Pages

Saturday, January 4, 2014

သရုပ်ဆောင်ဖွေးဖွေး အကယ်ဒမီဆုကြေးအားလုံး ဒါရိုက်တာဝိုင်း အားကန်တော့..........

Photo: သရုပ်ဆောင်ဖွေးဖွေး အကယ်ဒမီဆုကြေးအားလုံး ဒါရိုက်တာဝိုင်း အားကန်တော့..........
Saturday, January 4, 2014

လက်ပံရုပ်ရှင်ဇတ်ကားဖြင့် ၂၀၁၂ ခုနှစ် အမျိုးသမီးဇတ်ဆောင် အကယ်ဒမီဆုကို ရရှိသွားသူ သရုပ်ဆောင် ဖွေးဇွေးက ၎င်းရရှိသည့် ဆုကြေးငွေအားလုံးကို လာရောက်ကန်တော့ခဲ့ကြောင်း လက်ပံဇတ်ကားကို ဖန်တီးသူဒါရီုက်တာ ၀ိုင်းက သူ၏ဖေ့ဘုတ်စာမျက်နာတွင်ရေးသားဖော်ပြ ထားသည်။

"အကယ်ဒမီဆုပိုင်ရှင်ဖွေးဖွေးက...သူရတဲ့ဆုကြေးငွေအားလုံးကိုလာရောက်ကန်တော့သွားပါတယ်...ဒီထက်ပိုပြီးတိုးတက်အောင်မြင်ပါစေ' ဟု ဒါရိုက်တာဝိုင်းက သူ၏ဖေ့ဘုတ်စာမျက်နာတွင် ဆုကြေးငွေစာရင်းပါ အိတ်အစိမ်းရောင်ပုံနှင့်အတူ ရေးသားထားသည်။

ထို့အပြင်ဒါရီုက်တာဝိုင်းက"တကယ်တော့သူရတဲ့အကယ်ဒမီရုပ်တုကိုပါကန်တော့တာပါ...ကျနော်ကလက်မခံခဲ့တာပါ..."ဟု သူ၏ဖေ့ဘုတ်မိတ်ဆွေတို့အား ပြန်လည်ပြောကြားထားသည်ကို တွေ့ရသည်။
၂၀၁၂ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် လက်ပံရုပ်ရှင်ဇတ်ကားဖြင့် ဒါရီုက်တာဝိုင်း အကယ်ဒမီရရှိနိုင်ကြောင်း ပိရီသတ်များက ခန့်မှန်းခဲ့ကြသည်။ သို့သော် ၂၀၁၂ ခုနှစ် အတွက်ရုပ်ရှင်ဒါရိုက်တာဆုကို ကိုဇော်(အရုဏ်ဦး)က ဥ ဇတ်ကားဖြင့် ရရှိခဲ့သည်။

PN-018
(ဓါတ်ပုံ - ဒါရိုက်တာ ၀ိုင်းဖေ့ဘုတ်မှ)
ရုပ်ရှင်ဂီတ ချစ်သူများ

RangonNewsDaily:: January . 4 .2014
လက်ပံရုပ်ရှင်ဇတ်ကားဖြင့် ၂၀၁၂ ခုနှစ် အမျိုးသမီးဇတ်ဆောင် အကယ်ဒမီဆုကို ရရှိသွားသူ သရုပ်ဆောင်
ဖွေးဇွေးက ၎င်းရရှိသည့် ဆုကြေးငွေအားလုံးကို လာရောက်ကန်တော့ခဲ့ကြောင်း လက်ပံဇတ်ကားကို ဖန်တီး
သူဒါရီုက်တာ ၀ိုင်းက သူ၏ဖေ့ဘုတ်စာမျက်နာတွင်ရေးသားဖော်ပြ ထားသည်။

ကမ္ဘောဒီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု သုံးဦး သေ

Photo: ကမ္ဘောဒီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု သုံးဦး သေ
Saturday, January 4, 2014

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အထည်ချုပ် အလုပ်သမားတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ရာမှာ လူ ၃ ဦး ထက်မနည်း သေဆုံးသွားပါတယ်။ ဆန္ဒပြသူတွေက လမ်းကို ပိတ်ဆို့ထားပြီး ရဲတွေကို ခဲတွေနဲ့ပစ်ပေါက်ရာက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တဲ့အကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ကြတာပါ။

ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့ကတော့ ပစ်ခတ်မှုကြောင့် ၄ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာဆိုရင် လုံခြုံရေး အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေကြား ဆက်တိုက် ဆိုသလို ဖြစ်ပွားနေ တဲ့ ပဋိပက္ခတွေ ထဲက နောက်ဆုံး အဖြစ်အပျက်ပါ။ အထည်ချုပ် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ရှင်းလင်းဖို့ စစ်တပ်က အထူးတပ် တစ်တပ်ကို ခေါ်ယူခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ကြာသပတေးနေ့က ပဋိပက္ခ အတွင်းမှာတော့ သံဃာတော် ၁၅ ပါး အပါအ၀င် နောက်ထပ် လူပေါင်း ၂၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဖနွမ်းပင်မြို့ပြင်မှာရှိတဲ့ Yak Jin အထည်စက်ရုံမှာ မနေ့တုန်းက ဆန္ဒပြခဲ့သူတွေထဲက အနည်းဆုံး ၁၀ ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြသလို၊ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ စစ်တပ်က အထူးတပ်တစ်တပ်ကို အစိုးရက ခေါ်ယူခဲ့တဲ့ အစီအစဉ်ကိုလည်း ပြစ်တင် ရှုတ်ချခဲ့ကြတာပါ။ ကမ္ဘောဒီးယား နိုင်ငံက အထည်ချုပ်အလုပ်သမား အများစုကတော့ လုပ်ခလစာ ပိုမိုရရှိရေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အထည်ချုပ် အလုပ်သမားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်။ (ဇန်နဝါရီ ၂၊ ၂၀၁၄)
VOA
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အထည်ချုပ် အလုပ်သမားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်။ (ဇန်နဝါရီ ၂၊ ၂၀၁၄)
RangonNewsDaily:: January . 4 .2014
ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့တော်မှာဆန္ဒပြနေကြတဲ့အထည်ချုပ် အလုပ်သမားတွေကို ရဲတပ်ဖွဲ့ကပစ်ခတ်
ရာမှာ လူ ၃ ဦး ထက်မနည်း သေဆုံးသွားပါတယ်။ ဆန္ဒပြသူတွေက လမ်းကို ပိတ်ဆို့ထားပြီး ရဲတွေကို ခဲတွေ
နဲ့ပစ်ပေါက်ရာက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တဲ့အကြောင်း မျက်မြင်တွေ့ရှိသူတွေ
က ပြောခဲ့ကြတာပါ။

ထန်းတပင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အုပ်စုဖွဲ့ကာ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်မှု ကျူးလွန်သူများအနက် သုံးဦးကို ကျောက်ဆည်မြို့နယ်အတွင်း ဖမ်းဆီးရမိ

RangonNewsDaily:: January . 4 .2014
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် အုပ်စုဖွဲ့ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ပိုက်

ဆံများ လုယက်သည့်ကျူးလွန်သူများအနက်သုံးဦးကိုဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်
ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက်သစ်
နယ်မြေ ရဲစခန်းကအမှုဖွင့်ပြီးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှာဖွေစုံစမ်းရာ မဆောင်းနှင်းအေး၏ အစ်
ကိုဝမ်းကွဲတော်စပ်သူ သီဟအောင်အား သံသယတွေ့ရှိရသဖြင့် ၎င်းနှင့်ပတ်သက်၍ စုံစမ်းခဲ့ကြောင်း သိရ
သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ချီလွတ်မြောက်

Photo: လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ချီလွတ်မြောက်
Saturday, January 4, 2014

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရန် နိုင်ငံတော်သမ္မတရုံးမှ ၂-၁-၂၀၁၄ ရက်စွဲပါ အမိန့်စာအမှတ် ၁/၂၀၁၄ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ  ၃ ရက်မှစ၍ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွတ်မြောက်မည်ဟူသော သတင်းကြောင့် မိသားစုဝင်များက နံနက် ၄ နာရီကတည်းက စတင်ပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းလျက်ရှိပြီး ညနေ ၄ နာရီအချိန်တွင် ပြစ်ဒဏ်၏ လေးပုံသုံးပုံ ကျခံပြီးဖြစ်သော အမျိုးသမီး၊ အမျိုးသားများကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးခဲ့ရာ အကျဉ်းသား ၅၀၀ ခန့် လွတ်မြောက်ခဲ့ပြီး အများစုမှာ တစ်နှစ်ဝန်းကျင် ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

ထို့အတူ ဆေးမှုဖြင့် ထောင်ကျနေသော သားဖြစ်သူကို လာရောက်ကြိုဆိုသော ဒလမြို့နယ်မှ အသက် ၆၇ အရွယ် အမျိုးသားတစ်ဦးက “သူက ၁၇ နှစ်ပဲ ရှိသေးတာ။ ဆေးရောင်းတဲ့သူကို သိလို့လိုက်ပြရင်း သူရောင်းတာပါဆိုပြီး အဖမ်းခံခဲ့ရပြီး ထောင် ၆ နှစ်ကျနေတာပါ။ အခုထောင်ထဲမှာ ၃ နှစ်ရှိပါပြီ။ အရင်တစ်ခေါက်က လျှော့ရက်လည်း ရထားပါတယ်။ အခုလို အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ သူ့ပြန်လွတ်လာတော့ သူ့အတွက်ကုန်ကျနေတဲ့ ငွေတွေကို ဘုန်းကြီးဆွမ်းလောင်းတာတို့ ကုသိုလ်လုပ်လို့ ရတာပေါ့” ဟု ပြောကြားခဲ့သည်။

“မနက် ၁၀ နာရီလောက် ကတည်းက ရောက်နေတာပါ။ ယောက်ျားက ဖဲဝိုင်းမှာမိလို့ ထောင် ၆ လ ကျသွားပါတယ်။ အခုလွှတ်တဲ့ထဲမှာပါတော့ တစ်မိသားစုလုံး လာကြိုပါတယ်။ သူလွတ်လာတော့ ၀မ်းသာပါတယ်။ နောင်ကိုလည်း လောင်းကစားဝိုင်းမသွားဖို့ သင်ခန်းစာ ရလောက်ပါပြီ” ဟု ကျိုက်မရောမြို့နယ် တရာနာရွာမှ ခင်ပွန်းသည်ကို လာကြိုနေသော မိရင်ချမ်းက ပြောကြားသည်။

မော်လမြိုင်မြို့

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်နည်းတူ မော်လမြိုင် အကျဉ်းထောင်မှ အကျဉ်းသား ၁၉၉ ဦး (ကျား-၁၆၅၊ မ-၃၄) ကိုလည်း ဇန်န၀ါရီ ၃ ရက် မွန်းလွဲ ၁ နာရီမှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

“လူသတ်မှုနဲ့ ထောင်ကျတာပါ။ ဒေါသအလျောက် လုပ်မိတာပါ။ အခုတော့ နောင်တရပါပြီ။ မိသားစုတွေက လာမကြိုနိုင်ပါဘူး၊ ထုံးဖိုကပါ။ ဒီကနေ ကားနဲ့ပို့မယ်လို့ သိရပါတယ်” ဟု အနှစ် ၂၀ ထောင်ဒဏ်ကျခံရသူ ကိုသာထူးက ပြောကြားသည်။

သထုံမြို့

အလားတူ သထုံအကျဉ်းထောင်မှ ၅၆ ဦး လွတ်မြောက်ခဲ့ပြီး အမျိုးသားအကျဉ်းသားများသာ ဖြစ်သည်ဟု သိရသည်။

ပခုက္ကူမြို့

ဇန်န၀ါရီ ၃ ရက်မှာပင် ပခုက္ကူ အကျဉ်းထောင်မှ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံနေရသူ သုံးဦးအပါအ၀င် ပြစ်ဒဏ်၏ လေးပုံတစ်ပုံခံစားပြီး အကျဉ်းသား ၇၁ ဦး ပြန်လည်လွတ်မြောက် လာခဲ့သည်။

ပခုက္ကူ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၇၁ ဦးတွင် အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးပါဝင်ပြီး တပ်မတော်အက်၊ လောင်းကစားမှု၊ ရဲစည်း၊ မူးယစ်နှင့် အခြားပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် ထောင်ကျနေသူများဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)

ထို့အတူ ပဲခူးတိုင်း (အနောက်ခြမ်း) ဒေသကြီး အကျဉ်းထောင်သုံးခုမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အကျဉ်းကျခံရသည့် အကျဉ်းသား ၄၉၂ ဦးကို ဇန်န၀ါရီ ၃ ရက် နံနက်က လွှတ်ပေးလိုက်ကြောင်း သိရသည်။

“ခုမနက် ၉ နာရီကနေစပြီး လွှတ်ပေးပါတယ်။ အကျဉ်းသားအားလုံး ၃၀၃ ဦး လွှတ်ပေးတာပါ။ နိုင်ငံရေး အကျဉ်းသားတော့ မပါဘူး” ဟု သာယာဝတီ အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

၎င်းမြို့များအပြင် ပြည်အကျဉ်းထောင်မှ အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ပေါင်းတည်အကျဉ်းထောင်မှ အမျိုးသား ၇၁ ဦး၊ အမျိုးသမီးငါးဦး အသီးသီး လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကော့သောင်းမြို့

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ကော့သောင်းမြို့နယ်၊ ၉ မိုင်အကျဉ်းထောင်မှ အကျဉ်းသား ၁၀၇ ဦးအား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်ပေးခဲ့သည်။

“မူလအပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျှော့ရက်ပေးထားတာဆိုတော့ ကျန်တဲ့အပြစ်ဒဏ်တွေလည်း လျှော့ရက်ခံစားခွင့် ရကြပါတယ်။ သူတို့နေခဲ့တဲ့ကာလနဲ့ လျှော့ရက်တွက်လိုက်လို့ အကျုံးဝင်တဲ့သူတွေကို လွှတ်ပေးတာပါ။ ကျန်တဲ့သူတွေကတော့ ရက်ပြည့်မှ လွှတ်ပေးရမှာပေါ့။ အကျဉ်းသားအားလုံး လေးပုံတစ်ပုံ ခံစားခွင့်ပေးတယ်။ အကျဉ်းထောင်ထဲမှာပဲ နေရပြီး ချစ်ခင်နှစ်သက်တဲ့ သူတွေနဲ့ ဝေးနေရတော့ ဘယ်သူမှ မနေချင်ကြပါဘူး။ အခုလိုလွှတ်ပေးရတော့ ကျွန်တော်တို့လည်း တကယ့်ကိုဝမ်းသာပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အကျဉ်းထောင်သုံးခုနှင့် ရဲဘက်စခန်း တစ်ခုရှိကာ ထားဝယ်အကျဉ်းထောင်မှ ကျား ၇၂ ဦး၊ မကိုးဦး၊ မြိတ်အကျဉ်းထောင်မှ ကျား ၈၆ ဦး၊ မ ၂၁ ဦးနှင့် ဆင်ဖြူရှင် ရဲဘက်စခန်းမှ ကျား ၉၃ ဦး၊ စုစုပေါင်း ၂၈၆ ဦး အပါအ၀င် တိုင်းဒေသကြီး တစ်ခုလုံးတွင် ၃၉၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ဟု ဆိုသည်။

“မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ကျော်ကြားမှုနဲ့ ထောင် ၁၁ နှစ်ကျခဲ့တယ်။ ထောင်ကျတဲ့အချိန်မှာ ကိုယ်ဝန်ရှစ်လနဲ့ဆိုတော့ ထောင်ထဲမှာပဲ ကလေးမွေးခဲ့ရတယ်။ အခု သားကလေး နှစ်ခွဲကျော်သွားပါပြီ” ဟု လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြောင်းမြမြို့    

ယခုလို ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့မှုအရ မြောင်းမြအကျဉ်းထောင်မှ အကျဉ်းကျခံနေရသော ကျား ၁၂၅ ဦး၊ မ ၃၂ ဦး လွတ်မြောက်ခဲ့ပြီး သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲခဲ့သူ ကျားသုံးဦး၊ နှစ် ၄၀ အထက်မှ နှစ် ၄၀ သို့ ပြောင်းလဲကျခံရသူ ကျားတစ်ဦး၊ မလွတ်မြောက်သေးသော်လည်း လေးပုံတစ်ပုံအရ ခံစားခွင့်ရရှိသူ ကျား ၄၇၉ ဦး၊ မ ၇၁ ဦး ခံစားခွင့် ရရှိခဲ့သည်။                                     

သရက်မြို့

ထို့အတူ ဇန်န၀ါရီ ၃ ရက်၌ သရက်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး အပါအ၀င် အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွှတ်ပေးခဲ့သော အကျဉ်းသားများထဲတွင် ရိုက်မှုလူသတ်မှု၊ ခိုးမှု၊ လောင်းကစားမှုများနှင့် အကျဉ်းကျနေသူ အများစု ပါဝင်ခဲ့ကြောင်း သိရပါသည်။

သရက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား သုံးဦးရှိသည့်အနက် တစ်ဦးကို လွှတ်ပေးခဲ့ပြီး ယခုလွတ်မြောက်လာသူမှာ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ကရင်တပ်မတော်မှ အရာခံဗိုလ်တစ်ဦး ဖြစ်သည်။

“ကျွန်တော့်ကို ၁၉၉၅ မှာ ဖမ်းပါတယ်။ အမှုတွေက လူသတ်မှု၊ ၃၀၂၊ ပုဒ်မ (၆)၊ ဓားပြမှု၊ ၃၉၅၊ မုဒိမ်းမှု ၃၇၆ နဲ့ ဖမ်းပါတယ်။ ကျွန်တော်မကျူးလွန်ဘဲနဲ့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေတပ်ပြီး ထောင် ၅၇ နှစ် ချပါတယ်။ ထောင်ထဲမှာ ကျွန်တော့်မိတ်ဆွေနှစ်ဦး ကျန်ပါသေးတယ်။ စိုင်းဖုန်းနဲ့ ကိုအောင်ကိုလတ်ပါ။ သူတို့ကိုလည်း လွတ်စေချင်ပါတယ်။ ထောက်လှမ်းရေး ၂၁ ဦးက နိုင်ငံရေးအကျဉ်းသားအဖြစ် တောင်းဆိုတာကို ကန့်ကွက်ပါတယ်။ သူတို့က နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး” ဟု လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုစန်းကိုဦးက ပြောကြားသည်။

အခြားနိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုစိုင်းဖုန်း၊ ကိုအောင်ကိုလတ်တို့၏ မိသားစုဝင်များ လာရောက်ခဲ့သော်လည်း လွတ်မြောက်ခြင်း မရှိသေးသဖြင့် ၀မ်းနည်းရကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ အကျဉ်းသားနှစ်ဦးအား တိုက်ပိတ်ထားကြောင်း ၎င်းတို့နှင့်အတူ နေခဲ့သော တောင်တွင်းကြီးမြို့မှ အမျိုးသားတစ်ဦးက ဆိုသည်။ ယခုလွတ်မြောက်လာသူများထဲတွင် ဆေးမှုနှင့် ထောင်ဒဏ်ကျခံနေသူ (DKB) မှ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
    
ဟင်္သာတမြို့

အလားတူ ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းတွင် ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသား ၁၀၂ ဦး လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသမီး ၂၅ ဦး၊ အမျိုးသား ၇၇ ဦး စုစုပေါင်း ၁၀၂ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီခွဲမှစကာ သုံးသုတ်ခွဲ၍ တစ်ဆက်တည်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဟင်္သာတ အကျဉ်းထောင် ဦးစီးအရာရှိ (ထောင်မှူး) ဦးနေစိုးက “ဟင်္သာတထောင်မှာက နှစ်ကြီးသမား မရှိပါဘူး။ ၁၀ နှစ်အောက်တွေပဲ ရှိပါတယ်။ ရာဇ၀တ်မှုကြီး မရှိပါဘူး။ အဓိကကတော့ အသိပညာနည်းတဲ့အတွက် လုပ်မှားကိုင်မှားဖြစ်ပြီး ရောက်လာတဲ့ ကျေးလက်နေ ပြည်သူတွေက များပါတယ်။ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်က တရားရုံးကပေးတဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံကို လျှော့ပေါ့ခံစားခွင့် ရတဲ့အတွက် လွတ်တဲ့သူရော၊ မလွတ်သေးဘဲ ကျန်ခဲ့ရသူတွေပါ တန်းတူညီမျှ ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ခြေချုပ်အထိ ခံစားခွင့် ပေးထားပါတယ်။ မလွတ်သေးဘဲ ကျန်ရှိသူတွေရဲ့ ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်ရထားတဲ့ စာရင်းတွေကိုလည်း ဒီနေ့မွန်းလွဲ ၂ နာရီအရောက် ညွှန်ချုပ်ရုံးကို ပေးပို့သွားဖို့ ရှိပါတယ်” ဟု ဖြေကြားသည်။

မိတ္ထီလာမြို့

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မိတ္ထီလာ အကျဉ်းထောင်မှ အကျဉ်းသား ၇၅  ဦး၊ အကျဉ်းသူ ၄၁ ဦး စုစုပေါင်း ၁၁၆ ဦး ဇန်န၀ါရီ ၃ ရက် နံနက်က လွတ်မြောက်လာခဲ့သည်။

“နိုင်ငံတော်ရဲ့ စေတနာကို အသိအမှတ် ပြုပေးခြင်းအားဖြင့် ပြန်သွားတဲ့ အချိန်ကစပြီး ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေကို တိတိကျကျ လိုက်နာပေးပါလို့ မှာကြားလိုပါတယ်” ဟု မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစ၀်နေလင်းက လွတ်မြောက်အကျဉ်းသားများကို မှာကြားခဲ့ကြောင်း သိရသည်။

“ကိုယ့်လယ်ကိုယ်လယ် ပြန်ထွန်လို့ ထောင်ခြောက်လ ကျခဲ့တာပါ။ လွတ်ရက်ကလည်း ဒီနေ့စေ့နေပါပြီ။ ကျွန်တော့်အပေါင်းအသင်းတွေ တစ်ခါတည်း မပါလို့ ၀မ်းနည်းရပါတယ်။ ဒေါ်သန္တာအောင်က သုံးနှစ်သုံးလကျတာ။ ဦးမင်းဆွေက နှစ်နှစ်ကျော်ကျတယ်။ သူတို့ကျန်နေသေးလို့ ၀မ်းနည်းနေပါတယ်” ဟု လွတ်မြောက်လာသော ဦးဘိုက ပြောပြသည်။

ကျိုင်းတုံမြို့

ဇန်န၀ါရီ ၃ ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၂၁၆ ဦးနှင့် အကျဉ်းသူ ၃၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။    

မြင်းခြံမြို့

မြင်းခြံမြို့တွင် ဇန်န၀ါရီ ၃ ရက်က လက်ရှိပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအား ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ရှိပြစ်ဒဏ်၏ လေးပုံတစ်ပုံအား ပြစ်ဒဏ်မှ ပေါ့လျှော့ပေးခဲ့၍ အကျဉ်းသားဦးရေ ၂၃၈ ဦး လွတ်မြောက်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၂၃၈ ဦးပြစ်ဒဏ်လျှော့၍ လွတ်မြောက်ခွင့်ရရှိခဲ့ပြီး အမျိုးသား ၂၀၄ ဦး၊ အမျိုးသမီး ၃၄ ဦးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အကျဉ်းထောင်လေးခုနှင့် ရဲဘက်စခန်း နှစ်ခုတို့မှ အကျဉ်းသားပေါင်း ၈၄၀ ဦး လွတ်မြောက်ခဲ့ပြီး ပုသိမ်အကျဉ်းထောင်မှ ဦးမောင်ဝိတ်အပါအ၀င် အကျဉ်းသား ၂၅၄ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်အကျဉ်းထောင်မှ ကျား ၂၀၈ ဦး၊ မ ၄၆ ဦး၊ မြောင်းမြအကျဉ်းထောင်မှ ကျား ၁၂၄ ဦး၊ မ ၃၂ ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ကျား ၇၇ ဦး၊ မ ၂၅ ဦး၊ မအူပင် အကျဉ်းထောင်မှ ကျားဦးရေ ၇၀၊ မ လေးဦး၊ ဖျာပုံအကျဉ်းထောင်မှ ကျားဦးရေ ၇၀ ဦး၊ မ ၁၂ ဦးနှင့် ကစကဲ ရဲဘက်စခန်းမှ ကျား ၈၇ ဦး၊ ဆားမလောက် ရဲဘက်စခန်းမှ ကျား ၈၅ ဦး၊ စုစုပေါင်း ကျား ၇၂၁ ဦးနှင့် မ ၁၁၉ ဦးတို့အား အကျဉ်းထောင်အသီးသီးမှ ယင်းနေ့နံနက်ပိုင်းမှစ၍ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

အသက် ၄၀ နှစ်အရွယ်ခန့်ရှိသူ ဦးမောင်ဝိတ်က “စိတ်ထဲမှာ ခံစားရတာတွေ များလွန်းလို့ ဘာကိုစပြောရမှန်းတောင် မသိတော့ပါဘူး။ ပထမဆုံးတော့ ကျွန်တော်တို့ကို လွတ်ငြိမ်းချမ်းသာပေးခဲ့တဲ့ သမ္မတကြီးနဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အတူနေခဲ့တဲ့ ကိုဇာဂနာကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြင်ပလောက မီဒီယာကနေတစ်ဆင့်  မြင်တွေ့ကြားသိခွင့် ရခဲ့တယ်။ မီဒီယာအားလုံး ရှေရှည်ရပ်တည်နိုင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ဆက်ပြီး ထမ်းပိုးနိုင်တဲ့ဝန် ကျွန်တော်လက်လှမ်းမီသမျှ အကောင်းဆုံး ကြိုးစားပြီး ဆောင်ရွက်သွားမှာပါ။ လေးလေးနက်နက် ကျွန်တော်ဆုတောင်းချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်းကင်းဝေးသော မြန်မာနိုင်ငံကြီး ဖြစ်ပါစေလို့ ဒီနေရာကနေ ကျွန်တော်ဆုတောင်းပါတယ်။ တကယ်တော့ မှန်ခြင်းမှားခြင်း၊ အပြစ်ရှိခြင်း-မရှိခြင်း၊ အရေးယူခံရခြင်း-မခံရခြင်းဆိုတာဟာ ဘယ်သူက ဆုံးဖြတ်တာလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ လောကသဘာဝအရ သမင်ဆိုရင် ကျားစားပါတယ်။ ကျားဆိုရင် ဆိုးတယ်လို့ အပြောခံရပါတယ်။ ကျားဆိုးတော့ မုဆိုးလာရပါတယ်။ ဒါဟာလည်း လောကသဘာဝပါပဲ။ နောက်ဆုံးတော့လည်း မနက်ဖြန်ဟာ နောက်တစ်နေ့ပါပဲ။ ဆိုးခြင်းဟာလည်း မမြဲပါဘူး။ ကောင်းခြင်းတွေလည်း မမြဲပါဘူး။ အားလုံးဟာ အနိစ္စပါပဲ။ လွတ်သင့်တဲ့ သူတွေတော့ အများကြီး ရှိသေးတယ်လို့ ကျွန်တော်မြင်ပါတယ်။ သူတို့ကို လွှတ်ပေးနိုင်ရင်တော့ မင်္ဂလာရှိတာပေါ့ဗျာ” ဟု အကျဉ်းထောင်ဝ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောပြသည်။

ဦးမောင်ဝိတ်မှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဇန်န၀ါရီက မူးယစ်မှု ၁၅-၁၆ (င) ဖြင့် ထောင် ၁၅ နှစ် ကျခံရန် အမိန့်ချမှတ်ခံရပြီး ဧည့်စာရင်းမတိုင်မှုကြောင့် လ၀က ဥပဒေ ၁၃ (၁) ဖြင့် ထောင်သုံးနှစ်ကျခံရန် အမိန့်ချမှတ် ခံခဲ့ရသည်။ ပြစ်ဒဏ်အား သီးခြားစီ နှစ်ရပ်ပေါင်း ၁၈ နှစ်ကျခံရန် အမိန့်ချမှတ်ခံခဲ့ရပြီးနောက် ယနေ့ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာခဲ့ရာ ထောင်ထဲ၌ ငါးနှစ်ခွဲကျော် နေခဲ့ရသည်ဟု သိရသည်။    

ကလေးမြို့

ကလေးမြို့နှင့် တမူးမြို့နယ် အတွင်းရှိ ရဲဘက်စခန်းမှလည်း အကျဉ်းသား ၃၅၆ ဦး လွတ်မြောက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ လွတ်မြောက်လာသည်ကို တွေ့ရစဉ်

Eleven Media Group
မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ လွတ်မြောက်လာသည်ကို တွေ့ရစဉ်
RangonNewsDaily:: January . 4 .2014

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရန် နိုင်ငံတော်သမ္မတရုံးမှ ၂-၁-၂၀၁၄ ရက်စွဲပါ အမိန့်စာအမှတ် ၁/၂၀၁၄ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ ၃ ရက်မှစ၍ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အားလုံးပါဝင်မည့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး ဆန္ဒပြပွဲ ခွင့်ပြုချက်ကျ

RangonNewsDaily:: January . 4 .2014
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အားလုံးနှင့်လူမှုအဖွဲ့အစည်း ၅၉ ဖွဲ့ပါဝင်မည့်လူ့အခွင့်အရေးအပြည့်

အ၀ ရရှိရေးအပေါ် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၃ ရက်တွင် ကျောက်တံတားမြို့နယ် ရဲစခန်းက ခွင့်ပြုချက် ချပေးခဲ့
ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲကို ဇန်န၀ါရီ ၅ ရက်တွင် မဟာဗန္ဓုလပန်းခြံနှင့် တရားရုံးချုပ်အကြား၌ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကာ ၈၈ မျိုးဆက်အဖွဲ့မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ အပါ
အ၀င် အဖွဲ့ဝင်အားလုံးနီးပါး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဂုဏ်ပြုတင်ဆက်မှု

Photo

RangonNewsDaily:: January . 4 .2014
၂၀၁၄ ခုနှစ် ဇန်န၀ါရီ(၄)ရက်နေ့သည် မြန်မာနိုင်ငံ၏ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ် ပါသည်။

မန်းအိုးဘိုထောင်မှ နိုင်ငံခြားသားများအပါအ၀င် အကျဉ်းသား ၈၀၀ကျော်၊သာယာဝတီထောင်မှ အကျဉ်းသား၂၈၀ဦးလွတ်မြောက်

Photo

RangonNewsDaily:: January . 4 .2014
မန်းအိုးဘိုထောင်မှာအကျဉ်းသားစုစုပေါင်း၈၈၃ယောက် နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ယနေ့
လွတ်မြောက်လာခဲ့သည်။

ကားများလာမထုတ်သဖြင့် ၄၀၀ ကျော် နိုင်ငံပိုင်သိမ်း၍ ၂၀၀၀ ကျော်ကို လေလံပစ်မည်

Photo: ကားများလာမထုတ်သဖြင့် ၄၀၀ ကျော် နိုင်ငံပိုင်သိမ်း၍ ၂၀၀၀ ကျော်ကို လေလံပစ်မည်
Friday, January 03, 2014

 မြန်မာ့ ဆိပ်ကမ်း၌ရောက်ရှိပြီး တစ်နှစ် ကျော်သည်အထိ လာရောက် ထုတ်ယူခြင်းမရှိသည့် ကားစီး ရေလေးရာကျော်အား နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ပြီး ရက်၆ဝကျော်လွန်သွား သည့် ကားအစီး ရေနှစ်ထောင် ကျော် အား လေလံတင်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံးမှ သတင်း ရရှိသည်။

လက်ရှိအချိန်ထိ ဆိပ်ကမ်း ၌ရောက်ရှိပြီး သတ်မှတ်ရက် ၆ဝအတွင်း လာရောက်ထုတ် ယူခြင်းမရှိသည့် ကားအစီးရေ နှစ်ထောင့်ငါးရာကျော်အထိ ရှိ နေပြီး အဆိုပါကားအများစုမှာ ဝန်ကြီးဌာန သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် လာရောက် ထုတ်ယူကြခြင်းမရှိ ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်မြင့် ကပြောသည်။

ဦးကျော်မြင့်က ''သတ်မှတ် ချက်နဲ့  နဲ့မညီပဲသွင်းလာကြ တာ လာမထုတ်ကြတဲ့အစီးရေ ၂ဝဝဝကျော်၊ တစ်နှစ်ကျော်အ ထိမထုတ်ဘဲ ထားတာက ၄၀၆ စီးရှိတယ်။ ဒါတွေကိုတော့ နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းသွားမယ်။ ရက် ၆ဝအထက် တစ်နှစ် မပြည့် တဲ့ကားတွေကိုတော့ ဥပဒေအ ရသိမ်းဆည်းခွင့်မရှိပေမယ့် ဆိပ်ကမ်းမှာလဲထားစရာနေ ရာမရှိတဲ့အတွက် လေလံတင် သွားမယ်''ဟု ဆိုသည်။

ယင်းက ''ရက် ၆၀ ထက် ကျော်လွန်တဲ့ ကားတွေကို လေ လံပစ်သွားမှာပါ။ ဒါပေမယ့် အတက်နိုင်ဆုံးလျှော့ပေးလို့ ရမယ့် ကားတွေကိုတော့ လျှော့ ပေါ့ပြီး ဆောင်ရွက်သွားမှာပါ၊ လေလံပစ်ဖို့ လျာထားတာ အ စီးရေ ၂ဝဝဝဆိုပေမယ့် ဒီအထဲ က ဘယ်နှစ်စီး ကို လျော့ပေါ့ပြီး လုပ်လို့ရမလဲဆိုတာကိုတော့ စိစစ်နေပါတယ်။ လေလံပစ် လို့ရမယ့်ငွေတွေကိုတော့ နိုင်ငံ တော်ဘဏ္ဍာငွေအဖြစ် သိမ်း ဆည်းမှာ မဟုတ်ပါဘူး၊ အမည် ပေါက်နဲ့ တင်သွင်းထားတဲ့ကား ပိုင်ရှင်တွေကို ပြန်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် လေလံ ပစ်လို့ရတဲ့ကား တစ်စီးရဲ့တန် ဖိုးအတိုင်းတော့ ရချင်မှရတော့ မှာပါ၊ နိုင်ငံပိုင်သိမ်းဆည်းထား တဲ့ ကားတွေကိုတော့ ပြည်သူ့ ဘဏ္ဍာငွေ အဖြစ်သိမ်းဆည်း သွားမှာဖြစ်ပါတယ်'' ဟု ပြော ကြားခဲ့သည်။

အဆိုပါကားများအား လေလံတင်သွားမည်ဖြစ်ပြီး ရက်အတိအကျအား ထပ်မံတင် ပြရမည်ဖြစ်ခြင်းကြောင့် လေလံ တင်ရက်အား ပြောဆိုနိုင်ခြင်း မရှိကြောင်း ကားတင်သွင်းသူ များမှာ ရက်ပေါင်း ၆ဝအတွင်း ကားထုတ်ယူနိုင်ခြင်းကြောင့် ဆိမ်းကမ်း အား  Show Room  ပုံစံဆောင်ရွက်နေသည်။

နိုင်နိုင်ဇော်
သီလဝါဆိပ်ကမ်းသို့ သင်္ဘောဖြင့် တင်ပို့ရောက်ရှိလာ သောကားများကို တွေ့ရစဉ်။ ဖိုင်ဓာတ်ပုံ - EPA

The Yangon Times
သီလဝါဆိပ်ကမ်းသို့ သင်္ဘောဖြင့် တင်ပို့ရောက်ရှိလာ သောကားများကို တွေ့ရစဉ်။ ဖိုင်ဓာတ်ပုံ - EPA
RangonNewsDaily:: January . 4 .2014
မြန်မာ့ ဆိပ်ကမ်း၌ရောက်ရှိပြီး တစ်နှစ် ကျော်သည်အထိ လာရောက် ထုတ်ယူခြင်းမရှိသည့် ကားစီး ရေလေးရာကျော်အား နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ပြီး ရက်၆ဝကျော်လွန်သွား သည့် ကားအစီး ရေနှစ်ထောင် ကျော် အား လေလံတင်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံးမှ သတင်း ရရှိသည်။

တိုင်းပြည်၏ လိုအပ်ချက်ကြောင့် လေးပွင့်ဆိုင်ဆွေးနွေးသွားရန် တောင်းဆိုခဲ့ရခြင်းဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: တိုင်းပြည်၏ လိုအပ်ချက်ကြောင့် လေးပွင့်ဆိုင်ဆွေးနွေးသွားရန် တောင်းဆိုခဲ့ရခြင်းဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Friday, January 03, 2014

 ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လေးပွင့် ဆိုင်တွေ့ဆုံရန် တောင်းဆိုခြင်းသည် မိမိ၏မျှော်လင့်ချက်အရ တောင်းဆိုခြင်းမဟုတ်ဘဲ တိုင်း ပြည်အတွက် လိုအပ်ချက်အရ တောင်းဆိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောသည်။ ဇန်နဝါရီ၂ရက်က အင်း လျားလမ်းရှိ လွှတ်တော်ရုံးခွဲတွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုး မှုရှိရေးဆွေးနွေးပွဲအပြီး သတင်း ထောက်များ၏ မေးမြန်းချက် ကို ယင်းကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ''လေးပွင့်ဆိုင်ဆွေး နွေးပွဲကို မျှော်လင့်တာမဟုတ် ဘူး။  တိုင်းပြည်အတွက် လိုအပ် တယ်လို့ထင်တာ။ အန်တီ့မျှော် လင့်ချက်အရတောင်းတာ။ မဟုတ် ဘူး တိုင်းပြည် အတွက် လိုအပ်တယ် ထင်လို့တောင်းတာ'' ဟုပြောသည်။

ယင်းကဆက်လက်၍ဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက် ၍တတ်နိုင်သမျှ ပြည်သူလူထု၏ မျက်နှာကိုသာကြည့်ကြောင်း၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက် ၍အဖွဲ့အစည်းအသီးသီးကလည်း လုပ်ဆောင်နေကြကြောင်း၊ ယခု အချိန်တွင် ဖွဲ့စည်းပုံ ပြင်ဆင် ရေး နှင့်ပတ်သက် ၍လွှတ်တော်မှဖွဲ့ စည်းထားသော ကော်မတီကိုသာ အကြံပြုနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့ စည်းပုံပြင်ဆင်ရာတွင် ပြည်သူများ အနေဖြင့်လည်း တွေ့ဆုံမှုများလုပ် ပေးမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

နန်းသီတာဝင်း
သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓာတ်ပုံ- ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်
သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
RangonNewsDaily:: January . 4 .2014
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေးပွင့် ဆိုင်တွေ့ဆုံရန် တောင်းဆိုခြင်းသည်မိမိ၏မျှော်လင့်ချက်အရတောင်
ဆိုခြင်းမဟုတ်ဘဲ တိုင်း ပြည်အတွက် လိုအပ်ချက်အရ တောင်းဆိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောသည်။

L'Oreal ၏ မျက်နှာသစ်မော်ဒယ်လ် ဖြစ်လာသည့် ခရစ္စတန်ဒန့်စ်

Photo: L'Oreal ၏ မျက်နှာသစ်မော်ဒယ်လ် ဖြစ်လာသည့် ခရစ္စတန်ဒန့်စ်
Friday, January 03, 2014

ခရစ္စတန်သည် L'Oreal Professionnelအတွက် စာချုပ်လက်မှတ် ရေးထိုးလိုက်ခြင်းဖြင့် ယခုနှစ်အတွင်း ယင်းအမှတ်တံဆိပ်၏ TVကြော်ငြာများ၊ ပိုစတာများနှင့် ပြင်သစ်တွင် ထုတ်ဝေမည့် ဆံပင်ထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းများအတွက် တာဝန်ယူ ရိုက်ကူးပေးရမည် ဖြစ်သည်။

L'Oreal အလှကုန် လုပ်ငန်းက (၂၀၁၄)ခုနှစ်အတွက် မျက်နှာသစ် မော်ဒယ်လ်အဖြစ် ခရစ္စတီယန်ဒန့်စ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ အသက်(၃၁)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် Spiderman ဇာတ်ကား(၃)ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ဖြစ်သည်။ သူမသည် L'Oreal Professionnelအတွက် စာချုပ်လက်မှတ် ရေးထိုးလိုက်ခြင်းဖြင့် ယခုနှစ်အတွင်း ယင်းအမှတ်တံဆိပ်၏ TVကြော်ငြာများ၊ ပိုစတာများနှင့် ပြင်သစ်တွင် ထုတ်ဝေမည့် ဆံပင်ထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းများအတွက် တာဝန်ယူ ရိုက်ကူးပေးရမည် ဖြစ်သည်။ ခရစ္စတန်သည် ယခင်က Bulgari၏ ကြော်ငြာများအတွက် တာဝန်ယူပေးခဲ့ဖူးသည်။ 

ပြင်သစ်နာမည်ကျော် အလှကုန်နှင့် ဖက်ရှင်လုပ်ငန်းကြီးက ခရစ္စတန်ကို ရွေးချယ်မှု သတင်းအား ဂုဏ်ယူစွာ ကြေညာခဲ့သည်။  "ခရစ္စတန်ဟာ ဘယ်အချိန်မှာဖြစ်ဖြစ် တင့်တင်လှပနေတဲ့ အမျိုးသမီး တစ်ယောက်ပါ။ ခေတ်ကို ရင်ပေါင်တန်းနိုင်တဲ့ အမျိုးသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့မှာ ထူးခြားခိုင်မာတဲ့ ပင်ကို အရည်အသွေးတွေ ရှိတယ်။ သူ့ကိုယ်ပိုင် ရွေးချယ်မှုတွေလည်း ရှိတယ်။ ပရော်ဖက်ရှင်နယ် ပီသပြီး ကျွန်မတို့နဲ့ အကောင်းဆုံး လက်တွဲနိုင်မယ့်သူ တစ်ယောက်အဖြစ် ယူဆပါတယ်"ဟု L'Oreal Professionnel၏ နိုင်ငံတကာ စီမံရေးရာ ဒါရိုက်တာ အန်နေးလော်ရီ လီခရက်ဖ်က မှဆတ်ချက်ပြု ပြောကြားခဲ့သည်။

ယခုခြေလှမ်းကြောင့် ခရစ္စတန် အနေဖြင့် မင်းသမီး တစ်ဦးအဖြစ် မအောင်မြင်မီက ရပ်တည်ခဲ့သည့် မော်ဒယ်လ်ဘဝသို့ တစ်ကျော့ပြန် ဦးလှည့်လာခြင်းအဖြစ် ယူဆရမည် ဖြစ်သည်။ ခရစ္စတန်ကလည်း "ကျွန်မအနေနဲ့ L'Oreal Professionnelနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသားလို့ ခံစားမိပါတယ်။ ဒီအမှတ်တံဆိပ်ဟာ ဖက်ရှင်နယ်ပယ်နဲ့ သိပ်ကို ခိုင်ခိုင်မာမာ ဆက်နွယ်နေတာပါ။ L'Orealရဲ့ ဆန်းသစ်တီထွင်မှုတွေကို ကျွန်မ လေးစားပါတယ်"ဟု ပြောဆိုသွားသည်။

Planet Myanmar Network


RangonNewsDaily:: January . 3 .2014
ခရစ္စတန်သည် L'Oreal Professionnelအတွက် စာချုပ်လက်မှတ် ရေးထိုးလိုက်ခြင်းဖြင့် ယခုနှစ်အတွင်း ယင်း
အမှတ်တံဆိပ်၏TVကြော်ငြာများ၊ပိုစတာများနှင့် ပြင်သစ်တွင်ထုတ်ဝေမည့်ဆံပင်ထိန်းသိမ်းမှုဆိုင်ရာပစ္စည်း
များအတွက် တာဝန်ယူ ရိုက်ကူးပေးရမည် ဖြစ်သည်။