Pages
Monday, November 25, 2013
၂၀၁၃ခုနှစ်ရဲ့ ကမ္ဘာ ချမ်းသာကြွယ်ဝဆုံးသောသူများစာရင်း နယူးယောက်ဖို့ဒ် မဂ္ဂဇင်းကြီး မှဖော်ပြ
Photo: ကမ္ဘာ့ ချမ်းသာကြွယ်ဝဆုံးသောသူများ
Monday, November 25, 2013
နယူးယောက်ဖို့ဒ် မဂ္ဂဇင်းကြီးရဲ့ ဖော်ပြချက်များအရ ၂၀၁၃ခုနှစ်ရဲ့ ကမ္ဘာ ချမ်းသာကြွယ်ဝဆုံးသောသူများစာရင်းမှာ
နာမည်ပေါင်း ( 1,426) ခန့်ရှိပါတယ်။ 
သူတို့ရဲ့ချမ်းသာကြွယ်ဝမူဟာ ဒေါ်လာ (၄.၆) ထရီယံမှစပြီး ဒေါ်လာ (5.4)အထိရှိပါတယ်။
နိင်ငံတွေထဲမှာမှ (၄၄၂) ယောက်သော ဘီလီလျှံနာတွေ နေထိုင်တဲ့ အမေရိကန်နိင်ငံက ထိပ်ဆုံးက ဦးဆောင်လျက်ရှိပါတယ်။
အာရှ-ပစိဖိတ်မှာက (၃၈၆)ယောက်သော ဘီလီလျှံနာတွေ နေထိုင်ပါတယ်။
ဥရောပမှာ (၃၆၆)ယောက်
အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက မှာ တော့ (၁၀၃)ယောက်နဲ့ အနည်းဆုံးသော ဘီလီလျှံနာတွေ နေထိုင်ကြပါတယ်။
ထိပ်ဆုံးက လူပုဂ္ဂိုလ် အချို့မှာ -
အီတလီက Renzo Rosso( ၅၈နှစ်) (၃) ဘီလီလျံ အမေရိကန်က Bruce Nordstrom(၈၀နှစ်) (၁.၃) ဘီလီလျံ
နယူးယောက်ကဒီဇိုင်းနာ တစ်ဦးဖြစ်တဲ့Tory Burch(၄၇နှစ်) (၁) ဘီလီလျံ
အသီးသီးတို့ဖြစ်ကြပါတယ်။
မက်ဆီကန် သူဌေးတစ်ဦးဖြစ်တဲ့ Carlos Slim က ဘီဂိတ်ရဲ့နောက်ကနေ တဖန် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ခဲ့ပါတယ်။သူဟာ မက်ဆီကန် သူဌေးတစ်ဦးဖြစ်
ဩဇာအာဏာလည်းရှိသူတစ်ဦး ဖြစ်ပါတယ်။
သူအကြောင်းကို အသေးစိတ်သိလို့ပါရင် http://en.wikipedia.org/wiki/Carlos_Slim တွင်ဝင်ရောက် ကြည့်ရူနိင်ပါတယ်။
Aung Heine (MM Social Sky)
RangonNewsDaily:: November . 25 .2013
နယူးယောက်ဖို့ဒ် မဂ္ဂဇင်းကြီးရဲ့ ဖော်ပြချက်များအရ ၂၀၁၃ခုနှစ်ရဲ့ ကမ္ဘာ ချမ်းသာကြွယ်ဝဆုံးသောသူများစာရင်းမှာ နာမည်ပေါင်း ( 1,426) ခန့်ရှိပါတယ်။
စကော့တလန် လွတ်လပ်ရေးနေ့ ထုတ်ပြန်
Photo: စကော့တလန် လွတ်လပ်ရေးနေ့ ထုတ်ပြန်
Monday, November 25, 2013
လွတ်လပ်ရေး ဆန္ဒခံယူပွဲတွင် ဗြိတိန် နိုင်ငံမှ နုတ်ထွက်ရေး စကော့တလန် ပြည်သူများ ထောက်ခံမဲပေးပါက မတ် ၂၄ ရက် ၂၀၁၆ ခုနှစ်ကို စကော့တလန် လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်မည်ဟု စကော့တလန် အမျိုးသားပါတီ (SNP) မှ ထုတ်ဝေသော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားကြောင်း Guardian သတင်းတွင် ဖော်ပြထားသည်။
သတ်မှတ်ထားသောနေ့မှာ သမိုင်းကြောင်းအရ ထူးခြားမှု မရှိဘဲ မတ်လ ၂၄ ရက်နေ့တွင် ဘုရင်များ ပူးပေါင်းမှု ဖြစ်ပေါ်ခဲ့ပြီး စတော့တလန်ဘုရင် ဂျိန်း ၆ မှာ ဝမ်းကွဲ ညီမ ဖြစ်သူ အဲလီစဘတ် ၁ ဘုရင်မ သေဆုံးပြီးနောက် အင်္ဂလန်နှင့် အိုင်ယာလန် ဘုရင်ဂျိန်း ၁ ဖြစ်လာခဲ့သည်။
ထို့အပြင် ၁၇၀၇ ခုနှစ် မတ်လ ၂၄ တွင် ပူးပေါင်းမှု ဥပဒေလက်မှတ် ရေးထိုးခဲ့ပြီး အင်္ဂလန် ပါလီမန်နှင့် စတော့တလန် ပါလီမန်တို့ ပူးပေါင်းခဲ့ကာ ဂရိတ်ဗြိတိန် နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။
စာမျက်နှာပေါင်း ၆၇၀ နှင့် စာလုံးပေါင်း ၁၇၀,၀၀၀ ထိ ရှိသည့် စက္ကူဖြူ စာတမ်းမှာ လွတ်လပ်ရေးနှင့် ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံ ရေးသားထားပြီး ယင်းကဲ့သို့ ပြည့်စုံသည့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် စာတမ်းမျိုး ထုတ်ဝေခဲ့ခြင်း မရှိသေးကြောင်း SNP ပါတီက ပြောကြားသည်။
မိတ္တူပေါင်း ၂၀၀၀၀ ကို ထုတ်ဝေ ပေးထားပြီး လွတ်လပ်ရေးစာတမ်း ဖတ်ရှုလိုသူ မှန်သမျှကို ပေးအပ်သွားမည် ဖြစ်ပြီး စာတမ်းတွင် အကူးအပြောင်း ကာလတွင် အစိုးရအဖွဲ့ ရွေးချယ်မည့် ဆွေးနွေးမှုများနှင့် လွတ်လပ်သည့် စကော့တလန် အစိုးရအဖွဲ့က လုပ်ဆောင်မည့် မူဝါဒများကို ဖော်ပြထားကြောင်း စကော့တလန် လက်ထောက် ပထမ ဝန်ကြီးဖြစ်သူ နီကိုလတ်စတာဂျီယွမ် က ပြောကြားသည်။
ထို့အပြင် အင်္ဂလန်နှင့် စကော့တလန် နိုင်ငံကြား လူမှုရေးနှင့် စီးပွားရေး မူဝါဒများ ကြီးမားစွာ ခြားနားနေသည်ကို စာတမ်းက သုံးသပ် ဖော်ပြထားသည်။
“အောင်မြင်မှု ရရှိမယ့် စကော့တလန်မှာ လူတိုင်းအတိုင်းအတွက် စီးပွားရေး တိုးတက်မှုတွေ ရှိနေပြီး အမျိုးသမီးများ အပါအဝင် လူတိုင်း ပါဝင်ဆင်နွှဲဖို့ အထောက်အပံ့ ပေးထားပါတယ်” ဟု စတာဂျီယွမ်က ပြောကြားသည်။
ယင်းကဲ့သို့သော စာတမ်း ထုတ်ဝေလိုက် သဖြင့် စကော့တလန် နိုင်ငံရေး လောကတွင် အချေအတင် ငြင်းခုံမှုများ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၅၀ ကြာ ဘဏ္ဍာရေး တင်းတင်းကျပ်ကျပ် သုံးစွဲမှုဖြင့် စကော့တလန် ကြုံတွေ့ရနိုင်သည်ဟု Institute of Fiscal Studies က ဖော်ပြလိုက်သည်။
“အဆုံးအဖြတ် ပေးရမယ့်အချိန် ရောက်လာပါတယ်။ သမိုင်းမှာ တစ်ခါတလေမှပဲ ရောက်လာတာပါ။ ကျွန်တော်တို့တွေ အဟောင်းကနေ အသစ်ကို သွားမယ့်အချိန်၊ အိုမင်းမှုတွေ ရပ်သွားတဲ့အချိန်၊ နိုင်ငံရဲ့ စိတ်ဝိညာဉ်တွေ ဖိနှိပ်ခဲ့နေရတဲ့ အချိန်တွေမှာ ထုတ်ဖော် လှစ်ဟပြလိုက်ပါ” ဟု အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် နေရူး ပြောကြားခဲ့သည်ကို ကိုးကားပြီး စကော့တလန် ပထမဝန်ကြီး အဲလတ်ဆဲမန်က တုံ့ပြန် ပြောကြားသည်။
ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပခင် လွတ်လပ်ရေးနေ့ သတ်မှတ်လိုက်သဖြင့် စကော့တလန် အစိုးရအဖွဲ့၏ ဆွေးနွေးမှု အနေအထား ထိခိုက်စေမည်ဟု စကော့တလန်ရုံးက သတိပေးလိုက်သည်။
“စကော့တလန် အစိုးရ ဆွေးနွေးမယ့် အချက်တွေကို စကော့ပြည်သူ့တွေ အခုထိ မသိသေးပါဘူး။ စကော့တလန် အစိုးရက ရက်စွဲ သတ်မှတ်မှုကို ဆွေးနွေးပွဲထက် ပိုအရေးထားတာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ၊ နေတိုးနဲ့ ကျန် ဗြိတိန် နိုင်ငံတို့က သိနေပါတယ်” ဟု ဆက်လက် ပြောကြားသွားသည်။
စကော့တလန် လွတ်လပ်ရေး ပြည်သူ့ ဆန္ဒခံယူပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly
RangonNewsDaily:: November . 25 .2013
လွတ်လပ်ရေး ဆန္ဒခံယူပွဲတွင် ဗြိတိန် နိုင်ငံမှ နုတ်ထွက်ရေး စကော့တလန် ပြည်သူများ ထောက်ခံမဲပေးပါက မတ် ၂၄ ရက် ၂၀၁၆ ခုနှစ်ကို စကော့တလန် လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်မည်ဟု စကော့တလန် အမျိုးသားပါတီ (SNP) မှ ထုတ်ဝေသော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားကြောင်း Guardian သတင်းတွင် ဖော်ပြထားသည်။
မန်းကျုံးရေပြင် အမျိုးသမီးအလောင်းတစ်လောင်းပေါ်
Photo
RangonNewsDaily:: November . 25 .2013
မန်းကျုံးရေပြင် လမ်း ၈၀၊ ၁၇-၁၈လမ်းကြားတွင် နိဝင်ဘာ၂၃ရက်နေ့ ညနေပိုင်း က အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို
Photo: ပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို
Monday, November 25, 2013
မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်း ၅၁ ဖွဲ့က ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် တောင်းဆိုသော သဘောထား ကြေညာချက်ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဖွဲ့အစည်း ၅၁ ဖွဲ့တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ Generation Wave၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ၊ အဖြူရောင် တွဲလက်များ စသည့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော ကျောင်းသား လူငယ်များ၊ တက်ကြွ လှုပ်ရှားသူ ပြည်သူများအား တားဆီး ပိတ်ပင်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းသည် ဒီမိုကရေစီ အစိုးရအနေနှင့် လုံးဝ လုပ်ဆောင်မှု မပြုသင့်သည့်အပြင် ဖမ်းဆီး အရေးယူထား သူများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်ပေးရန် အထက်ပါ အဖွဲ့အစည်းများ ကိုယ်စား ဒီမိုကရေစီ အင်အားစုမှ မနီလာဟန်က ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သဖြင့် ထပ်ပြီး ပြောဆိုစရာ မရှိသော်လည်း ယင်းသဘောထား ကြေညာချက် ကို ထောက်ခံပါကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောဆိုသည်။
“ဒီလိုအချိန်မှာ ဒီပုဒ်မကိုသုံးပြီး ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်နေတာဟာ မကောင်းဘူး။ ပြန်လွှတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေတာဟာ လူရယ်စရာလည်း ဖြစ်တယ်။ အစိုးရ တစ်ရပ်ရဲ့ ပုံရိပ်၊ တရားစီရင်ရေး စနစ်ရဲ့ ပုံရိပ်လည်း မကောင်းဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
နိုင်ငံရေး လှုပ်ရှားသူများကို ၅/ည၊ ပုဒ်မ ၁၇ (၁)၊ (၂)၊ ပုဒ်မ ၅၀၅ ကဲ့သို့သော ပုဒ်မများဖြင့် ဖိနှိပ် အရေးယူခဲ့ သကဲ့သို့ ပုဒ်မ ၁၈ သည်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းခြင်းသာ ဖြစ်ကြောင်း ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုကလည်း ၎င်း၏အမြင်ကို ပြောကြားသည်။
ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေသည် ရှေ့နောက် မညီညွတ်သည့် ဥပဒေ ဖြစ်ပြီး ပုဒ်မ ၂ တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုသည်မှာ တစ်ဦးထက် ပိုသောလူဟု ပြဋ္ဌာန်းထားသော်လည်း ယင်းဥပဒေပုဒ်မ ၅ တွင်မူ တစ်ဦးဖြစ်စေ၊ အများဖြစ်စေဟူသော စကားရပ်သို့ ပြောင်းလဲ သွားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။
“အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ပြည်သူလူထုဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။ တကယ်ကျတော့ မြို့နယ် ရဲတပ်ဖွဲ့ကို ခွင့်တောင်းနေရတယ်။ ဒါဟာ ပုဒ်မ ၁၈ က တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ အခြေခံဥပဒေကို လွှမ်းမိုးနေတဲ့သဘော ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
မြန်မာ တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ခံထားရသူများနှင့် တရားရုံးတွင် ရင်ဆိုင်နေရသူ ၂၄၉ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။
The Voice Weekly
RangonNewsDaily:: November . 25 .2013
မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်း ၅၁ ဖွဲ့က ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် တောင်းဆိုသော သဘောထား ကြေညာချက်ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
မန်းလေး ဘောလုံးဒိုင်မှာ နှစ်လောင်းပြိုင်လူသတ်မှုတရားခံများ ၂၄နာရီအတွင်းဖမ်းဆီးရမိ
RangonNewsDaily:: November . 25 .2013
နိုဝင်ဘာ ၂၅ နိုဝင်ဘာ ၂၄ နေ့တစ်နာရီခန့်က မန်းလေး မဟာအောင်မြေမြို့နယ် စိမ်းပေါင်းရပ်
ကွက် ၃၈-၃၉လမ်း၊၈၂-၈၃လမ်းကြားမှာ နာမည်ကြီးဘောလုံးဒိုင်ရှိ ၀န်ထမ်း၂ဦးကို ရက်ရက်စက်
စက် ဓါးနဲ့အချက်ပေါင်းများစွာဝင်ရောက်ခုတ်ခဲ့လို့ ၂လောင်းပြိုင်လူသတ်မှုဖြစ်ပေါ်ခဲ့ပါတယ်။
UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
Photo: UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
Monday, November 25, 2013
မြန်မာနိုင်ငံတွင်  ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ  ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက်  ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“တိုင်းရင်းသား တွေက ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်တခု လိုချင်တယ်လို့ ပြောတယ်။ ပြည်ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ဆိုတာကတော့ ပြည်ထောင်စုထဲမှာဆိုရင် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော်ပဲ ဖြစ်ရမှာပေါ့´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး ဆိုသော မူဝါဒ ၂ ခုတွင် တိုင်းရင်းသားများနှင့် NLD  အမြင်မတူသော်လည်း သဘောထားကွဲလွဲခြင်းမဟုတ်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထွန်းကားရေးဖြစ်ကြောင်း ပြောဆိုကြသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အတွင်းရေးမှူး ဦးနိုင်ဟံသာက ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်း မှတဆင့် ထိုးဖောက်ဝင်ရောက်မည်ဖြစ်ပြီး UNFC သည် လွှတ်တော်လမ်းကြောင်းမှ ၀င်ရောက်ဆောင်ရွက်၍ မရသောကြောင့် လွှတ်တော်ပြင်ပမှ တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိသော ဖွဲ့စည်းပုံကို အသစ်ရေးဆွဲမည်ဖြစ်ကြောင်း ပြောသည်။
“စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်။ ဒါကကျနော်တို့ ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးပွဲ မဟုတ်ပါဘူး။ ကျနော်တို့ အပြင်မှာနေတဲ့လူတွေက လွှတ်တော်ထဲမှာလည်း ၀င်တိုးလို့မရဘူး။ ဒီဖွဲ့စည်းပုံ အနေအထားအရ လွှတ်တော်ထဲမှာလည်း ပြင်ဖို့ မလွယ်ဘူးလို့ မြင်တယ်။ ဒါကြောင့် အန်ကယ် တို့ကတော့ အသစ်ရေးတာကတော့ မြန်တယ်။ လွယ်တယ်လို့ပဲ ယူဆတယ်။ ကိုယ်လိုချင်တဲ့  ပုံစံမျိုး ရမယ်လို့ ယုံကြည်ပြီးတော့ အဲဒါကို ပြောပြတာ´´ဟု ဦးနိုင်ဟံသာက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား အရေးအတွက် အသိသက်သေအနေဖြင့်သော်လည်းကောင်း၊ ၀ိုင်းဝန်းကူညီသူအနေဖြင့်သော်လည်း အမြဲတမ်းကြိုဆိုဖိတ်ခေါ်နေကြောင်း၊ တိုင်းရင်းသားများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လိုအပ်ကြောင်း ဦးနိုင်ဟံသာက ဆက်လက်ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေအနေနဲ့ရော ၊ ၀ိုင်းဝန်းကူညီနိုင်တဲ့ အနေအထားကနေ ပါဖို့ရော အန်ကယ်တို့ က အမြဲတမ်းဖိတ်ခေါ်နေပါတယ်။ထာဝရ ငြိမ်းချမ်းရေးရဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုတယ်ဆိုတာ တော်တော် လေးကို အဓိကကျတဲ့ အခန်းဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်နိုင်ဖို့က ပြည်ထောင်စုအစိုးရကို အာဏာ တချို့ အပ်ပြီးတော့မှ ပြည်နယ်အစိုးရတွေမှာ ထိုက်သင့်တဲ့ အာဏာတွေ လွဲအပ်ပေးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ဆိုတဲ့နေရာမှာ တန်းတူညီမျှရှိဖို့ လိုအပ်ပါတယ်´´ဟု ဦးနိုင်ဟံသာက ရှင်းပြသည်။
အခြေခံဥပဒေနှင့်ပတ်သက်၍ UNFCနှင့် ချည်းကပ်သည့်  လမ်းစဉ်မတူသော်လည်း  အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နှင့် သဘောထားမကွဲလွဲကြောင်း၊ အဓိကမှာ စစ်မှန်သော ပြည်ထောင်စုစနစ် တရပ်ပေါ်ထွန်းရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“ ဒီကိစ္စပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံးလိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုပဲ။ အဲဒီ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပုံစံနဲ့တော့ မရဘူးဆိုတာ ကျမတို့ အားလုံး လုံးဝ သဘောတူတယ်။ အားလုံးအတူတူလက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ အားလုံးလက်တွဲလုပ်မှ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမှာ။ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို အန်တီအနေနဲ့ အမြဲတန်းဖြည့်ဆည်းပေးမှာပါ။
UNFC သည် ယနေ့ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ခေါင်းဆောင် များ နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည်ဖော်သွားရန် သဘောတူညီကြသည်ဟု သတင်းထုတ်ပြန်ကြေညာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: November . 25 .2013
မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်ကာ သိန်း ၃၀ကျော်တန် ရွေဆွဲကြိုး လုယက်မှု မန်းတွင်ဖြစ်ပွား
RangonNewsDaily:: November . 25 .2013
ဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်ကာကာလပေါက်ဈေးငွေကျပ် သိန်း ၃၀ကျော်တန်သောရွှေဆွဲကြိုး လု
ယက်မှု နိုဝင်ဘာ ၂၄ရက်နေ့ နံနက် ၅နာရီခွဲ အချိန်ခန့်ကမန်းတွင်ဖြစ်ပွားခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
နန်းဆုရတီစိုးက ကိုယ့်ခန္ဓာကိုယ်မှာ နှုတ်ခမ်းကို အကြိုက်ဆုံးပါတဲ့
Photo: နန်းဆုရတီစိုးက ကိုယ့်ခန္ဓာကိုယ်မှာ နှုတ်ခမ်းကို အကြိုက်ဆုံးပါတဲ့
Monday, November 25, 2013
ကိုယ့်ကိုယ်ကိုယ် အောင်မြင် လာတာ ဘာကြောင့်လို့ထင်လဲ
ပရိသတ်ရဲ့အားပေးမှုတွေရယ် နန်းဆုရဲ့ ကြိုးစားမှု၊ ဖန်တီးမှုတွေ၊ ကံ ညဏ် စန်း ၀ီရိယတွေကြောင့် အောင်မြင်မှုတစ်ခုကို ရရှိတယ်လို့ ထင်ပါတယ်။
ကိုယ့်ကို ပရိသတ်တွေက ဘာကြောင့် ကြိုက်တယ်လို့ထင်လဲ
နန်းဆုရဲ့ စေတနာကြောင့်ပါ။ နန်းဆုပရိသတ် အပေါ်မှာထားတဲ့ စေတနာ၊ မေတ္တာကြောင့် ရောင် ပြန်ဟပ်တယ်လို့ထင်ပါတယ်။ အဓိကကတော့ ပရိသတ်အပေါ်မှာ စေတနာထားပြီး အလုပ်လုပ်တဲ့အတွက် ပရိသတ်ရဲ့ အသိအမှတ်ပြုတာကို ခံရတယ်လို့ ထင်ပါတယ်။
ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ လှတယ် ဆိုပြီး ကိုယ်သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကဘာလဲ
နန်းဆုခန္ဓာကိုယ်မှာ နန်းဆု အကြိုက်ဆုံး အစိတ်အပိုင်းက နှုတ်ခမ်းပါ။ နန်းဆုရဲ့ နှုတ်ခမ်းကို အကြိုက်ဆုံးပါပဲ။
တစ်ယောက်တည်းရှိရင် အများဆုံးလုပ်တတ်တဲ့အမူအကျင့်က
တစ်ယောက်တည်းရှိနေရင် တော့ သီချင်းနားထောင်တယ်။ စာ အုပ်ဖတ်တယ်။ ဂိမ်းဆော့တယ်။ ဘု ရားရှိခိုး တရားထိုင်တယ်။ Beuaty Saloon သွားတယ်။ တစ်ခါတလေ သီချင်းဆိုပြီးကတယ်။
ရှူတင်မိတ်ကပ်လူးရတဲ့အခါ မှာရော သဘောကျလား
အလုပ်အတွက်လိမ်းရတာဆို တော့ ကြိုက်ပါတယ်။ ဒါပေမဲ့ နေ့ တိုင်းကြီး လိမ်းရရင်တော့ နည်း နည်းတော့ ငြီးငွေ့တာမျိုးတော့ရှိ တယ်။ အလုပ်အတွက်ဆိုတော့ လိမ်းရတာပေါ့။ မျက်နှာပြောင်နဲ့ ပိုနေချင်တယ်။
8 DAYS A WEEK ENTERTAINMENT
RangonNewsDaily:: November . 25 .2013
ကိုယ့်ကိုယ်ကိုယ် အောင်မြင် လာတာ ဘာကြောင့်လို့ထင်လဲ
ပရိသတ်ရဲ့အားပေးမှုတွေရယ် နန်းဆုရဲ့ ကြိုးစားမှု၊ ဖန်တီးမှုတွေ၊ ကံ ညဏ် စန်း ၀ီရိယတွေကြောင့် အောင်မြင်မှုတစ်ခုကို ရရှိတယ်လို့ ထင်ပါတယ်။
ဂင်းနစ် စံချိန်တင်နိုင်ရန် ၁၅ နိုင်ငံဖြတ်သန်းလမ်းလျှောက်မည့် အိုင်ယာလန်နိုင်ငံသား မန္တလေးမြို့သို့ ခြေလျင်ခရီး ရောက်လာ
Photo: ဂင်းနစ် စံချိန်တင်နိုင်ရန် ၁၅ နိုင်ငံဖြတ်သန်းလမ်းလျှောက်မည့် အိုင်ယာလန်နိုင်ငံသား မန္တလေးမြို့သို့ ခြေလျင်ခရီး ရောက်လာ
Monday, November 25, 2013
မန္တလေး ၊ နိုဝင်ဘာ ၂၄ ။ ။ အိုင်ယာ လန်နိုင်ငံမှ Mr. Mangan Nory သည် ခြေကျင်လမ်းလျှောက်ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ရန် နိုင်ငံ ၁၅ နိုင်ငံကို တောက်လျှောက်ဖြတ် သန်းလမ်းလျှောက်လျက်ရှိရာ ၎င်း၏ မြန်မာနိုင်ငံအတွင်း လမ်း လျှောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၃ရက်ညက မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
Mr. Mangan Nory မှာ အသက် ၅၆နှစ်အရွယ်ရှိပြီး ၎င်း၏လမ်းလျှောက်ခရီးစဉ်ကို မိခင်အိုင်ယာလန်နိုင်ငံမှ စတင် ထွက်ခွာခြင်းဖြစ်သည်။ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ခြေကျင်ခရီးဖြတ်သန်း လမ်းလျှောက်မည်ဖြစ်ရာ နိုဝင် ဘာ ၆ရက်တွင် ထိုင်းနိုင်ငံမှတစ် ဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံအ တွင်း ခြေကျင်လမ်းလျှောက်ခရီး စဉ်ကို မြဝတီမြို့မှ အိန္ဒိယနယ်စပ် တမူးမြို့အထိ သွားရောက်မည်ဖြစ် ရာ မန္တလေးကို မြို့ရွာပေါင်းများစွာ ဖြတ်သန်းရောက်ရှိလာခြင်းဖြစ်သည်။
''နေပြည်တော်ကနေ ရန် ကုန်-မန္တလေးကားလမ်းဟောင်း အတိုင်း မန္တလေးကိုလျှောက်လာ တာပါ။ မနေ့ညက မြစ်သားမြို့ နယ် သာလွန်ကျေးရွာအထိရောက် လာတယ်။ ဒီနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၆နာရီခွဲမှာ သာလွန်က စ ထွက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ ၆ရက်က ဒီဇင်ဘာ ၄ ရက်အထိ ၂၈ရက်တိုးဗီဇာနဲ့ လမ်း လျှောက်လာတာပါ။ ဒီနေ့အထိ ၁၆ရက် လမ်းလျှောက်ပြီးပြီ။ ၁၂ ရက်အတွင်း တမူးအရောက်သွား မှာပါ။ ကျွန်တော်တို့ ကူညီစောင့် ရှောက် မှု ပြုလုပ်ပေးနေပါတယ်'' ဟု ကမ္ဘာလှည့်ခရီးသည် များ စောင့်ရှောက်ရေး တပ်ဖွဲ့၊ မန္တလေး ဌာနခွဲမှ လိုက်ပါစောင့်ရှောက်သူ ဒုရဲအုပ်ကျော်မင်းက ပြောသည်။
Mr. Mangan Nory သည် ကမ္ဘာ့ဂင်းနစ်လမ်းလျှောက်စံချိန် တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံပေါင်း၁၅နိုင်ငံ၊ ကီလို၅၃၀၀၀ ခရီး လမ်းလျှောက်မည်ဖြစ်ရာ ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံ၊ ကီလို၃၈၀၀၀ လမ်းလျှောက်ခဲ့ပြီးဖြစ်သည်။
Yangon Media Group
RangonNewsDaily:: November . 25 .2013
မန္တလေး ၊ နိုဝင်ဘာ ၂၄ ။ ။ အိုင်ယာ လန်နိုင်ငံမှ Mr. Mangan Nory သည် ခြေကျင်လမ်းလျှောက်ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ရန် နိုင်ငံ ၁၅ နိုင်ငံကို တောက်လျှောက်ဖြတ် သန်းလမ်းလျှောက်လျက်ရှိရာ ၎င်း၏ မြန်မာနိုင်ငံအတွင်း လမ်း လျှောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၃ရက်ညက မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ပရိတ်သတ် တွေ အတွက် တောင်းပန်ပါတယ် ဆိုတဲ့ စကား ကလွဲပြီး ကျနော့် မှာ ပြောစရာ မရှိတော့ပါဘူး လို့ဆိုတဲ့ တော့တင်ဟမ် စပါး အသင်း ဧ။် နည်းပြကလေး အင်ဒရီ ဗီလာ ဘိုးအားစ်
Photo: ပရိတ်သတ် တွေ အတွက် တောင်းပန်ပါတယ် ဆိုတဲ့ စကား ကလွဲပြီး ကျနော့် မှာ ပြောစရာ မရှိတော့ပါဘူး ဗျာ ( အေဗွီဘီ )
Monday, November 25, 2013
   တော့တင်ဟမ် စပါး အသင်း ဧ။် နည်းပြကလေး အင်ဒရီ ဗီလာ ဘိုးအားစ် က ပြီးခဲ့တဲ့ ညက မန်ချက်စတာစီးတီး အသင်း အား အသင်း ဧ။် သမိုင်း တစ်လျှောက် ဒုတိယ အကြိမ်မြောက်  အရှက်တကွဲ ဂိုးပြတ် ရှုံးနိမ့် တဲ့ ပွဲစဉ်ပြီးနောက်  အသင်း အားပေးသူ ပရီတ်သတ် များ အား တောင်းပန် လိုက်ပြီး ပရိတ်သတ် များ အတွက် တောင်းပန်ပါတယ် ဆိုတဲ့ စကားကလွဲပြီး သူ့ မှာ ပြောစရာ စကား မရှိတော့ ကြောင်း ပြောကြား သွားခဲ့သည်။              မြောက် လန်ဒန် ကလပ် အသင်းသည် အသင်းဧ။် သမိုင်း တွင် ၁၉၉၆ ခုနစ် တွင် နယူးကက်ဆဲလ် အသင်း အား ၇-၁  ဂိုး ဖြင့ှ်ရုံးနိမ့် ခဲ့သည့် နောက်ပိုင်း ပြီးခဲ့သည့် ဆန်းဒေး ညက မန်ချက်စတာ စီးတီး အသင်း အား ၆-၀ ဖြင့် ဒုတိယ အကြိမ် မြောက် ဂိုးပြတ် ရှုံးနိမ့်ခဲ့ ခြင်း ဖြစ်သည်။             အဆိုပါ ရှုံးပွဲကြီး နဲ့  ပတ်သတ်ပြီး ပေါ်တူဂီ သား နည်းပြ ကလေးက " ပရိတ်သတ် တွေကို အထူး တောင်းပန် ပါတယ် ဗျာ ။ ကျနော့် အနေနင့် အသင်း အားပေးသူ ပရိတ်သတ် တွေကို တောင်းပန်ပါတယ် ဆိုတဲ့ စကား ကလွဲပြီး ပြောစရာ စကား ရှာမရတော့ပါဘူး ။ အသင်း ရဲ့  ရလဒ် က တကယ့်ကို နုချာ လွန်းလှပါတယ် ။ တကယ်ဆို အသင်း ရဲ့  စွမ်းဆောင်မှု လက်ဗယ် အရ ဘယ်လိုမှ မဖြစ်သင့် လက်မခံ သင့်တဲ့ ရလဒ် မျိုးပါ " ဟု ပြောကြား သွားခဲ့ကြောင်း သိရသည်။
Written by ၀ိုင်း ( ကျိန်းရိပ် )
http://www.football-cafe.com/
RangonNewsDaily:: November . 25 .2013
တော့တင်ဟမ် စပါး အသင်း ဧ။် နည်းပြကလေး အင်ဒရီ ဗီလာ ဘိုးအားစ် က ပြီးခဲ့တဲ့ ညက မန်ချက်စတာစီးတီး အသင်း အား အသင်း ဧ။် သမိုင်း တစ်လျှောက် ဒုတိယ အကြိမ်မြောက် အရှက်တကွဲ ဂိုးပြတ် ရှုံးနိမ့် တဲ့ ပွဲစဉ်ပြီးနောက် အသင်း အားပေးသူ ပရီတ်သတ် များ အား တောင်းပန် လိုက်ပြီး ပရိတ်သတ် များ အတွက် တောင်းပန်ပါတယ် ဆိုတဲ့ စကားကလွဲပြီး သူ့ မှာ ပြောစရာ စကား မရှိတော့ ကြောင်း ပြောကြား သွားခဲ့သည်။
စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းခန့်ကို ဆေးဝါး အပြည့်အစုံပါ ယာဉ်များဖြင့် လှည့်လည် ကုသမည်
Photo: စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းခန့်ကို ဆေးဝါး အပြည့်အစုံပါ ယာဉ်များဖြင့် လှည့်လည် ကုသမည်
Monday, November 25, 2013
ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းနီးပါးခန့်ကို ဆေးဝါး အပြည့်အစုံပါသည့် ယာဉ်ကြီးများဖြင့် လှည့်လည် ဆေးဝါး ကုသပေးမည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်ရန် ရှိကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။
အဆိုပါ အစီအစဉ်ကို အလုပ်သမားများ၏ နောင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်နှင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများ လျော့နည်းသွားအောင် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်း ဆေးသွားရောက် ကုသပေးမည့် ယာဉ်ကြီးများကို ပြည်ပမှ မှာယူထားပြီး အဆိုပါယာဉ်များ ရောက်ရှိလာမည့် ဒီဇင်ဘာ လလယ်မှ စတင်၍ ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးများ အပြည့်အစုံ ထည့်သွင်းပြီးလျှင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား အများအပြား ရှိသည့် ရန်ကုန်မြို့တော်တွင် စတင် လှည့်လည် ဆေးကုသပေးမည် ဖြစ်ပြီး ကုသနိုင်မှု အခြေအနေကို လေ့လာ ဆန်းစစ်ကာ ထွက်ပေါ်လာသည့် ရလဒ်ပေါ် မူတည်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ စက်ရုံ၊ အလုပ်ရုံ ရှိသည့် နေရာများသို့ လှည့်ပတ် ကုသပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဒီလှည့်လည် ကုသမှု အစီအစဉ်က အလုပ်သမားတွေကို သီးသန့် ဝန်ဆောင်မှု ပေးကိုပေးရမယ့် အခြေအနေ ဖြစ်နေပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။
လက်ရှိ စက်မှုဇုန် အများအပြား တည်ရှိသည့် ရန်ကုန်မြို့တော် အလုပ်သမားများ အတွက် လူမှုဖူလုံရေး ဆေးခန်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်ပေးထားသည့် အစီအစဉ် ကျင့်သုံးနေကြောင်း ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များတွင် အလုပ်လုပ်နေသော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများက ပြောကြားသည်။
မန္တလေးမြို့တော် စက်မှုဇုန်ရှိ စက်ရုံ ပိုင်ရှင်များ၊ အလုပ်သမားများကိုလည်း လူမှုဖူလုံရေး ကတ်များ လုပ်ပေးထားပြီး ကျန်းမာရေး စောင့်ရှောက်ရေး အတွက် လူမှုဖူလုံရေး ရန်ပုံငွေများ ထည့်ဝင်ပေးထားကြောင်း၊ ဖွင့်ထားသည့် လူမှုဖူလုံရေး ဆေးခန်းများသည် စက်မှုဇုန်နှင့် ဝေးကွာသောကြောင့် သာမန် ဖျားနာမှုကိုသာ သွားရောက် ပြသမှု ရှိပြီး နာတာရှည် ရောဂါများ အတွက် မန္တလေး နန်းရှေ့ရှိ အလုပ်သမား ဆေးရုံကြီးသို့ သွားရောက် ပြသ ကုသကြကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးရဲဝင်းအောင်က ဆိုသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ဖွဲ့စည်းထားသည့် အလုပ်သမား အစည်းအရုံးများ ဦးဆောင်ပြီး လူမှုဖူလုံရေး ကတ်များကို ထုတ်ပေးသဖြင့် ယင်းကတ်ကြောင့် ဆေးဝါးကုသမှု များမှာ အလုပ်သမားများ အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အလုပ်သမား အစည်းအရုံးတွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စက်ရုံ၊ အလုပ်ရုံရှိရာ ဒေသများ၌ လူမှုဖူလုံရေး ဆေးခန်းပေါင်း ၉၂ ခန်း ရှိပြီး ရန်ကုန် မြို့တော်ရှိ အလုပ်သမား ဆေးရုံကြီးကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။
The Voice Weekly
RangonNewsDaily:: November . 25 .2013
ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းနီးပါးခန့်ကို ဆေးဝါး အပြည့်အစုံပါသည့် ယာဉ်ကြီးများဖြင့် လှည့်လည် ဆေးဝါး ကုသပေးမည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်ရန် ရှိကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။
2013 American Music Awards (AMAs 2013) ပွဲမှ ဂျေလို၏ သီဆိုဖျော်ဖြေမှု.
RangonNewsDaily:: November . 25 .2013
တနင်္ဂနွေနေ့က လော့စ်အိန်ဂျလိစ်တွင် ကျင်းပသည့် 2013 American Music Awards (AMAs 2013) တွင် သီဆိုဖျော်ဖြေခဲသည့် အဆိုတော် ဂျနီဖာလိုပက်ဇ်၏ စင်မြင့်ဖက်ရှင်များ။ အဆိုပါပွဲတွင် ဂျနီဖာလိုပက်ဇ်သည်
ဝတ်စုံသုံးစုံ ပြောင်းလဲဝတ်ဆင်၍ သီဆိုဖျော်ဖြေခဲ့သည်။
အိန္ဒိယနိုင်ငံက နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော Dhanush ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
Photo: အိန္ဒိယနိုင်ငံက နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော Dhanush ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
Monday, November 25, 2013
အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် တပ်ဖွဲ့များ ကွပ်ကဲမှုဌာနချုပ် (SFC) သည် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော မြေပြင်မှမြေပြင်ပစ် Dhanush ပဲ့ထိန်းဒုံးကျည်အား အိန္ဒိယနိုင်ငံ Odisha ကမ်းလွန်ရှိ ရေတပ်စစ်သင်္ဘော တစ်စင်းပေါ်မှ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၄ ရက် အင်တာနက် သတင်းတစ်ရပ် အရသိရသည်။ အဆိုပါ ပဲ့ထိန်းဒုံးကျည်သည် အိန္ဒိယနိုင်ငံထုတ် Prithvi ဒုံးကျည်၏ မူကွဲတစ်မျိုးဖြစ်ကြောင်း၊ အဆင့်တစ်ဆင့်ပါ လောင်စာအရည်သုံး တွန်းကန်စနစ်ဖြင့် အဆိုပါဒုံးကျည်ကို အိန္ဒိယ တပ်မတော်တွင် စတင် အသုံးပြုနေပြီ ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (DRDO) မှ တီထွင်ထုတ်လုပ်ထားသော ဒုံးကျည်ငါးမျိုးအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါဒုံးကျည်သည် အလေးချိန် ၅ဝဝ မှ ၁ဝဝဝ ကီလိုဂရမ်ထိ ရှိသော နျူကလီးယား ထိပ်ဖူးနှင့် သမားရိုးကျထိပ်ဖူးများကို သယ်ဆောင်နိုင်ပြီး မြေပြင်နှင့်ပင်လယ်ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။ 
မြ၀တီ
RangonNewsDaily:: November . 25 .2013
အိန္ဒိယနိုင်ငံ၏မဟာဗျူဟာမြောက်တပ်ဖွဲ့များ ကွပ်ကဲမှုဌာနချုပ် (SFC) သည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်
သော မြေပြင်မှမြေပြင်ပစ်Dhanushပဲ့ထိန်းဒုံးကျည်အား အိန္ဒိယနိုင်ငံ Odisha ကမ်းလွန်ရှိ ရေတပ်စစ်သင်္ဘော တစ်စင်းပေါ်မှ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၄ ရက် အင်တာနက် သတင်းတစ်
ရပ် အရသိရသည်။
ဗိုလ်နှုတ်ခမ်းမွှေး နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့တွေ့ဆုံ
Photo: ဗိုလ်နှုတ်ခမ်းမွှေး နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့တွေ့ဆုံ
Monday, November 25, 2013
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကလိုထူးဘော စစ်ဌာနချုပ် (ဆုံဆည်းမြိုင်) သို့ ဗိုလ်ချုပ်ကြီး စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေး ၏ ဖိတ်ကြားချက် အရ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် နိဝင်ဘာ၂၄ ရက်နေ့ နေလည်(၁၂းဝဝ) နာရီအချိန်တွင်တွေ့ဆုံ၍ ဒေသအတွင်းလူမှုရေးလုပ်ငန်းများ
လုပ်ဆောင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နာရေးကူညီမှုအသင်း-ရန်ကုန်မှသိရသည်။ D.K.B.A ကလိုထူးဘော
စစ်ဌာနချုပ် ဦးစောလာပွယ် (မိသားစု) နှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များတို့မှ စုပေါင်း၍ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ်တိတိအား လှူဒါန်းပေးအပ် ခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
Popular Myanmar News Journal
RangonNewsDaily:: November . 25 .2013
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကလိုထူးဘော စစ်ဌာနချုပ် (ဆုံဆည်းမြိုင်) သို့ ဗိုလ်ချုပ်ကြီး စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေး ၏ ဖိတ်ကြားချက် အရ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် နိဝင်ဘာ၂၄ ရက်နေ့ နေလည်(၁၂းဝဝ) နာရီအချိန်တွင်တွေ့ဆုံ၍
မင်္ဂလာဒုံ နှစ်လောင်းပြိုင် လူသတ်မှု သံသယရှိသူကို မမိသေးဟုဆို
RangonNewsDaily:: November . 25 .2013
မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက်၂ လမ်းတွင်လွန်ခဲ့သော ခြောက်ရက်(နိုဝင်ဘာလ ၁၈ ရက်နေ့) (သူခိုးကြီး
ည) က ဖြစ်ပွားခဲ့သော သားအမိနှစ်ဦး အသတ်ခံရသည့် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ အသက် ၂၀အရွယ်လူငယ်တစ်ဦးကိုစုံစမ်းရှာဖွေလျက်ရှိရာ နိုဝင်ဘာလ၂၄ ရက်နေ့အထိဖမ်းမိခြင်းမရှိသေးကြောင်း
 မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
တရုတ်သို့ အမျိုးသမီးနှစ်ဦး ပို့ဆောင်မည့်သူကို လက်ရဖမ်းမိ
RangonNewsDaily:: November . 25 .2013
မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီး (ဟောင်း) ပေါ်ရှိ သပြေဝ မြို့ဝင်ကြေး ကောက်ခံစခန်းတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိတ္ထီလာမြို့ခံ အမျိုးသမီး နှစ်ဦးကို စည်းရုံး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပို့ဆောင်မည့် လူကုန်ကူးသူ အမျိုးသမီး တစ်ဦးကို လက်ရ ဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော မိတ္ထီလာခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် ဇင်ကိုကိုက The Voice သို့ အတည်ပြု ပြောကြားသည်။
အီရန်နျူကလီယားအရေး ယာယီသဘောတူညီမှုရ
Photo: အီရန်နျူကလီယားအရေး ယာယီသဘောတူညီမှုရ
Monday, November 25, 2013
နိုင်ငံရဲ့အငြင်းပွားဖွယ် နျူကလီယားအစီအစဉ်ကို ယာယီရပ်တံ့ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ သဘောတူညီမှုတခုရအောင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံတို့ဆွေးနွေးခဲ့ကြပါတယ်။
အခုလို ယာယီသဘောတူညီမှု ၆ လအတွက်ရရှိခဲ့လို့ အီရန်ရဲ့ နျူကလီယား အစီအစဉ်နဲ့ ပတ်သတ်ပြီး အနောက်နိုင်ငံတွေနဲ့ ဆယ်စုနှစ်တစ်ခုကြာ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းနိုင်မယ့် ပိုပြီးပြည့်စုံတဲ့နည်းလမ်းရရှိဖို့ အချိန်ရှိသွားစေပါတယ်။
သံတမန်ရေးညှိနှိုင်းမှုကြောင့် ပိုပြီးလုံခြုံမှုရှိမယ့်ကမ္ဘာကြီးဆီ လမ်းသစ်တခု ဖောက်ပေးလိုက်တာလို့ အမေရိကန် သမ္မတ Barack Obama က စနေညနေက ပြောသွားပါတယ်။ သမ္မတအိုဘားမားကပဲ အဲဒီ ၆ လတာ ကာလအတွင်း အီရန်က သူကတိပေးထားတဲ့အတိုင်း အပြည့်အဝမလုပ်ဆောင်ဘူးဆိုရင် အမေရိကန်က ထောက်ပံ့မှုတွေရပ်ပစ်ပြီး ဖိအားထပ်တိုးပေးမယ်လို့လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ အီရန်နဲ့ ပိုပြီးပြည့်စုံတဲ့ သဘောတူညီမှုတစ်ခု ရရှိဖို့က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဂျနီဗာမြို့မှာ ပြောသွားပါတယ်ရှင်။ 
VOA
ဆွဒ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter (ဝဲ) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ ဂျနီဗာမှာကျင်းပတဲ့ အီရန်နျူကလီယားဆွေးနွေးပွဲအတွင်း မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၃)
ဆွဒ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter (ဝဲ) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ ဂျနီဗာမှာကျင်းပတဲ့ အီရန်နျူကလီယားဆွေးနွေးပွဲအတွင်း မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၃)
RangonNewsDaily:: November . 25 .2013
နိုင်ငံရဲ့အငြင်းပွားဖွယ် နျူကလီယားအစီအစဉ်ကို ယာယီရပ်တံ့ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ သဘောတူညီမှုတခုရအောင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံတို့ဆွေးနွေးခဲ့ကြပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်
Photo: NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်
Monday, November 25, 2013
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း UNFC အဖွဲ့ထံမှ သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့် သတင်းအား UNFC မှ ဦးထွန်းဇော်က အတည်ပြုပေးခဲ့ပြီး UNFC ခေါင်းဆောင်များ၏ ရန်ကုန်ခရီးစဉ်တွင် ပြုလုပ်မည့် အစီအစဉ်များအား သတင်းထောက်များအား ရှင်းပြပါသည်။
"မနက်ဖြန် ညနေပိုင်းမှာ တွေ့ဖြစ်မယ်။ သုံးနာရီ နောက်ပိုင်းမှပါ။ ဘယ်မှာတွေ့မယ် ဆိုတာကိုတော့ မပြောတတ်သေးဘူး။ ကျွန်တော်တို့ ဒီကိုရောက်တုန်း တွေ့ချင်တာပေါ့" ဟု ဦးထွန်းဇော်မှ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် UNFC ခေါင်းဆောင်များ၏ သတင်းရှင်းလင်းပွဲ အပြီးတွင် ပြောကြားသည်။
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်၌ပင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာသော UNFC ခေါင်းဆောင်များသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် Myanmar Peace Center ၌ အလွတ်သဘော တွေ့ဆုံခဲ့ရာ ၀န်ကြီးဦးအောင်မင်းက UNFC ခေါင်းဆောင်များအနေဖြင့် လွတ်လွတ်လပ်လပ် ကြိုက်သည့်နေရာသို့ သွားနိုင်ပြီး မည်သူနှင့်မဆို မည်သည့်ပါတီနှင့်မဆို တွေ့ဆုံနိုင်သည်ဟု ပြောကြားသည်။
မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မီဒီယာများနှင့် တွေ့ဆုံခြင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Eleven Media Group
RangonNewsDaily:: November . 25 .2013
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း UNFC အဖွဲ့ထံမှ သိရသည်။
တောင်တရုတ် ပင်လယ်အတွင်း ပါဝင်သူများနှင့် သက်ဆိုင်သည့် ကြေညာချက် Code of Conduct ကို လက်ခံဆွေးနွေးရန် တရုတ်နိုင်ငံက သဘောတူခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌတာဝန် ရယူချိန်တွင် စတင်ဆွေးနွေးမည်
RangonNewsDaily:: November . 25 .2013
အာဆီယံ ၁၀ နိုင်ငံအနက် လေးနိုင်ငံ ပါဝင်ပတ်သက်မှု ရှိနေသည့် တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများအတွက် တောင်တရုတ် ပင်လယ်အတွင်း ပါဝင်သူများ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် ကြေညာချက် (Declaration of Conduct of Parties on the South China Sea) ကိုဆွေးနွေးရန် တရုတ်နိုင်ငံဘက်က သဘောတူခဲ့သဖြင့် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ရာထူးရယူချိန်တွင်
ထိုင်းအစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်ဆန္ဒပြ
Photo: ထိုင်းအစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်ဆန္ဒပြ
Monday, November 25, 2013 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လက်ရှိအစိုးရကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူ ထောင်ပေါင်းများစွာဟာ နှစ်ဘက်အပြိုင် စုဝေး ဆန္ဒပြနေကြပါတယ်။
ဒါဟာ ၂၀၁၀ ခုနှစ်က လူတွေ သေကြေတဲ့အထိ ဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့ လမ်းမတွေပေါ်က ဆန္ဒပြပွဲတွေ နောက်ပိုင်း ဖြစ်ပွားတဲ့ အကြီးဆုံး လူထု ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ကန့်ကွက်ကြတဲ့ လူပေါင်း ၂ သိန်းကျော်ဟာ မြို့တော်တ၀ှမ်း နေရာအတော်များများမှာ စုဝေးပြီး မစ္စယင်းလပ် ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
တချိန်တည်းမှာပဲ လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်အင်္ကျီအနီဝတ် လူအင်အား လေး - ငါး သောင်းကလည်း စုဝေးဆန္ဒပြခဲ့ကြတာပါ။ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံရမယ့်အရေးကနေ ရှောင်ရှားဖို့ ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ရဲ့ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို နိုင်ငံထဲ ပြန်လာခွင့်ရစေမယ့် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ထွက်ပေါ်လာချိန်ကစလို့ ထိုင်းနိုင်ငံတွင်းမှာ ခုလို လူထု ဆန္ဒပြပွဲတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားနေခဲ့တာပါ။
ဒီ ဥပဒေမူကြမ်းအရ ဒီမိုကရက်ပါတီက ၀န်ကြီးချုပ်ဟောင်း Abhisit Vejjajiva ကိုလည်း ၂၀၁၀ ခုနှစ် လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားစဉ်အတွင်း ဆန္ဒပြသူတွေကို နှိမ်နင်းမိန့် ထုတ်ခဲ့တဲ့အတွက် လူသတ်မှုနဲ့ စွဲချက်တင်ခံ ထားရတာကနေ လွတ်ငြိမ်းချမ်းသာခွင့် ရစေမှာ ဖြစ်ပါတယ်။
VOA Burmese Fan Page
RangonNewsDaily:: November . 25 .2013
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လက်ရှိအစိုးရကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူ ထောင်ပေါင်းများစွာဟာ နှစ်ဘက်အပြိုင် စုဝေး ဆန္ဒပြနေကြပါတယ်။
BBC တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမား ဆန်ကာတင်စာရင်းထုတ်ပြန်
Photo: BBC တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမား ဆန်ကာတင်စာရင်းထုတ်ပြန်လိုက်ပြီ
Monday, November 25, 2013
Trend Myanmar
RangonNewsDaily:: November . 25 .2013
နာမည်ကြီးရုပ်သံဌာန BBC က နှစ်စဉ်ချီးမြှင့်နေကြဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမားဆုအတွက် ဆန်ကာတင်စာရင်းကို မနေ့ ကထုတ်ပြန်လိုက်ပါတယ်။
ဥပဒေတိုင်း ပြည်သူ့အတွက် ထာဝရ အကျိုးဆောင်နိုင်မည်မဟုတ်ဟု သူရဦးရွှေမန်း ပြောကြား
Photo: ဥပဒေတိုင်း ပြည်သူ့အတွက် ထာဝရ အကျိုးဆောင်နိုင်မည်မဟုတ်ဟု သူရဦးရွှေမန်း ပြောကြား
Monday, November 25, 2013
ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ခေတ်စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အကျိုးရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ ၂၄ ရက်က ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို ပြန်လည် လေ့လာသုံးသပ်ရမယ်။ ကျွန်တော် စပြီး ဖွဲ့စည်းကတည်းက လေ့လာ သုံးသပ်တယ်။ ဒီဥပဒေကို သုံးသပ်တဲ့အခါ လျှို့ဝှက်သုံးသပ်တယ်။ ဥပဒေတစ်ခုပြဋ္ဌာန်းပြီးရင် အမြဲတစေ ပြည်သူ့အကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား ဖြစ်လိမ့်မယ်လို့ ပြောလို့မရဘူး။ ဒီနေ့ မှန်ပေမယ့် နောက်နေ့ လွဲချင်လွဲနေလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ မူယာပင်ခန်းမတွင် ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအ၀င် ဒေသခံများ တက်ရောက်သည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေတွင် ပြင်စရာ၊ ပယ်ဖျက်စရာ၊ အသစ်ရေးစရာများ ရှိကြောင်းနှင့် ဥပဒေများ သည် တရားမျှတမှုရှိပြီး ပြည်သူများ လိုက်နာနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။
လက်ရှိတွင် ဥပဒေ ၇၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဥပဒေကြမ်း ၅၃ ခုကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ်လုံးတွင် လက်ခံ ဆွေးနွေးလျက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။
တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ရန် ဥပဒေရေးရာပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အငြိမ်းစား ၀န်ထမ်းဟောင်းများ၊ တက္ကသိုလ် ဆရာဆရာမများ စုစုပေါင်း ၆၇ ဦးဖြင့် ဥပဒေရေးရာ နှင့် အထူးကိစ္စများ လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းထားသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
Mizzima - News in Burmese
RangonNewsDaily:: November . 25 .2013
ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် ခေတ်
စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အကျိုး
ရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ၂၄ ရက်က ပြည်မြို့လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း
က ပြောသည်။