Pages

Tuesday, November 5, 2013

Samsung ကဆက်တိုက်ထုတ်လုပ်ဖန်တီးလာတဲ့ ခေါက်ဖုန်းများ

Photo: Samsung ကဆက်တိုက်ထုတ်လုပ်ဖန်တီးလာတဲ့ ခေါက်ဖုန်းများ
Tuesday, November 5, 2013

အင်အားကြီး တောင်ကိုးရီးယားနည်းပညာ ကုမ္ပဏီ Samsung ဟာ
Galaxy မျိုးဆက်တင်မက ခေါက်ဖုန်းကိုလည်း ဆက်တိုက်ဆိုသလိုဖန်တီး
ထုတ်လုပ်လျက်ရှိနေပါတယ်။

ယခုတစ်ဖန်ထပ်မံဖန်တီးလိုက်တဲ့ ဗားရှင်းမြှင့်ခေါက်ဖုန်းအမျိုးအစားကတော့
တရုတ် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းကာ တရုတ်ဈေးကွက် အတွင်းဖြန့်ချိရောင်းချဖို့အတွက် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။

ယခင်ဗားရှင်းတွေဖြစ်တဲ့ ခေါက်ဖုန်းတွေကတော့ Samsung SCH-W2013 ,
ပြီးခဲ့တဲ့အောက်တိုဘာကထွက်ရှိထားတဲ့ Samsung SM-W2014 တို့အပြင်
မျက်နှာပြင်နှစ်ဖက်ပါ ခေါက်ဖုန်းတွေကိုဆက်တိုက်ထုတ်လုပ်ပြီး ဖြစ်ပါတယ်။

ယခုဖန်တီး လိုက်တဲ့ မျက်နှာပြင်နှစ်ဖက်ပါခေါက်ဖုန်းကတော့ SCH-W2014
ဆိုပြီးအမည်ပေးထားပါတယ်။ ယခင်ထွက်ရှိခဲ့တဲ့ SCH-W789 Hennessy
ထက်ဗားရှင်းမြှင့်ဖန်တီးထားတာကိုမြင်တွေ့ခဲ့ရပါတယ်။

SCH-W2014 ခေါက်ဖုန်းမှာတော့ 2.3 GHz Qualcomm Snapdragon 800
နှင့် ၃.၇ လက်မ Super AMOLED မျက်နှာပြင်၊ 800×480 pixel resolutions ပါဝင်တယ်လို့ဆိုပါတယ်။ RAM 2GB နှင့် သိုလှောင်မှုပိုင်းအနေနဲ့
internal memory 32GB ပါဝင်ကာ ကင်မရာပိုင်းအနေနဲ့ Main ကင်မရာ
13MP, ရှေကင်မရာ 2MP အသုံးပြုပေးထားတယ်။

ိMico sd Card, Dual-Sim အသုံးပြုလို့ရတဲ့ အဆိုပါ ခေါက်ဖုန်း တရုတ်
ဈေးကွက်အတွင်းဖြန့်ချိမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၀၀ လောက်ကျသင့်
မယ့် တန်ဖိုးမြှင့် ခေါက်ဖုန်းဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံတကာဈေးကွက်
အတွင်းဖြန့်ချိဖို့ ရှိမရှိဆိုတာကိုတော့ ပြောဆိုထားခြင်း မရှိကြောင်း သိရ
ပါတယ်။

Ref:Arena
ခွန်နေ(AMMG)
Guide Magazine

RangonNewsDaily:: November . 5 .2013
အင်အားကြီး တောင်ကိုးရီးယားနည်းပညာ ကုမ္ပဏီ Samsung ဟာ Galaxy မျိုးဆက်တင်မက ခေါက်ဖုန်းကို
လည်း ဆက်တိုက်ဆိုသလိုဖန်တီး ထုတ်လုပ်လျက်ရှိနေပါတယ်။

တရုတ်ယွမ်ငွေဈေးတက်သော်လည်း ရွှေလီဈေးကွက်အတွင်း အထည်များ အရောင်းသွက်

Photo: တရုတ်ယွမ်ငွေဈေးတက်သော်လည်း ရွှေလီဈေးကွက်အတွင်း အထည်များ အရောင်းသွက်
Tuesday, November 5, 2013

တရုတ်ယွမ်ငွေဈေး မြင့်တက်လာသော်လည်း ရွှေလီဈေးကွက်အတွင်း
 ဆောင်းတွင်းအထည်များနှင့် ကလေးအထည်များ အရောင်းအ၀ယ် သွက်လျက်ရှိကြောင်း ထိုက်လီဈေး အတွင်း အထည်ဆိုင်များမှ သိ
ရသည်။

''အခုက ပွင့်လင်းရာသီ အစလည်းဖြစ်တယ်။ ဆောင်းတွင်းလည်း ၀င်ပြီဆိုတော့ အထည်တွေ အရောင်းသွက်နေပါတယ်။ ကလေး
အထည်တွေ ပိုသွက်ပါတယ် ''ဟု ထိုက်လီဈေး အထည်ဆိုင်
တစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး၊ ကလေး၊ တမူး၊ မြစ်ကြီးနားဒေသတို့မှာ ၀ယ်လက်များ လာရောက်မှု များပြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမှ ကုန်သည်အချို့လည်း လာရောက်
ဝယ်ယူမှု များပြားကြောင်း သိရှိရသည်။

လက်ရှိဈေးကွက်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းများမှာ ယခင်နှစ်ထက် အနည်းငယ်ပိုမြင့်လာကြောင်း လည်း ကုန်သည်များ၏ ပြောကြားချက်
အရ သိရှိရသည်။

မူဆယ်မြို့ ဖိနပ်ကုန်သည် ဦးကျော်လှက '' မနှစ်က ကျားစီး
ဘွတ်ဖိနပ်တွေ ဈေးနှုန်းအဖွင့်မှာ တရုတ်ယွမ်ငွေ (၂၅) ယွမ်ကျော်နဲ့ ဖွင့်ခဲ့တာ။ ဒီနှစ်က တရုတ်ယွမ်ငွေ (၃၂) ယွမ်နဲ့ ဈေးဖွင့်လာတော့ မနှစ်ကထက် ဈေးပိုလာတယ်။ ''ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် တရုတ်ယွမ်ငွေဈေးနှုန်း မြင့်တက်လျက်ရှိနေရာ မည်သည့်ပစ္စည်းမဆို ဈေးနှုန်းမြင့်တက်မှုရှိနိုင်ကြောင်း ဒေသခံ
ကုန်သည်များက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တရုတ်ယွမ်ငွေဈေးနှုန်းမှာ မြန်မာကျပ်ငွေ 
၁၅၃ ကျပ် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ၁၅၉ ကျပ်အထိ
 ဖြစ်နေကြောင်း ဒေသတွင်း ငွေလဲလုပ်ကိုင်နေသူများထံမှ သိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

RangonNewsDaily:: November . 5 .2013
တရုတ်ယွမ်ငွေဈေး မြင့်တက်လာသော်လည်း ရွှေလီဈေးကွက်အတွင်း ဆောင်းတွင်းအထည်များနှင့် ကလေး
အထည်များ အရောင်းအ၀ယ် သွက်လျက်ရှိကြောင်း ထိုက်လီဈေး အတွင်း အထည်ဆိုင်များမှ သိရသည်။

ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး

Photo: ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး
Tuesday, November 5, 2013

လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေ
ခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြား
လိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်အတွင်း အသံတွေ မြည်နေတာ အဝေးမှာ ရှိနေတဲ့ လွှတ်တော် ဥက္ကဋ္ဌအထိ ကြားနေရတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းသည် ချင်းပြည်နယ် အတွင်းရှိ ကျောင်းများ၊ ဆေးရုံများအတွက် ခွင့်ပြုချမှတ်ထားသည့် ရန်ပုံငွေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေးမြန်းနေစဉ် ဖုန်းသံမြည်ခဲ့သည်။

“မေးခွန်း အဆိုတင်နေတဲ့ အချိန်မှာ ဖုန်းသံ ထမြည်တာတော့ လွှတ်တော်ကို ရုပ်ဆိုးစေတယ်။ လွှတ်တော် ကိုယ်စားလှယ်က စည်းကမ်း မလိုက်နာဘူး
ဆိုတာ သက်သေပြသလို ဖြစ်သွားတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်တစ်ဦးက မှတ်ချက်ပေးသည်။

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်သမားများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု မှတ်ပုံတင် လက်မှတ်များ ရောက်ရှိရေးအတွက် ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းခြင်းနှင့် ဝန်ထမ်းလိုပါက ခန့်အပ်ခြင်း ရှိ မရှိ၊ မိုဘိုင်းလ်ဖုန်းများ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်ခွဲများတွင် တာဝါတိုင်များ စိုက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး ကိစ္စများ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ မေးမြန်သည့် အစီအစဉ် အပါ
အဝင် အစီအစဉ် ရှစ်ခုဖြင့် ကျင်းပခဲ့သည်။

The Voice Weekly

RangonNewsDaily:: November . 5 .2013
လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
က သတိပေး ပြောကြားသည်။

အသစ်ထွက်လာတော့မယ့် Nokia 929 စမတ်ဖုန်း

Photo: အသစ်ထွက်လာတော့မယ့် Nokia 929 စမတ်ဖုန်း
Tuesday, November 5, 2013

Nokia Lumia စီးရီးထဲက အရွယ်ကြီး စမတ်ဖုန်း အဖြစ် 929 ကို ထုတ်လုပ်ဖြန့်ချိတော့မှာပါ။ လပိုင်း အတွင်း ကျင်းပမယ့် ယူအေအီးနိုင်ငံ၊ အဘူဒါဘီက Nokia Event မှာ ဝင်ရောက်ပြသမယ့် ဖုန်း ဖြစ်ကြောင်း နည်းပညာ သတင်းဌာနများက ရေးသား ဖော်ပြ ထားပါတယ်။

Windows Phone 8 OS ကို အသုံးပြုတဲ့ ဝင်းဒိုး ဖုန်းတစ်လုံးပါပဲ။ Pure view Camera လို့ခေါ်တဲ့ Nokia ရဲ့  အကောင်းဆုံး ကင်မရာကို တပ်ဆင်ထားပြီး 20 Megapixel အရည်အသွေး ရှိပါတယ်။ အရှေ့ ကင်မရာ ဘယ်လောက် ရှိမယ်ဆိုတာကိုတော့ မဖော်ပြ ထားပါဘူး။ Quad-core 2.2 GHz Snapdrapon 800 Processor ကို အသုံးပြုထားပြီး RAM က 2GB ရှိပါတယ်။ internal storage က 32GB ရှိပါတယ်။ microSD ကဒ် ပါမပါ တော့ မဖော်ပြ ထားပါဘူး။ NFC, Wi-Fi, Bluetooth 4.0 LT, Qi ကြိုးမဲ့ အားသွင်း စနစ် အစရှိတဲ့ Feature များ ပါဝင်လာမယ်လို့ ဆိုပါတယ်။

Nokia Lumia 928 နဲ့ ပုံစံအားဖြင့် သိပ်မကွာပါဘူး။ သို့ပေမယ့် 929 က ၅ လက်မ အရွယ် Display အသုံးပြု ထားတဲ့ Handset ဖြစ်ပါတယ်။ ဈေးနှုန်း ကို မကြေညာရသေသးပါဘူး။ အရွယ်ကြီးပြီး စွမ်းဆောင်ရည် ပိုကောင်းမယ့် Lumia 929 ကို ၂၀၁၄ နှစ်ဆန်းအတွင်း ဖြန့်ချိရောင်းချသွားနိုင်ချေ ရှိတယ် လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung Kham ( K & N Mobile and Online Store )

RangonNewsDaily:: November . 5 .2013
Nokia Lumia စီးရီးထဲက အရွယ်ကြီး စမတ်ဖုန်း အဖြစ် 929 ကို ထုတ်လုပ်ဖြန့်ချိတော့မှာပါ။ လပိုင်း အတွင်း ကျင်းပမယ့် ယူအေအီးနိုင်ငံ၊ အဘူဒါဘီက Nokia Event မှာ ဝင်ရောက်ပြသမယ့် ဖုန်း ဖြစ်ကြောင်း နည်းပညာ သတင်းဌာနများက ရေးသား ဖော်ပြ ထားပါတယ်။

ငွေစာရင်းမထုတ်ပြန်သည့်အတွက် နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား

RangonNewsDaily:: November . 5 .2013
လားရှိုးမြို့ရှိ နယ်မြေမှူး တစ်ဦးအား ရေဘေးသင့်ပြည်သူများထံ လှူဒါန်းထားငွေများ ငွေစာရင်းရှင်းတမ်း မ

ထုတ်ပြန်သည့်အတွက်အရေးယူပေးရန်ရပ်ကွက်နေပြည်သူ၉၂ ဦးကလက်မှတ်ထိုးတိုင်ကြားထားကြောင်း
 မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဂျော်ဒန်နယ်စပ်တစ်လျှောက် အစ္စရေးတံတိုင်းကာမည်

Photo: ဂျော်ဒန်နယ်စပ်တစ်လျှောက် အစ္စရေးတံတိုင်းကာမည်
Tuesday, November 5, 2013

ပါလက်စတိုင်းများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ မတွေ့ဆုံခင် ဂျော်ဒန်နယ်စပ် တစ်လျှောက်တွင် လုံခြုံရေးဆူးကြိုးများ ကာရံမည်ဟု အစ္စရေး အစိုးရက ဆုံးဖြတ်လိုက်ကြောင်း Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။

အီဂျစ်နယ်စပ် တောက်လျှောက်တွင် သံဆူးကြိုး ကာကွယ်ရေးများ တည်ဆောက်ပြီးနောက် ဆက်လက်၍ ဂျော်ဒန်ဘက်ခြမ်း ကိုလည်း တည်ဆောက်ခြင်းဖြစ်သည်။

အစ္စရေးနယ်စပ်ကို အတားအဆီး အကာအရံများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်ကို ပါလက်စတိုင်း သတင်းဌာနက ဝန်ကြီးချုပ် နေတန်ညာဟု၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းကဖြေကြားခြင်း မပြုခဲ့ပေ။
ပါလက်စတိုင်း သမ္မတရုံးကမူ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ရှုတ်ချ ပြောဆိုခဲ့သည်။

“အစ္စရေးဝန်ကြီးချုပ်ရဲ့ ဂျော်ဒန်ဒေသ ခြံစည်းရိုးအစီအစဉ်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ခရီးစဉ်နဲ့ အချိန်ကိုက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ပါလက်စတိုင်းသမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နာဘီအဘူရူဒီနာက ပြောကြားခြင်း ဖြစ်သည်။
အနောက်ဘက်ကမ်းဒေသတွင် ရွှေ့ပြောင်းဝင်ရောက် နေရာယူ အခြေချရန် အတွက် နေအိမ်ပေါင်း ၁၈၅၉ လုံးတည်ဆောက်ရန် တင်ဒါခေါ်ယူခြင်း ကိုလည်း အစ္စရေး အစိုးရက ထုတ်ပြန်ထားကြောင်း ယင်းသို့ အစ္စရေး၏ ဝင်ရောက်အခြေချခြင်း လှုပ်ရှားမှုများကို စောင့်ကြည့်သည့် Peace Now အဖွဲ့အစည်းက AFP ကို ပြောကြားသည်။

အစ္စရေးဆောက်လုပ်ရေးနှင့် အိမ်ရာဝန်ကြီးဌာနက အကွက်ရိုက် ထားသော နေရာ တစ်ထောင်ကျော်ကို သိမ်းပိုက်နယ်မြေ အနောက်ဘက်ကမ်းတွင် တည်ဆောက်ရန် စီစဉ်ထားပြီး ကျန်အလုံး ရှစ်ရာကျော်ကို အရှေ့ဂျေရုဆလင်တွင် တည်ဆောက်ရန် လျာထားသည်ဟု ယင်းအဖွဲ့ အစည်းက ဆိုသည်။

ပါလက်စတိုင်းများက ယင်းလုပ်ရပ်အတွက် အလွန် ဒေါသထွက်ကြပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အဆိုပါကိစ္စကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြသည်။
“ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း PLO က လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ၏ သတ်မှတ်ချက်များကို အစ္စရေး၏ ယခုဆုံးဖြတ်ချက်များက သွေဖည်နေတယ်လို့ ယူဆပါတယ်။ ဒီလို ဝင်ရောက် အခြေချမှုတွေ လုပ်နေတာဟာလည်း တရားမဝင်ပါဘူး” ဟု PLO မှ ထိပ်တန်းအရာရှိ ဝါဆယ်အဘူယူဆက်ဖ်က AFP ကို ပြောကြားခဲ့သည်။

ယခုအခါ အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲများ ပြန်လည် စတင်နေလျက် ရှိပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလည်း ဒေသတွင်း အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ခရီးလှည့်လည်လျက် ရှိသည်။

The Voice Weekly

RangonNewsDaily:: November . 5 .2013
ပါလက်စတိုင်းများနှင့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီတို့မတွေ့ဆုံခင် ဂျော်ဒန်နယ်စပ်တစ်လျှောက်
တွင် လုံခြုံရေးဆူးကြိုးများ ကာရံမည်ဟု အစ္စရေး အစိုးရက ဆုံးဖြတ်လိုက်ကြောင်း Aljazeera သတင်းတစ်ရပ်
က ဖော်ပြထားသည်။

အီဂျစ်သမ္မတ ဟောင်း Mohamed Morsi ကိုပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

အီဂျစ်သမ္မတ ဟောင်း Mohamed Morsi  ကိုပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး


kolatt(PBDN): November . 5 .2013

ရာထူးကနေ အဖယ်ရှားခံခဲ့ရတဲ့ အီဂျစ်သမ္မတ Mohamed Morsi က တနင်္လာနေ့မှာ သူ့အမှုကိုစပြီး ရုံးတင်စစ်ဆေးတာကို ကန့်ကွက်လိုက်ပြီး သူဟာ အခုထိ အီဂျစ်နိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ရှိနေဆဲပဲလို့ ပြောကြားလိုက်ပါတယ်။
::
အီဂျစ်တရားရုံးထုံးစံအတိုင်း တရားခံတွေ ဝတ်ဆင်ရတဲ့ အဖြူရောင်ဝတ်စုံကို မစ္စတာမော်စီက ဝတ်ဆင်ဖို့ ငြင်းဆန်နေတာကြောင့် တနင်္လာနေ့ ကြားနာမှု စတင်ဖို့ ကြန့်ကြာခဲ့ရသလို သူနဲ့တပါတည်း တရားစွဲဆိုတာခံနေရသူတွေက ကန့်ကွက်ကြောင်း သံပြိုင်အော်ဟစ်နေကြတဲ့အတွက် စစ်ဆေးမှုဟာ မိနစ်ပိုင်းပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့အမှုကို ဇန္နဝါရီလ ၈ ရက်နေ့မှ ပြန်စစ်မယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။
::
တကယ်ဆိုရင် သူ့ကိုတရားစွဲရမှာမဟုတ်ဘဲ အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တွေကိုသာ တရားစွဲသင့်တယ်လို့ ဖြုတ်အချခံခဲ့ရတဲ့ သမ္မတမော်စီက ရုံးတော်မှာပြောကြားခဲ့ပါတယ်။ စစ်တပ်က သူ့ကို ဇူလိုင်လကတည်းက ရာထူးကနေ ဖယ်ရှားခဲ့ပြီးတဲ့နောက်ပိုင်း ဒါဟာ မစ္စတာမော်စီ့ကို ပထမဆုံးအကြိမ်အဖြစ် လူထုက တွေ့မြင်ရတာဖြစ်ပါတယ်။
::
မစ္စတာမော်စီနဲ့ သူ့အမှုနဲ့တွဲနေတဲ့ တခြား ၁၄ ဦးတို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ အီဂျစ်သမ္မတနန်းတော် အပြင်ဘက်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားစေမှုနဲ့ လူသတ်မှုတွေကျူးလွန်ခဲ့မှုတွေအတွက် အပြစ်ရှိတယ်လို့ စွပ်စွဲထားတာဖြစ်ပြီး ကျူးလွန်ကြောင်း ခိုင်မာရင် သေဒဏ်အထိ ပစ်ဒဏ်ချမှတ်နိုင်တာ ဖြစ်ပါတယ်။
::
မစ္စတာမော်စီ့ အမှုကို စစ်ဆေးတဲ့ နေရာဟာ အရင်ဖြုတ်အချခံခဲ့ရတဲ့ သမ္မတဟောင်း Hosni Mubarak ကို ရုံးတင်ခဲ့တဲ့ ကိုင်ရို ရဲသင်တန်းကျောင်းမှာ စစ်ဆေးတာဖြစ်ပါတယ်။ 
::
အမှုစစ်ဆေးရာနေရာအပြင်ဘက်မှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတာပါ။ မစ္စတာမော်စီ့ကို ထောက်ခံသူတွေကတော့ ဒီလိုစစ်ဆေးတာဟာ တရားမဝင်လို့ ပြောဆိုပြီး ရုံးအပြင်မှာ စုဝေးကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန) ::--

RangonNewsDaily:: November . 5 .2013 ရာထူးကနေ အဖယ်ရှားခံခဲ့ရတဲ့ အီဂျစ်သမ္မတ Mohamed Morsi က တနင်္လာနေ့မှာ သူ့အမှုကိုစပြီး ရုံးတင်စစ်ဆေးတာကို ကန့်ကွက်လိုက်ပြီး သူဟာ အခုထိ အီဂျစ်နိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ရှိနေဆဲပဲလို့ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အရေးနှင့်ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား သဘောတူညီမှု ရရှိ

ဆီးရီးယား အရေးနှင့်ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား သဘောတူညီမှု ရရှိ


kolatt(PBDN): November . 5 .2013

ဆီးရီးယားနိုင်ငံတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားမှာ သဘောတူညီမှုတွေ ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဆော်ဒီနဲ့အမေရိကန်ကြား ဆက်ဆံရေးဟာ မဟာဗျူဟာကျပြီး ကြာရှည်ခံမယ့် ဆက်ဆံရေးမျိုး ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။
::
မစ္စတာကယ်ရီအနေနဲ့ ဆော်ဒီ မင်းသား Saud - ဆော်ဒီဘုရင် Abdullah တိုနဲ့ ဆွေးနွေးပြီးနောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Saud al-Faisal နဲ့ တနင်္လာနေ့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် အခုလို မှတ်ချက် ပေးခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အခု ဆော်ဒီနိုင်ငံကို အလည်အပတ်ရောက်နေတာဖြစ်ပါတယ်။
::
ဆီးရီးယားမှာဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ အီရန်နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပေါ် သဘော ကွဲလွဲ
မှုတွေကြောင့် အမေရိကန်နဲ့ ဆော်ဒီအကြားမှာ သံတမန်ဆက်ဆံရေးမှာ မပြေမပြစ်တာတွေ ရှိခဲ့ပုံရပါတယ်။ 
::
နည်းနာပိုင်းမှာ ကွဲလွဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်နဲ့ ဆော်ဒီ နှစ်နိုင်ငံအကြားမှာ ဆီးရီးယားနဲ့
ပတ်သက်လို့ ရည်မှန်းချက် တူညီပါတယ် လို့ ဆော်ဒီ နိုင်ငံခြားရေး ၀န်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
::
ဒါပေမယ့်လည်း မိတ်ဆွေနိုင်ငံတွေအကြား အမှန်တကယ်ဆက်ဆံရေး
ဆိုတာဟာ ပျူငှာတဲ့ သံခင်းတမန်ခင်းထက်စာရင် ပြတ်ပြတ်သားသား ရိုးသားပွင့်လင်းမှုတွေ အပေါ် အခြေခံရမယ်လို့ ပြောသွားပါတယ်။


VOA News  ::--

RangonNewsDaily:: November . 5 .2013 ဆီးရီးယားနိုင်ငံတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားမှာ သဘောတူညီမှုတွေ ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဆော်ဒီနဲ့အမေရိကန်ကြား ဆက်ဆံရေးဟာ မဟာဗျူဟာကျပြီး ကြာရှည်ခံမယ့် ဆက်ဆံရေးမျိုး ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။

Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲ

Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲ


kolatt(PBDN): November . 5 .2013

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်
စက်ရုံ မှ သပိတ်မှောက်အလုပ်သမား ၃၂၀ ကျော်မှာ ငါးရက်မြောက်အဖြစ် ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား စက်ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစည်သူမင်းက
ပြောကြားခဲ့သည်။
::
''ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေ ညှိနှိုင်း နေဆဲပါ။ ကျွန်တော်တို့ဘက်က တောင်းဆိုတာ (၄) ချက်ပဲ
တောင်းဆိုတာပါ။ ခုထိ တော့ညှိနှိုင်းနေဆဲပါ''ဟု ပြောကြားခဲ့သည်။
::
အဆိုပါစက်ရုံအလုပ်သမား ၃၂၀ ကျော် မှာ အောက်တိုဘာ ၂၇ ရက်က အလုပ်သမား ခေါင်းဆောင်ကိုစည်သူမင်းအား လက်မှတ် ထိုးခိုင်းပြီးအလုပ်ထုတ်ခဲ့သည့်အတွက် အလုပ်ပြန်လည်ခန့်ပေးရန်
အောက်တိုဘာ ၂၈ ရက်မှ စ၍ စက်ရုံထမင်းစားဆောင်၌အလုပ် မဆင်းဘဲစတင်တောင်းဆိုခဲ့ကြခြင်းဖြစ်ကာ အောက်တိုဘာ ၃၁ ရက်တွင်မူ စက်ရုံအပြင် ၌ သပိတ်စခန်းဖွင့်ကာ အချက်လေးချက်အား တောင်းဆို
ခဲ့ကြကြောင်း သိရသည်။
::
ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမား များအားစောင့်ကြည့်ရန်အတွက် စီစီတီဗွီကင် မရာများအား မိန်းကလေးအိမ်သာကော်ရစ် တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာမှတ်တမ်းများကိုစောင့်ကြည့်ရန်အတွက် တရုတ်အမျိုးသားတစ်ဦးအား ငှားရမ်းစောင့် ကြည့်ခိုင်းကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။
::
အလုပ်သမားတစ်ဦးက ''ကျွန်မတို့မိန်း ကလေးအိမ်သာကော်ရစ်တာအထိ စီစီတီဗွီ တွေကို တပ်ထားတယ်။ အလုပ်နဲ့သက်ဆိုင် တဲ့နေရာတွေမှာ တပ်တာတော့ ဘာမှမပြောလို ပါဘူး။ ခုဟာက မိန်းကလေးအိမ်သာနား အထိတပ်ထားတယ်ဆိုတော့ ကျွန်မတို့ ထဘီ တောင်ဖြန့်မ၀တ်ရဲဘူး။ ဒါက ကျွန်မတို့ရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ချိုးဖောက်တာပါ'' ဟု ဆိုသည်။


eleven media ::-- 


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 5 .2013 ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံ မှ သပိတ်မှောက်အလုပ်သမား 
၃၂၀ ကျော်မှာ ငါးရက်မြောက်အဖြစ် ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား စက်
ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်
တစ်ဦးဖြစ်သူ ကိုစည်သူမင်းကပြောကြားခဲ့သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏဖြစ်ပွား

Photo: ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏဖြစ်ပွား
Tuesday, November 5, 2013

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကလေးသူငယ်အချို့ ၀တ်ဆင်ထား သည့် ရတနာပစ္စည်းများ လုယက်ခံရမှုတွင် မိဘများကတာဝန်ရှိသည့် လုံခြုံရေးဝန်ထမ်း များကို သွားရောက်အကြောင်းကြားရာတွင် ကျူးလွန်သွားသူကို ဖမ်းမိရန် ခက်ခဲသည်ဟု သာ ပြန်လည်ပြောကြားခဲ့ကြောင်း လုယက် ခံရသည့် မိသားစုဝင်တစ်ဦးကပြောကြားခဲ့ သည်။

ရွှေထည်ပစ္စည်းများ လုယူခံရသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ဆင်စခန်းအနီးတွင် နှစ် နှစ်အရွယ် ကလေးတစ်ဦးဝတ်ဆင်ထားသည့် တစ်မတ်သား ရွှေလက်ကောက်တစ်ကွင်း ချွတ်ယူခံခဲ့ရကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်ယင်မာလွင်ထံမှ သိရသည်။

''ကျွန်မတို့ရဲ့အိမ်ထောင်သက်တမ်း ၁၆ နှစ်ပြည့်တဲ့နေ့ဖြစ်လို့ မိသားစုလိုက် အပြင် လျောက်သွားခဲ့တာပါ။ ကျွန်မက ကလေးကို တစ်မတ်သားအလေးချိန်ရှိတဲ့ ရွှေလက်ကောက်နှစ်ကွင်းကို ၀တ်ဆင်ပေး ထားတယ်။ ပြည်သူ့ဥယျာဉ်ကနေ ပြန်ပြီး တော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲဝင်တဲ့ အချိန် အထိ သတိထားကြည့်မိတော့ရှိသေးတယ်။ မွန်းလွဲ ၂ နာရီခွဲလောက်က ဆင်စခန်းရှေ့မှာ ဆင်နှစ်ကောင်ကိုတွဲပြီး ဓာတ်ပုံရိုက်နေလို့ ကျွန်မတို့က စိတ်ဝင် စားပြီးကြည့်နေတဲ့အခါ မှာ ကလေးရဲ့လက်ကောက် တစ်ကွင်းမရှိတော့ ဘူး။ နောက်တစ်ကွင်းက ကျွတ်ကျခါနီး အထိဖြစ်နေတယ်။ ကလေးက သူ့အဖေကို လက်တို့ပြီးတော့ ပြောတဲ့အခါမှာပဲ သိခဲ့ တာပါ။ ကလေးကအိပ်နေလို့ ချီထားတဲ့ အချိန်မှာ အချွတ်ခံလိုက်ရတာဖြစ်ပါတယ်''ဟု ဒလမြို့နယ်တွင်နေထိုင်သူ ဒေါ်ယင်မာ လွင်က ပြောကြားခဲ့သည်။

ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခွဲဝန်း ကျင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင် ရှိ လုံခြုံရေးနှင့် ပြန်ကြားရေးရုံးရှေ့၌ အမျိုး သားတစ်ဦးအား အမျိုးသားလေးဦးတို့က ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့်ဖြစ်စဉ် တစ်ခု လည်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူးဦးတင် ရွှေက ''ဒီလိုမျိုးဖြစ်စဉ် တွေမဖြစ်စေဖို့အတွက် လူစည်ကား တဲ့နေ့တွေမှာဆို ရင် အသံချဲ့စက် တွေကနေတစ်ဆင့် သတိထားဖို့ပြောပါ တယ်။ လုံခြုံရေးအရလည်း လှည့်လည် ဆောင်ရွက်
ပါတယ်''ဟု နိုဝင်ဘာ ၄ ရက် က ပြောကြားခဲ့သည်။

eleven media group

RangonNewsDaily:: November . 5 .2013
ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင်ထားသည့်
 ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေသော နည်းလမ်းသုံးခု

Photo: ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေသော နည်းလမ်းသုံးခု
Tuesday, November 5, 2013

ကျောက်ကပ်က ခန္ဓာကိုယ် တွင်းနဲ့ သွေးကြောတွေကို သန့်စင်ပေးတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ ကျောက်ကပ်ထဲ မှာ ပိတ်ဆို့နေပါက အညစ်အကြေးတွေ ကို ကောင်းစွာ မစွန့်ထုတ်နိုင်ပါ။ အောက် ပါ နည်းလမ်း သုံးခုကို လိုက်နာပါက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ပြီး ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားမှုမှ ကင်းဝေးစေပါတယ်။

(၁) ရေလုံလုံလောက်လောက် သောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက် ပါက ကျောက်ကပ် ရောဂါဖြစ်ပွားနိုင်ခြေ ၂ဝ ရာခိုင်နှုန်း ပိုများ ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ရှစ်ဖန်ခွက် သောက်ပါ။ သင်နဲ့ အနီးဆုံးနေရာ၊ လက်လှမ်းမီတဲ့ နေရာ၊ အလုပ်စားပွဲ စတဲ့နေရာတွေမှာ အလွယ်တကူ ရေသောက်နိုင်အောင် ရေ ဘူး၊ ရေကရားတွေ ထားရှိပါ။

(၂) ဒိန်ချဉ် သို့မဟုတ် နွားနို့သောက်ပါ
တစ်နေ့ကို နွားနို့တစ်ခွက် ဒါမှမ ဟုတ် ဒိန်ချဉ်နှစ်ခွက်သောက်တာက သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်း သိမ်းနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ နွားနို့ထဲမှာ ပါရှိတဲ့ ကယ်လ်စီယမ်ဓာတ်က သွေးဖိ အားမြင့်မားနိုင်ခြေကို လျှော့ချပေးပြီး ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို ၂ဝ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။

(၃) ဆားလျှော့စားပါ
ဆားစားသုံးမှု များတာက ကျောက် ကပ်မှာ ကျောက်တည်နိုင်ခြေကို မြင့်မား စေပါတယ်။ အစာတွေမှာ ဆားပိုထည့် စားတာကြောင့် ကျောက်ကပ်ကနေ ကယ်လ်စီယမ် စွန့်ထုတ်မှုကို များစေပြီး အရိုးသန်မာမှုကို လျော့နည်းစေ ပါတယ်။

GOOD HEALTH

RangonNewsDaily:: November . 5 .2013
ကျောက်ကပ်က ခန္ဓာကိုယ် တွင်းနဲ့ သွေးကြောတွေကို သန့်စင်ပေးတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ ကျောက်ကပ်ထဲ မှာ ပိတ်ဆို့နေပါက အညစ်အကြေးတွေ ကို ကောင်းစွာ မစွန့်ထုတ်နိုင်ပါ။ အောက် ပါ နည်းလမ်း သုံးခုကို လိုက်နာပါက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ပြီး ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားမှုမှ ကင်းဝေးစေပါတယ်။

အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


kolatt(PBDN): November . 5 .2013

မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
::
ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်သို့အပြန် ယာဉ်မောင်း ခင်မောင်ကျော် (၄၄ နှစ်) ကျောင်း တော်ရာ ပွင့်ဖြူမြို့နယ် မောင်းနှင် လာသော ကိုယ်ပိုင်ပရာဒိုကား အမှတ် ၃ဃ/--- သည် နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီက အမြန် လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင် တိုင်အမှတ် (၁၂၁/၂နှင့် ၁၂၁/၃) အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ရှိကွန် ကရစ်ကျွန်းတိုင်များကို တိုက်မိပြီး ယာဉ်တိမ်းမှောက်သွားသည်။
::
ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်း ခင်မောင်ကျော်၊ ဦးဇော်လွင်၊ ဒေါ်ထွေးယုံ၊ ဒေါ်သိန်းသိန်းနှင့် မဖူးပွင့်သက်တို့သည် ပြင်းထန်စွာ ဒဏ်ရာများရရှိကာ ဖြူးပြည်သူ့ ဆေးရုံကြီး အရောက်တွင် ယာဉ်မောင်း ခင်မောင်ကျော်နှင့် ဦးဇော်လွင်တို့နှစ်ဦးသည် ဒဏ်ရာ များဖြင့်သေဆုံးသွားကြပြီး ကျန် လူနာများကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
::
ယာဉ်တိမ်းမှောက်မှုသတင်းရလျှင်ရချင်း အမြန်လမ်းမကြီး ၁၁၅ မိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းမှ လူနာတင်ယာဉ်တစ်စီးနှင့် တာဝန်ခံ ဒေါ်သန်းသန်းမြင့်နှင့် အဖွဲ့၊ ၁၂၂ မိုင်ရှိ အာရောဂျံခြံမှ ဦးကိုကိုကြီး နှင့် ကုသိုလ်ဖြစ် လူနာတင်ယာဉ် တစ်စီးနှင့် ဗောဓိကုန်းရဲစခန်းမှ လူနာတင်ယာဉ်တစ်စီးတို့ ရောက်ရှိ ကြပြီး လူနာများကို ဖြူးဆေးရုံကြီးသို့ တင်ပို့ခဲ့ကြသည်။ အမှုကို အမြန် လမ်းမကြီး ဗောဓိကုန်းရဲစခန်းက အရေးယူထားကြောင်း သိရ သည်။


Myanmaalinn ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 5 .2013 မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်သို့ မုန်တိုင်း 30W နှင့် 31W ရောက်ရှိလာတော့မည်

Photo: တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W
Tuesday, November 5, 2013

လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းအား မြိတ်မြို့အနီးမှ အပူပိုင်းမုန်တိုင်း(TS အဆင့်ဖြင့်) ဖြတ်သန်းပြီး ကပ္ပလီပင်လယ်သို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။
(မြိတ်မြို့နှင့် အနီးတစ်ဝိုက်ကမ်းလွန်ပင်လယ်ပြင်အတွက် အထူး သတိပြုစောင့်ကြည့်ပြီး နိုဝင်ဘာလ ၉ ရက် မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်၊ အလားတူ မြစ်ဝကျွန်းပေါ်ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်မည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်)

လေဖိအားနည်းရပ်ဝန်း 30W ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်လာမည့် အချိန်နှင့် တိုင်ဖွန်းမုန်တိုင်း HAIYAN(31W) တောင်တရုတ်ပင်လယ် တောင်ပိုင်းမှ တစ်ဆင့် ဗီယက်နန်ကမ်းခြေ၊ ဒါနန်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိလာမည့် နေ့ရက်နှင့်အချိန်ဖြစ်သော နိုဝင်ဘာလ ၁ဝ ရက်တွင် မြိတ်ကျွန်းစုဒေသ ကမ်းလွန်ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်ဒေသ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးတင်ပြလိုပါသည်။(ပုံတွင်ကြည့်ပါ)

နိုဝင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီ – JTWC သတိပေး ထုတ်ပြန်ချက် အမှတ်-၈ (လေဖိအားနည်းရပ်ဝန်း 30W၏ လက်ရှိ အခြေအနေ)

05/00Z (TROPICAL DEPRESSION 30W (THIRTY) WARNING NR 008- 030 knots)
TROPICAL DEPRESSION 30W (THIRTY) WARNING #8
WTPN32 PGTW 050300
050000Z POSIT: NEAR 10.8N 119.2E
MOVING 285 DEGREES TRUE AT 20 KNOTS
MAXIMUM SIGNIFICANT WAVE HEIGHT: 13 FEET
05/00Z, WINDS 030 KTS, GUSTS TO 040 KTS
05/12Z, WINDS 035 KTS, GUSTS TO 045 KTS
06/00Z, WINDS 045 KTS, GUSTS TO 055 KTS
06/12Z, WINDS 055 KTS, GUSTS TO 070 KTS
07/00Z, WINDS 040 KTS, GUSTS TO 050 KTS
08/00Z, WINDS 030 KTS, GUSTS TO 040 KTS
09/00Z, WINDS 025 KTS, GUSTS TO 035 KTS
10/00Z, WINDS 025 KTS, GUSTS TO 035 KTS

မုန်တိုင်း(၂)လုံး အနက် HAIYAN(31W)မှာ အပူပိုင်းမုန်တိုင်း(TS) အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဖိလစ်ပိုင်ပင်လယ်ပြင်တောင်ပိုင်းတွင် အင်အား အကောင်းဆုံး(အဆင့်-၄) တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းအား နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။

MMweather Page

RangonNewsDaily:: November . 5 .2013
လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း ဗုံးပေါက်ကွဲ လူ ၄ဦးဒဏ်ရာရ

RangonNewsDaily:: November . 5 .2013
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်အတွင်းရှိ အမို-ဆင်ဖြူတိုင်-ဘောင်း
တိလမ်းခွဲတွင် ယမန်နေ့ နေ့လည် ၁၂နာရီက ဗုံး တစ်လုံး ပေါက်ကွဲရာ ထိုင်းလူမျိုးအရပ်သား ၃ဦးနှင့် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကေအိုင်စီ က စုံစမ်းသိရှိရသည်။

တိုင်းရင်းသား ၁၆ ဖွဲ့ရဲ့ ဘုံတင်ပြချက် ၂ ခုကို ဆွေးနွေးဖို့ အစိုးရ မဆုံးဖြတ်နိုင်သေး

Photo: တိုင်းရင်းသား ၁၆ ဖွဲ့ရဲ့ ဘုံတင်ပြချက် ၂ ခုကို ဆွေးနွေးဖို့ အစိုးရ
မဆုံးဖြတ်နိုင်သေး
Tuesday, November 5, 2013

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့တို့ သမိုင်းဝင်တဲ့ ဆွေးနွေးပွဲပြုလုက်ကြပြီး ပထမရက် ဆွေးနွေးမှုအတွင်း တိုင်းရင်းသားအဖွဲ့ဖက်က တင်ပြတဲ့ ဘုံသဘောတူညီချက် အချက် ၂ ချက်ကို အစိုးရဖက်က ထပ်မံ ဆွေးနွေးဖို့အချက်အဖြစ် သတ်မှတ်ထား
ပါတယ်။

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ ပြန်လည် 
ပြုပြင်ရေးအချက်တွေကို အစိုးရဖက်က ဆက်လက်ဆွေးနွေးရမယ့် ကိစ္စအဖြစ် တုန့်ပြန်ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး
 ကောင်စီ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်
ပါတယ်။

“အစိုးရဘက်က ဆက်လက်ဆွေးနွေးရန်ရှိသည်ဆိုသည့် အချက် ကန့်သက်ချက်ပါပါတယ်။ ၁ အချက်ကတော့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဖြစ်ပါတယ်။ ၂ အချက်ကတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြုပြင်ရေး ကိစ္စဆိုတဲ့ ကိစ္စကို အစိုးရဘက်က       လုပ်နိုင်တာ ရှိသလို မလုပ်နိုင်တဲ့ ကိစ္စတွေများကိုလည်း ရှိပါတဲ့
အတွက်ကြောင့် အထက်ကို ပြန်လည် တင်ပြရန်လိုအပ်ပါကြောင်း ဒီ ၂ ချက်ကို ဒီအတိုင်းပြန်လည် ပြောကြားပြီးတော့ ကျန်တဲ့အချက်များကို မူအားဖြင့် လက်ခံပါတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။

အစိုးရဘက်က တင်ပြလာတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူ မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ထောက်ပြစရာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောပါတယ်။

“အစိုးရဘက်က တင်ပြလာတဲ့ ဒီတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူမှာ ပါရှိနေတဲ့ ငြိမ်းချမ်းရေး အတွက် လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ဖို့ ကိစ္စပဲ ဖြစ်ပါတယ်။ အဲဒါကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ဒီကိစ္စကို စဉ်းစားပုံ မရရှိကြပါဘူးလို့ သူတို့က ပြောကြပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို တင်ပြ ထားပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖြစ်နေတဲ့ လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရယ်ဆိုတော့ အဆိုပြုချက် ၂ ခုက ဆန့်ကျင်ဘက်လို ဖြစ်နေတာကို ကျွန်တော်တို့ လေ့လာ တွေ့ရှိရပါတယ်
ခင်ဗျ။”

တစ်ဆက်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး
ဦးဆောင်မှု ကော်မတီနဲ့ အစိုးရရဲ့ လုပ်ငန်းကော်မတီတို့ဟာ ဒီကနေ့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေး မူကြမ်းနဲ့ ပါတ်သက်ပြီး သဘောတူညီချက်တွေ၊ ဆက်လက်ဆွေးနွေးရမယ့် အချက်တွေကို ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ ကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နဲ့ မြန်မာအစိုးရကိုယ်စားလှယ်ဆွေးနွေး
ပွဲကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဘီဂျေးနမ်ဘီးယားနဲ့ တရုတ်နိုင်ငံ ကိုယ်စားလှယ်တွေလည်း တက်ရောက်နေတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

အမှန်မှာတော့ ဒီမြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ကချင်
လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ မြန်မာငြိမ်းချမ်းရေးကော်မတီတို့သာ တက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့စလုံးက တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စုပေါင်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကတော့ 
လောလောဆယ် မြန်မာအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား သဘောတူညီမှု အားလုံး မရသေးပေမယ့် ဒီလို ဆွေးနွေးမှုအပေါ် အားရကြောင်းပြောဆိုခဲ့ပါတယ်။

ABC

RangonNewsDaily:: November . 5 .2013
မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၆ ဖွဲ့နဲ့အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့သမိုင်းဝင်တဲ့ ဆွေးနွေး
ပွဲပြုလုက်ကြပြီး ပထမရက် ဆွေးနွေးမှုအတွင်း တိုင်းရင်းသားအဖွဲ့ဖက်က တင်ပြတဲ့ ဘုံသဘောတူညီချက် အချက် ၂ ချက်ကို အစိုးရဖက်က ထပ်မံ ဆွေးနွေးဖို့အချက်အဖြစ် သတ်မှတ်ထားပါတယ်။

အမေရိကန်ဒေါ်လာ အသစ်ထုတ်ဝေသည့် ဂယက်

RangonNewsDaily:: November . 5 .2013
အမေရိကန်နိုင်ငံက ငွေစက္ကူအသစ်များ ရိုက်ထုတ်လာသည့် သတင်းထွက်ပေါ်လာသည်။ စီးပွားရေး သတင်းကိုလိုက်ပြီး သတင်းဦး၊ သတင်းထူးများ ထုတ်ပြန်ပေးကြသည့် သတင်းစာ၊ ဂျာနယ်သမားများက စီးပွားရေးပညာရှင်များကို မေးကြမြန်းကြ၍ သတင်းဝေဖန်ချက်များ ရေးကြသည်။ သုံးသပ်ချက်များ ရေး ကြသည်။

သူလျှိုလုပ်တဲ့ ကိစ္စကြောင့် သြစီနဲ့ ပူးပေါင်းမှုအပေါ် ပြန်ဆန်းစစ်မယ်လို့ အင်ဒိုဆို

Photo: သူလျှိုလုပ်တဲ့ ကိစ္စကြောင့် သြစီနဲ့ ပူးပေါင်းမှုအပေါ် ပြန်ဆန်းစစ်မယ်လို့ အင်ဒိုဆို
Tuesday, November 5, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ သြစတြေးလျသံရုံးမှာ ထောက်လှမ်းရေး
ပစ္စည်း ကိရိယာတွေ ထားရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ အစိုးရက အမျက်ဒေါသထွက်နေပြီး သြစတြေးလျနဲ့ ပူးပေါင်းမှုလုပ်နေတဲ့ လုပ်ငန်းတချို့အပေါ် ပြန်လည်ဆန်းစစ်သွားမယ်လို့ 
ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအတွင်း သူလျှိုလုပ်ငန်းတွေ လုပ်ကိုင်တာ ရှိမရှိ မေးရာမှာ သြစတြေးလျအစိုးရက ဝန်ခံမှုလည်းမလုပ်သလို ငြင်းဆိုမှုလည်း မလုပ်ခဲ့
ပါဘူး။

ငြင်းဆိုမှုတွေ မလုပ်တာကို ကြည့်ခြင်းအားဖြင့် သြစတြေးလျအစိုးရအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သူလျိုလုပ်ငန်း လုပ်ကိုင်တယ်လို့ ယူဆနိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလယ်ဂါဝါက ပြောပါတယ်။

သြစတြေးလျသံရုံးအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံက တယ်လီဖုန်း ခိုးနားထောင်တာတွေ၊ သတင်းအချက်အလက် ခိုးယူတဲ့ သူလျှိုလုပ်ငန်း လုပ်ကိုင်နေကြတယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်ကပဲ သတင်းတွေထွက်ပေါ်
ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေကြောင့် သြစတြေးလျနိုင်ငံနဲ့ နှစ်နိုင်ငံ ပူးပေါင်းရေးလုပ်ငန်း
တချို့အပေါ် ပြန်လည်သုံးသပ်သွားမှာဖြစ်သလို နောက်ထပ် ပူးပေါင်း
ဆောင်ရွက်မှုတွေ လုပ်သင့်မသင့်ဆိုတာကိုလည်း ဆန်းစစ်သွားမယ်လို့ အင်ဒိုနီးရှားက ပြောလိုက်ပါတယ်။

ခုလောလောဆယ် သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံအကြား နှစ်နိုင်ငံ ပူးပေါင်းမှုတွေ အများကြီးရှိထားပြီး အဲဒီထဲမှာ အကြမ်းဖက်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်ဖို့၊ လူကုန်ကူးမှု ကိစ္စနဲ့ပတ်သက်ပြီး သတင်းဖလှယ်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

သြစတြေးလျနိုင်ငံက အင်ဒိုနီးရှားနိုင်ငံတွင်းမှာ သူလျှိုလုပ်ငန်း လုပ်ခဲ့တယ်
ဆိုတဲ့ သတင်းကြောင့် သြစတြေးလျနိုင်ငံပိုင် စီးပွားရေးကုမ္ပဏီအခုပေါင်း ၂၀၀ ရဲ့ ဝဘ်ဆိုက်ကို အမည်မသိ အင်ဒိုနီးရှားဆိုတဲ့ လူက ဝင်ရောက်
တိုက်ခိုက်ခဲ့ပြီး သြစတြေးလျနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်။

ABC

RangonNewsDaily:: November . 5 .2013
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ သြစတြေးလျသံရုံးမှာ ထောက်လှမ်းရေးပစ္စည်းကိရိယာတွေထားရှိတယ်
ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံအစိုးရကအမျက်ဒေါသထွက်နေပြီး သြစတြေးလျနဲ့ ပူးပေါင်းမှုလုပ်နေတဲ့ လုပ်ငန်းတချို့အပေါ် ပြန်လည်ဆန်းစစ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အဌပုံမှန် အစည်းအဝေးကိုယနေ့ကျင်းပပြုလုပ်

Photo

RangonNewsDaily:: November . 5 .2013
နိုဝင်ဘာလ ၅ ရက်နေ့ ယနေ့နံနက် ၁၀ ကကျင်းပသောပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အဌပုံမှန်အ
စည်းအဝေး န၀မနေ့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်
ဆန်းစုကြည်တတ်ရောက်လာခဲ့ကြောင်းသတင်းရရှိသည်။

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရန် မဟာ ဓာတ်အားလိုင်းများ သွယ်တန်းနေ

Photo: ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရန် မဟာ ဓာတ်အားလိုင်းများ သွယ်တန်းနေ
Tuesday, November 5, 2013

မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တန်းတူ ညီမျှဖွံ့ဖြိုး တိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးဒေသ၌ ၂၄ နာရီ လျှပ်စစ် မီးလင်းနိုင်ရေးအတွက် မဟာ ဓာတ်အားလိုင်းကြီးများကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်မှ တစ်ဆင့် သွယ်တန်းလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။ 

ထိုသို့သွယ်တန်းရာတွင် တောင်ပေါ်ဒေသဖြစ်သည့် အလျောက် လျှိုမြောင် ချောက်ကြားများကို ကျော်ဖြတ်လျက် ဓာတ်အားလိုင်း တည်ဆောက်ရေး လုပ်သားကြီးများက ခက်ခက်ခဲခဲ လုပ်ကိုင်နေရ ခြင်းဖြစ်သည်ဟု ဂန့်ဂေါ-ဟားခါး ၆၆ KV ဓာတ်အားလိုင်းတည် ဆောက်ရေး အင်ဂျင်နီယာတစ်ဦး က ပြောကြားခဲ့သည်။ အဆိုပါ သွယ်တန်းတည် ဆောက်လျက်ရှိသော ၆၆ KV မဟာ ဓာတ်အားလိုင်းကြီးကို ME-PE ဌာနနှင့် MOEP ဌာနတို့ ပူးပေါင်း တည်ဆောက်နေခြင်း ဖြစ်သည်။ 

ဂန့်ဂေါ- ဟားခါးမြို့နှစ်မြို့သည် ကားလမ်းမိုင် ၈၅ မိုင်ခန့်ကွာဝေး သော်လည်း တောင်တန်းများ အလွန်ထူထပ်လျက်ရှိပြီး ရာသီမရွေး သွားလာနိုင်ရန် အခက်အခဲများ ရှိကြောင်း သိရသည်။ သို့သော် အခက်အခဲများကြားမှ သတ်မှတ် စီမံကိန်းကာလအတွင်း ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို ပြီးစီးအောင် လုပ်ကိုင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဓာတ် အားလိုင်းတည်ဆောက်ရေး လုပ်သားကြီးများက ပြောပြခဲ့သည်။ 

အဆိုပါ မဟာ ဓာတ်အားလိုင်းကြီး သွယ်တန်းလျက် ရှိသော တောင်ပေါ် ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းခန့်က မိုးရွာသွန်းမှုအလွန် များပြားခဲ့သော်လည်း ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ရပ်နားထားခြင်း မရှိကြောင်း သိရသည်။ 

မြ၀တီ

RangonNewsDaily:: November . 5 .2013
မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တန်းတူ ညီမျှဖွံ့ဖြိုး တိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးဒေသ၌ ၂၄ နာရီ လျှပ်စစ် မီးလင်းနိုင်ရေးအတွက် မဟာ ဓာတ်အားလိုင်းကြီးများကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်မှ တစ်ဆင့် သွယ်တန်းလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

Model သရုပ်ဆောင် ဇွန်သင်ဇာရဲ့ Sex ကျလှပတဲ့ ပုံရိပ်လေးများ

spicy hot model zune thinzar

RangonNewsDaily:: November . 5 .2013

Model သရုပ်ဆောင် ဇွန်သင်ဇာရဲ့ Sex ကျလှပတဲ့ ပုံရိပ်လေးများကို Rangonnewsdaily ကိုစာရေးသား

တောင်းဆိုထားသူတွေ နဲ့  နေ့စဉ်လာရောက်ဖတ်ရှုကျတဲ့ သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

******************* မာန ရဲ့ ဆုလာဒ် *****************

RangonNewsDaily:: November . 4 .2013
✎✎ လမ်းခွဲကြတော့မဲ့ ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက်
မျက်နှာချင်းဆိုင်ရပ်လို့ ဆိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က ပိုပြီး
ချောက်ခြားစွာ အသက်ဝင်နေတယ်✎✎
::
☛ကောင်လေး☚
"ငါတို့ လမ်းခွဲကြရအောင် "