Pages

Saturday, December 21, 2013

27 SeaGame မြန်မာနိုင်ငံမှ ယနေ့ယှဉ်ပြိုင်ကစားခဲ့သော ကစားနည်းများ မှအနိုင်အရှုံးရလဒ်များ

Photo: ဂျုဒိုအားကစားပြိုင်ပွဲ -100 Kg (အမျိုးသား)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရန်နိုင်စိုး (အပြာရောင်) နှင့် ဗီယက်နမ်နိုင်ငံမှ DANG Hao (အဖြူရောင်)တို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ အနိုင်ရရှိပြီး အရှေ့တောင်အာရှရဲ့ ချန်ပီယံ အဖြစ် ရွှေတံဆိပ် ဆွတ်ခူးလိုက်ပါပြီ ဖြစ်ပါတယ် ခင်ဗျား။

Credit to MOI Webportal Myanmar
#HM

RangonNewsDaily:: December . 21 .2013
ဂျုဒိုအားကစားပြိုင်ပွဲ -100 Kg (အမျိုးသား)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှရန်နိုင်စိုး (အပြာရောင်) နှင့် ဗီယက်နမ်နိုင်
ငံမှDANG Hao (အဖြူရောင်)တို့ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ အနိုင်ရရှိပြီး အရှေ့တောင်အာရှရဲ့ ချန်ပီယံ
အဖြစ် ရွှေတံဆိပ် ဆွတ်ခူးလိုက်ပါပြီ ဖြစ်ပါတယ် ခင်ဗျား။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က Sea Games ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များသို့ ပေးပို့သော သဝဏ်လွှာ

Photo: ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က Sea Games ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များသို့ ပေးပို့သော သဝဏ်လွှာ (၂၀-၁၂-၂၀၁၃)
Thursday, December 20, 2013

အမိနိုင်ငံတော်ကို ကိုယ်စားပြုသော အားကစားပြိုင်ပွဲဝင် မောင်တို့ မယ်တို့ -

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ ယနေ့အချိန်အခါမှာ ပြိုင်ပွဲဝင် အားကစားမောင်မယ်များဟာ လှေခွက်ချည်းကျန် အလံမလှဲသော စိတ်ဓါတ်ကို ရင်ဝယ်ပိုက်လျက် ကြိုးစား ယှဉ်ပြိုင် နေကြတာကို မျက်ဝါးထင်ထင် မြင်နေရသလို ပြည်သူလူထု တစ်ရပ်လုံးကလည်း နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်နဲ့ တစ်ခဲနက် အားပေးကြလျက် ရှိပါတယ်။ အမျိုးမျိုးသော အားကစား ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေကို ရယူနိုင်ခဲ့တာဟာ မောင်တို့မယ်တို့ရဲ့ အနှစ်နှစ်အလလ အပင်ပန်းခံ ကြိုးစားအားထုတ်ခဲ့မှုတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှာဆိုရင် တစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက် တွေကို ထမ်းပိုးထားခဲ့တဲ့ သမီးငယ်တွေဟာ အမိနိုင်ငံရဲ့ သမီးကောင်းရတနာများပီပီ တတ်နိုင်သမျှ ဆိုတာထက် သာလွန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်၊ အိမ်ရှင်နိုင်ငံရဲ့ သန့်ရှင်းမျှတတဲ့ အားကစားစိတ်ဓါတ်၊ အသင်းလိုက် စည်းလုံးညီညွတ်မှု၊ မခိုမကပ်တမ်း ကြိုးစားအားထုတ်မှု တို့ကို စံနမူနာ အတုယူဖွယ်ရာ လက်တွေ့ပြသခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများ ကိုယ်စား ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။

ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ကြေးတံဆိပ်ဆုတွေ အသီးသီး ရယူနိုင်ခဲ့ကြတဲ့ အားကစားမောင်မယ် တွေအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ပြီ ဖြစ်သလို ဆုတံဆိပ် မရရှိခဲ့ကြပေမယ့်လည်း အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့ကြပြီး ကံအကြောင်း မလှလို့ ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့ကြရတဲ့ မောင်မယ်တွေအတွက်လည်း ဂုဏ်ယူအားပေးလျက် ရှိပါတယ်။ 
မြန်မာ့လက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်း ဆိုရင်လည်း ရွှေတံဆိပ် ဆုကို မရရှိနိုင်ခဲ့ပေမယ့် ပြည်သူတွေပေးတဲ့ ချန်ပီယံဆုကို ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။ အလားတူပါပဲ Sea Games အားကစားပြိုင်ပွဲ အမျိုးအစားအသီးသီးမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ အမိနိုင်ငံရဲ့ သားကောင်း ရတနာ၊ သမီးကောင်း ရတနာ အားကစားမောင်မယ်တွေ အားလုံးကို တစ်နိုင်ငံလုံး ပြည်သူလူထု တစ်ရပ်လုံးက လှိုက်လှိုက်လှဲလှဲ တစ်ခဲနက် အားပေးလျက် ရှိနေကြပါတယ်။ နိုင်ငံရဲ့သမိုင်းနဲ့ Sea Games ပြိုင်ပွဲသမိုင်းမှာ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ခဲ့ကြပြီ ဖြစ်တဲ့ အားကစားမောင်မယ် အားလုံးအတွက် ပြည်သူအားလုံးရဲ့ ကိုယ်စား နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်သမ္မတ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။

ဆက်လက် ယှဉ်ပြိုင်ကြရမယ့် အားကစား ပြိုင်ပွဲအသီးသီးမှာလည်း “မြန်မာ” ဆိုတဲ့ နိုင်ငံ့ဂုဏ်၊ “မြန်မာ” ဆိုတဲ့ အမျိုးသားရေး သိက္ခာကို အစွမ်းကုန် မြှင့်တင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြမယ် ဆိုတာကိုလည်း အပြည့်အ၀ ယုံကြည်ပါတယ်။ ကိုယ်စီတာဝန် ကျေပွန်ခဲ့ကြပြီဖြစ်တဲ့ အားကစား မောင်မယ်များအားလုံး ရှေ့ဆက်ပြီးလည်း နိုင်ငံ့ပုံရိပ်နဲ့ နိုင်ငံ့ဂုဏ်သိက္ခာကို ဂုဏ်ယူဝင့်ကြွားနိုင်အောင် ဆက်လက်ကြိုးပမ်း မြှင့်တင်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 

(မူလစာမျက်နှာ - president-office.gov.mm)
The Voice Weekly

RangonNewsDaily:: December . 21 .2013
အမိနိုင်ငံတော်ကိုကိုယ်စားပြုသောအားကစားပြိုင်ပွဲဝင် မောင်တို့မယ်တို့ -(၂၇)ကြိမ်မြောက် အရှေ့တောင်
အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ ယနေ့အချိန်အခါမှာ ပြိုင်ပွဲဝင် အားကစား
မောင်မယ်များဟာ လှေခွက်ချည်းကျန် အလံမလှဲသော စိတ်ဓါတ်ကို ရင်ဝယ်ပိုက်လျက် ကြိုးစား ယှဉ်ပြိုင် နေ
ကြတာကို မျက်ဝါးထင်ထင် မြင်နေရသလို ပြည်သူလူထု တစ်ရပ်လုံးကလည်း နိုင်ငံချစ်စိတ်၊ အမျိုးသားရေး
စိတ်နဲ့ တစ်ခဲနက် အားပေးကြလျက် ရှိပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ စက်ရုပ် အာကာသ ယာဉ်မှူးလေး အာကာသထဲမှာ စကား စပြောပြီ

Photo: ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ စက်ရုပ် အာကာသ ယာဉ်မှူးလေးဟာ အာကာသထဲမှာ စကား စပြောပြီလို့ ဂျပန် နိုင်ငံက ပြောကြားပါတယ်။

ကီရိုဘိုလို့ နာမည်ပေးထားတဲ့ ဒီစက်ရုပ်လေးကို ပြီးခဲ့တဲ့ သြဂုတ်လက ဂျပန်ကနေ အာကာသကို လွှတ်တင်လိုက်တာဖြစ်ပြီး အခုတော့ စက်ရုပ်လေးဟာ နိုင်ငံတကာ အာကာသ စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

အာကာသစခန်းက ဂျပန် အာကာယာဉ်မှူး အရာရှိ ကိုအိချိ ဝါကာတာကို စက်ရုပ်လေးကနေ စကားပြောနေတာကို ဗီဒီယိုကနေတဆင့် တွေ့ရပါတယ်။
ကီရိုဘိုရဲ့ ပြောစကားတွေဟာ တင်ကြိုပြီး ပရိုဂရမ် ရေးဆွဲထားတဲ့ စကား မဟုတ်ဘဲ လူတွေလိုပဲ အခြေအနေကို ကြည့်ပြီး ပြန်လည် တုံ့ပြန် ပြောကြား တာသာ ဖြစ်တယ်လို့ ဒီစက်ရုပ်ကို တီထွင်သူတွေက ပြောပါတယ်။

တီထွင်သူတွေကတာ့ ကီရိုဘိုနဲ့ အလားတူ တခြား စက်ရုပ်တွေနဲ့ ပတ်သတ်ပြီး အနာဂတ်အတွက် အများကြီး စဉ်းစားထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အခုလို အာကာသစခန်းမှာ ရှိနေတဲ့ သူတွေအတွက် စကားပြောဖော်ရအောင် အတွက်သာမကဘဲ ကမ္ဘာပေါ်က သက်ကြီးရွယ်အိုတွေနဲ့ အထီးကျန်နေတဲ့ လူတွေအတွက်ပါ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

BBC Burmese

RangonNewsDaily:: December . 21 .2013
ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ စက်ရုပ် အာကာသ ယာဉ်မှူးလေးဟာ အာကာသထဲမှာ စကား စပြောပြီလို့ ဂျပန် နိုင်ငံက ပြောကြားပါတယ်။

ကချင်ပြည်နယ်အတွင်း ခိုးဝင်သူ တရုတ်နိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရ

Photo: ကချင်ပြည်နယ်အတွင်း ခိုးဝင်သူ တရုတ်နိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရ
Saturday, December 21, 2013

ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးကို တနိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ပြီး ဒီနေ့ မြစ်ကြီးနားမြို့ ပြည်နယ်လ၀ကရုံးက တရားစွဲလိုက်ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသား ၁၈ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က စီးပွားရေးဗီဇာနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ မြန်မာနိုင်ငံ မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပြီး အဲ့ဒီကတဆင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဝင်ရောက်လာချိန်မှာ အခုလို ဖမ်းဆီးလိုက်တာလို့ အမည်မဖော်လိုတဲ့ ပြည်နယ်အရာရှိတစ်ဦးက RFAကိုပြောပါတယ်။

အဲဒီ တရုတ်နိုင်ငံသားတွေဟာ တနိုင်းမြို့နယ်ထဲက ပယင်းမှော်၊ ရွှေမှော်တွေမှာ လုပ်ငန်းလုပ်ကိုင်ဖို့ ရောက်လာသူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်မှာ နယ်စပ်ဖြတ်ကျော်လာပြီး ဗီဇာနဲ့ဝင်ရောက်သူတွေကို မြို့ပေါ်မှာသွားလာခွင့်ပြုပြီး မြို့ပြင်ထွက်ရင် ခွင့်ပြုချက်တောင်းခံရမယ့် မြို့နယ်နဲ့ မြို့နယ်ခွဲ ၉ ခုရှိပြီး ဖားကန့်၊ တနိုင်း၊ ချီဖွေ စတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်နဲ့မြို့နယ်ခွဲ ၁၂ ခုကိုတော့ ကန့်သတ်တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

၂၀၁၃ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာလကုန်အထိ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေအပါအဝင် တားမြစ်နယ်မြေတွေကို ကျူးကျော်ဝင်ရောက်သူ သူစုစုပေါင်း တစ်ရာကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

RFA

RangonNewsDaily:: December . 21 .2013
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးကို တနိုင်းလူဝင်
မှု ကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ပြီး ဒီနေ့ မြစ်ကြီးနားမြို့ ပြည်နယ်လ၀ကရုံးက တရားစွဲလိုက်ပါတယ်။

လျှပ်စစ်မီတာခ တိုးကောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၄ ဦးကို အမိန့်ချမှတ်

Photo: လျှပ်စစ်မီတာခ တိုးကောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၄ ဦးကို အမိန့်ချမှတ်
Saturday, December 21, 2013

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းပြီး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့်အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ 

သူတို့ ၄ ဦးအတွက် ဒဏ်ငွေ ၄ သောင်းကို အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပေးဆောင်ခဲ့တယ်လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“ဒဏ်ငွေတစ်သောင်း ပေးဆောင်ရမယ်၊ ဒဏ်ငွေတစ်သောင်း မပေးဆောင်နိုင်ပါက ထောင်တစ်လဆိုပြီးတော့ အဲဒီအမိန့်သံပဲ ကျနော်ကြားလိုက်တယ်၊ ကျနော်တို့ကို ဒဏ်ငွေပေးဆောင်ခိုင်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် အနိုင်ကျင့်တယ်လို့ပဲ ကျနော်ခံယူတယ်၊ ထောင်ထဲကိုလည်း ကျနော်တို့က ပြန်ပြီးတော့ သွားစရာအကြောင်းမရှိဘူး၊ တိုင်းပြည်တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးထားတာလည်း မဟုတ်ဘူး၊ အများပြည်သူအတွက်နဲ့ အစိုးရရဲ့ ဂုဏ်သိက္ခာအတွက် ကြားထဲက ကူညီဆောင်ရွက်ပေးတာပဲ၊ ဒဏ်ငွေကိုလည်း ပေးဆောင်စရာအကြောင်း မရှိဘူး၊ ဒဏ်ငွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အကျိုးကို ကူညီပြီးတော့ဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က သူဝင်ဆောင်သွားပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခ ၂ ဆနီးပါး တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြသူတွေဟာ ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ်၊ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာကြောင့် ပန်းပဲတန်းမြို့နယ်ရဲစခန်းက တရားလိုပြုလုပ်ကာ စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA

RangonNewsDaily:: December . 21 .2013
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်
ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းပြီး

ရုရှား အတိုက်အခံ ရေနံသူဋ္ဌေး လွတ်ငြိမ်းချမ်းသာခွင့်ရ

Photo: ရုရှား အတိုက်အခံ ရေနံသူဋ္ဌေး လွတ်ငြိမ်းချမ်းသာခွင့်ရ
Saturday, December 21, 2013

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာ အကျဉ်းကျနေတဲ့ ရုရှားရေနံသူဋ္ဌေးကြီး Mikhail Khodorkovsky ပြန်လွတ်လာပါပြီ။ အခွန်တိမ်းရှောင်မှု၊ အလွဲသုံးစားလုပ်မှုတွေနဲ့ Khodorkovsky ထောင်ချခံထားရတာ ဆယ်နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

Yukos ရေနံကုမ္ပဏီအကြီးအကဲဟောင်းကို လူသားချင်းစာနာမှု အကြောင်းပြချက်တွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ မစ္စတာပူတင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ သောကြာနေ့ က ကြေညာပါတယ်။ ကိစ္စရပ်မျိုးစုံကို ရှင်းလင်းပြောဆိုခဲ့တဲ့ ကြာသပတေးနေ့က အချိန်အတော်ကြာတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Khodorkovsky ကို လွှတ်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုတာကို ရုရှားသမ္မတက ကြေညာထားတာပါ။

Khodorkovsky က သူ့ရဲ့မိခင် မကျန်းမမာ ဖြစ်နေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပထမဆုံးအကြိမ်အဖြစ် ပန်ကြားခဲ့တယ်လို့ မစ္စတာပူတင်ကပြောပါတယ်။ ရုရှားနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Khordorkovsky ဟာ ရုရှားအစိုးရကို အပြင်းအထန် ဝေဖန်ခဲ့သူဖြစ်ပြီး သူ့ကို ထောက်ခံ သူတွေကတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သူ့ကို သတ်မှတ်ထားပါတယ်။

Pussy Riot ပန့်ခ်ရော့ခ်ဂီတအဖွဲ့ဝင် နှစ်ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေး မယ်လို့ မစ္စတာပူတင်က ပြောခဲ့ပါသေးတယ်။ နောက်နှစ် ဖေဖော်ဝါရီလ ကျရင် ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေချိန်မှာပဲ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေး တဲ့ ကြေညာချက်တွေ ထွက်လာတာဖြစ်ပါတယ်။

အကျဉ်းကျခဲ့ရတဲ့ ရုရှားရေနံသူဌေးကြီး Mikhail Khodorkovsky လွတ်မြောက်၊

VOA
အကျဉ်းကျခဲ့ရတဲ့ ရုရှားရေနံသူဌေးကြီး Mikhail Khodorkovsky လွတ်မြောက်၊
RangonNewsDaily:: December . 21 .2013
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာ အကျဉ်းကျနေတဲ့ရုရှားရေနံသူဋ္ဌေးကြီး Mikhail Khodorkovsky ပြန်လွတ်လာပါပြီ။ အခွန်တိမ်းရှောင်မှု၊ အလွဲ
သုံးစားလုပ်မှုတွေနဲ့ Khodorkovsky ထောင်ချခံထားရတာ ဆယ်နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

27 SeaGame ရွက်လှေ ရွှေတံဆိပ် ဆုရှင် ဖုန်းကျော်မိုးမြင့်နှင့် တွေ့ဆုံခြင်း

Photo: ရွက်လှေ ရွှေတံဆိပ် ဆုရှင် ဖုန်းကျော်မိုးမြင့်နှင့် တွေ့ဆုံခြင်း
Saturday, December 21, 2013

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ရွက်လှေ အားကစား ပြိုင်ပွဲကို ဧရာဝတီတိုင်း ငွေဆောင် ကမ်းခြေရှိ ငွေဆောင် ရွက် လှေ ကလပ်မှာ တပတ်ကြာ ကျင်းပ နေပါတယ်။ ဒီဇင်ဘာ ၁၁ ရက်က ဖွင့်ပွဲ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၁၅ မှ ၂၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီမှာတော့ ဆုရ အားကစားသမားများကို ကြေညာပြီး ဆုပေးမှာ ဖြစ်ပါတယ်။ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင် စတဲ့ အာဆီယံ ၆ နိုင်ငံက အားကစားသမား ၁၂၅ ဦး ပါဝင် ယှဉ်ပြိုင်နေပြီး ရွှေတံဆိပ် ၁၃ ခု ပေးအပ်မှာ ဖြစ်ပါတယ်။

ရွက်လွှင့် အားကစားနည်းဟာ တခြား အားကစားများနဲ့မတူဘဲ လေတိုက်နှုန်း အနေအထား(မိုးလေ၀သ ကောင်းမွန်မှု)၊ လှေနဲ့ အလေးချိန်တွေပေါ်မှာ မူတည်တဲ့အတွက် တခါတရံ ခန့်မှန်းသလို မဖြစ်တတ်တာလည်း ရှိနိုင်ပါတယ်။ ရေဒါ ရွက်လွှင့်နည်းကို ဒီဇင်ဘာ ၁၆ နဲ့ ၁၉ ရက်အထိ ပြိုင်ပွဲငယ် ၁၂ ပွဲ ရွက်လွှင့်ကစားပြီး မြန်မာက ထိပ်ဆုံးမှာ အမြဲ ရှိနေပါတယ်။

ရွက်လွှင့် ကစားနည်း ၁၃ မျိုးထဲက အသက် ၁၅ နှစ်အောက် အုပ်စုလိုက် ရွက်လွှင့် ပြိုင်ပွဲမှာ ထိုင်းက ရွှေတံဆိပ်၊ စင်္ကာပူ က ငွေ နဲ့ မလေးရှားက ကြေးတို့ကို ဆွတ်ခူးထား ပါတယ်။ ၃ ရက်တာ ကျင်းပပြီးစီးခဲ့တဲ့ အတွင်း ကျန်တဲ့ ရွက်လှေစီးနည်း ၁၁ မျိုး (Half Rater မှအပ)ထဲမှာတော့ မလေးရှားက ထိပ်ဆုံးက ပြေးနေပြီး ထိုင်းက ဒုတိယလိုက်နေပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ ရေဒါ (Half Rater) ရွက်လှေ ပြိုင်ပွဲမှာ မြန်မာနိုင်ငံက စည်သူမိုးမြင့် နဲ့ ဖုန်းကျော်မိုးမြင့် တို့က ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ စတင်ယှဉ်ပြိုင်တဲ့ ရွက်လှေပြိုင်ပွဲ ၁၃ မျိုးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ရွက်လွှင့်သမား ၂၅ ဦး ပါဝင် ယှဉ်ပြိုင် နေပါတယ်။ မြန်မာတွေ ရွှေတံဆိပ် ရရှိထားတဲ့ ရွက်လွှင့်နည်းတမျိုး ဖြစ်တဲ့ Half Rater (ရေဒါ) ရွက်လွှင့် ပြိုင် ပွဲဝင်နေသူ ၂ ဦးထဲက တဦးဖြစ်တဲ့ ကိုဖုန်းကျော်မိုးမြင့်ကို ဒီဇင်ဘာ ၁၇ ရက်မှာ ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်း က တွေ့ဆုံ မေးမြန်းထားပါတယ်။

ငွေဆောင် ရွက်လှေကလပ်နဲ့ အားကစားသမားများ တည်းခိုရာ အဆောက်အအုံ တို့ကို ၂၀၁၂ ခုနှစ် သြဂုတ်လက စတင် ဆောက်လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌ ဦးမိုးမြင့်က ကုန်ကျစရိတ် အားလုံး ကျပ် ၁၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၆.၇ သန်းခန့်) နဲ့ တာဝန်ယူ ဆောက်လုပ်တာ ဖြစ်ပါတယ်။ ရွက်လှေ ပြိုင်ပွဲတွေကို မြန်မာ့ လက်ရွေးစင် အားကစားသမားတွေ ဖြစ်တဲ့ စုမြတ်စိုး၊ စည်သူမိုးမြင့်၊ ဖုန်းကျော်မိုးမြင့် နဲ့ ဝေပွင့်ဝါဘို တို့က ဦးဆောင် ရွက်လွှင့် ကြပါတယ်။ ကိုဖုန်းကျော်မိုးမြင့်ဟာ မြန်မာ့ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌ ဦးမိုးမြင့်ရဲ့ သားငယ်လည်း ဖြစ် ပါတယ်။

မေး။  ။ အခု ပြိုင်ပွဲမ၀င်ခင် ပြိုင်ပွဲမှာ ပါဝင်ဖို့ ဘယ်လောက် အထိ အတွေ့အကြုံ ယူခဲ့ရလဲ။

ဖြေ။  ။ ဒီလိုမျိုး ပြိုင်ပွဲဝင်ဖို့ ကျနော်တို့ ၂၀၀၁ တုန်းက ကျနော်နဲ့ ကျနော် အစ်ကို (စည်သူမိုးမြင့်) ရွှေရခဲ့တယ်။ ကျနော် တို့ ၂၀၀၂ ကိုရီးယား အေးရှားဂိမ်း အထိ (ရွက်လှေလွှင့်) ဆက်စီး ပါတယ်။ အဲ့ဒါ ပြီးတော့ ဆက်မစီးတော့ဘူး။ မစီး တာက ၁၀ နှစ်လောက် ရှိပြီပေါ့။ ဒီပွဲအတွက် ပြင်ဆင်တာက ကျနော်တို့ ၂၀၁၂ က စပြီး ပြင်ဆင်တာ။ နိုင်ငံခြားပွဲတွေလည်း သိပ်ပြီးတော့ မပြိုင်ဖြစ်ဘူး။ ကျနော်တို့မှာ Experience အရဆိုရင် ၂၀၁၃ ဧပြီလ ဆီးဂိမ်း အကြို (Pre SEA Games) ဒီငွေဆောင်မှာ လုပ်ခဲ့တယ်။ အဲ့ဒီတုန်းက နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့တယ်။ သြစတြေးလျက လာပြိုင်တယ်။ စင်္ကာပူကလည်း လာပြိုင်တယ်။ အဲ့ဒီ ပရီဆီးဂိမ်းမှာ ကျနော်တို့ ရွှေရတယ်။ ဒီပွဲထက် ပိုကြပ်တယ်။

မေး။  ။ ၁၀ နှစ်နားထားခဲ့ပြီးမှ အခုတခေါက် ပြန်စီးတော့ အတွေ့အကြုံတွေက ဘယ်လို ကွာသွားလဲ။

ဖြေ။  ။ ကျနော်နဲ့ ကျနော့် အစ်ကိုက ၈ နှစ် ၉  နှစ်သားကတည်း လှေစီးတာ။ Experience က ရှိခဲ့တယ်။ ဒါပေမယ့် လှေနဲ့ စီးဖို့ ဝေးသွားတာ ၁၀ နှစ်လောက်ရှိတဲ့ အတွက် အကုန် ပြန်စရတာပေါ့။ ကျနော်တို့မှာ ငယ်ငယ်လေးတည်းက အတွေ့အကြုံရှိတယ်။ ကျနော်တို့ ပြိုင်ဘက်တွေကို ပြန်ကြည့်ရင်တော့ သူတို့က အမြဲ ပြိုင်နေတာ။ ဒီလှေ အမျိုးအစားနဲ့တော့ မဟုတ်ဘူး။ ဒီ့ပြင်လှေ အမျိုးအစားနဲ့ ပြိုင်တာပေါ့။ ကျနော်တို့ Experience တော့ ရှိပေမယ့် ကြိုးစားရမှာပေါ့။ Training တွေအများကြီး ဆင်းခဲ့ရတာပေါ့။

မေး။  ။ ငယ်ငယ်တည်းက နိုင်ငံတကာ အတွေ့အကြုံ ရှိခဲ့တယ် ဆိုတာ ဘယ်နှနှစ်သားလောက်လဲ။

ဖြေ။  ။ ကျနော်နဲ့ ကျနော့် အစ်ကို စစီးတုန်းက ၉ နှစ်သားပါ။ ၁၉၉၆ ခုနှစ်က ကျနော့်အတွက် ပထမဆုံး နိုင်ငံတကာ ပွဲပေါ့။ အဲ့ဒီတုန်းက ကမ္ဘာ့ ချန်ပီယံပွဲ (World Championship) ကို တောင်အာဖရိကမှာ သွားပြိုင်ခဲ့တာ။ အဲ့ဒီတုန်းက တောက်လျှောက်ပဲ၊ ၉ နှစ် ကနေ ၁၅ နှစ်အထိ စီးခဲ့တယ်။ ကျနော် ၂၀၀၁ ခုနှစ် ရွှေရတုန်းက ကျနော် ၁၆ နှစ်ပဲ ရှိသေး တယ်။ ကျနော်အစ်ကိုက ၁၉ နှစ်။

မေး။  ။ အခု ဒီပွဲ အတွက်တော့ ဘယ်လောက်အထိ မှန်းထားလဲ။

ဖြေ။  ။ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ ရွှေ ရဖို့ကို။ ရွှေ ရဖို့ကလည်း တော်တော်လေး ကျိန်းသေ နေပြီ။ နောက်ထပ် ၆ ပွဲလို သေးတယ်။ အဲ့ဒီ ၆ ပွဲမှာ ဘာဖြစ်လာမလဲ ကျနော်လည်း မသိဘူး။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် စီးတယ်။ Protest တွေက ရှိတော့ ဒီနေ့မှ Result ထွက်မယ်။

မေး။  ။ မနေ့က စပြိုင်တဲ့ ပွဲမှာရော ဒီနေ့ရော Protest (ရွက်လွှင့် ယှဉ်ပြိုင်နေစဉ်အတွင်း စည်းကမ်း မလိုက်နာဟု ပြိုင် ဘက် အသင်း တခုခုမှ တိုင်တန်းလာခြင်း) တွေ ရှိလာနိုင်သေးလား။

ဖြေ။  ။ မနေ့ကတော့ စင်္ကာပူနဲ့ အင်ဒိုနီးရှား Protest ရှိတယ်။ စင်္ကာပူ နိုင်တယ်လို့ကြားတယ်။ ဒီနေ့လည်း ရှိဦးမယ်၊ ဘယ်သူတွေဖြစ်မလဲတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ ရှင်းပါတယ်။ နောက်မှာ ဘာ Protest မှမရှိဘူး။ (ကျနော်တို့လှေပြိုင်နေစဉ်) နောက်မှာ ဘာတွေဖြစ်နေလဲ ကျနော်လည်း သေချာမသိဘူး။

မေး။  ။ မနက်တုန်းက ပြိုင်ပွဲကို ကြည့်တဲ့ အချိန်တုန်းကတော့ မြန်မာရဲ့ အနောက်မှာ ထိုင်းက ကပ်လိုက်နေတယ်။ တကယ်တမ်း ဒီပွဲစဉ် ၆ ပွဲပြီးတဲ့အခါ ကိုယ်နဲ့ အပြိုင် ကြဲနေရတဲ့ အသင်းတွေက ဘယ်အသင်းတွေလဲ။

ဖြေ။  ။ ခပ်ကြမ်းကြမ်း ပြောရမယ်ဆိုရင် ကျနော် ထင်တာကတော့ စင်္ကာပူနဲ့ ယိုးဒယား (ထိုင်း) လားမသိ။ သူတို့ ၂ ယောက် ကတော့ ငွေကို လုကြမှာပေါ့။ သေချာပေါက်တော့ ကျနော်မသိဘူး။ ကျနော် ထင်တာကတော့ စင်္ကာပူနဲ့ ယိုးဒယား ငွေလုကြမယ် ထင်တယ်။ နောက်ထပ် ၆ ပွဲ ကျန်သေးတယ်။ နောက် ၂-၃ ရက် အတွင်းမှာပါ။ တချို့ ရက် တွေမှာ ၃ ပွဲ ပြိုင်ရင် ပြိုင်မယ်။ ၁ ပွဲ ပြိုင်ရင်လည်း ပြိုင်မယ်။ မနက်ဖြန် ဘာလာမလဲ မသိဘူး။ ဒါက မိုးလေ၀သပေါ်မှာ ရာသီဥတုပေါ်မှာ အများကြီး မူတည်တယ်။

မေး။  ။ ဒီ Class က အားကစားနည်း ၁၃ ခုထဲမှာ ရိုးရာ အားကစားတခု အဖြစ် ထည့်သွင်း ကျင်းပတာလို့ သိရတယ်။ တခြားပြိုင်ဘက် နိုင်ငံတွေကရော၊ တချို့နိုင်ငံအတွက် ဒီ ကစားနည်းက အသစ်ဖြစ်ကောင်းဖြစ်မယ်။ ဒီအတွက်ရော ကွန်ပလိန်း တက်တာရှိလား။

ဖြေ။  ။ မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ Half Rater စတုန်းက Half Rater က Double handed digging. ဒီလှေက Very Simple  ဖြစ်တယ်။ တခြား လှေတွေနဲ့ယှဉ်ရင် ပိုပြီး Simple (ရိုးရှင်း) တယ်။ အဓိက ဘာကွာလဲဆိုတော့ Weight (အလေးချိန်) ကွာတယ်။ ကီလို ၃၃၀-၃၆၀ လောက် ရှိတယ်။ တခြားလှေတွေ ကျတော့ အဲ့ဒီ လောက် မလေးဘူးပေါ့။ ဒီလှေက စီးဖို့ ရှင်းပါတယ်။ ဘယ်ရွက်လှေ သမားပဲဖြစ်ဖြစ် ဒီလှေပေါ် တက်လိုက်တာနဲ့ စီးလို့ရ တယ်။ ပြိုင်ပွဲ မစခင်လည်း ကျနော်တို့ မဲလည်း နှိုက်ထားတယ် ဆိုတော့ လှေက အားလုံး Equal (အတူတူ) ဖြစ်နေ တယ်။ အားလုံး ကိုယ်ကျတဲ့လှေ ကိုယ်စီးပေါ့။ အကောင်းဆုံး ဖြစ်အောင်ပဲ စီးရမှာ။

မေး။  ။ ဒီပြိုင်ပွဲက ကမ်းနဲ့ကျတော့ ဘယ်နှမိုင်လောက် ဝေးလဲ။ ပြိုင်ပွဲဝင်း အကျယ်ကရော ဘယ်လောက်ဝေးလဲ။ ကျမ တို့ မနက်က လိုက်ကြည့်တော့ အတော်လေး ဝေးတယ်။ မိုင်တော့ မခန့်မှန်းတတ်ဘူး ဆိုတော့လေ။

ဖြေ။  ။ ကျနော် မသိဘူးဗျ။ ပြိုင်ပွဲ(Race) ဧရိယာကတော့ ခပ်ကြမ်းကြမ်း ပြောရမယ် ဆိုရင်တော့ မီတာ ၅၀၀ ပတ် လည် ၀န်းကျင်လောက် ရှိမယ်။ ဘွိုင်ယာ လေးခု ရှိတယ်။ အဲ့ဒီ Course က မီတာ ၅၀၀ လောက် ဝေးတယ်။ ဘယ်နှပတ် ပြိုင်ရမလဲဆိုတာ Race ကော်မတီက ဆုံးဖြတ်တယ်။ Outer Course ဆို အပြင်ဘွိုင်ကို ၃ ပတ်ပတ်။ Inner Course ဆို အထဲမှာပတ်။ ပွဲတွေ အတော်များများက ၃ ပတ်ပတ် ခိုင်းတယ်။ ဓာတ်ပုံတွေမှာတော့ သေချာပြထား ပါတယ်။  

ဖုန်းကျော်မိုးမြင့် (ဘယ်) နှင့် အစ်ကိုဖြစ်သူ စည်သူမိုးမြင့် (ညာ) အတူ လေ့ကျင့်နေစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ ရွက် လှေ အဖွဲ့ချူပ်)

ဧရာဝတီ
ဖုန်းကျော်မိုးမြင့် (ဘယ်) နှင့် အစ်ကိုဖြစ်သူ စည်သူမိုးမြင့် (ညာ) အတူ လေ့ကျင့်နေစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ ရွက် လှေ အဖွဲ့ချူပ်)
RangonNewsDaily:: December . 21 .2013
၂၇ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲရဲ့ရွက်လှေအားကစားပြိုင်ပွဲကိုဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေရှိ ငွေဆောင်
ရွက် လှေ ကလပ်မှာ တပတ်ကြာ ကျင်းပ နေပါတယ်။ ဒီဇင်ဘာ ၁၁ ရက်က ဖွင့်ပွဲ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၁၅ မှ ၂၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တချို့ တောင်ဆူဒန် ပဋိပက္ခမှာ သေဆုံး

Photo: ကုလငြိမ်း တပ်ဖွဲ့ဝင် တချို့ တောင်ဆူဒန် ပဋိပက္ခမှာ သေဆုံး
Saturday, December 21, 2013

တောင်ဆူဒန်မှာ ပြည်တွင်းစစ်အထိ ကြီးထွားလာမှာကို စိုးရိမ်နေရတဲ့ အထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြသူ အရပ်သား ထောင်ပေါင်း များစွာရှိရာ စခန်းတွေထဲက တခုမှာ တိုက်ခိုက်မှုဖြစ်ပွားရာက ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

Jonglei ပြည်နယ် Akobo မြို့က အခြေစိုက် စခန်းတခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံသား ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး၊ နောက်တဦးကတော့ ဒဏ်ရာရခဲ့တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် Asoke Mukerji ကတော့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၃ ဦးကို Nuer လူမျိုး လက်နက်ကိုင် လူငယ်အုပ်စုတစုက ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အစောပိုင်းမှာပဲ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း တိုက်ခိုက်ခံရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ရော၊ စခန်းတွင်းမှာ ရှိနေကြတဲ့ Dinka လူမျိုးစုက အရပ်သားတွေ ထိခိုက်သေကျေမှု ရှိမရှိ ဆိုတာကိုရော ရှင်းရှင်းလင်းလင်းတော့ မသိရပါဘူး။ ကုလသမဂ္ဂကတော့ ကျန်ဝန်ထမ်းတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးဖို့ တိုက်ခိုက်ခံခဲ့ရတဲ့ Akobo မြို့ကို ဒီကနေ့ပဲ ရဟတ်ယာဉ်တွေ စေလွှတ်ထားတဲ့အကြောင်း ပြောပါတယ်။

Nuer မျိုးနွယ် ဒုသမ္မတဟောင်း Riek Machar ဟာ Juba မြို့က စစ်ဌာနချုပ်မှာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်း Dinka မျိုးနွယ် သမ္မတ Salva Kiir က ဒီသီတင်းပတ်ထဲမှာပဲ စွပ်စွဲခဲ့ပြီးနောက် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ရာက အခုဆိုရင် လူပေါင်း ၅၀၀ လောက်အထိ သေဆုံးခဲ့တာပါ။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကတော့ တိုက်ခိုက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်သလို၊ တိုင်းပြည်ဟာ အတိတ်က အမှောင်ခေတ်ကို ပြန်ရောက်သွားနိုင်တဲ့အကြောင်းလည်း မနေ့တုန်းကပဲ သတိပေးခဲ့ပါတယ်။ တောင်ဆူဒန်က အမေရိကန် သံရုံးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အတွက်လည်း အမေရိကန် တပ်ဖွဲ့ဝင် ၄၅ ယောက် စေလွှတ်ထားတယ်လို့ ပြောပါတယ်။

တောင်ဆူဒန်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား၊ (ဒီဇင်ဘာ ၂၀၊ ၂၀၁၃)
VOA

RangonNewsDaily:: December . 21 .2013
တောင်ဆူဒန်မှာ ပြည်တွင်းစစ်အထိ ကြီးထွားလာမှာကိုစိုးရိမ်နေရတဲ့အထိ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကနေ
ထွက်ပြေးလာကြသူ အရပ်သား ထောင်ပေါင်း များစွာရှိရာ စခန်းတွေထဲက တခုမှာ တိုက်ခိုက်မှုဖြစ်ပွားရာက ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက် တည်ဆောက်ရာတွင် ရေဒီယိုနှင့် စက်ပစ္စည်းများ အဓိကပံ့ပိုးသူအဖြစ် Nokia Solutions & Networks ကုမ္ပဏီကို ခန့်အပ်

RangonNewsDaily:: December . 21 .2013
အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက် တည်ဆောက်ရာတွင် အဓိကကျသည့် ရေဒီယိုနှင့် စက်ပစ္စည်းများ အ

တွက်အဓိကပံ့ပိုးသူအဖြစ်Nokia Solutions & Networksကုမ္ပဏီကိုခန့်အပ်လိုက်ကြောင်းOoredooMyanmar 
မှ သတင်းရရှိသည်။၂၀၁၄ ခုနှစ်တွင် အူရီးဒူး မြန်မာသည် 3G မိုဘိုင်း အင်တာနက် ၀န်ဆောင်မှုများကို မြန်
မာနိုင်ငံ တစ်ဝန်းတွင် စတင်မိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ

Photo: ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ
Saturday, December 21, 2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက် နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိသာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အားကစားနည်း အများစုကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက်ရန် အသိအမှတ်ပြု ကတ်ပြားများကို ဂိတ်အမှတ် ၄ တွင်သာ ပြုလုပ်ပေးပြီး မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုအဆင့်မှ မထွက်ခင်ရက်များတွင် ပြိုင်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ကတ်ပြားများကို ပြုလုပ်သူဦးရေ များပြားခဲ့သည်။

''အရင်ရက်တွေက အားကစားပြိုင်ပွဲတွေကို လာကြည့်တဲ့ ပြည်သူတွေ ဦးရေများပြီး ၀င်ခွင့်ကတ်ပြား ရဖို့အတွက် တန်းစီစောင့်နေရတဲ့ သူတွေပါရှိတယ်။ ဒါပေမဲ့ မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုက ထွက်ခဲ့ပြီး နောက်ရက်တွေမှာတော့ ၀င်ခွင့်ကတ်တွေ လာလုပ်တဲ့ ပရိသတ် အတော်ကို နည်းသွားတယ်။ ၀င်ခွင့်ကတ်ပြား လာလုပ်တာလည်း သိပ်မရှိတော့ဘူး။ အရင်လုပ်ပြီးသား လူတွေလောက်ပဲ လာကြည့်တာ တွေ့ရတယ်။ တချို့ဒေသက လူတွေလာကြည့်တာ နည်းနည်းပါးပါးတော့ ရှိတယ်။ ဘုရားဖူး ခရီးစဉ်တွေသွားရင်း ဆီးဂိမ်းစ်ကို ၀င်ကြည့်ကြတာတွေလည်း ရှိတယ်'' ဟု ၀င်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိတ်အမှတ် ၄ မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်း အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက် ကြည့်ရူခွင့်ရရန် ၀င်ခွင့်ကတ်ပြားများကို တစ်ဦးလျှင် ကျပ် ၂၅၀၀ ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းကတ်ပြားများသည် ပိတ်ပွဲအခမ်းအနားနှင့် ဘောလုံးပွဲများသို့ ၀င်ခွင့်မရှိကြောင်း သိရှိရသည်။
''အရင်ရက်တွေ တုန်းကဆို ၀င်ခွင့်ကတ်ပြားအတွက် တန်းစီးစောင့်နေတဲ့ လူတွေက အတန်းလိုက်ကြီးပါ။ ဒါပေမဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးဖို့ နီးလာလေ့လာတဲ့ ပရိသတ်နည်းလာလေပဲ။ မြန်မာအမျိုးသား ဘောလုံးအသင်း ရှုံးတာလည်း ပါသလို ပြိုင်ပွဲကို လာဖို့အတွက် ဝေးတာလည်း ပါမယ်လို့ ထင်ပါတယ်'' ဟု ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်းရှေ့တွင် ဆီးဂိမ်းအထိမ်းအမှတ်တရ ပစ္စည်းများ ရောင်းချနေသူ တစ်ဦးက ဆိုသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်းသည် အုပ်စုအဆင့် ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး နေပြည်တော်တွင် ပြုလုပ်မည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် လွဲချော်ခဲ့သည်။
''ကျွန်တော့် မိသားစုကို ဆီးဂိမ်းစ်ပြိုင်ပွဲ ရောက်ဖူးစေချင်လို့ ပို့တာပါ။ ဘောလုံးအသင်း ထွက်ပြီးတော့ နေ့တိုင်းလာမကြည့် ချင်တော့ဘူး။ ဗိုလ်လုပွဲကလည်း ကိုယ့်နိုင်ငံ အသင်းမှ မပါတော့တာ သွားမကြည့်ချင် တော့ဘူး။ ပိတ်ပွဲအခမ်းအနား ကြည့်ချင်ပေမယ့် ဘယ်မှာ ၀ယ်ရမှန်း မသိဘူး။ သိတဲ့လက်မှတ် ဈေးကလည်း သောင်းဂဏန်း အထက်တွေချည်းပဲ'' ဟု ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူ ပျဉ်းမနားမြို့နေ ဦးမျိုးသန့်က ပြောကြားခဲ့သည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အများပြည်သူ ၀င်ပေါက် ဂိတ်နံပါတ် ၄ အား တွေ့ရစဉ်

Eleven Media Group
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အများပြည်သူ ၀င်ပေါက် ဂိတ်နံပါတ် ၄ အား တွေ့ရစဉ်
RangonNewsDaily:: December . 21 .2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက်
နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိ
သာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲလက်မှတ် မှောင်ခိုဈေးနှုန်း ကျပ် ၆၀၀၀၀ အထိ ရောက်ရှိ

RangonNewsDaily:: December . 21 .2013
ဆီးဂိမ်းစ်ဖွင့်ပွဲ ခမ်းနားမှုအပေါ် မူတည်၍ ပိတ်ပွဲအခမ်းအနားအား လာရောက်ကြည့်ရှုရန် ပရိသတ်များ စိတ်ဝင်စားသော်လည်း လက်မှတ်များ ကုန်သွားသဖြင့် ပြင်ပမှောင်ခို ပေါက်ဈေး ငွေကျပ် ၆၀၀၀၀ ၀န်းကျင် ဈေးရှိနေကြောင်း သိရသည်။ပိတ်ပွဲအခမ်းအနား ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းသည် ထိုင်ခုံအရေအတွက် ပရိသတ် ၃၀၀၀၀ ဆံ့သာ ဖြစ်သည့်အတွက် အများပြည်သူ ကြည့်ရှုနိုင်ရန် လက်မှတ်အရေအတွက် ၈၀၀၀ ကျော်ကိုသာ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း အားကစားဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်း တတိယရသော်လည်းမြန်မာ တစ်မျိုးသားလုံးက သူတို့နှလုံးသားထဲမှ ရွှေဆုများပေးခဲ့

Photo: မြန်မာအမျိုးသမီးဘောလုံးအသင်း တတိယရသော်လည်းမြန်မာ တစ်မျိုးသားလုံးက သူတို့နှလုံးသားထဲမှ ရွှေဆုများပေးခဲ့
Saturday, December 21, 2013

မန္တ လေး မန္တလာသီရိဘောလုံးပြိုင် ပွဲအတွင်း 'မြန်မာ မြန်မာ'ဟူ သည့် အသံကြီးက လျှံထွက်လာ သည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းက မလေးရှား အသင်းကို ခြောက်ဂိုး ဂိုးမရှိ ဖြင့်နိုင်ပြီး တတိယကြေးတံဆိပ် ဆုကို ရရှိခဲ့ပြီဖြစ်သည်။အကယ်၍သာ ဒီဇင်ဘာ ၁၈ရက်ကယှဉ်ပြိုင်ခဲ့သော အ ကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်း ကိုအနိုင်ရခဲ့ပါမူ ယခုထက်ပင် ပို၍ ဝမ်းသာကြရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးဘောလုံးအ သင်းသည် ကြေးတံဆိပ်ဆုသာ ဆွတ်ခူးခဲ့သော်လည်း အနိုင် မခံအရှုံးမပေးစိတ်ဓာတ်ဖြင့်  အရည်အချင်းရှိရှိအားကစား စိတ်ဓာတ်အပြည့်ကစားပြသွား နိုင်သောကြောင့် မြန်မာတစ် မျိုးသားလုံး၏နှလုံးသားထဲက ရွှေတံဆိပ်ဆုကို သူတို့ရရှိပိုင် ဆိုင်သွားကြပြီဖြစ်သည်။ 

''အမျိုးသမီးဘောလုံးပြိုင် ပွဲဆီးမီးဖိုင်နယ်ပွဲမှာဆိုရင် တစ် နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားတဲ့ သမီးငယ်တွေ ဟာ အမိနိုင်ငံရဲ့ သမီးကောင်း ရတနာများပီပီ တတ်နိုင်သမျှ ဆိုတာထက် သာလွန်တဲ့ကြိုး စားအားထုတ်မှုနဲ့ မြန်မာနိုင်ငံ သားတွေရဲ့ အနိုင်မခံ အရှုံးမ ပေးတဲ့စိတ်ဓာတ်၊ အိမ်ရှင်နိုင်ငံ ရဲ့ သန့်ရှင်းမျှတတဲ့ အားကစား စိတ်ဓာတ်၊ အသင်းလိုက် စည်း လုံးညီညွတ်မှု၊ မခိုမကပ်တမ်း ကြိုးစားအားထုတ်မှုတို့ကို စံန မူနာအတုယူဖွယ်ရာ လက်တွေ့ ပြသခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူများကိုယ်စား ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းမှာ ရွှေတံဆိပ် ဆုအားမရရှိခဲ့သော်လဲ ပြည်သူ များမှပေးတဲ့ ချန်ပီယံဆုအားရ ရှိခဲ့ပြီဖြစ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော် ပြထားသည်။ 

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ် ညိုညိုသင်းက ''မြန်မာအမျိုး သမီးအသင်းကို ဒီ့ထက်ပိုပြီး ချီးကျူးပါတယ်။ သူတို့အနေနဲ့ ပရိသတ်ကပေးတဲ့ မေတ္တာဆု၊ ရွှေဆုနဲ့ ထိုက်တန်ပါတယ်။ ကျွန်မကိုယ်တိုင်လဲ ပေးပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ ဒီလို အမျိုးသမီးအသင်းပေါ်မှာ ချီး ကျုးဂုဏ်ပြုတာ ဝမ်းသာပါ တယ်။ ဒီ့ထက်ပိုပြီး သူတို့အ တွက် ဆောင်ရွက်ပေးနိုင်ပါစေ လို့ လူ့အဖွဲ့အစည်းကို မေတ္တာ ရပ်ခံချင်တာက အမျိုးသမီးတွေ အပေါ်မှာ ပိုပြီးချီးမြှောက်ပေး ပါလို့ ပြောချင်ပါတယ်''ဟု ပြော သည်။ 

အမျိုးသမီးလက်ရွေးစင် ဘောလုံးသမား သန်းသန်းထွေး က ''ဒီပြိုင်ပွဲဖိုင်နယ်ပွဲလို့ သဘော ထားပြီး ကန်တာပါ။ တတိယ ဆုရတဲ့အတွက် မလေးရှားကို အနိုင်ရတဲ့အတွက် နိုင်ငံ့ဂုဏ် ကို ဆောင်ခွင့်ရတဲ့အတွက် ဂုဏ် ယူမဆုံးပါဘူး''ပြောသည်။ 

မြန်မာ့လက်ရွေးစင်ဘော လုံးသမား ကျော်ကိုကိုက ''သူ တို့ကို ပရိသတ်က ရွှေဆုပေး ပါစေဗျာ။ သူတို့ထိုက်တန်ပါ တယ်။ ထိုင်းအသင်းကိုရှုံးရတာ လဲ ကုသိုလ်ကံပါသလို ဒိုင်ရဲ့ ဖေးမမှုမရတာလဲ ပါပါတယ်။ ဒါပေမဲ့ ပရိသတ်ကပေးတဲ့ရွှေ ဆုကို သူတို့ရခဲ့ပါတယ်''ဟု ပြော သည်။

    ဝါရင့်အားကစားက လောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)က ''တို့မြန်မာပြည် မှာ အားကစားအသင်းနိုင်တာ ရှုံးတာနဲ့ပတ်သက်လို့ သမ္မတ အဆင့်မျိုးက ဒီလိုဂုဏ်ပြုတာ မျိုးမရှိသေးဘူး။ သမ္မတဦးသိန်း စိန်လက်ထက်မှာ ဒါပထမဆုံး ပဲ။ တခြားအားကစားသမားတွေ လဲ အမျိုးသမီးအသင်းကို နမူ နာယူကြိုးစားဖို့လိုတယ်။ အား ကစားပြိုင်ပွဲမပြီးခင် ဒီလိုဂုဏ် ပြုတာ ပထမဆုံးပဲ။ ဦးနေဝင်း လက်ထက်တုန်းကတော့ ပြိုင် ပွဲပြီးမှ ညစာစားပြီးဂုဏ်ပြုတာ လောက်တော့ ရှိဖူးတယ်''ဟု သုံးသပ်ပြောသည်။

 မြန်မာ့လက်ရွေးစင်အ မျိုးသမီးအသင်းသည် ဒီဇင်ဘာ ၂ဝရက်တွင် တတိယနေရာလု ပွဲအဖြစ် မလေးရှားအမျိုးသမီး အသင်းနှင့် မန္တလေးမြို့ မန္တ လာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရီရီဦး၊ ခင်မိုးဝေ၊ သန်းသန်းထွေး၊ စန်း စန်းမော်၊ မြင့်မြင့်အေးတို့၏သွင်း ဂိုးများဖြင့် ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲစဉ်အပြီးတွင် မန္တ လေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားပေး ခဲ့ပြီး မြန်မာအမျိုးသမီးဘော လုံးအသင်းသည် လုပ်ငန်းရှင် များကပေးသော ဂုဏ်ပြုငွေကျပ် သိန်း၂ဝဝဝကို ရရှိခဲ့ကြသည်။

ွှThe Yangon Times

RangonNewsDaily:: December . 21 .2013
မန္တ လေး မန္တလာသီရိဘောလုံးပြိုင် ပွဲအတွင်း 'မြန်မာ မြန်မာ'ဟူ သည့် အသံကြီးက လျှံထွက်လာ သည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းက မလေးရှား အသင်းကို ခြောက်ဂိုး ဂိုးမရှိ ဖြင့်နိုင်ပြီး တတိယကြေးတံဆိပ် ဆုကို ရရှိခဲ့ပြီဖြစ်သည်။

ဒုတိယ စီးရီးခွေ စီစဉ်နေပြီ ဖြစ်တဲ့ စိုးပြည့်သဇင်

Photo: ဒုတိယ စီးရီးခွေ စီစဉ်နေပြီ ဖြစ်တဲ့ စိုးပြည့်သဇင် 
Saturday, December 21, 2013

စိုးပြည့်သဇင်က တောင်ငူနှစ် ကျိပ်ရှစ်ဆူ ပွဲမှာ သီချင်းဆို ဖျော်ဖြေခဲ့ပြီး မန္တလေးကိုလည်း ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ ပြောပြပါတယ်။ “ချစ်သူရွေးမယ်” သီချင်းခွေ ထွက်ပြီးနောက် ဒုတိယ စီးရီးခွေ အတွက် ပြင်ဆင် နေ တယ် လို့ပြောပြတာကြောင့်

“စိုးပြည့် နယ်တွေကို သီချင်း သွားဆိုတဲ့အခါ စိုးပြည့်အခွေ ထဲက သီချင်းလေးတွေ ဆို ဖြစ်တယ်။ ဒါပေမဲ့တစ်ခါ တလေ သီချင်းက တီးဝိုင်းနဲ့ မတိုက် ထားတဲ့အခါ ကျရင် အဆင် မပြေတော့ တစ်ပုဒ်၊ နှစ်ပုဒ်လောက်တော့ ကြားညှပ်ပြီး တခြား သီချင်းလေးတွေ ဆိုဖြစ်တယ်။ စိုးပြည့်က စီးရီးခွေ ထွက်ထားတော့ အခွေထဲ က သီ ချင်းတွေ တောင်းကြတော့ ပျော် တယ်။ ရင်ခုန်မှုလည်း ရှိတယ်။ အရင်တုန်းက သူများ သီချင်း ဆိုရတာလေ။ စိုးပြည့် ဒုတိယ စီးရီး ခွေအတွက် လည်း စပြီး စီစဉ်နေပါပြီ။ သီချင်းတွေ လည်း ၆ ပုဒ်လောက် ရှိနေပြီ။ ဒုတိယ စီးရီးခွေ ကိုလည်း သိပ်မကြာခင် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းတွေ ကို ပရိသတ် ကြိုက်မကြိုက် ဆိုတာက ကံတရား နဲ့လည်းဆိုင်ပါတယ်။ ကံကောင်းတဲ့ အခါ ပရိသတ် အကြိုက် နဲ့တိုးသွားတာ မျိုးတွေလည်း ရှိတယ်။ ဘယ် သီချင်းဖြစ်လို့ ပရိသတ်က လုံးဝကြိုက် မှာပဲ ဆိုပြီးတော့ မပြောနိုင်ဘူး။ ကိုယ့် အသံ ကာလာနဲ့ လိုက်ဖက်မယ့် သီချင်းမျိုး၊ ပရိသတ် ကြိုက်မယ် ထင်တဲ့ သီချင်း မျိုးတော့ အတတ် နိုင်ဆုံး ရွေးရမှာပေါ့” လို့ ပြောပြပါတယ်။

စိုးပြည့်သဇင်က ဇာတ်ကား ရိုက်ကူးမှုတွေ နဲ့ ပတ်သက်ပြီးလည်း “ဇာတ်ကားတွေ က အခုနောက် ပိုင်းဟာသတွေ ရိုက်တာ များတယ်။ စိုးပြည့်က အရင် ထဲက ဟာသ နဲ့ ဒရာမာ ရိုက် နေတာပါပဲ။ တစ်ခုတည်းတော့ မဟုတ်ဘဲမျှအောင် ရိုက်သွားမှာပါပဲ။ ပရိသတ် ကြိုက်မယ့် ဇာတ်ကား မျိုးတွေ စိုးပြည့် ကြိုးစား တင်ဆက်သွား မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: December . 21 .2013
စိုးပြည့်သဇင်က တောင်ငူနှစ် ကျိပ်ရှစ်ဆူ ပွဲမှာ သီချင်းဆို ဖျော်ဖြေခဲ့ပြီး မန္တလေးကိုလည်း ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ ပြောပြပါတယ်။ “ချစ်သူရွေးမယ်” သီချင်းခွေ ထွက်ပြီးနောက် ဒုတိယ စီးရီးခွေ အတွက် ပြင်ဆင် နေ တယ် လို့ပြောပြတာကြောင့်

ရန်ကုန်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်မည်

Photo: ရန်ကုန်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်မည်
Saturday, December 21, 2013

လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

လေထု အရည်အသွေး တိုင်းတာရေး ကိရိယာများ တပ်ဆင်ခြင်းကို German International Co-Operation (ဂျာမန် နည်းပညာ ပူးပေါင်းအဖွဲ့) နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်၏ လူမှုစီးပွား တိုးတက်လာမှုနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာမှု များကို လျင်မြန်စွာ ဖြေရှင်းရန် ဂျပန်နိုင်ငံ IGES အဖွဲ့အစည်းမှ ခေတ်မီ နည်းပညာများကို အသုံးချသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လေထု ညစ်ညမ်းမှုဆိုင်ရာ တိုင်းတာသည့် စက်ပစ္စည်းများ တပ်ဆင်မည့် နေရာများကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

၂၀၁၃ ခုနှစ် အတွင်းတွင် ရန်ကုန်မြို့တွင် မော်တော်ယာဉ်စီးရေ လေးသိန်းကျော်အထိ မြင့်တက်လာပြီး လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ပိုမိုပျံ့နှံ့ ရောက်ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် တက်ကြွ လှုပ်ရှားသူများက ဆိုသည်။

သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီ မြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတ မြို့နယ်တွင် Particular Matter (PM10 မှာ120 μg/m3) ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ် တို့တွင် Particular Matter (PM10 မှာ102 μg/m3) ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အတိုင်းအဆ များပြား နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာနထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: December . 21 .2013
လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ပြက္ခဒိန်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် အီရီနာ

Photo: ပြက္ခဒိန်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် အီရီနာ 
Saturday, December 21, 2013

ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။ 
မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်အတွက် ရည်ရွယ်ထုတ်ဝေမည့် ပြက္ခဒိန်သစ်အတွက် အီရီနာရှက်ခ်က ဆွဲဆောင်မှု ပြည့်ဝသည့် ဓာတ်ပုံများ အရိုက်ခံပေးခဲ့ကြောင်း သိရသည်။ ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။ LED မီးလုံးလေးများဖြင့် အလှဆင်ထားသည့် နောက်ခံတွင် အီရီနာက Calvin Klein၏ ဖက်ရှင်ကို ဆင်မြန်းရင်း ဓာတ်ပုံများ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ပေါ်တူဂီ လက်ရွေးစင် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ချစ်သူသည် သီချင်းစည်းချက်အလိုက် ယိမ်းနွဲ့ပျော့ပြောင်းစွာဖြင့် ကိုယ်ဟန်ပြရင်း သူမ၏ ပူလောင်ပြင်းပြသည့် အလှအပများကို ထုတ်ပြသွားခဲ့သည်။

နောက်ပိုင်းတွင် အီရီနာသည် ခရစ္စမတ် အထိမ်းအမှတ် ကြယ်ကြီးတစ်ပွင့်ကို ဦးခေါင်းပေါ်တွင် တပ်ဆင်ထားသည်ကိုလည်း တွေ့ရသည်။ အသက်(၂၇)နှစ်ရှိ အီရီနာသည် ယခင်က နာမည်ကျော် Victoria's Secret ဖက်ရှင်အမှတ်တံဆိပ်အတွက် ကိုယ်ဟန်ပြခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် တသီးတခြား ခွဲထွက် ရပ်တည်လာခဲ့သည်။ 19 of Love၏ ပြက္ခဒိန် ရိုက်ကွင်းကို ဗီဒီယို မှတ်တမ်း ယူထားရာတွင် အီရီနာ အနေဖြင့် သီချင်းစာသား မှားဆိုမိသည်ကိုလည်း ရယ်ရွှင်ဖွယ် အခြေအနေအဖြစ် တွေ့မြင်ရသေးသည်။ သူမသည် ရော်နယ်လ်ဒို၏ ကိုယ်ပိုင်ပြတိုက်ဖွင့်ပွဲအခမ်းအနားအတွက် ပေါ်တူဂီသို့ ရောက်ရှိနေခဲ့ပြီးနောက် ယခုသီတင်းပတ် အစောပိုင်းတွင်အလုပ်ခွင်ထဲ ပြန် လည် ခြေချလာခြင်း ဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: December . 21 .2013
ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။

သတင်းထောက် ၂ ဦးအပေါ် ထိုင်းရေတပ် စွဲဆိုချက် ရုပ်သိမ်းပေးဖို့ CPJ တောင်းဆို

Photo: သတင်းထောက် ၂ ဦးအပေါ် ထိုင်းရေတပ် စွဲဆိုချက် ရုပ်သိမ်းပေးဖို့ CPJ တောင်းဆို
Saturday, December 21, 2013

မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် သတင်းထောက် နှစ်ဦးကို ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော်က သတင်းထောက်တွေကို အသရေဖျက်မှု တရားစွဲဆိုမှုကို ချက်ချင်း ရုပ်သိမ်းသင့်တယ်ဆိုပြီး သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ က တောင်းဆိုလိုက်တဲ့ အကြောင်း မသီင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းတော်ဝင် ရေတပ်မတော်က ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် Phuketwan အွန်လိုင်း သတင်းဌာနက သတင်းထောက် နှစ်ဦး ဖြစ်တဲ့ Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသားခဲ့တဲ့ သတင်းတပုဒ် အတွက် ၂၀၀၇ ခုနှစ် ကွန်ပျူတာ ရာဇ၀တ်မှု အက်ဥပဒေနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းထောက် နှစ်ဦးက မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အပေါ်ကနေ ထိုင်းစစ်တပ်က အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဇူလိုင်လ ၁၇ ရက်နေ့က ရေးသားဖော်ပြခဲ့ကြတာပါ။

ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့် အစား ဒီသတင်းအချက်အလက်တွေ မှန်ကန်နေသလား ဆိုတာကို ရေတပ်မတော်အတွင်း စုံစမ်းစစ်ဆေးမှု လုပ်သင့်ပါတယ်လို့ အမေရိကန် အခြေစိုက် သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn Crispin က ဆိုပါတယ်။

အခုလို သတင်းထောက်တွေကို တရားစွဲဆိုတာရဲ့ ရည်ရွယ်ချက်ကလည်း ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းတွေ ဖော်ထုတ်ရေးသားမှုကို အဟန့်အတား ဖြစ်အောင် လုပ်ဆောင်တာလို့ CPJ ရဲ့ ကြေညာချက်မှာ သူကထည့်သွင်းပြောဆိုပါတယ်။ ထိုင်း တော်ဝင် ရေတပ်မတော် အနေနဲ့ သတင်းထောက်တွေကို ရာဇ၀တ်မှုနဲ့ တရားစွဲဆိုမှုကို ချက်ချင်း ပယ်ဖျက်ပေးဖို့လည်း CPJ က တောင်းဆိုလိုက်ပါတယ်။ CPJ ရဲ့ အာရှအစီအစဉ်ရဲ့ တာဝန်ခံ Bob Dietz ကတော့ ဒီကိစ္စ အပေါ်မှာ အခုလို ပြောဆိုလိုက်ပါတယ်။

"အခုဟာက အသရေဖျက်မှုနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဘာတွေ့ရသလဲ ဆိုတော့ သတင်းထောက်တွေရဲ့ အခွင့်အရေးကို ပံ့ပိုး ပေးမယ့် အစား တရားဥပဒေ အရ အရေးယူနိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ ဆိုရင်လည်း အစိုးရက ဒီနည်းလမ်းကို သုံးတာဘဲ ဖြစ်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့လည်း သတင်းထောက် နှစ်ယောက်ကို အခုလို တရားစွဲဆိုမှုကို ပြန်ပြီး သုံးသပ်စဉ်းစားသင့်ပါတယ်။"

အခု ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ Alan Morison နဲ့ Chutima Sidasathian တို့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မတိုင်ခင် တရားရုံးတင် စစ်ဆေးမယ့်လို့ ခန့်မှန်းရပါတယ်။ တကယ်လို့ ထိုင်းရေတပ်မတော်ကို အသရေဖျက်ခဲ့တယ်လို့ ပြစ်မှု ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ်လည်း ထိုင်းဘတ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ဒဏ်ကြေးငွေ ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
VOA
ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
RangonNewsDaily:: December . 21 .2013
မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေ
တယ်လို့ ရေးသားခဲ့တဲ့ထိုင်းနိုင်ငံဖူးခက်အခြေစိုက်သတင်းထောက် နှစ်ဦးကိုထိုင်းရေတပ်ကနေအသရေဖျက်
မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးသမားက ပေးတဲ့ သေဒဏ်


RangonNewsDaily:: December . 21 .2013
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးနဲ့ပတ်သက်တဲ့ ပေးစာတစောင်ကို ဧရာဝတီက လက်ခံရရှိ ထားပါတယ်။ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်အပေါ် မလျော်မကန် ပြုမူခဲ့သည့်အတွက် ဝီလ်ရှိုင်းယား (၂)ပွဲပယ်ခံရ

Photo: ပရိသတ်အပေါ် မလျော်မကန် ပြုမူခဲ့သည့်အတွက် ဝီလ်ရှိုင်းယား (၂)ပွဲပယ်ခံရ
Thursday, December 20, 2013

ပရိသတ်ကို မလျော်မကန် ကိုယ်လက်အမူအယာ ပြသမှုဖြင့် အာဆင်နယ် ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယားကို FAက (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။

မန်ချက်စတာ စီးတီးကို အရေးနိမ့်သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသက်(၂၁)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်က အစ်တီဟတ် အိမ်ကွင်း ပရိသတ်အား လက်ခလယ် ထောင်ပြခဲ့ခြင်းအပေါ် FAက ယခုလို အရေးယူခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင် ဝီလ်ရှိုင်းယား၏ လုပ်ရပ်နှင့် စပ်လျဉ်းပြီး လွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ စစ်ဆေးခဲ့ပြီးနောက် ပြင်းထန်သည်ဟု ဆိုရမည့် (၂)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဒိုင်လူကြီး မာတင် အက်ကင်ဆန် အနေဖြင့် အဆိုပါ ဖြစ်ရပ်ကို မမြင်တွေ့ခဲ့သော်လည်း FAက ဓာတ်ပုံမှတ်တမ်းများကို ပြန်လည်ကြည့်ရှုကာ အရေးယူရန် ဆုံးဖြတ်ခဲ့သည်။

ဝီလ်ရှိုင်းယားကို (၃)ဦးပါ လွတ်လပ်သော ကော်မရှင် တစ်ရပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် (၂)ပွဲပယ် ပြစ်ဒဏ်ကို အတည်ပြု ကြေညာသည်။ အာဆင်နယ်သည် ယင်းပြစ်ဒဏ်ကို အယူခံ ဝင်ခဲ့သေးသော်လည်း FAက ပယ်ချသွားခဲ့သည်။ ထို့ကြောင့် ဝီလ်ရှိုင်းယားသည် တနင်္လာနေ့ညတွင် ကစားမည့် ချယ်လ်ဆီးနှင့်ပွဲစဉ်၊ Boxing Dayတွင် ကစားမည့် ဝက်စ်ဟမ်းနှင့် ပွဲစဉ်တို့ကို လွဲချော်တော့မည်ဟု သိရသည်။ FAဥက္ကဋ္ဌ ဂရက်ဂ်ဒိုက်ခ်က ဝီလ်ရှိုင်းယားအတွက် စာနာကြောင်း ပြောဆိုခဲ့သော်လည်း ယခုဖြစ်ရပ်သည် ပြိုင်ဘက်ပရိသတ်များ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် အခြေအနေကို မည်သို့မည်ပုံ တုံ့ပြန်သင့်ကြောင်း ၎င်းအတွက် သင်ခန်းစာတစ်ခုဖြစ်ကြောင်းလည်း သတိပေးသွားသည်။

"ဘေးလူအနေနဲ့ မြင်ကြည့်ရင် ကစားသမားတွေကို ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအုပ်ကြီးက သူတို့ကို တရစပ် ဝေဖန်လှောင်ပြောင်နေတာမျိုး ကြုံနေရတာကိုး။ ဒီအခါ ကိုယ့်ရဲ့ သွေးအေးမှုဟာ ချက်ချင်း ကုန်ဆုံးသွားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝီလ်ရှိုင်းယားဟာ ဒီဖြစ်ရပ်ကနေ သင်ယူဖို့ လိုပါတယ်။ သူဟာ ဘောလုံးကစားဖို့ လုပ်ခလစာ အများကြီး ရထားသူပါ။ ဒီလိုအခြေအနေတွေကို သူ့အနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့ လိုပါတယ်"ဟု ဒိုက်ခ်က ပြောဆိုသွားသည်။

Ref:skysport

RangonNewsDaily:: December . 20 .2013
ပရိသတ်ကို မလျော်မကန် ကိုယ်လက်အမူအယာ ပြသမှုဖြင့် အာဆင်နယ် ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယား
ကို FAက (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။