Pages

Saturday, December 7, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေမရနိုင်သည့် ကစားသမားများအား မြက်နှုတ် မြောင်းရှင်း ပြုလုပ်စေခိုင်း

RangonNewsDaily:: December . 7 .2013
မြန်မာနိုင်ငံ၌အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်

ဝင်ရောက်ယှဉ်ပြိုင်မည့်ကစားသမားများအနက် ရွှေမရနိုင်သည့် ကစားသမားများအား မြက်နှုတ်မြောင်းရှင်း
၊ ကိစ္စများအားအားကစားဝန်ကြီးဌာနမှပြုလုပ်စေခိုင်းနေကြောင်းအားကစားကျေးရွှာနှင့်ဆီးဂိမ်းတွင်ဝင်ပြိုင်
မည့် ကစားသမားများထံမှစုံစမ်းသိရှိရသည်။

Microsoft က စမတ်ဘရာစီယာ တီထွင်နေ

Photo: Microsoft က စမတ်ဘရာစီယာ တီထွင်နေ
Saturday, December 7, 2013

လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည့် ဘရာစီယာတွင် ဝတ်ဆင်သူ၏ ဇီဝအပြောင်းအလဲများကို အာရုံခံနိုင်သည့် စနစ်များ ထည့်သွင်းပေးထားကြောင်း သိရ

Microsoft က စမတ်ဘရာစီယာ တီထွင်နေ 
စမတ်ဖုန်း၊ စမတ်လက်ပတ်နာရီ၊ စမတ်တီဗီ၊ စမတ်ကား အစရှိသည့် လူသုံးကုန် စမတ်ပစ္စည်း အမျိုးမျိုးအနက် Microsoftက တီထွင်နေသည့် စမတ်ပစ္စည်းကမူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီးသည် အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအတွက် ရည်ရွယ်ကာ စမတ်ဘရာစီယာ တစ်မျိုးကို တီထွင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည့် ဘရာစီယာတွင် ဝတ်ဆင်သူ၏ ဇီဝအပြောင်းအလဲများကို အာရုံခံနိုင်သည့် စနစ်များ ထည့်သွင်းပေးထားကြောင်း သိရသည်။

အဆိုပါ ဘရာစီယာသည် ဝတ်ဆင်သူ၏ နှလုံးခုန်နှုန်း၊ စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မှု အခြေအနေ အစရှိသည်တို့ကို ခြေရာခံကာ လိုအပ်သော သတိပေး တပ်လှန့်မှုမျိုး ရှိနေမည်ဟု ဆိုသည်။ ယင်းကို စမတ်လက်ပတ်နာရီနှင့် တွဲဖက် အသုံးပြုရမည်ဖြစ်ပြီး ကျန်းမာရေးအရ သတိထားသင့်သည့် ခန္ဓာကိုယ် အပြောင်းအလဲမျိုး ရှိလာပါက နာရီတွင် သတိပေး ဖော်ပြလာမည် ဖြစ်သည်။ ထို့အပြင် အမျိုးသမီး၏ အစားအသောက် ပမာဏ လွန်ကျွံပါကလည်း သတိပေးရန် အသင့်ရှိနေမည်ဟု သိရသည်။ Microsoftသည် ယင်းဘရာစီယာကို စမ်းသပ်တီထွင်နေသော်လည်း စီးပွားဖြစ် ထုတ်လုပ်သွားရန်ထိ အစီအစဉ် ရေးဆွဲမထားသေးဟု ဆိုသည်။

"ဘရာစီယာ တစ်ခုမှာ နည်းပညာ အားဖြည့်ဖို့ ဘာလို့ရွေးချယ်ခဲ့သလဲ ဆိုတော့ ပထမဆုံး အချက်က အမျိုးသမီးတွေအတွက် ရည်ရွယ်တယ်၊ ဒုတိယအချက်က တကူးတက ဝတ်ဆင်ရမယ့် အရာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေကြောင့်ပါ"ဟု Microsoftမှ သုတေသီများက ပြောကြားခဲ့သည်။ သုတေသီများက လူအများသည် စိတ်ဖိစီးမှု များနေသည့်အခါ၊ ပျင်းရိနေသည့်အခါများတွင် ဒိုးနတ်ကဲ့သို့ အချိုဓာတ်ကဲသော အစားအသောက်များကို အလွန်အကျွံ စားမိလေ့ရှိပြီး ယင်းကို ယခုဘရာစီယာက သတိပေး နှိုးဆော် တားမြစ်နိုင်ရန် အဓိက ရည်ရွယ်ကြောင်းလည်း ရှင်းပြခဲ့သည်။ အမေရိကန်နိုင်ငံ ရိုချက်စတာ တက္ကသိုလ်မှ ပညာရှင်များနှင့် ဗြိတိန်နိုင်ငံ ဆောက်သမ်တန် တက္ကသိုလ်မှ ပညာရှင်များက Microsoft၏ စမ်းသပ်မှုတွင် အားဖြည့် ကူညီနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network


RangonNewsDaily:: December . 7 .2013

Microsoft က စမတ်ဘရာစီယာ တီထွင်နေ
စမတ်ဖုန်း၊ စမတ်လက်ပတ်နာရီ၊ စမတ်တီဗီ၊ စမတ်ကား အစရှိသည့် လူသုံးကုန် စမတ်ပစ္စည်း အမျိုးမျိုးအနက် Microsoftက တီထွင်နေသည့် စမတ်ပစ္စည်းကမူ အတန်ငယ် ထူးခြားလျှက် ရှိသည်။

တရုတ်နိုင်ငံအလံမီးရှို့ ဆန္ဒပြသူ ဒေါ်နော်အုန်းလှကို ထပ်မံဖမ်းဆီး

Photo: တရုတ်နိုင်ငံအလံမီးရှို့ ဆန္ဒပြသူ ဒေါ်နော်အုန်းလှကို ထပ်မံဖမ်းဆီး
Saturday, December 7, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို မနေ့ညက ဒဂုံမြို့နယ်ရဲစခန်းက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒဂုံမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုံးလှဟာ ကျန်းမာရေး မကောင်းဘူးလို့ ဒေါ်နော်အုန်းလှ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဲပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(ခ)အရ ဒေါ်နော်အုန်းလှကို ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းက မနေ့ည ၁ဝ နာရီက စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် ဗဟိုလမ်းမှာရှိတဲ့ သူ့ရဲ့မိတ်ဆွေအိမ်ကို ရောက်ရှိနေတုန်းမှာ ဖမ်းထားတယ်လို့ သိရပါတယ်၊ ဒေါ်နော်အုန်းလှကို အခု ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းမှာပါ၊ ဒေါ်နော်အုန်းလှက ကျန်းမာရေးမကောင်းဘူး”

ဒေါ်နော်အုန်းလှကို လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ ဒဂုံမြို့နယ်တရားရုံးမှာ အမှုစစ်ဆေးမယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ဒေါ်နော်အုန်းလှအပါအဝင် လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ ကမ်းနားလမ်းကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးအထိ လမ်းလျှောက်ကြရာမှာ ရဲတပ်ဖွဲ့က သံရုံးအနီးမှာ တားဆီးခဲ့တဲ့အတွက် ဆန္ဒပြသူတွေဟာ သံရုံးအနီးမှာပဲ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က ပုဒ်မ ၅၀၅ (ခ)နဲ့ ဒဂုံရဲစခန်းက ဖမ်းဆီးခဲ့ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

RFA

RangonNewsDaily:: December . 7 .2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့
တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ပြည်
သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို မနေ့ညက ဒဂုံမြို့နယ်ရဲစခန်းက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်
မ ၅၀၅ (ခ) နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မိကျောင်းကန်ဆန္ဒပြပွဲ ပဋိပက္ခ ၁၀ ဦး ဒဏ်ရာရ

Photo: မိကျောင်းကန်ဆန္ဒပြပွဲ ပဋိပက္ခ ၁၀ ဦး ဒဏ်ရာရ
Saturday, December 7, 2013

ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မြေနေရာ ပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ ကြိုးစားသူတွေ ဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

အနက်ရောင်အင်္ကျီဝတ်ဆင်ထားသူ လူအုပ်စုက မြစာရံစေတီဝင်းမှာ ထိုင်နေကြတဲ့ ဆန္ဒပြသူတွေကို ဖယ်ရှားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူတွေ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခံရတာဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရီတို့ ရောက်ရှိလာပြီး မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဆန္ဒပြနေသူတွေကို တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဦးအောင်သိန်းလင်းက ပြောကြားခဲ့ပါတယ်။

“လောလောဆယ်မှာ ဝန်ကြီးချုပ်အနေနဲ့ကတော့ ဒါက တပ်ကသိမ်းထားတဲ့မြေ ဖြစ်တဲ့အခါကျတော့ တပ်ပိုင်းဆိုင်ရာဘက်ကို အချက်အလက်တွေနဲ့ ပေးပြီးတော့မှ တပ်ပိုင်းဆိုင်ရာနဲ့ သူတို့ထပ်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက်မယ့် အနေအထားမျိုးဖြစ်တယ်၊ ဒါကြောင့်မို့ ဝန်ကြီးချုပ်က သူကိုယ်တိုင်လာပြီးတော့မှ ဆန္ဒဖော်ထုတ်တဲ့သူတွေနဲ့ ၁ ရက် ၂ ရက်အတွင်းမှာတွေ့မယ်၊ တွေ့ပြီးတော့မှ သူကိုယ်တိုင်ရှင်းပြမယ်၊ ကျနော်တို့ဘက်ကလည်း အေးအေးချမ်းချမ်းနဲ့ ပြဿနာပြေလည်ချင်ပါတယ်၊ ဒါဟာတဖြည်းဖြည်း ကြီးထွားလာလို့ရှိရင် မကောင်းဘူး”

ဒဏ်ရာရသူ အမျိုးသမီးတွေကို နာရေးကူညီမှုအသင်း ရန်ကုန်က ကားတွေနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁၊၂၊၃)ကို စစ်တပ်က သိမ်းယူထားတာဖြစ်ပြီး တပ်ပိုင်မြေဖြစ်တဲ့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ကော်မရှင်အကြား ဒီကိစ္စကို ဆက်လက် ဆွေးနွေးသွားရမှာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ပြောခဲ့ပါတယ်။

အပိုင်း ၁ ၊ ၂၊ ၃ မြေနေရာတွေ ပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ဒီနေ့ဟာ ၁၂ ရက်မြောက်ဖြစ်ပါတယ်။

RFA

RangonNewsDaily:: December . 7 .2013
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မြေနေရာ ပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ ကြိုးစားသူ
တွေ ဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြန်မာ-ကမ္ဘောဒီးယားဘောလုံးပွဲ ပရိတ်သတ် ၂၆,၀၀၀ လာရောက် ကြည့်ရှု

Photo: >> မြန်မာ-ကမ္ဘောဒီးယားဘောလုံးပွဲ ပရိတ်သတ် ၂၆,၀၀၀ လာရောက် ကြည့်ရှု <<

မဇ္ဈိမသတင်းဌာန ၊သောကြာနေ့၊ ဒီဇင်ဘာ ၇ရက်၊ ၂၀၁၃ခုနှစ်။

မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘောလုံးပွဲသို့ ပရိတ်သတ် ၂၆,၀၀၀ခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သုဝဏ္ဏအားကစားကွင်းထဲတွင် ကြေငြာလိုက်သည်။

ဘောလုံးပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားလျှက်ရှိပြီး မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ဒုတိယပိုင်း ၈၆မိနစ်အထိ သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိနေသည်။

Source: Mizzima - News in Burmese 
Powered by >> www.myanmarcutegirl.com <<

RangonNewsDaily:: December . 7 .2013
မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘောလုံးပွဲသို့ ပရိတ်သတ် ၂၆,၀၀၀ခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သုဝဏ္ဏအားကစားကွင်းထဲတွင် ကြေငြာလိုက်
သည်။

မြန်မာ နှင့် ကမ္ဘောဒီးယား ဘောလုံးအသင်းပထမပိုင်းပြီးဆုံး

RangonNewsDaily:: December . 7 .2013
မြန်မာ နှင့်  ကမ္ဘောဒီးယား ဘောလုံးအသင်းပထမပိုင်းပြီးဆုံးသွားပါပြီမြန်မာ ၂-၀ ကမ္ဘောဒီးယား နဲ့မြန်မာကဦးဆောင်နေပါသည်။မြန်မာအသင်အတွက်ဂိုးများကို ဇော်မင်းထွန် ၁၇ မိနစ်
ကျော်ကိုကို ၃၅ မိနစ် သွင်းယူပေးခဲ့ပါသည်။

တီမောကို ဂိုးပြတ်အနိုင်ကစားပြီး အဖွင့်လှခဲ့သည့် ထိုင်း

RangonNewsDaily:: December . 7 .2013
ပွဲချိန်တစ်လျှောက် ခြေစွမ်းပိုင်း အသာစီးရယူ ကစားခဲ့ပြီးနောက် ထိုင်းအသင်းသည် အရှေ့တီမော အသင်း

ကို ဂိုးပြတ်အနိုင်ယူကာ အဖွင့်လှသွား ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ အဖွင့်ပွဲ အနိုင်ရခဲ့သောကြောင့် ထိုင်းအသင်း အနေဖြင့် အုပ်စုမှ လွတ်မြောက်ရန် အခြေအနေ ကောင်းသွားခဲ့ရသည်။ ထိုင်းအသင်းသည် နောက်ဆုံးကျင်း
ပခဲ့သည့်ဆီးဂိမ်း ပြိုင်ပွဲ (၂)ကြိမ်တွင်အုပ်စုမှလွတ်ခဲ့ခြင်း မရှိဘဲ အဆိုပါ အကြိမ်များတွင် ထိုင်းအသင်း အနေ
ဖြင့် အုပ်စုအဖွင့်ပွဲများတွင် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

SeaGame 2013 မြန်မာ - ကမ္ဘောဒီးယားပွဲ စတင်ပါပြီ

SeaGame 2013 မြန်မာ - ကမ္ဘောဒီးယားပွဲ စတင်ပါပြီ


kolatt(PBDN): December . 7 .2013

မြန်မာ - ကမ္ဘောဒီးယားပွဲ တိုက်ရိုက်ကြည့်ရန် လင့်များ 

MRTV 4 & SeaGame Channel - 

http://myanmartvchannel.com/sea-games-channel.html 

http://www.mrtv4.tv 

Sky Net - 

http://www.ustream.tv/channel/13581247 MRTV & MITV - 

http://www.moi.gov.mm 

http://www.myawady.com.mm/live 

http://www.ustream.tv/channel/up-to-date---sky-net

မောင်(စွယ်စုံကျမ်း)::--

RangonNewsDaily:: December . 7 .2013
မြန်မာ - ကမ္ဘောဒီးယားပွဲ တိုက်ရိုက်ကြည့်ရန် လင့်များ

MRTV 4 & SeaGame Channel -

http://myanmartvchannel.com/sea-games-channel.html

SeaGame (၇.၁၂.၂၀၁၃) ရက်နေ့ နိုင်ငံအလိုက်ရရှိထားသောဆုတံဆိပ်စာ ရင်း

Photo: SeaGame  (၇.၁၂.၂၀၁၃) ရက်နေ့ ၁၁ နာရီ ၅၀ မိနစ် အချိန်အထိ နိုင်ငံအလိုက်ရရှိထားသော ဆုတံဆိပ်စာရင်း

RangonNewsDaily:: December . 7 .2013
SeaGame (၇.၁၂.၂၀၁၃) ရက်နေ့ ၁၁ နာရီ ၅၀ မိနစ် အချိန်အထိ နိုင်ငံအလိုက်ရရှိထားသောဆုတံဆိပ်စာ
ရင်းကိုဖော်ပြပေးလိုက်ပါသည်။

Facebook ရဲ့နောက်ဆုံးထွက်ဗားရှင်း v 5.0.0.0.13.APK (Latest Version)

RangonNewsDaily:: December . 7 .2013
Android Devices  တွေအတွက်  အသစ်ထွက်ရှိလာတဲ့ Facebook v 5.0.0.0.13 ပါ ။

Viber v 4.1 APK (Latest Version Dec-7)

http://pctechmag.com/wp-content/uploads/2013/06/Viber-on-smartphone.jpg
RangonNewsDaily:: December . 7 .2013
ဒီနေ့မှနောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Viber နောက်ဆုံးထွက် Version 4.1 ကို Viber ချစ်သူများ Update လုပ်နိုင်အောင်တင်ပေးလိုက်ပါတယ်ဗျာ။

တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်သူများကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ထိခိုက်သည့် ပြစ်မှုဖြင့် တရားစွဲ

RangonNewsDaily:: December . 7 .2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒဂုံမြို့နယ်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး

aရှ့တွင် တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူ လေးဦးကို ဒဂုံမြို့နယ် တရားရုံးက နိုင်ငံတော် အစိုးရ သို့မဟုတ် နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်သည့် ပြစ်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မုန်တိုင်း စဖြစ်နေပြန်ပါပြီ

Photo: မုန်တိုင်း စဖြစ်နေပြန်ပါပြီ
Friday, December 6, 2013

ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်းသတင်းပါ။ အားလုံးသတိထား နေထိုင် သွားလာဖို့အတွက် ပါ။ အခုလို ပြောပြပေးတဲ့ ဆရာကို အထူးကျေးဇူးတင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ 06B မုန်တိုင်း စဖြစ်နေပြန်ပါပြီ။
Cyclone News Update
6-12-2013
12:30 hrs MST

(၁) (၆-၁၂-၂၁၀၃)ရက် နံနက် (၆)နာရိခွဲအချိန် တိုင်းတာချက်အရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်း မုန်တိုင်း(06B) စတင်ဖြစ်ပေါ်နေပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေ ချနှိုင်း (Chennai) မြို့ ရဲ့အရှေ့ဖက် 350 miles အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ လွန်ခဲ့တဲ့(၆)နာရီအတွင်း မုန်တိုင်း မြောက်အနောက်ယွန်းယွန်းဖက်ကို တစ်နာရီ(၂.၅)မိုင် နှုန်းခန့်နဲ့ ရွေ့နေပြီး။ ဗဟိုချက်အနီးအများဆုံးလေတိုက်နှုန်းမှာ 45 mph ရှိနေပြီး၊ တစ်ခါတစ်ရန် 60 mph နှုန်းအထိ တိုက်ခတ် လျက်ရှိနေပါတယ်။

(၂) 06B ဆိုင်ကလုန်းဟာ (၉-၁၂-၂၀၁၃)ရက် နံနက်ပိုင်းမှစတင် ကာ မြောက်အရှေ့မြောက်သို့စတင်ပြောင်းလဲ ရွေ့လျှားနှိုင်တဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ စောင့်ကြည့်ဖို့လိုအပ်နေပြီး လက်ရှိအနေနဲ့ နှိုးဆော်အဆင့် သတ်မှတ်ထားပါတယ်။

ဒေါက်တာထွန်းလွင်

မှတ်ချက်။ နောက်(၃)ရက်ခန့်အကြာမှ စတင်ကွေ့မယ်လို့ ခန့်မှန်းထား တာကြောင့်လောလောဆယ်အနေနဲ့ သတင်းတွေကိုသာ အမြဲ update
ဖြစ်အောင် နားစွင့်နေစေလိုပါတယ်။

Popular Journal

RangonNewsDaily:: December . 7 .2013
ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်းသတင်းပါ။ အားလုံးသတိထား နေထိုင် သွားလာဖို့အတွက် ပါ။ အခုလို ပြောပြပေးတဲ့ ဆရာကို အထူးကျေးဇူးတင်ပါတယ်။

"ဒီဇင်ဘာမှာ ကျင်းပမယ့် အကယ်ဒမီပွဲ အကြို စကားသံများ"

Photo: "ဒီဇင်ဘာမှာ ကျင်းပမယ့် အကယ်ဒမီပွဲ အကြို စကားသံများ"
Friday, December 6, 2013

ဒီဇင်ဘာ ၂၉ ရက်နေ့ သုဝဏ္ဏ အားကစားရုံ တွင် ကျင်းပရန် လျာထား သည့် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကြီးနှင့် ပတ်သက်ပြီး ရုပ်ရှင်လော ကသား များ၏ အကြံပြု စကား များနှင့် အကယ်ဒမီ ရင်ခုန်သံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ချိုပြုံး

“အကယ်ဒမီပွဲကို အကောင်း ဆုံးဖြစ်အောင် လုပ်ကြမှာပါ။ အကယ်ဒမီကို တကယ် ရသင့်ရ ထိုက်တဲ့ သူရရင် ရတဲ့သူလည်း ဝမ်းသာမယ်။ ပရိသတ် ကလည်း ရထိုက်တဲ့ သူရသွားရင်လည်း ကျေနပ် အားရမှုတွေရှိမယ်”

မေသန်းနု

“အကယ်ဒမီ ဝတ်စုံအတွက်တော့ ဘာမှ မစီစဉ်ရသေးပါဘူး။ အရင် နှစ်တွေ လိုပဲ ဒီဇိုင်နာ မလတ် ချုပ် ပေးမှာပါ။ ဒီနှစ်က ထုံးစံ အတိုင်း ချိတ် လိုင်းလေးတော့ ပါမှာပါပဲ။ ချိတ် လိုင်းလေးကို မလတ်ကတာ့ ပြင် ဆင် ပေးနေ တာပဲ။ ဘယ်လို ပုံစံလဲဆိုတာ ထွက် မလာသေးလို့ မသိသေး ဘူး။ အရောင်ကတော့ စိမ်းပြာလေး ဝတ် မှာပါ။ ဒီနှစ် ရုပ်ရှင် အစည်းအရုံးက ဦးဆောင်ပြီး လုပ်မှာဆိုတော့ အရင် နှစ်တွေ နဲ့ တူ၊ မတူကြည့် ရမှာပေါ့။ မဆင့်က အမုန်း မီးတောက် ဇာတ်ကား တော့ ရှိတယ်။ ဒါပေမဲ့ သိပ်တော့ ရင် မခုန်တော့ပါဘူး။ အကယ်ဒမီ တစ် ပြေးနေတာတော့ နဝရတ်၊ တိမ်မင်း သမီးပေါ့။ သူလည်း မရသေးဘူး ဆို တော့ရပါစေလို့ ဆုတောင်းပါတယ်”

ခန့်စည်သူ

“အကယ်ဒမီကို နောင်နှစ် ရုပ်ရှင် အစည်းအရုံး က တာဝန်ယူ မယ်ဆို ရင်တော့ လည်း ဒီနှစ်မှာ အများကြီး လေ့လာ စရာတွေ ရှိမှာပေါ့။ အကယ် ဒမီကို ရုပ်ရှင် အစည်း အရုံးက ကျင်းပ မယ်ဆိုလည်း မကန့်ကွက်ဘူး။ ဒီ ထက်ပို အရေးကြီးတဲ့ ကိစ္စတွေ ကို ဦး စားပေးစေချင်တယ်။ အကယ်ဒမီ ကို နှစ်မကူးခင် ကျင်းပတာ ဖြစ်သင့်ပါ တယ်။ အကယ်ဒမီကို ခမ်းခမ်း နားနား ဖြစ်စေချင်တယ်။ ပရိသတ်စိတ်ဝင် စားတာနဲ့ မတန်အောင် နုတ်နေတော့ ခမ်းခမ်းနားနား ဖြစ်စေချင်တာ”

နေမျိုးအောင်

“လူကြီးတွေ အကောင်းဆုံး လုပ် တဲ့ ပွဲဆိုတော့ အကောင်းဆုံးဖြစ်မှာ ပါ။ ဒီနှစ် ဆီးဂိမ်းပွဲပါ ပါလာပြီဆို တော့ အကယ်ဒမီကို သိုက်သိုက် မြိုက်မြိုက် လုပ်မယ်လို့ ကြား တယ်။ အကယ်ဒမီ ကို ဘယ်သူပဲရရပါ အစ်ကိုက လက်ခုပ်တီးပေးရုံပါပဲ”

ခိုင်နှင်းဝေ

“အကယ်ဒမီပွဲကို တော့ မြန်မာဆန်ဆန် ဝတ်စုံ နဲ့ပဲ တက်ဖြစ်မှာပါ။ အရောင် ကတော့ ဒီဇိုင်နာ နဲ့ တိုင်ပင်ပြီး ရွေးရဦးမယ်။ အရောင်တောက် တောက်လေးတွေ ကြိုက် တယ်။ ဒီဇိုင်နာ မလတ်နဲ့ ချုပ်မှာပါ။ သူ များတွေ အတွက် အားပေးမယ်။ ပီတိ ဖြစ်ရပါတယ်။ ထိုက်တန် တဲ့သူတွေ အကယ်ဒမီရကြမှာပါ”

မိုးပြည့်ပြည့်မောင်

“အကယ် ဒမီ ရက်က အခုမှ ထွက်တာ ဆိုတော့ ပွဲတော့တက် ဖြစ်မှာ ပါ။ ဝတ်စုံကတော့ ဘယ်သူနဲ့ ချုပ်ဖြစ် မလဲဆိုတာ မစီစဉ်ရသေးဘူး။ ခါတိုင်း နှစ်တွေက ပွဲရက် ကြို မသိရတော့ ပွဲ တွေကြို လက်ခံထားတော့ မတက်ဖြစ် ဘူး။ ဒီနှစ်တော့ တက်ဖြစ်မှာပါ အကယ် ဒမီပွဲ ကတော့ ဘယ်သူပဲရရပါ။ အား ပေးဖို့သွားတာပါပဲ”

ဝါဝါအောင်

“အကယ်ဒမီပွဲ ဆိုတာ တစ်နှစ် မှာ တစ်ကြိမ်ပဲ ကျင်းပခွင့်ရတာ။ နိုင်ငံတကာ အဆင့်မီမီနဲ့ အပြင် အဆင် ထူးထူးခြားခြားလေးနဲ့ အောင် မြင်တဲ့ပွဲ တစ်ပွဲ ဖြစ်စေချင်တယ်။ ဒီနှစ်အကယ်ဒမီ စင်အတွက်က လည်း တင်ဒါ ရသွားတာက စင် ကာပူက ဆိုတော့ သေသေချာချာ လေးဖြစ်မယ်လို့ လည်းထင် ပါ တယ်”

Popular Academy

RangonNewsDaily:: December . 7 .2013
ဒီဇင်ဘာ ၂၉ ရက်နေ့ သုဝဏ္ဏ အားကစားရုံ တွင်ကျင်းပရန်လျာထား သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး
နှင့်ပတ်သက်ပြီးရုပ်ရှင်လော ကသား များ၏ အကြံပြု စကား များနှင့် အကယ်ဒမီ ရင်ခုန်သံများကို စုစည်းဖော်
ပြပေးလိုက်ပါသည်။

ကြွေးကြော်သံ ၃ ချက်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/၉၃ ရပ်ကွက် ပြောင်းရွှေ့ခံပြည်သူများ ဆန္ဒထုတ်ဖော်

Photo: ကြွေးကြော်သံ ၃ ချက်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/၉၃ ရပ်ကွက် ပြောင်းရွှေ့ခံပြည်သူများ ဆန္ဒထုတ်ဖော်
Friday, December 6, 2013

အိုးအိမ်က ရတနာအိမ်ရာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းများအတွက် ဆောက်လုပ်ဆဲကာလတွင် ပြောင်းရွှေ့ခံပြည်သူများအတွက် အလုပ်သမားတန်းလျားများဆောက်လုပ်ပေးရန်၊ ယခင်ကတိအတိုင်း တိုက်ခန်းများကို အရစ်ကျ ရောင်းပေးရန်၊ ရောင်းချရာတွင် ဆင်းရဲသားပြည်သူများအား ဦးစားပေးစနစ်ဖြင့် ရောင်းချပေးရန်ဟူသော ကြွေးကြော်သံ ၃ ချက်ဖြင့် ယနေ့ (ဒီဇင်ဘာ ၆ ရက်) နံနက်က ကျောင်းသူကျောင်းသား ကလေးသူငယ်များ အပါအ၀င် အင်အား ၁၀၀ ကျော်ခန့်ဖြင့် မဟာဗန္ဓုလပန်းခြံဘေးတွင် ဗီနိုင်းပို့စတာ ၃၀ ကိုင်ကာ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/၉၃ ရပ်ကွက်သူ၊ ရပ်ကွက်သားများက အိုးအိမ်ဦးစီးဌာန၏ ကတိစကားပျက်ကွက်ခဲ့သည့်အတွက် ၎င်းတို့၏ နစ်နာချက်များကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သိစေရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဓါတ်ပုံနှင့်သတင်း - နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: December . 7 .2013
အိုးအိမ်က ရတနာအိမ်ရာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းများအတွက် ဆောက်လုပ်ဆဲကာလတွင် ပြောင်းရွှေ့
ခံပြည်သူများအတွက် အလုပ်သမားတန်းလျားများဆောက်လုပ်ပေးရန်၊ ယခင်ကတိအတိုင်း တိုက်ခန်းများကို အရစ်ကျ ရောင်းပေးရန်၊ ရောင်းချရာတွင် ဆင်းရဲသားပြည်သူများအား

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲယာဉ်တိမ်းမှောက်၍ (၇)ဦးဒဏ်ရာရ

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲယာဉ်တိမ်းမှောက်၍ (၇)ဦးဒဏ်ရာရ
Friday, December 6, 2013

၎-၁၂-၂၀၁၃ ရက်နေ့ ၀၄၅၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၅/၅-၆)တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင် အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ (၇)ရပ်ကွက်နေ အောင်ငွေ(၃၁)နှစ်မောင်းနှင်လာသော ၈စ/xxxx တောင်းအေ့(စ်)အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လယ်ယာဘက်မြေသားပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ(၁၂)ဦးအနက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်နေ ဦးဝဏ်္ဏိသာရ(၂၁)နှစ်၊ ၀ါတော်(၁)၀ါတွင် ၀ဲဘက်လက်ညိုး/လက်ခလယ်ပွန်းပဲ့ဒဏ်ရာ၊ ရခိုင်ပြည်နယ်၊ 

အမ်းမြို့နယ်နေသူများ ဖြစ်သည့် ဦးတိက္ခဉဏ(၄၈)နှစ်၊ ၀ါတော်(၁၇)၀ါတွင် ယာဘက်လက်ညိုး/လက်ခလယ်/လက်သူကြွယ် ပွန်းပဲ့ဒဏ်ရာနှင့် ဦးဝရသာမိ(၃၇)နှစ်၊ ၀ါတော်(၁၇)၀ါတွင် နဖူး/၀ဲလက်ဖ၀ါးပေါက်ပြဲဒဏ်ရာ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ အောင်မေတ္တာကျောင်းတိုက်နေ ဦးပညာဝံသ(၃၃)နှစ်၊ ၀ါတော်(၁၃)၀ါတွင် ယာဘက်ပခုံး/ယာလက်ခုံပွန်းပဲ့ဒဏ်ရာ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရေးကောင်းရှိန်ရွာနေသူများ ဖြစ်ကြသည့် မဌေးဌေးနိုင်(၂၆)နှစ်တွင် မျက်နှာယာဘက်ဖူးရောင်၊ ယာလက်ဖ၀ါးပွန်းပဲ့၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ မခင်စောနွယ်(၃၃)နှစ်တွင် ယာဘက်လက်ဖျံပွန်းပဲ့ဒဏ်ရာနှင့် မစံယိုင်နု(၃၇)နှစ်တွင် နဖူးယာဘက်ဖူးရောင်၊ ယာလက်သူကြွယ်/လက်သန်းပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ အမိုးကိုင်းပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ငွေအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

RangonNewsDaily:: December . 7 .2013
၎-၁၂-၂၀၁၃ ရက်နေ့ ၀၄၅၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်
တိုင်အမှတ်(၁၉၅/၅-၆)တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင် အမြန်လမ်းရဲစခန်း
မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ဂ်ျ၏ အသက် ၈၆နှစ် မွေးနေ့ပွဲတွင် တိုင်းသူပြည်သားများ ညီညွတ်ကြရန် တိုက်တွန်း

Photo: ထိုင်းဘုရင်မင်းမြတ်က ညီညွတ်ကြရန် တိုက်တွန်း
Friday, December 6, 2013

ဒီဇင်ဘာ ၅ရက်တွင် ကျရောက်ခဲ့သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ဂ်ျ၏ အသက် ၈၆နှစ် မွေးနေ့ပွဲတွင် တိုင်းသူပြည်သားများကို မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်ဝန်;လုံး တည်ငြိမ်ရေးအတွက် ညီညီညွတ်ညွတ် လက်တွဲဖော်ဆောင်ကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ ပင်လယ်ကမ်းခြေမြို့ ဟွာဟင်းမြို့မှ ဘုရင့်အိမ်တော်၌ 
မွေးနေ့ပွဲကျင်းပချိန်တွင် လမ်းမထက်မှ လူအုပ်ကြီးသည် ဆန္ဒပြပွဲများကို ရပ်ဆိုင်းကာ ငြိမ်သက်စွာ ရှိနေခဲ့ကြသည်။ 

ဘုရင်မင်းမြတ်က “ကျွနိုပ်တို့မှာ တာဝန်ကိုယ်စီရှိကြပြီး ကိုယ့်အခန်းကဏ္ဍကိုယ်လည်း အသီးသီး သိနားကြပြီးသားပါပဲ၊ ထိုင်းပြည်သူများအနေနဲ့ နိုင်ငံကောင်းတစ်ခုအဖြစ် ရပ်တည်နိုင်ရေးနဲ့ လုံခြုံရေးအတွက် ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့နဲ့၊ ကိုယ့်တာဝန်ပေါ် သတိပြုမိဖို့ မဖြစ်မနေ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ လောင်းရိပ်အောက်မှ ရုန်းမထွက်နိုင်ဖြစ်နေသည်ဟူဟော စွစ်စွဲချက်ဖြင့် လက်ရှိ ၀န်ကြီးချုပ် ယင်လက်ရှင်တာဝတ် တရာအစိုးရကို ရာထူးမှ နှုတ်ထွက်ပေးရန် 
တောင်းဆိုမှုများ ဖြစ်ပွား လျက်ရှိသည်။ ဘုရင်မင်းမြတ် မွေးနေ့ မတိုင်မီ နှစ်အလိုတွင် ကန့်ကွက်သူ၊ တားဆီးသူတို့အကြား အကြမ်းဖတ်မှုများ ရပ်ဆိုင်းများခဲ့ပြီး မွေးနေ့ပွဲအမီ မြို့တော်
သန့်ရှင်းရေးကို ရဲတပ်ဖွဲ့ဝင်များနှင့် ကန့်ကွက်သူများ ငြိမ်းချမ်းစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုင်းဘုရင်မင်းမြတ်သည် သူ၏ ကျန်းမာရေးအတွက် ဟွာဟင်းမြို့တွင် သြဂုတ်လကတည်းက သွားရောက်နေ ထိုင်လျက်ရှိသည့်အတွက် ပြည်သူများအလွယ်တကူ သွားလာနိုင်ရန် အထူးဘက်စ်ကားများ၊ မီးရထား ၀န်ဆောင်မှုမျာကို သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက တာဝန်ယူပေးခဲ့သည်။ ရှပ်ဝါ၀တ် ဆန္ဒပြသူအများစုက မွေးနေ့ဆုတောင်းပွဲကို အင်တိုက်အားတိုက် တက်ရောက်ခဲ့ကြဖြင့် ဘုရင့်အိမ်တော်ရှေ့တွင် ပင်လယ်ဝါတစ်စင်း သဖွယ် ဖြစ်ထွန်းနေပုံကို နိုင်ငံပိုင် မီဒီယာများက ထုတ်လွှင့်ပြသခဲ့သည်။

အတိုက်အခံများက ယင်းလက်အစိုးရ ပြုတ်ကျသည်အထိ ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင်နေဦးမည်ဟု ဆိုထားသည်။

Ref: Al Jazeera
The Myanmar Age

RangonNewsDaily:: December . 7 .2013
ဒီဇင်ဘာ ၅ရက်တွင် ကျရောက်ခဲ့သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ဂ်ျ၏ အသက် ၈၆နှစ် မွေး
နေ့ပွဲတွင် တိုင်းသူပြည်သားများကို မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်ဝန်;လုံး တည်ငြိမ်ရေးအတွက် ညီညီ
ညွတ်ညွတ် လက်တွဲဖော်ဆောင်ကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ဟက်ကက်နဲ့ ခင်လေးနွယ် ယုဒသန် ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ကပြမယ်

Photo: ဟက်ကက်နဲ့ ခင်လေးနွယ် ယုဒသန် ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ကပြမယ်
Friday, December 6, 2013

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ကြီးမှူးကျင်းပတဲ့ ယုဒသန်ရဲ့ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ “ရွှင်လန်းစွာဆောင်ယူ” ဆိုတဲ့ ဓမ္မပြဇာတ်ကို ရန်ကုန် အလုံ မြို့နယ်က မင်းရဲကျော်စွာလမ်းမှာ ရှိတဲ့ နှစ်ခြင်းအဖွဲ့ချုပ်ရုံးမှာ တင်ဆက်မှာဖြစ်ပြီး ဆရာယုဒသန် ဇနီးမောင်နှံအဖြစ် သရုပ်ဆောင် အဆိုတော် ဟက်ကက်နဲ့ သရုပ်ဆောင် ခင်လေးနွယ်တို့က ပါဝင်ကပြမယ်လို့ သိရပါတယ်။

ဆရာယုဒသန်ကို ဂုဏ်ပြုတဲ့ ပြဇာတ်ပြသနိုင်ဖို့ ၂၀၁၂ ဇန်န၀ါရီလကတည်းက စတင်ပြဆင်ခဲ့ပြီး ဇာတ်ညွှန်းအဖြစ် ပြန်လည် ရေးသားသူကတော့ ပြဇာတ်ဒါရိုက်တာ စာရေးဆရာ ဆိုး ဖြစ်ပါတယ်။

ပြဇာတ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ပြဇာတ် ဗီဒီယို ဒါရိုက်တာ ကိုရိုးက “ပြဇာတ်တိုက်တဲ့ နေရာမှာ အခက်အခဲတွေ ရှိပါတယ်။ ပြဇာတ်က အခန်းက ၄၃ ခန်းလောက် ဖြစ်တော့ လူလည်း ၅၀ လောက်ပါတယ်။ ကျနော်က စပြင်ဆင်တဲ့ အချိန်ကတည်းက ဘုရားကျောင်းတွေကို ခွဲပြီး သူအခန်းနဲ့ သူ ပေးလိုက်တာ။ သရုပ်ဆောင် ရွေးတာကအစ အကုန်လုံး ပူးပေါင်းပြီး ရွေးဖြစ်ခဲ့တယ်။ နယ်ကနေ လာပြီး သရုပ်ဆောင်တဲ့ သူတွေလည်း ရှိတယ်။ နေရာအစုံကနေ ပါဝင်ကပြကြမှာပါ။သရုပ်ဆောင်တွေ မဟုတ်ပေမယ့် ဘုရားကျောင်းက ကလေးတွေက ဒီလိုမျိုးတွေနဲ့ ယဉ်ပါးနေတော့ သင်ပြမှုပိုင်းမှာ အခက်အခဲ သိပ်မရှိပါဘူး။ သရုပ်ဆောင်ဖြစ်တဲ့ ဟက်ကက်တို့၊ ခင်လေးနွယ်တို့ကလည်း လိုချင်တဲ့ အချက်ကို ပြောလိုက်ရင် အဆင်ပြေသွားတယ်။ အဲဒီနေရာမှာတော့ အခက်အခဲ မရှိခဲ့ပါဘူး။ အလုပ်တွေကတော့ အဆင့်ဆင့် လုပ်ခဲ့ရပါတယ်” ဟု ဧရာဝတီကို ပြောပါတယ်။

ဇာတ်လမ်းအနေနဲ့ ဆရာယုဒသန် မြန်မာပြည် ရောက်လာတာကနေ စပြီး အဓိကကျတာတွေကိုပဲ တင်ဆက်သွားမယ်လို့ သိရပါတယ်။

“ဖျော်ဖြေရေး ကဏ္ဍက မြန်မာနိုင်ငံ ခရစ်ယာန်အဆိုတော်တွေက ၄ ရက်နေ့တုန်းက လုပ်သွားပြီ ဆိုတော့ ကျနော်တို့ ပြဇာတ်က သီးသန့် ကပြမှာပါ။ ဆရာယုဒသန် နေရာမှာ သရုပ်ဆောင်ရမယ့် ဟက်ကက်က တာဝန် ကြီးတယ်။ ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင်ကို သူများအမြင် မစောင်းသွားအောင် လုပ်ရမှာဖြစ်လို့ တာဝန် အရမ်းကြီးပါတယ်။သူက မြန်မာပြည်အတွက် နှစ်ခြင်းသာသနာကို ယူဆောင်လာတဲ့သူအဖြစ် ပေါ်လွင်အောင် လုပ်ပြရပါတယ်။ခေါင်းဆောင် တယောက်က စွန့်စားပြီး သာသနာတခုကို ယူလာတယ်၊ ပြီးတော့ မြန်မာ – အင်္ဂလိပ် အဘိဓာန်ကို ပြုစုသွားတယ်ပေါ့နော်။ လာကြည့်တဲ့ သူတွေက ဘာသာရေးအမြင်နဲ့ မဟုတ်ဘဲနဲ့ မြန်မာပြည်မှာ မြန်မာစာကို ဖော်ထုတ်ပေးသွားတဲ့ နိုင်ငံခြားသား တယောက် အကြောင်းလေးကို သိစေချင်တာ တခုရယ်၊ ရသကတော့ လူတယောက်ကို တန်ဖိုးထားစေချင်တဲ့ ရသမျိုးလေး ဖြစ်စေချင်တယ်” လို့ ကိုရိုးက ရှင်းပြပါတယ်။

ဆရာယုဒသန်တို့ ဇနီးမောင်နှံ အိန္ဒိယကနေတဆင့် မြန်မာပြည်ကို ရောက်ရှိလာပြီး မွန်ပြည်နယ်ကနေ စတင်ကာ နှစ်ခြင်း သာသနာကို ဖြန့်ဝေပုံ၊ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး မြန်မာ – အင်္ဂလိပ် အဘိဓာန်ကို ထုတ်ဝေခဲ့ရပုံတို့ အပြင် မမအန်း (ဆရာယုဒသန်ရဲ့ ဇနီး) ကွယ်လွန်ခဲ့ပုံအထိ တင်ဆက်ပြသမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ခဲ့ပုံတွေကို အဓိက ကပြသွားမယ်လို့ သိရပါတယ်။

အဆိုပါပြဇာတ်မှာ ယုဒသန်နေရာကနေ ပါဝင်ကပြရမယ့် သရုပ်ဆောင် အဆိုတော် ဟက်ကက်က “ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ သူတယောက် နေရာမှာ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အရမ်းလည်း ပျော်ရွှင်တယ်၊ အရမ်းလည်း ဂုဏ်ယူပါတယ်။ ကျနော် မထိုက်မတန်ဘူး ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဒီနေရာကနေ ပါဝင် ဆက်ကပ်ခြင်းလည်း ဖြစ်ပါတယ်။ ကျနော်တို့မှာ အားနည်းချက်တွေ ရှိပေမယ့် အတက်နိုင်ဆုံး ပါဝင်ပြီး ဂုဏ်ပြုတာပါ။ ဆရာယုဒသန်ကို ဂုဏ်ပြုတဲ့ အစီအစဉ်က ဟိုးအရင်ကတည်းက လုပ်ခဲ့ပေမယ့် အခုလို ရာပြည့်မဟုတ်တော့ အကျယ်တ၀င့် မလုပ်ဖြစ်ခဲ့ဘူးပေါ့။ ဒီနှစ်က ရန်ကုန်မှာ လုပ်ခွင့် ရတာလည်း ပါတယ်၊ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေကြောင့် အခုလို ဂုဏ်ပြုဖြစ်တာပါ။ ဒီနှစ် ရာပြည့်ပွဲက မြန်မာနိုင်ငံအတွင်းက သူတွေသာမက၊ နိုင်ငံတကာက ပြန်လာတဲ့ လူတွေလည်း ပါဝင်ကျင်းပ ရတဲ့အတွက် အရမ်းကို စည်ကားသွားလို့ သမိုင်းတခုလို ဖြစ်သွားပါတယ်။ ကျနော်တို့ ဘ၀မှာ တခါမှ မမြင်ဘူးတဲ့ ပွဲလမ်း သဘင်တခုလို့တောင် ပြောလို့ ရပါတယ်” လို့ ဆိုပါတယ်။

ယုဒသန် နှစ် ၂၀၀ ပြည့်ပွဲကို လာရောက်သူတွေရဲ့ နာမည်စာရင်း မှတ်တမ်းတွေနဲ့ မှတ်သားထားပြီး နယ်ဝေးက လာသူတွေကို နေစရာ၊ သွားစရာနဲ့ အစားအသောက်တွေ စီစဉ်ပေးထားကြောင်း၊ ပြဇာတ်ကို ၇ ရက်နေ့ညနေမှာ ကပြမှာ ဖြစ်တဲ့အကြောင်း ဟက်ကက်က ဆက်ပြောပါတယ်။

ဆရာယုဒသန်ရဲ့ ဇနီးအဖြစ် ပြဇာတ်မှာ ပါဝင်ကပြရမယ့် သရုပ်ဆောင် ခင်လေးနွယ်ကလည်း “ခင်လေးက သရုပ်ဆောင် အလုပ်ကို နားထားတယ်။ ဘုရားကျောင်းက ဆရာကြီးရဲ့ ဂုဏ်ပြုပွဲမှာ ပါဝင်ကပြဖို့ ဟက်ကက်ကလည်း ဖုန်းဆက်တော့ ခင်လေးလည်း ဘယ်လိုနေရာဖြစ်ဖြစ် ပါဝင်ချင်တယ်ဆိုပြီး ကပြဖြစ်သွားတာပါ။ ရိုက်ကူးရေးတွေ နားလိုက်တဲ့ အချိန်မှာ ပြဇာတ် ကမယ်ဆိုတော့ အစမ်းလုပ်မယ်ဆိုပြီး ခေါ်တယ်။ ဘုရားကျောင်းက ကလေးတွေပါ ပါမယ်ဆိုတော့ ခင်လေးလည်း ခေါင်းစား သွားတယ်။ မရိုက်တာလည်း ကြာသွားပြီဆိုတော့ အမှားမဖြစ်အောင် အကောင်းဆုံး လုပ်ဖြစ်သွားတာပါ။ဇာတ်လမ်းမှာ ပါဝင်ရတော့ ၀န်ပိတာတော့ ရှိတယ်။ လူအများရှေ့မှာ ပြဇာတ်ကို ကပြရမယ်ဆိုတော့ အမှားအယွင်းတွေ ကတော့ ရှိနိုင်တယ်။ ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ဖြစ်သွားမှာပါ။ ပြဇာတ်ပေါ်မှာ မှားတယ်ဆိုတာက လူတိုင်းက လက်ခံတယ်လေ။ သရုပ်ဆောင်တွေချည်းပဲ ကတဲ့ ပြဇာတ်မှာတောင် အမှားအယွင်းတွေ ရှိတက်သေးတာပဲ။အခုက အပြင်လူတွေနဲ့ ကပြရမယ်ဆိုတော့ အရမ်းကြီး စိတ်ပူတာလည်းရှိတယ်၊ အရမ်းအကောင်းကြီး မဖြစ်ပေမယ့် ဇာတ်သဘောလေးကို နားလည်အောင်တော့ လုပ်ပြနိုင်မယ် ထင်တယ်။ ဖြစ်ပါ့မလားလို့လည်း စိတ်ပူမိတယ်။ ခင်လေးက ပြဇာတ်ပြီးရင်တော့ ရုပ်ရှင်ပြန်ရိုက်ဖို့ အစီအစဉ် အခုအချိန်အထိ မရှိသေးပါဘူး။ နောက်ပိုင်းမှာ ပြန်ရိုက်ဖြစ်ချင်လည်း ရိုက်ဖြစ်မှာ မပြောတတ်သေးဘူး” လို့ ရင်ဖွင့်ပါတယ်။

အဆိုပါ ပြဇာတ်ကို ဗီဒီယိုအခွေထုတ်ဖို့ ရည်ရွယ်ထားပြီး ရန်ပုံငွေအနေနဲ့ မေတ္တာကြေး ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဆရာယုဒသန် နှစ် ၂၀၀ ပြည့် အခမ်းအနားကို သမိုင်းတခုအဖြစ် လူတိုင်းလက်ထဲမှာ သိမ်းဆည်းထားနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆရာယုဒသန်ရဲ့ ကျေးဇူးတော် အောက်မေ့ခြင်း အခမ်းအနား ဓမ္မသဘင်ကို ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ပြီး ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမယ့် အစီအစဉ်တွေထဲမှာ ကျေးဇူးတော် ချီးမွမ်းခြင်းတွေ၊ စာတန်းဖတ်ပွဲတွေအပြင် ညနေပိုင်း အချိန်တွေမှာ ဓမ္မပြဇာတ်၊ ဓမ္မတေးသီချင်း သီဆိုမှု၊ တိုင်းရင်းသားရိုးရာ အကတွေနဲ့ စည်ကားစွာ ကျင်းပ ပြုလုပ်နေပါတယ်။ ဒီပွဲမှာ ပြည်တွင်းပြည်ပက လူပေါင်း ၄ သောင်းနီးပါး တက်ရောက် ပါဝင်ပါတယ်။

ဆရာယုဒသန်ဇနီးမောင်နှံ အဖြစ် ပြဇာတ်မှာ ကပြနေတဲ့ ဟက်ကက်နဲ့ ခင်လေးနွယ် (ဓာတ်ပုံ – ဟက်ကက် facebook မှ)
ဧရာဝတီ
ဆရာယုဒသန်ဇနီးမောင်နှံ အဖြစ် ပြဇာတ်မှာ ကပြနေတဲ့ ဟက်ကက်နဲ့ ခင်လေးနွယ် (ဓာတ်ပုံ – ဟက်ကက် facebook မှ)

RangonNewsDaily:: December . 7 .2013
မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ကြီးမှူးကျင်းပတဲ့ ယုဒသန်ရဲ့ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ “ရွှင်လန်းစွာဆောင်ယူ” ဆိုတဲ့

တောင်အာဖရိကရောက် မြန်မာတွေ မန်ဒဲလားအတွက် လွမ်းသူပန်းခွေပို့

Photo: တောင်အာဖရိကရောက် မြန်မာတွေ မန်ဒဲလားအတွက် လွမ်းသူပန်းခွေပို့
Friday, December 6, 2013

အခုလို ကွယ်လွန်သွားတဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား အတွက် တောင်အာဖရိကနိုင်ငံ ကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း မန်ဒဲလား ကွယ်လွန်တဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေသွားချပြီး အမှတ်တရ ဂုဏ်ပြုဖို့ စီစဉ်နေကြပါတယ်။ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်လဲဆင်မန်ဒဲလားရဲ့ အစဉ်အလာကြီးမားတဲ့ သမိုင်းကြောင်းတွေကို ဂုဏ်ပြုဖို့ဖြစ်ပြီး မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုမှာ လည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နယ်လဲဆင် မန်ဒဲလားရဲ့ နိုင်ငံရေး သြဇာကြီးမား သက်ရောက်မှုတွေ ရှိခဲ့တဲ့အတွက် အခုလိုလွမ်းသူ့ပန်းခွေချပြီး သွားအလေးပြုကြမှာဖြစ်တယ်လို့ တောင် အာဖရိကနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာသိန်းဝင်းက
ပြောပါတယ်။

"မန်ဒဲလား ရုပ်အလောင်းရှိတဲ့ စစ်ဆေးရုံကိုသွားဖြစ်မလား မသိဘူးပေါ့။ Johannesburg မှာရှိတဲ့ သူ့အိမ်ကိုသွားဖြစ်မလား။ ဒါမှမဟုတ်ရင် Pretoria က သမ္မတရုံးပေါ့နော် Union Building ကိုသွားဖြစ်မလား မသိဘူး။ ကျနော်တို့သွားဖို့ပါ။ သွားရင်တော့ ကျနော်တို့က မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ တောင်အာဖရိကနိုင်ငံ ကိုယ်စားရယ်၊ မြန်မာပြည်သူလူထုရဲ့ကိုယ်စားရယ်၊ နောက်တစ်ခုက ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားရယ် သမ္မတ မန်ဒဲလားကို လာရောက်ပြီး ဂါဝရပြုတယ်ဆိုတာလုပ်ဖို့ပါ"

လူမည်းခေါင်းဆောင် မန်ဒဲလား ကွယ်လွန်သွားတာကို ကြေညာ လိုက်တဲ့အချိန်မှာ တောင်အာဖရိကနိုင်ငံတဝှမ်း က ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ မြင်ကွင်းကိုလည်း ဒေါက်တာသိန်းဝင်းက အခုလိုပြောပြပါတယ်။

"နယ်ဆင် မန်ဒဲလားရဲ့ ရုပ်အလောင်းဟာ  Pretoria မှာရှိတဲ့ စစ်ဆေးရုံကို ရွှေ့လိုက်တယ်လို့ကျနော်ကြားပါတယ်။ ဒါမှာကတော့  Johannesburg ကော Cape Town ရော Bloemfontein ရော ဒီမြို့ကြီးတွေမှာ ဝက်ဝက်ကွဲနေတယ် ပြောရမှာပေါ့နော်။ အားလုံးဟာ အုတ်အော်သောင်းနင်းနဲ့ အကုန်ဖြစ်နေတာပေါ့။ မနေ့က ဆိုလို့ရှိရင် ကျနော်တို့ နယ်ဆင် မန်ဒဲလား ဆုံးတယ်လို့ ကြားကြားချင်း တီဗွီမှာ ကျနော်တို့တွေ့တာ့ သူ့ရဲ့အိမ်ပေါ့နော် Johannesburg မှာရှိတဲ့ သူ့ရဲ့အိမ်မှာ လမ်းမပေါ်မှာ လူထုတွေ အများကြိးရောက်လာတယ်။ နောက်ပြီးတော့ Sikhumbuzo  ဆိုတဲ့ လူမဲရပ်ကွက်အကြီးဆုံးပေါ့ ညကတည်းက အခမ်းအနားတွေ လူထုတွေ မန်ဒဲလားနဲ့ပါတ်သက်တဲ့ သီချင်းတွေ ဆိုကြတယ်။ နောက်ပြီးတော့ တော်လှန်ရေး ကာလက တိုက်ပွဲ သီချင်းတွေဆိုကြတယ်။ ပြီးတော့ဂုဏ်ပြုတာတွေ ကျနော်တို့တွေ့ရတယ်။"   

အခုလိုမျိုး အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်ဆင် မန်ဒဲလား ကွယ်လွန်သွားရတဲ့အပေါ်မှာ လူမည်းပြည်သူတွေတင်မကဘဲ လူဖြူတွေကပါ ဝမ်းနည်းကြောင်း အတူတကွ ပြသခဲ့ကြတာမြင် ခဲ့ရတယ်လို့  ဒေါက်တာသိန်းဝင်းက အခုလိုပြောပြပါတယ်။

"ပိုပြီး ကြည်နူးဖို့ကောင်းတာက လူထုက အမဲလူထုပေါ့နော် လူမဲအများစုက လုပ်တဲ့နေရာမှာ လူဖြူတွေအများကြီးက ပါဝင်တာကိုကျနော်တို့တွေ့ရတယ်။ သာမန်လူဖြူတွေဟာလည်း လူမဲတွေနဲ့အတူ သီချင်းဆိုကြတယ်။ ကကြတယ်။ လူဖြူတွေကိုယ်တိုင်က အများကြီးကနေပြီးတော့ အသိအမှတ်ပြုတယ်ပေါ့ဗျာ။ အခု ကွယ်လွန်သွားတဲ့ နယ်ဆင် မန်ဒဲလားကို သူ့ကြောင့်သူတို့ တိုင်းပြည်ဟာ အေးချမ်းသွားရတယ်ပေါ့။ ကျေးဇူးတင်တယ်အကြောင်းဆိုတာလုပ်ကြတယ်။ နောက်တစ်ခါ ဒီ Cape Town မှာလည်း ကျနော်တို့ မြန်မာလူထုသိတဲ့ The Arts Institute မှာ ဒစ်မွန်တူးတူးက ဒီမနက်မှာ ဆုတောင်းပွဲ လုပ်တဲ့အခါကျတော့ မန်ဒဲလား အကြောင်းကိုပြောကြတယ်ပေါ့လေ။ မြို့တိုင်းမှာ  နယ်ဆင် မန်ဒဲလားနဲ့ပါတ်သက်လို့ ကိုယ့်ဆိုင်ရာဆိုင်ရာတွေကရော တစ်ဦးချင်းကရော ဂုဏ်ပြုကြတာမျိုးတွေ အခုလောလောဆယ်ရှိနေကြပါတယ်ခင်ဗျ"

ဒါကတော့ တောင်အာဖရိကပြည်သူတွေအပါအဝင် သူ့ကိုလေးစားချစ်ခင်ကြတဲ့ လူတော်တော်များများ နောက် တောင်အာဖရိကနိုင်ငံရောက်မြန်မာနိုင်ငံသားကေပါ နယ်လ်ဆင်မန်ဒဲလားအပေါ် လွမ်းသူ့ပန်းခွေချ အလေးပြုဂုဏ်ပြုနေကြတာဖြစ်ပါတယ်။

ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင်ဟောင်းမန်ဒဲလားအတွက် လွမ်းသူပန်းများ ချ ဂုဏ်ပြုနေကြစဉ်။ (ဒီဇင်ဘာလ ၆၊ ၂၀၁၃)
VOA
ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင်ဟောင်းမန်ဒဲလားအတွက် လွမ်းသူပန်းများ ချ ဂုဏ်ပြုနေကြစဉ်။ (ဒီဇင်ဘာလ ၆၊ ၂၀၁၃)
RangonNewsDaily:: December . 7 .2013
အခုလို ကွယ်လွန်သွားတဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား အတွက် တောင်အာဖရိက
နိုင်ငံ ကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း မန်ဒဲလား ကွယ်လွန်တဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေသွားချပြီး အမှတ်တရ ဂုဏ်ပြုဖို့ စီစဉ်နေကြပါတယ်။

အင်္ဂလန်အတွက် ကံဆိုးခြင်း(ဒါမှမဟုတ်) ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှု

Photo: အင်္ဂလန်အတွက် ကံဆိုးခြင်း(ဒါမှမဟုတ်) ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှု
Saturday, December 7, 2013

ကမ္ဘာ့ဖလား အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဘရာဇီးနိုင်ငံ ဘဟီယာဒေသတွင် ကျင်းပခဲ့ရာ ဘောလုံးပညာရှင်များခန့်မှန်းခဲ့သည့်အတိုင်း အင်္ဂလန်အသင်း မရဏအုပ်စုအတွင်း ကျရောက်ခဲ့ပြီး စပိန်၊ ဂျာမနီတို့လည်း အုပ်စုကျပ်ခဲ့ကြောင်း သိရသည်။ ဦးစားပေးအဆင့် သတ်မှတ်ခံရခြင်းမရှိသည့် ဥရောပအသင်း(၉)သင်းမှာ မဲအိုး(၄)တွင် ရှိနေပြီး မဲအိုး(၂)တွင် အသင်း(၇)သင်းသာ ရှိနေသည့်အတွက် မဲအိုး(၄)မှ အသင်းတစ်သင်းအား မဲနှိုက်၍ မဲလေး(၂)သို့ ပြောင်းလဲခဲ့ရာတွင် အင်္ဂလန်အသင်း မဲပေါက်ခဲ့ပြီး ဦးစားပေးအဆင့် သတ်မှတ်ခံထားရသည့် ဥရုဂွေး၊ အီတလီ၊ ကော်စတာရီကာတို့နှင့် တစ်အုပ်စုတည်း ကျခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပေါ်တူဂီမှာလည်း ဂျာမနီ၊ အမေရိကန်၊ ဂါနာတို့နှင့်အတူ အုပ်စု (G)တွင် ကျရောက်ခဲ့သည့်အတွက် အကျပ်အတည်း ဖြစ်လာနိုင်ဖွယ်ရှိပြီး စပိန်၊ ချီလီ၊ သြစတြေးလျတို့နှင့် တစ်အုပ်စုတည်းကျခဲ့သည့် ဟော်လန်အနေဖြင့်လည်း ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်။

ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုအနေအထား

အုပ်စု(A)

ဘရာဇီး၊ ခရိုအေးရှား၊ မက္ကဆီကို၊ ကင်မရွန်း

အုပ်စု(B)

စပိန်၊ ဟော်လန်၊ ချီလီ၊ သြစတြေးလျ

အုပ်စု(C)

ကိုလံဘီယာ၊ ဂရိ၊ အိုင်ဗရီကို့စ်၊ ဂျပန်

အုပ်စု(D)

ဥရုဂွေး၊ ကော်စတာရီကာ၊ အင်္ဂလန်၊ အီတလီ

အုပ်စု(E)

ဆွစ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်၊ ဟွန်ဒူးရက်စ်

အုပ်စု(F)

အာဂျင်တီးနား၊ ဘော့စနီးယား၊ အီရန်၊ နိုင်ဂျီးရီးယား

အုပ်စု(G)

ဂျာမနီ၊ ပေါ်တူဂီ၊ ဂါနာ၊ အမေရိကန်

အုပ်စု(H)

ဘယ်လ်ဂျီယံ၊ အယ်လ်ဂျီးရီးယား၊ ရုရှား၊ တောင်ကိုရီးယား
http://yoyarlay.com/sport/football/39120-2013-12-06-18-59-29

RangonNewsDaily:: December . 7 .2013
ကမ္ဘာ့ဖလား အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဘရာဇီးနိုင်ငံ ဘဟီယာဒေသတွင် ကျင်းပခဲ့ရာ ဘောလုံးပညာရှင်
များခန့်မှန်းခဲ့သည့်အတိုင်း အင်္ဂလန်အသင်း မရဏအုပ်စုအတွင်း ကျရောက်ခဲ့ပြီး စပိန်၊ ဂျာမနီတို့လည်း အုပ်
စုကျပ်ခဲ့ကြောင်း သိရသည်။

သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အဆောက်အအုံ ဆောက် လုပ်နေခြင်းကို ကန့်ကွက်သည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ အာဏာရှင်စနစ်အတိုင်း ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း ရှေ့နေများကွန်ရက် ပြောကြား

Photo: သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အဆောက်အအုံ ဆောက် လုပ်နေခြင်းကို ကန့်ကွက်သည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ အာဏာရှင်စနစ်အတိုင်း ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း ရှေ့နေများကွန်ရက် ပြောကြား
Saturday, December 7, 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အကွက်နေ ပြည်သူများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပြီး သမ္မတက ဒီမိုကရေစီအစိုးရအဖြစ် လုပ်ကိုင်ဆောင်ရွက် ပါမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် အာဏာရှင်များ၏ အမူအကျင့်အတိုင်းသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရှေ့နေများ ကွန်ရက်ကိုယ်စား ဦးအေးမင်းက ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီက မြန်မာဂျာနယ်လစ် ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ရှေ့နေများ ကွန်ရက်ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ''ကျွန်တော်တို့ သမ္မတအပါအ၀င် သက်ဆိုင်ရာ ဌာနတွေကို သိမ်ဖြူအားကစားကွင်းမှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ခြင်းမပြုဖို့ လေးကြိမ် စာပို့ခဲ့တယ်။ နောက် ဦးရွှေမန်းဆီကို တစ်ကြိမ်စာပို့ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြယ်ပွင့်မပြ မေးခွန်းမေးတဲ့ အခါမှာ မြို့တော်ဝန်က ဘောလုံးကွင်းတွေ အများအပြား ရှိနေတာကြောင့် သိမ်ဖြူကစားကွင်းကို အသုံးပြုဖို့ မလိုဘူးဆိုပြီး ပြန်ဖြေခဲ့ပြီးတော့ အဲဒီမှာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မယ်ဆိုပြီး ပြန်ဖြေပါတယ်'' ဟု ပြောကြားခဲ့ပြီးနောက် ဦးအေးမင်းက ဆက်လက်ပြီး ''သိမ်ဖြူကွင်းကို ဆောက်လုပ်မယ့် ကုမ္ပဏီက Asia-Myanmar စီးပွားဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလိုYခေါ်ပြီး ဦးဆောင်တာက ဦးငြိမ်းအောင် (ဒိုင်းနမစ် ဆောက်လုပ်ရေး) ပိုင်ရှင်လို့ ကြားထားပါတယ်။ ဒီကွင်းကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူက ပေးလိုက်တယ် ဆိုတာတွေကိုတော့ ပြည်သူတွေကို အသိမပေးပါဘူး။ နောက် ကျွန်တော်ကြားတာက ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင်က မင်းတို့မဆောက် သေးဘူးလား။ ဟိုမှာ ဆန္ဒပြကြတော့မယ်လို့ ပြောတဲ့အကြောင်းလည်း ကြားရတယ်။ ဒီကိစ္စတွေမှာ ၀န်ကြီးတွေကိုယ်တိုင် ပါဝင်ပတ်သက် နေပါတယ်'' ဟု ဦးအေးမင်းက ပြောကြားသည်။

ထို့ပြင် သိမ်ဖြူကွင်းတွင် အထပ်မြင့် အဆောက်အအုံ မဆောက်လုပ်ရန်အတွက် ကန့်ကွက်ဆန္ဒပြသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးလှဌေးကလည်း သိမ်ဖြူအားကစားကွင်း ဆိုသည်မှာ သမိုင်းဝင် ကစားကွင်း တစ်ခုဖြစ်ပြီး ယခင်အစိုးရများ လက်ထက်က လွတ်လပ်ရေးနေ့ကို သိမ်ဖြူအားကစားကွင်းတွင် နိုင်ငံတော်အဆင့် ကျင်းပလေ့ရှိပြီး ၈၈ နောက်ပိုင်း န၀တ အစိုးရ လက်ထက်တွင် ယာဉ်မောင်းသင်တန်း ပြုလုပ်ရန်အတွက် အသုံးပြုခဲ့ပြီး ယခုအခါတွင် အထပ်မြင့်တိုက် ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်နေ ပြည်သူများ အနေနှင့် မည်သို့မျှ သဘောကျနှစ်ခြိုက်ခြင်း မရှိကြောင်း ပြောကြားသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ပါက မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူများ အနေနှင့် ရွှေတိဂုံ စေတီတော်အား လှမ်းဖူး၍ မရနိုင်တော့သောကြောင့် ဘာသာရေးအရ လက်မခံ နိုင်ပါကြောင်းနှင့် အစိုးရနှင့် နီးစပ်သည့် ခရိုနီစီးပွားရေး သမားများ ၎င်းတို့၏ အကျိုးအမြတ်အတွက် မည်သည့် အကျိုးကိုမျှ မကြည့်ဘဲ ဆောင်ရွက်နေခြင်းအား အပြင်းအထန် ဆန့်ကျင်ပါကြောင်း ပြောကြားလိုက်သည်။ ထို့ပြင် မြန်မာပြည်တွင် အကြီးမားဆုံး ဖြစ်ပေါ်နေသည့် ပြဿနာမှာ မြေသိမ်းသည့် ကိစ္စများဖြစ်ပြီး ထိုမြေသိမ်းမှုများကို အစိုးရအနေနှင့် မထိန်းသိမ်းနိုင်ပါက ပြည်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားလာမှာဖြစ်ကြောင်း ပြောကြားလိုက်သည်။

ထို့နောက် ထိုစီးပွားရေး လုပ်ငန်းရှင်များသည် အစိုးရထံမှာ မတန်တဆ ဈေးနှုန်းများဖြင့် လုပ်ကိုင်နေသော်လည်း ၎င်းတို့လက်ထက်တွင် သိန်းပေါင်းသောင်းနှင့်ချီပြီး အကျိုးအမြတ် ရရှိနေခြင်းကြောင့် တိုင်းပြည်၏ ၀င်ငွေမှာ ဆုံးရှုံးခဲ့ရပြီး ပြည်သူများမှာလည်း ဆင်းရဲမွဲတေမှုများ ဖြစ်နေသော်လည်း အစိုးရနှင့် နီးစပ်သူများမှာ ပို၍ချမ်းသာလာမှု များကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုများ ရှိနေပြီး အစိုးရအနေနှင့် ပြေလည်အောင် ဖြေရှင်းပေးရန်လည်း တောင်းဆိုလိုက်သည်။
ထို့ပြင် ၂၀၀၈ အခြေခံ ဥပဒေ၏ မှားယွင်းချက်များကြောင့် ၀န်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများမှာ ပြည်သူတို့က ရွေးချယ်ထားသူများ မဟုတ်သဖြင့် ပြည်သူလူထု၏ ဘ၀ကိုလည်း နားလည်စာနာမှု မရှိကြောင်း ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားချက်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရက မဖြေရှင်း နိုင်သဖြင့် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲမှစ၍ လူစုပြီး တောင်းဆိုချက်များ ကိုင်ဆောင်ကာ စံပြ ဖဆပလ ရပ်ကွက်မှ စတင်ချီတက်မည်ဖြစ်ပြီး မြို့တော်ခန်းမရှေ့အထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်မှာဖြစ်ပြီး ပူးပေါင်းလိုသူ မည်သူမဆို လာရောက် ပူးပေါင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ခင်ငြိမ်းသစ်)
Eleven Media Group
ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ခင်ငြိမ်းသစ်)
RangonNewsDaily:: December . 7 .2013
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၌ အထပ်မြင့် အကွက်နေ ပြည်သူများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေ