Pages

Saturday, November 30, 2013

ပါကစ္စတန်တွင် စစ်ဦးစီးချုပ် အသစ်ပြောင်း

Photo: ပါကစ္စတန်တွင် စစ်ဦးစီးချုပ် အသစ်ပြောင်း
Saturday, November 30, 2013

ပါကစ္စတန်တွင် တာလီဘန်တို့ကို ဆွတ်တောင်ကြားမှ 
မောင်းထုတ်နိုင်ခဲ့သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါဇက်အက်ရှ် ဖာကယာနီသည် ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် 
အငြိမ်းစား ယူသွားပြီ ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ရက်က ရာဝယ်ပင်ဒီတွင် ရာထူးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ 
တက်ရောက်ပြီး ဗိုလ်ချုပ် ရာဟီးလ်ရှရစ်ကို စစ်ဦးစီချုပ်အသစ်အဖြစ် လွှဲပြောင်းခန့်အပ်ခဲ့သည်။

ပါကစ္စတန်တွင် စစ်ဦးစီးချုပ်ရာထူးသည် အခြေခံဥပဒေအပေါ် လွှမ်းမိုးမှုအားကောင်းပြီး ၀င်ငွေအမြင့်ဆုံး နေရာတစ်ခု 
လည်းဖြစ်သည်။ စစ်တပ်သည် နိုင်ငံလွတ်လပ်ရေးရပြီး ၆၆နှစ်ကာလတစ်လျှောက် နိုင်ငံ၏အခြေအနေကို အများဆုံး ထိန်းချုပ်ကွပ်ကဲခွင့် ရခဲ့သည်။

ကယာနီသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချပ်ပါဗက်မူရှာရက်ဖ်
လက်ထက် ၂၀၀၇ခုနှစ်မှ စတင်ကာ စစ်တပ်တွင် တာဝန်ယူခဲ့သည်။ 
သူ၏ လုပ်သက်တွင် တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခများ 
ဖြစ်ပွားသည့် နယ်စွန်နယ်ဖျားပိုင်းအထိ တပ်များ စစ်ဆေးခြင်း၊ တပ်သားများကို အားပေးခြင်းများစွာ ပြုလုပ်ခဲ့သည်။ သူ့ရှေ့က ဗိုလ်ချုပ်များနှင့်မတူဘဲ နိုင်ငံ၏ ဥပဒေလက်တံနှင့် ဝေးလံသော 
အရပ်များမှ လက်နက်ကိုင်တပ်ဖွဲ့များကို တန်ပြန်ခြိမ်း
ခြောက်နိုင်စွမ်းရှိသော ဗိုလိချုပ် တစ်ဦး ဖြစ်သည်။ 

စစ်ဘက်ဆိုင်ရာလေ့လာစမ်းစစ်သူများက ကယာနီသည် ရန်သူ့နိုင်ငံစစ်ကို ရွေးချယ်ကာ အဓိက အာရုံစိုက် ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းက သူပြောခဲ့သည့် မိန့်ခွန်းတစ်ခုတွင် အိန္ဒိယဟု တိုက်ရိုက်မပြောဘဲ နိုင်တော်နှင့် စစ်ပွဲ သုံးကြိမ်ဖြစ်ခဲ့သော နိုင်ငံဟု သွယ်ဝိုက်ရည်ညွှန်းကာ ပါကစ္စတန်ကို ခြိမ်းခြောက်နေသည့် တစ်ခုတည်းသော နိုင်ငံဟု ဆိုခဲ့သည်။ 

ကယာနီလက်ထက်တွင် ပါကစ္စတန်တွင် အဓိကခက်ခဲသော
နှစ်များစွာ ရှိခဲ့သည်။ ၂၀၀၉ခုနှစ်တွင် ပါကစ္စတန်တာလီဘန်များက ဆွတ်မြောက်ပိုင်းဒေသများကို ထိန်းချုပ်ခဲ့ကြသည်။ 

ကယာနီက စစ်ဆင်ရေးများစွာ ထိုးစစ်ဆင်ပြီး တာလီဘန်များကို နယ်စွန်နယ်ဖျားအရောက် မောင်းထုတ်နိုင်ခဲ့သည်။ 

သို့သော် ကယာနီ၏ ကျော်ကြားမှုသည် ၂၀၁၁ခုနှစ်တွင် 
ပြန်လည်မှေးမှိန်ခဲ့သည်။ ထိုနှစ်က လာဟိုမြို့တွင်
ပါကစ္စတန်နှစ်ဦးသည် စီအိုင်အေလုံခြုံရေးအရာရှိ 
ရေမန်ဒေးဗစ်က ပစ်သတ်လိုက်ခြင်းက သူ၏ဂုဏ်သိက္ခာကို 
စတင်ကျ ဆင်းစေခဲ့သည်။ ထိုမီးစ တစ်ဖြည်းဖြည်း အရှိန်မြင့်လာရာ ပါကစ္စတန်နယ်စပ်တွင် မှားယွင်းစွာထိုးစစ်ဆင်မိသည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်ဦးဆောင်သော 
လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်သား ၂၄ဦး 
သေဆုံးခြင်းဖြင့် တစ်စခန်း ရပ်ခဲ့ရသည်။ 

သူ၏ သြဇာအကျဆုံးကိစ္စမှာ ကမ္ဘာ့အလိုရှိဆုံးအကြမ်းဖက်
ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန်တို့က စီးနင်းချေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်ဖြစ်သည်။ အမေရိကန်သည် ပါကစ္စတန်တို့ မသိလိုက်သည့် အချိန်၌ပင် ပါကစ္စတန်မြေပေါ်တွင် ယင်းသို့သော စီနင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းသည် စစ်ဦးစီချုပ်အပေါ် များစွာ အရှက်ရ စေခဲ့သည်။

ၽRef: Al Jazeera
The Myanma Age

RangonNewsDaily:: November . 30 .2013
ပါကစ္စတန်တွင် တာလီဘန်တို့ကို ဆွတ်တောင်ကြားမှ မောင်းထုတ်နိုင်ခဲ့သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါဇ
က်အက်ရှ် ဖာကယာနီသည် ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစား ယူသွားပြီ
 ဖြစ်ကြောင်း သိရသည်။

မထုတ်ဝေတဲ့ သတင်းစာတွေ လိုင်စင်ရုပ်သိမ်းမယ်လို့ ပြောကြား

Photo: မထုတ်ဝေတဲ့ သတင်းစာတွေ လိုင်စင်ရုပ်သိမ်းမယ်လို့ ပြောကြား
Saturday, November 30, 2013

ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ ၃၁ စောင်ထုတ် ဝေခွင့်ပြုခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန မဏိရတနာ ကျောက်စိမ်းခန်းမမှာကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေမှူး ဦးအောင်ကျော်ဦးက ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။

“ယခင်ခွင့်ပြုခဲ့တဲ့ သတင်းစာတွေအနက်က ထုတ်ဝေခွင့် စတင်ဆောင်ရွက်နိုင်စရာမရှိတဲ့ သတင်းစာ ၁၅ စောင်ရှိပါတယ်၊ သူတို့ရဲ့ထုတ်ဝေခွင့် လက်မှတ်သက်တမ်းဟာ ၃၁ ရက် ၁၂ လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်၊ သတင်းစာတစ်စောင် စတင်ထုတ်ဝေဖို့ ပြင်ဆင်ချိန်ကာလဟာ ဒီလောက်ဆိုရင် လုံလောက်တဲ့အချိန်ဖြစ်ပါတယ်၊ စတင်ထုတ်ဝေခြင်းမရှိတဲ့ သတင်းစာတွေကို ကျနော်တို့ ၃၁ ရက် ၁၂ လ နောက်ဆုံးထားပြီးတော့ အကြောင်းကြားမှာဖြစ်ပါတယ်၊ တကယ်လို့ ထုတ်ဝေနိုင်ခွင့်မရှိခဲ့လို့ရှိရင် ထုတ်ဝေခွင့်ကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်”

လက်ရှိမှာလည်း ထုတ်ဝေခွင့်ရထားတဲ့ ဂျာနယ် ၃၂ စောင်နဲ့ မဂ္ဂဇင်းအစောင် ၂၀ ရှိနေဆဲဖြစ်ပြီး အဲဒီဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေဟာ ကာလစည်းကမ်းသတ်မှတ်ချက်ထက် ကျော်လွန်နေပြီဖြစ်တဲ့အတွက် လာမဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေတာတွေမရှိရင် ထုတ်ဝေခွင့် ပိတ်သိမ်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

RFA

ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ ၃၁ စောင်ထုတ် ဝေခွင့်ပြုခဲ့ရာမှာ ဒီ
ကနေ့ထိထုတ်ဝေခြင်းမပြုနိုင်တဲ့သတင်းစာ၁၅ စောင်ကိုလာမဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး
ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

မြန်မာလုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်းသင်တန်း EU ပို့ချမည်

Photo: မြန်မာလုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်းသင်တန်း EU ပို့ချမည် 
Saturday, November 30, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂက လုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကိုယ်စားပြု၍ မြန်မာလုံထိန်းများကို သင်တန်း ပို့ချနေသည့် ဥရောပသမဂ္ဂ လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒ ချမှတ်ရေး ကျွမ်းကျင်သူ David Hamilton က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ စီမံကိန်းအရ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာ၍ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လူထုအခြေခံ ယုံကြည် စိတ်ချရသော ရဲတပ်ဖွဲ့အဖြစ် ရပ်တည် နိုင်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ဆိုသည်။
“လူ့အခွင့်အရေးကို ဦးစားပေးပြီး ခေတ်မီရဲတပ်ဖွဲ့ ဖြစ်ဖို့အတွက် အချိန်ယူ လုပ်ဆောင်ရမှာပါ။ ရဲတပ်ဖွဲ့အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆတိုးပြီး လုပ်ဆောင်နေပါတယ်” ဟု ရဲမှူးချုပ် သူရဘိုနီက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အထူးသဖြင့် ပဋိပက္ခနှင့် အဓိကရုန်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အကာအကွယ် ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံများမှ ကျွမ်းကျင် ရဲအရာရှိများက သင်တန်းများ ပို့ချပေးခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
“လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းမှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုနေပြီဆိုတာ သက်သေပြလိုက်တာပဲ” ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်း ကာလသည် ၁၈ လ ကြာမြင့်မည် ဖြစ်ပြီး ဥရောပ သမဂ္ဂက ယူရိုငွေ ၁၀ သန်း (မြန်မာ ကျပ်ငွေ ၁၃ ဒသမ ၂ ဘီလီယံ) ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မြန်မာ့ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေးအတွက် ဥရောပသမဂ္ဂ နိုင်ငံများက အကူအညီ ပေးရန် ပြီးခဲ့သည့် လအတွင်းက ဥရောပသမဂ္ဂ နိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်ခရီး သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို ထားသည်။

အဆိုပါ တောင်းဆိုချက်အရ ဥရောပ သမဂ္ဂက နိုဝင်ဘာလ အစောပိုင်းမှ စတင်ကာ မြန်မာ့ရဲတပ်ဖွဲ့မှ လုံထိန်း ၄၀၀ ကျော်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပဋိပက္ခနှင့် အဓိကရုန်း ဖြေရှင်းနည်း သင်တန်း ပို့ချပြီး ဖြစ်ကြောင်း မစ္စတာရိုလန် ကိုဘီယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အခု အီးယူက အဓိက လေ့ကျင့်ပေးတဲ့ လူစုလူဝေး ထိန်သိမ်း နည်းတွေထဲမှာ Sea Games ပွဲအတွက် တိုက်ရိုက် အသုံးပြုနိုင်တဲ့ လေ့ကျင့်နည်းတွေပါ ဝင်ပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီက ဆိုသည်။

သင်တန်း ပို့ချရာတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ဝါရင့် ရဲအရာရှိကြီးများက ဦးဆောင်၍ ဆန္ဒပြ ပြည်သူများ၏ ဒီမိုကရေစီ အခွင်ရေးကို မည်သို့ ကာကွယ်ရမည်၊ လူ့အဖွဲ့အစည်းများ အတွင်း ဖြစ်ပွား လေ့ ရှိသည့် ဘာသာရေးနှင့် လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ အကြမ်းဖက်မှု များကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်တို့ကို သရုပ်ပြ သင်ကြားပေးကြောင်း သင်တန်း တာဝန်ရှိသူများက ပြောဆိုသည်။

The Voice Weekly

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂက လုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကိုယ်စားပြု၍ မြန်မာလုံထိန်းများကို သင်တန်း ပို့ချနေသည့် ဥရောပသမဂ္ဂ လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒ ချမှတ်ရေး ကျွမ်းကျင်သူ David Hamilton က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဘုန်းကြီးကျောင်းမှ ငွေနှင့် ရှေးဟောင်းပစ္စည်းများ ခိုးယူခံရ

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကွမ်းခြံကုန်းအုပ်စု ဂွေးတောက်ကွင်းရွာ ဝိသုဒ္ဓါရာမ ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက ငွေနှင့် ရှေးဟောင်း ငွေဒင်္ဂါးများ ခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။ခိုးယူခံရသည့် ပစ္စည်းများတွင် ငွေသားကျပ် ၂၃ သိန်းကျော်၊ ဂျော့ဘုရင် တံဆိပ်၊ ဝေလတံဆိပ်ပါ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က ရှေးဟောင်း ငွေင်္ဂါး အပြားသုံးဆယ်နှင့် ဒေါင်းတံဆိပ်ပါ ရှေးဟောင်း ငွေခွက်နှစ်ခုတို့ ဖြစ်ကြောင်း ဝိသုဒ္ဓါရာမ ကျောင်းတိုက် ဆရာတော် အရှင်ဦးသုဓမ္မာစာရက မိန့်ကြားသည်။

SeaGame 2013 ဂုဏ်သိက္ခာပွဲတော်အတွက်အောင်မြေနင်းမည့်မာန်ဟုန်ပြင်းလူလေတံခွန်များ.


နှစ်ပေါင်း ၄ဝ ကြာပြီးနောက် မြန်မာ့မြေပေါ်သို့ အရှေ့တောင်အာရှအားကစားပွဲတော်ကြီးက တစ်
ကျော့ ပြန် ရောက်ရှိလာပြီ ဖြစ်သည်။ ဒေသတွင်း နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးတစ်ခုအား အိမ်ရှင်
အဖြစ်ကျင်းပခွင့်ရခြင်းသည် တကယ်တော့ ထိုတိုင်းပြည်၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး မန္တလေးတွင် တစ်ကိုယ်တော် စက်ဘီးစီး ဆန္ဒထုတ်ဖော်

၂၀၀၈ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြန်လည် ပြင်ဆင်ပေးရန်ဆန္ဒဖြင့် နိုဝင်ဘာ ၂၇ ရက်က တစ်
ကိုယ် တော် စက်ဘီးစီးဆန္ဒထုတ်ဖော် သူတစ်ဦးမန္တလေးမြို့တွင်းလှည့်လည်စီးနင်းကြောင်းသိရသည်။စက်
ဘီးစီးနင်း ဆန္ဒထုတ် ဖော်သူမှာ မန္တလေးတိုင်းဒေသ ကြီး ချမ်းအေးသာ စံမြို့နယ် ၂၈* ၂၉လမ်း၊ ၇၃ * ၇၄ လမ်းကြား စိတ္တရမဟီရပ် ၊ မောက်မယ်ဝင်း အတွင်းနေထိုင်သူ အသက် ၈၁ နှစ်အရွယ်ရှိ ဦးလှမြင့်ဖြစ်သည်။

အသည်းကို သန့်ရှင်းဖို့တွက် Detox Water


အသည်းကို သန့်ရှင်းဖို့တွက် Detox Water
*******************************

ကျွန်မတို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။

ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။

မြ၀တီ

ကျွန်တော်တို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

ရဲဘော်သုံးကျိပ် နောက်ဆုံးလက်ကျန် ဗိုလ်ရဲထွဋ်(၉၂)နှစ် ဈာပန

Photo

နိုဝင်ဘာ၂၃ရက်၂၀၁၃တွင် ရဲဘော်သုံးကျိပ်မှဗိုလ်ရဲထွဋ်၏ဈာပနကို ရန်ကုန်မြို့ရေဝေးသုသာဉ်တွင် ဆွေမျိုး
မသင်္ဂဟများ၊ရဲဘော်သုံးကျိပ်မိသားစုဝင်များ၊နိုင်ငံရေးပါတီများလိုက်ပါပို့ဆောင်ခဲ့ကြသည်။

ကျား/မ တန်းတူအခွင့်အရေးအတွက် သမ္မတတွင် Gender Advisor ထားရှိရေး အကြံပြု

Photo: ကျား/မ တန်းတူအခွင့်အရေးအတွက် 
သမ္မတတွင် Gender Advisor ထားရှိရေး အကြံပြု 
Saturday, November 30, 2013

မြန်မာနိုင်ငံတွင် ကျား/မ တန်းတူအခွင့်အရေးကို မြင့်တင်ရန် သမ္မတကို အကြံပေးနိုင်ရန်အတွက် အနည်းဆုံး Gender Advisor တစ်ဦးခန့်အပါထားရှိရန်အတွက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုယ်စား ဒေါ်မေစံပယ်ဖြူက တိုက်တွန်း အကြံပြုလိုက်သည်။ "သမ္မတကြီးမှာ အကြံပေးအဖွဲတွေ ရှိပါတယ် နိုင်ငံရေးအကြံပေးအဖွဲ့ စီးပွားရေး အကြံပေဒအဖွဲ့စသဖြင့်ပေါ့ ၊ ဒါပေမဲ့ အမျိုးသမီးအခွင့်အရေးအတွက် အကြံပေးမဲ့ အဖွဲ့ မရှိပါဘူး ၊ ဒါ့ကြောင့် Gender Advisor တစ်ဦးလောက်တော့ ခန်ံအပ်တာဝန်ပေးထားဖို့ တိုက်တွန်းလိုပါတယ်" ဟု ဒေါ်မေစံပယ်ဖြူက ပြောသည်။ မြန်မာနိုင်ငံတွင် စစ်ပွဲများ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒေသများတွင်သာမက သာမန်အဖြေအနေမျိုးတွင်ပါ အမျိုးသမီးများသည် ခွဲခြားဆက်ဆံခံရမှုများ ရှိနေပြီး ဘ၀လုံခြုံမှုအတွက် အာမခံချက် မရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် ကျား/မ တန်းတူအခွင့်အရေးကို နိုင်ငံတော် အစိုးရက အာရုံစိုက် လုပ်ဆောင်ပေးရန် လိုကြောင်း ၊ထိုသို့ လုပ်ဆောင်ရာတွင် အထောက်အကူ ပြုစေရန်အတွက် အကြံပေးအဖွဲ့ သို့မဟုတ် အကြံပေးပုဂ္ဂိုလ် ထားရှိလျှင် ပိုမိုသင့်တော်မည် ဖြစ်ကြောင်း သူမက တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုသည့် တွေ့ဆုံပွဲသို့ တက်ရောက်လာသော သမ္မတ ဦးသိန်းစိန်ကို 
အကြံပြု ပြောကြားခဲ့သည် ။ 

Popular Myanmar News Journal

မြန်မာနိုင်ငံတွင် ကျား/မ တန်းတူအခွင့်အရေးကို မြင့်တင်ရန် သမ္မတကို အကြံပေးနိုင်ရန်အတွက် အနည်း
ဆုံး Gender Advisor တစ်ဦးခန့်အပါထားရှိရန်အတွက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုယ်စား ဒေါ်
မေစံပယ်ဖြူက တိုက်တွန်း အကြံပြုလိုက်သည်။

ပရီးမီးယားလိဒ် ဖလား ရရှိခဲ့ ရင် ဒီရာသီ ကျွန်တော့ ရဲ့ အမြင့်မားဆုံး အောင် မြင်မှုပါ ဘဲ (မော်ရင်ဟို)

Photo: ပရီးမီးယားလိဒ် ဖလား ရရှိခဲ့ ရင် ဒီရာသီ ကျွန်တော့ ရဲ့ အမြင့်မားဆုံး အောင်
မြင်မှုပါ ဘဲ (မော်ရင်ဟို)
Saturday, November 30, 2013

ယခုနှစ်ရာသီ တွင် ပရီးမီးယားလိဒ် ဖလား ကို ရယူဖို့ ရန် အတွက် အလွန် 
ခက်ခဲ မည် ဖြစ်ကြောင်း ချယ်လ်ဆီး အသင်း၏ နည်းပြ ဖြစ်သူ ဂျိုဆေး
မော်ရင်ဟို ကသုံးသပ် သွားခဲ့ သည်။ ထို့ကြောင့် ယခုနှစ်ရာ သီ တွင်ချယ်လ်
ဆီး အသင်း အနေဖြင့် ပရီးမီးယားလိဒ် ဖလား ရယူနိုင်ခဲ့ ပါတယ် အကြီး
မားဆုံး အချိုမြိန် ဆုံး အောင်ပွဲ ဖြစ်လာမည် ဟု ပြောဆိုသွားခဲ့ သည်။ 
ချယ်လ်ဆီး အသင်းသည် လက်ရှိတွင် အမှတ်ဇယား၏ တတိယ နေရာတွင်
ရမှတ် ၂၄ မှတ် ဖြင့် ရပ်တည် နေလျက် ရှိသည်။ ချယ်လ်ဆီး အသင်း သည်
အဲဗာတန် နှင့် နယူးကာဆယ် တို့ ကို အဝေးကွင်းတွင် ရှုံးနိမ့် ခဲ့သည်။ 

မော်ရင်ဟိုက " ဒီရာသီ မှာ ပရီးမီးယားလိဒ် ဖလား ကို ရယူနိုင်ခဲ့ မယ် ဆိုရင်
ဒါဟာ ကျွန်တော့ ရဲ့ အမြင့် မားဆုံး အောင်မြင် မှု လို့ ကျွန်တော် သတ် မှတ်
မှာပါ " ဟူရ်ျ ပြောသွားခဲ့ သည်။ ဆက်လက်ပြီး မော်ရင်ဟို က ပရီးမီးယား
လိဒ် သည် ယခုအခါ ပိုမို ခက်ခဲ လာသည့် အကြောင်း ကို " ကျွန်တော် 
ချယ်လ် ဆီး ကို ပထမ တစ်ခေါက် ရောက်တုန်းက ဆို ဖလား လုဘက်ဆို
လို့ သုံးသင်း လောက်ဘဲ ရှိတာပါ။ အခုဆိုရင် ခြောက်သင်း ခုနှစ်သင်း 
လောက် ဖြစ်သွားပြီ။ အသင်းငယ် တွေကို လဲ လျှော့ တွက် လို့ မရတော့
ဘူးလေ။ ဒါကြောင့် ပရီးမီးယားလိဒ် ဖလား ကို ကျွန်တော် ရယူချင် ပါ
တယ် " ဟူရ်ျပြော သွားခဲ့ သည်။

Translated from Goal.com 
ဒီးရမ်(မနောမြေ)

ယခုနှစ်ရာသီ တွင် ပရီးမီးယားလိဒ် ဖလားကိုရယူဖို့ ရန် အတွက်အလွန်ခက်ခဲ မည် ဖြစ်ကြောင်းချယ်လ်ဆီး 
အသင်း၏ နည်းပြ ဖြစ်သူ ဂျိုဆေးမော်ရင်ဟို ကသုံးသပ် သွားခဲ့ သည်။

ဝေဟင် ပိုင်နက်သစ် တရုတ်တိုက် လေယာဉ်တွေ စေလွှတ်

Photo: ဝေဟင် ပိုင်နက်သစ် တရုတ်တိုက် လေယာဉ်တွေ စေလွှတ်
Saturday, November 30, 2013

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ တရုတ်နိုင်ငံဘက်က အသစ်ကြေညာ သတ်မှတ်လိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုန်ကို ကင်းလှည့်စောင့်ရှောက်ဖို့ အတွက် စစ်လေယာဉ်တွေကို စေလွှတ်လိုက်တယ်လို့ တရုတ်စစ်တပ်က ကြာသာပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံဘက်ကသတ်မှတ်လိုက်တဲ့ အဲဒီဇုန်အတွင်း ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စစ်လေယာဉ်တွေလွှတ်ပြီး တရုတ်အစိုးရကို စိန်ခေါ်လိုက်ပြီးနာရီ အနည်းငယ်အကြာမှာ တရုတ်နိုင်ငံက အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်စစ်တပ် ပြောခွင့်ပုဂ္ဂိုလ် ရဲ့အဆိုအရ - ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး၊ တရုတ်နိုင်ငံက သူတို့ပိုင်တယ်ဆိုပြီး အငြင်းပွားနေတဲ့ ကျွန်းတွေကို လေကြောင်းကနေ ကာကွယ်ထိန်းချုပ်ဖို့အတွက် တိုက်လေယာဉ်တွေနဲ့ ကြိုတင် သတိပေးတဲ့လေယာဉ်တွေ ကို စေလွှတ်ထားတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တုံ့ပြန်လိုက်တဲ့အတွက်  ဂျပန်နိုင်ငံက ဆန်ကကုလို့ခေါ်ပြီး တရုတ်နိုင်ငံမှာ ဒိုင်အိုယုလို့ခေါ်တဲ့ ကျွန်းတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ စိုးရိမ်စရာအခြေအနေတိုးလာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြေငြာလိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုံကို ဂျပန်၊ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ ပါတယ်။ ဂျပန်နိုင်ငံကို ကာကွယ်ဖို့ သဘောတူစာချုပ်အရ အမေရိကန်က အခုသီတင်းပတ်အစောပိုင်းမှာ သူ့ရဲ့ B52 ဗုံးကြဲလေယာဉ် ၂ စင်းကို အဲဒီကျွန်းပေါ်ဖြတ်ပျံပြီး သူ့ရဲ့ ရပ်တည်ချက်ကိုပြသခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီဇုန်ထဲကို ဖြတ်ပျံတဲ့ ဘယ်လေယာဉ်မဆို သူတို့ဘယ်နိုင်ငံကဖြစ်တယ်၊ ပြီးတော့တရုတ်အစိုးရရဲ့ အမိန့်ကို နာခံရမယ်ဆိုပြီး သတိပေးမှုထွက်ပေါ်ခဲ့ပြီး ၂ ရက်အကြာမှာ လက်နက်မပါတဲ့ အမေရိကန်စစ်လေယာဉ်တွေ ပျံသန်းခဲ့တာဖြစ်ပါတယ်။

ဝေဟင်ပိုင်နက်သစ်တွင်းက တရုတ်တိုက်လေယာဉ်
VOA
ဝေဟင်ပိုင်နက်သစ်တွင်းက တရုတ်တိုက်လေယာဉ်
အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ တရုတ်နိုင်ငံဘက်က အသစ်ကြေညာ သတ်မှတ်လိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုန်ကို ကင်းလှည့်စောင့်ရှောက်ဖို့ အတွက် စစ်လေယာဉ်တွေကို စေလွှတ်လိုက်တယ်လို့ တရုတ်စစ်တပ်က ကြာသာပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

ထိုင်းစစ်ဌာနချုပ် ဆန္ဒပြသူတွေ ၀င်ရောက်

Photo: ထိုင်းစစ်ဌာနချုပ် ဆန္ဒပြသူတွေ ၀င်ရောက်
 Saturday, November 30, 2013

ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်ဌာနချုပ် ကို ဆန္ဒပြသူ ၁ ထောင်ကျော် ၀င်ရောက်စီးနှင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ် ရင်းလပ်ခ် ရှင်န၀ပ်ကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းတဲ့ ဆန္ဒပြမှုအတွင်း နောက်ဆုံးဆန္ဒပြမှုဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ထိုင်းစစ်တပ်ရဲ့ ၀င်းအတွင်းကို သောကြာနေ့မှာ အတင်းဝင်ရောက်ခဲ့ပြီး၊ အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းတဲ့ကိစ္စမှာ စစ်တပ်အနေနဲ့ ၀င်ရောက်ပူးပေါင်းဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အတိုက်အခံဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ထပ်ပြီးတော့ တိုးချဲ့လုပ်ဆောင်လာနေတာဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ရင်းလပ် မနုတ်ထွက်မချင်း ထိုင်းအစိုးရ၀န်ကြီးရုံးတွေကို သိမ်းယူသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ကြပါတယ်။
ကြာသာပတေးနေ့က ထိုင်းလွှတ်တော်မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရအပေါ် အယုံအကြည်မရှိဆိုတဲ့ မဲခွဲမှုအတွင်း ၀န်ကြီးချုပ်ရင်းလပ်ဟာ လုံလောက်တဲ့ ထောက်ခံမဲရရှိခဲ့ပါတယ်။

သူမကို ထောက်ခံသူ ၂၉၇ မဲ၊ ကန့်ကွက်သူ ၁၃၄ မဲရှိခဲ့ပါတယ်။ ၀န်ကြီးချုပ်ရင်းလပ်ကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီးတော့ အဲဒီလို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ရင်းလပ်ကတော့ ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး၊ အခြေအနေကို ပြေလည်အောင် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ထိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်ဆန္ဒပြနေသူ ထိုင်းပြည်သူများ။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)
VOA
ထိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်ဆန္ဒပြနေသူ ထိုင်းပြည်သူများ။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်ဌာနချုပ် ကို ဆန္ဒပြသူ ၁ ထောင်ကျော် ၀င်ရောက်စီးနှင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ် ရင်းလပ်ခ် ရှင်န၀ပ်ကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းတဲ့ ဆန္ဒပြမှုအတွင်း နောက်ဆုံးဆန္ဒပြမှုဖြစ်ပါတယ်။

ရှေ့ဆောင်ရုပ်ရှင်ရုံ ပထမထပ် လက်ရန်းမှ အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်မြို့ ရှေ့ဆောင် ရုပ်ရှင်ရုံတွင် ရုပ်ရှင်လာကြည့်သူ အမျိုးသားတစ်ဦး နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီခွဲခန့်က ရုံအတွင်းရှိပထမထပ် လှေကားလက်ရန်းမှအရှိန်လွန် ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ကျောက်
တံတားမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။သေဆုံးသူ အသက် ၃၂ နှစ်
အရွယ် ကိုတင်မြင့်မှာ ည ၉ နာရီက စတင်ပြသသော CATCHING FIRE ရုပ်ရှင်ဇာတ်ကားအပြီး ပထမထပ်
မှ အောက်ထပ်သို့ ဆင်းလာစဉ် လှေကားလက်ရန်းမှ အရှိန်လွန်ကာ သမံတလင်းပေါ်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်
ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ


Andriod ဖုန်းသုံးတဲ့ သူငယ်ချင်းတွေအတွက် မြန်မာ Ringtone တွေ စုစုပေါင်း ၄၅ ပုဒ် စုစည်းထားတဲ့ App လေးဖြစ်ပါတယ်။ အကယ်ကို အဆင်ပြေပါတယ်ဗျာ။ ကို nyimin latt  က ဖန်တီးထား တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်။

Viber User များအတွက် Sticker အသစ်များ - Viber Sticker PRO v1.1 APK

https://lh4.ggpht.com/LxHot2iQCmvu_arid49bWAK88zJQH7yiURFUiBIWR2Ovv0JhX2AVDOraEKMzvZw2xA=h900

အခုတလော အသစ်ထွက်လာတဲ့ Viber 4.0 နဲ့အတူ Viber Sticker အသစ်တွေဟာလည်း User တော်တော် များများဆီကိုပြန့်နှံ့ပြီးလူကြိုက်များခဲ့ကြပါတယ်။ လူကြိုက်လည်းတော်တော်များတာကို တွေ့ရပါတယ်ဗျာ။

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်လို့ဆိုတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ

Photo: ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်
Friday, November 29, 2013

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။ “ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

မေး။   ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ ပြောဆိုနေကြပြီ။ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်လုပ်မလုပ်ဆိုတာ မသိသေးတော့ ဘုန်းဘုန်းအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိ ပါသလဲဘုရား။

ဖြေ။   ။ ၃ ယောက်စလုံး အရွေးခံမယ်ဆိုရင်တော့ ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက အရွေးမခံတော့ဘူးဆိုရင်တော့ ဦးရွှေမန်းကို ရွေးချယ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စု မှာက အားသာချက်လည်းရှိသလို အားနည်းချက်လည်းရှိတယ်။ အားသာချက်ကတော့ ဘ၀တခုလုံးကို လူထုအတွက်စွန့် လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်းတို့ပါ သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲခဲ့တယ်၊ တော်လှန်ရေးစိတ်ဓါတ် အပြည့်အ၀ ရှိတယ်။ တော်လှန်ရေးသမားကောင်း တယောက်ဖြစ်တယ်။ အဲဒီအတွက် ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။

ဒါပေမယ့် ဒေါ်စုမှာက အုပ်ချုပ်ရေး အားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော် လှန်ရေးလုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲသိတာလေ။ အဲဒါကြောင့် ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာသိတယ်၊ မြန်မာပြည်အကြောင်းကို သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက် ထဲမှာ ဒေါ်စုကိုပဲ ရွေးချယ်မှာပေါ့။

မေး။   ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့ပြီး သူ့သား ၂ ယောက်ဟာ နိုင်ငံခြားသားတွေတွေဖြစ်တဲ့အတွက် တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုယူဆလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ သူ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့သတင်းကို နားစွင့်လိုက်တော့ သူ့ရဲ့မျိုးဆက်တွေအထိ မပါဘူး၊ သူတယောက်ထဲ သမ္မတဖြစ်ခွင့်ရတာလိုပေါ့။ သူ့အိမ်ထောင်က ပျက်ဆီးသွားတဲ့အတွက်ကြောင့်ပေါ့။ အဲဒါဆိုရင်တော့  သူ့ကို လိုလားပါတယ်။ သူ့နောက်ကနေ ပါလာတဲ့လူတွေ အကုန်လုံးကို ဥပမာဆိုရရင် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ အကုန်လုံးကို သမ္မတ ထလုပ်မယ်ဆိုရင်တော့ မကောင်းဘူးလေ။ တိုင်းရင်းသားမဟုတ်တဲ့သူတွေကို ၀င်လို့မရအောင် ကာကွယ်ထားနိုင်ပြီးတော့ တိုင်းရင်းသားဖြစ်သူတွေ မည်သူမဆို သမ္မတ ဖြစ်ခွင့်ပေးတဲ့ ပုံစံဆိုရင်တော့ ဒေါ်စုကိုလည်း လိုလားပါတယ်။

မေး။   ။   အခု သတင်းတခုထွက်နေတာက ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးအတွက် ဦးဇင်းရဲ့ တရားပွဲတွေမှာ ထည့်သွင်းဟော ကြားနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးကို မဟောပါဘူး။ ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး။ သမ္မတ လုပ်ဖို့ အလွယ်တကူပဲ။ အခုတော့ စောင့်လေမျိုးနွယ် တာဝန်ကို ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ အပုပ်ချတာလဲခံရတယ်၊ ကြံ့ခိုင်ရေးတွေရဲ့ လုပ်ကြံတာလည်း ခံရတယ်။ စစ်အစိုးရရဲ့ ထိုးနှက်တာလဲ ခံရတယ်။ လွှတ်တော်ထဲမှာလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစားနေရတယ်။ အဲဒီလောက်ပဲ ဟောပြောတာပါ။

ဦးဇင်းကတော့ အမျိုးဘာသာ သာသနာကို အကျိုးရှိရာရှိကြောင်း၊ တကယ် အားကိုးရမယ့် သမ္မတ ဆိုလို့ရှိရင် ဒေါ်စုကို လို လားတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကိုလည်း လိုလားတယ်။ တကယ်လို့ အမျိုး ဘာသာ သာသနာအတွက် အဆိပ်အတောက် ဖြစ်နိုင်တယ်၊ အားကိုးလို့ မရဘူးဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူမှ လက်မခံဘူးလေ။ အခု ပြည်သူတွေ လိုအပ်နေတာ ဒီအမျိုးစောင့် ဥပဒေကိုပေါ့။ အခုဆို ပြည်သူ ၄ သန်းကျော်က လက်မှတ်ထိုးထားတယ်။ တချို့ လက်မှတ်ထိုးချင်သူတွေက ရှိသေးတယ်။ ဦးဇင်းတို့က အပူတပြင်းလုပ်လိုက်ရလို့။ ဒီလို ပြည်သူလူထုကို ဥပက္ခာပြုပြီးတော့ လွှတ်တော်အမတ်တွေဟာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်မပေးနိုင်ဘူး။ တကယ်လို့ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စု သမ္မတ ဖြစ်ရေးကိုလည်း ကြိုးစားလို့ရတယ်၊ ဒေါ်စုကို ရုပ်ထုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်။

မေး။   ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုနဲ့ ပက်သက်ပြီး ဥပမာပေးဟောတော့ တရားနာလာတဲ့ လူထုကရော ဘယ်လိုတုံ့ပြန်တာမျိုးတွေ၊ ဘယ်လိုပြောဆိုတာမျိုးတွေ ရှိပါသလဲ။

ဖြေ။   ။  ပါရာဒိုင်းက ရွေ့သွားပြီဗျ။ ရခိုင်အရေး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဒေါ်စုကို ပြည်သူလူထုက သိပ်ပြီးတော့ ကြည်ညိုလေးစားမှု အားနည်းသွားပြီ။ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဦးဇင်းပြောတာတွေကို အပြည့်အ၀ ထောက်ခံတယ်။

မေး။   ။ ဦးဇင်းက သံဃာတော် တပါးဖြစ်နေပြီးတော့မှ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေး ဟောကြားနေတာ တွေကို တချို့က ဝေဖန်ကြတယ်။ အဲဒီအပေါ်မှာရော ဦးဇင်း ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ ဗုဒ္ဓတရားတော်နဲ့အညီ ဟောတာပဲလေ။ စောင့်လေမျိုးနွယ်ဆိုတာ ဘုရားဟောခဲ့တယ်၊ ဘုရားဟော တယ်ဆိုတာကို ခေတ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ နမူနာ ပြပြီး ဟောသွားတာပဲလေ။ တရားတော်နဲ့အညီ ဟော တာဖြစ်တဲ့အတွက်ကြောင့် သူတို့ဝေဖန် ပုပ်ခတ်တယ်ဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒအရ ဦးဇင်းတို့က ခွင့်လွှတ်လို့ရပါ တယ်။ ဦးဇင်းက အစိုးရကို လိုလားသူလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ အန်အယ်ဒီကို လိုလား သူလည်းမဟုတ်၊ ဆန့်ကျင်သူလည်းမဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ အစ္စလမ်တွေနဲ့ ပူးပေါင်းဖို့တောင် ရည်ရွယ်ထားတဲ့သူပါ။ ဦးဇင်းကို တစုံတယောက်က ချုပ်ကိုင်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမှာ ဒေါ်စုကို အလဲထိုးဖို့ဆိုပြီး ဦးဇင်းကို ဘယ်သူမှ ချုပ်ကိုင်တာလည်း မရှိပါဘူး။ စေခိုင်းတာလဲ မရှိဘူး။ ဦးဇင်း ခံယူချက်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေအရပဲလေ။

မေး။   ။ တိုင်းပြည်က ဒီမိုကရေစီအပြောင်းအလဲ နုနယ်နေသေးတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး တဖက်နဲ့တဖက် အပြန်အ လှန် ပြောနေကြလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့က ပြောင်းသွားနိုင်တယ်လို့ တချို့က ပြောနေကြတယ်။

ဖြေ။   ။  စိတ်ချပါ။ ဦးဇင်းတို့လမ်းကြောင်းနဲ့ ဦးဇင်းတို့ သွားနေကြတာက ဒီမိုကရေစီကိုလည်း မထိခိုက်စေရဘူး၊ လူ့အခွင့်အရေးကို လည်း မဆုံးရှုံးစေရဘူး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း မထိခိုက်စေရပါဘူး။ ဦးဇင်းတို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတာလေ။ ဘယ်နေရာပဲ သွားသွား၊ ဘာတွေပဲ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ ကြည့်တယ်။ အဲဒီဘောင်ထဲကနေပဲ သွားနေတာပါ။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ – ဧရာဝတီ)
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ – ဧရာဝတီ)
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်
ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေ
သည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။

အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ

Photo: အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ 
Friday, November 29, 2013

Boeing C-17 Globemaster III လို့အမည်ရတဲ့ လေယာဉ်ပါ။ ယင်းလေယာဉ်ကို ပိုင်ဆိုင်ရင် စစ်အင်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အသတ်မှတ်ခံရပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံ တွေကတော့ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ကာတာ၊ ယူအေအီး၊ နေတိုးတပ်ပေါင်းစု တို့ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း ထပ်တိုးလာတဲ့ နိုင်ငံ တစ်နိုင်ငံကတော့ အိန္ဒိယ ဖြစ်ပါတယ်။ 

ကုန်းကြောင်း၊ ရေကြောင်း စစ်အင်အား ဖြည့်တင်းမှုနဲ့အတူ လေကြောင်း စစ်အင်အား ဖြည့်တင်းဖို့အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ လေယာဉ် ဖြစ်ပြီး တစ်ခါပျံသန်းဖို့အတွက်လည်း ကုန်ကျစရိတ် များပါတယ်။ ဒါကြောင့် အိန္ဒိယ စစ်တပ်က တစ်စီးပဲ ဝယ်ယူသေးတာ ဖြစ်ပါတယ်။ လေယာဉ်ကို ၁၉၉၁ ခုနှစ်ကစပြီး ယနေ့တိုင် အမေရိကန်တို့ ထုတ်လုပ်လျက် ရှိနေပါသေးတယ်။ 

တိုက်ခိုက်ရေးအတွက် ဒုံး၊လောင်ချာတို့ အစုံအလင်ပါရှိပြီး လေထီးခုံ စစ်သားချည်းကိုလည်း အယောက် ၁၀၀ ကျော် တင်ဆောင်နိုင်ပါတယ်။ ဥရောပနဲ့ အရှေ့ အလယ်အပိုင်းက စစ်ပွဲတွေမျာ နေတိုးတပ်ဖွဲ့နဲ့ အမေရိကန်တို့ အသုံးများခဲ့ပြီး ယနေ့တိုင် ကမ္ဘာ စစ်တပ်ကြီးများက မျက်စိကျနေတဲ့ လေယာဉ် ဖြစ်ပါတယ်။ ရုရှားမှလည်း ယင်းကဲ့သို့ ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ အန္ဒိယ စစ်တပ်ဟာ မျော်လင့်မထား နိုင်တဲ့ ပင်လယ်ကွေ့ စစ်ပွဲ၊ နယ်စပ်စစ်ပွဲ အတွက်ရည်ရွယ်လို့ ဝယ်ယူအားဖြည့် ထားခြင်း ဖြစ်ပြီး တိုင်းပြည် စစ်အင်အားကို ထပ်မံတိုးချဲ့ သွားဖို့ ရှိကြောင်း သိရပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

Boeing C-17 Globemaster III လို့အမည်ရတဲ့ လေယာဉ်ပါ။ ယင်းလေယာဉ်ကို ပိုင်ဆိုင်ရင် စစ်အင်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အသတ်မှတ်ခံရပါတယ်။

ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံနေရ

Photo: ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံနေရ
Friday, November 29, 2013

မြန်မာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် ရေခဲဖုံးတောင်တန်းများ ၀ိုင်းရံထားသော ဝေးလံ၍ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲ သော ကချင်ပြည်နယ်မြောက်ပိုင်းမှ ပူတာအိုတောင်ကြားဒေသသည် အသက်ရှူမှားလောက်စရာ လှပပြီး သဘာဝအတိုင်း ရှိနေသေးသည့် တောင်တန်းများကို မြင်တွေ့ရနိုင်သည့် နေရာဖြစ်သည်။

ဟိမ၀န္တာတောင်ကြောများကြားရှိ သဘာဝနေရာသည် ရှားပါးတောရိုင်းတိရိစ္ဆာန်များ၊ ကျယ်ပြန့်သောတောအုပ်ကြီးများ၊ မျိုးတုံးပျောက်ကွယ်တော့မည့် ဟိမ၀န္တာထင်းရှူးပင်များ၊ ရှားပါးသစ်ခွများနှင့် လူပုမျိုးနွယ်စုများပင်လျှင် ရှိနေကြသည့် နေရာ ဖြစ်သည်။

ပူတာအို တောင်ကြားဒေသသည် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀၀ ခန့်တွင်ရှိပြီး ဝေးလံသီခေါင်မှုနှင့် တိုင်းရင်းသား ပဋိပက္ခများကြောင့် အသွားအလာ နည်းပါးခဲ့သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသော ပုဂ္ဂိုလ်များထဲမှ တဦးက ပူတာအိုဒေသကို စိတ်ဝင်စားမှုများလာကြောင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမှ သတင်းရင်းမြစ်တခုက ပြောသည်။

ယခင်စစ်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့သော ထူးကုမ္ပဏီအုပ်စု၏ ဥက္ကဌဖြစ်သော ဦးတေဇက သူ၏ စီးပွားရေးလုပ်ငန်းများကို ပူတာအိုခရိုင်အထိ ချဲ့ထွင်နိုင်ရန် အားကြိုးမာန်တက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ မြစ်ကြီးနားမြို့ခံများ၏ အဆိုအရ ဦးတေဇသည် ဧက ၃၀၀၀၀၀ ခန့်ရှိသည့် တောင်ပေါ်သစ်တောများတွင် သစ်ထုတ်လုပ်ခွင့်နှင့် ပူတာအိုမြောက်ပိုင်းရှိ မလိခမြစ်ကမ်းပါးတွင် ရွှေတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် မြေဧက ၆၀၀၀၀၀ ခန့် ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

အမေရိကန် အစိုးရက နာမည်ပျက်စာရင်းသွင်းထားခြင်းခံရဆဲဖြစ်သော ဦးတေဇသည် မြစ်ကြီးနားမြို့၏ မြောက်ဖက် မိုင် ၁၄၀ ခန့်အကွာ ပူတာအိုမြို့ အနီးမှ မူလာရှီဒီး ကျေးရွာတွင် Malikha Lodge အမည်ရှိ ဇိမ်ခံ အပန်းဖြေစခန်းတခု ဖွင့်လှစ် ထားသည်ဟုလည်း သိရသည်။

“အခုဆိုရင် ပူတာအို တောင်ကြားကို ဦးတေဇ ပိုင်သွားပြီလို့ ကျနော်တို့ ကြားရပါတယ်၊ ကျနော်နဲ့ တွေ့ခဲ့တဲ့ ဒေသခံ ပြည်သူ အားလုံးကတော့ အစိုးရဆီက သူ ၀ယ်လိုက်တယ် ပြောကြတယ်” ဟု မကြာသေးမီကမှ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့ ကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင် ထွက်ပြေးနေရသည့် ပူတာအို နယ်အတွင်းမှ ဒုက္ခသည်များထံသို့ သွားရောက်ခဲ့သော ကချင်နှစ်ခြင်း အသင်းတော်(Kachin Baptist Church) မှ ညွှန်ကြားရေးမှုး ဦးလမိုင်ရော်က ပြောသည်။

“မူလာရှီဒီး ရွာမှာရှိတဲ့ ဦးတေဇရဲ့ အပန်းဖြေစခန်းက နိုင်ငံတကာ အဆင့်မီ အပန်းဖြေစခန်းတခုလိုပါပဲ။ တည တည်းခိုရင် ဒေါ်လာ ၅၀၀ လောက်ပေးရတယ်။ ပူတာအိုဒေသဟာ သဘာဝရှုခင်းတွေနဲ့ သာယာတဲ့နေရာပါ။ ဒါပေမယ့် ဝေးလွန်းတယ်။ ဒီနေရာကို ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးလာပါ့မလားလို့ ကျနော် သံသယဖြစ်မိပါတယ်” ဟုလည်း သူက ဆိုသည်။

ယခင်ကလည်း အဆိုပါဒေသတွင် နှင်းလျှောစီး အပန်းဖြေစခန်းတခု တည်ထောင်ရန် စိတ်ဝင်စားကြောင်း ဦးတေဇက ထုတ်ဖော် ပြောကြားခဲ့ဖူးပြီး သူ၏ လေကြောင်းလိုင်းဖြစ်သော Air Bagan ကလည်း ပူတာအို-မြစ်ကြီးနား ခရီးစဉ်ကို ပြေး ဆွဲပျံသန်းပေးနေသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အဝေးလံဆုံးနှင့် အဆင်းရဲဆုံး ဒေသတခုတွင် သာမန်ထက်ပိုသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသော ဦးတေဇ၏ အစီအမံများသည် ဤမျှသာမဟုတ်ပါ။

မကြာသေးမီက မြစ်ကြီးနားမြို့တွင် တွေ့ဆုံမေးမြန်းခဲ့စဉ် ဦးလမိုင်ရော်က ဧရာဝတီသတင်းထောက်ကို ပူတာအိုခရိုင် မလိခမြစ်အတွင်းတွင် တွေ့ရသော ထူးအုပ်စုပိုင် စပိဘုတ်တစီး၏ ဓာတ်ပုံများထုတ်ပြခဲ့သည်။ “ဒီလို လှေမျိုးကို ပူတာအို လိုနေရာမျိုး အထိရောက်အောင် သယ်ရတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ တွေးကြည့်ဖို့ တောင် မလိုပါဘူး။ ဒါပေမယ့် ဦးတေဇက ရောက်အောင် သယ်ပြီးသွားပြီ။ သူ့မှာ စီးပွားရေး စီမံကိန်း ကြီးကြီးမားမား ရှိနေ ပုံရတယ်” ဟု သူက ပုံထဲမှ စပိဘုတ်ကို ညွှန်ပြရင်းပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်သော ဦးတေဇက တိဘက်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၏ မြောက်ဖက်စွန်း ဒေသကို စိတ်ဝင်စားနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လူငါးဦးပါ အဖွဲ့တခုကို ဦးဆောင်ပြီး ရေခဲဖုံးတောင်တခုဖြစ်သည့် ဖုန်ကန်ရာဇီတောင်ထိပ်သို့ သွားရောက်ခဲ့သည်။ သို့သော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီး တောင်ပေါ်တွင် ကယ်ဆယ်သူတွေရောက်လာ သည့် အချိန်အထိ ၃ ရက်ကြာ ပိတ်မိနေခဲ့သည်။

အဆိုပါ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပြီးနောက် ဦးတေဇသည် ထိုအချိန်က မြန်မာစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကို သွားရောက်တွေ့ဆုံ ဂါရ၀ပြုပြီး သူတို့ကို ကယ်တင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ပေးခဲ့ သည့်အတွက် ကျေးဇူးတင်စကားပြောခဲ့သည်။ ဦးတေဇ၏ သတင်းကို ကြားကြားချင်း သူ့ကို ရှာဖွေကြရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်ရင်းအားလုံးကို အမိန့်ပေးခဲ့သည် ဟုလည်းသိရသည်။

မကြာသေးမီကပင် အမေရိကန်တောင်တက်သမားများ ပါဝင်သောအဖွဲ့တဖွဲ့သည် ဦးတေဇ၏ ထူးဖောင်ဒေးရှင်း၏ ထောက်ပံ့ ကူညီမှုဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့ တက်ရောက်ပြီး အမြင့်ကို တိုင်းထွာခဲ့သည်။ သူတို့ ပြန်ရောက်လာသည့်အခါ ဂမ်လန်ရာဇီ တောင်သည် ခါကာဘိုရာဇီ တောင်ထက် ပိုမြင့်သည့်အတွက် မြန်မာနိုင်ငံ တွင် အမြင့်ဆုံးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ခရီးစဉ်အပေါ် စိတ်ဝင်စားမှုကို မြှင့်တင်နိုင်ရန်အတွက် ထူးဖောင်ဒေးရှင်းက ထရုန်တိုင်းရင်းသား တဦးကို ပူတာအိုမှ ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့သည်။ အသက် ၆၀ အရွယ်ရှိ ဦးဒါဝိတ်သည် အရပ် ၄ ပေပင်မရှိဘဲ အနည်းငယ်သာ ကျန်တော့သည့် ထရုန်မျိုးနွယ်စုအတွင်းမှ ကျန်နေသူ တဦးဖြစ်သည်။ ထူးဖောင်ဒေးရှင်း အမှတ်တံဆိပ်ပါသည့် အ၀တ်အစားများ ၀တ်ဆင်ထားသည့် ဦးဒါဝိတ်ကို ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်တခုဖြစ်သော ကုန်သည်ကြီးများ ဟိုတယ်တွင် အများပြည်သူသိအောင် စာနယ်ဇင်းများမှတဆင့် မိတ်ဆက်ပေးခဲ့သည်။

ဦးတေဇသည် ၁၉၈၈ နောက်ပိုင်းနှစ်များတွင် တံခါးပိတ်ဝါဒကျင့်သုံးပြီး ဘဏ္ဍာငွေ မလုံလောက်မှုနှင့် ရင်ဆိုင်ခဲ့ရသော စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝမှုကို ရှာဖွေနိုင်ခဲ့သူ ဖြစ်သည်။ ၁၉၉၀ နှစ်များမှ စ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ အစ သဘာဝသစ်တောများတွင် အကြီးစား သစ်ထုတ်လုပ်ငန်းအထိ တိုးချဲ့လာခဲ့ ပြီး နောက်တွင် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေးနှင့် ဟိုတယ် လုပ်ငန်းများပါ ဆောင်ရွက်လာပြီး AGD ဘဏ်နှင့် Air Bagan လေကြောင်းလိုင်းကိုလည်း တည်ထောင်ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ကို ၂၀၀၈ ခုနှစ်တွင် တားမြစ်ကန့်သတ်မှုစာရင်းထဲသို့ ထည့်သွင်းလိုက်ပြီး လက်ရှိ ဖြစ်ပွားနေသော ကချင် ပဋိပက္ခများတွင် သုံးစွဲခဲ့သော ရုရှားနိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအ၀င် စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရာတွင် ကူညီခဲ့သည့် လက်နက်ပွဲစားနှင့် မြန်မာစစ်အစိုးရ၏ ငွေကြေးဆိုင်ရာ လက်ရုံးတဦး ဟုလည်း အမည်တပ်ခဲ့သည်။

ယခုလ အစောပိုင်းကလည်း ဦးတေဇသည် ရုရှားဖက်ဒရေးရှင်း အဖွဲ့ဝင်ဖြစ်သည့် တတာစတန် သမ္မတနိုင်ငံသို့ မြန်မာအစိုးရ၏ အရေးကိစ္စအတွက် သွားရောက်ခဲ့ပြီး သမ္မတ၊ ကုန်သွယ်ရေးဝန်ကြီးတို့အပြင် ရုရှားနိုင်ငံ၏ အကြီးဆုံး ထရပ်ကားထုတ်လုပ်သူဖြစ်သော Kamaz ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးနှင့်လည်း တွေ့ဆုံခဲ့သည်။ ရဟတ်ယာဉ်များ၊ ထရပ်ကားများ၊ စက်ပစ္စည်းထုတ်လုပ်ရေး ပစ္စည်းများနှင့် သင်္ဘောတည်ဆောက်ရေး ပစ္စည်းများ ပြန်လည် သယ်ဆောင်သွားရန် တတာစတန် နိုင်ငံသမ္မတ Rustam Minikhanov က သူ့ကို အကြံပြုကြောင်းလည်း သတင်းထုတ်ပြန်ချက် တခုတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင် သစ်တောနှင့် သတ္တုသယံဇာတများ ထုတ်ယူမည့် ဦးတေဇ၏ စီမံကိန်းများတွင် အဆိုပါဒေသများ၌ အစိုးရစစ်တပ်များ လှုပ်ရှားစစ်ဆင်နိုင်ရန် ရည်ရွယ်ချက်များပါဝင်နေသည်ဟု တိုင်းရင်းသားအရေး လှုပ်ရှားသူများ၊ လက်နက်ကိုင်အဖွဲ့များ နှင့် ဒေသခံများက စွပ်စွဲကန့်ကွက်မှုများလည်းရှိနေသည်။

အစိုးရတပ်များ အနေဖြင့် KIA နှင့် စစ်ပွဲများဖြစ်ပွားနေစဉ်အတွင်းတွင် ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများ ရှိနေသည် ဟုစွပ်စွဲခံနေရချိန်တွင် စီမံကိန်းများကိုလည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။

ဦးတေဇ၏ စီမံကိန်းများအတွက် အစိုးရထံမှ အတည်ပြုချက် ရရှိထားပြီး ဖြစ်သည်ဟု မြစ်ကြီးနားဒေသခံများက ယုံကြည်နေကြပြီး လုံခြုံရေးအတွက်လည်း မြန်မာစစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ အာမခံချက် ရရှိထားပြီး ဖြစ် သည်ဟုလည်း ဆိုကြသည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ တခုတွင်အလုပ်လုပ်နေသော မြစ်ကြီးနားမြို့မှ အမည်မဖော်လိုသူ သုတေသီတဦးက ဦးတေဇ၏ ကုမ္ပဏီက ပူတာအိုဒေသရှိ မြေအမြောက်အများကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းနေခြင်းမှာကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ချဲ့ထွင်သည့်အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းပြောသည်။

“သူက မြေတွေ ပို ၀ယ်နိုင်ဖို့ ကြိုးစားနေတယ်။ ဒီမှာနေထိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့လည်း တရင်းတနှီးဖြစ်အောင် လုပ်နေတယ်။ လိုအပ်လာရင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့အတွက် အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း လက်နက်တွေထောက်ပံ့ပေးနေတယ် လို့လဲ ကျနော်တို့ ကြားပါတယ်” ဟု သူကဆက်ပြောသည်။

အစိုးရက ကျောထောက်နောက်ခံပေးထားသော ရ၀မ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပူတာအိုခရိုင်ရှိ ဦးတေဇ၏ စီမံကိန်းများကို အကာအကွယ်ပေးနိုင်ရန်အတွက် KIA တပ်မဟာ ၇ ကို တိုက်ခိုက်ခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာန တခုဖြစ်သော The Kachin News Group ကဆိုသည်။

သို့သော်လည်း ဦးတေဇသည် အစိုးရ၊ မြန်မာစစ်တပ် တို့နှင့် သာဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းထားသည် မဟုတ်ပါ။ မကြာသေးမီက KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ “ကျနော် ဦးတေဇနဲ့ တွေ့တယ်ဆိုတာက အလုပ်ကိစ္စ မဟုတ်ပါဘူး။ ကျနော် ဒီကို ဆင်း လာတော့ သူက အကူအညီတချို့ပေးခဲ့ပါတယ်။ အထူးသဖြင့် ခရီးသွားလာရေးပေါ့။ ပြီးခဲ့တဲ့ ညီလာခံတခုမှာ ကျနော် နဲ့ သူနဲ့ တွေ့ပြီးတော့ မိတ်ဆွေဖြစ်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က Eleven Media သို့ ပြောကြားခဲ့သည်။

ထူးကုမ္ပဏီ အုပ်စု၏ ပြောရေးဆိုခွင့် ရှိသူ ဦးညီညီအောင်ကမူ ၎င်းတို့ ကုမ္ပဏီအနေဖြင့် ပူတာအိုခရိုင်တွင် သဘာဝအရင်းအမြစ်များ ရှာဖွေတူးဖော်မည် ဆိုခြင်းနှင့် ကျွန်းသစ်ထုတ်လုပ်မည် ဆိုသည့် သတင်းများကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် ငြင်းပယ်ခဲ့သည်။

“ပူတာအို ဒေသမှာ ကျွန်းပင်တွေ မရှိပါဘူး။ ဖြစ်လဲ မဖြစ်ထွန်းပါဘူး။ ကျနော်တို့တောင်မှ ကျွန်းပင်စိုက်ဖို့ တခါ ကြိုးစား ခဲ့ပါ သေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ဒါကြောင့် ကျွန်းပင်မရှိတဲ့နေရာမှာ သစ်ထုတ်လုပ်ရေး လုပ်ဖို့ခက်ပါတယ်” ဟု သူက ပြောသည်။

“ကျနော်တို့က ပူတာအိုမှာ သစ်ထုတ်ပြီးတော့ ရန်ကုန်ကို သစ်လုံးတွေ သယ်ယူမယ်လို့ စွပ်စွဲခံရတာလဲ ထူးဆန်းပါတယ်။ ဒီလို သယ်မယ်ဆိုရင် သစ်လုံးတန်ဖိုးက တကယ်တန်တာထက် ၄ဆ၊ ၅ဆ လောက် ပိုသွားပါလိမ့်မယ်” ဟု ဦးညီညီအောင် ကပြောသည်။ ထူးကုမ္ပဏီက ပူတာအို ဒေသတွင် ရွှေရှာဖွေနေသည် ဆိုသည့် သတင်းကိုလည်း ပယ်ချသွားသည်။

အစိုးရ၏ လုပ်ထုံးလုပ်နည်းများ အရဆိုလျှင် မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သစ်တင်ပို့မှုအားလုံးသည် ရန်ကုန် ဆိပ်ကမ်းမှသာ တဆင့်သွားရမည် ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ အဆိုအရ ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ သစ်တင်ပို့မှု အမြောက်အများရှိနေသည်။

ဦးညီညီအောင်က ပူတာအိုတွင် ဦးတေဇက နှင်းလျှောစီး အပန်းဖြေစခန်းတခု တည်ဆောက်ရန် စီစဉ်နေသည့် ကိစ္စကို သူ သတိမထားမိကြောင်း အဆိုပါဒေသတွင် ဦးတေဇ၏ ဆောင်ရွက်ချက်များမှာ ပရဟိတလုပ်ငန်းများသာ ဖြစ်ကြောင်း ပြော သည်။ “ပူတာအိုဒေသက ပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်လာဖို့ အတွက် ကျနော်တို့ တတ်နိုင်သမျှ ကူညီနေပါတယ်။ ကျနော်တို့က ပူတာအိုဒေသကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်” ဟု သူက ဧရာဝတီသို့ပြောသည်။

ရန်ကုန် အခြေစိုက် ကချင်ငြိမ်းချမ်းရေးကွန်ယက် မှ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်သော မခွန်ဂျာက ပူတာအို ဒေသနှင့် ပတ်သက်သည့် ဦးတေဇ၏ ရည်ရွယ်ချက်များကို မေးခွန်းထုတ်လိုက်သည်။ အစိုးရ နှင့် ပြည်သူများက မြန်မာနိုင်ငံ၏ အလှပဆုံးသော ဒေသတခုအပေါ်တွင် ကျရောက်လာနိုင်သည့် စီမံကိန်း၏ သက်ရောက်မှုများကို အလေးထားကြဖို့လည်း သူကပြောသည်။

“ပူတာအိုက နှင်းဖုံးနေတဲ့ တောင်တွေကတိုင်းပြည်ရဲ့ ရတနာလိုပါပဲ။ သဘာဝတောရိုင်းတိရိစ္ဆာန်တွေလည်း ခိုလှုံနေထိုင် ကြပါတယ်။ အဲဒါတွေ အားလုံးက မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်ပါတယ်” ဟု မခွန်ဂျာက ဆိုသည်။

“သဘာဝ ပတ်ဝန်းကျင် အပေါ်သက်ရောက်မှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို ကျမတို့ စဉ်းစားဖို့လိုပါတယ်။ တကယ်လို့ သဘာဝ အလှအပတွေ ဖျက်ဆီးခံလိုက်ရမယ်ဆိုရင် တိုင်းပြည်တခုလုံးကို ထိခိုက်စေပါတယ်။ ဒေသခံတွေက ဦးတေဇရဲ့ စီမံကိန်းတွေကို ထောက်ခံတယ် ဆိုရင်တောင်မှ ကျမတို့ ဘယ်တော့မှ ပြန်မရနိုင်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုပါ” ဟု သူကပြောပါသည်။

ကချင်တောင်တန်းများပေါ်က ဦးတေဇ (ဓာတ်ပုံ – Nyi Min San Photography / U Tay Za’s Facebook Page)

ဧရာဝတီ
ကချင်တောင်တန်းများပေါ်က ဦးတေဇ (ဓာတ်ပုံ – Nyi Min San Photography / U Tay Za’s Facebook Page)
မြန်မာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် ရေခဲဖုံးတောင်တန်းများ ၀ိုင်းရံထားသော ဝေးလံ၍ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲ သော ကချင်ပြည်နယ်မြောက်ပိုင်းမှ ပူတာအိုတောင်ကြားဒေသသည် အသက်ရှူမှားလောက်စရာ လှပပြီး သဘာဝအတိုင်း ရှိနေသေးသည့် တောင်တန်းများကို မြင်တွေ့ရနိုင်သည့် နေရာဖြစ်သည်။

တရုတ်-ဂျပန် ပိုင်နက် အငြင်းပွားမှုတွင် ဂျပန်ကို ထောက်ခံသွားမည်ဟု အမေရိကန်ပြောကြား

Photo: တရုတ်-ဂျပန် ပိုင်နက် အငြင်းပွားမှုတွင် ဂျပန်ကို ထောက်ခံသွားမည်ဟု အမေရိကန်ပြောကြား
Friday, November 29, 2013

အရှေ့တရုတ်ပင်လယ် နယ်မြေပိုင်နက်နှင့် ပတ်သက်၍ အငြင်းပွားမှု ပြင်းထန်လျက်ရှိရာ အမေရိကန်က ၎င်း၏မဟာမိတ် ဂျပန်ကို ထောက်ခံသွားမည် ဖြစ်သည်ဟု အမေရိကန် အစိုးရက ကတိပြုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက တရုတ်အစိုးရက ဂျပန်နှင့် ပိုင်နက် အငြင်းပွား ကျွန်းစုများ အပါအဝင် အရှေ့တရုတ်ပင်လယ် ဧရိယာကို တရုတ်အစိုးရ၏ လေကြောင်း ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်ပြီးနောက် အမေရိကန် အစိုးရက ဂျပန်ကို ထောက်ခံသွားမည် ဖြစ်သည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ ချုပ်ဆိုထားသော ကာကွယ်ရေး သဘောတူညီချက်သည် ယခုလက်ရှိ တရုတ်-ဂျပန်ပိုင်နက် အငြင်းပွားနေသော ကျွန်းစုများထိ ပါဝင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဂေဟယ်က ဂျပန် ကာကွယ်ရေးဝန်ကြီးကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရက အရှေ့တရုတ်ပင်လယ် ဧရိယာတွင် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ် ကြေညာချက်ကို အာခံသည့် အနေနှင့် အင်္ဂါနေ့က အမေရိကန် B-52 ဗုံးကြဲလေယာဉ် နှစ်စင်းကို အဆိုပါ ဧရိယာသို့ ပျံသန်း သွားရောက်ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား အစိုးရ၏ အာရှဒေသ ဗဟိုပြုမူဝါဒ အမှန်တကယ် အောင်မြင်နိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ အမေရိက၏ မဟာမိတ်များအကြား စိုးရိမ်မှုများ ရှိနေသော်လည်း ယခုကဲ့သို့ တရုတ်အစိုးရကို အာခံ၍ ဗုံးကြဲလေယာဉ်များ ပျံသန်းခြင်းသည် အာရှဒေသတွင် အမေရိကန်၏ တည်ရှိမှုကို ဆက်လက်ထားရှိသွားမည် ဆိုသည့်အကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန်အစိုးရ၏ ယခင်က ကြေညာထားချက်အရ အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ဂျိုးဘစ်ဒင်သည် လာမည့် သီတင်းပတ်တွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ အလည် အပတ်ခရီး သွားရောက်မည် ဖြစ်ပြီး တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုန် ကြေညာချက်ကြောင့် တင်းမာနေမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ၏ အကြီးတန်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ပိုင်နက်အငြင်းပွား ကျွန်းစုများ၏ အချုပ်အခြာ အာဏာပိုင်ကိစ္စတွင် အမေရိကန်အစိုးရက ပါဝင်မည် မဟုတ်သော်လည်း အဆိုပါ ကျွန်းစုများကို ဂျပန်က အုပ်ချုပ်ရေးပိုင်း ထိန်းချုပ်နိုင်ကြောင်းကိုမူ အမေရိကန်အစိုးရက အသိအမှတ်ပြုကြောင်း၊ ထို့ကြောင့် ယင်းကျွန်းစုနှင့် ပတ်သက်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပါက ဂျပန်ဘက်မှ ကာကွယ်သွားရမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့က တရုတ်အစိုးရ ကြေညာထားသော လေကြောင်း ကာကွယ်ရေးဇုန် အတွင်းသို့ လက်နက် တပ်ဆင်ထားခြင်း မရှိသော အမေရိကန် B-52 ဗုံးကြဲလေယာဉ်ကို ဝင်ရောက်လာခြင်းကို တရုတ်စစ်တပ်က စောင့်ကြည့်ခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသော်လည်း အမေရိကန် ဗုံးကြဲလေယာဉ်သည် တရုတ်လေယာဉ်နှင့် ဆက်သွယ်ခြင်း၊ တရုတ်လေယာဉ်၏ စောင့်ကြည့်ခြင်း ခံရမှု မရှိခဲ့ကြောင်း အမေရိကန်စစ်တပ် ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

The Voice Weekly

အရှေ့တရုတ်ပင်လယ် နယ်မြေပိုင်နက်နှင့် ပတ်သက်၍ အငြင်းပွားမှု ပြင်းထန်လျက်ရှိရာ အမေရိကန်က ၎င်း၏မဟာမိတ် ဂျပန်ကို ထောက်ခံသွားမည် ဖြစ်သည်ဟု အမေရိကန် အစိုးရက ကတိပြုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်း၍ သေဆုံးသူ မြင့်တက်

Photo: ကလေးတွင် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်း၍ သေဆုံးသူ မြင့်တက်
Friday, November 29, 2013

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း သဖြင့် ယာဉ်တိုက်မှုများ ဖြစ်ပွားကာ ဒဏ်ရာရသူနှင့် သေဆုံးသူများ ယခင်နှစ်ကထက် ပိုမို များပြားလာကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

“ဒီနှစ်အတွင်း ပြီးခဲ့တဲ့ လစဉ်ဖြစ်ခဲ့တာ ၁၀ မှု မကျော်ဘူး။ စက်တင်ဘာလ ကနေစပြီး ၁၀ မှု ကျော်တွေ ဖြစ်လာတယ်။ ဖြစ်လိုက်ရင်လည်း အသေနဲ့ ကြီးကြီးမားမား ဒဏ်ရာရတာတွေချည်းပဲ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ၊ အစာအိမ်နှင့် ပတ်သက်သော ရောဂါများပြီးလျှင် လူနာ အများဆုံးမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ရောက်ရှိလာသော လူနာများ ဖြစ်ပြီး စုပြုံကျလာပါက ခုတင် မလောက်ငမှုများ ကြုံတွေ့ရတတ်ကြောင်း အဆိုပါ ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ညွန့်သန်းက ပြောကြားသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော သိရှိ ဖွယ်ရာများကို လက်ကမ်းစာစောင်များ အပါအဝင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလမှ စတင်ကာ စည်းကမ်း ချိုးဖောက်သူများကို အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းယာဉ်မတော်တဆမှုကြောင့် ထိခိုက်သူ၊ သေဆုံးသူ အများစုမှာ အသက် နှစ်ဆယ်ကျော်ဝန်းကျင် လူငယ်များ ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားကာ မောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း တို့ကြောင့် အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရကြောင်း မြို့ခံများက သုံးသပ် ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၀၄ မှု ဖြစ်ပွားပြီး ဒဏ်ရာရသူ ၁၃၈ ဦး၊ သေဆုံးသူ ၂၆ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်များမှာ ဇန်နဝါရီလနှင့် မတ်လတွင် ကိုးမှု၊ ဖေဖော်ဝါရီလတွင် ငါးမှု၊ ဧပြီလ၊ မေလ၊ ဇူလိုင်လနှင့် သြဂုတ်လတွင် ရှစ်မှု၊ ဇွန်လတွင် ခုနစ်မှု၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ၁၃ မှုစီ ရှိခဲ့ကာ စုစုပေါင်း ယာဉ်တိုက်မှု ၁၀၁ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူပေါင်း ၁၅၅ ဦး၊ သေဆုံးသူပေါင်း ၃၅ ဦး ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း သဖြင့် ယာဉ်တိုက်မှုများ ဖြစ်ပွားကာ ဒဏ်ရာရသူနှင့် သေဆုံးသူများ ယခင်နှစ်ကထက် ပိုမို များပြားလာကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။