Pages

Wednesday, December 11, 2013

27 SeaGame ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပုံများ

Photo

RangonNewsDaily:: December . 11 .2013
ယနေ့ကျင်းပပြုလုပ်ခဲ့သော 27th SEA Games ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပုံများနှင့် နေပြည်တော် SeaGame ပုံရိပ်များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်ဗျာ။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SeaGame ဖွင့်ပွဲ အခမ်းအနား ကျင်းပနေပုံ

Photo

RangonNewsDaily:: December . 11 .2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SeaGame ဖွင့်ပွဲ အခမ်းအနား ကျင်းပနေပုံများကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ.။

27th SEA Games: Opening Ceremony ဖွင့်ပွဲအခမ်းအနားယနေ့ညနေပိုင်းကကျင်းပပြုလုပ်

Photo: 27th SEA Games: Opening Ceremony ဖွင့်ပွဲအခမ်းအနားကျင်းပနေပုံ (သတင်းစဉ်)

kolatt(PBDN)

RangonNewsDaily:: December . 11 
27th SEAGames:OpeningCeremonyဖွင့်ပွဲအခမ်းအနားယနေ့ညနေပိုင်းကကျင်းပပြုလုပ်နေပြီဖြစ်ကြောင်း
သတင်းရရှိပါသည်။ ဖွင့်ပွဲအခမ်းအနားပုံရိပ်များကိုတင်ဆက်ပေးလိုက်ပါသည်။

ပရိသတ်၂၅,၀၀၀ ရှေ့တွင် မြန်မာအမျိုးသမီးဘောလုံးအသင်း ဖိလစ်ပိုင်ကို အနိုင်ယူ

ပရိသတ်၂၅,၀၀၀ ရှေ့တွင် မြန်မာအမျိုးသမီးဘောလုံးအသင်း ဖိလစ်ပိုင်ကို အနိုင်ယူ 


kolatt(PBDN): December . 11 .2013

မန္တလေး- ၂၀၁၃ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
::
ပွဲအပြီးတွင် မြန်မာအသင်းနည်းပြက ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူမည်ဖြစ်ပြီး ရွှေတံဆိပ်ရယူရန်အတွက် ပြိုင်ပွဲဝင်ခြင်းဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောကြားသည်။ 

ဖိလစ်ပိုင်နည်းပြက ပွဲရလဒ်မှာ ဖြစ်သင့်ပြီး ပရိသတ်မှာ မြန်မာအသင်း၏ ၁၂ ယောက်မြောက် ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြီး ပရိသတ် ၂၅၀၀၀ လာရောက်အားပေးသည့်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့သော်လည်း ဖိလစ်ပိုင်နောက်တန်းနှင့် ဂိုးသမားတို့၏ ကောင်းမွန်မှုကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။
::
 မြန်မာအသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် ခင်မာထွန်းကလည်းကောင်း ၊ ဒုတိယဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် သန်းသန်းထွေးကလည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းများနှင့် ကျရောက်နေပြီး ပွဲဦးထွက်အနိုင်ရလဒ် ရရှိခဲ့သည့်အတွက် အကြိုဗိုလ်လုပွဲတက်ရောက်ရန် အခြေအနေကောင်းသွားသည်။

 မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နာမည်ကြီး ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 
::
ဒီဇင်ဘာလ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ)ပွဲစဉ်ဖြစ်သည့် လာအိုနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 

7days News::--

RangonNewsDaily:: December . 11 .2013
မန္တလေး- ၂၀၁၃ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်တွင်အိမ်ရှင်မြန်မာအသင်းကဖိလစ်ပိုင်အသင်း
ကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆီးဂိမ်းစ်ဖွင့်ပွဲအား အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ

Photo: SEA GAMES 2013 OPENING CEREMONY LIVE
ယနေ့ ည ၆ နာရီ မှ ၁၁ နာရီအထိကျင်းပမည့် ဆီးဂိမ်းစ်ဖွင့်ပွဲအား အွန်လိုင်းမှကြည့်ရှုရန်နှင့် ရုပ်သံလိုင်းများမှ ကြည့်ရှုရန်
ပြသမည့်ပြည်တွင်းရုပ်သံလိုင်းများ - 4HD , MRTV-4, For Sea Games
အင်တာနက်မှကြည့်ရှူရန် - www.mrtv4.tv

၁။ www.ustream.tv/channel/up-to-date---sky-net
၂။ www.mmseagames2013.com
၃။ www.mrtv4.tv
၎။ http://myanmartvchannel.com/sea-games-channel.html
၅။ https://www.youtube.com/watch?v=uYknHX0h3XA


Ref:MFF
Football Café

RangonNewsDaily:: December . 11 .2013
SEA GAMES 2013 OPENING CEREMONY LIVE ယနေ့ ည ၆ နာရီ မှ ၁၁ နာရီအထိကျင်းပမည့် ဆီးဂိမ်း
စ်ဖွင့်ပွဲအား အွန်လိုင်းမှကြည့်ရှုရန်နှင့် ရုပ်သံလိုင်းများမှ ကြည့်ရှုရန် ပြသမည့်ပြည်တွင်းရုပ်သံလိုင်းများ

ဆီးဂိမ်းကို အိုးမဲသုတ်သူများ

Photo: ဆီးဂိမ်းကို အိုးမဲသုတ်သူများ
Wednesday, December 11, 2013

ပြီးခဲ့တဲ့ ရက်အတွင်း ဆီးဂိမ်း အားကစားပြိုင်ပွဲတွေထဲက တခုဖြစ်တဲ့ ဘောလုံး အားကစားပြိုင်ပွဲတွေ စတင် ကျင်းပပါတယ်။ ကစားပွဲထဲမှာ လာရောက်ကြည့်ရှုတဲ့ မြန်မာ ပရိသတ်တွေ အားပေးတဲ့ ပုံစံဟာ အရင့်အရင် နှစ်တွေကထက် တော်တော် တိုးတက်လာတာတွေ့ ရသလို ပရိသတ် တချို့ရဲ့ ပြုမူပုံတွေကတော့ တော်တော်ကြီး ရှက်စရာကောင်းတယ်လို့ မြင်မိပါတယ်။

အဲဒီနေ့ ဘောလုံး အားကစား ပြိုင်ပွဲပထမပွဲစဉ်မှာ ထိုင်းအသင်း နဲ့ အရှေ့တီမော အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံး ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲပါ။ အဲဒီပွဲမှာ ထိုင်းအသင်းကို လာရောက်အားပေးတဲ့ ထိုင်းနိုင်ငံသား ပရိသတ်တွေကလည်း ထိုင်းအသင်းကို အားပေးကြပါတယ်။ ဒုတိယပွဲစဉ်က မြန်မာနဲ့ ကမ္ဘောဒီးယားပွဲစဉ် ဖြစ်တဲ့အတွက် မြန်မာပရိတ်သတ် ၁ သောင်းခွဲလောက်က ကွင်းထဲကို ကြိုတင်ရောက်နေကြတာပါ။

ကိုယ့်အသင်း ကစားချိန် မရောက်သေးပေမယ့် အရှေ့ တီမောနဲ့ ကန်နေတဲ့ သူတို့အသင်းကို အားပေးနေကြတဲ့ ထိုင်းပရိသတ်တွေကို မြန်မာ ပရိတ်သတ် တချို့က ရန်စ နှောက်ယှက်ကြတာပါ။ ထိုင်း-မြန်မာ ကျောင်းတော်က ရန်စ၊ သမိုင်းအာဃာတကို ထင်ဟပ်စေတဲ့ ဦးအောင်ဇေယျ ရုပ်ပုံကြီးကို ထိုင်းပရိသတ်တွေ ရှေ့မှာ ခနခန ထောင်ပြနေကြပြီး ဝါရင်းတုတ်နဲ့ ယိုးဒယားကို တက်သိမ်းခဲ့ဖူးတာတွေ အော်ဟစ်ကာ အိမ်ရှင်မြန်မာနိုင်ငံ အရှက်ရစေမယ့် အပြုအမူတွေ လုပ်ပြကြပါတယ်။

စုစုပေါင်း အယောက် ၅၀ မပြည့်တဲ့ ထိုင်းပရိသတ်တွေက ထိုင်းအသင်းကို “ထိုင်းလန်း … ထိုင်းလန်း” ဆိုပြီး သံပြိုင် အော်ဟစ် အားပေးသံရဲ့ အဆုံးမှာ မြန်မာပရိသတ်တချို့  အင်္ဂလိပ်လို F နဲ့ စတဲ့ ဆဲလုံးနဲ့ နောက်ကနေ သံပြိုင် လိုက်ဆဲကြပါတယ်။

တချို့ အကြိမ်တွေမှာလည်း ထိုင်းတွေက သူတို့ အသင်းကို အော်ဟစ်အားပေးနေချိန်မှာ ရာနဲ့ချီတဲ့ မြန်မာ ပရိသတ်တွေက
ထိုင်းတွေရဲ့ အသံတွေ ဖုံးလွှမ်းသွားအောင် ထိုင်းရဲ့ ပြိုင်ဘက်အသင်း အရှေ့တီမော နာမည်ကို ထပ်ခါတလဲလဲ သံပြိုင် ဟစ်အော်ခဲ့ကြပါတယ်။

မြန်မာပရိတ်သတ်တွေက အရှေ့ တီမောအသင်း ကစားကွက်ကို ကြိုက်လို့၊ အရှေ့ တီမောအသင်းကို ချစ်လို့ အားပေးတာတော့ မဟုတ်ပါဘူး။ ထိုင်းအသင်းကို အားတက်သရော အားပေးနေကြတဲ့ ထိုင်းပရိသတ်ကို နှောက်ယှက်ဖို့ပဲ ဖြစ်ပါတယ်။

ပွဲကစားနေချိန်အတွင်း မကြာခဏ ဆိုသလို အရက်နံ့ထောင်းနေတဲ့ မြန်မာ ယောကျာ်းပရိသတ် တချို့ကလည်း ရီဝေဝေ မျက်လုံးတွေနဲ့ အမျိုးသမီး ထိုင်းပရိသတ်တွေကို ရှေ့တည့်တည့်ကနေ သွားပြီး အိနြေ္ဒပျက်လောက်အောက် စိုက်ကြည့်တာမျိုးတွေလည်း လုပ်ကြပါတယ်။

ဒါတင်မက အင်္ကျီချွတ်ထားပြီး ဆေးမှင်တွေ အပြည့်နဲ့ လူတချို့ဟာ ထိုင်းပရိသတ်တွေ ရှေ့ကိုသွားပြီး မောင်နဲ့ နှမ မမြင်ဝံ့တဲ့ ကိုယ်အမူအရာ၊ လက်အမူအရာတွေနဲ့ စော်ကားရိုင်းပြစွာ ပြုလုပ်ပြနေကြတာပဲ ဖြစ်ပါတယ်။ ဒီအပြုအမူတွေဟာ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေ တခြားနိုင်ငံမှာ အဲဒီလိုမျိုး နှောက်ယှက် စော်ကားခံရရင်ဆိုတဲ့ အတွေးမျိုးလေးနဲ့ ယှဉ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။

ဒီနှစ် ဆီးဂိမ်းအတွက် မြန်မာ ဘောလုံး အဖွဲ့ချုပ်က အရင့်အရင် ပြိုင်ပွဲတွေနဲ့မတူဘဲ ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး စနစ်တွေကို
တိုးချဆောင်ရွက်ထားတာ တွေ့ရပါတယ်။ ဝင်ပေါက်တွေမှာ မီးခြစ်၊ ရေဗူးကနေ သွားကြားထိုးတံ အဆင့်လောက်အထိ ယူခွင့်မပေးပါဘူး။ ဒါပေမယ့် ၄ ပေလောက်ရှည်တဲ့ ဦးအောင်ဇေယျ ပုံကြီးကိုတော့ ဘယ်ကနေ ဘယ်လို ခိုးသွင်းလာတယ်တော့ မသိပါဘူး။

မြန်မာဟာ အိမ်ရှင် ဖြစ်နေပေမယ့် မြန်မာ ပရိသတ်တချို့က အိမ်ရှင် မပီသတဲ့ အပြုအမူ၊ မရင့်ကျက်တဲ့ အပြုအမူ၊ ရန်လိုတဲ့ အပြုအမူ၊ မယဉ်ကျေးတဲ့ အပြုအမူကို ပြသကြတာပါပဲ။ ဒီလို ပြုလုပ်သူတွေဟာ လက်တဆုပ်စာ ဖြစ်သော်လည်း မြန်မာနိုင်ငံသားတွေ မျက်နှာကိုရော၊ ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လက်ခံတဲ့ မြန်မာနိုင်ငံရဲ့ မျက်နှာကိုပါ အိုးမဲသုတ်၊ အရှက်ခွဲတဲ့ အပြုအမူ ဖြစ်ပါတယ်။

သွားရောက်ကြည့်ရှုတဲ့ မိတ်ဆွေကလည်း ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူပါ။ သူက ထိုင်းတွေကို အတော်မျက်နှာ ပူမိပါတယ်လို့ ပြောပါတယ်။ အဲဒီထက် ပိုရှက်စရာ ကောင်းတာက အဲဒါတွေကို တွေ့မြင်ရတဲ့ ထိုင်းတွေရဲ့ တုံ့ပြန်ချက် သဘောထားပါ။

ပွဲကို လာရောက်ကြည့်ရှုတဲ့အထဲမှာ မြန်မာပြည်ကိုလာပြီး စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တဦးလည်းပါပါတယ်။ သူက မြန်မာပရိသတ်တချို့ ဒီလိုပြုမူတာကို ခွင့်လွှတ်ကြောင်း၊ တနေ့မှာတော့ ဒါကို ရှက်စရာကောင်းတယ်လို့ သိမြင်လာပြီး
ယဉ်ကျေးလာမယ်လို့ မျှော်လင့်ကြောင်း ပြောသွားတာပါ။

ထိုင်းအသင်းနဲ့ တီမော အသင်းတို့ ယှဉ်ပြိုင် အပြီးမှာတော့ ထိုင်းအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရပါတယ်။ ထိုင်း လက်ရွေးစင် အသင်းက သောင်းချီတဲ့ မြန်မာပရိသတ် ကြားထဲကနေ သူတို့ နိုင်ငံ့ လက်ရွေးစင်အသင်းကို ဟစ်အော် အားပေးနေကြတဲ့ ထိုင်း ပရိသတ်တွေကို သူတို့ ထုံးစံအတိုင်း လက်အုပ်ချီပြီး လာနှုတ်ဆက်ကြပါတယ်။

ထိုင်းပွဲပြီးသွားပြန်တော့ ထိုင်းပရိသတ်တွေထဲက အမျိုးသမီး တချို့သာ ပြန်သွားကြပေမယ့် အမျိုးသား အများစုကတော့ မြန်မာ-ကမ္ဘောဒီးယား ဘောလုံးပွဲကို ဆက်လက်အားပေးဖို့ ကျန်ခဲ့ကြပါတယ်။ ထိုင်းအလံတံဆိပ် ခေါင်းစည်းတွေကို ချွတ်ပြီး မြန်မာလို့ ရေးထားတဲ့ ခေါင်းစည်းကို ပတ်လိုက်ကြကာ မြန်မာနဲ့ ကမ္ဘောဒီးယားနဲ့ ကစားတဲ့ပွဲကို ဆက်ကြည့်ကြပါတယ်။

အဲဒီနောက် ထိုင်းတွေကလည်း အော်လံနဲ့ “မြန်မာ … မြန်မာ” လို့ သံပြိုင် ဟစ်အော်ပြီး မြန်မာ့ လက်ရွေးစင် အသင်းကို ပြောင်းလဲ အားပေးကြပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဘုရားကျောင်း ပြဿနာကြောင့် ကမ္ဘောဒီးယားကို ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာဘက်က အားပေးတာမျိုး ဖြစ်နိုင်ပေမယ့် သူတို့ကို ချက်ချင်းလက်ငင်း စော်ကားပြုမူထားတဲ့ မြန်မာတွေကို စိတ်မနာနိုင်ဘဲ ဆက်အားပေးဖို့ ဆုံးဖြတ်ခဲ့ကြတာကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။

သွားရောက်ကြည့်ရှုခဲ့ကြတဲ့ ဂုဏ်သရေရှိ မြန်မာပရိသတ်တွေအတွက် ထိုင်းတွေ မြန်မာဘက်က အားပေးကြာတာ ဝမ်းသာစရာ ဖြစ်ပေမယ့် ထိုင်းပရိသတ်အပေါ် စော်ကားနှောက်ယှက်ခဲ့တဲ့ မြန်မာပရိသတ်တချို့ရဲ့ အပြုအမူအတွက်လည်း အရှက်ရမှာ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ရက်အတွင်းမှာပဲ ထိုင်း ရုပ်သံချယ်နယ်တခုကနေ လာရောက် သတင်းယူကြတဲ့ ဂျာနယ်လစ်များနဲ့ ဆုံမိကြပါတယ်။ သူတို့လည်း ဒီကိစ္စတွေကို သိကြမှာပါ။ ဒါပေမယ့် မေးခွန်းထုတ်တာမျိုး၊ တီးခေါက်တာမျိုး မပြုလုပ်ပါဘူး။

သူတို့က မြန်မာပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြသလို သူတို့လည်း သူတို့ ဘုရင်ကြီးကို ချစ်ကြပါတယ်လို့ပဲ ယဉ်ကျေးဖွယ်ရာ ပြောပါတယ်။ မြန်မာ ပရိသတ်တချို့  ထိုင်းပရိသတ်တွေကို စော်ကားစွာပြုမူတာတွေကို ကိုယ်တိုင်မြင်ခဲ့တဲ့ မိတ်ဆွေကလည်း ထိုင်းဂျာနယ်လစ်တွေကို မျက်နှာပူနေမယ် ထင်ပါတယ်။

အရင် စစ်အစိုးရ လက်ထက်တွေမှာ တခြားနိုင်ငံနဲ့ ကိုယ့်နိုင်ငံအသင်း ကန်တာပဲ ဖြစ်ဖြစ်၊ ကိုယ့် ပြည်တွင်း အသင်းအချင်းချင်း ကန်တာပဲ ဖြစ်ဖြစ် မကြားဝံ့မနာသာ ဆဲကြဆိုကြ အော်ဟစ်ကြ၊ ဖိနပ်တွေနဲ့ပစ်၊ ရေဗူးတွေနဲ့ ပစ်ကြတာတွေ ရှိခဲ့ပါတယ်။ ဒီလို ပြုမူပြီး ပေါက်ကွဲကြတာဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ဖောက်ခွဲပစ်ကြမှု တမျိုးဖြစ်တယ်လို့ ယူဆ ပြောဆိုခဲ့ကြတာ ရှိပါတယ်။ ဒါဆိုရင် ဒီဘက်ခေတ်မှာ ဒီလို ပြုမူကြတာကိုရော ဘယ်လို ဆင်ခြေမျိုးနဲ့ ခွင့်လွှတ်ကြမှာလဲလို့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းမှာ ကွင်းထဲကို ရေဗူးတွေ၊ ဖိနပ်တွေ ပစ်မထည့်နိုင်အောင် သံဆန်ကာ ကာထားရတာကို ကြည့်ရင် ပွဲကြည့်ပရိသတ် အများစုရဲ့  ရန်လိုမှု၊ သည်းခံနိုင်စိတ် နည်းပါး ခန့်မှန်းကြည့်နိုင်ပါတယ်။

တချို့ကတော့ ဒါဟာ ပညာရေးနဲ့ ဆိုင်တယ်၊ နိုင်ငံကြီးသား ပီသအောင် သင်ပြမပေးနိုင်တဲ့ ပညာရေးစနစ်ကြောင့် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ တချို့ကလည်း တဦးချင်းစီနဲ့ပဲ ဆိုင်တယ်၊ တဦးချင်းစီရဲ့ စိတ်ဓာတ်ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ ယူဆကြတာလည်း ရှိပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းနဲ့ မြန်မာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပရိသတ်အချို့ရဲ့ ပြုမှုဆက်ဆံပုံများကြောင့် ရင်လေးမိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

နိုင်ငံဂုဏ်ဆောင်ကြဖို့ နိုင်ငံကိုယ်စားပြု အားကစားသမားတွေကိုချည်း ဖိအားပေးနေလို့ မရပါဘူး။ အိမ်ရှင်ဖြစ်နေတဲ့ မြန်မာ ပရိသတ်တွေ အနေနဲ့လည်း အိမ်ရှင်ပီသဖို့၊ သည်းခံမှုရှိကြောင်း ပြသဖို့နဲ့ နိုင်ငံဂုဏ် ဆောင်ကြဖို့ လိုပါတယ်။ မြန်မာပရိသတ်အနေနဲ့ ဘယ်လို ပြုမှု ဆက်ဆံသင့်တယ် ဆိုတာတွေကို အစိုးရ တာဝန်ရှိသူတွေ၊ အားကစားပွဲ စီစဉ်သူတွေအနေနဲ့ နောင်ဆိုရင် ထည့်သွင်းစဉ်းစားဖို့ လိုနေပါပြီ။

မြန်မာ-ကမ္ဘောဒီးယား ဘောလုံးပြိုင်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာ-ကမ္ဘောဒီးယား ဘောလုံးပြိုင်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: December . 11 .2013
ပြီးခဲ့တဲ့ ရက်အတွင်း ဆီးဂိမ်း အားကစားပြိုင်ပွဲတွေထဲက တခုဖြစ်တဲ့ ဘောလုံး အားကစားပြိုင်ပွဲတွေ စတင် ကျင်းပပါတယ်။ ကစားပွဲထဲမှာ လာရောက်ကြည့်ရှုတဲ့ မြန်မာ ပရိသတ်တွေ အားပေးတဲ့ ပုံစံဟာ အရင့်အရင်
 နှစ်တွေကထက် တော်တော် တိုးတက်လာတာတွေ့ ရသလို ပရိသတ် တချို့ရဲ့ ပြုမူပုံတွေကတော့ တော်တော်ကြီး ရှက်စရာကောင်းတယ်လို့ မြင်မိပါတယ်။

ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းဖြင့် ထပ်မံတရားစွဲ

Photo: ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းဖြင့် ထပ်မံတရားစွဲ
Wednesday, December 11, 2013

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံကို မီးရှို့ကာ ဆန္ဒထုတ်ဖော်မှုကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ ခံထားရသူ ဒေါ်နော်အုန်းလှကို ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့က ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းတစ်ခုဖြင့် ထပ်မံတရားစွဲဆို လိုက်ကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ 

ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ရွှေတိဂုံဘုရားပေါ်တွင် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန် အော်ဟစ်ဆုတောင်းမှု ပုဒ်မ ၂၉၆ ဖြင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ဆိုသည်။ 

တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ခံထားရသူ ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို စတင်ရုံးထုတ် စစ်ဆေးသည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြစ်မှုဟောင်း နောက်ထပ်တစ်ခုဖြင့် တရားစွဲဆို ထားသည်ကို သိရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ 

၂၀၀၇ ခုနှစ် မေလ ၂၀ ရက်နေ့က ဒေါ်နော်အုန်းလှ အပါအဝင် လူ၂၅ဦးခန့်က ရွှေတိဂုံစေတီတော် အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အသံကျယ်လောင်စွာ ဆုတောင်းမှုကြောင့် အခြားသူများ စိတ်အနှောင့်အယှက် ဖြစ်စေသည် ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၆ဖြင့် ရွှေတိဂုံစေတီတော် ဂေါပကရုံး ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင့်က ဒဂုံမြို့နယ် တရားရုံးသို့ ပြစ်မှုအမှတ် ၂၈၈/၂၀၁၃ဖြင့် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခြင်း ဖြစ်သည် ဟု ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

"အံ့တော့ အံ့သြသွားတာပေါ့။ ဒါက နောက်ကြောင်းပြန်တဲ့ အလုပ်လေ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံက (နိုင်ငံရေး) မပြောင်းလဲသေးဘူး ဆိုတာ ဖော်ပြနေတယ်"ဟု အဆိုပါ ပုဒ်မ ၂၉၆ဖြင့် တရားစွဲဆိုခြင်း ခံရသူ ဒေါ်နော်အုန်းလှက ဒဂုံမြို့နယ် တရားရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ယခု လောလောဆယ်တွင် ရွှေတိဂုံ ဘုရားဂေါပက အဖွဲ့၏ တရားစွဲဆိုချက်ကို အသေးစိတ်ကို မသိရသေး ဟုလည်း ၄င်း၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
"အခုက အမှုက စစ်လို့မရသေးဘူး။ ဒေါ်နော်အုန်းလှနဲ့ အတူစွဲတဲ့ ကိုအောင်စိုးနဲ့ ကိုစည်သူက ရုံးရှေ့ကို မရောက်သေးလို့ပါ။ အခြေအနေကို ကျွန်တော်တို့ ဘာမှတိတိ ကျကျပြောလို့မရသေးဘူး" ဟု ၄င်းက ပြောကြားသည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဂေါပကရုံး၊ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်သို့ မေးမြန်းရာ ယင်းအမှုနှင့် ပတ်သက်ပြီး ၄င်းအနေနှင့် သိရှိထားခြင်း မရှိကြောင်းသာ ပြန်လည် ဖြေကြားသည်။

"ဒီအမှုက ကျွန်တော်တို့ တရားရုံးကို ဦးတိုက်လျှောက်ထားတာ တော်တော် ကြာပါပြီ။ ၂၀၀၇ ခုနှစ် ကတည်းကပါ။ အခု ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင်လည်း တာဝန်က အနားယူသွားပါပြီ။ အခုဖြစ်တဲ့ ဟာကို ကျွန်တော် မသိပါဘူး" ဟု ဦးဝင်းကြိုင် က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျသူ အရာရှိ အပြင်သို့ သွားနေသောကြောင့် ပြန်လည်ဖြေကြား၍ မရကြောင်းသာ ပြောကြားသည်။

ဒေါ်နော်အုန်းလှသည် လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၂ နှစ်ချ မှတ်ခံရပြီး နိုဝင်ဘာလ ၁၅ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီး လက်ရှိအချိန်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ကျောက်တံတား၊ ပန်းပဲတန်းနှင့် ဒဂုံမြို့နယ် တရားရုံးများတွင် တရား ရင်ဆိုင်နေရသည်။

The Voice Weekly

RangonNewsDaily:: December . 11 .2013
လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရန်အတွက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံကို မီးရှို့ကာ ဆန္ဒ
ထုတ်ဖော်မှုကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ ခံထားရသူ
ဒေါ်နော်အုန်းလှကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့က ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းတစ်ခုဖြင့် ထပ်မံတရားစွဲဆို လိုက်ကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

နိုင်ပွဲဆက်နေသော အမျိုးသားဘောလုံးအသင်းအပေါ်အမြင်များ

RangonNewsDaily:: December . 11 .2013
ဆီးဂိမ်းပြိုင်ပွဲအမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်နှစ်ပွဲကစား ပြီးချိန်တွင် ခြောက်မှတ်ရရှိပြီးအလားအလာ

ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာအသင်းအပေါ်နည်းပြများ၊ ကစားသမားဟောင်း များနှင့်ပရိသတ်များ၏ သုံးသပ် ချက်များကို တင်ပြလိုက်ပါသည်။

နိင်ငံဂုဏ်ဆောင် မြန်မာမွတ်စလင်မ် အားကစားသမားများ.

မောင်သစ္စာ's photo.

RangonNewsDaily:: December . 11 .2013
မြန်မာနိင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော်မီးရှူးထွန်း
ညှိလက်ဆင့်ကမ်းပွဲအားရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှ ဝေဇယန္တာလမ်းလမ်းတစ်လျှောက်
နိင်ငံဂုဏ်ဆောင်အားကစားသမား ၂၀ ဦးက ယနေ့နံပိုင်းတွင် သယ်ဆောင်ခဲ့ရာတွင်

သုံးလောင်းပြိုင် ဈာပနအခမ်းအနား.

နာရေးကူညီမှုအသင်း-ရန်ကုန်'s photo.

RangonNewsDaily:: December . 11 .2013
၅.၁၂.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဥက္ကလာလမ်း (လေဆိပ်လမ်း)၌ ၄၈ လိုင်းကားဖြင့်
တိုက်မိ၍ သေဆုံးသွားခဲ့သော မခမ်းမိုးမိုးထွေး (၂၈) နှစ်၊ မဆွေဇင်ထက် (၁ဝ) နှစ်၊ မမေမြတ်ဖြိုး (၅) နှစ် တို့၏ ဈာပနအား

ဆိုင်ကလုန်းမုန်တိုင်း " မဒီ " ၏ လက်ရှိ အခြေအနေ မှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မုန်တိုင်းအန္တရာယ် ကြိုတင် သတိပြုရန် လိုအပ်

RangonNewsDaily:: December . 11 .2013
ယနေ့ညနေ ၅ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်း သည့် ဆိုင်ကလုန်း မုန်တိုင်း ''မဒီ'' ( Madi ) သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့မြောက် ဘက်(၃၂၅) မိုင်ခန့် ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ ၏ အနောက် - အနောက် မြောက်ဘက် (၄၈၅)မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေပါသည်။

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုန်းလှကို ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးမှုနှင့် ဒဂုံမြို့နယ်တရားရုံးက တရားစွဲ

RangonNewsDaily:: December . 11 .2013
တရုတ်အလံမီးရှို့မှုနဲ့ လို့ဆိုပြီး သာသနာကိုစော်ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ ဒေါ်နော်အုန်းလှရဲ့ရှေ့နေက ပြောပါတယ်။ ဒေါ်နော်အုန်းလှနဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ဆန္ဒပြစဉ် တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံ အလံကိုမီးရှို့ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (ခ)နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဆီဂိမ်းတွင်လူစုံနေသည့်အတွက် ညငှက်များ နေပြည်တော်သို့ တဖွဲဖွဲဝင်ရောက်လျှက်ရှိ

ဆီဂိမ်းတွင်လူစုံနေသည့်အတွက် ညငှက်များ နေပြည်တော်သို့ တဖွဲဖွဲဝင်ရောက်လျှက်ရှိ 


kolatt(PBDN): December . 11 .2013

(နေပြည်တော်သတင်း) ဆီဂိမ်းတွင်လူစုံနေသည့်အတွက် ညငှက်များ နေပြည်တော်သို့ တဖွဲဖွဲဝင်ရောက်လျှက်ရှိကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် 
::
၊ နေပြည်တော်မြို့မဈေးကားဂိတ်နဲ့ ပျဉ်းမနား ဘောဂသီရိကားဂိတ်တွေကို စောင့်ကြည့်ရင် အသိသာကြီးပါဗျာ ၊ ညငှက်လို့ခေါ်တဲ့ ကောင်မလေးတွေ အုပ်စုလိုက် တဖွဲဖွဲဝင်လာကြတာ ၊ ကားဂိတ်မှာ ချိတ်ထားတဲ့ သူတွေကလည်း လာကြိုကြတယ် ၊ 

ရာဇဌာနီလမ်းတလျှောက် ပေါင်းလောင်းကွက်သစ်ပေါ့ ပြောမယ်ဆိုရင် ဟိုဘက်ဘေးရော ဒီဘက်ဘေးရော ညဘက်မှာ ကားကိုဖြေးဖြေးမောင်းပြီး မယောင်မလည်လုပ်ကြည့်ပါလား ၊ ဆိုင်ကယ် ကယ်ရီလိုလို ကောင်းလေးတွေ လာမေးပါလိမ့်မယ် ၊ အစ်ကိုကြီး ဦးကြီး ဘာရှာနေတာလဲ ၊ ရေမီးစုံရှိတယ်လေ ၊ ငယ်ငယ်လေးတွေ ဖြူဖြူချောချော ဆံပင်ရှည်ရှည်လေးတွေဗျ ၊ 
::
ရန်ကုန်ကရောက်တဲ့ အသစ်လေးတွေရမယ် ၊ အိုး ဆိုင်ကယ်လေးငါးစီးက ကိုယ့်ကို ဝိုင်းပြောတာ ကြုံရလိမ့်မယ် ၊ ရာဇဌာနီလမ်းကိုတောင် မာဆတ်ဌာနီ ဘိဌာနီ လို့ နာမည်ပြောင် ခေါ်တဲ့ အဆင့် အထိ ရောက်နေကြတယ်လေ ၊ 

အခု အဲဒီဈေးကွက်က ဟိုတယ်ဇုန်က ဆောက်လက်စ ဟိုတယ်တွေ ရဲ့ အနောက်ဖက်အခန်းတွေ ၊ ကြာပင်ရပ်ကွက်နားက စည်ပင်တည်းခိုရိပ်သာ ၊ ပုဗ္ဗသီရိက ဟိုတယ်ဇုန် အသစ်က ဆောက်လက်စ ဟိုတယ်အသစ်တွေ အဲဒီတွေကိုပါတိုးချဲ့သွားတယ်ဗျ ၊ ခုတလော ရန်ကုန်ကနေ တက္ကစီ နဲ့ အမျိုးသမီးကြီးတွေ ပြောမယ်ဆိုရင် ခေါင်းပေါ့ ၊ အဲလိုတွေပါ ဆင်းလာကြတယ်ဗျ ၊ ခုဆို စည်ပင်ရှေ့က ဆိုင်ကယ်ကယ်ရီတွေက ပွဲစားလိုတောင် ဖြစ်နေကြပြီလေ ၊ 
::
တယ်လီဖုန်း နဲ့ ကောင်မလေးတွေကို ဓါတ်ပုံရိုက်ထားပြီး နေ့ည မရှောင် လာတဲ့ဖောက်သည်ကို ဓါတ်ပုံပြ စည်းရုံးကြတော့တာပဲ ၊ သဘောကျလို့ ခေါ်လိုက်မယ်ဆိုရင် အခန်းဝထိအောင် ဆိုင်ကယ်နဲ့ ၁၀မိနစ်အတွင်း အရောက်ပို့ပေးတယ်လေ ၊ 

အဲဒီကောင်မလေးတွေကိုယ်တိုင်က အဲဒီစည်ပင်တည်းခိုရိပ်သာမှာပဲ စခန်းချတာကိုးဗျ ၊ ပုဗ္ဗသီရိက ဟိုတယ်ဇုန် အသစ်မှာလည်း ရန်ကုန်က ရွှေရုံတိုင်ဟော်တယ်ဆိုတာ လာဖွင့်ထားတယ် ၊ အဲဒီမှာလည်း တကိုယ်လုံးချွတ်ပြီး ဆီလိမ်းနှိပ်ပေးတာရှိတယ်တဲ့ ၊ ပေါ်တင်ပဲလုပ်နေတာလေ ၊ 
::
ညဘက် တက္ကစီဆွဲတဲ့သူတွေ ဒါပဲလုပ်နေတာလေ ၊ ညဘက် ပျဉ်းမနားက ဆိုင်ကယ် ကယ်ရီတိုင်းကို မုန့်ဘိုး ၅၀၀ လောက်ပေးပြီး မေးကြည့်ပါလားဗျ ၊ အကုန်ပြောပြလိမ့်မယ် ၊ ရေမီးစုံလိုချင်တယ်ပြောပြီး ရှာခိုင်းလိုက်ပါလား ၊ အစ်ကိုရေ ကျနော်ကရှေ့ကမောင်းသွားပေးမယ် အစ်ကိုက နောက်ကလိုက်ခဲ့ ဆိုပြီး ဝူးကနဲမောင်းသွားမှာ ၊ 

ဆီးဂိမ်းအပြီး နေပြည်တော်နဲ့ ပျဉ်မနားလည်း ဖာတော ကြက်ဘိ အဖြစ်နဲ့ ကျန်ခဲ့တော့မှာ မြင်နေယောင်နေတယ်ဗျာ ၊ နေပြည်တော် တည်ဆောက်ရေးတွေ ၂၀၁၁ လောက်ကတည်းက ရုတ်တရက် ရပ်သွားတော့ လူတွေလည်း တဖွဲဖွဲပြန်သွားကြပြီး ဒီက နယ်ခံမြို့ခံတွေလည်း မြိုးမြိုးမြတ်မြတ်ရတဲ့ အလုပ်တွေ ပျောက်ကုန်ကြတာပေါ့ ၊
::
 မြေဈေးဝိုင်းဈေးတွေကလည်း ပြုတ်ကျလိုက်တာ တချို့နေရာဆို ၁၀ ချိုး ၁ ချိုးပဲ ကျန်တော့တာ ၊ မြေဝယ်ချင်တယ် ဝိုင်းဝယ်ချင်တယ်ဆိုပြီး ပျဉ်မနားကိုလာကြည့်ပါလား ရောင်းချင်တဲ့သူတွေက နောက်ကလိုက်လို့ ထွက်ပြေးနေရမယ် ၊ အခုတလော ဆေးပြားတွေပါ ဆိုင်ကယ်ကယ်ရီတွေကတဆင့် ဝယ်လိုရနေပြီတဲ့ တစ်ပြားကိုတော့ အောက်ထစ် ၅၀၀၀ လောက်ပေးရမယ်တဲ့ ရောင်စုံလာတယ်တဲ့ ၊ 

WY စာတမ်းနဲ့ လက်ဟောင်းဆိုရင် တစ်သောင်း နားကပ်တယ်တဲ့ ၊ သုံးလုံး နှစ်လုံး ဘောလုံး လောင်းချင်လား ဘာလုပ်ချင်လည်း အကုန်ရမယ် တဲ့ ၊ ကွမ်းယာထဲမှာလည်း ရှယ်ကွမ်းရာဆို သုံးထောင်လောက်ရှိတယ် ၊ အဲဒီဆေးပြားကို အမှုန့်ကြိတ်ထားပြီး ကွမ်းယာထဲ ထည့်ရောင်းနေကြတယ်လေ ၊ 
::
ပျဉ်မနားက တိုးတက်သွားတာလား ဆုတ်ယုတ်သွားတာလားလို့တောင် မေးယူရမှာ ၊ ဒီပုံစံအတိုင်းဆက်သွားကြရင်ဖြင့် ပျဉ်မနား လယ်ဝေး နဲ့ ဒီနယ် တစ်ဝိုက် ခပ်လှမ်းလှမ်းရွာတွေက အရွယ်ကောင်းမိန်းကလေးတွေ အတွက် ရင်လေးစရာပဲ ၊ 

ပိုက်ဆံ အလွယ်ရဖို့ မကောင်းတာလုပ်စားဖို့ ဆွယ်မယ့်သူတွေက အသင့် ဖြစ်နေပြီလေ ၊ နောက်ဆို နေပြည်တော်ကြီးက ဖာပြည်တော်ကြီး ဖြစ်သွားမလားပဲဗျာ ၊ 

(နေပြည်တော်မှ ပေးပို့လာသော သတင်းဖြစ်သည်)


Hawdeka Khalaylay's::--

RangonNewsDaily:: December . 11 .2013
(နေပြည်တော်သတင်း) ဆီဂိမ်းတွင်လူစုံနေသည့်အတွက် ညငှက်များ နေပြည်တော်သို့ တဖွဲဖွဲဝင်ရောက်လျှက်ရှိကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည်

"အကြမ်းဖက်မှုတွေ မလုပ်ပါနဲ့တော့ သမ္မတကြီးရယ်"


RangonNewsDaily:: December . 10 .2013
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တခုမှာ"အကြမ်း
ဖက်မှုတွေ မလုပ်ပါနဲ့တော့ သမ္မတကြီးရယ်" လို့ ရေးထားပါတယ်။ 

နေတိုးနဲ့ နှစ်ယောက်တွဲလုပ်ထားတဲ့ အခွေကြောင့် တစ်ကိုယ်တော်အခွေကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်တဲ့ ရိန်မိုး

Photo: နေတိုးနဲ့ နှစ်ယောက်တွဲလုပ်ထားတဲ့ အခွေကြောင့် တစ်ကိုယ်တော်အခွေကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်တဲ့ ရိန်မိုး
Tuesday, December 10, 2013

အဆိုတော် ရိန်မိုးကို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့အတူ နေတိုးနဲ့နှစ်ယောက်တွဲ ထုတ်မယ့် တေးစီးရီးအခွေအတွက် မေးကြည့်တဲ့အခါမှာတော့ ‘လတ်တလောမှာတော့ အစ်ကိုနဲ့  နေတိုး နှစ်ယောက်တွဲလုပ်ထားတဲ့ ဖန်ဆင်းရှင် တေးစီးရီးအခွေ ထွက်ဖို့ရှိပါတယ်။  နောက်ပြီး တစ်ခြားပွဲလေးတွေမှာ သီဆိုဖျော်ဖြေပေးဖို့ရှိပါတယ်။ ပြီးတော့ တိုင်းရင်းသားကရင် အခွေလေးလုပ်ဖို့တော့ ရှိပါတယ်။  အစ်ကိုရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး သီချင်းတွေ စုဆောင်းထားတာတော့ ရှိပါတယ်။ လောလောဆယ် အစ်ကို့ရဲ့ တစ်ကိုယ်တော် အခွေနဲ့ ဖန်ဆင်းရှင်အခွေ သွားတိုက်သွားမှာလည်းစိုးတယ်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိတော့ဘူးလေ။ အဲဒါကြောင့် တစ်ကိုယ်တော် အခွေကိုအကန့်အသတ်မရှိ နောက်ဆုတ်လိုက်တာပါ။’လို့ သူက ပြောပါတယ်။

ဖန်ဆင်းရှင်အခွေထဲမှာ ဇာတ်ဝင်တေးသီချင်းတွေကို နားဆင်ခံစားရမှာဖြစ်ပြီး ဒီအခွေထဲမှာပါမယ့် သီချင်းအမျိုးအစားတွေအကြောင်း သူက ခုလိုပြောပြသွားပါတယ်။ ‘ဖန်ဆင်းရှင် အခွေမှာ သီချင်း၁၄ ပုဒ်ပါမယ်။ ဇာတ်ဝင်တေးသီချင်း ၆ပုဒ်၊ ၇ပုဒ် လောက်ပဲပါ မှာဖြစ်ပြီးတော့ ကျန်တဲ့ သီချင်းလေး တွေကတော့ Owntuneလေးတွေပါ။ modern rock, rock, pop rock နဲ့ pop တေးသီချင်းချိုချို လေးတွေ ပါဝင်ပါတယ်။ ဖန်ဆင်းရှင် အခွေနဲ့ ပတ်သက်ပြီးအများကြီး မျှော်လင့်ထားပါတယ်။ အစ်ကိုတို့ နှစ်ယောက်စလုံးအတွက်လည်း အမှတ်တရဖြစ်တယ်။ ပရိသတ်ကိုလည်း သီချင်း ကောင်းကောင်းလေးတွေ ချပြချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ အကောင်းဆုံး ဖြစ်အောင်လို့အစ်ကိုနဲ့ နေတိုးနှစ်ယောက် တိုင်ပင်ပြီးတော့ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဖန်ဆင်းရှင် အခွေပေါ်မှာအများကြီးမျှော်လင့်ထားပါတယ်။ နေတိုးနဲ့ အတူတူအလုပ်တွဲလုပ်ရတာလည်း အဆင်ပြေပါတယ်။ သူနဲ့က ညီအစ်ကိုလို၊ မိသားစုလို ဖြစ်နေပြီဆိုတော့ ပြောရဆိုရတာလည်း တအား အဆင်ပြေပါတယ်။ သူက တအားရိုင်းပင်းကူညီတတ်တယ်။ ဒီဖန်ဆင်းရှင် အခွေလေးပရိသတ် ရှေ့ချပြဖို့ ကြန့်ကြာနေတယ် ဆိုတာကလည်း နေတိုးကတော်တော်အလုပ်များတဲ့ သူတစ်ယောက် ဖြစ်တော့ အလုပ်တွေများတဲ့ကြားကဲအချိန်တွေပေး၊ သူလည်းတော်တော်  ကြိုးစားအားထုတ်ခဲ့ရ ပါတယ်’တဲ့။

ခုနောက်ပိုင်း ရိန်မိုးဟာ နေတိုးရဲ့ ဇာတ်ကားတွေမှာ ဇာတ်ဝင်သီချင်းတွေဆိုပေးရတဲ့အပြင် မင်းမော်ကွန်း၊ လူမင်း၊ နေမင်း၊ ဟိန်းဝေယံ နဲ့ နောက် တော်တော်များများရဲ့ ဇာတ်ဝင်သီချင်း တွေလည်း ဆိုဖြစ်တယ်လို့ သိရပါတယ်။

Trend Myanmar

RangonNewsDaily:: December . 10 .2013
အဆိုတော် ရိန်မိုးကို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့အတူ နေတိုးနဲ့နှစ်ယောက်တွဲ ထုတ်မယ့်
တေးစီးရီးအခွေအတွက် မေးကြည့်တဲ့အခါမှာတော့‘လတ်တလောမှာတော့အစ်ကိုနဲ့ နေတိုး နှစ်ယောက်တွဲ
လုပ်ထားတဲ့ ဖန်ဆင်းရှင် တေးစီးရီးအခွေ ထွက်ဖို့ရှိပါတယ်။