Pages

Monday, December 23, 2013

အကယ်ဒမီစင်မြင့် ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးတည်ဆောက်မည်

RangonNewsDaily:: December . 23 .2013
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေး ပွဲအခမ်းအနား၌ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို Barco Co., Ltd. (Singapore) ၏ မြန်မာ နိုင်ငံ

ကိုယ်စားလှယ်ဖြစ်သည့် Clover Solution co., Ltd. က ဆောင်ရွက်မည် ဖြစ်သည်။ “ယခင်နှစ်က စင်မြင့်နဲ့
ပတ်သက်တဲ့ ဝေဖန်ပြောကြားခဲ့တဲ့ အားနည်းချက်တွေကိုလဲ ပြင်ဆင်ဆောင်ရွက် သွားမှာပါ” ဟု မြန်မာ့ရုပ်
ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောသည်။

အဖမ်းခံထားရသည့် မလေးရှားနှစ်ဦးအတွက် မလေးရှားအာဏာပိုင်များ မြန်မာနိုင်ငံသို့လာရောက်

RangonNewsDaily:: December . 23 .2013
ရခိုင်ပြည်နယ်ရှိ မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ ငါးဖမ်းရင်း ကျုးကျော်ဝင်ရောက်လာမိခဲ့ရာမှ မြန်မာနိုင်ငံ

ရေတပ်သင်္ဘောများ၏ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသောမလေးရှားနိုင်ငံသားနှစ်ဦး ပြန်လည်လွတ်မြောက်
ရေးအတွက်ဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိနှစ်ဦး မြန်မာနိုင်ငံသို့ ယနေ့ရောက်
ရှိကြောင်း မလေးရှားအခြေစိုက် Alor Star သတင်းဌာနက ဖော်ပြထားသည်။

Myanmar Handsome အထည်ချုပ် လုပ်သားခေါင်းဆောင် ၁၆ ဦး အလုပ်ထုတ်ခံရ၍ သပိတ်စခန်းဖွင့်

Photo: Myanmar Handsome အထည်ချုပ် လုပ်သားခေါင်းဆောင် ၁၆ ဦး အလုပ်ထုတ်ခံရ၍ သပိတ်စခန်းဖွင့်
Monday, December 23, 2013

ဆန္ဒပြ တောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံစက်မှုဇုန် အတွင်းရှိ Myanmar Handsome အထည်ချုပ် စက်ရုံတွင် လုပ်သား ခေါင်းဆောင် ၁၆ ဦး အလုပ် ထုတ်ခံရသဖြင့် လုပ်သား ၁၃၀ ကျော် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ သပိတ်စခန်းဖွင့်ကာ ၁၂ ရက် ကြာသည်အထိ ဆန္ဒပြ တောင်းဆို နေသော်လည်း ပြေလည်မှု မရရှိသေးကြောင်း ဆန္ဒပြ လုပ်သားများက ပြောကြားသည်။

စက်ရုံတွင် အလုပ်ဌာနအလိုက် ကြီးကြပ်သူ ခေါင်းဆောင် ၁၆ ဦးက လက်ရှိ ရရှိနေသည့် တစ်လလုပ်အားခ ကျပ်ရှစ်သောင်းကို ကျပ် ၁၈၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၂၀,၀၀၀ တိုးမြှင့် ပေးကြောင်း၊ လုပ်သား ခေါင်းဆောင်များက ၁၅၀,၀၀၀ ပေးရန် ထပ်မံတောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် သုံးလစာ လုပ်အားခပေးကာ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း လုပ်သားတစ်ဦးဖြစ်သူ ဒေါ်စုစုဝင်းက ပြောကြားသည်။

အဆိုပါ ပြဿနာ များကြောင့် အလုပ်ထုတ်ခံ ထားရသည့် ခေါင်းဆောင် များကို အလုပ်ပြန်လည် ခန့်ထားရန်၊ တစ်နာရီ လုပ်အားခ ကျပ်၂၅၀ ပေးရန်၊ အထည်ဆုကြေးများ ချုပ်သည့်အတိုင်း ပေးရန် အပါအဝင် အချက် ၁၇ ချက်ကို လုပ်သား ၁၃၇ ဦးက တောင်းဆိုနေကြောင်း လုပ်သားများထံမှ သိရှိရသည်။

တောင်းဆိုထားသည့်အချက် ရရှိခြင်း မရှိသဖြင့် ခုံသမာဓိအဖွဲ့သို့ တင်ပြထားကြောင်း အထက်ပါ လုပ်သားများထံမှ သိရှိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ Myanmar Handsome အထည်ချုပ်စက်ရုံမှ မန်နေဂျာ တစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ မှတ်ချက်ပေးလိုခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

လုပ်သား ၃၃၀ ကျော်ရှိသည့် Myanmar Handsome အထည်ချုပ် စက်ရုံတွင် ၂ နှစ်အတွင်း ဆန္ဒပြမှုငါးကြိမ် ဖြစ်ပွားဖူးကြောင်း လုပ်သားများထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily:: December . 23 .2013
ဆန္ဒပြ တောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံစက်မှုဇုန် အတွင်းရှိ Myanmar Handsome အထည်ချုပ် စက်ရုံတွင် လုပ်သား ခေါင်းဆောင် ၁၆ ဦး အလုပ် ထုတ်ခံရသဖြင့် လုပ်သား ၁၃၀ ကျော် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ သပိတ်စခန်းဖွင့်ကာ

တက္ကစီများတွင် LPG ဓာတ်ငွေ့အိုး ငွေကျပ် ခုနစ်သိန်းနှင့် အပြီးတပ်ဆင်ပေးမည်

RangonNewsDaily:: December . 23 .2013
လောင်စာစားသုံးမှု သက်သာသော LPG ဓာတ်ငွေ့ကို တက္ကစီများတွင် တပ်ဆင်ပါက ငွေကျပ် ခုနစ်သိန်းနှင့်အပြီး ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း Powertek Engineering Group စီမံမှု ဒါရိုက်တာ ဦးနေဝင်းက ပြောကြားသည်။ အဆိုပါ ဝန်ဆောင်မှုကို တစ်လအတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး ယင်းစနစ် တပ်ဆင်ရန် လိုအပ်သည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်မည့် စက်ရုံ တည်ဆောက်မည့် ကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဂျိမ်းစဘွန်း ဇာတ်ရုပ်ဖန်တီးသူ ဂျိမ်းစဘွန်း ဖြစ်ခဲ့

Photo: ဂျိမ်းစဘွန်း ဇာတ်ရုပ်ဖန်တီးသူ ဂျိမ်းစဘွန်း ဖြစ်ခဲ့
Monday, December 23, 2013

ယနေ့တိုင် ကမ္ဘာကျော်သွားစေတဲ့ ဂျိမ်းစဘွန်း 007 ဇာတ်ကောင် ဖန်တီး သူ ဟာ တကယ် ဂျိမ်းစဘွန်း ဖြစ်ခဲ့ ပါတယ်။

Ian Fleming လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန် Naval မှ ထိပ်တန်း အေးဂျင့် တစ်ဦး ဖြစ်ပါတယ်။ ၁၉၀၈ ခုနှစ် မေလ က မွေးဖွားပြီး ၁၉၆၄ ခုနှစ် သြဂုတ်လမှာ ကွယ်လွန်ခဲ့တဲ့ Ian Fleming ဟာ သူ့ သက်တမ်း တစ်လျှောက်မှာ နိုင်ငံရေး နဲ့ အနုပညာမှာ နှစ်မြှုပ်ခဲ့သူ ဖြစ်ပါတယ်။ ရေတပ် ထိပ်တန်းအရာရှိတစ်ဦး ဖြစ်လာပြီး ဗြိတိန်က ဖွဲ့စည်းတဲ့ လျှို့ ဝှက်အေးဂျင့် MI6 မှာလည်း သူလျှိုတစ်ဦး ဖြစ်ခဲ့ ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဂျာမနီရဲ့  Code book နဲ့ စစ်လက် နက် ထောက်လှမ်းရေး Mission မှ ခေါင်းဆောင် အရာရှိ တစ်ဦး ဖြစ်ခဲ့ပြီး Mission အောင်မြင်ခဲ့ပါတယ်။ ပြီးတော့ အခြားသော စစ်ဆင်ရေး ပေါင်းမြောက် များစွာမှာလည်း ပါဝင်ပြီး ဗြိတိန်က အထူးအားထား ရတဲ့ အေးဂျင့်ဖြစ်ခဲ့ ပါတယ်။ စစ်ပြီးတဲ့ ကာလမှာတော့ သူလျှို အလုပ်မလုပ်တော့ပဲ ဗြိတိန်ရဲ့  ဂျာနယ်လောကကို ဝင်ရောက်ခဲ့ ပါတယ်။ သတင်းစာ၊ ဂျာနယ် ထုတ်ဝေပြီး ကိုယ်တိုင်ရေး ဝတ္ထုများလည်း ထုတ်ဝေ ပါတယ်။

အအောင်မြင်ဆုံးကတော့ အခန်းဆက်ရေးသားတဲ့ ဂျိမ်းစဘွန်း 007 ဖြစ်ပြီး ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးယူတဲ့အထိ အောင်မြင်ခဲ့ ပါတယ်။ ဇာတ်လမ်း ကလည်း သူကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်များ၊ စစ်ဆင်ရေး များကို ပြန်လည်အခြေခံထားခြင်း ဖြစ်တာမို့ ကမ္ဘာကျော် လူကြိုက် များရခြင်း ဖြစ်ပါတယ်။ ဗြိတိန် MI6 ရဲ့  ကြီးမြတ်မှုကို ဖော်ပြနိုင်ခဲ့ တဲ့ ဂျိမ်းစဘွန်းရုပ်ရှင်များကြောင့် ယနေ့မှာ 007နေ့အဖြစ်တောင် သတ်မှတ် ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း ( www.innewsmyanmar.com )

RangonNewsDaily:: December . 23 .2013
ယနေ့တိုင် ကမ္ဘာကျော်သွားစေတဲ့ ဂျိမ်းစဘွန်း 007 ဇာတ်ကောင် ဖန်တီး သူ ဟာ တကယ် ဂျိမ်းစဘွန်း ဖြစ်ခဲ့ ပါတယ်။

တရုတ် ဖုန်းထုတ်လုပ်တဲ့ Company ဖြစ်တဲ့ Meizu က MX3 ဖုန်းကို အမေရိကန် မှာရောင်းတော့မည်

Photo: တရုတ် ဖုန်းထုတ်လုပ်တဲ့ Company ဖြစ်တဲ့ Meizu က MX3 ဖုန်းကို အမေရိကန် မှာရောင်းတော့မည်
Monday, December 23, 2013

တရုတ် ဖုန်းထုတ်လုပ်တဲ့ Company ဖြစ်တဲ့ Meizu က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် MX3 Android Smartphone ကို ၂၀၁၄ ခုနှစ် မှာ အမေရိကန် တွင် ရောင်းချတော့မှာဖြစ်ပါတယ်။ အမေရိကန် ဖုန်းဈေးကွက် ထဲကို ၀င်ရောက်ဖို့ ရေရှည်စီမံကိန်း ရေးဆွဲထားပြီး ပထမအဆင့်အနေနဲ့ ၂၀၁၄ ခုနှစ် မှာ ပြုလုပ်မယ့် Consumer Electronics Show မှာ သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ပြသမှာဖြစ်ပါတယ်။ အမေရိကန် ဖုန်းဈေးကွက်မှာ နေရာတစ်နေရာ ရမယ်လို့ Meizu က ယုံကြည်နေပါတယ်။ CES ပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၇) ရက်ကနေ (၁၀) ရက်နေ့အထိ Las Vegas မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Meizu ဖုန်းများကို ၂၀၁၄ ခုနှစ်ရဲ့ ဒုတိယ လအပိုင်းအခြားဖြစ်တဲ့ April နဲ့ June လများမှာ အမေရိကန် မှာ စတင်ရောင်းချမှာဖြစ်ပါတယ် လို့ Meizu ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ တစ်ခြား သတင်းအချက်အလက်တွေကို တော့ မသိရှိရသေးပါ။

အခုလက်ရှိ Meizu ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းမှာ MX3 ဖြစ်ပြီး စက်တင်ဘာလ က ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ၅.၁ လက်မ အရွယ် 1080P HD Screen တပ်ဆင်ထားပြီး Exynos 5 Octa Processor ကို အသုံးပြုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ Android 4.2 Jelly Bean ကို Meizu ရဲ့ ကိုယ်ပိုင်ဆော့ဝဲဖြစ်တဲ့ Flyme နဲ့တွဲဖက်အသုံးပြုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ MX3 ကို CES မှာ ပြသမှာဖြစ်ပါတယ်။

MX3 ဟာ တရုတ်ပြည်ရဲ့ အကောင်းဆုံး ပြည်တွင်းဖြစ် စမတ်ဖုန်း ငါးလုံးထဲမှာ အပါအ၀င်ဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်များမှာ Meizu ဟာ ပြိုင်ဖက် Xiaomi ထက်များစွာနောက်ကောက်ကျနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Meizu ဟာ သူ့ရဲ့ဖုန်းများကို ဟောင်ကောင် မှာ ရောင်းချနေတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပေမယ့် တစ်ခြားနိုင်ငံများကိုတော့ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ Meizu ရဲ့ပြိုင်ဖက်တွေဖြစ်တဲ့ Xiaomi ဟာ ထိုင်ဝမ် နဲ့ ဟောင်ကောင် နိုင်ငံများကို အဓိက ဈေးကွက်ချဲ့ထွင်နေပြီး Oppo က အရှေ့တောင်အာရှ နိုင်ငံများကို ဈေးကွက်ချဲ့ထွင်နေပါတယ်။ Meizu ကတော့ ဖုန်းလိုင်း Company တွေရဲ့ စာချုပ်တွေနဲ့ ရောင်းချတဲ့ ဖုန်းတွေကြီးစိုးနေတဲ့ အမေရိကန် စမတ်ဖုန်း ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ 

အရှေ့တောင်အာရှ နိုင်ငံများဖြစ်တဲ့ Thailand , Indonesia စတဲ့ နိုင်ငံများကို ၀င်ရောက်ထိုးဖောက်ရင် ပိုမိုအောင်မြင်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Myanmar Consumer Guide

RangonNewsDaily:: December . 23 .2013
တရုတ် ဖုန်းထုတ်လုပ်တဲ့ Company ဖြစ်တဲ့ Meizu က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် MX3 Android Smartphone ကို ၂၀၁၄ ခုနှစ် မှာ အမေရိကန် တွင် ရောင်းချတော့မှာဖြစ်ပါတယ်။ အမေရိကန် ဖုန်းဈေးကွက် ထဲကို ၀င်
ရောက်ဖို့ ရေရှည်စီမံကိန်း ရေးဆွဲထားပြီး ပထမအဆင့်အနေနဲ့ ၂၀၁၄ ခုနှစ် မှာ ပြုလုပ်မယ့် Consumer Electronics Show မှာ သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ပြသမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအဖွဲ့နှင့် တင်းမာ၍ မိုဘိုင်း စစ်ဆေးရေးအဖွဲ့ လက်နက်တပ်ဆင်

Photo: ငြိမ်းချမ်းရေးအဖွဲ့နှင့် တင်းမာ၍ မိုဘိုင်း စစ်ဆေးရေးအဖွဲ့ လက်နက်တပ်ဆင်
Monday, December 23, 2013

ကရင် ငြိမ်းချမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သော နောင်ရိုး အထူးဒေသ (KEAP) အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) က ကန့်သတ် ကုန်ပစ္စည်းများ စစ်ဆေးခဲ့သည့် ဖြစ်စဉ်တွင် တင်းမာမှု ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးရေး အဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင်ပေး လိုက်ကြောင်း သိရသည်။

မြ၀တီ-ရန်ကုန်လမ်း စစ်တောင်း-ဒိုက်ဦးလမ်းဆုံ အနီး ညောင်ခါးရှည် ရွာတွင် ယခု လဆန်းပိုင်းကKEAP အဖွဲ့ သယ်ဆောင် လာ သော တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများကို မိုဘိုင်း စစ်ဆေးရေးအဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း၊ နောက်တရက်တွင် KEAP အဖွဲ့က လက်နက်ကိုင် လူအင်အား ၁၀ ဦးကျော်ဖြင့် လာရောက်၍ ပြန်လည် ယူဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကို လက်နက်များ တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။

“ဒီလမ်းကြောင်းက ဒါကိုခွင့်ပြုပေးလို့ မရဘူး၊ ပစ္စည်းရော ကားတွေရော တားထားတာပေါ့၊ နောက်တနေ့ မနက်မှာ အဲ့ဒီအဖွဲ့က လက်နက်အင်အား ၁၀ ယောက်လောက်နဲ့လာပြီး မပေးဘူးလား ပေးမှာလား ခြိမ်းခြောက် ပြောဆိုပြီး ကားတွေ မောင်းသွားတယ်” ဟုလည်း ၄င်းက ဧရာဝတီကို ပြောပြသည်။

ကရင်ပြည်နယ် ဘီးလင်းဒေသ အခြေစိုက် KEAP အဖွဲ့က ဘီယာဖာ ၅၇၀ ကို Super Custom နှစ်စီးဖြင့် အပြည့်သယ်ဆောင် လာ ခြင်း ဖြစ်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ ဥပဒေအရ စစ်ဆေးဆုံးဖြတ်မှုကို လိုက်နာခြင်း မရှိဘဲ အလွတ် သယ်ယူသွားကြ ခြင်း လည်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့က ပြည်နယ်အစိုးရသို့ တင်ပြခဲ့ရာ ပြည်နယ် လုံခြုံရေးဝန်ကြီး ကိုယ်တိုင် လာရောက်ခဲ့ကြောင်းနှင့် ကန့်သတ်ပစ္စည်းများနှင့် ထွက်ပြေးသွားသူများအား မွန်ပြည်နယ်တွင် ထိန်းသိမ်းမိခဲ့ကြောင်း သိရသည်။

ထွက်ပြေး သွားသူများကို ထိန်းသိမ်းနိုင်ခဲ့ပြီး နောက်ပိုင်း ရက်အနည်းငယ် အတွင်း KEAP အဖွဲ့ခေါင်းဆောင်က မိုဘိုင်း စစ်ဆေး ရေး အဖွဲ့သို့ လာရောက်ပြီး ရန်လိုသော သဘောမျိုးဖြင့် တင်းမာစွာပြောဆိုသွားခဲ့သည်ဟု မိုဘိုင်း စစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အဲ့ဒီကြားမှာ သူတို့ခေါင်းဆောင် လာပြီး ရန်ရှာမယ် ဘာညာ ပြောသွားပြန်ရော၊ ကျနော်တို့လည်း စဉ်းစားတာပေါ့၊ ဒီတိုင်းဆိုရင် တော့ မဖြစ်ဘူး၊ ဟိုက သေနတ်တွေ ဘာတွေနဲ့ လာတယ်၊ မတော် ပစ်သွားရင် ကိုယ့်မှာလည်း ဘောလ်ပင်ပဲ ရှိတယ်ပေါ့၊ ရဲတွေကိုတော့ သေနတ်တွေ ဘာတွေ ထုတ်ပေးသင့်တယ် ဆိုပြီး တင်ပြတော့ အခု ခရိုင် ရဲမင်းကြီး ကိုယ်တိုင်လာပြီး Mobile Team က ရဲအဖွဲ့ကို လက်နက် အပြည့်အစုံ ထုတ်ပေးထားတယ်”ဟု ၄င်းက ပြောပြသည်။

လက်ရှိတွင် မိုဘိုင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က အဆိုပါ တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများ မောင်းနှင်သွားသူအား ပဲခူး အမှတ်(၁) ရဲစခန်းတွင် ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း တာဝန်မှူး ဒု ရဲအုပ် ညီညီက ပြောသည်။

“နောင်ရိုး အထူးဒေသ အဖွဲ့က ဗိုလ်မှူး အဆင့်ရှိတဲ့ စောငွေဟောက် ဆိုသူပါ၊ လက်ရှိကတော့ စစ်ဆေးဆဲပေါ့၊ သူက အာမခံနဲ့ အပြင် မှာပါပဲ၊ သူတို့အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် လာပြီး အပ်သွားခဲ့တာပါ”ဟု ၄င်းက ပြောပြသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု အဓိက လမ်းကြောင်းများ ဖြစ်သော မူဆယ်-မန္တလေး လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၁ နှင့် မြ၀တီ-ရန်ကုန် လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၂ ကို ထားရှိ စစ်ဆေးကြောင်း၊ အခြား နယ်စပ် ထွက်ပေါက် ရှောင်ကွင်း လမ်းများတွင်လည်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့ငယ်တချို့ဖြင့် တရားမ၀င်ကုန်သွယ်မှု ထိန်းချူပ်ခြင်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

စားသုံးသူ ကာကွယ်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေး လှုပ်ရှား တားဆီးရေး အဖွဲ့ဟုခေါ်သည့် (Mobile Team) မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခု ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ
မြ၀တီ-ကော့ကရိတ် တောင်ပေါ်လမ်းကြောင်းမှ သယ်ဆောင်လာသော ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များအား တင်ဆောင်ဆောင်လာသည့် ယာဉ် တစီး (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)
မြ၀တီ-ကော့ကရိတ် တောင်ပေါ်လမ်းကြောင်းမှ သယ်ဆောင်လာသော ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များအား တင်ဆောင်ဆောင်လာသည့် ယာဉ် တစီး (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)
RangonNewsDaily:: December . 23 .2013
ကရင် ငြိမ်းချမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သော နောင်ရိုး အထူးဒေသ (KEAP) အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) က ကန့်သတ် ကုန်ပစ္စည်းများ စစ်ဆေးခဲ့သည့် ဖြစ်စဉ်တွင် တင်းမာမှု ပြဿ
နာများ ဖြစ်ပွားခဲ့ပြီးနောက်စစ်ဆေးရေး အဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များကိုလက်နက်အစုံတပ်ဆင်ပေး လိုက်ကြောင်း
 သိရသည်။

ညအပူချိန်တွေအနည်းငယ်ပြန်တက်လာပြီး အအေးပေါ့လာ

Photo: ညအပူချိန်တွေအနည်းငယ်ပြန်တက်လာပြီး အအေးပေါ့လာပါတယ်။
Weather News Update
23-12-2013
7;46 pm

NOAA-18 ဂြိုဟ်တုမှ (၂၃-၁၂-၂၀၁၃)ရက် ညနေ (၂း၄၉)နာရီ အချိန်တိုင်းတာပေး ချက်အရ စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် Hotspots 2 ခု တိုင်းတာရရှိထားပါတယ်။

တောင်ယာလုပ်ငန်းအတွက် ရိုးပြတ်များမီးရှို့ရာမှဖြစ်ပေါ်လာတဲ့ မီးတောက်များလို့ ယူဆရပါတယ်။

အပူချိန်နည်းသောဒေသများအဖြစ် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ပဲခူးရိုးမ၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ် တို့ကို Thermal Sensor အရ တွေ့ရှိရပါတယ်။

ဒေါက်တာထွန်းလွင်

RangonNewsDaily:: December . 23 .2013
ညအပူချိန်တွေအနည်းငယ်ပြန်တက်လာပြီး အအေးပေါ့လာပါတယ်။

ချယ်ဆီးတွင် နောက် ၁၂ နှစ် ဆက်နေရန် ဆန္ဒရှိကြောင်း မော်ရင်ဟို ဖွင့်ဟ

Photo: ချယ်ဆီးတွင် နောက် ၁၂ နှစ် ဆက်နေရန် ဆန္ဒရှိကြောင်း မော်ရင်ဟို ဖွင့်ဟ
Monday, December 23, 2013

အသင်းတစ်သင်းကို အောင်မြင်မှု ရရှိစေမည့် အဓိကအချက်သည် တည်ငြိမ်မှုရှိရန် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ချယ်ဆီးတွင် နောက်ထပ် ၁၂ နှစ်ကြာ ဆက်နေရန် ဆန္ဒရှိကြောင်း ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

မော်ရင်ဟိုသည် ၎င်း၏ အစောပိုင်း မန်နေဂျာဘဝက ချယ်ဆီးတွင် သုံးနှစ်အကြာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲသည့် နွေရာသီက စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပြန်လည် ရောက်ရှိလာသူ ဖြစ်သည်။ ချယ်ဆီးသို့ ပြန်လာရခြင်းသည် အသင်းကို ချစ်မြတ်နိုးသည့် အတွက်ကြောင့် ဖြစ်ကြောင်းနှင့် အသင်းတွင် ကာလကြာရှည် နေထိုင်ရန် ဆန္ဒရှိကြောင်း မော်ရင်ဟိုက ဆိုခဲ့သည်။

“လက်ရှိစာချုပ် ကုန်ဆုံးတဲ့အခါမှာ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး အသင်းနဲ့ ကျွန်တော် ဆက်လက်တွဲမယ် လက်မတွဲဘူးဆိုတာကို ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော် ချယ်ဆီးမှာ နောက် ၁၂ နှစ် ထပ်နေချင်ပါတယ်။ ကျွန်တော် နောက်လဆို ၅၁ နှစ် ပြည့်ပါပြီ။ နောက် ၁၂ နှစ်ကြာရင် နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်ချင်ပါတယ်။ ပေါ်တူဂီက ဦးစားပေးပါ။ အင်္ဂလန်ကတော့ ဒုတိယဦးစားပေး အသင်းပေါ့” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး “အသင်းတစ်သင်း အောင်မြင်မှု ရရှိဖို့အတွက် တည်ငြိမ်မှု အရေးအကြီးဆုံး အချက်ပါ။ ဥပမာ အနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ ဆိုရင် ဒေးဗစ်မိုယက်စ်ဟာ သူ့ရဲ့ အလုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်ဖို့အတွက် အချိန်ရထားပါတယ်။ ဒါဟာ သိပ်ကိုကောင်းတဲ့ အချက်ပါ” ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

Ref: skysport
Soccer Myanmar

RangonNewsDaily:: December . 23 .2013
အသင်းတစ်သင်းကို အောင်မြင်မှု ရရှိစေမည့် အဓိကအချက်သည် တည်ငြိမ်မှုရှိရန် ဖြစ်ကြောင်း၊ မိမိအနေ
ဖြင့်ချယ်ဆီးတွင် နောက်ထပ်၁၂ နှစ်ကြာဆက်နေရန်ဆန္ဒရှိကြောင်း ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်
သည်။

စစ်စခန်းဆက်လက်ထားရှိရန် နေတိုး နှင့် အာဖဂန် ဆွေးနွေး

Photo: စစ်စခန်းဆက်လက်ထားရှိရန် နေတိုး နှင့် အာဖဂန် ဆွေးနွေး
Monday, December 23, 2013

လာမည့် နှစ်တွင် အာဖဂန်နစ္စတန်၌ နေ တိုးတပ်ဖွဲ့များတပ်စွဲထားရှိရန်ကိစ္စအား နေတိုးအဖွဲ့ကအာဖဂန်နစ္စတန်နှင့်
ဆွေးနွေး ခဲ့ကြောင်း အမေရိကန်နှင့် သီးခြားသဘော တူညီချက်ရရှိ ထားသော်လည်း ယခု ဆွေးနွေး ပွဲ၌ သဘောတူ ညီမှုမရှိခဲ့ဟု ဆိုသည်။

အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်းနှင့် အမေရိကန် တို့အကြား BSA ကာကွယ်ရေး သဘောတူစာချုပ်ကိစ္စတွင် သဘောထားတင်းမာ မှုများဖြစ် ပေါ်လျက်ရှိသည်။ ဤစာချုပ် မှာ ၂၀၁၄ခုနှစ် နောက်ပိုင်း အမေရိကန် တပ်များ အာဖဂန်၌ ထားရှိရန်ဖြစ်သည်။

ကာဇိုင်းသည် BSA ကို စတင်အကောင်အထည်ဖော် ခဲ့သော် လည်း နောက်ပိုင်းတွင် လက်မှတ်ရေးထိုးရန် ငြင်းပယ် ခဲ့သည်။

တပ်အားလုံးကိုရုပ်သိမ်း သွားမည်ဟု ခြိမ်းခြောက်နေ သည့် အမေရိကန် လွှတ်တော် အမတ်များကိုလည်း ပြစ်တင် ရှုတ်ချ လိုက်သည်။ နေတိုးအရပ် ဘက်ဆိုင်ရာ အရာရှိ မူရစ်ဂျိုချမ်နှင့် အာဖ ဂန်လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ရန်ဂင်စပန်တာတို့ စတင်ညှိ နှိုင်းလျက်ရှိကြောင်း နေတိုး အဖွဲ့ အထွေထွေအတွင်းရေး မှူးရပ်စ်မူဆန်က ပြောကြားခဲ့ သည်။

''ကျွန်တော်တို့ စတင်ဆွေး နွေးမှုကို ကြိုဆိုပါတယ်။ အမေ ရိကန်၊ အာဖဂန် BSA လက် မှတ်ရေးထိုးသည်အထိ ဆက် လက်ဆွေးနွေးနေမှာပါ''ဟု ၎င်း ကဆိုသည်။ နေတိုးတပ်ဆက်ထားမှု သဘောတူညီချက် Status of forces Agreement မှာ လေ့ ကျင့်ရေးနှင့် အကြံပေးရေးအ တွက် အာဖဂန်စစ်တပ်နှင့် ရဲ တပ်ဖွဲ့အတွက် အရေးပါသည် ဟုဆိုသည်။

ကာဇိုင်းဟာ လာမည့်နှစ် ရွေးကောက်ပွဲပြီးပါက ရာထူး မှနုတ်ထွက်မည်ဖြစ် သည်။ ၎င်း က နေတိုးစစ်တပ်ကို ဆက်ထား လိုမှု မရှိဘဲ ဗုံးကြဲပါ က လူထု သေကျေမှုရှိနေသည်ဟု ပြော ခဲ့သည်။ နေတိုးတပ်များအားလုံး ရုပ်သိမ်းပါက တာလီဘန်တပ် များပြန်ရောက်လာပြီး အာဖ ဂန်စစ်တပ်လဲ ပျက်စီးသွားနိုင် သည်ဟု စိုးရိမ်မှုများရှိနေခဲ့သည် ဆိုသည်။

Yangon Media Group

RangonNewsDaily:: December . 23 .2013
လာမည့် နှစ်တွင် အာဖဂန်နစ္စတန်၌ နေ တိုးတပ်ဖွဲ့များတပ်စွဲထားရှိရန်ကိစ္စအား နေတိုးအဖွဲ့ကအာဖဂန်
နစ္စတန်နှင့် ဆွေးနွေး ခဲ့ကြောင်း အမေရိကန်နှင့် သီးခြားသဘော တူညီချက်ရရှိ ထားသော်လည်း ယခု
ဆွေးနွေး ပွဲ၌ သဘောတူ ညီမှုမရှိခဲ့ဟု ဆိုသည်။

" ခရစ္စမတ်နေ့မှာ ရန်ရန်ချန်းစီစဉ်မယ့် Dance Festiva ပွဲကြီး "

Photo: " ခရစ္စမတ်နေ့မှာ ရန်ရန်ချန်းစီစဉ်မယ့် Dance Festiva ပွဲကြီး "
Monday, December 23, 2013

Acid အဖွဲ့ဝင် ရန်ရန်ချန်းက ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြန်မာပြည်မှာ ပထမဆုံးလို့ ပြောရမယ့် DJ Festival ပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းထဲမှာ
ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Shut up and dance လို့ အမည်ပေးထားတဲ့ dance festival ကြီးနဲ့ပတ်သက်လို့ စီစဉ်သူ ရန်ရန်ချန်းက"

ကျွန်တော်တို့အရွယ် ရောက်လာတဲ့အချိန်မှ ဒီမှာ Club တွေ စပေါ်တယ်။ အဲ့ဒီမှာ DJ တွေ ပေါ်လာတယ်။ ပြောရရင် Club, DJ တွေနဲ့အတူတူကြီးလာ တာလို့ ပြောလို့ရတယ်။

အဲ့ဒီလိုပွဲမျိုးတွေကိုလည်း သဘောကျတယ်။ ပြီးတော့ ဒီမှာရှိုးဆိုတာက လူတိုင်းနဲ့အသားကျပြီးသားဖြစ်နေပြီ။ ဒီလိုပွဲမျိုးကတော့ အသားလည်းမကျသေးဘူး။ ဒါပေမဲ့ နောက်ဆို လည်း ဖြစ်လာမယ့် ပွဲတွေပဲဆိုတော့ဒီမှာစပြီးလုပ်ကြည့်တဲ့သဘောပါ" လို့ ရန်ရန်ချန်း ကပြောပြီးသူနဲ့အတူသူ့ရဲ့ သူငယ်ချင်းတစ်ဦးနဲ့ ပူးပေါင်းပြီး
ပြုလုပ်တာလို့လည်းသိရပါတယ်။

ဝင်ကြေးလက်မှတ် ဈေးကိုလည်း ပျော်ဖို့ကိုပဲ အဓိကထားတဲ့အတွက် လက်မှတ်ဈေးကို ကျပ် ၂၅ဝဝ သာသတ်မှတ်သွားမယ်လို့လည်း
သိရပါတယ်။

" ကျွန်တော်တို့က ငွေရေးကြေးရေးအမြတ်အစွန်းထက် ဒီမှာဒီလိုပွဲမျိုးကို စပြီးလုပ်ကြည့်တဲ့သဘောပါ။ DJ တွေ တော်တော် များများပါမယ်။ကျွန်တော်တို့ အနေနဲ့လည်းအဆင်ပြေရင်တော့ သီချင်းတွေဆိုကြမယ်။ အဓိကကတော့ မျှော်စင်ကျွန်းကွင်းကြီးထဲမှာ DJ လက်သံတွေနဲ့အတူ မြူးမြူးကြွကြွကခုန်ကြဖို့ပါပဲ" လို့ လည်း ရန်ရန်ချန်း က ပြောပါတယ်။

ခရစ္စမတ်နေ့မှာ ပြုလုပ်ဖြစ်တာနဲ့ပတ်သက်ပြီးလည်း ရန်ရန်ချန်းက ခရစ်ယာန်လူမျိုး မဟုတ်တဲ့အတွက် ခရစ္စမတ်ပါတီအနေနဲ့
ပြုလုပ်ခြင်းတော့မဟုတ် ကြောင်း၊ ပါမစ်ရတဲ့ရက်ကို ပြုလုပ် ဖြစ် တာဖြစ်ကြောင်း ဒီဇင်ဘာလဖွား ဖြစ်တဲ့အတွက် ဒီဇင်ဘာ တစ်လလုံး က ရက်တိုင်းမှာလည်း ပျော်ရွှင်နေ ကြောင်း ရန်ရန်ချန်းကပြောပြီး ပွဲ ချိန်ကို ညနေ၄နာရီကနေ ည၁ဝနာရီ အထိ သတ်မှတ်ထားကြောင်း သိရ ပါတယ်။

ရဲရဲ
Popular Journal

RangonNewsDaily:: December . 23 .2013
Acid အဖွဲ့ဝင် ရန်ရန်ချန်းက ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြန်မာပြည်မှာ ပထမဆုံးလို့ ပြောရမယ့် DJ Festivalပွဲကိုကန်တော်ကြီးမျှော်စင်ကျွန်းထဲမှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။Shut up and dance လို့ အမည်
ပေးထားတဲ့ dance festival ကြီးနဲ့ပတ်သက်လို့ စီစဉ်သူ ရန်ရန်ချန်းက"

New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ

Photo: New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ
Monday, December 23, 2013

ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး  နာမည်အထွက်ဆုံး အငယ်ဆုံး စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။ ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ သူမနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့ ပြောဖြစ်တာလေးတွေကတော့ ‘အကယ်ဒမီကတော့ သွားအားပေးမှာပါ။ အားလုံးကိုရစေချင်ပါတယ်။ ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသေချာသေးဘူး။ အကယ်ဒမီပေးပွဲက ဒီနှစ်ဆို ၂ နှစ်မြောက်ပေါ့။ အကယ်ဒမီပေးပွဲတက်ရတာ ပျော်လဲပျော်တယ်။ အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ရတဲ့သူတွေကို ကြည့်ပြီးသူတို့နဲ့ လိုက်ပျော်တယ်’တဲ့။

သူမဖြတ်သန်းမဲ့ Happy New Year  နဲ့ ၂၀၁၄ခုနှစ်အတွက် ခုကတည်းက ချထားတဲ့ အစီအစဉ်တွေကိုလည်း သူမက ‘New Year ကအိမ်မှာပဲရှိမှာပါ။ အပြင်ထွက်ရတာလဲ သိပ်မကြိုက်တော့လေ။ အိမ်မှာပဲမိသားစုနဲ့ဖြတ်သန်းဖြစ်မယ။် ၂၀၁၄ မှာတော့ ၁၀ တန်းစာမေးပွဲဖြေမယ။် ကားတွေရိုက်မယ်။ ၁၀တန်း အောင်စရင်းစောင့်မယ်’လို့ပြောပါတယ်။

Trend Myanmar

RangonNewsDaily:: December . 23 .2013
ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး နာမည်အထွက်ဆုံး အငယ်ဆုံး စ
တဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။

ထိုင်ဝမ်၊ မကာအိုနှင့် ဟောင်ကောင်တို့မှ မြန်မာလုပ်သားများ ခေါ်ယူလို

RangonNewsDaily:: December . 23 .2013
မြန်မာလုပ်သားများကို ခေါ်ယူရန်အတွက်ထိုင်ဝမ်၊မကာအို၊ ဟောင်ကောင်တို့မှMOU ရေးထိုးရန် ကမ်း လှမ်း

ထားကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။“ထိုင်ဝမ်၊ မ
ကာအို၊ ဟောင်ကောင်နိုင်ငံတွေက MOU တွေက လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားပါတယ်။ ပြည်ပအလုပ်အ
ကိုင်ဈေးကွက်က တအားကြီးပါတယ်။ ပေးမယ့်အေဂျင်စီကြေးတွေကလည်း တအားမြင့်ပါ တယ်။

ရန်ကုန်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ဟုဆို

Photo: ရန်ကုန်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ဟုဆို
Monday, December 23, 2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်သို့ ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ကြောင်း ရန်ကုန် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းက ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားဝင်းအတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ကရင်နှစ်သစ်ကူး ပွဲတော် ဖြစ်မြောက်ရေး အစည်းအဝေး အပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရက မတရားအသင်း အက်ဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးသည့်အတွက် အဆိုပါ ဥပဒေဖြင့် ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိသူများကို တရားစွဲဆိုမည် စိုးသောကြောင့် မဖိတ်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ က မဖျက်ရသေးဘူး။ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းကလည်း အချိန်မရွေး ပျက်ပြယ် သွားနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိသေးတယ်” ဟု ဦးစောလှထွန်းက ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် ကရင် လက်နက်ကိုင် လေးဖွဲ့တို့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော်လည်း ငြိမ်းချမ်းရေး ကိစ္စများ ယုံကြည် စိတ်ချခြင်း မရှိသောကြောင့် မဖိတ်ကြားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့များသည် အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် ကြိုးပမ်းနေသည့် အဖွဲ့များလည်း ဖြစ်သည်။
“ဒီကိစ္စကို မသိဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေ လာတက်တဲ့ ပွဲတွေ ရာနဲ့ချီပြီး ရှိနေပြီ။ ဒီလိုကြားတော့ အံ့သြမိတယ်” ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးရှိ ကရင် တိုင်းရင်းသားများ စုပေါင်း ကျင်းပသော (၇၆) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားဝင်းအတွင်း ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်အထိ သုံးရက်တာ ကျင်းပမည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 23 .2013
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်သို့ ကရင်လက်
နက်ကိုင်တပ်ဖွဲ့များကိုဖိတ်ကြားမည်မဟုတ်ကြောင်းရန်ကုန်ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး
 ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းက ပြော ကြားသည်။

ဗီဒီယိုဂိမ်းများဖြင့် ယဉ်ကျေးမှုကို စော်ကားနေကြောင်း တရုတ်ဝေဖန်

Photo: ဗီဒီယိုဂိမ်းများဖြင့် ယဉ်ကျေးမှုကို စော်ကားနေကြောင်း တရုတ်ဝေဖန်
Monday, December 23, 2013

အမေရိကန် ဂိမ်းကုမ္ပဏီ EAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသည် မိမိတို့ နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗီဒီယိုဂိမ်းများဖြင့် စော်ကားထိုးနှက်နေကြောင်း တရုတ်နိုင်ငံမှ ဩဇာကြီးမားသည့် မီဒီယာ တစ်ခုက စွပ်စွဲရေးသားလိုက်သည်။ အမေရိကန် ဂိမ်းကုမ္ပဏီ EAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို ဦးစားပေး ဖော်ပြသည့် အဆိုပါ သတင်းစာက EA၏ ဖန်တီးမှုများသည် အခြေအမြစ် မရှိသလို စော်ကားရာ ရောက်နေကြောင်း ရေးသားခဲ့သည်။ 

ယင်းဗီဒီယိုဂိမ်းတွင် အမေရိကန်သည် ရန်လိုသော တရုတ်ဗိုလ်ချုပ် တစ်ဦးကို တွန်းလှန်ရသည့် ဇာတ်လမ်းမျိုး ဖန်တီးထားပြီး ဂိမ်း၏ အဓိက ဇာတ်ကောင်သည် ဘေဂျင်းမြို့တော်ထိ ဝင်ရောက်စီးနင်း တိုက်ခိုက်ရသည့် စစ်ဆင်ရေးမျိုးတွင် ကစားရမည်ဖြစ်သည်။ အဆိုပါ ဂိမ်းဇာတ်အိမ်သည် လုံးဝ အဓိပ္ပါယ် မရှိသလို အသုံးအနှုန်းများသည် ရိုင်းစိုင်း စော်ကားလွန်းသည်ဟု သတင်းစာက ဆိုသည်။ 

South China Morning Postက အဆိုပါ ဆောင်းပါးကို ထောက်ခံသည့် အနေဖြင့် ပြန်လည် ကိုးကား ဖော်ပြခဲ့ရာတွင် "အတိတ်တုန်းကတော့ အနောက်အုပ်စု နိုင်ငံတွေဟာ ဂိမ်းတစ်ခုအတွက် စိတ်ကူးယဉ် ရန်သူတော်မျိုး ဖန်တီးမယ်ဆိုရင် ရုရှားကိုပဲ ပုံချလိုက်တာပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသားရေးခွန်အား တိုးပွားလာပြီးတဲ့နောက်မှာတော့ တရုတ်ရဲ့ ခြိမ်းခြောက်ပုံကို ဖော်ကျူးတဲ့ သီအိုရီတွေ လွန်လွန်ကဲကဲ ထွက်ပေါ်လာတာပါပဲ။ နိုင်ငံခြား ဂိမ်းကုမ္ပဏီတွေဟာ တရုတ်အမေရိကန် ပြဿနာကို လွန်လွန်ကဲကဲ ဖော်ပြပြီး လူတွေရဲ့ စိတ်ကို ဆွဲဆောင်ဖို့ ကြိုးစားနေကြတယ်"ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် "တကယ်တော့ ဗီဒီယိုဂိမ်းတွေကို အသုံးပြုပြီး နိုင်ငံတစ်ခုရဲ့ ပုံရိပ်ကို သိက္ခာချတယ် ဆိုတာက အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာကို ပုံစံအသစ် တစ်ခုနဲ့ ကျူးကျော်တာ၊ စော်ကားတာပဲ ဖြစ်ပါတယ်"ဟုလည်း ကောက်ချက်ချထားသည်။ တရုတ်ပြည်သူ့မူဝါဒရေးရာ ဌာနမှ ဒုတိယ ဒါရိုက်တာ မာဇန်ဂန်က တရုတ်ပြည်သူများ အနေဖြင့် အဆိုပါ ဗီဒီယိုဂိမ်းတွင် ဖော်ပြထားသည့် တရုတ်နိုင်ငံ၏ ပုံရိပ်မျိုးကို ဆန့်ကျင်ကြောင်း ခိုင်ခိုင်မာမာ ပြသသင့်သည်ဟု တိုက်တွန်းထားသည်။ Battlefield ဂိမ်းစီးဂီးများသည် ယခင်ကလည်း အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်သမားများ၊ အနာဂတ်ကာလ စိတ်ကူးယဉ် ရန်သူများနှင့် Naziဝါဒီတို့ကို ဗီလိန်များအဖြစ် အသုံးပြုခဲ့ဖူးပြီး Battlefield 4တွင်မူ တရုတ်ဗိုလ်ချုပ်တစ်ဦးက အဓိက ဗီလိန်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။ 

Planet Myanmar Network

RangonNewsDaily:: December . 23 .2013
အမေရိကန်ဂိမ်းကုမ္ပဏီEAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး
Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မျက်နှာသွင်ပြင်ဖတ်၍ တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်မည့် ကွန်ပျူတာစနစ်လေ့လာ

RangonNewsDaily:: December . 23 .2013
မြန်မာနိုင်ငံတွင်ပထမဆုံးအဖြစ်လူမျက်နှာသွင်ပြင်ကို ဖတ်ရှုရုံမျှဖြင့် တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်သည့် စနစ်

ကိုသုတေသနပြု လေ့လာလျက်ရှိကြောင်းရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှစာတမ်းရှင် ဒေါ်လှိုင်ထိပ်ခေါင်တင်
က ပြောကြားသည်။မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ရန်ကုန်ကွန်ပျုတာတက္ကသိုလ်နှင့် Association
of Japan Myanmar Mutual Cooperationတို့ ပူးပေါင်း၍ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ဒီဇင်
ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် First International Conference on Energy, Environment and Human Engineering စာတမ်းဖတ်ပွဲအတွင်း ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

RangonNewsDaily:: December . 23 .2013
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ဆိုက်ဗေးရီးယားထောင်ကနေ Pussy Riot မာရီယာ လွတ်ပြီ

Photo: ဆိုက်ဗေးရီးယားထောင်ကနေ Pussy Riot မာရီယာ လွတ်ပြီ
Monday, December 23, 2013

ဒီဇင်ဘာ ၂၀ ရက်နေ့က ရုရှားသမ္မတပူတင် ဟာ သူ့ရဲ့ အတိုက်ခံ စီးပွားရေးသမား ရေနံ သူဌေးဟောင်း ကိုဒိုကော့ဗ်စကီးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းပေးခဲ့ပြီးနောက်ပိုင်း ထောင်ကျနေတဲ့ Pussy Riot ပူစီအဓိကရုဏ်း ပန့်တေးဂီတအဖွဲ့ဝင် Maria Alyokhina မာရီယာ အာလျှိုကီနာ ကို ယနေ့လွှတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးလိုက်ပါပြီ။

ရုရှား ရှေးရိုးစွဲ ခရစ်ယာန်ကျောင်းတော်ကြီး တစ်ခု၌ ၂၀၁၂ ခုနှစ်က ကျင်းပတဲ့ Punk Prayer "ပန့်ဆုတောင်းသူ" ဖျော်ဖြေမှုမှာ ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ ပူတင်ကို ဝေဖန်လို့ ထောင်ကျခံရသူပါ။

ဆိုက်ဗေးရီးယား က တရာစနိုယာစ်က်ဒေသ အကျဉ်းထောင်ကနေ အာလျှိုကီနာ ကို လွှတ်ပေးလိုက်တာ ဖြစ်ကြောင်းကို အခြားပူစီအဓိကရုဏ်း အဖွဲ့ဝင် ပူထရာ ဗာဇီလော့ ရဲ့ ခင်ပွန်းသည်က အတည်ပြုပေးပါတယ်။

၂ နှစ်နီးပါး ထောင်ထဲမှာနေပြီး မှ ၂ လလောက်ကြိုတင် လွတ်ငြိမ်းချမ်းသာခွင့်ရတာဟာ မာရီယာနဲ့ နဒေဇဒါကို တို့အတွက် ဘာမှ မခံစားရပါဘူး လို့ ပူစီအဓိကရုဏ်း ပန့်ဂီတအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗာဇီလော့ က CNN ကို ပြောပြခဲ့ပါတယ်။

နောက်ထပ် ထောင်ကျ ပူစီအဓိကရုဏ်းအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ နဒေဇဒါတိုလို ကောနီကောဗာလည်း လွတ်မယ်လို့ ပြောနေကြပါတယ်။

REF : CNN

LYT
Popular Myanmar News Journal

RangonNewsDaily:: December . 23 .2013
ဒီဇင်ဘာ ၂၀ ရက်နေ့က ရုရှားသမ္မတပူတင် ဟာ သူ့ရဲ့ အတိုက်ခံ စီးပွားရေးသမား ရေနံ သူဌေးဟောင်း ကိုဒိုကော့ဗ်စကီးကိုသမ္မတအမိန့်ဖြင့် လွတ်ငြိမ်းပေးခဲ့ပြီးနောက်ပိုင်း ထောင်ကျနေတဲ့ Pussy Riot ပူစီအဓိက
ရုဏ်း ပန့်တေးဂီတအဖွဲ့ဝင် Maria Alyokhina မာရီယာ အာလျှိုကီနာ ကို ယနေ့လွှတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးလိုက်ပါပြီ။

နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူများကို အမှုပိတ်ပေး ရန် နိုင်ကျဉ်းကော်မတီ အကြံပြု

RangonNewsDaily:: December . 23 .2013
ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ ၁၈)၊ အသင်းအဖွဲ့ဆိုင်ရာကဲ့သို့သော ဥပဒေပုဒ်မများ၊ နိုင်ငံ ရေး၊ အလုပ်သမားရေး၊လယ်သမားရေးတက်ကြွလှုပ်ရှားမှုများကြောင့် နိုင်ငံရေးပုဒ်မအမျိုးမျိုးဖြင့်တရား ရင်ဆိုင်နေ

ရသူများကို ယခုနှစ်ကုန်မတိုင်မီအတွင်း အမှုပိတ်သိမ်းပေးရန် နိုင်ငံတော်သမ္မတရုံးသို့ အကြံ ပြုစာပေးပို့ထား
သည်ဟုလက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များကဒီဇင်ဘာ၂၂ ရက်တွင် မဇ္ဈိမကို ပြော
သည်။

မွန်အမျိုးသားပါတီအမည်သစ်ဖြင့် မွန်နိုင်ငံရေးပါတီ နှစ်ခု ပေါင်းပြီ

RangonNewsDaily:: December . 23 .2013
မွန်ဒီမိုကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ ဒီဇင်ဘာ၂၂ ရက်တွင်

မော်လမြိုင်မြို့ ဈေးကြိုရပ်ရှိ ဒါတုမာလာကျောင်းတိုက်၌ ကျင်းပသော ၁၉ ကြိမ်မြောက် နှစ်ပါတီ ပေါင်း စည်း
ရေး ညှိနှိုင်းအစည်းအဝေးမှအမည်သစ်တစ်ခုဖြစ်သည့်မွန်အမျိုးသားပါတီ(Mon National Party) အမည်ဖြင့်
ပေါင်းစည်းမည်ဖြစ်သည်ဟု အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင် ညပိုင်းလာဖို့မသင့်လျှော်

RangonNewsDaily:: December . 23 .2013
ပုသိမ်မြို့နယ်မှာရှိတဲ့ နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင်ညပိုင်းမလာကြ
ဖို့ ဧရာဝတီတိုင်းဒေသကြီး သစ်တောဌာန ထိပ်တန်းအရာရှိတဦးက ပြောပါတယ်