Pages

Wednesday, November 6, 2013

မြန်မာနဲ့ ထိုင်းဘာသာ ဘာသာပြန် Anroid APK



RangonNewsDaily:: November . 6 .2013
မြန်မာနဲ့ ထိုင်းဘာသာကို ဘာသာပြန်ပေးတဲ့ ဆော့ဝဲလေး ပါအခုမှ ထိုင်းစကား လေ့လာတဲ့ သူတွေ အတွက်
အသုံးဝင်ပါတယ် အသံထွက်လဲပါပါတယ်။

အမျိုးသားအများစုသတိမထားမိသောကင်ဆာလက္ခဏာများ

RangonNewsDaily:: November . 6 .2013
ဘာရောဂါလက္ခဏာပဲဖြစ်ဖြစ်ဆရာဝန်နဲ့ဆွေးနွေးကုသမှုခံယူသူအများစုကအမျိုးသမီးများဖြစ်ကြောင်းစနစ် 

တကျလေ့လာထားတဲ့စစ်တမ်းများကဆိုပါတယ်။ဒါ့ကြောင့်အမျိုးသားတေဟာဆရာဝန်နဲ့တွေ့ဆုံမှုအားနည်း
သူတွေလို့ကောက်ချက်ချလို့ရပါတယ်။

CDMA 800 MHz တွေ အတွက် HTC Desire 600c

Photo: CDMA 800 MHz တွေ အတွက် HTC Desire 600c
Wednesday, November 6, 2013

CDMA 800 MHz အသုံးပြုတဲ့သူတွေအနေနဲ့ ဟန်းဆက်ရွေးချယ်ရာမှာ Huawei ပဲ အများဆုံးရှိနေပါတယ်။ တစ်ချို့က Huawei ကိုမကြိုက်ကြပါဘူး။ ဒါကြောင့် CDMA 800 MHz ကိုင်ဆောင်တဲ့ သူတွေအတွက် HTC ရဲ့ Desire 600c ဖုန်းအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ ဒီဖုန်းဟာ CDMA သမားတွေ အတွက် မျက်စိကျစရာ အကောင်းဆုံးမို့လို့ စာရေးသူကိုယ်တိုင်လည်း လိုချင်နေတဲ့ HTC စမတ်ဖုန်းတစ်လုံးပါ။

နံပါတ်တစ် အားသာချက်ကတော့ ဒီဖုန်းဟာ မြန်မာပြည်အတွက် အတော်လေး အဆင်ပြေပါတယ်။ SIM ကဒ်နှစ်ခု (GSM, CDMA) ထည့်သွင်းနိုင်တဲ့ အဆင့်မြင့် စမတ်ဖုန်းဖြစ်ပြီး SIM နှစ်ခုကို တစ်ပြိုင်တည်း သုံးစွဲနိုင်မှာဖြစ်ပြီး ပုံစံကလည်း HTC One နဲ့ ဆင်တူနေပါတယ်။

၎.၅လက်မ အရွယ်မျက်နှာပြင် qHD တပ်ဆင်ထားတာဖြစ်ပြီး HTC ရဲ့ ထုံးစံအတိုင်း ရုပ်ထွက်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်နေပါတယ်။ Qualcoomm ရဲ့ Snapdragon ချစ်ပ်နဲ့ CPU က 1.2GHz quad-core ပါ။ Run မယ့် OS က Android with ‘HTC Sense’ ဖြစ်ပြီး ထည့်သွင်းရမယ့် SIM ကဒ်တွေကတော့ micro-SIM တွေ ဖြစ်ပါတယ်။

အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဥာဏ် 8GB အပြင် microSD ကဒ်ထည့်နိုင်ပါသေးတယ်။ RAM 1GB စီစဉ်ထားကာ Wi-Fi, Bluetooth 4.0, NFC (Near Field Communication) စသဖြင့် Data Transfer လုပ်ဖို့ ထည့်သွင်းပေးထားပါသေးတယ်။

ကင်မရာ 8MP, ရှေ့ကင်မရာ 1.6MP နဲ့ Gallery မှာ Video Highlight, HTC Share စတဲ့ Features တွေအပြင် Living Gallery လို့ခေါ်တဲ့ ကိုယ်ရိုက်
လိုက်တဲ့ သက်မဲ့ဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှားနေသယောင် ဖန်တီးထားလို့
ရပါတယ်။ တပ်ဆင်ထားတဲ့ Battery က 1860 mAh နဲ့ ဖုန်းရဲ့ အလေးချိန်
ဟာ 127 ဂရမ်ဆိုတော့ တော်တော်ပေါ့ပါးတဲ့ စမတ်ဖုန်းတစ်လုံးပါ။

အချက်အလက်တွေ သိုလှောင်ဖို့၊ Backup လုပ်ဖို့ Dropbox 25GB ပမာဏ
ကိုလည်း ၂နှစ်သုံးစွဲခွင့် ပေးထားပါတယ်။ HTC One ရဲ့ Features တွေ
 တော်တော်များများလည်း ပါဝင်လျက်ရှိပါတယ်။ ဥပမာ Blink Feed, Boom Sound စသဖြင့်ပေါ့။

ဖုန်းရဲ့ စပီကာဟာ သာမန်စမတ်ဖုန်းတွေမှာလို ကျောဘက် အောက်ခြေမှာ ရှိတဲ့ပုံစံမျိုး မဟုတ်တော့ဘဲ ရှေ့မျက်နှာစာမှာတင် အပေါ်တစ်ခု အောက်
တစ်ခုနဲ့ စပီကာနှစ်ခု တပ်ဆင်ပေးထားတာပါ။ဒီလို ရှေ့မျက်နှာစာမှာ စပီကာနှစ်ခု စီစဉ်ပေးထားခြင်းကို Boom Sound လို့ခေါ်ပါသတဲ့။ အသံထွက်အရည်အသွေးလည်း အတော်လေး ကောင်းမွန်နေပါတယ်။

HTC One မှာတည်းက ပါဝင်ခဲ့တဲ့ Blink Feed ဆိုတာလည်း ဒီဖုန်းမှာ ပါဝင်လာပါတယ်။ ဒါဟာ သုံးစွဲသူတွေ အတွက် အရမ်းအသုံးဝင်တဲ့ Features တစ်ခုပါ။ ဖုန်းရဲ့ Home Screen မှာ သတင်းတွေ စဉ်ဆက်မပြတ် တက်နေပြီး သတင်းဋ္ဌာနတွေသာမက မိမိ Facebook ရဲ့ News Feed
 တွေကိုပါ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Facebook ကြည့်ဖို့၊ သတင်းတွေသိရဖို့၊ အားကစားပွဲရလဒ်တွေ ကြည့်ဖို့အတွက် App တွေ၊ Website တွေကို လျှောက်သွားနေစရာ မလိုတော့ဘဲ ဖုန်းရဲ့ Home Screen မှာတင် အားလုံးကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနေခြင်းကို ‘Blink Feed’ လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။ မိမိကြည့်ရှုလိုတဲ့ သတင်းဋ္ဌာနကိုလည်းစိတ်ကြိုက်ရွေးချယ်နိုင်ပြီး
 မြန်မာပြည်တွင်းမီဒီယာတွေကိုပါ HTC က ထည့်သွင်းပေးထားပါတယ်။

မြန်မာစာစနစ်အတွက်လည်း HTC Desire 600c မှာ Root ဖောက်စရာ
မလိုဘဲ သုံးနိုင်ပါတယ်။ မြန်မာစာတွေ ရေးတာ၊ ဖတ်တာသာမက ဖုန်းရဲ့ Setting တစ်ခုလုံးနဲ့ လုပ်ဆောင်ချက်တွေကိုပါ မြန်မာဘာသာစကား
 ဖြစ်အောင် ပြောင်းလဲပြင်ဆင်နိုင်ခြင်းက HTC ရဲ့ ထူးခြားမှု တစ်ခုပါ။
 မြန်မာပြည်တွင်းဈေးကွက်မှာ ဈေးနှုန်း ၃၅၀၀၀၀ ၀န်းကျင်ရှိပါတယ်။

Source: HTC
Kangyi ( Myanmar Consumer Guide)

RangonNewsDaily:: November . 6 .2013
CDMA 800 MHz အသုံးပြုတဲ့သူတွေအနေနဲ့ ဟန်းဆက်ရွေးချယ်ရာမှာ Huawei ပဲ အများဆုံးရှိနေပါတယ်။ တစ်ချို့က Huawei ကိုမကြိုက်ကြပါဘူး။ ဒါကြောင့် CDMA 800 MHz ကိုင်ဆောင်တဲ့ သူတွေအတွက် HTC ရဲ့ Desire 600c ဖုန်းအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

အိန္ဒိယ၏ အင်္ဂါဂြိုဟ်စူးစမ်းရေးမစ်ရှင် အောင်မြင်စွာလွှတ်တင်

Photo: အိန္ဒိယ၏ အင်္ဂါဂြိုဟ်စူးစမ်းရေးမစ်ရှင် အောင်မြင်စွာလွှတ်တင်
Wednesday, November 6, 2013

နိုဝင်ဘာ ၅ရက်နေ့က အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ပြည်နယ် တောင်ပိုင်း သီရိဟာရိကိုတာ ဒုံးပျံလွှတ်တင်ရေး စခန်းမှ နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်
စူးစမ်းရေးယာဉ် လွှတ်တင်သည့် မစ်ရှင်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ယခု အင်္ဂါဂြိုဟ် ခရီးစဉ်သည် အမေရိကန်၊ ရုရှား၊ ဥရောပတို့ပြီးလျှင်
 လေးကြိမ်မြောက်အဖြစ် လွှတ်တင်နိုင်ခြင်းဖြစ်၍ သမိုင်းတွင် ဖြစ်ရပ် များစာရင်းတွင် ၀င်သွားသည်။

မားစ်ကျွမ်းကျင်သူ (မန်ဂယ်ယန်း) ဟုအမည်ပေးထားသော အင်္ဂါဂြိုဟ်
စူးစမ်းရေးယာဉ်သည် အမေရိကန်ဒေါ်လာ ၇၃သန်း အကုန်ကျခံကာ
တည်ဆောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဖြစ် Polor Satellite Launch Vehicle- C25 (PSLV-C25) မှီငြမ်းကာ ပုံစံထုတ်ခဲ့သော ယာဉ်ဖြစ်သည်။

၄၄မီတာရှည်ပြီး တန်၃၂၀ ခန့်အထိလေးသည်။ မိနစ် ၃၀ကြာ ဒုံးပျံလွှတ်
တင်မှု အစီ အစဉ်ကို နိုင်ငံပိုင်ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသ
ခဲ့သည်။PSLV သည် ကမ္ဘာ့လေထုမှ လွတ်မြောက်ရန် လောင်စာဒုံးငယ်
 ခြောက်ခုဖြင့် အဆင့်ဆင့် တွန်းပို့ပေးခဲ့ရသည်။ ပညာရှင်များက ယခု ခရီးစဉ်မစတင်မီ စမ်းသပ်မှုကြီးပေါင်း ငါးကြိမ်မျှ ပြုလုပ်ခဲ့သည်။

မန်ဂယ်ယန်း စူးစမ်းရေးယာဉ်သည် အင်္ဂါဂြိုဟ်သို့ရောက်ရန် ရက်ပေါင်း ၃၀၀နီးပါး ခရီးဆက်ရမည်ဖြစ်၍ လာမည့် ၂၀၀၄ခုနှစ် စက်တင်ဘာလတွင် သူ၏ ပန်းတိုင်ဖြစ်သော အင်္ဂါဂြိုဟ်ပတ်လမ်းသို့ ချည်းကပ်နိုင်မည်ဟု ခန့်မှန်ထားသည်။

ခရီးစဉ်၏ ရည်မှန်းချက်များထဲတွင် ဂြိုဟ်နီကို ဓာတ်ပုံရိုက်ရန်၊ သူ၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာရန်သာမက အချက်ပြစနစ်များ၏ တိုးတက်မှုနှင့် အိန္ဒိယ၏ အာကာသာနည်းပညာကို ကမ္ဘာသိအောင် လုပ်ဆောင်ခြင်းများလည်း ပါဝင်နေသည်။

ယခု အိန္ဒိယပညာရှင်များ၏ အောင်မြင်မှုကို သမ္မတ ပရာနက်ဘ်မူခါဂျီနှင့် ၀န်ကြီးချုပ် မန်မွန်ဟန်ဆင်းသာမက အတိုက်အခံ ဘာရာတီယာဂျန်နာတာ
ပါတီမှ နာရန်ဒရာမိုဒီတို့ကပါ ချီးကျူးစကားဆိုထားကြသည်။ မိုဒီသည် ၂၀၁၄ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်အရွေးခံမည့် အမတ်လောင်းတစ်ဦးဖြစ်သည်။

သူက အိန္ဒိယ၏ ကိုယ်စွမ်းကိုယ်စကိုကမ္ဘာသိအောင် ပြလိုက်ခြင်းဖြစ်
ကြောင်း၊ ယခုမစ်ရှစ်၏ နောက်ကွယ်မှ သိပ္ပံနှင့်နည်းပညာ ပညာရှင်များကို ချီးကျူးကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ၂၀၀၈ခုနှစ်က လကမ္ဘာစူးစမ်းရေးယာဉ် ချန်ဒရာယန်း-၁ ကို ပထမဆုံးအကြိမ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ နိုင်ငံ၏ အာကာသ
ခရီးစဉ်များကို ၁၉၇၅ခုနှစ်က ရုရှားလုပ်ဒုံးကျည်များ အသုံးပြု လွှတ်တင်
ခြင်းဖြင့် စတင်ခဲ့သည်။

Ref: AP
The Myanma Age

RangonNewsDaily:: November . 6 .2013
နိုဝင်ဘာ ၅ရက်နေ့က အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ပြည်နယ် တောင်ပိုင်း သီရိဟာရိကိုတာ ဒုံးပျံလွှတ်တင်ရေး စခန်းမှ နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်
စူးစမ်းရေးယာဉ် လွှတ်တင်သည့် မစ်ရှင်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ မြန်မာအမျိုးသားအသင်း အုပ်စု(ခ)တွင်အင်ဒိုနှင့် ထိုင်းတို့အတူ ကျရောက်

Photo: ဆီးဂိမ်းဘောလုံးပြိုင်ပွဲ မြန်မာအမျိုးသားအသင်း အုပ်စု(ခ)တွင်အင်ဒိုနှင့်
ထိုင်းတို့အတူ ကျရောက်
Wednesday, November 6, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ
များ၏အုပ်စုမဲခွဲပွဲအစီအစဉ်များကို ယနေ့တွင်နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ
အားကစားကွင်းကြီးတွင် ပြုလုပ်နေသည်။

အဆိုပါ မဲခွဲပွဲရလဒ်များမှာအမျိုးသားပွဲစဉ် အုပ်စု(က)တွင် မလေးရှား၊ အုပ်စု(ခ)တွင် အင်ဒိုနီးရှားတို့ စတင်သက်မှတ်သည်။

အုပ်စု(က) စင်ကာပူ၊လာအို၊ ဘရူနိုင်း၊ဖိလစ်ပိုင်၊မလေးရှား၊ဗီယက်နမ် တို့ ကျရောက်သည်။

အုပ်စု(ခ)တွင် မြန်မာ၊ အင်ဒိုနီးရှား၊ တီမော၊ ထိုင်းနှင့် ကမ္ဘောဒီးယား တို့ ကျရောက်သည်။

အမျိုးသမီးအသင်းတွင် မြန်မာသည်အုပ်စု(က)တွင်ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊
ဗီယက်နမ်တို့နှင့်အတူကျရောက်နေပြီး အုပ်စု(ခ)တွင်ထိုင်း၊ လာအို၊
မလေးရှား၊တီမောတို့ကျရောက်သည်။

Popular Myanmar News Journal

RangonNewsDaily:: November . 6 .2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ
များ၏အုပ်စုမဲခွဲပွဲအစီအစဉ်များကို ယနေ့တွင်နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ
အားကစားကွင်းကြီးတွင် ပြုလုပ်နေသည်။

Apple ၏ iPad Mini ကို ယှဉ်ပြိုင်ရန် Google စီစဉ်

Photo: Apple ၏ iPad Mini ကို ယှဉ်ပြိုင်ရန် Google စီစဉ်
Wednesday, November 6, 2013

Google အနေဖြင့် မဟာပြိုင်ဘက်ကြီး Apple၏ Tablet အသေးစားဖြစ်
သော iPad Miniကို ယှဉ်ပြိုင်ရန် ခြေလှမ်းပြင်နေပြီဟု သတင်းများက ဖော်ပြ
ခဲ့သည်။ Googleသည် (၈)လက်မအရွယ် Displayကို အသုံးပြုထားသည့် Nexus 8 အမျိုးအစား Tabletကို စတင်ဖန်တီးနေပြီဟု ယုံကြည်ရကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံများကို ကိုးကားပြီး နည်းပညာ
 ကောလဟလ ဝက်ဘ်ဆိုက်များက ရေးသားလာခဲ့သည်။ Googleသည် Nexus 5 အမျိုးအစား စမတ်ဖုန်းသစ်ကို စတင်ထုတ်လုပ် ရောင်းချပြီး တစ်ပတ်အတွင်းမှာပင် ယခုသတင်း ပျံ့နှံ့လာခြင်း ဖြစ်သည်။ 

Googleထုတ် Nexus 7ထက် ထောင့်ချိုးဒီဇိုင်းများ လေးထောင့်
ပိုဆန်ပြီး နောက်ဘက်ကိုယ်ထည် ပိုမိုမာကျောကျစ်လစ်သည့် Nexus 8သည် Apple၏ iPad Miniကို တိုက်ရိုက် ယှဉ်ပြိုင်လာဖွယ် ရှိနေသည်။

အကယ်၍ သတင်းများသာ အမှန်ဖြစ်ပါက Screenအရွယ်အစား (၇.၉)
လက်မ ကျယ်သည့် iPad Miniနှင့် Nexus 8တို့သည် iOSနှင့် Android OSသုံး Tabletများကြား တိုက်ပွဲသစ် တစ်ခုကို အစပြုလာစေဖွယ် ရှိနေသည်။ Googleသည် ၎င်းတို့၏ နောက်ဆုံးထုတ် Android OSဖြစ်သည့် Kit Katကို Nexus 8တွင် စတင်အသုံးပြုလာဖွယ် ရှိနေပြီး Hardware စွမ်းဆောင်ရည်တွင်လည်း လက်ရှိဈေးကွက်ထဲမှ Nexus 7များထက်
 မြှင့်တင်လာမည်ဟု ယုံကြည်ရသည်။ Googleသည် လတ်တလောတွင် Tablet နှစ်မျိုးအဖြစ် Nexus 7နှင့် Nexus 10တို့ကို ရောင်းချနေသော်လည်း Nexus 8နှင့် ပတ်သက်၍ မည်သည့် တရားဝင် မှတ်ချက်မျိုးမျှ မပေးသေးဘဲ နှုတ်ဆိတ်နေသည်။

အသစ်ထွက်ပေါ်လာသော ဓာတ်ပုံများသည် Nexus 8၏ ပုံပြင်ကို တစ်ကျော့ပြန် သက်ဝင်လာစေခြင်းလည်း ဖြစ်သည်။ ယခုနှစ် အစပိုင်းက Googleသည် (၈)လက်မအရွယ် Tabletများကို ထုတ်လုပ်မည်ဟု သတင်းကြီးခဲ့သော်လည်း Asusက Hardwareပိုင်း တာဝန်ယူသည့် Nexus 7ကိုသာ ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။ 

ယခုအသစ်ထွက်ပေါ်လာသော ဓာတ်ပုံများကိုမူ The Verge နည်းပညာ ဖိုရမ်တွင် Britoidဟု အမည်ပေးထားသည့် Userတစ်ဦးက စတင်လွှင့်
တင်လာခြင်း ဖြစ်သည်။ Googleသည် Nexus ခေါင်းစဉ်အောက်မှ ထုတ်ကုန်များကို Hardwareပိုင်း တာဝန်ယူလေ့မရှိဘဲ Softwareပိုင်းကိုသာ တာဝန်ယူသည်။ Nexusမျိုးနွယ် ဖုန်းများကို LGက ထုတ်လုပ်ပြီး Tabletများကိုမူ Asusက ဖန်တီးလေ့ ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 6 .2013
Google အနေဖြင့် မဟာပြိုင်ဘက်ကြီး Apple၏ Tablet အသေးစားဖြစ် သော iPad Miniကို ယှဉ်ပြိုင်ရန် ခြေ
လှမ်းပြင်နေပြီဟု သတင်းများက ဖော်ပြ ခဲ့သည်။

ဆင်ဖြူတော်မုန်ယိုလို့ ပဋိပက္ခများနှင့်အတူ နိုင်ငံရေးမငြိမ်မသက်ခြင်းများ ဖြစ်နိုင်

Photo: ဆင်ဖြူတော်မုန်ယိုလို့ ပဋိပက္ခများနှင့်အတူ နိုင်ငံရေးမငြိမ်မသက်ခြင်းများ
ဖြစ်နိုင်
Wednesday, November 6, 2013 

တပ်မတော်အစိုးရလက်ထက် ပထမဆုံးရရှိပိုင်ဆိုင်ခဲ့သော ဆင် ဖြူတော် မုန်ယိုပြီး ဆင်ထိန်းကို အသက်သေစေမှုဖြစ်စဉ်ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးမတည် မငြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံ
အဖွဲ့ နိုင်ငံ တကာရေးရာနက္ခတ်သိပ္ပံသင်တန်း ကျောင်းမှ အမှုဆောင်
အရာရှိ ချုပ် ဦးဇေယျာကိုက ပြောကြားခဲ့သည်။

အဆိုပါဆင်ဖြူတော်မုန်ယိုမှု ဖြစ်စဉ်ကြောင့်နိုင်ငံတော်အုပ်ချုပ်သူများ၊
 ပြည်သူများကံအညံ့များ  ဖြစ်ပွားနေပြီး အဆိုပါဖြစ်စဉ် ကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လ၊ ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် အစပိုင်းတွင် လူထုလှုပ်
ရှားမှုများ၊ ပဋိပက္ခများ၊ နိုင်ငံရေး မငြိမ်သက် မှုများဖြစ်နိုင်ကြောင်း ၎င်းမှ ဆက် လက်ပြောကြားခဲ့သည်။

““ဆင်ဖြူတော်တွေကို အရှေ့ တောင်အာရှနိုင်ငံတွေမှာ တိုင်း ပြည်ရဲ့ ရတနာတစ်ပါးအဖြစ်တင် စားကြတယ်။ ဆင်ဖြူတော်တွေ ဟာ တိုင်းပြည်ရဲ့ ကောင်းတဲ့ မင်္ဂလာနိမိတ်ကို ဖော်ဆောင်တဲ့ ရတနာဖြစ်တယ်။ ဒါကြောင့် ဆင် ဖြူတော်မုန်ယိုတာဟာ မကောင်းတဲ့ အမင်္ဂလာနိမိတ်
တစ်ခုပါ။ ဒီအခြေအနေနဲ့ပတ်သက်လို့နက္ခတ် သိပ္ပံအဖွဲ့ရဲ့ သုံးသပ်ချက်
ကတော့ လက်ရှိရောက်ရှိနေတဲ့အချိန်ဟာ တိုင်းပြည်မှာ ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းတဲ့ကာလဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ်သူတွေ နေထိုင် တဲ့ ပြည်သူတွေ ကံညံ့နေတယ်””ဟု ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၂ ရက်၊နံနက် ပိုင်းတွင် မင်းဓမ္မဆင်ဖြူတော်ဝင်း ရှိ ရာဇဂဟ
သီရိပစ္စယဂဇရာဇာ အမည်ရှိ စွယ်စုံဆင်ဖြူတော် မုန်ယိုကာ စိတ်ရိုင်းဝင်ပြီး ဆင် ဦးစီး ဦးသိန်းစိန်ကို အစွယ်ဖြင့် ထိုးသဖြင့် ဆင်ဦးစီးသေဆုံးခဲ့ရ ကြောင်း သိရသည်။  

Hot News Journal

RangonNewsDaily:: November . 6 .2013
တပ်မတော်အစိုးရလက်ထက် ပထမဆုံးရရှိပိုင်ဆိုင်ခဲ့သော ဆင် ဖြူတော် မုန်ယိုပြီး ဆင်ထိန်းကိုအသက်သေ
စေမှုဖြစ်စဉ်ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးမတည်မငြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့
 နိုင်ငံ တကာရေးရာနက္ခတ်သိပ္ပံသင်တန်း ကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောကြား
ခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမည့်ကိစ္စဆန္ဒထုတ်ဖော်


RangonNewsDaily:: November . 6 .2013
လျှပ်စစ်ဝန်ကြီးဌာနမှလျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့်အကြောင်း အောက်တိုဘာ၂၉ရက်ကကြေညာ
ချက် ထုတ်ပြန်ခဲ့သောကြောင့် ယနေ့ နိုဝင်ဘာ ၆ ရက် ညနေ ၆ နာရီက ကျောက်တံတားမြို့နယ်ခံများ အပါ
အ၀င် မြို့နယ်ပေါင်းစုံမှ လူအယောက် ၅၀ ခန့်သည်

Asus ရဲ့ နှစ်မျိုး ပြောင်းလဲသုံးနိင်တဲ့ Book T100

Photo: Asus ရဲ့ နှစ်မျိုး ပြောင်းလဲသုံးနိင်တဲ့ Book T100
Wednesday, November 6, 2013 

ဒီ Asus T100 ကတော့ ပရီမီယံ အဆင့်ရှိကာ tablet နဲ့ Laptop
နှစ်မျိုးကို တစ်ပေါင်းတည်း ပုံစံအဖြစ်ရော ထုတ်ထားတဲ့ မော်ဒယ်ဒီဇိုင်း တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် အနေအထား နှစ်မျိုးနဲ့ လိုသလို အသုံးပြုနိင်မှာပဲဖြစ်ပါတယ်။

Window 8.1 , မျက်နှာပြင်အကျယ် 10.1 လက်မ ကို ဈေးနှုန်း ယူရို ၃၄၉ လောက်နဲ့အသုံးပြုနိင်မှာ ပါ။

မျက်နှာပြင်ကျယ်ပြန့်မူနဲ့ ဈေးနှုန်းတွေမှာ သက်သာတယ်အပြင်အလေးချိန်
ကလည်း (၁.၀၇) ကီလို သာသာလေးရှိကြောင့် ဒါဟာ i Pad 4 ထက်သာ တဲ့အချက်တွေဖြစ်နေပါတယ်။

Resolution 1366 x 768 ရှိကာ ဘတ္တရီလည်း အနည်းဆုံး(၁၁)နာရီ
 လောက်ခန့်ရရှိတယ်လို့ဆိုပါတယ်Storage ကတော့ 32GB internal 
ပါရှိပြီး Micro SD စိုက်ကာ 64GB အထိတိုးမြှင့် နိင်မှာဖြစ်ပါတယ်။

RAM ကတော့ 2GB ခန့်သာပါဝင်ပြီး CPU ကတော့ Bay Trail ဖြစ်ပါတယ်
1.33 GHz ခန့် Speed ရှိပြီး HD Graphics အနေနဲ့ ရရှိသွားမှာ ဖြစ်ပါတယ်။

အပြည်အစုံ သိချက်ပါက http://www.theverge.com/products/transformer-book-t100/7329တွင် သွားရောက် ဖတ်ရူနိင်
ပါတယ် ခင်ဗျာ...။

~Aung Heine~ (smart.com.mm )

RangonNewsDaily:: November . 6 .2013
ဒီ Asus T100 ကတော့ ပရီမီယံ အဆင့်ရှိကာ tablet နဲ့ Laptop
နှစ်မျိုးကို တစ်ပေါင်းတည်း ပုံစံအဖြစ်ရော ထုတ်ထားတဲ့ မော်ဒယ်ဒီဇိုင်း တစ်မျိုးဖြစ်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပနေတဲ့ မယ်စကြာဝဠာပြိုင်ပွဲကြီးတွင် Swim Suit ၀တ်စုံပြပွဲ ကျင်းပ



RangonNewsDaily:: November . 6 .2013
မယ်စကြာဝဠာပြိုင်ပွဲကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရေကူးဝတ်စုံပြပွဲကို မနေ့က မော်စကိုမှာ တွေ့ရပါတယ်။

သမီးကိုပါးနမ်းပြီး ဖခင်အား ထိုးကြိတ်သူများကို အရေးယူ

RangonNewsDaily:: November . 6 .2013
၅-၁၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် မကွေးမြို့၊ ကင်းကျောက်ကုန်းရပ်၊ ပိတောက် လမ်းနေ မအိသန္တာဖြိုး(၂၃)နှစ်သည် အလုပ်ဆင်းပြီးအိမ်အပြန် ကျောက်ကုန်းရပ်၊ ပိတောက်လမ်းရှိ နေအိမ်အနီးအရောက်တွင် ဖယ်ရီကားပေါ်မှဆင်းစဉ် တစ်ရပ်ကွက်တည်းနေ ပိစိကွေး(ခ)စည်သူ (၁၈)နှစ်၊ ကျော်မျိုးလွင်(၁၈)နှစ်၊ အောင်တင်ဇာဝင်း(၁၈)နှစ်နှင့် ချမ်းမြေ့လွင်(၂၁)နှစ်တို့(၄)ဦး အရက်မူး၍ရောက်ရှိလာခဲ့သည်။

Samsung ရဲ့  Galaxy S4 အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး

Photo: Samsung တို့ S4 အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး
Wednesday, November 6, 2013

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကနေ စတင် ရောင်းချတဲ့ Samsung ရဲ့  Galaxy S4 ဟာ အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

စတင်ရောင်းချတဲ့ ရက် ၃၀ အတွင်း အလုံးရေ ၁၀ သန်းကိုရောင်းချနိုင် ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက် ပြီးလည်း Samsung Galaxy S4 ရဲ့  ရောင်းအားဟာ ပုံမှန် အတိုင်း သွားနေဆဲ ဖြစ်ပြီး တစ်နှစ်တာ ရောင်းအား အများဆုံး ဖြစ်ခဲ့ဖူးတဲ့ Samsung Galaxy S3 ကိုကျော်လွန်သွားမယ်လို့ ယုံကြည် ထားကြကြောင်း သိရပါတယ်။ စုစုပေါင်း ၆ လအတွင်း အရောင်း တွင်ခဲ့တဲ့ စာရင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။

၂၀၁၃ နှစ်ကုန်ပိုင်းအထိ Apple ရဲ့  အိုင်ဖုန်း ရောင်းအားဟာ ၃၁ သန်းပဲ ရှိပါသေးတယ်။ အရေအတွက် အားဖြင့် ထုတ်လုပ်တာ နည်းတာကြောင့် လည်း ပါ ပါတယ်။ ဈေးကတော့ ပိုကြီးပါတယ်။ ဒါကြောင့်မို့ Apple ဟာ ဈေးနှန်းကိုပဲ ဆက်ထိန်းသွားဖွယ် ရှိပြီး အရေအတွက် ထုတ်လုပ် မှုကတော့ ပုံမှန်အတိုင်းသွားမှာ ဖြစ်ပါတယ်။ Samsung ကတော့ Galaxy စီးရီးထဲမှ မော်ဒယ် အနိမ့်၊အမြင့်ဖုန်းမျိုးစုံကို ဆက်လက်ထုတ်လုပ် သွား မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 6 .2013
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကနေ စတင် ရောင်းချတဲ့ Samsung ရဲ့  Galaxy S4 ဟာ အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် လှေစီးမွတ်စလင်များအတွက် အမေရိကန်သံရုံး ၀မ်းနည်းကြောင်းဖော်ပြ

ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် လှေစီးမွတ်စလင်များအတွက် အမေရိကန်သံရုံး ၀မ်းနည်းကြောင်းဖော်ပြ
ပြည်တွင်း သတင်း
M-Media
နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၃
နိုဝင်ဘာ ၃ က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် လှေစီးမွတ်စလင်များအတွက် အမေရိကန်သံရုံး ၀မ်းနည်းကြောင်းဖော်ပြ
နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် မွတ်စလင် အယောက် ၇၀ တင်ဆောင် လာသော လှေကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၀မ်းနည်းကြောင်းဖြင့် ၄င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ ၌ ဖော်ပြခဲ့ပါသည်။ မြန်မာ ဘာသာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းနေ မွတ်စလင် အယောက် ၇၀ နီးပါးစီးနင်း လိုက်ပါလာသည့် လှေမှာ ရခိုင်ကမ်းရိုးတန်းတွင် နစ်မြှုပ်သွားခဲ့ပါသည်။ ထို့သတင်းကြောင့် အမေရိ ကန်နိုင်ငံအနေဖြင့် နက်နက်နဲနဲ ၀မ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။ ရခိုင်ပြည်နယ် တွင်း နေ ထိုင်ကြသူ များ၏ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေများမှာ ထိခိုက် လွယ်နေသေး သည့် အတွက်လည်း ကျွန်ုပ်တို့ (အမေရိကန်နိုင်ငံ) မှ နက်ရှိုင်းစွာ စိုးရိမ်လျက် ရှိနေသေးကြောင်း (ဖော်ပြ အပ်ပါသည်။) ကျွန်ုပ်တို့အနေဖြင့် (မြန်မာ) အစိုးရအား ဒေသခံ အာဏာပိုင်များနှင့်သာမက လူသား ချင်းစာနာနားလည်မှုဖြင့် အကူအညီပေးနေသည့်အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ပြီး အန္တရာယ်၏ (သားကောင်များဖြစ်ရန်) လွယ်ကူနေသည့် လူအများအား အကာအကွယ်ပေးရန်နှင့် ၄င်းတို့၏အခြေအနေအတွက် တာရှည်ခံမည့်အဖြေများကို အကောင်အ ထည်ဖော်ရန် တောင်းဆို အပ်ပါသည်။
Ref:U.S. Embassy Rangoon

RangonNewsDaily:: November . 6 .2013
နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် မွတ်စလင် အယောက် ၇၀ တင်ဆောင် လာ
သော လှေကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၀မ်းနည်းကြောင်းဖြင့် ၄င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ ၌ ဖော်ပြခဲ့ပါသည်။

ဘ၀ တစ်သက်သာမှာ ဆုံးစည်းခွင့်ရမယ်ဆို လက်လွတ်မခံသင့်တဲ့ ထာဝရလက်တွဲဖော်ဆို တာ................

RangonNewsDaily:: November . 6 .2013

..၁) သင်နဲ့တွေ့ဖို့ အဝေးကြီးကနေ တကူးတက လာတွေ့ရတယ် (သို့) အခက်အခဲတွေကြားက လာခဲ့ရတယ်
::
..၂) သူမမှားသည့်တိုင်အောင် "စိတ်မကောင်းပါဘူး" ဆိုတာလေးကို ပြောရှာတယ်

အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ

အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ 
Wednesday, November 6, 2013

SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒ ပညာနဲ့ ဟက်ကာ ပညာတတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။ 

သူ့ရဲ့  စတန့်ထွင်မှုကြောင့်လည်း အင်တာနက် စာမျက်နှာတွေမှာ ရေပန်းစား သွား ပါတယ်။ အမတ်ဖုန်း အရွယ် ရှိတဲ့ Chip ကို လက်ထဲထည့်ပြီး ချုပ်ထားတာကို မြင်တွေ့ရမှာပါ။ Bluetooth Connection ရပြီး အပြင်က စမတ်ဖုန်းနဲ့ ဆက်သွယ်လို့ရအောင် လုပ်ထားပါတယ်။ အတွင်း က သွေးကြော လည်ပတ်မှုကို ခြေရာခံပြီး ပုံမှန်မဟုတ်ရင် (ဖျားရင်) စမတ်ဖုန်းကို လှမ်းအကြောင်းကြားပါတယ်။ ကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ပုံမှန် report လုပ်ပေးမယ့် ပစ္စည်းဖြစ်ကြောင်း ဆိုပါတယ်။ 

သို့ပေမယ့် သူထည့်ထားပုံက လန့်စရာကြီးပါ။ သာမန်လူတစ်ယောက်အနေနဲ့ သူလုပ်သလိုတော့ လိုက်လုပ်ကြမှာ မဟုတ်ပါဘူး။ အရွယ်လည်းသေးပြီး ထည့်ရလည်းလွယ်ကူမယ့် Chip မျိုးကိုတီထွင်လို့ ပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါကျရင် Chip တစ်ပြားထည့်ခြင်းအတွက် ဒေါ်လာ ၅၀၀ ယူမယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ်ထားမှုကိုတောင် အခြား ပြုလုပ်ချင် သူများအတွက် ဒေါ်လာ ၂၀၀ နဲ့ ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်သူမှ မထည့်ရဲ ပါဘူး။ 

Skin Tatoo ဆိုပြီး ခေတ်စားနေချိန် Bio Hacker ဖန်တီးတဲ့ Tim Cannon ဟာလည်း လူစိတ်ဝင်စားမှု များလာကြောင်း သိရ ပါတယ်။
.
Ref:mashable
Aung Kham ( smart.com.mm ) 
YoYarLay

RangonNewsDaily:: November . 6 .2013 SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒ ပညာနဲ့ ဟက်ကာ ပညာတတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။

စစ်တွေဆေးရုံကြီးရှိ မွတ်စလင် လူနာများကို ဒုက္ခသည် စခန်းသို့ပြန်ပို့

RangonNewsDaily:: November . 6 .2013
စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေ ဆေးရုံကြီးတွင် နိုင်ငံတကာ အန်ဂျီအို များ၏ အကူ အညီဖြင့် တက်ရောက်၍ ဆေးကုသမှု ခံယူနေသော မွတ်စလင် များကို ရခိုင် အစွန်းရောက် များက တုတ်၊ ဓါးများ ကိုင်ဆောင်၍ အကြမ်းဖက်ရန် ကြိုးစားသောကြောင့် လုံထိန်းများက ဒုက္ခသည် စခန်းများသို့ ပြန်လည် ပို့ဆောင် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

မိုးသီးဇွန် လွှတ်တော်ခေါ်ပြီ

RangonNewsDaily:: November . 6 .2013
ဗကသ အထွေထွေအတွင်းရေးမှူး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ABSDF ဥက္ကဋ္ဌ စစ်ကော်မရှင် အတွင်းရေးမှူးအဖြစ် နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားခဲ့သူ အမေရိ ကန်နိုင်ငံ ကိုလံ ဘီယာ တက္ကသိုလ်မှ နိုင်ငံတကာ ဆက် ဆံရေးပညာ မဟာဝိဇ္ဇာဘွဲ့ရခဲ့သူ ဦးမိုး သီးဇွန်က ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ တွင် တော် ဝင် နှင်းဆီခန်းမ၌ Alternative Parliament လွှတ်တော်ကို ခေါ်ယူလိုက် ပြီဖြစ် ကြောင်း ဟောပြောခဲ့သည်။

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

========================================

ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်ကတိုက်တွန်းသည်ဆိုသည့် အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေး ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခြင်းနှင့်အတူ တပ်ဖွဲ့မှာပျောက်သွား ခြင်းမျိုး မဟုတ်ကြောင်း၊ လတ်တလောဖြစ်ပွားခဲ့သည့် ဗုံးခွဲကိစ္စရပ်များမှာလည်း အခြားစီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ယှဉ်လျှင် ပင် စောစီးစွာအရေးယူနိုင်ခဲ့ကြောင်း ပြောသည်။

ဝန်ကြီးက အမျိုးသားထောက်လှမ်းရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်း ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည်ဟုပြောကြားခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က အတည်ပြု ခဲ့သည်။

လက်ရှိထောက်လှမ်းရေး အဖွဲ့ များ ဖြင့်နိုင်ငံတော်လုံခြုံရေးကို ဆောင် ရွက်ရာတွင် လုံလောက်မှုမရှိဟု ထင်မြင် မိကြောင်း၊ ပြည်တွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာချိန် တွင် ဖျက်ဆီးမှု ကိစ္စရပ်များ ဖြစ်ပေါ်စေ ရန် ကြိုတင်သတင်းရယူရေးမှာ အရေး ကြီးပြီး မြန်မာ့နိုင်ငံရေးကို ပြန်ပြောင်း ကြည့်မည်ဆိုပါက အမျိုးသားထောက် လှမ်းရေးအဖွဲ့များကို အရေးယူလိုက် သည့် ကာလနှင့် ဆက်စပ်၍ များမကြာ မီ အချိန်၌ ဗုံးခွဲဖျက်ဆီးမှုများ ကြုံတွေ့ ရပြီး နိုင်ငံရေးအမည်းစက်များ ဖြစ်ပေါ် ခဲ့သည်ဟု ဦးကျော်က ဆိုသည်။

မြန်မာနိုင်ငံ၌ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဖျက်သိမ်းသည့် အလေ့ အထများ ရှိခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဖျက်ခဲ့သိမ်းခဲ့ရသူများ၌ ၁၉၈ဝ အစောပိုင်းက တစ်ကြိမ်နှင့် ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ် ဖျက်သိမ်းခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ လိုက်ရပြီးနောက် ၄င်း တပ်မတော် ထောက်လှမ်း ရေးညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသည့် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကိုလည်း ဖျက် သိမ်းခဲ့သည်။

ဝေမာထွန်း

အေးချမ်းမွန် Credit To >Popular Myanmar News Journal <Thanks
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

RangonNewsDaily:: November . 6 .2013 ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြော
သည်။

ဘင်္ဂလားဒေ့ရှ်မှ တပ်တွင်းပုန်ကန်မှု ၁၅၂ဦးကို သေဒဏ်၊ ၁၅၈ဦးကို ထောင်ဒဏ်တစ်သက်ချ

ဘင်္ဂလားဒေ့ရှ်မှ တပ်တွင်းပုန်ကန်မှု  ၁၅၂ဦးကို သေဒဏ်၊ ၁၅၈ဦးကို ထောင်ဒဏ်တစ်သက်ချ

ဘင်္ဂလားဒေ့ရှ်၊ နိုင်ဝင်ဘာ ၆။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက်များက ဖြစ်ပွားခဲ့သော တပ်တွင်းပုန်ကန်မှုဖြင့် တရားရင် ဆိုင်နေခဲ့ရသူ ၈၄၆ဦး အနက် ၁၅၂ဦးကို သေဒဏ်ချမှတ်လိုက်ပြီး ၁၅၈ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သည်။

ထောင်ဒဏ်တစ်သက် ကျခံရသူများထဲတွင် ဘင်္ဂလားဒေ့ရှ်အ၀ါမီအဖွဲ့ချုပ်နှင့် အတိုက်အခံ  ပါတီဖြစ်သော  ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီမှ ခေါင်းဆောင်နှစ်ဦးလည်း ပါဝင်သည်။ နိုဝင်ဘာလ ၅ရက် နေ့လည် ၁၂နာရီခွဲ ဆိုးရွားပြင်းထန်သည့် ပြစ်ဒဏ်ချမှုအတွက် တရားခံများ၏ ဆွေမျိုး၊ အပေါင်းအသင်းများမှာ သောကပင်လယ် ဝေခဲ့ကြသည်။ 

တစ်ကြိမ်တည်းနှင့် လူပေါင်း ရှစ်ဦးကျော်ကို တရားစွဲသည့် အမှုသည် မြိ့တော်ဒါကာရှိ နယ်ခြားစောင့် တပ်ဖွဲ့ ဌာနချုပ်တွင် လစာနှင့်နေထိုင်မှု ဆင်းရဲနိမ့်ကျမှုကို အကြောင်းပြုကာ စတင်ဖြစ်ပွားခဲ့သည်။ 

ထိုစဉ်က ပုန်ကန်သူများသည် စစ်ဘက် အရာရှိများနှင့် အရပ်သားများကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့ကြသည်။

ထို ပုန်ကန်ုမှုသည် တစ်နိုင်ငံလုံးပြန့်နှံ့ခဲ့၍ အစိုးရတပ်က အင်အားသုံး နှိမ်နင်းခဲ့ရပြီး စစ်ဘက်ဆိုင်ရာ အရာရှိ ၅၇ဦး အပါအ၀င် စုစုပေါင်း ၇၄ဦး သေဆုံးခဲ့ရသည်။ 

ယခု ပြစ်ဒဏ်စီရင်ချိန်တွင် ၂၇၁ဦးကိုမူ ပြန်လည်လွှတ်ပေးခဲ့ပြီး  ကျန်ရှိနေ သေးသော လူပေါင်း နှစ်ရာကျော်ခန့်မှာမူ ပုန်ကန်မှုအတွက် ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ မှတ်တမ်းများအရ အဖမ်းခံရသူ ရှစ်ရာကျော်ထဲတွင်း ၄၇ဦးသည် စစ်ဆေးရေး ကာလအတွင်း သေဆုံးသွားသည်ဟု သိရသည်။ 

ထိုမျှမက ပုန်ကန်မှုတွင် ပါဝင်ခဲ့သူအများစုမှာ အမြဲတမ်းစစ်သားများ မဟုတ်ဘဲ နယ်စပ်လုံခြံရေးကို တာဝန်ယူခဲ့ရသော ပြည်သူ့စစ်သားများသာဖြစ်သည်။ 

ထို့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ကိုင်တွယ်ဖြေရှင်းပုံကို နိုင်ငံ၏ စစ်ဘက်အကြီးအကဲများကိုယ်တိုင် မနှစ်သက်နိုင်အောင် ဖြစ်နေရသည်။ 

နယ်စပ်လုံခြုံရေးအဖွဲ့ဖြစ်သော ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ် (BDR)သည် စခန်းပေါင်း ၄၂ခုတွင် တာဝန်ယူနေရပြီး စုစုပေါင်း တပ်သားအင်အား ၇၀၀၀ခန့်ဖြင့် ဖွဲ့စည်းထားသည်။

Ref: BBC

RangonNewsDaily:: November . 6 .2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက်များက ဖြစ်ပွားခဲ့သော တပ်တွင်းပုန်ကန်မှုဖြင့် တရားရင် ဆိုင်နေခဲ့ရသူ ၈၄၆ဦး အနက် ၁၅၂ဦးကို သေဒဏ်ချမှတ်လိုက်ပြီး ၁၅၈ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သည်။

ကမ္ဘာအေးစေတီတော်တွင် လုံခြုံရေးကင်မရာရှစ်လုံးတပ်ဆင်ထား

RangonNewsDaily:: November . 6 .2013
သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ပေါ်တွင် လွန်ခဲ့သည့်နှစ်လကျော်ခန့်က လုံခြုံရေး ကင်မရာများကို စတင်တပ်ဆင်ခဲ့ပြီး ဘုရားဖူးများအတွက် ဘေးကင်းစိတ်ချမှုရှိစေကာ အေးချမ်းစွာဘုရားဖူးမြော်ခွင့်ရကြောင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ပြည်ထောင်စု နေ့စဉ်သို့ပြောသည်။ ကမ္ဘာအေးစေတီတော်ပေါ်တွင် လုံခြုံရေးကင်မရာရှစ်လုံးကို နေရာအနှံ့ တပ်ဆင်ထားပြီး နံနက် ၅ နာရီမှ ၉ နာရီအထိ အဆက်မပြတ်စောင့်ကြည့်နေကြောင်းသိရသည်။

ဒဂုံ(အရှေ့)စက်မှုဇုန်အတွင်းရှိ ပွင့်ဦးပရိဘောဂစက်ရုံ လေးနာရီကျော်ကြာ မီးလောင်

RangonNewsDaily:: November . 6 .2013
ဒဂုံ(အရှေ့)ပိုင်းမြို့နယ် ဒဂုံ(အရှေ့)စက်မှုဇုန်အတွင်းရှိ ပွင့်ဦးပရိဘောဂစက်ရုံသည် ယနေ့နံနက်တွင် ၀ါယာရှော့မှစတင်ပြီး လေးနာရီကျော်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း မီးငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Photo: ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Tuesday, November 5, 2013

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်
မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေး
သည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
 ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း
 ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုး
အတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေ
ဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု
 ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်း
မှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်
ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရသတင်းစာများမှတစ်ဆင့်
 ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်
များကို ပြောကြားသည်။

Eleven Media Group

RangonNewsDaily:: November . 6 .2013
ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာ
ရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့်လုပ်ရပ်ဖြစ်သည်ဟုလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကဝေဖန်ပြောကြားသည်။

Google ရဲ့ Nexus 5 စမတ်ဖုန်း ကို တစ်စစီ ဖြုတ်ကြည့်လိုက်တဲ့အခါ...........

Photo: Nexus 5 ကို တစ်စစီ ဖြုတ်လိုက်ပြီ
Wednesday, November 6, 2013

Google ရဲ့ Nexus 5 စမတ်ဖုန်းကို iFixit က တစ်စစီဖြုတ်ပြ လိုက်ပါပြီ။ iFixit ဟာ iPad Air တုန်းကလည်း တစ်စစီ ဖြုတ်ပြီးလေ့လာခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ Nexus 5 ဟာ လူကြိုက်အများဆုံး၊ လူစိတ်ဝင်စားမှု အရှိဆုံး စမတ်ဖုန်းအဖြစ် လက်ရှိအချိန်မှာ ရပ်တည်နေရုံမက iFixit ရဲ့ အသိအမှတ်ပြုချက်အရ ရိုးရှင်းလွယ်ကူတဲ့ Hardware ပုံစံနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ပြုပြင်ရလည်း လွယ်ကူမှာ ဖြစ်ပါတယ်။

Nexus 5 ထဲမှာ အစိတ်အပိုင်းတွေဟာ ကော်အစား ပလတ်စတစ် ကလစ်လေးတွေနဲ့ တွယ်ဆက်ထားတာမို့ ဖွင့်ကြည့်ရလွယ်ကူခြင်းပါ။ ဒါပေမယ့် Glue သုံးထားတဲ့ နေရာတွေလည်းရှိပါတယ်။

ဖွင့်ကြည့်လိုက်မယ်ဆိုရင် Wi-Fi အင်တာနာ၊ MIMO(Mutiple-Input, Multiple-Output), GPS, Battery စတာတွေကို သူ့နေရာနဲ့သူ စီစဉ်ထားတာတွေ့ရမှာပါ။ သုံးစွဲထားတဲ့ Battery က Nexus 4 Battery ထက် အနည်းငယ် ကြီးတဲ့ 3.8V, 2300mAh ဖြစ်ပါတယ်။

Talk Time ၁၇ နာရီ၊ LTE Web Browsing အတွက် ၇နာရီနဲ့ Stand-by အတွက် နာရီ ၃၀၀ အသုံးပြုနိုင်ပါတယ်။ iFixit ရဲ့ အမှတ်ပေးချက်အရ Nexus 5 စမတ်ဖုန်းဟာ ရိုးရှင်းလွယ်ကူမှု ၁၀မှတ်မှာ ၈မှတ် ရရှိထားပါတယ်။ iPhone 5s နဲ့ 5c တုန်းကတော့ ၆မှတ်ဖြစ်ပြီး Moto X စမတ်ဖုန်းလည်း ၇မှတ်နဲ့ Samsung Galaxy S4 ကတော့ ၈မှတ် ရရှိထားတာ ဖြစ်ပါတယ်။

Source: Techspot
Kangyi ( Myanmar Consumer Guide)

RangonNewsDaily:: November . 6 .2013
Google ရဲ့ Nexus 5 စမတ်ဖုန်းကို iFixit က တစ်စစီဖြုတ်ပြ လိုက်ပါပြီ။ iFixit ဟာ iPad Air တုန်းကလည်း တစ်စစီ ဖြုတ်ပြီးလေ့လာခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့အဆိပ်ပြင်း ပင့်ကူများကို ကုန်တိုက်ပေါ်မှ ငှက်ပျောသီး များတွင် တွေ့ရှိရ

Photo: ကမ္ဘာ့အဆိပ်ပြင်း ပင့်ကူများကို ကုန်တိုက်ပေါ်မှ ငှက်ပျောသီး
များတွင် တွေ့ရှိရ
Tuesday, November 5, 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ
 ကြောင်း သတင်းများအရသိရ သည်။ နေရာအတည်တကျမနေဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများကို အမေရိကန်အလယ်ပိုင်းနှင့်တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်
များတွင်လည်း နေ ထိုင်ကြောင်းသိရပြီး တခြားသော နေရာများ
တွင်လည်း တွေ့ရတတ်သည်။

လန်ဒန်ရှိအိမ်တစ်အိမ် တွင် ငှက်ပျောသီး၏ အသားပေါ်တွင် သေဆုံး
နေသော ဘရာဇီး မျိုးစိတ် နယ်လှည့်ပင့်ကူ ဒါဇင် ပေါင်းများစွာကို
 တွေ့ရှိခဲ့ရ ကြောင်းသိရသည်။ ''အစကတော့ ပုံဖော်ထားတာလို့
ထင်ပေမယ့် အနီးကပ်ကြည့်တော့မှ ကြောက် စရာပင့်ကူတွေပဲဆို
တာတွေ့ရ တယ်။ သူတို့တွေက စားပွဲပေါ် မှာ အကောင်ပေါက်နေပြီး 
ကျွန် မအိမ်ရဲ့ကော်ဇောမှာ ပြေးလွှား နေကြတယ်'' ဟု ကွန်ဆီတေလာ က ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိသော တေလာသည် Sainsbury စူပါမားကက်
ဆိုင်ခွဲ မှ သစ်သီးများဝယ်ယူခဲ့ပြီး သူမ ကို အဆိုပါ အဖြစ်အပျက်ကြောင့် နစ်နာကြေးပေါင် ၁၀ တန် ပြေ စာကို ပေးခဲ့သည်။ ပင့်ကူများသည် သူမနှင့်မိသားစုတို့ကို အ န္တရာယ်ပေးနိုင်ကြောင်းကို တိရ စ္ဆာန်ထိန်း
သိမ်းရေးကုမ္ပဏီသို့ ဓာတ်ပုံပို့ချိန်မှသာ သိခဲ့ခြင်းဖြစ်သည်ဟု သူမက ပြောခဲ့သည်။

Yangon Media Group

RangonNewsDaily:: November . 6 .2013
ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။

ဒေါက်တာစင်သီယာမောင် Sydney Peace Prize လက်ခံရယူမယ်

Photo: ဒေါက်တာစင်သီယာမောင် Sydney Peace Prize လက်ခံရယူမယ်
Wednesday, November 6, 2013

ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ အခမဲ့ ဆေးကုသမှုပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို 2013 Sydney Peace Prize ဆစ်ဒနီငြိမ်းချမ်းဆု ချီးမြှင့်လိုက်ပါတယ်။

ထမင်းပေါင်းအိုး Rice Cooker ကို ဆေးထိုး ကိရိယာတွေ ပိုးသတ်ဖို့ အသုံးပြုခဲ့ရာကနေ စတင်ခဲ့ရတဲ့ မယ်တော်ဆေးခန်းဟာ အခုတော့ ကျန်းမာရေး လုပ်သား ၆၀၀ ကျော်ရှိနေပြီး ဒုက္ခသည်တွေ၊ ရွေ့ပြောင်းအလုပ်သမားတွေ နဲ့ မိဘမဲ့ကလေးတွေ ပါဝင်တဲ့ လူပေါင်း ၁ သိန်းခွဲလောက်ကို ကြည့်ရှုနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့ပါပြီ။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပေမယ့် လက်တွေ့မှာတော့ ဒုက္ခသည်တွေအတွက် အပြောင်းအလဲသိပ်မတွေ့ရဘူးလို့ ဒေါက်တာ စင်သီယာမောင်က ရေဒီယို သြစတြေးလျကို ဆစ်ဒနီရောက်ခိုက်မှာ ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဆိုင်ရာ ကူညီမှုတွေဟာ တိုးတက်လာပေမယ့် အခက်အခဲတွေ အများကြီး ဆက်ပြီး ရှိနေသေးတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ စွမ်းဆောင်နိုင်မှုဟာ အာရှပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သလို သမားတော်တယောက်ရဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက် လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး ပြတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာရှ ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး၊ မျှတရေး နဲ့ လူ့အခွင့်အရေး ဆိုင်ရာ ထူးချွန်ဆုပေးဖို့ ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Sydney Peace Foundation က ကြေညာခဲ့ပါတယ်။

ဒေါက်တာ စင်သီယာမောင်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆစ်ဒနီငြိမ်းချမ်းရေးဆုဆိုင်ရာ သင်္ခန်းစာကို ဆစ်ဒနီ မြို့တော်ခန်းမမှာ ပို့ချပေးမယ်လို့ သိရပါတယ်။

ABC Radio Australia

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းကို စတင်တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင် (Credit: Audience submitted)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းကို စတင်တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင် (Credit: Audience submitted)
RangonNewsDaily:: November . 6 .2013
ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ အခမဲ့ ဆေးကုသမှုပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို 2013 Sydney Peace Prize ဆစ်ဒနီငြိမ်းချမ်းဆု ချီးမြှင့်လိုက်ပါတယ်။

ရေငုပ်သင်္ဘော အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ

Photo: ရေငုပ်သင်္ဘော အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ
Tuesday, November 5, 2013 

အမေရိကန်ဟာ ၂၁ ရာစုမှာ ရေငုပ်သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ခုအဖြစ် စံချိန်တင်ခဲ့ ပါတယ်။ ဆိုဗီယက် (ရုရှား) ကိုကျော်ဖြတ် ခဲ့ခြင်း ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် စစ်သုံး ရေငုပ်သင်္ဘော အဘီးရေ ၇၀၀ ကျော် တည်ဆောက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်းမျှသော အရေအတွက်ကို အသုံးပြုနေ ဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစီးရေ ၅၀၀ ကျော်ဟာ တိုက်ပွဲများအတွက် အဆင်သင့် ရှိနေပြီး လိုအပ်ရင် အင်အားနဲ့ ၂ ဆကို အချိန်တိုအတွင်း တိုးချဲ့ နိုင်ကြောင်း အမေရိကန်တို့ ကြေညာခဲ့ဖူးပါတယ်။

ပုံမှာ မြင်တွေ့နေရတာကတော့ ယခု ရက်ပိုင်းလေးတင် အသစ်တည်ဆောက် လို့ ပြီးသွားတဲ့ နျူကလိယ စွမ်းအင် သုံး ရေငုပ် သင်္ဘော ဖြစ်ပါတယ်။ အများစုက နျူကလိယ စွမ်းအင်သုံးရေငုပ်သင်္ဘောများ ဖြစ်ပါတယ်။ ဒါတောင် ကနေဒါ၊ နော်ဝေတို့လို နိုင်ငံကို ရောင်းချ တဲ့ ရေငုပ် သင်္ဘော အရေ အတွက်ကို ထည့်တွက်ထားခြင်း မရှိပါဘူး။

ရေငုပ်သင်္ဘောအစီးရေအများဆုံး ပိုင်ဆိုင်ထားမှုကလည်း အမေရိကန်ကို ကမ္ဘာ့ စစ်အင်အား အကြီးဆုံး နိုင်ငံ တစ်ခုအဖြစ် အသိအမှတ်ပြုစေကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 6 .2013
အမေရိကန်ဟာ ၂၁ ရာစုမှာ ရေငုပ်သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ခုအဖြစ် စံချိန်တင်ခဲ့ ပါတယ်။ ဆိုဗီယက် (ရုရှား) ကိုကျော်ဖြတ် ခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်တစ်ထောင် ဂရမ်ပေါက်မြေများ သိမ်းဆည်းထားမှုအတွက် ခြောက်ကြိမ်မြောက် ဆန္ဒထုတ်ဖော်

RangonNewsDaily:: November . 6 .2013
ဗိုလ်တစ်ထောင်မြို့နယ်ရှိ နှစ်ကိုးဆယ်ဂရမ်ပေါက်မြေများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ တိုင်စာများ ပို့သော်လည်း ဖြေရှင်းပေးမှု မရှိသဖြင့် ဥပဒေနှင့် အညီ ဖြေရှင်းပေးရန်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ဆူးလေမြို့တော်ခန်းမရှေ့၊ ဘားလမ်းတွင် လူအယောက် ၆၀ ကျော်က ၆ ကြိမ်မြောက် ဆန္ဒ ထုတ်ဖော်ကြ

သည်။

ယာဉ်ပိုင်ရှင်များ လွဲမှားမှုမရှိစေရန် (၁၇) ယောက်စီးနှင့် အထက် ယာဉ်မှတ်ပုံတင်ခြင်း က.ည.န (ရွာသာကြီး) ၌ ဆောင်ရွက်ပေးမည်

RangonNewsDaily:: November . 6 .2013
ယာဉ်ပိုင်ရှင်များသည် မိမိတို့၏ ယာဉ်များကို မှတ်ပုံတင်ခြင်းကိစ္စရပ်များဆောင်ရွက်ရာတွင် လွဲမှားမှု မရှိစေ

ရန်နှင့် အလွယ်တကူဆောင် ရွက်နိုင်ရန်အတွက် လူစီးယာဉ်များနှင့် တစ်တန်အောက် မော် တော်ယာဉ်များ
ကိုကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ)နှင့်သက် ဆိုင်ရာ မြို့နယ်ခရိုင်ရုံးများတွင် ပြုလုပ်
ပေးပြီး (၁၇) ယောက်စီးနှင့် အထက်ဘတ်စ် ကားများကိုမူ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန (ရွာ
သာကြီး) တွင်ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်း သတင်းရရှိ သည်။

တစ်နှစ်နီးပါး တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်

Photo: တစ်နှစ်နီးပါး တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်
Wednesday, November 6, 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ၁၁ လ အကြာတွင် ပြီးစီးမည်ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းမှာ လက်ရှိအနေအထားတွင် ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီး သတ်မှတ်ထားသည့် နိုဝင်ဘာ ၃၀ ရက်တွင် ရာခိုင်နှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

"ကားတွေရဲ့ ဆူညံသံတွေက မြေပြင်မှာဆိုရင် မသိသာပေမယ့် တံတားအမြင့် ဆောက်တဲ့အခါမှာ အဆောက်အအုံတွေနဲ့ နီးကပ်တဲ့အတွက် ဆူညံသံတွေက ပိုပြီးကျယ်တယ်။ ဒါကြောင့် ဆူညံမှုတွေ မဖြစ်အောင် အသံထိန်းညှိစနစ် တပ်ဆင်သွားပါမယ်" ဟု Capital Development Co.Ltd ၏ စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြောကြားသည်။

ယင်းအသံထိန်းညှိ စနစ်ကို ဂျပန်နည်းပညာဖြင့် တပ်ဆင်ခြင်းဖြစ်ပြီး လူနေအဆောက် အအုံများနှင့် နီးကပ်သည့် Excel Treasure Tower နှင့် Shwe Gon Plaza အနီးတို့တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီတံတားကို ကျွန်တော်တို့ဘက်က နိုဝင်ဘာ ၃၀ ရက် အပြီးဆောက်မှာပါ။ ဒီဇင်ဘာ ၁ ရက်ကစပြီး အသုံးပြုလို့ ရပါပြီ။ ကားတွေဖြတ်သန်း သွားလာခွင့်ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ခွင့်ပြုချက်ရတာနဲ့ ဖြတ်သန်းသွားလာလို့ ရပါပြီ" ဟု Capital Development Co.Ltd ၏ စီမံကိန်းဒါရိုက်တာ ဦးအေးသော်က ဖြေကြားသည်။

ဆက်လက်ပြီး ၎င်းက "ဒီစီမံကိန်းကို နေ့ရောညပါ ဆောင်ရွက်မယ် ဆိုရင်တော့ သတ်မှတ်ထားတဲ့ ၁၁ လထက် ပိုပြီးစောပြီးနိုင်ပါတယ်။ ဒါပေမဲ့ တည်ဆောက်တဲ့ အခါမှာ အခက်အခဲ တချို့ ရှိတဲ့အတွက် အနည်းငယ် ကြန့်ကြာမှု ရှိခဲ့တာပါ" ဟု ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်ပြီး Capital Development Co.Ltd မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်သည့် ခန့်မှန်းကာလမှာ ၁၁ လဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် ပြီးစီးမည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ၁၇ ဒသမ ၄၄ ဘီလျံရှိကြောင်း သိရသည်။

eleven media group

RangonNewsDaily:: November . 6 .2013
၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ၁၁ လ အကြာ
တွင် ပြီးစီးမည်ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်အ
သုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်မှ စူပါမန်း အစစ်

Photo: ဖိလစ်ပိုင်မှ စူပါမန်း အစစ်
Wednesday, November 6, 2013

စူပါမန်း အစစ်ရယ်လို့ မဟုတ်ပါဘူး။ စူပါမန်းလို ရုပ်ရည်သွင်ပြင်ရအောင် ပလပ်စတစ် ဆာဂျရီ ဝင်ထားတဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။

Herbeart Chavez လို့အမည်ရတဲ့ အသက် ၃၆ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာ တစ်ဦး ဖြစ်ပြီး စူပါမန်းကို ငယ်ငယ် လေးကတည်းက ခရေဇီ ဖြစ်လာသူ တစ်ဦး ဖြစ်ပါတယ်။ ယနေ့အထိ သူ စုစည်းထားတဲ့ စူပါမန်း အရုပ်နဲ့ ပစ္စည်း၊ အဝတ် အရေအတွက်ဟာ ၅ထောင်ကျော်သွားပါပြီ။ တစ်သောင်းပြည့်ဖို့ စုဆောင်းနေပြီ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း ဒီဇိုင်နာ ဖြစ်တာမို့ စူပါမန်း လိုဂိုနဲ့ အရုပ်ပါရှိတဲ့ အဝတ်အစားများကို ကိုယ်တိုင်လည်း ဖန်တီး ပါတယ်။ အကြီးမားဆုံး ဖန်တီးမှုအနေနဲ့ ကတော့ သူကိုယ်တိုင်ကို စူပါမန်း ပုံစံပေါက်အောင် ခွဲစိတ်ခန်း ဝင်လိုက်ခြင်း ဖြစ်ပါတယ်။

နှာခေါင်းပြင်ဆင်ခြင်း၊ နှုတ်ခမ်း နဲ့ တစ်ကိုယ်လုံး အသားရောင်ကို အဖြူရောင်ဖြစ်အောင် ပြောင်းလဲခြင်းတို့ဟာ ငွေကြေး မြောက်များစွာ အကုန်ကျခံပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူငွေကြေး အသုံးချရတာ တန်ပါတယ်။ ဖိလစ်ပိုင်မှာ ကျော်ကြားတဲ့ Celebrity တစ်ဦး ဖြစ်လာပြီး ကြော်ငြာဘေလ်ဘုတ်မှာကော၊ တီဗီ မှာကော ပါဝင်လာသူ တစ်ဦး ဖြစ်လာပါတယ်။ သူ့ကို ဖိလစ်ပိုင် စူပါမန်းလို့တောင် မဲ့ခေါ်ထားပါတယ်။

မနီလာမြို့ တောင်ပိုင်း Calamba မြို့  ဖွားဖြစ်တာမို့ သူ့ကို ဒေသခံတို့က ရွာစူပါမန်းလို့ နာမည်ပြောင် ပေးထားကြောင်း သိရပါတယ်။
.
Ref:eyespoping
အောင်ခမ်း ( innewsmyanmar.com )

RangonNewsDaily:: November . 6 .2013
စူပါမန်း အစစ်ရယ်လို့ မဟုတ်ပါဘူး။ စူပါမန်းလို ရုပ်ရည်သွင်ပြင်ရအောင် ပလပ်စတစ် ဆာဂျရီ ဝင်ထားတဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နှင့် အစိုးရအဖွဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ မတင်မကျ ပြီးဆုံး

Photo: မြစ်ကြီးနား ဆွေးနွေးပွဲ မတင်မကျ ပြီးဆုံး
Wednesday, November 6, 2013

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ခိုင်မာသော မည်သည့်
သဘောတူညီချက်မှ ပေါ်ထွက်မလာဘဲ မည်သူမျှ လက်မှတ်ထိုးထားခြင်း မရှိသည့် ပူးတွဲကြေညာချက်ကို ဖြန့်ဝေခဲ့ကာ သတင်းစာရှင်းလင်းပွဲလည်း မလုပ်ခဲ့ပေ။

ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ဖြစ်သော ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့
 ဆွေးနွေးပွဲသည် အဆင်ပြေ ချောမွေ့ပုံ မပေါ်ဘဲ အချိန်အနည်းငယ်မျှ အပြန်အလှန်ဆွေးနွေးပွဲအပြီး အချင်းချင်း သီးခြားစီ ထပ်မံတွေ့ဆုံကြသည်။ ညနေတွင် ပင်မ ဆွေးနွေးပွဲ ကျင်းပရာ မဂျွယ်ခန်းမမှ တိုင်းရင်းသား
ကိုယ်စားလှယ်များ ထွက်ခွာသွားအပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာမှ အဆိုပါ ပူးတွဲထုတ်ပြန်ကြေညာချက်ကို သတင်းထောက်များကို လာရောက်ဝေငှကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ မြစ်ကြီးနားဆွေးနွေးပွဲသည် လိုင်ဇာသဘော
တူညီချက်ကို တိုင်းရင်းသားများဘက်မှ “တရားဝင် ပေးအပ်ခြင်း
”ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက
လည်း အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို တိုင်းရင်းသားများထံ အပြန်အလှန် ပေးခဲ့ခြင်းသာ ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် လိုင်ဇာတွင် ဖွဲ့စည်းလိုက်သော တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့ လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဒုတိယအကြိမ်တွေ့ ဆုံသွားမည်ဟု ဖော်ပြ
ထားသည်။နိုင်ငံရေးသဘောတူညီချက်များရရှိနိုင်ရေး တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို
 ဆောင်ရွက်ရမည်ဟု နှစ်ဘက်သဘောတူကြောင်း ထုတ်ပြန်ကြေညာချက်
က ဆိုသည်။

ယင်းထုတ်ပြန်ကြေညာချက်အပေါ် သဘောထားများကို ဧရာဝတီက
 တောင်းခံရာ “ဒီထဲကအတိုင်း တိုင်းရင်းသားတွေက သဘောတူပါတယ်။ အဲဒီတိုင်း သဘောတူပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောသော်
လည်း တိုင်းရင်းသားများဘက်ကမူ မည်သည့် သဘောထားမှတ်ချက်မျှ မပေးလိုသေးကြောင်း ဖြေဆိုကြသည်။

ယမန်နေ့  ဆွေးနွေးပွဲ မစတင်ခင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ တိုင်းရင်းသား ခေါင်းဆောင်များကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရာတွင် ဒို့တာဝန်အရေးသုံးပါးနှင့် “ဒီမိုကရေစီကျင့်စဉ်အရ” ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်
ရန် တောင်းဆိုခဲ့သည့်အပေါ်တွင် တိုင်းရင်းသားအများစုမှာ လက်ခံနိုင်
သည့်မူဝါဒ မဟုတ်ဟု ပြောဆိုလာခဲ့ကြပြီး တိုင်းရင်းသားများ၏ လိုင်ဇာ ဘုံသဘောတူညီချက်တွင်ပါသည့် “ဖယ်ဒရယ်”ပြည်ထောင်စုဟူသော
 ဝေါဟာရကို ပြင်ပေးရန် အစိုးရဘက်က တောင်းဆိုလာခဲ့ရာ အစိုးရက ကနဦး ရည်မှန်းထားသော နိုဝင်ဘာလအတွင်း အဖွဲ့ပေါင်းစုံပါဝင်သော တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်ရေး အလှမ်းဝေးနေဦးမည့်ပုံ ပေါက်နေသည်။

ဧရာဝတီ

RangonNewsDaily:: November . 6 .2013
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်
ရေးအဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှခိုင်မာသော မည်
သည့်သဘောတူညီချက်မှ ပေါ်ထွက်မလာဘဲ မည်သူမျှ လက်မှတ်ထိုးထားခြင်း မရှိသည့် ပူးတွဲကြေညာချက်
ကို ဖြန့်ဝေခဲ့ကာ သတင်းစာရှင်းလင်းပွဲလည်း မလုပ်ခဲ့ပေ။

ပြည်တွင်းငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်အချိန်ထိ ဆက်မက်နေရဦးမလဲ

Photo: ပြည်တွင်းငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်အချိန်ထိ ဆက်မက်နေရဦးမလဲ
Wednesday, November 6, 2013

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လွန်ခဲ့သော အောက်တိုဘာလတွင် ကျင်းပမည်ဟု သတင်း ထွက်ခဲ့သော်လည်း လေထဲတိုက်အိမ်ဆောက်သလို ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ အောက်တို ဘာ(၃၀)ရက်ကနေ နိုဝင်ဘာ(၂)ရက်နေ့အထိ လိုင်ဇာမှာ အပစ်ရပ်ရေး အကြိုဆိုပြီး တိုင်းရင်းသားညီလာခံကြီး ကျင်းပခဲ့တယ်။ ဘုံသဘော တူညီချက်တွေနဲ့ လက်မှတ်တွေ ထိုးခဲ့ကြတယ်။

ဒါပေမယ့် အဲဒီလက်မှတ်ရေးထိုးပွဲမှာ RCSS က လက်မှတ်မထိုးဘူးလို့ သိရပါတယ်။ UNFC နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ လက်မှတ်ထိုးခဲ့တယ်။ ဒီတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ RCSS က ဒီလိုင်ဇာ ကြေညာချက်အတိုင်း လက်မှတ်မထိုးဘူးဆိုတဲ့သဘော သက်ရောက်နေပါ တယ်။ အခုကတည်းကစပြီး ဇာတ်ခေါင်းကွဲပြီလို့ တောင် အသံဗလံတွေ ထွက်လာပါတယ်။

အခုလည်း နိုဝင်ဘာ(၄)ရက်နေ့ကစပြီး မြစ်ကြီးနားမြို့မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၆)ဖွဲ့တို့ ဆွေးနွေးနေကြပြန်ပါပြီ။ ရလာတဲ့အဖြေကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလမှာ လည်း မပြုလုပ်နိုင်သေးဘူးဆိုတဲ့ရလဒ်ပဲဖြစ်ပါတယ်။ ဒါဖြင့်ရင် အပစ်ရပ်ရေးက ဒီဇင်ဘာမှာ လုပ်မှာလား၊ ၂၀၁၄ မှာ လုပ်မှာလားလို့ မေးစရာဖြစ်နေပါပြီ။ ပြည်သူတွေအားလုံး မျှော်လင့်စောင့်စားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အိပ်မက်က ဆက်ပြီးရှည်နေဦးမယ့်သဘော ဖြစ်နေပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင် ပါတယ်။

UNFC တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ လက်မှတ်မထိုးခဲ့တဲ့ RCSS လည်း ပါရမယ်။ UWSA (၀)အဖွဲ့နဲ့ NDAA (မိုင်းလား) အဖွဲ့လည်း ပါရမယ်၊ ဒါမှသာ ပြည်တွင်းငြိမ်းချမ်းရေးရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးပါဝင်ဖို့ဆိုတာ နည်းနည်းတော့အခက်ခဲတွေရှိနေတယ်လို့ ယူဆနိုင်ပါတယ်။

လိုင်ဇာမှာလုပ်တဲ့ တိုင်းရင်းသားညီလာခံမှာ UWSA (၀)အဖွဲ့နဲ့ NDAA (မိုင်းလား)အဖွဲ့နှစ်ဖွဲ့ မတက်ရောက် ခဲ့ပါဘူး။ မတက်ရောက်တဲ့အတွက် ဘုံသဘောတူညီမှုတွေကိုလည်း သဘောတူလက်မှတ်မထိုးနိုင်ခဲ့ပါဘူး။ အခုလောလောဆယ် လိုင်ဇာဆွေးနွေးပွဲက ဘုံသဘောတူညီမှုတွေကို လက်မှတ်မထိုးခဲ့တဲ့အတွက် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို တက်ရောက် လက်မှတ်ထိုးဖို့ မရေရာတဲ့အဖွဲ့(၃)ဖွဲ့ရှိနေပါပြီ။ ဒါမှမဟုတ် UNFC ဦးစီးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မပေါင်းဘဲတစ်ဖွဲ့ချင်းစီ လက်မှတ်ထိုးနိုင်တယ်လို့လည်း ထင်မြင် ယူဆချက်တွေ ထွက်ပေါ်လာတယ်။
လူများပြီးပွဲမစည်တဲ့ ဇာတ်အဖွဲ့လို ဖြစ်နေပါပြီ။

ခေါင်းဆောင်ပိုင်းတွေကြားမှာလည်း သူ့အဖွဲ့ကိုယ့်အဖွဲ့ဆိုပြီး အာဏာ၊ နေရာ လွန်ဆွဲမှုတွေလည်း ရှိနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ အစိုးရနဲ့တွေ့ဆုံ ဆွေးနွေးပွဲမှာ တောင်းတာ မရရင် ပြည်တွင်းစစ်ပွဲတွေရှည်ကြာဦးမယ်လို့ ပြောထားတာရှိပါတယ်။ အစိုးရက အလျော့ပေးလို့ တိုင်းရင်းသားတွေဘက်က လိုချင်တာမှန်သမျှ အကုန်တောင်းလာတဲ့ သဘောပါ။ အစိုးရ ဘက်ကရော တောင်းသမျှလိုက်လျောနိုင်ပါ့မလား စဉ်းစားစရာပါ။ တကယ်လို့ အဆင်မပြေမှုတွေများလာရင် ပြည်တွင်းငြိမ်းချမ်းရေးလည်းရဖို့ မလွယ်ပါဘူး။
ဒီတော့ အစိုးရအဖွဲ့ကိုရော တိုင်းရင်းသားအဖွဲ့တွေကိုပါ မေးချင်တာတစ်ခုက ပြည်တွင်းငြိမ်းချမ်းရေး အိပ်မက် ရှည် ဘယ်အချိန်ထိ ဆက်မက်နေရဦးမလဲဆိုတာပါပဲဗျာ။

နေ၀န်းနီ

RangonNewsDaily:: November . 6 .2013
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လွန်ခဲ့သော အောက်တိုဘာလတွင် ကျင်းပမည်ဟု သတင်း ထွက်ခဲ့သော်လည်း လေထဲတိုက်အိမ်ဆောက်သလို ပျောက်ကွယ်သွားခဲ့တယ်။

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို ဆရာဝန်များ၏ စစ်ဆေးချက်ပေါ်မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထား

RangonNewsDaily:: November . 6 .2013
ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးကာ သေဆုံးစေခဲ့သော ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော်ကို ကျွမ်းကျင်သော ဆရာဝန်များ၏ စစ်ဆေးချက်ပေါ် မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထိန်းသိမ်း ထားသေးကြောင်း ရတနာဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။

ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါအကြောင်းသိကောင်းစရာ

Photo: ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါ
Wednesday, November 6, 2013

ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်ကိုင်ပြီး အောင့်တတ်ပါတယ်။

အစာ သို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာအိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။ ဆီးကျောက်တည်ရင် ခါးနှစ်ဖက်လုံး နာပြီး ပျို့အန်တာ၊ဗိုက်နာတာ ဖြစ်လို့ အစာအိမ်နဲ့ မှားပြီး ကုကြတယ်။ ကျောက်တည်တာ သေချာအောင် တီဗွီဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြား သိနိုင်ပါတယ်။ ဆီးပြွန်မှာ ကျောက်တည်ရင် အင်္ဂါစပ်အထိ နာတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးလမ်းကြောင်း တစ်လျှောက်နာတယ်။ ဆီးပြွန်ရဲ့အောက်ဆုံးပိုင်း ဆီးအိမ်နားမှာ ကျောက်တည်ရင် အင်္ဂါစပ်ထိနာတယ်။ ဆီးခဏခဏ သွားတယ်။ ကျောက်ရှိရှိ၊ ပိုးပဲဝင်ဝင် အဖျားပါလာလို့ ဆီးကျဉ်တာ သတိထား ဆေးကုသင့်တယ်။ အစာအိမ်မှာက ဝမ်းခေါင်းကနေ ဘယ်ဘက်ရင်ညွန့် ကနေချက်အထိ နာတယ်။ အစာဝင်ရင် သက်သာသလိုနဲ့ ပိုဆိုးတတ်တယ်။

ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာမပေးဘူး။ဆီးကျောက်တည်တာ သေးရင် ဆီးပြွန်အတွင်း ပြုတ်ကျတာ သို့မဟုတ် ဆီးကျောက်ကြီးပြီး ကျောက်ကပ်ကို ပိတ်ဆို့ရင် ကျောက်ကပ်ကင်ဆာ အထိဖြစ်တတ်တယ်။ ဆီးအိမ်မှာ ကျောက်တည်တာ ကြာရှည်နေရင် ပွန်းပဲ့ဒဏ်ရာ ခဏခဏဖြစ်ပြီး ကာလကြာရှည် တာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ်တတ်တယ်။

ကျောက်တည်ရင် ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးတတ်တယ်။ကျောက်တည်လို့ ကင်ဆာဖြစ်တာရှားတယ်။ ကျောက်ကပ်လဲ ရသည်ထိဖြစ်တာ တခြားရောဂါလည်း ပါတယ်။ဆီးကျောက်တည်ရတာ ထုံးဓာတ်၊ ယူရစ်အက်စစ်၊ အောက်ဆဲလိတ် များတဲ့ အစားအစာနဲ့ဆီးထဲ ပိုးဝင်တာ၊ မွေးရာပါ ဆီးလမ်းကြောင်း ပုံမမှန် ချို့ယွင်းတာကြောင့် ဖြစ်နိုင်တယ်။အထူးသဖြင့် ကွမ်းစားများသူ၊ ထုံးဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်သွားပြီးအချိန်ကြာလာရင် ဆီးကျောက်တည်ဖို့ အခွင့်အလမ်း များလာတယ်။ ထုံးဓာတ်၊ သံဓာတ်များတဲ့ ဒေသမှာနေတဲ့ သူတွေ ထုံးဓာတ် ပါတဲ့ရေ သောက်မိတာကြောင့် ဆီးထဲအနည်အမှုန် များပြီး ဆီးကျောက် တည်တတ်တယ်။ ကွမ်းစားပြီး ထုံးများလို့ ကျောက်တည်နိုင်သလို တခြားရောဂါတွေ ဖြစ်နိုင်တယ်။ ကွမ်းစားတာ ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးသလို လည်ပင်းမှာရှိတဲ့ ပါရာသိုင်းရွိုက်ဂလင်းကို ကယ်လ်ဆီယမ် မြင့်တက်ြပီး ဆီးကျောက်ဖြစ်နိုင်တဲ့ အန္တရာယ် ရှိသေးတယ်။

ဆီးကျောက်တည်တာကို ယခင်က ခွဲစိတ် ဖြတ်တောက်သော်လည်း နောက်ပိုင်းခန္ဓာကိုယ် အပြင်ကနေ တီဗွီက ကြည့်ပြီး အသံလှိုင်းသုံး စက်နဲ့ ကျောက်ချေတဲ့နည်း၊ ကိုယ်ခန္ဓာအတွင်းထဲ မှန်ပြောင်းထည့်ပြီး ချေတဲ့နည်း သုံးပြီး ကုသကြတယ်။

ဆီးကျောက်တည်ခြင်း မဖြစ်အောင်၊ ဆီးလမ်းကြောင်း ပိုးမဝင်ရအောင် သန့်ရှင်းစွာ နေထိုင် စားသောက်ရမယ်။ မှို၊ မျှစ်၊ တညင်းသီး တို့လို ယူရစ်အက်စစ်များတဲ့ အစားအစာ၊ ဟင်းနုနယ်၊ စတော်ဘယ်ရီတို့လို အောက်ဇာလိတ် များတဲ့ အစားအစာ၊ ကယ်လ်ဆီယမ်ဓာတ် များတဲ့အစားအစာတွေ အလွန်အကျွံ မစားရဘူး။ ရေကို ကျိုချက် သောက်သင့်တယ်။ တစ်နေ့ကိုရေနှစ်လီ တာသောက်ပြီး ချွေးထွက်များရင် သည့်ထက် ပိုသောက်သင့်တယ်။

ရေများများ သောက်လို့ ဆီးသွားရင် ဆီးထဲ အနည်အနှစ်တွေ ကျောက်မဖြစ်တော့လို့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ။

မြ၀တီ

RangonNewsDaily:: November . 6 .2013
ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်
ကိုင်ပြီး အောင့်တတ်ပါတယ်။

ငြိမ်းချမ်းရေးကိစ္စကို ဒီဇင်ဘာမှာ ဆက်လက်ဆွေးနွေးမယ်

Photo: ငြိမ်းချမ်းရေးကိစ္စကို ဒီဇင်ဘာမှာ ဆက်လက်ဆွေးနွေးမယ်
Wednesday, November 6, 2013

မြန်မာတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီတွေကြား
 ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှုမရခဲ့တဲ့အတွက် ဒီကိစ္စကို ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် လာမယ့်ဒီဇင်ဘာလအတွင်းမှာ 
ရွေ့ဆိုင်းထားလိုက်တယ်လို့ သိရပါတယ်။

လာမယ့်လ ဆွေးနွေးပွဲကို ကရင်ပြည်နယ်မြို့တော် ဖားအံမြို့မှာ ကျင်းပပြု
လုပ်သွားမယ်လို့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပေမယ့် ရက်အထိ
အကျ ဖော်ပြခြင်းမရှိဘူးလို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ၂ရက်ကြာဆွေးနွေးမှုအတွင်းမှာ အချက်
အားလုံးကို သဘောတူညီမှု မရခဲ့ပေမယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် နှစ်ဖက်စလုံးကြားက ဆက်ဆံရေး အခြေအနေ
ကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တိုးတက်မှုတွေ
ရှိလာတယ်လို့ ဆိုပါတယ်။

ABC

RangonNewsDaily:: November . 6 .2013
မြန်မာတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်း
ရေးဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီတွေ
ကြားဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှုမရခဲ့တဲ့အတွက် ဒီကိစ္စကို ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် လာ
မယ့်ဒီဇင်ဘာလအတွင်းမှာ ရွေ့ဆိုင်းထားလိုက်တယ်လို့ သိရပါတယ်။

iPhone ဖြင့် သင့် အိမ် တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် Apple ကပြုလုပ်ပေးမည်

Photo: iPhone ဖြင့် သင့် အိမ် တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် Apple ကပြုလုပ်ပေးမည်
Wednesday, November 6, 2013

သင် အိမ် ရောက်တဲ့ အခါသင်ကိုယ်တိုင်ပြုလုပ်စရာမလိုဘဲ မီးတွေ အလိုလိုဖွင့်ပေးမယ်၊ Air Conditioner ကို အလိုလိုဖွင့်ပေးမယ်၊ ညစာအတွက်ဟင်းတွေကိုနွှေးပေးဖို့မီးဖိုအလိုလိုဖွင့်ပေးနိုင်မယ်ဆိုရင် အလွန်အဆင်ပြေမှာပါ။ အနာဂတ်မှာတော့ အဲဒီအလုပ်တွေကို iPhone ကပြုလုပ်ပေးတော့မှာပါ။

အင်္ဂါနေ့က Apple ရဲ့ ထုတ်ဖော်ပြောကြားချက်အရ မကြာခင်မှာ ဒီနည်းပညာဟာ အကောင်အထည်ပေါ်လာတော့မှာပါ။ iPhone ရဲ့ GPS နဲ့  Wireless နည်းပညာတို့ကို အသုံးပြုပြီး သင့်အိမ်က Wireless Device တွေကို အလိုလိုခိုင်းစေနိုင်တာပါ။

မီးအဖွင့်အပိတ်ပြုလုပ်ပေးတဲ့ System တွေ၊ Security နဲ့  ပတ်သက်တဲ့  System တွေ၊ ကားသိမ်းတဲ့ အခန်း ရဲ့  တံခါးကိုဖွင့်ပေးတာတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဖွင့်ပေးတာတွေ ကို iPhone ကအလိုလိုပြုလုပ်ပေးနိင်တော့မှာပါ။

Apple ရဲ့ နည်းပညာဟာ Wireless Device တွေသာမကဘဲ Ethernet နဲ့ချိတ်ဆက်နိုင်တဲ့ Device တွေကိုပါ ထိန်းချုပ်နိုင်မယ်လို့သိရပါတယ်။

Myanmar ICT

RangonNewsDaily:: November . 6 .2013
သင် အိမ် ရောက်တဲ့ အခါသင်ကိုယ်တိုင်ပြုလုပ်စရာမလိုဘဲ မီးတွေ အလိုလိုဖွင့်ပေးမယ်၊ Air Conditioner ကို အလိုလိုဖွင့်ပေးမယ်၊ ညစာအတွက်ဟင်းတွေကိုနွှေးပေးဖို့မီးဖိုအလိုလိုဖွင့်ပေးနိုင်မယ်ဆိုရင် အလွန်အဆင်ပြေမှာပါ။ အနာဂတ်မှာတော့ အဲဒီအလုပ်တွေကို iPhone ကပြုလုပ်ပေးတော့မှာပါ။

ထိုင်းနိုင်ငံမှ နာမည်ကျော်သရုပ်ဆောင် Pee Mak မင်းသမီးနှင့် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ကားကြီး ရိုက်မည်

Photo: ထိုင်းနိုင်ငံမှ နာမည်ကျော်သရုပ်ဆောင် Pee Mak မင်းသမီးနှင့် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ကားကြီး ရိုက်မည်
Wednesday, November 6, 2013

ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mak ဇာတ်ကားနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီး ဒါဗီကာ ဟော်နီနဲ့ မြန်မာနိုင်ငံမှ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ စီစဉ်ထားတဲ့အကြောင်း ADMA Media Grop မှ ဒုတိယ ဥက္ကဌ ကိုဝေမင်းမောင်က နိုဝင်ဘာလ 4ရက်မှာ sunday journal ကိုပြောကြား
ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဇာတ်ကားကြီးဟာ ADMA ရဲ့ ပထမဆုံး စီစဉ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးဖြစ်ပြီး ၊ အာရှရုပ်ရှင်လောကမှာ ထိုးဖောက်ဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Pee Mak မင်းသမီးနဲ့တွဲရိုက်ဖို့ စိုင်းစိုင်းခမ်းလှိုင်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းကိုလည်း `` ဒီမှာ ရှိတဲ့ မင်းသားတွေအားလုံးက သူ့အရည်အချင်းနဲ့သူအားလုံး ရှိကြတယ်။ 

ကိုစိုင်းကိုရွေးဖြစ်တာကတော့ မြန်မာနိုင်ငံအနေအထားနဲ့ကြည့်ရင် အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းရော ပရိသတ်စိတ်ဝင်စားတဲ့သူ၊ အားပေးမှုများတဲ့သူဖြစ်သည်။ လူကြီးလူငယ်မရွေးလက်ခံကြတယ်။ မျက်နှာနဲ့ ခန္ဒာကိုယ်သွင်ပြင်အနေအထားအရလည်း Pee Mak မင်းသမီးနဲ့လိုက်ဖက်ညီနိုင်မယ် ထင်လို့ ရွေးချယ်ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်´´ လို့ ပြောပြပါတယ်။

အဲဒီဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှ နောက်ထပ်
နာမည်ကျော်မင်းသားတစ်ဦးနဲ့ မြန်မာနိုင်ငံမှ မင်းသမီးလေးဦးကိုလည်း ထပ်မံရွေးချယ်သွားမယ်လို့သိရပါတယ်။ ရာဇ၀င်ဇာတ်လမ်းကိုနောက်
ခံထားပြီး မင်းသမီးဖြစ်သူဟာ အလောင်းမင်းဘုရားလက်ထက် မြန်မာ
နိုင်ငံကိုခေါ်ဆောင်ခြင်းခံရတဲ့ အဘွားရဲ့ အုတ်ဂူကို ကန်တော့ဖို့လာရောက်
ရင်း ဧည့်လမ်းညွှန်ဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်းကို ဇာတ်အိမ်
ဖွဲ့ရိုက်ကူးမယ့် ဒရမ်မာ အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း - သိမ်မွေ့
Sunday Journal

RangonNewsDaily:: November . 6 .2013
ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mak ဇာတ်ကားနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီး ဒါဗီကာ ဟော်နီနဲ့ မြန်မာနိုင်
ငံမှ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ စီ
စဉ်ထားတဲ့အကြောင်း ADMA Media Grop မှ ဒုတိယ ဥက္ကဌ ကိုဝေမင်းမောင်က နိုဝင်ဘာလ 4ရက်မှာ sunday journal ကိုပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန် SWAT အကြောင့် သိကောင်းစရာ

Photo: အမေရိကန် SWAT အကြောင့် သိကောင်းစရာ
Tuesday, November 5, 2013 

SWAT (Special Weapons And Tactics) လို့အမည်ရတဲ့ အမေရိကန်မှ အထူးကွန်မန်ဒို တပ်ဖွဲ့ဟာ ကမ္ဘာက အသိအမှတ်ပြုရလောက်အောင် ထူးချွန် ထက်မြတ် ကြပါတယ်။

၁၉၆၄ ခုနှစ်က စတင်ဖွဲ့စည်းပေမယ့် ၁၉၆၇ ခုနှစ်မှ လော့အိမ်ဂျစ်လစ်မြို့ က LAPD (လောအိမ်ဂျလစ် ရဲဌာနချုပ်) ကနေ သေချာ ဖွဲ့စည်းဖြစ်တာ ဖြစ် ပါတယ်။ အစက LAPD နဲ့ ပူးတွဲပေမယ့် နောက်တော့ SWAT ဆိုတာကို သီးခြား အဖွဲ့တစ်ခုအဖြစ် ရပ်တည်စေခဲ့ ပါတယ်။ ဒီအတွက်လည်း သေ ချာ လေ့ကျင့်မှု ပြုလုပ်ထားပေးပြီး အမေရိကန်မှ အတော်ဆုံး ရဲများ စုစည်းရာလို့တောင် ပြောစမှတ်ပြု ပါတယ်။ သို့ပေမယ့် သူတို့လိုပဲ FBI, CIA တို့ ရှိနေသေးပေမယ့် SWATက Local ကို ဦးစားပေးတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။ FBI, CIA တို့မှ စုံစမ်းထောက်လှမ်းရေး တို့ ပြုလုပ်ပေ မယ့် SWAT ရဲ့  လုပ်ဆောင်ချည်းကတော့ သိပ်မများပါဘူး။

SWAT Team ရဲ့  Duty အနေနဲ့က ဓားစာခံ ကယ်တင်ခြင်း၊ ပဋိပက္ခ ဖြစ် ပွားမှုကို ထိန်းချုပ်ခြင်း၊ VIP ကာကွယ် စောင့်ရှော့င့်ခြင်း၊ ဝရမ်းပြေးဖမ်းဆီး မှုအတွက် ကူညီထောက်ပံ့ခြင်း၊ အရေးပေါ် အခြေအနေအတွက် လုံခြုံရေး ထောက်ပံ့ပေးခြင်း၊ အရေးပေါ် အခြေအနေတွင် ပြဿနာ များ ဖြေရှင်းခြင်း အစရှိတဲ့ လုပ်ဆောင်ချက် များကို အဓိက ထား ပြုလုပ်ပေးပါတယ်။ အဓိကကတော့ တိုက်ပွဲ ဝင်ဖို့ပါပဲ။

လက်နက် မကြီး၊မငယ် အရွယ်အလတ်စားများကို အဓိကထား အသုံးပြု ပါတယ်။ စက်သေနတ်၊ ရိုင်ဖယ်၊ သေနတ်တို၊ စနိုက်ပါ၊ လက်ပစ်ဗုံး၊ မီးခိုးဖုံး တို့ကို အဓိကထား အသုံးပြု ပါတယ်။ အဓိက အောင်မြင်မှု ၂ ခု အနေနဲ့ ၁၉၇၄ ခုနှစ်ကျော်က အမေရိကန်မှာ ကြီးထွားခဲ့တဲ့ SLA သူပုန်အဖွဲ့အစည်း ကို ဖြိုခွင်း လိုက်နိုင်ခဲ့ပြီး SWAT မှာ တစ်ယောက်မှာ မသေပါဘူး။ ပြီးတော့ ၁၉၉၉ ခုနှစ်မှာ Colardo မှာ Columbine High School massarcre မှာလည်း အောင်မြင်မှု ရရှိခဲ့ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံတစ်ဝန်းက မှုခင်း၊ ပစ်ခတ်မှု၊ အကြီးအသေး နေရာစုံမှာ ပါဝင်ပြီး အောင်မြင်တဲ့ ရဲတပ်ဖွဲ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ ယနေ့မှာ SWAT Team ဟာ ကမ္ဘာ အတော်ဆုံး ကွန်မန်ဒို ရဲတပ်ဖွဲ့ စာရင်းထဲမှာ ပါဝင်လျက် ရှိကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 6 .2013
SWAT (Special Weapons And Tactics) လို့အမည်ရတဲ့ အမေရိကန်မှ အထူးကွန်မန်ဒို တပ်ဖွဲ့ဟာ ကမ္ဘာက အသိအမှတ်ပြုရလောက်အောင် ထူးချွန် ထက်မြတ် ကြပါတယ်။

မော်ဒယ်တင်မိုးလွင် ဂုဏ်ထူးဆောင် ခရီးသွား သံတမန်ဘွဲ့ ခန့်အပ်ခံရ

Photo
"ကိုရီးယားနိုင်ငံ ဂုဏ်ထူးဆောင် ခရီးသွား သံတမန်ဘွဲ့ ခန့်အပ်ခံရတဲ့ မော်ဒယ် တင်မိုးလွင်"
RangonNewsDaily:: November . 6 .2013
အနုပညာလောကမှာ မော်ဒယ်မိခင်ကြီးလို့တင်စားခေါ်ဝေါ်ခံရတဲ့Talents & Models အေဂျင်စီ တည်ထောင်
သူ တင်မိုးလွင် က အောက်တို ဘာ ၇ ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို သွားရောက်ပြီး ကိုရီးယား နိုင်
ငံ ရဲ့ခရီးသွား ဝန်ကြီး ဌာန ကပေးအပ် တဲ့ ဂုဏ်ထူးဆောင် ခရီး သွား သံတမန် ဘွဲ့ကို သွားရောက် ယူခဲ့ပါ တယ်။

ပြည်တွင်းဈေးကွက်ကို ထပ်မံထိုးဖောက်မယ့် တရုတ် Brand Ginwave

Photo: ပြည်တွင်းဈေးကွက်ကို ထပ်မံထိုးဖောက်မယ့် တရုတ် Brand Ginwave
Tuesday, November 5, 2013

မြန်မာပြည်ဈေးကွက်အတွင်းမှာ ရေပန်းစားအောင်မြင်လျက်ရှိတဲ့ တရုတ် Brand Huaweii အမှတ်တံဆိပ်ပြီးရင် ထပ်မံမြင်တွေ့ရဖို့ရှိတဲ့ အမှတ်
တံဆိပ်ကတော့ Ginwave ဆိုတဲ့ အမှတ်တံဆပ်ပါပဲ။

တရုတ်အမှတ်တံဆိပ်တွေထဲမှာ အရည်သွေးမြှင့်ဖန်တီးပေးထားတဲ့ Huaweii
နည်းတူ အဆိုပါ Ginwave အမှတ်တံဆိပ် စမတ်ဖုန်းကိုလည်း ဈေးကွက်အ
တွင်း မြင်တွေ့ရလျက်ရှိနေပါတယ်။

ဈေးကွက်အတွင်းမှာ ဝယ်ယူမှုများလျက်ရှိတဲ့ Ginwave အမှတ်တံဆိပ်ထဲက
Note ပုံစံဖန်တီးထားတဲ့ Ginwave Gnote2 G503 ကိုမိတ်ဆက်ဖော်ပြပေး
လိုက်ပါတယ်။

ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင် ကိုရွေးချယ်ချင်သူတွေရယ်၊ Stylus Pen ပါ
ဝင်ပြီး စိတ်ကြိုက်ရေးခြစ်နိုင်တာရယ်၊ Dual-Sim ထည့်သွင်းအသုံးပြုနိုင်
တာရယ်၊ ကင်မရာ Miga-Pixels များတာရယ်က Gnote2 G503 ရဲ့အားသာ
ချက်လို့ဆိုရမှာပါ။ ကဲ ဟုတ်ပါပြီပါဝင်တဲ့ Speicification အသေးစိတ်တွေကို
ကြည့်ရှုလိုက်ရအောင်။

ကျယ်ပြန့်တဲ့ မျက်နှာပြင် 5.3" QHD ကို Resoultions 540 x 960, 16M Colors, TFT-LCD ပေးစွမ်းနိုင်ပြီး Capacitive Multi Touch Screen အသုံး
ပြုနိုင်ပါတယ်။ Dual-Sim အသုံးပြုလို့ရပြီး Network ပိုင်းအနေနဲ့ 2G,3G
ထောက်ပံ့ပေးနိုင်ပါတယ်။ Operating System ပိုင်းအနေနဲ့ Android V4.0.4
ရှိပြီ Processor ကိုတော့ MTK6577 ARMv7 Cortex-A9 Dual-core 1.0GHz အသုံးပြုပေးထားတယ်။ Graphics ပိုင်းကောင်းမွန်ဖို့ကိုတော့
GPU: PowerVR SGX531 Ultra ထပ်မံထောက်ပံ့ပေးထားပါသေးတယ်။

RAM 1GB အသုံးပြုထားပြီး သိုလှောင်မှုပိုင်းအနေနဲ့ 32GB အထိ Memory
Card ထည့်သွင်းအသုံးပြုလို့အဆင်ပြေစေပါတယ်။ ကင်မရာပိုင်းအနေနဲ့ တန်းမြှင့်ဖုန်းတစ်လုံးမှာ ပါဝင်နေကျဖြစ်တဲ့ နောက်ကင်မရာ 8MP နှင့် ရှေ့ ကင်မရာ 2MP အသုံးပြုပေးထားတယ်။

ပြည်တွင်းသုံးစွဲသူတွေ အဆင်ပြေစေရန်အတွက် မြန်မာစာစနစ်ထည့်သွင်း
ပါဝင်ပြီး ကျယ်ပြန့်တဲ့မျက်နှာပြင်ကြောင့်အင်တာနက်အသုံးပြုရတာ စိတ်
ကြိုက်ကြည့်ရှုလို့ရမယ့် အပြင် Stylus Pen ပါဝင်တဲ့အတွက်ကြောင့် သုံးစွဲရ
အဆင်ပြေလွယ်ကူစေမှာတော့ အမှန်ပါပဲ။

မကြာခင် ဝန်ဆောင်မှု Services ဆိုင်ခွဲများထားရှိတော့မှာဖြစ်ပြီး ယခုမိတ်
ဆက်ပေးတဲ့ Gnote2 G503 ကိုတော့ အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင်လောက် အနည်းဆုံးကျသင့်မယ်လို့ဆိုပါတယ်။

Ref:Ginwave
ခွန်နေ(AMMG)
Guide Magazine

RangonNewsDaily:: November . 6 .2013
မြန်မာပြည်ဈေးကွက်အတွင်းမှာ ရေပန်းစားအောင်မြင်လျက်ရှိတဲ့ တရုတ် Brand Huaweii အမှတ်တံဆိပ်ပြီး
ရင် ထပ်မံမြင်တွေ့ရဖို့ရှိတဲ့ အမှတ် တံဆိပ်ကတော့ Ginwave ဆိုတဲ့ အမှတ်တံဆပ်ပါပဲ။

ဩစတြေးလျကို ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလထဲ သွားမည်

Photo: ဩစတြေးလျကို ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလထဲ သွားမည်
Tuesday, November 5, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဩစတြေးလျနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ ရက်ထိ သွားရောက်မည်ဖြစ်ပြီး ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့များသို့
 ရောက်ရှိမည်ဖြစ်သည်။

မြန်မာမိသားစုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဆစ်ဒနီမြို့တွင် ကုလသမဂ္ဂ 
HIV aids ကွန်ဖရင့်အပါအဝင် အစည်းအဝေးများလည်း တက်
ရောက်မည်။ 

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အထူးကြိုဆိုဧည့်ခံမည်ဟု ပြောကြားထားသည်။

The Irrawaddy (Burmese Version)

RangonNewsDaily:: November . 6 .2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဩစတြေးလျနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်မှဒီဇင်ဘာလ ၂ ရက်ထိ သွားရောက်မည်ဖြစ်ပြီးကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့များသို့ရောက်ရှိ
မည်ဖြစ်သည်။

အင်္ဂလန်နိုင်ငံတွင် အိမ်မဲ့ရာမဲ့အရေအတွက် တိုးမြင့်လာ

Photo: အင်္ဂလန်တွင် အိမ်မဲ့ရာမဲ့အရေအတွက် တိုးမြင့်လာ
Tuesday, November 5, 2013 

အင်္ဂလန်နိုင်ငံတွင် သား သမီးရှိသော မိသားစုဝင်များ ယာယီအခြေချနေအိမ် [bed and breakfast (B&Bs)] တွင် နေထိုင်မှုနှုန်းမှာ ဆယ်နှစ်တာ ကာလ
အတွင်း သိသိသာသာတိုး မြင့်လာခဲ့သည်ဟု သိရသည်။ အတိုကောက် 
B&Bs ခေါ် ယာယီအခြေချနေအိမ်များ သည် အိမ်ခြေမဲ့မိသားစုဝင်များ အတွက် အရေးပေါ်ယာယီတည်း ခိုရန် ငှားရမ်းသော နေအိမ်ဖြစ် ပြီး အိပ်ခန်းနှင့်မနက်စာတို့ကို ရရှိနိုင်မည်ဖြစ်သည်။

အိမ်ပိုင် ရာပိုင်မရှိသော မိသားစုဝင်များ က B&Bs များတွင် သီတင်း ပတ်ခြောက်ပတ်ထက်ပို၍ မနေ ထိုင်သင့်ကြောင်း ကန့်သတ်မှုများ ရှိသော်လည်း ၂၀၀၉ခုနှစ်မှစ တင်ကာ B&Bs တွင် အခြေချ နေထိုင်သော သားသမီးရှိမိသားစု ဝင်များအရေအတွက်မှာ မြင့်တက်လာခဲ့ပြီး လေ့
လာတွေ့ရှိချက် အသစ်တစ်ခုအရ B&Bs တွင် နေထိုင်သော မိသားစု ၂၀၉၀ ၏ သုံးပုံတစ်ပုံသည် ကန့်သတ်ထား သော သီတင်းပတ်ခြောက်ပတ် ထက်များစွာကျော်လွန်ကာ နေ ထိုင်လျက်ရှိသည်။

လွန်ခဲ့သောနှစ်တွင် B&Bs တွင် နေထိုင်သော မိသားစုဝင် အရေအတွက်မှာ ၁ဝရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အိမ်ခြေမဲ့မိ သားစုဝင် ၄၃၀၀၀ ကျော်သည် အခြားသောအရေးပေါ်ယာယီ အခြေချနေထိုင်မှုပုံစံဖြင့် နေထိုင်နေကြသည်
ဟုပင် သိရသည်။

Yangon Media Group


RangonNewsDaily:: November . 5 .2013
အင်္ဂလန်နိုင်ငံတွင် သား သမီးရှိသော မိသားစုဝင်များ ယာယီအခြေချနေအိမ် [bed and breakfast (B&Bs)] တွင် နေထိုင်မှုနှုန်းမှာ ဆယ်နှစ်တာ ကာလ အတွင်း သိသိသာသာတိုး မြင့်လာခဲ့သည်ဟု သိရသည်။