Pages

Wednesday, November 27, 2013

Dream Asia Awards ရရှိသည့်မြန်မာဘောလုံးအဖွဲ့ချုပ်

Photo

RangonNewsDaily:: November . 27 .2013
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ယနေ့ ကျင်းပသည့်အာရှဘောလုံးအဖွဲ့ချုပ်(AFC)တစ်နှစ်တာအကောင်း
ဆုံးဆုများ ပေးအပ်ပွဲ( AFC Annual Awards 2013 ) အခမ်းအနားတွင်

" ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့၍ အရေးယူခံရ သူနှစ်ဦး နိုင်ငံတော်အဆင့်အထိ အယူခံဝင်မည် "

Photo: " ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့၍ အရေးယူခံရ သူနှစ်ဦး နိုင်ငံတော်အဆင့်အထိ အယူခံဝင်မည် " 
Tuesday, November 26, 2013

ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့်အရေးယူခံထားရသည့် ကိုကျော်ဂွန်း နှင့် မမေစံပါယ်ဖြူတို့မှ ၎င်းတို့အပြစ်မရှိကြောင်း ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင်အအထိ အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးကပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ၂၀၁၂ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြရာတွင် ပါဝင်ခဲ့သည့် 

ကိုကျော်ဂွန်းနှင့် မမေစံပါယ်ဖြူတို့အပေါ် စမ်းချောင်းနှင့် ဒဂုံမြို့နယ်တရားရုံးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခဲ့ပြီးယင်းအမှုအတွက် ထောင်ဒဏ်တစ်လ 
(သို့)ငွေဒဏ် တစ်သောင်းချမှတ်ခဲ့သည်ဟု သိရသည်။

ထိုသို့အမိန့်ချမှတ်ရာတွင် ၎င်းတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ငွေဒဏ်ကိုသာရွေးချယ်စေခဲ့ပြီး ထိုသို့ဒဏ်ငွေကိုရွေးချယ်ခဲ့သော်လည်း 

မိမိတို့အနေနှင့် အပြစ်ရှိသည်ဟု မခံယူကြောင်း မစံပါယ်ဖြူက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ယင်းအတွက် အယူခံအဆင့်ဆင့်တင်ရန် စတင်ပြင်ဆင်နေပြီဟု သိရသည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် ကိုကျော်ဂွန်းနှင့် မမေစံပါယ်ဖြူတို့အား ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ စမ်းချောင်းနှင့် 
ဒဂုံမြို့နယ်မှတရားစွဲဆိုထားပြီး ယခုမြို့နယ်နှစ်ခုမှ အမိန့်အပြီးသတ်ချမှတ်ခဲ့သော်လည်း ကျန်လေးမြို့နယ်ရှိ ရုံးချိန်းများ ထပ်မံသွားရမည်ဖြစ်သည်။ ထို့အပြင် ၂၀၁၂ ခုနှစ်မှစ၍ ရုံးချိန်းပေါင်း ၁၃၀ ကျော်ခန့်သွားရောက်ခဲ့သည်ဟု သိရသည်။ 

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက " ဒဏ်ငွေကိုရွေးလိုက်တာကို ကျွန်မသဘောတူတယ်။ ထောင်းဏ်ကို ရွေးချယ်လိုက်ရင် အထဲကနေပြီးသူတို့လုပ်နိုင်တဲ့ အခွင့်အရေးတွေ အင်မတန်နည်းသွားမှာ ဖြစ်တယ် " ဟု ပြောသည်။

သုတလင်း၊ ဇေဝေယံ
Popular Myanmar News Journal

RangonNewsDaily:: November . 27 .2013
ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့်အရေးယူခံထားရသည့် ကိုကျော်ဂွန်း နှင့် မမေစံပါယ်ဖြူတို့မှ ၎င်းတို့အပြစ်မရှိကြောင်း ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင်အအထိ အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးကပြောကြားခဲ့သည်။

အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားနောင်နောင် လူမှုကွန်ရက်တွင်ဆဲဆို

Photo: အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားနောင်နောင် 
လူမှုကွန်ရက်တွင်ဆဲဆို
Tuesday, November 26, 2013

၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ 
တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝ
မလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာ 
ခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ
နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

ဘယ်သူရိုင်းရိုင်း၊ ကိုယ်ရိုင်းရန်မသင့်လျော်ကြောင်း သူများ
အမှားမှ ကိုယ့်အမှားဖြစ်လိမ့်မည်ဟုလည်းကောင်း သည်းခံ
နိုင်ရန် ကြိုးစား သင့်ကြောင်း လူမှုကွန်ရက်တွင် ကိုကျော်ဝင်း ထွန်းက ပြောထားသည်။

“နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို
ငှဲ့ကွက်ပြီး သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင်
လေးစား သောအားဖြင့် ဒီစာကို အချိန်မှီ ပြန်ဖျက်သင့်တယ်”ဟု ကိုထွန်းစိုးက မှတ်ချက်ပြုထားသည်။ 

ဖေ့ဘွတ်သုံးစွဲသူအများစုမှာ အကယ်ဒမီနောင်နောင်၏ Status နှင့်ပတ်သက်ပြီး အဟက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးလျက်ရှိသည်။ 

“အားလုံး ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကိုနောင်နောင် ဗုဒ္ဒဘာသာ မြန်မာလူမျိုးဆိုရင် ငရဲဆိုတဲ့ တန်ုပြန်သက်
ရောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကောင်းသတင်း သာ နှုတ်ဆိတ်နေရင်နေမယ် မကောင်းတာ ဆိုရင်တော့ 
အကိုလဲ သိမှာပါ ကျွန်တော်တို့တင် မဟုတ်ဘူး။ အားလုံး 
ဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အို.......
ပြောရင်းနဲ့ တောင် ကျက်သီးထလာပါတယ်ဗျာ။ တော်ပါ
ပြီ ဒီပို့စ်က အကို ပရိတ်သတ် တစ်ယောက်ရဲ့ နောက်ဆုံး 
ပို့စ်လို့ အကို သတ်မှတ်လိုက်ပါ”ဟု အမှတ်တရ အမည်ဖြင့် 
ဖေ့ဘွတ်သုံးစွဲသူ တစ်ဦးက ပြောဆိုထားသည်။

၎င်း၏ စာတကြောင်းကြောင့် မိဘဂုဏ် အမျိုးဂုဏ်နှင့် 
မန္တလေး၏ ဂုဏ်သိက္ခာကို မကျစေလိုကြောင်း ယဉ်ကျေး
တဲ့ မန္တလေးသား ဖြစ်စေလို ကြောင်း နောင်နောင်၏ လူမှု
ကွန်ရက် မိတ်ဆွေ ဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

ထာဝရအလင်းတန်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ နောင်နောင်သည် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် 
ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

မောင်မျိုး
People power

RangonNewsDaily:: November . 27 .2013
၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

လေကြောင်း ထောက်လှမ်းရေဇုန်ထားရှိမှု တရုတ်နှင့်ဂျပန်ကြား တင်းမာ

Photo: လေကြောင်း ထောက်လှမ်းရေဇုန်ထားရှိမှု တရုတ်နှင့်ဂျပန်ကြား တင်းမာ 
Tuesday, November 26, 2013

တရုတ်ပင်လယ်အော် အရှေ့ ပိုင်းမှာ တရုတ်တို့ အသစ်တည်ဆောက်သတ်မှတ် လိုက်တဲ့ လေကြောင်း စုံစမ်းထောက် လှမ်းရေးဇုန် ( ADIZ ) ကြောင့် တရုတ်နဲ့ ဂျပန် ဆက်ဆံရေးတင်းမာလျက် ရှိကြောင်း သိရ ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ဂျပန်နိုင်ငံရှိ တရုတ်သံရုံး အရှေ့ မှာ ဆန္ဒပြမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး တရုတ် သံရုံး သံအမတ် Cheng Yonghua ကတော့ ဂရုမစိုက်ပဲနေခဲ့ပါတယ်။ တရုတ်ပြည်ရှိ ဂျပန် ထိပ်သီးခေါင်းဆောင် များနဲ့ တရုတ် အစိုးရအဖွဲ့ဝင်တို့လည်း ယင်းကိစ္စနဲ့ ပက်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့ကြ ပါတယ်။ “ ၁၉၆၀ ကျော် တွေ ကတည်းက ဂျပန်တို့ဟာ ADIZ ကို တည်ဆောက် တပ်ဆင်ခဲ့ပြီးပြီး ယခု ကျနော်တို့ တပ်ဆင် တည်ဆောက် မှုမှာ လာပြီးတော့ တားမြစ်စရာ အကြောင်းမရှိပါ ဘူး။ ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို တင်းမာစေမယ့် လုပ်ရပ် ဖြစ်ပါတယ်။” လို့ တရုတ် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Zheng Zeguang က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။ 

၁၉၅၀ ခုနှစ်နောက်ပိုင်းကစလို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံပေါင်း ၂၀ ကျော် ဟာ ၎င်းတို့ တိုင်းပြည် လုံခြုံရေး အတွက် လေကြောင်း ထောက် လှမ်းရေး စခန်းများကို ငွေကုန်ကြေးကျ ခံပြီး တည်ဆောက်ခဲ့ကြ ပါတယ်။ ယင်းထဲမှာ လည်း ဂျပန်ပါဝင် ပါတယ်။ ယခု ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံထဲ ပါဝင်လာတဲ့ တရုတ်ဟာလည်း တရုတ်ပင်လယ်အော် နဲ့ တရုတ်ပြည် မ အေးချမ်းလုံခြုံရေးအတွက် ADIZ ထားရှိရခြင်း ဖြစ်တယ် လို့ ပြောဆိုခဲ့ ကြောင်း သိရ ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 27 .2013
တရုတ်ပင်လယ်အော် အရှေ့ ပိုင်းမှာ တရုတ်တို့ အသစ်တည်ဆောက်သတ်မှတ် လိုက်တဲ့ လေကြောင်း စုံ
စမ်းထောက် လှမ်းရေးဇုန် ( ADIZ ) ကြောင့် တရုတ်နဲ့ ဂျပန် ဆက်ဆံရေးတင်းမာလျက် ရှိကြောင်း သိရ ပါတယ်။

ခွေးလေးကို Video Chat နဲ့ညွှန်ကြားမှုတွေ လုပ်နိုင်မယ့် ပစ္စည်းတစ်ခုကို ၁၃ နှစ်အရွယ်ကလေးငယ် ဖန်တီးနိုင်ခဲ့

Photo: ခွေးလေးကို Video Chat နဲ့ညွှန်ကြားမှုတွေ လုပ်နိုင်မယ့် ပစ္စည်းတစ်ခုကို ၁၃ နှစ်အရွယ်ကလေးငယ် ဖန်တီးနိုင်ခဲ့
Tuesday, November 26, 2013

Brooke Martin ဆိုသူကလေးမလေးက သူမရဲ့ခွေးလေး Kayla နဲ့အတု ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ သူ့ခွေးလေးကို သူအပြင်သွားတဲ့အခါ မခွဲနိုင်မခွာရက်တွေ ဖြစ်နေတာပေါ့။ အဲဒီအတွက် သူလေးက ပစ္စည်းတစ်ခု ဖန်တီးလိုက်တယ်။ ခွေးဟောင်လိုက်တဲ့အခါမှာ ခွေးလေးနဲ့အတူ Video Chat နဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုနိုင်မယ့် စက်ပစ္စည်းတစ်ခု တီထွင်ခဲ့ပါတယ်။

Video Chat နဲ့အတူ ခွေးလေးကို အမိန့်ပေးခိုင်းစေနိုင်မှုတွေ၊ ညွှန်ကြားမှုတွေ
ပြုလုပ်နိုင်ပါတယ်။ အဆိုပါပစ္စည်းကို ဖုန်းနဲ့ချိတ်ဆက်ပြီး အဝေးကနေ ထိန်းချုပ်နိုင်ပါတယ်။ ပစ္စည်းရဲ့ နာမည်ကို iCUpooch လို့ အမည်ပေးထားပြီး Skype account ကိုအသုံးပြုကာ Video Chat တွေ လုပ်နိုင်ပါတယ်။ ဒီပစ္စည်းကို တီထွင်တဲ့ကလေးမလေး Brooke Martin ဟာ အသက် ၁၃ နှစ်အရွယ်သာရှိပါသေးတယ်။ 

Martin လေးက သူ့ရဲ့တီထွင်မှုကို Discovery Education 3M Young Scientist Challenge ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဇကာတင် ၁၀ ယောက်စာရင်းထဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။ ခွေးချစ်တတ်တဲ့သူလေး Martin ရဲ့တီထွင်မှုကတော့ ချီးကျူးလောက်ပါပေတယ်။

Guide Magazine

RangonNewsDaily:: November . 27 .2013
Brooke Martin ဆိုသူကလေးမလေးက သူမရဲ့ခွေးလေး Kayla နဲ့အတု ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ သူ့ခွေးလေးကို သူအပြင်သွားတဲ့အခါ မခွဲနိုင်မခွာရက်တွေ ဖြစ်နေတာပေါ့။

နေပြည်တော်ကောင်စီတွင် GSM/UMTS မိုဘိုင်းလ်ရေဒီယိုစခန်းများ လိုင်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအသိပေးကြေညာ

RangonNewsDaily:: November . 27 .2013
နေပြည်တော်ကောင်စီအတွင်း လုပ်ငန်းစီမံ ကိန်းများအနက် လက်ရှိဆောင်ရွက်လျက်ရှိသော GSM/UMTS တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်း အရ နေပြည်တော်တွင် တပ်ဆင်ထားသော ရေဒီယိုစခန်းများအနက် ရေဒီယိုစခန်း ၅ဝ ကို ၂၇.၁၁.၂ဝ၁၃ ရက်မှ ၆.၁၂.၂ဝ၁၃ ရက် အထိ စက်ပစ္စည်းများလဲလှယ်တပ်ဆင်ခြင်း၊

ဆီးဂိမ်းတွင် ပါဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မြင်း ကျန်းမာရေးချို့ယွင်း

Photo: ဆီးဂိမ်းတွင် ပါဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မြင်း 
ကျန်းမာရေးချို့ယွင်း
Wednesday, November 27, 2013

အိပ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် 
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီအား
ကစားနည်း တွင်ဝင်ရောက်ယှဉ်ပြိုင်စေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်မှဒေါ်အောင်ဆန်းစုကြည်၏
မြန်မာအလှအမည်ရှိ မြင်းသည် ကျန်းမာရေးချို့ယွင်း
မှုဖြစ်နေကြောင်း မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာအလှမြင်းကျန်းမာရေးချို့ယွင်းမှု သည်အဆိုပါမြင်း၏
ယခင်ကရရှိခဲ့သောဒဏ်ရာကြောင့်သာဖြစ်ပြီး ယခုတစ်ကြိမ်
ဖြစ်နေမှုသည် ဒဏ်ရာအဟောင်းကြောင့်သာဖြစ်ကြောင်း 
မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ တာဝန်ရှိသူ မခင်နှင်းပွင့်ပြုံးက
ပြောသည်။

“ခြေထောက်နားမှာ အရင်တုန်းကဖြစ်ခဲ့တဲ့ဒဏ်ရာဟောင်းက တစ်ချက်တစ်ချက်ပြန်ပြီးတော့ နာနေတဲ့ပုံစံမျိုးပါ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမျိုးမရှိပါဘူး” ဟု မခင်နှင်းပွင့်ပြုံးကဆိုသည်။
ယင်းကဲ့သို့ မြန်မာအလှသည် ခြေထောက်နာကျင်မှုဝေဒနာအား
ခံစားနေရသော်လည်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီးအားကစား အလှစီး၌ အသုံးပြုသွားရန်ရှိကြောင်း သိရသည်။

“မြင်းတွေဒဏ်ရာရတဲ့အခါမှာ ကျွန်မတို့ ဆီမှာ မြင်းဆေးခန်းတွေ
ဖွင့်ထားတယ်၊ မြင်းတွေကို နိုင်ငံခြားကဆေးနဲ့ ကုပေးတာလည်း
ရှိတယ်။ မြန်မာနည်းမြန်မာဟန်နဲ့ ဆေးကုပေးတာလည်းရှိတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကထပ် လောင်းပြောဆိုသည်။

အလှစီး မြင်းစီးပြိုင်ပွဲ၌ဝင်ယောက်ယှဉ်ပြိုင်စေရန်အတွက်
နိုင်ငံခြားမြင်းနှင့် မြန်မာမြင်း လက်ရွှေးစဉ် ၂၈ ကောင်အား 
လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ယင်း ၂၈ ကောင်ထဲတွင် 
မြန်မာ့အလှအမည်ရှိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ 
ဒေါ်အောင်ဆန်းစုကြည်မြင်းသည်လူများနှင့် ယဉ်ပါးမှုရှိကြောင်း မြင်းထိမ်းများထံမှ သိရသည်။
“သူရဲ့မြင်းကအားလုံးနဲ့ ယှဉ်လိုက်ရင် တော်တော်လေးလဲ ကြည့်လို့ ကောင်းတယ်၊ လူတွေနဲ့ လည်း တော်တော်လေး 
ယဉ်ပါးတယ် သူရဲ့မြင်း က တော်တော်လေးလဲ အဆင်ပြေတယ်လို့ မြင်းထိမ်းကလည်း ပြောတယ်” ဟုမခင်နှင်းပွင့်ပြုံးကပြောကြားသည်။

(၂၇) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲ 
မြင်းစီးပြိုင်ပွဲအား ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ 
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ မြင်းစီးအားကစားကွင်း
ယှဉ်ပြိုင်သွားရန်ရှိသည်။

နှင်းနွယ်
The Myanma Age

RangonNewsDaily:: November . 27 .2013
အိပ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီအား ကစား
နည်း တွင်ဝင်ရောက်ယှဉ်ပြိုင်စေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်မှဒေါ်အောင်ဆန်းစုကြည်၏မြန်မာအလှ
အမည်ရှိ မြင်းသည် ကျန်းမာရေးချို့ယွင်းမှုဖြစ်နေကြောင်း မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ သိရသည်။

ကာချုပ်နဲ့ တပ်မှုးများအစည်းအဝေးသတင်း

RangonNewsDaily:: November . 27 .2013
၂၀၀၈ ခုနှစ် ဖွဲ့  စည်း ပုံ အေခြခံ ဥပေဒ ပြဆင်င် ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ်က နေ ကာကွယ်ရေး ဦးစီးချုပ် ၊ သမ္မတတို့  နဲ့  တွေ့ ဆုံ ဖို့  အတွက် ဗဟို အလုပ်မှုဆောင် အဖွဲ့  ရဲ့  မေတ္တာ ရပ်ခံစာ ကို အကြောင်း ပြန် နိုင် ဖို့  အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောလငှ်ိုင် က တပ်ထဲ က ခေါင်းဆောင် တွေ ကို ဆင့် ခေါ် ပြီး အထူးအရေး ပေါ် အစည်းအဝေးတရစပ် ဒီနေ့  ပြု လုပ် တယ် လို့  FNG က သိရ ပါတယ်။

မြေငလျင်သတင်း

RangonNewsDaily:: November . 27 .2013
(မြန်မာစံတော်ချိန် ညနေ ၆း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီ၊ (၁၁)မိနစ်၊ (၃၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင်(၈၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံ(ပြည်တွင်း)၊သပိတ်ကျင်းမြို့၏ မြောက်ဘက် မိုင်(၂၀)ခန့်အကွာ

အစားထိုးလို့ မရသောမိဘမေတ္တာ

RangonNewsDaily:: November . 27 .2013
"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."
::
"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာ
တောင် အမေ အိကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အိကျီ င်္ အသစ်မရှိတော့ဘူးလေ..."

"ဟင်..အမေ ကလိုက်မလို့ လား... အိမ်မှာ အဖ့ကိုစောင့်ဖို့ လူမရှိဘဲဖြစ်မှာပေါ့.... "

အမျိုးသားနေ့တို့မမေ့......

Photo: အမျိုးသားနေ့တို့မမေ့......
Wednesday, November 27, 2013

၁၃၇၅ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် (၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်)နေ့သည် မြန်မာနိုင်ငံ၏ (၉၃)နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပါသည်။
အမျိုးသားနေ့သမိုင်းကြောင်းကို အနည်းငယ်ပြန်ပြောရလျှင် နယ်ချဲ့တို့သည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပညာရေးဌာနတစ်ခု ဖွင့်လှစ်ခဲ့ပြီး ကိုလိုနီပညာရေးကို သင်ကြားစေခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရား သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် ပညာရေးစနစ်တစ်ခုဖြစ်သည်။ နယ်ချဲ့တို့၏ ကိုလိုနီကျွန်ပညာရေးစနစ် ဖြစ်သည့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ကောလိပ်ကျောင်းသားများက ဆန့်ကျင်ခဲ့သည်။ ထိုကဲ့သို့ တစ်မျိုးသားလုံးက ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် ဂျီစီဘီအေ အသင်းကြီးက သတ်မှတ်ခဲ့သည်။
မြန်မာတို့၏ ဇာတိသွေး ဇာတိမာန် နိုးကြားတက်ကြွရှင်သန်စေရန် မျိုးစေ့ချပေးခဲ့သည့် အမျိုးသားနေ့သည် မြန်မာလူမျိုးများအတွက် အမြဲတစေ သတိရနေရမည့် အနှစ်သာရပြည့်ဝပြီး တန်ဖိုးကြီးလှသော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြရင်း (၉၃)နှစ်မြောက် အမျိုးသားနေ့ကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။

မြန်မာ့သွေး

RangonNewsDaily:: November . 27 .2013
၁၃၇၅ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် (၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်)နေ့သည် မြန်မာနိုင်ငံ၏ (၉၃)နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပါသည်။

" လူအင်အားကို အားပြုရတဲ့အသံတိတ်ရုပ်ရှင်ခေတ်အကြောင်း မင်းသမီးကြီးဒေါ်ခင်လေးဆွေနှင့်တွေ့ဆုံခြင်း "

Photo: " လူအင်အားကို အားပြုရတဲ့အသံတိတ်ရုပ်ရှင်ခေတ်အကြောင်း မင်းသမီးကြီးဒေါ်ခင်လေးဆွေနှင့်တွေ့ဆုံခြင်း "
Tuesday, November 26, 2013 

မြန်မာ့ရုပ်ရှင်ခေတ်ဦး ဖြစ်တဲ့ အသံတိတ်ရုပ်ရှင်ခေတ် မှာရှုတိုင်းယဉ်ရုပ်ရှင်ဇာတ်ကား နဲ့ အနုပညာခြေလှမ်းစတင်ခဲ့ ပြီး အသက်၁၇နှစ် အရွယ်က နေ သရုပ်ဆောင် အနုပညာသည်ဘဝကိုယုံကြည်စွာ အခြေချခဲ့သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေထံသွားရောက် တွေ့ဆုံပြီး သူတို့ခေတ်၊သူတို့ ရုပ်ရှင်အနုပညာလောကကိုယ် တိုင် ဖြတ်သန်းခဲ့ရပုံအကြောင်း တွေအပြင်အသံတိတ်ရုပ်ရှင်ခေတ်ကရုပ်ရှင်အနုပညာဆိုင်ရာ အတတ်ပညာအကြောင်းတွေ ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

► အသံတိတ်ခေတ်မှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် အမေသရုပ်ဆောင်ခဲ့တုန်းက အသံတိတ်ရုပ်ရှင်နဲ့ပတ်သက်ပြီး အမှတ်တရပြန် ပြောပြပေး ပါ။

အသံတိတ်လို့ဆိုရင် ကြိုတင်ဇာတ်တိုက်ရ တယ်။ ပေါ့သေးသေးလုပ်လို့မရဘူး။ ဆရာသမားတွေ သင်ပေးတဲ့အတိုင်း အမေတို့လုပ်ရတယ်။ ကိုယ် ရိုက်ကွင်းဘုရင် ဒါရိုက် တာကိုလည်း ချစ်ကြောက်ရိုသေရတယ်။ အသံတိတ်ရုပ်ရှင်နဲ့ ပတ်သက်ရင် ပိန်ပိန်ပါးပါး အမေ့ခန္ဓာကိုယ်နဲ့ နတ်ဝတ်စုံ ဘယ်လို မှ ကြည့်လို့မလှတာကို အများဆုံး သရုပ်ဆောင်ခဲ့ရ တယ်။ ဒါအမှတ်တရပါပဲ။

► အရင်ခေတ်က စက်ပစ္စည်းအင်အားထက် လူအင်အားကို ပိုပြီးသုံးပြုတာများလားဆိုတာ သိချင်ပါတယ်။

အမေတို့ခေတ်က စက်ပစ္စည်း မထွန်းကားသေးဘူး။ လူအင်အားကိုပဲ အဓိကထား ပြီး သုံးပြုတယ်။ ဒီလို ရာဇဝင်ကားရိုက်ပြီဆို ကမ္ဘာအတု လုပ်ရတာကိုး။ ဒါကို လူတွေရဲ့ အားနဲ့ပဲ လုပ်ကြ တယ်။ အမေတို့က ပန်းနဲ့ဒန်းစီးတဲ့ခေတ်ပါ။ သံကြိုး တွေနဲ့ တန်းလုပ်ပြီး ပန်းအလှဆင်ရတယ်။ ဒါတွေကို လူအင်အားနဲ့ လုပ်တယ်။ ရှုတင် သွားပြီးဆို လည်း တစ်နေရာမှာ စုပြီးသွားကြ၊ လာကြ သိပ်စည်းလုံးပြီး အချိန်ကို လေးလေးစား စားလုပ်ကြတယ်။

► အသံတိတ်ခေတ်ကနေအသံ ထွက်ခေတ်ရောက်လာတော့ အမေ ပထမဆုံးစရိုက်ကူးတဲ့ အတွေ့အကြုံက ဘယ်လိုရင်ခုန် မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါလဲ။

အသံထွက်စစရိုက်တဲ့ ကားက “ရှုတိုင်းယဉ်” ကို စရိုက် တယ်။ အသံစုံသွင်းရတယ်။ ဒိုင်ယာလော့(စ်)တွေ ပြောကြ၊ နောက်ကြတယ်။ အသံထွက်နဲ့ အသံတိတ်တစ်မျိုး စီတော့ရင် ခုန်ဖို့ ကောင်းပါတယ်။ အမေက အသံထွက်ကားတွေမှာလည်း ခေါင်းဆောင်မင်းသမီးလုပ်တာ အများကြီးပါပဲ။ အသက်ကြီးလာ ပေမယ့်အမေနဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်အခန်းကို အကူအညီလာတောင်းရင် ကူညီတယ်။ အမေမမောပါဘူး။အမေကသရုပ် ဆောင်ရရင် ပျော်တယ်။ ဒါ အမေ့မှာ ဘဝပါရမီပါလာလို့ပါ။

► ခုခေတ်ဆိုရင် စက်ပစ္စည်းပံ့ပိုးမှုအပိုင်းနဲ့ လူအင်အားသုံးတဲ့ အပိုင်းမှာ ဝါရင့်အနုပညာရှင်တစ်ဦးအနေနဲ့ အမေဘယ်လို သုံးသပ်မိပါသလဲ။

ခုခေတ်က စက်ပစ္စည်းရော၊ အခွင့်အလမ်းရော ထွန်းကားတဲ့ အချိန်ကောင်းပါ။ ကလေးတွေလည်းတော်ကြတယ်။ အဲဒါကိုတွေ့တော့ဝမ်းသာမိ တယ်။ ဒီနေ့ခေတ်မှာ ဆို၊က၊ ရေး၊တီး၊ သရုပ်ဆောင်ဘယ် အရာရွေးမလဲ ကြိုက်တာလုပ်လို့ ရတယ်။ လူတွေလည်း အမြင် ကျယ်လာပါပြီ။ အနုပညာကို တန်ဖိုးထား လာကြတာတွေ့ တော့ ပီတိဖြစ်တယ်။ အနုပညာရှင် သားတို့ ၊ သမီးတို့ကို ပြောချင်တာက ကိုယ့်ပရိသတ်ကို ရိုသေကြပါ။ ဘုရားတရားမမေ့ပါ နဲ့။ အလုပ်ကို တန်ဖိုးထားပါ။ အချိန်ကို လေးစားပါ။ ပံ့ပိုးမှု တွေများလာတဲ့ခေတ်မှာ ကြိုးစားအားထုတ်မှုကို ပိုကြိုးစားအားထုတ်ပါ။ စက်ပစ္စည်းနဲ့ လူ အင်အားကလည်း ခုခေတ်မှာ တန်းတူပါပဲ။ လူတွေတော်လို့ စက်ပစ္စည်း
အသစ်တွေဆိုတာ ပေါ်လာတာပဲလေ။

Popular Journal

RangonNewsDaily:: November . 27 .2013
မြန်မာ့ရုပ်ရှင်ခေတ်ဦး ဖြစ်တဲ့ အသံတိတ်ရုပ်ရှင်ခေတ် မှာရှုတိုင်းယဉ်ရုပ်ရှင်ဇာတ်ကား နဲ့ အနုပညာခြေလှမ်း
စတင်ခဲ့ ပြီး အသက်၁၇နှစ် အရွယ်က နေ သရုပ်ဆောင် အနုပညာသည်ဘဝကိုယုံကြည်စွာ အခြေချခဲ့သူ ဝါ
ရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေထံသွားရောက် တွေ့ဆုံပြီး

"ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး"

Photo: "ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး"
Tuesday, November 26, 2013 

လတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင် ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော်’ ဇာတ်ကားကို ကျော်ကျော်ဗို၊ သက်မွန်မြင့် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက ပဟေဠိ ဆန်ဆန် အချစ်ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။ 

အကြိုက်ဆုံး ဇာတ်ဆိုတာထက် ဇာတ်လမ်းတွေကိုလည်း မျှတအောင် အဓိက စဉ်းစားကြောင်း ပြောလာတဲ့နေတိုးက.
“တစ်နှစ် စာရိုက်ကူးမယ့် ပုံစံတွေက အချစ်၊ ဒရာမာတွေက များ လား၊ ဒါမှမဟုတ်ရင်လည်း ဟိုးအရင်တုန်းကလို အက်ရှင် တွေပဲ ရိုက်ပေးရ မလား၊ မျိုးစုံတော့ ကျွန်တော်စဉ်းစားပြီး ချင့်ချိန်ရတာပေါ့။ အမြဲတမ်းတော့ အသစ် အဆန်းဖြစ် အောင်တော့ ကြိုးစားကြရတာပဲ။ ကျွန်တော်တို့ ဒီလောက မှာဖြတ် သန်းလာခဲ့ တဲ့ တစ်လျှောက်လုံးမှာ လည်း ဇာတ်လမ်းပုံစံတွေလည်း များနေပြီ။ ဇာတ်အခြေအနေအရ ပရိသတ်တွေ ကြိုက်နှစ် သက်မယ့်ပုံစံတွေ ဒီဟာမျိုးတွေ အဓိကဦးစားပေး ရိုက် ကူးဖြစ်နေတယ်” လို့ ပြောပါတယ်။ 

ဝါကျွတ်တဲ့အခါမှာလည်း အနုပညာရှင်တချို့ရဲ့ မင်္ဂလာသတင်းကို ကြားနေ ရပြီဖြစ်တဲ့ အတွက် နေတိုးက 
“ကျွန်တော့်သတင်းလည်း ကြား ရမှာပါ။ ဘဝမှာ လုပ်ရတဲ့အရာတွေ အများကြီး ကျန်တယ်။ ချစ်ခြင်း တရား၊ ချစ်ခြင်းမေတ္တာဆို တာ လူတိုင်းမှာ ရှိတဲ့အရာပါ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာလည်း အချစ်နဲ့ပတ် သက်လို့ ခံစား မှု တွေ အများကြီးရှိပါတယ်။ အချစ်ဆိုတာ ရင်ခုန်ကြည်နူးစရာကောင်း တယ်လို့ပဲ ယူဆ ပါတယ်။ အိမ်ထောင်ရေးဆိုတာ ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေး ပေါ့။ သာယာဖြောင့် ဖြူးပြီး အေးချမ်းတဲ့ အိမ်ထောင်ရေး၊ ဒီလိုမျိုးအိမ်ထောင်ရေး ဖြစ်ဖို့အတွက် အေးချမ်းသာယာဖို့ စိတ် ခံစားမှုတွေ တစ်ထပ်တည်းကျတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုပါတယ်” လို့ပြောပါတယ်။

Popular Journal

RangonNewsDaily:: November . 27 .2013
လတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင် ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော်’ ဇာတ်ကားကို ကျော်ကျော်ဗို၊ သက်မွန်မြင့် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက ပဟေဠိ ဆန်ဆန် အချစ်ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။

အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း

Photo: အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း
Wednesday, November 27, 2013

ရေပိုင်နက် အငြင်းပွားနေကြတဲ့ အရှေ့တရုတ်ပင်လယ်ပေါ်ကနေ တရုတ်ကို ကြိုတင်အသိမပေးဘဲ အမေရိကန် စစ်လေယာဉ် ၂ စင်း ဖြတ်ပြီး ပျံသန်းခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ဖန်တီးဖို့ တရုတ်တို့ ကြိုးစားနေတာကို ပထမဆုံး တိုက်ရိုက် စိန်ခေါ်လိုက်တာလို့ မြင်နိုင်ပါတယ်။
 
အငြင်းပွားစရာဖြစ်နေတဲ့ ကျွန်းတွေအပေါ်မှာ တနင်္လာနေ့တုန်းက B52 ဗုံးကြဲလေယာဉ် ၂ စင်း ပုံမှန်လေ့ကျင့်ရေး လုပ်ခဲ့တယ်လို့ Pentagon စစ်ဌာနချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်က တစုံတရာ တုံ့ပြန်မှု မရှိသေးပါဘူး။
 
အမေရိကန်စစ်လေယာဉ်တွေအနေနဲ့ တရုတ်ရဲ့ ပြဌာန်းချက်အသစ်အတိုင်း လိုက်ပြီး သူတို့လေယာဉ်တွေနဲ့ ပါတ်သက်လို့ အသိပေးမှာ မဟုတ်ဘူးလို့ အမေရိကန်က အစောပိုင်းက ကြေညာပြီး မကြာခင်မှာပဲ အခုလို လုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်မှုကို အသိအမှတ် မပြုဘူးလို့ အမေရိကန်နဲ့ ဂျပန်တို့က အခိုင်အမာ ပြောကြားထားပါတယ်။
 
တရုတ်ကတော့ သူတို့ရဲ့သတ်မှတ်ချက်အတိုင်း အရပ်ဖက် စစ်ဖက် လေယာဉ်တွေအားလုံးက လိုက်နာပြီး ပျံသန်းမှုအစီအစဉ်တွေကို တရုတ်အာဏာပိုင်တွေကို အသိပေးစေချင်တာ ဖြစ်ပါတယ်။ ဂျပန်ပိုင်နက်ကို ကာကွယ်ဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ မှန်သမျှကို လုပ်သွားမှာဖြစ်သလို အမေရိကန်အစိုးရနဲ့လည်း အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး Itsunori Onodera က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
 
တရုတ်က လေကြောင်းရန်ကာကွယ်ရေး ဇုန်သတ်မှတ်တဲ့ ဆောင်ရွက်မှုကို ရန်စမှုအဖြစ် အမေရိကန်နဲ့ ဂျပန်တာဝန်ရှိသူတွေက အပြစ်တင်ခဲ့ပြီး အဲဒီဒေသမှာ သူတို့လုပ်ငန်းတွေအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့ အလေးအနက် ပြောကြားခဲ့ကြပါတယ်။

အမေရိကန် B52 ဗုံးကြဲလေယာဉ်
VOA
အမေရိကန် B52 ဗုံးကြဲလေယာဉ်
RangonNewsDaily:: November . 27 .2013
ရေပိုင်နက် အငြင်းပွားနေကြတဲ့ အရှေ့တရုတ်ပင်လယ်ပေါ်ကနေ တရုတ်ကို ကြိုတင်အသိမပေးဘဲ အမေရိကန် စစ်လေယာဉ် ၂ စင်း ဖြတ်ပြီး ပျံသန်းခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ဖန်တီးဖို့ တရုတ်တို့ ကြိုးစားနေတာကို ပထမဆုံး တိုက်ရိုက် စိန်ခေါ်လိုက်တာလို့ မြင်နိုင်ပါတယ်။

ဇာတ်ကားတစ်ကားကို Home Theatre နဲ့ ကြည့်ရတာနဲ့ ရုံမှာ ကြည့်ရတဲ့ ကွာခြားမှုအကြောင်းပြောတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်

Photo: ဇာတ်ကားတစ်ကားကို Home Theatre နဲ့ ကြည့်ရတာနဲ့ ရုံမှာ ကြည့်ရတဲ့ ကွာခြားမှုအကြောင်းပြောတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်
Tuesday, November 26, 2013 

အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နေအိမ်မှာ Home Theatre တွေ တပ်ဆင်ပြီး မိသားစုတွေ အပန်းဖြေကြည့်ရှု လာကြတာကို လည်း တွေ့ လာရပါတယ်။ ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ နေအိမ်မှာလည်း သားဖြစ် သူအတွက် Home Theatre ကို ဝယ်ယူ ထားပါတယ်။ အခုလိုမျိုး Home Theatre တွေ တပ်ဆင်ပြီးကြည့်တဲ့အခါမှာ ခံစားမှု အသစ်ရရှိလာပြီး တစ်ဖက်မှာ ကောင်းသလို တစ်ဖက်မှာလည်း ဆုံးရှုံးမှု တွေတော့ရှိတဲ့အကြောင်းကို ဒါရိုက်တာစင်ရော်မောင်မောင် က “ရုပ်ရှင်လောကအတွက် နည်း ပညာတိုးတက်မှုက တစ်ခုတော့ ကောင်း တယ်။ တစ်ခုကတော့ မကောင်းဘူး။ ကောင်းတာကတော့ ကျွန်တော်တို့ အိမ်မှာ Home Theatre ဆင်ထားတယ်။ အသံစနစ် လည်း ပိုကောင်း တယ်။ အိမ်မှာ ကြည့်လိုက်ရင် ကိုယ်တိုင်ပဲ ဇာတ်ကားထဲ ရောက်သွားသလို ခံစားရတယ်။

အာကာသအခွေကြည့်ရင် အာကာသထဲကို ရောက်သွားသလိုမျိုးခံစားရ တယ်။ ပန်းကြာဝတ်မှုန် ဇာတ်ကားဆိုရင်လည်း တောတွေ၊ တွေတောင်တွေ ထဲကို ရောက် သွားသ လိုမျိုး ခံစားရတယ်။ ရုပ်အရည်အသွေးဆိုလည်းအရင် တုန်းက ပြခဲ့တဲ့ ရုပ်တွေနဲ့မတူဘဲနဲ့ 3D ရုပ်လုံးကြွမှုတွေ ကိုမြင်ရတယ်။ ရုံထဲမှာပဲ ကြည့်ကြည့်၊ Home Theatre မှာ ပဲ ကြည့်ကြည့် ကြည့်ရှုရတဲ့ လူတွေရဲ့စိတ်မှာ ခံစားမှုအပြည့်အဝ ရတယ်။ ရယ်စရာ၊ ငိုစရာ၊ လွမ်းစရာ အကုန်ရတယ်။ ဒါပေမဲ့ နည်း ပညာကို စောင့်နေရတဲ့ ကာလအ တွက် ရုံတွေ ပေါ်ထွန်းရေး၊ ရုံတွေ သန့်ရှင်းရေး၊ စက်တွေ ရရှိရေးအတွက် ကျွန်တော်တို့ အချိန်အကြာ ကြီး စောင့်ရတယ်။ ဒါပေမဲ့ အပြောင်းအလဲဆို တာက တစ်နိုင်ငံလုံး ပြောင်းလဲလာတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ဆီမှာ လည်း ပြောင်းလဲရမယ်။ ရုံတွေကိုလည်း အနည်းဆုံး နှစ်ရာ၊ သုံးရာလောက် အထိဖြစ်သင့်တယ်။ တအားကြီး ရုံကြီးဖို့လည်း မလိုဘူး။ လူဦးရေ တစ်ရာ၊ နှစ်ရာဆံ့လည်း ရတယ်။ ခံစားမှု အားကောင်းရင် ပွဲချိန်တွေလည်း အများကြီးပြသလို့ရတယ်။ အဲဒီလိုမျိုး ပြောင်းလဲဖို့အတွက်အခက် အခဲတွေတော့ ရှိမှာပဲ။ ဓား တောင်ကိုကျော်ဖို့အတွက် မီးပင်လယ် ကိုတော့ ဖြတ်ရမှာပေါ့။ မဖြတ်ဘဲ ဒီတိုင်းထိုင်နေရင်တော့ တိုးတက်မှု က အောက်မှာ ကျန်ခဲ့မှာပဲ။ အားလုံးကတော့ ညှိနှိုင်းဆုံးဖြတ်ကြရမှာပဲ” လို့ ပြော ပါတယ်။

ဆက်လက်ပြီး ဇာတ်ကားတစ်ကားကို Home Theatre နဲ့ ကြည့် ရတာနဲ့ ရုပ်ရှင်ရုံမှာသွားပြီး ကြည့်ရ တဲ့ ခံစားချက်ကိုလည်း ဒါရိုက်တာ စင်ရော်မောင်မောင်က “တစ် ခုတော့ရှိတာပေါ့။ ဒါတွေ က ဂြိုဟ်တုကနေပြီး ထိန်းချုပ်လို့ရတယ်။ ရုပ်ရှင်ရုံတွေမှာ ပြပြီးမှ Home Theatre တွေမှာ ကြည့်လို့ရတော့လည်း နောက်ထပ်ဝင်ငွေ တစ်မျိုး တိုးတာပေါ့။ ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့အခါမှာတော့ အရင်ဆုံး ဖုန်းရဲ့အသံတိုးထားရတယ်။ လွတ်လပ်မှု မရှိဘူး။ Home Theatre မှာတော့ ထမင်းစားရင်းနဲ့လည်း ကြည့် လို့ရတယ်။ ဖုန်းပြောရင်းနဲ့ လည်း ကြည့်လို့ရတယ်။ အိမ်ကနေ ဘယ်မှ သွားစရာမလိုဘဲ မိသားစု စုံစုံလင်လင်နဲ့ ကြည့်လို့ရတယ်။ တစ်နေရာမှာ ဆုံးရှုံးမှုရှိ သလို တစ်နေ ရာမှာ ကောင်းဖို့တော့ ရှိတာပေါ့။ အခုလိုမျိုး ရန်ကုန် မှာ လမ်းကြောပိတ်တဲ့အချိန် ကိုယ်က အိမ်မှာ ဇိမ်နဲ့ ကြည့်လိုရတယ်။ Mood တော့ မတူဘူး။ ကျွန်တော်ကတော့ နည်းပညာတိုး တက် လာတဲ့ အပေါ်မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အဲဒီအပေါ်မှာ လည်း အပြည့် အဝအသုံးချနေပါတယ်။ ထပ်တိုးလာရင်လည်း ပိုက်ဆံဘယ်လောက်ကုန် ကုန် ကျွန်တော်ကတော့အမီလိုက်မှာပဲ” လို့ဆိုပါတယ်။

Popular Journal

RangonNewsDaily:: November . 27 .2013
အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နေအိမ်မှာ Home Theatre တွေ တပ်ဆင်ပြီး မိသားစုတွေ အပန်းဖြေကြည့်ရှု လာကြတာကို လည်း တွေ့ လာရပါတယ်။ ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ နေအိမ်မှာလည်း သားဖြစ် သူအတွက် Home Theatre ကို ဝယ်ယူ ထားပါတယ်။

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား

Photo: မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
Wednesday, November 27, 2013

သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

စပိန်မှ သတင်းအချို့က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို (၄)နှစ်ဆက် ရယူထားသည့် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်ပါ တန်ကြေးသတ်မှတ်ချက် ယူရိုသန်း(၂၅၀)ရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မက်ဆီကို ခေါ်ယူနိုင်လျှင် ဘိုင်ယန်အတွက် အကျိုးများလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ရာ ကောလာဟလများ ပိုမိုအားကောင်းလာခဲ့သေးသည်။ ရူမန်နစ်ဂီကမူ ယင်းအခြေအနေသည် ဖြစ်နိုင်ခြေ မရှိဟု ပြောကြားသွားသည်။

"မက်ဆီဟုတ်လား။ ကျွန်တော်တို့ ဖြစ်နိုင်ခြေ မရှိတဲ့ အရာမျိုးအကြောင်း ပြောနေသလိုပဲ။ ကျွန်တော်တို့ ယာဗီမာတီနက်ဇ်ကို ခေါ်ယူခဲ့တုန်းကထက် ဈေးနှုန်းက အများကြီး ပိုလိမ့်မယ်။ ကျွန်တော်တို့ လက်လှမ်းမီမယ် မထင်ဘူး"ဟု ရူမန်နစ်ဂီက ဆိုသည်။ ၎င်းက "နောက်တစ်ချက်က ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း မက်ဆီကို ရောင်းမယ်မထင်ပါဘူး။ သူဟာ ဘာစီလိုနာမှာ သူတော်စဉ် တစ်ယောက်လို ရိုသေကိုးစား ခံရသူပါ။ သူ့ကိုရောင်းဖို့ လမ်းမမြင်ဘူး။ မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ပဲ စိတ်ဝင်စားမယ် ထင်ပါတယ်။ သူက အဲဒီမှာပဲ လုံးဝဥဿုံ အံဝင် အဆင်ပြေနေတယ် မဟုတ်လား"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 27 .2013
မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။

မန္တလေးတွင် မှုခင်းအဖြစ်များသော နေရာများအလိုက် လုံခြုံရေးတင်းကျပ်

Photo: မန္တလေးတွင် မှုခင်းအဖြစ်များသော နေရာများအလိုက် လုံခြုံရေးတင်းကျပ်
Tuesday, November 26, 2013 

မန္တလေးမြို့တော်တွင် နေ့စဉ် ပစ္စည်းယူ လုယက်မှုများ အဖြစ်များလာသဖြင့် မှုခင်းဖြစ်ပွားသော နေရာများကို အဓိကထား၍ လုံခြုံရေးအင်အား တင်းကျပ်စွာချထား ဆောင်ရွက်လျက် ရှိကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက The Voice သို့ ပြောကြားသည်။

လုယက်မှု အများဆုံး ဖြစ်ပွားခဲ့သော အောင်မြေသာစံ မြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်တို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် ခရိုင်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ရပ်ကင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းများဖြင့် နေ့စဉ် လုံခြုံရေးအင်အား ၁၀၀ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ မြို့နယ် နှစ်ခုအပြင် မှုခင်း ဖြစ်ပွားမှုများသော နေရာများတွင်ပါ လုံခြုံရေး တင်းကျပ်မည် ဖြစ်ကြောင်း၊ တရားခံများကို အရပ်ဝတ်များဖြင့် ထောင်ခြောက်ဆင်ကာ ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆက်လက် ပြောကြားသည်။

အောင်မြေသာစံမြို့နယ် ၇၈ လမ်း၊ ၃၈ လမ်းထောင့်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ဒေါ်အိအိခိုင်ဇာလင်း ၂၅ နှစ်သည် ညီမဖြစ်သူနှင့် အတူ ဆိုင်ကယ် မောင်းနှင်လာစဉ် အမည်မသိ လူနှစ်ဦး စီးလာသည့် ဆိုင်ကယ်က နောက်မှ ကပ်လိုက်လာကာ ဆိုင်ကယ် နောက်ထိုင်သူ၏ အိတ်ကပ်ကို လှမ်းနှိုက်ရာ မည်သည့်အရာမျှ ပါသွားခြင်း မရှိသော်လည်း မောင်းနှင်လာသည့် အမျိုးသမီး နှစ်ဦး၏ ဆိုင်ကယ်ကို တွန်းလိုက်သဖြင့် ဆိုင်ကယ် လဲသွားကြောင်း၊ အဆိုပါ အမျိုးသမီးနှစ်ဦးက မည်သည့် အတွက်ကြောင့် ထိုသို့ လုပ်သနည်းဟု မေးရာ ယင်းအမျိုးသား နှစ်ဦးက ဆဲဆိုကာ ဒေါ်အိအိခိုင်ဇာလင်းတို့ ညီမနှစ်ဦးကို ပါးရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ခြေဖြင့် ကန်ခြင်းများ ပြုလုပ်ပြီး ၎င်းတို့၏ ဆိုင်ကယ် နံပါတ်ပြားကို ခေါက်ကာ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း အဆိုပါ ညီအစ်မ နှစ်ဦး၏ တိုင်ကြားချက်များအရ မန္တလေး ခရိုင်ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်အိအိခိုင်ဇာလင်းသည် မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် (ပ) ၇၈၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၉၄/၃၅၆/၂၉၄/၃၂၃ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
“ညနေပိုင်းဆိုရင် လူငယ်တွေက အရက်သောက်ပြီး မူးယစ်ရမ်းကားတာတွေ ရှိတယ်။ သူတို့လည်း လုပ်မိလုပ်ရာကို လုပ်ကြတယ်” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား ရပ်ကွက်၊ စံနန်းတော် တိုက်တန်း၊ R နေ ဒေါ်လှလှမြင့်သည် နိုဝင် ဘာလ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ခင်ပွန်း ဖြစ်သူနှင့်အတူ နေအိမ်ရှိ ခွေးများကို လမ်းလျှောက် ထိန်းကျောင်းရာမှ နေအိမ်သို့ ပြန်လာခဲ့ပြီး ဒေါ်လှလှမြင့်က ခွေးများကို နေအိမ်နောက်ဖေး ခွေးလှောင်အိမ်အတွင်း ပို့နေစဉ် နေအိမ်ရှေ့မှ ခွေးဟောင်သံ ကြားသဖြင့် ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ၏ ဦးခေါင်း ချိုစောင်း ရိုက်နှက်ခံရကာ ၎င်း၏ လည်ပင်းတွင် ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့်ရှိ ဆွဲကြိုးတစ်ကုံး၊ တန်ဖိုး ကျပ်သိန်း ၃၀ ကျော်ခန့်သည် ပျောက်ဆုံး သွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဒေါ်လှလှမြင့်၏ ခင်ပွန်း ဖြစ်သူကို မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသလျက် ရှိပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် (ပ)၂၀၄/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၅/၃၈၆ အရ အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုယက်မှု ၇၃ မှု ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလမှ အောက်တိုဘာလအထိ မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် ၁၄ မှု၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၄ မှု၊ မဟာအောင်မြေ မြို့နယ်တွင် ၁၃ မှု၊ ချမ်းမြသာစည် မြို့နယ်တွင် ခုနစ်မှု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် သုံးမှု၊ အမရပူရ မြို့နယ်တွင် နှစ်မှု၊ ပြင်ဦးလွင် ခရိုင်တွင် ပြင်ဦးလွင်မြို့နယ်တွင် သုံးမှု၊ မတ္တရာ မြို့နယ်တွင် တစ်မှု၊ မိုးကုတ်မြို့နယ်တွင် တစ်မှု၊ ကျောက်ဆည် ခရိုင် ကျောက်ဆည် မြို့နယ်တွင် နှစ်မှု၊ စဥ့်ကိုင်မြို့နယ်တွင်တစ်မှု၊ မြင်းခြံခရိုင်တွင် တစ်မှု၊ ညောင်ဦးခရိုင်တွင် တစ်မှု၊ မိတ္ထီလာ ခရိုင်တွင် လေးမှု၊ ရမည်းသင်း ခရိုင်တွင်နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးတွင် နိုဝင်ဘာလအတွင်း ၂၄ ရက်နေ့အထိ လုယက်မှုလေးမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

RangonNewsDaily:: November . 27 .2013
မန္တလေးမြို့တော်တွင် နေ့စဉ် ပစ္စည်းယူ လုယက်မှုများ အဖြစ်များလာသဖြင့် မှုခင်းဖြစ်ပွားသော နေရာများကို အဓိကထား၍ လုံခြုံရေးအင်အား တင်းကျပ်စွာချထား ဆောင်ရွက်လျက် ရှိကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက The Voice သို့ ပြောကြားသည်။

ဘေဆယ်အသင်းကို အဝေးကွင်းမှာ နောက်ကျ ဂိုးသွင်းခံရပြီး ရှုံးနိမ့်ခဲ့ပေမည့် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ သေချာသွားခဲ့တဲ့ ချယ်လ်ဆီး

Photo: ဘေဆယ်အသင်းကို အဝေးကွင်းမှာ နောက်ကျ ဂိုးသွင်းခံရပြီး ရှုံးနိမ့်ခဲ့ပေမည့် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ သေချာသွားခဲ့တဲ့ ချယ်လ်ဆီး
Wednesday, November 27, 2013

နိုဝင်ဘာလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန် မနက်၂း၁၅ တွင် UEFA ချန်ပီယံလိဂ် အုပ်စု (E) ပွဲစဉ်ဖြစ်သည့် ဘေဆယ် အသင်းနှင့် ချယ်လ်ဆီး အသင်းတို့  အုပ်စု ပွဲစဉ် (၅) ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ပွဲအပြီးမှာ အိမ်ရှင် ဘေဆယ်အသင်းမှ  ချယ်လ်ဆီးအသင်းကိုဆာလာ ၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထိုအနိုင်ရလဒ်ကြောင့် ဘေဆယ်အသင်းသည် (၁၆) သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် တစ်ခု ဖြစ်လာခဲ့ပါသည်။ ချယ်လ်ဆီးအသင်း အနေနဲ့ကတော့ တဘက်ပွဲစဉ်ဖြစ်သည့် ရှော်ကေး နှင့် စတူအာ ဘူခါရက်အသင်းတို့  ဂိုးမရှိ သရေပွဲဖြစ်ခဲ့တာကြောင့်၊ အုပ်စု ဒုတိယမှ ဘေဆယထက် (၁) မှတ် သာ နဲ့ ရှော်ကေးထက်လည်း (၂) မှတ်အသာ အခြေအနေဖြစ်လာခဲ့ပါသည်။  ထို့အပြင်နောက်ဆုံးပွဲစဉ်တွင် ဘေဆယ် အသင်း နှင့် ရှော်ကေးအသင်းတို့ တွေ့ဆုံကြမှာမို့ ပွဲစဉ် (၅)ပွဲအပြီးတွင် နောက်တစ်ဆင့်သို့ တက်ရောက်ရေးကြိမ်းသေ သွားခဲ့ခြင်း ဖြစ်ပါသည်။

ဘေဆယ်အသင်းသည် ယခုပွဲမှာ အိမ်ရှင်ဖြစ်တာနဲ့အညီ ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို  ပွဲစသည်ဆိုကတည်းက အကောင်းဆုံး ယှဉ်ပြိုင် တိုက်စစ်ဆင်ကစားခဲ့သည်ကို မြင်တွေ့ရပါသည်။ ပွဲချိန်အတွင်းမှာ ချယ်လ်ဆီးဂိုးသမား ပီတာချက်၏ အကောင်းဆုံး လက်စွမ်းပြနေမှုများကြောင့် ဂိုးစောစောမပေးခဲ့ရခြင်းက ချယ်လ်ဆီးအသင်းအတွက် ကံကောင်းခဲ့ ပါသည်။ သို့ပေမည့်လည်း ဘေဆယ်အသင်းအတွက် အရေးကြီးတဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၇) မိနစ်မှာ ကွင်းလယ်မှ ဖြတ်တင်ပေးသော ဘောလုံးကို တိုက်စစ်မှုး ဆာလာ ကနေပြီး  အသာအယာထိန်းကာ ဂိုးရှေ့ ကို ဆွဲထုတ်လာပြီးပီတာချက်၏ ညာဘက်ထောင့်ဆီကို သေသပ်စွာ ကန်သွင်းနိုင်မှုနေ တဆင့် ရရှိခဲ့ပါသည်။ ပွဲအပြီးမှာ ဘေဆယ်အသင်းမှ ချယ်လ်ဆီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့် တွေ့ဆုံမှု (၂) ကြိမ်စလုံးမှာ အနိုင်ရခဲ့ပါသည်။ ထို့အပြင် ယနေ့ပွဲအတွက် အကောင်း ဆုံးကစားသူတစ်ယောက် ဖြစ်ခဲ့တဲ့ ဆာလာကလည်း ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံသည့် ပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါသည်။  ယနေ့ပွဲ နိုင်ပွဲသည် ဘေဆယ်အသင်းအတွက် ယခုနှစ် UEFA ချန်ပီယံလိဂ် ကန်ပြီးသည့် ပွဲစဉ်တွေမှည ပထမဦးဆုံး ဂိုးမပေးရသည့် ပွဲတစ်ပွဲ လည်းဖြစ်ခဲ့ပါသည်။ ထို့အပြင်လည်း ဘေဆယ်အသင်းအနေနဲ့ အင်္ဂလန်ကလပ်အသင်းများနှင့် (၈) ကြိမ်တိတိတွေ့ဆုံ ကစားခဲ့ရာတွင် တစ်ကြီမ်သာ ရှုံးနိမ့်ဖူးပြီး ကျန်တဲ့ပွဲများ ကတော့  နိုင်( ၃) ပွဲ၊ သရေ (၄) ပွဲဖြစ်ခဲ့ပါသည်။ ချန်ပီယံလိဂ် အုပ်စုနောက် ဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက အုပ်စုနောက်ဆုံး စတူအာ ဘူခါရက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရရှိပါကအုပ်စု ပထမဖြင့် (၁၆) သင်းရှုံးထွက်ကို တက်ရောက်နိုင်မည် ဖြစ်ပြီး၊ ဘေဆယ်အသင်းကတော့ နောက်ဆုံးပွဲအဖြစ် ရှော်ကေးကွင်းမှာ သွားရောက်ကစားရမည် ဖြစ်ပြီး သရေ တစ်မှတ် ယူနိုင်ပါက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်ပါတော့၏။ 

Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/

RangonNewsDaily:: November . 27 .2013
နိုဝင်ဘာလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန် မနက်၂း၁၅ တွင် UEFA ချန်ပီယံလိဂ် အုပ်စု (E) ပွဲစဉ်ဖြစ်သည့် ဘေဆယ် အသင်းနှင့် ချယ်လ်ဆီး အသင်းတို့ အုပ်စု ပွဲစဉ် (၅) ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

နိုင်ငံတော် လုံခြုံရေးအတွက် သင်တန်းသားစုံထောက်များ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ စေလွှတ်ထား

RangonNewsDaily:: November . 27 .2013
နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီး သောသတင်းအချက်အလက် များသိရှိစေရန် သင်တန်းသား စုံထောက်အများအပြားကို တိုင်း နှင့်ပြည်နယ်အသီးသီးရှိအရေး ကြီးသော နေရာများသို့စေလွှတ် ထားကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ရဲချုပ်ဇော်ဝင်းကရန်ကုန် တိုင်းမ်နေ့စဉ်သို့ပြောသည်။ နိုဝင်ဘာ ၂၅ ရက်က နေ ပြည်တော်ရှိ MICC တွင် ဆူဇူ ကီးကုမ္ပဏီမှပြုလုပ်သည့် မြန်မာ အစိုးရသို့ ဆူဇူကီးရဲတပ်ဖွဲ့သုံး ဆိုင်ကယ်များ ပေးအပ်သည့်အ ခမ်းအနား တွင် ရန်ကုန်တိုင်းနေ့ စဉ်၏ သီးသန့်တွေ့ဆုံမေးမြန်းမှု ကို ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ် သည်။

သာကေတတွင် ဓာတ်ဆီပိုက်လိုင်း အဖောက်ခံရ

RangonNewsDaily:: November . 27 .2013
သန်လျင်မြို့နယ် ရေနံချက်စက်ရုံမှ သာကေတမြို့နယ် ရေနံ သိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲသို့ ဓာတ်ဆီများ ပို့လွှတ်သည့် ပိုက်လိုင်း သွယ်တန်းထားသော လမ်းခုလတ်နေရာ ဖြစ်သည့် သန်လျင်တံတား တိုင်အမှတ် ၁၈ အောက်တွင် ဓာတ်ဆီပိုက် လိုင်းဖောက်၍ ဓာတ်ဆီများ ခိုးယူခံရမှုတစ်ခု နိုဝင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ

Photo: ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ
Mizzima - News in Burmese

ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။

နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော် မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော် မူတာ ကို ဖေါ်ပြပုံ ရတယ်လို့ ဆိုပါတယ်။

BBC Burmese

RangonNewsDaily:: November . 27 .2013
ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ
ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။

၉၃ နှစ်မြောက် အမျိုးသားနေ့အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပ

Photo

RangonNewsDaily:: November . 27 .2013
ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် ၉၃ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာ
ယကများဖြစ်သည့် ဦးဝင်းတင်၊ ဦးတင်ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ထိုင်းဆန္ဒပြမှုကြောင့် နိုင်ငံပေါင်း ၂၃နိုင်ငံမှ အထူးခရီးသွားလမ်းညွန် ထုတ်ပြန်သတိပေး

Photo: ထိုင်းဆန္ဒပြမှုကြောင့် နိုင်ငံပေါင်း ၂၃နိုင်ငံမှ 
အထူးခရီးသွားလမ်းညွန် ထုတ်ပြန်သတိပေး
Tuesday, November 26, 2013 

ဘန်ကောက်မြို့ ဆန္ဒပြပွဲများကြောင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ၄င်းတို့၏ နိုင်ငံသားများအား ထိုင်းနိုင်ငံသို့် ခရီးသွားရာတွင် သတိထားရမည့် အထူးခရီးသွားလမ်းညွန်များ ထုတ်ပြန်သတိပေးထားကြောင်းသိရသည်။
ဆန္ဒပြခေါင်းဆောင်များကမူ ၄င်းတို့ဆန္ဒပြမှုသည် ခရီးသွားလုပ်ငန်းကို မထိခိုက်စေကြောင်း ငြင်းဆိုကြသည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနက တိုင်းနိုင်ငံတွှု သံရုံးထားရှိသော နိုင်ငံပေါင်း ၆၈နိုင်ငံအနက် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ဂျပန် ၊တရုတ် ၊ ထိုင်ဝမ် ၊ တောင်ကိုရီးယား နှင့် စင်္ကာပူအပါအ၀င် ၂၃နိုင်ငံက ဘန်ကောက်မြို့ ဆန္ဒပြမှုများကြောင့် ၄င်းတို့ နိုင်ငံသားများအတွက် ခရီးသွားအကြံပေးမှုများ ထုတ်ပြန်ထားကြောင်း ဆိုသည် ။ 
အယုဒ္ဒယနှင့် ဘန်ကောက်မြို့များတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြင်းထန်လာပြီး ဆန္ဒပြသူများက ထိုင်းနိုင်ငံအခွန်ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် ၀န်ကြီးဌာန ၅ ခုကို ၀င်ရောက်နေရာယူ သိမ်းပိုက်ခဲ့သဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်က ဘန်ကောက်ခရိုင်အပါအ၀င် ခရိုင်၎ခုမှာ ပြည်တွင်းလုံခြုံရေးဥပဒေကို တနင်္လာနေ့က တိုးချဲ့ ပြဋ္ဌာန်းလိုက်ကြောင်း ၊သို့ရာတွင် ဆန္ဒပြသူများကို အကြမ်းဖက်အင်အားသုံးပြီး နှိမ်နင်းမည် မဟုတ်ဟု ဆိုထားသည် ။ယခု ဆန္ဒပြပွဲများကြောင့် ထိုင်းခရီးသွားလုပ်ငန်းသည် ထိုင်းဘတ်ငွေ ၂၅ ဘီလျံ နစ်နာနိုင်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်( TAT) က ခန့်မှန်းထားသည် 

Popular Myanmar News Journal

RangonNewsDaily:: November . 27 .2013
ဘန်ကောက်မြို့ ဆန္ဒပြပွဲများကြောင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ၄င်းတို့၏ နိုင်ငံသားများအား ထိုင်းနိုင်ငံသို့် ခရီး
သွားရာတွင် သတိထားရမည့် အထူးခရီးသွားလမ်းညွန်များ ထုတ်ပြန်သတိပေးထားကြောင်းသိရသည်။

ဘင်္ဂါလီအရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် ကန့်ကွက်ပွဲ ပြည်သူ့ရင်ပြင်တွင် လုပ်မည်

RangonNewsDaily:: November . 27 .2013
ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးရေး မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်မြို့တော်ရှိ ပြည်သူ့ရင်ပြင်တွင် ဒီဇင်ဘာလ ၁ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်ရေး အတွက် လုပ်ဆောင်နေသူ ဦးနောင်တော်လေး က ပြောကြားသည်။

တရုတ်နိုင်ငံက လပေါ်သို. ဂြိုဟ်တု လွှတ်မည်

Photo: တရုတ်နိုင်ငံက လပေါ်သို. ဂြိုဟ်တု လွှတ်မည်
Tuesday, November 26, 2013 

လူလိုက်ပါခြင်း မရှိတဲ့ လဆင်းယာဉ် တစ်စင်းကို ပထမဆုံး အကြိမ်အဖြစ် လွှတ်တင်ဖို. ရည်ရွယ်ထားတယ်လို. တရုတ်နိုင်ငံက ကြေငြာလိုက်ပါတယ်။

ရှေ.လမှာ လွှတ်တင်မယ့် ဒီလဆင်းယာဉ်ကို တရုတ်ဘာသာနဲ. Yutu လို. အမည်ပေးထားပြီး ကျောက်စိမ်းယုန် "Jade Rabbit" လို. အဓိပ္ပါယ် ရပါတယ်။ ရွှေလမှာယုန်ဝပ်တယ် ဆိုတဲ့ တရုတ် ရိုးရာဓလေ့ကို အစွဲပြုပြီး ခုလို အမည် မှည့်ခေါ်တာလို.လဲ သိရပါတယ်။ 

တရုတ်နိုင်ငံဟာ ဒီနှစ်ပိုင်းတွေမှာ အာကာသ နည်းပညာပိုင်းနဲ. ပက်သက်လို. ထူးထူးခြားခြား အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်နိုင်တာကို တွေ.မြင်ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက တရုတ် အာကာသယာဉ်မှုးတွေဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ၁၅ ရက်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာမြေကို အောင်မြင်စွာ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာလဲ လပတ်လမ်းကြောင်းထဲကို Chang'e လို. အမည်ပေးထားတဲ့ ဂြိုဟ်တု တစ်စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒီဂြိုဟ်တုဟာ ၁၆ လကြာ လကို လှည့်ပတ်အပြီးမှာ လမျက်နှာပြင်ပေါ်ကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ပျက်ကျသွားခဲ့ပါတယ်။

ယခုတကြိမ် လဆင်းယာဉ် လွှတ်တင်မယ့်နေ.ကို အတိအကျ မပြောပေမယ့် ဒီဇင်ဘာ လဆန်းပိုင်း ဖြစ်မယ်လို. တာဝန်ရှိသူတွေက ပြောပါတယ်။ စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် လွှတ်တင်မယ့် လဆင်းယာဉ်ဟာ ဒီဇင်ဘာ လလယ်လောက်မှာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

Jade Rabbit လဆင်းယာဉ်ဟာ လပေါ်က သက်တန်.ပင်လယ်အော် "Bay of Rainbows" လို. ခေါ်တဲ့ ဒေသတ၀ိုက်မှာ ဆင်းသက်မှာ ဖြစ်ပြီး လပေါ်မှာ သုံးလကြာ သွားလာ စူးစမ်းမယ့် လေ့လာရေးယာဉ်ကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လဆင်းယာဉ်ရဲ. အမည် Yutu ခေါ် "Jade Rabbit" ကို တရုတ်နိုင်ငံသား သန်းပေါင်းများစွာက အင်တာနက်ကနေ Vote လုပ်ပြီး ရွေးချယ်ခဲ့တာလို. သိရပါတယ်။ တရုတ်တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီအာကာသ အစီအစဉ်တွေဟာ တရုတ်ပြည်သူတွေကြား ရေပန်းစားနေပြီး တရုတ်နိုင်ငံသားတွေရဲ. အောင်မြင်မှုတွေလို. တရုတ်ပြည်သူတွေက ဂုဏ်ယူနေကြကြောင်း သိရှိရပါတယ်။

BBC Burmese

RangonNewsDaily:: November . 27 .2013
လူလိုက်ပါခြင်း မရှိတဲ့ လဆင်းယာဉ် တစ်စင်းကို ပထမဆုံး အကြိမ်အဖြစ် လွှတ်တင်ဖို. ရည်ရွယ်ထားတယ်လို. တရုတ်နိုင်ငံက ကြေငြာလိုက်ပါတယ်။

ဦးတေဇ ရွေးကောက်ပွဲဝင်မည်ဟု သတင်းထွက်ပေါ်

RangonNewsDaily:: November . 27 .2013
မြန်မာနိုင်ငံ၏ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးတေဇအနေဖြင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ကံအကြောင်းလှပါက ၀င်ရောက်ယှဉ်ပြိုင်မည့် အလားအလာရှိကြောင်း ဦးတေဇနှင့် နီးစပ်သည့် ယခင် စစစ မှ အမည်မဖော်လိုသူ အရာရှိဟောင်းတစ်ဦးကပြောကြားလိုက်သည်။ “သူ့ အနေနဲ့ က စီးပွားရေးထဲမှာပဲ နစ်မြုပ်နေတာကြာပြီ။ ဆယ်သက်စားမကုန်အောင်လည်းရှာပြီးပြီ၊ ခင်ဗျားတို့ မီဒီယာတွေ အခေါ်အဝေါ် ခရိုနီပေါ့ဗျာ၊ နိုင်ငံရေးကို စိတ်ဝင်စားနေပါတယ်၊ တစ်သီးပုဂ္ဂလယှဉ်ပြိုင်ဖို့ အလားအလာပိုများပါတယ်”ဟု အဆိုပါ အရာရှိကပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်သားတွေ ၉ ကြိမ်မြောက် ဆန္ဒပြ

Photo: မိကျောင်းကန် ရပ်ကွက်သားတွေ ၉ ကြိမ်မြောက် ဆန္ဒပြ
Wednesday, November 27, 2013 

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ က မြေပိုင်ရှင်တွေ ဟာ တပ်ကသိမ်းယူထားတဲ့ မြေနေရာတွေပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အထက (၁) ကျောင်းရှေ့မှာ ၉ ကြိမ်မြောက်ဆန္ဒပြခဲ့ကြပြီး နေ့ လယ်ပိုင်းမှာတော့ ဘိုးဘွားပိုင် မိကျောင်းကန်မြေနေ ရာရှေ့မှာ ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ်မတ်လက ဒုတိယအကြိမ်မြောက် မိကျောင်းကန်ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုထင်ကျော်၊ ဦးစိန်သန်းနဲ့ ဦးကျော်လွင်တို့ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကနေပြီး ပုဒ်မ (၁၈)၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာကြောင့် သူတို့ ၃ ဦးကို ပြန် လွှတ်ပေးဖို့အတွက် သပိတ်စခန်းဖွင့်ရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ မနေနွယ်သန်းက ပြောပါတယ်။

“ညီမတို့ရဲ့ခေါင်းဆောင်ကို ပုဒ်မ ၁၈ နဲ့ အလုပ်ကြမ်းနဲ့ ထောင် ၃ လဆိုပြီးတော့ အင်းစိန်ထောင်ကို ခေါ်သွားပါတယ်၊ ဒီအတွက် ညီမတို့ ဒီကပြည်သူတွေကနေပြီးတော့ ဒီမြေနေရာနဲ့ ပတ်သက်ပြီးတော့ ထိရောက်စွာဆောင်ရွက်ပေးဖို့ မရှိမခြင်း၊ ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွတ် မပေးမခြင်း မထတော့ဘူးဆိုပြီးတော့ ညီမတို့ ဒီဘိုးဘွားပိုင်မြေရှေ့မှာပဲ သပိတ်စခန်းဖွင့်လိုက်ပါပြီ”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အခုဆန္ဒပြသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပေမယ့် အခုအချိန်အထိ ပြေလည်မှုမရှိသေးဘူးလို့ ပြောပါတယ်။

ဒီကနေ့မှာတော့ ဆန္ဒပြသူတွေက မိကျောင်းကန်မြေနေရာတွေမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့၊ မိကျောင်းကန်ဆန္ဒပြရာမှာ ပါဝင်ခဲ့တာကြောင့် အဖမ်းခံထားရသူတွေကိုလွှတ်ပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၇ ချက်ကို တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

RFA Burmese

RangonNewsDaily:: November . 27 .2013
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ က မြေပိုင်ရှင်တွေ ဟာ တပ်က
သိမ်းယူထားတဲ့ မြေနေရာတွေပြန်ရဖို့အတွက်ဒီကနေ့မနက်ပိုင်းကသင်္ဃန်းကျွန်းမြို့နယ်အထက(၁) ကျောင်း
ရှေ့မှာ ၉ ကြိမ်မြောက်ဆန္ဒပြခဲ့ကြပြီး နေ့ လယ်ပိုင်းမှာတော့ ဘိုးဘွားပိုင် မိကျောင်းကန်မြေနေ ရာရှေ့မှာ ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ခဲ့ကြပါတယ်။