Pages

Friday, November 29, 2013

Coalition Against Religious Extremism in Myanmar မှ ယနေ့ ၂၉.၁၁.၂၀၁၃တွင် မလေးရှားရှိ မြန်မာသံရုံး ထံပေးပို့သော Memorandum of Protest ၏ မြန်မာဘာသာပြန်

RangonNewsDaily:: November . 29 .2013 
မြန်မာနိုင်ငံ ရှိ ဘာသာရေးအစွန်းရောက်မှုအား ဆန့်ကျင်သည့် မဟာမိတ်အဖွဲ့၏ကန့်ကွက် ဆန္ဒပြပွဲ ထုတ်ပြန်လွှာမြန်မာနိုင်ငံရှိဘာသာရေးအစွန်းရောက်မှုအားဆန့်ကျင်သည့်မဟာမိတ်အဖွဲ့မှမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးသို့၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၉) ရက်နေ့တွင် ဤ ထုတ်ပြန်လွှာ အား ပေးပို့သည်။

အီဂျစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော အမျိုးသမီး ၂၁ဦးကို ထောင်ဒဏ် ၁၁စီချမှတ်

Photo: အီဂျစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော အမျိုးသမီး ၂၁ဦးကို 
ထောင်ဒဏ် ၁၁စီချမှတ်
Friday, November 29, 2013

အီဂျစ်နိုင်ငံ အလက်ဇန်းဒရားမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေရာမှ အဖမ်းခံခဲ့ရသော အမျိုးသမီး ၂၁ဦးကို ထောင်ဒဏ် ၁၁နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၂၈ရက်က 
ချမှတ်ခဲ့သော စီရင်ချက်သည် ယာယီဝန်ကြီးချုပ် ၏ ကန့်ကွက်ပွဲများကို တင်းကျပ်စွာ ကိုင်တွယ်သည့် ဥပဒေသစ်ကို စတင်အကောင်အထည် ဖော်လိုက်ခြင်းပင် ဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသော အမျိုးသမီးများသည် ရာထူးမှ ဖြုတ်ချခံခဲ့ရသော သမ္မတမဟာမတ်မောစီကို 
ထောက်ခံ သူများဖြစ်သည်။ သူတို့သည် အစိုးရဆန့်ကျင်ရေး လက်ကမ်းစာဆောင်များ ဖြန့်ဝေရာမှ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ 
ယခု ၂၁ဦးထဲတွင် ဥပဒေအရ အရွယ်မရောက်သေးသူ မိန်းကလေး 
ခုနှစ်ဦး ရမန်ပေးခဲ့သည်။ အငယ်ဆုံး မိန်းကလေးမှာ အသက် ၁၅နှစ်ဖြစ်သည်။

တစ်ဘက်တွင်လည်းမွတ်စလင်ဘရားသားဟုဒ်မှ ခေါင်းဆောင် 
ခြောက်ဦးကိုလည်း အကြမ်းဖက်အဖွဲ့အစည်းဝင်များ အဖြစ်သတ်မှတ်ကာ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့သည်။ 

နိုဝင်ဘာ ၂၈ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယာယီဝန်ကြီးချုပ် ဟာဇမ်အီလ်ဘက်ဘာဝီက ပြည်သူများသည် ချီတတ်ကန့်ကွက်ပွဲများမပြုလုပ်မီ ခွင့်ပြုချက်ကို မဖြစ်မနေ တောင်းခံရမည်ဟု ဆိုသည်။ ၀န်ကြီးများအဖွဲ့က အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသော ရဲတပ်ဖွဲ့ကို အထောက်အကူပေးသည့်အနေဖြင့် ယခုဥပဒေသစ်ကို 
အပြည့်အ၀ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု 
ပြောကြားခဲ့သည်။ 

Ref: Al jazeera
The Myanma Age

RangonNewsDaily:: November . 29 .2013
အီဂျစ်နိုင်ငံ အလက်ဇန်းဒရားမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေရာမှအဖမ်းခံခဲ့ရသောအမျိုးသမီး ၂၁ဦးကို ထောင်
ဒဏ် ၁၁နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၂၈ရက်ကချမှတ်ခဲ့သော စီရင်ချက်သည်
ယာယီဝန်ကြီးချုပ် ၏ ကန့်ကွက်ပွဲများကိုတင်းကျပ်စွာကိုင်တွယ်သည့် ဥပဒေသစ်ကိုစတင်အကောင်အထည်
 ဖော်လိုက်ခြင်းပင် ဖြစ်သည်။

လက်ပံတောင်းတောင်ဖြိုခွင်းမှုတစ်နှစ်ပြည့် တရုတ်အလံမီးရှို့ဆန္ဒပြ

RangonNewsDaily:: November . 29 .2013
လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်ဆန္ဒဖော်ထုတ်မှုကို နိုဝင်ဘာ ၂၉

ရက် နေလယ် ၂နာရီ မိနစ် ၃၀တွင် မြို့တော်ခန်းမမှ တရုတ်သံရုံးသို့ချီတက်ဆန္ဒပြရာ ပြည်ထောင်စုရိပ်
သာလမ်းနှင့် ဗဟိုလမ်းအရောက်တွင် နိုင်ငံတော်သီချင်းသီဆိုကာ တရုတ်အလံကို မီးရှို့ဆန္ဒပြကြောင်း People Power သတင်းထောက် ကြည်ပြာကပေးပို့သည်။

ABBA သီချင်းတွေ မူမပျက် ပြန်ဆိုမယ့်အဖွဲ့ မြန်မာပြည်ရောက်ပြီ

Photo: ABBA သီချင်းတွေ မူမပျက် ပြန်ဆိုမယ့်အဖွဲ့ မြန်မာပြည်ရောက်ပြီ
Friday, November 29, 2013

ABBA အဖွဲ့၏ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်လည် ဖော်ထုတ်သီဆိုမယ့် Arrival from Sweden Band အဖွဲ့သားတွေဟာ ဒီနေ့ နေ့လယ် ၂ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီး မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဖျော်ဖြေမှုနှင့် ပတ်သက်ပြီး Arrival from Sweden Band အဖွဲ့ဝင်တစ်ဦးက “ABBA အဖွဲ့ရဲ့လွှမ်းမိုးမှုကို ခံရတာက သူတို့ သီချင်းတွေက အရမ်းကောင်းတယ်၊ သီချင်းတွေကို တကမ္ဘာလုံးက ကြိုက်ကြတာ မို့လို့ပါ။ အဲဒီ သီချင်းတွေကြားရင် လူတွေက ကြိုက်ကြတာကြောင့် ပြန်ဆိုဖြစ်ခဲ့တာပါ။ ABBAအဖွဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းအကုန် ဆိုဖြစ်မှာပါ။ မြန်မာပြည်ကို လာရတာ အရမ်း ၀မ်းသာတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာပြည်ဖျော်ဖြေရေး အစီအစဉ်ပြီးရင် အမေရိကန်၊ ဘူလ်ဂေးရီးယား၊ ရုရှားနိုင်တွေကို သွားရောက် ဖျော်ဖြေမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။

အဲဒီအဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကနေ စတင်လို့ နိုင်ငံပေါင်း ၅၀ ကို လှည့်လည်ခဲ့ပြီး မြောက်အမေရိက တနေရာ တည်းမှာတင် ခရီးစဉ်ပေါင်း ၃၀ နီးပါး သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ၁၉၅၀ ကျော်က နာမည်ကြီးခဲ့တဲ့ ABBA အဖွဲ့ရဲ့ ၀တ်စားဆင်ယင်မှု၊တင်ဆက်မှုတွေကို မူလအရသာ မပျက် ဖျော်ဖြေမှုတွေ ပြုလုပ်မယ်လို့လည်း သူတို့က ဆိုပါတယ်။

အဲဒီအဖွဲ့ မြန်မာပြည်မှာ လာရောက်ဖျော်ဖြေဖို့ Pee Paw Entertainment က စီစဉ်တာဖြစ်ပြီး ဒီပွဲကနေ အမြတ်အစွန်း ရရှိဖို့ မမျှော်လင့်ဘူးလို့ စီစဉ်သူ ဦးပီးပေါ်က ပြောပါတယ်။

လာရောက် ကြည့်ချင်သူတွေ အနေနဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၆ သောင်း၊ ကျပ် ၄ သောင်း၊ ကျပ် ၂ သောင်းခွဲနဲ့ ကျပ် ၁ သောင်းဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉၅၀၂၅၅၈၂၊ ၀၉၄၉၂၉၁၃၃၄ တို့ကို ဆက်သွယ်မှာယူလို့ ရတယ်လို့ သိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့် Arrival from Sweden Band အဖွဲ့သားများ (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့် Arrival from Sweden Band အဖွဲ့သားများ (ဓာတ်ပုံ – ဧရာဝတီ)
RangonNewsDaily:: November . 29 .2013
ABBA အဖွဲ့၏ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်လည် ဖော်ထုတ်သီဆိုမယ့် Arrival from Sweden Band အဖွဲ့သားတွေဟာ ဒီနေ့ နေ့လယ် ၂ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီး မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်ပါမည်

Photo: ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်ပါမည်
Friday, November 29, 2013

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာပါ ကြော်ငြာတခုက စိတ်ဝင်စား စရာပါ။ 
ခေါင်းစဉ်က ဆင်းရဲသား လျော့နည်းရေး တဲ့။ မြန်မာနိုင်ငံမှာ ဆင်းရဲသား ရာခိုင်နှုန်း အရမ်းများတာ တိုင်း သိ၊ ပြည်သိ၊ ကမ္ဘာသိပါဘဲ။ 

သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲမှု ပပျောက်ရေး မဟာစီမံကိန်းကြီးထက် လက်တွေ့ကျတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော်သူတဦးက ဒီအကွက်ကို သိလို့ အခုလို သတင်းစာမှာ ကြော်ညာ ထည့်တာဖြစ်နိုင်ပါ တယ်။ 

သူ့ကြော်ညာက "အဆင်းရဲဆုံးနဲ့ ပညာအနည်းဆုံး အောက်ခြေလူတန်းစာများ စာဝတ်နေရေး ပြေလည်စေ ရန် ရန်ကုန်မြို့ပေါ် တက်၍ ဆိုက္ကား နင်းရန် ဖိတ်ခေါ်ပါသည်"တဲ့။ 

အဲ သူက ဆက်ပြောထားတာက "ဆိုက္ကားနဲ့ နေရေး"ကိုလည်း စီစဉ်ပေးပါအုံးမယ်တဲ့။ အသေးစိပ် သိချင် ရင်တော့ သူ့ ဖုန်းနံပတ် ကို ဆက်သွယ်ဖို့ ဖုန်းနံပတ် ပေးထားပါတယ်။ 

တချိန်က နဂါးနီ သီးချင်း အတိုင်း သူကတော့ ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်တာပေါ့။ ဒါပေမယ့် တကယ် ဆင်းရဲသားတွေက သူ့ ဆီကို ဖုန်းဆက်ဖို့ ဖုန်းကလည်း မဲမပေါက်၊ ပေါက်တဲ့လူရဲ့ တယ်လီဖုန်းလေး ခဏ ငှားသုံးပြီး သူနဲ့ ဆက် သွယ်လိုက်ရင်တော့ ရန်ကုန်တက်ပြီး ဆိုက္ကား နင်းကာ ဆင်းရဲတွင်းက လွတ်မယ့် မျှော်လင့်ချက်လေးက အားကောင်း လာလေမလားဘဲ။ 


အိမ့်သံစဉ် 
ဧရာဝတီ

RangonNewsDaily:: November . 29 .2013
ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာပါ ကြော်ငြာတခုက စိတ်ဝင်စား စရာပါ။
ခေါင်းစဉ်က ဆင်းရဲသား လျော့နည်းရေး တဲ့။ မြန်မာနိုင်ငံမှာ ဆင်းရဲသား ရာခိုင်နှုန်း အရမ်းများတာ တိုင်း သိ၊ ပြည်သိ၊ ကမ္ဘာသိပါဘဲ။

စားသောက်ဆိုင်တွင်ရမ်းကားနေသော လူငယ်ရှစ်ဦး တိုက်ခိုက်၍ ရဲလေးဦးဒဏ်ရာရ

RangonNewsDaily:: November . 29 .2013
စားသောက်ဆိုင်ထဲတွင် သောင်းကျန်နေသည့် လူငယ်ရှစ်ဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ငါး

ဦးကို ပြန်လည်ခုခံသောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိ
သည်။ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ပဲခူး-ရန်ကုန်ကားလမ်းဘေးရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ နို
ဝင်ဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် လူငယ်ရှစ်ဦး သောင်းကျန်နေသည်ဆိုကာ ဆိုင်မန်နေဂျာမှ ဖုန်း
ဆက်အကြောင်းကြားသောကြောင့်

စစ်ဘက်သုံးဆော့ဖ်ဝဲကို ပွားသုံးခဲ့ခြင်းအပေါ် အမေရိကန်က ဒေါ်လာ သန်း၅၀ လျှော်ပေးရန် သဘောတူ

Photo: စစ်ဘက်သုံးဆော့ဖ်ဝဲကို ပွားသုံးခဲ့ခြင်းအပေါ် အမေရိကန်က 
ဒေါ်လာ သန်း၅၀ လျှော်ပေးရန် သဘောတူ 
Friday, November 29, 2013

အမေရိကန်သည် Apptricity မှ စစ်ဘက်သုံးဆော့ဖ်ဝဲကို ကွန်ပျူတာများတွင် ကော်ပီကူးကာ ပွားသုံးခဲ့သည့်အတွက် 
ဒေါ်လာ သန်း၅၀ (ပေါင် ၃၁သန်း) ပေးလျှော်ရန် သဘောတူ
လိုက်ရသည်။
တက္ကဆက်အခြေစိုက် Apptricity သည် ၂၀၀၄ ခုနှစ်ကတည်းက စစ်တပ်ကို ဆော့ဖ်ဝဲထောက်ပံ့ပေးခဲ့သော ကုမ္ပဏီဖြစ်သည်။

လွန်ခဲ့သောနှစ်ကမူ အမေရိကန်စစ်တပ်သည် ဆော့ဖ်ဝဲများကို စက်များစွာတွင် ပွားသုံးထားသူကို တွေ့ခဲ့သည့်။ အစပိုင်းကမူ 
စစ်တပ်က မည်သည့် တုန့်ပြန်မှုမှ မပြုခဲပေ့။

Apptricity ကုမ္ပဏီ၏ ဆော့ဖ်ဝဲသည် စစ်သည်များ၏ တည်နေရာကို ရှာဖွေရန်၊ ထောက်ပံ့ပေးအတွက် ခြေရာခံရန်သာမက ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်စွမ်းသည်။ ၂၀၁၀ခုနှစ် ဟိုက်တိ ငလျှင်လှုပ်စဉ်ကလည်း ကယ်ဆယ် ရေး လုပ်ငန်းစဉ်များတွင် အသုံးချခဲ့သည်။ တရားရုံးမှ အထောက်အထားများအရ 
ယင်းဆော့ဖ်ဝဲကို စစ်တပ်တွင် သုံးစွဲသူ ၅၀၀ အထိသာဟု ကန့်သတ်ထားသော်လည်း user ၉၀၀၀ အထိ သုံးစွဲခဲ့ခြင်းဖြစ်သည်။

Apptricity က လျှော်ကြေး ၂၂၄သန်းပေးရန် တောင်းဆိုခဲ့သော်လည်း 
သန်း ၅၀ပေးရန် အမိန့်ချခဲ့သည်။ ဒုတိယ သမ္မတ ဂျိုးဘီဒင်က Piracy လုပ်ခြင်းကို အရိုးဆုံးနှင့် အ၇ှင်းဆုံး ပြောရလျှင် ခိုးသုံးခြင်းသာ
ဖြစ်သည်ဟု ဆိုထားသည်။

Ref: AFP
The Myanma Age

RangonNewsDaily:: November . 29 .2013
အမေရိကန်သည် Apptricity မှ စစ်ဘက်သုံးဆော့ဖ်ဝဲကို ကွန်ပျူတာများတွင် ကော်ပီကူးကာ ပွားသုံးခဲ့သည့်
အတွက် ဒေါ်လာ သန်း၅၀ (ပေါင် ၃၁သန်း) ပေးလျှော်ရန် သဘောတူလိုက်ရသည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်းကို ရန်ပုံငွေများ ပျောက်ဆုံးမှုဖြင့် တရားစွဲ

Photo: ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်းကို ရန်ပုံငွေများ ပျောက်ဆုံးမှုဖြင့် 
တရားစွဲ
Friday, November 29, 2013

ရုရှားအာဏာပိုင်များက ကာကွယ်ရေးဝန်ကြီးဟောင်း အနာဆိုလီဆာဒူကော့ဗ်ကို သူတာဝန်ထမ်းဆောင်စဉ်က 
ပြည်သူ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၇သန်းခန့်
ပျောက်ဆုံးမှုအတွက် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း
သိရသည်။

စစ်ဘက်စုံးစမ်းစစ်ဆေးရေးဌာနက ဆာဒူကော့ဗက်၏ 
ပေါ့ဆမှုသည် ရာဇ၀တ်မှုမြောက်စေခဲ့သည်ဟု 
သတ်မှတ်ခဲ့ကြောင်း စုံးစမ်းစစ်ဆေးရေးကော်တီမှ ပြောရေး
ဆိုခွင့်ရှိသူ ဗလာဒီမြာမာကင်က နိုဝင်ဘာ ၂၈ရက်က 
ပြောကြားခဲ့သည်။ 
ဆာဒူကော့ဗ် သည် ၂၀၀၇ခုနှစ်မှာ ၂၀၁၂ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်ဆောင်ခဲ့သည်။ 
သူ့ကို စုံစမ်းစစ်ဆေးရေး ကော်မတီက စစ်ဆေးရန် 
ဆင့်ခေါ်ခဲ့သည်။ 
အကယ်၍ ပြစ်မှုထင်ရှားခဲ့လျှင် ဆာဒူကော့ဗ်သည် ထောင်ဒဏ်
သုံးလမှ တစ်နှစ်အထိ ကျခံရမည်ဖြစ်သည်။ 

ဆာဒူကော့ဗ်ကို သမ္မတ ဗလာဒီမြာပူတင်က စစ်တပ်အတွင်း အဆင့်မြင့်အရာရှိများ နေရာပေးရာတွင် လာဘ်စားခဲ့သည် 
ဟူသော စွတ်စွဲချက်ဖြင့် တာဝန်မှ ရပ်ဆိုင်းခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မတီသည် ဆာဒူကော့ဗ်ကို 
ရာဇ၀တ်မှု ငါးမှုဖြင့် အမှုဖွင့် တရားစွဲခဲ့ဖူးသည်။ 

Ref: Xinhua
The Myanma Age

RangonNewsDaily:: November . 29 .2013
ရုရှားအာဏာပိုင်များက ကာကွယ်ရေးဝန်ကြီးဟောင်း အနာဆိုလီဆာဒူကော့ဗ်ကို သူတာဝန်ထမ်းဆောင်
စဉ်က ပြည်သူ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၇သန်းခန့် ပျောက်ဆုံးမှုအတွက် အမှုဖွင့် တရားစွဲဆိုလိုက်
ကြောင်းသိရသည်။

လှုမှုလုပ်ငန်းများကို လျင်လျင်မြန်မြန်လုပ်ခဲ့ခြင်းကြောင့် AFC ၏ Dream Asia Award ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရခြင်းဖြစ်

Photo: လှုမှုလုပ်ငန်းများကို လျင်လျင်မြန်မြန်လုပ်ခဲ့ခြင်းကြောင့် AFC ၏ Dream Asia Award ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရခြင်းဖြစ်
Friday, November 29, 2013

မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာ ရှဘောလုံး အဖွဲ့ချုပ်မှ ချီးမြှင့်သော AFC Dream Asia Award ဆုကို အရှေ့တောင်အာရှနိုင်ငံ များအတွင်း ပထမဦးဆုံးရရှိနိုင် ခဲ့ပြီဖြစ်သည်။

ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့ကိုကျော်ဖြတ်ကာ ဆုရ ရှိခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က '' ဒီဆုရတဲ့အား သာချက်က ကျွန်တော်တို့ က ဘောလုံးတင်မဟုတ်ဘဲ လူမှုရေး လုပ်ငန်းတွေလုပ်တဲ့ အခါ မှာ ကျောင်းတွေဆောက် တယ်။ နှ လုံး ခွဲစိတ်တာတွေ၊ ဆေးရုံတွေ ဆောက်တယ်။ အဲဒါတင်မကဘဲ မလေးရှားကနေ အရေးပေါ် ပြန်လာဖို့လိုတဲ့အခါ ချက်ချင်းလုပ် နိုင်ခဲ့တာမျိုးတွေရှိတယ်။ ဖိလစ် ပိုင်မှာ မုန်တိုင်း တိုက်သွားတော့ လဲ ငွေကြေးလှူလိုက်တာမျိုးတွေ ရှိတယ်။ နောက်တစ်ချက်က တော့ ကျွန်တော် တို့နိုင်ငံမှာ ဘာ မှမပြည့်စုံဘူးဆိုတာ ဆုရွေးတဲ့ အဖွဲ့ကသိတယ်။ ဘောလုံးကွင်း လဲ ပြည့်ပြည့်စုံစုံမရှိဘူး။ လေ့ ကျင့်ရေးကွင်းတွေလဲ နည်းတယ်။ ကျွန်တော်တို့မှာ လိဂ်လုပ်ဖို့ စပွန် ဆာလဲမရှိဘူး။ ရုပ်သံမူပိုင်ခွင့် ကလဲ ပိုက်ဆံအများကြီးမရဘူး။ ဒီကြားထဲက လိဂ်ကိုလဲဖြစ်အောင် လုပ်ပြနေတယ်။ အဲဒါတွေကို ဆုပေးတဲ့အဖွဲ့က သုံးသပ်တယ်။ ဆုပေးတဲ့အဖွဲ့က ကျွန်တော်တို့ ဆေးရုံဆောက်တဲ့အပိုင်း၊ လူမှု ကယ်ဆယ်ရေး လုပ်တဲ့ အပိုင်းတွေ၊ တစ်ခုခုအရေးပေါ်ဖြစ်တဲ့အနေ အထားတွေမှာ ချက်ချင်းလုပ် ဆောင်နိုင် မှုတွေအပေါ် အခြေ ခံပြီးသူတို့ရွေးတယ်လို့ ထင်တယ်။ AFC အနေနဲ့ ဒီဆုရွေးချယ်ရခြင်း ကို အသေးစိတ်တော့ မပြောခဲ့ပါ ဘူး''ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် ဦးဇော်ဇော်တည်ထောင် ထားသော ဧရာဝတီဖောင်ဒေး ရှင်းနှင့်ပူးပေါင်း၍ ၂၀၁၃ခုနှစ် အတွင်း ဆင်းရဲနွမ်းပါးသောဒေ သများ၌ စာသင်ကျောင်း များ ဆောက် လုပ်လှူဒါန်းခြင်း၊ ပညာ သင်စရိတ်မတတ်နိုင်သော က လေးငယ်၁၅၀ဝကိုလည်း ပညာ သင်စရိတ်ထောက်ပံ့ပေးခြင်း၊ ရန်ကင်းကလေးဆေးရုံတွင် ကလေးငယ်များအား အခမဲ့ကျန်း မာရေးစောင့်ရှောက်မှု ပြုလုပ် ပေးခြင်း၊ အခမဲ့နှလုံးခွဲစိတ်ကုသ ပေးသည့် အစီအစဉ်များပြုလုပ် ပေးခြင်း၊ ခြေလေးချောင်းကလေး ငယ်အား အခမဲ့ခွဲစိတ်ကုသပေး ခြင်း၊ အရေးပေါ်လူနာတင်ယာဉ် (EAS)ကို ဆောင်ရွက်နေခြင်း၊ မလေးရှားနိုင်ငံတွင် ဒုက္ခရောက် နေသော မြန်မာနိုင်ငံသားများ အားကူညီခြင်း၊ ဖိလစ်ပိုင်နိုင်ငံ တွင် မုန်တိုင်းဒဏ်ခံဒုက္ခသည်များ ကိုကူညီခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

Yangon Media Group

RangonNewsDaily:: November . 29 .2013
မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာ ရှဘောလုံး အဖွဲ့ချုပ်မှ ချီးမြှင့်သော AFC Dream Asia Award ဆုကို အရှေ့တောင်အာရှနိုင်ငံ များအတွင်း ပထမဦးဆုံးရရှိနိုင် ခဲ့ပြီဖြစ်သည်။

မလေးရှားတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ ကျပ်သိန်းနှစ်ရာတောင်း

RangonNewsDaily:: November . 29 .2013
မလေးရှားနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲပြီး ကျပ်သိန်းနှစ်ရာဖြင့်ရွေးရန် တောင်းဆိုခဲ့ရာ သိန်းတစ်ရာ လွှဲပေးသော်လည်း ပြန်ပေးဆွဲခံရသူနှစ်ဦး တစ်လကြာသည်အထိ ပြန်ရောက်မလာသောကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့နှင့် မလေးရှားနိုင်ငံ မြန်မာသံရုံးတို့က တရားခံများကို အပူတပြင်းရှာဖွေနေကြောင်း သတင်းရရှိသည်။

ဝိုင်စုခိုင်သိန်း မင်္ဂလာပွဲ ၄ ပွဲ ကျင်းပမယ်

Photo: ဝိုင်စုခိုင်သိန်း မင်္ဂလာပွဲ ၄ ပွဲ ကျင်းပမယ်
Friday, November 29, 2013

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းတွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်တတ်တဲ့ သဘောသဘာဝ အတိုင်း အခုလည်း ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲက ဒီနှစ်အတွက် စိတ်ဝင်စားစရာ မင်္ဂလာပွဲ သတင်းတပုဒ် ဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာ “အာဘွား” ဆိုတဲ့ တတိယမြောက် တေးစီးရီး CD ထွက်ရှိထားတဲ့ ၀ိုင်းစုခိုင်သိန်းဟာ သူ့မင်္ဂလာပွဲကို ထူးထူးခြားခြား အမှတ်တရဖြစ်အောင် ချစ်သူများနေ့မှာ ရွေးချယ်ကျင်းပခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“၀ိုင်းစုတို့တတွေ တိုင်ပင်ပြီး မင်္ဂလာပွဲ ၄ ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာဆွမ်းကျွေးကို မင်းကွန်းမှာ လုပ်ဖို့ စီစဉ်ထားတယ်၊ နောက်ပြီး မင်္ဂလာလက်မှတ် ရေးထိုးပွဲကိုတော့ Parkroyal Hotel မှာလုပ်မှာပါ။ မင်္ဂလာဘိသိက်ပွဲ အခမ်းအနားကို Sedona Hotel မှာလုပ်မှာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကိုကျတော့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်မှာပါ” လို့ သူ ပြုလုပ်မယ့် မင်္ဂလာဧည့်ခံပွဲ အစီအစဉ်တွေအကြောင်း ရှင်းပြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မှာက မင်္ဂလာဘိသိက်ပွဲဖြစ်ပြီး မင်္ဂလာပွဲတွေ ပြီးတဲ့အခါ သူတို့နှစ်ဦးစလုံးက အလုပ်ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သီးသန့်အနေနဲ့ ဟန်းနီးမွန်းခရီး ထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ဝိုင်းစုခိုင်သိန်းက သူခံစားနေရတဲ့ အမျိုးသမီးရောဂါ ကျန်းမာရေး အခြေအနေ လုံးဝပြန်ကောင်းသွားပြီ ဖြစ်ကြောင်းလည်း သူ့ရဲ့ ပရိသတ်တွေကို ဧရာဝတီကတဆင့် ဟြေပါတယ်။

“၀ိုင်းစုတို့ မင်္ဂလာပွဲပြီးရင်လည်း မိဘတွေနဲ့အတူ ဒီမှာပဲနေမှာပါ။ ၀ိုင်းစုချစ်တဲ့ အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သူက ၀ိုင်းစုအပေါ်မှာ နားလည်မှု အပြည့်ရှိပါတယ်။ နောက်ပြီး သူ့ကုမ္ပဏီက အမေရိကားမှာ ရှိတော့ ၀ိုင်းစုတို့ သွားလိုက်၊ ပြန်လိုက် လုပ်ရမှာပေါ့။ ဒီမှာလည်း သူ ကုမ္ပဏီဖွင့်ဖို့ အစီအစဉ်ရှိပါတယ်” လို့ သူတို့ရဲ့အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ၀ိုင်းစုခိုင်သိန်းက ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်း (ဓာတ်ပုံ – မြတ်သူအောင် ) 
ဧရာဝတီ

RangonNewsDaily:: November . 29 .2013
သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာမြအေး ကွယ်လွန်

RangonNewsDaily:: November . 29 .2013
ယနေ့ နံ နက် ၁၁ နာရီ အချိန် တွင် အာရှ တော်ဝင် ဆေးရုံ ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး

ဒေါက်တာမြအေးအသည်းကင်ဆာ ရော ဂါ ဖြင့် ကွယ် လွန် သွားကြောင်းသိရသည်။ ဒေါက်တာမြအေးသည် ယခင် မန္တလေး တက္ကသိုလ် ပါမ္ခော ချုပ် အဖြစ် တာ ၀န် ယူ ခဲ့ပြီးယခု အစိုးရ လက်ထက် တွင်ပညာရေး ၀န် ကြီး အဖြစ် တာ ၀န် ပေး ခံ ခဲ့ ရ သူ ဖြစ် သည်။

ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ

RangonNewsDaily:: November . 29 .2013
ပဲခူးမြို့ဟင်္သာကုန်းမွန်စံပြရပ်ကွက်ရှိမွန်ရိုးရာပဒေသာပင်ပွဲတွင် ဖြစ်ပွားခဲ့သည့်အုပ်စုဖွဲ့ရိုက်နှက်မှုတွင် အမှန်

တကယ် ပြစ်မှုကျူးလွန်သူနှစ်ဦးနေရာ၌ လူအစားထိုးမှုများရှိနေသည်ဟု ရိုက်နှက်ခံရသူ ကာယ ကံရှင်နှင့် မျက်မြင်သက်သေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက် (သီတင်း ကျွတ်လပြည့်)၊ ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင် ပြုလုပ် နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများမှ အစပြုခဲ့သည့် အမှုဖြစ်ပြီး လက်ရှိတွင် ရဲဌာနက စစ်ဆေးနေဆဲ အခြေအနေ ဖြစ်သည်။

" ရိုင်းပျမှုကြောင့် ဘီယွန်းစေးအား အီဂျစ်ပိရမစ်များဆီသို့ လည်ပတ်ခွင့်ပိတ်ပင် "

Photo: " ရိုင်းပျမှုကြောင့် ဘီယွန်းစေးအား အီဂျစ်ပိရမစ်များဆီသို့ လည်ပတ်ခွင့်ပိတ်ပင် "
Friday, November 29, 2013

အမေရိကန်အဆိုတော် ဘီယွန်းစေးအား ရိုင်းပျမှုကြောင့် အီဂျစ်နိုင်ငံရှိ ပိရမစ်များရှိရာသို့လည်ပတ်ခွင့်တားမြစ် ပိတ်ပင်ခဲ့ကြောင်း အီဂျစ်ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေးဝန်ကြီးဟောင်းဇာဟီဟားဝတ်စ်က Egypt Independent သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းကို ပိရမစ်များရှိရာသို့ သွားရောက်လည်ပတ်ခွင့်အား မကြာသေးမီကပေးခဲ့ကြောင်း သို့ရာတွင် ၎င်းသည် အချိန်တိကျမှန်ကန်မှုမရှိဘဲ နောက်ကျသဖြင့် အခက်ကြုံရကြောင်း အဆိုပါဝန်ကြီး ဟောင်းက ဆိုသည်။

''ပိရမစ်ကြီးတွေကို လေ့လာလည်ပတ်ချင်လို့ သွားတဲ့ခရီးသွားတွေက ဖော်ရွေကြတယ်။ ကျွန်တော်တို့တွေသွားရင်း လာရင်းနဲ့ ခင်မင်သွားကြတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးကကျတော့ သူ ညနေ ၃ နာရီရောက်မယ်လို့ပြောသွား ပြီး နောက်ကျတယ်။ ကျွန်တော်က သူ့ကို တောင်းပန်ဖို့ပြောပေမယ့် ဘာတစ်လုံး မှမပြောဘူး''ဟု ၎င်းကဆိုသည်။

၎င်းသည် ခက်ထန်ကြမ်းတမ်းသော သဘောထားရှိပြီး ရန်ငြိုးဖွဲ့တတ်သည့်သမိုင်းရှိကြောင်း၊ ယခင်ကလည်း အီဂျစ်အရေးကျွမ်းကျင်သူ ဂျုံးဖလက်ချာ အား ဘုရင်မနီဟတီတီမံမီရုပ်တုအား ရှာဖွေတွေ့ရှိခြင်းကို ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးဆိုင်ရာ တရားရုံးချုပ် သို့ တင်ပြခြင်းမရှိဘဲ Discovery Channel ၌ ပြသခဲ့သည်ဟု စွပ်စွဲ၍ အဆိုပါ ပိရမစ်ဒေသများတွင် အလုပ် ပိတ်ပင်ခဲ့ကြောင်း အဆိုပါသတင်းဌာန က ဖော်ပြသည်။ ဟားဝတ်စ်အား အကျင့်ပျက် ခြစားမှုဖြင့် ဇန်နဝါရီ ၂၅တော်လှန် ရေးမတိုင်မီ ရာထူးမှဖယ်ရှားခဲ့ကြောင်း သိရသည်။ 

Ref:UPI
Popular Myanmar News Journal

RangonNewsDaily:: November . 29 .2013
အမေရိကန်အဆိုတော် ဘီယွန်းစေးအား ရိုင်းပျမှုကြောင့် အီဂျစ်နိုင်ငံရှိ ပိရမစ်များရှိရာသို့လည်ပတ်ခွင့်တားမြစ် ပိတ်ပင်ခဲ့ကြောင်း အီဂျစ်ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေးဝန်ကြီးဟောင်းဇာဟီဟားဝတ်စ်က Egypt Independent သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့များကို သာမက အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့်မီဒီယာ များကို ပါ EU မှ စွမ်းရည်မြင့် သင်တန်းများ ပေးသွားမည်

Photo: ရဲတပ်ဖွဲ့များကို သာမက အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့်မီဒီယာ များကို ပါ EU မှ စွမ်းရည်မြင့် သင်တန်းများ ပေးသွားမည်
Friday, November 29, 2013

ရဲတပ်ဖွဲ့များကို သာမက အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့်မီဒီယာ များကို ပါ EU မှ စွမ်းရည်မြင့် သင်တန်းများ တိုက်ရိုက်ပေးသွားရန် အစီအစဉ် ရှိကြောင်း ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ပြောသည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း EU က မြန်မာနိုင်ငံ ရှိ ရဲများအား ပထမဆုံး သင်တန်းပေးမှုကို ယခုလဆန်း ပိုင်းအတွင်း ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်း များအား သင်တန်းပေးမည်ဟု ၄င်းက ပြောကြားခဲ့သည်။

အချိန် ၁၈ လ တာ ယူသွားမည့် EU က မြန်မာအပေါ် လူ့စွမ်းအား အရင်းအမြစ် များဖွံ့ဖြိုးမှု အတွက် ပံ့ပိုးကူညီသွားမည့် အပေါ် ပြည်တွင်း ၊ ပြည်ပ မီဒီယာ များ နှင့် တွေ့ဆုံမှုတွင် ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇော်မျိုးသူ
Popular Myanmar News Journal

RangonNewsDaily:: November . 29 .2013
ရဲတပ်ဖွဲ့များကို သာမက အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့်မီဒီယာ များကို ပါ EU မှ စွမ်းရည်မြင့် သင်တန်းများ တိုက်ရိုက်ပေးသွားရန် အစီအစဉ် ရှိကြောင်း ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ပြောသည်။

စာကြည့်တိုက်မြေ ပြန်ရရန် ရွာလုံးကျွတ် ဆန္ဒဖော်ထုတ်မည်

RangonNewsDaily:: November . 29 .2013
စစ်ကိုင်းဒေသကြီး ခင်ဦးမြို့နယ် အတွင်းရှိ မုံတောမြောက် ကျေးရွာပိုင် စာကြည့်တိုက် အဆောက်အအုံနှင့် မြေနေရာ ပြန်လည် ရရှိရေးအတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားခဲ့သော်လည်း ထူးခြားမှု မရှိသောကြောင့် ရွာလုံးကျွတ် ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ယင်း စာကြည့်တိုက် ပြန်လည် ရရှိရေး ဦးဆောင်သူ တစ်ဦးဖြစ်သူ မုံတောမြောက် ရွာသား ဦးတင်အုံးကျော်က ပြောကြားသည်။

အိုအိုင်စီဆန္ဒပြပွဲမှ အစ္စလာမ်စော်ကားမှု မလေးမွတ်စလင်များ ရှုံ့ချဆန္ဒပြ ပွဲ 28.11.2013

Photo

RangonNewsDaily:: November . 29 .2013
အိုအိုင်စီဆန္ဒပြပွဲမှအစ္စလာမ်စော်ကားမှုမလေးမွတ်စလင်များမှရှုံ့ချဆန္ဒပြ ပွဲ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း
သိရပါတယ် ။

အိုအိုင်စီဆန္ဒပြပွဲမှအစ္စလာမ်စော်ကားမှု မလေးမွတ်စလင်များ ရှုံ့ချဆန္ဒပြ

Photo: အိုအိုင်စီဆန္ဒပြပွဲမှအစ္စလာမ်စော်ကားမှု မလေးမွတ်စလင်များ ရှုံ့ချဆန္ဒပြ 


kolatt(PBDN): November . 29 .2013

 နိုဝင်ဘာ-၂၉ ၂၀၁၃ M-Media မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသားနှင့် ပတ်သက်ပြီး မလေးရှားနိင်ငံမှ မွတ်စလင်မ်များမှ ကန့်ကွက်သည့် ရှုတ်ချသည့် ဆန္ဒပြပွဲ ယနေ့ သောကြာနေ့ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်ခဲ့ကြပါသည်။ 

၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ရန်ကုန်မြို့ အပါအဝင်မြို့ကြီး များ ၌ ဗုဒ္ဓဘာသာရဟန်း
များ ဦးစီးကာ ကျင်းပခဲ့ရာတွင် ကိုင်ဆောင် သည့် vinyl ပိုစတာများတွင် “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” အပါ အစ္စလာမ်သာသနာတခုကို စော်ကားသည့် အသုံးအနှုန်းအများကို ကြေညာဆန္ဒပြခဲ့ခြင်းကြောင့် 

မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ကာ The Coalition Against Religious Extremism in Myanmar (CAREM) အမည်လုပ်ရှားမှု အနေဖြင့် ရှုံ့ချ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 

ဆန္ဒပြပွဲ နောက်ဆက်တွဲ သတင်းများ ထပ်မံဖော်ပြပေးသွားပါမည်။

M-Media ::--

RangonNewsDaily:: November . 29 .2013
နိုဝင်ဘာ-၂၉ ၂၀၁၃ M-Media မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်
မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို

" အွန်လိုင်းပေါ်ကသီချင်းများနှင့် သူတို့ရဲ့အမြင် "

Photo: " အွန်လိုင်းပေါ်ကသီချင်းများနှင့် သူတို့ရဲ့အမြင် "
Friday, November 29, 2013

ခေတ်ကာလ၏ လှုပ်ရှားမှုအရ ဖြစ်တည်ပေါ်ပေါက်လာခဲ့သော အင်တာနက်ဝက်ဘ်ဆိုက်များကို ပိုမို အသုံးပြုလာကာ တက်သစ်စ အဆိုတော်များ အနေဖြင့် မိမိတို့၏ သီချင်းများကို ပရိသတ်နားထောင်နိုင်စေရန် Download Link များ တင်တတ်ကြသလို ပရိသတ်အသိအမှတ်ပြုနာမည်ရ အဆိုတော် များအနေဖြင့်လည်း အခွေတစ်ခွေ ထွက်လာလျှင် မိမိသီချင်းကို ကြော်ငြာသောအားဖြင့် သီချင်းအပိုင်းအစလေးများအား အမြည်းအနေဖြင့် တင်ပေးတတ်ကြသည်များလည်းရှိသည်။ မည်သို့ပင်ဆိုစေ တိုး တက်လာသော ခေတ်ကာလကြီး ၌ နည်းပညာကို အသုံး ပြု၍ အလုပ်လုပ်နေကြသောအနုပညာရှင်များအနေဖြင့် နည်းပညာ၏ ကောင်းကျိုး၊ဆိုးကျိုး၊အကျိုးသက်ရောက်မှု အတိုင်းအတာများကို နာမည်ရအဆိုတော်များဖြစ်သည့် နိုင်းဝမ်း၊လွှမ်းပိုင်၊ ဘန်နီဖြိုး၊နန်းသူဇာတို့က ယခုလိုရှင်းလင်းပြောပြခဲ့သည်။

ပရိသတ်တွေကြားထဲ ပိုပျံ့နှံ့တဲ့ အရာတစ်ခုလို့ပဲ မြင်ပါတယ်…

► ဘန်နီဖြိုး

“ကိုယ်က ကောင်းတဲ့ နည်းလမ်းနဲ့ အသုံးချရင် ကိုယ့် အတွက် ကောင်းကျိုးဖြစ်ပြီး တော့ တစ်ခါတလေကျရင် လည်း ဆိုးကျိုးဖြစ်သွားနိုင် တာ တွေရှိတယ်။ဒီတော့ ကိုယ်လုပ် တဲ့အရာပေါ်မှာပဲ မူတည်တယ် လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက် Official အခွေချည်းပဲ ထွက် နေ၊ ထွက်နေ သီချင်းတွေက နောက်ဆုံး ကျရင်တော့ Down-load Link တွေနဲ့ အွန်လိုင်း ပေါ်ရောက်သွားကြတာပဲ။ ကျွန်တော်တို့က အဲဒါကို အကျိုးစီးပွားထက် ကိုယ့် သီချင်း ပရိသတ်တွေကြားထဲ ပိုပျံ့နှံ့တဲ့ အရာတစ်ခုလို့ပဲ မြင်ပါတယ်။ ကိုယ်က အခွေရောင်းစားနေ တာမှမဟုတ်တာ။ ကျွန်တော် တို့က သီချင်းဆိုဖို့အတွက်ပဲ လုပ်နေတာလေ။ အခုဆိုMyanmar Music Store ကနေ လုပ်တဲ့ System မျိုးဆို ဘာပဲဖြစ်ဖြစ် တော်တော်ကို အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လူကြီးတွေမှာလည်းအခက်အခဲတွေ ရှိသလို ကျွန် တော်တို့မှာ လည်း အခက် အခဲ တွေရှိတယ်။ တစ်ခါတလေ ကျရင်လည်း ကမောက်ကမ ဖြစ်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ အဲဒီ System ကအခုမှစလုပ် တာဖြစ်တဲ့အတွက် တအား ကို ကောင်းတဲ့ System မျိုးပါ။ နောက်ပိုင်းဆိုရင်လည်း ဝက်ဘ် ဆိုက်တွေကနေ ရောင်းတဲ့ သီချင်းတွေ၊ ကိုယ်ပိုင် Sample တွေနဲ့ ရောင်းတဲ့ဟာမျိုးတွေ ရှိလာမယ်လို့ ထင်ပါတယ်။ “

ဖေ့စ်ဘုတ်က လူတော်တော်များများ အကုန်လုံး သုံးနေ ကြတာ …
► လွှမ်းပိုင်

“ကျွန်တော့်အမြင်ပြော ရရင် နည်းပညာက social network ပိုင်းမှာ အကောင်း ဘက်ကို ပိုသွားတယ်လို့ ကျွန် တော်က မြင်ပါတယ်။ အဆိုတော် အသစ်တစ်ယောက် အနေနဲ့ ဆိုရင် သူ့မှာ တအားကောင်း တဲ့ သီချင်းရှိထားတယ်။ ဒါပေမဲ့ သူ့ မှာ အသိုင်းအဝိုင်း မရှိဘူး။ ပိုက်ဆံမရှိဘူး။ အဲဒါမျိုးဆိုရင် ဖေ့စ်ဘုတ်က သီချင်းshare တဲ့ ဝက်ဘ် ဆိုက်တွေမှာ Link လေးတင်လိုက်ရင် သူ့ သီချင်း ကို လူတွေနားထောင်မယ်။ ကျွန်တော်ကတော့ အကောင်း ဘက်က ပိုသွားမယ်လို့ပဲ မြင်ပါ တယ်။ ဖေ့စ်ဘုတ်က လူတော် တော်များများအကုန်လုံး သုံးနေ ကြတာဖြစ်တဲ့အတွက် တချို့က အကောင့်အတုတွေလုပ် တယ်။ အကောင့်အသစ်တွေ လျှောက် လုပ်ပြီးတော့ ဝင်ဆဲတာတို့ အဲဒီ လို မျိုးတွေတော့ ရှိတယ်။ အကောင်းနဲ့ အဆိုးက အမြဲ တမ်းရှိတယ်။ “

ရောင်းလိုက် လည်း ဒီသီချင်းက အွန်လိုင်း တက်မှာပဲလေ…

► နိုင်းဝမ်း


“ကောင်းတဲ့သီချင်းတွေဆို အွန်လိုင်းရောက်သွားတာ နှမြော ဖို့ ကောင်းတာပေါ့။ အွန်လိုင်း တင်တာကတော့ ကိုယ်လုပ်တဲ့ သီချင်း၊ ကိုယ်ပစ်တဲ့Target က အဓိကပါ။ ဥပမာ-အခွေ ထုတ်မလား၊ အခွေထုတ်ပြီး သီချင်းကို ရောင်းစားပြီးတော့ တကယ် Official အထိသွား မှာလား။ ဒါမှမဟုတ် ပရိသတ်ကို အလကားပေးလိုက်မှာလား နှစ် မျိုးတော့ တွေးရမှာပေါ့။ ရောင်းလိုက် လည်း ဒီသီချင်းက အွန်လိုင်း တက်မှာပဲလေ။ ကျွန်တော်တို့ အခွေ ဒီနေ့ ထွက်မယ်ဆို ဒီနေ့ည အဲဒီသီချင်း အွန်လိုင်းမှာရနေပြီ။ အဲဒီ တော့ ကိုယ်ပစ်တဲ့ Target ပေါ့။ အနုပညာကြေး ယူပြီး သီချင်း ကို ရောင်းမလား၊ ဒါမှမဟုတ် ပရိသတ်ကို အလကားပေး မလား။ ဒါကတော့ ကိုယ့် သမိုင်းပါပဲ။ကိုယ် က အခွေ ထွက် ချင်တယ်ဆိုရင်တော့ အခွေ တစ်ခွေစာ ဥထားလိုက်ပေါ့။ ဒါမှမဟုတ် Underground Sample ဝေချင်တယ်ဆိုရင် တော့ အွန်လိုင်းတင်လိုက်ရုံပဲ ပေါ့”

နန်းသူဇာတို့ဆိုရင်လည်း အခွေ မထွက် ခင်ကတည်းက အွန်လိုင်းတင်ဖြစ်ပါတယ်။ သီချင်းကို တစ်ပိုင်း၊ တစ်ပိုင်းစီဖြတ် ပြီးတော့ တင်တာမျိုး

► နန်းသူဇာ-

“အွန်လိုင်းက နာမည်ကြီး အနု ပညာရှင်၊ အဆိုတော်တစ်ယောက် အနေနဲ့ဆိုရင်တော့ သီချင်းတွေလုပ်သမျှကိုမတင်ကြဘူးလေ။ အသစ်တွေ ဆိုရင်တော့ ပိုကောင်းတာေ ပါ့။ နန်းသူဇာတို့ဆိုရင်လည်း အခွေမထွက်ခင် ကတည်းက အွန်လိုင်းတင်ဖြစ်ပါတယ်။ သီချင်းကို တစ်ပိုင်း၊ တစ်ပိုင်းစီဖြတ် ပြီးတော့တင်တာမျိုး၊ ကိုယ့်သီချင်းကို Promote လုပ်တာပေါ့နော်။ ကိုယ် ကလည်းအသစ်ဆိုတော့လေ။ နောက်ပြီးတော့သူများဝက်ဘ်ဆိုက်မှာ တင် လို့ရှိရင်လည်း ဘယ်လိုမျိုးရမလဲမေးဖြစ် တယ်။ လေ့ လာဖြစ်တယ်။ နောက်ပိုင်းဆိုရင်တော့မြန်မာနိုင်ငံမှာဝက်ဘ်ဆိုက်ကနေရောင်းဖို့အစီအစဉ်ရှိတယ် လို့ကြားတယ်။ အဲဒီလိုမျိုးဆိုရင်လည်းဝယ်ဖို့အစီအစဉ်ရှိပါတယ်”

မျိုးမောင်
Popular Journal

RangonNewsDaily:: November . 29 .2013
ခေတ်ကာလ၏ လှုပ်ရှားမှုအရ ဖြစ်တည်ပေါ်ပေါက်လာခဲ့သော အင်တာနက်ဝက်ဘ်ဆိုက်များကို ပိုမို အသုံးပြုလာကာ တက်သစ်စ အဆိုတော်များ အနေဖြင့် မိမိတို့၏ သီချင်းများကို

ကြက်ခြေနီအသင်းအမှတ်အသားသက်ဆိုင်သည့် တပ်ဖွဲ့မှလွဲ၍မည်သူမှအသုံးမပြုရန်ထုတ်ပြန်

RangonNewsDaily:: November . 29 .2013
မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှတ်အသားကို ကြက်ခြေနီ အသင်းများနှင့် တပ်မတော်ဆေး တပ်ဖွဲ့မှလွဲ၍ မည်သူမှအသုံးမပြု ရန် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံသည် ဂျီနီဗာအများ သဘောတူစာချုပ်များ လက်မှတ် ရေးထိုးထားသောအဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီပထမဂျီနီဗာသဘော တူညီစာချုပ် (၁၉၄၉)Article-53အရ ကြက်ခြေနီအမှတ်အသား (အနီရောင်ကြက်ခြေခတ်အမှတ် အသားနှင့်အနီရောင်လခြမ်းအမှတ် အသား)ကို အပြည်ပြည်ဆိုင်ရာ

ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို

Photo: ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို
Friday, November 29, 2013

နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက်နန်းတော်တွင် ကျင်းပ ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ဦးခင်ညွန့်နှင့် အင်တာဗျုးစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် ပြည်သူများ လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
“သာမန်လူတို့ မသိနိုင်တဲ့ နည်းပရိယာယ်တွေကို ကာကွယ်ဖို့ အတွက် ဘယ်လို နာမည်နဲ့ပဲ ဖြစ်ဖြစ် ထောက်လှမ်းရေး ဆိုတာကတော့ ရှိသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံခြုံရေးအတွက် ထောက်လှမ်းအဖွဲ့ ဖွဲ့ရန် မလိုအပ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးကိစ္စကို တပ်မတော်က တာဝန်ယူထားပြီး ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောကြားသည်။
“အာဏာရှင် ခေတ်ကလို ထောက်လှမ်းရေး အဖွဲ့တွေကို လက်ကိုင်တုတ်အဖြစ် သုံးပြီး နိုင်ငံရေးထဲ ဝင်စွက်ဖက်လာရင် ဘယ်သူ တာဝန်ယူမလဲ” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ကဲ့သို့သော အဖွဲ့အစည်းတစ်ခု အမြန်ဆုံ ဖွဲ့စည်းပေးရန်အတွက် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကတိပြုထားသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီဝင် ရာနှင့်ချီ၍ ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

“နိုင်ငံတစ်ခုရဲ့ ပြည်တွင်း လုံခြုံရေးက ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မှုတည်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်ကို ဖော်ထုတ်ဖို့၊ သံတမန် အရေခြုံထားတဲ့ သူလျှို လုပ်ငန်းတွေကို တားဆီးဖို့ စတဲ့ ကိစ္စရပ်တွေမှာ အထူးလေ့ကျင့်ထားတဲ့ ထောက်လှမ်းရေးတွေကသာ ဖော်ထုတ်နိုင်မှာပါ၊ အခု စနိုးဒန်ကိစ္စဆိုရင် ထောက်လှမ်းရေးရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေး မထိပါးအောင် ဘယ်လို စည်းကမ်းနဲ့ ထိန်းချုပ်မလဲဆိုတာ ဥပဒေ ပြဋ္ဌာန်းထားရင် ပူစရာမလိုပါဘူး” တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောကြားသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ် တာဝန်ကို ပူးတွဲ ထမ်းဆောင်နေချိန် ထောက်လှမ်းရေးအဖွဲ့မှာ ဖျက်သိမ်းခံခဲ့ရပြီး အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် နှစ်ရှည် ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ လွတ်မြောက် လာသော်လည်း ဗိုလ်မှူးချုပ် သိန်းဆွေ အပါအဝင် တပ်ဖွဲ့ဝင် ၂၂ ဦးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းများကို ဖွဲ့စည်း ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ် တို့တွင် နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: November . 29 .2013
နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်
လှမ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။

မြဝတီမြို့တွင် စားသောက်ဆိုင်အတွင်း နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ဝင်ပစ်

RangonNewsDaily:: November . 29 .2013
စား သောက်ဆိုင်အတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် လူတစ်ဦးအပြင်းအထန် သေနတ်ဒဏ်ရာရရှိခဲ့သည့်

ဖြစ်ရပ်တစ်ခု ယနေ့နေ့လယ်ပိုင်း က ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ် သည့် မြဝတီမြို့တွင် ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ့နေ့လယ် ၁၂နာရီခန့်ကကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့အထွက်လမ်း တွင်တည်
ရှိသည့် မြဝတီဂေါက် ကွင်းစားသောက်ဆိုင်၌ ယင်းမြို့ ရှိ ကသစ်သောက်ရေသန့်မှ ဦး မျိုးအောင်ဆိုသူကို အ
မည်မသိ သူတစ်ဦး က ပစ္စတိုသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။