Pages

Sunday, December 29, 2013

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို

RangonNewsDaily:: December . 29 .2013
ရန်ကုန်- သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆိုလာပါကလည်း ပြည်သူ့ဆန္ဒကိုမူတည်၍ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများနှင့်အညီ အစိုးရက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်း မီးလောင်

Photo
မီးလောင်ကျွမ်းခဲ့သည့် မယ်လဒုက္ခသည်စခန်းဇုံ C ရပ်ကွက် ၃ (ဓာတ်ပုံများ - မန်းမျိုးမြင့်)
RangonNewsDaily:: December . 29 .2013
သောကြာနေ့က ထိုင်းနိုင်ငံရှိအကြီးဆုံး မြန်မာဒုက္ခသည်စခန်းဖြစ်သည့်
မယ်လစခန်းတွင်မီးလောင်ရာ အိမ်ခြေ ၁၀၀ ခန့် မီးလောင်သွားသဖြင့် ဒုက္ခသည် တထောင်ခန့်ထပ်မံဒုက္ခရောက်သွားသည်။

ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ

Photo: ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ 
Sunday, December 29, 2013

ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ်ပါတော့မယ်တဲ့။

ဒီ ၁ဝ ဦးဟာ ဘယ်သူတွေဆိုတာ လဝက အရာရှိတဦးက ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ ကျန်တဲ့ ၃၃ ဦး ကို လည်း နိုင်ငံသား ပြန်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက စိစစ်ဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြည်တော်ပြန်များထဲက ဦးမိုးသီးဇွန်ရဲ့ နိုင်ငံသားလျှောက်လွှာကိစ္စ ဘယ်လိုအနေအထား ရောက်နေသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

လဝက ဝန်ကြီး ဦးခင်ရီက ပြောထားတာက မည်သို့ပင်ဆိုစေ နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ နိုင်ငံသားအဖြစ်နဲ့ ခံယူထားသူ ဒါမှ မဟုတ် အထောက်အထား စာရွက်စာတမ်းကိုင်ဆောင်ထားသူတွေဟာ အလိုအလျောက် 
မြန်မာနိုင်ငံသား အဖြစ်က ပျက်ပြယ်သွားပြီးဖြစ်တယ်လို့ ဆိုထားတာပါ။ 

အကယ်လို့ နိုင်ငံတော်ရဲ့ အကျိုးငှာ မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားသူတွေကို ပြည်ထဲရေး ဝန်ကြီး ဋ္ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဋ္ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ သမ္မတရုံး တို့ကနေ 
ပြန်လည်စိစစ်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့သာ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုကာ သက် ဆိုင်ရာ အထောက်အထားတွေကို ပြန်လည် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

အခု မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားကြသူတွေဟာ အခု သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး 
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာကာ အားလုံးပါဝင်ရေးဆိုတဲ့ ပြောဆိုချက်နဲ့အတူ ပြည်ပရောက် 
မြန်မာနိုင်ငံသားဟောင်းတွေကို ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်ပြီးနောက် မြန်မာနိုင်ငံကို ပြန်သွားသူတွေပါ။ 

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံအသီးသီးကို ထွက်ခွာသွားကြရတဲ့ မြန်မာနိုင်ငံသား
ထောင်နဲ့ ချီရှိပြီး အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အတော်များများ ပါဝင်ကြတာပါ။ 

ဒီအထဲက တချို့ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မြန်မာပြည်ပြန် သွားကြသူတွေထဲက နိုင်ငံသား ပြန်လည် လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။ အခု နိုင်ငံသား ပြန်လည် အသိအမှတ်ပြုခံရတဲ့ ပြည်တော်ပြန်တွေဟာ နိုင်ငံသား စိစစ်ရေးကတ်ပြား ( မှတ်ပုံတင် ကတ်ပြား) တွေလည်း အဆင့်ဆင့်လုပ်ဆောင်ပြီး ပြန်ရမှာ ဖြစ်သလို မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်တွေလည်း ပြန်ရကြမှာဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံသား ပြန်လည်လျှောက်ထားသူတွေဟာ တချိန်က မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးတဲ့ အထောက် အထားတွေကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံခြားသား အဖြစ် ခံယူထားပြီး မြန်မာနိုင်ငံသား ပြန်လည်မလျှောက်ထားပဲ မြန်မာနိုင်ငံမှာ အမြဲတမ်း နေ ထိုင်ခွင့် (PR) စနစ်ကိုလည်း လဝက ဝန်ကြီး ဦးဆောင်ပြီး ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိပ် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေတော့ မပေါ်ထွက်လာသေးပါဘူး။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ မြန်မာနိုင်ငံ ပြန်လာနိုင်ရေး အစိုးရက မကြာခဏ ဖိတ်ခေါ် ခဲ့ပေမယ့် မကြာသေးခင်ကပဲ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ လက်ရှိ နော်ဝေနိုင်ငံသား ခံယူထားသူ ကိုသူရိန်ရဲ့ ပြည်တော်ပြန်ဖို့ ကိစ္စ စင်ကာပူရှိ မြန်မာသံရုံးက ဗီဇာ မပေးလို့ အခက်အခဲဖြစ်နေပါတယ်။  

တချို့လည်း ပြည်တော်ပြန်ရေး အဆင်ပြေပေမယ့် တချို့လည်း အဆင်မပြေဘူး ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ 

အိမ့်သံစဉ် ~
ဧရာဝတီblog


ပြီးခဲ့တဲ့နှစ်ဒီအချိန်က ရန်ကုန်လေဆိပ်ရောက် မိုးသီးဇွန်နဲ့ ကြိုဆိုသူများ၊ သတင်းထောက်များ (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့တဲ့နှစ်ဒီအချိန်က ရန်ကုန်လေဆိပ်ရောက် မိုးသီးဇွန်နဲ့ ကြိုဆိုသူများ၊ သတင်းထောက်များ (ဓာတ်ပုံ - ဧရာဝတီ)
RangonNewsDaily:: December . 29 .2013
ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ်ပါတော့မယ်တဲ့။

၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံကွင်းတွင် အနုပညာရှင်များအားပေးအပ်ချီးမြင့်

Photo: ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရှင်များ

၁။အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု - ၀င်းကို ( မွေခံထိုက်စေ)

၂။အကောင်းဆုံးအသံဆု- တိုနီ (လင်း) ( ကယန်းအလှ )

၃။အကောင်းဆုံတည်းဖြတ်ဆု - ဇော်မင်းဟံသာမြေ ( ဥ )

၎။ ရုပ်ရှင်ဓာတ်ပုံဆု - အောင်ကိုလတ် (ကယန်းအလှ)

၅။ကလေးသရုပ်ဆောင် အထူးဆု - ယွန်းယွန်း (တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ)

၆။အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (လက်ပံ )

၇။အမျိုးသမီးဇတ်ပိုဆု - ချောရတနာ (ဥ ဇတ်ကား )

၈။ အမျိုးသမီးဇတ်ဆောင်ဆု -ဖွေးဖွေး ( လက်ပံ )

၉။အကောင်းဆုံး ဒါရိုက်တာဆု - ကိုဇော် (အာရုဏ်ဦး)၊ (ဥ)

Popular Myanmar News Journal

RangonNewsDaily:: December . 29 .2013
၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၉ရက် ညနေတွင် ရန်ကုန်
မြို့ သုဝဏ္ဏ မိုးလုံလေလုံကွင်းပေးအပ်ချီးမြင့်ခဲ့ကြောင်းသတင်း၇ရှိပါသည်။

၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

Photo: အကယ်ဒမီသို့ တက်ရောက်အားပေးခဲ့သော အဆိုတော် မေဆွိ နှင့် အကယ်ဒမီ မြင့်မြင့်ခင်

Popular Journal

RangonNewsDaily:: December . 29 .2013
၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၉ရက် ညနေတွင် ရန်ကုန်
မြို့သုဝဏ္ဏမိုးလုံလေလုံကွင်းတွင် ကျင်းပခဲ့ရာအခမ်းအနားဖွင့်လှစ်အပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာနပြည်
ထောင်စုဝန်ကြီး ဦးအောင်ကြည်က အဖွင့်စကား ပြောကြားအပြီးတွင် ရုပ်ရှင်ထူးချွန်ဆုရရှိသူများကို ဆုများ
ပေးအပ်ချီးမြင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ

Photo: ၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ
ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ 
Sunday, December 29, 2013

၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။

ယခုနှစ်အတွက် အကယ်ဒမီ ဗန်းကိုင်ရွေးချယ်မှုတွင် ပုံစံပြောင်း လဲမှုနှင့် စတင်ရွေးချယ်ခဲ့သလို အကဲ ဖြတ်အမှတ်ပေးစနစ်များဖြင့် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီ ဗန်းကိုင်လျှောက်လွှာတင်ခဲ့သည့် ၉ဝကျော်ထဲကမှ ပြန်လည်စိစစ်ရွေးထုတ်၍ ပဏာမ ၅၈ဦး၊ ထို့နောက် ဆန်ခါတင် ၁၅ဦးထဲမှ ရှစ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

အကယ်ဒမီစင်မြင့်ပေါ်မှာ လျှောက်လှမ်းကြမည့် အကယ်ဒမီဗန်းကိုင်ရှစ်ဦး၏ ရင်ခုန်စကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါသည်။
ဆောင်းဝတ်ရည်မေ (အသက်-၁၈နှစ်)

" အကယ်ဒမီဗန်းကိုင်ကို ငယ် ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ အကယ်ဒမီဗန်းကိုင်ဆိုတာကလည်း အကယ်ဒမီဆုပေးပွဲ အခမ်းအနားကြီးအတွက် တစ်စိတ်တစ်ဒေသ အရေးပါပြီးတော့ တာဝန် နည်းနည်းကြီးတဲ့အထဲမှာပါမယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့် အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို တအားပီတိဖြစ် မိနေပါတယ်။ "

ခိုင်သဇင်သင်း(ခ) ပန်းရောင် (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်က တည်းက ဝါသနာပါပါတယ်။ အဲဒါ ကြောင့်လည်း အခုပထမဦးဆုံးခြေလှမ်းအနေနဲ့ အကယ်ဒမီကို ဝင်ပြီးတော့ လျှောက်ဖြစ်ခဲ့တာပါ။

ဒီအကယ်ဒမီဆုဆိုတာ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေထဲကမှ ထူးချွန်တဲ့ သူတွေကို ချီးမြှင့်တဲ့ဆုတစ်ခုပါ။ ဒါကြောင့်မို့လို့ ခုလို ထူးချွန်တဲ့ အနုပညာရှင်တွေကို ဆုပေးတဲ့ပွဲမှာ အကယ်ဒမီဗန်းကိုင် တစ် ယောက်ဖြစ်ခွင့်ရတဲ့အတွက် တအားကို ဂုဏ်ယူမိတယ်။ "

မေစူးနိုင်း(အသက်-၁၉နှစ်)

အကယ်ဒမီဗန်းကိုင်လျှောက် ဖြစ်ခဲ့တာက အနုပညာနဲ့ ပတ်သက် ရင် ပထမဦးဆုံးခြေလှမ်းပါ။ ပြိုင်ပွဲ တစ်လျှောက်မှာလည်း စိတ်လှုပ်ရှားနေခဲ့တာပါ။

ဒီလိုအခမ်းအနားကြီးမျိုးမှာ အကယ်ဒမီ ဆုအတွက် ဗန်းကိုင်ခွင့်ရမှာဆိုတော့ အရမ်းကို ဂုဏ်ယူနေမိပါတယ်။ အခု အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာနဲ့
အတူတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားပါမယ်။ အနုပညာနယ်ပယ်ကို အခုမှ စဝင်တာဖြစ်တဲ့အတွက် အနုပညာနဲ့ပတ်သက်ရင် အစွမ်းကုန်ကြိုး စားသွားချင်တယ်။

လမင်းအိနြေ္ဒ (အသက်- ၁၉ နှစ်)

ဒီဟာက လမင်းအတွက် တတိယအကြိမ်မြောက် အကယ်ဒမီ ဗန်းကိုင်လျှောက်ဖြစ်ခဲ့ခြင်းပါ။ ၂ဝ၁ဝ၊ ၂ဝ၁၂ မှာ ပြိုင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှ အရွေးချယ်ခံခဲ့ရတာပါ။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိတယ်။ ဒီလိုဆုဆိုတာဟာလည်း တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်၊
အတတ်ပညာရှင်တွေကိုပေးတာမို့ တအားကို လည်း နတ်ကြီးတဲ့ဆုကြီးလို့ ပြောရမှာပေါ့။ အဲဒါကြောင့် ဒီလိုဆုပေပွဲ မျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် တအားကိုပျော်ရွှင်ပြီး ဂုဏ်ယူမိ နေပါတယ်။

အင်ကြင်းထူး (အသက်-၁၉နှစ်)

မနှစ်ကတည်းက အကယ်ဒမီဗန်းကိုင်အတွက် ယှဉ်ပြိုင် ဖို့ လုပ်ခဲ့ သေးပေမယ့် မပြိုင်ဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှပဲ ပြန်လည် ယှဉ်ပြိုင်ခဲ့တာ။ ခမ်းနားတဲ့ ဆုပေးပွဲကြီးမှာ ကိုယ်က ဗန်းကိုင်ဖြစ်ခွင့်ရတာဆိုတော့ ကိုယ်ဟန်အလှ ပြရုံတင် မဟုတ်ဘဲနဲ့ ကိုယ်လုပ် ဆောင်ရမယ့် တာဝန်ကို အမှား အယွင်းမရှိဘဲနဲ့ အကောင်းဆုံး ဖြစ်အောင် အခမ်း အနားကို
နှောင့်နှေးမှုမရှိဘဲ အဆင်ပြေချောမွေ့ အောင် လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရတယ်ဆို တော့ အနုပညာလမ်းကြောင်း ပွင့်လာဖို့ မျှော်လင့် ထားတော့ ဒီကနေပဲ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ဆက်ပြီးတော့ကြိုးစားနေဦးမှာ။ အနုပညာ လျှောက်လမ်းထဲမှာပေါ့။

နှင်းဆီဝိုင်(အသက်- ၁၉ နှစ်)

အကယ်ဒမီဗန်းကိုင်ကို လျှောက်ခဲ့ တာ အခုဆိုရင် သုံးနှစ်ရှိ သွားပါပြီ။ ဘာရည်ရွယ်ချက်နဲ့ လျှောက်ဖြစ်ခဲ့ ရတာလဲဆိုရင် အနုပညာလမ်း ကြောင်း ကို လျှောက်လှမ်းချင်တဲ့ရည်ရွယ်ချက်ပါ။ အခု ဗန်းကိုင်ထဲမှာ ပါဝင်ခွင့်ရတာဟာ လည်း ကံတရားပါပဲ။ အကုန်လုံးက အကောင်း ဆုံးယှဉ်ပြိုင်ခဲ့ကြတဲ့အထဲမှာ ကိုယ်ရခဲ့ တယ် ဆိုတာက ကံတရားနဲ့လည်းဆိုင်ပါမယ်။ အကယ် ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို ဂုဏ်ယူ မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကယ်ဒမီဆုပေးပွဲကို တစ်တိုင်း

ပြည်လုံးမှာရှိတဲ့သူတွေ အကုန်လုံးက ကြည့်ကြတာလေ။ အဲဒီတော့ အကယ်ဒမီ ဗန်းကိုင်တစ်ဦးဟာလည်း ပေါ့ပြက်ပြက်စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်ကိုပေးအပ်လာမယ့် တာဝန်ကို အကောင်းဆုံးကျေပွန် အောင်ဆောင်ရွက်ရပါမယ်။

မေမြင့်မိုရ် (အသက်(၁၈)နှစ်)

အရင် အကယ်ဒမီဗန်းကိုင်တုန်းကလည်းလျှောက်ဖြစ် ခဲ့ပါသေးတယ်။ ဒါပေမဲ့ The Sign of Love Season-3 ကိုကလောမှာ ရိုက်နေရတဲ့အချိန်ဖြစ်နေ တယ်။ အဲဒီတုန်းက

ပထမအကြိမ်ခေါ်တော့ ကလောကနေ လာဖြစ်သေးတယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ကျတော့ အဆင်မပြေလို့ ပြန်မလာဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒီနှစ်မှာ ပြန်လျှောက်ပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အကယ်ဒမီဆုကြီးကို ပေးအပ်ရမယ့် အကယ်ဒမီရွှေစင်ရုပ်တု ရဲ့ ဗန်းကိုင်ဖြစ်မယ်ဆိုတော့ တအားကို ပျော်ရွှင်မိတယ်။ MRTV- 4 မှာ လွှင့်နေတဲ့ "ပန်းနုသွေး" နဲ့ ပရိသတ်အားပေးမှု အနည်းငယ်ရှိနေပေမယ့် အကယ်ဒမီဗန်းကိုင်ကို ဘာလို့ ဝင်ပြိုင်ဖြစ်သလဲဆိုရင် အကယ်ဒမီဗန်းကိုင်က ငယ်စဉ်ကတည်းက အိပ်မက်မို့လို့ ဝင်ပြိုင်ခဲ့တာပါ။

ရှင်ဝေနိုင်ဦး (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတော့ အနုပညာ နဲ့ဆိုင်တဲ့ ကျောင်းတွင်းလှုပ်ရှားမှု အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ မယ်ပြိုင်ပွဲတွေလည်း ပြိုင်ဖူးခဲ့ပေမယ့် အကယ်ဒမီ ဗန်းကိုင်ကိုတော့ အခုနှစ်မှ ဝင်ရောက်ယှဉ်ပြိုင် ပြီး အရွေးချယ် ခံခဲ့ရတာပါ။ အနုပညာလောကရဲ့ အကြီးကျယ်ဆုံး ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရမယ့်အတွက် တအားကို ဂုဏ်ယူနေ မိပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရလာ တဲ့အတွက် အနုပညာလျှောက်လမ်းမှာ လမ်းကြောင်း တစ်ခု ပွင့်လာတယ်လို့ မျှော်လင့်မိပါတယ်။ အနုပညာက ညီမအတွက် ဘဝအစိတ်အပိုင်း တစ်ခုလိုပါပဲ။ နောက်ပိုင်းမှာလည်း အနုပညာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။

ထက်လူုလူ
Popular Myanmar News Journal

RangonNewsDaily:: December . 29 .2013
၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်
အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်
ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးအပေါ် ပရိသတ်များ၏ ရင်တွင်း စကားသံများ

Photo: ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးအပေါ် ပရိသတ်များ၏ ရင်တွင်း စကားသံများ
Sunday, December 29, 2013

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရုံတင်ပြသသော ဒီဇင်ဘာ ၂၇ ရက်နေ့မှာပင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုအားပေး တာကို တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ မထင် မှတ်ထားဘဲ ပရိသတ်အားပေးမှု ကိုရရှိခဲ့တဲ့ ဇာတ်ကားကြီးပင်ဖြစ် ပါတယ်။ ဒါ့ကြောင့် ကြယ်စင်မော်ကွန်းကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ များကိုလည်း ယခုလိုတင်ပြလိုက် ရပါတယ်။

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ကြည့်ရှုဖို့စောင့်မျှော်နေတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ တွေကတော့-

ဦးခင်မြင့်

''ကျွန်တော်က ဒီကားကို တီဗွီမှာ ကြော်ငြာပြကတည်းက ကြည့်ချင်နေတာ။ ဇာတ်လမ်းကလည်း ကောင်းမယ့်ပုံလေ။ ပြီးတော့ မင်းသား၊ မင်းသမီးတွေလည်း စုံတယ်။ ဗိုလ်ချုပ် အကြောင်း လည်းပါတော့ လာကြည့်ဖြစ်တာပါ။''

ကျောင်းသူလေးတစ်ဦး

''သူငယ်ချင်းတွေက ပြောတယ်။ အရမ်းကောင်းတယ်ဆိုလို့။ ပြီးတော့ သမီးကြိုက်တဲ့ မင်းသားလူမင်း တစ်ယောက်နဲ့ တစ်ယောက်ကအကြိုက်ချင်း မတူပေမဲ့ ဒီကားလေး ကိုတော့ အစ်မတို့ကြိုက်ပါတယ်။ ခေတ်ကာလပြောင်းလဲ ပုံတွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။''

ရှေ့ဆောင် ရုပ်ရှင်ရုံကြီးရှေ့တွင် ဈေးရောင်းနေသည့် အန်တီ တစ်ယောက်ကလည်း-

''အန်တီတို့ ဈေးရောင်းနေတဲ့ ကာလမှာ ဒီလိုလူများများ လာကြည့်တာ မတွေ့ဖူးဘူး။ အင်္ဂလိပ်ကားတွေ တင်ထားတဲ့ ရုံတွေမှာတောင် လူမရှိပါဘူး။ ဒီမှာ မနက် ၉ နာရီကတည်းက လူတွေပြည့်နေတာ။ တကယ်ကိုလဲ ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ ဇာတ်ကားတွေကို ပရိသတ်အားပေးမှုကဒီ လောက်တောင်များတယ်ဆိုတာ တွေ့ရတော့ အရမ်းကို ဝမ်းသာစရာပါပဲ''ဟု ပြောပြခဲ့သည်။

ကိုသူရ

''ကျွန်တော်ကတော့ ဒီကားကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အတွက်လည်း ဗဟုသုတတွေ ရစေပါတယ်။ ကျွန်တော် တို့အရင်က မသိခဲ့တဲ့ သမိုင်းတွေကို လည်း ဒီကားကြည့်လိုက် ရတဲ့အတွက် သိလာရတယ်။ တကယ်ကိုကောင်း တဲ့ကားပါ။''

မမြတ်မွန်

''ဇာတ်ကားက ပီပီပြင်ပြင်ရိုက် ကူးတင်ဆက်ထားတဲ့ အတွက်ကြည့် ရတာအရမ်းကို ကောင်းပါတယ်။ မျိုးဆက်သစ် လူငယ်လေးတွေအတွက် အကောင်းဆုံးရိုက်ကူးပေး ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။ နောက်ထပ်ကြည့်မယ့် ပရိသတ်တွေ အနေနဲ့ ကြည့်သင့်တဲ့ကားပါ လို့ ပြောချင်တယ်။ ခေတ်ကာလ ပြောင်းလဲပုံတွေကိုလည်း တစ်ဆင့် ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်း လေးပါပဲ။''

ပရိသတ်များကြားထဲတွင် သူတို့၏ရင်တွင်း စကားသံများကို နားထောင်နေသည့် ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ပန်းချီစိုးမိုးကိုလည်း တွေ့ရှိခဲ့ရသည်။

ဒါရိုက်တာ ပန်းချီစိုးမိုး

ဆရာမင်္ဂလာပါ

ဆရာ့အနေနဲ့ ဆရာဖန်တီးခဲ့တဲ့ ဇာတ်ကားကြီးကို ပရိသတ်တွေ တစ်ခဲနက် အားပေး နေတာတွေ့ရတော့ ဆရာရဲ့ ခံစားချက်လေးက။

မြန်မာ့ရုပ်ရှင် ကျဆုံးနေတဲ့ အချိန်မှာ ဒီလိုရုံပြည့်ပြီး မှောင်ခိုလက်မှတ် ဖြစ်တယ်ဆိုတဲ့ အဆင့်က အင်မတန်ကို ဝမ်းသာဖို့ကောင်းပါတယ်။ လူတိုင်းလူတိုင်းက ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတာ အင်မတန် ဝမ်းသာစရာပါ။ ဦးရဲ့စိတ်ထဲမှာလဲ ဝမ်းသာပါတယ်။ ဇာတ်ကားတစ်ကားက ပိုက်ဆံရတာနဲ့ မပြီးပါဘူး။ ပရိသတ်အကြိုက် ဖြစ်ဖို့က အဓိကပါ။ ဆရာ့အနေနဲ့ ဒီကားကြီးအောင် မြင်မှုအပေါ် ခံစားချက်က။

ဒီကားကတော့ ရုပ်ရှင်လောက မှာ အောင်မြင်တဲ့ကားတစ်ကားလို့ ပြောလို့ရပါတယ်။ 

မြ၀တီ

RangonNewsDaily:: December . 29 .2013
ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရုံတင်ပြသသော ဒီဇင်ဘာ ၂၇ ရက်နေ့မှာပင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုအားပေး တာကို တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ မထင် မှတ်ထားဘဲ ပရိသတ်အားပေးမှု ကိုရရှိခဲ့တဲ့ ဇာတ်ကားကြီးပင်ဖြစ် ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး မီဒီယာများ ဝင်ရောက်ခွင့် ပိတ်ပင်

RangonNewsDaily:: December . 29 .2013
နေပြည်တော်၌ ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးတွင် ယင်း ပါတီက ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာ သတင်းထောက်မှလွဲ၍ ပြည်တွင်းပြည်ပ မီဒီယာများကို ဝင်ရောက် သတင်းယူခွင့် ပိတ်ပင်ထားကြောင်း ပြည်တွင်း ပြည်ပ သတင်းထောက်များက တညီတညွတ်တည်း ပြောဆိုကြသည်။