Pages

Tuesday, March 11, 2014

မုံရွာ ဆိပ်ကမ်း တစ်လျှောက် ရေကြောင်း ကျပ်တည်း မှုများ ဖြစ်ပေါ်

RangonNewsDaily: March . 10 .2014
ယခုနှစ် နွေရာ သီ ရေကျ ချိန် တွင် ချင်း တွင်းမြစ် အတွင်း ရေ အမှတ် သည် အနိမ့်ဆုံး သို့ ရောက်ရှိ နေ ပြီး မြစ်ကြောင်း တစ်လျှောက် သွားလာ နေသည့် ဇက် သဘောင်္ များ နေ့စဉ် သောင်တင် နေမှု များ ကြောင့် မုံရွာမြို့ ဆိပ်ကမ်း တွင် ရေကြောင်း ကျပ်တည်း ပြီး ရေယာဉ် သောင်တင် နေမှု ပိုမို များပြား လာ ကြောင်း မုံ ရွာ မြို့ခံများ က The Messenger နေ့စဉ် သတင်းစာ သို့ ပြောသည်။
အဆိုပါ မုံရွာဆိပ်ကမ်းတစ်လျှောက် တွင် ဇက်သဘောင်္များမှ နေ့စဉ်သောင်တင်နေ သည်ကို ပြန် လည် ဆယ် ယူရာတွင် သောင် တူစက်များဖြင့် သဲများ စုပ်ထုတ်နေသဖြင့် ယင်းစုပ်ထုတ် လိုက်သည့် သဲများသည် ရေ နက် ပိုင်းတစ် နေရာ တွင် စုပုံလာ၍ ရေကြောင်း ကျပ် တည်းမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ဆို သည်။ ဇက် သေင်္ဘာ တွေနဲ့ ကုန်တင်ရေ ယာဉ်ကြီးတွေက နေ့တိုင်းသောင်တင်နေ တယ်။ သောင်တင်နေတော့ လွတ် အောင်လို့ ဆိုပြီး သဲစုပ်စက်ကြီးတွေနဲ့ စုပ်တယ်။

စုပ် လိုက်တဲ့သဲတွေက တခြားရေနက်ပိုင်းထဲကို ရောက် သွား ပြီး အဲဒီနေရာတွေမှာလည်း မြစ် ကြောင်းက ကျပ်တည်း လာပြန် တယ်။ ဟို ဘက် ကမ်း ဒီဘက်ကမ်း ကူး နေ တဲ့ စက်လှေ ငယ်လေးတွေတောင် ဖြတ်လို့ မရ တော့ဘူး။ ရေတိမ် တော့ စက်ပန် ကာတွေ သဲနဲ့ ထိမိပြီး ရှပ်တန်းတွေ ကောက်သွားတယ်။ စက်လှေ တွေသိပ်မထွက်နိုင်တာ စက်ချို့ ယွင်းမှုကြောင့် ပါ””ဟု မုံရွာ မြို့ နေ ဦးသိန်းက ပြောသည်။

အဆိုပါ မုံရွာဆိပ်ကမ်းတွင် ရေကြောင်း ကျပ်တည်းမှုနှင့် သောင်ထွန်း မှုများပြားလာခြင်း ကြောင့် မုံရွာ မြို့ အနောက် ဘက်ကမ်း ဒေသ များသို့ ဖြတ်သန်း သွား လာနေသည့် စက် လှေငယ် လေးများ မောင်းနှင်မှု အဆင် မ ပြေ ဘဲ စက်ချို့ယွင်းမှုများ မကြာခဏ တွေ့ကြုံ နေရကြောင်းကို ငွေဇင်ယော်ကူးတို့လုပ်ငန်းမှ စက် လှေ မောင်းသမားများ ၏ ပြောပြချက် အရ သိရသည်။ 


အဆိုပါ ချင်းတွင်းမြစ် တစ်လျှောက် ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် မြစ်ကြောင်း အထက်ပိုင်းကို ယခုနှစ် ဇန်န၀ါရီ လမှ စတင်ဆောင်ရွက်နေရာ မင်းကင်း ရေ လမ်း၊ မုံရွာ ဆိပ်ကမ်းရေလမ်း၊ အလုံဆိပ်ကမ်း များကို ယခုလ အတွင်း အပြီးဆောင်ရွက်သွား မည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Messenger News  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment