Pages

Sunday, November 3, 2013

***************စင်္ကာပူရောက် မြန်မာများသို့ ****************

RangonNewsDaily:: November . 3 .2013
ညနေမှောင်ရီပျိုးစမှာ Peninsula Plaza ကနေ အိမ်ပြန်ဖို့ လမ်းဟိုဘက်ခြမ်းကိုကူးတယ်။ မီးပွိုင့်ဒေါင့်နားအရောက်မှာ စိတ်ပျက်စရာ၊ စိတ်မကောင်းစရာ မြင်ကွင်းတခုကို လှမ်းတွေ့လိုက်ရတယ်။::
တနင်္ဂနွေနေ့ ရောက်ပြီဆိုတာနဲ့ စင်္ကာပူမှာ ရှိကြတဲ့ မြန်မာအပေါင်းတို့ဟာ မြန်မာဆိုင်တွေစုဝေးရာ Peninsula Plaza နဲ့ အနီးတ၀ိုက်ကို သွားကြပြီး မိတ်ဆွေသင်္ဂဟတွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံကြတတ်ပါတယ်။

ရထားသံလမ်းပေါ်တွင်အိပ်ပျော်နေသောကလေး(၃)ဦးအားရထားတိုက်မိ

RangonNewsDaily:: November . 3 .2013
၃.၁၁.၂၀၁၃ရက်နေ့ ၀၄၂၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်း
ဘူတာအနီး ရန်ကုန်-မန္တလေး အဆန်သံလမ်း၊ မိုင်တိုင်အမှတ် (၄/၅)နှင့် (၄/၆)ကြား ရထားလမ်းပေါ်တွင် အိပ်ပျော်နေသော သင်္ဃန်းကျွန်းမြို့နယ်နေသူများဖြစ်သည့် လျှာထိုးခန်း၊(၁၃)နှစ်၊ (ဘ)ဦးမြင့်လွင်၊ ရဲထက်ကျော်(၁၄)နှစ်၊ (ဘ)ဦးစန်းဦးနှင့် သန်းထိုက်(ခ)မျက်ပြူး(၉)နှစ်၊ (ဘ)ဦးဝင်းဇော်တို့ (၃)ဦးအား ရန်ကုန်မှ မန္တလေးသို့ ထွက်ခွါလာသော စက်ခေါင်းအမှတ် DF-1357 အမှတ်(၁)အဆန်စာပို့ရထားမှ တိုက်သွားခဲ့ပါသည်။

**************ဘ၀အတွက် သိသင့်တာလေးတွေ******************

RangonNewsDaily:: November . 3 .2013

ပလေတိုကပြောတယ်....
တကယ်လို့ မပျော်ရွှင်၊ စိတ်မချမ်းသာရင်
လက်လွှတ်လိုက်ပါ၊ သူ့ကိုသွားခွင့်ပြုလိုက်ပါတဲ့
တကယ်လို့ လက်မလွှတ်ချင်၊ မစွန့်လွှတ်ချင်ရင်
သူ့ကို သည်းခံနားလည်လိုက်ပါတဲ့။

Miss Grand International ပြိုင်ပွဲကြီး သို့ မြန်မာနိင်ငံကိုယ်စားပြု Miss Grand Myanmar အလှမယ် ထားထက်ထက် သွားရောက်ယှဉ်ပြိုင်

RangonNewsDaily:: November . 3 .2013
ထိုင်နိုင်ငံမှညကျင်းပတော့မည့်Miss Grand International ပြိုင်ပွဲကြီးကို မြန်မာနိင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်
၇န်Miss Grand Myanmar အလှမယ် ထားထက်ထက်ကMiss Supranational Myanmar Organization(သို့ )
Miss Golden Land Myanmar Organization နှင့်အတူ ရန်ကုန်လေဆိပ်မှ ယနေ့  နံနက် (၁၀)နာရီမှာ Bangkok Airways ဖြင့် ထွက်ခွာသွားခဲ့ပါသည်။

မန္တလေး အရိုးဆေးရုံကြီးတွင် ရေဖြတ်ပြီး ရေသုံးဖို့ပိုက်ဆံယူ

RangonNewsDaily:: November . 3 .2013
ကျွန်တော် မန္တလေး သတင်းပုံရိပ်သို့ တစ်ခါမှ သတင်းမတင်ဖူးပါအခုဟာက အောက်တန်းကျလွန်းလို့ တင်ပြရခြင်းဖြစ်ပါသည်။မနေ့က ၂ ရက်နေ့ နေ့လည်က စပြီး အရိုးဆေးရုံကြီးတွင် ရေများ
ပြတ်လတ်သွားရာ လူနာ နှင့် လူနာစောင့်များ အိမ်သာသုံး ရန်နှင့်သုံးရေ ပြုလုပ်ရန် အခက်အခဲတော်တော် ရောက်ခဲ့ကြရသည်။

လူသတ်မှု သံသယဖြင့် ၁၄ နှစ်အရွယ် ကလေးကို ရဲက ညှဉ်းပန်းနှိပ်စက်

မြောင်းမြ, ကလေးသူငယ် နှိပ်စက်ခံရမှု, လူသတ်မှု, ရဲတပ်ဖွဲ့
လူသတ်မှု သံသယဖြင့် တရားရင်ဆိုင်နေရသူ မောင်စိုးလင်း (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

RangonNewsDaily:: November . 3 .2013
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လူသတ်မှု သံသယဖြင့် အဖမ်းခံရထားရသူ ၁၄ နှစ် နီးပါး အရွယ်ရှိ မောင်စိုးလင်း ဆိုသူ ကလေးတဦးသည် ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့သည် အထိ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်သွားသည်ဟု  သိရှိရသည်။

နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က အိမ်အတွင်း ၀င်ရောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှု ခုံရုံးဖွဲ့စစ်ဆေး

RangonnewsDaily:: November . 3 .2013
နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ အိမ်အတွင်း ၀င်ရောက်စစ်ဆေး မေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှုအား စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ခုံးရုံး၏ စစ်ဆေးချက်အပေါ် မူတည်ပြီး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲ မှူးကြီးဝင်းကြည်က ပြောကြားခဲ့သည်။

တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန်

Photo: တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန်
Sunday, October 3, 2013

ပါကစ္စတန်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် Hakimullah Mehsud သေဆုံးခဲ့မှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့ အမေရိကန်သံအမတ်ကြီးကို ပါကစ္စတန်က ဆင့်ခေါ်ထားပါတယ်။

ဆယ်စုနှစ်နဲ့ချီ ရှိနေပြီဖြစ်တဲ့ တာလီဘန်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်စေအောင် ပါကစ္စတန်အစိုးရရဲ့ အားထုတ်မှုတွေကို Drone ယာဉ်နဲ့ တိုက်ခိုက်မှုက ဖျက်ဆီးပစ်လိုက်တယ်လို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Chaudhry Nisar Ali Khan ကစနေနေ့က ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရဘက်က လက်တုံ့ပြန်ဆောင်ရွက်မှုတချို့ လုပ်ခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Khan က ပြောပေမဲ့ အဲဒီ ဆောင်ရွက်ချက်တွေထဲမှာ အာဖဂန်နစ္စတန်ထဲက အမေရိကန် ဦးဆောင်တဲ့တပ်တွေအတွက် ထောက်ပို့ရေးယာဉ်တွေ ပါကစ္စတန်ကနေ
ဖြတ်သန်းခွင့် ပိတ်တာ ပါ မပါဆိုတာကိုတော့ သူက မပြောပါဘူး။

Khyber-Pakhtunkhwa ပြည်နယ်ကို ဖြတ်သွားပြီး အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ဆီသွားတဲ့ NATO တပ်ဖွဲ့ ထောက်ပို့ရေးလမ်းကြောင်းကို ပိတ်ပစ်မယ်လို့ Cricket ကစားသမားကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ Imran Khan ကလည်း အစောပိုင်းတုန်းက ပြောပါတယ်။

Khan ရဲ့နိုင်ငံရေးပါတီအုပ်ချုပ်တဲ့ အဲဒီပြည်နယ်ဟာ နေတိုးတပ်တွေရဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အာဖဂန်နစ္စတန်နိုင်ငံထဲ အပို့အယူလုပ်ဖို့ အဓိက အသုံးပြုလမ်းကြောင်းဖြစ်ပါတယ်။

မြောက် Waziristan မှာရှိတဲ့ Mehsud ရဲ့နေအိမ်ဝန်းအပေါ် သောကြာနေ့က Drone missile ဒုံး ထိမှန်ချိန်မှာ သူနဲ့ဆွေးနွေးဖို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ သွားနေချိန်ဖြစ်တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Khan က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် Mehsud သေဆုံးသွားတယ်ဆိုတာကို ပါကက်စတန်တာဝန်ရှိသူတွေရော အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

အမေရိကန်မောင်းသူမဲ့ ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ပါကစ္စတန်-တာလီဘန်ခေါင်းဆောင် Hakimullah Mehsud, (ဝဲ)
VOA
အမေရိကန်မောင်းသူမဲ့ ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ပါကစ္စတန်-တာလီဘန်ခေါင်းဆောင် Hakimullah Mehsud, (ဝဲ)
RangonNewsDaily:: November . 3 .2013
ပါကစ္စတန်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင် Hakimullah Mehsud သေဆုံးခဲ့မှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့ အမေရိကန်သံအမတ်ကြီးကို ပါကစ္စတန်က ဆင့်ခေါ်ထားပါတယ်။

၁၈၈ ရွှေအင်းဝခရီးသည်တင်ယာဉ် ဘရိတ်ပေါက် အရှိန်လွန် ၍ ကားခုနစ်စီး ဆင့်တိုက် တစ်ဦးဒဏ်ရာရ

Photo: အရှိန်လွန် ၁၈၈ ရွှေအင်းဝခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ ကားခုနစ်စီး ဆင့်တိုက် တစ်ဦးဒဏ်ရာရ
Saturday, October 2, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ အင်းစိန်လမ်းမကြီးအတိုင်း အင်းစိန်ဘက်သို့သွားစဉ် ခ၀ဲခြံမှတ်တိုင်အနီး အရှိန်လွန်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၁၈၈ ရွှေအင်းဝ ယာဉ်လိုင်းစိမ်း/၀ါယာဉ်သည် ဘရိတ်ပေါက်ကာ အငှားယာဉ်ခြောက်စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးအား ဆင့်ကဲ့တိုက်မိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀တွင် အင်းစိန်းလမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း အောင်လွင်ဟိန်းမောင်းနှင်လာသည့် ရွှေအင်းဝယာဉ်လိုင်း အမှတ် ၁၈၈သည် လမ်းဘေးတွင် ရပ်ထားသည့် အငှားယာဉ်အား တိုက်မိပြီး ဘရိတ်ပေါက်ကာ ဈေးလမ်းထိပ်တွင် BB ဆလွန်းအဖြူရောင် အငှားယာဉ်ကို နောက်မှဝင်ရောက်တိုက်မိပြီး မြဂန္နမာ ဈေးအရောက်တွင်AA ကရီးနားနက်၊ ခဲရောင်အငှားယာဉ်၊ BB ဗင်အဖြူေ၇ာင်အငှားယာဉ်၊ ၂ခ ကင်တာဘောက် အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့် ၆က စလွန်း မီးခိုးရောင်အငှားယာဉ်တို့အား ဆင့်ကဲ့တိုက်မိခဲ့ပြီး စတင်တိုက်မိခဲ့သည့် အငှားယာဉ်ပေါ်သို့ တက်ရန် ပြင်နေသည့် ရွှေပြည်သာမြို့နယ်နေ ကိုရွှေမြင့်(၂၅နှစ်)တစ်ဦးသာ ဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံကြီး၌ အတွင်း လူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ထားရကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် ရွှေအင်းဝယာဉ်မောင်းကို ယာဉ်ဆင်မခြင်မောင်းနှင်၍ ယာဉ်များပျက်စီးပြီး လူအားဒဏ်ရာရစေအမှုအဖြစ် တိုက်ခံရသည့် ယာဉ်ပိုင်ရှင်များက တိုင်ကြားပြီး ပြစ်မှုပုဒ်မ (ပ)၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၈/၂၀၂ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါဖြစ်စဉ်အား တာဝန်ယူထားသည့် မရမ်းကုန်းရဲစခန်းမှ ယာဉ်ထိန်းရဲအုပ်ဝင်းဌေး ထံမှ သိရသည်။

“ကားက ၃စ ကို တိုက်တဲ့ အချိန်မှာ ဘရိတ်အုပ်ခါမှ ဘရိတ်ကျွံသွားပုံရတယ်၊ ဘရိတ်ပေါက်တဲ့အရှိန်နည်းရင် လမ်းဘေး ဆွဲကပ်လို့ရပေမယ့် အရှိန်များတော့ ရှောင်ရင်းနဲ့ ဆင့်ကဲတိုက်မှုတွေ ဖြစ်သွားတယ်၊ အဓိကက အရှိန်ပြင်းပြီး မဆင်မခြင် မောင်းနှင်လို့ဖြစ်တယ်” ဟု မရမ်းကုန်းရဲစခန်းမှ ယာဉ်ထိန်းရဲအုပ်ဝင်းဌေးက ပြောသည်။

အဆိုပါယာဉ်(၇)စီးဆင့်ကဲတိုက်မူကြောင့် အင်းစိန်းလမ်းမကြီး၌ (၂)နာရီခန့် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ကျပ် (၂၅)သိန်းကျော်ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်ကားက ရပ်ထားတာ၊ နောက်က ၀င်တိုက်ခံလိုက်ရတယ်၊ လောလောဆယ်တော့ ပိုက်ဆံကတော့ ကိုယ်အရင် ကုန်ရမှာပေါ့၊ တိုက်တဲ့ယာဉ်ရဲ့ပိုင်ရှင်ကတော့ အခုမှ သိတာ၊ ယာဉ်ထိန်းက အကြောင်းထူးရင်တော့ ဆက်သွယ်မယ်ပြောတယ်” ဟု အတိုက်ခံရသည့် ယာဉ်များမှယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြစ်မှုစစ်ဆေးချက်များအရ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် အင်းဝယာဉ်လိုင်းမောင်း အောင်လွင်ဟိန်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းပူးပေါင်းကာ ဖမ်းဆီးရရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။

Myit Ma Kha Media Group.

RangonNewsDaily:: November . 3 .2013
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ အင်းစိန်လမ်းမကြီးအတိုင်း အင်းစိန်ဘက်သို့သွားစဉ် ခ၀ဲခြံမှတ်
တိုင်အနီး အရှိန်လွန်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၁၈၈ ရွှေအင်းဝ ယာဉ်လိုင်းစိမ်း/၀ါယာဉ်သည် ဘရိတ်ပေါက်ကာ အငှားယာဉ်ခြောက်စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးအား ဆင့်ကဲ့တိုက်မိခဲ့သည်။

မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့်လာနိုင်

Photo: မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့်လာနိုင်
Saturday, October 2, 2013

မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့် လာနိုင်ဟု ''ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး'' ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူ ဦးရေ နှစ်စဉ်မြင့်တက်လာပြီး ခန့်မှန်းခြေ လူဦးရေ တစ်သိန်းတွင် ကင်ဆာဖြစ်ပွားသူ ၁၅၀ ခန့် ရှိကြောင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက်မှု များအရ လူဦးရေ သုံးသန်းအထက်တွင် ရှိနေကြောင်း၊ ကင်ဆာဖြစ်ပွားရခြင်း အကြောင်းအရင်း များအနက် အစားအသောက်ကြောင့် ဖြစ်ပွားနှုန်းမှာ ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာတွင် ရှိနေပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ၃၀ ရာခိုင်နှုန်း၊ ဗိုင်းရပ်စ်ပိုးများကြောင့် ၁၀ ရာခိုင်နှုန်းနှင့် လိင်ဆက်ဆံမှုများကြောင့် ၇ ရာခိုင်နှုန်း အသီးသီး ရှိနေသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက်မှု များအရ လာမည့်နှစ်များတွင် တစ်ကမ္ဘာလုံး၌ လူလေးဦးတွင် တစ်ဦးနှုန်း ကင်ဆာဖြစ်ပွား လာနိုင်သည်ဟု ထုတ်ပြန်ထားကြောင်းနှင့် လူတစ်ဦးချင်း အနေဖြင့် ကင်ဆာဖြစ်ပွား နိုင်ခြေမှာ ပုံမှန်အားဖြင့် ၂၅ ရာခိုင်နှုန်းခန့်သာ ရှိနေသော်လည်း ပြောင်းလဲလာသည့် လူနေမှုပုံစံများကြောင့် ကင်ဆာဖြစ်နှုန်းများမှာ နိုင်ငံတိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များကို ကုသပေးနေသည့် ကင်ဆာဌာနကြီး သုံးခုဖြစ်သည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီးနှင့် တောင်ကြီး စပ်စံထွန်း ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပျမ်းမျှလူနာသစ် ခုနှစ်ထောင်ကျော် ရှိနေပြီး ကုသမှုအပိုင်းနှင့် လူနာဦးရေမှာ ကွာဟချက်များစွာ ရှိနေကြောင်း သိရသည်။

ကင်ဆာဖြစ်နှုန်း အများဆုံး နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ ရပ်တည်နေခြင်း ဟုတ်မဟုတ်ကိုမူ သေချာသည့် စာရင်းဇယားများ မရှိခြင်းကြောင့် တရားဝင် ပြောကြားရန် အခက်အခဲများ ရှိနေကြောင်းလည်း ပါမောက္ခ ဒေါက်တာစိုးအောင်က ပြောကြားသည်။

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သော အာရှ-ပစိဖိတ်ဂျာနယ်၏ “Cancer Preview” ကဏ္ဍတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၌ ကင်ဆာရောဂါ ၀န်ထုပ်ဝန်ပိုး ဖြစ်နေမှုကို စနစ်တကျ သုတေသန ပြုခဲ့သည့် သိပ္ပံစာတမ်း တစ်စောင်တွင် ဖော်ပြချက်များအရ မြန်မာအမျိုးသားနှင့် အမျိုးသမီးများတွင် ကင်ဆာကြောင့် သေဆုံးမှုနှုန်းမှာ အရှေ့တောင်အာရှတွင် တတိယနှင့် ပဉ္စမနေရာ၌ ရှိနေသည်။

Eleven Media Group 


ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
RangonNewsDaily:: November . 3 .2013
မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆ
တိုးမြင့် လာနိုင်ဟု ''ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး'' ကျန်းမာရေး ဟောပြောပွဲ
တွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံ

Photo: လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံလာ
Saturday, October 2, 2013

ကချင်ပြည်နယ် ကေအိုင်အို ရုံးစိုက်ရာ လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင် ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များအဖြစ် ခိုလှုံလာသူများမှာ ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုးတိမ်ပါ ကျေးရွာမှဖြစ်ပြီး အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ကျား ၁၁၈ ဦး၊ မ ၂၂၃ ဦးပါဝင်ပြီး ယင်းတို့အနက် ၁၃၇ ဦးမှာ ကျောင်းနေသည့် ကလေးသူငယ်များသာ ဖြစ်ကြောင်း ဗန်းမော်မြို့မှ လူမှုရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

ဗန်းမော်မြို့ခံ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်သူ ဦးခင်မောင်ရီက ''မနေ့က မွန်းလွဲ ၂ နာရီ ၅ မိနစ် မှာ ဗန်းမော်မြို့၊ ဖန်းခါးကုန်း၊ နှစ်ခြင်းသာသနာဝင်းကို ဗန်းမော်ခရိုင် အုပ်ချုပ်းရေးက ကူညီပေးတဲ့ သရီးဂရောင်းကား ခုနစ်စီးနဲ့ ရောက်ပါတယ်။ ရွှေ့ပြောင်းရတဲ့ အကြောင်းကတော့ တိုက်ပွဲတွေ ဖြစ်နေလို့ နယ်မြေလုံခြုံရေး မရှိတဲ့အတွက် စားစရာ ရှာစားစရာ မရှိလို့ ပြောင်းလာတာလို့ ဆိုပါတယ်'' ဟု ဆိုသည်။

ယင်းမိုးတိမ်ပါနှင့် နန့်လင်းပါကြားတွင် မနေ့ညနေ ၄ နာရီ ၀န်းကျင်ခန့်ကလည်း တပ်မတော်နှင့် ကေအိုင်အေတို့ ထိတွေ့မှု အနည်းငယ် ဖြစ်ခဲ့ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာက ဆိုသည်။

၎င်းက ''နန်းလင်းရွာ ချောင်းတစ်ဖက်ကမ်းမှာက ကေအိုင်အေရှေ့တန်း စခန်းကလေးရှိတယ်။ တပ်မတော်က အဲဒီချောင်းကို ဒေသခံ လူငယ်လေးတွေကို လမ်းပြလုပ်ခိုင်းပြီး ရှေ့က သွားခိုင်းတယ်လို့ သိရတယ်။ ကေအိုင်အေက ပစ်ခွင့် အထက်ကို တောင်းတာမရလို့ နောက်ဆုတ်တော့ တပ်မတော်က လိုက်ပစ်တယ်လို့ ပြောတယ်။ စစ်တပ်ကပြောတော့ ကေအိုင်အေက တပ်မတော်စခန်းချတဲ့ ကောင်ဂျာကို လာပစ်တယ်လို့ ပြောတယ်။ ကိုယ်တိုင်မတွေ့တော့ ဘယ်ဟာအမှန်လည်း မသိဘူး'' ဟု ဆိုသည်။

ယခုပစ်ခတ်မှုများ ဖြစ်ပွားသော နေရာတစ်ဝိုက်တွင် လွန်ခဲ့သော တစ်ပတ်က အစိုးရနှင့် ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Eleven Media Group 

လိုင်ဇာမြို့မှ ခုနစ်မိုင်ခန့် အကွာတွင်ရှိသော ဂျေယန်းဒုက္ခသည် စခန်းမှ ကလေးငယ် အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

လိုင်ဇာမြို့မှ ခုနစ်မိုင်ခန့် အကွာတွင်ရှိသော ဂျေယန်းဒုက္ခသည် စခန်းမှ ကလေးငယ် အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
RangonNewsDaily:: November . 3 .2013
ကချင်ပြည်နယ် ကေအိုင်အို ရုံးစိုက်ရာ လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင် ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားများမှ တောင်းဆိုချက် လေးချက် ညှိနှိုင်းမရသရွေ့ ဆက်လက် သပိတ်မှောက် သွားမည်ဟုဆို

Photo: Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားများမှ တောင်းဆိုချက် လေးချက် ညှိနှိုင်းမရသရွေ့ ဆက်လက် သပိတ်မှောက် သွားမည်ဟုဆို
Saturday, October 2, 2013

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ် စက်ရုံမှ သပိတ်မှောက် အလုပ်သမား ၃၀၀ ကျော်မှာ ဒုတိယနေ့အဖြစ် ဆက်လက် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားများဘက်မှ တောင်းဆိုသည့် တောင်းဆိုချက် လေးချက်အား ညှိနှိုင်းမရသရွေ့ ဆက်လက် တောင်းဆို သပိတ်မှောက် သွားမည်ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင်များက The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

အဆိုပါ သပိတ်စခန်းကို ယင်းစက်ရုံ ရှေ့တွင် အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကာ (၁) အကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့သည့် ကိုစည်သူမင်းအား အလုပ်ပြန်ခန့်ပေးရေး၊ (၂) ယခင်ချုပ်ဆိုထားသည့် စာချုပ်ပါ အခွင့်အရေးအတိုင်း အပြည့်အ၀ ရရှိရန် (၃) စီစီတီဗွီ ကင်မရာများအား လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် နေရာများတွင်သာ တပ်ဆင်ထားရှိရေးနှင့် ညှိနှိုင်းဆဲ ကာလအတွင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ပေးရန် စသည့် အချက်လေးချက်အား တောင်းဆိုလျက် ရှိကြောင်း သိရသည်။

အလုပ်သမား ခေါင်းဆောင် မနုနုလွင်က ''ကျွန်မတို့ သပိတ်မှောက်တယ် ဆိုတာကကို စည်သူမင်းကို အငြိုးအတေးထားပြီး အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ် လိုက်တာကို ပြန်ခန့်ပေးဖို့ရယ် စက်ရုံဝင်းထဲမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာတွေကို အလုပ်နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာပဲ တပ်ဆင်ဖို့ အဓိက တောင်းဆိုတာပါ'' ဟု ဆိုသည်။

အခြားသပိတ်မှောက် အလုပ်သမား တစ်ဦးဖြစ်သူ မဖြူစင်ကလည်း ''အလုပ်သမား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုစည်သူမင်းကို အိမ်သာသွားတာ ကြာတယ်ဆိုပြီး အပြစ်မရှိ အပြစ်ရှာတယ်။ နောက် စူပါနဲ့ စကားများပြီး သူ့ကိုလက်မှတ် ထိုးခိုင်းပြီး အလုပ်ထုတ် လိုက်တဲ့အတွက် ပြန်ခန့်ပေးဖို့ အောက်တိုဘာ ၂၈ ရက်ကစပြီး စက်ရုံထမင်းစား ဆောင်ထဲမှာ သုံးရက်ဆန္ဒပြ တောင်းဆိုတာ မရတဲ့အတွက် အပြင်မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုရတာပါ'' ဟု ပြောကြားခဲ့သည်။

ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမားများအား စောင့်ကြည့်ရန် အတွက် စီစီတီဗွီ ကင်မရာများအား မိန်းကလေးအိမ်သာ ကော်ရစ်တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာ မှတ်တမ်းများကို စောင့်ကြည့်ရန် အတွက် တရုတ်အမျိုးသား တစ်ဦးအား ငှားရမ်းတာဝန် ပေးထားကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။

Eleven Media Group 

Myanmar Handsome အထည်ချုပ်စက်ရုံ ရှေ့တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
Myanmar Handsome အထည်ချုပ်စက်ရုံ ရှေ့တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
RangonNewsDaily:: November . 3 .2013
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ် စက်ရုံမှ သပိတ်မှောက် အလုပ်သမား ၃၀၀ ကျော်မှာ ဒုတိယနေ့အဖြစ်ဆက်လက်သပိတ်မှောက်ခဲ့ကြပြီးအလုပ်သမားများဘက်မှ တောင်းဆိုသည့်
တောင်းဆိုချက် လေးချက်အားညှိနှိုင်းမရသရွေ့ဆက်လက် တောင်းဆိုသပိတ်မှောက်သွားမည်ဖြစ်ကြောင်း
 အလုပ်သမား ခေါင်းဆောင်များက The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်

Photo: ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်
Saturday, October 2, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆီးဂိမ်းစ်တွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေအားကစားနည်းဖြင့် လက်ခံကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပစဉ် ခုနစ်ရက်တာ ကာလအတွင်း လုံခြုံရေးအတွက် အထူးကြပ်မတ်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးကြီး ထွန်းမင်းက ဆိုသည်။

''အဓိကတော့ ရဲတပ်ရင်း၊ တိုင်းရဲတပ်ဖွဲ့တွေရယ် ပြီးတော့ စီအိုင်ဒီတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးကို လုပ်ဆောင်မှာ ဖြစ်တယ်။ အင်အားအနေနဲ့ ကတော့ တပ်ဖွဲ့ဝင် ၄၀၀ ကျော် ၅၀၀ နီးပါးလောက်ရှိမယ်'' ဟု ဒုတိယရဲမှူးကြီး ထွန်းမင်းက ဆိုသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလမှာ နီးကပ်လာပြီ ဖြစ်သည့်အတွက် အားကစားနည်းများ ကျင်းပမည့် ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း လုံခြုံရေးကို အမြင့်ဆုံး အဆင့်ဖြင့် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။

အောက်တိုဘာလအတွင်း ဆီးဂိမ်းစ်အတွက် လျာထားသည့် ကုန်သည်ကြီးများ ဟိုတယ် အပါအ၀င် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ ဗုံးလန့်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။

ထို့အတွက် လုံခြုံရေး အခြေအနေအရ ဆီးဂိမ်းစ်အတွက် လျာထားသော ဟိုတယ်များကို လာမည့် အပတ်မှစ၍ ဟိုတယ်ဇုန် အဖွဲ့မှ လိုအပ်ချက်များ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

Eleven Media Group

RangonNewsDaily:: November . 3 .2013
ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု

Photo: ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု 
Saturday, October 2, 2013

ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ကိုယ်စားလှယ် ၅၀၀ ပါဝင်တဲ့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို ၁၉ နာရီကြာ အချေအတင် ဆွေးနွေးပြီး အတည်ပြုခဲ့ပေမဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ ကတော့ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့ အနေနဲ့ ညီလာခံကနေ ထွက်သွားခဲ့ကြတာပါ။

လွှတ်တော်မှာ ကျန်ခဲ့တဲ့ ညွန့်ပေါင်းပါတီတွေက ကိုယ်စားလှယ် ၃၁၀ ကတော့ ကန့်ကွက်မဲ့သူမရှိ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အစီအစဉ်နဲ့ ပတ်သက်လို့ အချေအတင် ဖြစ်စရာတွေ ကြုံလာရတဲ့အတွက်လည်း သွေးထွက်သံယို ပဋိပက္ခတွေ တကျော့ပြန် ကြီးထွားလာမှာကို စိုးရိမ်မှုတွေ လည်း ပေါ်ပေါက်လာပါတယ်။

ဥပဒေအဖြစ် အတည်ဖြစ်လာဖို့ အတွက်ကတော့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမှာပါ။ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေကတော့ ဥပဒေသစ်ဟာ လက်ရှိဝန်ကြီးချုပ် Yingluck Shinawatra ရဲ့အကိုဖြစ်သူ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကျူးလွန်ခဲ့တဲ့ အမှုတွေကို ပယ်ဖျက်ပေးရာ ရောက်လိမ့်မယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာတုန်းက စစ်တပ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားတဲ့ ၀န်ကြီးချုပ်ဟောင်း ပြည်တော်ပြန်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြိုးပမ်းတဲ့ အစီအစဉ်ဖြစ်တယ်ဆိုပြီးတော့လည်း ကန့်ကွက်နေကြတာပါ။

ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ အစောပိုင်းမှာလည်း ဒီမိုကရက်ပါတီကို ထောက်ခံသူ လူပေါင်း ထောင်နဲ့ချီပြီး ဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ 

VOA

RangonNewsDaily:: November . 3 .2013
ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။

အိန္ဒိယ မုဇဖ္ဖာနာဂါ၌ မွတ်စလင်မ် ၄ ဦး အသတ်ခံရပြီးနောက် ဟိန္ဒူ-မွတ်စ်လင်မ် အဓိကရုဏ်းဖြစ်ပွား

Muslims-Killed-in-Muzaffarnagar-Riots

RangonNewsDaily:: November . 3 .2013
နယူးဒေလီ။     ။ အိန္ဒိယနိုင်ငံ၊ UP ဥတားပရာဒက်ရှ်ခရိုင်အနောက်ပိုင်းရှိ မုဇဖ္ဖာနာဂါ၌ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့က ဟိန္ဒူ-မွတ်စ်လင်မ် အဓိကရုဏ်းဖြစ်ပွားရာ လူ ၄၇ ဦး သေဆုံးခဲ့သည်။

နီဂျဲက အစာငတ်သေဆုံးမှု ဖြစ်စဉ် ပြန်ပြောပြ

RangonNewsDaily:: November . 3 .2013

ဆာဟာရ သဲကန္တာရ ကြီးထဲမှာ ခရီးသွားတုန်း ကားပျက်သွားပြီးတဲ့နောက် Niger နိုင်ငံသား ၈၇ ယောက် ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ရေငတ်ပြီး သေဆုံးခဲ့တာ တွေ့ခဲ့ကြရ ပါတယ်။

“ မုဟမ္မဒ် ” ဟု အမည်ထားသူများ ကမ္ဘာတစ်ဝှန်း အများဆုံးဖြစ်ဟု စပိန် ABC သတင်းစာမှဖော်ပြ

Mohammad

RangonNewsDaily:: November . 3 .2013
အစ္စလာမ့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်စေသား)၏ အမည်သည် ကမ္ဘာ့ရေပန်းအစားဆုံး အမည်နာမ တစ်ခုဖြစ်နေကြောင်း သတင်းသစ်တစ်ရပ်က ဆိုသည်။

ဆင်ဖြူတော်နင်း၍ ဆင်ဦးစီး ဦးသိန်းစိန် သေဆုံး


RangonNewsDaily:: November . 3 .2013
၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၅အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီး ဦးသိန်းစိန် ၊ ဆင်ဖြူတော်နင်း၍ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသ
ကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်ထားပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဒေ၀ါလီနေ့ ပျော်ပွဲရွှင်ပွဲများကျင်းပ

131016144625-irpt-diwali-guyana-motorcade-horizontal-gallery

RangonNewsDaily:: November . 3 .2013
ယနေ့တွင် ကျရောက်သည့် ဒေ၀ါလီနေ့အား ကမ္ဘာ့တစ်ဝှမ်းရှိ လူသန်းပေါင်း များစွာက မီးရှူးမီးပန်းများပစ်ဖေါက်ခြင်း၊ အလှမီးများထွန်းခြင်းနှင့် ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ကာ ကျင်းပနေကြသည်။

တောင်ပေါ် ထင်းခုတ်သွားသည့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး အသတ်ခံရ

image-1383407027771-V

RangonNewsDaily:: November . 3 .2013
ဆင်တပ်မှော် ။      ။           ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဆင်တပ်မှော် အကြမ်းဖက်ခံ ဒုက္ခသည်များ စခန်းမှ အသက် ၅၅-နှစ်အရွယ် ဦးအာလေအဟ်မာန်သည် တောင်ပေါ်ထင်းခုတ်သွားရာမှ လိုက်ရှာသည့်အခါ သူ၏ အလောင်းအား တောင်ပေါ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သဖြင့် သယ်ယူမြှုပ်နှံရန် စီစဉ်ရာ သယ်ယူခွင့်မရဟု သိရသည်။