Pages

Tuesday, November 12, 2013

သရဲလေးကောင်အဖွဲ့ နဲ့ ဇာတ်ကားပြန်ရိုက်မယ့် လွင်မိုး

Photo: သရဲလေးကောင်အဖွဲ့ နဲ့ ဇာတ်ကားပြန်ရိုက်မယ့် လွင်မိုး
Tuesday, November 12, 2013

စီးပွားရေးကို ဇောက်ချလုပ်ဖြစ် နေတဲ့ သရုပ်ဆောင်လွင်မိုးက ဇာတ် ကား ရိုက်ကူးမှုတွေကို ပြန်လည် အချိန်ပေးပြီး ရိုက်ကူးဖို့ စီစဉ်နေ တယ်လို့ ပြောပြ ပါတယ်။ ဒီလိုရိုက် ကူးဖို့ စီစဉ်ဖြစ်တာနဲ့ ပတ်သက်ပြီး လွင်မိုးက..

“အနုပညာအလုပ်တွေကို ဇာတ်ကားတွေ မရိုက်ဖြစ်တာ ၂ဝဝ၈၊ ၂ဝဝ၉ လောက် ကဆိုရင်တော့ ငါးနှစ်နီးပါးလောက် ရှိပြီပေါ့။ အခုကတော့ စီးပွားရေး လုပ်နေလို့ မအား တဲ့အတွက် သမီး နဲ့ခဏအစားထိုးထားပါတယ်။ အလုပ်တွေ နည်းနည်းပါးသွားရင် အရင်တုန်းက သူငယ်ချင်းတွေဖြစ် တဲ့ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော ကြော်၊ ဖိုးဖြူတို့နဲ့ ဇာတ်ကား တွေ ပြန်ရိုက်ဖို့ စီစဉ်နေပါတယ်။ သရဲလေးကောင်အဖွဲ့နဲ့ပေါ့။ ၂ဝ၁၄ ဇန်နဝါရီ၊ ဖေဖော် ဝါရီလောက်မှာ အချိန်ပေးပြီး လုပ်ပါမယ်။ အမှတ် တရလေးပေါ့။ ဗီဒီယိုဖြစ်ဖြစ်ရုပ်ရှင်ကားကြီးဖြစ်ဖြစ် တစ်ခု ခု ပေါ့။ သမီး ကတော့ပါရင် ဧည့်သည်သရုပ်ဆောင် အနေနဲ့လောက်ပဲ ပါလို့ရမှာပါ။ အဓိက သရုပ်ဆောင်အနေနဲ့ကတော့ သူ့အတွက် မလွယ်သေးပါဘူး” လို့ ပြောပြပါတယ်။သမီးဖြစ်သူ ယွန်းဝတီလွင်မိုးရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ပရိသတ် တစ် ယောက်အနေနဲ့ ဘယ် လိုဝေဖန်မိလဲဆို တော့ “သမီးက အခု ချိန်မှာ ကျောင်း ပညာရေးကအဓိက ပေါ့။ ဒိုင်ယာ လော့ခ် ပြော တဲ့ အ ပေါ်မှာ မျက်နှာပြောင်းလဲမှု ဖြစ်သွား တာ တွေက သူ့အတွက် လိုအပ်ချက် တွေရှိသေးတယ်။ အခုလောလော ဆယ်တော့ ဓာတ်ပုံလေး ရိုက်လိုက်၊ ကျောင်းတက်လိုက်ပေါ့။ ဓာတ်ပုံမှာ ကတော့ တော်တော်လေး လုပ်တတ် နေပါပြီ။ သူ့ကို ပရိသတ် တစ်ယောက် အနေနဲ့ ဝေဖန်ရရင်တော့ သူ့ရဲ့ဝတ် စားဆင်ယင်မှုတွေကို မြန်မာဆန် ဆန်လေးတွေနဲ့ အခုကတည်းကစပြီး ရိုက်စေချင်ပါတယ်။သမီးကိုအား ပေးတဲ့ပ ရိသတ်တွေကိုလည်း ကျေးဇူး တင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: November . 12 .2013
စီးပွားရေးကို ဇောက်ချလုပ်ဖြစ် နေတဲ့ သရုပ်ဆောင်လွင်မိုးက ဇာတ် ကား ရိုက်ကူးမှုတွေကို ပြန်လည် အချိန်
ပေးပြီးရိုက်ကူးဖို့ စီစဉ်နေ တယ်လို့ ပြောပြ ပါတယ်။ ဒီလိုရိုက် ကူးဖို့ စီစဉ်ဖြစ်တာနဲ့ ပတ်သက်ပြီး လွင်မိုးက..

ပျက်ကျလာသော ဥရောပဆိုင်ရာ ဂြိုဟ်တု ကမ္ဘာ့လေထုထဲတွင် မီးလောင်ပျက်စီသွား

Photo: ပျက်ကျလာသော ဥရောပဆိုင်ရာ ဂြိုဟ်တု ကမ္ဘာ့လေထုထဲတွင်
မီးလောင်ပျက်စီသွား
Tuesday, November 12, 2013

နိုဝင်ဘာ ၁၁ရက် နံနက်ပိုင်းက စတင်ကာ အာကာသအတွင်းမှ
ပြန်လည် ပျက်ကျလာသော ဥရောပဆိုင်ရာ ဂြိုဟ်တုသည် ကမ္ဘာ့လေထုထဲအရောက်တွင် မီးလောင်ပျက်စီးသွားကြောင်း ဂြိုဟ်တုထိန်းချုပ်ရေစင်တာက တရားဝင် ပြောကြားခဲ့သည်။
ပေါင် ၂၀၀၀ခန့်လေးသော ဂြိုဟ်တုသည် ထိုနေ့ ညပိုင်း
၇နာရီတွင် ကမ္ဘာ့လေထု ထဲသို့ အရောက်တွင် မီးလောင်
ပျက်စီးသွားခဲ့ပြီး အကြွင်းအကျန်မျုားသည် ကမ္ဘာပေါ်သို့
ကျရောက်ခြင်း ရှိမရှိ မည်သူကမျှ မပြောနိုင် ဖြစ်နေသည်ဟု ဥရောပအာကာသအေဂျင်စီက ဆိုသည်။

ဂြိုဟ်တုမှာ လေထုအတွင်း ပွတ်အားကြောင့် မီးလောင်သွားပြီး မည်သည့်ထိခိုက်မှုမှ မရှိခဲ့ကြောင်း၊ ကမ္ဘာ့ဆွဲအားအမျိုးမျိုးကို သုံးဘက်မြင် မြေပုံထုတ်နိုင်ရန် အစီအစဉ်ဖြင့် ၂၀၀၉ခှုစ်က လွှတ်တင်ခဲ့သော Gravity field and steady-state Ocenan
Circulation Explorer (GOCE) ဂြိုဟ်တုသည် ယခုနှစ်
အောက်တိုဘာလ ၂၁ရက်မှစတင်ကာဇီယွန်လောင်စာ
ပြတ်တောက်ပြီး အထိန်းအချုပ်မဲ့ ဖြစ်ခဲ့ရကြောင်း အေဂျင်စီက
ဆိုသည်။
GOCE ဂြိုဟ်တုသည် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ဆိုက်ဘေးရီးယားမှ ဖြတ်သန်းကာ တောင်ဝန်ရိုးစွန်နှင့် အိန္ဒိယ
သမုဒ္ဒရာ အရှေ့ပိုင်းရှိ ကမ္ဘာ့လေထုအတွင်း ပြန်ဝင်လာခဲ့သည်။

GOCE သည် ၂၀၁၁ခုနှစ် မတ်လက ဂျပန်တွင် လှုပ်ခတ်ခဲ့သော ကြီးမားသည့် ငလျင်လှုပ်မှုအတွက် ဂြိုဟ်ပတ်လမ်းအတွင်းမှ
ကမ္ဘာ့ပထမဆုံး ငလျင်တိုင်းတာမှုကို ပြုလုပ်ပေးနိုင်ခဲ့ပြီး ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် အသံလှိုင်းများကို
ထောက်လှမ်းနိုင်ခဲ့သည်။ ယခု GOCE ပျက်ကျမှုကြောင့်
အစိတ် အပိုင်းတစ်ခုလျှင် ပေါင် ၂၀၀ထက်မကျော်သော
အစိတ်အပိုင်းပေါင်း ၄၅ခု ကမ္ဘာ့သို့ကျလာမည်ဟု မျှော်လင့် ထားသော်လည်း မည်သည့်အရပ်သို့ ကျသွားသည်ကို
သိပ္ပံပညာရှင်များက အတိအကျ မပြောနိုင်ဖြစ်နေရသည်။
GOCE ဂြိုဟ်တုကို ဂျာမနီနှင့် အီတလီ အင်ဂျင်နီယားများက
ဒေါ်လာ ၄၄၆သန်း အကုန်ကျခံကာ တည်ဆောက်ခဲ့ကြသည်။

Ref: Telegraph
The Myanma Age

RangonNewsDaily:: November . 12 .2013
နိုဝင်ဘာ ၁၁ရက် နံနက်ပိုင်းက စတင်ကာ အာကာသအတွင်းမှ ပြန်လည် ပျက်ကျလာသော ဥရောပဆိုင်ရာ
 ဂြိုဟ်တုသည် ကမ္ဘာ့လေထုထဲအရောက်တွင် မီးလောင်ပျက်စီးသွားကြောင်း ဂြိုဟ်တုထိန်းချုပ်ရေစင်တာက တရားဝင် ပြောကြားခဲ့သည်။

" ကလေး သရုပ်ဆောင် အဖြစ်ကနေ အဆိုတော်လုပ်ဖို့ စီစဉ်နေသူ အိစိကွေး "

Photo: " ကလေး သရုပ်ဆောင် အဖြစ်ကနေ အဆိုတော်လုပ်ဖို့
စီစဉ်နေသူ အိစိကွေး "
Tuesday, November 12, 2013

ကလေး သရုပ်ဆောင်လုပ်ရာမှာ ပီပြင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတဲ့ အိစိကွေးက ရုပ်ရှင်သရုပ်ဆောင် အနုပညာအပြင် ဂီတဘက်ကို ခြေဦးလှည့်လာကာ အဆိုတော်ကောင်းတစ်ယောက် ဖြစ်ချင်ကြောင်း ပြောပြလာပါတယ်။ ခုနစ်တန်း ကျောင်းသား အိစိကွေးက ဂီတအနုပညာ အပေါ် ခုံမင် မြတ်နိုးတဲ့ သူ့ စိတ်ခံစားချက်ကိုမေးကြည့်တော့

“ပရီမိုသင်တန်းမှာ သင်တန်းတက်တယ်။ အခုအခွေ လုပ်ဖို့ သီချင်း ငါးပုဒ်လောက် ဆိုပြီးပြီ။ သင်တန်းက သူငယ်ချင်းတွေ နဲ့ စုပြီး လုပ်တာပါ။ စုစုပေါင်း သီချင်း ၁၃ ပုဒ်လောက်ပါမယ်” လို့ ပြောပြ ခဲ့ပါတယ်။ ဂီတကို ဝါသနာပါတယ် ဆိုတော့ ပရော် ဖက်ရှင်နယ် ကျကျ လုပ်သွားမှာလားလို့ မေးကြည့်တော့

“ငယ်ငယ် ကတည်းက ဝါသနာပါတယ်။ ရုပ်ရှင်ကျတော့ ငယ်ငယ်ကတည်းက လုပ်လာတာ။ သီချင်းကိုတော့ ကျွန်တော် အနေနဲ့ ပရော်ဖက်ရှင်နယ် ကျကျ လုပ်ဖြစ်သွားမှာပါ။ သီချင်းဘက်မှာ အလုပ်များသလို၊ သရုပ်ဆောင် ဘက်ကိုလည်း ကမ်းလှမ်း လာရင်လုပ်မယ်။ အခက်အခဲ ကတော့ အခုထိ ကြီးကြီးမားမား မတွေ့သေးပေ မယ့် ကြိုးစားလုပ် ဆောင်သွားမှာပါ” လို့ပြောပြခဲ့ပါတယ်။

တစ်နေ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို တစ်ကိုယ်တော်ခွေ တစ်ခွေ ဖြစ်လာအောင် လုပ်မယ်လို့ အားခဲတာ မျိုးကော ရှိ လား လို့မေးကြည့်တော့

“ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတာလည်း တအား စိတ်ဝင်စားတယ်။ အခုကိုယ်တိုင် ရေးနိုင်ဖို့နုတ်(စ်)တွေ သင်နေပါတယ် ။နောက်ပိုင်း ကိုယ် တိုင်ရေးဆို တစ်ကိုယ်တော်ခွေ ထွက်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ပြောပါတယ်။ အိစိကွေးက လတ်တလော မှာ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ သံယောဇဉ် အနမ်း နှလုံးသားဗဟို” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေ
ပါတယ်။

ထူးထူး
Popular Journal

RangonNewsDaily:: November . 12 .2013
ကလေး သရုပ်ဆောင်လုပ်ရာမှာ ပီပြင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတဲ့ အိစိကွေးက ရုပ်ရှင်သရုပ်ဆောင် အနုပညာအပြင် ဂီတဘက်ကို ခြေဦးလှည့်လာကာ အဆိုတော်ကောင်းတစ်ယောက် ဖြစ်ချင်ကြောင်း ပြောပြလာပါတယ်။

ကမ္ဘောဒီးယားတွင် ဆန္ဒပြမှုအဓိကရုဏ်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံး

Photo: ကမ္ဘောဒီးယားတွင် ဆန္ဒပြမှုအဓိကရုဏ်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံး
Tuesday, November 12, 2013

ကမ္ဘောဒီးယားနိုင်ငံတွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားက ဖနွမ်းပင်မြို့လယ်ရှိ ဝန်ကြီးချုပ်ဟွန်ဆန်၏ နေအိမ်သို့ စုရုံးချီတက်ကာ ၎င်းတို့၏ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေး ဆန္ဒပြခဲ့ကြသည်။ ယနေ့ ဆန္ဒပြမှုကို အာဏာပိုင်များက ရက်စက်စွာ ဖြိုခွင်းခဲ့ကြောင်း ဖနွမ်းပင်ရှိ လူ့အခွင့်အရေးအုပ်စုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဆန္ဒပြမှု အဓိကရုဏ်းအတွင်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၇၉ နှစ်အရွယ် အန်းဂ် ဆွတ်ခ်ဟွမ်ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့ အနေဖြင့် မီးသတ်ရေပိုက်များ အသုံးပြုကာ လူစုခွဲရန် ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ခတ်ပြီး ရဲကားတစ်စီးကို မီးတင်ရှို့ခဲ့ကြောင်း အာဏာပိုင်များက အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရာဘာကျည်ဆန်နှင့် မျက်ရည်ဗုံးများ အသုံးပြုခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်ကိုမူ အာဏာပိုင်များက အတည်မပြုခဲ့ချေ။

Planet Myanmar Network

RangonNewsDaily:: November . 12 .2013
ကမ္ဘောဒီးယားနိုင်ငံတွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားသည်။

ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမား သောင်းချီ အလုပ်လက်မဲ့ဖြစ်နေ

Photo: ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမား သောင်းချီ အလုပ်လက်မဲ့ဖြစ်နေ 
Tuesday, November 12, 2013

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ကာ သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရှင်က အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမားသောင်းချီ အလုပ်လက်မဲ့ ဖြစ်နေကြောင်း ထိုင်းအခြေစိုက် အလုပ်သမား အခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်ချက်အရ သိရသည်။ ဗီဇာသက်တမ်း ကုန်ဆုံးမှု၏ နောက်ဆက်တွဲ ပြဿနာအနေဖြင့် ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိရာ စမွတ် စခွန်၊ နွန်ထဘူရီ၊ ချွန်ဘူရီနှင့် ဗန်ကောက်မြို့တို့တွင် ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ ထိုင်းပွဲစားများမှ အလုပ်သမား တစ်ဦးလျှင် ဘတ် ၃၅၀၀မှ ၅၀၀၀ ကြား လိမ်လည်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။ ထို့ပြင် ပွဲစားများ အနေဖြင့် ပွဲစားများထံ ဆက်သွယ်၍ ဗီဇာသက်တမ်း တိုးခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်မှု အတွက် တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ပေးဆောင် ရမည်ဟုဆိုကာ ကြိုတင်တောင်းခံမှုများ ရှိနေကြောင်း သိရသည်။ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့သည့် ယာယီနိုင်ငံကူး လက်မှတ်နှင့် ဗီဇာရရှိထား သူများသည် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်သွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ ယင်းအလုပ်သမားများ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရအနေဖြင့် အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ အဆိုပါ အလုပ်သမားများနှင့် ပတ်သက်၍ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံ အတွင်းရှိ စခန်းများတွင်သာ ပြုလုပ်ပေးရန်၊ Over Stay ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမာများကို သတ်မှတ်ထားသည့် ဒဏ်ကြေး (တစ်ရက်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် ဘတ် ၂၀၀၀၀ ထက် ပိုမိုကောက်ခံခြင်း မပြုရန်) ဗီဇာသက်တမ်း လေးနှစ်ပြည့် အလုပ်သမားများ အတွက် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များနှင့် ကုန်ကျစရိတ်များကို တိကျစွာ ထုတ်ပြန်ပေးရန်တို့ကို နိုဝင်ဘာ ၁၁ ရက်တွင် တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။ မြန်မာအစိုးရ အနေဖြင့် ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူး လက်မှတ်တွင် အ၀င်အထွက် ပြရုံဖြင့် ထိုင်းတွင် ဆက်လက် လုပ်ကိုင်ခွင့်ရရန် မကြာသေးမီက ထိုင်းအစိုးရနှင့် သဘောတူညီမှု ရခဲ့သည်ဟု သိရသည်။ (မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံရှိ ညဈေးတန်း တစ်ခုအား တွေ့ရစဉ်)
(မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံရှိ ညဈေးတန်း တစ်ခုအား တွေ့ရစဉ်)
RangonNewsDaily:: November . 12 .2013
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ကာ သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရှင်က အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမားသောင်းချီ အလုပ်လက်မဲ့ ဖြစ်နေကြောင်း

တောင်အာဖရိကတွင် ထရပ်ကားနှင့် ဘတ်စ်ကားတိုက်၍ ၃၀ နီးပါးသေဆုံး

Photo: တောင်အာဖရိကတွင် ထရပ်ကားနှင့် ဘတ်စ်ကားတိုက်၍ ၃၀ နီးပါးသေဆုံး
Tuesday, November 12, 2013

တနင်္လာနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းနှင့် ထရပ်ကားတစ်စင်းတို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အသေအပျောက် (၂၉)ဦး ရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြား
တောင်အာဖရိကတွင် ထရပ် ကားနှင့် ဘတ်စ်ကားတိုက်၍ ၃၀ နီးပါးသေဆုံး

တောင်အာဖရိက နိုင်ငံတွင် ဖြစ်ပွားသည့် ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ခုအတွင်း လူ(၃၀)နီးပါးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းနှင့် ထရပ်ကားတစ်စင်းတို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အသေအပျောက် (၂၉)ဦး ရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ မတော်တဆမှုသည် နိုင်ငံအရှေ့ပိုင်း အမ်ပူမာလန်ဂါ အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ "စာရင်းမှတ်တမ်းတွေအရ သေတဲ့အရေအတွက်က (၂၉)ယောက်ရှိပြီ။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အဲဒီထဲက တချို့က အခြေအနေ ဆိုးတဲ့အတွက် အသေအပျောက် တိုးလာနိုင်ပါတယ်။ လူနာတွေကိုတော့ အနီးဆုံး ဆေးရုံတွေကို တင်ပို့ပေးခဲ့ပါတယ်"ဟု အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးခဲ့သည်။

တောင်အာဖရိကနှင့် အခြားသော အာဖရိက နိုင်ငံအချို့တို့တွင် လမ်းများ အခြေအနေ ဆိုးရွားခြင်းသည် ဒေသတွင်း စီးပွားရေး တိုးတက်မှုကို အနှောင့်အယှက် ပေးနေသည့် အခြေခံ အကျဆုံး အကြောင်းအရာ တစ်ရပ်လည်း ဖြစ်သည်။ ထို့အပြင် အာဖရိကတိုက်၏ အကြီးကျယ်ဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသည့် တောင်အာဖရိက နိုင်ငံအတွင်း မော်တော်ကားများ၏ ထိန်းသိမ်းမှု အားနည်းခြင်း၊ ယာဉ်မောင်းများ စည်းကမ်းမဲ့ခြင်းတို့ကြောင့် နှစ်စဉ် ယာဉ်မတော်တဆမှုများဖြင့် သေဆုံးသူ အရေအတွက် ပျမ်းမျှ (၁၄၀၀၀)ခန့်အထိ ရှိတတ်ကြောင်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: November . 12 .2013
တောင်အာဖရိက နိုင်ငံတွင် ဖြစ်ပွားသည့် ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ခုအတွင်း လူ(၃၀)နီးပါးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းနှင့် ထရပ်ကားတစ်စင်းတို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အသေအပျောက် (၂၉)ဦး ရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခုနစ်နှစ်အရွယ် မိန်းကလေးကို သတ်ပြီး ပီနံအိတ်ဖြင့် ထုပ်လျက် မြောင်းမြမြစ်အတွင်း စွန့်ပစ်ခဲ့သူ ၁၄ နှစ်အရွယ် လူငယ်အား ဖော်ထုတ်နိုင်ခဲ့

RangonNewsDaily:: November . 12 .2013
မြောင်းမြမြို့တွင် နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သော အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ရုတ်တရက် ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာတွင် ပီနံအိတ်ဖြင့်ထည့်လျက် ပြန်လည်တွေ့ရှိရသည့် လူသတ်အလောင်း ဖျောက်ဖျက်မှုနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သည်ဟု ဆိုသော စွပ်စွဲခံရသူကို မြောင်းမြရဲစခန်းမှ နိုဝင်ဘာ ၁၀ ရက်တွင် ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ ပိုင်ဆိုင်မှု ရွှေ ၇ တန်ကျော်နှင့် ဒေါ်လာ ၈ ဘီလျံကျော်ရှိ

Photo: နိုင်ငံတော်၏ ပိုင်ဆိုင်မှု ရွှေ ၇ တန်ကျော်နှင့် ဒေါ်လာ ၈ ဘီလျံကျော်ရှိ
Tuesday, November 12, 2013

မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ ရွှေပိုင်ဆိုင်မှု ပမာဏ တန်ချိန် ၇ ဒသမ ၅၃၉ တန် နှင့် နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှု ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံ ရှိကြာင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ထုတ်ဖော် ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်၏ တောင်းဆိုချက် ကြောင့် နိုင်ငံခြားသုံးသီးသန့်ငွေစာရင်းနှင့် ရွှေပိုင်ဆိုင်မှု ပမာဏကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက လာရောက် ရှင်းပြ ခဲ့ပြီး နိုင်ငံခြားသုံးငွေများကို ပြည်ပနိုင်ငံများတွင် ငွေစာရင်းဖွင့်လှစ်၍ သော် လည်းကောင်း ၊ ငွေသားအဖြစ် အစိုးရဘဏ်များတွင် ထားရှိခြင်းဖြင့်လည်းကောင်း ထိန်းသိမ်းထားကြောင်း ရှင်းလင်းပြောဆိုသည်။

နိုင်ငံတော်၏ ပိုင်ဆိုင်မှု ရွှေတန်ချိန်ပမာဏသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ စာရင်းများအရ ရွှေတန်ချိန် ၇ ဒသမ ၅၃၉ ခန့်ရှိကြောင်း၊ ယင်းရွှေများကို ဗဟိုဘဏ်က ထိန်းသိမ်း ထားသည်ဟု ဒေါ်ခင်စောဦး က ရှင်းပြသည်။

“နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံး သီးသန့်ငွေစာရင်းမှာ ရွှေစာရင်းနဲ့ နိုင်ငံခြားသုံးငွေစာရင်းဆိုပြီး ပါဝင်ပါတယ်။ ရွှေစာရင်းကို ဗဟိုဘဏ်ကထိန်းသိမ်းထားရှိပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာရှိတဲ့ နိုင်ငံတော်ရဲ့ ပိုင်ဆိုင်တဲ့ရွှေပမာဏက တန်ချိန် ၇ ဒသမ ၅၃၉ တန်ခန့်ရှိပါတယ်´´ ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသုံးငွေပိုင်ဆိုင်မှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့စာရင်းများအရ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံ ရှိပြီး ငွေသားအဖြစ် နိုင်ငံပိုင်ဘဏ်များတွင်လည်းကောင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် အဆက် အသွယ် ရှိသော ပြည်ပနိုင်ငံများတွင် ငွေစာရင်းဖွင့်လှစ်၍ Nostro Bank Account အဖြစ် အပ်နှံထားကြောင်း ရှင်းပြသည်။

“၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှု ပမာဏ စုစုပေါင်းက ၈ ဒသမ ၁၃ ဘီလျံရှိပါကြောင်း တင်ပြ အပ်ပါ တယ်။ နိုင်ငံခြားသုံးငွေကိုတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ နိုင်ငံပိုင်ဘဏ်များရဲ့ လက်ဝယ် မှာ ငွေသားအဖြစ်သော်လည်းကောင်း၊ ပြည်ပရှိ ၎င်းတို့ရဲ့ အဆက်အသွယ် ဘဏ်များ မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်ငွေစာရင်း Nostro Account မှာလည်းကောင်း အပ်နှံထားပါတယ်´´ ဟု ဒေါ်ခင်စောဦးက ဆိုသည်။

နိုင်ငံပိုင်ဘဏ်များက ပြည်နိုင်ငံများတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ထားရခြင်းမှာ ကုန်သွယ်မှု၊ နိုင်ငံခြားကြွေးမြီ ရယူခြင်း၊ ပေးဆပ်ခြင်းအပါအ၀င် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာများဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက ဗဟိုဘဏ်က ရွှေပိုင်ဆိုင်မှုနှင့် နိုင်ငံခြားငွေ စာရင်း ထုတ်ပြန်မှု အပေါ် ကြိုဆိုသော်လည်း အတိအကျ စာရင်း ထုတ်ပြန် ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ယခင်စစ်အစိုးရ လက်ထက် ကြီးပွားချမ်းသာခဲ့သော ပုဂ္ဂလိက ဘဏ်များ၏ နိုင်ငံခြားငွေပိုင်ဆိုင်မှုနှင့် အခြား ပိုင်ဆိုင်မှုများသည် တရားဝင် အခွန်ဆောင်ပြီး မည်သို့ မည်ပုံရရှိလာသည်ကို ထုတ်ဖော်ရန် လိုအပ်ကြောင်း ရှင်းပြသည်။

“ဗဟိုဘဏ်က ပိုင်ဆိုင်မှု ထုတ်ပြန်တာ အတိအကျ ထုတ်ပြန်ဖို့ လိုတယ်။ ဒါ့အပြင် ပုဂ္ဂလိက ဘဏ်တွေ အပ်ထားတဲ့ နိုင်ငံခြားမှာ အပ်ထားတဲ့ ငွေကြေးတွေကိုလည်း ထုတ်ပြန် ရမယ်။ အခုရှင်းသွားတဲ့ အချက် အလက်က သေချာ မရှင်းလင်းဘူး။ နိုင်ငံတော်ဆိုတာ ပုဂ္ဂလိကတွေရောပါသလား။ အရင်ရှင်းခဲ့တုန်းက ပုဂ္ဂလိက ဘဏ်တွေပါ ပါတယ်။ သေသေချာချာ ရှင်းပြဖို့ လိုတယ်။ ပုဂ္ဂလိက ဘဏ်  တွေ နိုင်ငံခြားမှာအပ်ထားတဲ့  ငွေတွေက တရားဝင် ရထား တာလား၊ အခွန်ဆောင် ထားပြီးပြီလား၊ ဘယ်လိုရလာတဲ့ငွေတွေလည်း အဲဒါတွေ လည်း ထုတ်ပြောရမယ်။ ဒီမိုကရေစီ စနစ်မှာ ပြည်သူက အခရာပဲ။ ပြည်သူက အဓိက။ ပြည်သူ့မဲမရရင် ဘယ်သူမှ အစိုးရ လုပ်လို့မရဘူး´´ ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ်ပြောဆိုသည်။

ရွှေချောင်းများ (ဓာတ်ပုံ – inserbia.info)
ဧရာဝတီ

RangonNewsDaily:: November . 12 .2013
မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ ရွှေပိုင်ဆိုင်မှု ပမာဏ တန်ချိန် ၇ ဒသမ ၅၃၉ တန် နှင့် နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှု ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံ ရှိကြာင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ထုတ်ဖော် ပြောဆိုသည်။

စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ

Photo: စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ 


kolatt(PBDN): November . 12 .2013

ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာ သိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော မြေကွက်များနှင့် ပတ်သက် ၍ဆန္ဒ ထုတ်ဖော်မှုအား (၇) ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
::
ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဦးဆောင်သူ ဦးမြင့်အောင်က “ တစ်အချက်က သက်ဆိုင်ရာဌာအဆင့်ကို စာတင်တယ်၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်တယ်။ အဲ့တာကိုအရေးယူ ဆောင် ရွှက်ခြင်းမရှိလို့ ၊ နှစ်အချက်ကတော့ ကျွန်တော်တို့ နဲ့ ညှိနှိုင်းပွဲတွေ လုပ်တယ်။ ဒါပေမယ့် ညွှန်မှုး တွေညွှန်ချုပ်တွေက အလုပ်မလုပ်လို့ ၊ သုံးအချက်ကတော့ လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေး ရေးကော်မတီက တားမြစ်စာ ထုတ်ထားတာကို ဆက်လုပ်တာ ကိုမကျေလို့  ဆန္ဒထုတ်ဖော်တာဖြစ်တယ် ”ဟုဆိုသည်။
::
သက်ဆိုင်အစိုးရဌာနအနေဖြင့် ပြည်သူများ၏ထိခိုက်နစ်နာမှုများအား ဆောင်ရွှက်ပေးခြင်းမရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါကိုမှမဆောင် ပေးသေးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့  လူစည်ကားရာ နေရာဖြစ်တဲ့ ဆူးလေမှာသပိတ်စခန်း ဖွင့်သွားဖို့ ရှိပါတယ်။ 

လာမယ့် ဆီးဂိမ်းမှာတော့ ဆန္ဒပြတာတွေကို လုပ်မှာမဟုတ်ပါဘူး။ ကိုယ်မြန်မာနိုင်ငံဂုဏ်သိက္ခာ ကျမှာစိုးလို့ ပါ”ဟု ဦးမြင့်အောင်က ပြောသည်။
::
ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာသိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေကွက်များထဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲစည်းမှအလုပ်သမားအရေး ဆောင်ရွက် ပေးနေသူ မသက်သက်အောင်၏ မိဘဘိုးဘွားပိုင်မြေများ အသိမ်းခံရသည့်အထဲတွင် ပါရှိကြောင်းလည်း မသက်သက်အောင်ထံမှ သိရသည်။

The Myanma Age::-- 

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 12 .2013
ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာ သိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော မြေကွက်များနှင့် ပတ်သက် ၍ဆန္ဒ ထုတ်ဖော်မှုအား (၇) ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ခြသေ့င်္ ပုံကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အစားထိုးရေး ပြည်သူ့လွှတ်တော်တွင်အဆိုတင်သွင်းတော့ မည်

Photo: ခြသေ့င်္ ပုံကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အစားထိုးရေး ပြည်သူ့လွှတ်တော်တွင်အဆိုတင်သွင်းတော့
မည်


RangonNewsDaily:: November . 12 .2013

ပိုက်ဆံမှာ ခြသေ့င်္ရုပ်တွေပဲ ဖြစ်နေတယ်၊ ခါတိုင်းလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနဲ့ ပြန်ဖြစ်သင့်ပြီ ဆိုတဲ့အကြောင်းပြည်သူ့လွှတ်တော်မှာ မနက်ဖြန် အဆိုတင်သွင်းတော့မယ်လို့ သိရပါတယ်။
::
တင်သွင်းမယ့်သူက သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်။

မြန်မာငွေဟာ ကြည့်လိုက်ရင် ကျပ်တထောင်တန်အထိ ခြသေ့င်္ပုံတွေပဲ ဖြစ်နေတယ်၊ အဲဒီပုံက နိုင်ငံရေးပါတီတခုရဲ့ တံဆိပ်အမှတ်အသား ဖြစ်နေတယ် တဲ့။ "သို့အတွက် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ် အမှတ်အသားအား နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆပါသည်"
ဆိုပြီး သူက အဆိုတင်သွင်းမယ်လို့ သတင်းရပါတယ်။
::
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပြန်အစားထိုး ထုတ်ဖို့ လွှတ်တော်က ဗဟိုအစိုးရကို တိုက်တွန်းဖို့ သူက အဆို တင်သွင်းမှာပါ။

မနက်ဖြန် သူ့အဆိုကို ခြသေ့င်္ပုံ အမှတ်အသား ပါတီကြီးရဲ့ ကိုယ်စားလှယ်တွေက ထောက်ခံမလား၊ ကန့်ကွက်မလား?
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံကြမလား၊ ကန့်ကွက်ကြမလား?
မနက်ဖြန် အဖြေ သိရပါလိမ့်မယ်။
::
ထောက်ခံမဲ များမယ် ဆိုရင်တော့ လွှတ်တော်က ဗဟိုအစိုးရကို ကျပ်ငွေတွေကို ပုံပြောင်းထုတ်ဖို့ တိုက်တွန်းပါလိမ့်မယ်။
ဒါဆိုရင် ဗဟိုအစိုးရကလည်း တိုက်တွန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ဖွယ် ရှိပါတယ်။
ဒါတွေက တနှစ်အတွင်းတော့ ဖြစ်လာမယ် မထင်ပါ။ သုံးနှစ်လောက်တော့ ကြာကောင်း ကြာနိုင်ပါတယ်။

သေချာတာကတော့ အထက်ပါသတင်းအတိုင်း ဦးသိန်းညွန့်က အဆိုတင်ဖြစ်ခဲ့ရင် မနက်ဖြန် လွှတ်တော်အစည်းအဝေးက ခါတိုင်းထက်ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိမယ်၊ ပြင်ပရဲ့ ဂရုစိုက်မှု ပိုရမယ် ဆိုတာပဲဖြစ်ပါတယ်။
::
ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူမှာ ရိုက်နှိပ်ဖို့ လူငယ်အင်အားစုရဲ့ ဆန္ဒကို ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီသတင်းကို http://burma.irrawaddy.org/၀_general-aung-san/2013/02/16/34039.html မှာ ဖတ်ရှုနိုင်ပါတယ်။ 

မနက်ဖြန် ကြားရဖွယ်ရှိတာကတော့ ပြည်သူတွေ မဲပေးလို့ လွှတ်တော်ထဲရောက်သွားသူတွေရဲ့ အသံပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သားတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့အသံလည်း ကြားရဖွယ် ရှိပါတယ်။ သေချာတာကတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ သူတို့ရဲ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။
::
နေ့တိုင်းသုံးနေတဲ့ ငွေစက္ကူတွေမှာ ခြင်္သေ့ပုံ အစားထိုးခါစတုန်းကတော့ ထူးဆန်းတဲ့ ပြင်ဆင်ချက်အဖြစ် ရှုမြင်ခဲ့ကြပါလိမ့်မယ်။

စစ်ဗိုလ်ချုပ်များ တန်ခိုးထွားတဲ့ မြန်မာပြည်မှာ ငွေစက္ကူပုံနှိပ်ရာမှာ အဲဒါထက် ထူးဆန်းထွေလာဖြစ်အောင် လုပ်ခဲ့တာတွေ ရှိပါတယ်။
::
၃၅ ကျပ်တန်
၄၅ ကျပ်တန်
ကျပ် ၉၀ တန် ငွေစက္ကူတွေ ထုတ်ခဲ့ခြင်းပါပဲ။
ထုတ်ခဲ့တုန်းကလည်း အံ့သြကြတယ်၊ နောင်လာနောက်သားတို့ကလည်း အံ့သြကြပါလိမ့်မယ်။

ပြောင်းလဲမှုလမ်းကြောင်းပေါ် ရောက်နေတဲ့ မြန်မာပြည်ကြီးမှာ ငွေစက္ကူပေါ်ကပုံတွေကို ပြောင်းလဲဖို့ ပြောဆိုနေကြ လေသံပစ်နေကြပါပြီ။


The Irrawaddy (Burmese Version) ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 12 .2013
ပိုက်ဆံမှာ ခြသေ့င်္ရုပ်တွေပဲ ဖြစ်နေတယ်၊ ခါတိုင်းလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနဲ့ ပြန်ဖြစ်သင့်ပြီ ဆိုတဲ့အကြောင်းပြည်သူ့လွှတ်တော်မှာ မနက်ဖြန် အဆိုတင်သွင်းတော့မယ်လို့ သိရပါတယ်။

ဖေ့စ်ဘုတ် လူထုဟစ်တိုင်နဲ့ သခင်လှကြိုင်

Photo: ဖေ့စ်ဘုတ် လူထုဟစ်တိုင်နဲ့ သခင်လှကြိုင် 
Tuesday, November 12, 2013

အင်တာနက် ဖေ့စ်ဘုတ် လူမှု ကွန်ရက်ရဲ့ အကျိုးကျေးဇူးဟာ လူသားတဦးရဲ့ ဘ၀ ကို ချိုးကွေ့ပြောင်းလဲ သွား စေပါတယ်။ 

ထင်ရှားတဲ့ သက်သေဖြစ်ရပ်တခုကတော့ ဒီရက်ပိုင်း လူမှု ကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ တချိန်က လွတ်လပ်ရေး မော်ကွန်ဝင် တော်လှန်ရေးသမား ဟောင်းကြီး သခင်လှကြိုင်တယောက် ပဲခူးမြို့ တံတားတခုပေါ်မှာ တောင်းရမ်းစားသောက်နေတာကို လူမှု အသိစိတ် ရှိတဲ့ လူတချို့က စတင်ဖော်ထုတ် ခဲ့ကြပါတယ်။ 

တန်ဘိုးသိ လူသားတွေက ဖေ့စ်ဘုတ်ပေါ်က တို့ဗမာ အစည်းအရုံးတံဆိပ်နဲ့ အတူ လွတ်လပ်ရေး မော်ကွန်း ၀င် သခင် လှကြိုင်အတွက် တတ်နိုင်တဲ့ ဘက်က ထောက်ပံ့ကူညီမှုတွေလုပ်နိုင်ဖို့ ဆော်သြ ကြတယ်။

စင်္ကာပူ၊ သြစတြေးလျ၊ အမေရိကား၊ ဂျပန်၊ ထိုင်း၊ မလေးရှား အစရှိတဲ့ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာ
တွေ က လည်း အလှူငွေ ကောက်ခံပြီး သခင်လှကြိုင်ဆီ ပံ့ပိုး ကူညီကြတယ်။
  
အင်တာနက် လူမှု ကွန်ရက် ဖေ့စ်ဘုတ် ပေါ်က သခင်လှကြိုင်အပေါ် လူ့အသိစိတ်နဲ့ ၀ိုင်းဝန်းဂရုဏာ သက်ကြ တာကို စစ်မှု ထမ်းဟောင်း အဖွဲ့ကြီးလည်း သိသွားပြီး ပဲခူးမြို့ စစ်မှု ထမ်းဟောင်းအဖွဲ့က တာဝန်ရှိ သူတွေက တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်လှကြိုင်ကို ခေါ်ယူတွေ့ဆုံကာ စားဝတ်နေရေး ကိစ္စ တာဝန်ယူဖို့ စီစဉ်နေကြပါပြီ။ 

သခင်လှကြိုင်ရဲ့ ဘ၀ တဆစ်ချိုး အပြောင်းအလဲဖြစ်စေခဲ့တဲ့ ခေတ်သစ် ဟစ်တိုင် ဖေ့စ်ဘုတ်လူမှု ကွန်ရက် စာမျက်နှာ တွေကို အကျိုးရှိရှိ အသုံးချတတ်ရင် ကျမတို့ မြန်မာတွေ အားလုံးမှီတင်းနေထိုင်ကြ တဲ့ 
မြန်မာနိုင်ငံတော်ရဲ့ ဘ၀ကြီး လည်း တဆစ်ချိုးပြောင်းလဲသွားနိုင်ပါတယ်လို့ ယုံကြည်မိပါတယ်။ 


အိမ့်သံစဉ် ~ 

ဧရာဝတီblog

 ဖေ့စ်ဘုတ်မှာပျံ့နေတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ ပဲခူးက ခေါ်ယူတွေ့ဆုံစဉ် သခင်လှကြိုင်

ဖေ့စ်ဘုတ်မှာပျံ့နေတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ ပဲခူးက ခေါ်ယူတွေ့ဆုံစဉ် သခင်လှကြိုင်
RangonNewsDaily:: November . 12 .2013
အင်တာနက် ဖေ့စ်ဘုတ် လူမှု ကွန်ရက်ရဲ့ အကျိုးကျေးဇူးဟာ လူသားတဦးရဲ့ ဘ၀ ကို ချိုးကွေ့ပြောင်းလဲ သွား စေပါတယ်။

လုပ်ကြံခံရသော သေနတ်ပစ် အားကစားသမားဟောင်းအမှုတွင် သတ်ခိုင်းကြောင်း ယောက္ခမဝန်ခံ

Photo: လုပ်ကြံခံရသော သေနတ်ပစ် အားကစားသမားဟောင်းအမှုတွင် သတ်ခိုင်းကြောင်း ယောက္ခမဝန်ခံ
Tuesday, November 12, 2013

ယခင် ထိုင်းနိုင်ငံ လက်ရွေးစင်သေနတ် ပစ် အားကစားသမားဟောင်း ဂျက်ခရစ်၏ယောက္ခမဖြစ်သူ မစ္စ ဆူရန်က သမက်ဖြစ်သူကို သတ် ရန် သေနတ်သမား ငှားရမ်းခဲ့ ကြောင်း တနင်္လာနေ့နံနက်တွင် ထိုင်းနိုင်ငံ ရုပ်သံလိုင်း အမှတ်- ၃မှ ဝန်ခံပြောကြားခဲ့သည်ဟု သိ ရသည်။

နိုင်ငံ့လက်ရွေးစင် သေနတ် ပစ်အားကစားသမားဟောင်း ဂျက်ခရစ်သည် လွန်ခဲ့သောလ က ၎င်း၏ကိုယ်ပိုင်ကားအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ ခြင်းဖြစ်သည်။ မစ္စဆူရန်က ၎င်း ၏သမီးဖြစ်သူ ဒေါက်တာနစ်တီ ဝက်ဒီကို သမက်ဖြစ်သူက နှိပ်စက် ညှဉ်းပန်းခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ သည်။

အသက်၇၂နှစ်ရှိပြီဖြစ်သော မစ္စဆူရန်က ၎င်း၏တစ်ဦးတည်း သောသမီးလေးသည် ယောက်ျား အား လွန်စွာချစ်မြတ်နိုးကြောင်း နှင့် သမက်ဖြစ်သူက သားအမိ နှစ်ဦးစလုံးအပေါ်တွင် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ ပြီး သားအမိနှစ်ဦးမှာ တစ်ဦးကို တစ်ဦး ဖြေသိမ့်နေခဲ့ရသည်ဟု ရင်ဖွင့်ခဲ့သည်။

ထို့နောက် သမက်ဖြစ်သူမှာ ထောင်ကျခဲ့ပြီး ထောင်မှ လွတ် မြောက်လာသောအခါ ယခင်အ တိုင်းပင် ဇနီးဖြစ်သူကို ရိုက်နှက် ခြင်းများပြုလုပ်ခဲ့ပြီး မိမိအနေ ဖြင့် ဝင်ရောက်ပြောဆိုနိုင်စွမ်းမ ရှိခဲ့ကြောင်း ပြန်လည်ပြောပြခဲ့ သည်။ သမီးဖြစ်သူမှာလည်း လင် ယောက်ျားကိုအပြစ်မမြင်ဘဲ ဆက် လက်ပေါင်းသင်းခဲ့ပြီး တတိယ မြောက်ကိုယ်ဝန်မှာ ယောက်ျား ၏ရိုက်နှက်ညှဉ်းပန်းမှုကြောင့် ပျက်ကျခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် မိမိသည် သမက် အား သတ်ရန်အတွက် သေနတ် သမားကို ငှားရမ်းစီစဉ်ခဲ့ခြင်းဖြစ် သည်ဟု အကြောင်းစုံကို ဝန်ခံခဲ့ သည်။ မစ္စဆူရန်သည် လူသတ်မှု ၏ နောက်ကွယ်မှ တရားခံမှန်း သမီးဖြစ်သူသိရှိသောအခါ မိခင် ဖြစ်သူ၏ သူမအပေါ်ချစ်ခင်သော စိတ်ကိုသိရှိနားလည်၍ မိခင်အ စားထောင်ကျခံရန် ကြိုးပမ်းခဲ့ သည်ဟု သိရသည်။ ထိုင်းရဲအာဏာပိုင်များ သည် အဆိုပါလူသတ်မှုနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးနေဆဲအ ချိန်တွင် မစ္စဆူရန်က ယခုကဲ့သို့ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု သိရ သည်။

Yangon Media Group

RangonNewsDaily:: November . 12 .2013
ယခင် ထိုင်းနိုင်ငံ လက်ရွေးစင်သေနတ် ပစ် အားကစားသမားဟောင်း ဂျက်ခရစ်၏ယောက္ခမဖြစ်သူ မစ္စ ဆူရန်က သမက်ဖြစ်သူကို သတ် ရန် သေနတ်သမား ငှားရမ်းခဲ့ ကြောင်း တနင်္လာနေ့နံနက်တွင် ထိုင်းနိုင်ငံ ရုပ်သံလိုင်း အမှတ်- ၃မှ ဝန်ခံပြောကြားခဲ့သည်ဟု သိ ရသည်။

နယူးယောက်တွင် ဆိုင်ကယ်ဂိုဏ်းတစ်ခု ကားလိုက်ရိုက်မှုဖြစ်

Photo: နယူးယောက်တွင် ဆိုင်ကယ်ဂိုဏ်းတစ်ခု ကားလိုက်ရိုက်မှုဖြစ်
Tuesday, November 12, 2013

နယူးယောက်မြို့ မှာ ဒီလို မှုခင်း ဖြစ်လိမ့်မယ်လို့ ထင်မထားပါဘူး။ ဘာကြာင့်လဲ ဆိုတော့ ပြစ်မှု ကျူးလွန်သူထဲမှာ နယူးယောက်မြို့  က ရဲတစ်ဦးပါ ပါဝင်နေလို့ ဖြစ်ပါတယ်။ ရဲကတော့ Undercover လို့ခေါ်တဲ့ အရပ်သားယောင်ဆောင် အမှုလိုက်နေတဲ့ ရဲ ဖြစ်ပြီး အသက် ၃၂ နှစ်ရှိပါပြီ။

နေ့ခင်းကြောင်တောင် မြို့လမ်းပေါ် သွားနေတဲ့ Range Rover SUV တစ်စီးနောက်ကို ဆိုင်ကယ်ပေါင်း ၁၁ စီးက လိုက်ပါတယ်။ ဆိုင်ကယ်ဦးထုတ်ကိုယ်စီ စောင်းထားပြီး ကားနောက်ထပ်ကြပ်မကွာ လိုက်နေပုံက ပတ်ဝန်းကျင်ကိုလည်း သိသာစေခဲ့ပါတယ်။ ဒါကို သတိထားမိတဲ့ အရပ်သား မော်တော်ယာဉ် တစ်ခုက မှတ်တမ်းဗီဒီယိုလိုက်ရိုက်ပြီး မှုခင်းသက်သေပေးတော့ Undercover ရဲလည်း အဖမ်းဆီး ခံလိုက် ရပါတယ်။

ဗီဒီယိုအရ ကားနောက်ထပ်ကြပ်မကွာလိုက်ပြီး မီးပွိုင့်မိတုန်း ဆိုင်ကယ်ပေါ်က ဆင်းပြီး မှန်ဝိုင်းခွဲ၊ အတွင်းက ဒရိုင်ဘာကိုပါ ကားပေါ်ကနေ ဆွဲထုတ်ပါတယ်။ နောက်တော့ ဒရိုင်ဘာဟာ ကားကို ထားခဲ့ပြီး ထွက်ပြေးရ ပါတယ်။ ဘာကြောင့်မို့ အုပ်စုဖွဲ့ပြီး ယခုလို ရန်းကားတယ်ဆိုတာကို အဖြေရှာနေဆဲပါပဲ။ ရဲတစ်ဦး အနေနဲ့ ပါဝင်နေတာကလည်း သံသရ ရှိစရာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြစ်မှုကျူးလွန်သူ နယူးယောက်မြို့ ခံ ရဲဟာ အပြစ် ထင်ရှားရင် ထောင်ဒဏ် ၂၅ နှစ်ကျခံရဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: autoblog
ColayAutomobile

RangonNewsDaily:: November . 12 .2013
နယူးယောက်မြို့ မှာ ဒီလို မှုခင်း ဖြစ်လိမ့်မယ်လို့ ထင်မထားပါဘူး။ ဘာကြာင့်လဲ ဆိုတော့ ပြစ်မှု ကျူးလွန်သူထဲမှာ နယူးယောက်မြို့  က ရဲတစ်ဦးပါ ပါဝင်နေလို့ ဖြစ်ပါတယ်။ ရဲကတော့ Undercover လို့ခေါ်တဲ့ အရပ်သားယောင်ဆောင် အမှုလိုက်နေတဲ့ ရဲ ဖြစ်ပြီး အသက် ၃၂ နှစ်ရှိပါပြီ။

ဟယ်လန်ကို မျက်နှာဖုံးတင်ရန် Playboy ပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးရန်စီစဉ်

Photo: ဟယ်လန်ကို မျက်နှာဖုံးတင်ရန် Playboy ပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးရန်စီစဉ်
Tuesday, November 12, 2013

Playboy၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူထားသည့် ဟုဂ်ျဟက်ဖ်နာသည် လာမည့်နှစ် အစောပိုင်းတွင် ထုတ်ဝေမည့် မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် နေရာအတွက် အသက်(၂၃)နှစ်ရှိ မော်ဒယ်လ်ကို အထူးတလည် လိုလား တောင့်တနေကြောင်း သတင်းများက ဖော်ပြခဲ့
ဟယ်လန်ကို မျက်နှာဖုံးတင်ရန် Playboy ပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးရန်စီစဉ်

နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး Playboy၏ မျက်နှာဖုံးရှင်အဖြစ် ဟယ်လန် ဖလာနာဂန်ကို ရွေးချယ်ရန် မဂ္ဂဇင်းပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးမည်ဟု သိရသည်။ Playboy၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူထားသည့် ဟုဂ်ျဟက်ဖ်နာသည် လာမည့်နှစ် အစောပိုင်းတွင် ထုတ်ဝေမည့် မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် နေရာအတွက် အသက်(၂၃)နှစ်ရှိ မော်ဒယ်လ်ကို အထူးတလည် လိုလား တောင့်တနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဟုဂ်ျသည် ယင်းအခြေအနေအတွက် လော့စ်အန်ဂျလိစ်ထိ သွားရောက်ပြီး ဟယ်လန်နှင့် ဆွေးနွေးဖွယ် ရှိနေသည်။ ပြီးခဲ့သည့်လက ဟုဂ်ျနှင့် ဟယ်လန်တို့ တွေ့ဆုံဖြစ်ခဲ့ရာ ဟုဂ်ျက ဟယ်လန်တွင် Playboy မဂ္ဂဇင်း မျက်နှာဖုံးရှင် ဖြစ်ထိုက်သည့် ကိုယ်ရည်ကိုယ်သွေးအားလုံး ပြည့်စုံနေသည်ဟု ယုံကြည်ခဲ့ကြောင်း နီးစပ်သူများက မှတ်ချက်ပြုခဲ့သည်။

အသက်(၈၇)နှစ်ရှိ ဟုဂ်ျ၏ မိတ်ဆွေတစ်ဦးက "Playboy မဂ္ဂဇင်း တာဝန်ရှိသူတွေ အားလုံးက ဟယ်လန်ဟာ မျက်နှာဖုံးရှင် ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ နှစ်တိုင်းနှစ်တိုင်း မိန်းကလေးတွေ အများကြီးကို မျက်နှာဖုံးရှင် နေရာအတွက် သူတို့စဉ်းစားကြတာပါ။ ဒါပေမဲ့ ဟယ်လန်ကိုတော့ ဟုဂ်ျကိုယ်တိုင်က အထင်ကြီးနေပြီး သူ့အတွက် အခွင့်အရေးက အများကြီး ပိုမြင့်မားနေပါတယ်။ ဟုဂ်ျက ဗြိတိသျှ အမျိုးသမီးတွေကို သဘောကျပါတယ်။ ပြီးတော့ ဟယ်လန်ဟာ အံ့ဩစရာ ထူးခြားတဲ့ အမျိုးသမီး တစ်ယောက်လို့လည်း သူက ယူဆထားတယ်။ ပြီးတော့ Playboyရဲ့ မျက်နှာဖုံးရှင်အဖြစ် လုံးဝ ထိုက်တန်ကြောင်း သူကိုယ်တိုင် အကြွင်းမရှိ ယုံကြည်ထားတာပါ"ဟု ပြောကြားသွားခဲ့သည်။ ဟုဂ်ျသည် ဒီဇင်ဘာလ အစောပိုင်းခန့်တွင် ဟယ်လန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ဖွယ် ရှိနေပြီး အကယ်၍ အဆင်ပြေ ချောမွေ့ပါက ဇန်နဝါရီလထုတ် မဂ္ဂဇင်းတွင် ဟယ်လန်က မျက်နှာဖုံးရှင် ဖြစ်လာနိုင်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 12 .2013
နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး Playboy၏ မျက်နှာဖုံးရှင်အဖြစ် ဟယ်လန် ဖလာနာဂန်ကို ရွေးချယ်ရန် မဂ္ဂဇင်းပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးမည်ဟု သိရသည်။

ကမ္ဘာ့အကြီးကျယ်ဆုံးအဖြစ် မှတ်တမ်းဝင်သွားသည့် မင်္ဂလာပွဲ

Photo

RangonNewsDaily:: November . 12 .2013
နီဆန်ဆာလားနှင့် နာလင်းတို့သည် ယခင်က ထိုင်းနိုင်ငံမှ စုံတွဲတစ်တွဲ တင်ရှိထားသည့် သတို့သား သတို့သမီးအရန် (၉၆)ဦးပါရှိသည့် အကြီးမားဆုံး မင်္ဂလာပွဲ စံချိန်ကို သာသာယာယာပင် ရိုက်ချိုးပစ်ခဲ့သည်

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းတွင် မော်တော်မီးလောင် ရှစ်ဦးဒဏ်ရာရ

Photo: မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းတွင် မော်တော်မီးလောင် ရှစ်ဦးဒဏ်ရာရ

kolatt(PBDN): November . 12 .2013

မန္တလေးမြို့တွင် ဂေါ်ဝိန်ဆိပ်ကမ်း(မရမ်းခြံဆိပ်)၌ မန္တလေးမှထီးချိုင့်သို့ထွက်မည့် စန္ဒာမင်းမော်တော်တွင် ဆီပေပါတင်ဆောင်ရာမှ မတော်တဆမီးလောင်ကျွမ်းမှု နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် ဖြစ်ပွားခဲ့ရာ မော်တော်ပိုင်ရှင်အပါအဝင် ရှစ်ဦး မီးလောင်ဒဏ်ရာများရရှိသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု အဆိုပါဆေးရုံကြီးမှ သိရသည်။

ဒဏ်ရာရရှိသူများသည် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်၊ ကိုကုလား(ခ)ကျော်သူစိုး၊ စက်ကိုင် ကိုကျော်မောင်၊ ကိုမျိုး၊ ကိုချမ်းငြိမ်း၊ ကိုဂျစ်တူး၊ ကိုတင်ယုနှင့် ကိုဝဲကျော်တို့ဖြစ်ပြီး ကိုချမ်းငြိမ်းနှင့် ကိုတင်ယု မှာစိုးရိမ်ရသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ဆိုသည်၊

အဆိုပါ မီးလောင်မှုကို မွန်းလွဲ၂နာရီခွဲတွင်ငြှိမ်းသတ်နိုင်သည်။ အသေးစိတ်အချက်လက်ကိုမူ မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

Mizzima News ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 12 .2013
မန္တလေးမြို့တွင် ဂေါ်ဝိန်ဆိပ်ကမ်း(မရမ်းခြံဆိပ်)၌ မန္တလေးမှထီးချိုင့်သို့ထွက်မည့် စန္ဒာမင်းမော်တော်တွင် ဆီ
ပေပါတင်ဆောင်ရာမှ မတော်တဆမီးလောင်ကျွမ်းမှု နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် ဖြစ်ပွားခဲ့ရာ

လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၂၀၁၄ -၂၀၁၅ ဘဏ္ဌာရေးနှစ်တွင် စီစစ်ပြီးမှ ပြောင်းလဲတောင်း ခံသွားမည်ဟုဆို

RangonNewsDaily:: November . 12 .2013
လျှပ်စစ်ဓာတ်အားခနှုန်းထားတိုးမြှင့် သတ်မှတ်ခြင်း ကိစ္စကို ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်၌ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၂၀၁၄ -၂၀၁၅ ဘဏ္ဌာရေး နှစ်တွင် စီစစ်ပြီးမှ ပြောင်းလဲတောင်း ခံသွားမည်ဖြစ်ကြောင်း တင်ပြသွားသည်။

OIC မြန်မာပြည်သို့ လာရောက်လေ့လာမည့် အစီအစဉ် ကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေ

Photo: OIC မြန်မာပြည်သို့ လာရောက်လေ့လာမည့် အစီအစဉ် ကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေ


kolatt(PBDN): November . 12 .2013

OIC မြန်မာပြည်သို့ လာရောက်လေ့လာမည့် အစီအစဉ်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။
::
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် သံဃာနှင့် ပြည်သူများ ပါဝင်ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး ဗဟန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့မှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း မကွေးပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့သည်။ 

Eleven Media ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 12 .2013
OIC မြန်မာပြည်သို့ လာရောက်လေ့လာမည့် အစီအစဉ်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။

Haiyan မုန်တိုင်း ဝင်ခဲ့တဲ့ ဖိလိပိုင်နိုင်ငံမှာ နောက်ထပ် မုန်တိုင်းဝင်ဖို့ရှိ

Photo: Haiyan မုန်တိုင်း ဝင်ခဲ့တဲ့ ဖိလိပိုင်နိုင်ငံမှာ နောက်ထပ် မုန်တိုင်းဝင်ဖို့ရှိ
Tuesday, November 12, 2013

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ၀င်မွှေခဲ့တဲ့ ဟိုင်ယမ် မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းကျော်သေဆုံးခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှာ နောက်ထပ် မုန်တိုင်း တခု ဒီကနေ့ နှောင်းပိုင်းမှာ ၀င်ရောက်ဖို့ ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ဟိုင်ယမ် မုန်တိုင်းလောက် အင်အားမရှိပေမယ့် အင်အားအသင့်အတင့်ရှိတဲ့ ဒီမုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခတ်နိုင်သလို မိုးသည်းထန်ဖို့လည်း ရှိနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။

ဖိလစ်ပိုင်သမ္မတ Benigno Aquino က ဘေးဒုက္ခဆိုက်ရောက်မှု အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

ရုတ်တရက် ကုန်ဈေးနှုန်းတက်လာမှာကို ထိန်းချုပ်မှု အပြင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတော် ဘဏ္ဍာကို အသုံးပြုဖို့အတွက်ကိုပါ အခုကြေငြာမှုက အကြုံးဝင်စေမှာ ဖြစ်ပါတယ်။

လူပေါင်းများစွာဟာ အစာရေစာ ပြတ်လတ်ပြီး သောက်သုံးရေသန့် ရရှိဖို့ အခက်အခဲကြောင့် လုယက်မှုတွေလည်း ရှိနေပါတယ်။

လုယက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် Tacloban လို ဒေသတွေမှာ စစ်တပ်က စောင့်ကြပ်မှုတွေလုပ်ဆောင်နေကြပါတယ်။

ABC Radio Australia

Haiyan မုန်တိုင်းကြောင့် ပျက်စီးမှုတွေ များပြားသလို လူပေါင်း တစ်သောင်းကျော်လည်း သေဆုံးခဲ့ရပါတယ်။

RangonNewsDaily:: November . 12 .2013
ပြီးခဲ့တဲ့ရက်ပိုင်းကဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ၀င်မွှေခဲ့တဲ့ ဟိုင်ယမ် မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်း
ကျော်သေဆုံးခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှာ
နောက်ထပ်မုန်တိုင်းတခုဒီကနေ့ နှောင်းပိုင်းမှာဝင်ရောက်ဖို့ ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်
နေကြပါတယ်။

OIC ကိုယ်စားလှယ်အဖွဲ့ အစိုးရ၊ ဒေါ်စုတို့နဲ့ တွေ့မည်

Photo: OIC ကိုယ်စားလှယ်အဖွဲ့ အစိုးရ၊ ဒေါ်စုတို့နဲ့ တွေ့မည် 
Tuesday, November 12, 2013

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင်းမှာ မကြာသေးခင်နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးဖို့ နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ရဲ့ အတွင်းရေးမှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို သွားဖို့စီစဉ်နေပါတယ်။ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာပါ။ အပြည့်အစုံကိုတော့ OIC တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

OIC (ခေါ်) နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း ကိုယ်စားလှယ်အဖွဲ့မှာ အတွင်းရေးမှူးချုပ် Ekmeleddin Ihsauoglu နဲ့အတူ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒက်ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျီဘူတီ (Djibouti) နိုင်ငံ ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး(၇) ဦး လိုက်ပါလာမှာ ဖြစ်ပါတယ်။ ငါးရက်ကြာမြင့်မယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေ ဘယ်လိုအကာအကွယ် ပေးနိုင်သလဲဆိုတာနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ တွေ့ဆုံ စကားပြောမှာ ဖြစ်တယ်လို့ OIC ရုံးရဲ့ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

“OIC အဖွဲ့ဝင်နိုင်ငံတွေက အစိုးရ၀န်ကြီးတွေဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမှာပါ။ အကြောင်းအရာ တော်တော်များများ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ OIC အနေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီဆိုင်ရာ ကိစ္စအတွက်တင် မဟုတ်ပါဘူး။ ဒီ အကူအညီတွေကို ဘယ်လိုပေးနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးမှာပါ။ ပြီးတော့ ဒီခရီးစဉ်အတွင်း မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို OIC ခေါင်းဆောင်ပိုင်းအနေနဲ့ ပထမဆုံးအကြိမ် သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့လည်း ဒီလူနည်းစုအခွင့်အရေးနဲ့ပတ်သက်လို့ ဘယ်လို အကာအကွယ်ပေးနိုင်သလဲဆိုတာ ညှိနှိုင်းဆွေးနွေးမှာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ OIC ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ဖို့ကိစ္စလည်း အဓိက ဆွေးနွေးဖို့ရှိတယ်လို့ OIC ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

မြန်မာအစိုးရကတော ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ထားခြင်း မရှိသေးသလို အိမ်နီးချင်း ဘင်္ဂလားဒက်ရှ် နိုင်ငံက ဝင်ရောက်လာ သူတွေ ဖြစ်တယ်လို့ သဘောထားပါတယ်။

OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိမရှိဆိုတာ မသိရသေးပေမယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို နိုဝင်ဘာလ (၁၆) ရက် နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

OIC ရဲ့ အခုတခေါက်ခရီးစဉ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပေးဖို့မရှိပေမယ့် အနာဂတ်မှာ ဒီလိုမျိုး အကူအညီတွေ ဘယ်လိုပေးနိုင်သလဲ ဆိုတာကို မြန်မာအစိုးရနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ OIC ရုံးရဲ့ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

“OIC အနေနဲ့ မြန်မာအစိုးရကို ဘယ်လိုပဲဖြစ်ဖြစ် အကူအညီပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် သူတို့ ကြိုးပမ်းနေတာတွေ၊ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ဆောင်ရွက်နေတာတွေ မြင်တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုတာ ကျမတို့ နားလည်ပါတယ်။ ဒါကြောင့်လည်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို OIC အနေနဲ့ သွားပြီး ကူညီပေးချင်တာပါ။”

ခရီးစဉ်အတွင်းမှာ OIC ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို လာမယ့် အောက်တိုဘာလ (၁၅) ရက်ဒါမှမဟုတ် (၁၆) ရက်နေ့မှာ သွားဖို့ စီစဉ်ထားပါတယ်။

OIC အတွင်းရေးမှူးချုပ်ကလည်း စက်တင်ဘာလတုန်းက နယူးရောက်မြို့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ သူတွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အရေးဆိုင်ရာ ပြဌာန်းချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တဲ့ကိစ္စ အတွက် မြန်မာနိုင်ငံကို သွားရောက်တာဖြစ်တယ်လို့ ပြောပါတယ်ရှင်။ 

VOA

OIC - နိုင်ငံတကာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း အဖွဲ့ဝင်နိုင်ငံများပြဇယား။

OIC - နိုင်ငံတကာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း အဖွဲ့ဝင်နိုင်ငံများပြဇယား။
RangonNewsDaily:: November . 12 .2013
မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင်းမှာ မကြာသေးခင်နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံ
ယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးဖို့ နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ရဲ့ အတွင်းရေးမှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့မှာ
 မြန်မာနိုင်ငံကို သွားဖို့စီစဉ်နေပါတယ်။

လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့် ဖြစ်စဉ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည်

Photo: လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့် ဖြစ်စဉ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည်
Tuesday, November 12, 2013

လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့်ဖြစ်စဉ် လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင်ဖြစ်လာရန် ရှိနေကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောသည်။

“ပုံမှန်အားဖြစ်ကတော့ လ နဲ ALDEBERAN နက္ခတ်ကြယ်ဟာ တစ်လတစ်ခါတော့ ပူးယှဉ်လေ့ရှိတယ်။ အခုနိုဝင်ဘာလမှာကျတော့ လ နဲ့  ALDEBERAN နက္ခတ်ကြယ်ဟာ အနီးဆုံးမှာပူးမှာဖြစ်တဲ့အတွက်ကြောင့် ထူးခြားဖြစ်စဉ်လို့ သတ်မှတ်လို့ ရတယ် ”ဟု ဦးဇေယျာကိုက ပြောကြားသည်။

ALDEBERAN အမည်ရှိ နက္ခတ်ကြယ်မှ လ အားထွင်းဖောက်သည့်
ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံနှင့် အိန္ဒယ ၊ ထိုင်း၊ လော၊ အစရှိသည့်
နိုင်ငံများတွင် နိုင်ငံခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များအား လက်အောက်ငယ် သားများက အာခံနိုင်ဖွယ်ရှိနေကြောင်း ဦးဇေယျာကိုက ထပ်လောင်းပြောဆိုသည်။

“တစ်နည်းအားဖြင့်ကတော့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ အတွက် ထူးခြားမှုဖြစ်ပေါ်လာနိုင်တယ်။”ဟု ဦးဇေယျာကိုက ပြောကြားသည်။

ALDEBERAN အမည်ရှိ နက္ခတ်ကြယ်မှ လ အားထွင်းဖောက်သည့်ဖြစ်စဉ်အား လေ့လာလိုပါက နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြန်မာမိုးကောင်းကင် ဦးခေါင်းထိပ်တည့်တည့်တွင် အလင်းရောင်အား ကောင်းသည့် နက္ခတ်ကြယ်အား လ နှင့်အနီးဆုံးတွင် တွေ့ရှိရမည်ဖြစ်ကြောင်း သိရသည်။

ALDEBERAN နက္ခတ်ကြယ်အား အာရပ်များက နောက်လိုက်ကြယ်ဟု ခေါ်ဆိုသမုတ်ကြပြီး ALDEBERAN နက္ခတ်ကြယ်သည် မြန်မာများ၏ ၁၂ ရာသီ ဂြိုလ်ဂွင်အရ ပြိတ္တရာသီ ကြယ်စုထဲတွင် အဆိုပါ နက္ခတ်ကြယ်သည် ရှိကြောင်းသိရှိရသည်။

နှင်းနွယ်
The Myanma Age

RangonNewsDaily:: November . 12 .2013
လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့်ဖြစ်စဉ် လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင်ဖြစ်လာရန် ရှိနေကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောသည်။

ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစကားဝိုင်းသို့ သဝဏ်လွှာပေးပို့

Photo: ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစကားဝိုင်းသို့ သဝဏ်လွှာပေးပို့
Monday, November 11, 2013 

နိုဝင်ဘာလ ၁၀ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် 'မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်း'သို့ ဟောလိဝုဒ်မင်းသမီးတဦးဖြစ်သူ၊ ကုလသမဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ရှေ့ဆောင်အဖွဲ့အား ပူးတွဲတည်ထောင်သူ အင်ဂျလီနာဂျိုလီက သဝဏ်လွှာ ပေးပို့ခဲ့သည်။

ဂျိုလီက “ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ဆောင်ရွက်ပေးခြင်းမရှိဘဲ၊ မည်သည့်လူ့အဖွဲ့အစည်းမှ တိုးတက်နိုင်စွမ်းရှိသလောက် အပြည့်အ၀ တိုးတက်မှာမဟုတ်ပါဘူး” ဟု သူမ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများမှတဆင့် အခွင့်အလမ်းကောင်းများကို အမိအရ ဆုပ်ကိုင်နိုင်ရန် နိုင်ငံအတွင်းရှိ အမျိုးသမီးများ အင်အားစုကြီးတစု ဖြစ်လာစေရန် ကြိုးပမ်းချက်များအား သူမအနေဖြင့် ဂုဏ်ယူမိကြောင်း ဖော်ပြထားသည်။

အမျိုးသမီးများအား ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ အုပ်ချူပ်ရေးကဏ္ဍနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ပါဝင်နေခြင်းအား မြင်တွေ့လိုကြောင်းနှင့် ၎င်းတို့ ပါဝင်ခြင်းဖြင့် နိုင်ငံ၏ ဒီမိုကရေစီပြည့်ဝသော အနာဂတ်အား တည်ဆောက်ခြင်း နှင့် ပဋိပက္ခများအား ဖြေရှင်းရာတွင် မရှိမဖြစ် လိုအပ်ကြောင်း ရေးသားထားသည်။

အင်ဂျလီနာဂျိုလီက နိုင်ငံသားများ၏ ရပိုင်ခွင့်များအား ကာကွယ်ပေးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ပဋိပက္ခဖြစ်ရာဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ၎င်းတို့ရထိုက်သော အခွင့်အရေးများ ၊ တရားမျှတမှုများ နှင့် စောင့်ရှောက်မှုများ ရရှိစေရန် အရေးကြီးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများအား လက်တွေ့အမှန်တကယ်ဖြစ်လာစေရန် အမျိုးသမီးများမှ ကြိုးစားအားထုတ်နေခြင်းအား ကျေနပ်မိကြောင်း ပြောခဲ့သည်။

အင်ဂျလီနာဂျိုလီအား နိုဝင်ဘာလ ၁၀ရက်တွင် ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းအား တတ်ရောက်ရန်အား ကိုလံဘီယာတက္ကသိုလ်မှ သြဂုတ်လ ၉ ရက်နေ့က စတင်ဖိတ်ကြားခဲ့ခြင်းဖြစ်သော်လည်း သူမအနေဖြင့် တတ်ရောက်နိုင်ခဲ့ခြင်း မရှိသည့်အတွက် သတင်းစကားသာ ပေးပို့နိုင်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: November . 12 .2013
နိုဝင်ဘာလ ၁၀ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် 'မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်း'သို့ ဟောလိဝုဒ်မင်းသမီးတဦးဖြစ်သူ၊ ကုလသမဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ရှေ့ဆောင်အဖွဲ့အား ပူးတွဲတည်ထောင်သူ အင်ဂျလီနာဂျိုလီက သဝဏ်လွှာ ပေးပို့ခဲ့သည်။

လူငယ်လူရွယ်များကိုပါ ခြိမ်းခြောက်လာနေသော လေဖြတ်ခြင်း

Photo: လူငယ်လူရွယ်များကိုပါ ခြိမ်းခြောက်လာနေသော လေဖြတ်ခြင်း
Tuesday, November 12, 2013

လူငယ်လူရွယ်များဟာ လေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမကျန်း ဖြစ်မှုတွေဟာ လာမယ့်၂၀၃၀ပြည့်နှစ် မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ 

အသက်၂၀မှ၄၀အတွင်းရှိသူများမှာ လေဖြတ်ခြင်းကို ကြုံတွေ့ ခံစားလာရခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ခန့်က ထက်လေဖြတ်သူစုစုပေါင်းမှာ ၃၁%ရှိလာတယ်လို့ ထိပ်တန်းဆေးပညာ ဂျာနယ်တစ်စောင် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ၁၉၉၀ ခုနှစ်တုန်းက၂၅%ပဲရှိရာကနေ တိုးလာတာဖြစ်ပါတယ်။

အသက်၂၀နှစ်အောက် လူငယ်တွေမှာ လေဖြတ်ခြင်းကို ခံစားရသူတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ တစ်ကမ္ဘာလုံးအရေအတွက်အရဆိုရင် ၈၃၀၀၀ ဦးရှိလာနေပြီး ဒါဟာလေဖြတ်ရောဂါရှင်တွေရဲ့ ၀.၅%ဖြစ်လာနေပါတယ်။ WHO ကတော့ လေဖြတ်ခြင်းရဲ့ ခြိမ်းခြောက်မှုဟာ အသက်ကြီးတဲ့သူတွေကနေ အသက်ငယ်သူတွေဆီကို ရွေ့လာနေကြောင်း၊ ဒါဟာ ဘ၀နေထိုင်မှုပုံစံ မမှန်ခြင်းကြောင့် ဖြစ်ရကြောင်းကို ထောက်ပြထားပါတယ်။လူငယ်တွေမှာ ယမကာမှီဝဲ ခြင်း၊ အစားအစာများ ပိုငန်လာခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ကယ်လိုရီတွေ တက်လာခြင်းတွေဟာ လေဖြတ်နိုင်ချေကို ပိုများစေတဲ့ ဘ၀နေထိုင်မှု ပုံစံတွေပဲဖြစ်ပါတယ်။
ယခင်ကလေဖြတ်ခြင်းကို အသက် ၇၀ကျော် သက်ကြီးရွယ်အိုတွေမှာ ကာကွယ်ကုသမှုတွေလုပ်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အသက် ငယ်ရွယ်သူတွေကိုပါ အခုအချိန်မှာ အာရုံစိုက်လာရပါပြီ။ နောက်ပြီး လူငယ်တွေမှာ ဦးနှောက်သွေးကြောပေါက်လို့ဖြစ်ရတဲ့ လေဖြတ်ခြင်းဟာလည်း အရေအတွက် များလာနေပါတယ်။

ဒီလေ့လာမှုမှာတော့ လူငယ်တွေမှာလေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမကျန်းဖြစ်မှုတွေဟာလာမယ့် ၂၀၃၀ပြည့်နှစ်မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိပြီး အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေနဲ့ အလယ်အလတ် ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေမှာ ပိုပြီးအဖြစ်များမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အဲဒီ နိုင်ငံတွေက လူငယ်တွေမှာ ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်း၊ ဆေးလိပ်သောက်ခြင်းတွေ ပိုမိုမြင့်တက်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။

သန့်စင်
Health Updates Journal

RangonNewsDaily:: November . 12 .2013
လူငယ်လူရွယ်များဟာ လေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမကျန်း ဖြစ်မှုတွေ
ဟာ လာမယ့်၂၀၃၀ပြည့်နှစ် မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါ
တယ်။

ကရင်စာပေသင်နိုင်ရေး ကေအန်ယူနှင့် တနင်္သာရီတိုင်းအစိုးရ ဆွေးနွေး

Photo: ကရင်စာပေသင်နိုင်ရေး ကေအန်ယူနှင့် တနင်္သာရီတိုင်းအစိုးရ ဆွေးနွေး
Monday, November 11, 2013 

တနင်္သာရီတိုင်းဒေသြကီးအတွင်း  ကရင်ကျေးရွာတွေက စာသင်ကျောင်းတွေမှာ ကရင် စာပေ သင်ကြားနိုင်ရေးအတွက်  တနင်္သာရီတိုင်းဒေသြကီး အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ရဲ့ မြိတ်-ထားဝယ်ခရိုင် ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

တနင်္သာရီတိုင်းဒေသြကီး ၀န်ကြီးချုပ်  ဦးမြတ်ကို ဦးဆောင်တဲ့အဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ မြိတ်-ထားဝယ်ခရိုင်မှူး ပဒိုဘီးလယ်တို့ ဦးဆောင်တဲ့အဖွဲ့တို့ နိုဝင်ဘာ ၈ ရက်နေ့က  ကရင်ကျေးရွာတွေမှာ  ကရင်စာပေ သင်ကြားနိုင်ရေးအပါအ၀င် အချက် ၄ ချက် အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီ အချက် ၄ ချက်ကေတာ့ ၁၉၉၇ ခုနှစ်က  အစိုးရရဲ့ ထိုးစစ်ဆင်မှုကြောင့် ကျသွားတဲ့ ကျေးရွာတွေ ပြန်လည်ရရှိရေး၊  နှစ်ဖက်တပ်တွေ သွားလာတဲ့နေရာမှာ စည်းကမ်းတကျ ရှိအောင်နဲ့ ပြဿနာ ဖြေရှင်းနိုင်အောင် ဆက်သွယ်ရေးဌာန ဖွင့်လှစ်ဖို့၊  ကေအန်ယူ  တပ်မဟာ ၄ အြေခစိုက် ဒေသတွင်းမှာ ရှိတဲ့ ကရင်ရွာက ကျောင်းတွေက  ကရင်စာ သင်နိုင်ရေးနဲ့  ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပူးတွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်က ကရင်စာပေ သင်ကြားရေးကို လက်ခံတဲ့အြေကာင်း ကေအန်ယူရဲ့ မြိတ်-ထားဝယ်ခရိုင် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က စောထူးကေပ်ါက ပြောပါတယ်။

”ပညာရေးကေတာ့ ကျေန်ာတို့အေနနဲ့ ကရင်စာ သင်ကြားဖို့ တင်တာ ၀န်ကြီးချုပ် ဦးမြတ်ကို ပြောတာတော့ သင်လို့ရတယ်။ ဒါပေမယ့် စာနဲ့ ပတ်သက်လာရင် လွန်တာ ကျွံတာ မရှိစေချင်ဘူးလို့ ပြောပါတယ်။”

ဒါ့အြပင် ကရင်ကျောင်းတွေမှာ  မြန်မာနဲ့ ကရင်အလံတွေ ပူးတွဲတင်ဖို့ကိစ္စနဲ့ ကေအန်ယူက ဆုံးရှုံးသွားတဲ့ေမြေနရာတွေ ပြန်လည်ရရှိရေးကိစ္စေတွလည်း တင်ပြခဲ့တယ်လို့ စောထူးကေပ်ါက  ပြောပါတယ်။

“၁၉၉၇ တုန်းက အစိုးရတပ်ကေနြပီး တပ်မဟာ ၄ ကို လာရောက် သိမ်းပိုက်တယ်လေ။ သိမ်းပိုက်တော့ ရွာပေါင်း ၂၀ ကျော်က သူတို့လက်အောက်မှာ ကျသွားတော့ နေလို့မရေတာ့ ထွက်ပြေးရတယ်လေ။ အဲဒီမှာ ပျက်စီးသွားတဲ့ပုံစံ ဖြစ်သွားတာပေါ့။ အဲဒါတွေ ပြန်လည်ရရှိရေး နောက်ပြီး နဂို နေထိုင်သွားခဲ့တဲ့သူတွေ ပြန်လည်အြေခချနိုင်ရေးပေါ့။”

အစိုးရတပ်တွေ သိမ်းပိုက်စဉ်က  ဒေသခံရွာသားတွေဟာ  ထိုင်းနယ်စပ်မှာ ရှိတဲ့ ထမ်းဟင် ဒုက္ခသည်စခန်းဆီကို ထွက်ပြေး ခိုလှုံခဲ့ကြရြပီး တချို့ ဒုက္ခသည်တွေကိုတော့  တတိယနိုင်ငံကို ပြောင်းရွှေ့ အြေခချေနထိုင်နြေကြပီ ဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်းဒေသြကီး အစိုးရအဖွဲ့အေနနဲ့  သူတို့ အထက်အရာရှိတွေကို ပြန်လည် တင်ပြပီး  နောက်တြကိမ် ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲကို ထားဝယ်မြို့မှာ ပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသြကီး အစိုးရအဖွဲ့က ကိုယ်စားလှယ် ၁၅ ဦးနဲ့ ကေအန်ယူ ကိုယ်စားလှယ် ၆ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

DVB TV News

RangonNewsDaily:: November . 12 .2013
တနင်္သာရီတိုင်းဒေသြကီးအတွင်း ကရင်ကျေးရွာတွေက စာသင်ကျောင်းတွေမှာ ကရင် စာပေ သင်ကြားနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသြကီး အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ရဲ့ မြိတ်-ထားဝယ်ခရိုင် ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းတွင် အကျဉ်းကျနေသော မြန်မာများ ထိုင်းဘုရင့်မွေးနေ့တွင် ပြန်လွှတ်ရန် တောင်းဆိုထား

RangonNewsDaily:: November . 12 .2013
(နေပြည်တော်) ထိုင်းနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများကို ဒီဇင်ဘာလ ၅ရက်တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ် ဖူမိဖွန်အဒုလဒိစ် (King Bhumibol Adulyadej)၏ သက်တာ် ၈၆နှစ်ပြည့် မွေးနေ့တွင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးရန် မြန်မာအစိုးရက ထိုင်းအစိုးရအား တောင်းဆိုထားသည်ဟု ပြည်ထဲရေးဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က နိုဝင်ဘာလ ၁၁ရက် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

လိုင်ဇာ ဘုံရပ်တည်ချက် လက်မှတ်မထိုးသော်လည်း RCSS မူအရ လက်ခံ

RangonNewsDaily:: November . 12 .2013
အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ လိုင်ဇာတွင် ကျင်းပသည့် ညီလာခံတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီချက် ၁၁ ချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCS S/SSA) အနေဖြင့် လက်မှတ်မထိုးခဲ့သော်လည်း မူအားဖြင့် သဘောတူညီကြောင်း RCSS/SSA ပြောခွင့်ရ သူ ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။

ကိုယ်ဝန် ၄လ ရှိနေပြီလို့ ဖွင့်ဟလာတဲ့ ချောရတနာ

Photo: ကိုယ်ဝန် ၄လ ရှိနေပြီလို့ ဖွင့်ဟလာတဲ့ ချောရတနာ
Monday, November 11, 2013

သရုပ်ဆောင်ချောရတနာနဲ့ သူမရဲ့ အမျိုးသား ကိုကျော်လင်းတို့ရဲ့ အိမ်ထောင်သက် ဟာ အခုဆိုရင်ဖြင့် ၁၁ လကြာမြင့်ခဲ့ပါပြီ။ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေ နားထားခဲ့သလို ရင်သွေးလေးလိုချင်နေပါပြီလို့ ခဏခဏဖြေလေ့ရှိတဲ့ မချောဟာ သူမမျှော်လင့်ခဲ့တဲ့ ရင်သွေးလေးကို မထင်မှတ်ပဲ ရနေခဲ့တာ ၄ လကျော်သွားပါပြီတဲ့။ ကိုယ်ဝန်ရှိနေမှန်းမသိခဲ့သလို ရင်ခေါင်းတောင့်တာလောက်ပဲရှိတဲ့အတွက် နေမကောင်းဖြစ်တယ်ထင်ပြီး  ဘန်ကောက်မှာ Medical Check Upသွားလုပ်ရင်း ကိုယ်ဝန်ရှိနေကြောင်းသိခဲ့ရတာပါလို့ မချောကပြောပါတယ်။ သူမရဲ့ ကိုယ်ဝန်က ၄လကျော်သွားပြီဖြစ်ပြီး အိုဂျီ ဒေါ်ခင်လေးကြွယ်နဲ့အပ်ထားကာ ၀ိတိုရိယဆေးရုံမှာ မွေးဖွားမှာဖြစ်ကြောင်း သူမကပြောပါတယ်။ သက်ဦးလေးဖြစ်တဲ့အတွက် သူမရဲ့ ခံစားချက်က အရမ်းပျော်နေပါတယ်တဲ့။ ‘ကလေးလိုချင်နေတာကြာပြီ၊ ဘာလို့လဲဆိုတော့ချောတို့က အသက်ကြီးမှ အိမ်ထောင်ပြုတာဆိုတော့ ကလေးကိုချောရော၊ ချောအမျိုးသားရောကလိုချင်နေကြတာ။ အခုရနေပြီဆိုတော့ တအားပျော်ပါတယ်။ ပြီးတော့ ချောတို့ဖက်ကဆို မိန်းကလေးများတယ်။ ကိုကျော်လင်းတို့ဖက်ကကျတော့ ယောကျာ်းလေးများတော့ ဘာလေးပဲဖြစ်ဖြစ် မလိုချင်တာတော့မရှိပါဘူး။ သက်ဦးလေးဖြစ်တဲ့အတွက် ဘာလေးပဲဖြစ်ဖြစ်ကျေနပ်ပါတယ်။ ချောတို့ဖက်ကတော့ မြေးဦးလေးဆိုတော့ပျော်ကြတယ်။ ၀မ်းသာကြတယ်။ ကိုကျော်လင်းမှာက တူလေးတစ်ယောက်၊ တူမလေးတစ်ယောက်ရှိတော့ မြေးဦးတော့မဟုတ်ဘူး။ ဒါပေမဲ့ သူတို့လဲဝမ်းသာကြတယ်။ ချောရဲ့ ယောက္ခမကဆို ချောကိုသမီး အရင်းလိုပဲဆက်ဆံတယ်။ ဂရုလဲစိုက်တယ်။ ချောကလဲ အမေအရင်းလိုပါပဲ။  ချောကို အစစအရာရာဂရုစိုက်တဲ့အတွက် အရမ်း စိတ်ချမ်းသာရပါတယ်။’ လို့ချောရတနာက ပြောပြခဲ့ပါတယ်။ အခုဆိုရင် ကိုယ်ဝန်ရှိနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အစစအရာရာ ဂရုစိုက်နေပြီး အနားယူနေကြောင်းသူမရဲ့ သတင်းထူးကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကို ပြောပြခဲ့ပါတယ်။

Trend Myanmar

RangonNewsDaily:: November . 12 .2013
သရုပ်ဆောင်ချောရတနာနဲ့ သူမရဲ့ အမျိုးသား ကိုကျော်လင်းတို့ရဲ့ အိမ်ထောင်သက် ဟာ အခုဆိုရင်ဖြင့် ၁၁ လကြာမြင့်ခဲ့ပါပြီ။

Model ဇာဇာထက် ရဲ့ အလှဓာတ်ပုံများစုစည်းဖော်ပြမှု

 
 
RangonNewsDaily:: November . 12 .2013
Model ဇာဇာထက် ရဲ့ အလှဓာတ် ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တောင်ကြီးမြို့မှာ စတင်ကျင်းပ

Photo: တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တောင်ကြီးမြို့မှာ စတင်ကျင်းပ
Monday, November 11, 2013

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနှစ်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မနေ့ညက စတင်ကျင်းပရာ အရင်နှစ်တွေကထက် လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပွဲတော်လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတာတွေကို အခုလို ပြောပါတယ်။

“ဒီနှစ်ထူးခြားတာက ဒုတိယပြည်နယ်ရဲမှူးကြီး စောင့်ပြီးတော့မှ ပြိုင်ပွဲဝင်မယ့် မီးပုံးပျံတွေ ကျနော်နဲ့အတူပေါ့၊ ဌာနဆိုင်ရာ မီးသတ်တို့၊ ရဲတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့မှ ကြိုတင်ကွင်းဆင်း စစ်ဆေးထားပြီးပြီ်၊ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာဖြစ်နေတဲ့ ပေါက်ကွဲမှုတွေ ထပ်မဖြစ်ရအောင် မီးပုံးပျံအဖွဲ့တွေကို ကျနော်တို့က ကြိုတင်ပြီးတော့ လိုက်လံသတိပေးတယ်”

တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက် က တောင်ကြီးမြို့ အဝေရာကုန်းသာယာမှာကျင်းပခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ ပြည်နယ်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံတွေအပါအဝင် လူသိန်းနဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်အထိ ကျင်းပမယ့် ဒ်ီမီးပုံးပျံပြိုင်ပွဲမှာ စုစုပေါင်းမီးပုံးပျံ ၄၀၀ နီးပါး ပြိုင်ပွဲဝင်မှာ ဖြစ်ပါတယ်။

အခုနှစ်မှာ ရန်ကုန်အခြေစိုက် ကုမ္ပဏီတွေရဲ့ ပြိုင်ပွဲဝင်ကြော်ငြာမီးပုံပျံတွေ အရင်နှစ်ထက် နည်းပါးသွားသလို ဆိုင်ခန်းဌားရမ်းခတွေ သိသိသာသာ မြင့်တက်လာတာကြောင့် အရင်နှစ်တွေထက် ဆိုင်ခန်းအရေအတွက် လျော့နည်းသွားတယ်လို့လည်း သိရပါတယ်။

RFA

RangonNewsDaily:: November . 12 .2013
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနှစ်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မနေ့ညက စတင်ကျင်းပရာ အရင်နှစ်တွေကထက် လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းစက်ရုံမှာ ပိတ်လှောင်ခံရသူ မြန်မာ ၂၆ ဦး ပြန်လွတ်

Photo: ထိုင်းစက်ရုံမှာ ပိတ်လှောင်ခံရသူ မြန်မာ ၂၆ ဦး ပြန်လွတ်
Monday, November 11, 2013

မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ လာအိုနိုင်ငံသား ၂၄ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်းကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလွတ်မြောက်လာသူ အယောက် ၅၀ ထဲမှာ မြန်မာနိုင်ငံ ကျိုက်ထို၊ သံဖြူဇရပ်၊ ဘုရားသုံးဆူ၊ ဘီးလင်း၊ အောင်လံ၊ ရန်ကုန်နဲ့ ပဲခူးစတဲ့ ဒေသအသီးသီးက အသက် ၁၈ နှစ်အောက် ၃ ဦးအပါအဝင် မြန်မာအမျိုးသမီး ၁၆ ဦး၊ လာအိုအမျိုးသမီး ၂၀ ဦး စုစုပေါင်းအမျိုးသမီး ၃၆ ဦး ပါဝင်ပါတယ်။

လွတ်မြောက်လာပြီး နောက်တစ်ရက်မှာပဲ မြန်မာနဲ့ လာအိုသံရုံးက တာဝန်ရှိသူတွေ သွားရောက်အားပေးစကားပြောကြားခဲ့ပြီး အဲဒီအလုပ်သမားတွေကို အရေးမယူဖို့ ထိုင်းအာဏာပိုင်တွေကို ပြောဆိုခဲ့ကြောင်းနဲ့ လိုအပ်ရင် အလုပ်သမားတွေအတွက် ကူညီဆောင်ရွက်ပေးဖို့ရှိကြောင်း မြန်မာသံရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တာဝန်ရှိတဲ့အရာရှိကို ကျနော်တို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနဲ့ အခုအချိန်မှာ ဆက်ဆံရေးလည်း အရမ်းကောင်းတယ၊် အဲဒါလေးကို ထောက်ရှုပြီးတော့မှ မဖမ်းဖို့၊ အရေးမယူဖို့။ ပြီးတော့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့၊ သံအမတ်ကြီး မှာကြားတဲ့အတိုင်း ကျနော်သူတို့ကို မေတ္တာရပ်ခံခဲ့ပါတယ်။ လိုအပ်လို့ရှိရင်တော့ သူတို့ပြန်ဖို့ သံရုံးအနေနဲ့တော့ ကျနော်တို့ ကူညီဆောင်ရွက်ပေးမှာပါ”

အဲဒီအလုပ်သမားတွေဟာ လုပ်ငန်းခွင်က ထွက်မပြေးနိုင်အောင် ၈ ပေခန့်မြင့်တဲ့ အုတ်တံတိုင်းအပေါ်မှာ လျှပ်စစ်ဓါတ်လွှတ်ထားတဲ့ ဝါယာကြိုးတွေ တပ်ဆင်ထားပြီး ပိတ်လှောင်စေခိုင်းခံနေရတာ အစောဆုံး ၁၅ ရက်ကနေ ၃ နှစ်ခန့်အထိ ရှိသူတွေဖြစ်တယ်လို့ ကယ်ဆယ်သူတွေက ပြောပါတယ်။

ရရှိတဲ့သတင်းအချက်အလက် အထောက်အထားတွေအရ AHTD အဖွဲ့နဲ့ လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက် သူဌေးလုပ်သူက လက်နက်ကိုင်ဆောင်ထားတယ်လို့ ယူဆရတဲ့အတွက် အဲဒီစက်ရုံနှစ်ရုံကို ကျည်ကာအင်္ကျီဝတ် ရဲအင်အား ၄၀ ခန့်နဲ့ စက်ရုံတစ်ရုံပြီးတစ်ရုံ ဝင်ရောက်စီးနင်းခဲ့ရတာဖြစ်ကြောင်း MATအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“ကျနော်တို့ခြံရှေ့ကို ကားရပ်တာနဲ့ တပြိုင်တည်း သူဌေးကပြေးပြေးဆိုတဲ့အတွက် အလုပ်သမားတွေဟာ အကုန်လုံးအခန်းတွေထဲကို ဝင်ပြီးတော့ ပုန်းနေကြတယ်၊ ကျနော်က ဗမာသံနဲ့အော်တယ်၊ လာကယ်တာ၊ နင်တို့တွေ မပြေးကြနဲ့ ထွက်ကြဆိုတော့ ဗမာတွေထွက်လာကြတယ်၊ လာအိုတွေလည်း ထွက်လာကြတယ်၊ ထူးခြားတာတစ်ခုက အဲဒီအလုပ်ရုံမှာ လျှပ်စစ်ကြိုး နှစ်ချောင်းလွှတ်ထားတယ်၊ အလုပ်သမားတွေ ထွက်ပြေးရင် ဓါတ်လိုက်လို့ သေအောင်ဆိုပြီးတော့၊ အဲဒါတွေကို AHTDနဲ့ အဲဒီ channel 7 ကသတင်းထောက်တွေက သေသေချာချာလျှပ်စစ်မီး tester နဲ့စမ်းတော့ မီးတကယ်လင်းတယ်၊ တကယ်ပဲ လျှပ်စစ်လွှတ်ထားတာကိုတွေ့ရတယ်၊ စိတ်မကောင်းစရာပေါ့၊ ဆိုတော့ ပွဲစားလင်မယားတစ်တွဲရယ် နောက်အမျိုးသမီး တစ်ယောက် ပွဲစား ၃ ယောက်ကို ကျနော်တို့ဖမ်းဆီးနိုင်ခဲ့တယ်၊ သူဌေးလင်မယား နှစ်ယောက်ကိုလည်း ဖမ်းပြီးတော့ခေါ်လာတယ်”

ဖမ်းဆီးခံရတဲ့ ပွဲစားတွေကတော့ ဘုရားသုံးဆူဒေသသားတွေဖြစ်တဲ့ အောင်ဇော်မိုးနဲ့ သဉ္ဖာမိုး ဆိုသူလင်မယားနဲ့ မနွေးထွေး ဆိုသူတို့ဖြစ်ပြီး တစ်ယောက်လွတ်သွားတယ်လို့ ဆိုပါတယ်။ မကွေးတိုင်း အောင်လံမြို့နယ်က မနွယ်နွယ်ဦး ကတော့ သူမတို့ကို ပွဲစားတွေက လိမ်ညာပြီးခေါ်လာကြောင်း၊ ကားပေါ်မှာလည်း လူချင်းထပ်ကာခေါ်လာတာဖြစ်ပြီး ဒီအလုပ်ရောက်လာတဲ့ သူမအတွေ့အကြုံကို အခုလိုပြောပါတယ်။

“သမီးလမ်းမှာပေါ့နော်၊ စလာတုန်းကတော့ ကြပ်ကြပ်သပ်သပ်နဲ့ လာခဲ့ရတယ်။ ဒုက္ခရောက်ခဲ့ရတယ်။ သေလုမတတ်ပဲ။ လူထပ်ထပ်ပြီးတော့ပေါ့နော်၊ ဒီလည်းရောက်ရော အလုပ်ကဗူးခွံကောက်ရတဲ့ အလုပ်ဖြစ်နေတယ်၊ သမီးတို့ကိုခေါ်တော့ ရေသန့်စက်ရုံလို့ ပြောခေါ်တယ်။ အလုပ်ကတော့ လူကိုအရမ်းခိုင်းတယ်။ အမြန်လုပ်ပေးပေါ့နော်။ မခိုမကပ်လုပ်ပေးတယ်။ ဒါပေမယ့် အဲဒီသူဌေးသမီးကို အကောင်းမပြောဘူး။ ဟိုဘေးမှာလည်း လျှပ်စစ်တွေလွှတ်ထားတယ်။ ပြီးတော့ သမီးတို့ကို အပြင်ပေးမထွက်ဘူး၊ ကန်ဇွန်းရွက်စားချင်တယ်ဆိုတာတောင် သူအပြင်ပေးမထွက်ဘူး။ ဘာလို့ဆိုတော့ ထွက်ပြေးမှာကြောက်လို့ လို့ပြောတယ်၊ ဟိုဘက်အခန်းက လေးယောက်ကို သူဌေးမောင်းထုတ်တယ်။ ရိုက်တယ်နှက်တယ်၊ ပါးတွေဘာတွေ ရိုက်တယ်၊ ဒါပေမယ့်သူ့ အသံကြောက်လို့ သမီးတို့ အခန်းထဲက မထွက်ရဲဘူး။ သမီးတို့ ကိုယ့်အမေဆီကိုပဲ ကိုယ်ပြန်တော့မယ်။ ကိုယ့်ဗမာပြည်မှာပဲ ကောင်းရောင်းကောင်းဝယ်လုပ်စားတော့မယ် ဆုံးဖြတ်ထားတယ်။”

အလုပ်သမားတွေကို ပွဲစားတွေက တစ်ဦးကိုဘတ်ငွေ ၁၂၀၀၀ နဲ့ ရောင်းစားခဲ့ကြတာဖြစ်ပြီး၊ သူဌေးလုပ်သူက အလုပ်သမားတစ်ဦးကို တစ်လ ဘတ်ငွေ ၅၅၀၀ နဲ့ အလုပ်သမတစ်ဦးကို ဘတ်ငွေ ၅၀၀၀ လစာပေးတယ်လို့ သိရပါတယ်၊ ဒါပေမဲ့ အဲဒီအထဲကနေ တစ်လကို အခန်းခ ၆၀၀၊ ရေခမီးခ ၃၀၀ နဲ့ ရဲကြေး ၃၀၀ စုစုပေါင်း ၁၂၀၀ ပြန်ဖြတ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံထဲမှာ အဲဒီအလုပ်သမားတွေဟာ ၈ ပေ ပတ်လည်ခန့်ရှိတဲ့ အခန်းငယ်လေးတွေမှာ တစ်ခန်းကိုလူ ၄ ဦးစီ နေထိုင်နေခဲ့ကြရပြီး၊ တချို့အခန်းတွေမှာဆို လင်မယားစုံတွဲ ၂ တွဲစီ နေထိုင်ကြရတယ်လို့ သိရပါတယ်၊ အစားအသောက်ကိုတော့ သူဌေးလုပ်သူရောင်းတဲ့ဆိုင်ကသာ ဝယ်စားကြရပြီး ပုံမှန်အားဖြင့် ကြက်ဥနဲ့ ခေါက်ဆွဲခြောက်သာရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမား ၆ ဦးကို ယာယီကယ်ဆယ်ရေးစခန်းမှာထားရှိပြီး၊ ကျန်ရှိသူတွေကိုတော့ ကလောင်လန် (Kloung Luang) ရဲစခန်းအတွင်းမှာထားရှိကာ လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

RFA

RangonNewsDaily:: November . 12 .2013
မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ လာအိုနိုင်ငံသား ၂၄ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်းကယ်တင်နိုင်ခဲ့ပါတယ်။

Camella Brand Ambassador အဖြစ် ခင့်ဝင့်ဝါကိုခန့်အပ်

Photo

RangonNewsDaily:: November . 12 .2013
Camella Brand Ambassador ခန့်အပ်ခြင်းသာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၃ နာရီအချိန်က Junction Square မှာပြုလုပ်ခဲ့ပါတယ်။

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ကျန်းမာရေး ယိုယွင်း

Photo: ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ကျန်းမာရေး ယိုယွင်း
Monday, November 11, 2013 

စစ်ခေါင်းဆောင်ဟောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေများထံမှ သိရပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့ သင်္ကန်းကျွန်းမြိုနယ်ရှိ ပုညနိမိတ္တာရာမ ရွှေသုဝဏ်ကျောင်းမှာ ပြုလုပ်တဲ့  မိသားစု ကထိန်ကိုတောင်မှ တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ ဆရာတော်ကို အိမ်သို့ ပင့်ဆောင်ပြီး တရားနာယူခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေလည်း ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဂါရ၀ပြုခဲ့ကြတယ်လို့ သိရပါတယ်။

DSA အပတ်စဉ် ၁၉ ဆင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မောင်အေး အပေါ်မှာ လေးစားသူတဦးဖြစ်သလို၊ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ရရှိအောင် ထောက်ခံပေးသူတဦးလို့လည်း ယုံကြည်ထားသူလို့ သိရှိရပါတယ်။

သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အချက်ကတော့ စစ်သားစိတ် အပြည့်ရှိခြင်းနဲ့ လက်အောက်ငယ်သားများ အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခြင်းတို့ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအ၀န်းက အသိအမှတ်ပြုကြပါတယ်။

မိသားစု ကထိန်ကိုတော့ ဇနီးဖြစ်သူ ဒေါ်မြမြစန်းကပဲ ဦးစီးကျင်းပခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ န၀တ အစိုးရလက်ထက် အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့ အပါအ၀င် စစ်ဘက်၊ နယ်ဘက်မှ အရာရှိများလည်း လာရောက်တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးဟာ  ၁၉၅၅ ခုနှစ်က ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေး စစ်တက္ကသိုလ် (Defense Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒေချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော် တို့နဲ့ တပတ်စဉ်ထဲ ဆင်းခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် မတ်လမှာ နိုင်ငံတော် အကြီးအကဲနဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူခဲ့ပါတယ်။

အနားယူပြီးတဲ့ နောက်မှာတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ လွတ်လပ်စွာ ခရီးသွားရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲနှစ် မေလမှာတော့ ရုတ်တရက် လေဖြန်းသွားတဲ့အတွက် စင်ကာပူနိုင်ငံကို သွားရောက် ဆေးကုခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ နေပြည်တော် နေအိမ်မှာပဲ စာဖတ်နေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သူ စိုးရိမ်တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလက သွားရောက်ကန်တော့ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပြောဆိုခဲ့ပါသေးတယ်။

The Irrawaddy (Burmese Version)

RangonNewsDaily:: November . 12 .2013
စစ်ခေါင်းဆောင်ဟောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေများထံမှ သိရပါတယ်။