလ၊ ၁၅ ရက်နေ့မှာ ညီမရဲ့ ဒုတိယမြောက် ဗီဒီယိုကား စရိုက်မယ်။ ပုံစံလေးက တော့ သင်္ကြန်ကားလေးဖြစ်တဲ့အ တွက် ပေါ့ပေါ့ပါးပါးပုံစံမျိုးလေးလို့ ပြောတယ်။
ရိုက်ပြီးခဲ့တဲ့ ပထမကား မှာရော အသစ်တစ်ယော က်အနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ ရလဲဆိုတော့ ညီမက ကြော်ငြာတွေ ပဲရိုက်ဖူးတယ်။ ကြော်ငြာ ရိုက်တာနဲ့ ကားရိုက်က အရမ်းကွာတဲ့အပြင် တိုင်းရင်းသူလည်းဖြစ်တော့ စကား လည်း နည်းနည်းဝဲတယ်။ အဲဒီအ တွက်သတိထားရတယ်။ ရိုက်ရတဲ့ ကားကပေါ့ပေါ့ပါးပါးကားမျိုးမဟုတ် ဘူး။ ကိုခန့်ထက် ညီမ sence က ပိုများပြီး လုံးဝအငြိမ် ဆရာဝန်မတစ် ယောက်ကာရိုက်တာကို အစအဆုံး Mood သွင်းပြီး အရမ်းကြိုးစားခဲ့ရ တယ်။ ဒါပေမဲ့ ဦးညွန့်မြန်မာညီညီ အောင်နဲ့ ကိုခန့်ကလည်း သင်ပေး ပါတယ်။
Miss တစ်ယောက်အနေနဲ့ သရုပ်ဆောင်လုပ်ဖြစ်တာကလည်း Miss တစ်ယောက်အနေနဲ့ဆိုရင် ရေရှည်ရပ်တည်ဖို့က အဆင်မပြေ ဘူး။ ပရိသတ်တွေကလည်း ဗီဒီယို ကားလေးတွေကြည့်ချင်တယ်ဆိုပြီး Mail တွေနဲ့စာတွေပို့ကြတယ်။ ကိုယ်ကလည်းဝါသနာပါပြီးဆန္ဒရှိတဲ့ အတွက်လုပ်ဖြစ်သွားတာပါ။ ရေ ရှည်မှာလုပ်သွားဖို့ရော အစီအစဉ် ရှိလားဆိုတော့ဇာတ်ကားတွေကို တော့ စရိုက်နေပါပြီ။ လုပ်နိုင်သ လောက်ကာရိုက်တာမရွေးဘဲလုပ် သွားမယ်။ ပရဟိတနဲ့ပတ်သက်ပြီး တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နာ ရေးကူညီမှုအသင်းနဲ့အတူ ပြည်မြို့ ကိုသွားတယ်။ အဲဒီမတိုင်ခင် နွား ထိုးကြီးမြို့သွားတယ်။

အဓိကပညာ ရေးနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အတွေ့ အကြုံလေးတွေကို ဆွေးနွေးရှင်းလင်း ဖြစ်တယ်။ အခုအချိန်မှာ ကိုယ်ကိုယ် တိုင်ဦးဆောင်ပြီးတော့လည်း သွား တယ်။ တစ်ခါတလေ အသင်းအဖွဲ့ ကခေါ်တယ်ဆိုရင်လည်း ညီမဘက် က ကူညီပေးဖို့အဆင်သင့်ပါပဲ။ ဧည့် လမ်းညွှန်ကတော့ တစ်လမှနှစ်ကြိမ် လောက်ပဲ VIP ဧည့်သည်တွေကို Guide လုပ်ပေးဖြစ်တာပါ။ ပရိ သတ်ကြီးကို ပြောချင်တာက ပရိ သတ်တွေစောင့်မျှော်နေတဲ့အတိုင်း ဇာတ်ကားတွေ စရိုက်နေပါပြီ။ အ သစ်တစ်ယောက် အနေနဲ့ ကြိုးစား ထားတဲ့ အတွက် အားပေးကြပါလို့ ပြောချင်ပါတယ်။ 


The Melting Pot 4 U

RangonNewsDaily:: January . 12 .2014
ဇာတ်ညွှန်း အရင် ဖတ်ကြည့်ပြီး ကိုယ်လည်း လုပ်နိုင်မယ့် ဇာတ်ကား မျိုးဆိုရင်တော့ ရိုက်ဖြစ်မှာ ပါဆိုတဲ့ မော်ဒယ်နန်းခင်ဇေယျာက "လတ် တလောမှာ ကြော်ငြာတွေရိုက်ဖြစ် တယ်။ ပြီးတော့ ဇန်နဝါရီလ၊ ၁၅ ရက်နေ့မှာ ညီမရဲ့ ဒုတိယမြောက် ဗီဒီယိုကား စရိုက်မယ်။ ပုံစံလေးက တော့ သင်္ကြန်ကားလေးဖြစ်တဲ့အ တွက် ပေါ့ပေါ့ပါးပါးပုံစံမျိုးလေးလို့ ပြောတယ်။

နာဂပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာမည်ဟုဆို

Photo: နာဂပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာမည်ဟုဆို
Sunday, January 12, 2014

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာနိုင်မည်ဟု ခန့်မှန်းကြောင်း အဆိုပါ ပွဲတော်သို့ နိုင်ငံခြားသားများ သွားရောက် လေ့လာနိုင်ရန် ဆောင်ရွက်ပေးနေသည့် မန္တလေးမြို့တော် အခြေစိုက် Diamond Palace Travel & Tour ကုမ္ပဏီထံမှ သိရှိရသည်။ 

ပြည်ပဧည့်သည် ၃၀ ဦး အပါအဝင် ပြည်တွင်း ဧည့်သည် ၂၀ ဦးခန့်လည်း နာဂပွဲတော်ကို သွားရောက်ရန် ရှိသည်ဟု ယင်းကုမ္ပဏီထံမှ ထပ်မံသိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၀၃ ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တို့တွင် အလှည့်ကျ ကျင်းပလျက်ရှိပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသ နာဂတိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း ယင်းပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ရှေးနှစ်ပေါင်း များစွာကတည်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ကျော် ကာလများတွင် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်ကြသော နှစ်ကူးပွဲအဖြစ် ကျင်းပခဲ့ကြကာ ၂၀၀၁ ခုနှစ် လေရှီးမြို့၌ ကျင်းပသော ပွဲတော်မှ စတင်၍ နိုင်ငံခြားသား ဧည့်သည်များ လာရောက်ခဲ့ကြပြီး ကမ္ဘာသိ တိုင်းရင်းသားရိုးရာ ပွဲတော်တစ်ခု ဖြစ်ခဲ့သည်။

The Voice Weekly

RangonNewsDaily:: January . 12 .2014
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ ပြည်ပဧည့်သည်၃၀ဦးခန့် လာရောက် လေ့လာနိုင်မည်ဟု ခန့်မှန်းကြောင်း
အဆိုပါပွဲတော်သို့ နိုင်ငံခြားသားများသွားရောက် လေ့လာနိုင်ရန် ဆောင်ရွက်ပေးနေသည့်မန္တလေးမြို့တော် 
အခြေစိုက် Diamond Palace Travel & Tour ကုမ္ပဏီထံမှ သိရှိရသည်။

ဆိုင်ကယ် ဖြည်းဖြည်းမောင်းရန် ပြောသဖြင့် ရပ်ကွက်ဓမ္မာရုံဒု-ဥက္ကဋ္ဌကို အုတ်ခဲကျိုးဖြင့် ဝိုင်းထု

RangonNewsDaily:: January . 12 .2014
မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မဉ္ဇူလမ်းရှိ ဆွမ်းလောင်းဓမ္မာရုံ ဒု-ဥက္ကဋ္ဌက လမ်းအတွင်း မော်တော်ဆိုင်ကယ် ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့သည်ကို မကျေနပ်သော လူငယ်များက အုတ်ခဲကျိုးများဖြင့် အဆိုပါ ဓမ္မာရုံ ဒုတိယဥက္ကဋ္ဌကို ဝိုင်းထုခဲ့သောကြောင့် ဦးခေါင်းနှင့် မျက်နှာတွင် ဒဏ်ရာများရရှိခဲ့ပြီး ၂၂ ချက် ချုပ်ခဲ့ရကြောင်း ဓမ္မာရုံ နာယက ဦးကျော်လတ်က ပြောကြားသည်။

Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

RangonNewsDaily:: January . 12 .2014
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ နေအိမ်တစ်ခု၌ Grand Royal အရက်အတု ပြုလုပ်နေသူကို အတုပြုလုပ်သည့် ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက်နေ့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့သည် သတင်းအရ ယင်းနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း (ကျွဲဆည်ကန်ကားဝင်း) ရှိ ပြည်ခိုင်ဖြိုးကား ဂိတ်ရှေ့တွင် စောင့်ဆိုင်းနေစဉ်

Wi-Fi ရေဒီယိုလှိုင်းများကြောင့် အပင်များသေဆုံး

Photo: Wi-Fi ရေဒီယိုလှိုင်းများကြောင့် အပင်များသေဆုံး
Sunday, January 12, 2014

ကြိုးမဲ့ ဆက်သွယ်ရေး စနစ်များကို အသုံးများလာသည့် ခေတ်တွင် Wi-Fi ဆက်သွယ်ရေးလှိုင်း စနစ်ကြောင့် လူသားတို့အပေါ် သက်ရောက်မှုများကို လေ့လာ သုံးသပ်ခဲ့ရာ နောက်ဆုံး တွေ့ရှိချက်အရ Wi-Fi ရေဒီယိုလှိုင်းများသည့် အပင်များကို သေဆုံးစေကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။

Wageningen တက္ကသိုလ်မှ သုတေသီများသည် သစ်တော ဧရိယာအတွင်း Wi-Fi လှိုင်းများကို အမြင့်ဆုံးနှုန်းနှင့် ထုတ်လွှတ်ကြည့်ရာ အပင်များသာမက ဗက်တီးရီးယား ပိုးမွှားများနှင့် ဗိုင်းရပ်စ်များတွင် ခံစားရမှု အရိပ်အယောင်များ တွေ့ရှိခဲ့ကြရသည်။ အရိပ်အယောင်များ ဆိုရာတွင် ဗက်တီးရီးယားများတွင် သွေးယိုခြင်း၊ အပင်အခေါက်များ အက်ကွဲခြင်း၊ အရွက်များ ညှိုးခြောက်သွားခြင်းအပြင် အပင်ပေါက်နှုန်းများ ပုံမှန် မဟုတ်ခြင်းတို့ကို လေ့လာ တွေ့ရှိရကြောင်း သုတေသီများက ဆိုသည်။

ထိုသို့ အပင်နှင့် သက်ရှိများတွင် ဝေဒနာများ ဖြစ်ပေါ်ရခြင်းသည် Wi-Fi လှိုင်းများကြောင့်သာ ဖြစ်ပြီး သူတို့သည် အပင် ၂၀ ကို သုံးလကြာအောင် နည်း အမျိုးမျိုးနှင့် စမ်းသပ်ခဲ့ပြီးမှ အဖြေထုတ်ခဲ့ကြခြင်း ဖြစ်သည်။ 

မြို့ပြတွင် Wi-Fi စနစ်ကို အသုံးများသောကြောင့် မြို့ပြဝန်းကျင်ရှိ အပင်များ၏ အနေအထား ပြောင်းလဲလာမှုများကို ထိုပညာရှင်အဖွဲ့က လေ့လာခဲ့မိပြီး ယခုကဲ့သို့ ဆက်လက် လေ့လာခဲ့ကြခြင်း ဖြစ်သည်။

နယ်သာလန် နိုင်ငံတွင်လည်း မြို့ပြရှိ အပင် ၇၀ ရာခိုင်နှုန်းခန့်သည့် အဆိပ်မိသည့် လက္ခဏာများ ဖြစ်ပေါ်နေပြီး၊ နောက်လာမည့် ငါးနှစ်အတွင်း ၁၀ ရာခိုင်နှုန်းခန့် တိုးမြင့် ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ကျေးလက် Wi-Fi အသုံးနည်းသည့် ဒေသများတွင် မြို့ပြကဲ့သို့ အပင်များသည် ထိခိုက်ပျက်စီး သေဆုံးမှု နည်းပြီး ပညာရှင်များက အခေါက်၊ အမြစ်၊ အရွက်များအပေါ် သက်ရောက်မှုများအား ဆက်လက် စမ်းသပ် စစ်ဆေးနေဆဲဖြစ်ကာ လူသားတို့ အပေါ်တွင်ပါ မည်သို့ သက်ရောက်မှု ရှိနိုင်ကြောင်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။

(LIVE SCIENCE)
The Voice Weekly

RangonNewsDaily:: January . 12 .2014
ကြိုးမဲ့ ဆက်သွယ်ရေး စနစ်များကို အသုံးများလာသည့် ခေတ်တွင် Wi-Fi ဆက်သွယ်ရေးလှိုင်း စနစ်ကြောင့် လူသားတို့အပေါ် သက်ရောက်မှုများကို လေ့လာ သုံးသပ်ခဲ့ရာ နောက်ဆုံး တွေ့ရှိချက်အရ Wi-Fi ရေဒီယို
လှိုင်းများသည့် အပင်များကို သေဆုံးစေကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။

ဒိန်းမတ် တော်ဝင်မင်းသမီး စစ်တွေမြို့ ဒုက္ခသည်စခန်းတွေကိုသွားရောက်

Photo

RangonNewsDaily:: January . 12 .2014
ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင်မင်းသမီး Princess Mary ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာ
ခဲ့ပြီးတော့ ဒီကနေ့မှာတော့ စစ်တွေမြို့အနောက်ဘက်က ဆေးသမား မွတ်စလင်ဒုက္ခသည်စခန်းကို သွား
ရောက်လေ့လာခဲ့သလို စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းမှာရှိတဲ့ စက်မှုဇုန် ရခိုင်ဒုက္ခသည်စခန်း
ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။

နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်

Photo: နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်
Sunday, January 12, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။နိုင်ငံကျော် ဟာသ လူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသ ပဒေသာ ကပွဲကြီးကို လူရွှေင်တော်အသင်း(ရန်ကုန်)နှင့် အကယ်ဒမီမော့စ်၏ မိသားစုတို့က ပူးပေါင်း လုပ်ဆောင်မည်ဟု ဟာသပဒေသာ ကပွဲပြုလုပ်ရန် ဇန်နဝါရီ ၁၂ရက် နံနက်က City Star Hotelတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

ထိုဟာသပဒေသာကပွဲတွင် လူရွှင်တော်များစွာ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင် မော့စ်၏ တစ်ချိန်က ကပြတင်ဆက်ခဲ့သည့် ပြဇာတ်တွေကို ပြန်လည်ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ရက်တွင် ပြည်သူရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။ 


"လူရွှင်တော်အသင်းက ဒီပွဲ မလုပ်ခင် ရန်ပုံငွေပွဲ တစ်ခု လုပ်ဖို့ စီစဉ်ထားတာ။ အဲဒီအချိန်မှာ ကိုမော့စ် ရဲ့ မိသားစုက ဒီလိုလေး လုပ်ချင်တယ် လာပြောတော့ ကောင်းတာပေါ့ အားလုံး လုပ်ကြမယ် ဆိုပြီး လုပ်ဖြစ် သွားတာပါ ။ ဒီပွဲကို ကိုမော့စ်ကို အခုချိန်ထိ မမေ့ဘဲ အားပေးနေတဲ့ ပရိသတ်တွေ ကိုမော့စ်ရဲ့ ပြဇာတ်တွေကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် ကိုယ်မော့စ် ကခဲ့တဲ့ ပြဇာတ် ၇ခု၊ ၈ခု လောက်ထိ ကျွန်တော်တို့ ကပြဖျော်ဖြေ ကြမှာပါ။ ဒီပွဲ တစ်ခုလုံးကိုလဲ ကိုမော့စ်ရဲ့ ပုံရိပ်တွေနဲ့ပဲ ပြုလုပ်ထားမှာပါ" ဟု လူရွှင်တော်အသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ကိုခင်လှိုင်က ပြောသည်။ 

ဦးမော့စ်အလွမ်းပြေ ဟာသပဒေသာ ကပွဲ၏ အဝင်အဝတွင် အကယ်ဒမီ မော့စ်၏ လူရွှင်တော်ဝတ်စုံဖြင့် အကယ်ဒမီဆု ကိုင်ထားသည့် ပုံကို ထားရှိမည်ဖြစ်ပြီး LEDဖြင့် မော့စ်၏ ဇာတ်လမ်းတိုများကို ပြသသွားမည်ဖြစ်သည်။ 

ထို့အပြင် ပဒေသာကပွဲ၌ အကယ်ဒမီမော့စ်၏ ပုံတူရွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး မော့စ်နှင့် တူသည့်သူများကို ပထမ၊ ဒုတိယ၊ တတိယရွေးချယ်ကာ ဆုချီးမြှင့်မည်ဟုလည်း ဆိုသည်။ 

ပဒေသာကပွဲ လက်မှတ်များအနေဖြင့် ကျပ် ငါးထောင်၊ ခုနှစ်ထောင်၊ တစ်သောင်း သတ်မှတ်ထားသည်။ 

အကယ်ဒမီ မော့စ်သည် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်တွင် အသည်းရောဂါဖြင့် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ SSCဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မော့စ်သည် အသက် ၅၉နှစ်ရှိပြီဖြစ်သည်။ 


ဓာတ်ပုံအညွှန်း>>>> ၂၀၁၁ခုနှစ်အတွက် အကောင်းဆုံး အကယ်ဒမီ ဇတ်ပို့ဆု ရယူခဲ့သော အကယ်ဒမီမော့စ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်)

Mizzima - News in Burmese
ဓာတ်ပုံအညွှန်း>>>> ၂၀၁၁ခုနှစ်အတွက် အကောင်းဆုံး အကယ်ဒမီ ဇတ်ပို့ဆု ရယူခဲ့သော အကယ်ဒမီမော့စ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်)
RangonNewsDaily:: January . 12 .2014
နိုင်ငံကျော် ဟာသ လူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသ ပဒေသာ ကပွဲကြီးကို လူရွှေင်တော်အသင်း(ရန်ကုန်)နှင့် အကယ်ဒမီမော့စ်၏ မိသားစုတို့က ပူးပေါင်း လုပ်ဆောင်မည်ဟု ဟာသပဒေသာ ကပွဲပြုလုပ်ရန် ဇန်နဝါရီ ၁၂ရက် နံနက်က City Star Hotelတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

သင်္ဘောသားခြောက်ဦးကို မြန်မာအာမခံ လုပ်ငန်းက အသက်အာမခံကြေး ကျပ်သိန်း ၃၀၀ လျော်ကြေးပေး

Photo: သင်္ဘောသားခြောက်ဦးကို မြန်မာအာမခံ လုပ်ငန်းက အသက်အာမခံကြေး ကျပ်သိန်း ၃၀၀ လျော်ကြေးပေး
Sunday, January 12, 2014

သင်္ဘောတွင် အလုပ်လုပ်ကိုင်နေစဉ် ပျောက်ဆုံး၊ သေဆုံးခဲ့သည့် သင်္ဘောသား ခြောက်ဦးအတွက် သင်္ဘောသား အသက် အာမခံကြေးအဖြစ် ၎င်းတို့၏ မိသားစုကို တစ်ဦးလျှင် ကျပ်သိန်းငါးဆယ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းသုံးရာ ပေးလျော်လိုက်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

အဆိုပါ သင်္ဘောသားများအနက် သုံးဦးသည် တောင်တရုတ်ပင်လယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က နစ်မြုပ်ခဲ့သည့် MV. Bright RubyobFam တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပျောက်ဆုံးနေဆဲ သင်္ဘောသားများ ဖြစ်ကြောင်း၊ ကျန်သုံးဦးမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က MV. Lara Rickmars သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်စဉ် ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့သည့် သင်္ဘောသားနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင်းက သင်္ဘောပေါ်တွင် နာမကျန်းဖြစ်၍ သေဆုံး ခဲ့သူနှစ်ဦး ဖြစ်ကြောင်း ဦးအေးမင်းသိန်းက ဆိုသည်။

အာမခံလျော်ကြေး ပေါ်လစီအရ ပျောက်ဆုံးသူများကို အနည်းဆုံး ၂ နှစ်စောင့်၍ ပြန်မတွေ့မှသာ ပေးရသဖြင့် ပျောက်ဆုံးနေသူ သုံးဦးကို လျော်ကြေးပေးရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ ပျောက် ဆုံး၍ လေးငါးနှစ်ခန့် ကြာမှသာ ပြန်ပေါ်လာသည့် ဖြစ်စဉ်များကြောင့် ယင်းသို့ စောင့်ဆိုင်းရခြင်း ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းထံမှ သိရှိရသည်။
“လျော်ကြေးငွေ ရပြီးမှ ပြန်ရောက်လာသူတွေ ရှိပေမယ့် ဒီငွေတွေကို မြန်မာ့ အာမခံလုပ်ငန်းက ပြန်မတောင်းပါဘူး” ဟု ဦးအေးမင်းသိန်းက ပြောကြားသည်။

ပျောက်ဆုံးနေသော သင်္ဘောသား ၂၈ ဦးကို အာမခံလျော်ကြေး ပေးအပ်ရန် ကျန်ရှိပြီး ယခုလ ၁၅ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ပျောက်ဆုံးချိန် ၂ နှစ်ပြည့်၍ လျော်ကြေး ရရှိမည့်သူနှစ်ဦး ရှိကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily:: January . 12 .2014
သင်္ဘောတွင် အလုပ်လုပ်ကိုင်နေစဉ် ပျောက်ဆုံး၊ သေဆုံးခဲ့သည့် သင်္ဘောသား ခြောက်ဦးအတွက် သင်္ဘော
သားအသက်အာမခံကြေးအဖြစ် ၎င်းတို့၏ မိသားစုကို တစ်ဦးလျှင် ကျပ်သိန်းငါးဆယ်နှုန်းဖြင့် စုစုပေါင်း ကျပ်
သိန်းသုံးရာ ပေးလျော်လိုက်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း
က ပြောကြားသည်။

ငါးဖမ်းခွင့်ပြုချက် တောင်းရမယ့် တရုတ်ဥပဒေ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ရှုတ်ချ

Photo: ငါးဖမ်းခွင့်ပြုချက် တောင်းရမယ့် တရုတ်ဥပဒေ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ရှုတ်ချ
Sunday, January 12, 2014

တောင်တရုတ်ပင်လယ်ထဲက နေရာအတော်များများမှာ ငါးဖမ်းမယ့် ပြည်ပ ရေလုပ်သားတွေဟာ တရုတ်အစိုးရဆီကနေ ခွင့်ပြု ချက် တောင်းခံရမယ်ဆိုတဲ့ တရုတ်ဥပဒေသစ်တစ်ရပ်ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

တရုတ်တို့ဘက်ကတော့ ဒါဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ပဲလို့ အခိုင်အမာ ပြောနေတာပါ။ သဘာဝဓာတ်ငွေ့နဲ့ ရေနံသိုက်တွေ ရှိတယ်လို့ ယူဆထားကြတဲ့ အဲဒီ မဟာဗျူဟာမြောက် ရေပြင်ကို ပိုင်စိုးရေးအတွက် တရုတ်တို့ဘက်က ရှေ့တိုးလုပ်ဆောင်လာတာဟာ အိမ်နီးချင်းနိုင်ငံငယ်တွေကို ချိုးနှိမ်ရာရောက်ပြီး စစ်မီးပွားစရာအခြေအနေတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါ တယ်။

သူတို့နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ သူတို့အခွင့်အရေးရှိတယ်ဆိုတဲ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့အတွက် ပိုပြီးဒေါသဖြစ်စေ ပါတယ်။ ဒီလုပ်ရပ်ဟာ တင်းမာမှုကို မြင့်မားစေတယ်၊ ဒေသတွင်းအခြေအနေ ရှုပ်ထွေးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပျက်ပြား အောင်လုပ်နေတာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်သလို ဗီယက်နမ်ကလည်း ဒါဟာ သူတို့ရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာပဲလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း တရုတ်တို့ရဲ့လုပ်ရပ်ဟာ ရန်စတာဖြစ်ပြီး အန္တရာယ်ကြီးတယ်လို့ ဝေဖန်ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အမေရိကန် ၀င်မပါဖို့ တုံ့ပြန်ထားပါတယ်။

အရေးပါတဲ့ ကမ္ဘာ့ရေကြောင်းလမ်းဖြစ်တဲ့ ဒီ တောင်တရုတ်ပင်လယ်ရဲ့ တစိတ်တဒေသကို မလေးရှား၊ ဘရူနိုင်းနဲ့ တိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ခွင့် အသီးသီး တောင်းခံနေကြတာပါ။

ငါးဖမ်းစက်လှေမှာ အသုံးပြုမယ့် သိုလှောင်ခန်းအသစ်တခု ရေချ သယ်ဆောင်လာနေတဲ့ ဖိလစ်ပိုင်လူငယ်တစ်ဦး။

VOA
ငါးဖမ်းစက်လှေမှာ အသုံးပြုမယ့် သိုလှောင်ခန်းအသစ်တခု ရေချ သယ်ဆောင်လာနေတဲ့ ဖိလစ်ပိုင်လူငယ်တစ်ဦး။

RangonNewsDaily:: January . 12 .2014
တောင်တရုတ်ပင်လယ်ထဲက နေရာအတော်များများမှာ ငါးဖမ်းမယ့် ပြည်ပ ရေလုပ်သားတွေဟာ တရုတ်အစိုးရဆီကနေ ခွင့်ပြု ချက် တောင်းခံရမယ်ဆိုတဲ့ တရုတ်ဥပဒေသစ်တစ်ရပ်ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်လို့ ရဲအတိုင်ခံရတဲ့ Justin Bieber

Photo: အိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်လို့ ရဲအတိုင်ခံရတဲ့ Justin Bieber 
Sunday, January 12, 2014

Justin Bieber ကတော့သူနေထိုင်ရာအရပ်ဖြစ်တဲ့ Calabasas, Califronia မှပြဿနာ။ ရှာလိုက်ပြန်ပါပြီ။ ပေါ့ပ်ကြယ်ပွင့်ဟာအိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်တယ်လို့ အစွပ်စွဲခံရတာဖြစ်ပါတယ်။
ကြာသာပတေးနေ့ညက အဲဒီ့အိမ်နီးချင်းဟာ သူ့ရဲ့အိမ်ကိုတဒုန်းဒုန်းရိုက်ခက်တဲ့အသံတွေကြားရပြီး အမြင်ထွက်ကြည့်လိုက်တော့ ၁၉ နှစ်သားအဆိုတော်ဟာ သူ့ရဲ့အိမ်ကို အရာဝတ္တုပစ္စည်းတွေနဲ့ပစ်ပေါက်နေတာကိုမြင်ရတယ်လို့ TMZ.com ကဆိုပါတယ်။
အဲဒီ့အိမ်နီးချင်းဟာ Los Angeles ဌာနေရဲမှုးကို ဖုန်းဆက်တိုင်ကြားခဲ့ပြီး Bieber ကသူ့အိမ်ရဲ့အိမ်ရှေ့တံခါးကို ကြက်ဥနဲ့ပေါက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ့အမည်မသိအိမ်နီးချင်းက “မင်းဘာလုပ်နေတာလဲကွ” လို့အော်ဟစ်တဲ့အခါ Bieber ကသူ့ကို ကြက်ဥတွေနဲ့ပေါက်တယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေကတော့ လူတစ်ယောက်သူတို့ကိုဖုန်းဆက်ပြီး တိုင်ကြားမှုတစ်ခုလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။
ဒါဟာ Bieber တစ်ယောက် အိမ်နီးချင်းတွေနဲ့ပြသနာတက်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်တုန်းကလဲသူဟာ အထိမ်းအကွပ်မဲ့ ယဉ်မောင်းနှံတာနဲ့ ဆူညံတဲ့ပါတီတွေလုပ်ခဲ့တယ်လို့ သူတို့ကတိုင်ကြားပါတယ်။
လက်တလောမှာတော့ Bieber ကသူ့ရဲ့ရည်းစားဟောင်း Selena Gomez နဲ့ ပြန်တွဲနေတယ် လို့သတင်းထွက်နေပြီး ပြီးခဲ့တဲ့အပါတ်အားလပ်ရက်က Chris Brown ရဲ့ RV ကားနဲ့ camp ထွက်ခဲ့တယ်လို့ဆိုပါတယ်။

Ref:starpulse
Trend Myanmar

RangonNewsDaily:: January . 12 .2014
Justin Bieber ကတော့သူနေထိုင်ရာအရပ်ဖြစ်တဲ့Calabasas,Califronia မှပြဿနာ။ ရှာလိုက်ပြန်ပါပြီ။ ပေါ့ပ်ကြယ်
ပွင့်ဟာအိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်တယ်လို့ အစွပ်စွဲခံရတာဖြစ်ပါတယ်။

မိတ္ထီလာတွင် လုံခြုံရေးအခြေအနေ အရေးပေါ်တိုးမြှင့်

RangonNewsDaily:: January . 12 .2014
ဖြစ်စဉ်မှာ - လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာမှ လင်ဖြစ်သူက မယားကို ရိုက်နက်နှိပ်စက်ပြီး အိမ်
ပေါ်မှနှင်ချ။ ထိုအဖြစ်အပျက်ကို အဲဒီအမျိုးသမီး၏ အစ်ကို(၄ယောက်) ကြားသိပြီးမကျေမနပ်ဖြစ်ကာ - အမျိုး
သမီးခင်ပွန်းဖြစ်သူ(ယောက်ဖ)အား သွားရောက်ခိုက်ရန်ဖြစ်ပွား။ စကေဘာများဖြင့်အပြန်အလှန်ထိုးကြပြီး
၊ ယောက်ဖဖြစ်သူသေဆုံး။