Pages

Monday, November 11, 2013

သမ္မတအေဗရာဟင်လင် ကွန်းအားလုပ်ကြံခဲ့သော တရားခံလေးဦး၏ ကြိုးပေးသည့်ဓာတ်ပုံများ လေလံတင်

Photo: လင်ကွန်းကိုလုပ်ကြံခဲ့သော တရားခံလေးဦး၏ ကြိုးပေးသည့်ဓာတ်ပုံများ လေလံတင်
Monday, November 11, 2013 

သမ္မတအေဗရာဟင်လင် ကွန်းအား ပူးပေါင်းလုပ်ကြံသတ် ဖြတ်ရာတွင်ပါဝင်ခဲ့သည့် တရားခံ လေးဦးကို ကြိုးပေးစီရင်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံလေး ပုံအား မယုံနိုင်ဖွယ်ရာပင် အမေ ရိကန်ဒေါ်လာ ၁၀၀၀၀ဝနှင့် လေ လံတင်ရောင်းချခဲ့ကြောင်း သိရ သည်။

သမိုင်းဝင်ဖြစ်ရပ်မှတ်တမ်း တင် ဓာတ်ပုံများကို ၁၈၆၅ခုနှစ် ဇူလိုင်ရရက်က ဝါရှင်တန်ဒီစီတွင် အလက်ဇန္ဒားဂါနာဆိုသူက ရိုက် ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကြိုးစင်တစ်ဝိုက်တွင် စစ်သားများ၊ သတင်းထောက်များနှင့် မျက်မြင် သက်သေများစုဝေးနေပုံကို သရုပ် ဖော်ထားသော ထိုဓာတ်ပုံများအား ပထမဆုံးဖိုတို ဂျာနယ်လစ်က နမူ နာများအဖြစ် ထည့်သွင်းထားခဲ့ သည့်ဓာတ်ပုံများလည်း ဖြစ်သည်။

Swann Galleriesလေလံ ရုံတွင် ဓာတ်ပုံလေးပုံအား လေလံ တင်ရောင်းချခဲ့ရာ အမေရိကန် ဒေါ်လာ၂၀၀၀ဝနှင့် ၃၀၀၀ဝအ ကြား ရရှိမည်ဟု မျှော်လင့်ထား ခဲ့ကြောင်း သိရသည်။

ပူးပေါင်း လုပ်ကြံရာတွင် ပါဝင်ခဲ့သူများဖြစ် သည့် လူးဝစ်ပါဝဲလ်၊ ဒေးဗစ်ဟာ ရိုး၊ ဂျော့ဂ်ျအက်ဇာရော့နှင့် မေ ရီဆူရက်တို့ကို ကြိုးပေးရာတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်ပြီး မေရီဆူရက်သည် အမေ ရိကန်ပြည်ထောင်စုအစိုးရ၏ ကြိုး ဒဏ်စီရင်ခြင်းခံရသော ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်သည်။

သမ္မတလင်ကွန်းကို ပူးပေါင်း လုပ်ကြံရာတွင်ပါဝင်သူ အမျိုး သားခုနစ်ဦးနှင့် အမျိုးသမီးတစ် ဦးအပါအဝင် ရှစ်ဦးဖြစ်သော်လည်း ပူးပေါင်းလုပ်ကြံရာတွင် ပါဝင်ကျူး လွန်မှုအတိုင်းအတာအရ အက် ဇာရော့၊ ဟာရိုး၊ ပါဝဲလ်နှင့် ဆူရက် တို့ လေးဦးကိုသာ ကြိုးဒဏ်စီရင် ခဲ့ခြင်းဖြစ်သည်။ ကြိုးပေးရာတွင် အနိဋ္ဌာရုံမြင်ကွင်းကို အမိအရ မှတ်တမ်းတင်ရိုက်ကူးခဲ့သူမှာ စကော့လူမျိုး ဓာတ်ပုံဆရာအ လက်ဇန္ဒားဂါနာဖြစ်ကြောင်း သိ ရသည်။

Yangon Media Group

RangonNewsDaily:: November . 11 .2013
သမ္မတအေဗရာဟင်လင် ကွန်းအား ပူးပေါင်းလုပ်ကြံသတ် ဖြတ်ရာတွင်ပါဝင်ခဲ့သည့် တရားခံ လေးဦးကို ကြိုးပေးစီရင်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံလေး ပုံအား မယုံနိုင်ဖွယ်ရာပင် အမေ ရိကန်ဒေါ်လာ ၁၀၀၀၀ဝနှင့် လေ လံတင်ရောင်းချခဲ့ကြောင်း သိရ သည်။

ဦးနေ၀င်းမြေးနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် သမ္မတပေါ်မူတည်ဟုဆို

Photo: ဦးနေ၀င်းမြေးနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် သမ္မတပေါ်မူတည်ဟုဆို
Monday, November 11, 2013

အမြင့်ဆုံးနိုင်ငံရေးပုဒ်မဖြစ်သော နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံထားရသော ဦးနေ၀င်း မြေးနှစ်ဦး ဒီဇင်ဘာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိမှုသည် သမ္မတပေါ်မူတည်ကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီထံမှ စုံစမ်းသိရရှိသည်။

“ကော်မတီအနေနဲ့ စစ်ဆေးတွေ့ရှိချက်ကိုပဲ တင်ပြနိုင်တာ လွှတ်ဖို့က သမ္မတပေါ်မှာပဲ မူတည်တယ်”ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီသည် ဒီဇင်ဘာလတွင် နိုင်ငံရေးအကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို
စိစစ်ပေးလျှက်ရှိပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ၁၂၂/၁ဖြင့် အကျဉ်းချခံထားရသော ဦးနေ၀င်းမြေးနှစ်ဦးကိုလည်း နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ပြန်လည်စိစစ်ပေးခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

အစိုးရတစ်ရပ်ရပ်၏အုပ်ချုပ်ရေးဖွဲ့စည်းမှုအဆင့်ဆင့်မှာ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်းအရအရေးယူခံထားရသူများကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားပြီး ဦးနေ၀င်းမြေးနှစ်ဦးသည် အဆိုပါ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီမှုရှိကြောင်း၊ ၎င်းတို့နှစ်ဦးသည် နိုင်ငံရေးအရနှင့် ဥပဒေရူ့ထောင့်အရ ပတ်သတ်မှုရှိနေခြင်းကြောင့် စိစစ်ပြီး တွေ့ရှိချက်များကို ၀န်ကြီးဦးစိုးသိန်းမှတစ်ဆင့် သမ္မတထံ တင်ပြထားမည်ဖြစ်ကြောင်း ဦးဘိုကြည်က ဆိုသည်။

“ မျှတတဲ့တရားစီရင်ရေး ရခဲ့လားဆိုတာ စစ်ဆေးတယ်၊ မိသားစုထဲမှာဆိုလဲ နှစ်ယောက်ပဲကျန်ခဲ့တော့ ဘာလို့ဒီနှစ်ယောက်ကို ချန်ထားတာလဲဆိုတာကို အစိုးရကိုမေးခွန်းထုတ်ပေးတာပေါ့၊ ထောင်ထဲမှာ ဘယ်လောက်နေခြဲ့ပီးပြီလဲထည့်ထွက်တယ်၊ ကော်မတီအနေနဲ့ တစ်ခုခုအဖြေပြန်ပေးမှာပါ၊ လွှတ်တာမလွှတ်တာ သမ္မတနဲ့ဆိုင်တယ်”ဟု ၎င်းကပြောကြားသည်။

လက်ရှိတွင် ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းသည် ၁၀နှစ်ကျော် အကျဉ်းကျနေပြီး ထောင်အတွင်း သွားရောဂါနှင့် ၀မ်းဗိုက်ရောဂါ ခံစားနေရကြောင်း မိသားစုထံမှ စုံစမ်းသိရှိရသည်။

၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်အတူ သား ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းနှင့် ဦးဇွဲနေ၀င်းတို့ကို ပုဒ်မ၁၂၂/၁ဖြင့် ထောင်ဒဏ်တစ်သတ်ကျမှတ်ခဲ့ကာ ၂၀၁၁ခုနှစ်တွင် အဆိုပါ လေးဦးကို ထောင်ဒဏ် တသတ်တကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့ပြီး ၂၀၁၂ခုနှစ် ဇန်န၀ါရီ ၁၃ရက်နေ့တွင် ဖခင် ဦးအေးဇော်ဝင်းနှင့် သားငယ် ဦးဇွဲနေ၀င်းသို့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်။ 

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ လက်ရှိစာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၄၇ဦး ကျန်ရှိနေပြီး ယင်းစာရင်းအတွင်း အဆိုပါ ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့ ပါဝင်ခြင်းမရှိကြောင်း၊ အဆိုပါ နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ထောက်လှန်းရေးဟောင်းများလည်းမပါဝင်ကြောင်း၊ ၎င်းတို့နှင့် ပတ်သတ်သည့် သတင်းအချက်အလက်များ ရရှိရန် ခက်ခဲခြင်းများကြောင့် အဆိုပါ နိုင်ငံရေးအကျဉ်းသားများစာရင်းတွင် မပါဝင်ကြောင်း ဦးတိုးကျော်လှိုင်က ပြောကြားသည်။

အိမွန်ကျော်
People Power

RangonNewsDaily:: November . 11 .2013
အမြင့်ဆုံးနိုင်ငံရေးပုဒ်မဖြစ်သော နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံထားရသော ဦးနေ၀င်း မြေးနှစ်ဦး ဒီဇင်ဘာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိမှုသည် သမ္မတပေါ်မူတည်ကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီထံမှ စုံစမ်းသိရရှိသည်။

ဖူးခက်မြို့အဝင်တွင် အဝေးပြေးယာဉ် တိမ်းမှောက်မှု မြန်မာကိုးဦး ဒဏ်ရာရ

Photo: ဖူးခက်မြို့အဝင်တွင် အဝေးပြေးယာဉ် တိမ်းမှောက်မှု မြန်မာကိုးဦး ဒဏ်ရာရ
Monday, November 11, 2013 

မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ကျောင်းသားများ စီးနင်း လိုက်ပါလာသော အဝေးပြေး ယာဉ်တစ်စင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖူးခက်မြို့အဝင် ပတန် (Patong) တောင်ပေါ်၌ တိမ်းမှောက်သွားပြီး မြန်မာ ကျောင်းသားကိုးဦး အပါအဝင် နိုင်ငံတကာ ကျောင်းသား ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Phuket Wan ခရီးသွားဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Asian Institute of Technology (AIT) မှ ကျောင်းသား၊ ကျောင်းသူ နှစ်ရာ၏ လေ့လာရေး ခရီးစဉ်ကို အဝေးပြေးယာဉ် လေးစီးဖြင့် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ရာ ပတန် တောင်တက်ခရီးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်း၊ ယင်းတိမ်းမှောက်ခဲ့သော ယာဉ်သည် နောက်ဆုံးယာဉ် ဖြစ်ပြီး ခရီးသည် ၄၀ ကျော် လိုက်ပါလာခဲ့ကြောင်း အဆိုပါ သတင်းဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် မြန်မာနိုင်ငံသား ကိုးဦး၊ သီရိလင်္ကာ နိုင်ငံသား ရှစ်ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လေးဦး၊ ပါကစ္စတန် နိုင်ငံသားနှစ်ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦး၊ နိုက်ဂျီးရီးယား နိုင်ငံသား တစ်ဦးနှင့် နီပေါ နိုင်ငံသားတစ်ဦးတို့ ထိခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသူ ၁၀ ဦးကို ဖူးခက်မြို့ရှိ Bangkok Hospital Phuket သို့ လွှဲပြောင်းထားသည်။

ယင်းဒဏ်ရာ ရရှိသူများတွင် ဦးခေါင်း ထိခိုက်သူ သုံးဦး၊ အတွင်းဒဏ်ရာ ရရှိသူ သုံးဦး ပါဝင်ပြီး ကျန်လူနာများမှာ ခြေထောက် ထိခိုက်မိသူများ ဖြစ်ကြောင်း Phuket Wan သတင်းဌာန ဖော်ပြချက်အရ သိရသည်။
“ယာဉ်မောင်းကတော့ ကားကိုပဲ အပြစ်တင်ထားတယ်” ဟု ယင်းခရီးစဉ်တွင် လိုက်ပါလာသော ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

ဖူးခက်ကမ်းခြေ လမ်းခရီးတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုမျိုး မကြာခဏ ဆိုသလို ဖြစ်လေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 11 .2013
မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ကျောင်းသားများ စီးနင်း လိုက်ပါလာသော အဝေးပြေး ယာဉ်တစ်စင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖူးခက်မြို့အဝင် ပတန် (Patong) တောင်ပေါ်၌ တိမ်းမှောက်သွားပြီး မြန်မာ ကျောင်းသားကိုးဦး အပါအဝင် နိုင်ငံတကာ ကျောင်းသား ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Phuket Wan ခရီးသွားဌာနတွင် ဖော်ပြထားသည်။

ဝန်ကြီးအသုံးစရိတ်များနေတာစိစစ်ဖို့ လွှတ်တော်မှာ တင်ပြ

Photo: ၀န်ကြီးအသုံးစရိတ်များနေတာစိစစ်ဖို့ လွှတ်တော်မှာ တင်ပြ
Monday, November 11, 2013

ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ၀န်ကြီးတွေအတွက် လစာအပြင် အသုံးစရိတ်နဲ့ အဆောင်အယောင်စရိတ်တွေ များနေတာကို နိုင်ငံတော်အစိုးရအနေနဲ့ စိစစ်သင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေရဲ့ လစာငွေတွေကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေကို ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းထားတာဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆ဦးက ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာဝန်ကြီးတွေနဲ့ ပတ်သက်တဲ့ စရိတ်တွေကို စိစစ်သင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက အခုလိုဆွေးနွေးခဲ့တာပါ။

“သာမန်အသုံးစရိတ်မှာ အင်မတန်မှ များပြားနေတာ တွေ့ပါတယ်၊ အထူးသဖြင့် ပစ္စည်း၊ လုပ်ခနဲ့ ဆောင်ရွက်မှုကုန်ကျငွေ ဘတ်ဂျက်မှာ ကျနော်တို့ ဖြတ်တောက်ခွင့်မရှိဘူး၊ ဒါတွေဟာ ကျနော်တို့ရဲ့ လွှတ်တော်ကနေပြီးတော့ အကြံပေးတိုက်တွန်းတဲ့အဆိုမျိုးကို လုပ်သင့်ပါတယ်လို့ ကျနော်မြင်ပါတယ်၊ အဲဒီ သာမန်အသုံးစရိတ်နေရာမှာလည်းပဲ နိုင်ငံတော်အစိုးရအနေနဲ့စိစစ်ဖို့ ကျနော်တို့ တိုက်တွန်းသင့်ပါတယ်လို့ အကြံဥာဏ်ပြုပါတယ်”

ပြည်ထောင်စုအစိုးရအဆင့်မှာ ၀န်ကြီးနဲ့ ဒုတိယ၀န်ကြီး ၉၆ ဦးရှိပြီး ၀န်ကြီးဌာနတွေရဲ့ သာမာန်အသုံးစရိတ်တွေကလည်း များလွန်းနေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးလစာကို အရင်က ကျပ်သိန်း ၃၀ အစား အခု ဥပဒေကြမ်းမှာ ကျပ် ၈ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာငွေကို အရင်က ကျပ် ၃ သိန်းကနေ အခု ကျပ် ၆ သိန်းလို့ ဥပဒေကြမ်းမှာ တိုးမြှင့်ပြင်ဆင်ထားပါတယ်။

RFA

RangonNewsDaily:: November . 11 .2013
ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ၀န်ကြီးတွေအတွက် လစာအပြင် အသုံးစရိတ်နဲ့ အဆောင်အယောင်စရိတ်တွေ များနေတာကို နိုင်ငံတော်အစိုးရအနေနဲ့ စိစစ်သင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

ပတ်တရားကမ်းခြေကMiss Grand International -Swimsuit ပြိုင်ပွဲ

Photo

ပတ်တရားကမ်းခြေကMiss Grand International -Swimsuit ပြိုင်ပွဲ.ဓာတ်ပုံလေးများကို ဖော်ပြပေးလိုက်
ပါတယ်။

ဧရာဝတီမြစ် လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးဖမ်းလှေ စီးရေတိုး

Photo: ဧရာဝတီမြစ် လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးဖမ်းလှေ စီးရေတိုး
Monday, November 11, 2013 

ဧရာဝတီမြစ် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးရှော့ခ်တိုက် ဖမ်းသည့် လှေစီးရေများ ပိုတွေ့ရလာကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းဒေသမှ ကျောက်မြောင်း ဒေသအကြား မတ္တရာနှင့် စဥ့်ကူး မြို့နယ်တို့ရှိ ဧရာဝတီ မြစ်အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်တွင် ယခင်က ငါးရှော့ခ်တိုက် ဖမ်းသည့် လှေခြောက်စီးခန့် ရှိရာမှ လက်ရှိ ကိုးစီးခန့် ရှိနေကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ငါးရှော့ခ်တိုက် ဖမ်းသဖြင့် ငါးသယံဇာတများ ပြုန်းတီးနိုင်သည့်အပြင် ရှားပါးမျိုးစိပ် ဖြစ်သည့် ဧရာဝတီလင်းပိုင် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဦးကျော်လှသိန်းက ထပ်မံ ပြောကြားသည်။

“ဧရာဝတီလင်းပိုင်က တံငါသည်တွေ ကြားမှာ ငါးဖမ်းပေးတဲ့ ဓလေ့ကို အသုံးချပြီးတော့ ရှော့ခ်တိုက် ငါးဖမ်းတာ တွေ့ရတယ်။ ကျွန်တော်တို့က ဖမ်းဆီးဖို့ တာဝန်ရှိသူ မဟုတ်တော့ ဒီလိုမလုပ်နဲ့ ပြောပေမယ့်လည်း ငါးလုပ်ငန်းကတောင် မဖမ်းတာ ကျွန်တော်တို့ကို ဘာမှ လာမပြောနဲ့လို့ ပြောတယ်” ဟု ဦးကျော်လှသိန်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာ မြို့နယ်အလိုက် ငါးရှော့ခ်တိုက် ဖမ်းဆီးသူများကို ဥပဒေအရ အရေးယူရန် နှစ်စဉ် ဆောင်ရွက်လျက် ရှိသော်လည်း မန္တလေးတိုင်း ဒေသကြီး အနေဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မျိုးတုံး ရှားပါး ရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု လက်ထောက်ဦးစီးမှူး ဦးဇော်မင်းက ပြောကြားသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဧရာဝတီ လင်းပိုင် ပြရင်းနဲ့ ငါးရှော့တိုက် ဖမ်းတာကို ကိုယ်တိုင်မျက်မြင် တွေ့ရအောင် ခေါ်ပြဖို့ အစီအစဉ် ရှိပါတယ်။ ဒါမှ စီမံချက်ချ ဖမ်းဆီးနိုင်အောင် လို့ပါ”ဟု ၎င်းက ဆိုသည်။

မင်းကွန်းဒေသနှင့် ကျောက်မြောင်းဒေသ အကြား ဧရာဝတီ လင်းပိုင်ကောင်ရေ ၂၀ ကျော်ခန့် ရှိပြီး ပြီးခဲ့သည့် သြဂုတ်လက ငါးပိုက်တိုး ဒဏ်ရာဖြင့် ဧရာဝတီ လင်းပိုင် တစ်ကောင် သေဆုံးခဲ့ကာ လာမည့် ဒီဇင်ဘာလတွင် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ လင်းပိုင်ကောင်ရေ စာရင်းကောက်ရန် အစီအစဉ်ရှိကြောင်း အဆိုပါ သားငှက် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 11 .2013
ဧရာဝတီမြစ် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးရှော့ခ်တိုက် ဖမ်းသည့် လှေစီးရေများ ပိုတွေ့ရလာကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောကြားသည်။

သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း ရဲ့ မင်္ဂလာသတင်း

Photo: " ဝိုင်းစုခိုင်သိန်း ရဲ့ မင်္ဂလာသတင်း"
Monday, November 11, 2013

သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းက ချစ်သူ ဥက္ကာနဲ့မကြာမီလက်ထပ်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးမှာဖြစ်ပြီး ဖေဖော်ဝရီ ၁၀ ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး၊ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ဆီဒိုးနားဟိုတယ်မှာ ဘိသိက်မင်္ဂလာပွဲ၊ ညနေပိုင်းတွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ မင်္ဂလာညစာစားပွဲပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဝိုင်းစုတို့ ချစ်သူနှစ်ဦးရဲ့ Pre Wedding Photo များကို အမေရိကန်နိုင်ငံမှာ ရိုက်ကူးခဲ့ကြပါတယ်။

Popular Journal

RangonNewsDaily:: November . 11 .2013
သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းက ချစ်သူ ဥက္ကာနဲ့မကြာမီလက်ထပ်တော့မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဖူကူရှီမာ က လေးများတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်မား

Photo: ဖူကူရှိမာက ကေလးများတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်မား
Monday, November 11, 2013 

ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ ဖူကူရှီမာက သုတေသနပညာရှင်တွေက အဲဒီက ကေလးတွေမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ မျှော်လင့်ထားတာထက် ပိုပြီး မြင့်မားနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ထင်ရှားတဲ့ သိုင်းရွိုက် ခွဲစိတ်ဆရာဝန်ဟောင်းတေယာက်ကေတာ့ ဖူကူရှီမာက ကင်ဆာဖြစ်ပွားမှုတွေရဲ့ အေရအတွက်ဟာ မျှော်လင့်ထားတာထက် မြန်ဆန်လာနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက် ကင်ဆာအထူးကု ဆရာဝန်တေယာက်ကေတာ့ အဲဒီ မြင့်မားလာမှုဟာ ကျယ်ပြန့်ပြီး အေသးစိတ် စစ်ဆေးရှာဖွေနိုင်မှုရဲ့ ရလဒ်ပဲ ဖြစ်ပြီး ဘယ်သူမှ အထိတ်တလန့် မြဖစ်သင့်ပါဘူးလို့ ပြောပါတယ်။

အသက်၂ နှစ်ရှိပြီဖြစ်တဲ့ ယူတာကို အီကီကေတာ့ သူနာပြုက သူလည်ပင်းကို ရှာဖွေတဲ့ ကိရိယာသုံးပြီးပြီး စစ်ဆေးဖို့ ကြိုးစားတဲ့ အခါတိုင်း သူက ငိုယို ကန်ကျောက်ပြီး ကုတင်ပေါ်က လျော့ချ ဆင်းပြေးဖို့ ကြိုးစားလေ့ ရှိပါတယ်။

သူအေမ တိုမိုကိုကို အိကီက ယူတာနဲ့ အသက် ၄ နှစ်သမီး သူအမ ဆာကီကို သိုင်းရွိုက် ဂလင်း စမ်းသပ်စစ်ဆေးဖို့ ခေါ်လာတာ ဖြစ်ပါတယ်။

အနားက ဖူကူရှီမာ နျူကလီးယားစက်ရုံက ထွက်လာတာတွေကို ကြောက်နေတယ်လို့ တိုမိုကိုကို အိကီက ပြောပါတယ်။

“ကျမက စိတ်ပူပါတယ်။ ဒါပေမယ့် သူတို့ ကျန်းမာကြတယ်လို့ ယုံကြည်ပါတယ်။ သူတို့ ကျန်းမာရေးကောင်းကြတယ်လို့ မျှော်လင့်ထားပါတယ်။”

နျူကလီးယား ပျော်ကျမှု မြဖစ်ခင်က ကျန်းမာရေးတာဝန်ရှိ ပုဂ္ဂိုလ်တွေအေနနဲ့ ဖူကူရှီမာက ကေလးတွေမှာ ကင်ဆာ ဖြစ်ပွားမှုကို ကေလး ၁ သန်းမှာမှ ၁ ယောက်၊ ၂ ယောက်လောက်ပဲ ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဘေးသင့်မှု ဖြစ်ပြီးကတည်းက ဖူကူရှီမာဒေသအစိုးရက အြကီးစား အေသးစိတ် စစ်ဆေး ကြည့်ရှုမှု အစီအစဉ်တခုကို အေကင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ကေလး ၂ သိန်းလောက်ကို စစ်ဆေးရာမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားတာ သေချာတဲ့ ကေလးက ၁၈ ယောက် ရှိနေတာ တွေ့ရပါတယ်။ ဖြစ်ပွားတယ်လို့ သံသယရှိတဲ့ ကေလးက ၂၅ ယောက် ရှိနေပါတယ်။ မေမျှာ်လင့်လောက်အောင် မြင့်မားလာတာ ဖြစ်ပါတယ်။

နာဂါနိုမှာ ရှိတဲ့  မတ်ဆူမိုတိုမြို့ရဲ့ မြို့တော်ဝန် အကီရ ဆူဂီနိုရဟာ ချာနိုဘိုင်းလ် ဘေးသင့်မှုဖြစ်အြပီးမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်လာကြတဲ့ ယူကရိန်းနဲ့ ဘီလာရုစ်က ကေလးတွေကို ၅ နှစ် ကြာ ပြုစု ကုသေပးခဲ့တဲ့ လေးစားမှု ရရှိထားတဲ့ သိုင်းရွိုက် ခွဲစိတ်ဆရာဝန် တေယာက် ဖြစ်ပါတယ်။

“ဖူကူရှီမာမှာ အခု ကျေနာ် ကြည့်လိုက်တော့ ကေလးတွေရဲ့ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားတဲ့ အေရအတွက်က တော်တော် မြင့်မားနေပါတယ်။ ဖူကူရှီမာက ဆရာဝန်တွေကေတာ့ ဒီလောက် ပေါ်လာတာ မြမန်သင့်ဘူးလို့ ပြောကြပါတယ်။ သူတို့ ဆိုလိုတာကေတာ့ မေတ်ာတဆ ဖြစ်ပွားမှုနဲ့ မသက်ဆိုင်ဘူးလို့ ပေါ့ဗျာ။ ဒါပေမယ့် အဲဒါက တော်တော်ကို သိပ္ပံနည်းမကျတာဘဲဗျ။ နောက် ကျေန်ာတို့ လက်ခံနိုင်လောက်တဲ့ အြေကာင်းပြချက် မဟုတ်ဘူးလေ။”

ဒါပေမယ့် တြခားက ကျွမ်းကျင်ပညာရှင်တွေကေတာ့ ဘာမှ ကြောက်စရာ မရှိပါဘူးလို့ ပြောကြပါတယ်။

လန်ဒန် အင်မ်ပီးရီးရဲလ်ကောလိပ်က ကင်ဆာ မော်လီကျူလာ ရောဂါဗေဒ အထူးကုဆရာဝန် ပါမောက္ခ ဂျရယ်လ်ဒင်း ထောမတ်စ်က “ဖူကူရှီမာပြီးရင် ဂျပန်မှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှု မြင့်လာနိုင်မလားလို့တော့ ကျမ သံသယရှိတယ်” လို့ ပြောပါတယ်။

သူက ၁၉၈၆ ခုနှစ် နျူကလီးယား ဘေးသင့်မှုဖြစ်အြပီး ဓာတ်ရောင်ခြည် ဒဏ်သင့်ခံခဲ့ရသူတွေဆီက နမူနာတွေကို လေ့လာနေတဲ့ ချာနိုဘိုင်းလ် တစ်ရှုးဘဏ်ကို ကူညီ တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူက ဖူကူရှီမာက ကေလးတွေကြားမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနေမှု မျှော်လင့်တာ ထက် ပိုမြင့်မားနေတာမှာ ရိုးရှင်းတဲ့ အြေကာင်းတခု ရှိမယ်လို့ ဆိုပါတယ်။

“ရှင်တို့ ပြဿနာတရပ်ကို ရှာမယ်ဆိုရင် အထူးသြဖင့် ဂျပန်လူမျိုးတွေ တကယ် လုပ်နေတဲ့ မယုံကြည်နိုင်လောက်အောင် အေသးစိတ်ကျတဲ့ နည်းပညာကို အသုံးပြုမယ်ဆိုရင် တခုခုတော့ ရှင်တို့ တွေရပါလိမ့်မယ်။”

သိုင်းရွိုက်ကင်ဆာကို စောစော စုံစမ်းစစ်ဆေးတာဟာ အေရးအြကီးဆုံး ဖြစ်တယ်ဆိုတာ ကိုတော့ လူတိုင်းက သေဘာာတူ ထားကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အေစာပိုင်းအဆင့်တွေမှာ တွေ့ရှိမယ်ဆိုရင် အဲဒါကို အြမဲတမ်းအောင်မြင်အောင် ကုသေပးနိုင်တာ များပါတယ်။

ဒါပေမယ့် ဖူကူရှီမာကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေကေတာ့ ကိုယ်ရေး အြေကာင်းပြချက်တွေ ပြပီး ရိုးရိုး သိုင်းရွိုက် ကင်ဆာရောဂါ ခံစားနေရသူတွေ ရဲ့ အသက်အရွယ် ရှင်းလင်းချက် ထုတ်ပေးဖို့ တောင်းဆိုမှုကိုတောင် ငြင်းဆန်ပြီး ကျိတ်လုပ်နြေကပါတယ်။

ဒီ အြေခခံ အချက်အလက်တွေကို မျှေဝပေးဖို့ ငြင်းဆန်မှုဟာ သိုင်းရွိုက် အထူးကု ဆရာဝန် အကီရ ဆူဂီနိုရရဲ့ သံသယေတွကို ပိုပြီး တိုးများ လာစေပါတယ်။

“ကျေနာ် စိတ်ဆိုးနေတုန်းပဲဗျ။ ကျေနာ် ထင်တယ်။ သူတို့မှာ အဲဒီ အချက်အလက်တွေ ရှိတယ်ဗျ။ တော်တော်ထူးဆန်းတယ်ဗျာ။ သူတို့ အဲဒါကို ဘာလို့ ထုတ်မေပးဘဲ ထားတာလဲ။”

လျှို့ဝှက်ထားတာက သိုင်းရွိုက်ဒေတာတွေပဲ မဟုတ်ပါဘူး။ ဒေသတွင်းက ကေလးတွေကို အေသးစိတ် စစ်ဆေးထားတယ်လို့ အြေပာခံထားရတဲ့ ဖူကူရှီးမားပညာရှင်အုပ်စုရဲ့ အစပိုင်း ဆွေးနွေးပွဲတွေကိုလည်း လျှို့ဝှက်ထားခဲ့တာာ ဖြစ်ပါတယ်။

နျူကလီးယားစက်ရုံက ထွက်လာတာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကေလးတွေကို ထိခိုက်မှာ စိုးရိမ်နေတဲ့ တိုမိုကိုကို အိကီလိုကေတာ့ ဒါဟာ ဖုံးကွယ်ထားတဲ့ကိစ္စတခုလို့ ပြောပါတယ်။

“သူတို့က ကျမတို့ကို အားလုံး ပြောပြမယ်လို့ မထင်ပါဘူးရှင်။ ကျမကေတာ့ သူတို့ ပြောတာကို မယုံနိုင်ပါဘူး။ အဲဒါကြောင့် ကျမ ကေလးတွေရဲ့ အနာဂတ်ကို စိတ်ပူနေရတာပေါ့။ အဲဒါက ကျမကို စိတ်ဆင်းရဲပါတယ်။”

တိုမိုကိုကို အိကီရဲ့ ပူပင်ကြောင့်ကျမှုတွေကို ထပ်ဖြည့်ပေးလိုက်တာကေတာာ့ သူရဲ့၎ နှစ် သမီး ဆာကီရဲ့ သိုင်းရွိုက်ဂလင်းမှာ အရည်အိတ်တွေ တွေ့ရှိလိုက်တာပါပဲ။

ကင်ဆာလို့ သေဘာထားလို့ မရေသးပေမယ့် အရည်အိတ်တွေကို လအေတ်ာများများ စောင့်ကြည့် စစ်ဆေးရပါလိမ့်မယ်။ နှစ်အေတ်ာကြာ အထိလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

DVB TV News

RangonNewsDaily:: November . 11 .2013
ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ ဖူကူရှီမာက သုတေသနပညာရှင်တွေက အဲဒီက ကေလးတွေမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ မျှော်လင့်ထားတာထက် ပိုပြီး မြင့်မားနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

Miss Universe 2013 ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့သော မိုးစက်ဝိုင် အမိ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ

Photo

RangonNewsDaily:: November . 11 .2013
ရုရှားနိုင်ငံ မော်စကို မြို့မှာ ကျင်းပတဲ့ Miss Universe 2013 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု အလှမယ် မိုးစက်ဝိုင် က နိုဝင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်မှာ အမိမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ် ရှိနေသည့် ဘက်ဟမ်း

Photo: ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ် ရှိနေသည့် ဘက်ဟမ်း
Monday, November 11, 2013

နှစ်သစ်ကူး ကာလတွင် ပေးအပ်ချီးမြှင့်မည့် (Sir)ဘွဲ့အတွက် လျာထားစာရင်းတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်းကို ဗြိတိန် တော်ဝင်မိသားစုက အမည်ထည့်သွင်းထားကြောင်း သိရှိရ

ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ် ရှိနေသည့် ဘက်ဟမ်း
ဒေးဗစ်ဘက်ဟမ်း အနေဖြင့် ဗြိတိန်နန်းတွင်း၏ သူကောင်းပြု ချီးမြှင့်မှုကို ခံရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ နှစ်သစ်ကူး ကာလတွင် ပေးအပ်ချီးမြှင့်မည့် (Sir)ဘွဲ့အတွက် လျာထားစာရင်းတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်းကို ဗြိတိန် တော်ဝင်မိ သားစုက အမည်ထည့်သွင်းထားကြောင်း သိရှိရသည်။ အသက်(၃၈)နှစ်ရှိ ဘက်ဟမ်းသည် ပေါင်စတာလင် (၁၆၅)သန်းမျှ ကြွယ်ဝ ချမ်းသာနေပြီဖြစ်ပြီး သူကောင်းပြုထိုက်သည့် ဓနအင်အားရော၊ လူမှုဘဝ ဖြတ်သန်းမှုမျိုးပါ ရှိနှင့်ထားပြီဟု နန်းတွင်းက ယူဆထားသည်။ နောက်ဆုံးအဆင့် အမည်စာ ရင်း ကို ယခုလကုန်တွင် သတ်မှတ်မည်ဖြစ်ပြီး ဘက်ဟမ်းအနေဖြင့် သေချာပေါက် ပါဝင်နိုင်မည်ဟု သတင်းကြီးလျှက်ရှိသည်။

သူကောင်းပြုရန် ရွေးချယ်သည့် အဖွဲ့အစည်းများနှင့် နီးစပ်သူ တစ်ဦးက "ဝင်ငွေရော၊ လူမှုဘဝ ပုံရိပ်ပါ အဆင့်မြင့်မားသူတွေကို ပိုပြီးမြင့်မားတဲ့ သူကောင်းပြုမှုမျိုး ပြုလုပ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အားကစား နယ်ပယ်မှာ ထူးချွန်ပြီး ဝင်ငွေအများအပြား ရယူစုဆောင်းနိုင်တဲ့ ထူးချွန် ပုဂ္ဂိုလ်မျိုးတွေ ဆိုပါတော့"ဟု ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် ဗြိတိသျှ အိမ်ရှေ့စံ မင်းသားဝီလျံနှင့်လည်း ခင်မင်ရင်းနှီးသော ဆက်ဆံရေး ရှိနေပြီး ၎င်းတို့နှစ်ဦးသည် လူမှုအကျိုးပြု လုပ်ငန်းများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်လေ့ ရှိကြောင်းလည်း သိရှိရသည်။ အကယ်၍ ဘက်ဟမ်းသာ Sirဘွဲ့ကို အမှန်တကယ် ရရှိခဲ့ပါက ၎င်း၏ဇနီးသည် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားကလည်း Ladyအဖြစ် သူကောင်းပြု ခံရမည် ဖြစ်သည်။ ဘက်ဟမ်းသည် ဘောလုံးနယ်ပယ်တွင် ထူးချွန်သော စွမ်းဆောင်ရည်များ ပြသနိုင်ခဲ့သည့်အတွက် OBEဘွဲ့ကိုလည်း ရရှိထားပြီးဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: November . 11 .2013
ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ် ရှိနေသည့် ဘက်ဟမ်း
ဒေးဗစ်ဘက်ဟမ်း အနေဖြင့် ဗြိတိန်နန်းတွင်း၏ သူကောင်းပြု ချီးမြှင့်မှုကို ခံရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သြစတြေးလျသွားမည့် ဒေါ်အောင်ဆန်းစုကြည်ကို သြစီရောက် ကချင်အဖွဲ့များ ကြိုမည်မဟုတ်ဟုဆို

RangonNewsDaily:: November . 11 .2013
သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံကို တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကို ကြိုဆိုရန် သြစတြေးလျနိုင်ငံရောက် ကချင်အဖွဲ့အစည်းများကို ဖိတ်ကြားထားသော်လည်း ကချင်အဖွဲ့အစည်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် သက်ဆိုင်သည့် အစီအစဉ်များတွင် ပါဝင်မည်မဟုတ်ဟု နိုဝင်ဘာလ ၁၁ရက်တွင် ထုတ်ပြန်လိုက်သည်။

ဘက်တစ်နှင့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် မက်ဆီ

Photo: ဘက်တစ်နှင့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် မက်ဆီ
Monday, November 11, 2013

တနင်္ဂနွေနေ့က ဘက်တစ်နှင့် အဝေးကွင်းတွင် ကစားခဲ့သည့် လာလီဂါ ပွဲစဉ်တွင် ဘာစီလိုနာ ကစားသမား လီယွန်နယ် မက်ဆီမှာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား ကစားသမားသည် လာလီဂါ အမှတ်ပေးဇယား အောက်ခြေမှ ဘက်တစ်နှင့် ယှဉ်ပြိုင်ကစားခဲသည့် ပွဲစဉ်တွင် ဂါရတ်ဒို မာတီနို၏ အားထားရသည့် ကစားသမား အနေဖြင့် ပါဝင်ခဲ့သော်လည်း ပွဲချိန် ၂၁ မိနစ်တွင် အင်ဒရီစ် အင်နီယေစတာနှင့် လူစားလဲခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာက နေမာ၊ ပက်ဒရိုနှင့် ဖာဘရီဂတ်စ် တို့၏ သွင်းဂိုးများဖြင့် ဘက်တစ်ကို အနိုင်ရရှိခဲ့သည်။

ပွဲအပြီးတွင် မက်ဆီသည် ၎င်း၏ ဘယ်ဘက်ခြေထောက်၌ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း အသင်းမှ အတည်ပြုခဲ့ပြီး အချိန်မည်မျှ အနားယူရမည်ကို မသိရှိသေးပေ။

တစ်ဆက်တည်းမှာပင် ဖာဘရီဂတ်စ်သည်လည်း ဒူးခေါင်း ဒဏ်ရာ ရရှိသွားခဲ့ကြောင်းနှင့် ၎င်း၏ ဒဏ်ရာကို စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘာစီလိုနာ အသင်းမှ အတည်ပြုခဲ့သည်။

Ref:goal
Soccer Myanmar

RangonNewsDaily:: November . 11 .2013
တနင်္ဂနွေနေ့က ဘက်တစ်နှင့် အဝေးကွင်းတွင် ကစားခဲ့သည့် လာလီဂါ ပွဲစဉ်တွင် ဘာစီလိုနာ ကစားသမား လီယွန်နယ် မက်ဆီမှာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား ၃ ထောင်ခန့်ရှိ

Photo: ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား ၃ ထောင်ခန့်ရှိ
Monday, November 11, 2013 

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံက  အကျဉ်းသား ၃ ထောင်လောက် ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုဝင်ဘာဘာ ၁၁ ရက်နေ့မှာ ကျင်းပတဲ့  ပထမအြကိမ်  ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအေဝးမှာ သဃင်္န်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဉ်းသားများကိစ္စနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်စွာမြင့်က တုံ့ပြန်ပြောဆို လိုက်တာ ဖြစ်ပါတယ်။

ထိုင်းဘုရင်မြကီးမွေးနေ့မှာ အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ ရှိသလို  လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ ထိုင်းဘုရင်မင်းမြတ်မွေးနေ့မှာလည်း လွှတ်ဖို့ ရှိနေတဲ့အတွက်  မြန်မာနိုင်ငံသား အကျဉ်းသားတွေ ဘယ်လောက် ပြန်လွတ်လာမလဲ လွှတ်တော်အမတ်တွေက သိချင် နေတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်း အကျဉ်းထောင်တွေမှာ အြေကာင်းအမျိုးမျိုးကြောင့် အကျဉ်းကျေနတဲ့ မြန်မာနိုင်ငံသားပေါင်း  ခန့်မှန်းခြေ ၁ သောင်းနီးပါး ရှိနေတယ်လို့ ကြားသိရြပီး အမှန်တကယ် အေရအတွက် ဘယ်လောက် ရှိနေသလဲဆိုတာ သိရဖို့  မေးမြန်းရာမှာ ပြည်ထောင်စု ဒုဝန်ကြီးက  ဖြေကားခဲ့တာလို့  ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“သက်ဆိုင်ရာက စုံစမ်းကြည့်တဲ့အခါမှာ ၃ ထောင်လောက် မြန်မာနိုင်ငံသား အကျဉ်းသား ရှိတယ်ပေါ့။ ထိုင်းနိုင်ငံမှာ။ နောက်တခုက အဲဒီဟာနဲ့ ပတ်သက်ပြီး ဥပေဒနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းနဲ့ အညီ အကျဉ်းသားအခွင့်အေရးတွေ ခံစားခွင့်ရဖို့အတွက် သံတမန်ရေးနည်းနဲ့ ဆောင်ရွက်နေပါတယ်လို့ ဖြေသွားတယ်။”

ဒါ့အြပင် ဒီနေ့ ကျင်းပတဲ့    ပြည်သူ့လွှတ်တော်အစည်းအေ၀းမှာ   ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် ၂၀၁၂ ဇူလိုင် ၇ ရက်နေ့က အဆို တင်သွင်းထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အေရး ကာကွယ်စောင့်ရှောက်တဲ့ ဥပေဒြကမ်းကို  လက်ခံ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအတွက် ဒီဥပေဒြကမ်းကို သတင်းစာတွေကေန ကြေညာပေးမှာ ဖြစ်ပြီး လွှတ်တော်က ပြင်ဆင်ချက် တင်ချင်တဲ့သူတွေကို ပြင်ခွင့်ပြုမှာလို့လည်း ဦးရဲထွန်းက ပြောပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက တင်သွင်းတဲ့ လျှပ်စစ်ဥပေဒြကမ်းကိုတော့   ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းလွင်က တင်သွင်းပြီး အမတ် ဦးသိန်းရီက ထောက်ခံသွားခဲ့သလို ဂွမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြည်သာက ဖြည့်စွက် အြကံပြုခဲ့တဲ့အတွက်  ပြည်သူ့လွှတ်တော်က ဒီဥပေဒြကမ်းကို လက်ခံ ဆွေးနွေးဖို့လည်း သေဘာတူခဲ့ပါတယ်။

DVB TV News

RangonNewsDaily:: November . 11 .2013
ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံက အကျဉ်းသား ၃ ထောင်လောက် ရှိနေတယ်လို့ ပြည်ထဲရေး
ဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား ၃ ထောင်ခန့်ရှိ

Photo: ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား ၃ ထောင်ခန့်ရှိ
Monday, November 11, 2013 

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံက  အကျဉ်းသား ၃ ထောင်လောက် ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုဝင်ဘာဘာ ၁၁ ရက်နေ့မှာ ကျင်းပတဲ့  ပထမအြကိမ်  ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအေဝးမှာ သဃင်္န်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဉ်းသားများကိစ္စနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်စွာမြင့်က တုံ့ပြန်ပြောဆို လိုက်တာ ဖြစ်ပါတယ်။

ထိုင်းဘုရင်မြကီးမွေးနေ့မှာ အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ ရှိသလို  လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ ထိုင်းဘုရင်မင်းမြတ်မွေးနေ့မှာလည်း လွှတ်ဖို့ ရှိနေတဲ့အတွက်  မြန်မာနိုင်ငံသား အကျဉ်းသားတွေ ဘယ်လောက် ပြန်လွတ်လာမလဲ လွှတ်တော်အမတ်တွေက သိချင် နေတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်း အကျဉ်းထောင်တွေမှာ အြေကာင်းအမျိုးမျိုးကြောင့် အကျဉ်းကျေနတဲ့ မြန်မာနိုင်ငံသားပေါင်း  ခန့်မှန်းခြေ ၁ သောင်းနီးပါး ရှိနေတယ်လို့ ကြားသိရြပီး အမှန်တကယ် အေရအတွက် ဘယ်လောက် ရှိနေသလဲဆိုတာ သိရဖို့  မေးမြန်းရာမှာ ပြည်ထောင်စု ဒုဝန်ကြီးက  ဖြေကားခဲ့တာလို့  ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“သက်ဆိုင်ရာက စုံစမ်းကြည့်တဲ့အခါမှာ ၃ ထောင်လောက် မြန်မာနိုင်ငံသား အကျဉ်းသား ရှိတယ်ပေါ့။ ထိုင်းနိုင်ငံမှာ။ နောက်တခုက အဲဒီဟာနဲ့ ပတ်သက်ပြီး ဥပေဒနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းနဲ့ အညီ အကျဉ်းသားအခွင့်အေရးတွေ ခံစားခွင့်ရဖို့အတွက် သံတမန်ရေးနည်းနဲ့ ဆောင်ရွက်နေပါတယ်လို့ ဖြေသွားတယ်။”

ဒါ့အြပင် ဒီနေ့ ကျင်းပတဲ့    ပြည်သူ့လွှတ်တော်အစည်းအေ၀းမှာ   ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် ၂၀၁၂ ဇူလိုင် ၇ ရက်နေ့က အဆို တင်သွင်းထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အေရး ကာကွယ်စောင့်ရှောက်တဲ့ ဥပေဒြကမ်းကို  လက်ခံ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအတွက် ဒီဥပေဒြကမ်းကို သတင်းစာတွေကေန ကြေညာပေးမှာ ဖြစ်ပြီး လွှတ်တော်က ပြင်ဆင်ချက် တင်ချင်တဲ့သူတွေကို ပြင်ခွင့်ပြုမှာလို့လည်း ဦးရဲထွန်းက ပြောပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက တင်သွင်းတဲ့ လျှပ်စစ်ဥပေဒြကမ်းကိုတော့   ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းလွင်က တင်သွင်းပြီး အမတ် ဦးသိန်းရီက ထောက်ခံသွားခဲ့သလို ဂွမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြည်သာက ဖြည့်စွက် အြကံပြုခဲ့တဲ့အတွက်  ပြည်သူ့လွှတ်တော်က ဒီဥပေဒြကမ်းကို လက်ခံ ဆွေးနွေးဖို့လည်း သေဘာတူခဲ့ပါတယ်။

DVB TV News

RangonNewsDaily:: November . 11 .2013
ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံက အကျဉ်းသား ၃ ထောင်လောက် ရှိနေတယ်လို့ ပြည်ထဲရေး
ဝန်ကြီးဌာနက ပြောပါတယ်။

Hyundai ထုတ် Veloster Hylighter

Photo: Hyundai ထုတ် Veloster Hylighter
Monday, November 11, 2013

Hyundai မှ ဝက်ဂွန်ကားကို ပြိုင်ကား ပုံစံ ဖြစ်အောင် ဖန်တီးထားတဲ့ Veloster ကို ယခုလို မြင်တွေ့ ရပါတယ်။ SEMA ပြပွဲမှာ ဖြစ်ပါတယ်။

အင်ဂျင်အရွယ် ၁.၆ လီတာ ရှိပြီး မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၃၇၀ တောင် ရှိပါတယ်။ အဓိက ကတော့ တာဘိုချာဂျာ ၂ လုံးပူး တပ်ဆင်ထားမှုကြောင့် ဖြစ်ပါတယ်။ LED မီးလုံး တပ်ဆင်မှု ထူးခြားပြီး အမိုးမှာ တပ်ဆင် ထားတဲ့ မီးလုံးကိုလည်း ယခုလို မြင်တွေ့ ရပါတယ်။ တံခါး ၂ ပေါက်ကား ဖြစ်ပေမယ့် လေးယောက်စီး ကား ဖြစ်ပါတယ်။ နောက်ဘက် မှာ ကာဂိုခန်း ပါဝင်ပါသေးတယ။်

SEMA ပြပွဲမှာ အဝါရောင်နဲ့ အစိမ်းရင့်ရောင် Hyundai Veloster Hylighter ကို ဝင်ရောက် ပြသထားပြီး လူကြိုက်များခဲ့ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

RangonNewsDaily:: November . 11 .2013
Hyundai မှ ဝက်ဂွန်ကားကို ပြိုင်ကား ပုံစံ ဖြစ်အောင် ဖန်တီးထားတဲ့ Veloster ကို ယခုလို မြင်တွေ့ ရပါတယ်။ SEMA ပြပွဲမှာ ဖြစ်ပါတယ်။

Aston Martin ပြိုင်ကား GT3 မိတ်ဆက်

Photo: Aston Martin ပြိုင်ကား GT3 မိတ်ဆက်
Monday, November 11, 2013

ဗြိတိန် အခြေဆိုက် ဆလွန်းနဲ့ ပြိုင်ကား ထုတ်လုပ်တဲ့ Aston Martin လို့အမည်ရတဲ့ ကုမ္မဏီဟာ GT3 လို့အမည်ရတဲ့ ပြိုင်ကားကို ထုတ်လုပ် မိတ်ဆက် ပြသလိုက်ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ကား ဖြစ်ပါတယ်။ Aston Martin Vintage S ပေါ်မှာပဲ အခြေခံလို့ ထုတ်လုပ် ဖန်တီးထားတဲ့ ကား ဖြစ်ပြီး ပြိုင်ကား ဗားရှင်း ဖြစ်တဲ့ အတွက် ရှေ့  Shell နဲ့ နောက်က Aerodynamic ပိုပါ လာမှုကို မြင်တွေ့ ရမှာပါ။ အင်ဂျင်အရွယ် ၆ လီတာ ရှိပြီး ဆလင်ဒါ ၁၂ လုံးပူး V အင်ဂျင်ကို အသုံးပြု ထားပါတယ်။ မြင်းကောင်ရေအား ၆၀၀ ထုတ်လုပ်နိုင်ပါတယ်။ ၃.၇ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ နှုန်းကို တင်ပေး နိုင်ပြီး အမြန်ဆုံး Top speed ကတော့ တစ်နာရီ ၂၀၅ မောင်းနှင် နိုင်ပါတယ်။ GT3 ကို ပြိုင်ကွင်း အတွက် ရယ်လို့မဟုတ်ပဲ Road car အဖြစ် ရည်ရွယ် ထုတ်လုပ်ထား တာ ဖြစ်ပါတယ်။

Ferrari , Lamborghini, Maserati တို့ရဲ့  ပြိုင်ကားများနဲ့ အပြိုင်ဖြစ်လာ မယ့်ကား ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် ပြိုင်ကား Aston Martin GT3 ကို ၂၀၁၄ နှစ်လယ်လောက်မှ စတင်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile

RangonNewsDaily:: November . 11 .2013
ဗြိတိန်အခြေဆိုက်ဆလွန်းနဲ့ ပြိုင်ကား ထုတ်လုပ်တဲ့Aston Martin လို့အမည်ရတဲ့ ကုမ္မဏီဟာ GT3 လို့အမည်
ရတဲ့ ပြိုင်ကားကို ထုတ်လုပ် မိတ်ဆက် ပြသလိုက်ပါတယ်။

ဗင်နီဇွဲလားမယ် ဆုရတဲ့ Miss Universe 2013

Photo: ဗင်နီဇွဲလားမယ် ဆုရတဲ့ Miss Universe 2013
Monday, November 11, 2013

နိုဝင်ဘာလ ၉ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမှာ ကျင်းပတဲ့ Miss Universe 2013 ရလဒ် အရ ဗင်နီဇွဲလားက သရဖူး ဆောင်းသွား ပါတယ်။

Maria Gabriela Isler လို့အမည်ရတဲ့ ဗင်နီဇွဲလားမယ် ဖြစ်ပါတယ်။ အရပ် ၅ ပေ ၁၀ လက်မ ရှိပြီး ကိုယ်ဟန် အနေအထားက ၃၅.၄၊ ၂၃.၆၊ ၃၅.၄ လက်မ ကိုယ်စီ ရှိပြီး အသက်က ၂၅ နှစ် ရှိပါပြီ။ ဗင်နီဇွဲလားမှ ထိပ်တန်း သရဖီ နှစ်ခုကို ၂၀၁၂ ခုနှစ်က ရယူထားပြီး Miss Universe ဝင်ပြိုင်ဖို့လည်း စံကာတင် အရွေးခံရတဲ့ နိုင်ငံကိုယ်စားပြု မယ် ဖြစ်ပါတယ်။ Management and Marketing မှာ BA ဘွဲ့ရှိထားပြီး ဆွစ်ဇာလန် သွေး ပါတဲ့ ဗင်နီဇွဲလား နိုင်ငံသား ဖြစ်ပါတယ်။

အသက် ၁၀ နှစ်မပြည့်ခင်ကတည်းက Miss Univese ရဖို့ စိတ်ကူး အိပ်မက်နဲ့ ကြိုးစားလာသူ ဖြစ်ပြီး ယခုလို အမှန်တကယ် ရရှိလာတဲ့ သရဖူအပေါ် အတိုင်းမသိ ဝမ်းသာကြောင့် အင်တာဗျူး တစ်ခုမှာ ဖြေကြား ခဲ့ ပါတယ်။ စပိန်၊ အီကွေဒါ၊ ဖိလစ်ပိုင်၊ ဘရာဇီးတို့က Runner up ဆုများ အစဉ်လိုက် ရရှိခဲ့ပြီး Top Ten ထဲမှာ ဒိုမီကန်၊ ဗြိတိန်၊ အိန္ဒိယ၊ ယူကရိန်း၊ အမေရိကန် တို့ ပါဝင်ပြီး Top 16 ထဲမှာ တရုတ်၊ ကော်စတာရီကာ၊ အင်ဒိုနီးရှား၊ နီကာရာဂူအာ၊ ပူအာတိုရီကို၊ ဆွစ်ဇာလန်တို့က အသီးသီး ပါဝင်ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: Missuniverse
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 11 .2013
နိုဝင်ဘာလ ၉ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမှာ ကျင်းပတဲ့ Miss Universe 2013 ရလဒ် အရ ဗင်နီဇွဲလားက သရဖူး ဆောင်းသွား ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုအခြေစိုက်ရာ ချင်းမိုင်သို့ နိုင်ငံရေးပါတီခေါင်းဆောင်များ စေလွှတ်မည်

Photo: တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုအခြေစိုက်ရာ
ချင်းမိုင်သို့ နိုင်ငံရေးပါတီခေါင်းဆောင်များ စေလွှတ်မည်
Monday, November 11, 2013

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး ပွဲမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုအခြေ စိုက်ရာ ထိုင်းနိုင်ငံချင်းမိုင် သို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို အစိုးရက စေလွှတ်သွားမည်ဟု သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောသည်။

နိဝင်ဘာ၁၀ရက်က Myanmar Peace Center တွင်ပြု လုပ်သော နိုင် ငံရေး ပါတီ များနှင့် ပြုသည့်သော တွေ့ဆုံ ပွဲ တွင် ထို သို့ ပြောကြားခြင်း ဖြစ်သည်။
ကန့်သတ်ချက် မထားပဲ လွတ်လပ်စွာပြောဆိုခွင့် ရှိ မည့် ခရီးစဉ်တစ်ခုအဖြစ်စီစဉ်ခြင်းဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘော ထား ကို သိရှိ နိုင်ရန် ရည်ရွယ်သည် ဟု သမ္မတ ရုံးဝန်ကြီး ဦးအောင် မင်းကပြောသည်။

Popular Myanmar News Journal

RangonNewsDaily:: November . 11 .2013
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲမတိုင်ခင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများ
စုအခြေ စိုက်ရာ ထိုင်းနိုင်ငံချင်းမိုင် သို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို အစိုးရက စေလွှတ်သွားမည်
ဟု သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောသည်။

Miss Universe 2013 ဆုရရှိသွားတဲ့ ဗင်နီဇွဲလားသမ္မတနိုင်ငံမှ အလှမယ် Maria Gabriela Isler

2013 miss universe

RangonNewsDaily:: November . 11 .2013

Miss Universe 2013 ဆုရရှိသွားတဲ့ ဗင်နီဇွဲလားသမ္မတနိုင်ငံမှ အလှမယ် Maria Gabriela Isler ရဲ့ အလှဆုံး

ဓာတ်ပုံလေးများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

Honda Fit (သို့) Honda Jazz နှင့် ကားဈေးကွက်

Photo: Honda Fit
Monday, November 11, 2013

Honda Fit ဟာ ရန်ကုန်မြို့မှာသာမက မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ တွေ့နေရတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီဇိုင်းပုံစံလှပခြင်း၊ ဆီစားသက်သာခြင်း၊ အသံ စနစ်ကောင်းမွန်ခြင်းနဲ့ အခြားသော အားသာချက်တွေကြောင့် လူကြိုက်များနေရခြင်းလည်း ဖြစ်ပါတယ်။ Honda Fit ကို Honda Jazz လို့လည်း ခေါ်ပါသေးတယ်။ ကျစ်လျစ်တဲ့ပုံစံတည်ဆောက်ထားပြီး ဂျပန်နိုင်ငံ၊ ဟွန်ဒါ ကားထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်တဲ့ ‘Subcompact’ ကားတစ်စီးပါ။

၂၀၀၁ ခုနှစ်၊ ဇွန်လက စတင်မိတ်ဆက်ခဲ့တဲ့ ကားဖြစ်ပြီး အခုတော့ ဒုတိယမျိုးဆက်ထိ ရောက်သွားပါပြီ။ ဂျပန်၊ တရုတ်နဲ့ အမေရိက မှာတော့ အဆိုပါကားကို ‘Honda Fit’ လို့ခေါ်ကြပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ သြစတြေးလျနဲ့ အာရှတိုက်နေရာ တော်တော်များများမှာ “Honda Jazz” လို့ ခေါ်ကြပါတယ်။

ကားအမျိုးအစားကတော့ ‘Subcompact’ ပါ။ တံခါး ငါးပေါက်ပါတဲ့ 5-door Style ဖြစ်ပြီး အင်ဂျင်က ရှေ့မှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပေါ်ကာစ ၂၀၀၁ ခုနှစ်မှာတည်းက လူကြိုက်များ၊ အရောင်းသွက်ခဲ့တဲ့ ကားဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ ပုံစံအနည်းငယ်ပြောင်းထားတဲ့ ဒုတိယမျိုးဆက်ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်နှစ်မျိုးလုံးမှာ ဂီယာငါးချက်ပါတဲ့ Auto/Manual စနစ်တွေ ရွေးချယ်နိုင်သလို အင်ဂျင်ဆီစားနှုန်းကလည်း 1.2L, 1.3L, 1.5L စသဖြင့် အသီးသီး ရှိပါတယ်။ Petrol ထည့်သွင်းမောင်းနှင် ရမှာပါ။ ကားတစ်စီးလုံးရဲ့ အလေးချိန်ဟာဆိုရင်လည်း ပေါင်နှစ်ထောင်ကျော်ခန့် (ကီလိုဂရမ် ၁၀၀၀ ကျော်)သာ ရှိပါတယ်။

Honda Fit, Honda Jazz အတူတူပဲ ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ဂျပန်မှာခေါ်တဲ့အတိုင်း ‘Honda Fit’ လို့ပဲ ခေါ်ကြပါတယ်။ ရန်ကုန်မြို့တွင်းလမ်းတွေမှာနဲ့ နယ်တွေမှာပါ အဆိုပါကားကို တော်တော်အသုံးများကြတာ တွေ့ရပါတယ်။ “လာမေးတဲ့ Customer အများစုက ဈေးလည်းသက်သာ၊ ဆီစားလည်းသက်သာ၊ ဒီဇိုင်းလှ၊ အကြမ်းခံ စတဲ့အချက်တွေနဲ့ ကြည့်ကြတာပေါ့နော်။ အစ်မတို့ကလည်း အဲဒီလိုဆိုရင် Honda Fit, Toyota Vitz စတဲ့ ကားလေးတွေ လိုက်ပြပါတယ်။ သူတို့နဲ့အပြိုင်ဆိုရင် Nissan March တို့ဘာတို့ ရှိပေမယ့် မြန်မာပြည်မှာတော့ Honda Fit က လူကြိုက်အများဆုံးလို့ ပြောလို့ရပါတယ်” လို့ ကမ္ဘာအေးဘုရာလမ်းပေါ်ရှိ Car Showroom တစ်ခုမှ မအေးသီတာအောင်က ရှင်းပြခဲ့ပါတယ်။

လက်ရှိမှာ Honda Fit ၀ယ်ထားတဲ့ ကျောက်မြောင်းမှ ကိုမင်းမင်းထွန်းကလည်း “ကျွန်တော်ဝယ်တုန်းကတော့ သိန်း ၁၅၀နီးပါးလောက် ပေးရတယ်။ ဒီ Honda Fit က မဆိုးပါဘူး။ ဆီစားလည်း သက်သာတယ်။ သိပ်လည်း မပျက်ဘူး။ ပျက်ရင်လည်း Spare Parts တွေ အစုံအလင်နဲ့ ပြင်ပေးနိုင်တဲ့ Centre ရှိတယ်။ ကားက ဟဲဗီးမဟုတ်တော့ မောင်းရလည်း အဆင်ပြေပါတယ်။ သွက်လည်းသွက်တယ်။ မိသားစုနဲ့ ခရီးတွေ ဘာတွေထွက်လည်း အတော်ပဲပေါ့”ဟု ၎င်းရဲ့ အမြင်ကို ပြောပြပါတယ်။

လက်ရှိမြန်မာပြည် ဈေးကွက်မှာတော့ First-gen ရော၊ Second-gen ရော နှစ်မျိုးစလုံး ရှိနေပါတယ်။ ဈေးနှုန်းကလည်း သိန်း ၁၀၀ ၀န်းကျင်မှာ ရှိနေပြီး သင့်အနေနဲ့ရော ဒီဇိုင်းပုံစံ ကျစ်လျစ်လှပတဲ့ ဒီကားလေးကို နှစ်သက်ပါရဲ့လား?

Kangyi ( Myanmar Consumer Guide)

RangonNewsDaily:: November . 11 .2013
Honda Fit ဟာ ရန်ကုန်မြို့မှာသာမက မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ တွေ့နေရတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီဇိုင်းပုံစံလှပခြင်း၊ ဆီစားသက်သာခြင်း၊ အသံ စနစ်ကောင်းမွန်ခြင်းနဲ့ အခြားသော အားသာချက်တွေကြောင့် လူကြိုက်များနေရခြင်းလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ သေနတ်ပစ်မှု ဖြစ်ပြန်ပြီ

Photo: အမေရိကန်မှာ သေနတ်ပစ်မှု ဖြစ်ပြန်ပြီ 
Monday, November 11, 2013

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီလောက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က Hoston မြို့ ထဲက Cypress ဒေသမှာ သေနတ်ပစ်မှု ဖြစ်ခဲ့ ပါတယ်။ 

၂ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရတဲ့ သေနတ်ပစ်မှုက ကျောင်းမှာတော့ မဟုတ်ပါဘူး။ ညခင်း၊ ညဘက် ကျင်းပတဲ့ လူနေအိမ်တစ်ခုက မွေးနေ့ ပါတီပွဲမှာ ဖြစ်ပြီး ရေကူးကန်ကို သွေးတွေနဲ့ နီရဲစေခဲ့ ပါတယ်။ အိမ်တွင်း မှာ သေနတ် ပစ်ဖောက်သံ ၁၀ ချက်မက ကြားရပြီးချိန်အထိ အပြင်က လူတွေ ကနေဆဲပါပဲ။ အိမ်တွင်း အပေါ်ထပ် ပြတင်းပေါက်ခွဲလို့ ခုန်ချလာ သူတို့ကို တွေ့မှ ခြံဝိုင်းတွင်းက လူများ စတင် ထွက်ပြေး ပါတော့တယ်။ လူဦးရေ ၁၀၀ ကျော်တက်ရောက်တဲ့ ပါတီပွဲ အကြီး စား ဖြစ်ပြီး သေနတ်ပစ်မှုကြောင့် ထွက်ပြေးရာကနေ ထိခိုက်ဒဏ်ရာများ ရရှိကုန်ခြင်း ဖြစ်ပါတယ်။ 

ခြံဝိုင်းနဲ့၊ တံခါးများကို ကျော်ဖြတ်ပြေးကြချိန် တစ်ယောက်ပေါ်တစ်ယောက် တွန်းတိုက်၊ တက်နင်း မိကြပြီး ဒဏ်ရာရသူ ၂၂ ဦးကို ဆေးရုံပို့ထား ရပါတယ်။ တစ်ဦးက ဖြစ်တဲ့နေရာမှာ ပွဲချင်းပြီးသေပြီး နောက်တစ်ဦး ကတော့ ဆေးရုံရောက်မှ သေပါတယ်။ ကျန်တဲ့သူများထဲမှာလည်း ကျည်ဆံကို ခြေထောက်မှာ ထိတဲ့ ဒဏ်ရာ များ ရရှိခဲ့ ပါတယ်။ သေနတ် ပစ်သူ ရာဇဝတ်သားကို ရှာဖွေနေဆဲပါပဲ။ ဒီအတွက် သေနတ်ပစ်သမား ၂ ဦးပါဝင်မယ်လို့ ယုံကြည်ပြီး အနှေးနဲ့ အမြန် ရှာဖွေ စစ်ဆေး အရေးယူရန် ဒေသခံ အာဏာပိုင်များ ကြိုးပန်းလျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 11 .2013
ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီလောက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က Hoston မြို့ ထဲက Cypress ဒေသမှာ သေနတ်ပစ်မှု ဖြစ်ခဲ့ ပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း Haiyan တိုက်ခတ်အပြီး ဖီလစ်ပိုင်နိုင်ငံ အခြေအနေ

Photo: Super Typhoon Haiyan UPDATE:
Monday, November 11, 2013

ဖိလစ်ပိုင်နိုင်ငံတွင် လူပေါင်း တစ်သောင်းကျော် သေဆုံးနိုင်ပြီး ပျက်စီးဆုံးရှုံးမှု ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့သော အင်အားအလွန်ကောင်းသည့် စူပါတိုင်ဖွန်းမုန်တိုင်း Haiyan သည် ယနေ့ နံနက်ပိုင်း အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

Haiyan သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့၏ အရှေ့ အရှေ့တောင်ဘက် ကုန်တွင်းပိုင်းသို့ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ခန့်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

(ဓာတ်ပုံ - စူပါတိုင်ဖွန်းမုန်တိုင်း Haiyan တိုက်ခတ်အပြီး ဖိလစ်ပိုင်နိုင်ငံတွင် မြင်တွေ့ရသည့် မြင်ကွင်း)
Planet Myanmar Network
(ဓာတ်ပုံ - စူပါတိုင်ဖွန်းမုန်တိုင်း Haiyan တိုက်ခတ်အပြီး ဖိလစ်ပိုင်နိုင်ငံတွင် မြင်တွေ့ရသည့် မြင်ကွင်း)
RangonNewsDaily:: November . 11 .2013
ဖိလစ်ပိုင်နိုင်ငံတွင် လူပေါင်း တစ်သောင်းကျော် သေဆုံးနိုင်ပြီး ပျက်စီးဆုံးရှုံးမှု ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့သော အင်အားအလွန်ကောင်းသည့် စူပါတိုင်ဖွန်းမုန်တိုင်း Haiyan သည် ယနေ့ နံနက်ပိုင်း အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်ဖုန်းမုန်တိုင်း Haiyan မ၀င်ခင် ဗီယက်နမ်နဲ့ တရုတ် ပြင်ဆင်

တိုင်ဖုန်းမုန်တိုင်း Haiyan မ၀င်ခင် ဗီယက်နမ်နဲ့ တရုတ် ပြင်ဆင်


kolatt(PBDN): November . 11 .2013

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနေရာအတော်များများကို ဖျက်ဆီးပစ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဗီယက်နာမ်နဲ့ တရုတ်နိုင်ငံ ကမ်းရိုးတန်းတွေကို မ၀င်ရောက်ခင်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေ အလျင်အမြန်ဆောင်ရွက်ခဲ့ကြပါတယ်။
::
Haiyan တိုင်ဖုန်းမုန်တိုင်းဟာ ဒေသစံချိန် တနင်းလာနေ့ အစောပိုင်းမှာ တရုတ်နဲ့ နယ်ချင်းစပ် ဗီယက်နမ်မြောက်ပိုင်း ကမ်းရိုးတန်းမှာ ကုန်တွင်းပိုင်း ၀င်ရောက်လာမယ်လို့ မိုးလေ၀သ အေဂျင်စီတွေက ကြိုတင်တွက်ဆထားပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ မုန်တိုင်းဗဟိုအနီး လေတိုက်နှုန်းဟာ အများဆုံး တနာရီကို ၈၆ မိုင်ရှိတယ်လို့ အမေရိကန်ရေတပ်ရဲ့ တိုင်ဖုန်းမုန်တိုင်း သတိပေးချက်ဌာနက ထုတ်ပြန်ပါတယ်။ အနောက်မြောက်ပိုင်းက ရွေ့လျားသွားပြီး Tonkin ပင်လယ်ကွေ့ပေါ်မှာတော့ အားပျော့သွားမယ်လို့ ခန့်မှန်းရပါတယ်။အဲဒီအချိန် အားပျော့သွားရင် တိုင်ဖုန်းမုန်တိုင်းအဆင့်ကနေ အပူပိုင်းမုန်တိုင်းအဆင့်ကို လျော့ကျသွားဖွယ်လည်း ရှိပါတယ်။
::
ဗီယက်နမ်အာဏာပိုင်တွေကတော့ ကမ်းနားတလျှောက်က လူဦးရေ ၆ သိန်းကျော်ကို ဘေးလွတ်ရာအမိုးအကာအောက် ရွှေ့ထားလိုက်ပြီး ၃ ရက်စာ အစားနဲ့ရေတွေကို ပြင်ဆင်သိုလှောင်ထားကြဖို့ အများပြည်သူကို တိုက်တွန်းနေပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်က လှေ သင်္ဘောတွေ ဆိပ်ကမ်းတွေကိုလည်း ပြန်လာကြဖို့လည်း အမိန့်ထုတ်ထားပါတယ်။

မုန်တိုင်းရိုက်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ ဗီယက်နမ် သတင်းတွေမှာ ကြေညာပါတယ်။ မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မြို့တော် ဟနွိုင်းမှာ မိုးကြီးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် တနင်္လာနေ့မှာတော့ ဒေသတွင်းက ကျောင်းအားလုံးကို ပိတ်ထားပါတယ်။
::
တရုတ်နိုင်ငံမှာတော့ haiyan တိုင်ဖုန်းမုန်တိုင်းအန္တရာယ်ကို အရောင်သတ်မှတ်မှု အဆင့်လေးဆင့်ကနေ အဆိုးဆုံး အနီရောင်အဆင့်အဖြစ် အစိုးရက သတ်မှတ် သတိပေးထားတယ်လို့ တရုတ်အစိုးရသတင်းမှာ ကြေညာပါတယ်။

တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံရဲ့ တောင်ပိုင်း ဟိုင်နန်ကျွန်းမှာ တနင်္ဂနွေနေ့က မိုးသည်းထန်ခဲ့ပါတယ်။ အခုတနင်္လာနေ့မှာလည်း အလားတူ Guangdong ပြည်နယ်အတွင်းမှာ မိုးကြီးမယ်လို့ ခန့်မှန်းထားပါတယ်။
::
တရုတ်အာဏာပိုင်တွေကတော့ Hainan မှာရှိတဲ့ ဒေသခံ တသိန်းသုံးသောင်း သုံးထောင်ကို ဘေးလွတ်ရာအမိုးအကာအောက် ရွှေ့ပေးခဲ့ပါတယ်။ မုန်တိုင်းကြောင့် အဲဒီမှာတော့ လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပြီး လေယာဉ်ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။

VOA News::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 11 .2013 ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနေရာအတော်များများကို ဖျက်ဆီးပစ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဗီယက်နာမ်နဲ့ တရုတ်နိုင်ငံ ကမ်းရိုးတန်းတွေကို မ၀င်ရောက်ခင်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေ အလျင်အမြန်ဆောင်ရွက်ခဲ့ကြပါတယ်။

ဦးခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေ

ဦးခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေ


kolatt(PBDN): November . 11 .2013

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေပေမယ့် အလဟဿဖြစ်နေဟန်တူပုံကို The Wall Street Journal အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

မြန်မာပြည်အရေးအရာတွေနဲ့ ပတ်သက်ရင် ဝါရင့်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့၊ စစ်အစိုးရရဲ့ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့ဖူးသူတဦးရဲ့ရှုထောင့်ကနေ ပေးနိုင်တဲ့ အိုင်ဒီယာတွေ သူ့ဆီမှာ အသင့် ရှိမှာ သေချာပါတယ်။

The Wall Street Journal ကို သူ ပြောပြထားတာကတော့ ...
"ကျနော့်မှာ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ သို့ပေသော်လည်း ကျနော့်ကို အတိုင်ပင်ခံအဖြစ် ဗျူဟာချမှတ်သူအဖြစ် ဘယ်သူကမှ အကူအညီလာတောင်းတာ မရှိဘူး။ တယောက်ယောက်က လာပြီးချဉ်းကပ်ရင် ကျနော်က အကြံပေးမှာပါ။ ဒါ ကျနော်တို့နိုင်ငံရဲ့အကျိုးအတွက်ပါ၊ ကျနော်က နိုင်ငံရေးသမားမဟုတ်ဘူး ဆိုတော့
ဘက်လိုက်ပြီးပြောဆိုတာ ရှိမှာ မဟုတ်ပါဘူး" တဲ့။

ဦးခင်ညွန့်က မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ကာလအတန်ကြာ ကပြခဲ့သူဖြစ်တာကြောင့် နိုင်ငံတကာ စာနယ်ဇင်းတွေက သူ့အကြောင်း ရံဖန်ရံခါ တို့ထိတဲ့နည်းတူ The Wall Street Journal ကလည်း တို့ထိ ရေးသားတဲ့သဘော ဖြစ်ပါလိမ့်မယ်။

မြန်မာစာဖတ်ပရိသတ်တွေထဲမှာလည်း သူ့အကြောင်း စိတ်ဝင်စားသူတွေ ရှိပါတယ်။ သူ့အကြောင်း ပြောဆိုရေးသားတာတွေလည်း ရှိပါတယ်။ မကြာသေးခင်ကလည်း လမ်းပေါ်မှာ တချို့ ပြောနေကြတဲ့၊ ဂျာနယ်စာမျက်နှာပေါ်မှာ ရေးနေကြတဲ့ အကြောင်းအရာတခုကတော့ သူ လွှတ်တော်ထဲ ရောက်ဖို့ ကြိုးစားနေသလား ကြံစည်နေသလား ဆိုတာပါပဲ။ ဒီအကြောင်း ရွေးကောက်ပွဲဝင်ဖို့ ဦးခင်ညွန့် စဉ်းစားနေသလား ဆိုပြီး http://blog.irrawaddy.org/2013/10/blog-post_2679.html မှာ ရေးခဲ့ပြီးပါပြီ။

ဦးခင်ညွန့်မှာ ရှိနေတယ် ပေးလိုပါတယ် ဆိုတဲ့ အကြံဥာဏ်အကြောင်း စဉ်းစားကြည့်ရင် လက်ရှိ အစိုးရ ခေါင်းဆောင်များလည်း အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပဲ ဆိုတော့ သူတို့က ဦးခင်ညွန့်ဆီမှာ အကူအညီ မတောင်းသင့်ဘူးလား ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။

အစိုးရခေါင်းဆောင်တွေကလည်း ဦးခင်ညွန့်နဲ့ သိပ်တော့ မကွာပါဘူး။ စစ်အစိုးရခေါင်းဆောင်ပိုင်းမှာ နှစ်ပေါင်းများစွာ ထိပ်တန်းနေရာတွေ ယူခဲ့သူတွေပါပဲ။ ဦးခင်ညွန့်အိုင်ဒီယာထွက်သလောက် သူတို့လည်း ထွက်မှာပဲလို့ ယူဆထားကြဟန် တူလို့ အကြံဥာဏ်မတောင်းကြတာလည်း ဖြစ်နိုင်ပါတယ်။

သိပ် အထင်မကြီးလို့ အကြံမတောင်းတာလည်း ဖြစ်နိုင်သလို အထင်တော့ ကြီးပါရဲ့ ... တခုခုကို စိုးရိမ်ရလို့ မချည်းကပ်တာလည်း ဖြစ်နိုင်ပါတယ်။

နိုင်ငံရေးရာသီ မတူတော့တဲ့အတွက် အကြံတောင်းဖို့ စိတ်မကူးကြတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒါတွေ တခုမှ မဟုတ်ဘူး ... ငါတော့ အခုပဲ အကြံလှမ်းတောင်းဦးမှ လှမ်းတိုင်ပင်ဦးမှ ဆိုတဲ့သူလည်း ရှိနိုင်ပါတယ်။

ဦးခင်ညွန့်က မြန်မာ့နိုင်ငံရေးမှာ မပတ်သက်တော့ဘူးဆိုတဲ့ ပုံစံမျိုး လေသံပစ်ထားပေမယ့် အကြံပေးဖို့ တိုင်ပင်ဖို့ အသင့်ရှိနေတယ် ဆိုတဲ့ လေသံ ထပ်ပစ်ထားတော့ မြန်မာ့နိုင်ငံရေးမှာ အနည်းဆုံးတော့ နည်းနည်းပါးပါးပတ်သက်ဖို့ အသင့်ရှိနေတယ်လို့ နားလည် ရမယ် ထင်ပါတယ်။

ဧရာဝတီ ::--   


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 11 .2013 ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေပေမယ့် အလဟဿဖြစ်နေဟန်တူပုံကို The Wall Street Journal အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

မွေးနေ့မှာ တကိုယ်တော် ဖျော်ဖြေမယ့် တူးတူး

Photo: မွေးနေ့မှာ တကိုယ်တော် ဖျော်ဖြေမယ့် တူးတူး 
Sunday, November 10, 2013

ပရိသတ်အကြိုက် သီချင်း ချိုချိုလေးတွေ သီဆိုလေ့ ရှိတဲ့ အဆိုတော် တူးတူးက မွေးနေ့ ရက်မြတ်ဖြစ်တဲ့ ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ ၃၀ ရက်မှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ ပြင်ဆင် နေပါတယ်။


တကိုယ်တော် တေးစီးရီး ၁၀ ခွေကျော် ပရိသတ်ဆီ ပို့ပေးခဲ့ပြီး ဖြစ်သလို အတွဲ စီးရီးပေါင်း များစွာမှာလည်း ပါဝင် သီဆိုခဲ့ဖူးတဲ့ အဆိုတော် တူးတူးက မွေးနေ့ ရက်မြတ်မှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ စီစဉ်ဖြစ်တာနဲ့ ပတ်သက်ပြီး

“ကျနော့် ဂီတသက်တမ်း ၃၀ ပြည့် ဖြစ်သလို မွေးလ ၊ မွေးရက် မွေးနေ့ တိုက်ဆိုင်တဲ့ နေ့လည်းဖြစ်လို့ အမှတ်တရ ပွဲလေး လုပ်ချင်စိတ် ဖြစ်လာတာပါ။ အဲဒီ ပွဲအတွက် အခုကတည်းက ရင်ခုန် စိတ်လှုပ်ရှား နေမိပါတယ်”
လို့ ပြောပါတယ်။

အဆိုတော် တူးတူးက မွေးနေ့ ရက်မြတ်မှာ ကျင်းပမယ့် တကိုယ်တော် ဖျော်ဖြေပွဲမှာ သီချင်းအပုဒ် ၃၀ ကျော် သီဆိုမှာ ဖြစ်ပြီး ဂီတမောင်နှမ တချို့ကလည်း အားဖြည့်ပေး ကြမယ်လို့ သိရပါတယ်။ ပရိသတ်တွေ သက်သောင့် သက်သာ ကြည့်ရှု ခံစား နိုင်ဖို့အတွက် indoor ဖျော်ဖြေပွဲ အနေနဲ့ တင်ဆက် ပေးနိုင်ဖို့လည်း အဆိုတော် တူးတူးက ရည်ရွယ် ထားပါတယ်။

သီချင်း ချိုချိုလေး တွေနဲ့ ပရိသတ်ရဲ့ နှလုံးသားကို ညှို့ယူဖမ်းစား နိုင်ခဲ့တဲ့ အဆိုတော် တူးတူးက ဇာတ်ကား တွေမှာလည်း သရုပ်ဆောင်ခဲ့ ဖူးတာမို့ တကိုယ်တော် ဖျော်ဖြေပွဲမှာ သရုပ်ဆောင် မောင်နှမ တွေကရော အားဖြည့်ပေး မှာလားလို့ မေးတော့

“ကျနော် တကိုယ်တော် ဖျော်ဖြေပွဲ လုပ်မယ်ဆိုတာ ဘယ်သူ့မှတောင် သိပ် အသိ မပေးရသေးဘူး။ ဒါပေမဲ့ ကျနော့် မိတ်ဆွေတွေက ကျတော့်ပွဲကို အားပေးကြမှာပါ။ မိတ်ဆွေတွေ တော်တော် များများက တကိုယ်တော် ဖျော်ဖြေပွဲ လုပ်ဖို့ ကျနော့်ကို တိုက်တွးနေတာ ကြာပါပြီ။ အခုမှသာ တိုက်ဆိုင်မှုတွေ ရှိလာလို့ လုပ်ဖို့ စိတ်ကူးဖြစ် သွားတာပါ” လို့ ပြောပါတယ်။

တကိုယ်တော် ဖျော်ဖြေပွဲမှာ ပရိသတ် နှစ်သက်တဲ့ သီချင်းဟောင်းလေးတွေ ရွေးချယ် သီဆိုသွားမယ့် အဆိုတော် တူးတူးက ထွက်ပြီးခဲ့သမျှ တေးစီးရီး တွေရဲ့ ခေါင်းစီးတေး တွေကိုလည်း သီဆိုပေးသွားမယ်လို့ ပြောပါတယ်။

မွေးနေ့ ရက်မြတ်မှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမယ့် အဆိုတော် တူးတူးက ကိုယ်ပိုင်သံစဉ် တကိုယ်တော် တေးစီးရီး ပရိသတ်ဆီ အမြန်ဆုံး ပို့ပေးနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။

နေလွင်
(မှတ်ချက် - နေလွင်  ရေးသားတဲ့ ဒီသတင်းကို နိုဝင်ဘာ ၄  ရက်နေ့ထုတ်  အလင်းတန်းဂျာနယ်မှာ  ဖော်ပြခဲ့ပြီးပါပြီ။ အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံကတော့ ၁၉၈၈ လူထု အုံကြွမှုအတွင်း တွေ့ရတဲ့ အဆိုတော်တူးတူးရဲ့  လှုပ်ရှားမှုမြင်ကွင်းဖြစ်ပါတယ်)

ဧရာဝတီblog

RangonNewsDaily:: November . 11 .2013
ပရိသတ်အကြိုက် သီချင်း ချိုချိုလေးတွေ သီဆိုလေ့ ရှိတဲ့ အဆိုတော် တူးတူးက မွေးနေ့ ရက်မြတ်ဖြစ်တဲ့ ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ ၃၀ ရက်မှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ ပြင်ဆင် နေပါတယ်။

မိုးစက်ဝိုင် မနက်ဖြန် မြန်မာပြည်ပြန်လာမယ်

Photo: မိုးစက်ဝိုင် မနက်ဖြန် မြန်မာပြည်ပြန်လာမယ် 
Sunday, November 10, 2013

ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူကို ဗင်နီဇွဲလား အလှမယ် ရရှိသွားပါပြီ။
ပြိုင်ဘက် အယောက် ၈၀ ကျော်ကို ကျော်ဖြတ် ရရှိသွားတာပါ။ သူ့ပြိုင်ဘက်များထဲမှာ မြန်မာပြည်ကိုယ်စားပြုအလှမယ် မိုးစက်ဝိုင်လည်း ပါဝင်ပါတယ်။

ပြိုင်ပွဲကာလတလျှောက် အစီအစဉ်များစွာအတွက် မော်စကိုမှာ နေထိုင်လှုပ်ရှားရတာ အင်မတန် ပင်ပန်းပါတယ် လို့ မိုးစက်ဝိုင်က ဆိုပါတယ်။ မနက်ဖြန် မြန်မာပြည် ပြန်လာပါမယ် တဲ့။

ဒီအကြောင်း ... လွန်ခဲ့တဲ့ ၅ နာရီခန့်က မိုးစက်ဝိုင်ရဲ့ဖေ့စ်ဘုတ်မှာ တင်လိုက်တာပါ။
အပြည့်အစုံကို ကူးယူ ဖော်ပြပေးလိုက်ပါတယ် - 

    မိုးစက်ချစ်သော ပရိတ်သတ်ကြီး... မင်္ဂလာပါရှင်...
    ဒီနေ့ မိုးစက် လူရော စိတ်ပါ အရမ်းပင်ပန်းနေပေမယ့်... မနက်ဖြန်ညနေလေယာဉ်နဲ့ မြန်မာပြည်ကိုပြန်ရမှာမို့.. ပစ္စည်းတွေသိမ်းနေတုန်းပါ... ခု ရုရှားမှာ မနက် ၆ နာရီရှိပါပြီ..

    မိုးစက် အနေနဲ့လည်း အမိနိုင်ငံတော်ကြီးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့ပေမယ့် ... မျှော်လင့်ခဲ့တဲ့ ဆုများ မိုးစက်နဲ့အတူ ပြန်သယ်မလာခဲ့နိုင်တဲ့ အတွက် မိုးစက်အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်... နောက်ရက်တွေမှာ ပရိတ်သတ်ကြီး ဆန္ဒရှိမယ်ဆို.. ပြိုင်ပွဲပုံများကိုတင်ပေးပါ့မယ်နော်...

    မြန်မာပြန်ရောက်ရင် Miss Universe Myanmar အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ရင်း ပရိတ်သတ်ကြီး မိုးစက်အပေါ်ပင်ပင်ပန်းပန်းနဲ့ ကူညီပေးခဲ့တာတွေအပေါ်ပြန်လည်ပေးဆပ်သွားပါ့မယ်..

    ချစ်တဲ့ Moe Z

ဧရာဝတီblog

RangonNewsDaily:: November . 11 .2013
ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူကို ဗင်နီဇွဲလား အလှမယ် ရရှိသွားပါပြီ။
ပြိုင်ဘက် အယောက် ၈၀ ကျော်ကို ကျော်ဖြတ် ရရှိသွားတာပါ။ သူ့ပြိုင်ဘက်များထဲမှာ မြန်မာပြည်ကိုယ်စားပြုအလှမယ် မိုးစက်ဝိုင်လည်း ပါဝင်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ၌မီးလောင်မှုဖြစ်ပွားစဉ် ၀ိုင်းဝန်းမီးငြိမ်းသတ်သူ အမျိုးသားတစ် ဦး ဓါတ်လိုက်သေဆုံး

RangonNewsDaily:: November . 10 .2013
၁၀.၁၁.၂၀၁၃ရက်နေ့ ၁၅၄၀အချိန်မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ၊ (၁၅)ရပ်ကွက်၊ န၀ရတ်လမ်း ရှိ ဦးဝင်းအောင် (ဘ)ဦးမောင်စိုး၏နေအိမ်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် အဆိုပါနေ
ရာသို့ မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊
မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့တို့ မှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးသတ်ယာဉ် (၁၃)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၅၅၄အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။