Pages

Tuesday, November 26, 2013

အန်ဂိုလာတွင် အစ္စလာမ်ကို ပိတ်ပင်ပြီး ဗလီများဖြိုဖျက်နေခြင်းမှာ မဟုတ်ကြောင်း အန်ဂိုလာတာဝန် ရှိသူငြင်းဆို


RangonNewsDaily:: November . 26 .2013
အလ်ဟမ်ဒိုလစ်လာဟ်
အန်ဂိုလာ မှာ အစ္စလာမ်ကို ပိတ်ပင်ပြီး ဗလီများ ဖျက်နေတယ်ဆိုတဲ့ သတင်းကို IBtimes ဆိုတဲ့ မီဒီယာကနေ စပြီးဖော်ပြခဲ့ပါတယ်။ အခုအဲဒီမီဒီယာကနေပဲ မဟုတ်ကြောင်းပြန်လည်ဖြေရှင်း
လိုက်ပါပြီ။

ဗလီဝတ်ကျောင်းတော်တွေဖျက်ဆီးခံရတဲ့ Angola နိုင်ငံ


RangonNewsDaily:: November . 26 .2013
Angola နိုင်ငံမှာ ပြီးခဲ့တဲ့ စနေနေ့မှစတင်ပြီးအစ္စလာမ်ဘာသာဝင်များပိုင်ဗလီဝတ်ကျောင်းတော်များဖြို
ဖျက် ဖျက်ဆီးခြင်းခံရတယ်ဆိုတဲ့ သတင်းဆိုး မြန်မာနိုင်ငံကို ရိုက်ခတ်လာတဲ့ အခါ........

အမေရီကန်သမ္မတကြီး သောမတ်စ်ဂျက်ဖာဆန် အုတ်ဂူမှာရေးထိုးထားတဲ့စာ

Photo: အမေရီကန်သမ္မတကြီး သောမတ်စ်ဂျက်ဖာဆန် အုတ်ဂူမှာရေးထိုးထားတဲ့စာ
Tuesday, November 26, 2013

သမ္မတကြီး သောမတ်စ်ဂျက်ဖာဆန်သည် သူ အသက်ကြီးရင့်လာ
သောအခါ သူ၏ မိတ်ဆွေ သင်္ဂဟများကို ဖိတ်ကြားလိုက်လေသည်။

ထိုသို့ဖိတ်ကြားရသည့် အကြောင်းအရင်းမှာ သူသေသွားလျှင် သူ၏
အုတ်ဂူပေါ်မှာ ရေးထိုးရမည့်စာနှင့် ပတ်သက်နေလေသည်။သမ္မတကြီးက
အောက်ပါ အတိုင်းပြောလိုက်လေသည်။

"မင်းတို့ ငါသေသွားတဲ့အခါ ငါ့အုတ်ဂူမှာ အမေရီကန်နိုင်ငံရဲ့ သမ္မတ
ကြီး ဖြစ်တယ်ဆိုပြီး မရေးဖို့ မှာကြားချင်တယ်။ ငါရေးချင်တာကတော့ ငါဂုဏ်ယူတဲ့ ငါလုပ်ခဲ့တဲ့ အချက် နှစ်ချက်ကိုရေးပေးဖို့ပဲ။ အဲဒါတွေကတော့
ငါဟာ လွပ်လပ်ရေးကြေညာစာတမ်းကြီးကိုးရေးသားလက်မှတ်ထိုးခဲ့တယ်။
ပြီးတော့ ဗာဂျီးနီးယား တက္ကသိုလ်ကြီးကို တည်ထောင်ခဲ့တယ်။ အဲဒိနှစ်ချက်
ကို ရေးပေးဖို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ လောကမှာ လွပ်လပ်ခြင်းနဲ့ အသိ
ပညာတွေဟာ ဂုဏ်သိက္ခာအကြီးမားဆုံးဆိုတာကို ယုံကြည်လို့ပါ။ သမ္မတ
ရာထူးထက် ဂုဏ်သိက္ခာ ပိုကြီးမားတယ်လို့ ငါယုံကြည်တယ်"

သမ္မတကြီး၏ ဆန္ဒအတိုင်း သူ၏အုတ်ဂူပေါ်တွင် သမ္မတကြီးရေးပေး
ခဲ့စာများကို အောက်ပါ အတိုင်း ရေးထိုးထားထားလေသည်။

"HERE WAS BURIED THOMAS JEFFERSON
AUTHOR OF THE DECLARATION OF AMERICAN INDEPENDENCE OF THE STATUTE OF VIRGINIA FOR RELIGIOUS FREEDOM AND FATHER OF THE UNIVERSITY OF VIRGINIA"

သမ္မတကြီးဟာ သမ္မတလုပ်စဉ်မှာ လစာတစ်ပြားမှမယူခဲ့ပါ။ ထို့ပြင်
သမ္မတကြီးသည် သူ့မှာရှိတဲ့ ငွေအားလုံးဟာ သမ္မတလုပ်လိုက်တဲ့အတွက် ဘာမှမကျန်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ရှိသမျှငွေအားလုံးကို နိုင်ငံ
တစ်ဝန်း ပညာရေးတိုးတက်ဖို့ ၊လူငယ်တွေပညာတတ်ဖို့သုံးလိုက်သော
ကြောင့်ဖြစ်သည်။ သမ္မတကြီးသည် သူ့သက်တမ်းတစ်လျှောက် ၊ဘဝတစ်လျှောက် နိုင်ငံမှာ ပညာထွန်းကားစေဖို့ အဓိကလုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် သမ္မတရာထူးမှ အနားယူချိန်တွင် သမ္မတကြီးမှာ ယခင်
သူဌေးကြီးဘဝမှ အကြွေးများပတ်လည်ဝိုင်းနေသူတစ်ယောက်ဖြစ်သွားလေ
တော့သည်။ သမ္မတကြီး သည် ထိုကဲ့သို့ အနားယူရမည့် အချိန်မှာ သူ့အကြွေးတွေပြန်ဆပ်ဖို့ လုံးပန်းရလေသည်။ထို့ပြင် ပြည်သူများအသိပညာတိုးတက်ရေးအတွက် မနားမနေဆောင်ရွက်ပြန်လေသည်။ တစ်ဖန် လူငယ်များကလာရောက်ကာ ဗာဂျီးနီးယား တက္ကသိုလ်ကြီးတည်ဆောက်ဖို့ အကူအညီတောင်းကြပြန်လေ
ရာ ယင်းတက္ကသိုလ်ကြီးအတွက် သူ၏ ဘဝကို ထပ်မံနှစ်မြှုပ်ပြန်လေသည်။

(ယခုစာစုအတွက် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) အားကျေးဇူးတင်
ပါသည်)

ကိုချိန်ခွင် အမည်ဖြင့် Tech Space Journal , Life ကဏ္ဍ တွင် ရေးသားခဲ့
သော စာစုအားပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Nyein Chan (TSJ Tech Team)

RangonNewsDaily:: November . 26 .2013
သမ္မတကြီး သောမတ်စ်ဂျက်ဖာဆန်သည် သူ အသက်ကြီးရင့်လာ သောအခါ သူ၏ မိတ်ဆွေ သင်္ဂဟများကို
 ဖိတ်ကြားလိုက်လေသည်။

ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ယာဉ်နှစ်စီးပေါ်မှ သေနတ်များ၊ ကျည်ဆန်တောင့်များနှင့် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Photo: ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ယာဉ်နှစ်စီးပေါ်မှ သေနတ်များ၊ ကျည်ဆန်တောင့်များနှင့် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Tuesday, November 26, 2013

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ သိန်းနီမြို့နယ် အတွင်းရှိ ယာဉ်နှစ်စီးပေါ်မှ စုစုပေါင်း ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့် ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်ရှိ စယ်အူရွာအနီး သိန်းနီ-ကွမ်းလုံသွား ကားလမ်းတွင် သတင်းအရ ခြေမြန်တပ်ရင်း ၁၂၅ မှ တပ်ဖွဲ့ဝင်များနှင့် နေပြည်တော် မူးယစ်တပ်ဖွဲ့စု (၁၀၁) မှ တပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေနေစဉ် ကိုအောင် (ခ) လောက်အယ် မောင်းနှင်လာသော အစိမ်းရောင် လန်ခရူဆာယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်မှ စုစုပေါင်းကျပ် ၅၂၈၄ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၄ ထုပ်၊ ဘိန်းညို ၃၀ ထုပ်၊ ဘိန်း စိမ်း ၀ ဒသမ ၅ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထို့အပြင် AK-47 သေနတ်တစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၅ တောင့်) နှင့် ပွိုင့် ၂၂ သေနတ်တစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၅ တောင့်) တို့အား ထပ်မံတွေ့ရှိခဲ့ရာ လားရှိုးမြို့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ရဲစခန်းက မယ (ပ) ၁၈၃/၁၃ မူးစိတ်ပုဒ်မ ၁၅/၁၉၉(က)/၂၂(ခ)ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့ည ၁၁ နာရီခန့်၌ပင် သိန်းနီမြို့နယ်ရှိ စယ်အူ-နမ့်ခိုက်ရွာသွား ကားလမ်းတွင်လည်း ပိတ်ဆို့ရှာဖွေခဲ့ရာ ယာဉ်မောင်း ရောင်ဆင်း (၃၄) နှစ် မောင်းနှင်ပြီး ကျန်းကွမ်းလင်၊ အားဖာ (ခ) ကျော်ထွန်းနှင့် နော်ဂျာတို့ လိုက်ပါလာသည့် တိုယိုတာဖိုးဝှီး အနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းမှ ကျပ် ၅၆၉၉၁ သိန်းတန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်ဆေးပြား ၄၅၁၅၀၀ ပြား၊ Coldifed ဆေးပြား ၃၂၅၀၀ ပြားနှင့် ဆူဒိုအက်ဖီရင်း ဆေးပြား အကြေမှုန့် နှစ်ကီလိုခန့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

''မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ချမှတ်ထားတဲ့ စီမံချက်အတိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိဖို့ကို အချိန်တိုင်း ဆောင်ရွက်နေပါတယ်။ အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ သူတွေကို ဆက်လက် စစ်ဆေးပြီးတော့ ကွင်းဆက်ကျူးလွန် သူတွေကိုလည်း အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ'' ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ပြောကြားသည်။

ဆက်လက်၍ အဆိုယာဉ်ထဲမှပင် ပွိုင့် ၂၀ ပစ္စတိုသေနတ်နှစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၄ တောင့်) နှင့် M 22 သေနတ် နှစ်လက် (ကျည် ၅၆ တောင့်) တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကာ လားရှိုးမြို့မ ရဲစခန်းက အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော လက်နက်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်
Eleven Media Group
ဖမ်းဆီးရမိသော လက်နက်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်
RangonNewsDaily:: November . 26 .2013
ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိသိန်းနီမြို့နယ် အတွင်းရှိ ယာဉ်နှစ်စီးပေါ်မှ စုစုပေါင်း ကျပ်သိန်းပေါင်း ခြောက်
သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့် ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မျော်လင့်နေတဲ့ Message လေးတစ်စောင်

RangonNewsDaily:: November . 26 .2013
"ချစ်သူများနေ့" သုံးနှစ်ဆက်တိုက်လုံးလုံး
သူ မသိတဲ့ဖုန်းနံပါတ်တစ်ခုကနေ
"ချစ်သူများနေ့မှာပျော်ရွှင်ပါစေ"ဆိုတဲ့ မက်ဆေ့တိုတစ်ကြောင်းကို သူနှစ်တိုင်းရတတ်တယ်။

ဘန်ကောက်မှာ အရေးပေါ်လုံခြုံရေးဥပဒေထုတ်ပြန်

Photo: ဘန်ကောက်မှာ အရေးပေါ်လုံခြုံရေးဥပဒေထုတ်ပြန်
Tuesday, November 26, 2013

ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ အတိုက်အခံအင်အားစုတွေ ဦးဆောင်ပြီး ဆန္ဒပြကြရာမှာ အရေးကြီးတဲ့ ၀န်ကြီးဌာနတွေကို ၀င်ရောက် စီးနင်းမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့ နေရာတော်တော်များများမှာ အထူးလုံခြုံရေး ဥပဒေတွေကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်က ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။

ဘန်ကောက်မြို့ နေရာအားလုံးနဲ့ မြို့ပြင်တချို့အရပ်တွေမှာ ပြည်တွင်းလုံခြုံရေး ဥပဒေကို ထုတ်ပြန်လိုက်တဲ့ အကြောင်း တနင်္လာနေ့နှောင်းပိုင်းမှာပဲ နိုင်ငံပိုင် ရုပ်မြင်သံကြားကတဆင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ပြောဆိုခဲ့တာပါ။ မြို့တော်ရဲ့ အချက်အခြာနေရာတွေမှာ ပြဌာန်းထားပြီးဖြစ်တဲ့ ဒီဥပဒေအရ ရဲတွေအနေနဲ့ လမ်းတွေပိတ်ခွင့်၊ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်နဲ့ ရှာဖွေ စစ်ဆေးခွင့်တွေ ရှိမှာဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းကတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို ၀င်ရောက် စီးနင်းခဲ့ကြသလို တခြားအစိုးရ အဆောက်အဦးတွေဆီကိုလည်း ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူ ၁ ထောင် ကျော်ဟာ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦးထဲကို ၀င်ရောက်ခဲ့ကြပြီး နောက်ထပ် ဆန္ဒပြသူတွေကလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ၀င်းထဲအထိ အတင်း ၀င်ရောက်ခဲ့ကြပေမဲ့  တခြား အဆောက်အဦးတွေထဲကို ၀င်ရောက်တာမျိုးတော့ မရှိခဲ့ပါဘူး။

ရဲတွေကတော့ ဆန္ဒပြသူ ၃ သောင်းလောက်ဟာ ဘန်ကောက်မြို့တ၀ိုက်မှာရှိတဲ့ အစိုးရအဆောက်အဦး အနည်းဆုံး ၁၃ ခုလောက်ကို ချီတက်ခဲ့ကြတဲ့အကြောင်း ပြောဆိုခဲ့ပေမဲ့ ဆန္ဒပြသူတွေကို ရှင်းလင်း ဖယ်ရှားတာမျိုးတော့ မလုပ်ခဲ့ကြပါဘူး။

အဓိကအတိုက်အခံပါတီက ဦးဆောင်တဲ့ ဆန္ဒပြသူတွေကတော့ လက်ရှိ ထိုင်းဝန်ကြီးချုပ်ဟာ အရင်က ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ်ရဲ့ ရုပ်သေး ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှုတ်ထွက်ပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်။

VOA

RangonNewsDaily:: November . 26 .2013
ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ အတိုက်အခံအင်အားစုတွေ ဦးဆောင်ပြီး ဆန္ဒပြကြရာမှာ အရေးကြီးတဲ့ ၀န်
ကြီးဌာနတွေကို ၀င်ရောက် စီးနင်းမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့ နေရာတော်တော်များများ
မှာ အထူးလုံခြုံရေး ဥပဒေတွေကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်က ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။

ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2)

Photo: ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2) 
Tuesday, November 26, 2013

The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။
၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပတင်မက ဟောလိဝုဒ်အသိုင်းအဝိုင်းထိပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအရသော ဗမာ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် မှုကိုပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။
ပြင်သစ်မှာ W group ကုမ္မဏီပိုင်ရှင် ဟာ မမျော်လင့်ပဲ သေဆုံးခဲ့ပါတယ်။ သူဌေးဟာ ဘီလျံနာတစ်ဦးဖြစ်ပြီး စီးပွားရေးတင်မကပဲ ပရဟိတ လုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့သေဆံးမှု ဟာ သွေးရိုးသားရိုးမဟုတ်ပဲ ဗမာ့စစ်တပ်တွေနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ ဆိုပါတယ်။ (ဇာတ်လမ်းထဲမှာ မြန်မာလို့မသုံးပဲ Burma မြန်မာလို့သာ သုံးသွားပါတယ်။)
ထိုင်းနယ်စပ်က မြန်မာ့ပိုင်နက်အတွင်း ဒုက္ခသည်စခန်း မှာ ငွေကြေးတွေ လှူဒါန်းနေတဲ့ သူဌေးဟာ လုပ်ကြံခံလိုက်ရခြင်း ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ကျော်မင်း ( General Kyaw min) ကတရားခံစာရင်းထဲမှာ ပါဝင်နေပါတယ်။ သူဌေးမှာ မွေးစားသားတစ်ဦးတည်းသာရှိပြီး W Group ကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အသက်အန္တရာယ်နဲ့ နီးစပ်နေတဲ့ မွေးစားသား Largo ဟာ W ကုမ္မဏီကို အပြီးတိုင် ရောင်းချပြီး ပရဟိတလုပ်ငန်းမှာ လှူမယ်လို့ ကြေညာခဲ့ပါတယ်။ သို့တည့်တိုင် ငွေကြေးတွေကို မတရား ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်တွေကြောင့် သူဟာ ဖခင်သေဆုံးမှုကို မြေလှန်စုံစမ်း ရတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့နိုင်ငံ၊ ရှမ်းပြည်နယ်အစွန်အဖျားက ဗိုလ်ချုပ် ကျော်မင်း အုပ်ချုပ်နေတဲ့ ဒေသကို အရောက်သွားပါတယ်။ သာမန်အရပ်သား လို နေထိုင်ရင်း မြန်မာမလေးတစ်ဦးနဲ့ နီးစပ်ခဲ့ပုံတွေကိုပါ ရိုက်ကူး ထားပါတယ်။ အမှန်တော့ ဇာတ်လမ်းကို မြန်မာပြည်မှာ လာရောက်ရိုက် ကူးခြင်းမဟုတ်ပဲ ထိုင်းနိုင်ငံမှာ ရိုက်ကူး ထားခြင်းဖြစ်ပါတယ်။ Trailer ကြည့်ရသလောက်တော့ ဗမာစကားပြော မပါဝင်ပဲ ထိုင်းဘာသာ စကား ပြောတာကိုသာ တွေ့ရပါတယ်။ ဒီအချက်က ဝေဖန်သူတို့ အတွက် ထောက်ပြစရာ တစ်ခု ဖြစ်သွားပါတယ်။
မြန်မာ့တောထဲမှာ တစ်လကျော်ကြာနေထိုင်ရင်း ဗမာ့တပ်မတော်နဲ့ တိုက်ခိုက်ရပါတော့တယ်။ ဇာတ်လမ်းအရ ကတော့ ထုံးစံအတိုင်း မြန်မာ့ တပ်မတော်က ဗီလိန်ဖြစ်ပြီး ရွာတွေကို မီးရှို့ လူရက်ရက်စက်စက် သတ်ဖြတ်နေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ စစ်အစိုးရခေတ်ကို အခြေခံပြီး ရိုက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကို ဘယ်လ်ဂျီယံ နာမည်ကြီး ဝတ္ထု Largo Winch ကိုပြန်လည် အသက်သွင်း ခြင်း ဖြစ်ပါတယ်။ ပထမ တစ်ကား Largo Winch ကို ၂၀၀၈ မှာ ရိုက်ကူးပြီး ဇာတ်ကွက်က သိပ်မကွာပါဘူး။ ပထမကားက အမေဇုန်တောထဲမှာ ဖြစ်ပြီး ဒုတိယတစ်ကားကျတော့ မြန်မာ့မြေ အမှတ်နဲ့ ထိုင်းနယ်စပ်မှာ ရိုက်ကူး ထားပါတယ်။
ဇာတ်လမ်းနှစ်ခုလုံး ဝတ္ထုတစ်ပုဒ်တည်းကို အခြေလို့ တူနေမယ်မဟုတ်ပါဘူး။ ဇာတ်ကြောရိုးက တူသယောင် ရှိနေပါတယ်။ ပထမ Largo Winch ကလည်း မွေးစားဖခင် အသတ်ခံရမှုကို စုံစမ်းရင်း အမေဇုန်တော ထဲ ရောက်သွားတာမျိုးဖြစ်ပါတယ်။ ဒုတိယ တစ်ကားကျတော့ Burma Jungle (မြန်မာ့တော) ထဲထိရောက်လာတယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါ တယ်။ အက်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဝေဝေဆာဆာပါဝင်ပါတယ်။

မင်းသား Largo Winch နေရာမှာ ဂျာမနီဖွား ပြင်သစ်မင်းသား Tomer Sisley က သရုပ်ပြီး၊ ဟောလိဝုဒ် မင်းသမီး Sharon Stone က Largo ရဲ့ စက္ကထရီနေရာမှာ သရုပ်ဆောင် ထားပါတယ်။
the Burma Conspiracy (Largo Winch-2) မကြည့်ရသေးသူများအတွက် Download link နဲ့ Trailer link များ မျှဝေပေးလိုက်ရပါတယ်။
http://www.youtube.com/watch?v=5L9WMDcuB-Q
http://bluraycdmovie.blogspot.com/2012/07/burma-conspiracy-2011-blu-ray-rip-720p.html
http://www.filestube.com/t/the+burma+conspiracy
http://kat.ph/the-burma-conspiracy-2011-brrip-720p-x264-dual-audio-hindi-english-by-k-rtik-exd-exclusive-t6490992.html
http://thepiratebay.se/torrent/7422853/The_Burma_Conspiracy_%282011%29___m-HD___720p___Hindi___Eng___BHATTI
http://moviesmobile.net/common/dwnload.php?url=20737
http://itunes.apple.com/gb/movie/the-burma-conspiracy/id482682686
http://www.nzbmovieseeker.com/NZB/1322333-The-Burma-Conspiracy/
.

အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 26 .2013
The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။