Pages

Thursday, November 28, 2013

ဧည့်လမ်းညွှန်အသင်းကို ရွှေစားပွဲ စားသောက်ဆိုင် တောင်းပန်

RangonNewsDaily:: November . 28 .2013
အချက်အပြုတ်နှင့် ဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်နေပြီး စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချလျက်ရှိသော ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ မလိခလမ်းတွင် ဖွင့်လှစ်ထားသည့် Golden Table စားသောက်ဆိုင် သင်တန်းကြီးကြပ်သူ ပြင်သစ်နိုင်ငံသားနှင့် စားသောက်ဆိုင် လက်ထောက်မန်နေဂျာ ဖြစ်သူတို့က နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းသို့ လာရောက် တောင်းပန်ခဲ့ကြောင်း အဆိုပါအသင်း၏ ယင်းနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့

Photo: ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့
Thursday, November 28, 2013

ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြား လာသောကြောင့် ယခုအကြိမ် တန်ဖိုးနည်းဖုန်း အလုံး ၉၀ မဲဖောက်မှုတွင် ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဖုန်းလျှောက်ခွင့် လုံးဝ မပေးတော့ကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဧရာဝတီသို့ ပြောသည်။

“အရင် မဲဖောက်ခဲ့တဲ့ ၇ ကြိမ်မှာတော့ ဧည့်စာရင်းနဲ့နေတဲ့ သူတွေကိုပါ ဖုန်းလျှောက်ခွင့် ပေးခဲ့တယ်။ အခုတကြိမ်တော့ ဧည့်တွေ မပါတော့ဘူး။ အခုရပ်ကွက်ထဲမှာ ဖုန်း အလုံးရေ ၅၀၀ ကျော်ရသွားပြီ။ တချို့တွေကျတော့ ဖုန်းကို ပြန်ရောင်းစားတာမျိုးတွေလည်း ရှိတယ်” ဟု ဦးဇော်လွင်က ဆိုသည်။

ရပ်/ကျေး အုပ်ချုပ်ရေးပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကြောင့် ဧည့်စာရင်းများကို ဖုန်းမပေးရခြင်းဟု အကြောင်းပြသော်လည်း ဧည့်စာရင်းများကို ဖုန်းချပေးရသည်မှာ ရှုပ်ထွေးမှုများ ဖြစ်နေကြောင်း အောက်ခြေအာဏာပိုင် အဆင့်ဆင့်မှ တင်ပြလာသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။

“အဲဒီပြဿနာက ဖြေရတော်တော်ခက်တယ်။ အောက်ခြေကလည်း ဖုန်းလျှောက်တဲ့ အဆင့်တွေမှာ ဧည့်တွေကြောင့် လုပ်ငန်းရှုပ်ထွေးမှုတွေ ဖြစ်တယ်လို့ တင်ပြမှုတွေ ရှိတယ်။ ပထမတုန်းက အကုန်ပေးတာ။ အခု ၈ ကြိမ်မြောက်မှာတော့ ဧည့်တွေ မပေးတော့ဘူး။ အရင် မဲနှိုက်ပြီးသား မဲပုံးတွေကိုပဲ ဆက်ဖောက်ဖို့ လုပ်သလို တချို့ကလည်း ဧည့်တွေကို လုံးဝ ထုတ်လိုက်တာမျိုး ရှိတယ်” ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ရပ်ကွက်အတွင်း သာရေး၊ နာရေး လုပ်ငန်းများအတွက် ဧည့်စာရင်းဖြင့် နေထိုင်သူများထံမှ ပုံမှန်ပိုက်ဆံ ကောက်လေ့ ရှိသော်လည်း ဖုန်းလျှောက်ခွင့် အခွင့်အရေးကိုမူ မပေးခြင်းသည် မျှတမှု မရှိဟု ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများက ပြောဆိုလျက်ရှိကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်နိုင်က ပြောသည်။

“သာရေး၊ နာရေး၊ လမ်းကြေး၊ မီးကင်းကြေး လိုမျိုးဟာတွေ ကျတော့ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကိုပါ ကောက်ပြီး ဖုန်းလျှောက်ခွင့်ကျတော့ မပေးဘူးဆိုရင် မကောင်းတတ်လို့ နာရေးကလွဲရင် ကျန်တာ မထည့်နဲ့လို့ အိမ်ကလူတွေကို ပြောထားတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။

တန်ဖိုးနည်းဖုန်း ကျပ် ၁၅၀၀ တန်ဖုန်းမှာ ပြင်ပဈေးကွက်တွင် CDMA ဖုန်းတလုံးလျှင် ကျပ် ၇ သောင်း၊ GSM ဖုန်း တလုံးလျှင် ၁ သိန်း ၃ သောင်းအထိ ပေါက်ဈေးရှိနေသောကြောင့် တချို့မှာ ပြန်လည် ရောင်းချမှုများ ပြုလုပ်ကြကြောင်း သိရသည်။

“ကျနော်တို့ ရပ်ကွက်ကတော့ နဂိုကတည်းက ဧည့်စာရင်းနဲ့ နေတဲ့သူတွေကို မပေးတာ။ သန်းခေါင်စာရင်း အမှန်ရှိတဲ့သူတွေကိုပဲ ပေးတာ။ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကလည်း လိုချင်တာပေါ့။ ပြောလို့မရလို့သာ ဘာမှမပြောကြတာ” ဟု မြောက်ဒဂုံ (၃၃) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်ဇော်က ပြောသည်။

တန်ဖိုးနည်းဖုန်းမှာ အိမ်ပိုင်မရှိသူ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများအတွက် အဖိုးတန်သောကြောင့် ရောင်းချပေး သင့်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင်လည်း ၁၅၀၀ တန်ဖုန်း လျှောက်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအ၀ိုင်းကြား ပြဿနာ အကြီးအကျယ်တက်၍ လွှတ်တော်ကိုယ်စားလှယ် တချို့ပါ ၀င်ရောက် ရှင်းလင်း ပေးနေရကြောင်း တောင်ဥက္ကလာပ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာ စောနိုင်က ဧရာဝတီသို့ ပြောသည်။

“ပြဿနာက ဖုန်းမဲနှိုက်ကြတဲ့အခါ လျှောက်လွှာတင်ထားတဲ့ သူတွေက မဲပုံးကို ကြည့်ချင်တာကို ရပ်ကွက် ကော်မတီက ခွင့်မပြုဘူး။ နောက်ဆုံး ကော်မတီဝင် တယောက်က မဲပုံးကြီးယူပြီး ထွက်ပြေးသွားတဲ့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ တိုင်ထားတယ်။ တကယ်တော့ တန်ဖိုးနည်းဖုန်းဆိုတာ နေစရာအပိုင် မရှိသေးသူတွေ ရသင့်ပါတယ်။ အခု မိအေး နှစ်ခါနာ ဖြစ်တာပေါ့ ” ဟု ဒေါက်တာ စောနိုင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်းများ ဆက်လက် ချထားပေးသွားမည် ဖြစ်ပြီး တန်ဖိုးနည်း ဖုန်းများအတွက် ၀န်ထမ်းဝေစုကို ယခင်က သုံးပုံတပုံ ယူခဲ့သော်လည်း ယခုအခါ ရှစ်ပုံတပုံသာ ယူတော့ကြောင်း၊ နောက်ပိုင်းတွင် ၀န်ထမ်းဝေစု လုံးဝမယူတော့ဘဲ ပြည်သူသို့ အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲတွင် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲတွင် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: November . 28 .2013
ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်

Photo: တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်
Thursday, November 28, 2013

ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက စီရင်ချက်ချမည် ဖြစ်ကြောင်း တရားစွဲခံထားရသည့် လုပ်သားတစ်ဦး ဖြစ်သူ ဦးနေလင်းဦးက ပြောကြားသည်။

လုပ်သားများကိုခွဲခြားဆက်ဆံခြင်း ကိစ္စနှင့် အလုပ်ပြောင်းရွှေ့မှုများ မပြုလုပ်ရန်ကိစ္စ အပါအဝင် အလုပ်သမား အခွင့်အရေးများ အတွက် တော်ဝင်မိသားစု ကုမ္ပဏီ အလုပ်ရှင် ဦးကိုကိုထွေးနှင့် တိုက်ရိုက် တွေ့ဆုံရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က လုပ်သား ၄၀၀ ခန့် လာရောက်ခဲ့ ကြောင်း၊ ယင်းအနက် ဦးဆောင်သူ ခုနစ်ဦးကို စမ်းချောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြောင်း တရားစွဲ ခံထားရသည့် လုပ်သားများထံမှ သိရှိရသည်။

ဦးကိုကိုထွေးနှင့် တွေ့ဆုံရန် လုပ်သားများ ကားဖြင့် လာရောက်ခြင်း ဖြစ်သော်လည်း တော်ဝင်မြန်မာ ကုမ္ပဏီရှိသည့် စမ်းချောင်းမြို့နယ် ဦးဝီစာရလမ်းသို့ ကားဝင်၍ မရသဖြင့် ဟံသာဝတီ အဝိုင်းအနီးမှ စတင်ကာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်ပြီး တရားမဝင် စီတန်းလှည့်လည်ခဲ့ခြင်း မဟုတ်ကြောင်း ဦးနေလင်းဦးက ဆိုသည်။
“ကျွန်တော်တို့က မတရားခံရတာ။ တကယ်လို့ ထောင်ကျသွားရင်တောင် အယူခံ ဝင်သွားမှာပါ” ဟု ဦးနေလင်းဦးက ပြောကြားသည်။

တရားစွဲဆို ခံထားရသူ ခုနစ်ဦးတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သည်။ အဆိုပါ ကုမ္ပဏီသို့ လာရောက်၍ အလုပ်သမား အခွင့်အရေး တောင်းဆိုရန် တစ်စုံတစ်ရာ ခွင့်ပြုချက် ယူခဲ့ခြင်း မရှိခဲ့သဖြင့် ယင်းသို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

တော်ဝင်မြန်မာ သစ်အချောထည် လုပ်သားများကို ပုဒ်မ ၁၈ ဖြင့် အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တရားရုံးတို့ကလည်း လုပ်သားတစ်ဦးလျှင် ဒဏ်ငွေ တစ်သောင်းစီ ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း ပြစ်ဒဏ်ချခံခဲ့ရသည့် လုပ်သားများထံမှ သိရှိရသည်။

တောင်ဝင် သစ်အချောထည် လုပ်သား ၂၀၀ ကျော်သည် လုပ်သားများ သဘောမပါဘဲ အပြင်အလုပ်သို့ မပြောင်းရွှေ့ရန်၊ စည်းကမ်းများ ထုတ်ရာတွင် တစ်ဖက်သက် မလုပ်ရန်၊ ဆန္ဒပြကာလကို On Duty သတ်မှတ်ပြီး လုပ်ခပေးရန်၊ အလုပ်ရှင်လုပ်သား သဘောတူစာချုပ် ချုပ်ဆိုရန်၊ လူမှုဖူလုံရေးကတ် ပေးရန် အချက်ငါးချက် ရရှိရေးအတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ On Duty မှအပ ကျန်အချက်များကို လိုက်လျောရန် ခုံသမာဓိ ကောင်စီက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နှစ်လကျော် အကြာ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက် ချခဲ့သည်။

သို့သော်လည်း ယင်းဆုံးဖြတ်ချက်ကို အလုပ်ရှင်က လိုက်နာခြင်း မရှိဟုဆိုကာ အလုပ်ရှင်နှင့် လုပ်သားများ ရိုက်နှက်မှု ဖြစ်ပွားသည့်အထိ ပဋိပက္ခ ပြင်းထန်ခဲ့ပြီး လုပ်သားအချို့မှာ ပိုက်နက် ကျူးလွန်မှု အပါအဝင် အမူပေါင်း လေးခုဖြင့် ရွှေပြည်သာ မြို့နယ်တွင်လည်း တရားစွဲဆို ခံထားရသည်။

The Voice Weekly

RangonNewsDaily:: November . 28 .2013
ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက စီရင်ချက်ချမည် ဖြစ်ကြောင်း

ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိ၍ ဈေးသည်မိန်းကလေးတစ်ဦး သေဆုံး

RangonNewsDaily:: November . 28 .2013
ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိသဖြင့် ၁၆-နှစ်အရွယ်ဈေးသည် အမျိုးသမီးတစ်ဦး ကလေးမြို့ ပြည့်သူ့ဆေးရုံကြီးတွင် ယမန်နေ့က သေဆုံးခဲ့သည်။ “အမြန်ယာဉ်နားကပ်ပြီး လှေပေါ်ကနေ

ဈေးရောင်းတာပါ။ အမြန်ယာဉ် ထွက်ချိန်မှာ လှိုင်းကြောင့် လှေက မှောက်သွားတယ်။ လှေမှောက်သွားပြီး
 အမြန်ယာဉ်က ပြန်ဆုတ်လိုက်တဲ့အခါ ပန်ကာက လူအုပ်ထဲကို မွှေ့သွားတယ်။

လက်ဗီးယားမှ အရောင်းစင်တာ အမိုးပြိုကျမှုအတွက် ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

Photo: လက်ဗီးယားမှ အရောင်းစင်တာ အမိုးပြိုကျမှုအတွက် ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက် 
Thursday, November 28, 2013

နိုဝင်ဘာ ၂၆ရက်က လက်ဗီယားဝန်ကြီးချုပ်သည် မြို့တော်မှ အရောင်းစင်တာကြီးတစ်ခု၏ အမိုးပြိုကျခဲ့သည့် ဖြစ်ရပ် အတွက် တာဝန်ယူသည့်နေဖြင့် ရာထူုးမှ နှုတ်ထွက်သွားကြောင်းသိရသည်။

အမိုးပြိုကျမှုကြောင့် ၅၄ဦးသေဆုံးပြီး လူပေါင်း ၄၀ကျော် 
ဒဏ်ရာရရှိခဲ့သည်။ ၀န်ကြီးချုပ် ဗယ်ဒစ်ဒွန်ဘရောစကီးသည် လက်ဗီးယားသမိုင်းတွင် သက်တမ်းရှည် တာဝန်ထမ်းဆောင်ခဲ့သော
သူဖြစ် သည်။ သူ၏ ဆုံးဖြတ်ချက်သည် လက်ယာသမား အများစုနှင့် ဖွဲ့စည်းထားသော အစိုးရမှာအဖွဲ့ကို အားနည်းသွား စေခဲ့သည်။ 

လွန်ခဲ့သော တစ်ပတ်က ဖြစ်ပွားခဲ့သော မက်ဆီမာ အရောင်း
စင်တာကြီးမှ အမိုးပြိုကျမှုသည် လက်ဗီးယားတွင် ၁၉၉၁ခုနှစ် ဆိုဗီယက်ပြည်ထောင်စု အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားသည့် 
အဆိုးရွားဆုံး လူအသေအပျောက်များသည့် ဖြစ်ရပ် 
အဖြစ်ကြေညာသည်။ လက်ဗီယားအတွက် အကြီးမားဆုံး တုန်လှုပ်မှုလည်း ဖြစ်ခဲ့သည်။

ယင်းဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်လျှက်ရှိသည်။ ပြိုကျရသည့် အဓိကအကြောင်းအရင်းမှာ ဒီဇိုင်းအားနည်းမှုကြောင့် ဖြစ်နိုင်သလို အရည်အသွေး
ခိုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆထားသည်။ 
သမ္မတ အန်ဒရစ်ဘာဇင်ကမူ နှုတ်ထွက်ရန်ငြင်းဆိုထားပြီး ယာယီဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူလ၊ျှက် ရှိသည်။

ဒွန်ဘရောစတီးသည် ၂၀၀၉ခုနှစ်တွင် ၀န်ကြီးချုပ်တာဝန်ယူခဲ့စဉ်က လက်ဗီးယားစီးပွားရေးသည် အကျပိုင်းတွင် ရောက်ခဲ့သည်။
နိုင်ငံတော် ဘတ်ဂျတ်များ ဖြတ်တောက်ခြင်း အခွန်များ တိုးမြှင့်ခြင်းများ ရှိခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေကဲ့သို့သော အဖွဲ့အစည်းများမှ အကူအညီများလည်း တောင်းခံခဲ့သည်။

Ref: AP
The Myanma Age

RangonNewsDaily:: November . 28 .2013
နိုဝင်ဘာ ၂၆ရက်က လက်ဗီယားဝန်ကြီးချုပ်သည် မြို့တော်မှ အရောင်းစင်တာကြီးတစ်ခု၏ အမိုးပြိုကျခဲ့
သည့် ဖြစ်ရပ် အတွက် တာဝန်ယူသည့်နေဖြင့် ရာထူုးမှ နှုတ်ထွက်သွားကြောင်းသိရသည်။

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည်

Photo: ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည် 
Thursday, November 28, 2013

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။ 

နတ်သမီး နှင့် ကျွန်တော် ဇာတ်ကားသည် စာရေးဆရာ မင်းတစ်ခေတ်၏ ဝတ္တုကို ဇာတ်အိမ် အခြေခံထားပြီး ရိုက်ကူးမည်ဖြစ်သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည်ဖြစ်သော ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကောင်းပြည့် ၊ ခင်ဝင့်ဝါနှင့် ပွင့် တို့ ပါဝင် သရုပ်ဆောင်ထားကြမည်ဖြစ်သည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က " ဒီကားက အန်နီမေးရှင်း (animation) တွေ တစ်ကားလုံး နီးပါးပါတော့ ကားဆက်တာ နောက်ကျမှာဖြစ်တဲ့အတွက် ၂၀၁၄ ထဲ ဝင်သွားမှာပါ ။ ဒီဇာတ်ကားမှာ ခင်ဝင့်ဝါ ပထမဆုံး သရုပ်ဆောင်တာ ဆိုတော့ ဝါရင့် သရုပ်ဆောင်တွေ လိုတော့ မဟုတ်သေးဘူးပေါ့ ။ ဒါပေမဲ့ သူ့ကို သဘောကျတာက ရိုက်ကွင်းကို အချိန်အတိအကျလာတယ် အလုပ်ကို လေးစားတယ်၊ အရမ်းကြိုးစားတယ် အဲတာကြောင့် သူနဲ့ ဇာတ်ကားတွေ ဆက်ရိုက်သွားမှာပါ" ဟု ပြောသည်။ 

နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် ရိုက်ကူးတာဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်တွင် ရိုက်ကူး ပြီးစီးခဲ့သည်။ 

သရုပ်ဆောင် ခင်ဝင့်ဝါက "အခက်အခဲတော့ရှိပေမယ့် ညီမ တစ်ကားလုံးကို ကြိုက်ပါတယ် ၊ ဖန်စီ ဇာတ်ကားလေးဆိုတော့ ရိုက်ကူးရတာ ပျော်စရာလဲ ကောင်းပါတယ် ။ ညီမအနေနဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တော့ အားမရဘူး အများကြီး ကြိုးစားရအုံးမှာပါ လိုအပ်ချက်တွေ ရှိနေပါသေးတယ်" ဟု ဆိုသည်။ 

ဒါရိုက်တာ ကြည်ဖြူသျှင်က ခင်ဝင့်ဝါနှင့် နောက်ထပ် ဇာတ်ကား သုံးကား စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: November . 28 .2013
ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

RangonNewsDaily:: November . 28 .2013
မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ်ထပ်မံတိုးချဲ့မည်

Photo: ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ်ထပ်မံတိုးချဲ့မည်
Thursday, November 28, 2013

ကောင်းကင်မှ မီးပုံးပျံဖြင့် ရှေးဟောင်းပုဂံဒေသအား လှည့်လည် ကြည့်ရှုရသည့် လူစီးမီးပုံးပျံများကို ထပ်မံတိုးချဲ့ပြီး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြော သည်။

Ballon Over Bagan အမည်ဖြင့် ပုဂံတွင် ဝန်ဆောင်မှုပေး လျက်ရှိပြီး မန္တလေးမြို့၌ ပျံသန်းမည့်ခရီးလမ်းကြောင်းရှာဖွေခဲ့ပြီး ယခုနှစ်ရာသီအတွက် ယခုလ ၂၁ ရက်မှစတင်၍ ခရီးသည်များ အတွက် ဝန်ဆောင်မှုပေး
မည်ဖြစ်ကြောင်းသိရသည်။

မီးပုံးပျံခရီးစဉ်များအတွက် ခရီးသည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ဝဝ ကျော်ခန့်ကုန်ကျ၍ ကြာမြင့်ချိန်မှာ ၄၅ မိနစ်ခန့် ကြာမြင့်ပြီး နိုင်ငံခြားသားခရီးသွားများသည် ကောင်းကင်မီးပုံးပျံ ခရီးစဉ်များကို စိတ်ဝင်တစားစီးနင်းလိုက်ပါလျက်ရှိကြောင်းဝန်ဆောင် မှုပေးသောကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် မီးပုံးပျံလေးယောက်စီး အသေးနှစ်လုံး၊ မီးပုံးပျံ ရှစ်ယောက်စီး အကြီးလေးလုံးဖြင့် ပျံသန်းလျက်ရှိကြောင်းသိရသည်။ ထို့အပြင် ပုဂံနှင့်အင်းလေးဒေသတွင် ယခုနှစ်ခရီးသွားရာသီအတွက် ဒီဇင်ဘာလမှ စတင်ပျံသန်းသွားမည်ဖြစ်သည်။

The Union Daily

RangonNewsDaily:: November . 28 .2013
ကောင်းကင်မှ မီးပုံးပျံဖြင့် ရှေးဟောင်းပုဂံဒေသအား လှည့်လည် ကြည့်ရှုရသည့် လူစီးမီးပုံးပျံများကို ထပ်မံတိုးချဲ့ပြီး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြော သည်။

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်

Photo: ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်
Thursday, November 28, 2013

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။
´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊ နိုင်ငံရေးလုပ်ရမယ့် အခြေအနေမျိုး အချိန်အခါမျိုး ကျွန်တော်တို့အရွယ် မဟုတ်တော့ပါဘူး၊နောက်လူငယ်တွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့ လူငယ်တွေ၊ ပညာတတ် လူငယ်တွေ သူတို့ကနေ တိုင်းပြည်ကို ဆက်လက်ပြီးဦးဆောင်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်၊ ကျွန်တော် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတာ ဒီနေရာကနေပြီး အာလုံးကို ကတိပေးပါတယ်´ ဟု ပြောကြားခဲ့သည်။
ထိုသို့ အသိပေးပြောကြားခြင်းအပေါ် ၀ါရင့်အယ်ဒီတာတစ်ဦးက `နိုင်ငံရေး မလုပတော့ဘူးပြောရအောင် သူက ဘယ်တုန်းကများ နိုင်ငံရေးလုပ်ခဲ့လို့လဲ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့ အလုပ်ပဲ လုပ်ခဲ့တာ´ ဟု ဝေဖန်ခဲ့သည်။

(ဓါတ်ပုံ)မျိုးမင်းစိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: November . 28 .2013
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌

Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ

Photo: Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ
Thursday, November 28, 2013

လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

စာဖတ်သူတွေဟာ အသက် ၂၁အရွယ်ရှိတဲ့ အဆိုတော်မလေးကို ချီးကျူးထောပနာပြုဖို့ သောင်းသောင်းဖျဖျနဲ့ မဲပေးနေကြပါတယ်။ ဒုတိယနေရာမှာလိုက်နေတဲ့ ပြိုင်ဖက်ကတော့ CIA ရဲ့ ကွန်ပျူတာ အကျော်အမော်တစ်ယောက်ဖြစ်သူ Edward Snowden ဖြစ်တယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။

          တတိယနေရာမှာကတော့ အိန္ဒိယ နိုင်ငံရေးသမား Narendra Modi လို့သတင်းထွက်နေပြီး ဆီးရီးယား သမ္မတနဲ့ ရုရှားသမ္မတတို့က သူ့နောက်က လိုက်နေပါတယ်။

          ပါကစ္စတန် လူငယ်တက်ကြွလှုပ်ရှားသူ Malala Yousafzai , မင်းသမီး Angelina Jolie, ပုပ်ရဟန်းမင်း Francis, ဘက်စကတ်ဘော ကစားသမား LeBron James နဲ့ သမ္မတ Barack Obama တို့လည်း နာမည်ကြီး စာရင်းထဲမှာပါဝင်နေပါတယ်။

          မဲပေးခြင်းများကို ဒီဇင်ဘာလ (၄)ရက်နေ့ထိ နောက်ဆုံး သတ်မှတ်ထားပြီး Time ရဲ့ အယ်ဒီတာက “Person of the Year” ဘယ်သူဖြစ်မယ်ဆိုတာကို ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ တရားဝင်ကြေငြာမှာ ဖြစ်တာကြောင့် စောင့်ကြည့်ကြရပါဦးမယ်။

Trend Myanmar

RangonNewsDaily:: November . 28 .2013
လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

အလှအပအတွက် မျက်နှာသစ်ဆေးတောင် မသုံးဖြစ်ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ

Photo: အလှအပအတွက် မျက်နှာသစ်ဆေးတောင် မသုံးဖြစ်ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ
Thursday, November 28, 2013

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ  ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။ Body Treatment လောက်ပဲလုပ်ဖြစ်တယ်။ လုပ်ဖြစ်ရင်တော့ Spice Girl ပဲအမြဲသွားဖြစ်တယ်။’လို့ သူမကပြောပါတယ်။  သုံးနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူမက ‘ ရွှေမှုန်လောလောဆယ် မျက်နှာသစ်ဆေးတောင် မသုံးဘူး။ ဒါပေမဲ့ Dior က ထုတ်တဲ့ မျက်နှာလိမ်းဆေးတစ်မျိုးတော့ လိမ်းဖြစ်တယ်။ လိုးရှင်းကတော့ Victoria Secret သုံးတယ်။ အသားအရေအတွက် အသီးအနှံတွေလဲစားဖြစ်တယ်’တဲ့။ ဖက်ရှင်ပိုင်းကလည်း အနုပညာရှင်တွေအတွက် အရေးပါတာမို့ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘Free Style ပေါ့။ ဇာတ်ကားထဲမှာကျတော့ ဇာတ်လမ်းရပြီဆိုရင် ဒါရိုက်တာကိုမေးတယ်။ ကိုယ်လှဖို့မလိုဘူး။ ကာရိုက်တာဝင်ဖို့ပဲလိုပါတယ်။’လို့ သူမက ပြောသွားပါတယ်။

Trend Myanmar

RangonNewsDaily:: November . 28 .2013
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး (နေပြည်တော် အထူးသတင်း)

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး
(နေပြည်တော် အထူးသတင်း)

နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိ လမ်းမကြီးတစ်ခုတွင် ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင် လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်ဒေသခံများအကြား ပြောဆိုနေကြသည် ၊

သူရဲခြောက်သည်ဆိုသောလမ်းမကြီး၏ တည်နေရာမှာ လွှတ်တော်အဆောက် အဦးများ နှင့် မလှမ်းမကမ်းတွင်ရှိပြီး ဦးတင်အေး ဦးသန်းရွှေ ဦးမောင်အေး ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့ နေအိမ်များ၏ အနောက်ဖက်ပတ်လမ်းအဖြစ် ဖောက်လုပ်ထားသောလမ်းဖြစ်သည် ၊

နေအိမ်များဟုနာမည်တပ်ထားသော်လည်း လူရိပ်လူရောင်တခါမျှ မတွေ့ရပဲ ညဘက်ဆိုလျှင်လည်း အမှောင်ချထားတာများကြောင်း ဒေသခံများမှ ပြောကြသည် ၊

လူသွားလူလာအလွတ် ပြတ်တောက်သောလမ်းဖြစ်ပြီး တခါတရံ လက်နှက်ကိုင် အစောင့်များဖြင့် ပိတ်ထားတတ်တသောလမ်းလည်း ဖြစ်သည် ၊

ထိုနေရာတွင် ဦးသန်းရွှေ၏ အိမ်မှာ အနိမ့်အဖြစ်တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများဖို့ကာ ကွယ်ထားသဖြင့် လမ်းမှ လှမ်းကြည့်လျှင်မမြင်ရဟု သိရသည် ၊ ခြံထဲတွင်လည်း သစ်ပင် ဝါးပင်များ ပိတ်ပိတ်မှောင်နေအောင် စိုက်ထားသည် ဟု သိရသည်

၊အနားတစ်ဝိုက်ရှိ နေလက်စ ရွာဝိုင်းကလေးများကိုလည်း လူအဝင်အထွက်တင်းကျပ်ထားပြီး ညအိပ်ဧည့်သည် တားမြစ်ထားကြောင်းသိရသည် ၊

အနီးအနားတစ်ဝိုက်တွင် အခြားလူနေအဆောက်အဦးများ လုံးဝမဆောက်လုပ်စေပဲ သစ်ပင်များ စိုက်ခင်းများဖြင့်သာ ထားရှိကြောင်းသိရသည် ၊ ညဘက်သွားလျှင် အလွန်ခြောက်ခြားဖွယ်ကောင်းသော လမ်းဖြစ်သည် ၊

နေပြည်တော်သို့မကြာခဏသွားရသူတစ်ယောက်က အဲဒီမှာ လမ်းရှိမှန်းတောင် မသိဘူးဗျ လို့ဆိုကြောင်းသိရပါသည် ၊

အဆိုပါလမ်းသို့ ညသန်းခေါင်အချိန် ကိုယ်ပိုင်ကားဖြင့်
သွားမိသူတစ်ဦးက ကျနော် အဲဒီဘက်ကို မောင်းသွားမိတာ ညဘက်ကြီးဗျ သန်းခေါင်လောက်ရှိမယ် ကားရှေ့မီးရောင်မှာ အရိပ်လိုလို လူလိုလို တွေ့တော့ ကျနော်လည်း ဟွန်းတီးလိုက်တာ လှိုဏ်သံလိုလို

ပြန်ကြားရတယ် ၊ အဲဒါနဲ့ သေချာအောင်လို့ဆိုပြီး နောက်တစ်ချက်ထပ်တီးလိုက်တာ နောက်တစ်ခါထပ်ကြားရတယ်ဗျို့ တော်ပြီ နောက် အဲဒီဘက်မသွားတော့ဘူးဆိုပြီး နောက် ကျနော် ယောင်လို့တောင် မသွားတော့ဘူးဗျ ဟုပြောပါသည် ၊

အဆိုပါသတင်းကိုကြားသော အင်ဂျင်နီယာတစ်ဦးကမူ အဲဒီနားမှာ မြေအောက်လှိုဏ်ခေါင်းတွေရှိပုံရတယ်ဗျ လို့ မှတ်ချက်ချဘူးကြောင်းလည်း သိရသည် ၊

အဆိုပါ သရဲခြောက်သည်ဟုဆိုသောလမ်းကို ဂူဂယ်မတ် တွင် 19.759918,96.14306 ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)

Hawdeka Khalaylay

RangonNewsDaily:: November . 28 .2013
နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိလမ်းမကြီးတစ်ခုတွင်ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင်
လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်
ဒေသခံများအကြား ပြောဆိုနေကြသည် ၊

နယ်စပ်ဂိတ်ပေါက် ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး သုံးခုတို့တွင် အမြင့်ဆုံးအဆင့် လုံခြုံရေး ဆောင်ရွက်မှုစတင်

Photo: နယ်စပ်ဂိတ်ပေါက် ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး သုံးခုတို့တွင် အမြင့်ဆုံးအဆင့် လုံခြုံရေး ဆောင်ရွက်မှုစတင်
Thursday, November 28, 2013

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်များမှ ၀င်ရောက်လာနိုင်သည့် ဂိတ်ပေါက်ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေးဆောင်ရွက်မှုကို စတင်နေပြီဖြစ်ကြောင်း ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေး ဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

ယင်းကဲ့သို့ လုံခြုံရေးကို အမြင့်ဆုံးအဆင့်ဖြင့် ဆောင်ရွက်မှုတွင် အင်တာပို ရဲတပ်ဖွဲ့နှင့် အာဆီယံရဲတပ်ဖွဲ့တို့မှ Black List စာရင်းသွင်းထားသည့် ပြစ်မှုကျူးလွန်သူများ၏ မှတ်တမ်းများကို ရယူကာ လုံခြုံရေး ဆောင်ရွက်လျှက် ရှိနေကြောင်း သိရသည်။

ထို့အပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားပွဲရုံများနှင့် ဆက်စပ်တည်ရှိနေသည့် ရပ်ကွက်၊ မြို့နယ်များတွင်လည်း လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး မိုင်းရှာဖွေရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

"မြန်မာပြည်မှာကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲကြီးကို စည်စည်ကားကားနဲ့ အောင်မြင်စွာ ကျင်းပနိုင်အောင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးအပိုင်းတွေမှာ အမြင့်ဆုံးအဆင့်နဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ။ ပြည်ပ နယ်စပ်တွေကနေ နိုင်ငံအတွင်းကို ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေ၊ အားကစားပြိုင်ပွဲမှာ ကျင်းပမယ့် နေရာတွေ၊ ဟိုတယ်တွေနဲ့ အခြားနေရာတွေ အကုန်လုံးမှာ လုံခြုံရေးကို အသေးစိတ် ပိုမိုတိကျပြီး စနစ်ကျတဲ့ ရဲလုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်နေပါတယ်။ လုံခြုံရေးစစ်ဆေးမှုမှာ အသုံးပြုမယ့် နည်းပညာအထောက်အကူ ပစ္စည်းတွေကိုလည်း အလုံအလောက် ဖြည့်ဆည်းထားပါတယ်"ဟု ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ဆက်လက်၍ "အဆင့်မြင့် နည်းပညာတွေနဲ့ အထောက်အကူ ပစ္စည်းတွေကို အလုံအလောက်ထားရှိပြီးတော့ စစ်ဆေးသွားမယ့်အပြင် လုံခြုံရေးအင်အားကိုလည်း ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ် ၄၀ အတွင်း ပြန်လည်ကျင်းပမည့် ဆီးဂိမ်းစ် အားကစားပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းဆပ်ကော်မတီ ၁၄ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အားကစားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇော်ဝင်းက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

(မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြက်ခင်းတု ဟော်ကီကွင်းတွင် ဆီးဂိမ်းစ်အကြိုပြိုင်ပွဲ ပြုလုပ်နေစဉ် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် 
(ဓာတ်ပုံ-အောင်မျိုးသန့်))
Eleven Media Group
(မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြက်ခင်းတု ဟော်ကီကွင်းတွင် ဆီးဂိမ်းစ်အကြိုပြိုင်ပွဲ ပြုလုပ်နေစဉ် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်
(ဓာတ်ပုံ-အောင်မျိုးသန့်))
RangonNewsDaily:: November . 28 .2013
မြန်မာနိုင်ငံအတွင်းသို့နယ်စပ်များမှဝင်ရောက်လာနိုင်သည့် ဂိတ်ပေါက်ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်း
ပမည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေးဆောင်ရွက်မှုကို စတင်နေပြီဖြစ်ကြောင်း

ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဂျပန်နိုင်ငံသို့ ထွက်ခွာ

Photo: ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဂျပန်နိုင်ငံသို့ ထွက်ခွာ
Thursday, November 28, 2013

ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

''ကျွန်တော်တို့ရဲ့ လွှတ်တော်နာယကကြီးကို ဂျပန်နိုင်ငံရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌက ဖိတ်တဲ့အတွက် သွားကြတာ ဖြစ်ပါတယ်။ သွားတဲ့အထဲမှာ လွှတ်တော်ကိုယ် စားလှယ်တွေရော၊ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့တွေရောပါတယ်။ ဂျပန်နဲ့မြန်မာက ဆက်ဆံရေး အင်မတန် ကောင်းပါတယ်။ အရင်ကတည်းက ကောင်းတယ်။ အစိုးရချင်း ဆက်ဆံရေးကလည်း ကောင်းတဲ့အပြင် ပူးပေါင်းဆောင်ရွက် မှုတွေလည်း အများအပြား ရှိတယ်'' ဟု ဂျပန်ချစ်ကြည်ရေး ခရီးစဉ်၌ လိုက်ပါမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။

အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ၌ လွှတ်တော်၏ ဆောင်ရွက်မှုများ၊ ဖွဲ့စည်းမှု၊ ဥပဒေပြုမှုများကို အဓိကထား လေ့လာဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရပြီး စီးပွားရေး ကိစ္စရပ်များကိုလည်း လေ့လာဆွေးနွေး သွားမည်ဖြစ်ကြောင်း ဂျပန်ချစ်ကြည်ရေး ခရီးစဉ်၌ လိုက်ပါမည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌအပြင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၊ နီပွန်ဖောင်ဒေးရှင်းတို့မှလည်း ဖိတ်ကြားထားသည်။

ဂျပန်နိုင်ငံသို့ သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ရောက်ရှိလာသော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းအား တွေ့ရစဉ်

Eleven Media Group

RangonNewsDaily:: November . 28 .2013
ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

ကမ္ဘာ့ဖလား ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဘရာဇီးအတွက် နောက်ဆုံးပေါ် ပြသနာ

Photo: ကမ္ဘာ့ဖလား ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဘရာဇီးအတွက် နောက်ဆုံးပေါ် ပြဿနာ
Thursday, November 28, 2013

ကမ္ဘာ့ဖလား(၅)ကြိမ် ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးဟာ (၂၀၁၄)ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့အတွက် အခက်အခဲ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့အတွက်
နောက်ဆုံးပေါ်ပြဿတာ့ လာမယ့် ဒီဇင်ဘာမှာ ကွင်း(၆)ကွင်း ပြင်ဆင်မှု အပြီးသတ်နိုင်ပါ့မလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲ ကျင်းပမယ့် ဆော်အိုပေါ်လိုကဘောလုံးကွင်းဟာ ၀န်ချီစက်နဲ့ တိုက်မိတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့သလို လူ(၃)ဦး သေဆုံးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ 

အီတာကွီရာအိုလို့ အမည်ရတဲ့ ကိုရင်သီယန်ကွင်းဟာ (၉၄)ရာခိုင်နှုန်းအထိ ပြင်ဆင်ပြီးစီးခဲ့ပေမယ့် နောက်ဆုံးပိတ်အနေနဲ့ ကွင်းအမိုးတပ်ဆင်နေချိန်မှာ ကွင်းဘက်ခြမ်းကို ၀န်ချီစက် ပြိုကျခဲ့တာဖြစ်ပါတယ်။ ဘရာဇီးအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ကွင်း(၁၂)ကွင်းအနက် (၆)ကွင်းကို ဒီဇင်ဘာ(၂၀)မှာ အပြီးသတ်ပြင်ဆင်ရမယ်လို့ ဖီဖာက သတိပေးထားပါတယ်။ ဒီလိုအချိန်ကာလမျိုးမှာ အခုလို ပြဿနာပေါ်ပေါက်ခဲ့ရတာဟာ ဘရာဇီးအတွက် ပူပန်စရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မိုးသည်းထန်စွာရွာတဲ့အတွက် အမာဇိုနီးယားကွင်း အမိုးပေါက်ပြဲခဲ့ပါသေးတယ်။

အီတာကွီရာကွင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများ

ကမ္ဘာ့ဖလားတွင် ပရိသတ်(၆၅၀၀၀) ကြည့်ရှုနိုင်မည်

ကမ္ဘာ့ဖလားပြီးလျှင် ပရိသတ် (၄၈၂၃၄) ကြည့်ရှုနိုင်မည့်ကွင်းအဖြစ် ပြောင်းလဲမည်

အုပ်စုပွဲစဉ်(၄)ပွဲ၊ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲ တစ်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်(၁)ပွဲ လက်ခံကျင်းပမည်

ကွင်းတည်ဆောက်မှု ကုန်ကျစရိတ် ဒေါ်လာ (၂၁၈.၁)သန်းရှိသည်

ပြင်ဆင်မွမ်းမံမှုအတွက် လုပ်သား (၂၃၀၀)ထိ ခေါ်ယူထားသည်

http://yoyarlay.com/sport/football/38935-2013-11-27-18-39-34

RangonNewsDaily:: November . 28 .2013
ကမ္ဘာ့ဖလား(၅)ကြိမ် ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးဟာ (၂၀၁၄)ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့အတွက် အခက်အခဲ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့အတွက် နောက်ဆုံးပေါ်ပြဿတာ့ လာမယ့် ဒီဇင်ဘာမှာ ကွင်း(၆)ကွင်း ပြင်ဆင်
မှု အပြီးသတ်နိုင်ပါ့မလားဆိုတာပါပဲ။

အိုင်ဖုန်းသူခိုးက ပိုင်ရှင်ထံ ဖုန်းနံပါတ်များ လက်ရေးနှင့်ပြန်ပို့ပေး

Photo: အိုင်ဖုန်းသူခိုးက ပိုင်ရှင်ထံ ဖုန်းနံပါတ်များ လက်ရေးနှင့်ပြန်ပို့ပေး
Wednesday, November 27, 2013

ဖုန်းသူခိုး တစ်ယောက်သည် မိမိခိုးယူထားသော အိုင်ဖုန်းထဲမှ ဖုန်းနံပါတ်များကို လက်ရေးနှင့် ၁၁ မျက်နှာတိတိ ကူးယူပြီး ပိုင်ရှင်ထံ ပို့ပေးသည့် အဖြစ်အပျက်တစ်ခု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဇောင်ဘင်း ဆိုသူသည် တက္ကစီကား စပ်တူငှားစီးရာမှ သူ့ထံက အိုင်ဖုန်းကို အခြား တစ်ယောက်က နှိုက်သွားပြီးနောက် ယခုကဲ့သို့ ဖုန်းနံပါတ်များကို ကူးပြီး ပို့ပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဇောင်သည် သူ့အိုင်ဖုန်းထဲတွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၁၀၀၀ ခန့်ကို မှတ်သားထားပြီး ထိုနံပါတ်များကို အခြား တစ်နေရာရာတွင် သိမ်းဆည်းထားခြင်းလည်း မရှိပေ။ သူက မိမိအနေနှင့် ဖုန်း ပျောက်ခြင်းထက် သိမ်းဆည်းထားသည့် အချက်အလက်များ ဆုံးရှုံးမှုကို ပိုပြီး စိတ်ပျက်မိကြောင်း သတင်းအဖွဲ့သို့ ပြောကြားသည်။

ဇောင်က သူ့အနေနှင့် အခိုးခံရသည့် ဖုန်းထံစာပို့ကာ မိမိအနေနှင့် တက္ကစီကား အတူငှားစီးစဉ်က ဖုန်းခိုးသွားသည်ကို သိကြောင်း၊ မဖြစ်မနေ ရအောင်ပြန်ရှာမည် ဖြစ်ကြောင်းကို စာပေးပို့ခဲ့သည်။ ထို့ပြင် မိမိထံ အောက်ပါလိပ်စာအတိုင်း ချက်ချင်း ပြန်ပို့ပေးရန် တောင်းဆိုရာ၌ ဖုန်းပြန်မလာဘဲ၊ လက်ရေးစာ တစ်ထပ်ကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

သူခိုးက အွန်လိုင်းပေါ်တွင် ထိုသို့ အရေးကြီးသည့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြန်လည်ပေးပို့ခြင်း အပေါ်တွင် ထောက်ခံသူများ ရှိနေကြသည်။

တရုတ်နိုင်ငံအတွင်း Twitter ကဲ့သို့ အသုံးပြုနိုင်သည့် ဆိုရှယ်ကွန်ရက် Weibo တွင် လုပ်ငန်း ကိုယ့်ကိုယ်ကျင့်တရားကို နားလည်ပြီး ယခုကဲ့သို့ ဖုန်းနံပါတ်များ ရေးပို့ပေးလိုက်သည့် သူခိုးကို ခွင့်လွှတ်ပေးရန် တောင်းပန်ထားကြောင်း တွေ့ရသည်။

The Voice Weekly

RangonNewsDaily:: November . 28 .2013
ဖုန်းသူခိုး တစ်ယောက်သည် မိမိခိုးယူထားသော အိုင်ဖုန်းထဲမှ ဖုန်းနံပါတ်များကို လက်ရေးနှင့် ၁၁ မျက်နှာတိတိ ကူးယူပြီး ပိုင်ရှင်ထံ ပို့ပေးသည့် အဖြစ်အပျက်တစ်ခု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယတွင် ကျောင်းသားပေါင်း ၄၀၀ကျော်ခန့် အစာအဆိပ်သင့်

Photo: အိန္ဒိယတွင် ကျောင်းသားပေါင်း ၄၀၀ကျော်ခန့် အစာအဆိပ်သင့်
Wednesday, November 27, 2013

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၄၀၀ကျော်ခန့်သည် နေ့လည် စာအဖြစ် ကိတ်မုန့်တစ်မျိုးကို ကျွေးခဲ့ရာမှ အစာအဆိပ်သင့် ခဲ့ကြသဖြင့် ဆေးရုံသို့ပို့ခဲ့ရကြောင်း ဟိန္ဒူစတန်ဒီတိုင်းမ်း သတင်းစာတွင် နိုဝင်ဘာ ၂၆ရက်က ရေးသားခဲ့သည်။ 
နိုဝင်ဘာ ၂၅ရက်က အန်ဂျူမန်နျူမန်အစ္စလမ်အာဒုကျောင်းရှိ တစ်တန်းမှ ရှစ်တန်းအထိသော ကျောင်းသားများသည် နေ့လည်စာစားပြီးချိန်တွင် မသက်မသာ ခံစားရကြောင်း ဆရာများကို ပြောပြကြသည်။ ကျောင်းသာအချို့မှာ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်းများဖြစ်လာသည့်အတွက် သူတို့ကို ဆေးရုံသို့ ခေါ်ဆောင်သွားကြခြင်းဖြစ်သည်။ ယခုဖြစ်ရပ်သည် ဘီဟာပြည်နယ်အရှေ့ပိုင်းတွင်မှ စာသင်ကျောင်းတစ်ကျောင်းတွင် နေ့လည်စာကြောင့် ကျောင်းသား ၂၃ဦး အစာအဆိပ်သင့်ပြီး လေးလအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မွန်ဘိုင်းကျောင်းမှ ကျောင်းအုပ် အင်အမ်မယ်လိခ်က ကျောင်းသားများကို နီးစပ်ရာဆေးရုံသို့ ချက်ချင်းပို့ပေးခဲ့ရကြောင်း သတင်းစာကို ပြောပြခဲသည်။ ဆရာဝန် အုခါရက်အန်ဂာချက်ကာက ထိုနေ့ကတည်းက ကျောင်းသားအများစုမှာ ပြန်လည်ကောင်းမွန်သွားခဲ့ကြောင်း၊ မည်သည့်ကလေးမှ စိုးရိပ်စရာ အခြေအနေမျိုး မရှိကြောင်းဆိုသည်။ ကျောင်းသား ၁၂၀ခန့်ကို ဆေးရုံတင်ထားခဲ့သည်။

Ref: HT
ွှ့The Myanma Age

RangonNewsDaily:: November . 28 .2013
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၄၀၀ကျော်ခန့်သည် နေ့လည် စာအဖြစ် ကိတ်မုန့်တစ်မျိုးကို ကျွေးခဲ့ရာမှ အစာအဆိပ်သင့် ခဲ့ကြသဖြင့် ဆေးရုံသို့ပို့ခဲ့ရကြောင်း ဟိန္ဒူစတန်ဒီတိုင်းမ်း သတင်းစာတွင် နိုဝင်ဘာ ၂၆ရက်က ရေးသားခဲ့သည်။

"အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ရုပ်တွေ အကြောင်း ပြောသူ ခိုင်သင်းကြည်"

Photo: "အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ရုပ်တွေ အကြောင်း ပြောသူ ခိုင်သင်းကြည်"
Wednesday, November 27, 2013

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေး က အချစ် အပျော် ဇာတ်ကားလေး ဖြစ်ပါတယ်။ 

ခိုင်သင်းကြည် အနုပညာ အလုပ် စလုပ်ကတည်းက ပရိုဂျူဆာ ၊ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ကိုပဲ လက်ခံ ရိုက်ကူးခဲ့ တာဖြစ်ပြီး ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားလေးတွေ ပရိသတ်ဆီ မှာစွဲ ထင်ပြီး ကျန်ခဲ့တာက ပရိုဂျူဆာ၊ ဒါရိုက်တာတွေကြောင့် လို့ဆိုပါတယ်။

“အစ်မ ကတော့ ဇာတ်တွေကို ရိုက်တဲ့အခါမှာ ကိုယ်တိုင်တော့ မရွေး ချယ် ဖြစ်ပါဘူး။ ကိုယ့်ဆီလာတဲ့ ဇာတ်ကိုပဲ ရိုက်ဖြစ်တယ်။ ဒါ ရိုက်တာနဲ့ ပရိုဂျူဆာတွေ ကလည်း ကိုယ်နဲ့ လိုက်တဲ့ ဇာတ်တွေကို ပဲပေးတယ်။ အဲဒီအတွက် အဆင် လည်းပြေတယ်။ “ရက်ပါရွှေရိုး” တို့၊ “မော်ဒယ်ဗွေး တုတ်” ဇာတ်တွေ ဆိုလည်း ပရိုဂျူဆာကြောင့်ပဲ ရိုက်ဖြစ်တယ်။ ဇာတ်ကားလေး ကလည်း ပရိသတ် ကြိုက်ပြီး လက်ခံ သွားတော့ သူတို့ရဲ့အမြင်ကြောင့် လို့ပြောလို့ ရတယ်။ အစ်မကတော့ ကိုယ့်ကို လာပေး တဲ့ ဇာတ်ပေါ် မူတည်ပြီး အကောင်းဆုံး သရုပ်ဆောင် ဖြစ်တယ်။ 

မပုကျွတ် ကာရိုက်တာ မှာ သရုပ်ဆောင်ပြီး ရိုက်တဲ့ အခါ မှာလည်း ဦးစင်ရော်မောင်မောင် ရိုက်တဲ့ နိုင် ငံ တော် ကား လည်း ဖြစ်တယ်။ အဲဒီ အချိန်တုန်းက ဆိုရင် အစ်မက ရုပ်ရှင် ဗီဒီယိုတွေ လုံးဝ မရိုက်ဖြစ် သေးတဲ့ အချိန်မှာ ရိုက်ခွင့် ရလို့ ရိုက်ဖြစ်လိုက်တယ်။ အစ်မ အိမ်က လည်း အစ်မကို အပြင် ဇာတ်ကား တွေ ပေး မရိုက်သေးတော့ ဒီနိုင်ငံ တော် ဇာတ်ကား မှာ မပုကျွတ် ကာရိုက် တာလေး နဲ့စပြီး ရိုက်ဖြစ်သွားတယ်။ မထင်မှတ်ဘဲ ဇာတ်ကားလေး ကလည်း ပရိသတ် တော်တော် ကြိုက်သွား တယ်။ အစ်မ ကိုလည်း ပရိသတ်တွေ က ပိုပြီး သိသွားတယ်။ မပုကျွတ်က အစ်မနဲ့ လိုက်တဲ့ ပုံစံလေး လည်း ဖြစ် သွားတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျား မှာလည်း စွဲသွားတယ်။ မပုကျွတ် ဆို အခု အချိန်ထိ ပရိသတ်တွေဆီမှာ စွဲနေကြ သေးတယ် လို့ထင်တယ်။ အစ်မ အ တွက် မပုကျွတ် ကအမှတ်တရ ဇာတ်ရုပ် လို့ပြောလို့ရတယ်” လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
Popular Journal

RangonNewsDaily:: November . 28 .2013
ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေး က အချစ် အပျော် ဇာတ်ကားလေး ဖြစ်ပါတယ်။

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်

Photo: မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်
Wednesday, November 27, 2013

အမေရိကန် သန်းကြွယ်သူဌေးမလေးအဖြစ် စတင်လူသိများလာသော Reality TVစတားသည် (၂၀၀၁)ခုနှစ်က အဆိုပါ ဗီဒီယိုကို ချစ်သူဟောင်း ရစ်ခ်ဆာလမွန်နှင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်
သူမ၏ မဖွယ်မရာ ဗီဒီယိုကို အင်တာနက်တွင် တရားမဝင် ရောင်းချနေသည့် ဆလိုဗေးနီးယား ဝက်ဘ်ဆိုက်တစ်ခုကို ပဲရစ်ဟီလ်တန်က တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။ အသက်(၃၂)နှစ်ရှိ ပဲရစ်သည် သူမ၏ နာမည်ကျော် 1 Night in Paris လိင်မှုဗီဒီယိုကို ရိုက်ကူးခဲ့ပြီးနောက် မူပိုင်ခွင့် ပြဿနာများနှင့် မကြာခဏ ကြုံခဲ့ရပြီး ဖြစ်သည်။ ParisHiltonPornVideos.comဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်တစ်ခုက ယင်းဗီဒီယိုကို ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး ပဲရစ်၏ ဥပဒေရေးရာ အဖွဲ့က တရားဝင် ကန့်ကွက်မှု ပြုလုပ်ထားပြီး ဖြစ်သည်။

ထို့အပြင် အဆိုပါဝက်ဘ်ဆိုက်ကို တရားရေးအရ ရင်ဆိုင်ရန်လည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း သတင်းများက ဆိုသည်။ အမေရိကန် သန်းကြွယ်သူဌေးမလေးအဖြစ် စတင်လူသိများလာသော Reality TVစတားသည် (၂၀၀၁)ခုနှစ်က အဆိုပါ ဗီဒီယိုကို ချစ်သူဟောင်း ရစ်ခ်ဆာလမွန်နှင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် သူမက အဆိုပါဗီဒီယိုကို တရားဝင် ခွင့်ပြုချက် မရှိဘဲ ရောင်းချနေသည့် ဝက်ဘ်ဆိုက်ကို ပိတ်ပစ်ရန်နှင့် ဝက်ဘ်ဆိုက်အမည်ကို သူမပိုင်အဖြစ် လွှဲပေးရန် တရားရုံးသို့ တောင်းဆိုထားကြောင်း သိရသည်။

ပဲရစ်၏ ဗီဒီယိုကို (၂၀၀၄)ခုနှစ်၊ ဇွန်လက Red Light District Video၏ တာဝန်ယူ ဖြန့်ချီခဲ့သည်။ အဆိုပါ ဗီဒီယိုကို အနီအောက် ရောင်ခြည်သုံး ညကြည့်ကင်မရာဖြင့် ရိုက်ယူထားပြီး ပဲရစ်၏ ဆဲလ်ဖုန်း မြည်လာချိန်တွင် အဆုံးသတ်သွားသည်ကို မှတ်တမ်းတင်ထားသည်။ (၆၂)မိနစ် ကြာမြင့်သည့် ဗီဒီယိုကို Vivid Entertainmentက မူပိုင်ခွင့် ဝယ်ယူထားခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 28 .2013
မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်
သူမ၏ မဖွယ်မရာ ဗီဒီယိုကို အင်တာနက်တွင် တရားမဝင် ရောင်းချနေသည့် ဆလိုဗေးနီးယား ဝက်ဘ်ဆိုက်တစ်ခုကို ပဲရစ်ဟီလ်တန်က တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။

ရဲဘော်သုံးကျိပ်ဝင်များအနက် နောက်ဆုံးကျန်ရှိသူ ဗိုလ်ရဲထွဋ် ကွယ်လွန်

RangonNewsDaily:: November . 28 .2013
ရဲဘော်သုံးကျိပ်ဝင်များအနက် နောက်ဆုံး ကျန်ရှိသူဖြစ်သော ဗိုလ်ရဲထွဋ်မှာ နိုဝင်ဘာ ၂၇ရက်(အမျိုးသားနေ့)
 ည ၉ နာရီမိနစ်၂၀အချိန်တွင်ရန်ကုန်မြို့ရှိ သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏သားဖြစ်
သူ ဦးကျော်ကျော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။"ည ၉ နာရီ ၂၀ မိနစ်က သုခကမ္ဘာ
ဆေးခန်းမှာ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားခဲ့တာပါ။ မနက်ဖြန်နံနက် ရေဝေးကို ပို့ဆောင်မှာ ဖြစ်ပါတယ်"
ဟု ဦးကျော်ကျော်က နိုဝင်ဘာ ၂၇ ရက်ည ၁၀ နာရီခွဲအချိန်က ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR) ညနေပိုင်း မှာ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပါတော့မယ်

Photo: ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR) ညနေပိုင်း မှာ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပါတော့မယ်
Thursday, November 28, 2013

ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်း ၀င်ရောက်တော့မယ့် အနေအထားပါ။ အခုလိုပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR) အားလျော့ကျလာပြီး (၂၈-၁၁-၂၀၁၃) ညနေပိုင်း မှာ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပါတော့မယ်။
Storm News Update
28-11-2013
4:28 am

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း 05B(LEHAR) ဟာ (၂၇-၁၁-၂၀၁၃)ရက် ညသန်းကောင်ယံ အချိန်မှာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီး(SCS)(လေတိုက်နှုန်း (50-63 knots) အဆင့်မှ ဆိုင်ကလုန်း မုန်တိုင်း (CS) (လေတိုက်နှုန်း 34-49 knots)အဆင့်သို့ အားလျော့ကျလာခဲ့ကာ (၂၈-၁၁-၂၀၁၃)ရက် ညနေပိုင်းမှာ အိန္ဒိယနိုင်ငံ Utar Pradesh ပြည်နယ်ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက် ပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်
မှတ်ချက်။ မနေ့ကမှ ပေါင်းတည်ဟောပြောပွဲက ပြန်ရောက်ပါတယ်။

Popular Journal

RangonNewsDaily:: November . 28 .2013
ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်း ၀င်ရောက်တော့မယ့် အနေအထားပါ။ အခုလိုပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

၁၅ဝဝတန်ဖုန်း ချထားပေးခြင်း ရပ်ဆိုင်းမည် မဟုတ်ဟုဆို

Photo: ၁၅ဝဝတန်ဖုန်း ချထားပေးခြင်း ရပ်ဆိုင်းမည် မဟုတ်ဟုဆို
Thursday, November 28, 2013

ကျပ်၁၅ဝဝတန် မိုဘိုင်းဖုန်း များ ချထားပေးခြင်း ရပ်ဆိုင်း မည့် သတင်းမှာ မှန်ကန်မှုမရှိ ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးသိန်းဟုတ်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။ 

အွန်လိုင်းမီဒီယာအချို့တွင် ကျပ် ၁၅ဝဝ ဖုန်းချထားခြင်းကို ဒီဇင် ဘာလမှ စတင်ရပ်ဆိုင်းမည်ဖြစ် ကြောင်း၊ ကျပ် ၂ဝဝဝဝတန် ဖုန်း များကိုသာ လိုသလောက်ချပေး တော့မည်ဖြစ်ကြောင်း ရေးသား ဖော်ပြမှုများနှင့်ပတ်သက်၍ ယနေ့တွင် ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။ 

ဦးသိန်းဟုတ်က ''မဟုတ် ပါဘူး။ ကောလာဟလတွေ မယုံပါနဲ့ ။ ဆက်ချပေးမှာပါ'' ဟုပြောသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သိပ်သည်းဆသည် ယခုအချိန်ထိထပ်မံချထားပေးရန် လိုအပ်နေသေးကြောင်း MPTက သုံးသပ်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း တစ်လုံးဈေးနှုန်းသည် ၂ဝဝ၉ ခုနှစ်အထိ တစ်လုံးကျပ်၁၅သိန်း ထိရှိနေရာမှ ၂ဝ၁ဝပြည့်နှစ်တွင် ကျပ်ငါးသိန်းတန်အဖြစ် ချပေး ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ကျပ် နှစ်သိန်းသို့လည်းကောင်း၊၂ဝ၁၃ ခုနှစ်တွင် ကျပ် ၁၅ဝဝသို့လည်း ကောင်း အသီးသီးလျော့ကျလာ ခဲ့သည်။ လက်ရှိ အစိုးရသစ် လက်ထက်တွင်ကျပ်နှစ်သိန်းဖြင့် စတင်ချပေးစဉ်မှ အစပြုပြီး ပြည်သူအများစု ဖုန်းကိုင်လာ နိုင်ခဲ့ပြီး၂ဝ၁၃ခုနှစ်တွင် လူတန်း စားမရွေးကိုင်နိုင်သည့် ကျပ် ၁၅ဝဝ အဆင့်သို့ရောက်ရှိလာ
ကြောင်းသိရသည်။ 

မိုဘိုင်းဖုန်း နည်းစနစ်တွင်လည်း ယခင်GSM နှင့် CDMA နှစ်မျိုးအသုံး ပြုခဲ့ပြီး ယခုအခါ WCDMA အဆင့်ထိ နည်းပညာတိုးမြှင့် အသုံးပြုခွင့်ရရှိလာခဲ့သည်။

ရွှေအာကာ
The Union Daily

RangonNewsDaily:: November . 28 .2013
ကျပ်၁၅ဝဝတန် မိုဘိုင်းဖုန်း များ ချထားပေးခြင်း ရပ်ဆိုင်း မည့် သတင်းမှာ မှန်ကန်မှုမရှိ ကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးသိန်းဟုတ်က ပြည်ထောင်စုနေ့စဉ်
သို့ပြောသည်။