Pages
Friday, November 22, 2013
ကပ္ပလီပင်လယ်သို့ ရောက်ရှိလာမည့် လေဖိအားနည်းINVEST 92W ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ် လာမည်
ကပ္ပလီပင်လယ်သို့ ရောက်ရှိလာမည့် လေဖိအားနည်းINVEST 92W ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်
လာမည်
kolatt(PBDN): November . 22 .2013
92W သည် ကပ္ပလီပင်လယ်အတွင်း အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာ အမည်ရ SYSTEM 05B အဖြစ်သို့ ယနေ့ နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၆း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းပါသည်။
::
92W သည် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာလ ၂၃ ရက် ည ပိုင်းမှ စတင်၍ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမည်ဟု ခန့်မှန်းထားပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အန်ဒါမန်ကျွန်းမကြီးအား ခါးလယ်မှ ဖြတ်ကျော်တိုက်ခတ်၍ ဘင်္ဂလားပင်လယ်အော်သို့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် စတင်ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်၊ 
ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိပြီး ပိုမိုအားကောင်းလာကာ ယင်းနေ့ ည သန်းခေါင်ယံတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်းကိုလည်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် တွေ့ရပါသည်။
::
ယခုနောက်ဆုံးရရှိသည့် မော်ဒယ်ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ကမ်းခြေ၊ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်ကမ်းစပ်အား နိုဝင်ဘာလ ၂၇ ရက် နောက်ပိုင်းတွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း တွေ့ရပါသည်။
ထို့ကြောင့် နိုဝင်ဘာလ ၂၄-၂၅ ရက် ညပိုင်းမှစတင်၍ မြန်မာ့ကမ်းရိုးတန်းဒေသများ အားလုံး၌(အထူးသဖြင့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များတွင်) မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သည့် အန္တရာယ်ရှိကြောင်း တွေ့ရသဖြင့် ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ကြရန် အသိပေးတင်ပြအပ်ပါသည်။ 
::
မုန်တိုင်း ဗဟို လေတိုက်နှုန်းခန့်မှန်းချက် – 60 knots(တစ်နာရီ မိုင် ၇ဝ နှင့် အထက်) ရှိနိုင်ကြောင်း ကနဦးခန့်မှန်းချက်များမှ data များတွင် ဖေါ်ပြထားကြောင်း တွေ့ရပါသည်။
By Win Naing
MM Weather :;--
RangonNewsDaily:: November . 22 .2013
92W သည် ကပ္ပလီပင်လယ်အတွင်း အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာ အမည်ရ SYSTEM 05B အဖြစ်သို့ ယနေ့ နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၆း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းပါသည်။
ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိစစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို
RangonNewsDaily:: November . 22 .2013
သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ “အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေးကျောင်းကို မြို့တော်စည်
ပင် ခွင့်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်ဆောက်လုပ်နေခြင်းအား မူလအကျယ်အဝန်း ဟုတ်၊ မဟုတ်
သဃန်းကျွန်းမြို့နယ်ရှိ အစ္စလာမ်လင်းရောင်ခြည် အခြေခံဘာသာရေးစာသင်ကျောင်း ပြင်ဆင်ခွင့်ရုတ်သိမ်းခံရ
ဇာဝေယာစာသင်ကျောင်း
ဝတ်ပြုဆောင်ကို
ရန်ကုန်တိုင်းအစိုးရက
ရပ်ဆိုင်းလိုက်ပါပြီး
RangonNewsDaily:: November . 22 .2013
သဃန်းကျွန်းမြို့နယ်ရှိ အစ္စလာမ်လင်းရောင်ခြည် အခြေခံဘာသာရေးစာသင်ကျောင်းနှင့် ၀တ်ပြုဆောင် အဆောက်အဦး ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းကို ရပ်ဆိုင်းထား ရန် ဇာဝေယာစာသင်ကျောင်း ရန်ကုန်တိုင်း
အစိုးရက မှညွန်ကြားစာပေးပို့ခဲ့ကြောင်းသတင်းရရှိပါသည်။
ပွဲကြပ်တွေ ဆက်တိုက်ကြုံနေရတဲ့ အာဆင်နယ်အသင်းအတွက် သတင်းကောင်း
Photo: ပွဲကြပ်တွေ ဆက်တိုက်ကြုံနေရတဲ့ အာဆင်နယ်အသင်းအတွက် သတင်းကောင်း
Friday, November 22, 2013
ပြန်လာပါပြီ။ ၀မ်းဗိုက်ပိုင်းအသေးစားခွဲစိတ်မှုတစ်ချို့ ပြုလုပ်ခဲ့ရတဲ့ အာဆင်နယ်နဲ့ အင်္ဂလန်တောင်ပံ
ကစားသမား ဝေါလ်ကော့ဟာ ဒီလာမယ့်စနေနေ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ပြန်လည်ပါဝင်ကစား
မယ်လို့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အတည်ပြုပြောကြားလိုက်ပါတယ်။
“ ခင်ဗျားတို့ လည်း ဝေါလ်ကော့လိုကစားသမားကို လွမ်းနေကြမှာပေါ့၊
သူပွဲမကစားရတာ တော်တော်ကြာနေပါပြီ၊ အရန်အသင်းပွဲတွေမှာတောင် သူမကစားနိုင်ခဲ့ပါဘူး၊
ဒါပေမယ့်အခုလာမယ့် စနေနေ့ ပွဲ ကစားကွင်းထဲမှာ ခင်ဗျားတို့ သူ့ ကို မြင်တွေ့ ကြရမှာပါ “
လို့ ဝင်းဂါးက အာဆင်နယ်အသင်းဝက်ဘ်ဆိုဒ်ကနေ ပြောကြားလိုက်ပါတယ်။
 “သူ ( ဝေါလ်ကော့) ဟာ တိုက်စစ်မှူး ဂျီရူး ကို ကောင်းကောင်းပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်
ပါတယ်၊သူ့ မှာ ပြိုင်ဘက်နောက်တန်းသမားတွေကို နောက်ကောက်ချနိုင်တဲ့ သူများနဲ့ မတူတဲ့ အရည်
အချင်းရှိပါတယ်၊ သူဒဏ်ရာကနေသက်သာပြီး ပြန်ကစားနိုင်တော့မယ်အတွက် ကျွန်တော်တကယ်
ပျော်ရွှင်မိပါတယ် “ လို့ အာစင်ဝင်းဂါးက ထပ်လောင်းပြောကြားသွားပါတယ်။
အခုရာသီမှာ ရလဒ်ကောင်းတွေရပြီး ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်
အသင်းဟာ လာမယ့်စနေနေ့ မှာ ဆောက်သမ်တန်အသင်းနဲ့ အမ်းမရိတ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။
ဆောက်သမ်တန်အသင်းကလည်း ကစားပုံအရမ်းကောင်းမွန်နေပြီး  မန်ယူ၊ချယ်လ်ဆီး၊အဲဗာတန်
တို့ ရဲ့ အထက် ၊ အဆင့်(၃)နေရာမှာ ရပ်တည်နေတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။
နောက်ထပ် အာဆင်နယ်ပရိတ်သတ်တွေ ၀မ်းသာစရာသတင်းကတော့ သြဂတ်စ် လကုန်လောက်
ကတည်းက အနားယူနေရတဲ့ တိုက်စစ်မှူး ပိုဒေါလ်စကီး လည်း ဒဏ်ရာကနေ ပြန်သက်သာလာပါပြီ
တဲ့။ ပိုဒေါလ်စကီးဟာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လုပ်နေပြီး နောက်နှစ်ပတ်၊သုံးပတ်အတွင်း
လေ့ကျင့်ရေးကွင်းကို ဆင်းနိုင်မယ်လို့ သိရပါတယ်။
Ref:skysports.com
Trend Myanmar
RangonNewsDaily:: November . 22 .2013
နှစ်လကျော်ကြာ အနားယူနေရတဲ့ အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား သီယိုဝေါလ်ကော့
ပြန်လာပါပြီ။ ၀မ်းဗိုက်ပိုင်းအသေးစားခွဲစိတ်မှုတစ်ချို့ ပြုလုပ်ခဲ့ရတဲ့ အာဆင်နယ်နဲ့ အင်္ဂလန်တောင်ပံ
ကစားသမား ဝေါလ်ကော့ဟာ ဒီလာမယ့်စနေနေ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ပြန်လည်ပါဝင်ကစား
မယ်လို့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အတည်ပြုပြောကြားလိုက်ပါတယ်။
ခွေးဟောင်တဲ့မန်းတောင်
RangonNewsDaily:: November . 22 .2013
အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို....................
လူကြီးတွေ ပြောစမှတ်ပြုတဲ့စကား.........................................
ခုတော့ မဆိုင်ရေချမဆိုင် ဖြစ်ရပြီ...........................................
ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၃၇၂ အနီး ဆိုင်ကယ်တိုက်၊ ဆိုင်ကယ်နောက်မှ စီးသူကလေးသေဆုံး
RangonNewsDaily:: November . 22 .2013
ရန်ကုန်-မန္တလေးကားလမ်းေ၇ွှတောင်ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၃၇၂ အနီးတွင် နိုဝင်ဘာ ၁၉ ရက်က လွိုင်ကော်မြို့ နယ်၊ နွားလဘို့ကျေးရွာအုပ်စု စည်သူကူးကျေးရွာနေ ယာဉ်မောင်း တီးရယ် (၃၂)နှစ် မောင်းနှင်လာသော ၄က/၈၄၆၃ ဒိုင်နာအဖြူ ရောင်ကားသည် ခွေးအားရျောင်လိုက်ရာမှ
 ရွှေတောင်ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာနေ မညွှန့်စိန် (၄၅)နှစ်စီးလာသော ၄ယ/၈၉၂၅၉ Kenbo
သရုပ်ဆောင်သစ် သော်သော်ဟံသာ စာနယ်ဇင်းမိတ်ဆက်ပွဲ
Photo
RangonNewsDaily:: November . 22 .2013
သရုပ်ဆောင်သစ် သော်သော်ဟံသာ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် စင်ထရယ်ဟိုတယ်တွင် ကျင်းပခဲ့သည့်။
အိန္ဒိယမှ ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစု
Photo: အိန္ဒိယမှ ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစု
Friday, November 22, 2013 
တစ်မိသားစုလုံးပေါင်း အရပ်အရှည်က ၂၆ပေ ရှိပါတယ်။ အိမ်ထောင်ဦး စီး ဖြစ်သူ Sharad Kulkarni အမည်ရ အသက် ၅၂ နှစ်အရွယ် အမျိုးသားက ၇ ပေ ၁.၅ လက်မ၊ ဇနီးဖြစ်သူ Sanjot (အသက် ၄၆ နှစ်) ကတော့ ၆ပေ ၂.၆ လက်မ၊ သမီးနှစ်ဦးကတော့ အသက် ၂၂ - Mruga က ၆ပေ ၁ လက်မ၊ Sanya ၁၆ နှစ်က ၆ ပေ ၄ လက်မ ရှိပါတယ်။
ဒီတော့ တစ်မိသားစုလုံးပေါင်းရဲ့  အရပ်ကို ပေါင်းလိုက်တဲ့အခါ ၂၆ ပေ ရှိသွားစေ ပါတယ်။ အိန္ဒိယနိုင်ငံ Pune မြို့ မှာ နေထိုင်တဲ့ သာမန် မိသားစု တွေပါပဲ။ သို့ပေမယ့် အရပ်တွေကတော့ သာမန်လူတွေထက် သိသိသာသာ ရှည်နေပါတယ်။
တစ်မိသားစုလုံး အများပြည်သူသုံး ဘတ်စ်ကားနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်များကို အသုံးမပြုပါဘူး။ ကိုယ်ပိုင် ဆိုင်ကယ်များ ဝယ်ထား ရပါတယ်။ သို့ပေမယ့် သူ့တို့အရပ်ကြောင့်မို့ ဆိုင်ကယ်စီးလည်း သိသိသာသာ ကြီးထွား နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ မှတ်တမ်းသစ်တစ်ခုအနေနဲ့ Sharad တို့မိသားစုကို ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစုလို့ အသိအမှတ်ပြုစေခဲ့ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )
အိန္ဒိယမှ ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစု
တစ်မိသားစုလုံးပေါင်း အရပ်အရှည်က ၂၆ပေ ရှိပါတယ်။ အိမ်ထောင်ဦး စီး ဖြစ်သူ Sharad Kulkarni အမည်
ရ အသက် ၅၂ နှစ်အရွယ် အမျိုးသားက ၇ ပေ ၁.၅ လက်မ၊ ဇနီးဖြစ်သူ Sanjot (အသက် ၄၆ နှစ်)
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး Iron Cross အဖွဲ့ မှ ရန်ပုံငွေဖျော်ဖြေပွဲကျင်းပမည်
Photo: " Iron Cross အဖွဲ့၏ဖျော်ဖြေပွဲ ဒီဇင်ဘာ ၁ ရက်နေ့ကျင်းပမည် "
Popular Journal
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ရန်
ပုံငွေအဖြစ် ကြီးမှုးကျင်းပသည့် ပွဲံကို  ပြည့်သူအချစ်တော် " Iron Cross အဖွဲ့ နှင့်အတူ ဒီဇင်ဘာ ၁ ရက်နေ့
ကျင်းပမည် ဖြစ်သည်။
ဗီ​ယက်​နမ် K+ ​ဂြိုလ်​တု​စ​လောင်း ​ရန်​ကုန်​ဈေး​ကွက်​ထဲ ၀င်​ရောက်
RangonNewsDaily:: November . 22 .2013
ထုတ်​လွှင့်​နေ​တဲ့ K+ ​စ​လောင်း​နဲ့ ​ဖမ်း​စက်​တွေ ​ရန်​ကုန် ​ဈေး​ကွက်​ထဲ ၀င်​ရောက်​လာ​နေ​တယ်​လို့ ​ဘား​လမ်း ​လျှပ်​စစ်​ပ​စ္စည်း​အ​ရောင်း​ဆိုင်​တွေ​က​နေ ​စုံ​စမ်း​သိ​ရ​ပါ​တယ်။
Appleကို ကန်ဒေါ်လာသန်း၂၉၀ ပေးရဖွယ်ရှိတဲ့ Samsung
Photo: Appleကို ကန်ဒေါ်လာသန်း၂၉၀ ပေးရဖွယ်ရှိတဲ့ Samsung
Friday, November 22, 2013
Samsungဟာ Apple ဒီဇိုင်းတွေကို ထုတ်ကုန် ၃၅မျိုးမှာ ယူသုံးထားကြောင်း ကာလီဖိုးနီးယား ဂျူရီတစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။အမေရိကန်၊ ကာလီဖိုးနီးယားမြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုဘေ ဒေသမှာမှ တောင်ပိုင်းနေရာတစ်ဝိုက်ကိုစီလီကွန်တောင်ကြား ဒေသလို့ခေါ်ပါတယ်။ နည်းပညာမြင့် ကုမ္ပဏီတွေအများကြီးစုနေတဲ့ နေရာပေါ့။
Samsung ထုတ်ကုန်တွေမှာ iPhone နဲ့ iPad features တွေကို ကူးယူ  သုံးထားတဲ့အတွက် Samsung က Apple ကို ကန်ဒေါ်လာ သန်း၂၉၀ပေးဆောင်ရမယ်လို့ စီလီကွန်တောင်ကြားဒေသ ဂျူရီတစ်ယောက်က အမိန့်ချလိုက်ပါတယ်။ ဒီ့အရင် ဂျူရီတစ်ယောက်တုန်းက Samsungဟာ မူပိုင်ခွင့်ချိုးဖောက်တဲ့အတွက် Appleကို ကန်ဒေါ်လာ သန်းတစ်ထောင် နဲ့ ၅သန်း ပေးဆောင်ရမယ်လို့ အမိန့်ချခဲ့ဖူးပါတယ်။ အဲ့ဒီ့ ဂျူရီက မှားယွင်းတွက်ချက်မိတာကြောင့်လိုဆိုပြီး ပြည်နယ်တရားသူကြီး Lucy Kohက ဒုတိယအကြိမ် ကြားနာမှုခံယူဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့သာ သန်း၂၉၀ထိပြန်ကျသွားတာပေါ့။
Samsung အနေနဲ့လည်း အယူခံဝင်ဦးမယ်လို့ သိရပါတယ်။
“Appleအတွက်က မူပိုင်ခွင့်၊ ပိုက်ဆံ ဆိုတာတွေထက် အဓိပ္ပါယ်တွေ အများကြီးရှိတယ်။ လူတွေကြိုက်တဲ့ ထုတ်ကုန်သစ်တစ်ခုကို ထုတ်လုပ်ရဖို့ဆိုတာ အလုပ်အရမ်းကြိုးစားဖို့လိုတယ်၊ ဆန်းသစ်နေဖို့လိုတယ်။ ဒါတွေနဲ့ပတ်သက်တဲ့ တန်ဖိုးတွေအပေါ်မှာ ဈေးနှုန်းသွားကပ်လို့တောင် မရပါဘူး။ ဆမ်ဆောင်းရဲ့ မူပိုင်ခွင့်ချိုးဖောက်၊ ကူးယူသုံးစွဲမှုမှာ ထိုက်သင့်တဲ့အဖိုးတစ်စုံတစ်ရာ ရှိနေတယ်ဆိုတာကို ပြသပေးခဲ့တဲ့ ဂျူရီလူကြီးမင်းကို ကျွန်တော်တို့ Appleက အထူးတလည်ကျေးဇူးတင်ရှိပါတယ်။” လို့ Appleက ထုတ်ပြန်ချက်တစ်ရပ်မှာ ဆိုထားပါတယ်။
Trend Myanmar
RangonNewsDaily:: November . 22 .2013
Samsungဟာ Apple ဒီဇိုင်းတွေကို ထုတ်ကုန် ၃၅မျိုးမှာ ယူသုံးထားကြောင်း ကာလီဖိုးနီးယား ဂျူရီတစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။အမေရိကန်၊ ကာလီဖိုးနီးယားမြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုဘေ ဒေသမှာမှ တောင်ပိုင်းနေရာတစ်ဝိုက်ကိုစီလီကွန်တောင်ကြား ဒေသလို့ခေါ်ပါတယ်။
အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားတဲ့ မိုးယုစံ
Photo: အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားတဲ့ မိုးယုစံ
Friday, November 22, 2013
လူငယ် ဆယ်ကျော်သက် ကောင်လေးများ၏ အချစ်တော်၊ ဇာတ်လမ်းတိုင်းမှာ အမြဲတမ်း ဖက်ရှင်ကျကျ လှပ နေတတ်တဲ့ မိုးယုစံက အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားကြောင်း သိရသည်။
''ညီမကတော့ ဖြစ်နိုင်ရင် အပြင် စီးပွားရေးလည်း လုပ်ချင်တယ်။ အနုပညာကတော့ ကိုယ့်ရဲ့ ဝါသနာလေ၊ အနုပညာ အလုပ်က ခက်ခဲတယ်။ အပြင် စီးပွားရေးဆိုတာက စီးပွားရေး အကြောင်းပဲ သိရင် ရပြီ။ အနုပညာ အလုပ်က အကုန်လုံးကို သိရတယ်။ အနုပညာသမား ဆိုတာက ကိုယ့်စိတ်နဲ့ ဘာမှ လုပ်လို့မရဘူး။ အရာ အားလုံးကို ထိန်းချုပ် ထားရတယ်'' ဟု သူမက ပြောကြားခဲ့သည်။
သူမ၏ ရိုးသားမှုနှင့် ဂုဏ်သိက္ခာကို အထိခိုက် မခံနိုင်သည့် အတွက်ကြောင့် ပရိသတ်တွေ၊ ဒါရိုက်တာတွေက ပေးသည့် တစ်ခုကို တစ်ခုဆိုသလောက် ကြိုးစား သွားမည်ဟု သူမက ပြောကြားခဲ့သည်။
''ညီမက ဒီလောကထဲကို စဝင်လာကတည်းက ရိုးရိုးသားသားနဲ့ ဝင်ရောက်လာတယ်။ အဲဒီ အတွက်လည်း ကိုယ့်ရဲ့ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကိုတော့ အထိခိုက် မခံနိုင်ဘူး။ ညီမကို ပရိသတ်တွေက ပေးတဲ့ ဒါရိုက်တာတွေက ပေးတဲ့ တစ်ခုဆို အဲဒီတစ်ခုတည်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ'' ဟု သူမက ပြောကြားခဲ့သည်။
သူမအနေနှင့် ရောက်နေသည့် နေရာထက် ပိုကောင်းသည့် နေရာတစ်ခု ရချင်သေးကြောင်း၊ ဘယ်အ လုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးနှင့် အရိုးသားဆုံး ကြိုးစားသွားမည် ဖြစ်ကြောင်း သူမ၏ ပရိသတ်များကို ပြောကြားခဲ့သည်။ ။
Aသူ
မြ၀တီ
RangonNewsDaily:: November . 22 .2013
လူငယ် ဆယ်ကျော်သက် ကောင်လေးများ၏ အချစ်တော်၊ ဇာတ်လမ်းတိုင်းမှာ အမြဲတမ်း ဖက်ရှင်ကျကျ လှပ နေတတ်တဲ့ မိုးယုစံက အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားကြောင်း သိရသည်။
ကိတ် မကြိုက်မှာ စိုးလို့ PS4 ဂိမ်းစက် မဝယ်တဲ့ ဝီလျံမင်းသား
Photo: ကိတ် မကြိုက်မှာ စိုးလို့ PS4 ဂိမ်းစက် မဝယ်တဲ့ ဝီလျံမင်းသား
Friday, November 22, 2013
တော်ဝင် မိသားစု၏ လုပ်ငန်း တာဝန် များနှင့် ဖခင် ဝတ္တရား များကို ကျေ ပွန်အောင် ထမ်းဆောင်နေ ရသော ကိန်းဘရစ်ခ်ျ မြို့စား ဝီလျံ မင်းသားသည် အားလပ်ချိန် ၌ ဂိမ်း ကစားခြင်းဖြင့် အနားယူ အပန်းဖြေကြောင်း ဖွင့်ဟပြော ကြားသည်။ သို့ရာတွင် ဇနီးဖြစ်သူ ကိတ်မစ်ဒယ်လ်တန် သည် ၄င်းအား နာရီပေါင်း များစွာ အညောင်း မိစေ သည့် ဂိမ်းကစားခြင်း ထက် အခြား နည်းဖြင့် အနားယူစေချင် ပုံရသည်။
နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် BAFTA (British Academy of Film and Television Art) ဇာတ်လမ်း ဆုပေးပွဲ အခမ်းအနား၌ PS4 ဂိမ်း စက် အား မြည်းစမ်း ကစားခွင့်ရခဲ့သည်။ ၄င်းစက်သည် နိုဝင်ဘာ ၁၅ ရက်က စတင် ရောင်းချခဲ့ပြီး ၂၄ နာရီ အတွင်း စက်အလုံးရေ တစ်သန်းရောင်း ရခဲ့ သည်။
”ဂိမ်းစက်က တအားကောင်းတယ်။ ကစားရတာ စွဲတယ်။ တစ်ခုလောက် လို ချင်ပေမယ့် ကျွန်တော့်ဇနီးက ကြိုက်မှာ မဟုတ်ဘူး” ဟု ဝီလျံကဆိုသည်။
ဝီလျံသည် BAFTA ၏ ဥက္ကဋ္ဌ ဖြစ်ပြီး ၄င်းအဖွဲ့သည် ရုပ်ရှင်၊ တီဗီနှင့် ဂိမ်း ဝါသနာရှင် လူငယ်များအား ၄င်းတို့၏ ပင်ကို အရည် အသွေး တိုးတက်စေရန် ရည်ရွယ်မွေး ထုတ်ပေးလျက် ရှိသည်။
Ref:OMG! Yahoo
RangonNewsDaily:: November . 22 .2013
တော်ဝင် မိသားစု၏ လုပ်ငန်း တာဝန် များနှင့် ဖခင် ဝတ္တရား များကို ကျေ ပွန်အောင် ထမ်းဆောင်နေ ရသော ကိန်းဘရစ်ခ်ျ မြို့စား ဝီလျံ မင်းသားသည် အားလပ်ချိန် ၌ ဂိမ်း ကစားခြင်းဖြင့် အနားယူ အပန်းဖြေကြောင်း ဖွင့်ဟပြော ကြားသည်။
ဂူးဂဲလ် အွန်လိုင်းတက္ကသိုလ် စတင်လွှင့်ထုတ်
RangonNewsDaily:: November . 22 .2013
မိမိကိုယ်တိုင် ပြုလုပ်နိုင်သည့် သင်ခန်းစာများကို သင်ယူရင်း ဘွဲ့တစ်ခု ရရှိစေနိုင်မည့် အစီအစဉ်ကို အွန်လိုင်းမှ တစ်ဆင့် Google ကုမ္ပဏီကနေ၍ ကမကထ ပြုလုပ်ခဲ့ရာ ဟင်းအချက်အပြုတ် သင်တန်းများ အတွက် ရည်ရွယ်သော HelpOuts ပရိုဂရမ်အား နိုဝင်ဘာလအတွင်း စမ်းသပ်ဗားရှင်းအနေဖြင့် စတင် လွှင့်ထုတ်လိုက်သည်။
" စကား မပြောနိုင်တော့သည့် နယ်လ်ဆင်မန်ဒဲလား မိသားစုဝင်များအား မျက်နှာ အမူအရာဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု ဇနီးဟောင်း ကပြောကြား "
Photo: " စကား မပြောနိုင်တော့သည့် နယ်လ်ဆင်မန်ဒဲလား မိသားစုဝင်များအား မျက်နှာ အမူအရာဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု
ဇနီးဟောင်း ကပြောကြား "
Friday, November 22, 2013
အဆုတ်ရောဂါ ခံစားနေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန် ဒဲလားသည် ကျန်းမာရေး ချို့ယွင်း လာခြင်းကြောင့် မိသားစုဝင် များ ကို စကား မပြောနိုင်တော့ဘဲ အမူအယာ ဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု ၄င်း၏ ဇနီးဟောင်း ဝင်နီ မန်ဒဲလားက တောင် အာဖရိကနိုင်ငံတွင် ထုတ်ဝေ သည့် Independent သတင်းစာသို့ ပြောသည်။
ဂျိုဟန်နက်စဘတ်ရှိ နယ်လ်ဆင် မန်ဒဲလားနေအိမ် အိပ်ခန်းသည် အထူး ကြပ်မတ် ကုသဆောင်နှင့် အလား သဏ္ဌာန် တူနေပြီး ကျန်းမာရေး ကောင်းမွန် လာခြင်း မရှိသေးကြောင်း၊ ဆရာဝန် များက လိုအပ်သည့် ကုသမှု များကို လုပ် ဆောင်ပေးနေကြောင်း၊ စကား ပြန်ပြောလာနိုင်လိမ့်မည်ဟု မျှော်လင့် ထားကြ ကြောင်း ထပ်လောင်းပြောကြားသည်။
အသက် ၉၅ နှစ် အရွယ်ရှိ နယ်လ် ဆင်မန်ဒဲလား သည် ပြီးခဲ့သည့် ဇွန်လ ၈ ရက် ကတည်းက ပရီတိုးရီးယား ဆေးရုံ တွင် ကုသမှု ခံယူကာ စက်တင်ဘာ ၁ ရက် တွင်ဆေးရုံမှ ဆင်းလာခဲ့ပြီးနောက် နေအိမ်တွင် ဆေးကုသမှု ဆက်လက် ခံယူနေရသူဖြစ်သည်။
လူမျိုးရေး ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ နယ်လ်ဆင်မန်ဒဲ လား သည် လူထုရှေ့မှောက်သို့ နှစ်ပေါင်း များစွာကြာသည် အထိ မထွက်ပေါ်လာ နိုင်ခဲ့သော်လည်း ဒီမို ကရေစီ ပြယုဂ် တစ်ခုအဖြစ် သြဇာ ကြီးမားနေဆဲဖြစ် သည်။
ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရပြီး နောက် ၄ နှစ်အကြာ ၁၉၉၄ တွင် နိုင်ငံ ၏ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့သူ နယ်လ်ဆင်မန်ဒဲလား သည် ရော်ဘင် ကျွန်းတွင် အကျဉ်းကျ ခံခဲ့ရစဉ်က ရရှိခဲ့ သည့် အသက်ရှု လမ်းကြောင်းပိုင်း ဆိုင်ရာရောဂါကို ခံစားခဲ့ ရပြီးနောက် လက်ရှိ အချိန်တွင် အဆုတ်ရောဂါ ကို ရင်ဆိုင် အန်တုနေရ သူဖြစ်သည်။
Ref :CNN
Popular Myanmar News Journal
RangonNewsDaily:: November . 22 .2013
အဆုတ်ရောဂါ ခံစားနေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန် ဒဲလားသည် ကျန်းမာရေး ချို့ယွင်း လာခြင်းကြောင့် မိသားစုဝင် များ ကို စကား မပြောနိုင်တော့ဘဲ အမူအယာ ဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု ၄င်း၏ ဇနီးဟောင်း ဝင်နီ မန်ဒဲလားက တောင် အာဖရိကနိုင်ငံတွင် ထုတ်ဝေ သည့် Independent သတင်းစာသို့ ပြောသည်။
SEA Games ကာလ တစ်နာရီဒေါ်လာ ၆၀၀၀ ကျော်ဖြင့် MAI လေယာဉ် စင်းလုံးငှား ပြေးဆွဲမည်
Photo: SEA Games ကာလ တစ်နာရီဒေါ်လာ ၆၀၀၀ ကျော်ဖြင့် MAI လေယာဉ် စင်းလုံးငှား ပြေးဆွဲမည်
Friday, November 22, 2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကာလအတွင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI က Air Bus လေယာဉ်များဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ခရီးစဉ်များကို တစ်နာရီ အမေရိကန်ဒေါ်လာ ၆၅၀၀ ဝန်းကျင်ဖြင့် သတ်မှတ် ပြေးဆွဲရန် လျာထားကြောင်း ယင်းလေကြောင်းလိုင်းမှ ဈေးကွက်နှင့် ပြင်ပ ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။
ခရီးသွား ဧည့်သည်များ သွားလာမှု အဆင်ပြေစေရေးအတွက် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာသော လေယာဉ်သစ် နှစ်စင်း အပါအဝင် လေယာဉ် ၁၁ စင်းဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အသစ် ရောက်ရှိလာသော စင်းလုံးငှား လေယာဉ် နှစ်စင်းသည် အိုင်ယာလန် နိုင်ငံထုတ် Air Bus လေယာဉ် အမျိုးအစား ဖြစ်ပြီး လူဦးရေ ၁၂၀ ဆံ့ကြောင်း၊ SEA Games ပြိုင်ပွဲပြီးပါက လက်ရှိ ခရီးစဉ်များတွင် ထည့်သွင်း ပြေးဆွဲမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ၁၉၉၃ ခုနှစ်မှ စတင်၍ ပြည်ပ ခရီးစဉ်များကို ပုံမှန်ပျံသန်း ပြေးဆွဲလျက်ရှိပြီး ယခုလက်ရှိ ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဖနွမ်းပင်၊ စီယမ်ရိ၊ ဂါယာနှင့် ဆိုးလ်မြို့တို့သို့ ပုံမှန်ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိသည့်အပြင် စင်းလုံးငှား (Charter) ခရီးစဉ်များကိုလည်း ပြေးဆွဲလျက် ရှိရာမှ ပြည်တွင်း ခရီးစဉ်ဖြစ်သော ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ယခုနှစ် စက်တင်ဘာလတွင် စတင်ပြေးဆွဲ ခဲ့သည်။
The Voice Weekly
RangonNewsDaily:: November . 22 .2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကာလအတွင်း အပြည်ပြည်ဆိုင်ရာ
 မြန်မာလေကြောင်းလိုင်း MAI က Air Bus လေယာဉ်များဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ခရီးစဉ်များ
ကို
" ပထမဆုံးခပ်ကြမ်းကြမ်း ထောင်ထွက်ဇာတ်ရုပ်နဲ့ဝတ်မှုန်ရွှေရည် "
Photo: " ပထမဆုံးခပ်ကြမ်းကြမ်း ထောင်ထွက်ဇာတ်ရုပ်နဲ့ဝတ်မှုန်ရွှေရည် "
Friday, November 22, 2013
‘ဘရိတ်နဲ့ချစ်ပါ’ ဆိုတဲ့ဇာတ်ကားကို ဝတ်မှုန်ရွှေရည်က နေတိုးနဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ရုပ်အနေနဲ့ ခပ်ကြမ်း ကြမ်းပုံစံမျိုးသရုပ်ဆောင်ရတာဖြစ်သလို၊ ထောင် ထွက် တစ်ယောက်ပုံစံမျိုးကို ပထမဆုံးသရုပ်ဆောင်ရတာ လို့လည်း ပြောပြတာကြောင့် “ကစ်က ဒီကားထဲမှာ ကာ ရိုက်တာ၃မျိုးလုပ်ရတယ်။ မော်ဒယ်ပေါက်စလေး ဇာတ်ရုပ်၊ အိမ်ထောင်သည် ဇာတ်ရုပ်၊ ထောင်ကျသွား တဲ့အခါ ခပ်ကြမ်းကြမ်းဖြစ်သွားတဲ့ ဇာတ်ရုပ်တွေ လုပ်ရတယ်။ ထောင်ကျပြီး ခပ်ကြမ်းကြမ်းဖြစ် သွားတာက ပထမဆုံးလုပ်ဖူး တာပဲ။ အပြင် အဆင်အိုက်တင်ကအစ သေချာလုပ်တယ်။ ကစ်က ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ် မျိုးလုပ်ရတော့ ပျော်ပါတယ်။ စိတ်လည်း လှုပ်ရှားတယ်” လို့ ပြော ပြပါ တယ်။
ရို့မန့်ဖန်စီလေး တွေအရိုက် များပေ မယ့် ဒီနှစ်မှာတော့ ဇာတ်ကားတွေကို မတူ အောင် ရိုက်ကူးဖြစ်တယ်လို့ပြောတဲ့ဝတ်မှုန်ရွှေရည် က “ကစ်အခု ဒီနှစ်မှာ ရိုက်တဲ့ ဇာတ်ကားတွေက ကစ်အရင်တုန်းက ရိုက်ခဲ့ဖူးတဲ့ကားတွေနဲ့ ကွဲထွက်တဲ့ ကားတွေပဲ ရိုက်ထားတာ တော်တော်များများ မထွက် သေးဘူး။ ပရိသတ်အသံကိုလည်း နား ထောင်နေပါတယ်။ အနားကပ်မှ လာပေး တာမျိုးဆို ပြောင်းလို့မရတာ လေးတွေ လည်းရှိတယ်။ တစ်ခါတ လေမထင်မှတ် ဘဲ ပေါက်သွားတဲ့ ကားမျိုးတွေလည်း ရှိ တယ်။
တော်တော်များများက ကစ်စိတ် ကြိုက်ဖြစ်ပေမယ့် ပရိသတ်စိတ်ကြိုက် ဆိုတာလည်း ရှိတယ်လေ။ ပရိသတ် ကလည်း နှစ်မျိုးရှိတယ်။ ဖန်စီလေး တွေပဲ ကြိုက်တာရှိသလို၊ ဒရမ်မာ လေးတွေ ကြိုက်တာလည်း ရှိ တယ်။ ချိန်ပြီး ရိုက်ရတာပေါ့” လို့ ပြောပြခဲ့ပါတယ်။
Popular Journal
RangonNewsDaily:: November . 22 .2013
‘ဘရိတ်နဲ့ချစ်ပါ’ ဆိုတဲ့ဇာတ်ကားကို ဝတ်မှုန်ရွှေရည်က နေတိုးနဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ရုပ်အနေနဲ့ ခပ်
ကြမ်း ကြမ်းပုံစံမျိုးသရုပ်ဆောင်ရတာဖြစ်သလို၊ ထောင် ထွက် တစ်ယောက်ပုံစံမျိုးကို ပထမဆုံးသရုပ်ဆောင်
ရတာ လို့လည်း ပြောပြတာကြောင့် “ကစ်က ဒီကားထဲမှာ ကာ ရိုက်တာ၃မျိုးလုပ်ရတယ်။
ရွှေဂုံတိုင် ခုံးကျော်တံတား ဖွင့်ရက် မခန့်မှန်းနိုင်
Photo: ရွှေဂုံတိုင် ခုံးကျော်တံတား ဖွင့်ရက် မခန့်မှန်းနိုင်
Friday, November 22, 2013
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းသည့် အနေနှင့် ဆောက်လုပ်လျက် ရှိသည့် ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး စီမံကိန်းသည် နိုဝင်ဘာ ၃၀ ရက်နေ့ညတွင် ပြီးစီးမည် ဖြစ်သော်လည်း တံတားဖွင့်မည့် ရက်ကို မခန့်မှန်းနိုင်သေးကြောင်း ယင်းခုံးကျော်တံတား စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြောကြားသည်။
ရွှေဂုံတိုင် ခုံးကျော်တံတား ဖွင့်လှစ်မည့် အချိန်ကို သိနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) သို့ ဆက်သွယ် မေးမြန်းရာ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.,Ltd. စီမံကိန်း ဒါရိုက်တာ ဦးအေးသော်ကသာ ပြောနိုင်မည် ဖြစ်သည် ဆိုသဖြင့် ဆက်သွယ် မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။
“စီမံကိန်းကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညမှာပြီးဖို့ ရှိတယ်။ ဖွင့်မယ့်ရက်ကိုတော့ တိုင်းအစိုးရနဲ့ ညှိနှိုင်းပြီးမှ ပြောနိုင်မယ်။ အခုတော့ မပြောနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။
ရွှေဂုံတိုင်တံတား ဆောက်လုပ်ရေး စီမံကိန်းကြောင့် ပျက်စီးခဲ့သော လမ်းများကို နိုဝင်ဘာ ၃၀ ရက်နေ့ အပြီး ပြင်ဆင်မည် ဖြစ်သည့် အပြင် မော်တော်ယာဉ် ဆူညံသံကြောင့် တံတား ပတ်ဝန်းကျင်ရှိ ပြည်သူများ အနှောင့်အယှက် မဖြစ်စေရန် Excel Tower နှင့် Dagon Tower တို့တွင် အသံထိန်း စနစ်များပါ တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တံတား ဆောက်လုပ်ချိန်အတွင်း တံတားဧရိယာ တစ်လျှောက် ကမ္ဘာအေး ဘုရားလမ်းကို နှစ်လနီးပါးခန့် ပိတ်ထားခဲ့ပြီး ရွှေဂုံတိုင် လမ်းဆုံတစ်ဝိုက်ရှိ လမ်းများလည်း ပျက်စီးခဲ့ကာ ယာဉ်ပိတ်ဆို့ မှုမှာလည်း ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရကြောင်း လမ်းအသုံးပြုသူများထံမှ သိရသည်။
တံတားအရှည် ၂၀၅၉ ဒသမ ၅၅ ပေနှင့် ယာဉ်သွားလမ်းအကျယ် ၄၅ ဒသမ ၅၉ ပေ၊ ခံနိုင်ဝန် တန် ၆၀ ရှိသော လေးလမ်းသွား ရွှေဂုံတိုင် ခုံးကျော်တံတားကို Capital Development Co.,Ltd. က၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ရာ တံတားဆောက်လုပ်ချိန် တစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။
ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း ဆောက်လုပ်သည့် မော်တော်ယာဉ်လမ်း ခုံးကျော် တံတားများအနက် လှည်းတန်း ခုံးကျော်တံတားကို ဧပြီလ အတွင်းက ဖွင့်လှစ်ခဲ့ပြီး ကျန်ဆောက်လုပ်ဆဲ တံတား ဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားအနက် ရွှေဂုံတိုင် ခုံးကျော် တံတားသည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြီးစီးမည်ဟု ထုတ်ပြန်ထားသည်။
The Voice Weekly
RangonNewsDaily:: November . 22 .2013
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းသည့် အနေနှင့် ဆောက်လုပ်လျက် ရှိသည့် ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး စီမံကိန်းသည် နိုဝင်ဘာ ၃၀ ရက်နေ့ညတွင် ပြီးစီးမည် ဖြစ်သော်လည်း တံတားဖွင့်မည့် ရက်ကို မခန့်မှန်းနိုင်သေးကြောင်း ယင်းခုံးကျော်တံတား စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြောကြားသည်။
တစ်ချိန်ကနံမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး (ဦး) ဇော်ခင်ဆုံးရှာပြီ။
Photo: မင်းသားကြီး (ဦး) ဇော်ခင်ဆုံးရှာပြီ။
Friday, November 22, 2013
ကျော်သူကိုယ်ပွားလူငယ်မျိုးဆက်တွေက
ဈာပနကိစ္စကူညီဆောင်ရွက်ပေးကြမည်။
--------------------------------
တစ်ချိန်ကနံမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး 
(ဦး) ဇော်ခင်ဆုံးသွားပြီဗျာ...။ ဇော်ခင် စတိုင်...
( ကော်လံထောင်၊အကျီ င်္အပေါ်ကျယ်သီးဖြုတ်၊စီးကရက်ခဲ၊ဘောင်းဘီအကျပ်ဝတ်) ခဲ့တဲ့သမိုင်းကိုပြည်သူလူထုတွေ 
အမှတ်ရနေဆဲပါ။ကျန်ရစ်ခဲ့သော ရုပ်ကလာပ်ကိုကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကသွားရောက်သယ်ဆောင်
ကာရေဝေးသုသန်အအေးခန်းသို့ ပို့ ဆောင်ပေးနေပြီဖြစ်ပါတယ်။ 
မဆုံးခင် ဦးဇော်ခင် က မှာခဲ့တယ်လို့ သမီးဖြစ်သူက
ကျွန်တော့်အားပြန်လည်ပြောကြားပါတယ်။ 
အဖေ သေရင်ကျော်သူနဲ့ ပဲသဂြိင်္ုလ်ပေးပါတဲ့ဗျာ...။
အစ်ကိုကြီးသဂြိင်္ုလ်မယ့်နေ့ မှာကျွန်တော် ကရင်ပြည်နယ်
ဖက်ရောက်နေမှာမို့ ခွင့်လွှတ်ပါအစ်ကိုကြီး...။အသင်းကကျော်သူကိုယ်ပွားလူငယ်မျိုးဆက်တွေအစ်ကိုကြီးရဲ့ နောက်ဆုံးခရီးကိုစည်ကားစွာဖြင့်တာဝန်ကျေစွာ
ဆောင်ရွက်ပေးပါ့မယ်ဗျာ။ အစ်ကိုကြီးကောင်းရာ
သုဂတိလားပါစေ...။
(ကျော်သူ)
Popular Journal
RangonNewsDaily:: November . 22 .2013
တစ်ချိန်ကနံမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး (ဦး) ဇော်ခင်ဆုံးသွားပြီဗျာ.။ ဇော်ခင် စတိုင်...( ကော်
လံထောင်၊အကျီ င်္အပေါ်ကျယ်သီးဖြုတ်၊စီးကရက်ခဲ၊ဘောင်းဘီအကျပ်ဝတ်) ခဲ့တဲ့သမိုင်းကိုပြည်သူလူထုတွေ အမှတ်ရနေဆဲပါ။
မြန်မာနိုင်ငံမှ လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းရှိ
Photo: လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းရှိ
Friday, November 22, 2013
အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) အဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်း ရှိကြောင်း ယင်းအဖွဲ့ချုပ်၏ စစ်ဆေးချက်ကို ကိုးကား၍ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
လေကြောင်းပိုင်း ဆိုင်ရာတွင် အားနည်းချက်များ ရှိသေးသဖြင့် ပျက်ကွက်မှု ရှိနိုင်သော်လည်း ပျက်ကွက်မှုသည် ကမ္ဘာက သတ်မှတ်သည့် ပျမ်းမျှ ပျက်ကွက်မှုနှုန်း ၄၁ ရာခိုင်နှုန်း အောက်တွင်သာ ရှိကြောင်း ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) က လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ကို လိုက်နာမှုရှိ မရှိ စစ်ဆေးခဲ့ရာ ပျက်ကွက်မှု ၄၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်တွင် ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ၎င်းကဆိုသည်။
လေကြောင်းပိုင်း ဆိုင်ရာနှင့် ပတ်သက်သည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ကို လိုက်နာမှုရှိ မရှိ စစ်ဆေးရာတွင် နယ်ပယ်ရှစ်ခုကို အဓိကထား စစ်ဆေးခြင်း ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ် စက်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။
ICAO သည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပထမတစ်ကြိမ် လာရောက် စစ်ဆေးခဲ့ရာ လိုအပ်ချက်များ၊ ပြင်ဆင်ချက်များ ပြုလုပ်ရှိသဖြင့် ၂၀၁၃ ခုနှစ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ဒုတိယအကြိမ် လာရောက် စစ်ဆေးရာတွင် ယင်းသို့ ရာခိုင်နှုန်း လျော့ကျသော အဖြေထွက်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
RangonNewsDaily:: November . 22 .2013
အပြည်ပြည်ဆိုင်ရာမြို့ပြ လေကြောင်းအဖွဲ့ချုပ်(ICAO)အဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လေကြောင်း
ဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်း ရှိကြောင်း ယင်းအဖွဲ့ချုပ်၏ စစ်ဆေးချက်ကို ကိုးကား၍ လေ
ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
ထားဝယ် စီမံကိန်း အီတာလျံ-ထိုင်း နုတ်ထွက်၊ မြန်မာ-ထိုင်း စာချုပ်သစ် ပြန်ချုပ်
RangonNewsDaily:: November . 22 .2013
အရှေ့တောင်အာရှ ကုန်သွယ်ရေး တံခါးပေါက်အဖြစ် သတ်မှတ် ခံထားရသည့် ထားဝယ် စီမံကိန်းမှ မူလအကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်း ကုမ္ပဏီနုတ် ထွက်သွားပြီး စီမံကိန်း ဆက်လက်လုပ် ဆောင်ရန် မြန်မာနှင့် ထိုင်းအစိုးရတို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် လက်မှတ် ရေးထိုးကြောင်း ထိုင်းသတင်း အေဂျင်စီ TNA တွင် ဖော်ပြထားသည်။
မေမြတ်မွန်ရဲ့မင်္ဂလာဆောင်
Photo
RangonNewsDaily:: November . 22 .2013
ဂီတလောကထဲကမဟုတ်ဘဲ ထင်ရှားနေတဲ့အဆိုတော်က မေမြတ်မွန် ဖြစ်ပါတယ်။ သူ့မင်္ဂလာဆောင်ကို သူ
နေထိုင်ရာ သြစတေးလျနိုင်ငံ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ပါတယ်။
ယာဉ်ကျော်တက်ရာမှ (၁၂)ဘီး ဆီဘောက်စာယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်၍ ကားဦးပိုင်း မီးလောင် လူနှစ်ဦးသေ ဆုံး
Photo: ယာဉ်ကျော်တက်ရာမှ (၁၂)ဘီး ဆီဘောက်စာယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်၍ ကားဦးပိုင်း မီးလောင် လူနှစ်ဦးသေ ဆုံး
Thursday, November 21, 2013
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အလ္လကပ္ဖကျေးရွာနှင့် မြောင်းမြို့လမ်းခွဲ အနီး မုံရွာ - မန္တလေး ကားလမ်းပေါ်တွင် ယခုလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က (၁၂)ဘီး ဆီဘောက်စာယာဉ်တစ်စီး ယာဉ်ကျော်တက်ရာမှ လမ်းဘေးသစ်ပင်ဝင်တိုက်မိ ခဲ့ရာ ယာဉ်၏ ဦးပိုင်း မီးလောင်ကျွမ်းသဖြင့် ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်သူနှစ်စလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုနေ့ညက မုံရွာ - မန္တလေးဘက်သို့ ဦးတည်မောင်းနှင်းလာသော YGM -165724 Fuso (၁၂) ဘီး၊ ဆီဘောက်စာ အမျိုးအစား ယာဉ်အမှတ် 000000 အား မုံရွာမြို့၊ ကွေ့ကြီးရပ်နေ ကိုဇင်မင်းထွန်း အသက်(၂၆)နှစ် ဆိုသူမှ မောင်းနင်းလာခဲ့ ရာ ကင်တာပုံပြောင်း ဒိုင်နာယာဉ်တစ်စီးအား ယာဉ်ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်သို့ ၀င်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။
အေးချမ်းမွန် Credit To >ကိုတိုး ချင်းတွင်း <Thanks
https://www.facebook.com/excellencemedia
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
RangonNewsDaily:: November . 22 .2013
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အလ္လကပ္ဖကျေးရွာနှင့် မြောင်းမြို့လမ်းခွဲ အနီး မုံရွာ - မန္တလေး ကားလမ်းပေါ်တွင် ယခုလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က (၁၂)ဘီး ဆီဘောက်စာယာဉ်တစ်စီး ယာဉ်ကျော်တက်ရာမှ လမ်းဘေးသစ်ပင်ဝင်တိုက်မိ ခဲ့ရာ ယာဉ်၏ ဦးပိုင်း မီးလောင်ကျွမ်းသဖြင့်
ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ အတွင်း မူးယစ်ဆေးဝါးချက်လုပ် စခန်း လက်နက်များနှင့်အတူ ဖမ်းဆီးရမိ
Photo
RangonNewsDaily:: November . 22 .2013
ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ အတွင်း နယ်မြေခံ ပြည်သူများ၏ သတင်းပေး ချက်အရ နိုဝင်ဘာ ၁၉ရက်မှ စတင်၍ နယ်မြေခံတပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင် သည့် ပူးပေါင်း အဖွဲ့သည် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ
ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုဖို့စီစဉ်
Photo: ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုဖို့စီစဉ်
Friday, November 22, 2013 
၁၉၈၈ ခုနှစ်ကနေ အခုအချိန်ထိ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုမယ့်အစီအစဉ်တစ်ရပ်ကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့ပေါင်းပြီး စီစဉ်နေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကို အခုလိုပြောပါတယ်။
“စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားတဲ့သူတွေကို သူတို့မိသားစုကိုဂုဏ်ပြုမယ့် အစီအစဉ်ပေါ့လေ၊ အဲဒီအစီအစဉ်မှာ ကျနော်တို့က AAPP အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်”
သူတို့အဖွဲ့က လက်ရှိရထားတဲ့ အကျဉ်းထောင်အတွင်း သေဆုံးသူဦးရေ အယောက် ၄၀ လောက်ရှိပြီလို့ ဆိုပါတယ်။ AAPP အဖွဲ့ကလည်း ပြုစုထားတဲ့စာရင်းရှိနေပြီး လွန်ခဲ့တဲ့နှစ်ကာလတွေက အဲဒီသူတွေနဲ့ပတ်သက်လို့ စာအုပ်တစ်အုပ် ထုတ်ဝေထားပါတယ်။
RFA Burmese
RangonNewsDaily:: November . 22 .2013
၁၉၈၈ ခုနှစ်ကနေ အခုအချိန်ထိ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုမယ့်အစီအစဉ်တစ်ရပ်ကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့ပေါင်းပြီး စီစဉ်နေတယ်လို့ သိရပါတယ်။
Miss Grand international 2013 ပြိုင်ပွဲဝင် ထားထက်ထက် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Photo
RangonNewsDaily:: November . 22 .2013
ထိုင်းနိုင်ငံမှာကျင်းပတဲ့ Miss Grand international 2013 ပြိုင်ပွဲ တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထား
ထက်ထက် အမိမြန်မာနိုင်ငံသိုနိုဝင်ဘာ ၂၁ရက် ညနေ၅နာရီခွဲက့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။
ယမန်နေ့ညပိုင်းက ပဋိပက္ခဖန်တီးလိုသည့် လူတစ်စု ရန်ကုန်နှင့် မန္တလေးမြို့ များတွင် ရန်စသည့်အပြုအမူများပြုလုပ်
RangonNewsDaily:: November . 22 .2013
ပဋိပက္ခဖန်တီးလိုသည့် လူတစ်စုက ရန်ကုန်နှင့် မန္တလေးမြို့ များတွင် ရန်စသည့်အပြုအမူများဖြင့် ဗလီဝတ်ေ
ကျာင်းတော်များကို ခဲဖြင့်လိုက်လံ ပစ်ပေါက်လျှက်ရှိသည်။ထိုဖြစ်စဉ်များမဖြစ်ပွားခင်အလျှင်ရခိုင်ပြည်နယ်
၌ ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်သည့် သတင်းများဖြင့် လူမျိုးရေး/ဘာသာရေးပဋိပက္ခများဖြစ်ပွားစေ
ရန် သတင်းမှားများ ဖွနေကြောင်းကိုလည်း အားလုံးသိရှိပြီးဖြစ်ပါလိမ့်မည်။
ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ
Photo: ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ
Thursday, November 21, 2013
(၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၃၂)သင်းလုံး အတည်ပြု ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား အများအပြား ယခုပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်ကို တွေ့ရှိရ
ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ
(၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၃၂)သင်းလုံး အတည်ပြု ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား အများအပြား ယခုပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်ကို တွေ့ရှိရသည်။ အသိသာဆုံးမှာ ပေါ်တူဂီနှင့် နောက်ဆုံးအဆင့် ရှုံးထွက်ခြေစစ်ပွဲ ကစားပြီး အရေးနိမ့်ခဲ့သည့် ဆွီဒင်အသင်းမှ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ဖြစ်သည်။ အသက်(၃၁)နှစ်ရှိ PSG ကစားသမားသည် တစ်ရာသီလုံး ခြေစွမ်းအမြင့်ဆုံး ရရှိနေသူ ဖြစ်ပြီး ပေါ်တူဂီကို (၂)ကျော့ပေါင်း (၄-၂)ဖြင့် အရေးနိမ့်သည့်ပွဲတွင် (၂)ဂိုးစလုံး ကိုယ်တိုင်သွင်းယူခဲ့သည်။ ယင်းပွဲအပြီးတွင် အီဘရာဟီမိုဗစ်က မိမိမပါဝင်သော ကမ္ဘာ့ဖလား ပြိုင်ပွဲသည် အားခဲစောင့်ကြည့်ရန် မထိုက်တန်တော့ဟု ပြောဆိုခဲ့သေးသည်။အခြားသော ကစားသမားကောင်း အချို့သည်လည်း ယင်းပြိုင်ပွဲကြီးနှင့် လွဲချော်ခဲ့သည်။
ချယ်လ်ဆီးအသင်း၏ ချက်လက်ရွေးစင် ဂိုးသမား ပီတာဆက်ခ်ျ၊ ဆာဘီးယား နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ နှစ်ဦးလုံးသည် ကမ္ဘာ့ဖလားကို TVမှသာ ကြည့်ရတော့မည် ဖြစ်သည်။ ထို့အတူ လီဗာပူးလ် ခံစစ်မှူး မာတင်စကာတယ်လ်သည်လည်း ဆလိုဗက်ကီးယားအသင်း ခြေစစ်ပွဲ မအောင်သည့်အတွက် ယင်းပြိုင်ပွဲကြီးနှင့် လွဲခဲ့သည်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိခဲ့သည့် ဂါရတ်သ်ဘေးလ်ကိုလည်း ယင်းပြိုင်ပွဲ၌ တွေ့မြင်ခွင့် မရှိတော့သလို ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ တိုက်စစ်အတွဲဖြစ်သော ရောဘတ် လီဝင်ဒေါစကီးနှင့် ဟင်းနရစ်ခ် မက်ကင်တာရန်းတို့ အားလုံးလည်း လွဲချော်ခဲ့ပြန်သည်။
နာပိုလီအသင်းမှ မာရက်ခ်ဟမ်ဆစ်ခ်၊ တော့တင်ဟမ် ဟော့စပါး၏ ဒိန်းမတ်လူငယ် ခရစ္စတီယန် အဲရစ်ခ်ဆန်၊ မန်ချက်စတာစီးတီးမှ မွန်တီနီဂရိုး တောင်ပံလူ စတီဗန်ယိုဗီတစ်တို့သည်လည်း ကမ္ဘာ့ဖလား ကောင်းကင်ယံတွင် တောက်ပခွင့်မရသည့် ကြယ်ပွင့်များ ဖြစ်လာခဲ့သည်။ အဆိုးဆုံးမှာ ဘိုင်ယန်မြူးနစ်မှ ဩစတြီးယား ခံစစ်သမား ဒေးဗစ်အလာဘာဖြစ်ပြီး ဘိုင်ယန်ကစားသမား အားလုံးတွင် လက်ရွေးစင်အသင်း ခြေစစ်ပွဲမအောင်သဖြင့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့သည်။ အဆိုပါ (၁၁)ဦးသည် နိုင်ငံတစ်ခုချင်းစီမှ အကောင်းဆုံး ကစားသမား တစ်ဦးစီကို ဆွဲထုတ်ဖွဲ့စည်းထားသည့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့သော ကြယ်ပွင့်အသင်းဟု ညွှန်းဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် ဘေးလ်၏ ဝေလလက်ရွေးစင် အသင်းဖော် အေရွန်ရမ်ဆေးကဲ့သို့ လက်ရှိပုံစံကောင်း ရရှိနေသော ကစားသမားကောင်းများလည်း ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့ကြသည်။
Planet Myanmar Network
RangonNewsDaily:: November . 22 .2013
ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ
(၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၃၂)သင်းလုံး အတည်ပြု ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား အများအပြား ယခုပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်ကို တွေ့ရှိရသည်။
ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် တည်းခိုခန်း ဗုံးဖောက်ခွဲဟုဆို
Photo: ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် တည်းခိုခန်း ဗုံးဖောက်ခွဲဟုဆို
Thursday, November 21, 2013
တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသော စောထွန်းထွန်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ဖော် ဝန်ခံခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက The Voice သို့ ပြောကြားသည်။
“စောထွန်းထွန်းက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက တပ်သားဟောင်းက ခိုင်းစေတယ်လို့ ထုတ်ဖော် ဝန်ခံပေမယ့် ဗုံးဖောက်ခွဲရန် စေခိုင်းတဲ့အချိန်မှာ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းမှာ မရှိတော့ပါဘူးလို့ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းက ငြင်းဆို ထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုတွင် အဓိက သံသယရှိသူ စောထွန်းထွန်းကို ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၃) ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် ကျောက်ကြီးမြို့နယ် အရှေ့ဘက် ရိုးမတစ်နေရာတွင် ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ မြို့မရဲစခန်းတွင် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ယင်းကဲ့သို့ ကာယကံရှင် ဖြစ်သူက ထုတ်ဖော် ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူမြို့မ ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်ချက်များအရ စုံစမ်းသိရှိရသည်။
ကျောက်ကြီးမြို့နယ် မေတ္တာ ရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် စောထွန်းထွန်းသည် လွန်ခဲ့သော တစ်နှစ်ခန့်က ခင်မင်ရင်းနှီးခဲ့သူ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင် လက်ကောက်ဝတ်သာသာ အရှည်ငါးလက်မခန့် အဖြူရောင် ဇစ်ဆွဲအိတ် အလယ်တွင် သားရေကွင်းပတ် အိတ်တစ်အိတ်ကို ဖွင့်မကြည့်ရန် မှာကြားပြီး ငွေကျပ် ၂၀,၀၀၀ ပေးအပ်ကာ တောင်ငူမြို့ပေါ်တွင် သွားရောက် ချထားရန် စေခိုင်းခဲ့ကြောင်း၊ ယင်းအတွက် နေအိမ်အနီး ချုံပုတ်တစ်ခုတွင် သိမ်းဆည်းကာ အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခန့်တွင် ပဲနွယ်ကုန်းမြို့သို့ ဆိုင်ကယ်ကယ်ရီ ငှားစီးကာ ထွက်ခွာလာကြောင်း၊ အဆိုပါ မြို့မှတစ်ဆင့် ခရီးသည် တင်ကားစီးပြီး တောင်ငူမြို့ကို ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိကာ တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ နံနက်တွင် တည်းခိုရာ အခန်း၏ ပြတင်းပေါက် ဘောင်ပေါ်တွင် လိုက်ကာချထားကာ ဖုံးကွယ် ချထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့တွင် တည်းခိုရာနေရာမှ ထွက်ခွာခဲ့ပြီး တောင်ငူ မြို့မဈေးကြီး၌ ဈေးဝယ်ကာ နေအိမ် ကျောက်ကြီးမြို့ သို့ စစ်တောင်း အရှေ့ခရီးသည်တင် ကားကိုစီးကာ နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း စောထွန်းထွန်း၏ ထုတ်ဖော် ဝန်ခံချက်များအရ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ချိန်ကိုက် ထောင်ထားသည့် ဗုံးကြောင့် အဆိုပါ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်း ၆/ဘ ၌ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၅၀ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ယင်း ပေါက်ကွဲစဉ် အဆိုပါ တည်းခိုခန်းသို့ လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုနေမျိုးကျော်ဆိုသူနှင့် အောက်တိုဘာ ၈ ရက်နေ့ ကတည်းက ညောင်လေးပင်မြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက်၂၄ နှစ်အရွယ် မယုခိုင်၊ အသက်၂၇ နှစ်အရွယ် မငြိမ်းသူဆိုသူ နှစ်ဦးတို့အနက် ကိုနေမျိုးကျော်နှင့် မယုခိုင်တို့ နှစ်ဦး သေဆုံးကာ မငြိမ်းသူနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။
တောင်ငူမြို့နှင့် ရန်ကုန်မြို့တွင် အောက်တိုဘာလ ဒုတိယပတ်၌ ဗုံးပေါက်ကွဲမှု နှစ်ခုနှင့် ပတ်သက်ပြီး KNU စီးပွားရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုး၏ ခိုင်းစေချက်အရ စောမြင့်လွင် (ခ) မောထဆိုသူက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ စောထွန်းထွန်းသည်လည်း ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက် ဆက်နွှယ်နေနိုင်သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲနှင့် နိုင်ငံတော်သမ္မတ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 
ဇေယျာကို (တောင်ငူ)
The Voice Weekly
RangonNewsDaily:: November . 22 .2013
တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသော စောထွန်းထွန်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့်
မန်စီမြို့နယ်အတွင်း ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲများကြောင့် ဗီဂျေနမ်ဗီးယား အရေးပေါ်ကြေညာချက်ထုတ်
Photo: မန်စီမြို့နယ်အတွင်း ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲများကြောင့် ဗီဂျေနမ်ဗီးယား အရေးပေါ်ကြေညာချက်ထုတ်
Thursday, November 21, 2013
မန်စီမြို့နယ် အတွင်း တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ကြောင့် စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံများသို့ ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယားက အရေးပေါ်ထုတ်ပြန် ကြေညာချက်တစ်စောင် အား နိုဝင်ဘာ ၁၇  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာအ စိုးရတပ်များနှင့် ကေအိုင်အေအပါအဝင်အခြားသော လက်နက်ကိုင်တပ် များအား နိုင်ငံတကာလူသားချင်းစာ နာထောက်ထားမှု ဥပဒေများ၊ လူ့အ ခွင့်အရေး နှင့် နိုင်ငံသား တို့၏သီးခြား လူ့အခွင့်အရေးများအား လေးစားလိုက် နာရန် တိုက်တွန်းထားပြီး လက်နက် ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများ အား စစ်ပွဲသားကောင် ဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ရန် စစ်ပွဲအတွင်းလိုက် နာရမည့် စစ်စည်း ကမ်း ဥပဒေများ အား ကောင်းစွာသိရှိရမည်ဖြစ်ကြောင်း သတိ ပေး ပြောကြားထားသည်။
မန်စီမြို့နယ်အတွင်း နမ့်လင်းပါ ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်တွင် ဖြစ်ပွားသောတိုက်ပွဲကြောင့် ယင်းကျေး ရွာမှဒေသခံများနှင့်  IDP  ၂၀၀၀ ကျော် ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ယင်းကျေးရွာသို့ ရိက္ခာ သွားရောက် ကူညီပေးခဲ့ သည့် ဗန်းမော်မြို့ နယ်က ကရုဏာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ အစိုးရနှင့် ကေအိုင်အိုတို့ နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နမ့် လင်းပါ ကျေးရွာဒေသခံများနှင့် IDP  ၂၃ဝဝခန့် ထိခိုက်မှု မရှိခဲ့ကြောင်း ယင်း IDP  များသည် ယခင်ဖြစ်ပွားခဲ့သည့် စစ်ပွဲများအား ရှောင်ရှားနိုင်ရန်အတွက် နေရာရွှေ့ပြောင်းခဲ့ရပြီး ယခုအခါ ဒုတိ ယအကြိမ်မြောက် ထွက်ပြေးတိမ်းရှောင် ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
IDP များသည် ယင်းကျေးရွာ မှ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ကေအိုင်အေ ထိန်းချုပ်ထားသည့်နယ် မြေများအတွင်းရှိ လုံခြုံစိတ်ချရသော စခန်းများအား ရှာဖွေလျက်ရှိကြောင်း သိရသည်။ ကုလသမဂ္ဂအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသော လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့လုံး အနေဖြင့်  IDP  များအား ကူညီထောက်ပံ့ရန်အတွက်NGO အဖွဲ့အစည်းများ လာရောက်မှုအား ခွင့်ပြုရန်အတွက် အလေးအနက်ထား တောင်းဆိုကြောင်း ဖော်ပြထားသည်။
နမ့်လင်းပါ ကျေးရွာတွင် တိုက် ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက် ၍ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ''ဖြစ်တာကတော့ နမ့်လင်းပါဆိုတဲ့ IDP  စခန်းကို ကရု ဏာဖောင်ဒေးရှင်းကနေ ရိက္ခာအကူ အညီလာပေးတယ်။ လာပေးတဲ့ နောက် မှာ စစ်ကြောင်းတွေ ပါလာတယ်။ စစ် ကြောင်းတွေ ဝင်လာတဲ့အခါမှာ တိုက် ပွဲတွေဖြစ်တယ်။ အခုကတော့ ရွာ သားတွေ ထွက်ပြေးနေတယ်။ ကျွန် တော်တို့နဲ့ တပ်နဲ့က နီးကပ်နေတဲ့နေ ရာမှာ တိုက်ပွဲတွေက ဖြစ်လိုက်၊ ပြန် နားလိုက်ဖြစ် နေတယ်''ဟု နိုဝင်ဘာ ၁ရ ရက် ရန်ကုန်မြို့ Business Alliance Hotel  တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ဒုက္ခသည်များ အနေဖြင့် အခြား IDP  စခန်းများအား ဘေးရန်ကင်းစွာ ဖြင့် ရွှေ့ပြောင်းနိုင်ရေးအတွက် ကာ ကွယ်စောင့်ရှောက်မှုများ၊ အစားအ စာနှင့် ရွက်ဖျင်တဲ၊ စောင်၊ အနွေး ထည်များ ရရှိနိုင်ရန်အတွက် အရေး ပေါ်လိုအပ်နေသည်ဟု သတ်မှတ် ကြောင်း ဖော်ပြပါရှိသည်။
ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယား
The Yangon Times
ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယား
RangonNewsDaily:: November . 22 .2013
မန်စီမြို့နယ် အတွင်း တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ကြောင့် စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံများသို့ ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယားက အရေးပေါ်ထုတ်ပြန် ကြေညာချက်တစ်စောင် အား နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။