Pages

Sunday, December 1, 2013

ပြိုင်ကားချစ်သူ Paul Walker ..... အတွက်အမှတ်တရ.........

Paul Walker .....

Eclipse GSX နဲ့ စတင်ခဲ့ပြီး ...
Skyline GT-R 34 နဲ့ အောင်မြင်ကျော်ကြားလာခဲ့တဲ့ ခင်ဗျား .....
Carrera GT နဲ့ ဘ၀ကို အဆုံးသတ်သွားခဲ့တယ် .....

ခင်ဗျား ထွက်သွားတာ အရမ်းစောလွန်းနေတယ် Walker ....
ခင်ဗျား သရုပ်ဆောင်ခဲ့တဲ့ .... ကျွန်တော်တို့လို Car Crazy တွေအားလုံး အမြတ်တစ်နိုး ကြည့်ခဲ့ရတဲ့ Fast & Furious Series .... .... ....
ခင်ဗျား အားလုံးကိုထားခဲ့ပြီ ....

သာမန်လူတွေအတွက်ဆိုရင်တော့ သရုပ်ဆောင်တစ်ယောက် တိမ်းပါးသွားတာ မထူးဆန်းဘူးဆိုပေမယ့် ကျွန်တော်တို့လို လူမျိုးတွေအတွက်က အရမ်းနှမျောမိပါတယ် ....

Stance Work တွေသုံးခဲ့ရတယ်ဆိုပေမယ့် ခင်ဗျားသရုပ်ဆောင်ခဲ့တဲ့ Scene တွေက ခင်ဗျား Fast & Furious အပေါ်မှာ ဘယ်လောက်စိတ်အားထက်သန်လဲဆိုတာဖော်ပြနိုင်ခဲ့ပါတယ် Walker .....
ခင်ဗျား အကောင်းဆုံးလုပ်ခဲ့တာပဲ .... .... ....

Paul Walker ....
ကျွန်တော်တို့ ရင်ထဲမှာ ခင်ဗျားကို အမြဲ သတိတရ ရှိနေမှာပါ .....

Rest in Peace .... Paul Walker .....
We will miss you !!

Copy From-Ko Tin Kyaw Lin

~:H2:~

RangonNewsDaily:: December . 1 .2013
Eclipse GSX နဲ့ စတင်ခဲ့ပြီး ...
Skyline GT-R 34 နဲ့ အောင်မြင်ကျော်ကြားလာခဲ့တဲ့ ခင်ဗျား .....
Carrera GT နဲ့ ဘ၀ကို အဆုံးသတ်သွားခဲ့တယ် .....

Dec 1ရက်နေ့က သရုပ်ဆောင် နန်းသူဇာရဲ့ မွေးနေ့

Photo: ဒီနေ့Dec 1ရက်နေ့က နန်းသူဇာရဲ့ မွေးနေ့လေးပါ........
(မွေးနေ့မှာ နန်းသူဇာလေးက သူမရဲ့ချစ်သူ ကျော်ထွဋ်ဆွေနဲ့အတူတွေ့ရပါတယ်.........)

ရုပ်ရှင်ဂီတ ချစ်သူများ
A
RangonNewsDaily:: December . 1 .2013
ဒီနေ့Dec 1ရက်နေ့က သရုပ်ဆောင် နန်းသူဇာရဲ့ မွေးနေ့ဖြစ်ပါတယ်။

ထိုင်း ဆန္ဒပြသူတွေနဲ့ ဆွေးနွေးဖို့ ၀န်ကြီးချုပ်ယင်းလပ် ကမ်းလှမ်း

Photo: ထိုင်း ဆန္ဒပြသူတွေနဲ့ ဆွေးနွေးဖို့ ၀န်ကြီးချုပ်ယင်းလပ် ကမ်းလှမ်း
Sunday, December 1, 2013

ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုရှိခဲ့တာနဲ့အတူ အစိုးရဆင်းပေးဖို့ဆန္ဒပြနေသူတွေနဲ့ ဆွေးနွေးဖို့ ဝန်ကြီးချုပ် Yingluck
Shinawatra က ကမ်းလှမ်းခဲ့ပါတယ်။

ဘန်ကောက်မြို့အားကစားကွင်းတခုနားမှာ သေနတ်သံတွေ ပေါ်ထွက်ခဲ့ပြီးနောက် ၁ ယောက်သေဆုံးခဲ့တယ်လို့ ရဲကပြောပါတယ်။ ၁၀ ယောက် ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် Yinluck ကိုထောက်ခံတဲ့ လူထုစုဝေးပွဲဆီသွားကြသူတွေကို အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေက တိုက်ခိုက်ရာက အကြမ်းဖက်မှုစတင်ခဲ့တာပါ။

ဘယ်သူက သေနတ်နဲ့ပစ်သလဲဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဝန်ကြီးချုပ် Yinluck နဲ့ အစိုးရဆင်းပေးဖို့ ဆန္ဒပြပွဲတွေဖြစ်နေတာ သီတင်း တပတ်ကြာလာပြီဖြစ်သလို စနေနေ့ကလည်း ဘန်ကောက်မြို့တော်မှာ ဆန္ဒပြသူ ၁ ထောင်ကျော် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ အစိုးရရုံးတွေထဲ ဝင်ရောက် ဆန္ဒပြနေကြတဲ့ ဆန္ဒပြနေသူတွေဟာ ဆက်သွယ်ရေးရုံးထဲ ဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ လမ်းပေါ်က Bus ကားနဲ့ မော်တော်ကားတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။

ခုလိုမငြိမ်မသက်ဖြစ်နေတဲ့အတွက် ဆန္ဒပြနေသူတွေ၊ တခြားသက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့လိုလားတယ်လို့ ဝန်ကြီးချုပ် Yinluck က စနေနေ့က ပြောကြားခဲ့ပါတယ်။

အစိုးရဆန့်ကျင်ဆန္ဒပြခေါင်းဆောင်တွေဖက်ကတော့ ယုံကြည်စရာမရှိတဲ့ အစိုးရနဲ့ ညှိနှိုင်းစရာမရှိဘူးလို့ ပြောပြီး ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်သူတစ်ဦးက လက်ရှိအစိုးရထောက်ခံတယ်လို့ ယူဆရသူတွေရဲ့ ဘတ်စ်ကားကို တိုက်ခိုက်နေစဉ်။ (နိုဝင်ဘာ ၃၀၊ ၂၀၁၃)

VOA
ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်သူတစ်ဦးက လက်ရှိအစိုးရထောက်ခံတယ်လို့ ယူဆရသူတွေရဲ့ ဘတ်စ်ကားကို တိုက်ခိုက်နေစဉ်။ (နိုဝင်ဘာ ၃၀၊ ၂၀၁၃)
RangonNewsDaily:: December . 1 .2013
ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုရှိခဲ့တာနဲ့အတူ အစိုးရဆင်းပေးဖို့ဆန္ဒပြနေသူတွေ
နဲ့ ဆွေးနွေးဖို့ ဝန်ကြီးချုပ် Yingluck Shinawatra က ကမ်းလှမ်းခဲ့ပါတယ်။

နောက်ဆုံးကျန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၏ ဈာပန တပ်မတော် မတက်ရောက်

RangonNewsDaily:: December . 1 .2013
မြန်မာ့တပ်မတော် သန္ဓေတည်ရာ ရဲဘော်သုံးကျိပ်၏ နောက်ဆုံးကျန်ရစ်သူ ဗိုလ်ရဲထွဋ် (သခင်အောင်သိန်း) ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုဿာန်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်

ရာလက်ရှိတာဝန် ထမ်းဆောင်နေသော တပ်မတော် အရာရှိကြီးများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ အကြီး
တန်း အရာရှိကြီးများ တက်ရောက်ခြင်း မရှိခဲ့ပေ။

အနာဂတ်ကာလအတွက် ရေပေါ်မြို့တော်ကြီး

Photo

RangonNewsDaily:: December . 1 .2013
လူပေါင်း(၅၀၀၀၀)ကျော် မှီတင်းနေထိုင်နိုင်မည့် အဆိုပါ ရေပေါ်မြို့တော်သည် သင်္ဘောကြီး တစ်စင်းပေါ်
တွင် အခြေခံ တည်ဆောက်ထားမည် ဖြစ်သည်။

အစိုးရယန္တရား အတွင်း လူတစ်ထောင်လျှင် တစ်ဦးသာ အပြောင်းအလဲ လိုလားဟု ဦးစိုးသိန်းပြော

Photo: အစိုးရယန္တရား အတွင်း လူတစ်ထောင်လျှင် တစ်ဦးသာ အပြောင်းအလဲ လိုလားဟု ဦးစိုးသိန်းပြော
Sunday, December 1, 2013

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လာသည်မှာ သုံးနှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရယန္တရား အတွင်းရှိ လူဦးရေ တစ်ထောင်လျှင် တစ်ဦးကသာ အပြောင်းအလဲ ပြုလုပ်လိုသူများ ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုဝင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ နိဂုံးချုပ် ဆွေးနွေးရာတွင် ၄င်းက အထက်ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။

"လူဦးရေ သန်းခြောက်ဆယ်မှာ Government Sector က တစ်သန်းကျော် လေးပဲရှိတယ်။ အဲဒါမှာ ခင်ဗျားကို ကျွန်တော် ပြောမယ်။ တစ်ထောင်လောက်ပဲရှိတယ် Reform လုပ်ချင်တဲ့သူက။ ကျန်တဲ့လူ ကတော့ ဒရွတ်တိုက် လိုက်တုန်းပဲ" ဟု ဦးစိုးသိန်းက ထုတ်ဖော်ပြောဆိုသည်။

ယနေ့ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေး သူများ၏ ပြောကြားချက်များကို များစွာ နားထောင်သင့်သော်လည်း ဆွေးနွေးပွဲ တက်ရောက်သူ အစိုးရယန္တရား အဖွဲ့ဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ် များမှာ အရေအတွက် လွန်စွာ နည်းပါးကြောင်း ၄င်းက ဝေဖန်ပြောကြားသည်။

အစိုးရခေါင်းဆောင် များက အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းရန် လိုအပ်သည်ဟု ပြောဆိုနေသော်လည်း အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ် များ၌ ဆရာများအသင်း၊ ကျောင်းသား သမဂ္ဂစသည်ဖြင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအာဏာပိုင် များက တားဆီး ပိတ်ပင်မှု၊ ဖမ်းဆီးအရေးယူမှုများ ရှိနေပြီး အဖွဲ့အစည်း များ၌ ပါဝင်လှုပ်ရှားသူ ဝန်ထမ်းများကို အလုပ်ထုတ်ခြင်း၊ ကျောင်းသားများကို ကျောင်းထုတ်ခြင်းများ ကြုံတွေ့နေရကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တက္ကသိုလ်ကျောင်းသား တစ်ဦးက ပြစ်တင်ပြောကြားသည်။

အစိုးရက ပြုလုပ်နေသည့် အပြောင်းအလဲ များကို လက်တွေ့ အကောင်အထည် ဖော်နေသူများမှာ လူထုအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် လိုက်လျော ညီထွေမှု မရှိဘဲ အခွင့်အာဏာ ရှိသူများကို တွေ့ဆုံရန်ပင် များစွာ ခက်ခဲနေသေးကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူ အချို့က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲ များတွင် လူငယ်အဖွဲ့အစည်း များနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရေး ကို မဖြစ်မနေ လုပ်ဆောင်သွားမည် ဖြစ်ပြီး လူထုတွေ့ဆုံပွဲ များကို နှစ်စဉ်ကျင်းပရန် အကြံပြုသည့် အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပွဲတွင် ကတိပြုခဲ့သည်။

The Voice Weekly

RangonNewsDaily:: December . 1 .2013
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လာသည်မှာ သုံးနှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရယန္တရား အတွင်းရှိ လူဦးရေ တစ်ထောင်လျှင် တစ်ဦးကသာ အပြောင်းအလဲ ပြုလုပ်လိုသူများ ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ကုလသမဂ္ဂ အစီရင်ခံစာ ရန်ကုန်မြို့မှ ရခိုင်များ ကန့်ကွက်

Photo: ကုလသမဂ္ဂ အစီရင်ခံစာ ရန်ကုန်မြို့မှ ရခိုင်များ ကန့်ကွက်
Sunday, December 1, 2013

မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ဆက်စပ်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန်ဆိုပြီး ပါရှိတဲ့အချက်ကို ဒီနေ့ရန်ကုန်မြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီတစ်ချို့က ကန့်ကွက်ဟောပြောခဲ့ကြပါတယ်။

ရန်ကုန်မြို့ ဦးဝိစာရနဲ့ ရွှေဂုံတိုင်လမ်းဒေါင့်၊ ဘောလုံးကွင်းနားမှာ ဒီနေ့ပြုလုပ်တဲ့ အဲဒီဟောပြောပွဲကို ရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီတစ်ချို့က လူပုဂ္ဂိုလ် ၅၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂရဲ့ အဲဒီလိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ပွဲကို ဦးဆောင်ကျင်းပသူ ကိုဇေယျာဝင်းမြင့်က ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိဘူးလို့ ပြောပါတယ်။

ရခိုင်လူငယ်များအဖွဲ့ A.Y.O ကလည်း ဒီနေ့မှာ ကုလသမဂ္ဂရဲ့ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂဟာ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ခြင်း မရှိစေရဆိုတဲ့မူကို ချိုးဖေါက်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးမှအပ ဘယ်သူ့ကိုမှ တိုင်းရင်းသားလူမျိုးစုအဖြစ် သတ်မှတ်ခြင်းကို လက်ခံမှာမဟုတ်ကြောင်း အဲဒီကြေညာချက်မှာ ပါရှိပါတယ်။

လူမျိုးအတုကို လုပ်ကြံဖန်တီးပြောဆိုနေပြီး မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ဖျက်စီးရန် ကြိုးပမ်းနေတဲ့ မီဒီယာတစ်စု အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ဆန့်ကျင်ရှုံ့ချကြောင်း ရခိုင်လူငယ်များအဖွဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

RFA

RangonNewsDaily:: December . 1 .2013
မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ဆက်စပ်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန်ဆိုပြီး ပါရှိတဲ့အချက်ကို ဒီနေ့ရန်ကုန်မြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီတစ်ချို့က ကန့်ကွက်ဟောပြောခဲ့ကြပါတယ်။

ယခုတစ်ကြိမ် အပါအ၀င် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် Sea Game ကျင်းပသည်မှာ ၃ကြိမ်မြောက်ဖြစ်

Photo: 1969 Sea Game ဖွင့်ပွဲ တုန်းကဆိုင်းဘုတ်ကိုင်
မြန်မာ ပျိုဖြူတွေပါ။
Sunday, December 1, 2013

ယခုတစ်ကြိမ် အပါအ၀င် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် Sea Game ကျင်းပသည်မှာ ၃ကြိမ်မြောက်ဖြစ်သည်။ 

ပထမ အကြိမ်ကို 1961 ခုနှစ် နှင့် 
ဒုတိယ အကြိမ်ကို 1969 ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ယခု တတိယ အကြိမ်မြောက်ကိုတော့ မြန်မာနိုင်ငံ၏ မြို့တော်သစ်ဖြစ်သော နေပြည်တော် ၌ အဓိက ကျင်းပမည် ဖြစ်ပြီး အခြားမြို့ကြီးများဖြစ်သော 
ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင်လည်း တွဲဖက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်

ယခုနှစ် Sea Game ၏ လဘ်ကောင်ရုပ် အဖြစ် ဇီးကွက်မောင်နှံကို ရွေးခြယ်ထားသည်။ 

ဇီးကွက်မောင်နှံ ၏ အမည်အဖြစ် အထီးလဘ်ကောင်အား ရွှေရိုး ၊ အမလဘ်ကောင်အား မမိုးဟု အမည်ပေးထားသည်။

Sea game ကျင်းပခဲ့သောနိုင် ငံဇယား
**********
Southeast Asian Peninsular Games (SEAP Games) 
Year	Games	Host City	Country
1959	I	 Bangkok	Thailand
1961	II	 Yangon	Myanmar
1965	III	 Kuala Lumpur	Malaysia
1967	IV	 Bangkok	Thailand
1969	V	 Yangon	Myanmar
1971	VI	 Kuala Lumpur	Malaysia
1973	VII	 Singapore
1975	VIII	 Bangkok	Thailand	

Southeast Asian Games 
(SEA Games)
Year	Games	Host City	Country
1977	IX	 Kuala Lumpur	Malaysia
1979	X	 Jakarta	Indonesia
1981	XI	 Manila	Phillippines
1983	XII	 Singapore
1985	XII	 Bangkok	Thailand
1987	XIII	 Jakarta	Indonesia
1989	XV	 Kuala Lumpur	Malaysia
1991	XVI	 Manila	 Phillippines
1993	XVII	 Singapore
1995	XVIII	 Chiang Mai	Thailand
1997	XIX	 Jakarta Indonesia
1999	XX	 Bandar Seri Begawan	 Brunei
2001	XXI	 Kuala Lumpur	Malaysia
2003	XXII	 Hanoi & Ho Chi Minh City	Vietnam
2005	XXIII	 Manila among others	Philippines
2007	XXIV Nakhon Ratchasima	Thailand
2009	XXV	 Vientiane	Laos
2011	XXVI	 Jakarta	Indonesia
2013	XXVII Nay Pyi Taw	Myanmar	

(1961 ရန်ကုန်မှာ ပြုလုပ်တဲ့ Sea Games မှာ မြန်မာက
ရွှေ-၃၅၊ ငွေ ၁၁၊ ကြေး ၂၁ နဲ့ ပထမ စွဲခဲ့ဖူးပါတယ်)

ငြိမ်းလဲ့

Royal Hero Media
1969 Sea Game ဖွင့်ပွဲ တုန်းကဆိုင်းဘုတ်ကိုင်
မြန်မာ ပျိုဖြူတွေပါ
RangonNewsDaily:: December . 1 .2013
ယခုတစ်ကြိမ် အပါအ၀င် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် Sea Game ကျင်းပသည်မှာ ၃ကြိမ်မြောက်ဖြစ်သည်။
ပထမ အကြိမ်ကို 1961 ခုနှစ် နှင့် ဒုတိယ အကြိမ်ကို 1969 ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

Fast & Furious မင်းသား Paul Walker သေဆုံး

Zaw Naing Hozaifah's photo.

RangonNewsDaily:: December . 1 .2013
Fast & Furious ဆိုတဲ့ နာမည်ကြီး ကားသူခိုး ဇာတ်ကားမှ မင်းသားတစ်ဦး ဖြစ်သူ Paul Walkerတစ်ယောက်
စနေနေ့ ညနေအချိန် တောင်ပိုင်းကရီဖိုးနီးယား ပြည်နယ်၌ကားမတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားတယ်
လို့ နိုင်ငံတကာ အနုပညာ သတင်းမီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။

ဘန်ကောက်ဆန္ဒပြပွဲ တဦးသေ၊ ငါးဦးဒဏ်ရာရ

Photo: ဘန်ကောက်ဆန္ဒပြပွဲ တဦးသေ၊ ငါးဦးဒဏ်ရာရ
Sunday, December 1, 2013

 ရက်ပေါင်းအတန်ကြာကတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆန္ဒပြပွဲမှာ မနေ့ကတော့ သေဆုံး ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့ထုတ် ဘန်ကောက်ပို့စ်မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ဆန္ဒပြမှုသတင်းနဲ့ ဓာတ်ပုံများ 
 
တဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အစိုးရထောက်ခံတဲ့ ရှပ်နီဝတ်တွေနဲ့ အစိုးရဆန့်ကျင်ရေးသမားကျောင်းသားတွေ ထိပ်တိုက် ရင်ဆိုင်ရာက ဖြစ်တာပါ။

သေဆုံးသူက အသက် ၂၁ နှစ်၊ ရင်ဘတ်မှာသေနတ်ဒဏ်ရာ ၂ ချက် ရှိတယ်လို့ ရဲက ဆိုပါတယ်။

ထိုင်းနိုင်ငံလက်တလောအခြေကို ဖော်ပြတဲ့ သတင်းတပုဒ်

ဆန္ဒပြတာတွေ ရပ်ဖို့ အတိုက်အခံတွေကို ထိုင်း ၀န်ကြီးချုပ် ယင့်လပ် ပြောပြီ 
http://burma.irrawaddy.org/news/2013/11/28/51502.html

ဧရာဝတီ

RangonNewsDaily:: December . 1 .2013
ရက်ပေါင်းအတန်ကြာကတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆန္ဒပြပွဲမှာ မနေ့ကတော့ သေ
ဆုံး ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။