Pages

Saturday, November 16, 2013

လက်ပံတောင်းဒေသခံလူနာများ မန္တလေးဆေးရုံကြီးသို့ ရောက်ရှိ

Photo: လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာတွင် ဒေသခံများနှင့် ရဲများ နိုဝင်ဘာလ ၁၄ရက်ညက ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ဒေသခံခုနှစ်ဦး ထဲမှ ငါးဦးသည် နိုဝင်ဘာလ ၁၅ရက် ည ၇နာရီခန့်က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ) ဒဏ်ရာရရှိသူများသည် ရင်အုံ၊ လက်မောင်းနှင့် ခြေထောက်တို့တွင် သေနတ်မှန်ခြင်းကြောင့် ဒဏ်ရာများ ရရှိထားသည်။

RangonNewsDaily:: November . 16 .2013
လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာတွင် ဒေသခံများနှင့် ရဲများ နိုဝင်ဘာလ ၁၄ရက်ညက ပဋိပ
က္ခဖြစ်ပွားခဲ့ပြီးဒဏ်ရာရရှိသူ ဒေသခံခုနှစ်ဦးထဲမှ ငါးဦးသည် နိုဝင်ဘာလ ၁၅ရက် ည ၇နာရီခန့်က မန္တလေး
မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်။

တောင်ကြီးမြို့၏ ၆၆ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲ

Photo: တောင်ကြီးမြို့၏ ၆၆ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲကို နိုဝင်ဘာလ ၁၆ ရက် နံနက် ၇နာရီမှ စတင်ကာ ပဒေသာပင် ၁၀၀၀ကျော်ခန့် အိုးစည်ဗုံမောင်းများ ၊ရိုးရာ သံချပ်များ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း(ခ) မိန်းလမ်း တလျှောက် စည်တန်းလည့်လည်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ) တောင်ကြီးမြို့ပေါ် ရပ်ကွက်အသီးသီးရှိ ပဒေသာပင်များ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာပဒေသာပင်များ ၊အလွှာပေါင်းစုံ
တိုင်းရင်းသားပေါင်းစုံတို့ လှူဒါန်းထားသည့် ပဒေသာပင်များကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြို့လယ် ဓမ္မာရုံတွင် ထားရှိကာ ထိုမှတဆင့် မဲစနစ်ဖြင့် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ပြန်လည်လှူဒါန်းမည်ဖြစ်သည်။

RangonNewsDaily:: November . 16 .2013
တောင်ကြီးမြို့၏ ၆၆ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲကို နိုဝင်ဘာလ ၁၆ ရက် နံနက် ၇နာရီမှ စတင်ကာ ပဒေသာပင် ၁၀၀၀ကျော်ခန့် အိုးစည်ဗုံမောင်းများ ၊ရိုးရာ သံချပ်များ တိုင်းရင်းသားရိုးရာ အကအ
လှများဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း(ခ) မိန်းလမ်း တလျှောက်စည်တန်းလည့်လည်နေခဲ့ကြကြောင်းသတင်း
ရရှိသည်။

ကသာမြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်

RangonNewsDaily:: November . 16 .2013
စစ်ကိုင်းတိုင်း ကသာခရိုင် တရားရုံးသို့ အမှုအားကြားနာစစ်ဆေးရန် ကသာအကျဉ်းထောင်မှ ရုံးထုတ်လာသည့် အချုပ်သားများအနက် မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦး ယခုလ ၁၅ရက် ညနေ ၄နာရီခွဲခန့်က
ထွက်ပြေးလွတ်မြောက်သည်ဟု ကသာတရားရုံးမှာ တရားရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံခြင်း

Photo: ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံခြင်း
Saturday, November 16, 2013

တပ်မတော် အစိုးရလက်ထက်၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ အာဏာရှင်စနစ်ဖြင့် ၂၇ နှစ် အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်း ဖြစ်သည်များကို ထုတ်နုတ် ဖော်ပြလိုက်ရပါသည်။

Voice : ထောင်ထဲမှာ ဘယ်လောက် နေခဲ့ရလဲဗျ။
UANW : အထဲမှာက ၁၁ နှစ်နဲ့ ရှစ်လ နေခဲ့ရပါတယ်။

Voice : လွတ်မယ်ဆိုတာ ကြိုသိပါ သလား၊ ဘယ်လောက် ကြိုသိခဲ့ပါသလဲ။
UANW : မသိခဲ့ပါဘူး၊ လွတ်ခါနီး ၁၅ မိနစ်လောက်မှ သိတာပါ။ ညီအစ်ကို နှစ်ယောက် လွတ်လာပါတယ်။

Voice : အခု လွတ်လာပြီးတော့ အရင်လို စီးပွားရေး ပြန်လုပ်မှာလား။
UANW : မလုပ်သေးပါဘူး။ အခုမှ လွတ်လာခါစ ဆိုတော့ စဉ်းစားဦးမှာပါ။
Voice : နိုင်ငံရေးလုပ်ဖို့ ရှိပါသလား၊ ပါတီတစ်ခုထောင်ဖို့ ရှိပါသလား၊ လွှတ်တော် ထဲကိုဝင်ဖို့ ရှိပါသလား။
UANW : အင်း နိုင်ငံရေး လုပ်မလားလို့ မေးရင် လုပ်မှာပါ။ ဒါပေမဲ့ ပါတီတစ်ခုထောင်မှ၊ လွှတ်တော်ထဲကိုဝင်မှ နိုင်ငံရေး မဟုတ်ပါဘူး။ အဲလိုလုပ်ဖို့ကို စိတ်မဝင်စားပါဘူး။
Voice : ဒါဆို ဘယ်လို နိုင်ငံရေးကို လုပ်ပါမလဲ။
UANW : အမျိုးသားနိုင်ငံရေးပါ။ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ အစဉ်အလာကို သေးသိမ်အောင် လုပ်တာမျိုးတွေ တိုင်းပြည်ရဲ့ လုံခြုံရေး၊ လူမျိုးရေးနဲ့ ပတ်သက်လာခဲ့လို့ ရှိရင် တတ်နိုင်တဲ့ဘက်က ပြည်သူ အပေါ်မှာ ကူညီပေးနိုင်တဲ့ နိုင်ငံရေးကို ပြောတာပါ။
Voice : တစ်သီးပုဂ္ဂလ အနေနဲ့ နိုင်ငံရေးလုပ်လို့ ရတယ်လို့ ဆိုလိုတာလား။
UANW : မဟုတ်ပါဘူး။ အဲလို နိုင်ငံရေးမျိုးကို လက်ရှိ လုပ်နေတဲ့ စေတနာ ကောင်းကောင်းနဲ့ လုပ်နေတဲ့လူတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ဝင်ပါပြီးတော့ လုပ်လိုက်လို့ ထပ်ပြီး အကျိုးကျေးဇူး ရလာရင်တော့ လုပ်မှာပါ။ ဒါပေမဲ့ သူတို့ လုပ်နေတာတွေက အားရကျေနပ်ဖွယ်ရှိတော့ ဝင်ပါစရာ မလိုသေးပါဘူး။

Voice : နိုင်ငံတော် ပုန်ကန်မှု လုပ်တယ် ဆိုပြီး အစိုးရက ဖမ်းခဲ့တယ်။ အဲဒါ တကယ် လုပ်ခဲ့တာလား၊ အဖမ်းခံရတာကိုရော ဘယ်လိုမြင်လဲ။
UANW : နိုင်ငံတော် ပုန်ကန်မှုနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်။ အဲဒီကြောင်းတွေ ပြန်မပြော ချင်တော့ဘူး။
Voice : နောက်ပြီး အရင်အစိုးရကိုရော ဘယ်လို မြင်ပါသလဲ။
UANW : ဘာမှ မမြင်ပါဘူး၊ နာကြည်းတဲ့ ခံစားချက်လည်း ဘာမှ မရှိဘူး။ ဒါပေမဲ့ မမြင်ဘူးဆိုတာ အစိုးရကြောင့် ကျွန်တော်တို့ အကျဉ်းကျခံရတာ မဟုတ်ဘူး။ အစိုးရကို ချုပ်ကိုင်ထားတဲ့ လူပုဂ္ဂိုလ်အချို့ သို့မဟုတ် တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်ကြောင့်သာလျင် အထဲကို ဝင်ခဲ့ရတာ ဆိုတော့ အစိုးရကို ဘယ်လိုမှ မမြင်ပါဘူး။ နောက်ပြီး အစိုးရသာ မကောင်းခဲ့ရင် ကျွန်တော့် အဘိုးတောင် အပြင်မှာ နေရမှာ မဟုတ်ဘူး။ အစိုးရ သဘောထား ကောင်းခဲ့တာကြောင့် အဘိုးဟာ သာမန်လူတစ်ယောက် လိုပဲ အပြင်မှာ နောက်ဆုံး ထွက်သက်အထိ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ခေါင်းချခွင့် ရခဲ့တာပဲ။
Voice : ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့ အချိန်မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက် ချိပ်ပိတ် ခံခဲ့ရပါသလဲ။

UANW : ကျွန်တော်တို့ မိသားစုမှာ အရှိန်အဝါကြောင့် လုပ်ကိုင်ခဲ့တာ၊ စီးပွားရှာခဲ့တာ မရှိပါဘူး။ ကိုယ်ကိုယ်တိုင် မှန်မှ သူများကို မှန်မှန်ပြောလို့ ရမှာပါ။ နိုင်ငံတော် ခရီးစဉ်အရ သွားခဲ့တဲ့ နိုင်ငံတွေက ပေးလိုက်တဲ့ လက်ဆောင်တွေကိုတောင်မှ ပြန်ရောက်တဲ့ အချိန်မှာ စာရင်းအင်းနဲ့ နိုင်ငံတော်နဲ့ ပါတီကို ပြန်အပ်ခဲ့ရတာလေ။ နာရီ ဘယ်နှလုံး၊ ကော်ဇော ဘယ်နှချပ်ကအစ နိုင်ငံတော်ပိုင်အဖြစ် ပြန်အပ်ခဲ့ရတယ်။ ကျွန်တော် ပြောနေတာကို မယုံရင် အခု သက်ရှိထင်ရှား ရှိနေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို သွားပြီးတော့ မေးလို့ ရတယ်။ တပ်မှူး၊ တပ်မမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ သူတွေလေ၊ သူတို့တွေ တာဝန်ကျရာမှာ ကျွန်တော်တို့က မိသားစု အရှိန်အဝါနဲ့ မြေကွက် တစ်ကွက်ပေးပါ။ အိမ်တစ်လုံး ပေးပါဆိုပြီး တောင်းခဲ့တာ မရှိဘူး။ သူတို့ကိုယ်တိုင် သက်သေခံနိုင်ပါတယ်။သူတို့တွေထက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့၊ ဗိုလ်ချုပ်ကြီး ထွန်းကြည် တို့ကို သွားမေးနိုင်ပါတယ်။ ကားတို့၊ နိုင်ငံခြားပစ္စည်းတွေ တင်သွင်းခွင့် ပါမစ်တွေကို မိသားစု အရှိန်အဝါနဲ့ ယူခဲ့တာ ဘာတစ်ခုမှ မရှိပါဘူး၊ သူတို့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

Voice : ပြည်သူတွေကြားမှာ မိသားစု ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောကြတာကို ဘယ်လို ထင်ပါတယ်။
UANW : ပြည်သူတွေကိုတော့ ပြောစရာ မလိုပါဘူး။ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်တဲ့ သူတွေ ရှိတယ်။ သူတို့က မိသားစုကို မလိုမုန်းထား ရှိခဲ့ကြတာလေ။ ရေးကြီးခွင်ကျယ် ပြောနေစရာ မလိုဘူး။ ဘယ်နိုင်ငံမှာမဆို ဒီလိုအဆင့် အတန်းနဲ့ နေခဲ့ရတဲ့ မိသားစုကို ကြိုက်တဲ့ သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိမှာပဲ။
Voice : ရေးကြီးခွင်ကျယ် ပြောစရာ မလိုဘူးဆိုတာ ဘာကြောင့်ပါလဲ။
UANW : အရေးတယူလုပ်ပြီး ရှင်းစရာ မလိုဘူးဆိုတာက နိုင်ငံသားတွေအပေါ်မှာ အပြည့်အဝ ယုံကြည်လို့ပါ။ သူတို့တွေ စဉ်းစား ဆင်ခြင်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အလေးမထားပါဘူး။
Voice : လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဘယ်လို ယူဆပါလဲ။
UANW : အခု အစိုးရ လက်ထက်မှာ အပေါင်း လက္ခဏာတွေကို တွေ့ရလို့ ဝမ်းသာပါတယ်။ သို့သော် စနစ်ပြောင်း ခေတ်ပြောင်းလို့ တိုးတက်လာတာလား၊ လူ ပြောင်းသွားတာကြောင့် တိုးတက်လာတာလား ဆိုတာ စဉ်းစားကြည့် ဖို့လိုမယ်။ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ဒီစနစ်ကို ကြိုက်လို့ ဝမ်းသာအားရ ပူးပေါင်းလာတဲ့သူ မရှိပါဘူး။ အရင်ခေတ်ဟောင်းကို ရုန်းထွက်ချင်တဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကို ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမဲ့ စစ်အစိုးရမို့လို့ မကောင်းဘူး၊ တပ်မတော် အုပ်ချုပ်တဲ့ နိုင်ငံရေးက မကောင်းဘူးဆိုတဲ့ အယူအဆကို လက်မခံဘူး။
Voice : ဘာလို့ လက်မခံတာလဲ။

UANW : အခု တာဝန် ထမ်းဆောင်နေတဲ့ သမ္မတဦးသိန်းစိန်သာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့ရင် တိုင်းပြည် ပိုပြီးတော့ တိုးတက်မယ်လို့ ယူဆလို့ပါ။ ဝန်ကြီးချုပ် ဆိုတော့ အဲဒီအချိန်က အခြေခံဥပဒေ မရှိဘူး။ အခြေခံဥပဒေရဲ့ ထိန်းချုပ်ခြင်းကို မခံရဘူးလေ။ သူ အခုအချိန်ထက် ကောင်းအောင် လုပ်လို့ရတယ်။ အခုက ဘာပဲ လုပ်ချင်လုပ်ချင် အခြေခံဥပဒေက ထိန်းချုပ်ထားတာ ဆိုတော့ ဘာမှ လုပ်လို့မရဘူး။ ခေတ်စနစ်ထက်စာရင် တိုင်းပြည် အုပ်ချုပ်တဲ့သူ ပြောင်းသွားလို့ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်သွားတာပါ။
Voice : ဒီတော့ စနစ်ထက် လူက အရေးကြီးတယ်လို့ ယူဆပါသလား။
UANW : အဲလိုပြောလို့ မရပါဘူး။ လူနဲ့ စနစ်က ၅၀ ရာခိုင်နှုန်းစီ အရေးကြီးတာပါ။ တိုင်းပြည် စပြီး ထူထောင်ကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်သူ သမ္မတ ကောင်းကောင်း လိုအပ်တာပါ။

ဟိန်းသွင်ထက်
The Voice

RangonNewsDaily:: November . 16 .2013
တပ်မတော် အစိုးရလက်ထက်၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံ
ခဲ့ရပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅

လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ ပုလင်းကွဲအချွန်ဖြင့် လည်ပင်းကိုထိုး၍ တစ်ဦးသေဆုံး

RangonNewsDaily:: November . 16 .2013
အောင်ဇေယျတံတားပေါ်တွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားပေါ်တွင် နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီ၌ အမျိုးသားသုံးဦးသည် ဆယ်ကျော်သက်လူငယ်ခြောက်ဦးဖြင့် စကားများကာ ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ

Photo: ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ
Saturday, November 16, 2013
ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင် အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊ အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ အရင်လို မြန်မာသံစဉ်၊ ရိုးရာတီးလုံးတွေ၊ သီချင်းတွေ ဖွင့်ပြီး အလှူခံတဲ့ ဓလေ့ထက်  နိုင်ငံတကာတီးလုံးတွေ၊ DJ နဲ့ Remix တွေလို ဂီတတွေနဲ့ အလှူခံကြတာ ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အလှူခံမှာ ဖွင့်နေကြတဲ့ သီချင်းတွေရဲ့  အဓိပ္ပာယ်ဟာ မြန်မာလိုပြန်ရင် ယဉ်ကျေးမှုမရှိဘဲ တော်တော်လေး နားမခံသာဘဲ ဘာသာရေးအမြင်နဲ့ ကြည့်ရင် မလျော်ညီတဲ့ သီချင်းတွေ ဖြစ်နေတယ်လို့ ဒေါပုံမြို့နယ်မှာ နေတဲ့ မမီးမီးက ဧရာဝတီကို ပြောပါတယ်။

“နိုင်ငံခြားသီချင်းတွေကို အဓိပ္ပာယ် မသိဘဲ ဖွင့်နေကြတာ တော်တော်ဆိုးတယ်။ ဥပမာ ဂျနီဖာလိုပက်ဇ်ရဲ့ On the Floor ဆိုတဲ့ သီချင်းက နိုက်ကလပ်တွေမှာ ဖွင့်သင့်တဲ့ သီချင်းမျိုး။ Hotel Room Service ဆိုတဲ့ သီချင်းမျိုးတွေ။ ပြီးတော့ အင်္ဂလိပ်လို Low, Low လို့ဆိုတဲ့ သီချင်းတပုဒ်ကို မြန်မာလို အသံလိုက်ထွက်ပြီး ဆိုနေကြတာ ကြားရတာ တော်တော်ဆိုးတယ်” လို့ မမီးမီးက သူရဲ့ အမြင်ကို ပြောပါတယ်။

ရန်ကုန်မြို့မှာ အလှူခံထွက်ကြတဲ့အခါ ကိုရီးယားအဆိုကျော် PSY ရဲ့ အိုပါဂန်းနမ်းစတိုင် သီချင်းကို အသံချဲ့စက်နဲ့ အသံကုန် ဖွင့်ကြောင်း၊ နေ့ညအချိန်မလပ် အလှူခံတော်တော်များများမှာ ဒီသီချင်းကို နှစ်နှစ်ခြိုက်ခြိုက်ဖွင့်ပြီး ဒီသီချင်းထဲက သရုပ်ဆောင်ရဲ့ ဟန်အတိုင်း မကတတ်ကတတ်နဲ့ လိုက်ကကြကြောင်း၊ တချို့ဆိုရင် အလှူခံထွက်ရင် သောက်စားမူးယစ် နေတာမျိုးတွေပါ ရှိကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့ ဒေါ်ဥမ္မာက ပြောပါတယ်။

“လှူဖို့ အလှူခံရင်တော့ မပြောပါဘူး။ တချို့ကြတော့ အလှူခံပြီးတော့ အဲဒီပိုက်ဆံထဲက အရက်ဝယ်သောက် နေတာမျိုးတွေကတော့ မကောင်းဘူးပေါ့လို့”  ဒေါ်ဥမ္မာက ဆက်ပြောပါတယ်။

အိုပါဂန်းနမ်းစတိုင် သီချင်းအပါအ၀င် သီချင်းအမြူးလေးတွေ ဖွင့်ရတာဟာ လူစိတ်ပါလာပြီး လှူချင်တန်းချင်လာအောင် လုပ်ရတာ ဖြစ်ပြီး အလှူခံလှည့်တဲ့အခါ ကတဲ့သူတွေကို မြူးအောင်၊ စိတ်ပါလက်ပါ ကချင်လာအောင် လုပ်ရတာဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရပ်ကွက်မှာ ဘုံကထိန်ဖြစ်မြောက်ရေး ဦးဆောင်အလှူခံတဲ့ ကိုသီဟက ဧရာဝတီကို ပြောပါတယ်။

“ဂန်းနမ်းစတိုင် သီချင်းက မြူးတယ်။ အဲတာကြောင့် လူများတဲ့နေရာရောက်ရင် ဂန်းနမ်းစတိုင်သီချင်း ဖွင့်ထည့်လိုက်တာပဲ။ တခါတလေ ဗီဗာဟိန်း၊ DJ သီချင်းတွေ ဖွင့်တယ်” လို့ ကိုသီဟက ဆိုပါတယ်။

ဘာသာရေး၊ ဓမ္မသီချင်းတွေ ဖွင့်ရင် အလှူခံငွေ နည်းနည်းပဲ ရတယ်လို့ အလှူလှည့်ခံတဲ့သူတွေက ယုံကြည်နေကြပြီး ဂီတအသံစုံနဲ့ ဖွင့်ပြီးအလှူခံတာ တရက်ကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ တစ်သိန်းထိရတယ်လို့ သိရပါတယ်။

အလှူခံထွက်တဲ့ အခါမှာလည်း တချို့ရပ်ကွက်တွေက ပေးမ၀င်တာမျိုးတွေရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကို တရက်ကြိုပြီး အကြောင်းကြားမှ ရပ်ကွက်ထဲ ဝင်ခွင့်ရလေ့ရှိကြောင်း၊ ကြိုတင် အကြောင်းမကြားမိလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၃၆) ရက်ကွက်မှာ သွားအလှူခံတဲ့အခါ မရဘဲ လှည့်ပြန်ခဲ့ရတာ ရှိကြောင်းလည်း ကိုသီဟက ပြောပါတယ်။

“သောက်တာစားတာ ရှိကြတာတော့ ဟုတ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပဲ။ သောက်တာစားတာကတော့ သိပ်မဆန်းတော့ဘူးလို့ ပြောရမယ်” လို့လည်း သူက ဆိုပါတယ်။

အခုလိုမျိုး သောက်စား အလှူခံနေတာမျိုးတွေ ဖြစ်မှာစိုးလို့ ကထိန်အလှူခံကို ကိုယ်ထူကိုယ်ထ အနေနဲ့ ဖြစ်အောင် ကထိန်ရာသီ မတိုင်ခင် လွန်ခဲ့တဲ့ လေးလလောက်က စပြီးတော့ ကိုယ့်ဂိတ်က တက္ကစီ ယာဉ်မောင်းတွေကို တယောက်လျှင် တရက် ၂၀၀
ကျပ်နဲ့ ကြိုပြီးတော့ အလှူခံထားလို့ တခြားနေရာတွေမှာ လိုက်ပြီးတော့ အလှူခံဖို့ မလိုတော့ဘူးလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရက်ကွက် ကုန်းထိပ်မှတ်တိုင် တက္ကစီဂိတ်က ကိုမြင့်နိုင်က ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ဂိတ်မှာက တက္ကစီ ယဉ်မောင်း ၂၅ ဦးလောက် ရှိတယ်။ သူတို့ဆီက ငွေနဲ့ ကိုယ့်အသိ အိမ်လေးတွေမှာပဲ အလှူခံလိုက်တာ ၇ သိန်းကျော် ရတယ်။ အလှူမခံဘူးဆိုတာက အရက်သေစာသောက်စားမှာ၊ သရုပ်ပျက်တာမျိုးတွေ
မဖြစ်စေချင်လို့” လို့ ကိုမြင့်နိုင်က ဆိုပါတယ်။

ကထိန်ပွဲဆိုတာဟာ တနှစ်မှာတခါ၊ တလမှာတကြိမ်၊ တကြိမ်မှာ တခါပဲဆိုသလို့ ပြုလုပ်ရတဲ့ ကာလဒါန တမျိုးဖြစ်ပြီး ဘုရားကိုယ်စား သံဃာတွေကို ပူဇော်တာဖြစ်လို့ တတ်နိုင်ရင် တရားနဲ့ ပူဇော်တာ၊ ပဌာန်းနဲ့ ပူဇော်တာမျိုးကသာ အကောင်းဆုံးလို့ တောင်ဥက္ကလာ (၂) ၀ိုင်းမှာ ရှိတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်က စာချဆရာတော် အရှင် ဥတ္တရက ဧရာဝတီကို မိန့်ပါတယ်။

“ပုံစံအမျိုးမျိုးနဲ့ အလှူခံကြတာက သူတို့ရဲ့ လုပ်ငန်းအပေါ်မှာ တက်ကြွအောင် လုပ်ကြတာပေါ့။ အတိုင်းအထက်လွန်
သရုပ်ပျက်သွားတာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့။ ဆိုင်ကယ်တွေ၊ ကားတွေရှေ့မှာ အရုပ်ကြီးတကားကားနဲ့ ပိတ်ပြီး အတင်းအလှူခံတာမျိုးတော့ မကောင်းဘူးပေါ့” လို့ အရှင် ဥတ္တရက မိန့်ပါတယ်။

ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကပ်လို့ရပြီး ကထိန် အကျိုးတရားကိုတော့ တပေါင်းလပြည့်နေ့အထိ ခံစားလို့ရတယ်လို့ သိရပါတယ်။

The Irrawaddy (Burmese Version)

RangonNewsDaily:: November . 16 .2013
ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင် အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်
ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊ အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ

ဘန်ကောက်တွင်ကျင်းပမည့် Miss Grand International ပြိုင်ပွဲ့် မြန်မာပရိသတ်များ ၀င်ကြေးအခမဲ့ဖြင့်ကြည့်ရှု့အားပေးနိင်

Photo: ဘန်ကောက်တွင်ကျင်းပမည့် Miss Grand International ပြိုင်ပွဲ
့် မြန်မာပရိသတ်များ ၀င်ကြေးအခမဲ့ဖြင့်ကြည့်ရှု့အားပေးနိင်
Saturday, November 16, 2013

ဘန်ကောက်-နိဝင်ဘာ၁၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Impact Arena တွင်ကျင်းပမည့် Miss Grand International ပြိုင်ပွဲကြီးကို
လာရောက်ကြည့်ရှုလိုသည့် မြန်မာပရိသတ်များ ၀င်ကြေးအခမဲ့ကြည့်ရှုနိုင်ကြောင်းသိရသည်။
နိဝင်ဘာ၁၇ရက်နေ့  နေ့ လယ် ၁နာရီမှာ Preliminary Competitionနှင့်၁၉ရက်နေ့  ည၇နာရီမှာ Final Competitionကို
99 Popular Road, Banmai Subdistrict, Pakkred District, Nonthaburi 11120, THAILANDရှိ
Impact Arena , Muangthong Thaniခန်းမ တွင်ကျင်းပမည်ဖြစ်သည်။
ဖုန်း(ထိုင်း) - 0920478340
Facebook - https://www.facebook.com/waiyanaungthihathuသို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
(၁၇)ရက်နေ့  Preliminary Competition လာရောက်အားပေးမည့် မြန်မာပရိသတ်များအားလုံး လက်မှတ်ရယူရန်အတွက် နေ့ လယ် (၁၂)နာရီမှာ ပြိုင်ပွဲကျင်းပမည့်နေရာသို့  အရောက်လာရန်ဖြစ်ပြီး
(၁၉)ရက်နေ့  Final Competition လာရောက်အားပေးမည့် မြန်မာပရိသတ်များအားလုံး လက်မှတ်ရယူရန်အတွက် ည(၆)နာရီမှာ ပြိုင်ပွဲကျင်းပမည့်နေရာသို့ 
အရောက်လာရန်ြဖစ်ကြောင်းသိရသည်။
မြန်မာပရိသတ်များအားလုံး တစ်စုတစ်စည်းတည်း အားပေးနိုင်ရန်အတွက် ကျင်းပမည့်နေရာတွင် မြန်မာအလံများဖြင့်စောင့်ကြိုပေးမည်ဟုသိရသည်။

Popular Myanmar News Journal

RangonNewsDaily:: November . 16 .2013 
ထိုင်းနိုင်ငံ ဘန်ကောက်မြို mpact Arena တွင်ကျင်းပမည့်Miss Grand International ပြိုင်ပွဲကြီးကိုလာရောက်
ကြည့်ရှုလိုသည့် မြန်မာပရိသတ်များ ၀င်ကြေးအခမဲ့ကြည့်ရှုနိုင်ကြောင်းသိရသည်။

ဆေးလိပ် သောက်သူ က မသောက် သည့် အမွှာထက် ပိုမိုအိုမင်း

Photo: ဆေးလိပ် သောက်သူ က မသောက် သည့် အမွှာထက် ပိုမိုအိုမင်း
Friday, November 15, 2013 

သုတေသီ တွေက ပုံမှန် ဆေးလိပ် သောက်သူ တစ်ယောက် ရှိတဲ့ အမြွာ စုံတွဲ ၇၀ ကို လေ့လာ ခဲ့ရာမှာ ဆေးလိပ်သောက် သူတွေ က အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှု ပိုများ တာကို တွေ့ရှိ ခဲ့ပါ တယ်။ ဆေးလိပ် သောက် တာကြောင့် ပါးစပ် တစ်ဝိုက်မှာ အရေပြား တွန့်မှု တွေ ပိုမို ဖြစ်ပေါ်ကာ မေးစေ့ က အရေပြား လည်း တွဲကျ တာကို တွေ့ရှိ ခဲ့ပါတယ်။ ဆေးလိပ် သောက်တဲ့ ရာဇဝင် ငါး နှစ်ခန့် ကွာခြား သူတွေ မှာတောင် အရွယ် အိုမင်းမှု သိသာ တယ် လို့ ဆိုပါတယ်။ ဆေးလိပ် သောက် သူတွေရဲ့ အပေါ် မျက်ခွံ တွဲကျ နေသလို အောက် မျက်ခွံ မှာလည်း မျက်အိတ် တွေ ပိုမို ဖြစ်ပေါ် တယ် လို့ တွေ့ရှိခဲ့ပါတယ်။

ဆေးလိပ်သောက် တာ ကြောင့် အရေပြား တွင်း အောက်ဆီ ဂျင်ရောက်ရှိမှု နည်းတဲ့ အပြင် သွေး လှည့်ပတ်မှု လည်း လျော့ နည်းသွား တာကြောင့် အရေး ကြောင်း တွေ ပိုမို ပေါ်ပေါက် လာ ကာ အရေပြား မကြည်လင် ကာ အရွယ် အိုမင်းတဲ့ အသွင် ပေါ် ပေါက်နိုင် ပါတယ်။ ဆေးလိပ် သောက် တာကြောင့် ကော်လာဂျင် နဲ့ အရေပြား ကျုံ့ နိုင်အား တွေ ပျက်ဆီး သွားကာ အရေးကြောင်း ပေါ် တာတွေ၊ အရေပြား တွဲ ကျတာ တွေ ဖြစ်ပေါ် တယ် လို့ ဆိုပါတယ်။ ဆေး လိပ်ေ ငွ့ကြောင့် ပါးစပ် တစ်ဝိုက် မှာ အရေး ကြောင်း ပေါ်လာ ကာ ပါးစပ် နဲ့ ဆက်စပ် နေတဲ့ အရေပြား တွေ ထပ်မံတွဲ ကျလာပါ တယ်။

ဒါ့အပြင် ဆေးလိပ် သောက် တာကြောင့် အရေပြားတွင်း ဗီတာမင် C လည်း နည်းပါး လာကာ အရေပြား အရောင်မည်း ညစ်ညစ် အသွင်ဆောင် သွား ပါတယ်။ ပါးစပ်နဲ့ မျက်လုံး တစ်ဝိုက်မှာ ရှိတဲ့ အရေပြား တွေ အရေး ကြောင်း ပေါ်တာ ဟာ အရေပြား ရဲ့ ကျုံ့နိုင် ဆန့်နိုင် အားလျော့ သွား တာကြောင့်ပါ။ မျက်နှာ ပေါ်မှ အရေပြား တစ်ခုတည်း ဖြစ်တာ မဟုတ် ပါဘူး။ ခန္ဓာ ကိုယ် တစ်ခု လုံးပေါ်မှ အရေပြား အားလုံး လည်း ဆေးလိပ် ကြောင့် အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်နိုင် ပါတယ်။

ဒေါက်တာခင်မိုးမိုး
Good Health

RangonNewsDaily:: November . 16 .2013
သုတေသီ တွေက ပုံမှန် ဆေးလိပ် သောက်သူ တစ်ယောက် ရှိတဲ့ အမြွာ စုံတွဲ ၇၀ ကို လေ့လာ ခဲ့ရာမှာ ဆေးလိပ်သောက် သူတွေ က အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှု ပိုများ တာကို တွေ့ရှိ ခဲ့ပါ တယ်။

ကမ္ဘာ့ဖလားသည် ရော်နယ်လ်ဒိုထက် မိမိကို ပိုလိုအပ်ကြောင်း အီဘရာဟီမိုဗစ်ဆို

Photo: ကမ္ဘာ့ဖလားသည် ရော်နယ်လ်ဒိုထက် မိမိကို ပိုလိုအပ်ကြောင်း အီဘရာဟီမိုဗစ်ဆို
Friday, November 15, 2013 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အမှန်တကယ်လိုအပ်သော ပုံရိပ်သည် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မိမိသာ ဖြစ်နိုင်ကြောင်း ဇလာတန် အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။

အီဘရာဟီမိုဗစ် ကိုယ်စားပြုရာ ဆွီဒင်အသင်းနှင့် ရော်နယ်လ်ဒို ပါဝင်မည့် ပေါ်တူဂီတို့သည် ဥရောပဖလား ဥရောပဇုန် ခြေစစ်ပွဲ နောက်ဆုံးအဆင့် လက်ကျန်နေရာများအတွက် အပြိုင်လုရမည် ဖြစ်သည်။ အဆိုပါ နာမည်ကြီး နှစ်သင်းအနက် တစ်သင်းသင်းသည် ပြိုင်ပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးမည်ဖြစ်ရာ ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား၌ အီဘရာဟီမိုဗစ်နှင့် ရော်နယ်လ်ဒိုတို့အနက် တစ်ဦးကိုသာ တွေ့မြင်ရမည် ဖြစ်သည်။ အီဘရာဟီမိုဗစ်က အဆိုပါ အခြေအနေတွင် မိမိသည် ပိုမို၍ တောင်းဆိုခြင်း ခံရသူ ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

ပြင်သစ်လီဂူး ချန်ပီယံ PSG အသင်း၏ တိုက်စစ်မှူးက "ကမ္ဘာ့ဖလားဟာ ရော်နယ်လ်ဒိုထက်စာရင် အီဘရာဟီမိုဗစ်ကို ပိုပြီး လိုအပ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဘောလုံးပွဲတွေအတွက် စိတ်လှုပ်ရှား တက်ကြွမှုတွေ ယူဆောင်ပေးနိုင်သူပါ။ ကျွန်တော် ဂိုးတွေလည်း သွင်းယူနိုင်တယ်။ ဒီအချက်မှာ ဘယ်သူမှ ကျွန်တော့်ကို မယှဉ်နိုင်ပါဘူး။ ပရိသတ်တွေက ဘယ်သူနဲ့ယှဉ်ယှဉ် ကျွန်တော့်ကိုပဲ ကမ္ဘာ့ဖလားမှာ မြင်ချင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက "ရော်နယ်လ်ဒိုကို ကစားသမား တစ်ယောက် အနေနဲ့တော့ ကျွန်တော် တကယ်လေးစားပါတယ်။ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ဟုတ်မဟုတ်ဆိုတာ မေးခွန်းထုတ်နေစရာမှ မလိုတာ"ဟုလည်း သုံးသပ်သွားသေးသည်။

၎င်းက မိမိဖြစ်စေ၊ ရော်နယ်လ်ဒိုဖြစ်စေ ပြိုင်ပွဲတွင် မပါဝင်ရခြင်းကမူ ကမ္ဘာ့ဖလားအတွက် ဆုံးရှုံးမှု တစ်ရပ်ဟူ၍မူ ဝန်ခံခဲ့သည်။ "ကမ္ဘာ့ဖလားဆိုတာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ပြိုင်ပွဲကြီးလေ။ ရော်နယ်လ်ဒို၊ နေမာ၊ ဝိန်းရွန်နီ၊ လီယွန်နယ်လ်မက်ဆီ၊ ဒါမှမဟုတ် ရှာဗီဟာနန်ဒက်ဇ်တို့ထဲက တစ်ယောက်ယောက် မပါဘူးဆိုရင် ပြိုင်ပွဲအတွက် စိတ်ပျက်စရာ အခြေအနေပါပဲ။ ကျွန်တော်ဖြစ်ဖြစ်၊ ရော်နယ်လ်ဒိုဖြစ်ဖြစ် ဒီပြိုင်ပွဲနဲ့ လွဲမယ်ဆိုတာကတော့ ဆိုးရွားတဲ့ အနေအထားပါ။ ဘာပဲဖြစ်ဖြစ် ရှေ့ပွဲစဉ် နှစ်ခုမှာ အစွမ်းကုန် ကြိုးစားပြီး လက်ရွေးစင် အသင်းကို ကူညီနိုင်အောင် ကျွန်တော် အားထုတ်သွားပါမယ်"ဟုလည်း အီဘရာဟီမိုဗစ်က ဖွင့်ဟသွားသည်။

Soccer Myanmar

RangonNewsDaily:: November . 16 .2013
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အမှန်တကယ်လိုအပ်သော ပုံရိပ်သည် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မိမိသာ ဖြစ်နိုင်ကြောင်း ဇလာတန် အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။

အပြောင်းအလဲ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ ဦးကိုကိုကြီး တိုက်တွန်း

Photo: အပြောင်းအလဲ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ ဦးကိုကိုကြီး တိုက်တွန်း
Saturday, November 16, 2013

နိုင်ငံတကာက ခေါင်းဆောင်တွေ မြန်မာနိုင်ငံ ရောက်လာတာကို မိမိရရအသုံးချပြီး နိုင်ငံအပြောင်းအလဲရဲ့စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဒီနေ့ရန်ကုန်မြို့ Park Royal Hotel မှာတွေ့ဆုံအပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက အခုလိုပြောခဲ့တာပါ။

"အဓိကကတော့ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာ နိုင်ငံတကာခေါင်းဆောင်တွေ ရောက်လာတယ်ဆိုတာက ဒီအပြောင်းအလဲကို အရှိန်အဟုန်ကောင်းအောင် သူတို့ ဒါကိုတွန်းအားပေးဖို့ သင်္ကေတအဖြစ်နဲ့ လာတာပေါ့လေ၊ အဲဒါကို ကျနော်တို့က မိမိရရအသုံးချပြီးတော့ ကျနော်တို့နိုင်ငံ ကြုံတွေ့နေရတဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ ကျော်လွှားဖို့ ကျနော်တို့အချင်းချင်းကြားထဲမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေလိုတယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့လည်းလိုတယ်၊ အဲဒါမှပဲ ကျနော်တို့နိုင်ငံကို ရှေ့ကိုရွှေ့နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"

မစ္စတာကလင်တန်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေသာမကဘဲ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ အမျိုးသမီးတွေရဲ့အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ရဖို့လိုအပ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ဟာ တောင်သူလယ်သမားတွေဖြစ်ပြီး လယ်သမားတွေရဲ့ဘ၀ကိုမြှင့်တင်ဖို့၊ လက်ရှိဖြစ်ပွားနေတဲ့ မြေယာသိမ်းဆည်းမှုတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ ကလင်တန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ ထိထိရောက်ရောက် ပူးပေါင်းကူညီနိုင်ဖို့ဆိုတာတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ AAPP နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ အမျိုးသမီးအဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ပေါင်း ၂၀လောက်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကလည်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီကနေ့ နိုင်ငံရေးနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဟောပြောခဲ့ပါတယ်။

RFA

RangonNewsDaily:: November . 16 .2013
နိုင်ငံတကာက ခေါင်းဆောင်တွေ မြန်မာနိုင်ငံ ရောက်လာတာကို မိမိရရအသုံးချပြီး နိုင်ငံအပြောင်းအလဲရဲ့စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အမေရိကန် စာသင်ကျောင်းအနီး ပစ်ခတ်မှုဖြစ်ပွား ကျောင်းသားသုံးဦး ဒဏ်ရာရ

Photo: အမေရိကန် စာသင်ကျောင်းအနီး ပစ်ခတ်မှုဖြစ်ပွား
ကျောင်းသားသုံးဦး ဒဏ်ရာရ
Saturday, November 16, 2013

နိုဝင်ဘာ ၁၃ရက်က အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့မှ ဘရက်ဟီးယာ့ အထက်တန်းကျောင်း အအနီးတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်တွက် 
ကျောင်းသားသုံး ဦးဒဏ်ရာရရှိခဲ့သည်။

ကျောင်းဝန်းပြင်ပတွင် ဖြစ်ပွားသည့် ပစ်ခတ်မှုများသည် အထက်တန်းကျောင်းကို ရည်ရွယ်ခြင်း မဟုတ်သော်လည်း ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် 
ယခုကဲ့သို့ ဒဏ်ရာရသွားခြင်းဖြစ်သည်။ ဒဏ်ရာရသူများသည် 
အသက် အန္တရာယ် စိုးရိမ်ဖွယ် မရှိဟု သိရသည်။ 

မည်သည့်အတွက်ကြောင့် ပစ်ခတ်မှုဖြစ်ပွားသည်ကို 
မသိရသေးသလို၊ အပြန်အလှန်ပစ်ခတ်မှုလား၊ တစ်ဘက်တည်းက ပစ်ခတ်သည်လားကိုပင် မျက်မြင်သက်သေများမှာ ပြောပြနိုင်ခြင်း 
မရှိခဲ့ပေ။ သူတို့က သေနတ်သံများ ကြားရသည်ဟုသာ 
ပြောပြကြသည်။ ရဲဌာနကလည်း အသေးစိတ်အချက်အလက်များ ထုတ်ဖော်ခြင်းမရှိသေးဟု သိရသည်။

Ref: AP
The Myanma Age

RangonNewsDaily:: November . 16 .2013
နိုဝင်ဘာ ၁၃ရက်က အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့မှ ဘရက်ဟီးယာ့ အထက်တန်းကျောင်း အအနီးတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်တွက်
ကျောင်းသားသုံး ဦးဒဏ်ရာရရှိခဲ့သည်။

အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေ

Photo: အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေကြရ
Saturday, November 16, 2013

အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ သူ မကြာခင်က တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲမှာတော့ အဆိုးရွာ ဆုံးပဲလို့ ပြည်နယ် သစ်တောရေးရာ ၀န်ကြီးက ပြောပါတယ်။

နောက်ထပ် ဆင် ၁၀ ကောင်လောက်လည်း အပြင်းအထန် ဒဏ်ရာ ရရှိထားပြီး တချို့ ထပ်ပြီး သေသွားနိုင်သေးတယ်လို့လည်း သူက ပြောပါတယ်။ ကောင်ရေ ၄၀ ပါတဲ့ ဆင်အုပ်ကို ဖြတ်ကူးနေတဲ့ တိုက်မိတဲ့ရထားဟာ ချာပရာမရီ တော်အုပ်ကို ဖြတ်ပြီး တမီတာကို မိုင် ၅၀ နှုန်းလောက် နဲ့ မောင်းနှင်နေတာဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ 

ဆင်တွေသွားလာတဲ့ လမ်းကြောင်းလို့ သိထားတဲ့ ဒီနေရာမှာ ရထားကို အရှိန်လျှော့မောင်းနှင်ဖို့ မီးရထား အာဏာပိုင်တွေကို ပြောခဲ့ပေမဲ့ သူတို့က လစ်လျူရှုခဲ့တဲ့အကြောင်း အစိုးရအရာရှိတွေက အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ခုလို ရထားတိုက်ခံရတဲ့ ဖြစ်ရပ်တွေကြောင့် အိန္ဒိယ တောအုပ်တွေတွင်းမှာ ဆင်တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ရထားတိုက်ခံရတဲ့ ဆင်၊ အနောက်ဘန်ဂေါပြည်နယ်၊ အိန္ဒိယ။ (နိုဝင်ဘာလ ၁၄၊ ၂၀၁၃)
VOA
ရထားတိုက်ခံရတဲ့ ဆင်၊ အနောက်ဘန်ဂေါပြည်နယ်၊ အိန္ဒိယ။ (နိုဝင်ဘာလ ၁၄၊ ၂၀၁၃)
RangonNewsDaily:: November . 16 .2013
အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။

iPhone 6 နဲ့ပတ်သက်တဲ့ နောက်ထပ်သတင်း တစ်ပုဒ်

Photo: iPhone 6 နဲ့ပတ်သက်တဲ့ နောက်ထပ်သတင်း တစ်ပုဒ်
Saturday, November 16, 2013

ပြီးခဲ့တဲ့ တစ်ပတ်လောက်မှ iPhone 6 နဲ့ပက်သက်တဲ့ သတင်းထွက်ပေါ်ခဲ့
လို့အပြီး ယခုတစ်ဖန် ထပ်မံပြီး ထွက်ပေါ်လာတဲ့ iPhone ရဲ့နောက်ဆက်
တွဲ သတင်းတစ်ပုဒ်ပါ။

ယခင်ထွက်ပေါ်ခဲ့ တဲ့ သတင်းတုန်းက iPhone 6 မှာမျက်နှာပြင်အရွယ် ၅ လက်မနှင့် Full HD Retina Display ပါဝင်လာမယ့်လို့ ဆိုပြီး ယခုမှာတော့ Sapphire မှန်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင်က Apple ကုမ္ပဏီဟာ GT Advanced Technologies နဲ့ ပူးပေါင်းပြီး အရီဇိုးနားဒေသမှာ သတ္တုစက်ရုံတည်ဆောက်သွားမယ်လို့ 
ပြောဆိုလို့အပြီး ယခုလိုထပ်မံထွက်ပေါ်လာခဲ့တာပါ။

ဒါကြောင့် အဆိုပါ စက်ရုံရဲ့အရှိန်ကြောင့် Daily Mail ရဲ့ဖော်ပြချက်အရ Sapphire Crystal ကို iPhone 6 မှာအသုံးပြုမယ်ဆိုပြီး ကျယ်ပြန့်ပြန့် ထွက်
ပေါ်လာခဲ့ရတာပါ။ 

လက်ရှိအနေ အထားမှာတော့ Apple ဟာ Sapphire Crystal ကို iPhone 5s မှာဖြစ်တဲ့ Touch ID Fingerprint Scanner နဲ့ ကင်မရာကိုအကာကွယ်
ပေးတဲ့ နေရာမှာအသုံးပြုထားပါတယ်။ 

ဒါကြောင့် Apple အနေနဲ့ တန်းကြေးမြင့်ပြီး လက်ရှိတန်းမြင့်ဖုန်းတွေတောင်
Gorilla Glass သုံးနေချိန် အဆိုပါသတင်းသာ မှန်ကန်ခဲ့မယ်ဆိုပါက Apple ရဲ့ iPhone 6 မှာ ပထမဆုံးအကြိမ် Sapphire မျက်နှာပြင်နဲ့ မြင်တွေ့ရဖို့
တော့ရှိနေပြီ ဖြစ်ကြောင်း သုံးသပ်မိပါတယ်။

Ref:Dailymail
ခွန်နေ(AMMG)
Stuff Myanmar Magazine

RangonNewsDaily:: November . 16 .2013
ပြီးခဲ့တဲ့တစ်ပတ်လောက်မှ iPhone 6 နဲ့ပက်သက်တဲ့သတင်းထွက်ပေါ်ခဲ့လို့အပြီးယခုတစ်ဖန်ထပ်မံပြီးထွက်
ပေါ်လာတဲ့ iPhone ရဲ့နောက်ဆက် တွဲ သတင်းတစ်ပုဒ်ပါ။

ဆီးဂိမ်း လာရောက် လည်ပတ်မယ့် နိုင်ငံခြားသား တွေကို ဗီဇာကြေး ဒေါ်လာ ၂၀ ပဲ ယူမည်

Photo: ဆီးဂိမ်းလာရင် ဗီဇာကြေး ဒေါ်လာ ၂၀ ပဲ ယူမည်
Friday, November 15, 2013

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း လာရောက် လည်ပတ်မယ့် နိုင်ငံခြားသား တွေကို ၁၅ ရက်နေထိုင်နိုင်မယ့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမယ့်အပြင် ဗီဇာကြေးလည်း ဒေါ်လာ ၂၀ လောက်ပဲ ကျသင့်မယ်လို့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ဗီဇာကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လျှောက်ထားရယူနိုင်မယ်လို့ သူက ပြောပါတယ်။

အလားတူ ဆီးဂိမ်းမတိုင်မီက မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ၁၅ ရက်စာ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပေးရေး ဆွေးနွေးဖို့ ရှိနေပြီး သဘောတူညီချက်ရခဲ့ရင် ထိုင်းနိုင်ငံသားတွေကတော့ ဗီဇာကြေး မပေးရဘဲ မြန်မာနိုင်ငံကို လာရောက်နိုင်ကြမယ် ဖြစ်ပါတယ်။

DVB

RangonNewsDaily:: November . 16 .2013
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း လာရောက် လည်ပတ်မယ့် နိုင်ငံခြားသား တွေကို ၁၅ ရက်နေထိုင်နိုင်မယ့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမယ့်အပြင် ဗီဇာကြေးလည်း ဒေါ်လာ ၂၀ လောက်ပဲ ကျသင့်မယ်လို့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

Mark Zuckerburg ၏ စိတ်ဝင်စားဖွယ်၏ ကိုယ်ရေးအချက် ၁၀ ချက်

Photo: Mark Zuckerburg ၏ စိတ်ဝင်စားဖွယ်၏ ကိုယ်ရေးအချက် ၁၀ ချက်
Friday, November 15, 2013	

မေလ ၁၄ ရက်နေ့ဟာ Facebook တည်ထောင်သူနှင့် အမှုဆောင်ချုပ် Mark Zuckerburg ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အသက် ၂၉ နှစ် ရှိပါပြီ။ ဒီအသက်ဟာ ဘီလီယံပေါင်းများစွာ ကြွယ်ဝသူတစ်ဦးအတွက် ငယ်ရွယ်လွန်းတယ်ထင်ရင် မှားသွားပါလိမ့်မယ်။ Zuckerburg အနေနဲ့ ဟားဗတ်ဒ်တက္ကသိုလ် အဆောင်တွင်းမှာ Facebook ကို စတင်တည်ထွင်ခဲ့စဉ်က ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။

ဘီလီယံပေါင်းများစွာ ကြွယ်ဝတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး သူကြွယ်များထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာခဲ့သလို ကမ္ဘာ့ပေါ်ရှိ လူ ၇ ဦးမှာ ၁ ဦးကို သူရဲ့ တီထွင်မှုဖြစ်တဲ့ Facebook ကို သုံးစွဲစေဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးကို အသက် ၃၀ မပြည့်ခင်မှာ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့တာပါ။

နှိုင်းယှဉ်ပြရမယ်ဆိုရင် အသက် ၂၉ နှစ်အရွယ်မှာ Steve Jobs ဟာ Macintosh ကွန်ပြူတာကို တည်ထွင်ခဲ့ပြီး ဖြစ်သလို Bill Gates ဟာလည်း Microsoft Windows ကို ဈေးကွက်တွင်းမှာ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ အခြားအခြားသော သူများကတော့ ဒီအသက်အရွယ်မှာ အလုပ်ကောင်းကောင်းတစ်ခု ရရှိနိုင်ဖို့ကိုတောင် အနိုင်နိုင် ကြိုးစားနေရတဲ့ ဘဝပါ။

ကဲ ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ Mr. Zuck ရေ။ ခင်ဗျားရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ခင်ဗျားရဲ့အကြောင်း စိတ်ဝင်စားဖွယ်ရာ အချက် ၁၀ ချက်ကို စာသုံးသူများနဲ့ မျှဝေလိုက်ပါတယ်။

၁။ Zuckerberg ဟာ အနီရောင်နဲ့ အစိမ်းရောင်တို့ကို မမြင်ရတဲ့ colorblindness ဖြစ်နေပါတယ်။ သူအနေနဲ့ အပြာရောင်ကိုသာ အဓိက မြင်နိုင်စွမ်း ရှိပါတယ်တဲ့။ ဒါ့ကြောင့်လည်း Facebook ရဲ့ ပင်မအရောင်ဟာ အပြာရောင် ဖြစ်နေရတာပါ။

၂။ ငယ်စဉ် အထက်တန်းကျောင်းသာ ဘဝမှာ တေးသီချင်း နားထောင်သူတွေရဲ့ နှစ်သက်ရာ တေးသီချင်းများကို အလိုအလျောက် ရှာဖွေအကြံပြုနိုင်တဲ့ Synapse လို့ခေါ်တဲ့ ဆော့ဖ်ဝဲကို တည်ထွင်ခဲ့ပါတယ်။ အဲဒီနောက်မှာ AOL နဲ့ Microsoft တို့က Zuckerberg ကို အလုပ်ခံဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

၃။ သင်သတိထားမပါသလား။ Zuckerberg ကို မီးခိုးရောင် Facebook တီရှပ်ကို ဝတ်ဆင်ပြီး အစဉ်အမြဲလိုလို တွေ့ရတတ်ပါတယ်။ သူ့အနေနဲ့ လွန်စွာမှ အလုပ်များပြီး အချိန်ကုန် သက်သာစေဖို့ ဒီတီရှပ် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်နေတာပါတဲ့။

၎။ သို့သော်လည်း ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ကြီး ဆိုက်နေစဉ်မှာတော့ Facebook ဟာ တိုးတက်ကြီးပွားဖို့ ဆောင်ရွက်နေတာကို ပြတဲ့အနေနဲ့ Zuckerberg ဟာ စီးပွားရေးဝတ်စုံ (Business attire) နဲ့ tie ကို နေ့စဉ်ရက်ဆက် ဝတ်ဆင်ခဲ့ပါတယ်။

၅။ Zuckerberg ဟာ သက်သတ်လွတ်စားသူ ဖြစ်ပါတယ်တဲ့။ သူ့အနေနဲ့ အသားကို မဖြစ်မနေ စားမယ့်အချိန်ကတော့ အဲဒီတိရိစ္ဆာန်ကို သူကိုယ်တိုင် သတ်ဖြတ်မိတဲ့ အချိန်မှပဲ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် ထူးခြားတာ တစ်ချက်ကတော့ Zuckerberg ရဲ့ Facebook စာမျက်နှာပေါ်က “Likes” တွေထဲမှာတော့ McDonalds နဲ့ In-N-Out ဘာဂါဆိုင်များ ပါဝင်နေပါတယ်။

၆။ Twitter ပေါ်မှာ Zuckerburg နောက်လိုက်သူ (followers) ၂ သိန်းကျော် ရှိနေပါတယ်။ ဒါပေမယ့် Zuckerberg ဟာ ၄ နှစ်အတွင်းမှာ ၁၉ ကြိမ်တာ Tweet လုပ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၁၅ လ အတွင်းမှာ တစ်ကြိမ်တစ်ခါမှ Twitter ကို မသုံးခဲ့ဖူးပါဘူး။

၇။ ၂၀၁၀ ခုနှစ် အောက်တိုဘာအတွင်းမှာ Zuckerberg ဟာ သူ့ရဲ့ဝန်ထမ်းတွေကိုခေါ်ပြီး ရုပ်ရှင်သွားကြည့်ခဲ့ပါတယ်။ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကတော့ သူ့အကြောင်း ရိုက်ကူးထားတဲ့ Social Network ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အပြီးမှာတော့ Zuckerberg က ရုပ်ရှင် ရိုက်ကူးသူတွေ အနေနဲ့ ယင်းအား နာမည်ကြီးလို၍ Facebook အား တီထွင်ခဲ့ပုံပေါက်အောင် ရိုက်ကူးထားကြောင်း ဝေဖန်သွားခဲ့ပါတယ်။

၈။ Zuckerberg မှာ Beast လို့ အမည်ပေးထားတဲ့ Hungarian သိုးထိန်းခွေး ရှိပါတယ်။ Beast ရဲ့ Facebook စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၁.၅ သန်း ရှိပါတယ်။

၉။ ဒေါ်လာ ၁၉ ဘီလီယံ ကြွယ်ဝတဲ့ Zuckerberg ဟာ ကပ်စေးနည်းသူလို့ နာမည်ကြီးပါတယ်။ ရည်းစားဖြစ်သူ Priscilla Chan အတွက် ဝယ်ပေးခဲ့တဲ့ ပတ္တမြား လက်ထပ်လက်စွပ်က ဒေါ်လာ ၂၅၀၀၀ သာ တန်ဖိုးရှိတယ်လို့ သိရှိရပါတယ်။

၁၀။ Facebook ရဲ့ comment ပေးတဲ့ နေရာမှာ “@ [ 4 : 0 ]” ဆိုတာကို space မပါပဲ ရိုက်ထည့်ကြည့်ပါ။ Mark Zuckerberg ဆိုပြီး ပေါ်လာပါလိမ့်မယ်။ မယုံရင် အခုပဲ လက်တွေ့သာ စမ်းကြည့်လိုက်ပါ။

Myanmar Consumer Guide

RangonNewsDaily:: November . 16 .2013
မေလ ၁၄ ရက်နေ့ဟာ Facebook တည်ထောင်သူနှင့် အမှုဆောင်ချုပ် Mark Zuckerburg ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အသက် ၂၉ နှစ် ရှိပါပြီ။

တော်လှန်ရေး ရဲဘော်ဟောင်းသခင်လှကြိုင် ကို Facebook ပေါ်သို့ ပို့ပေးခဲ့သူ

Photo: သခင်လှကြိုင် ကို Facebook ပေါ်သို့ ပို့ပေးခဲ့သူ
Friday, November 15, 2013 

သခင်လှကြိုင်ကို အများပြည်သူတွေ သိရအောင်လို့ Facebook ပေါ်ကို အရောက်ပို့ပေးလိုက်တဲ့ ကိုကြည်လင်းတို့ လင်မယားပုံဖြစ်ပါတယ်။
အခုတော့ သူတို့လင်မယားလည်း ပျော်နေလေရဲ့။
ကိုကြည်လင်းကတော့ အရင်က Bago Weekly ကို လုပ်ခဲ့တာပါ။ အခုတော့ သူတို့လင်မယားက ကွမ်းယာဆိုင်နဲ့ ကလေးကစားစရာအရုပ်တွေ ရောင်းပြီး ဘဝကို ရပ်တည်နေသူဖြစ်တယ်လို့ သိရပါတယ်။

by စောဖိုးခွါး

General Knowledge

RangonNewsDaily:: November . 16 .2013
သခင်လှကြိုင်ကို အများပြည်သူတွေ သိရအောင်လို့ Facebook ပေါ်ကို အရောက်ပို့ပေးလိုက်တဲ့ ကိုကြည်
လင်းတို့ လင်မယားပုံဖြစ်ပါတယ်။

OIC ကန့်ကွက်ပွဲအမည်ခံ (သို့) ဘာသာတရားတစ်ခုအား မိုက်ရိုင်းစော်ကားနေခြင်း အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများ အမြန်ဆုံးအရေးဆိုသင့်

OIC ကန့်ကွက်ပွဲအမည်ခံ (သို့) ဘာသာတရားတစ်ခုအား မိုက်ရိုင်းစော်ကားနေခြင်း 
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများ အမြန်ဆုံးအရေးဆိုသင့်


kolatt(PBDN): November . 16 .2013

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းကြီးများခင်ဗျား။

ယခုကဲ့သို့ ဗုဒ္ဓဘာသာအစွန်းရောက် ဘုန်းတော်ကြီးများမှ အစ္စလာမ်ဘာသာအား မိုက်ရိုင်းစွာ စော်ကားလာခြင်းကို လူကြီးမင်းတို့မှ အမြန်ဆုံး အရေးဆိုသင့်ကြောင်း လေးနက်စွာ အကြံပြုအပ်ပါသည်။

အောက်ပုံပါ အတိုင်း အစ္စလာမ်ဘာသာအား မိုက်ရိုင်းစော်ကားနေခြင်းများသည် ရာဇသတ်ကြီး ( ခ) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃ ( က ) နှင့် ၂၉၅ တို့ဖြင့် လုံးဝ လုံးဝ ငြိစွန်းနေပါသည်။

ပုဒ်မ ၁၅၃ ( က )

မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ / စာဖြင့်ဖြစ်စေ / အမှတ်အသားဖြင့်ဖြစ်စေ / အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်သူအမျိုးအစား တစ်ခုနှင့်တစ်ခု ရန်ငြိုးစိတ်ထားအောင်သော်လည်းကောင်း / မုန်းတီးစိတ်ထားအောင်သော်လည်းကောင်း အားပေးအားမြောက်ပြုလျှင် ( သို့ ) ထိုသို့ အားပေးအားမြောက်ပြုရန်အားထုတ်လျင် ထိုသူတို့ကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးဖြစ်စေ / ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု၎င်း ပါရှိပြီး အခြားသော ဥပဒေ ပုဒ်မများနှင့်လည်း တိုက်ရိုက်ငြိစွန်းနေကြောင်းတွေ့ရှိရပါသည်။

ယခုကဲ့သို့ အစ္စလာမ်ဘာသာအား ဥပဒေမဲ့စွာ ဗြောင်ကျကျ စိန်ခေါ် စော်ကားလာခြင်းအား လူကြီးမင်းတို့မှ အမြန်ဆုံး အရေးဆိုသင့်ကြောင်း လေးနက်စွာ အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံတော်သည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အားလျှော်စွာ ယခုကဲ့သို့ တစ်မြေတည်းနေ အစ္စလာမ်ဘာသာဝင်များအား စော်ကားည့် အပြင် ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်များအားလည်း ဗြောင်ကျကျစိန်ခေါ် စော်ကားနေသည့် အချင်းအရာများအား အမြန်ဆုံး အရေးယူ တားမြစ်ပေးရပါမည်။

( ဆရာလုပ်သည် ဟု မထင်မြင်စေရန် လေးစားစွာ မေတ္တာရပ်ခံလိုပါသည် )


အပုချေ ( မာန်အောင်ကျွန်း )

plz share this

RangonNewsDaily:: November . 16 .2013
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းကြီးများခင်ဗျား။
ယခုကဲ့သို့ ဗုဒ္ဓဘာသာအစွန်းရောက် ဘုန်းတော်ကြီးများမှ အစ္စလာမ်ဘာသာအား မိုက်ရိုင်းစွာ စော်ကားလာခြင်းကို လူကြီးမင်းတို့မှ အမြန်ဆုံး အရေးဆိုသင့်ကြောင်း လေးနက်စွာ အကြံပြုအပ်ပါသည်။