Pages

Friday, November 8, 2013

ဆီးဂိမ်းပြိုင်ပွဲအတွက် ရုပ်သံလိုင်း (၃)လိုင်း ထပ်တိုးထုတ်လွှင့်မည့် MRTV

RangonNewsDaily:: November . 8 .2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ထုတ်လွှင့်ပြသလျက်ရှိသည့် ရုပ်သံလိုင်းများအပြင် အားကစားပွဲများကိုတိုက်ရိုက် သို့မဟုတ် တည်းဖြတ် ထုတ်လွှင့်ပေးမည့် ရုပ်သံလိုင်း (၃)လိုင်းကို အခမဲ့ ထပ်မံ ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီအချိန်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် အစည်းအဝေးမှ သိရှိရသည်။

ရွာမ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဒီဇင်ဘာတွင် စတင် လည်ပတ်မည်

Photo: ရွာမ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဒီဇင်ဘာတွင် စတင် လည်ပတ်မည်
Thursday, November 8, 2013 

ထိုင်းနိုင်ငံက ကူညီထောက်ပံ့သော ဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စက်ရုံကို ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် ကျေးရွာတွင် တည်ဆောက်လျက် ရှိပြီး ဒီဇင်ဘာ လကုန်တွင် စတင် လည်ပတ်တော့မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ၎င်းက ယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။

လျှပ်စစ်ဝန်ကြီးဌာနသည် ဆောင်ရွက် လုပ်ဆောင်မည်ဟု ပြောဆိုထားသည့် အချက်များကို ပြီးဆုံးခြင်း မရှိဘဲ လွှတ်တော်တွင် လာရောက် တင်ပြခြင်းသည် လွှတ်တော်ကို အသုံးချ၍ ပြည်သူများကို လှည့်စားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက် ပေးသည်။
“ရွာမ ဂက်စ်တာဘိုင်ကို တစ်လအတွင်း အပြီးလုပ်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက ဓာတ်အားခွဲရုံ ၄၄ ရုံ၊ ဓာတ်အားလိုင်း အရှည် ၃၃၄ ကီလိုမီတာနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ဓာတ်အားခွဲရုံ ၉၃ ရုံ ဓာတ်အားလိုင်း အရှည် ၂၂၃ ကီလိုမီတာ၊ မီတာ အရေအတွက် ၅၅,၀၀၀ လုံး တို့ကို ဆောင်ရွက်ရန် လျာထားကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဖော်ပြထားသည်။

၂၀၁၂- ၂၀၁၃ ဘဏ္ဍရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ယူနစ် သန်းပေါင်း ၃၇၅၂ ဒသမ ၄၈၃ ရှိပြီး တစ်နိုင်ငံလုံးတွင် ယူနစ် သန်းပေါင်း ၈၂၅၅ ဒသမ ၁၈၈ ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 8 .2013
ထိုင်းနိုင်ငံက ကူညီထောက်ပံ့သော ဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စက်ရုံကို ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် ကျေးရွာတွင် တည်ဆောက်လျက် ရှိပြီး ဒီဇင်ဘာ လကုန်တွင် စတင် လည်ပတ်တော့မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ကျောင်းသားများအတွက် အဆောင်ပေးမည်

RangonNewsDaily:: November . 8 .2013
အစိုးရသစ်လက်ထက် ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် (COE) တို့တွင် လာမည့် ဒီဇင်ဘာလ၌ ဖွင့်လှစ်မည့် ၂၀၁၃- ၂၀၁၄ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှ စတင်ကာ နယ်ကျောင်းသားများ အတွက် အဆောင်များ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်က The Voice သို့ ပြောကြားသည်။

လျှပ်စစ်မီတာခ လျှော့ချရန် လှုပ်ရှားမည့် လုပ်ငန်းကော်မတီဖွဲ့

Photo: လျှပ်စစ်မီတာခ လျှော့ချရန် လှုပ်ရှားမည့် လုပ်ငန်းကော်မတီဖွဲ့
Friday, November 8, 2013

လျှပ်စစ်မီတာခကို တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အစီအစဉ်ကို ကန့်ကွက်ပြီး လျှပ်စစ်မီတာခ ပြန်လည် ကျဆင်းစေရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်း ကော်မတီ တစ်ရပ်ကို နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသော မီတာခ တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ပြည်သူ့ အမြင်များ နှီးနှောဖလှယ်ပွဲ အပြီး ဖွဲ့စည်းလိုက်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သော ရွှေပြည်သာ မြို့နယ်နေ ဦးကိုကိုနိုင်က ပြောကြားသည်။

လုပ်ငန်းကော်မတီက တိုးမြှင့် ကောက်ခံလိုက်သော လျှပ်စစ်မီတာခ ပြန်လည် လျှော့ချရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Generation Wave အဖွဲ့ဝင် ဦးမိုဃ်းသွေးက ပြောကြားသည်။

အထက်ပါ နှီးနှောဖလှယ်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ကျင်းပခဲ့ခြင်း ဖြစ်ကာ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်သူများ ဦးရေ ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

“တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့ အစီအစဉ်ကို လွှတ်တော်နဲ့ သမ္မတကို အသိမပေးဘဲ လျှပ်စစ်စွမ်းအား ဝန်ကြီးက သူ့သဘောနဲ့သူ လုပ်သွားတာဟာ စဉ်းစားစရာ ဖြစ်နေတယ်။ ပြည်သူရဲ့ သဘောဆန္ဒကို မယူဘူး။ ပြည်သူ့လွှတ်တော် ကိုလည်း အသိမပေးဘဲ အခုလို မီတာခကို တိုးမြှင့်လိုက်တာဟာ ပြည်သူကို မလေးစားရာ ရောက်တယ်” ဟု မြန်မာ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ဦးသိန်းအောင်မြင့်က ဆိုသည်။

တိုးမြှင့်လိုက်သော မီတာနှုန်းထားအရ အိမ်သုံး ၁၀၀ ယူနစ်အထက် သုံးစွဲလျှင် တစ်ယူနစ်နှုန်း ၅၀ ဖြင့် တွက်ချက်ယူမည် ဖြစ်ရာ ယခင်ထက် ၁၅ ကျပ် မြင့်တက်သွားပြီး လုပ်ငန်းသုံး ၅၀၀၀ ယူနစ်အထက် သုံးစွဲလျှင် တစ်ယူနစ် ၁၅၀ ကျပ်နှုန်း ယခင်ထက် ၇၅ ကျပ် (နှစ်ဆ) တိုးမြှင့်သွားမည် ဖြစ်သည်။

နိုဝင်ဘာ ၆ ရက်နေ့က ယင်းသို့ လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ငါးဦးကို ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်။

The Voice Weekly

RangonNewsDaily:: November . 8 .2013
လျှပ်စစ်မီတာခကို တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အစီအစဉ်ကို ကန့်ကွက်ပြီး လျှပ်စစ်မီတာခ ပြန်လည် ကျဆင်းစေရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်း ကော်မတီ တစ်ရပ်ကို နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသော မီတာခ တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ပြည်သူ့ အမြင်များ နှီးနှောဖလှယ်ပွဲ အပြီး ဖွဲ့စည်းလိုက်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သော ရွှေပြည်သာ မြို့နယ်နေ ဦးကိုကိုနိုင်က ပြောကြားသည်။

ဆော်ဒီကို နျူလက်နက် လွှဲပေးရန် ပါကစ္စတန် အဆင်သင့်ဖြစ်နေပြီလား

Photo: ဆော်ဒီကို နျူလက်နက် လွှဲပေးရန် ပါကစ္စတန် အဆင်သင့်ဖြစ်နေပြီလား
Thursday, November 8, 2013 

အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးမှ ထွက်လာသော အစီရင်ခံစာ တစ်စောင်တွင် ပါကစ္စတန်တို့က သူတို့၏ နျူလက်နက် အချို့ကို ဆော်ဒီအာရေးဗီးယားသို့ လွှဲပြောင်းရန် အသင့်ဖြစ်နေပြီဟူသော သတင်းများ ထွက်ပေါ် လျက်ရှိသည်။ 

အီရန်တို့၏ နျူအစီအစဉ်ကို တုံ့ပြန်သည့် လုပ်ရပ်တစ်ခုဖြစ်နိုင်သည့်ဟု အများက ထင်မြင်ယူ ဆချိန်တွင် အစ်လာမာဘက်ကမူ အခြေအမြစ် မရှိသည့် သတင်းဟု ငြင်းဆိုထားသည်။ 

ဆော်ဒီနှင့် ပါကစ္စတန်တို့၏ လျှို့ဝှက်ပူးပေါင်းမှု အစီအစဉ်ကို ဘီဘီစီ၏ Newsnight show မှတစ်ဆင့် ဖော်ပြခဲ့သည်။ 

အရှေ့အလယ်ပိုင်းဒေသမှ ကောလာဟလများသည် ဇာတ်သိမ်းခန်းမဲ့သော ဇာတ်လမ်းတွဲများ သဖွယ်ဖြစ်နေ၏။ သို့သော်လည်း အီရန်တို့၏ ရှီအာဗုံး တည်ဆောက်မှုသည် ဒေသတွင်း ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကာ ဆော်ဒီကို စိတ်လှုပ်ရှားစေသည်မှာမူ မဖုံးနိုင်လောက်အောင် ပေါ်လွင်လျက်ရှိသည်။ 

အီရန်နျူအရေးအတွက် အဖြေရှာရန် ပြုလုပ်မည့် ဂျာနီဗာဆွေးနွေးပွဲ မစတင်မီ နောက်ဆုံးထွက်လာသည့် သတင်းအပေါ် ပါကစ္စတန်တို့က အခြေအမြစ်မရှိဟု ဆိုသည်။ 

လစ်ဗျားနှင့် မြောက်ကိုရီးယားတို့ကို အဏုမြူလျှို့ဝှက်ချက်များ ထုတ်ရောင်းခဲ့သည်ဟု စွပ်စွဲခံထားရသူ အေကျူခန်းက ယခု ဆော်ဒီနှင့်ပြုလုပ်သည့် အပေးအယူကိစ္စသည် အမှန်တကယ်ဆိုလျှင် နှစ်နိုင်ငံစလုံးကို ထိခိုက်နစ်နာစေမည့် ကိစ္စဟု ဆိုသည်။

ဆော်ဒီတို့သည် ကုလားအုပ်စီးသူများဖြစ်သည့်တိုင်အောင် သူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့သူများ မဟုတ်ဟု သူကဆို၏။ 

ဆော်ဒီအနေဖြင့်မူ အီရန်က နျူလက်နက်ပိုင်ဆိုင်ခဲ့လျှင် သူတို့သည်လည်း အမေရိကန်၏ အကူအညီဖြင့် အလားတူလက်နက်မျိုး ကိုင်ထားရန် စီစဉ်နေသည်ဟု သတင်းများ ထွက်လျက်ရှိသည်။ 

လွန်ခဲ့သောလက ဆွီဇင်နိုင်ငံပြုလုပ်သည့် ညီလာခံတစ်ရပ်တွင်လည်း အစ္စရေးတပ်ထောက်လှမ်းရေးမှ အကြီး အကဲဟောင်း အာမို့စ်ယက်ဒင်က အကယ်၍ အီရန်တွင် နျူဗုံးရှိပြီဆိုသည်နှင့် ဆော်ဒီသည် တစ်လမဆိုင်းဘဲ ပါကစ္စတန်သို့သွားကာ သူတို့လိုချင်သည့်အရာကို ယူလာနိုင်သည်ဟု ဆိုထားသည်။

ပါကစ္စတန်သည် ၁၉၉၈ခုနှစ်က နိုင်ငံ၏ နျူလက်နက်ကို ပထမဆုံးအကြိမ် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ကမ္ဘာကို ကြေညာ ထားသော နိုင်ငံဖြစ်သည်။ လက်ရှိအချိန်တွင် ပါကစ္စတန်လုပ် Ghauri ဒုံးကျည်သည် ၁၅၄၀ပေါင်လေးသည့် နျူထိပ်ဖူးတပ် ဆင်နိုင်ပြီး မိုင် ၉၄၀ ၀န်းကျင်အထိ ပစ်ခတ်နိုင်သော အမျိုးအစားဖြစ်သည်။ 

ဆော်ဒီနှင့် ပါကစ္စတန်သည် ဗလီများနှင့်အခြားသော အခြေခံအဆောက်အအုံများအတွက် လိုအပ်သည့် ငွေကြေးဆိုင်ရာ အပေးအယူကိစ္စများနှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ အပြန်အလှန်ပြုလုပ်ကာ နှစ်နိုင်ငံဆက်ဆံရေး ကာလရှည်ကြာ တည်မြဲနေသည့် နိုင်ငံနှစ်ခု ဖြစ်သည်။


Ref: Telegraph

RangonNewsDaily:: November . 8 .2013
အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးမှ ထွက်လာသော အစီရင်ခံစာ တစ်စောင်တွင် ပါကစ္စတန်တို့က သူတို့၏ နျူလက်နက် အချို့ကို ဆော်ဒီအာရေးဗီးယားသို့ လွှဲပြောင်းရန် အသင့်ဖြစ်နေပြီဟူသော သတင်းများ ထွက်ပေါ် လျက်ရှိသည်။

First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO

Photo: First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO
Friday, November 8, 2013

IFA 2013 နည်းပညာပြပွဲရဲ့ အထူးခြားဆုံးသော စမတ်ဖုန်းအား ရွေးချယ်ပါဆိုလျှင် ALCATEL ONE TOUCH HERO အား ရွေးချယ်ရပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီစမတ်ဖုန်းဟာ “ဘက်စုံသုံး” ဆိုတဲ့ အခေါ်အဝေါနဲ့ အမှန်တကယ်ကို လိုက်ဖက်တဲ့ ပထမဆုံးသော စမတ်ဖုန်း ဖြစ်နေလို့ပါပဲ။ ကြီးမားကျယ်ပြန့်ပြီး ပုံထွက်ကောင်းမွန်လှတဲ့ ၆ လက်မ အရွယ် မျက်နှာပြင်နဲ့ စွမ်းဆောင်ရည် မြင့်မားလှတဲ့ အချက်တွေအပြင် Stylus Pen ၊ E Ink သုံး အဖုန်းနဲ့ Pico ပရော်ဂျက်တာတို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး အဖြစ် ဘက်စုံသုံးနိုင်အောင် အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ စမတ်ဖုန်းပါပဲ။

ALCATEL ONE TOUCH HERO ရဲ့ ၆ လက်မ မျက်နှာပြင်ရဲ့ ပုံထွက်နှုန်းဟာ 1920 x 1080 pixel ရှိလို့ Full HD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ လက်ရာမထင်အောင်လည်း Oleophobic အလွှာပါး ဖုန်းအုပ်ပေးထားပါတယ်။

စက်ပိုင်းဆိုင်ရာမှာတော့ quad-core ပရော်ဆက်ဆာ၊ 2GB RAM နဲ့ 8GB (သို့) 16GB သိုမှီးမှုပါမာဏတို့ကို ထည့်သွင်းပေးထားပါတယ်။ ထူးခြားတာကတော့ 16GB မော်ဒယ်မှာ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းလို့ ရမှာဖြစ်ပါတယ်။ 32GB ပမာဏအထိ ထည့်သွင်းနိုင်မယ့် microSD အပေါက်နဲ့ 3400 mAh အားရှိတဲ့ ဘက္ကထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

HERO ကို အမှတ်မထင်ကြည့်ရင် Samsung Galaxy Note II နဲ့ တူသယောင်ရှိနေပြီး ပါဝင်တဲ့ Stylus Pen ဟာလည်း Note ရဲ့ Stylus နဲ့ ဆင်နေပြန်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက ထူးခြားပြီး ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒီစမတ်ဖုန်းနဲ့ တွဲဖက်ပြီး အသုံးပြုဖို့ သီးသန့်ထုတ်လုပ် ပေးထားတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျမှသာ “ဘက်စုံသုံး” စမတ်ဖုန်းတစ်ခု ဖြစ်လာမှာပါ။

ပထမဆုံး ပစ္စည်းကတော့ TV Link ခေါ် မိမိရဲ့ တီဗီနဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး ဖုန်းပေါ်မှာ ပေါ်နေသည့် မြင်ကွင်းအား တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
HERO ရဲ့ အနောက်ဖက် ညာဖက်ခြမ်းမှာ pin တွေ တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။ ဒီ Pin တွေဟာ ကြိုးမဲ့အားသွင်းနိုင်တဲ့ case နဲ့ LED မီးလုံးလေးတွေနဲ့ notification တွေကို ဖော်ပြပေးနိုင်တဲ့ Megaflip လို့ခေါ်တဲ့ case တို့ကို ချိတ်ဆက်တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဤ ထပ်ဆောင်းပစ္စည်းများအနက် အထူးခြားဆုံးကတော့ E Ink မြင်ကွင်း တပ်ဆင်ထားတဲ့ cover ပဲဖြစ်ပါတယ်။ ဒီ E Ink မြင်ကွင်းကို အသုံးပြုပြီး စာဖတ်ခြင်း ၊ text message ကြည့်ခြင်းနဲ့ အခြားသော အချက်အလက်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထပ်ဆောင်းပစ္စည်းကတော့ Pico ပရော်ဂျက်တာပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ pin တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် ဤ ပရော်ဂျက်တာလေးဟာ HERO စမတ်ဖုန်းအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်ပြီး လက်မ ၇၀ အရွယ် မြင်ကွင်းအား ချိန်ထိုးဖော်ပြ ပေးနိုင်မယ်လို့ သိရှိရပါတယ်။

HERO အား အဖြူ၊ အနက်နှင့် အပြာရောင်များဖြင့် ထုတ်လုပ်သွားမယ်လို့ သိရှိရပြီး ဈေးနှုန်းနှင့် စတင်ဖြန့်ချိမည့် အချိန်တို့ကိုမူ မသိရှိရသေးပါ။

Myanmar Consumer Guide

RangonNewsDaily:: November . 8 .2013
IFA 2013 နည်းပညာပြပွဲရဲ့ အထူးခြားဆုံးသော စမတ်ဖုန်းအား ရွေးချယ်ပါဆိုလျှင် ALCATEL ONE TOUCH HERO အား ရွေးချယ်ရပါလိမ့်မယ်။

ရခိုင်တွင် ကယ်ဆယ်ရေးအဖွဲ့များ ခြိမ်းခြောက်ခံနေရ

RangonNewsDaily:: November . 8 .2013
ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး ဆောင်ရွက်နေသည့် အဖွဲ့များ၏ ထောက်ပံ့ရေး လုပ်ငန်းများကို နှောင့်နှေးကြန့်ကြစေရန် ဒေသခံဗုဒ္ဓဘာသာဝင်များက ပြုလုပ်ခဲ့ကြသည်ဟု အဆိုပါ အဖွဲ့ များက ပြောကြသည်။ အကူအညီပေးရာတွင် မွတ်ဆလင်များ ကိုသာ ဦးစားပေး ဘက်လိုက် ဆောင်ရွက်သည်ဟု စွပ်စွဲပြီး ယခုအပတ်အ တွင်း တွင် ရန်လိုသည့်အပြုအမူများ ပိုမိုတိုးပွားလာသည်ဟုလည်း ၎င်းတို့က ဆိုသည်။

ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည်

Photo: ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည်
Thursday, November 8, 2013 

ဂျပန်နိုင်ငံက လှူဒါန်းမည့် သင်္ဘောများ ရောက်ရှိချိန် ဖြစ်သော ၂၀၁၄ ခုနှစ်တွင် လက်ရှိ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (သယ်ယူပို့ဆောင်ရေး ဌာန) မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးမျိုးနိုင်က ပြောကြားသည်။

မြစ်အတွင်း လေ့လာ လည်ပတ်သူများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနားများ ပြုလုပ်ရန် ငှားရမ်းနိုင်မည် ဖြစ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ငှားရမ်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆိတ်ကြီးခနောင်တို ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားသော်လည်း ဆိတ်ကြီးခနောင်တို ကျေးရွာသို့ ဝင်ရမည့် မြစ်မှာ ကျဉ်းမြောင်းသောကြောင့် ပြေးဆွဲပေးရန် မသေချာသေးကြောင်း၊ ယခုကဲ့သို့ Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲခြင်းသာ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရေမြေ အနေအထား၊ ရာသီဥတုနှင့် လူနေမှု ဓလေ့၊ ခရီးသည်၏ သိပ်သည်းဆတို့ကို တွက်ချက်၍ ဂျပန်နိုင်ငံတွင် သင်္ဘော သုံးစင်းကို တည်ဆောက်လျက် ရှိရာ ၂၀၁၃ ခုနှစ်ကုန်တွင် ရောက်ရှိမည် ဖြစ်ကြောင်း ယင်းဌာနမှ စုံစမ်း သိရှိရသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် စက်ရှိ၊ စက်မဲ့ ရေယာဉ် ၄၂၁ စင်းက ကူးတို့လမ်း ခုနစ်လမ်း၊ ခရီးလမ်း ၃၅ လမ်းကို ပြေးဆွဲလျက် ရှိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

RangonNewsDaily:: November . 8 .2013
ဂျပန်နိုင်ငံက လှူဒါန်းမည့် သင်္ဘောများ ရောက်ရှိချိန် ဖြစ်သော ၂၀၁၄ ခုနှစ်တွင် လက်ရှိ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (သယ်ယူပို့ဆောင်ရေး ဌာန) မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးမျိုးနိုင်က ပြောကြားသည်။

အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Haiyan ဖိလစ်ပိုင်သို့ ၀င်ရောက် တိုက်ခတ်

Photo: အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Haiyan ဖိလစ်ပိုင်သို့ ၀င်ရောက် တိုက်ခတ်
Friday, November 8, 2013

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပင်လယ် ကမ်းခြေသို့ နိုဝင်ဘာ ၈ ရက် ဒေသ စံတော်ချိန် နံနက် ၄ နာရီ ၄ဝ မိနစ်တွင် တိုင်ဖွန်း မုန်တိုင်း Haiyan စတင် ဝင်ရောက် တိုက်ခတ် ခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ရပ်အရ သိရသည်။ 

မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လျက် ရှိခြင်းကြောင့် ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများ ဖြစ်ပွား နိုင်သည့်အတွက် ဒေသခံ ပြည်သူ သန်းပေါင်း များစွာ အနေဖြင့် လုံခြုံမှု ရှိသည့် နေရာများသို့ ရွှေ့ပြောင်း နေထိုင်ရန် ၊ သို့မဟုတ် မုန်တိုင်းဒဏ် ခံနိုင်သော အဆောက်အဦ များတွင် ခိုလှုံကြရန် သက်ဆိုင်ရာ အာဏာပိုင် များက သတိပေး ထားခဲ့ပါသည်။ Haiyan တိုင်ဖွန်း မုန်တိုင်းသည် ဆာဗာပြည်နယ် အရှေ့ဘက် ကမ်းခြေမြို့ ဖြစ်သည့် Guiuan မြို့သို့စတင် ဝင်ရောက် တိုက်ခတ် ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် အတွင်း တိုက်ခတ်ခဲ့သော အပြင်းထန်ဆုံး အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပြီး အဆင့် ၅ အဆင့်ရှိ ဟာရီကိန်း မုန်တိုင်း တစ်ခုဖြစ်ကြောင်း ၊ လေတိုက်နှုန်း တစ်နာရီ ၂၃၅ ကီလိုမီတာ (၁၄၆ မိုင်) နှုန်းနှင့် လေပြင်း တိုက်နှုန်း တစ်နာရီ ၂၇ဝ ကီလိုမီတာ (၁၆၇ မိုင်) နှုန်းဖြင့် တိုက်ခတ် လျက်ရှိပြီး အနောက်ဘက် သို့ တစ်နာရီ ၃၉ ကီလိုမီတာ (၂၄ မိုင်) နှုန်းဖြင့် ဆက်လက် ရွေ့လျားလျက် ရှိကြောင်း ၊ မုန်တိုင်းသည် ခန့်မှန်း ထားသည်ထက် လျင်မြန်စွာ ဝင်ရောက် လာခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ကြိုတင် ခန့်မှန်းသူ များက ပြောကြား ခဲ့သည်။ 

Luzon ကျွန်းရှိ တောင်ပိုင်း ပြည်နယ် များသည် မုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်နိုင်သည့် သတိပေးချက် အောက်တွင် ရှိနေပြီး လေတိုက်နှုန်းမှာ တစ်နာရီ ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်)နှုန်း အထက် တိုက်ခတ် နိုင်ကြောင်း သိရသည်။ ထို့အပြင် အနိမ့်ပိုင်း နေရာများနှင့် တောင်ထူထပ်သောဒေသများတွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူများ အနေဖြင့် ဖြစ်ပေါ်လာ နိုင်သော ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများ ကို ရှောင်ရှားရန် နှင့် ပင်လယ် ကမ်းခြေဒေသ များတွင် မုန်တိုင်း အရှိန်ကြောင့် ပင်လယ်ရေ မျက်နှာပြင်မှာ အမြင့်ပေ ၇ မီတာ (၂၃ ပေ) အထိရောက်ရှိ နိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ဌာနက သတိပေးချက် ထုတ်ပြန် ခဲ့သည်။ 

အဆိုပါ မုန်တိုင်းကြောင့် လေယာဉ် ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ရပြီး မုန်တိုင်း တိုက်ခတ် နိုင်သည့် ဒေသများရှိ ဆိပ်ကမ်း များတွင် ခရီးသည် ၂ဝဝဝ ကျော် သောင်တင် နေကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့က တင်ပြ ခဲ့သည်။ ထို့အပြင် အဆိုပါ Haiyan တိုင်ဖွန်း မုန်တိုင်းသည် နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်း တွင် ဖိလစ်ပိုင် နိုင်ငံမှ ထွက်ခွာပြီး ဗီယက်နမ် နိုင်ငံသို့ ဦးတည် သွားမည်ဟု ခန့်မှန်း ထားကြောင်း လည်း သိရှိရသည်။

The Myawady Daily

RangonNewsDaily:: November . 8 .2013
ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပင်လယ် ကမ်းခြေသို့ နိုဝင်ဘာ ၈ ရက် ဒေသ စံတော်ချိန် နံနက် ၄ နာရီ ၄ဝ မိနစ်တွင် တိုင်ဖွန်း မုန်တိုင်း Haiyan စတင် ဝင်ရောက် တိုက်ခတ် ခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ရပ်အရ သိရသည်။

လွတ်လပ်စွာထုတ်ဖော်ခွင့် ကွန်ရက်ဖွဲ့စည်း

RangonNewsDaily:: November . 8 .2013
ပုဒ်မ ၁၈ အပါအဝင် ပြည်သူလူထု၏ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ကန့်သတ်ပိတ်ပင် တားဆီးမှု များ ကို ပယ်ဖျက်ရေး အတွက် အရပ်ဘက်လူမှုအဖွဲ့အ စည်းများနှင့် နိုင်ငံရေးအင်အား စုများမှ လွတ်လပ်စွာ ထုတ်ဖော် ခွင့် ကွန်ရက်ကို ဖွဲ့စည်းလိုက် ကြောင်း သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှု၏ လက်သည်များကို ဥပဒေအရ ခွင့်လွှတ်ရန်အကြောင်းမရှိဟု စင်္ကာပူက ဆိုပြီ

Photo: ဆိုက်ဘာတိုက်ခိုက်မှု၏ လက်သည်များကို ဥပဒေအရ ခွင့်လွှတ်ရန်အကြောင်းမရှိဟု စင်္ကာပူက ဆိုပြီ
Thursday, November 8, 2013 

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံ၏ ကွန်ရက်စနစ်များကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သူ မည်သူ့ကိုမဆို တရားစီရင်ရေးက မျက်နှာသာပေးမည် မဟုတ်ကြောင်း၊ မိမိတို့၏ အစိုးရအဖွဲ့အစည်းသည် အပြစ်ရှိသူ မည်သူ့ကိုမဆို ဖမ်းဆီးအပြစ်နိုင်အောင် ခြေရာခံနိုင်စွမ်းရှိကြောင်း ဆိုလိုက်သည်။ 

နိုဝင်ဘာ ၆ရက်က ၀န်ကြီးချုပ် လီ၏ ပြောကြားချက်တွင် အင်တာနက်တွင် အမည်မဖော်လိုသူဟု ဆိုကာ ခြေရာဖျောက်ထားနိုင်သည့်ဟု ထင်နေသူများက ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်လာလျှင်လည်း သူတို့အနေဖြင့် ကိုင်တွယ်နိုင်သည်ဟု Anonymous နိုင်ငံတကာဟက်ခ်ကာအဖွဲ့ကို ရည်ညွန်းကာ ကြိမ်းဝါးခဲ့သည်။

သူက နိုင်ငံတွင် စတင်နေသည့် Exercise Highcrest 2013 ကိုလည်း အလေးထားမိအောင် ထည့်သွင်း ပြောကြားခဲ့သည်။

လေ့ကျင့်မှုကို အောက်တိုဘာ ၂၉ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ပြုလုပ်ခဲ့ပြီး နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက် ဆန့်ကျင်ရေးအတွက် အကြီးမားဆုံး အစီအစဉ်တစ်ရပ် ဖြစ်သည်။ 

တိုက်ခိုက်မှုများကို ထိရောက်စွာ တုန့်ပြန်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသည့် အစီအစဉ်တွင် အေဂျင်စီပေါင်း ၂၀ခန့်မှ လူပေါင်း ၁၆၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။ 

ယခုက လေ့ကျင့်မှုက အမျိုးသားရေ ကြောင်းလုံခြုံ ရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ဆိုထားသည်။ 

အောက်တိုဘာ ၃၁ရက်က YouTube တွင် ထွက်ပေါ်လာသော Anonyumous ၏ ဗီဒီယိုဖိုင်တွင် စင်္ကာပူ အစိုးရကို အွန်လိုင်းတိုက်ပွဲ ဆင်နွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အင်တာနက် စည်းမျဉ်းသစ်ကြောင့် လူမှုကွန်ရက်သမားများနှင့် ဘလော့ဂါများတွင် လွတ်လပ်စွာရေးသားခွင့်များ အခက်ကြုံလာဖွယ် ရှိနေသည်။ 

ထို့အတွက် နိုဝင်ဘာ ၁ရက်တွင် Anonymous အဖွဲ့ဝင်တစ်ဦးက စင်္ကာပူအစိုးရကို လိုလားသော စထရိတ်တိုင်းမှ ဘလော့ဂ်တစ်ခုကို ထိုးဖောက်ပြလိုက်ပြီး အင်တာနက် လွတ်လပ်ခွင့်အတွက် တောင်းဆိုချက် များကို မလိုက်လျောလျှင် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတိပေးခဲ့သည်။ 

ဝန်ကြီးချုပ်လီက ယခုကိစ္စသည် ရယ်စရာမဟုတ်ကြောင်း၊ သူတို့ကိုယ်သူတို့ အမည်မသိသူများဟု ဆို၍ မည်သည့်တာဝန်မှ ခံယူစရာမလိုဟု ထင်နေကြကြောင်း၊ ကိုယ့်ကိုယ်ကိုယ့် အမည်မသိသူဟု ယူဆနေသူများကို ဘယ်သူဘယ်ဝါဖြစ်သည်ဟု မိမိတို့က ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း ပြန်လည် သတိပေးထားသည်။ 

Ref: CNA

RangonNewsDaily:: November . 8 .2013
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံ၏ ကွန်ရက်စနစ်များကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သူ မည်သူ့ကိုမဆို တရားစီရင်ရေးက မျက်နှာသာပေးမည် မဟုတ်ကြောင်း၊ မိမိတို့၏ အစိုးရအဖွဲ့အစည်းသည် အပြစ်ရှိသူ မည်သူ့ကိုမဆို ဖမ်းဆီးအပြစ်နိုင်အောင် ခြေရာခံနိုင်စွမ်းရှိကြောင်း ဆိုလိုက်သည်။

“မူဘောင်မှာ လက်နက်စွန့်လွှတ်ရေးလမ်းစဉ်ပါလာတာဟာ တိုင်းရင်းသားတွေဘက်က အကျေအလည်ဆွေးနွေးရမယ့် ကိစ္စပဲ”

Photo: “မူဘောင်မှာ လက်နက်စွန့်လွှတ်ရေးလမ်းစဉ်ပါလာတာဟာ တိုင်းရင်းသားတွေဘက်က အကျေအလည်ဆွေးနွေးရမယ့် ကိစ္စပဲ”
Thursday, November 8, 2013 

ဗိုလ်မှူးကြီးစိုင်းလနှင့်တွေ့ဆုံခြင်း


အပစ်အခတ်ရပ်စဲရေး ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော်လည်း အစိုးရတပ်နှင့် RCSS တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း တိုက်ပွဲနှင့် ထိတွေ့မှု တစ်ရာကျော် ဖြစ်ပွားခဲ့သည်။ ထို့အပြင် လိုင်ဇာညီလာခံတွင် ဘုံသဘောတူညီချက် ၁၁ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မှတ်ရေးထိုးရာတွင် RCSS ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ ရှမ်းပြည်ညီညွတ်ရေးလုပ်ငန်းကော်မတီသို့ တင်ပြပြီးမှ ဆုံးဖြတ်ချက်ချမည်ဟု သိရသည်။ ထို့ကြောင့် မြစ်ကြီးနားဆွေးနွေးပွဲအတွင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလနှင့် 7Day News တို့တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး - အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်မှာ RCSS နဲ့ အစိုးရတပ် တိုက်ပွဲတွေလည်း ညတိုင်းနီးပါးဖြစ်တယ်လို့ ကြားရတယ်။ အဲဒီအခြေအနေကို နည်းနည်းပြောပြပေးပါ။
ဖြေ - ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း အခုဆိုရင် ၂ နှစ်နီးပါးလောက်ရှိသွားပြီ။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပဲ။ ကျွန်တော်တို့ RCSSA /SSA နဲ့ တိုက်ပွဲဖြစ်တာ တိုက်ပွဲပေါင်း ၁၄၀ ကျော်သွားပါပြီ။ လက်မှတ်ရေးထိုးပြီးတော့ ရရှိလာတဲ့ သဘောတူညီချက် ၃၁ ချက်ထဲမှာ ကျွန်တော်တို့ အစိုးရနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်တာ နှစ်ခုပဲ ရှိပါတယ်။ (၁)ကတော့ ဆက်ဆံရေးရုံးဖွင့်ချင်တာ။ (၂) ကတော့ လွတ်လပ်စွာသွားလာခွင့်နဲ့ ပြည်သူတွေကို လွတ်လပ်စွာထိတွေ့ခွင့်။ ဒီလောက်ပဲ ရရှိပါတယ်။

မေး - အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ် ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ - အပစ်အခတ်ရပ်စဲရေး ပြုလုပ်တယ်ဆိုတာ နှစ်ဖက်စလုံးသဘောတူညီပြီးတော့ လက်မှတ်ရေးထိုးပြီးမှ ပြုလုပ်တာ။ အဲဒါတော့ တကယ်အပစ်အခတ် ရပ်ချင်လို့လို့ ကျွန်တော်တို့ သဘောပေါက်တယ်။ ဒါပေမဲ့ အစိုးရတပ်ဘက်က မရပ်ဘူး။ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားပေမယ့်လည်း တပ်မတော်က အပစ်အခတ်မရပ်ဘူး။ စစ်ဆင်ရေးတွေ လုပ်နေတယ်။ နောက်ပြီးတော့ ကျွန်တော်တို့သဘောတူညီချက်အရ ကျွန်တော်တို့ ရောက်တဲ့နေရာမှာ ရပ်ဆိုင်းထားရမယ်။ တောထဲမှာ ကျွန်တော်တို့ သွားလာမြဲအတိုင်းပဲ လှုပ်ရှားနေမယ်။ မြို့ပေါ်တို့၊ ကားလမ်းတို့၊ ကျွန်တော်တို့ မသွားဘူး။ အစိုးရတပ်တွေကိုလည်း သွားပြီးတော့ တိုက်ခိုက်တာတွေ ပြုလုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့နေမယ်။ အစိုးရတပ်တွေကိုတွေ့လည်း ကျွန်တော်တို့မပစ်ဘူး။ ဒါပေမဲ့ လက်နက်ကိုင်တပ်ချင်းအတူတူ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိသေးခင်မှာ ဒီအပစ်အခတ်ရပ်စဲရေးတွေ အမှန်တကယ်ရပ်နိုင်ဖို့အတွက် လိုအပ်နေတဲ့အချက်တွေက စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာမယ်ဆိုရင် နှစ်ဖက်စလုံးကြိုတင်ညှိနှိုင်းပြီးလုပ်ဆောင်ဖို့ အချက်အလက်ပါပါတယ်။ အခုတိုက်ပွဲဖြစ်ရတဲ့အကြောင်းက အစိုးရတပ်မတော်ဘက်ကဆိုရင် စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ပါတယ်။ နယ်မြေစိုးမိုးရေး နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ စစ်လှုပ်ရှားမှုတွေ၊ စစ်ဆင်ရေးတွေ ပြုလုပ်ပါတယ်။ ကျွန်တော်တို့ကို တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ်ပါတယ်။ ဆိုတော့ ဒီလိုဖြစ်နေတဲ့အပေါ်မှာဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ ဘာမှမယုံကြည်နိုင်ဘူး။ ဒီတော့ ကျွန်တော်တို့ အမှန်တကယ်အပစ်အခတ်ရပ်စဲရေးကို လုပ်ချင်တယ်။ နောက်ပြီးတော့ ဒီတိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း ရပ်ပြီးတော့ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာဖို့ (စနစ်ပွား)ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။

မေး - အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်တာနဲ့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲတာ ဘယ်ဟာက ပိုအရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ - တကယ်စစ်မှန်တဲ့ စေတနာနဲ့ စိတ်ထားတွေရှိတယ်ဆိုရင် အပစ်ရပ်ချင်တယ်ဆိုရင် ရပ်လိုက်ပေါ့။ နှစ်ဖက်စလုံး သေနတ်တွေ ကိုင်ထားပေမယ့်လည်း သူမပစ်ကြေး၊ ကိုယ်မပစ်ကြေးဆိုရင် တိုက်ပွဲကလည်းဖြစ်မှာမဟုတ်ဘူး။ အခုဖြစ်နေတာက လက်မှတ်သာထိုးထားပြီးတော့ တကယ်မရပ်ချင်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ဆိုတော့ အပစ်အခတ်ရပ်စဲရေးတွေနော်။ တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး၊ တည်တံ့ခိုင်မာတဲ့ ရပ်စဲရေးမရှိဘူးဆိုရင်လည်း ဒီနိုင်ငံရေးပွဲကို တစ်ဆင့်တက်လှမ်းဖို့ အခက်အခဲအများကြီးရှိပါတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ ယုံကြည်မှုဆိုတာကလည်း မရှိဘူး။ အပြန်အလှန်အပစ်အခတ်ရပ်စဲရေးတွေ တကယ်မလုပ်တော့ တွေ့တဲ့နေရာမှာ ပစ်တယ်ခတ်ကြတယ်။ နောက်ပြီးတော့ ပြည်သူတွေကို ဖြစ်ဖြစ်၊ နောက်ပြီးတော့ ကျွန်တော်တို့ကိုဖြစ်ဖြစ် ဒီ ၁၇/၁၊ ၁၇/၂ နဲ့ပတ်သက်တဲ့ အမှုတွေနဲ့ ဖမ်းလားဆီးလားတွေ လုပ်နေတာလည်းရှိနေတုန်းပါပဲ။ ဆိုတော့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာလည်း အားနည်းသွားတယ်။ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲ တစ်ဆင့် တက်လှမ်းသွားဖို့အရေးမှာ အခက်အခဲဖြစ်စေတယ်။ အပစ်အခတ်ရပ်စဲရေးဟာ တကယ်တည်တံ့ရေရှည်ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်ရပါလိမ့်မယ်။ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့အတွက် အာမခံချက်တွေရှိရပါလိမ့်မယ်။ နိုင်ငံရေးမူဘောင်တွေကို ကျွန်တော်တို့ နှစ်ဖက်စလုံးသဘောတူတဲ့မူတွေ ဖြစ်လာအောင် ပူးပေါင်းပြီးတော့ ရေးဆွဲရမယ်။ ဒီလိုအမှန်တကယ်လုပ်မယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးကို အာမခံပေးနိုင်မယ့် နည်းစနစ်တွေ၊ နည်းနာတွေ၊ သဘောတူညီချက်တွေရှိလာပြီဆိုရင် အပစ်အခတ်ရပ်စဲရေးပဲ အရင်လုပ်လုပ်၊ မူဘောင်ပဲအရင် ရေးဆွဲရေးဆွဲ အလုပ်ဖြစ်ပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုကျတော့ လက်နက်စစ်မဟုတ် လမ်းစဉ်ကိုပဲ ပြောလာမယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒီနိုင်ငံရေး ပြဿနာများကို ဖြေရှင်းပြီးတော့ ငြိမ်းချမ်းရေးကို အမှန်တည်ဆောက်နိုင်ပါလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

မေး - လိုင်ဇာညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ မူဘောင်အတွက် RCSS အနေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတဲ့ အချက်ရှိခဲ့လား။
ဖြေ - ဒီလိုင်ဇာဆွေးနွေးပွဲကနေပြီး ရရှိလာတဲ့ ဘုံသဘောထားရပ်တည်ချက်ဟာ ဒီနေ့အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားဘက်ကနေ တင်ပြပါတယ်။ အစိုးရဘက်က ဘယ်လိုပြန်ကြားသလဲဆိုရင် ဒီတိုင်းရင်းသားဘက်က ဘုံသဘောထားရပ်တည်ချက်ဟာ အစိုးရဘက်က ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူထဲမှာ အားလုံးပါရှိပြီးသား ဖြစ်ပါတယ်ဆိုပြီးတော့ အစိုးရကနေ ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဘောင်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ အပ်နှင်းပေးသွားပါတယ်။ အဲဒီအထဲမှာ ပါရှိတဲ့အချက်အလက်တွေ၊ အနှစ်သာရတွေ အားလုံးကို လေ့လာကြည့်ပြီး သဘောတူညီတယ်ဆိုရင် လက်မှတ်ထိုးဖို့ အစိုးရဘက်က အဆင်သင့် ဖြစ်ပါတယ်ဆိုတာ ပြန်လည်ပြောကြားပါတယ်။ အဲဒီ အစိုးရပေးလာတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကို တိုင်းရင်းသားဖက်က လေ့လာဖို့နှစ်ရက်အချိန်ရှိပါတယ်။ အဲဒီမူကို လေ့လာပြီးတော့ ဖတ်ပြီးတော့ လိုအပ်တဲ့အချက်အလက်ကို ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မေး - ကျွန်တော်တို့ နားလည်တာက ဗိုလ်မှူးကြီးတို့နဲ့ ကေအင်န်ယူတို့က မူကြမ်းကို အစိုးရနဲ့ ညှိနှိုင်းပြီးပြီလို့ နားလည်ထားတယ်။
ဖြေ - ကျွန်တော်တို့ ပြောရမယ်ဆိုရင်တော့ ဒီတိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသွားတော့ ကျွန်တော်တို့ စုပေါင်းပြီးတော့ ဒီတစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို ကျွန်တော်တို့ ချမှတ်နိုင်ခဲ့ပါတယ်။ ဒီမူဘောင်ကို ကေအင်န်ယူနဲ့ RCSS တို့က အစိုးရထံယူလာပြီးမှ ညှိနှိုင်းဆွေးနွေးကြတယ်။ အစိုးရအနေနဲ့လည်း ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူဘောင်ကို အခြေခံပြီး မူဘောင်တစ်ခု ထပ်မံရေးဆွဲပါတယ်။ အခုအစိုးရဘက်က ထွက်လာတဲ့ မူဘောင်က ဒီတိုင်းရင်းသားတွေဘက်က ထွက်လာတဲ့ မူဘောင်ကို မှီပြီးရေးဆွဲထားတယ်လို့ အစိုးရဘက်က ပြောပါတယ်။ ဒါပေမဲ့ တကယ်လေ့လာကြည့်ရင်တော့ နိဒါန်းခေါင်းစဉ်အောက်မှာပဲ ကျွန်တော်တို့တွေ့ရှိရတာတော့ လက်နက်စွန့်လွှတ်ရေး လမ်းစဉ်ဆိုတာပါလာတယ်။ ဆိုတော့ တိုင်းရင်းသားဘက်ကလည်း အကျေအလည် ဆွေးနွေးရမယ့် ခေါင်းစဉ်လို့ ကျွန်တော်မြင်ပါတယ်။

မေး - အစိုးရက ဗိုလ်မှူးကြီးတို့နဲ့ ကေအင်န်ယူရဲ့ မူကြမ်းကို မှီပြီး ရေးဆွဲတာဆိုပေမယ့် ကွဲလွဲမှုတွေ ရှိနေတယ်လို့ ပြောရမလား။
ဖြေ - ကွဲလွဲတာတွေ အများကြီးရှိပါတယ်။ မှီငြမ်းပြီး ရေးဆွဲတယ်ဆိုတာ အားလုံးကို ယူပြီးတော့ ရေးဆွဲတာ မဟုတ်ပါဘူး။ သူတို့လိုအပ်နေတဲ့ အချက်အလက်တွေကို ယူပြီးရေးဆွဲပါတယ်။ နောက်ပြီးတော့စဉ်းစားထားတဲ့ဟာကို ဖြည့်ပြီး
ရေးဆွဲတာ ဖြစ်ပါတယ်။ 

မေး - ရာခိုင်နှုန်းဘယ်လောက်ထိ ကွဲလွဲမှုတွေ ရှိနေသလဲ။
ဖြေ - သူတို့ပြောပုံအရတော့ ၉၀ ရာခိုင်နှုန်း တူပါတယ်တဲ့။ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ မူထဲက။ တိုင်းရင်းသားများရဲ့ ဘုံသဘောထား ရပ်တည်ချက်ဟာလည်း အစိုးရဘက်က ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူထဲမှာအများ
ကြီးပါပြီး ဖြစ်ပါတယ်လို့ သူတို့ကပြောတယ်။ ဒါဟာ ကျွန်တော်တို့ ပြန်လေ့လာကြည့်ရမယ်။ ကျွန်တော်တို့ ခေါင်းစဉ်နဲ့ မကိုက်ညီ
တဲ့အချက်တွေ ဘယ်လိုပါသလဲဆိုတာကို။ နောက်ပြီးတော့ ထပ်ဖြည့်ရမယ့် ခေါင်းစဉ်တွေ ဘာတွေ ဘယ်လိုရှိသလဲဆိုတာကို ပြန်လည်ပြီး ညှိနှိုင်းရမည် ဖြစ်ပါတယ်။

မေး - ဗိုလ်မှူးကြီး နောက်ပြီးတော့လည်း RCSS နဲ့ KNU ဆွဲတဲ့ မူကြမ်းကရော။
ဖြေ - ကျွန်တော်တို့ ဆွဲတဲ့မူကြမ်း မဟုတ်ပါဘူး။ တိုင်းရင်းသားများ ပြုစုရေးဆွဲထားတဲ့ မူပါ။

မေး - တိုင်းရင်းသားများဆိုတော့ ဘယ်နှဖွဲ့လောက်ပါပဲ။
ဖြေ - အားလုံးပါပါတယ်။ UNFC လည်း ပါတယ်။ တိုင်းရင်းသားများ ၁၈ ဖွဲ့စုပေါင်းပြီးမှ ရေးဆွဲထားတဲ့ မူဖြစ်ပါတယ်။

မေး - အဲဒီမူကို ဗိုလ်မှူးကြီးတို့က ကေအင်န်ယူနဲ့ အစိုးရကိုသွားပြီး ညှိနှိုင်းတာလား။
ဖြေ - အစိုးရနဲ့ လာညှိနှိုင်းရမယ့် အဖွဲ့ဖွဲ့တဲ့ အချိန်မှာ ကျွန်တော်တို့ သဘောထားတွေက ကွဲလွဲသွားပါတယ်။ တချို့လည်း ခေါင်းဆောင်ပြီးလာချင်တာတွေ ရှိသလို ကျန်တဲ့အဖွဲ့တွေလည်း အဖွဲ့အသစ်တွေ၊ ကော်မတီတစ်ရပ်ဖွဲ့ပြီး သွားညှိနှိုင်းရင် ကောင်းမယ်ဆိုတဲ့ အမြင်သဘောထားတွေ ရှိလာနေတဲ့အပေါ်မှာ ကျွန်တော်တို ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ကလည်း ပျက်ပြားသွားပါတယ်။ ဆိုတော့ ထွက်ရှိလာတဲ့ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို RCSS နှင့် KNU က သယ်လာပြီးမှ အစိုးရနှင့် ညှိနှိုင်းတာပါ။ ကျွန်တော်တို့ အမြင်မဟုတ်ပါဘူး။ တိုင်းရင်းသားများအားလုံး ပူးပေါင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ 

မေး - ဗိုလ်မှူးကြီးတို့က ရှမ်းပြည်ညီညွတ်ရေး လုပ်ငန်းကော်မတီနဲ့ ပြန်ညှိမှာလား။
ဖြေ - ဟုတ်ပါတယ်။ အောက်တိုဘာ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်မှာ ကျွန်တော်တို့ ရှမ်းပြည်မှာရှိတဲ့ အဖွဲ့အစည်းကနေပြီးတော့ အဖွဲ့အစည်းအသီးသီးဆိုတဲ့နေရာမှာ ကျွန်တော်တို့ RCSS ပါတယ်။ နောက်ပြီးတော့ SNLD ပါတယ်။ နောက်ပြီး SSJC ဆိုတဲ့ SNLD နဲ့ SSP တို့ စုပေါင်းထားတဲ့ အဖွဲ့တွေပါတယ်။ ကျွန်တော်တို့ သဘောတူညီချက် ရရှိထားကတော့ ဒီနိုင်ငံရေးနှင့်ပတ်သက်လာရင် သဘောတူညီမှုရရှိလာရင် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချတာပဲဖြစ်ဖြစ်၊ လက်မှတ်ရေးထိုးတာပဲဖြစ်ဖြစ်၊ အားလုံးရဲ့ သဘောထားရယူပြီးမှ ဆုံးဖြတ်ရမယ်ဆိုတော့ အခုကျွန်တော်တို့ လက်မှတ်မထိုးနိုင်ခြင်းဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သဘောထားနဲ့ အညီ ကျွန်တော်တို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

မေး - လက်မှတ်မထိုးဖြစ်ခဲ့ဘူးဆိုရင် ဗိုလ်မှူးကြီးတို့အနေနဲ့ ဘယ်လိုဆက်လက်ဆောင်ရွက်ဖို့ ရှိလဲ။
ဖြေ - ဒီလိုင်ဇာဘုံသဘောထားအပေါ်မှာ ကျွန်တော်တို့ထိုးတာ မထိုးတာက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ထိုးမယ်၊ မထိုးဘူးဆိုတာနဲ့ မဆိုင်သေးပါဘူး။ အကယ်၍ ဒီတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ်ဆိုလည်း သဘောထားတွေအားလုံးကို ပြန်ညှိနှိုင်းရယူရမှာ ဖြစ်ပါတယ်။

မေး - ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုသဘောထားလဲ။	
ဖြေ - ဒီအခြေခံဥပဒေကို ပြန်လေ့လာကြည့်မယ်ဆိုရင် တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုလာနေတဲ့ ဒီတန်းတူရေးတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တို့ဆိုတာ ကျွန်တော်တို့ဆိုတာ ကျွန်တော်တို့ရသင့်တဲ့ ရထိုက်တဲ့ သဘောတွေမပါရှိပါဘူး။ ကျွန်တော်တို့ ရသင့်ရထိုက်သည့် တန်းတူရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို၊့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်
ဆောက်ရေး အခွင့်အရေးများ ရရှိဖို့အတွက် အသစ်ရေးဆွဲတာပဲဖြစ်ဖြစ်၊ ပြန်လည်ပြင်ဆင် ရေးဆွဲတာပဲဖြစ်ဖြစ် အများဆန္ဒနှင့်အညီ ကျွန်တော်တို့က လိုက်နာဆောင်ရွက်ဖို့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။ 
7Day News Journal

RangonNewsDaily:: November . 8 .2013
ဗိုလ်မှူးကြီးစိုင်းလနှင့်တွေ့ဆုံခြင်း
အပစ်အခတ်ရပ်စဲရေး ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော်လည်း အစိုးရတပ်နှင့် RCSS တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း တိုက်ပွဲနှင့် ထိတွေ့မှု တစ်ရာကျော် ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့လယ်တွင် ပြည့်တန်ဆာများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးခဲ့

Photo: ရန်ကုန်မြို့လယ်တွင် ပြည့်တန်ဆာများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးခဲ့
Friday, November 8, 2013

ယမန်နေ့ညပိုင်းက ရန်ကုန်မြို့လယ် တ၀ိုက်တွင် ပြည့်တန်ဆာ ပပျောက်ရေးအတွက် စီမံချက် ပုံစံဖြင့် လိုက်လံ ဖမ်းဆီးခဲ့ ကြကြောင်း မျက်မြင်တွေ့ရှိသူ တချို့က ပြောသည်။

ညပိုင်း ၈ နာရီ ၀န်းကျင်တွင် လူစည်ကားရာ နေရာများ၌ ကျင်လည်နေကြသော လိင်အလုပ်သမ များကို ဖမ်းဆီးခြင်းကြောင့် လူအများ အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့ရကြောင်း၊ သိမ်ကြီးဈေး အနီး လှုပ်ရှားနေသူ ၃ ဦးခန့် ဖမ်းဆီး ခံလိုက်ရသည်ကို မြင်တွေ့ရကြောင်း သိမ်ကြီးဈေး ဘေးတွင် ကွမ်းယာရောင်းနေသူ တဦးက ဧရာဝတီသို့ ပြောသည်။

“မနေ့ညက ရန်ကုန်မြို့လယ်မှာ ပြည့်တန်ဆာတွေ လိုက်ဖမ်းလို့ ထွက်ပြေးလိုက်ကြတာ အများကြီးပဲ။ ဆိုက်ကား သမားတွေ ရော၊ လုပ်စားကြတဲ့ သူတွေရောပဲ။ တည်းခိုခန်းတွေပါ မကျန်ဖြစ်သွားကြတာ” ဟု မျက်မြင် တွေ့ရှိသူ တဦးက ဆိုသည်။

ပြည့်တန်ဆာ ဖမ်းဆီးရေးနှင့် ပတ်သက်ပြီး အထူးစီမံချက်ဖြင့် ဖမ်းဆီးနေခြင်း မဟုတ်ဘဲ ရဲ လုပ်ထုံးလုပ်နည်းအရ ပြည့်တန်ဆာ ပပျောက်ရေး အတွက်သာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ မြို့နယ်ရဲစခန်းတချို့မှ သိရသည်။

ပြည့်တန်ဆာများကို လစဉ် ဖမ်းဆီးလျှက် ရှိနေပြီး အသွင်ယူ ဖမ်းဆီးမှုက အများဆုံး ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်တွင် တလလျှင် ၁၀ မှုခန့် ဖမ်းဆီးရမိနေပြီး ယခုနှစ် အတွင်း အမှုပေါင်း ၉၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယခုလတွင် ပြည့်တန်ဆာမှု ၄ မှု ရှိနေပြီဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဧရာဝတီကို ပြောသည်။

“မီဒီယာတွေမှာ ရေးလာကြလို့ စီမံချက်ပုံစံမျိုးနဲ့ ဖမ်းတာတော့ မဟုတ်ပါဘူး။ အထွေထွေ အုပ်ချုပ်ရေး ဘက်ကလည်း ညွှန်ကြားချက် ပေးတာမျိုး ရှိတယ်။ ကျနော်တို့ မြို့နယ်မှာဆိုရင် မြို့နယ် အသီးသီးက လာလုပ်စားကြတာ၊ တခြား အလုပ်
လုပ်နေကြတဲ့ သူတွေတောင် ပါတယ်။ ဖုန်းလေးတွေ၊ အိတ်ကလေးတွေ၊ ထမင်းချိုင့် ကလေးတွေနဲ့။ သူတို့ မြို့နယ်မှာတော့ ကောင်းရောင်း ကောင်းဝယ် အလုပ်တခုခု လုပ်သလို ပုံစံမျိုးနဲ့” ဟု ကျောက်တံတား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ထို့အပြင် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပြည့်တန်ဆာပုဒ်မ ၅ (၁) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်ခွဲ၊ အသွင်ယူ ဖမ်းဆီးသော ပြည့်တန်ဆာ ပုဒ်မ ၃ (ခ) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်၊ ကျော်ကြားမှု ဖြစ်သော ပြည့်တန်ဆာ ပုဒ်မ ၇ (၁) ဆိုလျှင်
ခံဝန် ကတိတို့ဖြင့် အရေးယူလျှက် ရှိကြောင်း၊ မှုခင်း ကျဆင်းရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး ပြည့်တန်ဆာ သီးသန့် ဖမ်းဆီးရေးမျိုး မဟုတ်ဘဲ ရဲအရေးပိုင်သော အမှုအခင်းများ အားလုံးကို ဖမ်းဆီးနေခြင်းသာ ဖြစ်ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

တာမွေမြို့နယ်တွင် တလလျှင် ၂ ဦးခန့် အနည်းဆုံး ဖမ်းဆီးမိပြီး ဗိုလ်တထောင် မြို့နယ်တွင် တလလျှင် အနည်းဆုံး ၄ ဦး
ခန့် ဖမ်းမိလေ့ရှိကြောင်း၊ ပန်းဘဲတန်း မြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီးမှုကြောင့် ၁ ဦး မိခဲ့ပြီး တလလျှင် ၁၀
ဦးခန့် ဖမ်းဆီးမိရာ ယခုနှစ် ဇန်န၀ါရီလမှ ယနေ့အချိန်အထိ အမှုပေါင်း ၉၀ ကျော်သွားပြီ ဖြစ်ကြောင်း အဆိုပါ ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းရာမှ သိရသည်။

လိင်အလုပ်သမ များကို ကူညီ ဆောင်ရွက်ပေးနေသော တော်ဝင်ခရေ ကွန်ရက်က နှစ်စဉ်နိုင်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင် ပြည့်တန်ဆာများကို အများအပြား ဖမ်းဆီးလေ့ ရှိသည်ဟု ဝေဖန်ထားသော်လည်း ရဲစခန်းအများစုက ထိုအချက်ကို ငြင်းဆိုကြသည်။

ပြည့်တန်ဆာ လုပ်ငန်းများသည် ပပျောက်သွားရန် မည်သည့်အချိန်တင်မှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထိန်းကျောင်း သွားရန် တရားဝင် လိုင်စင်ပေးသော နည်းအပြင် နည်းလမ်း အမျိုးမျိုးရှိကြောင်း၊ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားခြင်းသည် ခေတ်၊ နေရာ၊ ပထ၀ီ အနေအထား၊ သမိုင်းကြောင်းများနှင့် များစွာ သက်ဆိုင်ကြောင်း Marie Stopes International Myanmar မှ ဒါရိုက်တာ ဒေါက်တာစစ်နိုင်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို ရာဇ၀တ်မှုဟု ဥပဒေ ပြဌာန်းထားခြင်းနှင့် ပက်သက်ပြီး မိမိအနေနှင့် မှတ်ချက် တစုံတရာ မပေးလိုကြောင်း၊ လူထုနှင့် သက်ဆိုင်သော လူထု ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ ငြင်းခုံ ဆွေးနွေး အဖြေရှာရမည့် ကိစ္စဖြစ်ပါကြောင်း ၎င်းက ဆက်ပြောသည်။

“လိင် အလုပ်သမတွေကို အာဏာပိုင်တွေ ဘက်က ဥပဒေအရ အရေးယူတဲ့ အထဲမှာ ဥပဒေရဲ့ အသုံးချမှုတွေ ဖြစ်နေရတာ က တကယ်တော့ အုပ်ချုပ်ရေးတွေ ဘက်ကလည်း အခိုက်အတန့် သူတို့မှာ ပြန်ပြီး အခက် ကြုံကြရတာတွေကြောင့်
ဒီလို ဖြစ်သွားရတာပါ။ စီမံချက်လို ရဲတယောက် အမှု ဘယ်လောက် ဆိုတော့ သူတို့ ကြုံရတဲ့ အခက်အခဲကို ဘယ်သူတွေက ၀င် ဖြေရှင်းပေးမှာလဲ။ အဲဒါကြောင့်ပဲ သူတို့နိုင်တဲ့ ဘက်ကို ပြန်လုပ်တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ဧရာဝတီ

ရန်ကုန်မြို့မှ ညငှက်တချို့ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်မြို့မှ ညငှက်တချို့ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
RangonNewsDaily:: November . 8 .2013
ယမန်နေ့ညပိုင်းက ရန်ကုန်မြို့လယ် တ၀ိုက်တွင် ပြည့်တန်ဆာ ပပျောက်ရေးအတွက် စီမံချက် ပုံစံဖြင့် လိုက်လံ ဖမ်းဆီးခဲ့ ကြကြောင်း မျက်မြင်တွေ့ရှိသူ တချို့က ပြောသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင် ပွဲတော် စည်ကားစွာ ကျင်းပမည်

Photo: တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင် ပွဲတော် စည်ကားစွာ ကျင်းပမည်
͋Friday, November 8, 2013

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း ပြည်ပ ဧည့်သည် အများအပြား လာရောက်ဆင် နွှဲ ကြမည် ဖြစ်ရာ တည်းခိုခန်း၊ ဟိုတယ် များမှာ ကြိုတင် စာရင်း ပေးသွင်းထား သူများနှင့် ပြည့် နေပြီး အခန်းများ မရနိုင် တော့ ကြောင်း ဘုရားဖူး ခရီးသွား လုပ်ငန်းများ မှ သိရ သည်။ တောင်ကြီး တန် ဆောင်တိုင် ပွဲတော် သည် နှစ်စဉ် ကြက်ပျံ မကျ စည်ကားလေ့ ရှိပြီး တည်းခို ခန်း၊ ဟိုတယ်များ တွင် လူများ ပြည့်နေရုံ မျှမက ဆွေမျိုး မိတ်ဆွေ၊ သူငယ်ချင်းများ ၏ အိမ်များ ၌ပင် တည်းခို သူများ နှင့် ပြည့် နေလေ့ ရှိသည်။ ပွဲတော် ကာလ အတွင်း အဆိုပါ တည်းခိုခန်း၊ ဟိုတယ် များ မှာ မူလ ဈေးနှုန်း ထက် သုံးဆ မှ ငါးဆ အထိ ပေးရ ကြောင်း တောင်ကြီး တန်ဆောင် တိုင်ပွဲ သို့ ပို့ဆောင် ပေးနေသည့် ခရီးသွား လုပ်ငန်း တစ်ခု က ပြောသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် အား သွားရောက် မည့် မန္တလေးမှ ကိုကျော်ကျော် က ဟိုတယ် အခန်းရရန် ကြိုတင် ပြင်ဆင် ရခြင်း ကို အခုလို ပြောပြသည်။ ''ဒီနှစ် တောင်ကြီး တန်ဆောင် တိုင်ပွဲတော် ကို အရမ်း သွား ချင်နေတာ၊ အရင်က တောင်ကြီး မီးပုံးပျံပွဲ ကို မကြုံဖူး သေးဘူးလေ၊ ရောက်ဖူး သူတွေ က ပျော်စရာ သိပ်ကောင်း တယ် ဆိုတာ နဲ့ သွားဖြစ် မှာပါ၊ သူတို့ အကြံ ပေးတာ နဲ့ပဲ သွားဖို့ တစ်လ ကျော် လောက် ကတည်းက ဟိုတယ် ကို ကြိုတင် ချိတ်ထား ရတယ်၊ အခန်းခ ကို ကြိုတင် သွင်းထား ရတယ်၊ ဒါတောင် အခန်းခ က သုံးဆ ပေးရတာ'' ဟု ဆိုသည်။ တောင်ကြီး တန်ဆောင် တိုင် ပွဲတော် သို့ ဘုရားဖူး ခရီးသွား လုပ်ငန်းများ ကလည်း ပို့ဆောင်ပေး လျက်ရှိပြီး ဟိုတယ်၊ တည်းခိုခန်း တွင် တည်းခို နိုင်ရန် စီစဉ်ပေး သည် များရှိ သကဲ့ သို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ များ တွင် ညအိပ် နိုင်ရန် စီစဉ် ပေးသည်များ လည်း ရှိသည်။

''စည်ကားတဲ့ ပွဲတော် ဆိုတော့ ထုံးစံ အတိုင်း တည်းခို ဖို့ နေရာရှား တာ တင်မကဘဲ စားဖို့ သောက်ဖို့ လည်း အခက်အခဲ ရှိတယ်၊ စားသောက် ဆိုင်တွေ မှာ လူတွေ ပြည့်နေပြီး နေရာ မရတာတွေ၊ နောက်ကျ လို့ ကုန်သွား တာတွေ လည်း ကြုံရတတ် တယ်'' ဟု တောင်ကြီး မြို့ခံ တစ်ဦး က ပြောသည်။ တောင်ကြီး တန်ဆောင် တိုင် ပွဲတော် သည် မီးပုံးပျံများ လွှတ်တင် ခြင်း ဖြင့် ကမ္ဘာသိ နာမည် ကျော်ကြား ပြီး ပြည်တွင်း ပြည်ပ ခရီးသွား များ ဖြင့် နှစ်စဉ် စည်ကား လျက် ရှိရာ ယခု နှစ် တွင် လည်း နိုဝင်ဘာ ၁ဝ ရက်မှ ၁၈ ရက် အထိ ကျင်းပ မည် ဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက် မှ စတင်ကာ မသိုး သင်္ကန်း ရက်ပြိုင်ပွဲ၊ နေ့လွှတ် မီးပုံးပျံ၊ ညလွှတ် မီးပုံးပျံ ပြိုင်ပွဲများ ကို နေ့စဉ် ကျင်းပ သွားမည် ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက် တွင် မြို့လုံးကျွတ် ကထိန်ပွဲ ကျင်းပခြင်း နှင့် နိုဝင်ဘာ ၁၇ ရက် တွင် မီး ပဒေသာ ပူဇော်ပွဲ ကျင်းပခြင်း များ ပြုလုပ် မည် ဖြစ်သည်။ တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ကော်မတီ က ဓာတ်ပုံ ပြိုင်ပွဲ ကိုလည်း ထည့်သွင်း ထားရာ ဓာတ်ပုံ ဆရာများ က တကူးတက လာရောက် မှတ်တမ်း တင် ကြပြီး ပြိုင်ပွဲဝင် ကြမည် ဖြစ်ကြောင်း သိရသည်။

Shan News

RangonNewsDaily:: November . 8 .2013
တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း ပြည်ပ ဧည့်သည် အများအပြား လာရောက်ဆင် နွှဲ ကြမည် ဖြစ်ရာ တည်းခိုခန်း၊ ဟိုတယ် များမှာ ကြိုတင် စာရင်း ပေးသွင်းထား သူများနှင့် ပြည့် နေပြီး အခန်းများ မရနိုင် တော့ ကြောင်း ဘုရားဖူး ခရီးသွား လုပ်ငန်းများ မှ သိရ သည်။

ယူကေနိုင်ငံမှ Black Voices အဖွဲ့က အခမဲ့လာရောက်ဖျော်ဖြေမည်

Photo: ယူကေနိုင်ငံမှ Black Voices အဖွဲ့က အခမဲ့လာရောက်ဖျော်ဖြေမည်
Thursday, November 8, 2013 

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယူကေနိုင်ငံမှ တူရိယာမပါဘဲ 'အသံအား' သက်သက်ဖြင့် သီဆိုသည့် နာမည်ကြီး a cappella အဆိုရှင်အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့သည် နိုဝင်ဘာလ ၂၀ရက် ညနေ ၆နာရီတွင် Strand Hotel တွင် အခမဲ့မျှော်ဖြေတင်ဆက်မည်ဟု ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်သည်။ 

ထိုအဖွဲ့သည် တူရိယမပါဘဲ 'အသံအား' ကိုသာသုံး၍ သီဆိုဖျော်ဖြေသည့် a cappella ပုံစံဖြင့် အာဖရိကန် ကာရစ်ဘီယန် ရိုးရာ၊ အင်္ဂလိပ်ကျေးလက်ဂီတ၊ jazz ၊ gospel ၊ pop ၊ reggaeစသော တေးတီဂများကို ဖျော်ဖြေသော အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့ကြီးသည် Ray Charles ၊ Nina Simone ၊ Wynton Marsalis နှင့် Take 6 တို့ကဲ့သို့သော ဂီတထိပ်သီးတို့နှင့် တွဲဖက်ဖျော်ဖြေခဲ့ဖူးပြီး သမ္မတဟောင်းနယ်လ်ဆင်မင်ဒဲလားနှင့် ဗြိတိန်တော်ဝင်မိသားစု အစရှိသည့် ထင်ရှားသူတို့အားဖျော်ဖြေခဲ့ဖူးသည်။

Mizzima - News in Burmese

RangonNewsDaily:: November . 8 .2013
မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယူကေနိုင်ငံမှ တူရိယာမပါဘဲ 'အသံအား' သက်သက်ဖြင့် သီဆိုသည့် နာမည်ကြီး a cappella အဆိုရှင်အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့သည် နိုဝင်ဘာလ ၂၀ရက် ညနေ ၆နာရီတွင် Strand Hotel တွင် အခမဲ့မျှော်ဖြေတင်ဆက်မည်ဟု ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်သည်။

"မျှော်လင့်ချက် ပြည့်ဝခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်"

Photo: "မျှော်လင့်ချက် ပြည့်ဝခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်"
Thursday, November 8, 2013 

ရရှိခဲ့သည့်ရွှေအက်ဖ်အမ် ၂ဝ၁၃ ပေါ်ပြူလာအမျိုးသမီးဆုကို မျှော်လင့်ခဲ့ မိကြောင်း အိုင်းရင်းဇင်မာမြင့်က ဆိုသည်။

”ရွှေအက်ဖ်အမ်ရဲ့ 2013 Popular အမျိုးသမီးဆုကို မမျှော်လင့်ဘူး ပြောရင် ညာပြောရာ ကျမယ်။ ကလေး လူကြီး အားလုံး ကတော့ ရရင် ဝမ်းသာမှာပဲလို့ တော့တွေးမိ သလို ကြောက်လည်း ကြောက် တယ်။ အကြောက် တရားတွေ ကြားကပဲ ဆုရပါစေလို့ မျှော်လင့်မိ တယ်”ဟု ၄င်းက ဆိုသည်။

”ဆုရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပြီး ဘုရားသခင် ကိုလည်း ကျေးဇူးတော် ချီးမွမ်းသလို မွေးဖွားပေးတဲ့ အဖေအမေ နဲ့ သင်ဆရာ ကြားဆရာ မြင်ဆရာအားလုံး နဲ့ အတူ ဆရာရင်း ဖြစ်တဲ့ ဆရာ မြင့်မိုးအောင် နဲ့ ဆရာ အောင်နိုင်စန်း၊ ဆရာ ဦးချိုပြုံးနှင့် ပရိသတ်ကြီး အားလုံးကို ကျေးဇူး အထူးတင်ပါတယ်” ဟု အိုင်းရင်း ဇင်မာမြင့် ကပြော သည်။

အိုင်းရင်းဇင်မာမြင့်က 2013 Shwe FM ၏ Popular အမျိုးသမီး ဆုကို နှလုံးသား အရင်းအနှီး သီချင်းဖြင့် ရရှိခဲ့သည်။ အဆိုပါ သီချင်းကို ပရိသတ် တောင်းဆိုမှု အများ ဆုံးဖြစ်ပြီး အွန်လိုင်း၊ လူငယ်၊ လူကြီးများကြား သာမက ဖုန်း များတွင်လည်း အောင်မြင်ခဲ့သော သီချင်း တစ်ပုဒ်ဖြစ်ကြောင်း သိရသည်။

”ပရိသတ်တွေပေးတဲ့ ဒီမှတ်တိုင် တစ်ခုတည်းမှာ ရပ်မနေဘဲ ဆက်ကြိုး စားပါဦးမယ်။ ဒုတိယ အခွေကိုလည်း စတင် နေပါပြီ။ ဒီဆုက ခွန်အားတစ်ခု ထပ်တိုးလာ တယ်”ဟု ၄င်းကဆိုသည်။

Popular Journal

RangonNewsDaily:: November . 8 .2013
ရရှိခဲ့သည့်ရွှေအက်ဖ်အမ် ၂ဝ၁၃ ပေါ်ပြူလာအမျိုးသမီးဆုကို မျှော်လင့်ခဲ့ မိကြောင်း အိုင်းရင်းဇင်မာမြင့်က ဆိုသည်။

မြန်မာနိုင်ငံရဲ့ သမိုင်းရက်စွဲများ အပိုင်း (၄)

RangonNewsDaily:: November . 8 .2013
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် (၁၉၇၄ – ၁၉၈၈)
၁၉၇၄၊ မတ်လ ၂ ရက်။ ။ တော်လှန်ရေးကောင်စီက သိမ်းပိုက်ရယူထားသော နိုင်ငံတော် အချုပ်အခြာအာဏာကို နိုင်ငံတော်ကောင်စီ ဥက္ကဌ ဦးနေဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
၁၉၇၄၊ ဇွန်လ ၆ ရက်။ ။ အင်းစိန် မီးရထားစက်ခေါင်းရုံ၊ သမိုင်း ချည်မျှင်နှင့် အထည်စက်၊ အုတ်ကျင်း ဂုံနီစက်၊ ဆင်မလိုက် သင်္ဘောကျင်းတို့မှ စတင်ကာ အလုပ်သမား သပိတ်ကြီး ပေါ်ပေါက်ခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။

မြန်မာနိုင်ငံရဲ့ သမိုင်းရက်စွဲများ အပိုင်း (၃)

RangonNewsDaily:: November . 8 .2013
တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ – ၁၉၇၄)
၁၉၆၂၊ မတ်လ ၂ ရက်။ ။ နံနက် (၂) နာရီမှ စတင်ကာ ၀န်ကြီးချုပ်ဦးနုနှင့် တကွ နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ နံနက် ၈ နာရီ၊ ၂၅ မိနစ်တွင် မြန်မာ့အသံက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း၏ နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်က တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရဲ့ သမိုင်းရက်စွဲများ အပိုင်း (၂)

RangonNewsDaily:: November . 8 .2013
အိမ်စောင့် အစိုးရခေတ် (၁၉၅၈ – ၁၉၆၂)
၁၉၅၈၊ စက်တင်ဘာလ ၂၆ ရက်။ ။ ညဘက်တွင် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာလွှဲအပ်ကြောင်း မြန်မာ့အသံမှ အရေးကြီးမိန့်ခွန်းအဖြစ် ကြေညာခဲ့သည်။
၁၉၅၈၊ စက်တင်ဘာလ ၂၈ ရက်။ ။ ဗကသ၊ ရကသ၊ တကသတို့က ကြီးမှုးပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးတွင် အမှုဆောင်များ ဆွေးနွေးကြကာ စစ်တပ်မှ အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရဲ့ သမိုင်းရက်စွဲများ အပိုင်း (၁)

RangonNewsDaily:: November . 8 .2013
ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈ – ၁၉၅၈)
၁၉၄၈၊ ဇန္နဝါရီလ ၄ ရက်။ ။ နံနက် ၄ နာရီ ၂၀ မိနစ် အချိန်တွင် မြန်မာနိုင်ငံအား လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဘာကို ကြေညာခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးပြီး သမ္မတအဖြစ် ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်အဖြစ် သခင်နုက တာဝန်ယူခဲ့သည်။

မြန်မာဘီယာနှင့် စင်ကာပူကုမ္ပဏီတို့အကြား ရှယ်ယာ ပိုင်ဆိုင်မှု ခံသမာဓိရုံးတွင် ကြားနာမှုစတင်

RangonNewsDaily:: November . 8 .2013
ဈေးကွက် အတွင်း နာမည်ကျော်မြန်မာဘီ ယာထုတ်လုပ်လျက်ရှိသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ပိုင် Myanmar Brewery Ltd ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ Fraser and Neave ကုမ္ပဏီတို့အကြား အစု ရှယ်ယာ ပိုင်ဆိုင်မှုအငြင်းပွားခြင်းကို စင် ကာပူခုံသမာဓိရုံးတွင် စတင်ကြား နာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး 


kolatt(PBDN): November . 8 .2013

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၁) ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။

 မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?

 ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။


 မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?

 ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။


 မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?

 ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။


 မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ? ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။


 မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။ မော်ကွန်းဝင်လက်မှတ်တွေ ဘာတွေ မရှိဘူးလား?

 ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။


 မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။

 ဖြေ။ ။မမြင်ရတော့ဘူး။


 မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။

 ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။ ကြည်လင်း အား ကျေးဇူးတင်သည်။


မြန်မာတပြည်လုံး သိသွားအောင် များများ ရှယ်ပေးကြပါ...............

i love Myanmar  ::--



See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 8 .2013
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၁) ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။

Haiyan တိုက်ဖုန်း မုန်တိုင်းကြီး ဖိလစ်ပိုင် အလယ်ပိုင်း တာစူ

Haiyan တိုက်ဖုန်း မုန်တိုင်းကြီး ဖိလစ်ပိုင် အလယ်ပိုင်း တာစူ


kolatt(PBDN): November . 8 .2013

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသကို အားပြင်း တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် Haiyan ဝင်ရောက်လာတော့မှာမို့ မုန်တိုင်းလာရာ လမ်းကြောင်း တလျှောက်က ထောင်သောင်းချီတဲ့ ဒေသခံတွေဟာ အာဏာပိုင်တွေရဲ့ သတိပေးချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

သောကြာနေ့မှာ အားပြင်းပြင်းနဲ့ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဟိုင်ယန် မုန်တိုင်းရဲ့ အရှိန်ကြောင့် အခုကတည်းက ဒေသတွင်းမှာ လေပြင်းအားဟာ တနာရီ ၁၅၅ မိုင်နှုံးလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

ဒေသခံတချို့ကတော့ နိုဝင်ဘာ- ဒီဇင်ဘာ လတွေရောက်တိုင်း ဖိလစ်ပိုင်မှာ အားပြင်းတိုင်ဖုန်းမုန်တိုင်းအန္တရာယ်နဲ့ ကြုံနေကြမို့ အခုလို အားပြင်းမုန်တိုင်း တိုက်ခတ်မှာကို မျှော်လင့်ပြီးသားဖြစ်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဒီမုန်တိုင်းဖြတ်ကျော်ချိန်မှာ လေတိုက်ခတ်နှုံး ပြင်းထန်ပြီး မိုးသည်းထန်မယ်လို့ မိုးလေဝဿပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သွားမယ့် နေရာတွေထဲမှာ ပြီးခဲ့တဲ့လက ပြင်းအား ၇.၂ ရှိတဲ့ ငလျင်ဒဏ်ခံရပြီး အခုထိနလံမထူနိုင်သေးတဲ့ ဒေသတွေလည်း ပါပါတယ်။
အာဏာပိုင်တွေက ရေကြောင်းပို့ဆောင်ရေး ကူးတို့သင်္ဘောတွေကို ရပ်နားထားပြီး ငါးဖမ်းသင်္ဘောတွေကိုလည်း မထွက်ကြဖို့ သတိပေးထားပါတယ်။ အရေးပေါ်အကူညီတွေ ပေးပို့နိုင်ဖို့အတွက် ဖိလစ်ပိုင်စစ်တပ်တွေကိုလည်း အသင့်ပြင်ထားပါတယ်။

တိုင်ဖုန်းဟိုင်ယန်ဟာ မနှစ်က အသေအပျောက်များခဲ့တဲ့ Bopha မုန်တိုင်းထက် ပိုပြီးဆိုးဝါးနိုင်တယ်လို့ ဖိလစ်ပိုင်မိုးလေဝဿပညာရှင်တွေက သတိပေးထားပါတယ်။ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ကျော်ဖြတ်ပြီး ဗီယက်နမ်နိုင်ငံဘက် ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

Haiyan တိုက်ဖုန်းမုန်တိုင်း လမ်းကြောင်းပြမြေပုံ

VOA News ::--


See More News: (www.rangonnewsdaily.blogspot.com)
Haiyan တိုက်ဖုန်းမုန်တိုင်း လမ်းကြောင်းပြမြေပုံ
RangonNewsDaily:: November . 8 .2013 ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသကို အားပြင်း တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် Haiyan ဝင်ရောက်လာတော့မှာမို့ မုန်တိုင်းလာရာ လမ်းကြောင်း တလျှောက်က ထောင်သောင်းချီတဲ့ ဒေသခံတွေဟာ အာဏာပိုင်တွေရဲ့ သတိပေးချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ ဖူကူရှီးမား ဓာတ်ပေါင်းဖိုရှိ လောင်စာချောင်းများ ဖယ်ရှားမှု စတင်

Photo: ဖူကူရှီးမား ဓာတ်ပေါင်းဖိုရှိ လောင်စာချောင်းများ ဖယ်ရှားမှု စတင်
Thursday, November 7, 2013

ဂျပန်နိုင်ငံရှိ နျူကလီးယား ယိုစိမ့်မှုများ ဖြစ်ပွားခဲ့ရာ ဖူကူရှီးမားဒိုင်ချီ ဓာတ်အားပေး စက်ရုံရှိ ဓာတ်ပေါင်းဖိုတွင် နျူကလီးယား လောင်စာချောင်း
များ ဖယ်ရှားမှုကို စတင်ပြုလုပ်နေပြီဟု သိရှိရသည်။ 

ဓာတ်ပေါင်းဖိုကို တာဝန်ယူ လည်ပတ်နေသည့် TEPCOက အန္တရာယ် များလှသည့် ရွှေ့ပြောင်းမှု အစီအစဉ်ကို ယနေ့စတင်ပြီဟု အတည်ပြု
 ပြောကြားခဲ့သည်။ 

ပက်ကြားအက်နေသော ဓာတ်ပေါင်းဖိုမှ အဆိုပါ လောင်စာချောင်းများကို ထုတ်ယူရန် ကိစ္စသည် အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေ တစ်ရပ်ဟု Tepcoက ဝန်ခံခဲ့သည်။ ယင်းဓာတ်ပေါင်းဖိုကြီးသည် (၂၀၁၁)
ခုနှစ်က ဖြစ်ပွားသည့် ငလျင်ကြီး လှုပ်ခတ်မှုနှင့် ဆူနာမီ ရေလှိုင်းများကြောင့် ကွဲအက်ကာ ယိုစိမ့်မှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

Tepcoသည် ဓာတ်ပေါင်းဖိုကို ပိတ်ထားပြီး ဖြစ်သော်လည်း လောင်စာ
ချောင်းများ ဖယ်ထုတ်ရေးသည် စွန့်စားမှုကြီးတစ်ခု ဖြစ်နေဆဲဟု ဆိုသည်။ "လောင်စာချောင်းတွေကို ဖယ်ရှားလိုက်တယ် ဆိုတာက အလုံးစုံ ဖျက်
သိမ်းခြင်းရဲ့ အစလို့တော့ ပြောနိုင်ပါတယ်"ဟု ဓာတ်ပေါင်းဖို၏ ကွပ်ကဲရေး အရာရှိ အာကီရာအိုနိုက နစ်ကီရှင်ဘွမ်း သတင်းစာသို့ ပြောကြားခဲ့သည်။ (၂၀၁၁)ခုနှစ်၊ မတ်လက လှုပ်ရှားခဲ့သော ငလျင်ကြီးသည် ဓာတ်ပေါင်းဖို၏ အအေးပေး စနစ်ကို ပျက်စီးသွားစေပြီး သမိုင်းတစ်လျှောက် ဒုတိယမြောက် အဆိုးရွားဆုံး နျူကလီးယား ယိုစိမ့်မှု ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ Tepcoသည် ယိုစိမ့်မှု ဖြစ်ပေါ်ရာ ဓာတ်ပေါင်းဖိုကို ရှင်းလင်းရန် အစွမ်းကုန် ကြိုးစားနေဆဲဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ (၅၀.၇)ဘီလျံ
မျှထိ ကျသင့်နိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: November . 8 .2013
ဂျပန်နိုင်ငံရှိ နျူကလီးယား ယိုစိမ့်မှုများ ဖြစ်ပွားခဲ့ရာ ဖူကူရှီးမားဒိုင်ချီ ဓာတ်အားပေး စက်ရုံရှိ ဓာတ်ပေါင်းဖိုတွင် နျူကလီးယား လောင်စာချောင်း များ ဖယ်ရှားမှုကို စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်း

Photo: ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်း
Friday, November 8, 2013

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ အစိုးရအနေဖြင့် စာချုပ်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းခဲ့သည်။

''တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေကျပ် ၇၀ ဒသမ ၈၄၀ သန်း ကိစ္စကို ကျွန်မအနည်းငယ် ဆွေးနွေးရမယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ဆောင်ရွက်တယ်လို့ သိရပါတယ်။ တိရစ္ဆာန်ဥယျာဉ်ဟာ ၀င်ကြေးတစ်ယောက်ကို ၁၀၀၀ ကျပ် ကောက်နေတာ ဖြစ်ပါတယ်။ မြေဧက အကျယ်အ၀န်းက အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အဲဒီထဲမှာလည်း ဆိုင်ခန်းတွေ အများကြီး ပါပါတယ်။ ငှားရမ်းထားတဲ့ တစ်နှစ်သန်း ၇၀ နဲ့ ယှဉ်ကြည့်ရင် ကန်တော်ကြီးက ငါးပြတိုက် ကလေးကို ငှားရမ်းတာ သန်း ၁၂၀ ရတယ်ဆိုတော့ ကြီးမားတဲ့ ကွာဟချက်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။ ပြည်ထောင်စု အစိုးရက နည်းပါးတဲ့ ဈေးနှုန်းနဲ့ ဒီကုမ္ပဏီကို ငှားရမ်းထားတယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က အရင်အစိုးရ လုပ်ထားတဲ့ မမျှတတဲ့ အနေအထားတွေကို ဆက်ခံစရာ မလိုပါဘူး။ မမျှတတဲ့တာဝန်တွေကို ယူစရာ မလိုပါဘူး။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအသစ် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ အခွင့်အရေးဖြစ်တဲ့ အတွက်ကြောင့် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခ၊ ဆိုင်ခန်းငှားရမ်းခတွေနဲ့ ပတ်သက်ပြီးတော့ သင့်တင့်မျှတတဲ့ ခေတ်ကာလ ပေါက်ဈေးနဲ့ ပြန်ရဖို့အတွက် ကျွန်မအနေနဲ့ ပြည်ထောင်စု အစိုးရက မူလစာချုပ်ချုပ်ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပြန်လည်စိစစ် သုံးသပ်ရေး စာချုပ်အသစ်ချုပ်ဆိုရန် အဆိုတင်သွင်းပါတယ်'' ဟု ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားသည်။

''ဒီလောက်နဲ့ ငှားရမ်းထားတာဆိုတော့ ဒီကုမ္ပဏီက အခွင့်ထူးခံလိုမျိုး ဖြစ်နေတာပေါ့။ သန်း ၇၀ (သိန်း ၇၀၀ ကျော်) ကို ဆယ်နှစ်စာချုပ်နဲ့ အစိုးရသစ် မတက်မီ သုံးရက်အလိုဖြစ်တဲ့ ၂၀၁၁ ခုနှစ် မတ် ၂၈ ရက်မှာ စာချုပ်ချုပ်ခဲ့တယ်။ ခေတ်ကာလ ဈေးနှုန်းနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြန်လည်သုံးသပ်ရမယ်။ ဒီလောက် အကျယ်ကြီးကို သိန်း ၇၀၀ ဆိုတော့ အဓိပ္ပါယ် မရှိဘူး။ ဆိုင်ခန်းငှားရမ်း ခတွေလည်း မနည်းဘူး ရမှာလေ။ ၀င်ကြေးကလည်း ၁၀၀၀ လေ။ ဒီလိုအစိုးရက ငှားခနှုန်းထားတိုးလို့ သူတို့လည်း ၀င်ကြေးကို လိုက်မတိုးအောင် အစိုးရက ၀င်ကြေးကို သတ်မှတ်ပေးရမယ်။ ကြိုက်ရင်ငှား၊ မကြိုက်ရင်မငှားနဲ့၊ ၀င်ကြေးကို ဘယ်လောက်အထိပဲ ကောက်ရမလဲဆိုတာ အသေးစိတ်ကျတဲ့ အချက်တွေနဲ့ စာချုပ်ချုပ်ဖို့လိုတယ်'' ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ယင်းသို့ အဆိုတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လက်ခံခဲ့ပြီး ပြန်လည်စိစစ် သုံးသပ်ပေးရန် ကတိပြုခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

Eleven Media Group 

နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
RangonNewsDaily:: November . 8 .2013
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ အစိုးရအနေဖြင့် စာချုပ်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းခဲ့သည်။

ဂျပန်မှ လွင့်မျောလာသည့် အမှိုက်ကျွန်းကြီး အမေရိကန်သို့ ဦးတည်နေ

Photo: ဂျပန်မှ လွင့်မျောလာသည့် အမှိုက်ကျွန်းကြီး အမေရိကန်သို့ ဦးတည်နေ
Thursday, November 7, 2013

ဂျပန်နိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခဲ့စဉ်က အပျက်အစီးများ စုပုံမျောပါလာသည့် အမှိုက်ကျွန်းကြီးတစ်ခုသည် ယခုအခါ အမေရိကန် ပြည်ထောင်စုဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း သိရှိရ
သည်။ အမှိုက်အစအနများ ကျယ်ပြန့်စွာ စုပေါင်းထားသည့် ရေပေါ်
အမှိုက်ပုံကြီးကို ဆက်စပ်စုစည်းလိုက်မည် ဆိုပါက တက္ကဆက်ပြည်နယ် အရွယ်အစားမျှ ရှိနိုင်ကြောင်းလည်း ပညာရှင်များက ဆိုသည်။ 

လတ်တလောတွင် တန်ချိန်တစ်သန်းမျှ ရှိနိုင်သည့် အမှိုက်ထုကြီးသည် ဟာဝိုင်အီကျွန်းစု အရှေ့မြောက်ဘက် ရေပေါ်တွင် ရွေ့လျားနေဆဲဟု သိရှိရသည်။ (၂၀၁၁)ခုနှစ်က ဖြစ်ပျက်သည့် သဘာဝ ဘေးဆိုးကြီးနောက်
ပိုင်း ဂျပန်နိုင်ငံမှ စတင်မျောပါလာသည့် အမှိုက်များသည် (၂၀၁၃)ခုနှစ်၊ ဧပြီလက အမေရိကန် ကမ်းခြေသို့ စတင်ရောက်ရှိခဲ့သည်။

လက်ရှိအချိန်ထိ ငါးဖမ်းလှေတစ်စင်း၊ ဆိပ်ခံဘောတံတားတစ်ခု၊ ဘောလုံး
တစ်လုံးနှင့် မော်တော်ဆိုင်ကယ် တစ်စင်းတို့သည် ဂျပန်နိုင်ငံမှ ခရီးစတင်
ကာ အမေရိကန် အနောက်ဘက် ကမ်းခြေဒေသတွင် လာရောက်တင်
ကျန်နေကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သည်။ 

ပင်လယ်ထဲတွင်မူ လှေသင်္ဘောများ၊ အိမ်ပျက်များ အပါအဝင် အမှိုက်သရိုက် အမြောက်အမြား စုပုံနေသည့် အမှိုက်သရိုက်ကျွန်းစုကြီး ဆက်ရှိနေဆဲ
 ဖြစ်သည်။ အချို့သော ပေါ့ပါးသည့် အမှိုက်စ အချို့သည် ဂဃနဏ မှတ်တမ်းမတင်နိုင်မီ (၂၀၁၁)ခုနှစ် ကတည်းက အမေရိကန် ကမ်းလွန်သို့ စတင်ရောက်ရှိခဲ့ပြီဟု ယုံကြည်ရသည်။ ဧပြီလက ပေ(၂၀)မျှ အရှည်ရှိသော
 လှေတစ်စင်းသည် ဂျပန်မှတစ်ဆင့် မျောပါရင်း ကယ်လီဖိုးနီးယားရှိ ခရက်ဆန့်စီးတီးသို့ ရောက်ရှိလာခဲ့သည်။ ဂျပန်နိုင်ငံတွင် လှုပ်ရှားခဲ့သည့် ငလျင်ကြီးကြောင့် ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု
 ဖြစ်ပေါ်ခဲ့ဖူးသော်လည်း ယခုမျောပါနေသည့် အမှိုက်အစအနများတွင် မည်သည့် ရေဒီယို သတ္တိကြွမှုမျိုးမျှ ရှိမနေဟုလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 8 .2013
ဂျပန်နိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခဲ့စဉ်က အပျက်အစီးများ စုပုံမျောပါလာသည့် အမှိုက်ကျွန်းကြီးတစ်ခုသည် ယခုအခါ အမေရိကန် ပြည်ထောင်စုဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း သိရှိရသည်။

လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်

Photo: လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်
Friday, November 8, 2013

လျှပ်စစ်ဓာတ်အားဈေးနှုန်း တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ မြှင့်တက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများသည် ယနေ့ဆွေးနွေးနေသည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူမည့် ကိစ္စများနှင့် မသက်ဆိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည်လျှော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း'' ဟု ပြောကြားသည်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀၀ အထိ သတ်မှတ်တယ်ဆိုရင်...

၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀၀ အထိ သတ်မှတ်တယ်ဆိုရင် အခုအဆိုအရ ယူနစ် ၂၀၀ အထိ ပြောင်းလဲသတ်မှတ်ပေးဖို့၊ ဈေးနှုန်းလျှော့ချပေးဖို့၊ နိုင်ငံတကာလို စနစ်တွေပြောင်းဖို့ တင်ပြသွားမှာပါ။ နိုင်ငံတကာမှာက ဇိမ်ခံတဲ့ လုပ်ငန်းတွေဆို တစ်မျိုးယူတယ်။ SME လို Primary Production လုပ်တဲ့ သူတွေကျတော့ လျှော့ယူပေါ့။ အဲလိုမျိုးတွေပါမယ်။ နောက်လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို ပြည်နယ်နဲ့တိုင်း Average နှုန်းထားအတိုင်း ခံစားနိုင်စေဖို့အဆို တင်သွင်းသွားမှာပါ'' ဟု ပြောကြားသည်။

လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုများနေပါက ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ အလေအလွင့် မဖြစ်ရေးကို အာရုံစိုက် လုပ်ဆောင်ပြီးမှသာ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အလျှော့အတင်း ပြုလုပ်သင့်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားခ လျှော့ချရေး ဆန္ဒပြမှုများ နိုဝင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့သည်။

Eleven Media Group 


နိုဝင်ဘာ ၆ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
နိုဝင်ဘာ ၆ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
RangonNewsDaily:: November . 8 .2013
လျှပ်စစ်ဓာတ်အားဈေးနှုန်း တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

အာရှမျက်နှာသစ်မော်ဒယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မော်ဒယ်သုံးဦး ရွေးချယ်ပြီးစီး

Photo: အာရှမျက်နှာသစ်မော်ဒယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မော်ဒယ်သုံးဦး ရွေးချယ်ပြီးစီး
Thursday, November 7, 2013

Face Of Myanmar ပြိုင်ပွဲကျင်းပကာ အောင်ချမ်းမြ၊Tha dar Mariah ၊ ဇွန်သံစဉ်တို့ သုံးဦးကို ရွေးချယ်ပြီး ကိုရီးယားနိုင်ငံတွင်ပြုလုပ်မည် Asia New Star Model Contest 2014 ပြိုင်ပွဲသို့ ဇန်န၀ါရီလတွင် သွားရောက်
ယှဉ်ပြိုင်စေမည်ဖြစ်သည်။ အမျိုးသားမော်ဒယ် လာရောက်ယှဉ်ပြိုင်သူ ဦးရေတစ်ရာကျော်ထဲမှ အဆင့်ဆင့် ရွေးချယ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲ
တွင် ၁၆ ဦး၊ အမျိုးသမီးမော်ဒယ် ၁၃ ဦးတို့ကို ယှဉ်ပြိုင်စေခဲ့ပြီး    Face of Myanmar Male ဆုကို  မော်ဒယ်ဘွိုင်း အောင်ချမ်းမြ၊ Face of Myanmar Female ဆု ကို Tha Dar Mariah နှင့် Title ဆုရရှိသူများထဲမှ Cabaco ရရှိသော ဇွန်သံစဉ်တို့ရရှိခဲ့သည်။

၎င်းတို့ကို မို့မို့မြင့်အောင်၊ လူမင်း၊ ပြိုင်ပွဲမှတာဝန်ရှိသူလေးဦးတို့က ဒိုင်
အဖြစ်ဆောင်ရွက်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဆန်ခါတင် ၂၉ ဦးထဲမှ မိန်းကလေး ငါးဦး၊ ယောက်ျားလေး ငါးဦး ထပ်မံရွေးချယ်ကာ ကျွမ်းကျင်မှု
တစ်မျိုးစီနှင့် ဉာဏ်စမ်းမေးခွန်းများဖြေကြားစေပြီး တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်မည့်သုံးဦးကို ထပ်မံ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲကိုအောက်တိုဘာ ၂၆ ရက် ညနေက Strand Hotel တွင် ပြု
လုပ်ခဲ့သည်။ Face of Myanmar  ပြိုင်ပွဲကို Aqua Land ကုမ္ပဏီနှင့် ကိုရီးယားမော်ဒယ်အဖွဲ့အစည်းတို့ ဦးစီးကျင်းပခြင်းဖြစ်ပြီး ယခုပြုလုပ်သော
ပွဲမှာ  ဒုတိယအကြိမ်ဖြစ်သည်။ ပထမဆုံးအကြိမ်ပြိုင်ပွဲတွင် ရွေးချယ်ခဲ့သော အမျိုးသားမော်ဒယ် နှစ်ဦး၊ အမျိုးသမီးမော်ဒယ် လေးဦးတို့သည် တောင်ကို
ရီးယားသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ မော်ဒယ်ထွန်းကိုကိုက Asia New Star Model Contest 2013 ပထမဆုကို ရရှိခဲ့သည်။

Credit: 7Day Daily Newspaper
Planet Myanmar Network

RangonNewsDaily:: November . 8 .2013
Face Of Myanmar ပြိုင်ပွဲကျင်းပကာ အောင်ချမ်းမြ၊Tha dar Mariah ၊ဇွန်သံစဉ်တို့ သုံးဦးကို ရွေးချယ်ပြီး ကိုရီး
ယားနိုင်ငံတွင်ပြုလုပ်မည် Asia New Star Model Contest 2014 ပြိုင်ပွဲသို့ဇန်န၀ါရီလတွင်သွားရောက်ယှဉ်ပြိုင်
စေမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ တင်ပြရန်အဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ တင်ပြရန်အဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Friday, November 8, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်ချက် အဆိုအား နိုဝင်ဘာ ၇ ရက်က အဆိုတင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကော်မတီအနေဖြင့် အစီရင်ခံစာအား မူလသတ်မှတ်ထားသည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဟု သတ်မှတ်ထားချက်အား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ တင်သွင်းရမည်ဟု ပြောင်းလဲနိုင်ရန် ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)ဖြင့် ထုတ်ပြန်ခဲ့သော အကြံပြုချက်များကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ပေးပို့ရန် သတ်မှတ်ချက်(အစား) ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီပေးပို့ရန် အဆိုကို တင်သွင်းမှုကိုလည်း အတည်ပြုခဲ့သည်။

ဦးအေးမောက်က ''ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသည် အများပြည်သူတို့ လိုလားချက်အရ လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်၍ ပြည့်စုံသော အကြံပြုချက်များ ပေးပို့နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ မူလသတ်မှတ်ထားသည့် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပချိန်နဲ့ တိုက်နေသည့် အတွက် သတ်မှတ်ရက်များအား ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးရန် အဆိုတင်သွင်းခြင်း ဖြစ်ပါတယ်'' ဟု ပြောကြားသည်။ ကော်မတီတွင် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်း အစား ဦးစိုင်းဝင်းခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်အစား မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ ဦးဝင်းမောင်တို့ကို အစားထိုးခဲ့ကြောင်း သိရသည်။

ပူးပေါင်းကော်မတီသည် အများပြည်သူတို့ လိုလားချက်အရ လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်၍ ပြည့်စုံသော အကြံပြုချက်များ ပေးပို့နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်...

အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က အကြံပြုချက်များကို နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား ပေးပို့ကြရန် ပြည်သူများထံ တောင်းခံခဲ့ကြောင်း၊ ထို့အတူ ကော်မတီ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်မည်ဟု ဆုံးဖြတ်ထားခဲ့ကြကြောင်း သိရသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ကော်မတီအနေဖြင့် ပြည်သူများထံမှ တောင်းခံထားသည့် အချိန်မှာ တိုတောင်းကြောင်း၊ ထို့ပြင် ဒီဇင်ဘာသည် အားကစားလနှင့်လည်း တိုက်ဆိုင်နေကြောင်း၊ အကြံပြုချက်များအပေါ် ၀ိုင်းဝန်းပြုစုရန် ရှိကြောင်း၊ ပြုစုချက် အပေါ်တွင် အသေးစိတ် ဆွေးနွေးရန်လည်း ရှိကြောင်း၊ ထို့ကြောင့် အချိန်သည် မလုံလောက်ဟု သုံးသပ်ပါကြောင်း၊ ယင်းဖြစ်ပေါ်လာသည့် အကြောင်းများကြောင့် မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဉာဏ် တောင်းခံသည့် အချိန်အား ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်ပြီး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြရန် ၂၀၁၄ ခု နှစ်၊ ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား တင်ပြရန် သင့်လျော်မည်ဟု အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အစည်းအဝေး၌ ပြောကြားရာတွင် ''ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသူ၊ နိုင်ငံသား အားလုံးနှင့် သက်ဆိုင်ကြောင်း၊ အားလုံးထံမှ အကြံဉာဏ် ရယူနေသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ သို့သော် နိုင်ငံသူ၊ နိုင်ငံသား အားလုံးသည် ဥပဒေနှင့် နီးစပ်မှု မရှိသည့်အတွက် လေ့လာကြရမည်ကို နားလည်လက်ခံကြောင်း၊ ထို့ကြောင့် လေ့လာရမည့် အချိန်ကို ယခုလို သုံးလနီးပါး တိုးပေးခြင်းသည် လုံလောက်သည်ဟု ယူဆကြောင်း၊ ယခုကဲ့သို့ တိုးပေးပြီးပါက ကော်မတီမှ မပျက်မကွက် ဆက်လက်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း'' ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးနှင့် ပတ်သက်၍ ပြည်သူများထံမှ ရောက်ရှိလာသည့် အကြံပြုချက် များစွာရှိကြောင်း၊ ၎င်းတို့မှာ အခန်း(၁)အား အကြံပြုချက် စုစုပေါင်း ၅၁ ချက်၊ အခန်း (၂)အား ၁၅ ချက်၊ အခန်း (၃) အား ၁၅ ချက်၊ အခန်း (၄) အား ၃၃ ချက်၊ အခန်း(၅)အား ၁၁၈ ချက်၊ အခန်း (၆)အား ၂၅ ချက်၊ အခန်း (၇)အား သုံးချက်၊ အခန်း(၈)တွင် ၂၈ ချက်၊ အခန်း(၉) အား ကိုးချက်၊ အခန်း(၁၀)အား လေးချက်၊ အခန်း (၁၁)အား ၁၁ ချက်၊ အခန်း (၁၂) အား နှစ်ချက်၊ အခန်း (၁၃)အား နှစ်ချက်၊ အခန်း (၁၄)အား ၂ ချက်၊ အခန်း(၁၅)အား လေးချက် အသီးသီး အကြံပြု သုံးသပ်ချက်များ ပေးပို့ထားကြောင်း သိရသည်။

Eleven Media Group 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး ဟောပြောပွဲကို NLD ပါတီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - ဇင်ဘိုလွင်)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး ဟောပြောပွဲကို NLD ပါတီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - ဇင်ဘိုလွင်)
RangonNewsDaily:: November . 8 .2013
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်ချက် အဆိုအား နိုဝင်ဘာ ၇ ရက်က အဆိုတင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။

ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ဖြတ်သန်းခွင့် ပေးခဲ့သော်လည်း ပွဲရုံဝင်းအတွင်းနှင့် ဘုရင့်နောင် လမ်းမကြီးတစ်လျှောက် အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်

Photo: ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ဖြတ်သန်းခွင့် ပေးခဲ့သော်လည်း ပွဲရုံဝင်းအတွင်းနှင့် ဘုရင့်နောင် လမ်းမကြီးတစ်လျှောက် အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်
Friday, November 8, 2013

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက် ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၏ ဘုရင့်နောင် လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက် ထားသည့် ခုံးကျော်တံတားကို အောက်တိုဘာ ၃၁ ရက်က စတင်အသုံးပြုခွင့် ပြုခဲ့သော်လည်း ပွဲရုံဝင်းအတွင်းနှင့် ဘုရင့်နောင် လမ်းမကြီး တစ်လျှောက် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်တိုက်ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

''ကျွန်တော်တို့ ကုန်စည်ဒိုင်မှာ မနက်ခင်းပိုင်း အရောင်းအ၀ယ် လုပ်မယ့်သူတွေ ၀င်းထဲကို လမ်းလျောက်ပြီး ၀င်လာရတယ်။ ကားကို သီရိမွန်ပလာဇာရှေ့၊ ဒါမှမဟုတ် ဘုရင့်နောင် လမ်းမနားမှာ ရပ်ထားခဲ့ပြီး လူက ခြေကျင်လျှောက်ပြီး ကုန်စည်ဒိုင် လာရတယ်။ ဘုရင့်နောင် ပွဲရုံတွေမှာ အလုပ်လုပ်တဲ့သူတွေ တော်တော်ဒုက္ခ ရောက်ပါတယ်ဗျာ။ ကိုယ်ပိုင်ကားတောင် နှစ်စီးထားရမလို ဖြစ်နေတယ်။ ၀င်းထဲကကား အပြင်ကို ထွက်ဖို့အရေး ကားကို တစ်လှိမ့်ချင်း ထွက်ရတယ်။ တစ်ခါတလေ လေး၊ ငါး နာရီကြာမှ ၀င်းအပြင် ရောက်တယ်။ မနက် ၉ နာရီလောက်ကနေ ည ၉ နာရီ၊ ၁၀ နာရီလောက်အထိ ကားပိတ်နေတာ လေးရက်ဆက်တိုက် ဖြစ်နေပြီ။ ကားပိတ်တာက တော်တော် အခြေအနေ ဆိုးနေပါတယ်'' ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ဘုရင့်နောင် ပွဲရုံဝင်းအတွင်း နေ့စဉ်ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ကုန်တင်ယာဉ်ကြီး အစီးရေမှာ ၁၃၀၀ ၀န်းကျင်ခန့် ရှိနေပြီး အိမ်စီးကားများနှင့် ဆိုပါက တစ်နေ့လျှင် ယာဉ်အစီးရေ ၆၀၀၀ မှ ၇၀၀၀ ကြား ၀င်ထွက်သွားလာ နေကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

''သီရိမင်္ဂလာဈေးကနေ ပေါက်တောဝဘက်ကို သွားဖို့ ကားငှားတာ၊ ဘုရင့်နောင် တံတားကို ဖြတ်ဖို့ကို တစ်နာရီလောက် စောင့်လိုက်ရတယ်။ တံတားပေါ်မှာက ကားတွေ ကျပ်နေတာ မဟုတ်ဘဲ တံတားဟိုဘက် အဆင်းနဲ့ ဒီဘက်အဆင်းမှာ လှုပ်မရအောင်ကားတွေပိတ်နေတာ။ မနေ့ကလည်း ဒီအတိုင်းပဲ၊ ဒီနေ့လည်း ပိတ်တာပဲ။ ဆက်တိုက်ပဲ ကားတွေပိတ်နေတာ'' ဟု ရွှေပြည်သာ မြို့နယ်မှ ကိုအောင်ကျော်ကျော်က ပြောကြားသည်။

ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့ပါးရေးအတွက် နိုဝင်ဘာ ၇ ရက်၊ နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ အသိပေး နှိုးဆော်စာ ၃/၂၀၁၃ ကို ထုတ်ပြန်ခဲ့ကြောင်း အဆိုပါအသင်း တွဲဖက် အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ယင်းအသိပေးစာအရ ဘုရင့်နောင်ဝင်း အတွင်းရှိ ရိုးကြီးချောင်း ပတ်လမ်းမှ ထွက်ခွာလာသော ကုန်တင်ယာဉ်များသည် ဘယ်၊ ညာ နှစ်ဖက်စလုံးအား ကွေ့၍ရပြီး ကံ့ကော်လမ်းမကြီးနှင့် ယင်းမာလမ်းမ ကြီးများမှ ထွက်ခွာလာသော ကုန်တင်ယာဉ်များသည် ညာကွေ့ခွင့်သာ ပြုထားကြောင်း၊ အင်းစိန်မြို့နယ် ဘက်သို့ ထွက်ခွာမည် ဆိုပါက တံတားအောက်မှ ဂငယ်ကွေ့ ကွေ့၍သာ သွားခွင့်ပြုထားကြောင်း၊ အင်းစိန်မြို့နယ်ဘက်မှ လာသော ကုန်တင်ယာဉ်များသည် ရိုးကြီးချောင်းပတ်လမ်း၊ ကံ့ကော်လမ်းမကြီးနှင့် ယင်းမာလမ်းများမှသာ ကွေ့၍ ဘုရင့်နောင် ၀င်းအတွင်းသို့ ၀င်ရောက်ခွင့် ပြုထားကြောင်း၊ (အင်ကြင်းလမ်းမှ ၀င်ခွင့်မပြုပါ)၊ ထို့ပြင် မြို့တွင်းမှ ၀င်ရောက်လာသော ကုန်တင်ယာဉ်များသည် ဘုရင့်နောင် မီးပွိုင့်မှ အင်ကြင်းလမ်းနှင့် နွယ်သာကီ လမ်းများမှ ဘုရင့်နောင်ဝင်း အတွင်းသို့ ၀င်ရောက်ကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

Eleven Media Group 

ဘုရင့်နောင်လမ်းမ တစ်နေရာ၌ ယာဉ်ကြော ပိတ်ဆို့မှုအား နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ဘုရင့်နောင်လမ်းမ တစ်နေရာ၌ ယာဉ်ကြော ပိတ်ဆို့မှုအား နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
RangonNewsDaily:: November . 8 .2013
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက် ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၏

ကျောက်ဆည် ပရိသတ် တချို့ အားပေးမှု အတွက် ဝမ်းနည်းတဲ့ ခင်ရူပ

Photo: ကျောက်ဆည် ပရိသတ် တချို့ အားပေးမှု အတွက် ဝမ်းနည်းတဲ့ ခင်ရူပ
Thursday, November 7, 2013

ဆီးဂိမ်း လှုံ့ဆော်ရေး ခရီးစဉ်တွင် ကျောက်ဆည် ပရိသတ် တချို့ အားပေးမှု အတွက် ဝမ်းနည်းမိကြောင်း မော်ဒယ် ခင်ရူပ က ပြောသည်။

ဆီးဂိမ်း လှုံ့ဆော်ရေး ခရီးစဉ်တွင် ကျောက်ဆည်က ပရိသတ် အားပေးမှုနှင့် ပတ်သက်၍ ”ခုလိုမျိုး ကိုယ့်ကို ချစ်ပြီး အားပေးတဲ့အတွက် တအားပျော်
တယ်။ ဒါပေမဲ့ ကျောက်ဆည် မှာ တချို့ပရိသတ် တွေအားပေးမှုက တအား ကြမ်းသွားတဲ့ ပုံစံမျိုး သက်ရောက် သွားတော့ ဝမ်းနည်းမိ တယ်”ဟု ခင်ရူပ ကဆိုသည်။

ဆီးဂိမ်း လှုံ့ဆော်ရေး ခရီးစဉ်မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ အနီး တစ်ဝိုက်ရှိ မြို့ပေါင်း ၁၆ မြို့သို့သွား ရောက်ခဲ့ကြောင်း မော်ဒယ် ခင်ရူပထံမှ သိရသည်။

ကျောက်ဆည်မှာ တစ်နာရီ ကျော်ကျော် လောက် ကြာတယ်။ အိမ်အောက်
မှာ ပရိသတ်တွေ အပြည့်ပဲ။ အလာ တစ်ခေါက် အပြန်တစ်ခေါက် ဆိုတော့ တော်တော်ခံ လိုက်ရတယ်” ဟု ခင်ရူပက ဆိုသည်။

ညီမ ဘယ် ဘက်လက်ကို လှမ်းနှုတ် ဆက်တာ ဖြစ်မယ်။ နောက်ကို လိမ်ချိုးသလို ဖြစ်သွားတော့ အခု ဆေးစည်း ထားရတယ်”ဟု ၄င်းက ဆိုသည်။

”ခရီးစဉ်မှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုပြီး စိတ်
မကောင်း ဖြစ်တာပေါ့။ အားပေးမှုကို အမြဲတမ်း ကျေးဇူးတင်တာပါ။ ခုလို မျိုးတော့ မသင့် တော်ဘူးလေ” ဟု ခင်ရူပကပြောသည်။

ထူးထူး
popular myanmar

RangonNewsDaily:: November . 8 .2013
ဆီးဂိမ်း လှုံ့ဆော်ရေး ခရီးစဉ်တွင် ကျောက်ဆည် ပရိသတ် တချို့ အားပေးမှု အတွက် ဝမ်းနည်းမိကြောင်း မော်ဒယ် ခင်ရူပ က ပြောသည်။

ရုရှား အိုလံပစ်မီးရှူး အာကာသထဲ ရောက်ရှိ

Photo: ရုရှား အိုလံပစ်မီးရှူး အာကာသထဲ ရောက်ရှိ
Friday, November 8, 2013

အိုလံပစ်မီးရှုးတိုင်ကို မီးမထွန်းပဲ သယ်ဆောင်လာတဲ့ ရုရှားနိုင်ငံက ဒုံးပျံဟာ နိုင်ငံတကာ အာကာသယာဉ်စခန်းကို ဒီနေ့ရောက်ရှိသွားပြီး၊ ဒီ မီးရှုးတိုင်တွေကို အာကာသထဲ လမ်းလျှောက်ပြဖို့ ရှိနေပါတယ်။ ရှေ့နှစ်ဆန်းပိုင်း မှာ ရုရှားနိုင်ငံ Sochi မြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် သယ်ဆောင်၊ထွန်းညှိမယ့် ဒီမီးရှုးတိုင်ကို နိုင်ငံတကာအာကာသစခန်းက ရုရှားအာကာသယာဉ်မှုးတွေက လွှဲယူပြီး၊ ပထမဆုံးအကြိမ်အဖြစ် အာကာသထဲမှာ လမ်းလျှောက်ပြဖို့ စီစဉ်ထားပါတယ်။

ဒီမီးရှုးတိုင်ကို ရုရှား၊အမေရိကန်နဲ့ ဂျပန် တဦးစီပါတဲ့ အာကာသယာဉ်မူး ၃ ဦးက Soyuz- FG အမျိုးအစား ဒုံးပျံနဲ့ ဒီနေ့မနက်မှာ Kazakhstan ရှိ Baikonur အာကာသယာဉ်စခန်းကနေ လွှတ်တင်အပြီး၊ အခုလိုနိုင်ငံတကာ အာကာသယာဉ်စခန်းကို တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒီမီးရှုးတိုင်ကို မြေပြင်ပေါ် ပြန်မသယ်ခင် စနေနေ့မှာတော့ နိုင်ငံတကာ အာကာသယာဉ်စခန်းမှာနေနေတဲ့ ရုရှားအာကာသယာဉ်မှုး ၂ ဦးက မကြုံစဖူး အာကာသထဲမှာ သယ်ဆောင်ပြီးလမ်းလျှောက်ပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဒါပေမဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဒီအိုလံပစ်မီးရှုးတိုင်ကို အာကာသထဲမှာ မီးမထွန်းပဲထားမှာဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ ဒီမီးရှုးတိုင်ကို မြေပြင်ပေါ်ကိုပြန်သယ်ယူလာပြီး၊ ရုရှားနိုင်ငံတဝှမ်း တောက်လျှောက် လှည့်လည်သယ်ဆောင်ပြသကာ၊ ၂၀၁၄ ခုနှစ် အိုလံပစ် ဖွင့်ပွဲအခမ်းအနားလုပ်မယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ကျရင်၊ Sochi မြို့က အားကစားကွင်းမှာ နောက်ဆုံးမီးထွန်းညှိမှာဖြစ်ပါတယ်။

ရုရှအိုလံပစ်မီးရှူးတိုင် သယ်လာစဉ်။
VOA

ရုရှအိုလံပစ်မီးရှူးတိုင် သယ်လာစဉ်
RangonNewsDaily:: November . 8 .2013
အိုလံပစ်မီးရှုးတိုင်ကို မီးမထွန်းပဲ သယ်ဆောင်လာတဲ့ ရုရှားနိုင်ငံက ဒုံးပျံဟာ နိုင်ငံတကာ အာကာသယာဉ်စခန်းကို ဒီနေ့ရောက်ရှိသွားပြီး၊ ဒီ မီးရှုးတိုင်တွေကို အာကာသထဲ လမ်းလျှောက်ပြဖို့ ရှိနေပါတယ်။

စာချုပ် ပြီးသွားလျှင် အနုပညာ လမ်းမပေါ် လွတ်လပ်စွာ လျှောက်လှမ်းမယ် ဆိုတဲ့ ဆုပွင့်ဦး

Photo: စာချုပ် ပြီးသွားလျှင် အနုပညာ လမ်းမပေါ် လွတ်လပ်စွာ လျှောက်လှမ်းမယ် ဆိုတဲ့ ဆုပွင့်ဦး
Thursday, November 7, 2013

ကိုရီးယား မင်းသား ဂျီဟိုနှင့် တွဲ၍ ကြော်ငြာ ရိုက်ကူးသူ မော်ဒယ် ဆုပွင့်ဦး
က  The Face Shop 2013 တစ်နှစ် စာချုပ် ပြီးသွားလျှင် အနုပညာ လမ်းaကြာင်းပေါ် လွတ်လပ်စွာ လျှောက်လှမ်း သွားမည်ဟု ပြောသည်။

‘ကိုရီးယား မင်းသား ဂျီဟိုနဲ့တွဲပြီး ကြော်ငြာ ထားတဲ့  The Face Shop  ကုန်ပစ္စည်း ကြော်ငြာ ဘေဘုတ်ကို ပရိသတ်တွေက ကိုရီးယား မင်းသမီး လို့ပဲ သိကြတယ်” ဟု  The Face Shop 2013 ပင်တိုင် မော်ဒယ် ဆုပွင့်ဦး က ပြောသည်။

ဆုပွင့်ဦး ဆိုတာ မြန်မာပါ။ ရုပ်က ကိုရီးယား နဲ့ ဆင်တော့ အားလုံးက ကိုရီးယား ထင်ကြတယ်။ အရင်က ဂျက်လီ အဖွဲ့အနေနဲ့ သီချင်းတွေ ဆိုခဲ့ဖူးပါ တယ်”ဟု ၄င်းက ဆိုသည်။

 The Face Shop ကုန်ပစ္စည်း ကြော်ငြာတွေ အပြင် အခြားကြော်ငြာတွေ ရိုက်ကူး ဖြစ်ကြောင်း သိရသည်။

ထူးထူး
popular myanmar

RangonNewsDaily:: November . 7 .2013
ကိုရီးယား မင်းသား ဂျီဟိုနှင့် တွဲ၍ ကြော်ငြာ ရိုက်ကူးသူ မော်ဒယ် ဆုပွင့်ဦး
က The Face Shop 2013 တစ်နှစ် စာချုပ် ပြီးသွားလျှင် အနုပညာ လမ်းaကြာင်းပေါ် လွတ်လပ်စွာ လျှောက်လှမ်း သွားမည်ဟု ပြောသည်။