Pages

Tuesday, December 10, 2013

ဆိးဂိမ်းပြီးပါက မြန်မာရေကူးနည်းပြ နှုတ်ထွက်မည်

RangonNewsDaily:: December . 10 .2013
မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် လက်ရှိ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် မြန်မာနိုင်ငံလက်ရွှေးစဉ်ရေကူး အသင်းတွင် နည်းပြချုပ် တာဝန်ထမ်းဆောင်လျက်ရှိသော ဂျပန်နိုင်ငံသား ခါ့ဇူရှီနာကာယာမသည် ယခုဆီးဂိမ်းကာလပြီးပါက ဂျပန်နိုင်ငံသို့ပြန်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပါဂျောင်လူသတ်မှု တရားခံအဖြစ် စွပ်စွဲခံရသူ ဦးသံချောင်းအား နိုင်ကျဉ်းအဖြစ် သတ်မှတ်ရန် စိစစ်နေ

RangonNewsDaily:: December . 10 .2013
ရှမ်းပြည် မြောက်ပိုင်း ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုကိစ္စတွင် တရားခံအဖြစ် စွပ်စွဲခြင်းခံထားရ သူဦးသံချောင်းအား နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ပေးရန်စိစစ်လျက်ရှိကြောင်း လက် ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင်များက ပြောသည်။ ယခုလက်ရှိတွင် ဦးသံချောင်း အမှုများနှင့်ပတ်သက်၍ သေ ချာစွာစိစစ်လျက် ရှိကြောင်းကို ဒီဇင်ဘာ ရရက်က မြန်မာ့ငြိမ်း ချမ်းရေးစင်တာ၌ကျင်းပသော လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအစည်းအဝေး အပြီးတွင် AAPP အဖွဲ့မှ ဦးဘို ကြည်က ပြောသည်။

ပြည်တွင်းစစ်ရပ်စဲမှသာ လူ့အခွင့်အရေး ထွန်းကားနိုင်မယ်လို့ ၈၈ အဖွဲ့ ပြောကြား

Photo: ပြည်တွင်းစစ်ရပ်စဲမှသာ လူ့အခွင့်အရေး ထွန်းကားနိုင်မယ်လို့ ၈၈ အဖွဲ့ ပြောကြား
Tuesday, December 10, 2013

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲနိုင်မှသာ တရားမျှတတဲ့ လူ့အခွင့်အရေး ထွန်းကားလာမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့ နော်နန်းကျေးရွာမှာ ကျင်းပတဲ့ ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောခဲ့တာပါ။

"လူ့အခွင့်အရေးလို့ ပြောလိုက်ရင် ကချင်လူမျိုးတွေအတွက်ပဲ ပြောနေတာမဟုတ်ဘူး၊ ကချင်ပြည်နယ်အတွင်းမှာ နေထိုင်နေကြသော လူသားအားလုံးအတွက်၊ မြန်မာပြည်တွင်းမှာ နေထိုင်နေကြသော လူသားအားလုံးအတွက်ပါ၊ စစ်ရှိရင် စစ်ပြေးဒုက္ခသည်ရှိတယ်၊ စစ်ရဲ့အောက်မှာ လူ့အခွင့်အရေးဆိုတာ ဘယ်တော့မှ ထွန်းကားလာမှာ မဟုတ်ဘူး"

အလားတူ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့ Excel Tower ခန်းမမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အခမ်းအနားမှာဆိုရင် လူ့အခွင့်အရေးလှုပ်ရှားသူ အဖွဲ့ ၂၀ ကျော်စုပေါင်းပြီး မြန်မာနိုင်ငံအနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များကို ခြွင်းချက်မရှိ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးမယူဖို့စတဲ့ အချက် ၉ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက အချက်ပေါင်း ၃၀ ပါတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ နေ့က အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီနေ့ကိုလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

RFA

RangonNewsDaily:: December . 10 .2013
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲနိုင်မှသာ တရားမျှတတဲ့ လူ့အခွင့်အရေး ထွန်းကားလာမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဒီကနေ့ ပြောလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် သူမကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချ

Photo: ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် သူမကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အနေနဲ့ လမ်းမတွေပေါ်ကနေ ဖယ်ရှားပေးဖို့ မစ်ယင်လတ်က စိတ်လှုပ်ရှားစွာနဲ့ ပြောကြားသွားခဲ့ပါတယ်။

သူမ အနေနဲ့ တတ်နိုင်သမျှ လိုက်လျောမှုတွေ လုပ်ဆောင်ပေးခဲ့ပြီးပြီ လို့လည်း သူမက ပြောကြားသွားပါတယ်။

လူပေါင်း ၁ သိန်းခွဲလောက်ဟာ မနေ့တုန်းက အစိုးရရုံးတဝိုက် စုရုံး ဆန္ဒပြနေကြပြီး မစ်ယင်လတ် မိသားစုအနေနဲ့ ထိုင်း နိုင်ငံရေးကနေ စွန့်ခွာဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သီတင်း ၂ပတ်ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မစ်ယင်လတ် က ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ခေါ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

BBC

RangonNewsDaily:: December . 10 .2013
ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် သူမကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

မိကျောင်းကန် သပိတ်စခန်းကိစ္စ လိုအပ်ပါက နိုင်ငံတော်ကို တရားစွဲဆိုမည် ဟုဆို

Photo: မိကျောင်းကန် သပိတ်စခန်းကိစ္စ လိုအပ်ပါက နိုင်ငံတော်ကို တရားစွဲဆိုမည် ဟုဆို
Tuesday, December 10, 2013

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။ ။ မိကျောင်း ကန်သပိတ်စခန်းနှင့် ပတ်သက်ပြီး လိုအပ်ပါက နိုင်ငံတော် ကို တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ဦးမိုးသီး ဇွန်က ထုတ်ဖော်ပြောကြားလိုက် သည်။

မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ် ထားမှု ၁၃ရက်မြောက် နေ့ကိုရောက်ရှိလာသည့် ၁၉၉၁ခု နှစ်က ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားသည်ဆိုသော ယခင် မိကျောင်းကန်အပိုင်း (၁)၊ (၂)၊ (၃)မှ နေထိုင်သူများကို ဦးမိုးသီး ဇွန်က ဒီဇင်ဘာ ၈ရက်တွင် လာ ရောက်တွေ့ဆုံခဲ့ပြီးနောက် ယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မိကျောင်းကန်သပိတ်စ ခန်းဖွင့်လှစ်ထားမှုအပေါ် အစိုး ရအနေဖြင့် ဥပဒေဘောင်အတွင်း မှ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရန်ပြောဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

ဦးမိုးသီးဇွန်က ''ဒီကိစ္စက မတရားမှုဆိုတာကို အားလုံးသိ အောင်ပြောမယ်။ အစိုးရအနေ နဲ့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဥပဒေ ဘောင်အတွင်းကနေ ဖြေရှင်းဖို့ ပြောဆိုသွားမယ်''ဟုပြောသည်။
ယင်းကဆက်လက်ပြီး လူ ထုကိုမြေနေရာများ ပြန်လည်ပေး အပ်ရန်အတွက်လည်း တာဝန်ရှိ သူများထံ တောင်းဆိုပေးသွား မည်ဟု သိရသည်။

မိကျောင်းကန်သပိတ်စခန်း မှခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး ဇော်ထွန်းက ''ကျွန်တော်တို့ကို မ နက်ဖြန်အထိပဲ အချိန်ပေးထား တာဖြစ်တဲ့အတွက် ကျွန်တော်တို့ မှာ ဒီနေ့တစ်ညပဲ အချိန်ရတော့ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ က မေတ္တာဘာဝနာပဲ ပွားများနေ ပါတယ်''ဟုပြောသည်။

တိုင်းပြည်တွင် မြေသိမ်းမှုများသည် နေရာအနှံ့ဖြစ်ပေါ် နေကြောင်း၊ တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ အစိုးရအ လုပ်မှာ အကြမ်းဖက်ရမည်မ ဟုတ်ဘဲ မြေနေရာများ ပြန်ပေးရ မည်ဖြစ်ကြောင်း ဦးမိုးသီးဇွန်က အကြံပြုပြောကြားသည်။
ဦးမိုးသီးဇွန်က ''ဒီမြေတွေ ကို ပြန်ပေးလိုက်မယ်ဆိုရင် အစိုး ရက ပြည်သူကိုပျော်ရွှင်အောင် လုပ်ပေးလိုက်တာပဲ''ဟုပြောသည်။

ဆန္ဒထုတ်ဖော်သူများအနေ ဖြင့်လည်း မိမိလိုလားချက်ကိုငြိမ်း ချမ်းစွာတောင်းဆိုရန်နှင့် အစိုးရ အနေဖြင့်လည်း ယခုကိစ္စရပ်များ သည် သူပုန်ထနေခြင်းမဟုတ်သည့် အတွက် အကြမ်းဖက်မှုများမလုပ် သင့်ကြောင်း မေတ္တာရပ်ခံခဲ့သည်။

ယင်းအနေဖြင့် အစိုးရမ ဟုတ်သည့်အတွက် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော် သူများကို မည်သို့မျှမလုပ်ပေး နိုင်ဘဲ တစ်ကမ္ဘာလုံးသိစေရန် ပြောဆိုသွားမည်ဖြစ်ကြောင်း ဦး မိုးသီးဇွန်က ပြောသည်။ မိကျောင်းကန်သပိတ်စ ခန်းဖွင့်လှစ်ထား သည်မှာ ယနေ့ ဆိုလျှင် ၁၃ရက်မြောက်ရှိနေပြီ ဖြစ်သည်။ ဒီဇင်ဘာ ရရက်က တပ်မတော်စည်ပင်(မင်္ဂလာဒုံ)မှ ဝန်ထမ်းများက ဘုရားခြံစည်းရိုး ဝင်ရောက်ခတ်ရာမှ ပဋိပက္ခဖြစ် ခဲ့ပြီး အမျိုးသမီးကိုးဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
*******************************************
မိကျောင်းကန် သပိတ်စခန်းတွင် ဆန္ဒထုတ်ဖော်သူ များနှင့် တွေ့ဆုံနေသော ဦးမိုးသီးဇွန်ကို တွေ့ရစဉ်။ Photo - ဖြိုး(ဘူမိ)

Yangon Media Group
မိကျောင်းကန် သပိတ်စခန်းတွင် ဆန္ဒထုတ်ဖော်သူ များနှင့် တွေ့ဆုံနေသော ဦးမိုးသီးဇွန်ကို တွေ့ရစဉ်။ Photo - ဖြိုး(ဘူမိ)
RangonNewsDaily:: December . 10 .2013
မိကျောင်း ကန်သပိတ်စခန်းနှင့် ပတ်သက်ပြီး လိုအပ်ပါက နိုင်ငံတော် ကို တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ဦးမိုးသီး ဇွန်က ထုတ်ဖော်ပြောကြားလိုက် သည်။

ထိုင်းပါလီမန် လွှတ်တော် ဖျက်သိမ်း၊ ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု ဝန်ကြီးချုပ်ယင်းလပ် ကြေညာ

Photo: ထိုင်းပါလီမန် လွှတ်တော် ဖျက်သိမ်း၊ ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု ဝန်ကြီးချုပ်ယင်းလပ် ကြေညာ
Tuesday, December 10, 2013

အတိုက်အခံ ဆန္ဒပြ အင်အားစုများ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ထိုင်းပါလီမန် လွှတ်တော်ကို ဖျက်သိမ်းကြောင်းနှင့် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပပြုလုပ် မည် ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နောက်ကွယ်မှ ကြိုးကိုင် ခံနေရသည်ဟု စွပ်စွဲပြောဆို ခံထားရသည့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရ အဖွဲ့ကို အတိုက်အခံတို့က ကြိမ်းဝါးထားသည့် နေ့ရက်တွင်ပင် နောက်ဆုံးထား၍ ဖြုတ်ချသွားမည်ဟု ယင်းလပ်ရှင်နာဝပ်က အထက်ပါအတိုင်း တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 
“ကျွန်မတို့ရဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေ ထပ်ပြီး နစ်နာ ဆုံးရှုံးရတာမျိုး မဖြစ်စေချင်တော့ဘူး။ ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းဖို့ ကျွန်မ ဆုံးဖြတ်ချက် ချလိုက်ပါပြီ” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ရုပ်သံမှတစ်ဆင့် မိန့်ခွန်း ပြောကြားသည်။ 

ဘန်ကောက်တွင် အစိုးရ အိမ်တော်ဟု ခေါ်သည့် ဝန်ကြီးချုပ်၏ ရုံးသို့ အတိုက်အခံ ဆန္ဒပြ အင်အားစုများ ချီတက်လာစဉ် ယင်းလပ်ရှင်နာဝပ်က အထက်ပါအတိုင်း ကြေညာခြင်းလည်း ဖြစ်သည်။ 

တနင်္ဂနွေနေ့ကလည်း ထိုင်းနိုင်ငံ၏ ပင်မအတိုက်အခံ ပါတီက ၎င်း၏လွှတ်တော် ကိုယ်စားလှယ် ၁၅၀ အနေနှင့် ပါလီမန်မှ နုတ်ထွက်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ အစိုးရနှင့် တွဲဖက် အလုပ်မလုပ်နိုင်တော့၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
“ဒီအစိုးရဟာ ထိုင်းနိုင်ငံကို ထပ်ပြီး တရားဝင် မအုပ်ချုပ် နိုင်တော့ပါဘူး၊ ဒီပါလီမန် လွှတ်တော်လည်း တရားမဝင် တော့ပါဘူး။ ကျွန်တော်တို့ ဒီနေ့ပဲ နုတ်ထွက်ပါတယ်” ဟု အတိုက်အခံ ပါတီခေါင်းဆောင် အဘီဆစ် ဝိချာချီဝက ပြောကြားသည်။ 

ပါလီမန် ဖျက်သိမ်းမှုနှင့် ရွေးကောက်ပွဲသစ် ကျင်းပမည့် ကိစ္စကို ကြေညာသော်လည်း မည်သည့် နေ့ရက်တွင် ကျင်းပ ပြုလုပ်မည်ကို ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဖော်ပြခြင်း မရှိပေ။ 
“ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကျင်းပသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။ 
“လတ်တလော အနေအထားမှာ အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတွေ အရမ်းများနေပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ အာဏာကို ပြည်သူတွေလက်ထဲ ပြန်ထည့်ပေးပြီး ရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဆိုသည်။ 

ရွေးကောက်ပွဲ မကျင်းပမီ ကာလအတွင်း ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရအဖွဲ့ အနေနှင့် အိမ်စောင့် အစိုးရသဖွယ် ဆက်လက် ရပ်တည် သွားမည် ဖြစ်သည်။ 

ဝန်ကြီးချုပ် ယင်းလပ်က ပါလီမန် ဖျက်သိမ်းကြောင်းနှင့် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ကြေညာမှုသည် ဆန္ဒပြခေါင်းဆောင် ဆူတစ်တာဆူဘန်အား နှစ်သိမ့်နိုင်ဖွယ် မရှိဟု လေ့လာ စောင့်ကြည့်သူများက ဆိုသည်။ 

အကြောင်းမှာ တိုင်းပြည် အာဏာကို ရွေးကောက် တင်မြှောက်ထားခြင်း မရှိသော ပြည်သူ့ကောင်စီသို့ လွှဲပြောင်းပေးရန် တောင်းဆို ထားသောကြောင့် ဖြစ်သည်။ 

ရက်သတ္တပတ် အတော်ကြာ ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးသည် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ကြိုးပမ်းရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အဆိုပါ ဥပဒေကြမ်းသာ အတည်ပြုမည် ဆိုပါက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အနေနှင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာနိုင်မည်ဖြစ်ရာ ယင်းအချက်ကို မကျေနပ်သော အတိုက်အခံတို့က အစိုးရ ပြုတ်ကျသည်အထိ ဆန္ဒပြလာကြခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သူ ယင်းလပ်ရှင်နာဝပ်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ 

ထို့နောက်ပိုင်း ကာလများတွင် အတိုက်အခံတို့က ယင်းလပ်သည် အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်၏ ရုပ်သေးရုပ်မျှသာ ဖြစ်ကြောင်း စွပ်စွဲပြောဆို ခဲ့ကြသော်လည်း ယင်းကိစ္စသည် ဟုတ်မှန်ခြင်း မရှိဟု ၎င်းက ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့သည်။ 

ဒီဇင်ဘာလ ၅ ရက်နေ့က အသက် ၈၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ထိုင်းဘုရင် ဘူမီဘောက ပြန်လည် သင့်မြတ် ညီညွတ်ကြရန် ယင်းနေ့တွင် ထောင်ပေါင်း များစွာသော ပြည်သူများကို ပြောကြားထားသည်။

The Voice Weekly

RangonNewsDaily:: December . 10 .2013
အတိုက်အခံ ဆန္ဒပြ အင်အားစုများ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်
နာဝပ်က ထိုင်းပါလီမန် လွှတ်တော်ကို ဖျက်သိမ်းကြောင်းနှင့် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပပြုလုပ် မည်
ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

နယ်လ်ဆင်မင်ဒဲလား၏ ဈာပနသို့ အိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည်

Photo: နယ်လ်ဆင်မင်ဒဲလား၏ ဈာပနသို့ အိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည်
Tuesday, December 10, 2013

တောင်အာဖရိက နိုင်ငံတွင်း အသားအရောင် ခွဲခြားမှု တိုက်ဖျက်ခဲ့သူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား အပါအဝင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည် ဖြစ်သည်ဟု တောင်အာဖရိက အစိုးရက ထုတ်ပြန် ကြေညာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဒီဇင်ဘာလ ၆ ရက်နေ့ အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားသူ နယ်လ်ဆင်မင်ဒဲလား၏ ဈာပနကို တောင်အာဖရိက အစိုးရက နိုင်ငံတော်ဈာပန သို့မဟုတ် အောက်မေ့ဖွယ် အခမ်းအနားအဖြစ် သတ်မှတ်ထားပြီး ဆိုဝီတို အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။ 

အဆိုပါ အခမ်းအနားသို့ အမေရိကန်သမ္မတ အိုဘားမား၊ ပြင်သစ် သမ္မတ ဟော်လန်ဒဲယားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အပါအဝင် နိုင်ငံခေါင်းဆောင် ၆၀ ခန့် တက်ရောက်ရန် စီစဉ်ထားသည်။ 

အဆိုပါ ဆိုဝီတို အားကစားကွင်းသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပစဉ် နယ်လ်ဆင်မင်ဒဲလား နောက်ဆုံး အကြိမ်အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ရောက်ရှိခဲ့သည့် အားကစားကွင်းလည်း ဖြစ်သည်ဟု တောင်အာဖရိက အာဏာပိုင်များက ဆိုသည်။ 

နယ်လ်ဆင်မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ နိုင်ငံ ခေါင်းဆောင်များ သာမက ကမ္ဘာတစ်ဝန်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ဂျာမနီနိုင်ငံ သမ္မတ ရိုချင်ဂတ်၊ အီးယူ ကော်မရှင် ဥက္ကဋ္ဌ ဂျို့စ်မန် နျူရယ်ဘရာဇို၊ ဒတ်ခ်ျဘုရင် ဝီလီယံအလက်ဇန္ဒား၊ စပိန်အိမ်ရှေ့ မင်းသားတို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန် သမ္မတဟောင်းများ ဖြစ်ကြသော ဂျော့ဒဗလျူဘွတ်ရှ်၊ ဘီလ်ကလင်တန်နှင့် ဂျင်မီကာတာတို့ အပါအဝင် လက်ရှိ သမ္မတကတော် မီရှဲလ် အိုဘားမားတို့သည် အိုဘားမားနှင့်အတူ လိုက်ပါ တက်ရောက်ကြမည် ဖြစ်သည်။ 

ထို့အတူ ဘရာဇီး၊ ပါလက်စတိုင်းနှင့် အိန္ဒိယ သမ္မတတို့လည်း နယ်လ်ဆင်မင်ဒဲလား၏ ဈာပနသို့ တက်ရောက် ကြမည် ဖြစ်သည်ဟု တောင်အာဖရိက အစိုးရက ထုတ်ပြန်သည်။ 

တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး ဆဘာစတန်ရူဆောက တောင်အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်း သမ္မတဖြစ်သူ နယ်လ်ဆင်မင်ဒဲလားသည် အမှောင်ထုထဲမှ အလင်းရောင် ဖြစ်သည်ဟု ဆုတောင်းပွဲတွင် ချီးမွမ်း ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 10 .2013
တောင်အာဖရိက နိုင်ငံတွင်း အသားအရောင် ခွဲခြားမှု တိုက်ဖျက်ခဲ့သူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား အပါအဝင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည် ဖြစ်သည်ဟု တောင်အာဖရိက အစိုးရက ထုတ်ပြန် ကြေညာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

မြန်မာအသင်း ဖိလစ်ပိုင်အသင်းကိုနှစ်ဂိုး ဖြင့်နိင်

Photo

RangonNewsDaily:: December . 10 .2013
၂၇ကြိမ်မြောက် အရှေ့  တောင်အာရှပြိုင်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်သည့်ဘောလုံး ပြိုင်ပွဲ (အမျိုးသမီး) ဒီဇင်ဘာ၁၀
ရက် ညနေ ၄နာရီ က မန္တလေးမြို့ ရှိ မန္တလာ သီရီဘောလုံးအာကစားကွင်း တွင် ကျင်းခဲ့ရာ မြန်မာအသင်းနှင့်
ဖိလစ်ပိုင်အသင်းတို့ အကြိတ်အနယ် ကစားခဲ့ကြသည်။

မော်လမြိုင် သံလွင်ဥယျာဉ်တွင် အဆင့်မြင့် ဈေးဝယ်စင်တာ စဆောက်

RangonNewsDaily:: December . 10 .2013
မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အထက်လမ်းမကြီးရှိ မြို့နယ် စည်ပင်သာယာရေးပိုင် သံလွင် ဥယျာဉ်အတွင်း အဆင့်မြင့် ဈေးဝယ်စင်တာကိုဒီဇင်ဘာလဆန်းပိုင်းမှစတင်တည်ဆောက် နေပြီ ဖြစ်ကြောင်း

မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။ငွေကျပ် သိန်းပေါင်း သုံးသောင်းကျော် ရင်းနှီးမြှုပ်နှံမည့် အဆိုပါ ဈေးဝယ်စင်တာ တည်ဆောက်ရန်အတွက် City Hold Co., Ltd., သို့ သံလွင် ဥယျာဉ်မြေနေရာကို BOT စနစ်နှင့် အနှစ် ၂၀ ငှားရမ်းသွားမည် ဖြစ်ပြီး မြေငှားရမ်းခကို ပထမ

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် (၃)ခုရယူပေးနိုင်ခဲ့သော ၀ူရှူးအားကစားသမား ကိုဝေဖြိုးအောင်နှင့် သူ၏ မိခင်

Photo: မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် (၃)ခုရယူပေးနိုင်ခဲ့သော
ဝူရှူးအားကစားသမား ကိုဝေဖြိုးအောင်နှင့် သူ၏ မိခင်

(၇.၁၂.၂၀၁၃)
ဝူရှူးနှစ်ယောက်တွဲအတိုက်ပြိုင်ပွဲ
ဝေဖြိုးအောင် + ကျော်ဇင်သစ် (ရွှေတံဆိပ်)

(၈.၁၂.၂၀၁၃)
ဝူရှူးနန်းချွမ်ပြိုင်ပွဲ
ဝေဖြိုးအောင် (ရွှေတံဆိပ်)

(၉.၁၂.၂၀၁၃)
ဝူရှူးအမျိုးသားနန်းတောင်းပြိုင်ပွဲ
ဝေဖြိုးအောင် (ရွှေတံဆိပ်)

Photo The Mirror Daily

Credit : 27th Sea Games, Myanmar 2013

RangonNewsDaily:: December . 10 .2013
မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် (၃)ခုရယူပေးနိုင်ခဲ့သော ၀ူရှူးအားကစားသမား ကိုဝေဖြိုးအောင်နှင့် သူ၏ 
မိခင်တို့ဓာတ်ပုံကို ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါတယ်။

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုကြောင့် လူ (၇)ဦးသေဆုံးမှုဖြစ်

Photo: မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုကြောင့် လူ (၇)ဦးသေဆုံးမှုဖြစ်


kolatt(PBDN): December . 10 .2013

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မရမ်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာ
လမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်းအရ သွားရောက်စစ်ဆေးရာ ၎င်းကုန်တိုက်၏အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် လျှပ်စစ်မီးပူအားမီးပလပ်ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့်မီးငြိမ်းသတ်ခဲ့ပြီး 

မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊ စုစုပေါင်း (၇)ဦးသေ
ဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့် ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ထွန်းထွန်းနိုင် (ဘ)ဦဟုန်တုံငုံအပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က/
၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

RangonNewsDaily:: December . 10 .2013
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မရမ်းကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်ဌာန
င်ရာ တာဝန်ရှိသူများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိဟို
ဆေးကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ပြည်သူများရဲ့ ဆန္ဒဖော်ထုတ် နေမှုအခြေအနေ

Khin Mg Latt's photo.

RangonNewsDaily:: December . 10 .2013
မိကျောင်းကန် ယခုအချိန်အထိ အခြေအနေ (ည 12.00 တိတိအချိန်)ရန်ကုန်စံတော်ချိန်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် မြေသိမ်းခံ ပြည်သူများရဲ့ ဆန္ဒဖော်ထုတ်နေမှုအခြေအနေ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် မြေသိမ်းခံ ပြည်သူများရဲ့ ဆန္ဒဖော်ထုတ်နေမှုအခြေအနေ


kolatt(PBDN): December . 10 .2013

ဒီနေ့ မိကျောင်းကန်သပိတ်စခန်းကို ညနေ(၆)နာရီမှာ နောက်ဆုံးထားပြီး ပိတ်ပေးဖို့ သက်ဆိုင်ရာ
က ညွှန်ကြားထားပေမယ့် အခုအချိန်ထိ သပိတ်စခန်းကို ဖွင့်ထားဆဲပါပဲ။
::
သပိတ်စခန်းကို ဒီနေ့ မပိတ်ပေးပါက အင်အားသုံးဖြေရှင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် သတင်း
မီဒီယာတွေကတော့ သပိတ်စခန်းမှာ စောင့်နေတုန်းပါပဲ။့ 

မိကျောင်းကန်သပိတ်စခန်း အရေးဆောင်ရွက်နေသူတွေကဒီနေ့နယ်လုံဝန်ကြီးနဲ့ တွေ့ပြီး ဆွေးနွေး
မှုတွေ လုပ်ခဲ့ပေမယ့် လည်း တိကျတဲ့ အဖြေမရခဲ့ သေးပါဘူးလို့ သိရပါတယ်။
::
မိကျောင်းကန်သပိတ်စခန်းဖွင့်ထားတာ ဒီနေ့ ဆို (၁၄)ရက်ရှိ ပြီ ဖြစ်ပါတယ်။ 

မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြ သူတွေက တော့ မြေတွေပြန်မပေး မချင်း သပိတ်စခန်းမှာပဲ အသက်သေတဲ့ အထိ ဆန္ဒပြသွားကြမယ်လို့ ပြောဆိုနေပါတယ်။

REF: ကိုထွန်းဝေ , Saw Phoe Kwar ::--

RangonNewsDaily:: December . 10 .2013
ဒီနေ့ မိကျောင်းကန်သပိတ်စခန်းကိုညနေ(၆)နာရီမှာ နောက်ဆုံးထားပြီးပိတ်ပေးဖို့သက်ဆိုင်ရာကညွှန်ကြား
ထားပေမယ့် အခုအချိန်ထိ သပိတ်စခန်းကို ဖွင့်ထားဆဲပါပဲ။