Pages

Tuesday, November 19, 2013

မန္တလေး တန်ဆောင်မုန်း လပြည့်နေ့ ယာဉ်တိုက်မှုနှင့် ခိုက်ရန် ဖြစ်ပွားမှု ၁၁၇ ဦး ဆေးရုံရောက်

RangonNewsDaily:: November . 19 .2013
မြန်မာ့ ၁၂ လရာသီ ပွဲတော်နေ့ တစ်နေ့ဖြစ်သော နိုဝင်ဘာလ ၁၇ ရက်နေ့ (တန်ဆောင်မုန်း လပြည်နေ့) တွင် ယာဉ်တိုက်မှု ၈၆ မှုနှင့် ခိုက်ရန် ဖြစ်ပွားမှု ၃၁ မှု တို့ဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လူ ၁၁၇ ဦး ရောက်ရှိ လာကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

အိမ်မဲ-မြောင်းမြလမ်းပေါ်တွင် ထော်လာဂျီ တိမ်းမှောက် လိုက်ပါသူ ၂၆ ဦးဒဏ်ရာရ

RangonNewsDaily:: November . 19 .2013
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ရဲကင်းစခန်းပိုင်
အိမ်မဲ-မြောင်းမြကားလမ်း ပေါ်၌ ထော်လာဂျီယာဉ်တစ်စီးတိမ်းမှောက်၍ လိုက်ပါလာသူကောက်ရိတ်သမများ ပွန်းပဲ့ ဒဏ်ရာများရရှိသောကြာင့် ရွာသစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက်များ ရှာဖွေခြင်းကို Google တားမြစ်

Photo: ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက်များ ရှာဖွေခြင်းကို Google တားမြစ် Tuesday, November 19, 2013

Google နှင့် Microsoft တို့သည် အွန်လိုင်းပေါ်တွင် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်း ဝက်ဘ်ဆိုက်များအား အသုံးပြုသူများ ရှာဖွေရ ခက်ခဲအောင် ပြုလုပ်ထားသည့် software ကို မိတ်ဆက်ခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍လည်း ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ဗြိတိန် ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အင်တာနက်လုံခြုံရေးနှင့် ပတ်သက်ပြီး Google အမှုဆောင်အရာရှိချုပ် Eric Schmidt က မိမိတို့ ကုမ္ပဏီအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက်နှင့် စပ်လျဉ်းသည့် ရှာဖွေမှု အသုံးအနှုန်း တစ်သိန်းကျော်ခန့်ကို Google Search ပေါ်တွင် ရှင်းလင်းရာတွင် အကောင်းဆုံး အနေအထားတွင် ရှိကြောင်း ကြိုတင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ software ကို Google နှင့် Bing တို့ က ဗြိတိန်နှင့် အင်္ဂလိပ်ဘာသာ အသုံးပြုသည့် နိုင်ငံများတွင် ပထမဦးဆုံး ဖြန့်ချိခဲ့သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ စနစ်များတွင် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်း ဓာတ်ပုံများ တွေ့ ရှိနိုင်သည့် ခြေရာခံစနစ်ကို အသုံးပြုထားသည်။ ထို့အပြင် တရားမဝင် ဗီဒီယိုများကို ရှာဖွေ ဖျက်သိမ်းနိုင်သော နည်းပညာကိုလည်း Google က စမ်းသပ်လျက်ရှိသည်။ Google အမှုဆောင်အရာရှိချုပ် Schmidt က ကလေးညစ်ညမ်း ဝက်ဘ်ဆိုက်ပေါ်တွင် ဓာတ်ပုံများတင်ခြင်းကို မတားဆီးနိုင်ခြင်းနှင့် နည်းစနစ် မရှိခြင်းကြောင့် အခွင့်အရေးများ ရှိနေကြောင်း မှတ်ချက်ချခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ ပြောင်းလဲမှုကိုကြိုဆိုခဲ့သော်လည်း ထိရောက်မှုအပေါ် သံသယများ ရှိနေသည်။

ဗြိတိန် ကလေးသူငယ် စောင့်ရှောက်ရေးနှင့် အွန်လိုင်း ကာကွယ်ရေးစင်တာမှ အကြီးအကဲဟောင်း Jim Gable က ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက် ရှာဖွေသူများသည် ဓာတ်ပုံများ ရှာဖွေရန် Google သို့ သွားရောက်မည်မဟုတ်ကြောင်းနှင့် ၎င်းတို့သည် peer-to-peer ဝက်ဘ်ဆိုက်များတွင်သာ ရှာဖွေကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: USAToday
Internet Journal

RangonNewsDaily:: November . 19 .2013
Google နှင့် Microsoft တို့သည် အွန်လိုင်းပေါ်တွင် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်း ဝက်ဘ်ဆိုက်များအား အသုံးပြုသူများ ရှာဖွေရ ခက်ခဲအောင် ပြုလုပ်ထားသည့် software ကို မိတ်ဆက်ခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍လည်း ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ

Photo: ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ
Tuesday, November 19, 2013

တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို အခုလို ပြောပါတယ်။

"ပန်းပဲတန်းမြို့နယ် တရားရုံးက အမှုနှစ်ခုအတွက် ပုဒ်မ ၁၈ အရ တစ်မှုကို ထောင် ၃ လစီ ကျခံစေဆိုပြီးတော့ချတယ်၊ ကျောက်တံတားမြို့နယ် တရားရုံးက ၃ လတစ်မှုကျတယ်၊ ဒါပေမယ့်လို့ မင်္ဂလာတောင်ညွန့်နဲ့ တာမွေတရားရုံးတို့က ချမှတ်ထားတဲ့ပြစ်ဒဏ်နဲ့ တစ်ပေါင်းတည်းကျခံစေဆိုပြီးတော့ အမိန့်ချတယ်"

ကိုထင်ကျော်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်တွေက ပုဒ်မ ၁၈ နဲ့ တရားစွဲထားတာပါ။ တာမွေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေက ၆ လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒီနေ့ ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေက ၃ လစီ ပြစ်ဒါဏ်ချမှတ်ခဲ့တာပါ။

ကိုထင်ကျော်နဲ့အတူ တရားစွဲဆိုခံထားရသူ ဦးဇော်ဝင်းကိုလည်း ပုဒ်မ(၁၈) နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

RFA

RangonNewsDaily:: November . 19 .2013
တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်
မှာအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းကိုထင်ကျော်ကိုဒီကနေ့ ကျောက်တံတားမြို့နယ် တရား
ရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်
လိုက်ပါတယ်။

၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ

Photo: ၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ
Tuesday, November 19, 2013

အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။ သူမဟာ ၁၀ တန်းဖြေဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရိုက်တဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့ သူမဟာ ဒီအရွယ်ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင်ကိုသရုပ်ဆောင်စွမ်းရည် မြင့်မားသူပါ။ ငယ်ရွယ်ပေမဲ့ ကာရိုက်တာ ၀င်အောင် သရုပ်ဆောင်နိုင်လွန်းတဲ့ သူမဟာ အင်တာဗျူး ဖြေတာတောင် အနုပညာအလုပ်တွေနဲ့ မအားလပ်လွန်းသူမို့ အင်တာဗျူးဖြေဆိုချိန်မှာတောင် ကားပေါ်ကမဆင်းနိုင်သူလေးပါ။ သူမနဲ့ပြောဖြစ်သမျှကတော့ ‘အခုရိုက်နေတဲ့ ကားလေးက အမုန်းကမ်းရိုးတန်းတစ်လျှောက်မှာ ရင်ခုန်သံလှိုင်းကြီးနေသည်တဲ့။ မင်းသားက ကိုနေမင်း၊ ဖအေတူ၊ မအေကွဲ ညီအစ်မနှစ်ယောက်က မေဆူးမောင်နဲ့ ရွှေမှုန်နဲ့ပေါ့။ ကိုယ်က မယားကြီးရဲ့ သမီး ဒါပေမဲ့ အဖေက မယားငယ်နဲ့ တရားဝင်ပေါင်းတဲ့အခါကျတော့ သူတို့ မိသားစုကိုမုန်းနေတာပေါ့။ ဒီကားလေးက ပြဿနာတွေနဲ့ သုံးပွင့်ဆိုင်လေးပါတဲ့။ ရုပ်ရှင်ကားကြီးအနေနဲ့ လက်ခံထားတာရှိပြီး မသေချာသေးတဲ့အတွက် မပြောသေးတာပါ’လို့ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပြသွားပါတယ်။

အရွယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်တွေအတွက် ဘယ်လိုလေ့လာခဲ့ရလဲလို့မေးကြည့်တော့ ‘အဓိကတော့ ဇာတ်တစ်ခုကို ဖတ်လိုက်ပြီဆိုရင် အဲဒီထဲမှာ ကာရိုက်တာဝင်အောင်ကြိုးစားတယ်။ ကာရိုက်တာ ၀င်သွားပြီးတဲ့နောက်ပိုင်းမှာ သူ့အလိုလို ဖြစ်သွားပါတယ်’တဲ့။

စာမေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘စာမေးပွဲနီးလာတဲ့အခါ ၁ လပိုင်းကစပြီး တစ်လကို တစ်ကားပဲ ရိုက်မယ်။ ၃ လပိုင်းထိပေါ့။ ကျန်တဲ့ အချိန်ကတော့ စာကအရေးကြီးတဲ့အတွက် စာကိုပဲ ဦးစားပေးဖြစ်မယ်။’ လို့ဆိုတဲ့အပြင် အချစ်ရေးကို မေးကြည့်လိုက်တဲ့အခါ ‘မလိုပါဘူး။ ၁၀တန်းတောင်မအောင်သေးတာ အချစ်ရေးကို သွားစဉ်းစားရင် စာမေးပွဲပါကျသွားမှာပေါ့။’ လို့ သူမရဲ့ အချစ်ရေးကို ပြောပြခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

RangonNewsDaily:: November . 19 .2013
အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို
့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။ သူမဟာ ၁၀ တန်းဖြေ
ဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။

ဂျပန်နိုင်ငံ ဖူကူရှီးမားစက်ရုံမှ အန္တရာယ်များသော လောင်စာချောင်းများ ပြန်လည်ထုတ်ယူပြီ

Photo: ဖူကူရှီးမားစက်ရုံမှ အန္တရာယ်များသော လောင်စာချောင်းများ ပြန်လည်ထုတ်ယူပြီ
Tuesday, November 19, 2013

ဖူကူရှီးမားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှ အခက်အခဲဆုံးနှင့် အန္တရာယ်အများဆုံးလုပ်ငန်းဖြစ် သော ယူရေနီယမ်နှင့် ယူတိုနီ ယမ်လောင်စာချောင်းများ ထုတ် ယူရေးလုပ်ငန်းကို Tepco မှ နျူ ကလီးယားအင်ဂျင်နီယာများ စတင်ပြင်ဆင်နေကြောင်း သိရ သည်။

သဘာဝဘေးကြောင့် ပျက် စီးသွားခဲ့ရသော ဓာတ်ပေါင်းဖို သုံးခုမှ လောင်စာချောင်းများ ထုတ်ယူမှုကို တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။ ဖူကူ ရှီးမားဓာတ်ပေါင်းဖိုသိုလှောင်ကန် ထဲတွင် လောင်စာချောင်း ၁၅၀၀ ကျော်ရှိနေပြီး နှစ်ရက်အတွင်း လောင်စာချောင်း ၂၂ချောင်း ထုတ်ယူနိုင်လိမ့်မည်ဟု ကုမ္ပဏီ မှ မျှော်လင့်ထားပြီး လုပ်ငန်းစဉ် ကြီးတစ်ခုလုံးအတွက် တစ်နှစ် ကျော် ကြာမည်ဟု သိရသည်။

အဝေးထိန်းစနစ်ဝန်ချီစက် ဖြင့် ကန်အတွင်းသို့ လှမ်း၍ လောင်စာချောင်းများကို ကုပ်ယူ သယ်မပြီး ၉၁တန်ရှိသော စည် အတွင်း ထည့်၍ နောက်တွဲယာဉ် ဖြင့် မီတာ ၁၀ဝခန့်ဝေးသော သိုလှောင်ကန်သို့ ပြောင်းရွှေ့ပေး မည်ဟု သိရသည်။လုပ်ငန်းလုပ်ဆောင်နေ စဉ် နမော်နမဲ့ကိစ္စသည် အခြေ အနေကို လျင်မြန်စွာ ဆိုးရွား သွားနိုင်ကြောင်းလည်း ကျွမ်း ကျင်သူများက ပြောထားကြ သည်။

ဖူကူရှီးမားစက်ရုံအား လုံးဝ အပြည့်အစုံ ပိတ်သိမ်းရေးလုပ် ငန်းမှာ ဆယ်စုနှစ်များစွာ ကြာ နိုင်ကြောင်းလည်း သိရသည်။ အနီးအနားမြို့နှင့် ရွာများတွင် လူသူကင်းရှင်းနေပြီး ဓာတ်ရောင် ခြည် သက်ရောက်မည်ကို စိုးရိမ် မှုရှိ၍ မည်သူမျှ ပြန်နေထိုင်လို သည့်ဆန္ဒမရှိကြကြောင်း သိရ သည်။

 Ref-AFP/ ACSP 
Yangon Media Group

RangonNewsDaily:: November . 19 .2013
ဖူကူရှီးမားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှ အခက်အခဲဆုံးနှင့် အန္တရာယ်အများဆုံးလုပ်ငန်းဖြစ် သော ယူရေ
နီယမ်နှင့် ယူတိုနီ ယမ်လောင်စာချောင်းများ ထုတ် ယူရေးလုပ်ငန်းကို Tepco မှ နျူ ကလီးယားအင်ဂျင်နီယာ
များ စတင်ပြင်ဆင်နေကြောင်း သိရ သည်။

နေပြည်တော်အစိုးရ၀န်ထမ်း အိမ်ရာများတွင် အခမဲ့တပ်ဆင်ထားသော ရုပ်သံလိုင်းများ ဒီဇင်ဘာ ၁ ရက် စတင်ဖြတ်တောက်မည်

Photo: နေပြည်တော်အစိုးရ၀န်ထမ်း အိမ်ရာများတွင် အခမဲ့တပ်ဆင်ထားသော ရုပ်သံလိုင်းများ ဒီဇင်ဘာ ၁ ရက် စတင်ဖြတ်တောက်မည်
Tuesday, November 19, 2013

ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေးထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး အခမဲ့ပြသနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအ၀င် ရုပ်သံလိုင်းများ ကြည့်ရှုလိုပါက
ကျပ် ၃၂၀၀၀ တန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များကို ၀ယ်ယူတပ်ဆင်ရန် နေပြည်တော်ကောင်စီက ၀န်ထမ်းများအား စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ထို့ပြင် ယင်းစာထွက်ပြီး မကြာမီမှာပင် Sky Net ရုပ်သံဖမ်းစက်များကို ၀န်ကြီးဌာနအသီးသီးတွင် အရစ်ကျစနစ်ဖြင့် လိုက်လံရောင်းချနေပြီး တစ်နိုင်ငံလုံးတွင် အခမဲ့ကြည့်ရှုနိုင်သော မြန်မာ့အသံ၊ မြ၀တီ၊ MRTV-4 ၊ Channel 7 တို့ကအစ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်မရှိဘဲနှင့် ဖမ်းယူကြည့်ရှုနိုင်မည်မဟုတ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးကပြောသည်။

အစိုးရ၀န်ထမ်းလစာမျှဖြင့် အစစအရာရာ ဈေးနှုန်းကြီးမြင့်နေသော နေပြည်တော်တွင် ချွေတာသုံးစွဲနေရသော ၀န်ထမ်းအများစုမှာ တစ်နိုင်ငံလုံးက အခမဲ့ကြည့်နိုင်သည့် ရုပ်သံလိုင်းအချို့ကိုပင် စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုမှသာ ကြည့်နိုင်တော့မည့်အခြေအနေကြောင့် မကျေမနပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သတင်းရရှိသည်။ 

“ကျွန်မတို့ စာရေးအဆင့်က ရတဲ့လစာမှ ထောက်ပံ့ကြေးနဲ့ပေါင်းရင် တစ်သိန်းမပြည့်တပြည့်ရယ်။ အခုအဆောင်မှာ ရေဖိုး၊ မီတာခ အားလုံးပေးရတယ်။ နောက်ဆို အဆောင်နေခပါ ပေးရမလားပဲ။ အခုတစ်ခါ ဆီးဂိမ်းနီးမှ ကေဘယ်ကလွှင့်ပေးတဲ့လိုင်းတွေကို အကုန်ဖြုတ်ပြီး စကိုင်းနက်စက်တွေကို အရစ်ကျလာရောင်းတယ်။ သူများတွေ အလကားကြည့်ရတဲ့ မြန်မာ့အသံတို့ MRTV-4 တို့ကအစ ဒီစက်ဝယ်မှပဲ နေပြည်တော်မှာကြည့်လို့ရမယ်။ လစဉ်လည်း နှစ်ထောင်ပေးမှ အရင်လိုရုပ်သံလိုင်းတွေ အကုန်ပြန်ကြည့်ရမယ်။ ၀န်ထမ်းတွေမှာ ဒါလေးပဲ အပန်းဖြေစရာရှိတာပါ။ နေပြည်တော်မှာ အခုက ပိုက်ဆံကကုန်ပေါက်ချည်းပဲ”ဟု ၀န်ကြီးဌာနတစ်ခုမှ အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။

စစ်အစိုးရလက်ထက် နေပြည်တော်မြို့ စတင်တည်ထောင်ကတည်းက အခပေးရုပ်သံလိုင်းပေါင်းများစွာကို စစ်တပ်ကဖမ်းယူ၍ ၀န်ထမ်းအိမ်ရာများသို့ ကေဘယ်ကြိုးများဖြင့် တပ်ဆင်ပေးထားခြင်းဖြစ်သည်။ ယင်းကေဘယ်ကြိုးများကို ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လွှဲပြောင်းရယူလိုက်ပြီး အစိုးရ၀န်ထမ်းများထံ ပေးထားသည့် ကေဘယ်ကြိုးများအား သက်ဆိုင်ရာ နေပြည်တော်ကောင်စီသို့ ပြန်လည်လွှဲပေးခြင်းဖြစ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားသည်။

“နေပြည်တော်က တခြား ရန်ကုန်၊ မန္တလေးမြို့က အစိုးရတွေလို စီးပွားရေးလုပ်ငန်းလည်း ကြီးကြီးမားမားမရှိတော့ ၀င်ငွေရှာတဲ့အနေနဲ့ ဒစ်ဂျစ်တယ် ရုပ်သံဖမ်းစက်တွေကို ၀န်ထမ်းတွေကို အရစ်ကျရောင်းချတာပါ။ စကိုင်းနက်နဲ့ပူးပေါင်းပြီး လုပ်တာလားဆိုတာတော့ သေချာမသိရသေးပါဘူး။ ကောင်စီက ကေဘယ်အတွက် စက်ရုံတည်ဆောက်ပြီး လွှဲယူရတာပါ။ သူတို့ရောင်းမယ့် ရုပ်သံဖမ်းစက်မှာ လိုင်း ၂၀ က အခမဲ့လိုင်းတွေလည်း ဒီစက်ဝယ်မှ ကြည့်လို့ရမှာပါ”ဟု ၎င်းကပြောသည်။

ယခုအစီအစဉ်အတွက် နေပြည်တော်ကောင်စီနယ်မြေမှ ရုပ်သံဖမ်းစက်များ ထုတ်ရောင်းရန် ရှိ၊ မရှိနှင့် ယခုစကိုင်းနက်က ၀န်ကြီးဌာနရုံးများတွင် အရစ်ကျလိုက်လံရောင်းချနေသော ရုပ်သံဖမ်းစက်များနှင့် နေပြည်တော်ကောင်စီတို့ ဆက်စပ်မှု ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ဖြေကြားလေ့မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

မကြာသေးမီက ပြန်ကြားရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထုတ်လွှင့်တော့မည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် အလုံးပေါင်းသုံးသိန်းကျော် အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း ပြောကြားထားချိန်တွင် နေပြည်တော်ရှိ အစိုးရ၀န်ထမ်းများအားလုံးမှာမူ အခမဲ့ရုပ်သံလိုင်းများကအစ စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုရမည်ဖြစ်သည်။ “ကျွန်တော်ကတော့ စကိုင်းနက်ဝယ်ကြည့်ဖို့ အစီအစဉ်မရှိဘူး။ ကိုယ့်ဘာသာ အဆောင်မှာ အင်တင်နာတိုင်ထောင်ကြည့်မယ်”ဟု အစိုးရအရာရှိကြီးတစ်ဦးက ပြောသည်။

7Day News Journal

RangonNewsDaily:: November . 19 .2013
ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေး
ထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး

ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်

Photo: ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်
Tuesday, November 19, 2013

၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အကယ်ဒမီမယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိသတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ရှေ့နှစ် ၂ဝ၁၄ ဖေဖော်ဝါရီလ ထဲ မှာတော့ ပရိသတ်စိတ်ဝင်စားတဲ့ မယ်လိုဒီတစ်ယောက် ချစ်သူနဲ့ မင်္ဂ လာပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ အဲဒီမင်္ဂလာပွဲအစီအစဉ်နဲ့ ပတ် သက်ပြီး မယ်လိုဒီက…

”အစကတော့ မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို ဖေဖော်ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊ မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာ ဆွမ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။ အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေး ပဲ လုပ်မှာပါ။ အကုန်လုံးကလည်း အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။ လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။ မျိုးရဲ့ငယ်ငယ် တုန်းက အကြောင်း တွေကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့” လို့ ပြောပြပါတယ်။

Popular Journal

RangonNewsDaily:: November . 19 .2013
၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အ
ကယ်ဒမီမယ်လိုဒီကအကယ်ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိ
သတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ဒိတ်ဒိတ်ကြဲစိုင်းစိုင်းခမ်းလှိုင်နဲ့ ကြိုးစားနေတဲ့ အစီအစဉ်တစ်ရပ်

Photo: ဒိတ်ဒိတ်ကြဲစိုင်းစိုင်းခမ်းလှိုင်နဲ့ ကြိုးစားနေတဲ့ အစီအစဉ်တစ်ရပ်
Tuesday, November 19, 2013

စိုင်းစိုင်းခမ်းလှိုင်က ‘ဒိတ်ဒိတ်ကြဲ’ ဗီစီဒီကို ရိုက်ကူးဖို့ အတွက် နိုဝင်ဘာ တစ်လလုံးဇာတ်ကားရိုက်ကူးမှု တွေကို ခဏနားထားမယ်လို့ ပြောပြပါတယ်။ သီချင်းခွေကို မျှော် နေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ခံစားမှု ကို ပြောပြတဲ့ စိုင်းစိုင်းခမ်းလှိုင်က..

“ကျွန်တော် ‘ဒိတ်ဒိတ်ကြဲ’ သီချင်းခွေ ဗီစီဒီရိုက်နေတာ မပြီးသေးဘူးဆိုတော့ အခုနိုဝင်ဘာတစ်လလုံး ကားရိုက် နားပါမယ်။ သီချင်းတွေ ပြီးအောင် ရိုက်ပါမယ်။ တန်ဆောင်မုန်းလပြည့်နေ့အပါအဝင်ပွဲတွေလည်း တော်တော် များများရှိတော့နယ်တွေမှာ သွားဖျော်ဖြေပါမယ်။ကျွန်တော် ဒီဇင်ဘာလ ၂၉ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျွန်တော့်အခွေ ကိုဖြန့်ချိမယ်လို့ရာထားပါတယ်။ ကျွန်တော် အလုပ်တွေလုပ်ပြီးကြိုးစား တဲ့အခါတွေလည်းရှိသလို စိတ် လေနေတဲ့အခါတွေလည်း ရှိတယ်။ ကျွန်တော်လျှောက် တဲ့လမ်းမှာ မှန်တဲ့ အခါတွေလည်း ရှိတယ်။ မှားတဲ့အခါတွေလည်း ရှိတယ်။ အောင်မြင်သွားတဲ့ အနု ပညာဖန်တီးမှုတွေ ရှိသလို၊ ချို့ ယွင်းသွားတဲ့အနုပညာဖန်တီးမှု တွေလည်း ရှိတယ်။ အရာရာတိုင်း အတွက် နားလည်ခွင့်လွှတ်ပြီးတော့ ကျွန်တော့်ဘက်က ရပ်တည်ပေး တယ်။ ကျွန်တော့်ကို နှစ်သိမ့်အား ပေးတယ်။ ချီးမြှောက်ပြော ဆိုတယ်။ လက်ခုပ်တီးတယ်။ ကျွန်တော့်ဘက် က အမြဲတမ်းရှိတဲ့ ကျွန်တော့်ပရိသတ် ကို အမြဲတမ်း ဦးထိပ်ပန်ဆင်ပါတယ်” လို့ ပြောပြပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဇာတိဖြစ် တဲ့ တောင်ကြီးက အ.ထ.က(၁) ကျောင်း အာစရိယပူဇော်ပွဲကို နိုဝင် ဘာ ၉ရက်၊၁ဝရက်တွေမှာသွားရောက် ဖြစ်ခဲ့ပြီး သူငယ်ချင်းတွေ ၊ဆရာ၊ ဆရာမ တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ADMA က စီစဉ်ပြီး ထိုင်းမင်း သမီး Davika Hoorne နဲ့အတူ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့က ရုပ်ရှင် ဇာတ်ကားရိုက်ကူးဖို့အတွက် စီစဉ်နေ တာနဲ့ပတ်သက်ပြီး စိုင်း စိုင်းခမ်းလှိုင် ကို မေးကြည့်ဖြစ်တော့ “အလုပ် တစ်ခု သေသေချာချာ confirm မ ဖြစ်သေးတဲ့အချိန်မှာ ကြိုတင်ပြီး ပြောလေ့ မရှိ သေးတဲ့အတွက် ကျွန်တော်အခုလော လော ဆယ်မှာဘာမှ မဖြေနိုင်သေး တာကိုခွင့်လွှတ်ပါ။ကျွန်တော်တို့ ရိုက် ကူးဖို့ကြိုးစားနေကြ ပါတယ်ဆိုတာ လောက်တော့ကျွန်တော်ပြောနိုင်ပါ တယ်။ကျွန်တော့်ဘက် ကတော့ ဒီအစီ အစဉ်ဖြစ်လာတဲ့အတွက် ဝမ်းသာပါ တယ်။အောင်ေ အာင်မြင်မြင် ရိုက်ကူး ဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်” လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: November . 19 .2013
စိုင်းစိုင်းခမ်းလှိုင်က ‘ဒိတ်ဒိတ်ကြဲ’ဗီစီဒီကိုရိုက်ကူးဖို့ အတွက် နိုဝင်ဘာတစ်လလုံးဇာတ်ကားရိုက်ကူးမှု တွေ
ကို ခဏနားထားမယ်လို့ ပြောပြပါတယ်။ သီချင်းခွေကို မျှော် နေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့
လည်း ခံစားမှု ကို ပြောပြတဲ့ စိုင်းစိုင်းခမ်းလှိုင်က..

လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိ

Photo: လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိ
Tuesday, November 19, 2013

Star Wars ဇာတ်ကားများကို ဖန်တီးသူ ဂျော့ဂ်ျလူးကက်စ်က Jean Hersholt Humanitarian Awardကို အန်ဂျလီနာအား ဂုဏ်ယူစွာ ပေးအပ် ချီးမြှင့်ခဲ့

လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိ
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အန်ဂျလီနာ ဂျိုလီအနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများကြောင့် အထူးဂုဏ်ပြုချီးမြှင့်သည့် အော်စကာဆုကို ရရှိခဲ့ကြောင်း သိရသည်။ စနေနေ့က လော့စ်အန်ဂျလိစ်တွင် ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီးအား အဆိုပါဆုကို ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ Star Wars ဇာတ်ကားများကို ဖန်တီးသူ ဂျော့ဂ်ျလူးကက်စ်က Jean Hersholt Humanitarian Awardကို အန်ဂျလီနာအား ဂုဏ်ယူစွာ ပေးအပ် ချီးမြှင့်ခဲ့သည်။ အဆိုပါဆုကို လက်ခံရယူပြီးနောက် ဂျိုလီက အတူနေချစ်သူ ဘရတ်ပစ်တ်ကို ကျေးဇူးတင်စကား ရည်စူးပြောကြားခဲ့သည်။ ထိုအချိန်တွင် ဘရတ်သည် အသက်(၁၂)နှစ်သားလေး မက်ဒေါ့စ်နှင့်အတူ အန်ဂျလီနာကို အားပေးလျှက်ရှိသည်။

သူမက "ကျွန်မရဲ့ အချစ်ဆုံးသူဆီက ရခဲ့တဲ့ အကူအညီတွေ၊ ထောက်ပံ့အားပေးမှုတွေက ကျွန်မလုပ်ဆောင်သမျှ အားလုံးကို လက်တွေ့ဖြစ်စေဖို့ ခွန်အားတစ်ရပ်ပါပဲ"ဟု ညွှန်းဆိုခဲ့သည်။ သူမက ယခုဆုအတွက် ဂုဏ်ယူစိတ်ဖြင့် မျက်ရည်ကျမိသော်လည်း မငိုမိအောင် ထိန်းထားရန် သားဖြစ်သူ မက်ဒေါ့စ်ကို ကတိပေးထားရကြောင်းလည်း အရွှမ်းဖောက် ပြောကြားခဲ့သည်။ သူမက မက်ဒေါ့စ်ကို ရည်စူးပြီး "သားရေ။ မေမေမငိုဘူးနော်။ ကတိပေးထားတဲ့အတိုင်းပဲ။ သားကို အရှက်ရအောင် မလုပ်ခဲ့ဘူးနော်"ဟု ရယ်ရယ်မောမော ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 19 .2013
လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိပြီးခဲ့သည့် သီတင်းပတ်ကုန်က အန်ဂျလီနာ ဂျိုလီအနေ
ဖြင့်လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကြောင့်အထူးဂုဏ်ပြုချီးမြှင့်သည့် အော်စကာဆုကို ရရှိခဲ့ကြောင်း
သိရသည်။

ထိုင်ဝမ်ရဲ့ အထင်ကရ ဥမင်လိုဏ် Hsuehshan

Photo: ထိုင်ဝမ်ရဲ့ အထင်ကရ ဥမင်လိုဏ်
Tuesday, November 19, 2013

Hsuehshan အမည်ရ ဥမင်လိုဏ် ဖြစ်ပါတယ်။ Taipei နဲ့ Yilan မြို့(၂)မြို့ကို 
အချိန်တိုတိုနဲ့ သွားလာနိုင်ဖို့ ရည်ရွယ်ပြီး တောတောင်လျှိုမြောင်တွေ
ဖြတ်ကျော်ပြီး ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။

အလျား မိုင် ၈မိုင်ခန့် ရှည်လျားတဲ့ အဆိုပါ ဥမင်လိုဏ်ကို ၁၉၉၁ မှ ၂၀၀၆ ခုနှစ်ထိ ၁၅နှစ်ကြာ အချိန်ယူ ဖောက်လုပ်ခဲ့ရပြီး ကာလတန်ဖိုး ယူအက် ဒေါ်လာ၂.၈၃ ဘီလီယံ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

Ref:wiki
AkaRy (MM Social Sky)

RangonNewsDaily:: November . 19 .2013
Hsuehshan အမည်ရ ဥမင်လိုဏ် ဖြစ်ပါတယ်။ Taipei နဲ့ Yilan မြို့(၂)မြို့ကို အချိန်တိုတိုနဲ့ သွားလာနိုင်ဖို့ ရည်
ရွယ်ပြီး တောတောင်လျှိုမြောင်တွေ ဖြတ်ကျော်ပြီး ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေး

RangonNewsDaily:: November . 19 .2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၉/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)

Taylor Swift မလျှောက်တတ်တဲ့ cat walk

Photo: Taylor Swift မလျှောက်တတ်တဲ့ cat walk
Tuesday, November 19, 2013

ကျွန်မတို့က ဒီအလုပ်ကို ၁၄နှစ်၊ ၁၅နှစ်လောက် လုပ်လာတာ။ ဒီတော့ အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာချင်းတော့ ကွာမှာပေါ့

 အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယူးယောက်မှာ ကျင်းပပြုလုပ်တဲ့ ဖက်ရှင်ရှိုးမှာ ပါဝင်သရုပ်ပြခဲ့ပါတယ်။ အဲဒီ ပွဲကတော့ Viectoria’s Secret ရဲ့ catwalk လျှောက်ပွဲဖြစ်ပြီး တေလာဆွစ်ဖ်အနေနဲ့ ဒီပွဲမှာ ပါဝင်သရုပ်ပြခဲ့တာ အံဝင်ဂွင်ကျ မဖြစ်ဘူးလို့ ပွဲမှာပါဝင်တဲ့ မော်ဒယ် Jessica က ပြောသွားပါတယ်။

          ရှိုးပွဲအပြီးမှာ သူမက Women Wear Daily ကို အခုလိုပဲ ဖြေဆိုသွားပါတယ်။ “ကျွန်မအထင် ဘာလဲဆိုတာ ရှင်တို့သိပြီးဖြစ်မှာပါ။ သူမက အလွန်တော်ပါတယ်။ ဒါပေမယ့် သူမဒီပွဲနဲ့ အံဝင်ခွင်ကျ မဖြစ်တာတော့ ဘာကြောင့်မှန်း ကျွန်မမသိဘူး။ ကျွန်မနေနဲ့ ဒီလိုပြောသင့်ရဲ့လားတောင် မသိဘူး။ ကျွန်မတို့ဆီက ရှင်တို့အများကြီး မျှော်လင့်လို့မရဘူးလေ။ ကျွန်မဆိုလိုတာ ကျွန်မတို့က ဒီအလုပ်ကို ၁၄နှစ်၊ ၁၅နှစ်လောက် လုပ်လာတာ။ ဒီတော့ အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာချင်းတော့ ကွာမှာပေါ့” လို့ ဖြေသွားပါတယ်။

          တခြားမော်ဒယ်တွေဖြစ်တဲ့ Karlie Kloss ကတော့ တေလာနဲ့ သူငယ်ချင်းတွေ ဖြစ်ချင်ပါတယ်တဲ့။ “သူမဟာ အမိုက်ဆုံး မိန်းကလေးငယ်တစ်ယောက်လို့ ကျွန်မထင်တယ်။ တေလာရဲ့ သီချင်းတွေကို ကျွန်မကြိုက်တယ်။ အမျိုးသမီးတွေအတွက် စွမ်းအားတွေ ဖြစ်ထွန်းစေတယ်လို့ ခံစားရတယ်” လို့ဆိုပါတယ်။

          Viectoria Secret ရဲ့ မော်ဒယ် Lily Aldridge ကတော့ “တေလာက ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ ဒါကြောင့်လည်း ကျွန်မတို့ပွဲမှာ အများကြီးပျော်ရွှင်ခဲ့ရတယ်” လို့ ဆိုပါတယ်။

ွှTrend Myanmar

RangonNewsDaily:: November . 19 .2013
ကျွန်မတို့က ဒီအလုပ်ကို ၁၄နှစ်၊ ၁၅နှစ်လောက် လုပ်လာတာ။ ဒီတော့ အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာချင်းတော့ ကွာမှာပေါ့

ညှိနှိုင်းရမည့်အချက် များပြား၍ အပစ်ရပ် လက်မှတ် မထိုးနိုင်သေးကြောင်း KIO ပြော

Photo: ညှိနှိုင်းရမည့်အချက် များပြား၍ အပစ်ရပ် လက်မှတ် မထိုးနိုင်သေးကြောင်း KIO ပြော
Tuesday, November 19, 2013

အစိုးရနှင့် တိုင်းရင်းသားများ ကြားတွင် ညှိနှိုင်းရမည့် အချက် များပြားနေသောကြောင့် ယခု အချိန်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးခြင်း ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO)မှ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ပြောကြား လိုက်သည်။

ရန်ကုန်မြို့ Business Alliance Hotel တွင် နိုဝင်ဘာ ၁၈ ရက်က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဂွမ်မော် က မီဒီယာများကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“ညှိနှိုင်းရမယ့် အချက်တွေက များပါတယ်။ တိတိကျကျ ပြောနိုင်ဖို့ အသေးစိတ် လေ့လာနေတယ်။ တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ တဖွဲ့ချင်းစီ အသေးစိတ် လေ့လာမှုကို ဒီလ၂၀ မှာ တင်ပြကြမယ်။ ဒီကျမှ ဘယ်အချက်တွေ ဖြစ်မယ်ဆိုတာ ပြောနိုင်မှာပါ”ဟု ၎င်း က ပြောသည်။

ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူဝါဒပိုင်းတွင်ပါဝင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း လိုက်နာရန်ဆိုသည့် အချက်နှင့်ပတ်သက်၍ အဆိုပါ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားပေါင်းစုံ အတူ တကွ နေထိုင်နိုင်မည့် ဥပဒေတခု မဟုတ်ကြောင်းလည်း ဗိုလ်ချုပ် ဂွမ်မော်က ထပ်လောင်း ပြောကြားသည်။

“၂၀၀၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေ အတွက် တန်းတူအခွင့်အရေး ပေးနိုင်တဲ့ ဥပဒေ မဟုတ်ပါဘူး။ ဒီတော့ ဒီဥပဒေကို ကျနော်

တို့ အနေနဲ့ လက်မခံနိုင်တာပါ”ဟု ၎င်းက ပြောဆိုသည်။

နိုဝင်ဘာ ၂၅ တွင် အစိုးရဘက်က ပေးထားသည့် သဘောတူညီချက် မူကြမ်းကို အခြေခံ၍ တိုင်းရင်းသား ပေါင်းစုံ၏ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို အသေးစိတ်ရေးဆွဲပြီး အစိုးရဘက်သို့ တင်ပြသွားမည်ဟု တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြုအဖွဲ့ Nation Wide Cease-Fire Coordination Team (NCCT)မှ အတွင်းရေးမှူး ၂ လည်းဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော် က ဆက်လက် ပြောကြားသည်။

“အသစ် ရေးဆွဲမှာတော့ မဟုတ်ပါဘူး။ လိုင်ဇာမှာ ရေးဆွဲထားတာက ခေါင်းစဉ်တွေပဲ ရှိပါသေးတယ်။ အခုရေးဆွဲမှာက အဲဒီခေါင်း စဉ် တွေကို အသေးစိတ် ရေးဆွဲသွားမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုင်းရင်းသားများ ရေးဆွဲထားသည့် သဘောတူညီချက်တွင် အခြေခံမူများချမှတ်ရေး၊ ရည်ရွယ်ချက်များ၊ နှစ်ဘက်လက်ခံ နိုင်သည့် လမ်းပြမြေပုံ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ရမည့် အချက်၊ စတင် အကောင်အထည်ဖော်ခြင်း၊ နှစ်ဘက် ယုံကြည်မှု တည်ဆောက်ခြင်း၊ မတရားအသင်း ပယ်ဖျက်ရေး၊ ဆွေးနွေးကာလ အစီအစဉ်၊ လက်မှတ်ရေးထိုးခြင်း၊ ပြန်လည် ထူထောင်ရေး နှင့် အထွေထွေအချက်များ စသည့် ခေါင်းစဉ်ကြီး ၁၁ ခု ပါဝင်ထားပြီး အသေးစိတ် ဆက်လက် ရေးဆွဲ၍ ဒီဇင်ဘာ လ မတိုင်မီတွင် အစိုးရထံသို့ ပြန်လည်ပေးပို့သွားရန် ရှိကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ရန် စီစဉ်ထားပြီး တိုင်းရင်းသားပေါင်းစုံနှင့် ညှိနှိုင်းဆွေးနွေးသွားရန် ရှိသည် ဟုလည်း ဗိုလ်ချုပ် ဂွမ်မော် က ဆိုသည်။ သို့သော် နိုင်ငံကူး လက်မှတ် လက်ဝယ် မရရှိသေးကြောင်း သိရသည်။

ချင်းမိုင် မြို့၌ လာမည့် နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ ၄ ရက်ခန့် ကျင်းပမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ (UNFC) အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်တွင်း နိုင်ငံရေး ပါတီများ တက်ရောက်၍ နိုင်ငံတ၀န်း အပစ် အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။

“အခု ရန်ကုန်ကိုရောက်လာတာ တဘက်နဲ့တဘက် ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြော လို့ ရပါတယ်။ ဒီခရီးစဉ်ကလည်း အစိုးရပိုင်းက စီစဉ်ပေးတာပါ”ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်သို့ ရောက်ရှိလာချိန်တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံ သည်ဟု ဆိုသော်လည်း ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

“ဦးအောင်မင်းနဲ့ တွေ့ဆုံတာမှာ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို အကြမ်းဖျင်း တင်ပြတဲ့ သဘောပါ။ ဘာမှ အသေးစိတ် မဆွေးနွေးရ သေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် လက်ရှိ တိုက်ပွဲများဖြစ်ပွားနေရခြင်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ် ဂွမ်မော်က တိုက်ပွဲများ ဆက်လက်ရှိနေသော်လည်း

KIOအနေဖြင့် ငြိမ်းချမ်းရေး အတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။

“တိုက်ပွဲတွေ ဖြစ်ရတာက မန်စီဘက်မှာ အစိုးရပိုင်းကကော ဒီဘက်ကပါ နေရာချထားမှု များတယ်။ ဒီတော့ တဘက်နဲ့တဘက် ထိ တွေ့မှုတွေ ဖြစ်နေရတာပါ။ အခုလက်ရှိအချိန်မှာ တိုက်ပွဲတွေဖြစ်နေတယ် ဆိုပေမယ့် ငြိမ်းချမ်းရေးကို သွေဖည်ဖို့တော့ မရှိပါဘူး။ ဒီ လုပ်ငန်းစဉ် ကို မပျက်အောင် လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်မှစတင်၍ ၂ ရက်ဆက်တိုက် အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ Business Alliance Hotel တွင် ရှင်းလင်း ပြောဆို နေ စဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ Business Alliance Hotel တွင် ရှင်းလင်း ပြောဆို နေ စဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: November . 19 .2013
အစိုးရနှင့် တိုင်းရင်းသားများ ကြားတွင် ညှိနှိုင်းရမည့် အချက် များပြားနေသောကြောင့် ယခု အချိန်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးခြင်း ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO)မှ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ပြောကြား လိုက်သည်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မိုးကြိုးပစ်၍ ၆၄နှစ်အရွယ် ဖခင်သေဆုံး

RangonNewsDaily:: November . 19 .2013
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ကျောက်ညှပ်ကျေးရွာတွင်
နိုဝင်ဘာလ ၁၆ ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် လယ်တဲတွင် နေထိုင်သည့် သားအဖနှစ်ဦး မိုးကြိုးပစ်ခံရကာ အသက် ၆၄နှစ်အရွယ် ဖခင်ဖြစ်သူမှာ မိုးကြိုးပစ်ခံရပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲကြောင်း သားဖြစ်သူက ပြောကြားသည်။

ဆီးဂိမ်းဧည့်ပရိသတ်ကတ်များ လျှောက်ထားနိုင်ပြီ

RangonNewsDaily:: November . 19 .2013
(၂၇)ကြိမ်မြောက် ဆီးဂိမ်းအားကစား ဧည့်ပရိသတ်ကတ်ပြားများအား နိုဝင်ဘာ ၁၈ရက်မှ ဒီဇင်ဘာ ၂ဝရက်အထိ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ဧည့်ပရိသတ်ကတ်ပြားများ အား တစ်စောင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ လက်မှတ်ဝယ်ယူသူများမှာ မှတ် ပုံတင်နှင့်အတူ လူကိုယ်တိုင်လာ ရောက်ရမည်ဖြစ်သည်။

အစိုးရတပ်နှင့် KIO တိုက်ပွဲများ ဆက်တိုက်ဖြစ် ဒုက္ခသည် ၂၀၀၀ ကျော် ထပ်မံတိမ်းရှောင်နေရပြီး ဒုက္ခသည်စခန်းများ ရိက္ခာအခက်အခဲဖြစ်နေ

RangonNewsDaily:: November . 18 .2013
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ နိုဝင်ဘာ ၁၈ ရက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်

ပွားနေသည်ဟု KIO တပ်ရင်း (၁၂) မှ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။မန်စီမြို့နယ် KIO တပ်
မဟာ(၃)လက်အောက်ခံတပ်ရင်း(၁၂) တပ်ဖွဲ့များနှင့် အစိုးရ၏ စစ်တပ်တို့ နိုဝင် ဘာ ၁၈ ရက်နံနက် ၆ နာရီ
ချိန်က ကောင်ဂျာကျေးရွာတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲပိုင်း တွင် နမ်လင်းပါကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု ၎င်းက မဇိ္ဈမကို အတည်ပြု ပြောကြား သည်။

အစိုးရတပ်နှင့် KIO တိုက်ပွဲများ ဆက်တိုက်ဖြစ် ဒုက္ခသည် ၂၀၀၀ ကျော် ထပ်မံတိမ်းရှောင်နေရပြီး ဒုက္ခသည်စခန်းများ ရိက္ခာအခက်အခဲဖြစ်နေ

RangonNewsDaily:: November . 18 .2013
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ နိုဝင်ဘာ ၁၈ ရက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO တပ်ရင်း (၁၂) မှ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
မန်စီမြို့နယ် KIO တပ်မဟာ(၃) လက်အောက်ခံတပ်ရင်း(၁၂) တပ်ဖွဲ့များနှင့် အစိုးရ၏ စစ်တပ်တို့ နိုဝင် ဘာ ၁၈ ရက်နံနက် ၆ နာရီချိန်က ကောင်ဂျာကျေးရွာတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲပိုင်း တွင် နမ်လင်းပါကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု ၎င်းက မဇိ္ဈမကို အတည်ပြု ပြောကြား သည်။

အစိုးရတပ်နှင့် KIO တိုက်ပွဲများ ဆက်တိုက်ဖြစ် ဒုက္ခသည် ၂၀၀၀ ကျော် ထပ်မံတိမ်းရှောင်နေရပြီး ဒုက္ခသည်စခန်းများ ရိက္ခာအခက်အခဲဖြစ်နေ

RangonNewsDaily:: November . 18 .2013
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ နိုဝင်ဘာ ၁၈ ရက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO တပ်ရင်း (၁၂) မှ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
မန်စီမြို့နယ် KIO တပ်မဟာ(၃) လက်အောက်ခံတပ်ရင်း(၁၂) တပ်ဖွဲ့များနှင့် အစိုးရ၏ စစ်တပ်တို့ နိုဝင် ဘာ ၁၈ ရက်နံနက် ၆ နာရီချိန်က ကောင်ဂျာကျေးရွာတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲပိုင်း တွင် နမ်လင်းပါကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု ၎င်းက မဇိ္ဈမကို အတည်ပြု ပြောကြား သည်။

အစိုးရတပ်နှင့် KIO တိုက်ပွဲများ ဆက်တိုက်ဖြစ် ဒုက္ခသည် ၂၀၀၀ ကျော် ထပ်မံတိမ်းရှောင်နေရပြီး ဒုက္ခသည်စခန်းများ ရိက္ခာအခက်အခဲဖြစ်နေ

RangonNewsDaily:: November . 18 .2013
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ နိုဝင်ဘာ ၁၈ ရက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO တပ်ရင်း (၁၂) မှ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
မန်စီမြို့နယ် KIO တပ်မဟာ(၃) လက်အောက်ခံတပ်ရင်း(၁၂) တပ်ဖွဲ့များနှင့် အစိုးရ၏ စစ်တပ်တို့ နိုဝင် ဘာ ၁၈ ရက်နံနက် ၆ နာရီချိန်က ကောင်ဂျာကျေးရွာတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲပိုင်း တွင် နမ်လင်းပါကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု ၎င်းက မဇိ္ဈမကို အတည်ပြု ပြောကြား သည်။

သင်္ချိုင်းကုန်းတွင် ချိန်းတွေ့သောစုံတွဲ အမျိုးသားလေးဦး တိုက်ခိုက်၍ ချိန်းတွေ့အမျိုးသား သေဆုံး

RangonNewsDaily:: November . 18 .2013
ညအချိန် သင်္ချိုင်းကုန်းရှိ မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာအမျိုးသားသည်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းသတင်းရရှိသည်။ဒဂုံဆိပ်ကမ်းမြို့

နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက် အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့်

ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း

Photo: ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း
Tuesday, November 19, 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို တက်ရောက် ဟောပြောတာဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ အဓိက-ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာပြည်သူတိုင်းမှာ တာဝန် ရှိတယ်ဆိုတဲ့အပိုင်းကို ဒေါ်အောင်ဆန်းစုကြည်ပြောသွားပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပေါ်ယံဟန်ပြ ပြင်မယ့်ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ သူ့အနေနဲ့တိုက်တွန်းမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးမှာ တကယ်ပဲ စေတနာပါလား၊ မပါဘူးလားဆိုတာ-အဲဒါပဲကြည့်ပါ။ တခြားဘာပဲ ပြောပြော၊ ဘယ်လိုပဲပြုံးပြုံး၊ ဘယ်လိုမက်လုံးတွေပဲပေးပေး၊ ဘယ်လိုပဲ တိုင်းပြည်ရဲ့အကျိုးအတွက် လိုလားပါတယ်လို့ ပြောပြော၊ စောစောက ကျမပြောခဲ့သလို- တိုင်းပြည်မှာဆိုရင် ကျမတို့ရဲ့အေးချမ်းသာယာရေးအတွက်၊ တိုးတက်ရေးအတွက်၊ တည်ငြိမ်ရေး အတွက်၊ အားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဟာ လိုကို လိုအပ်တယ်။ အဲဒီဟာကို မလိုလားဘူးဆိုရင် ကျန်တာတွေကိုလည်း တကယ် မလိုလားဘူးလို့ပဲ ကျမ သတ်မှတ်ရမှာပဲ။ ဒီတော့ အဲဒါတွေက ကျမတို့ ပြည်သူတွေက သေသေချာချာကြည့်ပါ။ ကျမကတော့လေ- ဗြောင် လောဘ၊ ဒေါသ၊ မောဟတွေကို ထုတ်ဖော်တဲ့သူကို ပိုပြီး သဘောကျတယ်။ အဲဒီတော့မှ သိရတာပေါ့- အခြေအနေ။ ပြုံးပြုံး..ပြုံးပြုံးနဲ့လုပ်တဲ့ဟာက တော်တော် အန္တရာယ်များတယ်။ ဒါကြောင့် ကျမပြောတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြားသားမှ မပြောင်းဘူး၊ ရထားတဲ့အခွင့်အရေးကို မလွှတ်နိုင်ဘူးဗျာ-လို့ ပြောတဲ့သူတွေကို ကျမပိုပြီးတော့ လေးစားတယ်။ အဲဒီလိုမပြောဘဲနဲ့ ပြည်သူအတွက် မကောင်းမှာစိုးလို့- ဘာမှ အရေးမကြီးတဲ့ ဟိုအချက်ကလေး၊ ဒီအချက်ကလေးပဲပြောင်းပါရစေဆိုတဲ့- အဲဒီလိုလူတွေကိုတော့ နောက် ဘယ်တော့မှ မဲမပေးနဲ့လို့ ပြောမယ်။”

ဒီလူထုအခမ်းအနားမှာ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းခဲ့တာနဲ့ ပတ်သက်လို့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပြပါတယ်။

“လွှတ်တော်ကနေမှ ပြည်သူများဆန္ဒအရ ဖွဲ့စည်းထားတယ်ဆိုတဲ့ ပြည်သူ့ဆန္ဒမဲနဲ့ လွှတ်တော်ကိုယ်တိုင်က ဒီကိစ္စ ဆောင်ရွက်နေတယ်။ အဲဒီတော့ တော်ရိလျော်ရိ ပြင်မယ်၊ ဟန်ဆောင်ပြင်မယ်- ဒီလိုပြင်မယ့်ပါတီ မဲမပေးနဲ့၊ ဒါ ပြတ်ပြတ်သားသား ပြောတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဒီလို ပြည်သူအပေါ် အထင်သေးတဲ့ပုံစံမျိုး၊ တော်ရိလျော်ရိနဲ့ ကဖျက်ယဖျက်ပုံစံမျိုး ဖြစ်လာတယ်ဆိုရင် အဲဒီ ပါတီ၊ အဲဒီပုဂ္ဂိုလ်ကို မဲမပေးနဲ့၊ ဒါ ပြည်သူလုပ်နိုင်တဲ့အင်အား။

နောက်တစ်ခုက အဖွဲ့ချုပ်အနေနဲ့ကလည်း အဲဒီလိုလုပ်မယ်ဆိုရင် ပြည်သူကို စော်ကားတဲ့ပုံစံမျိုး၊ ပြည်သူ့ကို အထင်သေးတဲ့ပုံစံမျိုးနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒီဘက်က ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိတယ်လို့ပဲ တိတိလင်းလင်း ပြောလိုက်တယ်။ အန်တီကိုယ်တိုင်က၊ ခေါင်းဆောင်ကိုယ်တိုင်က ဒါ သူ့ကို ထောက်ခံချင်တဲ့သူတောင် အခြေခံဥပဒေကို နားမလည်ဘဲနဲ့ မထောက်ခံဖို့ ပြည်သူတွေကို ပြောတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း အခြေခံဥပဒေဆိုင်ရာ အချက်တွေကို ကျနော်တို့ ဥပဒေပညာရှင်တွေက ထောက်ပြတာကို တိတိကျကျနဲ့ ရှင်းလင်းစွာ နားလည်နိုင်တဲ့ဟာတွေကိုလည်း ကျနော်တို့ တွေ့ရှိရတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂၅% ပါနေတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်း စုကြည်က အခုလိုထောက်ပြပြောဆို သွားပါတယ်။

“ကျမက တပ်မတော်ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ်။ တိုင်းပြည်ရဲ့ အကျိုးကို ကြည့်ပါ။ တကယ်ပဲ တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့အခြေအနေ၊ တပ်မတော်ရဲ့အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည်တောင့်လို့ရှိရင် တပ်မတော်က တောင့်မှာပါ။ ပြည်သူလူထုက ကိုယ့်အနောက်မှာ မားမားမတ်မတ်ရှိလို့ရှိရင် ဘယ်တပ်မတော်မှ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျမက ပြောချင်ပါတယ်။”

ပြည်သူတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုအခက်အခဲတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အကာအကွယ် ပေးနိုင်တဲ့နည်းလမ်းတွေကိုလည်း ဒီလူထု ဟောပြောပွဲမှာ စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဆန္ဒ သဘောထားရယူတဲ့အခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေ ပညာရှင်တွေနဲ့ ဒေသခံ ပြည်သူပေါင်း နှစ်သောင်းကျော်လောက် တက်ရောက်ခဲ့ပါတယ်ရှင်။

ပျဉ်းမနား၊ နေပြည်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထားခံယူပွဲမြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)

VOA
ပျဉ်းမနား၊ နေပြည်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထားခံယူပွဲမြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)

RangonNewsDaily:: November . 18 .2013
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို၂၀၁၅ ရွေးကောက်ပွဲမှာမဲမပေးကြဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။

ဖိလစ်ပိုင် မုန်တိုင်းဒဏ်သင့်ဒေသ နိုင်ငံတကာ အထောက်အကူရောက်

Photo: ဖိလစ်ပိုင် မုန်တိုင်းဒဏ်သင့်ဒေသ နိုင်ငံတကာ အထောက်အကူရောက်
Tuesday, November 19, 2013

ဖိလစ်ပိုင်နိုင်ငံမှာ Haiyan တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခံရပြီး ၁၀ ရက် အကြာ မှာတော့ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက အစွန်အဖျားဒေသတွေအထိ နိုင်ငံတကာ အကူအညီတွေ စတင်ရောက်ရှိလာပါတယ်။

တနင်္လာနေ့တုန်းကတော့ ဖိလစ်ပိုင် Leyte ကျွန်းစုနဲ့ အခြားအစွန်အဖျား ဒေသတွေက ကျေးရွာသားတွေကို အမေရိကန် စစ်ရဟတ်ယာဉ်တွေကနေ အစားအစာ၊ ရေနဲ့ ထောက်ပံ့ရေးအကူအညီတွေ သွားရောက်ပေးခဲ့ပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေဟာ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး USS George Washington ကို အခြေပြုပြီး လှုပ်ရှား အကူအညီပေးနေတာဖြစ်ပါတယ်။

ကပ်ဘေးကျရောက်ခဲ့တဲ့ ဒေသက ပြည်သူတွေဆီကို ရောက်ရှိဖို့ နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေကလည်း အကြီးအကျယ်ကို ကြိုးပမ်း ဆောင်ရွက်နေကြတယ်လို့ OCHA ခေါ်တဲ့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ ကူညီမှု ညှိနှိုင်းဆောင်ရွက်ရေးရုံးကနေ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခဲ့တဲ့မုန်တိုင်းကြောင့် လူပေါင်း ၁၀ သန်းကနေ ၁၂ သန်းကို ထိခိုက်ခဲ့ပြီး သူတို့ပြန်လည်နလန်ထူလာနိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ OCHA ပြောခွင့်ရသူ Orla Fagan က မနီလာမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

လျှပ်စစ်မီးပြတ်တောက်ကုန်တာနဲ့ လမ်းတံတားတွေ ပျက်စီးတာ၊ ယာဉ်တွေ အတွက် လောင်စာရဖို့ အခက်အခဲတွေကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေမှာ ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကူညီရေးအဖွဲ့က ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ Benigno Aquino ကတော့ တိုင်ဖုန်းဒဏ်ခံရတဲ့ ဒေသတွေကို တနင်္လာနေ့အထိ လှည့်လည် နေတုန်းပပါ။ Leyte ကျွန်းစုပေါ်က Palo ဒေသခံတွေကို အကူအညီအထောက်အပံ့တွေ ဝေငှပေးနေတာ တွေ့ရပါတယ်။

ဖိလစ်ပိုင်သမ္မတ Benigno Aquino (ယာ) မုန်တိုင်းကယ်ဆယ်ရေးပစ္စည်းတွေ ဒုက္ခသည်တွေကို ဝေငှပေးစဉ်။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)

VOA

ဖိလစ်ပိုင်သမ္မတ Benigno Aquino (ယာ) မုန်တိုင်းကယ်ဆယ်ရေးပစ္စည်းတွေ ဒုက္ခသည်တွေကို ဝေငှပေးစဉ်။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)
RangonNewsDaily:: November . 18 .2013
ဖိလစ်ပိုင်နိုင်ငံမှာ Haiyan တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခံရပြီး ၁၀ ရက် အကြာ မှာတော့ ဖိလစ်ပိုင်နိုင်ငံအ
လယ်ပိုင်းက အစွန်အဖျားဒေသတွေအထိ နိုင်ငံတကာ အကူအညီတွေ စတင်ရောက်ရှိလာပါတယ်။

ဂျပန်မှာ ရေပန်းစားနေတဲ့ Samsung Galaxy J

Photo: ဂျပန်မှာ ရေပန်းစားနေတဲ့ Samsung Galaxy J
Monday, November 18, 2013

ကမ္ဘာကျော် စမတ်ဖုန်းထုတ်လုပ်သူကြီး Samsung ကတော့ Galaxy J ဆိုတဲ့ စမတ်ဖုန်းအသစ် တစ်မျိုးကို ဂျပန်နိုင်ငံမှာ ရောင်းချနေပါပြီ။
"Galaxy J" ဆိုတာကိုက ဂျပန်ကို ရည်ညွှန်းပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအာရှနိုင်ငံတွေမှာလည်း ဒီဖုန်းကို အသုံးပြုနိုင်မှာပါ။

နောက်ဆုံးပေါ် Snapdragon 800 SoC ချစ်ပ် တပ်ဆင်ထားပြီး RAM 3GB သုံးစွဲထားခြင်းဟာ ဒီဖုန်းကို ထူးခြားမှု တစ်ခုဖြစ်စေပါတယ်။ ၅လက်မ အရွယ်
မျက်နှာပြင်မှာလည်း Full HD (1080p) ရုပ်ထွက်အထိ ပေးစွမ်းနိုင်ပြီး ပုံမှာပြထားသလို ပန်းရောင်သာမက အဖြူရောင်နဲ့ အပြာရောင်တွေပါ ထုတ်လုပ်ထားပါတယ်။

ယခု Galaxy J စမတ်ဖုန်းဟာ Galaxy S4 နဲ့ Note 3 ကြားက High-End စမတ်ဖုန်းတစ်လုံး ဖြစ်တဲ့အပြင် ဂျပန်နိုင်ငံမှာလည်း သူတို့အတွက် ရည်ရွယ်ထုတ်လုပ်
လိုက်တာဆိုတော့ လူကြိုက်များနေကြပါတယ်။

ဒါပေမယ့် အာရှဈေးကွက်ကိုပါ Samsung က အဆိုပါဖုန်း ဖြန့်ချိသွားပါလိမ့်မယ်။ ဈေးနှုန်းအတိအကျ မသိရသေးပေမယ့်
Samsung ရဲ့ Galaxy မျိုးဆက်သစ် တစ်ခုအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

Ref: GSM Arena
Kangyi (Myanmar Consumer Guide)

RangonNewsDaily:: November . 19 .2013
ကမ္ဘာကျော် စမတ်ဖုန်းထုတ်လုပ်သူကြီး Samsung ကတော့ Galaxy J ဆိုတဲ့ စမတ်ဖုန်းအသစ် တစ်မျိုးကို ဂျပ
န်နိုင်ငံမှာ ရောင်းချနေပါပြီ။ "Galaxy J" ဆိုတာကိုက ဂျပန်ကို ရည်ညွှန်းပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။

Breaking News: Rakhinese Mob Destroying A Mosque In Kyauk Phyu


RangonNewsDaily:: November . 18 .2013 Kyauk Phyu, Arakan – Rakhinese mob in Kyauk Phyu are destroying a mosque that is situated on Strand Road, Than Pan Chaung Quarter in Kyauk Phyu Township of Arakan State.

လက်ပံတောင်းတွင် လုံခြုံရေးရဲများနှင့် ဒေသခံများ အခြေအနေ တင်းမာနေ

RangonNewsDaily:: November . 18 .2013
ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေသော လက်ပံတောင်းဒေသတွင် နိုဝင်ဘာ ၁၈ ရက်က ရဲကင်းစခန်းတစ်ခုကို ညနေ လေးနာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် ရွာသားများက တောင်းဆိုရာမှ စတင်ကာ လုံခြုံရေး ရဲများနှင့် ဒေသခံရွာသားများ အခြေအနေ တင်းမာမှု ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်နေ့ ညက ရဲများနှင့် ဒေသခံများ နှစ်ဘက် အထိနာစေခဲ့သည့် ပဋိပက္ခဖြစ်ပွားရာ မိုးကြိုးပြင် တောင်ရွာမှ ရဲကင်းစန်းကို နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် ဒေသခံ တောင်သူများက ညနေ သုံးနာရီက ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။