Pages

Sunday, January 19, 2014

ပခုက္ကူတက္ကသိုလ်မှ ကျောင်းသားသေဆုံး၍ ကျောင်းသူဒဏ်ရာရရှိသော မှုခင်းဖြစ်စဉ်မှ တရားခံကို ဖော်ထုတ်နိုင်ရန် မိသားစုဝင်များ လိုလားနေ


RangonNewsDaily:: January . 19 .2014
နိုဝင်ဘာ(၁၁)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ပခုက္ကူမြို့ရှိ အဝေးသင်တက္ကသိုလ်မှ (မြန်မာစာ) ဒုတိယနှစ်

 ကျောင်းသားတစ်ဦးကို အမည်မသိအမျိုးသားနှစ်ဦးမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့၍ ပြင်းထန်သော ဒဏ်ရာများဖြင့် (၃)ရက်အကြာတွင် သေဆုံးသွားခဲ့ရာ နှစ်လကျော်ကြာမြင့်သည့်တိုင် ယင်းအမှု၏ တရားခံများကိုယခုအချိန်
ထိ ဖော်ထုတ်အရေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
အဆိုပါ သေဆုံးသွားသူသည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင် ပုံညာတောင် အနီးရှိ စကား
ကျေး ရွာမှ(အဘ)ဦးအေးဆွေ (အမိ)ဒေါ်အေးချိန် တို့၏သား မောင်ဆန်းသစ်ဦး အသက်(၁၉)နှစ်ဖြစ်ကြောင်း သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသွားသော မောင်ဆန်းသစ်ဦး၏ အကိုဖြစ်သူဂန့်ဂေါမြို့နယ်နုံးကြီး

ကျေးရွာ ကျောင်းထိုင် ဆရာတော် ဥူးသုမင်္ဂလနှင့် လားရှိုးမြို့ (ခါးရိုးပရိယတ္တိစာသင်တိုက်)တွင်သီတင်းသုံး
နေတော်မူသည့်ဆရာတော် ဥူးပညာဓိကတို့ ကမိန့်ကြားရာတွင် သေဆုံးသွားသော ညီဖြစ်သူသည် ပခုက္ကူမြို့
ရှိ အဝေးသင်တက္ကသိုလ် မှ(မြန်မာစာ)အဓိကဖြင့် ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး (ကောင်းဟိန်းစံ)
အဆောင် တွင်နေကြောင်း ဆက်လက်သိရသည်။

အခင်းဖြစ်သည့် ည(၇)နာရီ ခန့်က ၎င်း၏သူငယ်ချင်းဖြစ်သူ မိန်းကလေးတစ်ဦးနှင့်အတူ ကိန္ဒရာ တောင်ပေါ်

သို့ စာကျက်ရန် ဆိုင်ကယ်ဖြင့် သွားရောက်ရာ တောင်ပေါ်တွင်ထိုင်၍ အဖော်မိန်ကလေးနှင့်အတူ စာကျက်
နေစဉ်အမည်မသိအမျိုးသားနှစ်ဦး ရောက်ရှိလာကာ၎င်းတို့တွင်အသင့်ပါလာသောတုတ် များဖြင့်နှစ်ဦးစလုံး
ကို ၀ိုင်း၍ ရိုက်နှက်ကြကြောင်း၊ ထိုသို့ ရိုက်နှက်ပြီး အနီးရှိ ဘုန်းကြီးကျောင်း အုတ်တံတိုင်းအပြင်ဘက်သို့
 မောင်ဆန်းသစ်ဦးအား ပစ်ချထားခဲ့ကြောင်း၊ 

ရိုက်နှက်ခံရသူနှစ်ဦးအား ဒဏ်ရာများကို ဆေးကု သမှုခံယူရန် ပခုက္ကူ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း၊ ရိုက်
နှက်ခံရသူ နှစ်ဦးအနက်မိန်းကလေးတွင်ရရှိထားသောဒဏ်ရာမှာ နဖူး(၆)ချက်ချုပ်ရပြီး မစိုးရိမ်ရသော်လည်း
၊ မောင်ဆန်းသစ်ဦး၏ဦးခေါင်းတွင်ရရှိထားသောဒဏ်ရာမှာပြင်းထန်ပြီးစိုးရိမ်ရသည့် အနေအထားကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့သော်လည်း(၃)ရက်မြောက်နေ့ နိုဝင်ဘာ(၁၄)ရက် နံနက် (၄)နာရီ အချိန်ခန့်တွင် သေဆုံးသွားကြောင်း မိသားဝင်များထံက ဆိုသည်။

ယင်းသေဆုံးမှုကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူကာ ပခုက္ကူ တက္ကသိုလ် ပါမောက္ခချုပ်က သက်ဆိုင်ရာ

မှတ်(၁) ရဲစခန်းသို့ အရေးယူ ဆောင်ရွက်ပေးရန် အမှုဖွင့်တိုင်ကြားထားကြောင်း၊ အဆိုပါ အမှုကိစ္စနှင့် ပတ်
သက်၍ သေဆုံးသူ နေထိုင်ခဲ့သည့် (ကောင်းဟိန်းစံ) အဆောင်သို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ လာရောက် စစ်
ဆေးရာ၌ တာဝန်ရှိရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောကြားရာတွင် ယခုအမှုကိစ္စတွင် တရားခံဖော်ထုတ်နိုင်ရေးအ
တွက် ငွေမည်မျှ အကုန်အကျခံနိုင်သလဲမေး၍ ငွေကုန်ခံနိုင်မှအမှုပေါ်အောင်လုပ်ပေးမည် ဟုပြောကြောင်း
ဆရာတော်ဥူးပညာဓိကက မိန့်ကြားသည်။

ဆက်လက်၍ ဆရာတော်က “ဦးဇင်းအနေနဲ့ ဒီလိုဖြစ်စဉ် နောက်မဖြစ်အောင် အရေးယူ ဆောင်ရွက်စေချင်

တယ်ခုကိစ္စကိုသက်ဆိုင်ရာ အဆင့်ဆင့် စာတင်တယ်၊ဘာမှထူးခြားမလာဘူး၊အခုဆိုရင်ကျောင်းသူ၊ ကျောင်း
သားတွေအနေနဲ့ လုံခြုံမှုမရှိသလိုဖြစ်နေတယ် တရားဥပဒေ စိုးမိုးမှုမရှိသလိုဖြစ်နေတယ်၊ တာဝန်ရှိသူတွေ
ကိုယ့်တာဝန်ကို ကျေစေချင်ပါတယ်”ဟု မိန့်ကြားသည်။


အဆိုပါအမှုမှာ နှစ်လကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်းထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိသည်

့အတွက်ပခုက္ကူမြို့ခံများနှင့် ကျောင်သား၊ကျောင်းသူများမှတရားခံအားအမြန်ဆုံးဖော်ထုတ်အရေးယူပေးစေလို
ကြောင်း သိရသည်။

မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment