Pages

Wednesday, December 17, 2014

မြ၀တီမြို့ ဆောင်းရာသီ လမ်းလျှောက်ပွဲတွင် အုပ်စုဖွဲ့ရိုက်မှုဖြစ်

RangonNewsDaily:: December . 17 .2014
မြ၀တီမြို့တွင် မြို့နယ် အား/ကာမှ ဦးဆောင်ပြုလုပ် သည့် ဆောင်းရာသီလမ်းလျှောက် ပွဲတွင် ကျောင်းသားများပါဝင် သည့် လူငယ်ချင်းအုပ်စုဖွဲ့ရိုက်နှက် မှု ဖြစ်ပွားခဲ့ကာ တစ်ဦးဓားဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၃ရက် နံနက် ၂ နာရီခန့်က မြ၀တီမြို့ ပြည်ခိုင်ဖြိုး ရုံးအနီးတွင် အဆိုပါရန်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး (၁၄)နှစ်အရွယ်အရပ်သားလူငယ်တစ်ဦး ဓားဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရကြောင်း မြ၀တီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘သူတို့က ဘာအုပ်စု ညာ အုပ်စုဆိုပြီး သတ်မှတ်တာပါ။ တစ်ယောက်နဲ့ဖြစ်တော့ အုပ်စုတူ တွေက မတူတဲ့အဖွဲ့က အုပ်စုကိုဝိုင်းရိုက်ကြတာပါ။ စစ်ဆေးနေပါတယ်’’ဟု အဆိုပါအမှုစစ် ရဲ အရာရှိကပြောသည်။
::
အုပ်စုဖွဲ့ရန်ပွဲတွင် အဋ္ဌမတန်းနှင့် န၀မတန်းကျောင်းသားခြောက်ဦးပါဝင်ပြီး ၎င်းတို့ကို အာမခံပေးထားကာ အရပ်သားလူငယ်တစ်ဦးကို ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။ ဒီဇင်ဘာလအ တွင်း စနေနေ့တိုင်းပြုလုပ်သည့် ဆောင်းရာသီလမ်းလျှောက်ပွဲမှာ (၂) ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် စနေနေ့က လမ်းလျှောက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံးခဲ့သည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment