Pages

Tuesday, May 27, 2014

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်

RangonNewsDaily: May . 27 .2014
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လဆန်းတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း
ပညာရေး ဝန်ကြီးဌာန အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးဝင်း၏ ပြောကြားချက် အရ သိရသည်။
၂ဝ၁၃-၂ဝ၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ တစ်နိုင်ငံလုံး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၈၅၁၇ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး လာမည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာဖြေ မေးခွန်းစနစ်ကို ပြည်တွင်း ဖြေဆိုသူများ အတွက် တစ်စုံနှင့် ပြည်ပ နိုင်ငံရောက် ဖြေဆိုသူများ အတွက် သီးခြား မေးခွန်းတစ်စုံ စုစုပေါင်း နှစ်စုံသာ ထုတ်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment