Pages

Thursday, December 26, 2013

တိုက်ခိုက်ရေး အသင့်အနေအထား ရှိရန် မြောက်ကိုရီးယား စစ်တပ်ကို ကင်ဂျုံအန် တိုက်တွန်း

Photo: တိုက်ခိုက်ရေး အသင့်အနေအထား ရှိရန် မြောက်ကိုရီးယား စစ်တပ်ကို ကင်ဂျုံအန် တိုက်တွန်း
Thursday, December 26, 2013

မြောက်ကိုရီးယား စစ်တပ်ကို တိုက်ခိုက်ရေး အသင့်အနေအထား ရှိအောင် အဆင့်မြှင့်တင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်း ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယား KCNA သတင်းတွင် ဖော်ပြထားချက်ကို ကိုးကား၍ CNA သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေးတော်သူ၊ မြောက်ကိုရီးယားတွင် နံပါတ်နှစ် ခေါင်းဆောင်ဟု ယူဆခံထားရသူ ဂျန်ဆောင်သိတ်ကို သေဒဏ် ချမှတ်လိုက်ပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု မြင့်နေစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် မြောက်ကိုရီးယား ပူးတွဲ တပ်ဖွဲ့အမှတ် (၅၂၆) တွင် ကျင်းပသော ခရစ္စမတ်ပွဲသို့ တက်ရောက်ရာတွင် တိုက်ခိုက်ရေး အသင့် အနေအထားတွင် ရှိကြရန် တိုက်တွန်း လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ တပ်ဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံ၏ အနောက်ဘက်တွင် ရှိသော Nampo ဆိပ်ကမ်းမြို့တွင် အခြေစိုက်သောတပ် ဖြစ်ကြောင်း တောင်ကိုရီးယား ယောင်ဟပ် သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပွားနေချိန်တွင် ရန်စတိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကတို့က သတိပေး ထားသည်။

တောင်ကိုရီးယား ရှေ့တန်း အစောင့်တပ်ဖွဲ့များသို့ အင်္ဂါနေ့က သွားရောက်ခဲ့သော တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး ကလည်း တောင်ကိုရီးယား စစ်တပ်ကို လုံခြုံရေး အသင့်အနေအထား ရှိရန် တိုက်တွန်း ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားရဲ့ ရန်စ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်" ဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 26 .2013
မြောက်ကိုရီးယား စစ်တပ်ကို တိုက်ခိုက်ရေး အသင့်အနေအထား ရှိအောင် အဆင့်မြှင့်တင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်း ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယား KCNA သတင်းတွင် ဖော်ပြထားချက်ကို ကိုးကား၍ CNA သတင်းတွင် ဖော်ပြထားသည်။

SEA Games ဆုရ ကစားသမားများကို နိုင်ငံတော်သမ္မတ ဂုဏ်ပြုမည်

Photo: SEA Games ဆုရ ကစားသမားများကို နိုင်ငံတော်သမ္မတ ဂုဏ်ပြုမည်
Thursday, December 26, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူ နိုင်ခဲ့ကြသည့် လက်ရွေးစင် ကစားသမား များကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ MICC ၌ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဂုဏ်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန လူထုပညာ ဌာနခွဲ ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။ 

ယင်းဂုဏ်ပြုပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရ ကစားသမားများ၊ နည်းပြများနှင့် အသင်းအုပ်ချုပ်သူ များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံတော် အကြီးအကဲများက ပြိုင်ပွဲ ကျင်းပအပြီး တစ်ပတ်အတွင်း ဂုဏ်ပြုခြင်းလည်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

ဆုတံဆိပ်ရ ကစားသမားများ အနေနှင့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သမ္မတကြီး ကိုယ်တိုင် ချီးမြှင့်သည့် ဂုဏ်ပြုပွဲအတွက် နေပြည်တော်သို့ ပြန်သွားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အနောက်တိုင်း လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်တို့က ဆုရကစားသမား အချို့ထံမှလည်း သိရသည်။ 

အားကစားနည်း ၃၃ မျိုးဖြင့် ကျင်းပသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကစားသမားနှင့် အုပ်ချုပ်သူ ၁၂၄၈ ဦးဖြင့် အများဆုံး ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု တို့ ရရှိခဲ့ကာ နိုင်ငံအလိုက် ဒုတိယနေရာ ရပ်တည် နိုင်ခဲ့သည်။

SEA Games ပြိုင်ပွဲဟု အမည် ပြောင်းလဲပြီးနောက် ကျင်းပသည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေနှင့် ပထမဦးဆုံး အကြိမ် နိုင်ငံအလိုက် ဒုတိယနေရာ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သည့် ရွှေတံဆိပ် အရေအတွက် မှာလည်း ပြိုင်ပွဲသမိုင်း တစ်လျှောက် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 26 .2013
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဆုတံဆိပ်
များ ရယူ နိုင်ခဲ့ကြသည့် လက်ရွေးစင် ကစားသမား များကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ MICC ၌ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဂုဏ်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန လူထုပညာ ဌာနခွဲ ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

လာမယ့် ထိုင်းရွေးကောက်ပွဲ အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Photo: လာမယ့် ထိုင်းရွေးကောက်ပွဲ အကန့်အသတ်မရှိ ရွှေ့ဆိုင်း
Thursday, December 26, 2013

ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန် လာမယ့် ဇန်နဝါရီ ၂ ရက်နေ့ကျင်းပမယ့် ထိုင်း ရွေးကောက်ပွဲကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်း လိုက်တယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ 

ဆန္ဒပြမှုတွေ ဆက်လက်ရှိနေပြီး ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ရေးအတွက်လည်း အခက်အခဲတွေ ရှိနေတဲ့ အတွက် အခု လို ရွှေ့ဆိုင်းတာဖြစ်ပြီး နိုင်ငံရေးတစုံတရာ ငြိမ်သက်တဲ့အခါမှသာ ရွေးကောက်ပွဲ ရက်ကို 
ကြေညာမယ်လို့လည်း ထိုင်း သတင်းစာမျက်နှာတွေက ဒီကနေ့ ရေးသားကြပါတယ်။ 

ယင်းလတ်အစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေနဲ့ အတူ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် က ပါလီမန်ကို ဖျက်သိမ်းပြီး လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ကို ရွေးကောက်ပွဲတွေ ကျင်းပပေး မှာဖြစ်ပြီး အဲဒီနေ့ထိ ဝန်ကြီးချုပ် တာဝန်ကို ဆက်လက် ယူထားတယ်လို့ ပြောဆိုထားတာပါ။ 

ဒါကို ဒီမိုကရက်တင်ပါတီ ခေါင်းဆောင်တွေက မကျေနပ်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝေ့ချာချိဝနဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ 

ဆန္ဒပြခေါင်းဆောင် ဒီမိုကရက်တစ် အမတ်ဟောင်း ဆုထက်ကတော့ လာမယ့် ရွေးကောက်ပွဲဟာ လူဗြိန်း ကြိုက်စကားတွေ ပြောပြီး သက်ဆင်မိသားစု ကိုယ်ကျိုးရှာတဲ့ ဖွေ့ထိုင်းပါတီအနိုင်ရအောင် စီမံတဲ့ 
ရွေးကောက်ပွဲ လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ 

ဒါကြောင့် ဆုထက်ပ်က  ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆန္ဒပြသူတွေကို ဟောပြောနေချိန်မှာ အခုလို 
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ထွက်လာတာပါ။ 

ဝန်ကြီးချုပ် ယင်းလတ်က ထိုင်းရွေးကောက်ပွဲ  ကော်မရှင် က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတယ် လို့ 
ကြေညာလိုက်ပေမယ့် သူ့ အနေနဲ့ လုပ်စရာ ရှိတာတွေကို ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ပြောဆိုထားပါတယ်။ 

အိမ့်သံစဉ်
ဧရာဝတီ

RangonNewsDaily:: December . 26 .2013
ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန် လာမယ့် ဇန်နဝါရီ ၂ ရက်နေ့ကျင်းပမယ့် ထိုင်း ရွေးကောက်ပွဲကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်း လိုက်တယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

ကဘူးလ်မှ အမေရိကန်သံရုံးဝန်းအတွင်း ဒုံးကျည်နှစ်လုံးကျ

Photo: ကဘူးလ်မှ အမေရိကန်သံရုံးဝန်းအတွင်း ဒုံးကျည်နှစ်လုံးကျ
Thursday, December 26, 2013

ခရစ္စမတ်နေ့က အာဖဂန်နစ္စတန်အလယ်ပိုင်း ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးဝန်းအတွင်း တာလီဘန်တို့၏ လက်ချက်ဖြစိသော ဒုံကျည်းနှစ်ခု ကျလာခဲ့သည်။ ယခုဒုံးကျညကြောင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒါဏ်ရာရခြင်း မရှိခဲ့ပေ။

သို့သော်လည်း အာဖဂန်မှ နိုင်ငံခြားသားများ အတွက် လုံခြုံရေး
ပြဿနာ အစိုးရိမ်ရဆုံး အနေအထားတွင် ရောက်နေကြောင်း ယခုဖြစ်ရပ်က ဖော်ပြလိုက်သလို ဖြစ်လာခဲ့သည်။

တာလီဘန်းတို့သည် ၂၀၀၁ခုနှစ်ကတည်းက အမေရိကန်တို့ ကျောထောက်နောက်ခံပြုပေးထာသော
အစိုးရကို ဆန့်ကျင် တိုက်ခိုက်လျက်ရှိရာ ခရစ္စမတ်နေ့တွင်
မြို့အတွင်း အခြား တိုက်ခိုက်မှုတစ်ရပ်ကိုလည် ပြုလုပ်ကာ သူတို့၏ လုပ်ရပ်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ထပ် ဒုံးကျည်တစ်လုံးသည် ဘုရင်ဟောင်းနှင့် သူ၏တော်ဝင်မိသားစုများ မြေမြုပ်သဂြ်ုဟ်ရာ မာ၇န်ဂျန် တောင်တန်းအနီးသို့ ကျရောက်ခဲ့ကောင်း အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှုးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဒုံးကျည်ပစ်ခတ်မှုတိုင်းတွင် ထိခိုက်ဒဏ်ရာရရသူ မည်သူမျှ
မရှိသော်လည်း တစ်ခုပြီးတိုင်း တာလီဘန်တို့က သူတို့၏ လက်ချက်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ စာတိုများပေးပို့ အကြောင်းကြားခဲ့သည်။ 

The Myanma Age

RangonNewsDaily:: December . 26 .2013
ခရစ္စမတ်နေ့က အာဖဂန်နစ္စတန်အလယ်ပိုင်း ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးဝန်းအတွင်း တာလီဘန်တို့၏ လက်ချက်ဖြစိသော ဒုံကျည်းနှစ်ခု ကျလာခဲ့သည်။ ယခုဒုံးကျညကြောင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒါဏ်ရာ
ရခြင်း မရှိခဲ့ပေ။သို့သော်လည်း အာဖဂန်မှ နိုင်ငံခြားသားများ အတွက် လုံခြုံရေးပြဿနာ အစိုးရိမ်ရဆုံးအနေအ
ထားတွင် ရောက်နေကြောင်း ယခုဖြစ်ရပ်က ဖော်ပြလိုက်သလို ဖြစ်လာခဲ့သည်။

နေ၀င်ချိန်ကြည့်ရှုခွင့်မပြုသော ဘုရားပေါ်တက်ကြည့်သည့် အမေရိကန်နိုင်ငံသား ပြုတ်ကျပြီး ဒဏ်ရာပြင်းထန်စွာရ

RangonNewsDaily:: December . 26 .2013
ရန်ကုန်- ပုဂံမြို့ဟောင်းတွင် နေ၀င်ချိန်ကြည့်ရှုရန်အတွက် သတ်မှတ်မထားသည့် ငါးမျက်နှာဘုရားပေါ်သို့ တက်ရောက်၍ နေ၀င်ချိန်ကြည့်ရှုသော အမေရိကန်နိုင်ငံသားတစ်ဦး ယင်းဘုရားပေါ်မှ ပြုတ်ကျ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၂၂ ရက် ညက အသက်(၂၇)နှစ်အရွယ် အမေရိကန်နိုင်ငံသား အင်ဒရူးအပါအ၀င် လေးဦးသည် ပုဂံမြို့ဟောင်းတွင် နေ၀င်ချိန်ကြည့်ရှုရန်အတွက် သတ်မှတ်မထားသော ငါးမျက်နှာဘုရားပေါ်သို့ တက်ရောက်ခဲ့သည်။ ယင်းအဖွဲ့ထဲမှ အင်ဒရူးသည် ဘုရားအပေါ်ဆုံးထိပ်နားအထိ တက်ရောက်ပြီး နေ၀င်ချိန်ကြည့်ရှုရာ ယင်းဘုရားပေါ်မှ ပြုတ်ကျသွားခြင်းဖြစ်ခဲ့သည်။

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား ဖြတ်သန်းသွားလာခွင့် အချိန်နှစ်နာရီ တိုးပေး

RangonNewsDaily:: December . 26 .2013
ရန်ကုန်- ၂၀၁၄ ဇန်န၀ါရီ ၁ ရက်မှစတင်၍ မြန်မာ-ထိုင်းနယ်စပ်ချစ်ကြည်ရေးတံတား ဖြတ်သန်းသွားလာခွင့်

ကိုအချိန်နှစ်နာရီခွဲတိုးမြှင့်သတ်မှတ်လိုက်ပြီးနံနက် ၆ နာရီမှ ည၈နာရီခွဲအထိခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း
တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။ “တံတားဖွင့်လှစ်ချိန်တိုးပေးဖို့ ထိုင်းအစိုး
ရရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရကခွင့်ပြုပေးခဲ့တာပါ။ တံတားစဖွင့်ပြီးတဲ့အချိန်ကတည်းက ဒါဟာ ပထမ
ဆုံး အချိန်တိုးမြှင့်သတ်မှတ်လိုက်တာပါ”ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး
က ပြောကြားသည်။

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန်ဒုတိယအမြင့်ဆုံးသို့ရောက်ရှိ

RangonNewsDaily:: December . 26 .2013
၂၀၁၃ခုနှစ်ကမ္ဘာ့ပျမ်းမျှအပူချိန်သည်၁၈၉၁ခုနှစ်တွင် ရရှိခဲ့သောအချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယ

အမြင့်ဆုံးဖြစ်ကြောင်း ဂျပန်မိုးလေ၀သအေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က
ထုတ်ပြန်သည်။ ဇန်န၀ါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။

လှိုင်သာယာ အမှတ် ၁၅ ရပ်ကွက်တွင် ကျူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့

Photo: လှိုင်သာယာ အမှတ် ၁၅ ရပ်ကွက်တွင် ကျူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့
Thursday, December 26, 2013

ရန်ကုန်- လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်သည်ဆိုသော မြေကွက်များ၌ ကျူးကျော်တဲ အလုံးရေ ၁၀၀၀ ၀န်းကျင် ၀င်ရောက်ဆောက်လုပ်နေသော ကျူးကျော်တဲထိုးသူများ နှင့် ယင်းတဲများကို ဖယ်ရှားရန်လာသော မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည့် ၀န်ထမ်းနှစ်ရာကျော် ထိပ်တိုက်တွေ့ကာ နှစ်ဖက်အခြေအနေ တင်းမာနေသည်။ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူများက အိုးအိမ်ပိုင် မြေနေရာများပေါ်တွင် ၀ါးလုံးများဖြင့် တဲထိုးခြင်း၊ စည်းရိုးတားရန်အတွက် ခြံခတ်ခြင်း စသည်များကို ဒီဇင်ဘာ ၂၃ ရက်က စတင်ပြုလုပ်ခဲ့သည်။ 

ကျူးကျော်တဲများနှင့် တဲများဆောက်လုပ်ရန်အတွက် ချထားသော ၀ါးလုံးများကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည်တို့က လာရောက်ဖယ်ရှားခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူများက ကန်ပတ်တာလမ်းဘေးတစ်လျှောက်တွင် တဲအလုံးရေ ၁၀၀၀ ကျော် ထိုးခဲ့သည်။ ထိုသို့ တဲထိုးမှုများကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည်တို့က အင်အားသုံးကာ ဖယ်ရှားရန်အတွက် လာရောက်ခဲ့သည်။ 

ထိုသို့လာရောက်သည်ကို လက်မခံဘဲ ကျူးကျော်တဲထိုးသူများက ဓားများကိုင်ဆောင်ပြီး ရန်မူသောကြောင့် ကျူးကျော်တဲထိုးသူများထဲမှ တစ်ဦးကို ဓားကိုင်မှု ပုဒ်မ ၁၉(င)ဖြင့် ဖမ်းဆီးရေးယူခဲ့ကြောင်း လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းမြင့်ဦးကပြောသည်။

“အရင်နေ့ကတည်းက ကျူးကျော်တွေက တဲတွေထိုးနေတာပါ။ ဒီနေ့မှာကို တဲအလုံးရေထိုးတာ တော်တော်များပါတယ်။ ဓားမြှောင်ကိုင်မှုနဲ့ ဖမ်းဆီးထားတာပါ။ ဆက်ပြီးအရေးယူတာက အထက်ကအမိန့်ကို စောင့်နေပါတယ်”ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးသိန်းမြင့်ဦးကပြောသည်။

ကျူးကျော်တဲထိုးသူများသည် လက်ထဲတွင် တုတ်၊ ဓား စသည့်လက်နက်များ ကိုင်ဆောင်ထားပြီး ရဲတပ်ဖွဲ့ဝင်များ တဲများကို ၀င်ရောက်မဖျက်ဆီးနိုင်ရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီအထိ လမ်းအားပိတ်ဆို့ထားဆဲဖြစ်သည်။ 

ရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်နှင့် လက်မောင်းများတွင် အနီရောင်တာဝန်ဟူသည့် လက်ပတ်များ ၀တ်ဆင်ထားသော အရပ်ဝတ်လူများကလည်း ၎င်းတို့၏လက်ထဲတွင် နံပါတ်တုတ်နှင့် ၀ါးလုံးများ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ကျူးကျော်တဲထိုးသူ အများစုသည် ဧရာဝတီတိုင်းမှဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်မဲ့များဖြစ်ကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာ၍ ကျပန်းလုပ်ကိုင်နေသူများဖြစ်သည်။ ၎င်းတို့သည် လှိုင်သာယာမြို့နယ်တွင် အိမ်ငှားဖြင့် နေထိုင်ကြသူများဖြစ်သည်။ ၎င်းတို့၏ အိမ်ငှားခမှာ တစ်လလျှင် ၂၅၀၀၀ ကျပ် ပေးရပြီး ထိုအိမ်ငှားခပေးရန် အခက်အခဲများဖြစ်နေသောကြောင့် ယခုလို ကျူးကျော်တဲများထိုးရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“မိသားစုများလာရင် အိမ်ငှားကလည်း မနေခိုင်းတော့ဘူး။ ရတဲ့လခနဲ့ အိမ်လခပေးတာနဲ့က ဘယ်လိုမှအဆင်မပြေဘူး။ အဲဒါကြောင့် ကျူးကျော်တဲထိုးနေရတာပါ။ အရင်နေ့ကတည်းက တဲတွေထိုးတာကို ရဲတွေက လာဖယ်ရှားတယ်။ ဒီနေ့တော့ တဲအလုံးရေ တစ်ထောင်ကျော် ထိုးပြီးသွားပါပြီ။ သူတို့ လာဖျက်ဆီးမှာကြောက်လို့ လမ်းကနေ ပိတ်ထားတာပါ”ဟု အမှတ် (၁၅) ရပ်ကွက်တွင် နေထိုင်ကာ အိုးအိမ်ပိုင်မြေနေရာတွင် ဒီဇင်ဘာ ၂၅ ရက်က ကျူးကျော်တဲများထိုးထားသော ဧရာဝတီတိုင်း၊ ဟင်္သတာမြို့နယ်ဇာတိဖြစ်သူ ဒေါ်သန်းသန်းထွေးက ပြောသည်။

“အိုးအိမ်ပိုင်မြေနေရာဖြစ်တဲ့အတွက် ဘယ်လိုမှ တဲဆောက်ခွင့်မပေးပါဘူး။ တာဝန်အရ ဖယ်ရှားဖို့အတွက် လုပ်ဆောင်နေရတာပါ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်စိုးကပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်မြေနေရာများ၊ လမ်းဘေးမြေနေရာများတွင် ကျူးကျော်တဲများ မကြာခဏ ၀င်ရောက်ဆောက်လုပ်နေမှုကြောင့် အာဏာပိုင်များနှင့် ကျူးကျော်တဲထိုးသူများ မကြာခဏ ပြဿနာဖြစ်ပွားနေသည်။ ပန်းလှိုင်မြစ်ကူးတံတားအနီးနေရာများနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးမြေနေရာများတွင်လည်း ယခုလပိုင်းတွင် ကျူးကျော်တဲထိုးသူများက တဲအလုံးရေတစ်ထောင်ကျော် ၀င်ရောက်ဆောက်လုပ်ထားသည်။

ဓာတ်ပုံ- နစ်ကီ
7Day News Journal

RangonNewsDaily:: December . 26 .2013
ရန်ကုန်-လှိုင်သာယာမြို့နယ်အမှတ်၁၅ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်သည်ဆိုသော
မြေကွက်များ၌ ကျူးကျော်တဲ အလုံးရေ ၁၀၀၀ ၀န်းကျင် ၀င်ရောက်ဆောက်လုပ်နေသော ကျူးကျော်တဲထိုးသူ
များ နှင့်ယင်းတဲများကိုဖယ်ရှားရန်လာသော မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်၊ မီးသတ် စသည့် ၀န်ထမ်းနှစ်ရာကျော်
ထိပ်တိုက်တွေ့ကာ