Pages

Sunday, November 10, 2013

မုတ္တမမြို့ဟောင်း ပြန်တည်ရေးစာတမ်းဖတ်ပွဲ ပြုလုပ်

RangonNewsDaily:: November . 10 .2013
မွန်ပြည်နယ်က မွန်ဘုရင်တွေ နန်းတည်ခဲ့တဲ့ မုတ္တမမြို့ဟောင်းကို ပြန်လည်တည်ဆောက်ရေးအတွက် သုတေသနစာတမ်းဖတ်ပွဲ တစ်ရပ်ကို မုတ္တမ အထက်တန်းကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီစာတမ်းဖတ်ပွဲ နဲ့ပတ်သက်ပြီး မွန်ပြည်နယ် စီးပွားရေးနဲ့ စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက အခုလို ပြောပါတယ်။

တိုင်းအဆင့် NLD ဆွေးနွေးပွဲဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ ထောက်ခံ

Photo: တိုင်းအဆင့် NLD ဆွေးနွေးပွဲဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ ထောက်ခံ
Sunday, November 10, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းအဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြည်သူ့ဆန္ဒသဘောထားရယူတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ ကျင်းပရာ တက်ရောက်လာသူ ၉၉ ရာခိုင်နှုန်းက ပြင်ဆင်ဖို့ လိုကြောင်း ထောက်ခံခဲ့ကြပါတယ်။

အဲဒီ ပြည်သူ့သဘောထား ရယူရေးပွဲကို လူဦးရေ နှစ်သောင်းနီးပါး တက်ရောက်ခဲ့ပြီး ထောက်ခံမှုရယူခဲ့တာလို့ အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက အတည်ပြု ကြေညာပေးခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ပါဝင်မှု အခန်းကဏ္ဍ များနေတာတွေ ရှင်းပြခဲ့သလို ပြီးခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းကိုလည်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဆန္ဒခံယူပွဲမှာ တက်ရောက်သူ လူဦးရေ နှစ်သောင်းနီးပါးထဲက အနည်းစုလောက်ကသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးကိုသာ ထောက်ခံခဲ့ပါတယ်။

RFA

RangonNewsDaily:: November . 10 .2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းအဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြည်သူ့ဆန္ဒသဘောထားရယူတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ ကျင်းပရာ တက်ရောက်လာသူ ၉၉ ရာခိုင်နှုန်းက ပြင်ဆင်ဖို့ လိုကြောင်း ထောက်ခံခဲ့ကြပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဆိုင်ရာပြဿ နာ ပိုလန်နိုင်ငံ၊ ဝါဆောမြို့ မှာဆွေးနွေးမည်

Photo: ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဝါဆောမှာဆွေးနွေးမည် 
Sunday, November 10, 2013

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေ၊ စီးပွားရေးတိုးတက်လာတဲ့နိုင်ငံတွေနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အန္တရာယ်ခံရနိုင်ခြေရှိတဲ့ မြေနိမ့်ပိုင်းနိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှု (Climate change) ဆိုင်ရာပြဿနာနဲ့ပတ်သက်လို့ ဆွေးနွေးကြမယ့် ကိုယ်စားလှယ်တွေဟာ လာမယ့်သီတင်း နှစ်ပတ်အတွင်း ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ တွေ့ဆုံပြီး ကမ္ဘာကြီးပူနွေးလာမှုပြဿနာအတွက် လက်တွေ့ဆောင်ရွက်ရမယ့်အလုပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဝါဆောအမျိုးသားခန်းမမှာ တနင်္လာနေ့စမယ့် ညီလာခံမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မယ်လို့ မမျှော်လင့်နိုင်ပေမဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံတွေကြား သဘောတူညီမှု တစုံတရာရဖို့ ဆွေးနွေးမှုတွေ တိုးတက်လာနိုင်ခြေ ရှိပါတယ်။ အဆုံးသတ်မှာ သဘောတူညီမှု မရနိုင်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် ထိပ်သီး ဆွေးနွေးပွဲအပြီး ကုလသမဂ္ဂဦးဆောင်တဲ့ လုပ်ငန်းစဉ်ရဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
ကုလကြီးမှူးတဲ့ ရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အစိုးရအဖွဲ့ IPCC က မကြာသေးခင်က ထုတ်တဲ့ အစီရင်ခံစာမှာ ရာသီပြောင်းလဲမှု (Climate Change) ပြဿနာဟာ ဘယ်လောက်အထိ အရေးပေါ် အခြေအနေ ရောက်နေလဲဆိုတာ တင်ပြခဲ့ပါတယ်။ ဒီအဖွဲ့က ရာသီပြောင်းလဲမှုဆိုင်ရာ သိပ္ပံအထောက်အထားတွေကို တင်ပြနေတာလည်း ဖြစ်ပါတယ်။

ကျောက်မီးသွေး၊ ဆီနဲ့ လောင်စာအပါအဝင် လူသားတွေကြောင့် ကာဗွန် ထုတ်လုပ်မှုတွေ ရှိလာတယ်ဆိုတာ အရင်ထက် ပိုသေချာလာတယ်လို့ စက်တင်ဘာလကတည်းက IPCC အဖွဲ့က ပြောပါတယ်။ ဒီ ကာဗွန် ထုတ်လုပ်မှုကို ရပ်ဖို့ မလုပ်နိုင်ရင် ရာစုနှစ်တဝက်အတွင်း အာတိတ်သမုဒ္ဒရာမှာ ရေခဲမရှိသလောက် ကုန်သွားပြီး ပင်လယ် ရေမျက်နှာပြင်ကို ပိုမြင့်တက်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

၁၉၇၇ - ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ သဘောတူညီချက်ဖြစ်တဲ့ Kyoto Protocal မှာ သဘောတူလက်မှတ်မထိုးတဲ့ တစ်ခုတည်းသော နိုင်ငံက စက်မှုထွန်းကားတဲ့ အမေရိကန်နိုင်ငံဖြစ်တာကြောင့် အားလုံးက စောင့်ကြည့်လေ့လာနေခဲ့ပါတယ်။

သမ္မတအိုဘားမားလက်ထက်မှာ လောင်စာသုံးစွဲရေး ထိရောက်မှု တိုးမြှင့်ဖို့ အပါအဝင် အမေရိကန်နိုင်ငံရဲ့ ရပ်တည်ဆောင်ရွက်မှုတွေ တိုးတက်လာခဲ့ပါတယ်။ အဲဒီလို အမေရိကန်နိုင်ငံဘက်က ပိုပြီး လုပ်ဆောင်ရမယ်လို့ နိုင်ငံအများက ပြောနေကြချိန်မှာပဲ ကမ္ဘာ့ထိပ်တန်း လေထုညစ်ညမ်းမှုရဲ့လက်သည် တရုတ်နိုင်ငံကိုလည်း စီးပွားရေးတိုးတက်ဖို့ လုပ်ရာမှာ သဘာဝ ဝန်းကျင်  မထိခိုက်အောင်ဆောင်ရွက်ဖို့ တခြားနိုင်ငံတွေက ပိုပြီး အလေးထားစောင့်ကြည့်တာကို ခံနေရပါတယ်။ 

VOA

RangonNewsDaily:: November . 10 .2013
ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေ၊ စီးပွားရေးတိုးတက်လာတဲ့နိုင်ငံတွေနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အန္တရာယ်ခံရနိုင်ခြေရှိတဲ့ မြေနိမ့်ပိုင်းနိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှု (Climate change) ဆိုင်ရာပြဿနာနဲ့ပတ်သက်လို့ ဆွေးနွေးကြမယ့်

ဖိလစ်ပိုင်တွင် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ တစ်သောင်းဝန်းကျင်ရှိလာ

ဖိလစ်ပိုင်တွင် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ တစ်သောင်းဝန်းကျင်ရှိလာ


kolatt(PBDN): November . 10 .2013

နိုဝင်ဘာလ ၉ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို တစ်နာရီ မိုင်၂၅၀ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့သော ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း တစ်သောင်းဝန်းကျင် အထိရှိပြီး ပျောက်ဆုံးသူပေါင်း ထောင်နှင့်ချီနေသည်ဟု အာဏာပိုင်များက ဆိုသည်။
::
မုန်တိုင်းဒဏ်ခံခဲ့ရသောမြို့များ၊ ကျေးရွာအများစုတွင် ပျက်စီးသွားပုံမှာ ဒေသခံများကိုယ်တိုင် မိမိတို့၏ နေရာကို ပြန်လည်ပုံဖော်၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။

သေဆုံး၊ ပျောက်ဆုံးသူအများစုသည် မုန်တိုင်းနှင့်အတူ ရေကြီးမှုများ ဖြစ်လာခဲ့ချိန်တွင် အိမ်များ ပြိုကျခြင်း၊ မြေပြိုခြင်း၊ ရေလှိုင်းရိုက်ခြင်းတို့ကြောင့် အဖိတ်အဆင် များခြင်းဖြစ်သည်။
::
ပြည်ထဲရေး ၀န်ကြီးက ဟိုင်ယန်မုန်တိုင်း ဖြတ်သန်း သွားသည့် ဒေသများတွင်း နေထိုင်သည့် လူပေါင်း တစ်သန်းမျှသည် မုန်တိုင်းဒဏ်ခံရပြီး သေဆုံးမှု ကိန်းဂဏန်းများသည် ရက်အနည်းငယ် ကြာသည့်တိုင်အောင် ဆက်လက် တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။

မနီလာမှ ကုလသမဂ္ဂ၏ OCHA အဖွဲ့မှ ဒေ့ဗ်ကာဒန်က ယခုမုန်တိုင်းသည် ၂၀၀၄ခုနှစ်ဖြစ်ခဲ့သော အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်း ရိုက်ခတ်မှုလောက်ပင် ဆိုးရွားကြောင်း ဆိုသည်။ လေတီပြည်နယ် တက်လိုဘန်မြို့သည် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရပြီး ယင်းတစ်နေရာတည်း၌ပင် သေဆုံးသူ ရာချီခဲ့သည်။
::
အသက်ရှင်လွတ်မြောက်သူ အချို့က ခုနှစ်မီ တာမြင့်သော ရေလှိုင်းများသည် သူတို့၏ ကလေးများကို ရိုက်ပုတ်ဆွဲခေါ်သွားခဲ့သည်ဟု ရင်ဖွင့်ပြောဆိုနေကြသည်။ အသက်ရှင်သူများမှာ မိမိတို့ ချစ်နှစ်သက်သူတစ်ဦးဦး ပျောက်ဆုံးသွားအပေါ် တုန်လှုပ်ခြောက်ခြားကာ လမ်းမများတွင် လူပျောက်ရှာနေကြသည်က များလျက်ရှိသည်။
::
ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့မှ အထွေထွေအတွင်းရေးမှူး Gwendolyn Pang ၏အဆိုအရ သူတို့ထံ ရောက်လာသည့် စာရင်းများအရ တက်လိုဘန်၊ ဆမာမြို့များသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရသည့် နေရာများဖြစ်ကြောင်း သိရသည်။

Ref: Reuters::--
The Myanmar Age::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 10 .2013 နိုဝင်ဘာလ ၉ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို တစ်နာရီ မိုင်၂၅၀ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်
ခဲ့သော ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း တစ်သောင်းဝန်းကျင် အထိရှိပြီး ပျောက်ဆုံး
သူပေါင်း ထောင်နှင့်ချီနေသည်ဟု အာဏာပိုင်များက ဆိုသည်။

ဒီလို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှားပါးလာပြီ

RangonNewsDaily:: November . 10 .2013
တခါက အလွန် နွမ်းပါးချို့တဲ့ရှာတဲ့ အဖိုးအိုလင်မယား နှစ်ယောက်ရှိကြပါတယ်...
တစ်နေ့မှာတော့ ရှည်လျားတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုက သူ့ဆံပင်တွေကို သေချာကျနစွာ ဖြီးသင်နိုင်ဖို့အတွက် ဘီးတစ်ချောင်း ဝယ်ပေးဖို့ အဖိုးအိုကို ပူဆာပါလေတယ်...

မာလာလာကို လုပ်ကြံသူ တာလီဘန်ခေါင်းဆောင်ဖြစ်လာ

Photo: မာလာလာကို လုပ်ကြံသူ တာလီဘန်ခေါင်းဆောင်ဖြစ်လာ
Saturday, November 9, 2013

ကြာသပတေးနေ့က ပါကစ္စတန် တာလီဘန်တို့သည် မူလာ ဖက်ဇ်လူလာကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့
Posted on Nov 08 13 - 05:34 PM | Hits : 265
မာလာလာကို လုပ်ကြံသူ တာလီဘန်ခေါင်းဆောင်ဖြစ်လာ
မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် တာလီဘန် လက်မရွံ့သည် ယခုအခါ ပါကစ္စတန် နိုင်ငံအခြေစိုက် တာလီဘန် တပ်ဖွဲ့များ၏ ခေါင်းဆောင်အဖြစ် တင်မြှောက် ခံလာရကြောင်း သိရှိရသည်။ ကြာသပတေးနေ့က ပါကစ္စတန် တာလီဘန်တို့သည် မူလာ ဖက်ဇ်လူလာကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့သည်။ ၎င်းသည် အမေရိကန် မောင်းသူမဲ့လေယာဉ်က ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် သေဆုံးသွားသည့် ဟာကီမူလာ မာဆာ့ဒ်၏ နေရာတွင် အစားထိုး ဝင်ရောက်မည် ဖြစ်သည်။

အမေရိကန်တို့သည် ဟာကီမူလာကို မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသတွင် လုပ်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ မူလာသည် (၂၀၁၂)ခုနှစ်က မာလာလာကို သတ်ဖြတ်ရန် အားထုတ်မှု အပါအဝင် အကြမ်းဖက်မှု များစွာကို ကျူးလွန်ဖူးသူ ဖြစ်သည်။ ၎င်းသည် မိန်းကလေးများ စာသင်ခွင့် လှုပ်ရှားတောင်းဆိုသည့် ဆယ်ကျော်သက် ကျောင်းသူလေး မာလာလာကို ပစ်ခတ်သော်လည်း ကံအားလျော်စွာဖြင့် အသက်မသေခဲ့ချေ။ မာလာလာသည် ယင်းဖြစ်စဉ်ကြောင့် ကမ္ဘာကျော်ခဲ့သလို အသက်(၁၆)နှစ် အရွယ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိနိုင်လောက်သည်အထိ မျှော်မှန်းခံရသူလေး ဖြစ်ခဲ့သည်။

မူလာသည် ပါကစ္စတန် ထိပ်တန်းစစ်ဘက် အရာရှိ တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဆာနာလူလာ နိုင်ဇီကို သတ်ဖြတ်ခဲ့သူလည်း ဖြစ်သည်။ တာလီဘန် ယာယီခေါင်းဆောင် အက်စ်မတ်တူလာ ရှာဟင်က မူလာရေဒီယိုဟု အမည်ပြောင်ရထားသည့် လုပ်ကြံရေးသမားသည် အဖွဲ့အစည်း၏ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ခံရကြောင်း ကြေညာသည်။ ရှိတ်ခ်ခါလစ် ဟာကာနီသည် ၎င်း၏ လက်ထောက် ဖြစ်လာခဲ့သည်။ တာလီဘန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရှာဟီဒူလာ ရှာဟစ်ဒ်က မူလာသည် အများသဘောဖြင့် ရွေးကောက်ခံရခြင်းဟုလည်း ကြေညာသွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: November . 10 .2013
မာလာလာယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့သည့် တာလီဘန် လက်မရွံ့သည် ယခုအခါ ပါကစ္စ
တန် နိုင်ငံအခြေစိုက် တာလီဘန် တပ်ဖွဲ့များ၏ ခေါင်းဆောင်အဖြစ် တင်မြှောက် ခံလာရကြောင်း သိရှိရ
သည်။

Miss Universe 2013 ရွေးချယ်ပွဲ ရဲ့ ရင်ခုန်စရာ အကောင်းဆုံးအချိန်

Photo

RangonNewsDaily:: November . 10 .2013ရုရှနိုင်ငံမော်စကိုမြို့ Crocus City Hall မှာယနေ့ ညကျင်းပတဲ့ Miss Universe 2013နောက်ဆုံးအဆင့်ပွဲစဉ်မှာ
ပြိုင် ပွဲခန်းမတွင်းကိုယ်တိုင်ကိုယ်ကျအားပေးဖို့ ရောက်နေခဲ့သူတွေနဲ့  အတူကမ္ဘာအနှံကမြန်မာတွေလည်းရင်
ခုန်ခဲ့ရပါတယ်။

နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေးဝင်းအတွင်း ညဥ့်နက်ပိုင်း အချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ကလပ်များနှင့် စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ပိတ်

Photo: နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေးဝင်းအတွင်း ညဥ့်နက်ပိုင်း အချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ကလပ်များနှင့် စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ပိတ်
Sunday, November 10, 2013

ရန်ကုန်မြို့ အတွင်းရှိ နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေး အတွင်း၌ နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုကြောင့် မင်္ဂလာဈေးဝင်း အတွင်းရှိ နိုက်ကလပ်များ၊ စင်တင်တေး ဂီတစားသောက်ဆိုင်များနှင့် ကေတီဗွီများ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်က မင်္ဂလာဈေးဝင်းအတွင်း လူအုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား ခဲ့မှုကြောင့် နိုဝင်ဘာ ၈ ရက်မှ စတင်၍ နိုက်ကလပ်များနှင့် စားသောက်ဆိုင်များ အားလုံးကို ပိတ်ခိုင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲခန့်တွင် သာကေတဘက်မှလာသည့် လူငယ်တစ်စုနှင့် ကလပ်တစ်ခုမှ ၀န်ထမ်းများ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၇ ရက် ကလပ်ပိတ်သည့်အချိန် နံနက် ၃ နာရီခွဲခန့်တွင် အဆိုပါ သာကေတမြို့နယ် ဘက်မှလာသည့် လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ရောက်ရှိလာခဲ့ပြီး ကလပ်ဝန်ထမ်းများနှင့် အပြန်အလှန် အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြပြီး ၎င်းလူငယ် တစ်စုမှ တွေ့သမျှလူများအား ၀င်ရောက်ရိုက်နှက် ခဲ့ကြကြောင်း မျက်မြင်ကိုယ်တွေ့များက ပြောကြားသည်။

"မင်္ဂလာဈေးဝင်းထဲမှာ ဖွင့်ထားတဲ့ နိုက်ကလပ် တစ်ခုကို လာရင်းနဲ့ ရန်ဖြစ်တာတွေ ရှိခဲ့လို့ မြို့နယ်အဆင့်ကနေ ဆိုင်တွေကို ပိတ်ထားခိုင်းပါတယ်။ အသေးစိတ် အချက်အလက်တွေကတော့ ကျွန်တော်တို့ဆီ တက်မလာသေးပါဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇေယျာကိုက "နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းက မင်္ဂလာဈေးဝင်း အတွင်းမှာ သာကေတမြို့နယ်ဘက်ကလာတဲ့ လူအုပ်စုတွေနဲ့ အခြားသူတွေ ခိုက်ရန်ဖြစ်ပွားခဲ့လို့ လုံခြုံရေးအရ ဆိုင်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားပါတယ်။ ဒီဖြစ်စဉ်မှာတော့ လူသေဆုံးမှု မရှိခဲ့ပါဘူး။ ပြန်ပြီးဖွင့်ခွင့် ပြု၊ မပြုကလည်း အေးချမ်းမှု ရှိ၊ မရှိအပေါ် မူတည်ပြီးတော့ စဉ်းစားမှာ ဖြစ်ပါတယ်" ဟု နိုဝင်ဘာ ၉ ရက်က ပြောကြားခဲ့သည်။

မင်္ဂလာဈေးဝင်းအတွင်း ညပိုင်းအငှားယာဉ်ဆွဲသည့် သူတစ်ဦးက "ရန်မဖြစ်ခင် အရင်တစ်ညက ကိုးလွှာကလပ်က ၀န်ထမ်းတွေနဲ့ သာကေတဘက်က လူငယ်တွေ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ စကားများ ရန်ဖြစ်ခဲ့တယ်လို့ သိရတယ်။ ပြီးတော့ နောက်တစ်ရက် ကလပ်ပိတ်တဲ့ အချိန်မှာ အဲ့ဒီ သာကေတဘက်က လူငယ်တွေ အုပ်လိုက်ရောက်လာပြီး ကလပ်ဝန်ထမ်းတွေနဲ့ အပြန်အလှန် ရိုက်နှက်ခဲ့တယ်။ အဲ့ဒီ လူအုပ်စုက ၀င်းထဲမှာ တွေ့သမျှလူတွေ အကုန်လိုက်ရိုက် ခဲ့တယ်" ဟု ရှင်းပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ တာဝန်မှူး တစ်ဦးက "အဲ့ဒီနေ့က ကလပ်ဝင်းထဲမှာ ရန်ဖြစ်တယ်လို့တော့ ကြားမိတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စခန်းမှာ အမှုဖွင့်ထားတာ မရှိပါဘူး" ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခွဲခန့်ကလည်း မင်္ဂလာဈေးဝင်းအတွင်း လူငယ်နှစ်ဖွဲ့ ရန်ဖြစ်ခဲ့ကြပြီး လူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာဈေးဝင်းအတွင်း Asia ကလပ်၊ NASA ကလပ်၊ JJ ကလပ်၊ 9Floor ကလပ်၊ Channal V ကလပ်၊ MZ စသည့်ကလပ်များ ဖွင့်လှစ်ထားကြောင်း သိရသည်။

Eleven Media Group 

မင်္ဂလာဈေးအတွင်းရှိ နိုက်ကလပ် တစ်ခုအား တွေ့ရစဉ်
မင်္ဂလာဈေးအတွင်းရှိ နိုက်ကလပ် တစ်ခုအား တွေ့ရစဉ်
RangonNewsDaily:: November . 10 .2013
ရန်ကုန်မြို့ အတွင်းရှိ နိုက်ကလပ် အများစု ဖွင့်လှစ်ထားသည့် မင်္ဂလာဈေး အတွင်း၌ နိုဝင်ဘာ ၇ ရက် နံနက် ၃ နာရီခွဲခန့်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုကြောင့် မင်္ဂလာဈေးဝင်း အတွင်းရှိ နိုက်ကလပ်များ၊ စင်တင်တေး ဂီတစားသောက်ဆိုင်များနှင့် ကေတီဗွီများ အားလုံးကို ရက်အကန့်အသတ်မရှိ

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် လူထုဟောပြောပွဲ ယနေ့ပြုလုပ်မည်

Photo: NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် လူထုဟောပြောပွဲ ယနေ့ပြုလုပ်မည်
Sunday, November 10, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းလုံးကျွတ် ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်(ယနေ့)တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဟောပြောပွဲကို ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ ၁၀၀၀၀ ကျော်ကို ဖိတ်ကြားထားပြီး မည်သူမဆို တက်ရောက်ဆန္ဒသဘောထား ပေးနိုင်ရန် NLD ပါတီက ဖိတ်ခေါ်ထားသည်။

အဆိုပါ ဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဟောပြောရန်ရှိပြီး ပွဲအစီအစဉ်ထဲတွင် ထည့်သွင်းထားသည်ဟု ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နှုတ်ခွန်းဆက်စကား ပြောပေးဖို့ အခမ်းအနား အစီအစဉ်မှာ ထည့်သွင်းထားတယ်။ တနင်္ဂနွေဆိုတော့ လွှတ်တော်ကလည်း နားထားတာ ဖြစ်တဲ့အတွက် လာဖို့များပါတယ်။ ရန်ကုန်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေ အားလုံးကိုလည်း ဖိတ်ထားတယ်။ ပြီးတော့ ဖွဲ့စည်းပုံ ကိစ္စတွေ လုပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတွေကိုလည်း ဖိတ်ထားတယ်" ဟု ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ရန်ကုန်တိုင်းဒေသကြီး၏ သဘောထား ရယူမှုများအတွက် အောက်တိုဘာ ၁၂ ရက်တွင် စတင်ခဲ့ကာ ခရိုင်တစ်ခုလျှင် သုံးပွဲစီနှင့် မြို့နယ်တစ်မြို့နယ်ချင်းစီ အလိုက်လည်း ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ယခုအခါ တိုင်းလုံးကျွတ် အတိုင်းအတာဖြင့် ဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်သည်။

NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် ပြည်သူလူထုသဘောထားများ ကောက်ယူနေခြင်းဖြစ်ပြီး အဆိုပါ ဟောပြောပွဲများမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်မည့် NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲအတွက် ကြိုတင်ပြင်ဆင်နေသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်မည့် NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲအတွက် ကြိုတင်ပြင်ဆင်နေသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
RangonNewsDaily:: November . 10 .2013
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းလုံးကျွတ် ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်(ယနေ့)တွင် ပြုလုပ်သွားမည်ဖြစ်သည်။

၁၀ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်

Photo: ၁၀ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့
Sunday, November 10, 2013

ဆယ်လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၈၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့၍ မီးလောင်မှုများကြောင့် သေဆုံးသူ ၅၅ ဦးထိ ရှိခဲ့ကြောင်း ဦးစီးဌာန၏ စာရင်းဇယားများအရ သတင်းရရှိပါသည်။

ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၆၄၁ ဒသမ ၅၄ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ၁၀ လအတွင်း မီးလောင်ကျွမ်းမူများတွင် မီးဖိုမီး ၃၄၉ ကြိမ်၊ ပေါ့ဆ၍ လောင်သောမီး ၄၈၃ ကြိမ်၊ အလိုအလျောက် လောင်သောမီးမှာ ၃၃ ကြိမ်နှင့် လျှပ်စစ်ကြောင့် လောင်သောမီး ၂၅၅ ကြိမ်၊ မသမာသူ ရှို့သောမီးမှာ ၁၉၃ ကြိမ်၊ တောမီးမှာ ၁၁၁ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ၁၀ တာ ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများမှာ မန္တလေးတိုင်းဒေသကြီးတွင်၂၁၈ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် မီးလောင်မှု ၂၁၈ ကြိမ်နှင့် ဒုတိယ အများဆုံးဖြစ်ခဲ့ပြီး၊ မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သန်းပေါင်း ၁၁၆၇ ဒသမ ၅၀ သန်းကျော်၊ မွန်ပြည်နယ်မှာ ကျပ်သန်းပေါင်း ၆၈၈ ဒသမ ၄၆ သန်းကျော် ဆုံးရှုံးခဲ့ပြီး ဒုတိယ အများဆုံးဖြစ်ကာ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း ၃၅၅ ဒသမ ၉၀ သန်းကျော် ဆုံးရှုံးခဲ့ပြီး တတိယ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ၁၀ လအတွင်း နိုင်ငံတစ်ဝန်းလုံး လအလိုက် မီးလောင်မှုများမှာ ဇန်န၀ါရီလတွင် ၁၆၇ ကြိမ်၊ ဖေဖေါ်ဝါရီလတွင် ၂၀၁ ကြိမ်၊ မတ်တွင် ၃၂၄ ကြိမ်၊ ဧပြီတွင် ၂၃၇ ကြိမ်၊ မေတွင် ၁၂၃ ကြိမ်၊ ဇွန်တွင်  ၈၇ ကြိမ်၊ ဇူလိုင်တွင် အကြိမ် ၇၀၊ သြဂုတ်တွင် ၆၁ ကြိမ်၊ စက်တင်ဘာတွင် ၆၉ ကြိမ်၊ အောက်တိုဘာတွင် ၈၉ ကြိမ် မီးလောင်ကျွမ်းမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ၁၀ လအတွင်း မီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေအဆောက်အအုံ ၄၅၃၉ လုံး၊ စက်ရုံအလုပ်ရုံ ၁၁ ရုံ၊ ဂိုဒေါင် ၄၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုများကြောင့် လူဦးရေ ၁၄၆၉၆ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်း သိရသည်။

Eleven Media Group 

စက်တင်ဘာလအတွင်း မင်္ဂလာဒုံစက်မှုဇုန် A1 အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
စက်တင်ဘာလအတွင်း မင်္ဂလာဒုံစက်မှုဇုန် A1 အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
RangonNewsDaily:: November . 10 .2013
ဆယ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင်မီးလောင်မှု၁၄၈၂ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သော
မီးမှာ အများဆုံးဖြစ်ခဲ့၍ မီးလောင်မှုများကြောင့် သေဆုံးသူ ၅၅ ဦးထိ ရှိခဲ့ကြောင်း ဦးစီးဌာန၏ စာရင်းဇယား
များအရ သတင်းရရှိပါသည်။

ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ

Photo: ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ 
Sunday, November 10, 2013

ဖိလစ်ပိုင်နိုင်ငံမှာ သောကြာနေ့တုန်းက အလွန်အင်အားပြင်းထန်တဲ့လေမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Tacloban မြို့တမြို့တည်းမှာတင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး Samar ခရိုင်အတွင်းမှာလည်း သေဆုံးသူ ၂၀၀ ထက် မနည်းရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ပြောဆိုလိုက်ပါတယ်။
Tacloban မြို့နဲ့ Samar ခရိုင်တွေမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေရဲ့ ကနဦး သတင်းပေးပို့ချက်တွေကို အခြေခံပြီး အခုလို သေဆုံးအရေအတွက်ကို ထုတ်ပြန်ရတာဖြစ်ကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး Gwendolyn Peng က ပြောဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

ဒေသတွင်းမှာရှိတဲ့ ကြက်ခြေနီအဖွဲ့ရဲ့ ပြောဆိုမှုအရ ရေထဲမှာမြောနေတဲ့ သေဆုံးသူ အလောင်း ၁,၀၀၀ ကျော် ရှိတဲ့ အကြောင်း သူမက Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ လူသေဆုံးမှုအခြေအနေဟာ တိုးများလာနိုင်တဲ့ အနေအထားမှာရှိနေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေတွေဟာလည်း တိတိကျကျ ပြောနိုင်ဖို့အတွက် အချိန်ယူရလိမ့်အုံးမှာ ဖြစ်ပါတဲ့အကြောင်း ကနဦးသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဟိုင်ယန် အမည်ရှိတဲ့ တိုင်ဖုန်းလေမုန်တိုင်းဟာ ကမ္ဘာ့သမိုင်းမှာ အပျင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းတွေထဲက တခုဖြစ်ပါတယ်။ မုန်တိုင်း တိုက်ခတ် မှုကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်နေပြီး အဆောက်ဦးတွေ ပြိုကျပျက်စီးမှုတွေ၊ သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်သွားတာတွေ၊ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။

မုန်တိုင်းမတိုက်ခတ်ခင် အာဏာပိုင်တွေက လူပေါင်း ၈ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ အဲဒီမုန်တိုင်းကို ယိုလန်ဒါ မုန်တိုင်းလို့  ခေါ်ကြပြီး ဒီမုန်တိုင်းဟာ ခရိုင် ၃၆ ခရိုင်အတွင်းမှာရှိတဲ့ လူပေါင်း ၄ သန်း ကျော်ကို သက်ရောက်မှုဖြစ်စေခဲ့တာပါ။

လေမုန်တိုင်းဟာ တနာရီကို မိုင် ၁၉၀ ကျော် နှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး အခုတော့ အားလျော့သွားပြီး ပင်လယ်ပြင်ကို ဖြတ်ကာ ဗီယက်နမ် နိုင်ငံဘက် ဆီကို ဦးတည်ရွှေ့လျှားနေပါတယ်။ ဗီယက်နမ်နိုင်ငံကို တနင်္ဂနွေနေ့မှာ ၀င်ရောက် တိုက်ခတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

VOA
ဖိလစ်ပိုင်နိုင်ငံအတွင်း အားပြင်း Haiyan မုန်တိုင်းဝင်ရောက်ခဲ့ပြီး ပျက်စီးသွားတဲ့ လေယာဉ်ကွင်းတခုရဲ့မြင်ကွင်း။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံအတွင်း အားပြင်း Haiyan မုန်တိုင်းဝင်ရောက်ခဲ့ပြီး ပျက်စီးသွားတဲ့ လေယာဉ်ကွင်းတခုရဲ့မြင်ကွင်း။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
RangonNewsDaily:: November . 10 .2013
ဖိလစ်ပိုင်နိုင်ငံမှာ သောကြာနေ့တုန်းက အလွန်အင်အားပြင်းထန်တဲ့လေမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Tacloban မြို့တမြို့တည်းမှာတင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး Samar ခရိုင်အတွင်းမှာလည်း သေဆုံးသူ ၂၀၀ ထက် မနည်းရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ပြောဆိုလိုက်ပါတယ်။