Pages

Saturday, January 11, 2014

ရှပ်နီများက ဘန်ကောက်မြို့ ပြန်လည်သိမ်းပိုက်ရေး လှုပ်ရှား

Photo: ရှပ်နီများက ဘန်ကောက်မြို့ ပြန်လည်သိမ်းပိုက်ရေး လှုပ်ရှား
Saturday, January 11, 2014

ဘန်ကောက် ၊ ဇန်နဝါရီ ၁၀ ။ ။ တနင်္လာနေ့တွင် ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် လှုပ်ရှားနေ ကြသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆန့်ကျင်မှုအ စအဖြစ် နိုင်ငံအတွင်းရှိ နေရာ အများအပြားတွင် ထိုင်းအစိုးရ ထောက်ခံသော ရှပ်နီအဖွဲ့အ တိုက်အခံများ စုရုံးကြမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ 

ဖြူထိုင်းပါတီဝင်ဟောင်း ဗိုရာချိုင်ဟီမာသည် တနင်္ဂနွေ နေ့တွင် ဒေသဆိုင်ရာခန်းမ၌ လူစုရုံးရန် ဆင်ခြေဖုံးဒေသဖြစ် သော ဆာမက်ပရာခန်ပြည်နယ် ရှိ လူများကို ဦးဆောင်မည်ဟု ပြောခဲ့သည်။ ဟာသလူရွှင်တော်အဖြစ် လူ သိများသော ဂျန်ဒေါရှစ်ခေါ် ရိုဝါရစ်ချက်လွမ်နှင့် အန်နဝတ် သင်ရက်တို့သည် ခန်းမနှင့်ဈေး သို့ မချီတက်မီ ခွန်သာဘူရီရှိ Thaicom ဂြိုဟ်တုစခန်းတွင်စု ရုံးရန် တခြားသော အစိုးရ ထောက်ခံသည့်အဖွဲ့ကို ဦးဆောင် မည်ဖြစ်ကြောင်း သိရသည်။ 

Prachuab Ramsoi ဦး ဆောင်သော တခြားရှပ်နီအဖွဲ့ သည် ဘန်ကောက်မြို့၏ ဆင် ခြေဖုံးဒေသဖြစ်သော ပသမ် သန်နီပြည်နယ်တွင် စုရုံးကြမည် ဖြစ်သည်။ ဖြူထိုင်းပါတီဝင် ဟောင်းဗိုရာချိုင်၏ ပြောကြား ချက်အရ ရှပ်နီအဖွဲ့ဝင်များသည် တနင်္လာနေ့တွင် နိုင်ငံတစ်ဝန်း ကို သိမ်းပိုက်မည်ဖြစ်ပြီး ဘန် ကောက်တွင် တက်ကြလှုပ်ရှား သူများမရှိချိန် အဓိကပြည်နယ် လေးခုဖြစ်သော Chiang Mai, Ubon Ratchthani, khon kaen နှင့် Ayutthaya တို့ကို ပြန်လည်သိမ်းပိုက်သွားမည်ဟု သိရသည်။ 

ဆူသတ် ဦးဆောင်သော ပြည်သူ့ဒီမိုကရက်တစ် ပြန်လည် တည်ဆောက်ရေးကော်မတီ (PDRC)၏ အစိုးရဆန့်ကျင် ရေးလှုပ်ရှားမှုသည် ပြည်သူများ ၏ နေ့စဉ်ဘဝကို အကျိုးသက် ရောက်စေမည်ဖြစ်ကြောင်း ဗို ရာချိုင်ကပြောခဲ့သည်။ 

Ref: Xinhua
Yangon Media Group

RangonNewsDaily:: January . 11 .2014
တနင်္လာနေ့တွင် ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် လှုပ်ရှားနေ ကြသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆန့်ကျင်မှုအ စအဖြစ် နိုင်ငံအတွင်းရှိ နေရာ အများအပြားတွင် ထိုင်းအစိုးရ ထောက်ခံသော ရှပ်နီအဖွဲ့အ တိုက်အခံများ စုရုံးကြမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်

Photo: နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်
Saturday, January 11, 2014

ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အဆိုပါ ဈာပနကို နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး ခြောက်ပါး အပါအဝင် မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ် ကျောင်းတိုက်ကြီးများမှ ဆရာတော် (၂၇) ပါး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာ အရာရှိများ ပါဝင်သည့် ကျင်းပရေး ကော်မတီက ဆပ်ကော်မတီ (၁၁) ခုခွဲ၍ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သံဃနာယက၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ အနေနှင့် ဆရာတော်၏ တပည့် ဥပသကာများနှင့် တိုင်ပင်ကာ အခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆရာတော်ကြီး ဈာပနကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးကျယ်ဆုံးနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင် (၁၀) ရက်ခန့်အထိ မည်သည့် ရောဂါမှ ထွေထွေထူးထူး မရှိဘဲ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းမှစ၍ ကျောင်းတိုက် အတွင်းရှိ ခန်းမအတွင်း လဲလျောင်းနေကြောင်း၊ ယင်းနောက် ခေါင်းမူး နောက်သဖြင့် ဆေးရုံတင်ခဲ့ ရာတွင် ဦးနှောက်သွေးကြော ပေါက်သည်ဟု ဆရာဝန်က ပြောဆိုကြောင်း၊ ဆရာတော် ကို ၁၀ ရက်ခန့်အထိ အနီးကပ် ပြုစုလိုက်ရပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းတိုက်တွင် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်အရင်း ဖြစ်သူ ဦးခေမိန္ဒနိကာယကျောင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏ ဈာပန အခမ်းအနားတွင် မဏ္ဍပ် ပြင်ဆင်မှုမှအစ ရုပ်ကလာပ်တော်ကို မီးပူဇော် ပြီးစီးသည့်အထိ ဗြဟ္မာစိုရ် လူမှုကူညီရေး အသင်းက ကူညီမည့်အပြင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဆရာတော်၏ ဈာပနအတွက် ကရဝိတ် ငှက်ရုပ် လှေလှော်ယိမ်းနှင့် ပူဇော်ရန် တာဝန် ယူထားကြောင်း မစိုးရိမ် တိုက်ဟောင်း ဆရာတော်က မိန့်ကြားသည်။

“မစိုးရိမ် တိုက်ဟောင်း တိုက်သစ် အကြီးအမှူး ဆရာတော် ဖြစ်တဲ့အတွက် ပျံလွန်တော်မူ သွားတာကို ဝမ်းနည်းမိတယ်။ တိုင်းပြည်မှာ ပါဠိပညာရှင်တစ်ယောက် ဆုံးရှုံး သွားရတယ်လို့ ခံစားရမိတယ်” ဟု မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူက မိန့်ဆိုသည်။

ဆရာတော်ကို ၁၉၂၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်) တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သံဗိုလ်ကျေးရွာတွင် ခမည်းတော် ဦးကိုအောင်၊ မယ်တော် ဒေါ်မှုံတို့က မွေးဖွားခဲ့သည်။ ဆရာတော်သည် သက်တော် (၈၉)၊ ဝါတော် (၆၉) ဝါတွင် ပျံလွန်တော် မူခဲ့ပြီး နဝတအစိုးရက အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတတံဆိပ်၊ အဂ္ဂမဟာပဏ္ဍိတ တံဆိပ်၊ လက်ရှိ အရပ်သားအစိုးရက အဘိဓဇမဟာ ရဋ္ဌဂုရုတံဆိပ်တို့ ကပ်လှူခဲ့သည်။ ဆရာတော်ကြီးသည် တိပိဋက ပါဠိမြန်မာအဘိဓာန် အတွဲပေါင်း (၆) တွဲ၊ တိပိဋကပါဠိ မြန်မာအဘိဓာန် အကျဉ်း ဇာတ်ထိကာ ပေမူကို လက်ရေးမူအဖြစ် ရေးသားပြုစုနေစဉ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော် မူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: January . 11 .2014
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက
ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃ
မဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည်

မစိုးရိမ်များ၏မိခင် မစိုးရိမ်ကျောင်းတိုက်ကြီး၏ တိုက်အုပ် မဟာနာယကဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူ

Photo

RangonNewsDaily:: January . 11 .2014
အနယ်နယ်အရပ်ရပ်တွင်ရှိသောမစိုးရိမ်တိုက်သစ်များ၏မိခင်မန္တလေးမြို့၊ကမ္ဘာကျော်မစိုးရိမ်ကျောင်းတိုက်
ကြီး၏ တိုက်အုပ် မဟာနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ ဒုတိယ-ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇောသာရာဘိဝံသ မထေရ်မြတ်ကြီးသည်

အာရှဖုလား U-22 မြန်မာအသင်းပွဲစင်များ ပြည်တွင်းရုပ်သံလိုင်းများတွင် ပြသမည်မဟုတ်သော်လည်း အယ်ဂျာဇီယားရုပ်သံလိုင်းမှ ကြည့်ရှုနိုင်မည်

RangonNewsDaily:: January . 11 .2014
အိုမန်နိုင်ငံတွင်လက်ခံကျင်းပမည့် အာရှဖလားU-22 ဘောလုံးပြိုင်ပွဲဖြစ်သည့် မြန်မာအသင်းပွဲစဉ်များကို
ပြည်တွင်းရုပ်သံလိုင်းများတွင် ပြသရန် အစီအစဉ်မရှိသဖြင့် မြန်မာပရိသက်များထံမှ ဝေဖန်မှုများထွက်ပေါ်
လျှက်ရှိသည်။ အရှေ့တောင်အာရှဒေသမှ တစ်သင်းတည်းသော ခြေစစ်ပွဲအောင် မြန်မာ U-22 အသင်း၏ ကစားပွဲများကို မြန်မာဘောလုံးပရိသက်များက ကြည့်ရှုခွင့်ရလိုကြကြောင်း သိရသည်။

စေတနာမှန်နဲ့ ပြောရင် ဘယ်လောက် အပြောဆိုးဆိုး စိတ်မဆိုးဘူးဆိုတဲ့ ဖွေးဖွေး

Photo: စေတနာမှန်နဲ့ ပြောရင် ဘယ်လောက် အပြောဆိုးဆိုး စိတ်မဆိုးဘူးဆိုတဲ့ ဖွေးဖွေး


လက်ပံဇာတ်ကားနဲ့ ၂၀၁၂ ရဲ့ ပူပူနွေးနွေး အကယ်ဒမီဆုရှင် ဖြစ်သွားတဲ့ ဖွေးဖွေးနဲ့ ဆုံခိုက်မှာ ပရိသတ်တွေ သိချင်မယ်ထင်တဲ့ အကြောင်းအရာလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဖွေးဖွေးကို စသိခဲ့တဲ့အချိန်မှာ သူ့ရိုက်ကွင်းတခုမှာ ဆုံတွေ့ခဲ့တာပါ။ ရိုက်ကွင်း ရောက်တော့ ဖွေးဖွေးရဲ့ အကျင့်စရိုက်ကို ကိုယ့်ရဲ့စပ်စုနေကျ အကျင့်အတိုင်း သိချင်တာကြောင့် စကားဟြေကြည့် ခဲ့ပါတယ်။ သူက အလုပ်တခုကို သေသေချာချာ လုပ်တတ်သူတယောက်လို့ ဟြေရမှာပါ။ ရိုက်ကွင်းမှာတုန်းက ဖွေးဖွေးနဲ့ ဆက်ဆံ ဟြေဆိုကြည့်တော့ သူက အနေတည်ပြီး ဟြေစရာရှိတာကိုသာ ဟြေတတ်တဲ့ သူတယောက်၊ သူနဲ့ မခင်မင်သေးတဲ့ အချိန်တုန်းက ဖာသိဖာသာ နေတတ်တဲ့ သူတယောက်လို့ထင်ပြီး သူ့ဆက်ဆံရေးက အေးစက်စက်မို့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတောင် မေးခဲ့ဖူးပါသေးတယ်။ ဖွေးဖွေးရဲ့အိမ်ကိုလည်း ဓာတ်ပုံရိုက်ဖို့အတွက် ချိန်းပြီး ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့ကို ၀တ်စုံတစုံပဲ ရိုက်မယ်လို့ ဟြေခဲ့ပေမယ့် နောက်ထပ် ဓာတ်ပုံသုံးစရာရှိရင် အဆင်ပြေအောင် ထပ်ရိုက်ပေးဖို့ ဟြေလိုက်တဲ့အခါ ဖွေးဖွေးက အဆင်ပြေအောင် ရိုက်ပါဆိုပြီး ဝတ်စုံနောက်တစုံ လဲပေးပါတယ်။

အဲဒီအချိန်က သူဟာနဲ့သူတော့ ကြော်ငြာလေးတွေ၊ ဇာတ်ကားလေးတွေ ရိုက်လာရတဲ့ အချိန်ဖြစ်ပြီး ဖွေးဖွေးက နာမည် ရနေပါပြီ။ တကယ်တမ်း ဖွေးဖွေးနဲ့ခင်လာတဲ့ အချိန်မှာတော့ သူဟာ ရိုက်ကွင်းရောက်ရင် အလိုလို ဇာတ်ကောင်ထဲက Mood ၀င်နေတာကြောင့် ဘယ်တော့မှ စကားသိပ်မဟြေဘူးဆိုတာ သိရတယ်၊ သူ့အိမ်မှာ တွေ့ခဲ့တုန်းကတော့ အရမ်းပွင့်လင်းပြီး တကယ်ကို ဆက်ဆံရေးကောင်းတဲ့ မိန်းကလေးပါ။ သူက စိတ်ဆိုးရင်လည်း ကြာကြာတော့ စိတ်မဆိုးတတ်တဲ့သူပါ။ အခုလည်း ဖွေးဖွေးကို ပရိသတ်သိချင်မယ် ထင်တဲ့ အကြောင်းအရာလေးတွေကို ပွင့်ပွင့်လင်းလင်း မေးကြည့် မိပါတယ်။

ဖွေးဖွေးက သူအကယ်ဒမီရခဲ့တဲ့ အတွက် ခံစားမှုကို အခုထက်ထိ မယုံနိုင်သေးတဲ့ အတွက် အိပ်မက်လိုပဲလို့ ဧရာဝတီကို ဟြေပါတယ်။

“ဖွေး အခုထက်ထိ အကယ်ဒမီရတယ်ဆိုတာ အိပ်မက်လား၊ တကယ်လားဆိုတာ တချက်တချက် ကိုယ့်ဟာကိုယ် သတိ ပြန်ပြန်ပေးနေရတယ်။ ပွဲမှာလည်း ဖွေး တော်တော်ကို ၀မ်းသာလုံးဆို့ခဲ့ပါတယ်။ ဘာဟြေရမှန်းကို မသိတော့ လောက်အောင်ကို ဖြစ်ခဲ့တာပါ။ အမှန်အတိုင်း ဟြေရရင် လက်ပံကားကို ရိုက်တုန်းက ဖွေးဖွေးမှန်းတောင် ဘယ်သူမှ မသိသေးတဲ့ အချိန်မှာ ကိုဝိုင်းနဲ့ မဖြူနှင်းဖွေးက စေတနာထားပြီး ဖွေးကို မင်းသမီး တင်ရိုက်ခဲ့တာပါ။ ကိုပြေတီ (ပြေတီဦး) တို့၊ မကြီးစိုး (စိုးမြတ်သူဇာ) တို့ကလည်း ဖွေးလို အသစ်တယောက်ကို လက်တွဲခေါ်ခဲ့တာပါ။ ဖွေးက အနုပညာကို ရူးသွပ်တယ်၊ချစ်တယ်၊ ကိုယ့်ကို ယုံကြည်ခဲ့တဲ့ သူတွေကိုလည်း တာဝန်ကျေချင်တယ်။ အဲဒီစိတ်နဲ့ပဲ ရိုက်ခဲ့တာပါ၊ အကယ်ဒမီကိုလည်း လုံးဝ မမျှော်လင့်ခဲ့ပါဘူး” လို့ သူ့ရင်ထဲက ခံစားချက်တွေကို ဟြေပြတယ်။

ဖွေးဖွေးက အကယ်ဒမီဆုကို ရခဲ့တဲ့အတွက် သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုခံရတာလို့ ယူဆပြီး အရမ်း ၀မ်းသာတယ်၊ အကယ်ဒမီ စင်မြင့်ပေါ်ကို ဒီလောက် အချိန် စောစောစီးစီး တက်ရမယ်လို့ မထင်ခဲ့ဘူးလို့ ဆိုပါတယ်။

“အနုပညာကို ချစ်တဲ့စိတ်နဲ့ပဲ လုပ်ခဲ့တာပါ။ အကယ်ဒမီရရမယ် ဆိုတဲ့ စိတ်ကြီးနဲ့လည်း လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒီလိုဖွေးကို အသိအမှတ် ပြုပေးတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေနဲ့ စာနယ်ဇင်းတွေ ကျေနပ်တဲ့ အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်” လို့လည်း သူက ဧရာဝတီကို ဟြေပါတယ်။

ဒါရိုက်တာဝိုင်း အကယ်ဒမီ မရခဲ့တာနဲ့ ပတ်သက်ပြီး ဖွေးဖွေးက သူ့ရင်ထဲမှာ၊ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဒါရိုက်တာ ဝိုင်းက အကယ်ဒမီ ရပြီးသားပါလို့ ဆိုပါတယ်။

“ကိုဝိုင်း အကယ်ဒမီဆုနဲ့ လွဲခဲ့တာကတော့ ဖွေးတို့ ၀ါနဲ့ ဆိုရင်တော့ ၀င်ဟြေပိုင်ခွင့်တော့ သိပ်မရှိပါဘူး။ ဒါ အကဲဖြတ် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ သူက ဆက်ဟြေပါတယ်။

ဖွေးဖွေးက သူနဲ့ဒါရိုက်တာဝိုင်း အကြားက ဆက်ဆံရေးကလည်း ဖိအားတွေ မရှိဘူး၊ တယောက်နဲ့ တယောက် နားလည်မှု ရှိတယ်လို့ သိရပါတယ်။

“ကိုဝိုင်း စိတ်တိုပြီးတော့ ကိုယ့်ကိုဟြေလည်း ဘာမှမဖြစ်ဘူး၊ သူကကိုယ့်ကို မေတ္တာနဲ့ ဟြေတယ်၊ ဆူတယ်ဆိုတာ ဖွေး နားလည်ပါတယ်။ တခါတလေလည်း ဖွေး Stress တွေများပြီး ဂေါက်တောက်တောက် ဖြစ်သွားတဲ့ အချိန်တွေရှိတယ်။ အဲဒီ အချိန်တွေလည်း ကိုဝိုင်းက ဖွေးကို နားလည်ပေးတယ်၊ အရေးအကြောင်း ဆိုရင်တော့ ကိုဝိုင်းက အရမ်းကို နားလည် ပေးပါတယ်။ သူက စည်းကမ်းလည်း အရမ်းကြီးတယ်လေ၊ ဖွေးက ကိုယ့်ကို စေတနာနဲ့ ဟြေတဲ့အရာဆိုရင်၊ တကယ် စေတနာမှန်ရင် ပေါ့နော်၊ ဘယ်သူကပဲ ဘယ်လောက်ပဲ အဟြေဆိုးဆိုး ကိုယ့်စိတ်ထဲက နားလည်ပါတယ်” လို့ ဖွေးဖွေးက ရှင်းပြပါတယ်။

ဖွေးဖွေးက သူအကယ်ဒမီရခဲ့ပေမယ့် အနုပညာကြေး တိုးယူဖို့လည်း လုံးဝ အစီအစဉ်မရှိဘူးလို့လည်း ဆိုပါတယ်။

“ဖွေးကို ဆုကြေညာချိန်မှာ ပရိသတ်တွေ အော်လိုက်တဲ့ အသံကိုတော့ ဖွေးကြားလိုက်တယ်။ ဆုပေးပွဲမှာ လာအားပေးတဲ့ ပရိသတ်တွေရော၊ တီဗီမှာ ကြည့်ပြီး အားပေးနေတဲ့ ပရိသတ်တွေရော အားလုံးကို ဖွေးချစ်ပါတယ်လို့ ဟြေချင်ပါတယ်။ ဆုကြေညာတော့ ဖွေး စင်အောက်မှာ မျက်ရည်ကျခဲ့တယ်၊ စင်ပေါ်တက်တော့ မငိုမိအောင် ထိန်းထားတယ်။ ဖွေး ပရိသတ်တွေ အများကြီး ရှေ့မှာတော့ မငိုချင်ဘူး။ ပရိသတ်နဲ့ဖွေး ကြားမှာ ဖွင့်မဟြေပေမယ့် နားလည်မှု တခုရှိတယ်လို့ ခံစားရတယ်။ ဖွေး လွတ်လွတ်လပ်လပ်ပဲ နေတယ်၊ ဟန်မဆောင်တတ်ဘူး၊ ဘယ်သူ့ကိုမှလည်း ဖွေး မစော်ကားဘူး။ အကုန်လုံးကို လေးစားမှုရှိတယ်။ အဲဒီအတွက် ထွေထွေထူးထူး ကျဉ်းကျပ်ပြီး နေထိုင်ရတာတော့ မရှိပါဘူး။ ဖွေး ဘယ်လောက်ပဲ ကြိုးစား၊ ဘယ်လောက်ပဲ လုပ်လုပ် အားပေးမယ့် ပရိသတ်တွေ မရှိရင် အားလုံး လုပ်သမျှက သုညပါပဲ၊ ပရိသတ် အားပေးလို့ ဖွေးဖွေးဆိုတာ ဖြစ်လာတာပါ၊ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီး တင်ပါတယ်” လို့ ဖွေးဖွေးက ဧရာဝတီက တဆင့် ဟြေပါတယ်။

၂၀၁၂ ခုနှစ် အကယ်ဒမီပေးပွဲနေ့က တွေ့ရသည့် အကယ်ဒမီ ဖွေးဖွေး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၀၁၂ ခုနှစ် အကယ်ဒမီပေးပွဲနေ့က တွေ့ရသည့် အကယ်ဒမီ ဖွေးဖွေး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: January . 11 .2014
လက်ပံဇာတ်ကားနဲ့ ၂၀၁၂ ရဲ့ ပူပူနွေးနွေး အကယ်ဒမီဆုရှင် ဖြစ်သွားတဲ့ ဖွေးဖွေးနဲ့ ဆုံခိုက်မှာ ပရိသတ်တွေ သိချင်မယ်ထင်တဲ့အကြောင်းအရာလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဖွေးဖွေးကို စသိခဲ့တဲ့အချိန်မှာ သူ့ရိုက်
ကွင်းတခုမှာ ဆုံတွေ့ခဲ့တာပါ။

ပင့်ကူလူသား အသစ်ထွက် မေလ ရုံတင်မည်

ပင့်ကူလူသား အသစ်ထွက် မေလ ရုံတင်မည်


၂၀၁၂ ခုနှစ်က အောင်မြင်ခဲ့တဲ့ The Amazing Spider-Man ရဲ့ အဆက် အဖြစ် The Amazing Spider-Man 2 ကို ရိုက်ကူးပြီးစီးသွားပါပြီ။

မေလ ၂ ရက်နေ့ ၂၀၁၄ ခုနှစ်မှာ ရုံတင်မယ့် ရုပ်ရှင် ဖြစ်ပါတယ်။ ပင့်ကူ လူသား နေရာမှာ Andrew Garfield ပဲ ဆက်လက် သရုပ်ဆောင် မှာ ဖြစ်ပါ တယ်။ မင်းသမီးနေရာမှာလဲ Amma Stone ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဗီဒီယို ဂိမ်း အရင်ထွက်ထားတာပါ။ သို့ပေမယ့် Screen play ကတော့ အများကြီး ပြောင်းလဲထားပါတယ်။ Marvel ကာတွန်းမှာလည်း ရှိနေပြီးသား ဇာတ်လမ်း ဖြစ်ပါတယ်။ နယူးယောက်မြို့ မှာပဲ အခြေခံ ရိုက်ကူးပြီး ဇာတ်လမ်းထဲမှာလည်း နယူးယောက်မြို့ ပါပဲ။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ကနေ ဇွန်လအထိပဲ ကြာမြင့်ခဲ့တာမို့ သိပ် အချိန်ပေးရိုက် ရတဲ့ ဇာတ်ကားတော့ မဟုတ်ပါဘူး။ 3D effect ခပ်များများ ပါဝင်တာကြောင့် လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ နယူးယောက်မြို့ ဖျက်ဆီးမယ့် ဗီလိန် ၃ ကောင်လောက်နဲ့ တွေ့ရ မှာပါ။ 

အက်ရှင်ခန်းများစွာ ပါဝင်တဲ့ The Amazing Spider Man 2 ရုပ်ရှင် အမြည်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
 http://youtu.be/b6Kq4s0GPfE

အောင်ခမ်း ( ရိုးရာလေး )

.

RangonNewsDaily:: January . 11 .2014
၂၀၁၂ ခုနှစ်က အောင်မြင်ခဲ့တဲ့ The Amazing Spider-Man ရဲ့ အဆက် အဖြစ် The Amazing Spider-Man 2 ကို ရိုက်ကူးပြီးစီးသွားပါပြီ။

စက်ရုံကြို/ပို့ယာဉ်ပေါ်မှ အလုပ်သမားတစ်ဦးပြုတ်ကျသေဆုံး

RangonNewsDaily:: January . 11 .2014
၁၀.၁.၂၀၁၄ရက်နေ့ ၁၉၄၅အချိန်အင်းစိန်မြို့နယ်၊ဒညင်းကုန်းအိမ်ရာ၊မြတောင်ဝန်ဦးမှုန်လမ်းအတိုင်းဒညင်း
ကုန်းအိမ်ရာဘက်မှ ရွှေပြည်သာတံတားဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသော ၂ခ/-----ဟွန်
ဒိုင်းဘတ်စ် စက်ရုံကြို/ပို့ယာဉ်သည် ရွှေပြည်သာတံတားလမ်းဆုံအရောက် ယာဉ်ပေါ်တွင်တွယ်စီးလိုက်ပါ
လာသော COSTEC အထည်ချုပ်စက်ရုံအလုပ်သမား ကိုရန်နိုင် (ဘ)ဦးဇော်အောင်၊ ထန်းတပင်မြို့နယ်နေသူ
မှာ ယာဉ်ပေါ်မှပြုတ်ကျသွားခဲ့ပါသည်။

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ 

ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေယာလျော်ကြေး များအတွက် ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ အားလုံးကို ဆွေးနွေးဆောင်ရွက်မှု မရှိမချင်း ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောကြားထားသည်။

“ဒေသခံတွေ တောင်းဆိုချက်တွေကို အကောင်အထည် ဖော်မဖော်နဲ့ ပတ်သက်ပြီး တောင်းဆိုချက် ရှစ်ချက်ထဲက ဒေသအာဏာပိုင် အနေနဲ့ ဆောင်ရွက်နေတာဆိုလို့ တိုက်နယ်ဆေးရုံ ဆောက်ပေးနေတာရယ်၊ ဇန်န၀ါ ရီ ၆ ရက်ကစပြီး လုပ်နေတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားက မြေစာတွေ ဖယ်ရှားပေးနေတာကိုပဲ မြင်ရပြီး ဘယ်ကာလအတွင်း လုပ်ဆောင်ပေးမယ်လို့ မသိရဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကံကုန်းရွာသား ကိုအောင်စိုးက ပြောပြသည်။

စုဝေးဟောပြောရာတွင် ဒေသခံတောင်သူများသည် ကံကုန်းရွာထိပ်ရှိ ဦးမြို့ခင်၏ ယာကွက်အတွင်း နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ ဟောပြောခဲ့ပြီး အက်စစ်စက်ရုံအတွက် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်အား လိုက်နာဆောင်ရွက်ရေး၊ အမြန်ဆုံး ရွှေ့ပြောင်းပေးရေး၊ ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေး အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ စွန့်ပစ်မြေများဖယ် ရှားရေးတို့ကို တောင်သူအင်အား တစ်ရာခန့်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကြေးစင်တောင်နဲ့ စံပယ်တောင်အတွက် မြေဧက ၅၄၁၁ ဧကကို အရင်ကတည်းက သိမ်းဆည်းခဲ့တာ။ မြေယာလျော်ကြေး မရတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြတာကို တရားဝင် လုပ်တာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ် စက်ရုံကို ကံကုန်းရွာအနီးက ရွှေ့ပေးရေး၊ မုံရွာ-ပုသိမ် လမ်းပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားမှာရှိတဲ့ ဒုတ္ထာမြေများ ဖော်ထုတ်ရှင်းလင်းရေး လက်ပံတောင်းတောင်နဲ့ စံပယ်တောင်၊ ကြေးစင်တောင်တို့အတွက် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီထံ တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ကြေးနီစီမံကိန်းအတွက် မလိုအပ်တဲ့ မြေတွေကို စိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးရေးတို့ကို တောင်းဆိုခဲ့ပါတယ်” ဟု ကံကုန်းကျေးရွာမှ ဆန္ဒပြတောင်သူ တစ်ဦးက ပြောပြသည်။

“မိုးကြိုးဆာလဖျူရစ် အက်စစ်စက်ရုံကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ဧပြီလမှာ စတင်လည်ပတ်တယ်။ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကံကုန်းရွာသား ၁၄ ယောက် လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာတွေနဲ့  သေဆုံးတာကို သတိပြုမိပါတယ်။ သောက်ရေကလည်း ကံကုန်းကျေးရွာမှာ အဆင်မပြေဘူး။ ရေတွင်းသုံးတွင်းရှိပြီး မြန်မာ-ယန်စီက ရေတွင်းတစ်တွင်းနဲ့ ရေသန့်စက်တစ်လုံး၊ မြို့နယ်က ရေတစ်တွင်းနဲ့ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီက တစ်တွင်း မေလကတည်းက လာတူးတယ်။ ဒါပေမဲ့ အဲဒီရေတွင်းက မအောင်ဘူး။ ဘူမိဗေဒ ပညာရှင်တွေနဲ့ စနစ်တကျ လာစစ်တော့ ရေ Level က ၁၇၅ ပေမှာရှိပြီး အောက်မှာ ပဲခူးကျောက်လွှာက ခံနေတယ်။ ရေအရင်းအမြစ် ဌာနကတော့ သောက်သုံးဖို့  မသင့်ဘူးလို့ မှတ်ချက်ပေးတယ်။ ရွာကသုံးရေအတွက် ရွာနဲ့သုံးမိုင်ဝေးတဲ့ မြစ်ရေတင်စီမံကိန်းကို သွားခပ်ရတယ်။ မိုင်းနဲ့အက်စစ်စက်ရုံက ရေတိုင်တွေမှာလည်း သွားခပ်ရပါတယ်” ဟု ကံကုန်းကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။

(ဇန်န၀ါရီ ၁၀ ရက် နံနက်က ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
(ဇန်န၀ါရီ ၁၀ ရက် နံနက်က ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
RangonNewsDaily:: January . 11 .2014
ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေ
ယာလျော်ကြေးများအတွက်ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက်
၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံတစ်ရာကျော် ဆန္ဒထုတ်ဖော်

သင်္ဃန်းကျွန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံတစ်ရာကျော် ဆန္ဒထုတ်ဖော် 

သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် အနော်ရထာလမ်း (အများပြည်သူပိုင် လမ်းပေါ်တွင်) စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို တရားဝင် ခွင့်ပြုချက်ဖြင့် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အနော်ရထာလမ်းမှာ ရပ်ကွက်ဖွဲ့စည်းပုံတွင် အများပြည်သူပိုင် လမ်းအဖြစ် ပါရှိကြောင်းနှင့် လမ်းမှာ လေးထောင့်ကန်လမ်းမှ အနော်ရထာလမ်းသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်သည့် လမ်းဖြစ်သောကြောင့် ရပ်ကွက်နေ ပြည်သူများမှ လမ်းအတိုင်းသာ ဆက်လက်ထားရှိရန် ဆန္ဒရှိကြောင်း ဒေသခံများက ဆိုသည်။

“ဒီအနော်ရထာလမ်းက ရပ်ကွက်ဖွဲ့စည်းပုံမှာ လမ်းအဖြစ်ပါတယ်။ ရပ်ကွက်ရဲ့ မီးတားလမ်းလည်းဖြစ်တယ်။ အရင်ယာယီဈေးဟောင်း တုန်းကတော့ လမ်းပေါ်မှာ ဈေးရောင်းကြတာ တွေတော့ရှိတယ်။ မီးလောင်တဲ့အခါ ဈေးကြီးပြန်ဆောက်တော့ သားငါးဈေးအဖြစ် ထားပေးဖို့ ဈေးသည်တွေကပြောတော့ အများပြည်သူပိုင်လမ်း၊ မည်သည့် အဆောက်အအုံမှ ဆောက်ခွင့်မရှိဘူးလို့ စည်ပင်ရယ်၊ ဆောက်လုပ်တဲ့ ကုမ္ပဏီရယ် ပြောတယ်။ အခု မည်သည့် အဆောက်အအုံမှ ဆောက်ခွင့် မရှိဘူးဆိုတဲ့ နေရာမှာ စည်ပင်သာယာရုံးကျတော့ ဆောက်တယ်။ ဒီလမ်းကို ဈေးဧရိယာထဲ ပါတယ်ဆိုပြီး ဆွဲထည့်တယ်။ ဒီလမ်းကို လမ်းအဖြစ်သာ ထားပေးဖို့ ရပ်ကွက်နေ ပြည်သူတွေက စဆောက်ကတည်းက ကန့်ကွက်တယ်။ ပြည်သူတွေ ကန့်ကွက်တာကို အရေးမလုပ်ဘဲ အာဏာရှင်ဆန်ဆန် ဆက်လုပ်နေလို့ အခုလိုဆန္ဒပြပြီး တောင်းဆိုရတာပါ” ဟု ဆန္ဒပြသူ တစ်ဦးဖြစ်သည့် ဦးကျင်သိန်းက ဇန်န၀ါရီ ၁၀ ရက် နံနက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အလားတူ ကန့်ကွက်ကြောင်းကို ဈေးသစ်ကြီးတွင် ဈေးဆိုင်ဖွင့် ရောင်းချနေသူ မညိုညိုခိုင်က “လမ်းနေရာမှာ ခရိုင်စည်ပင်ဈေးရုံး ဆောက်မယ်လို့ ပြောပေမယ့် တကယ်လည်း ဈေးအတွင်းမှာ စည်ပင်ဈေးရုံးအတွက် နေရာရှိပါတယ်။ ဈေးအောက်မှာ နဂိုကတည်းကပါတဲ့ ကားပါကင်ကိုလည်း စည်ပင်က စီးတီးမတ်ကို ငှားစားထားတယ်။ အခုဈေးမှာ ကားပါကင်ရပ်ဖို့နေရာ လုံလုံလောက်လောက် မရှိတဲ့အတွက် ဈေးလာဝယ်သူတွေ အခက်အခဲတွေ အများကြီး ဖြစ်ကြတယ်။ အဲ့တော့ ဈေးကကြီးပေမယ့် လာဝယ်တဲ့သူတွေ မလာကြတော့ဘူး။ အခုဆောက်နေတဲ့ စည်ပင်ရုံးပြီးသွားရင် ထပ်ပြီးငှားစားမလား ဆိုတာပြောလို့မရဘူး။ လမ်းအတိုင်းသာ ထားပေးမယ်ရင် ဒေသခံတွေ အတွက်ရော ဈေးဝယ်သူတွေ အတွက်ပါ အဆင်ပြေမှာပါ။ ဒါကြောင့် လမ်းအတိုင်း ထားပေးဖို့ ဆန္ဒပြ တောင်းဆိုတာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ စည်ပင်သာယာဈေး တာဝန်ခံဖြစ်သူ ဒေါ်သင်းသင်းညွန့်အား မေးမြန်းရာ “ဒီလမ်းက အရင်ကတည်းက ဈေးဧရိယာ မြေပုံထဲမှာ ပါဝင်ပါတယ်။ အရင်ကလမ်းအဖြစ် တည်ရှိနေတယ် ဆိုတာကိုတော့ မသိပါဘူး။ ဈေးထဲမှာ ဈေးစည်ပင်ရုံးအတွက် နေရာမရှိလို့ အခုဒီနေရာမှာ ဆောက်လုပ်ရတာပါ။ ကားပါကင်ကို ငှားရမ်းထားတယ် ဆိုတာလည်း အရင်ကတည်းက ကားပါကင်အဖြစ် ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ ကန့်ကွက်ဆန္ဒ ပြတာတွေကြောင့် အထက်က ရပ်ဆိုင်းခိုင်းထားတာမျိုး လောလောဆယ်တော့ မရှိသေးပါဘူး။ အခု ဖြစ်စဉ်တွေကို အထက်ကို စာတင်ပြပြီးမှ အထက်က အကြောင်းကြားမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

(အများပြည်သူပိုင် လမ်းပေါ်တွင် စည်ပင်ရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ ဆန္ဒပြထုတ်ဖော် နေကြစဉ် )
(အများပြည်သူပိုင် လမ်းပေါ်တွင် စည်ပင်ရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ ဆန္ဒပြထုတ်ဖော် နေကြစဉ် )
RangonNewsDaily:: January . 11 .2014
သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် အနော်ရထာလမ်း (အများပြည်သူပိုင် လမ်းပေါ်တွင်) စည်ပင်သာယာ
ရုံး ဆောက်လုပ်နေခြင်းကို ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို တရားဝင် ခွင့်ပြု
ချက်ဖြင့် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

ပြည်တွင်းရွှေကို တစ်ကျပ်သား နှစ်ကျပ်သားလို့ မရောင်းတော့ဘဲ ဂရမ်ဖြင့်သာ ရောင်းချတော့မည်

 
RangonNewsDaily:: January . 11 .2014
ပြည်တွင်း ရွှေဈေးကွက်အတွင်း နိုင်ငံတကာ စံချိန်မီ ရွှေအရည်အသွေးနှင့်အညီ အခေါက်ရွှေ ဂရမ်ပြား များ
ကို ဖေဖော်ဝါရီလအတွင်းစတင်ဖြန့်ဖြူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းအထွေထွေ
အတွင်းရေးမှူး ဦးကျော်ဝင်းက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Mobile Banking ဝန်ဆောင်မှု စတင်

 
RangonNewsDaily:: January . 11 .2014
ပြည်တွင်း Mobile Banking ဝန်ဆောင်မှု ပထမဦးဆုံးအနေဖြင့် သမဝါမဘဏ်မှ စတင်ဆောင်ရွက်လိုက်ပြီ
ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံထုတ် (GSM)AIS ဆင်းကတ်များ ပြည်တွင်း၌ ယခုလအတွင်း သုံးစွဲနိုင်မည်

RangonNewsDaily:: January . 11 .2014
ထိုင်းနိုင်ငံအခြေစိုက် GSM မိုဘိုင်းလ်အော်ပရေတာAIS (Adavanced Info Service) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များကို ပြည်တွင်း၌ယခုလအတွင်းသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်
အရ သိရသည်။

ဖုန်းထဲက ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို LOCK ချဖို့ Secure Gallery(Pic/Video Lock) v3.1.4 Apk

RangonNewsDaily:: January . 11 .2014
 
Android ဖုန်းထဲက ဓါတ်ပုံတွေ video တွေကို မိမိမှတပါး အခြားလူတွေကြည့်လို့မရဖွင့်လို့မရအောင် pattern
lock နဲ့ ဖြစ်ဖြစ် pasword နံပါတ်ပေးပြီးတော့ ဖြစ်ဖြစ် ကာကွယ်ချင်တယ်ဆိုရင် ဒီကောင်လေး က ကောင်းပါတယ်။

Facebook ရဲ့ နောက်ဆုံးထွက် update Facebook V 5.0.0.15.31 For Android



RangonNewsDaily:: January . 11 .2014
Android အသုံးပြု့သူတို့အတွက် facebook  ရဲ့ နောက်ဆုံးထွက်ဗားရှင်းလေးပါ ။ Facebook for Android
Apk 5.0.0.15.31ဖြစ်ပါတယ်။ ဒေါင်းလိုက်ကြပါအုံးနော်။

နာမည်ကြီး Next Launcher ရဲ့ နောက်ဆုံးထွက်ဗားရှင်း Next Launcher 3D v3.02.1 Apk

https://lh6.ggpht.com/pbSUQJKtbYnJZDLb0ptZybK1kyGByh5SvhtNunnquy60AFjxsqCeXtIGgJPzTkbywg%3Dh310

RangonNewsDaily:: January . 11 .2014
Next Launcher ဆိုတာကတော့ လူတိုင်းသိပြီးသား နာမည်ကြီး Launcher တစ်ခုပါဗျာ။ အခုနောက်ပိုင်းမှာ Version အသစ်တွေလည်း ထွက်တာ နည်းနည်းစိပ်လာပါ တယ်။

Galaxy Note 2 LTE GT-N7105 v4.3 ကို Root နည်း & မြန်မာစာ ထည့်သွင်းနည်း (How To Root Galaxy Note 2 LTE GT-N7105 Android 4.3)

RangonNewsDaily:: January . 11 .2014
Samsung galaxy note2 gt-n7105 v 4.3 ပိုင်ရှင်တွေအတွက် ဖုန်း Root လုပ်နည်းလေးတင်ပေးလိုက်ပါ
တယ်။

iPhone 6 နဲ့ အပြိုင် ထွက်လာတော့မည့် Samsung GALAXY S5


RangonNewsDaily:: January . 11 .2014
အားလုံး စိတ်ဝင်စားနေကြတဲ့ Samsung ရဲ့ Galaxy S5 စမတ်ဖုန်းဟာ လာမယ့် ဧပြီလထဲ ပွဲထွက်လာမှာ
 ဖြစ်ကြောင်း နိုင်ငံတကာ သတင်းတွေအရ သိရှိရပါတယ်။

““နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်ပိုင်ဆိုင်သော ဟိုတယ်၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှု့များရှိနေဟုဆို””

Photo: ““နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်ပိုင်ဆိုင်သော ဟိုတယ်၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှု့များရှိနေဟုဆို””

ဆရာစံလမ်းရှိ AMBO ဟိုတယ်မှာ ဒေါက်တာနေဇင်လတ်ပိုင်ဆိုင်သောဟိုတယ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်၊

အခန်းက သုံးသောင်းပေးရပြီး၊ ဝိတ်တာတွေက ကောင်မလေးတွေနဲ့ပျော်ပါးချင်ရင် ခေါ်လာပြပေးပါတယ်၊ လေးငါးယောက်လောက်ခေါ်လာပြပြီး ကြိုက်ရာရွေးခေါ်လို့ရကြောင်း သိရှိရပါသည်၊ အခန်းခရော ကောင်မလေးခေါ်ခပါ ထည့်တွက်ရင် ၆၅၀၀၀ လောက်ကျခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ဆိုပါတယ်၊

၎င်းလည်းဟော်တယ်တွင် အခန်းပေါင်း ၃၀ခန့်ရှိပြီး အစိုးရဘက်ပိုင်းလူကြီးများ ဝင်ထွက်သွားလာလေ့ရှိကြောင်း ၄င်းဟော်တယ်မှ ဝန်ထမ်းတစ်ဦးက ဖြေကြားပေးသွားပါတယ်၊

သူဌေးကတော့တစ်ခါတစ်လေလာတယ်၊သူဌေးမိန်းမကတော့ နေ့ခင်းဘက်ရုံးထိုင်တယ်၊ လာတဲ့လူကြီးတွေ နာမည်တော့မသိဘူး၊ ဦးနေဇင်လတ်အခန်းထဲမှာ တွေ့ဆုံကြတာမျိုးလည်းရှိကြောင်း အဆိုပါဝန်ထမ်းမှ ဖြည့်စွပ်ဖြေကြားခဲ့ပါတယ်၊

အထက်ပါကိစ္စနှင့်ပတ်သတ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုင်းကျော်အုန်းက “ ဒီလို ဟိုတယ်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေ့ရင်တော့တားဆီးရမှာပေါ့၊ စည်းကမ်းအရ ခွင့်မပြုဘူးလေ၊ အခုတော့ တင်ပြထားတာမရှိသေးပါဘူး၊ တိုင်ကြားလာရင်တော့ နောက်ဆုံးအနေနဲ့ ခေါ်ယူသတိပေးမယ်၊ ဒါမျိုးက နိုင်ငံတော်မှာ မရှိဘူးလေ၊ နိုင်ငံတော် image လည်း မကောင်းဘူး” လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်--။။။

( မှီငြမ်း ----Unity Journal )

ဗမာ့ အသံ

RangonNewsDaily:: January . 11 .2014
ဆရာစံလမ်းရှိ AMBO ဟိုတယ်မှာ ဒေါက်တာနေဇင်လတ်ပိုင်ဆိုင်သောဟိုတယ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်၊

အလှမယ် အသတ်ခံရခြင်းကြောင့် ဗင်နီဇွဲလားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာ

Photo

RangonNewsDaily:: January . 11 .2014
ဗင်နီဇွဲလားအလှမယ်ဟောင်း မော်နီကာစပီးယားသည်ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ
ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါ

Photo: ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါ
Friday, January 10, 2014

ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်ကိုင်ပြီး အောင့်တတ်ပါတယ်။

အစာ သို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာအိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။ ဆီးကျောက်တည်ရင် ခါးနှစ်ဖက်လုံး နာပြီး ပျို့အန်တာ၊ဗိုက်နာတာ ဖြစ်လို့ အစာအိမ်နဲ့ မှားပြီး ကုကြတယ်။ ကျောက်တည်တာ သေချာအောင် တီဗွီဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြား သိနိုင်ပါတယ်။ ဆီးပြွန်မှာ ကျောက်တည်ရင် အင်္ဂါစပ်အထိ နာတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးလမ်းကြောင်း တစ်လျှောက်နာတယ်။ 

ဆီးပြွန်ရဲ့အောက်ဆုံးပိုင်း ဆီးအိမ်နားမှာ ကျောက်တည်ရင် အင်္ဂါစပ်ထိနာတယ်။ ဆီးခဏခဏ သွားတယ်။ ကျောက်ရှိရှိ၊ ပိုးပဲဝင်ဝင် အဖျားပါလာလို့ ဆီးကျဉ်တာ သတိထား ဆေးကုသင့်တယ်။ အစာအိမ်မှာက ဝမ်းခေါင်းကနေ ဘယ်ဘက်ရင်ညွန့် ကနေချက်အထိ နာတယ်။ အစာဝင်ရင် သက်သာသလိုနဲ့ ပိုဆိုးတတ်တယ်။

ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာမပေးဘူး။ဆီးကျောက်တည်တာ သေးရင် ဆီးပြွန်အတွင်း ပြုတ်ကျတာ သို့မဟုတ် ဆီးကျောက်ကြီးပြီး ကျောက်ကပ်ကို ပိတ်ဆို့ရင် ကျောက်ကပ်ကင်ဆာ အထိဖြစ်တတ်တယ်။ ဆီးအိမ်မှာ ကျောက်တည်တာ ကြာရှည်နေရင် ပွန်းပဲ့ဒဏ်ရာ ခဏခဏဖြစ်ပြီး ကာလကြာရှည် တာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ်တတ်တယ်။

ကျောက်တည်ရင် ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးတတ်တယ်။ကျောက်တည်လို့ ကင်ဆာဖြစ်တာရှားတယ်။ ကျောက်ကပ်လဲ ရသည်ထိဖြစ်တာ တခြားရောဂါလည်း ပါတယ်။ဆီးကျောက်တည်ရတာ ထုံးဓာတ်၊ ယူရစ်အက်စစ်၊ အောက်ဆဲလိတ် များတဲ့ အစားအစာနဲ့ဆီးထဲ ပိုးဝင်တာ၊ မွေးရာပါ ဆီးလမ်းကြောင်း ပုံမမှန် ချို့ယွင်းတာကြောင့် ဖြစ်နိုင်တယ်။အထူးသဖြင့် ကွမ်းစားများသူ၊ ထုံးဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်သွားပြီးအချိန်ကြာလာရင် ဆီးကျောက်တည်ဖို့ အခွင့်အလမ်း များလာတယ်။ 

ထုံးဓာတ်၊ သံဓာတ်များတဲ့ ဒေသမှာနေတဲ့ သူတွေ ထုံးဓာတ် ပါတဲ့ရေ သောက်မိတာကြောင့် ဆီးထဲအနည်အမှုန် များပြီး ဆီးကျောက် တည်တတ်တယ်။ ကွမ်းစားပြီး ထုံးများလို့ ကျောက်တည်နိုင်သလို တခြားရောဂါတွေ ဖြစ်နိုင်တယ်။ ကွမ်းစားတာ ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးသလို လည်ပင်းမှာရှိတဲ့ ပါရာသိုင်းရွိုက်ဂလင်းကို ကယ်လ်ဆီယမ် မြင့်တက်ြပီး ဆီးကျောက်ဖြစ်နိုင်တဲ့ အန္တရာယ် ရှိသေးတယ်။

ဆီးကျောက်တည်တာကို ယခင်က ခွဲစိတ် ဖြတ်တောက်သော်လည်း နောက်ပိုင်းခန္ဓာကိုယ် အပြင်ကနေ တီဗွီက ကြည့်ပြီး အသံလှိုင်းသုံး စက်နဲ့ ကျောက်ချေတဲ့နည်း၊ ကိုယ်ခန္ဓာအတွင်းထဲ မှန်ပြောင်းထည့်ပြီး ချေတဲ့နည်း သုံးပြီး ကုသကြတယ်။

ဆီးကျောက်တည်ခြင်း မဖြစ်အောင်၊ ဆီးလမ်းကြောင်း ပိုးမဝင်ရအောင် သန့်ရှင်းစွာ နေထိုင် စားသောက်ရမယ်။ မှို၊ မျှစ်၊ တညင်းသီး တို့လို ယူရစ်အက်စစ်များတဲ့ အစားအစာ၊ ဟင်းနုနယ်၊ စတော်ဘယ်ရီတို့လို အောက်ဇာလိတ် များတဲ့ အစားအစာ၊ ကယ်လ်ဆီယမ်ဓာတ် များတဲ့အစားအစာတွေ အလွန်အကျွံ မစားရဘူး။ ရေကို ကျိုချက် သောက်သင့်တယ်။ တစ်နေ့ကိုရေနှစ်လီ တာသောက်ပြီး ချွေးထွက်များရင် သည့်ထက် ပိုသောက်သင့်တယ်။

ရေများများ သောက်လို့ ဆီးသွားရင် ဆီးထဲ အနည်အနှစ်တွေ ကျောက်မဖြစ်တော့လို့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ။

မြ၀တီ

RangonNewsDaily:: January . 11 .2014
ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်
ကိုင်ပြီး အောင့်တတ်ပါတယ်။အစာသို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာ
အိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။

အအေးပိုကာအထွက်ကျသဖြင့် ပုသိမ်ကွမ်းဈေး နှစ်ပတ်အတွင်း လေးဆတက်

RangonNewsDaily:: January . 11 .2014
အအေးပို၍ အထွက်နှုန်းကျဆင်းသဖြင့် နှစ်ပတ်အတွင်းကွမ်းရွက်ဈေး လေးဆအထိ မြင့်တက်သွား သည်ဟု ပုသိမ်အခြေစိုက် ကွမ်းဒိုင်များက မဇ္ဈိမသို့ပြောသည်။ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ကျပ် ၂၀၀၀ (ပုသိမ်ဈေး) ဖြစ်ရာမှ အထွက်နှုန်း ကျကာ ပစ္စည်းရှားလာသဖြင့် ဈေးနှုန်းတစ်ရှိန်ထိုးမြင့်တက်လာကာ ဇန်န၀ါရီပထမအပတ်တွင် ကျပ် ၈၀၀၀ အထိ ဖြစ်သွားသည်ဟု ယင်းတို့က ဆက်လက်ပြောကြားသည်။

စသုံးလုံးရုံးမှ န်ချသေဆုံးခဲ့သူ မနန်းဝိုးဖန်အမျိုးသား လွတ်ငြိမ်း ချမ်းသာခွင့်ရရှိ

Photo: စသုံးလုံးရုံးမှ ခုန်ချသေဆုံးခဲ့သူ မနန်းဝိုးဖန်အမျိုးသား လွတ်ငြိမ်း ချမ်းသာခွင့်ရရှိ 
Friday, January 10, 2014

ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းရှိ အထူးစုံစမ်းရေးရုံး၌ ယခင်နှစ် မတ်လက ခေါ်ယူ စစ်ဆေးခံနေစဉ် ယင်းရုံးပေါ်မှ ခုန်ချသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ အမျိုးသား အသက် ၅၂ နှစ်ရှိသူ မစ္စတာ နာမဆဲမိုတိုဟီကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော ပုဒ်မ ၅ (ဇ) လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၉ ရက်နေ့က အမှုပယ်ဖျက်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် တရားသူကြီး ဦးမြတ်ထူးမောင်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ တရားဝင် လိုင်စင်မရှိဘဲ မစ္စတာ နာမဆဲမိုတိုဟီကိုက အသက် ၁၉ နှစ်အရွယ် ဇနီးမနန်းဝိုးဖန် အမည်ဖြင့် ကျပ်သိန်း သုံးသောင်းကျော် တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေများ ဝယ်ယူထားမှုကို အထူးစုံစမ်းရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က မစ္စတာ နာမဆဲမိုတိုဟီကို အပါ ခြောက်ဦးကို ပုဒ်မ ၅(ဇ) ဖြင့် အမှုဖွင့်ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းကာ လှိုင်သာယာမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေခဲ့ရာမှ ပုဒ်မ ၅ (ဇ) လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အမှုပယ်ဖျက်ခံရခြင်း ဖြစ်ကြောင်း မစ္စတာ နာမဆဲမိုတိုဟီကို၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမူက ရှင်းပြသည်။ 

“သမ္မတ အမိန့်ကြောင့် ၅(ဇ) အမှုကို ပယ်ဖျက်ခံရပေမယ့် ဂျပန်နိုင်ငံသားက နိုင်ငံခြားသား တစ်ဦးရဲ့ လိုက်နာရမယ့် စည်းကမ်းကို ချိုးဖောက်ပြီး မြန်မာနိုင်ငံ စီးပွားရေးကို ထိခိုက်စေမယ့် အမှုကို ကျူးလွန် ခဲ့တာကြောင့် သူ့ကို လူဝင်မှုကြီးကြပ်ရေးက ဖွင့်ထားတဲ့ ပုဒ်မ ၁၃-၁ နဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တယ်။ ချုပ်ရက်များ လျှော့ပေါ့ ခံစားခွင့်ရှိပါတယ်။” ဟု မြို့နယ်တရားသူကြီး ဦးမြတ်ထူးမောင်က ပြောကြားသည်။ 

မစ္စတာနာမဆဲကို အင်းစိန်ထောင်အတွင်း ဖမ်းဆီး ချုပ်နှောင်ထားသည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီ ဖြစ်သောကြောင့် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးမှ ပြည်နှင်အမိန့်စာ ရရှိခဲ့ပါက လေယာဉ်ဖြင့် ၎င်း၏နေရပ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ အမိန့်စာ မရသေးချိန် ကာလအထိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

လွတ်ငြိမ်းချမ်းသာခွင့် ရမည်ဆိုသည်ကို ပြီးခဲ့သော သင်္ကြန်အတွင်းက ကြားသိထားပြီး ယခုအချိန်မှ ပြန်လည် လွတ်မြောက်ခွင့် ရသော်လည်း မြန်မာနိုင်ငံတော် သမ္မတကြီးအပေါ် အထူးကျေးဇူးတင်ရှိကြောင်း၊ ၎င်း၏ဇနီး နန်းဝိုးဖန်၏ အမည်ဖြင့် ဝယ်ယူခဲ့သော ခြံမြေများနှင့် ပတ်သက်၍ ပြည်သူ့ဘဏ္ဍာအဖြင့် သိမ်းယူခံရခြင်းအပေါ် ၎င်းအနေဖြင့် မှတ်ချက် မပေးလိုကြောင်း မစ္စတာ နာမဆဲမိုတိုဟီကိုက ပြောကြားသည်။
“ဒီငွေတွေ အားလုံးက နန်းဝိုးဖန်အတွက် ရည်စူးပြီး အစကတည်းက ပေးခဲ့တာ။ အခု နန်းဝိုးဖန် ဆုံးသွားမှတော့ ကျန်တဲ့ကိစ္စ ဘာမှမပြောလိုတော့ပါဘူး” ဟု ၎င်းကဆိုသည်။ 

တရားမဝင် အိမ်ခြံရောင်းဝယ်မှုနှင့် ပတ်သက်ပြီး မနန်းဝိုးဖန်ကို စသုံးလုံးရုံး၌ ခေါ်စစ်ဆေးစဉ် ပြုတ်ကျ သေဆုံးခဲ့ရပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမဆဲကိုလည်း အင်းစိန်ထောင်တွင်း တစ်နှစ်နီးပါးခန့် ထိန်းသိမ်းကာ တရားရင်ဆိုင်ခဲ့ရာမှ သမ္မတ၏ အမိန့်ဖြင့် အမှုပယ်ဖျက်ခံခဲ့ရသည်။

သို့ရာတွင် ကျပ်သိန်းသုံးသောင်းကျော် တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှုမှာ သေဆုံးသွားသော မနန်းဝိုးဖန်၏ မိသားစုအတွက် နစ်နာသည်ဟု ယူဆကြောင်း၊ အဆိုပါ မိသားစုက နစ်နာဆုံးရှုံးမှုများကို ပြန်လည် ရရှိရန်အတွက် အကျိုးဆောင်ပေးရန် ကမ်းလှမ်းပါ က လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ပြောကြားသည်။ 

အဆိုပါ ဂျပန်နိုင်ငံသားမှာ ထိုင်းနိုင်ငံနှင့် ဟောင်ကောင်တို့တွင် အိမ်၊ ခြံ၊ မြေ ဝယ်ရောင်း လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်က တာချီလိတ်မြို့သို့ တရားဝင် ဗီဇာမပါရှိဘဲ ဝင်လာပြီး ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်နှင့် ဆုံတွေ့ကာ မေတ္တာရှိခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ထပ်မံရောက်ရှိခဲ့ပြီး ၎င်း၏ဇနီး မနန်းဝိုးဖန် အမည်ဖြင့် အိမ်၊ ခြံ၊ မြေ ဝယ်ရောင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ သတင်းရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် မနန်းဝိုးဖန်ကို ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ အထူးစုံစမ်းစစ်ဆေးရေးရုံး ငါးထပ် အဆောက်အအုံပေါ် ခေါ်ယူစစ်ဆေးစဉ် အဆိုပါ ငါးထပ်အဆောက်အအုံမှ မနန်းဝိုးဖန် ခုန်ချ သေဆုံးခဲ့သည်။


The Voice Weekly


RangonNewsDaily:: January . 10 .2014
ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းရှိ အထူးစုံစမ်းရေးရုံး၌ ယခင်နှစ် မတ်လက ခေါ်ယူ စစ်ဆေးခံနေ
စဉ် ယင်းရုံးပေါ်မှ ခုန်ချသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ အမျိုးသား အသက် ၅၂ နှစ်ရှိသူ မစ္စတာ နာမဆဲမိုတိုဟီ
ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော ပုဒ်မ ၅ (ဇ) လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၉ ရက်နေ့က အမှုပယ်ဖျက်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် တရားသူကြီး ဦးမြတ်ထူးမောင်က The Voice သို့ ပြောကြား
သည်။

“ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကား ရွှေခေတ်ကို ပြန်လည်နိုးထစေနိုင်မလား

Photo: “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကား ရွှေခေတ်ကို ပြန်လည်နိုးထစေနိုင်မလား
Friday, January 10, 2014

ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးခဲ့သည့် “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားသည် ပရိသတ်များ၏ အား ပေးမှုများဖြင့် အောင်မြင်လျက် ရှိသည်။ ယင်းဇာတ်ကားကို ရုပ်ရှင်ချစ်ပရိသတ်များ၏ အားပေးမှုများ သည် လျော့ကျခြင်းမရှိဘဲ ယခုအချိန်ထိ ရုံတင်နေဆဲဖြစ်ကြောင်း မြ၀တီရုပ်သံမှ ဗိုလ်မှူးသုတက မဇ္ဈိမ သို့ ပြောသည်။

“တခြားရုပ်ရှင်ဇာတ်ကားတွေထက် ပိုပြီး ပရိသတ်အားပေးတာများတယ်။ ပရိသတ်တွေ တောင်းဆိုလို့ ထပ်ပြီး ပြသနေတာပါ” ဟု ယင်းက ပြောသည်။

အဆိုပါဇာတ်ကားကို ဒီဇင်ဘာ၂၇ ရက်မှစတင်ပြီး ရန်ကုန်မြို့ရှိ ရှေ့ဆောင်ရုပ်ရှင်ရုံတွင် သုံးပတ်၊ Junction Square တွင် နှစ်ပတ်၊ မန္တလေး Diamond ရုပ်ရှင်ရုံတွင် သုံးပတ်၊ မြိတ်မြို့ မင်္ဂလာရုပ်ရှင်ရုံ တွင် တစ်ပတ်၊ ဘားအံမြို့ တက်နေ၀င်းရုပ်ရှင်ရုံတွင် တစ်ပတ်နှင့်Top Royal (စိန်ဂေဟာ) တွင် ဇန်န၀ါရီ ၃ ရက်မှစတင်ပြီး ပြသခဲ့ရာ ရုံပြည့်ရုံလျှံသည်အထိ ပရိသတ်များ အားပေးခဲ့ကြသည်။ ယင်းဇာတ်ကားကို ပြသရန်အတွက် ရုပ်ရှင်ရုံရက်များ မရရှိခဲ့ခြင်းကြောင့် ရုံရက်ရရှိသည့် ရှေ့ဆောင်ရုပ်ရှင် ရုံ၊ Junction square စသည့်ရုံများ၌ စတင် ပြသခဲ့ပြီး နောက်ပိုင်းတွင် ပရိသတ်များ အားပေးလက်ခံမှု ကောင်းလာခြင်း ကြောင့် အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြသခဲ့ပြီးနောက် ယခုနှစ်အထိ ပရိသတ် များ လက်ခံအားပေးခြင်းဖြစ်ရာ ဖေဖော်ဝါရီ ဒုတိယပတ်အထိ ဆက်လက်ပြသသွားမည် ဖြစ်သည်။ မြို့ တွင်း ရုံများတွင် ပြသပြီးပါက မြို့ပတ်ရုံများဖြစ်သည့် န၀ဒေး၊ ၀ဇီရာ၊ ရွှေဗဟို စသည့် ရန်ကုန်မြို့အနီး တစ်ဝိုက်ရှိရုံများတွင် ပြသပြီး အထက်မြန်မာနိုင်ငံများတွင် ထပ်မံပြသသွားမည် ဖြစ်သည်။

“ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားကို ပရိသတ်များ၏ လက်ခံအားပေးမှုသည် မြန်မာ့ရုပ်ရှင်ဇာတ် ကားများ ခေတ်မကောင်းခဲ့သည့် ကာလအတွင်း၌ ကြာရှည်စွာ ရုံပြည့်ရုံလျှံအားပေးခြင်းခံရခြင်း ပြန်လည် နိုးထ လာသည့်ခေတ် ဖြစ်လာလေမလားဟု သုံးသပ်ပြောဆိုကြသည်။ ကြည့်ရှုသူအများစုသည် “ဗိုလ် ချုပ်” ရုပ်ရှင်ဇာတ်ကားဟု အထင်မှားပြီး လာရောက်အားပေးကြခြင်းများ၊ သရုပ်ဆောင်အင်အားများစွာ အသုံးပြုထားခြင်းကြောင့် စိတ်ဝင်စားခြင်းနှင့်အတူ ကြော်ငြာအားကောင်းခြင်းကြောင့်ဟု ပြောဆိုကြ သည်။

လက်ရှိတွင် ယင်းရုပ်ရှင်ဇာတ်ကားသည် မှောင်ခိုလက်မှတ်များ အဆမတန် ဈေးပေးပြီး ကြည့်ရသည် အထိ ရှိနေဆဲဖြစ်ပြီး ရုံတိုင်းတွင် ခုံအပိုထိုးပြီးပြရခြင်းသည် အပတ်စဉ်တိုင်းရှိနေသည်။ ယင်းဇာတ်ကား သည် မြန်မာ့တပ်မတော်သမိုင်း၏ ခေတ်သုံးခေတ်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင် အင်အားများစွာကို ထည့်သွင်းအသုံးပြုထားသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ အဆိုပါဇာတ်ကားသည် တပ်မတော်ကားဖြစ်ခြင်းကြောင့် နိုင်ငံတော်က ကျပ်သိန်း ၂၀၀၀ ခန့် အကုန်အကျခံသည့် ဇာတ်ကားဖြစ် ပြီး ဇာတ်ကားအတွင်း၌ စစ်လက်နက်အစစ်များကို အသုံးပြုခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

“သမ္မတရုံမှာ မပြခဲ့ဘဲ ရှေ့ဆောင်ရုံမှာ စပြီးပြခဲ့ရာကနေ ပရိသတ်က လက်ခံအားပေးလို့၊ ကြိုက်လို့၊ ဒါရိုက်တာရဲ့ တင်ပြပုံ တင်ပြနည်းတွေကို ကြိုက်လို့၊ နောက်ပြီး ဗိုလ်ချုပ်ရဲ့အပိုင်းတွေပါလို့ လာကြည့်ကြ တာလည်းရှိတယ်” ဟု ဒါရိုက်တာပန်းချီစိုးမိုးက ဆိုသည်။

ယင်းဇာတ်ကားကို ၂၀၀၉ ခုနှစ်ကစပြီး သုံးနှစ်ခန့် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ ဇာတ်ကား တစ်ခုလုံး၏ ကြာမြင့် ချိန်သည် ၂ နာရီ မိနစ် ၄၀ အထိရှိသည်။ ဇာတ်ကားတွင် ဗိုလ်ချုပ်နေရာ၌ ဗိုလ်ချုပ်နှင့်အနီးစပ်ဆုံး တူ သည့်သူသည် လက်ရှိ သထုံမြို့တွင် တာဝန်ကျနေသည့် ဗိုလ်ကြီးပြည့်ဖြိုးအောင်ကို ခေါ်ယူပြီး သုံးလကြာ ဒါရိုက်တာထံတွင် စခန်းသွင်း လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ကြသည့် နိုင်ငံခြားသားများကိုလည်း သုံးလခန့်အချိန်ယူပြီး သင်ကြားပေးခဲ့သလို ဇာတ်ကားတွင် ဗိုလ်ချုပ် ၏မိန့်ခွန်းအသံများကို မြန်မာ့ရုပ်မြင်သံကြားနှင့် ဗဟိုရုပ်ရှင်တို့က ယူဆောင်ပြီး ကွန်ပျူတာ အထူးပြုလုပ် ချက်များဖြင့် ဗိုလ်ချုပ်၏ အသံအစစ်များ ထွက်ပေါ်လာစေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဒီမိုကရေစီမရရှိခင်နှစ်များတွင် တပ်မတော်ကားများ၌ နာမည်ကြီးသရုပ်ဆောင်များကို အသုံးပြု၍ ဂုဏ်ပြု ဇာတ်လမ်းများကို ရိုက်ကူးပြီး ရုပ်သံများတွင် တပ်မတော်နေ့ မရောက်ခင် ထုတ်လွှင့်မှုများ ရှိခဲ့သည်။ ထို စဉ်က ယင်းဇာတ်ကားများကို ပရိသတ်များ စောင့်ကြည့်အားပေး နှစ်ခြိုက်ခဲ့ကြသော်လည်း နောက်ပိုင်း တွင် အားပေးမှုများ နည်းပါးသွားကြသည်။ တချို့သော အနုပညာရှင်များသည် ယင်းဇာတ်ကားများဖြင့် နာမည်ရ ထင်ရှားလာခဲ့ခြင်းများလည်း ရှိခဲ့ခြင်းကြောင့် သရုပ်ဆောင်အသစ်များသည် တပ်မတော် ဇာတ် ကားကို ရိုက်ကူးနိုင်ကြရန် ခေတ်စားခဲ့ကြသည်။

မြန်မာ့ရုပ်ရှင်သည် လွန်ခဲ့သည့်နှစ်များစွာက ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ရုပ်ရှင်ရုံများတွင် ရုံတင် ပြသနိုင်ခဲ့သည့် ရွှေနှစ်များကို ပိုင်ဆိုင်ခဲ့သည်။ ယင်းကာလ အတွင်းတွင် မြန်မာနိုင်ငံ၌ ရုပ်ရှင်ရုံများများ ပြားခဲ့ပြီး ပရိသတ်များ အားပေးမှုများသည်လည်း များပြားခဲ့သည်။ ထိုစဉ်က ရုပ်ရှင်တစ်ခုတည်းသာ ခေတ်စားခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်ကစပြီး ဗီဒီယိုခေတ်များ ထကြွလာချိန်တွင် ရုပ်ရှင်ဇာတ်ကားများ သည် ငြိမ်သက်မှေးမှိန်ခြင်းသည် ဆယ်စုနှစ် ကာလများအထိ ဖြတ်သန်းနေရသည်။

Mizzima - News in Burmese

RangonNewsDaily:: January . 11 .2014
ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးခဲ့သည့် “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားသည် ပရိသတ်များ၏ အား ပေးမှုများဖြင့် အောင်မြင်လျက် ရှိသည်။ ယင်းဇာတ်ကားကို ရုပ်ရှင်ချစ်ပရိသတ်များ၏ အားပေးမှုများ သည် လျော့ကျခြင်းမရှိဘဲ ယခုအချိန်ထိ ရုံတင်နေဆဲဖြစ်ကြောင်း မြ၀တီရုပ်သံမှ ဗိုလ်မှူးသုတက မဇ္ဈိမ သို့ ပြောသည်။

ထန်းတပင်မြို့နယ်တွင် မြေတူးစဉ် မြေပြို သုံးဦးသေ ၊ ခုနှစ်ဦး ဒဏ်ရာရ

Photo: ထန်းတပင်မြို့နယ်တွင် မြေတူးစဉ် မြေပြို သုံးဦးသေ ၊ ခုနှစ်ဦး ဒဏ်ရာရ
Friday, January 10, 2014

 ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရေကျော် ကျေးရွာ အုပ်စု ကျောက်ကုန်း ကျေးရွာ တောင်ငူ-ဇရပ်ကြီး ကားလမ်းအရှေ့ဘက်ခြမ်းနယ် မြေရှိ ''မင်းဒင်''မြေတူးဖော်ရေး လုပ်ငန်းခွင်အတွင်း ဇန်နဝါရီ ၇ ရက် ည၈နာရီ မိနစ်၎ဝခန့် တွင် မီးများထွန်း၍ မြေများတူး ဖော်စဉ်  မြေပြိုကျ၍ လူသုံးဦးသေဆုံး ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

မြေတူးနေကြသော လုပ် သားနှစ်ဦးမှာ အပေါ်မှရုတ်တ ရက်မြေပြိုကျမှုခံရသောကြောင့် မြေကြီးအောက်သို့ ရောက်ရှိ သွားခဲ့မှုအား ဘေးလူများကူ ညီဝိုင်းဖော်ပေးခိုက် နောက် ထပ်တစ်ကြိမ်ထပ်မံမြေပြိုကျ ခဲ့ပြန်သဖြင့် လူသုံးဦးသေဆုံး သွားခဲ့ ရပြီး လူခုနစ်ဦးမှာ ထိ ခိုက်ဒဏ်ရာများရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

''ကျွန်တော်က နှစ်ကြိမ် ပိတာပါ။ ပထမကျွန်တော်နဲ့ ကိုဇော်မင်းနိုင်၄၁နှစ်တို့ နှစ် ယောက်တည်း ည၈နာရီကျော် လောက်မှာ မီးထွန်းပြီး မြေက လိုင်ဖြစ်အောင် တူးနေတာပါ။ ကလိုင်ဖြစ်သွားတဲ့အခါ ကုန်း ပေါ်ကတက်ပြီး သံတူးရွင်းနဲ့ ဖြိုချကြရင် မြေသားထုအများ ကြီးကို ခဏကလေးနဲ့ရတာ မို့ ဒီလိုလုပ်ဆောင်ကြတာပါ။ မိုးချုပ်ပြီဆိုတော့ သူများတွေ ပြန်သွားကြပါပြီ။ အဲဒီအချိန် မှာ ဝုန်းဆိုမြေပြိုကျပြီး ကျွန် တော်တို့နှစ်ယောက်အပေါ် မြေကြီးတွေ ဖုံးသွားပါတယ်။ ကျွန်တော့် အပေါ်က ကိုဇော် မင်းနိုင်က ကားယားခွကြီးဖြစ် ပြီး ကျွန်တော်က အောက်က  အနေအထားနဲ့ ပိသွားတာပါ။ မြေပြိုသံကြားလို့ ဘေးလူတွေ ရောက်လာပြီး ဝိုင်းဆွဲဖော် ကယ်ထုတ်ကြတော့ ကိုဇော် မင်းနိုင်ကို အရင်ရပါတယ်။  ဒါပေမဲ့ ကိုဇော်မင်းနိုင်ကသေ သွားပါပြီ။ ကျွန်တော်ကခေါင်း နဲ့ လက်နဲ့ပေါ်လာပြီး မြေကြီး တွေ ရင်စို့လောက်ကျန်နေချိန် မှာ နောက်တစ်ခါ ဝုန်းဆိုမြေ ပြိုသံကြားရပြီး နောက်တစ်ကြိမ် ကျွန်တော် မြေကြီးအောက် ပြန်ရောက်သွားပါတယ်။ ကျွန် တော် ဘာမှမသိတော့ပါဘူး'' ဟု မြေပြိုကျမှုကြောင့် မြေကြီး အောက်သို့ နှစ်ကြိမ်တိုင်ရောက် ရှိသွားခဲ့သော်လည်း သေကံ မရောက်သက်မပျောက်ဘဲ အ သက်ဘေးမှလွတ်ခဲ့ရသူ မောင် ဝေယံစိုး ၁၇ နှစ်ကပြောသည်။

''အားလုံးမြေပြိုကျလို့ ပိ သွားတာ ၁၁ယောက်ပါ။ ဇော် မင်းနိုင်နဲ့ ဝေယံစိုးက အရင် ပိတာပါ။ ဒီနောက်ဝိုင်းပြီးဖော် ထုတ်ကယ်တင်နေကြတုန်း နောက်တစ်ကြိမ်မြေထပ်ပြိုကျ လို့ ဝိုင်းကယ်ပေးကြတဲ့သူတွေ ပါထပ်ပိသွားတာရှစ်ယောက် ဆိုတော့ စုစုပေါင်းမြေပိတာ ၁၁ယောက်ပေါ့။ ကျွန်တော် က ရုံမှာဗီဒီယိုပြနေတာ။ မြေ ပြိုကျလို့ဆိုပြီး ဘိုဂွဲ(ရွှေမိုးဇော်) က လာအကူအညီတောင်းတာ နဲ့ ရွာထဲကိုမိုက်နဲ့အော်ပြီးပြော လိုက်တော့ တစ်ရွာလုံးအကုန် ဆိုင်ကယ်တွေနဲ့ထွက်ပြီး ပြေး ကူညီတူး ဖော်ခဲ့ကြတာပါ။ အဲ ဒီမှာ ဇော်မင်းနိုင် ၄၁နှစ်၊ မင်း နိုင် ၃ဝနှစ်၊ ဇော်ဦး ၄ဝနှစ်တို့ သုံးယောက်က မြေပိသေသွား ပြီး အသက်ဘေးကလွတ်ခဲ့ တာက မခင်နှင်းဦး၊  ဒေါ်ဝင်း၊ ဝေယံစိုး၊ မျိုးမင်း၊ အောင်ဇော် ထိုက်၊ ဒေါ်သိန်းမြင့်၊ ဒေါ်ချို၊ ကျော်စိုးဝင်းတို့ ရှစ်ယောက် ပါ''ဟု ရေကျော်ရွာနေ ဦးတင် ရှိန်က ပြောသည်။ 

မြေတူးကြသည့် လုပ်ငန်း ခွင်မြေသားထုသည် အခြေမှ ကုန်းပေါ်အထိ၁၂ပေခန့်သာ မြင့်ပြီး အခြေမှကလိုင်ဖြစ်စေ ရန် တူးဖော်ထားသည့်မြေသား ထုမှာ ငါးပေ၊ ခြောက်ပေခန့် သာရှိလျက် ကလိုင်မှ အထက် မြေပြင်အထိဖြိုချရန်ချန်ထား သည့် မြေသား ထုမှာ ခြောက် ပေ၊ ခုနစ်ပေခန့်သာရှိကြောင်း သိရသည်။ 

အခင်းဖြစ်ပွားမှုနှင့်ပတ် သက်၍ ထန်းတပင်မြို့မရဲစခန်း မှ သေမှုသေခင်း ရေးဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားရန် စီစဉ်ထားရှိ ကြောင်း သတင်းရရှိသည်။

ကိုဆွေ(တောင်ငူ)
Yangon Media Group 


မြေပြို၍သေဆုံးသွားသူများအား နာရေးကူညီမှုကားဖြင့် သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - ကိုဆွေ(တောင်ငူ)
မြေပြို၍သေဆုံးသွားသူများအား နာရေးကူညီမှုကားဖြင့် သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - ကိုဆွေ(တောင်ငူ)
RangonNewsDaily:: January . 11 .2014
ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရေကျော် ကျေးရွာ အုပ်စု ကျောက်ကုန်း ကျေးရွာ
တောင်ငူ-ဇရပ်ကြီး ကားလမ်းအရှေ့ဘက်ခြမ်းနယ် မြေရှိ ''မင်းဒင်''မြေတူးဖော်ရေး လုပ်ငန်းခွင်အတွင်း ဇန်နဝါရီ ၇ ရက် ည၈နာရီ မိနစ်၎ဝခန့် တွင် မီးများထွန်း၍ မြေများတူး ဖော်စဉ် မြေပြိုကျ၍ လူသုံးဦးသေဆုံး ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

မလေးရှား ကွန်တိန်နာဝင်းအတွင်း မီးလောင်မှု မြန်မာတစ်ဦးသေဆုံး

RangonNewsDaily:: January . 11 .2014
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် Tiong Nam လမ်းမပေါ်ရှိ အစားထိုးပစ္စည်းများ ထားရှိရာ ကွန်တိန်

နာ ကားဝင်းအတွင်း မီးလောင်ရာမှ ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံ သားတစ်ဦး မီးလောင် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ရေပူရေအေးစက်တွင် ရေသောက်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

RangonNewsDaily:: January . 11 .2014
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၃) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ နေအိမ်

တစ်လုံးတွင်ဇန်နဝါရီ ၈ ရက်နေ့ ည ၁၁ နာရီခန့်က အသက် ၂၂ အရွယ် လေအေးပေးစက်ပြင်အလုပ်သမား
တစ်ဦးက ရေပူရေ အေးစက်တွင် ရေသောက်ရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်
ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က The Voice သို့ ပြောကြားသည်။