Pages

Thursday, December 19, 2013

အမေရိကန် ပြည်ထောင်စုရှိ ဆေးရုံ တစ်ရုံ၌ ပစ်ခတ်မှု ဖြစ်ပွား

Photo: အမေရိကန် ပြည်ထောင်စုရှိ ဆေးရုံ တစ်ရုံ၌ ပစ်ခတ်မှု ဖြစ်ပွား
Thursday, December 19, 2013

အမေရိကန် ပြည်ထောင်စု နဗားဒါ ပြည်နယ် ရီးနိုမြို့ရှိ ဆေးရုံ တစ်ရုံတွင် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား တစ်ဦးနှင့် အခြားပုဂ္ဂိုလ် တစ်ဦး သေဆုံးခဲ့ကြောင်း ရီးနို ရဲတပ်ဖွဲ့မှ လက်ထောက် အကြီးအကဲ တွမ်ရော်ဘင်ဆန်က ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် Renown Regional ဆေးရုံ တတိယထပ်ရှိ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် မွန်းလွဲ ၂ နာရီ ငါးမိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ် သမားသည် အခြား လူလေးဦးကို ပစ်ခတ် ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာ ရရှိ၍ တစ်ဦးမှာ သေဆုံး သွားခဲ့ပြီး ယင်းသေဆုံးသူ အမျိုးသမီးမှာ ဆရာဝန် တစ်ဦးဖြစ်ကြောင်း သိရသည်။ ထို့နောက် သေနတ် သမားသည် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ရှရွန် စပန်ဂလာက ပြောကြားခဲ့သည်။

ယခု အခါတွင် ရဲတပ်ဖွဲ့ဝင် များသည် ဆေးရုံ အဆောက်အအုံ ဝန်းကျင်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: December . 19 .2013
အမေရိကန် ပြည်ထောင်စု နဗားဒါ ပြည်နယ် ရီးနိုမြို့ရှိ ဆေးရုံ တစ်ရုံတွင် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား တစ်ဦးနှင့် အခြားပုဂ္ဂိုလ် တစ်ဦး သေဆုံးခဲ့ကြောင်း ရီးနို ရဲတပ်ဖွဲ့မှ လက်ထောက် အကြီးအကဲ တွမ်ရော်ဘင်ဆန်က ထုတ်ဖော် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် တာချီလိတ်သို့ လာရောက် ဘုရားဖူး

Photo: ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် တာချီလိတ်သို့ လာရောက် ဘုရားဖူး
Thursday, December 19, 2013

ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၉)ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ကြင်ယာတော် ဆရီရတ်မင်းသမီး နှင့် မိသားစုဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များအပါအ၀င် ထိုင်းနိုင်ငံ တပ်မတော်(ကြည်း) စစ်ဦးစီးအရှိများ၊ သင်တန်း အမှတ်စဉ်(၉၂)မှ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများ ပါဝင်သည့် အဖွဲ့သည် မယ်ဆိုင်မြို့မှတဆင့် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တာချီလိတ်မြို့သို့ လာရောက်၍ တာလော့ဈေးအတွင်း လှည့်လည် လေ့လာကြည့်ရှုခြင်းနှင့် တာချီလိတ်ရွှေတိဂုံစေတီတော်အား ဖူးမျှော်ကြည်ညိုခြင်းအပြင် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးအား ဖူးမျှော်ကြည်ညို၍ အဆိုပါ နံနက်ပိုင်းမှာပင် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

ဦးစွာပထမ ထိုင်းနိုင်ငံ တပ်မတော်(ကြည်း)မှ စစ်ဦးစီးအရှိများ၊ သင်တန်း အမှတ်စဉ်(၉၂)မှ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများ စုစုပေါင်း ( ၁၄၂ )ဦးတို့က ရောက်နှင့်နေကာ တာလော့ဈေးအတွင်း လေ့လာကြည့်ရှုခဲ့ကြပြီး တာချီလိတ်ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းနောက် ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် ဆရီရတ်မင်းသမီး နှင့် မိသားစုဝင်များ ပါဝင်သော လုံခြုံရေးအဖွဲ့ဝင်များ စုစုပေါင်း (၉၉)ဦးတို့သည် နံနက်(၁၀း၃၀)နာရီအချိန်မှာ တာချီလိတ်သို့ ၀င်ရောက်လာရာ မြန်မာနိုင်ငံဘက်မှ စစ်ဘက်၊ နယ်ဘက် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်၍ တာချီလိတ်ရွှေတိဂုံစေတီတော်သို့ အဆိုပါအဖွဲ့မှ ရောက်ရှိခဲ့ကြသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်ပေါ်သို့ ရောက်ရှိလာပြီးနောက် ထိုင်းနိုင်ငံ တပ်မတော်(ကြည်း) စစ်ဦးစီးအရှိများ၊ သင်တန်း အမှတ်စဉ်(၉၂)မှ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများမှ ကြင်ယာတော် ဆရီရတ်မင်းသမီးအတူ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ကြင်ယာတော် ဆရီရတ်မင်းသမီးသည် ရွှေတိဂုံစေတီတော်အား တပတ် ပတ်၍ ဖူးမျှော်ကာ ကြာသာပတေးထောင့်တွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ကန်တော့ပြီး ဓမ္မာရုံ၌ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

အဆိုပါအဖွဲ့တို့သည် နံနက် (၁၁း၁၀)နာရီအချိန်တွင် ရွှေတိဂုံစေတီတော်ပေါ်မှ ပြန်လည်ထွက်ခွာသွားပြီး အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်အတွင်း ၀င်ရောက်၍ အချိန် (၃၅)မိနစ်အကြာ လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယခုလာရောက်သော အဖွဲ့သည် တာချီလိတ်မြို့တွင် ယခုလထဲ၌ ပြုလုပ်မည်ဖြစ်သော နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇော်ပွဲသို့လည်း ထပ်မံ၍ လာရောက်နိုင်ဖွယ်ရှိကြောင်း အတည်မပြုနိုင်သေးသော ပြောစကားအရ သိရှိရသည်။

Tachileik Online News

RangonNewsDaily:: December . 19 .2013
ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၉)ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ကြင်ယာတော်ဆရီရတ်မင်းသမီး နှင့်မိသားစုဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များအပါအ၀င် ထိုင်းနိုင်ငံ တပ်မတော်
(ကြည်း) စစ်ဦးစီးအရှိများ၊ သင်တန်း အမှတ်စဉ်(၉၂)မှ သင်တန်းနည်းပြများနှင့်

(၉)မီတာ အမြင့်ရှိသည့် မန်ဒဲလား၏ ရုပ်တု ဖွင့်လှစ်ပြသ

Photo: (၉)မီတာ အမြင့်ရှိသည့် မန်ဒဲလား၏ ရုပ်တု ဖွင့်လှစ်ပြသ
Thursday, December 19, 2013

တောင်အာဖရိက နိုင်ငံမှ အထင် ကရ ပုဂ္ဂိုလ်ကြီး နယ်လ်ဆင်မန်ဒဲလား ၏ ဈာပန အခမ်းအနား ကျင်းပခဲ့ပြီး ၂၄ နာရီ အကြာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ၉ မီတာအမြင့် ရှိသည့် မန်ဒဲလား၏ ရုပ်တုကို ဖွင့်လှစ်ပြသခဲ့သည်။ အဆိုပါ ကြေးရုပ်တုကို တောင်အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်း သမ္မတ အဖြစ် မန်ဒဲလားကျမ်းသစ္စာ ကျိန်ဆိုခဲ့ သည့် ပရီတိုရီး ယားမြို့ရှိ သမဂ္ဂ အဆောက်အအုံ၏ မြက်ခင်းပြင်တွင် တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား က တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သမဂ္ဂ အဆောက် အအုံတွင် ပြီးခဲ့သည့် သီတင်းပတ်က မန်ဒဲလား၏ ရုပ်အလောင်းကို သုံးရက်ထား ရှိပြီး အများပြည်သူများအား လာရောက် ဂါဝရပြု ခွင့်ပြုခဲ့ သည်။ ဒီဇင်ဘာလ ၅ရက် နေ့က အသက် ၉၅ နှစ် အရွယ် နယ်လ် ဆင်မန်ဒဲလား ကွယ်လွန်ခဲ့ပြီး နောက် ၁ဝ ရက်ကို ဝမ်းနည်း ကြေကွဲသည့် နေ့ရက်များ အဖြစ် သတ် မှတ်ပေးခဲ့ပြီး တနင်္ဂနွေနေ့ ည သန်းခေါင်ယံတွင် တရားဝင် အဆုံးသတ် ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် တနင်္လာနေ့မှစတင်ပြီး နိုင်ငံတော် အလံကို တိုင်ဝက်လွှင့်ထူ ထားရာမှ တိုင်ထိပ်သို့ ပြန်လည် လွှင့်တင် ခဲ့သည်ဟု တောင်အာဖရိက အာဏာပိုင် များက ပြော ကြားသည်။ တောင် အာဖရိကနိုင်ငံ တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို Day of the Covenant ဟု မူလက သတ်မှတ်ခဲ့ ကြပြီး နှစ်ပေါင်း ၁၅ဝ ကျော် ကတည်းက အထိမ်း အမှတ် အခမ်းအနား ကျင်းပခဲ့သည်။ ကွယ် လွန်သူ သမ္မတဟောင်း နယ်လ်ဆင်မန် ဒဲလားသည် အသားအရောင် ခွဲခြားမှုနှင့် လူမျိုးရေး ခွဲခြားမှုများကို ဦးဆောင် တိုက် ဖျက်ခဲ့သူ ဖြစ်သည်။ မန်ဒဲလား ရုပ်တု ဖွင့်ပွဲကို လူမျိုးရေး ခွဲခြားမှု တိုက် ဖျက်ရေးဆိုင်ရာ ဥပဒေများ လက်မှတ် ရေးထိုးခဲ့သည့် နှစ် ၁ဝဝ ပြည့် အထိမ်း အမှတ်အဖြစ် လည်း ဒီဇင်ဘာလ ၁၆ရက် နေ့တွင် ကျင်းပခြင်း ဖြစ်သည်ဟု သိရ သည်။

Ref : Bangkokpost
Popular Myanmar News Journal

RangonNewsDaily:: December . 19 .2013
တောင်အာဖရိက နိုင်ငံမှ အထင် ကရ ပုဂ္ဂိုလ်ကြီး နယ်လ်ဆင်မန်ဒဲလား ၏ ဈာပန အခမ်းအနား ကျင်းပခဲ့ပြီး ၂၄ နာရီ အကြာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ၉ မီတာအမြင့် ရှိသည့် မန်ဒဲလား၏ ရုပ်တုကို ဖွင့်လှစ်ပြသခဲ့
သည်။

မြန်မာ နှင့် ဂျပန် ဗီဇာ ကင်းလွတ်ခွင့်အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ရန်စီစဉ်

RangonNewsDaily:: December . 19 .2013
ရန်ကုန်။ ။ မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့အကြားသာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ဗီဇာ

မလိုဘဲသွားလာနိုင်ရန်အတွက် နှစ် နိုင်ငံအစိုးရအဖွဲ့တို့အကြားစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား
ရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် နှစ်နိုင်ငံ သံတမန်များနှင့် အဆင့်မြင့်အရာရှိများအနေ ဖြင့် သွား
လာနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတိုင်း သွားလာနိုင်ရန် စီစဉ်လျက်
ရှိကြောင်း သိရသည်။

မန္တလေးတွင် အအေးလွန်ကဲသဖြင့် အိမ်ရာမဲ့ အမျိုးသားတစ်ဦး သေဆုံး

RangonNewsDaily:: December . 19 .2013
မြန်မာနိုင်ငံ၌ ဒီဇင်ဘာလ ဒုတိယပတ်ခန့်မှ စ၍ မြို့ကြီးအချို့တွင် အအေးပိုလျက် ရှိရာ မန္တလေးတိုင်းဒေသ

ကြီး အမရပူရ မြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာ တောင်ဘက် စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း ဘေးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်က အိမ်ရာမဲ့ အမျိုးသားတစ်ဦး အဆုတ်အအေးမိ၍ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ၂၂ရက်နောက်ဆုံးထားပြီးရာထူးမှနုတ်ထွက်ရန် ဝန်ကြီးချုပ်ယင်လပ်ကိုထိုင်းဆန္ဒပြသူများတောင်းဆို

Photo: ဒီဇင်ဘာ၂၂ရက်နောက်ဆုံးထားပြီးရာထူးမှနုတ်ထွက်ရန် ဝန်ကြီးချုပ်ယင်လပ်ကိုထိုင်းဆန္ဒပြသူများတောင်းဆို
Thursday, December 19, 2013

ထိုင်းဆန္ဒပြအုပ်စုများသည် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို ဒီဇင်ဘာ ၂၂ ရက် နောက်ဆုံးထားကာရာထူးမှ နုတ်ထွက် ရန် တောင်းဆိုလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။

ယခင် ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သောဆူ သက်ခေါင်းဆောင်သည့် အတိုက်အခံဆန္ဒပြ အုပ်စုများသည် လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအသွင်ပြောင်းလဲမှုများ ဖန် တီးရန်အတွက် ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူနေသော ယင်လပ်ရှင် နာဝပ်ထရာကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။

အဓိကအတိုက်အခံပါတီဖြစ်သော ဒီမို ကရက်ပါတီမှ ဝန်ကြီးချုပ်ဟောင်းအဘီဆစ် ကို ရွေးကောက်ပွဲဝင်မည့် ပါတီခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ခြင်းကိုလည်း ဆူသက်ခေါင်း ဆောင်သော ဆန္ဒပြအုပ်စုများက လက်ခံ မည့်အခြေအနေမျိုးမရှိခြင်းကြောင့် ထိုင်း နိုင်ငံရေးအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာ နိုင်ကြောင်း ထိုင်းနိုင်ငံရေးကျွမ်းကျင်သူများ က သုံးသပ်နေကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။ ဆန္ဒပြခေါင်းဆောင် ဆူသက် က ယနေ့တွင်ဝန်ကြီးချုပ် နုတ်ထွက်ရန် လှုပ်ရှားနေသော ရှပ်ဝါအုပ်စုများကို မိန့်ခွန်း ပြောကြားခဲ့ရာ၌ ၄င်းတို့၏လှုပ်ရှားမှုများကို အဆုံးသတ်
အဆင့်ဆောင်ရွက်ရန် ပြင်ဆင် ထားကြောင်း ပြောကြားခဲ့သည်ဟု
သိရ သည်။ ဆူသက်က '' ရွေးကောက်ပွဲမကျင်း ပခင်မှာနိုင်ငံရေးအသွင်ပြောင်းလဲမှုတွေ ဖန် တီးဖို့လိုပါတယ်။ ဒါမှလဲနိုင်ငံအနာဂတ်မှာ မဖြစ်သင့်တဲ့အခြေအနေ
မျိုးတွေကို ရှောင်လွှဲ နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဥပမာအနေ နဲ့ပြောရရင် ထိုင်းဥပဒေတွေအရ ထောင်ဒဏ် ရင်ဆိုင်ရမယ့် သက်ဆင်ရဲ့လွှမ်းမိုးမှုတွေကို အခုအချိန်အထိ အုပ်ချုပ်ရေးပိုင်းမှာ တွေ့နေ ရတဲ့အဖြစ်မျိုးတွေပါ။

အုပ်ချုပ်ရေးပိုင်းကို ပြည်သူ့ကောင်စီနဲ့အစားထိုးချင်တယ်ဆိုတာ ကလဲ နိုင်ငံရေးအသွင်ပြောင်းစီမံကိန်းတွေ ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ချင် လို့ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော့်တို့ရဲ့ လှုပ်ရှားမှုတွေကို အဆုံးသတ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။ ဆန္ဒပြအုပ်စုဝင်တွေအားလုံး ဟာ လာမယ့်ဒီဇင်ဘာ ၂၂ ရက်နောက်ဆုံး ထားပြီး ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ သဘော တူညီလိုက်ကြပါပြီ။ ဒါကြောင့် ဝန်ကြီးချုပ် အနေနဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ရာထူးက မနုတ်ထွက်ဘူးဆိုရင် နိုင်ငံအနာဂတ်ကို ပို ဆိုးအောင်ဖန်တီးသလို ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်တို့ကို ထောက်ခံသူတွေ ပိုပိုများ လာသလို နောက်ဆုံးမှာတပ်မတော်နဲ့အခြား အဖွဲ့အစည်းတွေကလဲ ထောက်ခံမှုပေးလာ မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။

သမ်ဆက်တက္ကသိုလ်မှ ထိုင်းနိုင်ငံရေး ကျွမ်းကျင်ပါမောက္ခတစ်ဦးဖြစ်သော ပွန်ချိုင်း က အစိုးရနှင့်အတိုက်အခံများအနေဖြင့် ညှိနှိုင်းဆွေးနွေးမည့် လမ်းကြောင်းကို ဦး တည်ခြင်းမရှိပါက ပိုမိုဆိုးရွားသောရလဒ် များသာ ထွက်ပေါ်လာဖွယ်ရှိပြီး ပြန်လည် ကျင်းပမည့်ရွေးကောက်ပွဲတွင်လည်း ငြိမ်း ချမ်းစွာအဖြေရှာနိုင်မည်မဟုတ်ဟု သတိ ပေးခဲ့ကြောင်း သိရသည်။

The Union Daily

RangonNewsDaily:: December . 19 .2013
ထိုင်းဆန္ဒပြအုပ်စုများသည် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို ဒီဇင်ဘာ ၂၂ ရက် နောက်ဆုံးထားကာ
ရာထူးမှ နုတ်ထွက် ရန် တောင်းဆိုလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။

ရိုးရာလှေလှော်တွင် ရွှေဆုအားလုံး သိမ်းကျုံးယူလိုက် သည့် ရွှေမြန်မာ

Photo

RangonNewsDaily:: December . 19 .2013
နေပြည်တော် ငလိုက်ဆည်တွင် ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့သော ဆီးဂိမ်း ရိုးရာလှေလှော် (TBR) ပြိုင်ပွဲ
အမျိုးအစား ခြောက်မျိုး တွင် မြန်မာအသင်းကဂုဏ်ယူစွာဖြင့် ခြောက်မျိုးလုံးကို ရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေး
ခဲ့ပြီး ယခုလို အောင်ပွဲခံ ပျော်ရွှင်နေပုံအား တင်ပြလိုက်ပါသည်။

မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ

Photo: မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ
Wednesday, December 18, 2013

(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်ကို ရန်ကုန်မြို့ သိမ်ဖြူဟော်ကီကွင်း တွင် ယနေ့နံနက် ၁၁ နာရီက စတင်ယှဉ်ပြိုင်သည်။ စတုတ္ထနေ့ ပထမပွဲစဉ်အဖြစ် ကမ္ဘောဒီးယား နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စင်ကာပူအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

စတုတ္ထနေ့ နောက်ဆုံးပွဲစဉ် အဖြစ် ထိုင်းနှင့်မလေးရှားအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မလေး ရှားအသင်းက ထိုင်းအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ယှဉ်ပြိုင်ခဲ့ သော ပွဲစဉ်များအပြီးတွင် မလေး ရှားအသင်းက ၁၂ မှတ်၊ စင်ကာပူ အသင်းက ၉ မှတ်၊ ထိုင်းအသင်း က ၇ မှတ်၊ မြန်မာအသင်းက ၄မှတ်၊ အင်ဒိုနီးရှားအသင်းက ၃မှတ်ရရှိပြီးကမ္ဘောဒီးယားအသင်း က အမှတ်မရရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် အမျိုးသားဟော်ကီ အုပ်စုပတ်လည် စတုတ္ထနေ့ပွဲစဉ် ကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နှင့် ထိုင်း၊ စင်ကာပူနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

Ref: The Union Daily

RangonNewsDaily:: December . 19 .2013
(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ
့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ်တွင်ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်
ရရှိခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်းထပ်မံရောက်ရှိမည်

RangonNewsDaily:: December . 19 .2013
ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်း ယခုလ ၂၇ရက်တွင် ရန်ကုန်မြို့သို့ ထပ်မံ ရောက်ရှိလာ

မည်ဖြစ်ကြောင်း သိရ သည်။အဆိုပါကမ္ဘာလှည့်ခရီးသည် တင် အပျော်စီးသင်္ဘောများထဲမှ ဗြိတိန်နိုင်ငံအခြေ
စိုက် All Leisure Group Plc လက်အောက်ရှိ Voyages of Discovery မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး
သင်္ဘော M.V Voyager သည် ခရီးသည် ၅ဝဝ ခန့်ပါဝင်ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်ဆိပ်ကမ်းမှတစ်ဆင့် ဗိုလ်
အောင်ကျော်ဆိပ်ကမ်းသို့ ယခုလ ၂၇ရက်တွင်ရောက်ရှိမည်ဖြစ်သည်။

စမတ်နာရီပြီး စမတ်လက်ကောက်

Photo: စမတ်နာရီပြီး စမတ်လက်ကောက်
Wednesday, December 18, 2013

စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်မျက်မှန်နဲ့ ခု စမတ်လက်ကောက်ဆိုပြီး Innovation တွေ မိတ်ဆက်နေပါပြီ။

The Smile from EmoPulse လို့ အမည်ပေးထားတဲ့ concept level က ပစ္စည်းတစ်ခုပါ။ စမတ် မျက်မှန်တွေ ထွက်ရှိပြီး နှစ်သိပ်မကြာပဲ ထွက်နိုင် မယ့် ပစ္စည်း လို့ ဆိုပါတယ်။ ကြည့်လိုက်ရင် သာမန် လက်ကောက် တစ်ခုလို ပါပဲ။ သို့ပေမယ့် သူ့ကို စမတ်ဖုန်းလို အသုံးပြုလို့ ရကြောင်း ဆိုပါတယ်။ ထူးခြားချက်တစ်ခုက သွေးကြောကို အမြဲ Sense လုပ်နေပြီး ခန္ဓာကိုယ်ဖြစ် စဉ်ပြောင်းလဲမှုအလိုက် အလိုက်သိမယ့်ပစ္စည်းလို့ဆိုပါတယ်။ ဥပမာ စာလုပ်နေတယ်ဆိုရင် လက်ကောက်က သူ့အလိုအလျောက် silent mode ဖြစ်နေပြီး ဝင်သမျှ phone call နဲ့ Message ကို အလို အလျောက် ဖြေကြားပေးမယ့် စနစ်မျိုး သတ်မှတ်ပေးလို့ ရပါတယ်။

လက်ပြန်ကြောက သွေးခုန်နှုန်းကို တိုင်းတာပြီး ကျန်းမာရေးအတွက်လည်း အများကြီးအထောက်ကူပြုမယ့် Device ဖြစ်မယ်လို့ ဆိုပါ တယ်။ ကွေးကောက် ရတဲ့ လက်ကောက်က LCD မျက်နှာပြင်ပါရှိပြီး စာဖတ်လို့ရမယ်။ ရပ်ရှင်ကြည့်လို့ရမယ်။ နာရီလိုလည်း သုံးလို့ရမယ့် အစရှိသဖြင့် ဖန်တီးသူတို့ ရေးသားထားချက်ကတော့ အများကြီးပါပဲ။

နောက်ပိုင်းလူသားတို့ နည်းပညာအပေါ် မှီခိုအားထားမှု ပိုမို များပြားလာ မယ့် ခေတ်တစ်ခု ကြိမ်းသေရောက်မှာပါ။ The Smile from EmoPulse လိုပဲ အခြားသော ကုမ္ပဏီများမှလည်း စမတ်လက်ကောက် ဖန်တီး ရန်ကြိုးပမ်းလာဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: techblog
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: December . 19 .2013
စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်မျက်မှန်နဲ့ ခု စမတ်လက်ကောက်ဆိုပြီး Innovation တွေ မိတ်ဆက်နေပါပြီ။

ဆီးဂိမ်း အမျိုးသမီး မီတာ ၁ဝဝ ရေကူး ပြိုင်ပွဲ အငြင်းပွားဖွယ်ဖြစ်ခဲ့

Photo: ဆီးဂိမ်း အမျိုးသမီး မီတာ ၁ဝဝ ရေကူး ပြိုင်ပွဲ အငြင်းပွားဖွယ်ဖြစ်ခဲ့ 
Wednesday, December 18, 2013

ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသား အားကစား 
aရကူးပြိုင်ပွဲ ပထမနေ့ တတိယပွဲစဉ် အမျိုးသမီး မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အသင်း ရဲ့  ရွှေတံဆိပ်ရရှိမှုမှာ အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ သိရသည်။ 

ဖြစ်စဉ်မှာ ရေကူးပြိုင်ပွဲ စတင်ကူးခတ်ရန် နိုင်ငံခြားသား ဒိုင်တဦးက တာလွှတ်ခလုတ်ကို နှစ်ချက်နှိပ်မိ သွားသောကြောင့် ပြိုင်ပွဲဝင် ထိုင်းရေကူးမယ်မှာ တုံ့ဆိုင်းသွားပြီး ဆက်လက်ကူးခတ်ခဲ့သော်လည်း ဆု မရရှိပဲ ဖိလစ်ပိုင်အသင်းက ရွှေတံဆိပ်ရရှိသွားခဲ့သည်။ 

ယင်းရလဒ်ကို ထိုင်းနိုင်ငံအသင်းက ကန့်ကွက်ရာ အပြည်ပြည်ဆိုင်ရာ ရေကူးအဖွဲ့ချုပ်မှ ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် အသင်းမန်နေဂျာအားလုံးကို အစည်းဝေးခေါ်ယူ ညှိနှိုင်းခဲ့ပြီး ယင်းပွဲစဉ်ကို ပြန်လည်ယှဉ် ပြိုင်ရန် သဘောတူညီခဲ့ရာ ထိုင်းအသင်းက ပထမ ပန်းဝင်ပြီး ရွှေတံဆိပ်ရရှိခဲ့ပြီး ဒုတိယ ငွေတံဆိပ်ကို စင်ကာပူ နှင့် တတိယ ကြေးတံဆိပ်ကို ဖိလစ်ပိုင်နိုင်ငံတို့က ရရှိခဲ့သည်။ 

“ နိုင်ငံခြားသားဒိုင်က တာလွှတ် ခလုတ်ကို နှစ်ချက်သွားနှိပ်မိတော့ ထိုင်းက Complain တက်တယ်။ သူ က ရွှေရဖို့ သေချာပြီးသားလို့ ပြောတယ်။ အဲဒါနဲ့ ဒိုင်ချုပ် ၊ ဂျူရီလူကြီးတွေရဲ့ အဆုံးအဖြတ်နဲ့ ပွဲပြန်လုပ်တာ ထိုင်းကရွှေပြန်ရသွားတယ်”ဟု မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဝဏ္ဍထွန်းက ပြောသည်။ 

ရေကူးပြိုင်ပွဲတွင် ပါဝင်သော နိုင်ငံများမှာ အင်ဒိုနီးရှား ၊ မြန်မာ ၊ ထိုင်း ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား ၊ လာအိုနှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။ 

ဒီနေ့ နောက်ဆုံး ရရှိတဲ့ သတင်းအချက်အလက်တွေအရ အခု ဆီးဂိမ်ပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ်ဆု ၅၂ ခုနဲ့ ဒုတိယနေရာ ပြန်တက်လာခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဒုတိယနေရာမှ တတိယ၊ စတုတ္ထနေရာ အထိ အဆင့် ကျဆင်းနေခဲ့ရာ ဒီနေ့ နေ့လယ် မြန်မာစံတော်ချိန် ၁ နာရီကျော် ထုတ်ပြန်ချက်အရ အခုလို  ဒုတိယ အဆင့်ပြန်ရောက်လာခြင်းဖြစ်သည်။ 

ထက်နိုင်ဇော် ~ 
ဧရာဝတီblog

 ဆီးဂိမ်း တွင် အမျိုးသမီး ရေးကူးပြိုင်ပွဲတခု၊ ဓာတ်ပုံ-ဆီးဂိမ်းစာမျက်နှာ
ဆီးဂိမ်း တွင် အမျိုးသမီး ရေးကူးပြိုင်ပွဲတခု၊ ဓာတ်ပုံ-ဆီးဂိမ်းစာမျက်နှာ
RangonNewsDaily:: December . 19 .2013
ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသား အားကစား
aရကူးပြိုင်ပွဲ ပထမနေ့ တတိယပွဲစဉ် အမျိုးသမီး မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အသင်း ရဲ့ ရွှေတံဆိပ်ရရှိမှုမှာ အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ- ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီ

RangonNewsDaily:: December . 19 .2013
လာမယ့်နှစ် ဇန်န၀ါရီ ၁၂ ရက်ကစပြီး မြန်မာနဲ့ ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာ လျှောက်ထားစရာ မလိုပဲ ၀င်ထွက်သွားလာခွင့် ရတော့မယ်လို့ ကမ္ဘောဒီးယားသံရုံးရဲ့ တာဝန်ရှိသူ မြန်မာအရာရှိက အတည်ပြုပြောဆို

ပါတယ်။မြန်မာအစိုးရနဲ့ကမ္ဘောဒီးယားအစိုးရတို့အကြား နှစ်နိုင်ငံဗီဇာကြိုတင် လျှောက်ထားစရာမလိုပဲအပြန်
အလှန် သွားလာခွင့် လက်မှတ်ရေးထိုးပြီးနောက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

Facebook မှ ယခုသီတင်းပတ်အတွင်းအခပေးဗီဒီယိုကြော်ငြာများ စလက်ခံမည်

RangonNewsDaily:: December . 19 .2013
Facebook မှ ယခုလ ၁၉ ရက်မှ စပြီး ပထမဦးဆုံး အခပေးဗီဒီယိုကြော်ငြာ များကိုစတင်လက်ခံသွားမည်ဟု

ဝေါစထရိဂျာနယ်ကယင်းကုမ္ပဏီနှင့်နီးစပ်သူများကိုကိုးကားပြီးသတင်းဖော်ပြခဲ့သည်။အဆိုပါ ဗီဒီယိုကြော်
ငြာများသည် Facebook အသုံးပြုသူများ၏ Newsfeed တွင် အလိုအလျောက်ပြသနေလိမ့်မည်ဟု ဝေါစထရိ
ဂျာနယ်ဝက်ဘ်ဆိုက်တွင်ရေးသား ဖော်ပြထားသည်။

သီပေါမြို့နယ်အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကျင်းပ

Photo: သီပေါမြို့နယ်အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကျင်းပ
Wednesday, December 18, 2013

သီပေါမြို့နယ်အတွင်း (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲအား
ပန်းတိမ်တောင်ရပ်ကွက်၊ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက်တွင် ဒီဇင်ဘာလ(၁၃)ရက်နေ့မှ စတင်ကာ (၁၇)ရက်နေ့အထိ (၅)ရက်တိုင်
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရှိရသည်။

အဆိုပါပွဲသို့သီပေါမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ဒေသခံများ စည်ကားသိုက်မြိုက်စွာလာရောက်ကြပြီး ကျေးရွာအလိုက် ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ ကြကြောင်း
သိရှိရသည်။

"ပွဲရည်ရွယ်ချက်ကတော့ ဗုဒ္ဓစွယ်တော်ကို ပူဇော်ရင်း သာသနာ
ထွန်းကားမှုကိုထိန်းသိမ်းဖို့၊ လူငယ်တွေ ဘာသာရေးမှာ စိတ်ပါဝင်စာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ '' ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး
ဦးမြသန်းမှ ပြောသည်။

သီပေါမြို့ အောင်မင်္ဂလာကျောင်းတိုက်အတွင်းရှိ
ဗုဒ္ဓစွယ်တော်မှာ သီရိလင်္ကာနိုင်ငံမှ စွယ်တော်ပွားဖြစ်ပြီး
(၁၂၅၄)ခုနှစ်အုန်းဘောင်စော်ဘွား (၈၅)ဆက်မြောက် စော်ဘွားကြီး စ၀်ကြာခိုင် (ခေါ်)စ၀်ခွန်ကြာခိုင် သီဟိုဠ် နိုင်ငံသို့ ရောက်ရှိစဉ် စွယ်တော်မြတ်အစစ်အားဖူးတွေ့ခဲ့ပြီး အများပြည်သူ ကြည်ညို
ပူဇော်နိုင်ရန်စွယ်တော်ပွားတစ်ဆူနှင့် ဓါတ်တော်များအား ဓမ္မလက်ဆောင်အဖြစ် တောင်းခံရာသီဟိုဠ် သာသာနာပိုင်ဆရာတော်ကြီးများမှ ပေးအပ်၍
ပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းကြောင်းများအရ သိရှိရသည်။

"ပွဲကတော့ နှစ်တိုင်းလုပ်ပါတယ်။ ပွဲမလုပ်ခင်မှာ စွယ်တော်ကို
ဒေသအတွင်းဒေသစာရီ ကြွချီတယ်၊ နှစ်စဉ် နတ်တော်လဆန်း (၁)ရက်ကစပြီး လှည့်လည်တယ်၊ပြီးရင် ဒီကျောင်းမှာပဲ လာဆုံကြတယ် '' ပွဲတာဝန်ခံများမှ ရှင်းပြသည်။

ပွဲအတွင်း ဒေသအသီးသီးမှ လာရောက်ရောင်းချသော ဈေးသည်များ၊
ပွဲလာပရိသတ်များဖြင့် အထူးစည်ကားခဲ့ပြီး ကျေးရွာအသီးသီးမှ ယဉ်ကျေးမှုအဖွဲ့များ၊အကအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

RangonNewsDaily:: December . 18 .2013
သီပေါမြို့နယ်အတွင်း (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲအား ပန်းတိမ်တောင်ရပ်ကွက်၊ အောင်
မင်္ဂလာ ဘိုးတော်ကျောင်းတိုက်တွင် ဒီဇင်ဘာလ(၁၃)ရက်နေ့မှ စတင်ကာ (၁၇)ရက်နေ့အထိ (၅)ရက်တိုင်
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရှိရသည်။

တိုက်ကွမ်ဒို Women's Poomsae (Single) ပြိုင်ပွဲတွင် မြန်မာရွှေရ

Photo: တိုက်ကွမ်ဒို Women's Poomsae (Single) ပြိုင်ပွဲတွင် မြန်မာရွှေရ
Wednesday, December 18, 2013

တိုက်ကွမ်ဒိုအားကစားနည်းမှတိုက်ကွမ်ဒို
Women's Poomsae (Single) ပြိုင်ပွဲတွင်
ရွှေတံဆိပ် တစ်ခုကို ယမင်းကေခိုင်က ဆွတ်ခူးသွားသည်။

ယနေ့ဆွတ်ခူးရရှိသော ရွှေဆုရအားကစားများမှာ

ရိုးရာလှေလှော်တွင် ရွှေ (၆)ဆု

တိုက်ကွမ်ဒို တွင်ရွှေ (၂) ဆု

ကမ်ပိုတွင် ရွှေ (၁) ဆု

ပီတန်း တွင်ရွှေ (၁)ဆု

ဂျူဒို အမျိုးသမီ Final ပြိုင်ပွဲတွင် မြန်မာမှ စဲလ်ဝီက ရွှေတံဆိပ်၁ဆုဆွတ်ခူးပေးသွားပြီးဖြစ်သည်။
်။photo - Myanmar Taekwondo Federation

Popular Myanmar News Journal

RangonNewsDaily:: December . 18 .2013
တိုက်ကွမ်ဒိုအားကစားနည်းမှတိုက်ကွမ်ဒို Women's Poomsae (Single) ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခုကို
ယမင်းကေခိုင်က ဆွတ်ခူးသွားသည်။

အအေးလှိုင်းကြောင့် ကချင်ဒုက္ခသည်များ အကူအညီ လိုအပ်

Photo: အအေးလှိုင်းကြောင့် ကချင်ဒုက္ခသည်များ အကူအညီ လိုအပ်
Wednesday, December 18, 2013

တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် လေအေးကြောင့် အအေးပိုလာချိန်တွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတချို့၌ အနွေးထည်နှင့် စောင်မလုံလောက်မှုများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါစခန်းများမှ သိရသည်။

အအေးလှိုင်း ဖြတ်သန်းမှုကြောင့် မြန်မာပြည် မြောက်ဖျားဒေသများတွင် အအေးပိုလာချိန်၌ အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲတချို့ ဖြစ်ပွား၍ စစ်ဘေးရှောင်ရခြင်း၊ ထို့အပြင် တရုတ် အာဏာပိုင်များကလည်း တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတချို့မှ ကချင်ဒုက္ခသည်များကို နှင်ထုတ်ခြင်းတို့ကြောင့် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့ရသည်ဟု သိရသည်။

“မြို့ပေါ်နဲ့ အစိုးရ လက်လှမ်းမှီသလောက်မှာတော့ စောင်တွေနဲ့ အဝတ်အထည်က လောက်ငှတယ်။ ပြည့်စုံတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပန်ဝါဘက် မိုင်တိုင် (၆) ဘက်မှာ တရုတ်ဘက်ကနေပြီးတော့ ဒီလ ၁၅ ရက်ကနေ စဖယ်ခိုင်းတယ်။ ဒီလိုဆိုတော့ အေးတဲ့အချိန်လည်းဖြစ်၊ အအေးလှိုင်းကလည်း ဖြတ်ဆိုတော့ အဲဒီဘက်က ဒုက္ခသည်တွေမှာ နေစရာနဲ့ အအေးဒဏ်ခံနိုင်ဖို့ အခက်ခဲတွေရှိနေတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဆမ်ဆွန်က ပြောသည်။

ဆက်လက်ပြီး ဦးဆမ်ဆွန်က မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့တို့တွင် KBC အတွင်းရှိ ဒုက္ခသည် စခန်းများတွင် မူအအေးဓာတ်ကို ခံနိုင်စေသည့် အဝတ်အထည်နှင့် စောင်များမှာ နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများထက် လောက်ငှမှုရှိနေကြောင်း၊ နယ်စပ်အနီးရှိ ဒုက္ခသည်များတွက် ကူညီလိုကြောင်း ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နမ်လင်းပါရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်လည်း နမ်လင်းပါရှိ စခန်းများမှ ဒုက္ခသည်များ ထွက်ပြေးလာမှုများ ရှိကြောင်း၊ စခန်းတွင်းသို့ ထွက်ပြေးလာရာတွင် ကိုယ်လွတ်ရုန်း ပြေးခဲ့ရသောကြောင့် မိမိတို့ စခန်းရောက်ရှိချိန်တွင် နေရာအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း မိုင်ဂျာယန် ဒုက္ခသည်စခန်းမှ ဒေါ်မေရီတောင်က ပြောသည်။

“နမ်လင်းပါမှာ စစ်ဖြစ်တော့ ဒီဘက်ကို ပြေးလာတယ်။ မိုင်ဂျာယန်ဘက်မှာ နဂိုက ဒုက္ခသည် ၈၀၀၀ လောက် ရှိတာမှာ အခုဆို နောက်ထပ် ၂၀၀၀ လောက် တိုးလာတော့ အဝတ်အထည်နဲ့ စောင်တွေ မလောက်ငှဘူး။ နောက် နေဖို့အတွက် ရွက်ဖျင်တဲ အခက်အခဲလည်း ကြုံနေရတယ်။ အစိုးရ စစ်တပ်ပိုင်းကတော့ တလောက တခြားစခန်းတွေကို ဆန်လှူတယ်ပြောတယ်။ ကျမတို့ စခန်းတော့ မရောက်ပါဘူး။ ဒီမှာက KIA ဘက်က ကူညီတာများပါတယ်” ဟု ၎င်းက ပြောသည်။

နမ်လင်းပါတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရတပ်များဘက်မှ ဒုက္ခသည်စခန်းများကိုပါ ဝင်ရောက် ရှင်းလင်းခဲ့သည့်အတွက် စခန်းများကို ဒုက္ခသည်တချို့ စွန့်ခွာခဲ့ကြောင်း KIAဘက်မှ ပြောကြားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဧရာဝတီသို့ ပြောကြားခဲ့ရာတွင် “ကျနော်တို့ဘက်က တတ်နိုင်သရွေ့ ပြည်သူတွေ မထိခိုက်အောင် လုပ်ပါတယ်။ နောက်ဒီဘက်ကို တက်ဖို့အတွက် KIAဘက်ကို အကြောင်းကြားတယ်။ အကြောင်းမပြန်လို့ ၅ ရက်မြောက်နေ့မှာမှ တက်ခဲ့တာပါ။ အဲဒီမှာ သစ်တန်ချိန် ၄၀၀ ကျော် ခိုးထုတ်တာမိပါတယ်။ ဒီနောက်တိုက်ပွဲဖြစ်တာပါ။ ဒုက္ခသည်စခန်းကိုမှ ရွေးပစ်တာမျိုး လုပ်တာမရှိဘူး” ဟု ဆိုသည်။

နမ်လင်းပါကျေးရွာတွင် KIA နှင့် အစိုးရတပ်ကြား တိုက်ပွဲများကြောင့် မန်ဝင်း၊ ဗန်းမော်၊ မိုင်းခေါင်၊ လန်နန်ဇက်ဂျာ (LA NA ZUP JA)၊ ဘန်တစီပါ (Bum Tsti Pa)၊ မိုင်ဂျာယန် စသည့် ဒုက္ခသည်စခန်းများတွင် အသီးသီး ခိုလှုံခဲ့ရကြောင်း သိရသည်။

“ဒီမှာက အခုဆို တအားအေးတယ်။ စောင်လိုအပ်နေတယ်။ အနွေးထည်ရောပေါ့။ တခုကတော့ ထင်း လိုအပ်တာပဲ။ နွေးနွေးထွေးထွေး နေဖို့အတွက် ဒီတခုကလည်း အရမ်းလိုနေတယ်။ အဓိကကတော့ လူကြီးတွေမှာ တော်တော် ဒုက္ခရောက်တယ်။ အဓိကကတော့ ဒီအခု အအေးဓာတ် ခံဖို့အတွက် လုံလောက်တဲ့ အာဟာရ သူတို့မှာ မရှိတာပါပဲ” ဟု မိုင်းခေါင်ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦး ကဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် Office for the Coordination of Humanitarian Affairs (OCHA) အဖွဲ့၏ ထုတ်ပြန်ချက်အရ မန်စီတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၃၀၀၀ ကျော် ထွက်ပြေးခဲ့ကြရကြောင်း၊ အဆိုပါ ဒုက္ခသည်များအတွက် အကူအညီ လိုအပ်နေကြောင်း ဖော်ပြပါရှိသည်။ အဆိုပါ ထုတ်ပြန်ချက်မှာ၂၀၁၃ အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းတွင် အဖွဲ့ ၄ ဖွဲ့ဖြင့် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပန်ဝါအထက် မှတ်တိုင်အမှတ် (၆) တရုတ်နယ်စပ်ရှိ ဖရဲခက် (Hpare Hkyet) စစ်ပြေး ဒုက္ခသည် စခန်းကို တရုတ်အစိုးရ အာဏာပိုင်များက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း သိရသည်။

မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpare Hkyet) စစ်ပြေးဒုက္ခသည်စခန်းသည် တရုတ်ပြည်ဘက်ခြမ်းတွင်ရှိပြီး ယခုရာသီဥတု အေးခဲနေချိန် ပြောင်းရွေ့ရမှုကြောင့် အခက်အခဲများရှိကြောင်း၊ အစာနှင့်ရေ ပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရကြောင်း
KBCလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဆမ်ဆွန်က ပြောသည်။

စခန်းပြောင်းရွှေ့ပြီး ပြန်လည် ဆောက်လုပ်နိုင်ရန် တရုတ်အစိုးရ အာဏာပိုင်များ လက်ကိုင်လွှ (Yuki) ၂၀ ခု၊ တူ၊ သွပ်ကြိုး၊ သံများနှင့် သုံးထပ်သားများ ကူညီပေးထားပြီး ဖြစ်သောကြောင့် နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပြောင်းရွှေ့ ထားခြင်းဖြစ်ကြောင်း သိရသည်။

“၂ အိမ်၊ ၃ အိမ်က ပြောင်းနေကြပြီ၊ ဒီဇင်ဘာလမှာ အားလုံးပြောင်းရွှေ့လာမယ်လို့ ပြောတယ်၊ အရမ်းချမ်းပြီး လမ်းခရီးခက်ခဲတဲ့နေရာ ဖြစ်တယ်။ အခုချိန်မှာ ရေတောင် ခဲနေပြီ” ဟု ဦးဆမ်ဆွန်က ပြောသည်။

ဖရဲခက်တွင် လူဦးရေ ၈၀၀ ကျော်ရှိပြီး ဒုက္ခသည်စခန်းကို ကချင်လွတ်လွတ်ရေးအဖွဲ့ (KIO) နှင့် KBC မှ ထောက်ပံ့နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရုတ်နယ်စပ်ရှိ စခန်းများဖြစ်သော ယန်လု (Yang Lu)၊ လောဝ်ဖိုင် (Lau Hpai)၊ လုံဂရောက် (Lung Krawk)၊ နားကောင်းကောင် (Na Kawng Kawng)၊ ခဒေါင်ပါ (Hka dawng Pa) တို့တွင်လည်း နှင်းများကျ၍ ရေခဲတောင်များဖြင့် အအေးလွန်ကဲက ဒုက္ခသည်များအတွက် အနွေးထည်နှင့် စောင်များ မလုံလောက်ကြောင်း သိရသည်။

လက်ရှိတွင် ကချင်စစ်ဘေးဒုက္ခသည်ပေါင်း ၁ သိန်းကျော်ခန့်ရှိကြောင်း၊ ၎င်းတို့ထဲတွင် ၅၂၀၀၀ ခန့်မှာ အစိုးရထိန်းချုပ်ထားခြင်း မရှိသည့် ဧရိယာတွင် နေထိုင်နေရကြောင်း OCHAအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ကချင်ပြည်နယ် လိုင်ဇာအနီးရှိ စစ်ဘေးရှောင်စခန်း တခု (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
ကချင်ပြည်နယ် လိုင်ဇာအနီးရှိ စစ်ဘေးရှောင်စခန်း တခု (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
RangonNewsDaily:: December . 18 .2013
တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် လေအေးကြောင့် အအေးပိုလာချိန်တွင် ကချင်စစ်ဘေးရှောင် ဒုက္ခ
သည်စခန်းတချို့၌ အနွေးထည်နှင့် စောင်မလုံလောက်မှုများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါစခန်းများမှ သိ
ရသည်။

" ဆီးဂိမ်းပိတ်ပွဲမှာ VeVe အချိုရည် လှူဒါန်းမယ့် မိုးစက်ဝိုင် "

Photo: " ဆီးဂိမ်းပိတ်ပွဲမှာ VeVe အချိုရည် လှူဒါန်းမယ့် မိုးစက်ဝိုင် "
Wednesday, December 18, 2013

မိုးစက်ဝိုင်က နေပြည်တော်မှာ ကျင်းပတဲ့ ဆီးဂိမ်း အားကစားဖွင့်ပွဲ ကို သွားရောက် ကြည့်ရှုအားပေးခဲ့ ပါတယ်။

“ဒီဆီးဂိမ်း ဖွင့်ပွဲကို တအား အားရပါတယ်။ မိုးစက်တို့ မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ မျိုးချစ်စိတ်တွေ ကို လည်း တွေ့ရတယ်။ အဲဒီအတွက် မိုးစက်က တအား ဂုဏ်ယူတယ်။ စီစဉ် တဲ့သူတွေ ကလည်း သေသေချာချာ အသေးစိပ် လုပ်ထားကြတယ်။ မီးရှူး မီးပန်း ဖောက်တာက အစ တကယ် ကိုပဲ လူတွေရဲ့ စိတ်ထဲမှာ မြန်မာဆို တာ ဂုဏ်ယူ ဖို့ ကောင်းလိုက်တာ ဆိုတဲ့ စိတ်မျိုးကို ဖြစ်စေပါတယ်။

ဖွင့်ပွဲကို ခမ်းခမ်းနားနားနဲ့ သေချာလေး လုပ် လိုက်တဲ့အတွက် အားကစားသမား တွေအတွက် ပိုပြီး အားဖြစ်စေပါတယ် လို့လည်း ယုံကြည်ပါတယ်” လို့ ပြော ပါတယ်။

ဆီးဂိမ်း အားကစားပွဲမှာ လည်း တစ်ဖက် တစ်လမ်းက ပါဝင် ကူညီဖို့ အသင့်ပဲ ဖြစ်ကြောင်းကို မိုးစက်ဝိုင်က “သူများတွေက အရှေ့ တစ်နှစ်လောက် ကတည်းက ကြိုတင် ပြီး စီစဉ်ထားတာ ဆိုတော့ မိုးစက်က နောက်ကျ သွားတယ်။ အစကတော့ ဖွင့်ပွဲမှာ ကျရာ အခန်း ကဏ္ဍကနေ ပါဝင်မလို့ဘဲ။ ဒါပေမဲ့ အဆင်မပြေ တာလေးတွေ ရှိတဲ့ အတွက် အားပေး တဲ့နေရာကပဲ ပါဝင်ခဲ့တယ်။ ပိတ်ပွဲမှာလည်း ပါဝင်ဖို့ လိုအပ်ရင် မိုးစက်က ပါဝင်ဖို့ အသင့်ပါပဲ။ မိုးစက် အနေနဲ့ ဆီးဂိမ်း ဖွင့်ပွဲမှာ အားကြိုးမာန် တက် မြန်မာနိုင်ငံ ဂုဏ် မငယ်ရအောင် ကြိုးစားခဲ့ကျတဲ့ ပင်ပင်ပန်းပန်း ကျိုးစားနေကျတဲ့ ကလေးငယ်တွေ ကို တအားကျေးဇူး တင်ပါတယ်။ သူတို့ကို တစ်ဖက်တစ် လမ်းကနေ ကိုယ်တတ်နိုင် သလောက် ကူညီချင်တယ် ဒါကြောင့် ပိတ်ပွဲမှာ ပါဝင် ကူညီပေးတဲ့ ကလေးတစ် သောင်းကျော် အတွက် VeVe အချို ရည်ကို သွားလှူဖို့ စီစဉ်ထားပါ တယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily:: December . 18 .2013
မိုးစက်ဝိုင်က နေပြည်တော်မှာကျင်းပတဲ့ဆီးဂိမ်းအားကစားဖွင့်ပွဲကိုသွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။

မန္တလေးမြို့တွင် အက်ဆစ်များ တင်ဆောင်လာသော ထရပ်ကားတစ်စီး မီးလောင်

Photo

RangonNewsDaily:: December . 18 .2013
မန္တလေးမြို့ ဒီဇင် ဘာ ၁၈ ရက် ည နေ ၃ နာရီ ခန့်တွင် ချမ်းအေးသာဇံမြို့ နယ် ၂၇ လမ်း၊ ၈၁ လမ်း နှင့် ၈၂ လမ်းကြားရှိ လေလာဝင်း ထဲတွင် ဆာဖျူရစ် အက်ဆစ်များ ၊ ဖော့စရစ် အက်ဆစ်များ တင်ဆောင် လာသော
ခေါက်တို ထရပ်ကား တစ်စီးပေါ်၌ သံထည်များနှင့် ခြစ်မိ ပြီး မီးလောင် မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာအမျိုး သမီးဘောလုံးအသင်း ထိုင်းအမျိုးသမီးဘောလုံးအသင်း ၁၀ ဂိုး ၁၁ ဂိုးနှင့်ရှုံးနိမ့်



Photo: ဆီးဂီမ်းဘောလုံးအတွက် ခံစားချက်
========================

ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာတော့ ကျွန်တော်တို့ ရွှေတံဆိပ်ယူနိုင်မှာပါ ဆိုတဲ့ နည်းပြချုပ်တွေရဲ့  ပွဲမတိုင်မှီက
ဝန်ခံကတိပေးမှုတွေ။ ကျွန်တော် ကျွန်မတို့ရဲ့  နောက်ဆုံးရည်မှန်းချက်က ရွှေပါဆိုတဲ့ ခံယူချက်အပြည့်နဲ့ 
ကတိပေးခဲ့ပြီး ကြိုးစားခဲ့ကြတဲ့ အားကစားသမားတွေ။မီဒီယာတွေရဲ့  နှိုးဆွမှုနဲ့အတူ မြန်မာပွဲဆိုရင် ဘယ်လောက်အခက်အခဲတွေဘဲ ကြုံကြုံ
အားပေးမှာပါ ဆိုတဲ့ စကားသံတွေကို ပြန်လည်အမှတ်ရနေမိတယ်။

ဒါပေမဲ့ ပြိုင်ပွဲမပြီးဆုံးခင်မှာဘဲ အားကစားသမားတွေရဲ့  ငိုကြွေးမှု၊ ၀မ်းနည်းမှု၊ အဖွဲ့ချုပ်၏ မျက်နှာပျက်ရမှု နည်းပြတွေကလည်း
နာမည်ပျက်ရမှု၊ ပရိတ်သတ်တွေကလည်း ဆိုးသွမ်းစာရင်းသွင်းခံရမှု၊ ၀မ်းနည်းငိုကြွေးကြတဲ့ ပုံရိပ်တွေသာ ဆီးဂိမ်းအမှတ်တရ ဆုလဒ်အဖြစ် ကျန်ခဲ့တာလားဗျာ။ ထိုအိမ်မက်ဆိုးဖြစ်ခဲ့တဲ့ ကာလများမှာ ငိုကြွေးသံနဲ့အတူ
" ကျွန်တော်တို့ ဘာကို ဘယ်လိုဆက်ပြီးအားပေး
ရတော့မလဲ ဒီအမှတ်တရ ပစ္စည်းတွေက ဘယ်လိုအသုံးဝင်နိုင်တော့မှာလဲဗျာ " ဆိုတဲ့
ငိုကြွေးသံနဲ့ ပြောခဲ့တဲ့ ပရိတ်သတ်အသံတစ်ခုကို ကြားယောင်မိတိုင်း ၀မ်းနည်းမဆုံးဖြစ်ရတယ်။ တကယ့်ချွေးနည်းစာနဲ့ ပင်ပန်းခံပြီး
အားပေးဖို့ အမှတ်တရပစ္စည်းတွေကအစ ၀ယ်ပြီးအားပေးခဲ့ကြတယ်။ ခက်ခက်ခဲခဲ လက်မှတ်ရရှိရေး ကြိုးစားပြီး အချိန်ကုန်၊ ငွေကုန်၊ စိတ်ပျော်ရွှင်မှုတွေကိုပါ
အကုန်ခံပြီး လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေ၊ ကြိုးစားပေမည့်လည်း ရှုံးနိမ့်လို့ ငိုကြွေးနေတဲ့ အားကစားသမားတွေကိုစာနာမိတိုင်းလည်း
ဝမ်းနည်းမိတယ်။ မျိုးချစ်စိတ်အပြည့်နဲ့ နန်းသုံးအဆောင်တွေ ၀တ်ဆင်ပြီး နိုင်ငံတော်အလံကိုင်ပြီး အားမာန်အပြည့် အားပေးခဲ့ကြပေမည့် မှိုင်တွေနေခဲ့ရတာတွေ။
တီဗွီမျက်နှာပြင်ပေါ်မှာ ထိုင်ကြည့်ပြီး အားမလိုအားမရနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အားပေးခဲ့ကြတဲ့ ပွဲအပြီး အငိုမျက်ဝန်းတွေနဲ့ မြန်မာပရိတ်သတ်တွေကိုလည်း
ကိုယ်ချင်းစာမိတယ်။ 

ကျွန်တော်တို့အသင်း ထိုင်းကိုတော့ အမျိုးသားကော အမျိုးသမီးကော အကောင်းဆုံးကစားခဲ့ပါတယ်။ ပင်နယ်တီမှာ ကံနိမ့်ခဲ့တာကတော့
မတက်နိုင်ဘူးဗျာ...ကိုယ့်ဖာသာဘဲစိတ်ဖြေရတော့မယ်။ ကစားသမားကိုလည်း အပြစ်မဆိုချင်တော့ပါဘူး
မလွယ်ဘူးလေ။ ခုတော့ ပြန်တမ်းတလို့မရတော့ဘူး
ဖြစ်လာသမျှ အကောင်းဘဲမှတ်ရတော့မယ်။

နောက်ဆုံးမှာတော့ ဒီလောက် ဒဏ်ရာပေးနေတဲ့ မြန်မာဘောလုံးအသင်းတွေကို စိတ်နာလားဆိုတော့...
ဟုတ်ကဲ့..ငယ်စဉ်ကတည်းက အမှတ်မရှိခဲ့တဲ့ ကျွန်တော်တို့ဆက်လက်ပြီးတော့ အားပေးနေအုံးမှာပါဗျာ...။။
တတိယလုပွဲတော့ အောင်မြင်မှာပါ.....အားပေးလျှက်ပါ..။။။

မိုးတိမ်
http://www.football-cafe.com/

RangonNewsDaily:: December . 18 .2013
မြန်မာအမျိုးသမီးအသင်းရှုံးနိမ့် ခဲ့ ပါပြီ။ဒါပေမဲ့ဒီပွဲ ကြည့် ရတာရှုံးရင် တောင် တန်သွား ပြီလို့ မိနစ် ကိုးဆယ်

ပီးကတဲကကျွန်တော် ခံယူလိုက်တယ်။ ဘာလို့ လဲ ။ သူတို့ တတ်နိုင်သမျှ ရေကုန် ရေ ခမ်းနဲ့ ကျွန်တော်တို့
မြန်မာ ပရိတ်သတ် တွေကိုအကောင်းဆုံး ဖျော်ဖြေ မှု ပေးခဲ့ တယ်။ ဒါကြောင့် လုံးဝ တန်ပါတယ်။