Pages

Thursday, August 7, 2014

မြန်မာနှစ်ဦး ပါဝင်သည့် ပီနန်ပြည်နယ်တွင် ရိုက်ကူးခဲ့သော ၀တ်လစ်စလစ် ဗီဒီယိုနှင့်ပတ်သက်၍ မလေးရှားရဲများ စုံစမ်းနေ


RangonNewsDaily:: August . 7 .2014
မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် မြန်မာနှစ်ဦးပါဝင်သည်ဆိုသော ၀တ်လစ်စလစ်ပွဲတစ်ပွဲအား ရိုက်ကူးခဲ့သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲများက စုံစမ်း လျက်ရှိကြောင်း သိရသည်။

ပီနန်ပြည်နယ် အနောက်မြောက်ဘက်ရှိ တာလုဘာဟန် ကမ်းခြေပေါ်တွင် ကိုယ်ပေါ်တွင် ဆေးများရေးခြယ်ခြင်းနှင့် ကိုယ်လုံးတီး ကခုန်နေသူ ၁၈ ဦးတို့အား ရိုက်ကူးထားသည် ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါ ဗီဒီယိုတွင် မလေးရှားမှ ၇ ဦး၊ မြန်မာမှ ၂ ဦး၊ ဖိလစ်ပိုင်မှ ၁ဦး နှင့် အိန္ဒိယမှ ၁ ဦး တို့ပါဝင်ကြောင်း ပီနန်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကားလျက် The Star သတင်းစာက ဖော်ပြခဲ့သည်။
::
ယင်းပွဲအတွက် ကမ်းခြေနှင့်အနီးဝန်းကျင်ကို တာဝန်ယူထိန်းသိမ်းရသည့် ပီနန်အမျိုးသားဥယျာဉ်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောကြားခဲ့သည်ဟု မလေးရှားအွန်လိုင်းသ တင်းဝက်ဘ်ဆိုက် The Rakyat Post တွင် ဖော်ပြခဲ့သည်။

အဆိုပါ ရေးသားမှုနှင့်ပတ်သက်ပြီး ပီနန်ပြည်နယ်ဝန်ကြီးချုပ်က “ပီနန်မှာ ကျွန်တော်တို့အနေနဲ့ ကာစီနိုရုံတွေကိုတောင် ဖွင့်ခွင့်မပေးတာ ဒီလိုပွဲမျိုးကို ခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။

CAN ,mizzima burmese ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment